[ လက်တွေ့ ]
ထိုနေ့က အလုပ်အပြန် ဗိုက်ဆာဆာ ရှိလာသည်နှင့် ရပ်ကွက်ထိပ်တွင် တည်ရှိသော ဒေါ်ကြီးပု၏ မုန့်ဟင်းခါး
ဆိုင်လေးသို့ ဝင်ရန် သူစဉ်းစားလိုက်မိသည်။ဆိုင်ရှေ့သို့ရောက်၍ ဆိုင်ထဲသို့ မဝင်ရသေးခင်ကပင် ဆီးကြိုသင်း
ပျံ့လာသည့် မုန့်ဟင်းခါး ဟင်းရည်၏ မွှေးပျံ့လှသည့် ရနံ့ကြောင့်ထင် အစကတည်းက ဆာလောင်နေသည့် ဗိုက်
အတွင်းရှိ ရှစ်ဆယ်သော ပိုးမျိုးတို့က ပိုမိုကာ ထကြွသောင်းကျန်းလာကြတော့သည်။
တကယ်လည်း သည် အနီးအနားတစ်ဝိုက်မှာတော့ ဒေါ်ကြီးပု၏ မုန့်ဟင်းခါးဆိုင်လေးက နာမည်ဂုဏ်သတင်းမွှေ
းပျံ့လှပါသည်။ချက်ပြုတ်သည့် လက်ရာကောင်းမွန်လှခြင်း၊သန့်ရှင်း၊သပ်ရပ် ဖော်ရွေခြင်းတို့တွင် စေတနာပါ ထ
ည့်ပေါင်းလိုက်သည့် အခါမှာတော့ ဒေါ်ကြီးပု၏ ဆိုင်ကလေးက ထိုင်စရာနေရာတစ်ခုကို လွယ်လွယ်ကူကူ မရနို
င်လောက်တော့သည့်အထိပင် လာရောက်စားသုံးသူတို့က နေ့စဉ်နှင့်အမျှ ပြည့်နှက်လို့ နေတတ်တော့၏။ထို့ြေ
ကာင့် သူလည်း အများနည်းတူ ဆိုင်အတွင်းသို့ဝင်ကာ ထိုင်စရာနေရာ တစ်နေရာရဖို့ ဟိုဒီရှာကြည့် လိုက်မိစဉ်
" ဟာ တို့ဦးမင်းလာတယ်ဟေ့။ထိုင်ဖို့နေရာလေး လုပ်ပေးကြပါဦးဟ။ဒါနဲ့ ဦးမင်း နေကောင်းရဲ့နော် " ဟု ဆိုကာ
ဆီးကြို နှုတ်ဆက်လာသည့် ဒေါ်ကြီးပု၏ သားငယ် ဆေးတက္ကသိုလ် ကျောင်းသားလေး ကိုမင်း၏ နှုတ်ဆက်စ
ကားသံကြောင့်တော့ဖြင့်
" ကောင်းပါ့. ဆေးကျောင်းသားလေးရေ။ဒါနဲ့ မင်းကော ဒီနေ့ကျောင်းမတက်ရဘူးလားကွ"
ဟု အလိုက်သင့် ပြန်လည်နှုတ်ဆက်လိုက်မိသည်။တကယ်တော့
ထိုသူငယ်လေးနှင့်သူမှာ တိုက်တိုက်စွာပင်င် နာမည်ခြင်း တူနေခဲ့ကြပြီး ထို့သူငယ်မှာ သူ့ထက် ခုနှစ်နှစ်ခန့်
ငယ်သည်မို့ သူက ထိုသူငယ်ကို ကိုမင်း ဟု ခေါ်လေ့ရှိပြီး ထိုသူငယ်ကတော့ သူ့ကို ဦးမင်းဟု ပြန်လည် ခေါ်လေ့
ရှိသည်။
"ဟုတ်တယ် ဦးမင်းရေ ကျောင်းကလည်းပိတ်ထား ကျူရှင်ကလည်း သွားစရာ မရှိတာနဲ့အမေ့ကို ဝိုင်းကူနေတာေ
လ။ ဟဲ့ မကြူ ဦးမင်းထိုင်ဖို့ ဟိုးထောင့်က ဝိုင်းမှာ ထိုင်ခုံတစ်လုံးလွတ်နေတယ်။ဦးမင်းကို အဲဒီမမှာ နေရာချထား
ပေးလိုက်"
"အေး မိဘကို ကူတယ်ဆိုတာ အင်မတန်ကောင်းတာပေါ့ကွာ"
သူ့ အမေးစကားကို ပြန်ဖြေရင်း ဆိုင်အကူ မိန်းကလေးကိုလည်း ညွှန်ကြားနေသည့် "ကိုမင်း" ကို အလိုက်တ
သင့် ပြန်ပြောရင်း ဆိုင်အကူ မိန်းကလေးလိုက်လံပို့ဆောင်ပေးသည့် စားပွဲခုံလေး ဆီသို့ ခပ်သွက်သွက်ကလေး
ပင် လိုက်သွားလိုက်မိသည်။
ထိုစားပွဲ ဝိုင်းလေးတွင်တော့ ထိုင်ခုံလေးလုံးရှိပြီး သုံးလုံးတွင် အလုပ်ကြမ်း လုပ်ကိုင်သည့် အသွငိအပြင်မျာရှိ
သည့် လူငယ်သုံးယောက်က ရှိနှင့်နေခဲ့ကြသည်မိုသူလည်း လွတ်နေသော ထိုင်ခုံတစ်လုံးတွင် ဝင်ရောက်ထိုင်
လိုက်သည်။ထို့နောက် အိုးဘဲဥနှင့်မုန့်ဟင်းခါး တစ်ပွဲ မှာကာ ငှက်ပျောအူဖတ်ကလေးများပိုမို့ထည့်ခဲ့ပေးပါရန် မှ
ားကြားလိုက်မိသည်။မုန့်ဟင်းခါး ဟင်းရည်ထဲတွင် ပါဝင်လာသော ငှက်ပျောအူဖတ် နုနုကလေးများ၏ အရသာ
ကို သူအလွန်ပင် ကြိုက်နှစ်သက်သည်လေ။
______________
မှာထားသော မုန့်ဟင်းခါးပွဲ အလာကိုစောင့်ရင်းခုံဝိုင်းပေါ်ရှိ ဓာတ်ဘူးငယ်လေးထဲမှ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့
သောက်လိုက်မိတော့ မခိုမကပ် စေတနာထားကာ သုံးထားသည့် အကောင်းစား လက်ဖက်ခြောက်လေး၏ အရ
သာကို ခံစားလိုက်ရသည်။ထို့အတူပင် ရေနွေးကြမ်းလေးကို အရသာခံသောက်ရင်း ဘာရယ်မဟုတ်ပါဘဲ တစ်
ဝိုင်းတည်း အတူထိုင်နေရသည့် လူငယ်သုံးယောက်ကို အကဲခတ် ကြည့်ရှုလိုက်မိသည်။သူညာဘက်တွင် ထိုင်ေ
နသော ပထမလူငယ်နှင့် သူရှေ့တည့်တည့်တွင် ထိုင်နေသော ဒုတိယ လူငယ်တို့မှာ မုန့်ဟင်းခါးကို မြိန်ယှက်စွာ
စားသောက်နေကြသော်လည်း သူ၏ ဘယ်ဘက်တွင် ရှိနေသော တတိယလူငယ်၏ ရှေ့တွင်တော့ မုန့်ဟင်းခါး
ပန်းကန်ကို မတွေ့ရ။
မုန့်ဟင်းခါး မကြိုက်၍များလား ဟုဘာရယ်မဟုတ် သူတွေးလိုက်မိသည်။ဒါပေမဲ့ ဒါလည်းဖြစ်နိုင်မည်မထင်။ သူ
တို့နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမများအားလုံး ရာနှုန်းပြည့် နီးပါး မုန့်ဟင်းခါးကိုကြိုက်နှစ်သ
က်တတ်ကြသည်ပဲ။နိုင်ငံသူ နိုင်ငံသားတွေသာမက ယခုဆိုလျှင် တခြားနိုင်ငံများကပင် မုန့်ဟင်းခါးကို နှစ်ခြိုက်
စွာစားသုံးလာကြသည်မို့ ကမ္ဘာ့ထိပ်တန်း အစားအစာများစာရင်းတွင်ပင်ထည့်သွင်းခြင်းကို ခံခဲ့ရပြီ မဟုတ်လား။
အတွေးကောင်းနေတုန်း သူမှာထားသည့်မုန့်ဟင်းခါးပွဲလေးက အနံ့တသင်းသင်း အငွေတထောင်းထောင်းနှင့်
ရောက်လာသည်မို့ ထုံးစံအတိုင်း ငရုပ်သီးမှုန့် စပ်စပ်ကလေးဖြူးကာ အားပါးတရ ငုံကာ စားလိုက်မိသည်။ထို့အ
တူပင် မုန့်ဟင်းခါး ပူပူကိုစား၍ လျှာရင်း မြတ်နေတုန်း စားသောက်၍ ပြီးသွားဟန်တူသည့် လူငယ်သုံးဦးထံမှ စ
ကားစမြည်း ပြောသံအချို့ထွက်ပေါ်လာသည့်မို့ မော့ပင်မကြည့်မသော်လည်း အသာပင်နားစွင့် နေမိလိုက်သည်
။ ပထမဦးစွာ ပထမလူငယ်ထံမှ ---
"ငါ တော့ ဒီတစ်ခါ အလုပ်ကောင်းကောင်းလေးတစ်ခုလောက်ရခဲ့ရင် ငါ့အဖေနဲ့ အမေအတွက် ပုဆိုး လေးတစ်
ထည်နဲ့ ထဘီလေး တစ်ကွင်းစီလောက်ဝယ် ကန်တော့မယ်လို့ စိတ်ကူးထားတယ်ကွာ။အဖေနဲ့အမေ့ကို ဘာမှ
မကန်တော့ဖြစ်တာ ကြာနေပြီ "
ပထမ လူငယ်၏ စကားအဆုံးမှာတော့ ဒုတိယလူငယ်မှလည်း
" ဟုတ်တယ်ကွာ။ငါလည်း အဖေနဲ့အမေကို ကန်တော့ချင်တယ်ကွာ။ဒါပေမဲ့ လောလောဆယ် လက်ထဲမှာ ငွေပို
ငွေလျှံက မရှိတော့ စုလိုက်ဦးမယ်ကွာ "
ဆိုသည့် စကားသံတို့က ထွက်ပေါ်၍ လာသည်။ထိုသို့ မုန့်ဟင်းခါးစားရင်းပထမလူငယ်နှင့် ဒုတိယလူငယ်တို့၏
စကားကို နားစွင့်နေခိုက်မှာပင် ဆိုင်အကူမိန်းကလေးမှ မုန့်ဟင်းခါးမစားပဲ ထိုင်နေသည့် တတိယလူငယ်လေး
ထံသို့ မုန့်ဟင်းခါး ပါဆယ်ထုပ်လေး တစ်ထုပ် လာရောက် ပို့ဆောင့်ပေးသည်ကို သူတွေ့လိုက်ရသည်။ဤတွင်
သူ့ညာဘက်ခုံတွင် ထိုင်နေသော ပထမလူငယ်ထံမှ
"မင်း ဘယ်တုန်းက မှာထားတာလဲ။စောစောကတော့ ငါတို့နဲ့ အတူတူ မစားပဲနဲ့။ ဘာလဲ မင်းက အိမ်ရောက်မှ
စားမှာလား"
ဆိုသည့် မေးမြန်းသံက ထပ်မံထွက်ပေါ်လာခဲ့သည်။ထို့အတူပင် ပထမလူငယ်၏ မေးမြန်းသံဆုံးသည်နှင့်
"ငါစားဖို့ မဟုတ်ပါဘူးကွာ။အဖေနဲ့အမေအတွက်ပါ။အဖေရောအမေပါ နှစ်ယောက်လုံးက မုန့်ဟင်းခါးဆို သိပ်
ကြိုက်တာကွ"
ဆိုသည့် ပြန်လည်ဖြေကြားလိုက်သံကလည်း တတိယလူငယ်လေး ထံမှ သူ ကြားလိုက်ရပါသည်။ခဏ အကြာ
တွင် ထိုလူငယ်သုံးယောက်မှာ ကျသင့်ငွေများ ရှင်း၍ ထပြန်သွားကြပြီမို့ မရှိကြတော့သော်လည်း သူ့ရင်ထဲမှာ
တော့ ထိုလူငယ်သုံးဦး ပြောဆိုသွားခဲ့ကြသည့် စကားတို့က စွဲမြဲစွာ ကျန်ရှိနေနေခဲ့သည်။တကယ်ဆို ထိုလူင
ယ် သုံးယောက်၏ စကားဝိုင်းလေးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်ဖို့ ဖြစ်စေခဲ့သည် မဟုတ်ပါလား။ထို့အပြင်
တတိယလူငယ် လေး၏ လက်တွေ့ကျလှသည့် အပြုအမှုနှင့် အသိစိတ်ဓါတ် မိဘတွေအပေါ် သိတတ်မှုလေးက
သူ၏ အသိတရားတို့ကို ပွင့်လင်းသွားစေခဲ့၏။ တကယ်ဆို သူသည်လည်း သည်အသက်အရွယ် ရောက်သည်
အထ မိဘနှစ်ပါး၏ ကျေးဇူးကို ဆဆပ်ဖို့ မဆိုးထားနှင့် ပထမလူငယ်နှင့် ဒုတိယ လူငယ်လေးတို့ကဲ့သို့ပင် ရံဖန်ရံ
ခါ ကန်တော့ဖို့လေးကိုပင် အလုပ်ကောင်းရဖို့ စောင့်စားရင်း စိတ်ကူးနှင့် ငွေစုနေမိခဲ့သည်မှာပင် ကြာပြီ မဟုတ်ပါ
လား။အခုတော့ သူ့ဦးနှောက်တွင်း အသိတချက်လင်းခဲ့ရပြီမို့ ထိုနေ့က အိမ်အပြန်တွင် အဖေနဲ့အမေဖို့ မုန့်ဟင်း
ခါးများဝယ်ဖြစ်ခဲ့မိပါသည်။ယခုထက်တိုင်လည်း တခုခုစားမိ ဝယ်မိတိုင်း အဖေနှင့်အမေအတွက် သတိတရဝယ်
ဖြစ်နေခဲ့မိပါသည်။နောင်လည်း ဝယ်ဖြစ်နေလိမ့်ဦးမည် ထင်ပါသည်။တစ်ကယ်ဆို သူသည်လည်း လက်တွေ့ဘ
ဝထဲသို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိပါသည် အမည်မသိ တတိယ ညီငယ်ရေ။
မင်းည
ူ
No comments:
Post a Comment