ရှင်ခန်းပြတ်
••••••••••
တမင်လွမ်းတတ်အောင်
ရှင်ခန်းပြတ်တော့မဟုတ်ဘူး အချစ်ရယ်...။
သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်လွမ်းရော့လို့
လက်ကမ်းကာ ဝေဒနာမမျှချင်လည်း
ဘဝနွေ အနုသယတောမှာ
သမုဒယအမောတွေ တစ်ဇာတ်သိမ်းအောင်
အခုတော့...
ခပ်စိမ်းစိမ်းနေပါ့မယ်...။
အနေစိမ်းပါမှ
သူစိမ်းလိုသဏ္ဍန်ရုပ်တွေနဲ့
ဟန်လုပ်ကာ လူမသိအောင်
သူရှိမယ့်လမ်းဆိုကွေ့
သူတွေ့မယ့်နေရာရှောင်
အမှတ်တရ ဆိုတာတောင်
တစ်သက်မေ့ကြလို့်
လက်တွေ့ဘဝမှာပဲ ပျော်စို့ကွယ်
အဖော်ရယ်လို့ ထည့်မတွက်...။
တစ်လမ်းစီလျှောက်တဲ့ခရီးမှာ
နောက်လှည့်ပြီး မခေါ်ကြေးပါလား
အပျော်ဝေးတာ ဘယ်သူသိ
အပူမိတာ ဘယ်သူမြင်
ဘယ်သူ့ရင် ဘယ်လိုကျွမ်းပါရဲ့
စာဖွဲ့ကာပြန်မပြောချင်နဲ့
သံယောဇဉ် တကယ်မတင်းအောင်
အချစ်ရယ်.....
ငယ်စာရင်းကိုဖျက်...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
No comments:
Post a Comment