Apr 8, 2017

“ အိမ္္ေထာင္မႈေဗဒ သင္ရိုးညႊန္းတမ္း ”

Zawgyi Version

“ အိမ္္ေထာင္မႈေဗဒ သင္ရိုးညႊန္းတမ္း ”
(၁)
မမသုသည္ ကၽြန္မထက္ ရွစ္ႏွစ္ခန္႔ေစာ၍ အိမ္ေထာင္က်ခဲ့သည္။ အိမ္ေထာင္သက္ ဆယ္ႏွစ္ျပည့္မွ သမီးဦး သွ်ႏၱီ၀ဏၰကို ေမြးသည္။ ေနာက္ႏွစ္ႏွစ္တြင္ သားလတ္ သီရိဥာဏ္လူကို ေမြးသည္။ သမီးငယ္ ေဇာ္ေဇာ္ယဥ္ျမသီကို ေမြးၿပီး တစ္လေက်ာ္တြင္ ကၽြန္မ သားဦးေမြးသည္။ သား ခ်စ္ဦးပို ရွစ္ႏွစ္အရြယ္တြင္ မမသု၏သားသည္ ဆယ္ႏွစ္၊ သမီးႀကီးသည္ ဆယ့္ႏွစ္ႏွစ္၊ မမသု၏ အိမ္ေထာင္သက္ ႏွစ္ဆယ့္ႏွစ္ႏွစ္၊ မမသု၏အသက္ ေလးဆယ့္ႏွစ္။ ကၽြန္မအသက္ သံုးဆယ့္ေလး မျပည့္ေသး။ ညီအစ္မခ်င္း ယွဥ္ရပ္လွ်င္ ကၽြန္မ အရြယ္ရင့္ေနမွန္း ကိုယ့္ကိုယ္ကိုယ္ သိသည္။ မမသု၏မိတ္ေဆြ အခ်ိဳ႕ဆိုလွ်င္ ကၽြန္မကို အစ္မဟု ထင္ၾကသည္။
ကၽြန္မ သူငယ္ခ်င္းတခ်ိဳ႕က….
“ သင္းရယ္…မင္းမမသုက ရံုးအလုပ္တစ္ဖက္၊ အိမ္မႈကိစၥတစ္ဖက္ ဒီေလာက္ ပင္ပန္းရက္နဲ႔ သင္းထက္ လွလည္းလွ၊ ႏုလည္းႏု။ သင္းက်ေတာ့ ဘာမွ မပင္ပန္းဘူး၊ အိမ္မႈကိစၥမွာလည္း ကူေဖာ္ေလာင္ဖက္နဲ႔၊ ကေလးတစ္ေယာက္ပဲ ရွိေသးတယ္၊ အဘြားႀကီးက်ေနတာပဲ။ ဗိုက္စူစူ ေမးႏွစ္ထပ္၊ ကုပ္သားေတြ တက္ေနၿပီ ”
“ အစားလည္းေလွ်ာ့၊ အအိပ္လည္းေလွ်ာ့တာပဲ။ ၀ခ်င္လို႔ ၀လာတာပဲေလ ”
ကၽြန္မ ရယ္ေမာၿပီး ေျပာလိုုက္ပါသည္။
(၂)
ေမာင့္တိုက္ပံုအက်ၤီ နာရီအိတ္္ထဲက ထြက္လာေသာ ရုပ္ရွင္လက္မွတ္ျဖတ္ပိုင္းႏွစ္ခုကို ၾကည့္ကာ ကၽြန္မ ေတြသြားသည္။ ဘယ္သူနဲ႔ ၾကည့္ပါလိမ့္။ သူငယ္ခ်င္းေတြႏွင့္ ၾကည့္လွ်င္ ‘ သင္းေရ…ေမာင္ ဘယ္သူနဲ႔ ဘယ္ရံုမွာ ဘယ္ကားျဖင့္ ၀င္ၾကည့္ခဲ့တယ္ကြာ ’ ဟု ျပန္ေျပာျပစၿမဲ။ ေန႔စြဲကို ၾကည့္လိုက္၏။ ႏွစ္ပတ္မက ၾကာျမင့္ခဲ့ၿပီ။ အလုပ္ေတြေၾကာင့္ ေမ့ေလ်ာ့ၿပီး ေျပာမျပခဲ့ျခင္းလားဟု ကၽြန္မ ေတြးသည္။ စကားအစ္လိုက္လွ်င္ အေျဖရလြယ္သည္။ ေမာင္ရံုးျပန္ကို ေစာင့္ရသည္မွာ နည္းနည္းေတာ့ စိတ္မရွည္ခ်င္စရာ။
(၃)
“ ေအးကြာ၊ သင္း ေျပာမွပဲ ရုပ္ရွင္ၾကည့္ဖို႔ သတိရေတာ့တယ္။ မၾကည့္ျဖစ္တာၾကာၿပီ။ ေလးငါးလေလာက္ေတာင္ ရွိေရာ့မယ္ ”
ေမာင္ ကၽြန္မကိုညာၿပီဟု သိလိုုက္၏။ ရင္ထဲမွာ ပူေႏြးလာ၏။ လိမ္ရေကာင္းလားဟု ေျပာမိမည္ျဖစ္သြား၏။ မေျပာျဖစ္ေအာင္ သတိထားရသည္။ ၀န္ခံမည္မဟုတ္သည္ကို ကၽြန္မ သိ၍ မစစ္ေဆးခ်င္ေတာ့။ သူငယ္ခ်င္းေတြက ေနာက္တာပါ၊ ေျပာင္တာပါ စကားေတြျဖင့္ ဖံုးကြယ္ခ်င္ ဖံုးကြယ္ေပဦးမည္။ ေမာင္သည္ ကၽြန္မကို အကဲခတ္ရင္း ထမင္းစားေနသည္။ အေရးမႀကီး၊ အမွတ္မထား၊ ဘာမွ်မသိေလဟန္ျဖင့္ ကၽြန္မ ေနလိုုက္သည္။ ေမာင္ စိတ္သက္သာရာ ရသြားပံုရွိ၏။ ကၽြန္မစိတ္ထဲက ရယ္သံကို ေမာင္မၾကား။
(၄)
အရာရာကို ဂရုျပဳထားေသာအခါ တြက္ခ်က္စရာေတြ စီကာစဥ္ကာ ရလာ၏။ ကၽြန္မ သိေသာ္လည္း မသိေအာင္ျဖင့္ ေနသည္။ ဧကန္မသိဟု ေမာင္စိတ္ခ်ေနသည္။ ကိုယ့္ဘက္က ပိုင္ပိုင္ႏိုင္ႏိုင္ သက္ေသသကၠာယ မျပဳႏိုင္ေသးလ်က္ စြဲခ်က္တင္လွ်င္ ေမာင္ျငင္းမည္။ ေဒါသေတြ ေမာဟေတြျဖင့္ ၀ူး၀ါးေဟး သတၱ၀ါလို ေအာ္မည္၊ ဟစ္မည္။ မၾကံဳဖူးေသာ္လည္း ၾကားဖူးေသာ အေတြ႕အၾကံဳအရ ဦးေႏွာက္ကို ေအးေအးထားမွျဖစ္မည္ဟု ကိုယ့္ကိုယ္ကိုယ္ သေဘာရသည္။
ေမာင္သည္ ဣေျႏၵေကာင္းသည္။ လွ်ိဳ႕၀ွက္သိုသိပ္သည္ဟု သူ႔ကိုယ္သူ အထင္ႀကီးထားပံု ရွိ၏။
သို႔ေသာ္ ရံုးမွတ္တမ္းစာအုပ္ ပလတ္စတစ္အဖံုးတြင္းမွ ရွာေဖြေတြ႕ရွိေသာ စာကို ကၽြန္မ ဖတ္ၿပီးသည္ကိုလည္းေကာင္း၊ ေအာက္ထပ္ ပံုကူးဌာနတြင္ ထိုစာကူးထားခဲ့သည္ကိုလည္းေကာင္း မသိရွာေသး။ ေဒါသျဖင့္ နာက်င္စြာျပံဳးမိေသာ ကၽြန္မအျပံဳးကို သူမသိ။ ခၽြဲခၽြဲႏြဲ႕ႏြဲ႕ ေရးထားေသာ ေကာင္မေလး၏ စာ။ အမည္အျပည့္အစံုကို မသိရေသးေသာ္လည္း ၾကဴဟူေသာ အမည္တစ္ခြန္း သဲလြန္စရခဲ့သည္။ စာသြားစာလာအရ တစ္ႏွစ္ခရီးသို႔တိုင္ေနၿပီဟု တြက္၍ရသည္။ တေပါင္းပြဲေတြ၊ ရုပ္ရွင္ေတြ၊ ဇာတ္ပြဲေတြ ၾကည့္ခဲ့ၾကသည္ဟု စာအရသိ၏။ ‘ ကိုကိုက ၾကဴ႕ကို ပြဲႀကိဳက္သူေလးလို႔ အမည္ေပးသလား ’ ဟူေသာ စာပိုဒ္ကို ကၽြန္မ ေသေသခ်ာခ်ာ မွတ္ထားလိုက္သည္။
“ ဘယ္သူ႔ဆီက ဖုန္းလဲ ေမာင္ ”
ေရခ်ိဳးခန္းထဲမွ ထြက္လာေသာ ကၽြန္မကို ျပံဳးကာ…
“ သူငယ္ခ်င္းဆီကပါ ”
ကၽြန္မ စကားမဆက္ေအာင္ ေရစက္ေတြ တင္ေနေသာပါးကို ဖြဖြလိမ္၏။ ဟန္ေဆာင္ၾကင္နာမႈျဖင့္ အေရွာင္အတိမ္းေတြ ျပဳေနပါကလားဟု ေတြးမိသည္။
“ ဘယ္သူလဲ ကိုထြန္းျမင့္ဆီကလား ”
“ ဟင့္အင္း ” ဟုဆိုကာ ပခံုးထက္ရွိ မ်က္ႏွာသုတ္ပ၀ါျဖင့္ ကၽြန္မပါးကို ေရသုတ္ေပးသည္။
“ ကိုေအာင္သင္းႀကီး ဆီကလား ”
“ မဟုတ္ပါဘူး ” ဟုေျဖသံ မဆိုစေရြ႕တုန္ခ်င္မွန္း ကၽြန္မ သိသည္။
“ ကိုေဇာ္ျမင့္ ဖုန္းဆက္တာလား ”
“ သတင္းစာတိုက္ကပါ။ ကိုၾကည္ညြန္႔ႀကီး ဆက္တာပါ။ ေမာင္တို႔ဌာန သက္သာဆိုင္ဖြင့္ပြဲလာဖို႔ သတင္းစာတိုက္မွာ ကားမရွိလု႔ိ ကားလႊတ္ေပးဖို႔ပါ ” ဟုေျဖသည္။ “ ေႀသာ္ ” ဟုဆိုကာ ကၽြန္မျပံဳးၿပီး စကားျဖတ္လိုက္၏။ ေယာက္်ားေတြ ဒီလိုပဲနဲ႔တူတယ္။ တယ္လ်င္တယ္ထင္ၾကတယ္။ ေျဖၿပီးၾကားၿပီး ၿပီးေရာဟု ထင္ပံုရ၏။ ေမာင္ရံုးေရာက္ရန္ လမ္းတစ္၀က္တြင္ ကိုၾကည္ညြန္႔ထံ ကၽြန္မ ဖုန္းဆက္သည္။ ေစာေစာက ဖုန္းဆက္တုန္းက ကၽြန္မ မီးဖိုထဲမွာ အလုပ္မ်ားေနလို႔၊ အမ်ိဳးသမီးေကာ ေနေကာင္းလား၊ အိမ္ကို အလည္လာၾကပါဦး၊ တစ္ခုခုေကၽြးပါ့မယ္ စကားေတြ ေျပာလိုက္၏။
ေမာင္လိမ္ျပန္ၿပီ။ ကိုၾကည္ညြန္႔ ဖုန္းမဆက္ခဲ့။
(၅)
ကိုယ့္အာရံုႏွင့္ကိုယ္ ရွိေနၾကသူမ်ားကို ေနာက္ေယာင္ခံၿပီး လိုက္ရသည္မွာ လြယ္ကူလွေပသည္။ ဘယ္ေန႔ဘယ္ေနရာ ေသေသခ်ာခ်ာ ေရးမွတ္ထားလိုက္သည္။ ကၽြန္မရင္ထဲက မီးေတာက္သည္ ေမာင္တို႔ႏွစ္ေယာက္ကို ကူးစက္ေလာင္ေတာ့မွာ မလြဲ။ မ်က္ရည္တစ္ေပါက္အတြက္ ေမာင္တို႔ ဆပ္ရေတာ့မည္။ မ်က္ရည္တစ္ေပါက္က်လွ်င္ မီးဟုန္းဟုန္းေတာက္ရမည္ဟု ကၽြန္မ ရင္ထဲမွ ႀကိမ္း၀ါးထားခဲ့သည္။ ရံုးကိုလုိက္သြားမည္။ ေကာင္မေလးကို ေရွ႕တြင္ေမးမည္။ ပစ္ပစ္ခါခါေျပာမည္။ ပါးရိုက္နားရိုက္မည္ စိတ္ကူးသည္။ မမသုထံ အက်ိဳးအေၾကာင္း ေျပာလုိက္ေသာအခါ ‘ လာခဲ့ပါဦး၊ အလ်င္မလိုနဲ႔ ’ ဟု ဖုန္းထဲက ေျပာၿပီးမွာသည္။
(၆)
ဇနီးတစ္ေယာက္အေနႏွင့္ တာ၀န္မေက်ပြန္ရာ မရွိခဲ့ေအာင္ ေနခဲ့သည္။ နား၀င္မခ်ိဳစရာ မဆိုခဲ့။ ခံတြင္းမေတြ႕စရာ ဟင္းလ်ာမစီစဥ္ခဲ့။ ဘာခၽြတ္ယြင္းခ်က္မွမရွိေအာင္ ေနခဲ့တာ သူသိပါတယ္။ ဒါကို ငဲ့ေဖာ္မရဘူး။ မမသုရယ္ ဟု ကၽြန္မေျပာလိုက္သည္။ မမသုသည္ အခန္းတံခါးခ်က္ကိုခ်ၿပီး ကၽြန္မဘက္သို႔လွည့္၏။ ေလ့က်င့္ခန္းယူေနသျဖင့္ ေခၽြးစေတြ စို႔ေန၏။ ေဘာင္းဘီတိုအျဖဴ၊ စပို႔ရွပ္လက္တိုအျဖဴတြင္ ေခၽြးစြတ္လ်က္ရွိ၏။ မမသု၏ ကိုယ္ခႏၶာသည္ တင္းတင္းရစ္ရစ္၊ ကၽြန္မကဲ့သို႔ ၀မ္းမပူ ခါးမတုတ္၊ သားသည္မေအဟု မထင္ခ်င္စရာေကာင္းေန၏။
“ သင္း….ေလ့က်င့္ခန္းမယူဘူးလား ”
“ လင့္ကိစၥ၊ သားကိစၥနဲ႔ အိမ္မႈကိစၥေတြ ကိုယ္မပါဘဲ ျဖစ္မွမျဖစ္တာ၊ အခ်ိန္မွမရပဲ ”
“ မမသုက အဲဒီကိစၥအျပင္ ရံုးကိစၥပါ လုပ္ရေသးတာပဲ ”
“ အပင္ပန္းမခံႏိုင္တာလည္း ပါပါလိမ့္မယ္ ”
ကၽြန္မကိုၾကည့္ၿပီး ျပံဳး၏။
“ ခု….သင္းရဲ႕လင္ေတာ္ေမာင္နဲ႔ ၿငိေနတဲ့ ေကာင္မေလးက ဘယ္က… ”
တစ္ခါ ထပ္ေျပာလုိက္ရ၏။
“ ေမာင္နဲ႔ တစ္ဌာနတည္း ”
“ အသက္ကေကာ ”
“ ႏွစ္ဆယ့္သံုး ေလးႏွစ္ေလာက္ ရွိမယ္ ”
“ လွလား ”
ကၽြန္မ ေခါင္းညိတ္လိုက္သည္။ ပံုပန္းသ႑ာန္ေမး၍ ေျပာျပလိုက္သည္။
“ ေယာက္်ားဆိုတာ ဒီေရလိုပဲ သင္း၊ ဒီေရကတစ္ေန႔ႏွစ္ႀကိမ္ ဒီတက္ဒီက်ရွိတယ္။ အိမ္ေထာင္က်ခါစ ကေလးတစ္ေယာက္ ႏွစ္ေယာက္ရခ်ိန္မွာ တစ္ခါ စိတ္ကစားတယ္။ ၿပီးေတာ့ ဒီက်သြားတယ္။ ကေလး သံုးေလးငါးေယာက္၊ ဆိုပါေတာ့ ေျခာက္ေယာက္ ခုႏွစ္ေယာက္ရရင္ တစ္ခါ စိတ္ကစားတယ္။ ခုႏွစ္ဆယ္ေလာက္က်ေတာ့ ၿငိမ္သြားေရာ ”
“ အမယ္ေလး၊ ဒီေရနဲ႔ပဲ တူေပလို႔ ” ဟု မမသုႏွင့္အတူေရာကာ ရယ္ေမာၿပီး ေျပာလိုက္ရ၏။
“ ခ်က္ျပဳတ္ေကၽြးမယ္၊ တတ္ကၽြမ္းသေရြ႕ ခ်က္မယ္ ျပဳတ္မယ္၊ ဒါနဲ႔ပဲဟုတ္မယ္မထင္နဲ႔။ အ၀တ္အစားကိစၥ ေက်နပ္ေအာင္ ဆင္မယ္၊ ဟုတ္လား…. ၿပီးေတာ့ ေမာင္ေမာင္ ကိုကို နားအရည္ေပ်ာ္ေအာင္ ေျပာ၊ မရေသးဘူး သင္း ”
ကၽြန္မ နားစြင့္ေနလိုက္၏။
“ သင္းရယ္….အိမ္ေထာင္သက္ ရွစ္ႏွစ္ကိုးႏွစ္ေလး ရွိေသးတယ္၊ ျပႆနာၾကံဳရတယ္လို႔၊ တို႔လိုမ်ား အႏွစ္ႏွစ္ဆယ္ေက်ာ္ရင္ ခက္မယ္ ”
မမသု ျပံဳးသည္။
“ ဟိုေကာင္မေလးကိစၥ မသိေအာင္လည္း မေဆာင္နဲ႔။ အကုန္သိတာလည္းမေျပာနဲ႔။ ဆ ဖို႔လိုတယ္။ ၀ရုန္းသုန္းကားလုပ္ၿပီး ဟိုကေလးမကို ရိုက္ဟယ္၊ ႏွက္ဟယ္၊ အရွက္ခြဲဟယ္ မလုပ္နဲ႔။ ဟိုက အဟင့္ခနဲ လုပ္လုိက္ရင္ သင္းရဲ႕ လင္ေတာ္ေမာင္က ပိုသည္းၿပီး ‘ လက္ကားသမ ’ စိတ္ကူးသြားမယ္ ”
“ ကၽြန္မ ဘာလုပ္ရမလဲ မမသု ”
“ အိမ္ေထာင္ေရးဟာ ပညာတစ္ရပ္ကြယ့္ ”
“ ေျပာစမ္းပါဦး မမသုရယ္၊ ခုေနေတာ့ ေခါင္းမီးေတာက္ေနလို႔ ဘာမွ မစဥ္းစားတတ္ဘူး ”
“ မနက္ျဖန္လာခဲ့ေလ။ အေရးအႀကီးဆံုး သင္ခန္းစာေတြထဲက အဆင္သင့္တာ အရင္သင္ေပးမယ္ ”
အားကိုးအားထားစိတ္ျဖင့္ ေခါင္းညိတ္လုိက္သည္။ “ ခဏေနဦး၊ ေလ့က်င့္ခန္းၿပီးေအာင္ ခဏေစာင့္ ” ဟုေျပာၿပီး ခံုတန္းလ်ားေပၚတြင္ မမသု ထုိင္၏။ ေလ့က်င့္ခန္းယူေနစဥ္ လႈပ္ရွားေနေသာ မမသုကို ၾကည့္သည္။ လက္ေခ်ာင္းေလးေတြ၊ လက္ေမာင္းေတြ၊ ခါး၊ ေျခဖ်ား၊ ေလးဆယ္ေက်ာ္ မမသု၏အလွသည္ ပ်ိဳမ်စ္လ်က္ရွိ၏။ ကၽြန္မႏွင့္ ဆန္႔ဆန္႔ က်င္က်င္ ျဖစ္ေနသည္။
(၇)
“ ေယာက္်ားေတြနဲ႔ ဦးေႏွာက္ရယ္၊ အသည္းႏွလံုးရယ္၊ ခႏၶာကိုယ္ရယ္ တစ္ေန႔ တစ္ေန႔ ရန္ျဖစ္ေနတာပဲ သိလားသင္း။ တစ္ေန႔ တစ္ဆယ့္ေျခာက္ခါမက ရန္ျဖစ္ၾကတယ္။ ဒါကိုသိရမယ္ သင္းေရ။ မနက္ျဖန္ကစၿပီး သင္းကို သင္ေပးမွ ” ဟု ျပန္ခါနီးတြင္ ေျပာ၏။
ထို႔ျပင္ မနက္ျဖန္လာေသာအခါ ေဘာင္းဘီတိုႏွင့္ စပို႔ရွပ္ယူလာဟု မမသု မွာသည္။ ။
ၿငိမ္းေက်ာ္
ေပဖူးလႊာမဂၢဇင္း၊ အမွတ္(၁၀)၊ မတ္လ၊ ၁၉၈၂

unicode Version
“ အိမ်ထောင်မှုဗေဒ သင်ရိုးညွှန်းတမ်း ”

(၁)

မမသုသည် ကျွန်မထက် ရှစ်နှစ်ခန့်စော၍ အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်သက် ဆယ်နှစ်ပြည့်မှ သမီးဦး သျှန္တီဝဏ္ဏကို မွေးသည်။ နောက်နှစ်နှစ်တွင် သားလတ် သီရိဉာဏ်လူကို မွေးသည်။ သမီးငယ် ဇော်ဇော်ယဉ်မြသီကို မွေးပြီး တစ်လကျော်တွင် ကျွန်မ သားဦးမွေးသည်။ သား ချစ်ဦးပို ရှစ်နှစ်အရွယ်တွင် မမသု၏သားသည် ဆယ်နှစ်၊ သမီးကြီးသည် ဆယ့်နှစ်နှစ်၊ မမသု၏ အိမ်ထောင်သက် နှစ်ဆယ့်နှစ်နှစ်၊ မမသု၏အသက် လေးဆယ့်နှစ်။ ကျွန်မအသက် သုံးဆယ့်လေး မပြည့်သေး။ ညီအစ်မချင်း ယှဉ်ရပ်လျှင် ကျွန်မ အရွယ်ရင့်နေမှန်း ကိုယ့်ကိုယ်ကိုယ် သိသည်။ မမသု၏မိတ်ဆွေ အချို့ဆိုလျှင် ကျွန်မကို အစ်မဟု ထင်ကြသည်။
ကျွန်မ သူငယ်ချင်းတချို့က….
“ သင်းရယ်…မင်းမမသုက ရုံးအလုပ်တစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက် ဒီလောက် ပင်ပန်းရက်နဲ့ သင်းထက် လှလည်းလှ၊ နုလည်းနု။ သင်းကျတော့ ဘာမှ မပင်ပန်းဘူး၊ အိမ်မှုကိစ္စမှာလည်း ကူဖော်လောင်ဖက်နဲ့၊ ကလေးတစ်ယောက်ပဲ ရှိသေးတယ်၊ အဘွားကြီးကျနေတာပဲ။ ဗိုက်စူစူ မေးနှစ်ထပ်၊ ကုပ်သားတွေ တက်နေပြီ ”
“ အစားလည်းလျှော့၊ အအိပ်လည်းလျှော့တာပဲ။ ဝချင်လို့ ဝလာတာပဲလေ ”
ကျွန်မ ရယ်မောပြီး ပြောလိုုက်ပါသည်။

(၂)

မောင့်တိုက်ပုံအကျၤီ နာရီအိတ်ထဲက ထွက်လာသော ရုပ်ရှင်လက်မှတ်ဖြတ်ပိုင်းနှစ်ခုကို ကြည့်ကာ ကျွန်မ တွေသွားသည်။ ဘယ်သူနဲ့ ကြည့်ပါလိမ့်။ သူငယ်ချင်းတွေနှင့် ကြည့်လျှင် ‘ သင်းရေ…မောင် ဘယ်သူနဲ့ ဘယ်ရုံမှာ ဘယ်ကားဖြင့် ဝင်ကြည့်ခဲ့တယ်ကွာ ’ ဟု ပြန်ပြောပြစမြဲ။ နေ့စွဲကို ကြည့်လိုက်၏။ နှစ်ပတ်မက ကြာမြင့်ခဲ့ပြီ။ အလုပ်တွေကြောင့် မေ့လျော့ပြီး ပြောမပြခဲ့ခြင်းလားဟု ကျွန်မ တွေးသည်။ စကားအစ်လိုက်လျှင် အဖြေရလွယ်သည်။ မောင်ရုံးပြန်ကို စောင့်ရသည်မှာ နည်းနည်းတော့ စိတ်မရှည်ချင်စရာ။

(၃)

“ အေးကွာ၊ သင်း ပြောမှပဲ ရုပ်ရှင်ကြည့်ဖို့ သတိရတော့တယ်။ မကြည့်ဖြစ်တာကြာပြီ။ လေးငါးလလောက်တောင် ရှိရော့မယ် ”
မောင် ကျွန်မကိုညာပြီဟု သိလိုုက်၏။ ရင်ထဲမှာ ပူနွေးလာ၏။ လိမ်ရကောင်းလားဟု ပြောမိမည်ဖြစ်သွား၏။ မပြောဖြစ်အောင် သတိထားရသည်။ ဝန်ခံမည်မဟုတ်သည်ကို ကျွန်မ သိ၍ မစစ်ဆေးချင်တော့။ သူငယ်ချင်းတွေက နောက်တာပါ၊ ပြောင်တာပါ စကားတွေဖြင့် ဖုံးကွယ်ချင် ဖုံးကွယ်ပေဦးမည်။ မောင်သည် ကျွန်မကို အကဲခတ်ရင်း ထမင်းစားနေသည်။ အရေးမကြီး၊ အမှတ်မထား၊ ဘာမျှမသိလေဟန်ဖြင့် ကျွန်မ နေလိုုက်သည်။ မောင် စိတ်သက်သာရာ ရသွားပုံရှိ၏။ ကျွန်မစိတ်ထဲက ရယ်သံကို မောင်မကြား။

(၄)

အရာရာကို ဂရုပြုထားသောအခါ တွက်ချက်စရာတွေ စီကာစဉ်ကာ ရလာ၏။ ကျွန်မ သိသော်လည်း မသိအောင်ဖြင့် နေသည်။ ဧကန်မသိဟု မောင်စိတ်ချနေသည်။ ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင် သက်သေသက္ကာယ မပြုနိုင်သေးလျက် စွဲချက်တင်လျှင် မောင်ငြင်းမည်။ ဒေါသတွေ မောဟတွေဖြင့် ဝူးဝါးဟေး သတ္တဝါလို အော်မည်၊ ဟစ်မည်။ မကြုံဖူးသော်လည်း ကြားဖူးသော အတွေ့အကြုံအရ ဦးနှောက်ကို အေးအေးထားမှဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် သဘောရသည်။
မောင်သည် ဣနြေ္ဒကောင်းသည်။ လျှို့ဝှက်သိုသိပ်သည်ဟု သူ့ကိုယ်သူ အထင်ကြီးထားပုံ ရှိ၏။
သို့သော် ရုံးမှတ်တမ်းစာအုပ် ပလတ်စတစ်အဖုံးတွင်းမှ ရှာဖွေတွေ့ရှိသော စာကို ကျွန်မ ဖတ်ပြီးသည်ကိုလည်းကောင်း၊ အောက်ထပ် ပုံကူးဌာနတွင် ထိုစာကူးထားခဲ့သည်ကိုလည်းကောင်း မသိရှာသေး။ ဒေါသဖြင့် နာကျင်စွာပြုံးမိသော ကျွန်မအပြုံးကို သူမသိ။ ချွဲချွဲနွဲ့နွဲ့ ရေးထားသော ကောင်မလေး၏ စာ။ အမည်အပြည့်အစုံကို မသိရသေးသော်လည်း ကြူဟူသော အမည်တစ်ခွန်း သဲလွန်စရခဲ့သည်။ စာသွားစာလာအရ တစ်နှစ်ခရီးသို့တိုင်နေပြီဟု တွက်၍ရသည်။ တပေါင်းပွဲတွေ၊ ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေ ကြည့်ခဲ့ကြသည်ဟု စာအရသိ၏။ ‘ ကိုကိုက ကြူ့ကို ပွဲကြိုက်သူလေးလို့ အမည်ပေးသလား ’ ဟူသော စာပိုဒ်ကို ကျွန်မ သေသေချာချာ မှတ်ထားလိုက်သည်။
“ ဘယ်သူ့ဆီက ဖုန်းလဲ မောင် ”
ရေချိုးခန်းထဲမှ ထွက်လာသော ကျွန်မကို ပြုံးကာ…
“ သူငယ်ချင်းဆီကပါ ”
ကျွန်မ စကားမဆက်အောင် ရေစက်တွေ တင်နေသောပါးကို ဖွဖွလိမ်၏။ ဟန်ဆောင်ကြင်နာမှုဖြင့် အရှောင်အတိမ်းတွေ ပြုနေပါကလားဟု တွေးမိသည်။
“ ဘယ်သူလဲ ကိုထွန်းမြင့်ဆီကလား ”
“ ဟင့်အင်း ” ဟုဆိုကာ ပခုံးထက်ရှိ မျက်နှာသုတ်ပဝါဖြင့် ကျွန်မပါးကို ရေသုတ်ပေးသည်။
“ ကိုအောင်သင်းကြီး ဆီကလား ”
“ မဟုတ်ပါဘူး ” ဟုဖြေသံ မဆိုစရွေ့တုန်ချင်မှန်း ကျွန်မ သိသည်။
“ ကိုဇော်မြင့် ဖုန်းဆက်တာလား ”
“ သတင်းစာတိုက်ကပါ။ ကိုကြည်ညွန့်ကြီး ဆက်တာပါ။ မောင်တို့ဌာန သက်သာဆိုင်ဖွင့်ပွဲလာဖို့ သတင်းစာတိုက်မှာ ကားမရှိလု့ိ ကားလွှတ်ပေးဖို့ပါ ” ဟုဖြေသည်။ “ သြော် ” ဟုဆိုကာ ကျွန်မပြုံးပြီး စကားဖြတ်လိုက်၏။ ယောက်ျားတွေ ဒီလိုပဲနဲ့တူတယ်။ တယ်လျင်တယ်ထင်ကြတယ်။ ဖြေပြီးကြားပြီး ပြီးရောဟု ထင်ပုံရ၏။ မောင်ရုံးရောက်ရန် လမ်းတစ်ဝက်တွင် ကိုကြည်ညွန့်ထံ ကျွန်မ ဖုန်းဆက်သည်။ စောစောက ဖုန်းဆက်တုန်းက ကျွန်မ မီးဖိုထဲမှာ အလုပ်များနေလို့၊ အမျိုးသမီးကော နေကောင်းလား၊ အိမ်ကို အလည်လာကြပါဦး၊ တစ်ခုခုကျွေးပါ့မယ် စကားတွေ ပြောလိုက်၏။
မောင်လိမ်ပြန်ပြီ။ ကိုကြည်ညွန့် ဖုန်းမဆက်ခဲ့။

(၅)

ကိုယ့်အာရုံနှင့်ကိုယ် ရှိနေကြသူများကို နောက်ယောင်ခံပြီး လိုက်ရသည်မှာ လွယ်ကူလှပေသည်။ ဘယ်နေ့ဘယ်နေရာ သေသေချာချာ ရေးမှတ်ထားလိုက်သည်။ ကျွန်မရင်ထဲက မီးတောက်သည် မောင်တို့နှစ်ယောက်ကို ကူးစက်လောင်တော့မှာ မလွဲ။ မျက်ရည်တစ်ပေါက်အတွက် မောင်တို့ ဆပ်ရတော့မည်။ မျက်ရည်တစ်ပေါက်ကျလျှင် မီးဟုန်းဟုန်းတောက်ရမည်ဟု ကျွန်မ ရင်ထဲမှ ကြိမ်းဝါးထားခဲ့သည်။ ရုံးကိုလိုက်သွားမည်။ ကောင်မလေးကို ရှေ့တွင်မေးမည်။ ပစ်ပစ်ခါခါပြောမည်။ ပါးရိုက်နားရိုက်မည် စိတ်ကူးသည်။ မမသုထံ အကျိုးအကြောင်း ပြောလိုက်သောအခါ ‘ လာခဲ့ပါဦး၊ အလျင်မလိုနဲ့ ’ ဟု ဖုန်းထဲက ပြောပြီးမှာသည်။

(၆)

ဇနီးတစ်ယောက်အနေနှင့် တာဝန်မကျေပွန်ရာ မရှိခဲ့အောင် နေခဲ့သည်။ နားဝင်မချိုစရာ မဆိုခဲ့။ ခံတွင်းမတွေ့စရာ ဟင်းလျာမစီစဉ်ခဲ့။ ဘာချွတ်ယွင်းချက်မှမရှိအောင် နေခဲ့တာ သူသိပါတယ်။ ဒါကို ငဲ့ဖော်မရဘူး။ မမသုရယ် ဟု ကျွန်မပြောလိုက်သည်။ မမသုသည် အခန်းတံခါးချက်ကိုချပြီး ကျွန်မဘက်သို့လှည့်၏။ လေ့ကျင့်ခန်းယူနေသဖြင့် ချွေးစတွေ စို့နေ၏။ ဘောင်းဘီတိုအဖြူ၊ စပို့ရှပ်လက်တိုအဖြူတွင် ချွေးစွတ်လျက်ရှိ၏။ မမသု၏ ကိုယ်ခန္ဓာသည် တင်းတင်းရစ်ရစ်၊ ကျွန်မကဲ့သို့ ဝမ်းမပူ ခါးမတုတ်၊ သားသည်မအေဟု မထင်ချင်စရာကောင်းနေ၏။
“ သင်း….လေ့ကျင့်ခန်းမယူဘူးလား ”
“ လင့်ကိစ္စ၊ သားကိစ္စနဲ့ အိမ်မှုကိစ္စတွေ ကိုယ်မပါဘဲ ဖြစ်မှမဖြစ်တာ၊ အချိန်မှမရပဲ ”
“ မမသုက အဲဒီကိစ္စအပြင် ရုံးကိစ္စပါ လုပ်ရသေးတာပဲ ”
“ အပင်ပန်းမခံနိုင်တာလည်း ပါပါလိမ့်မယ် ”
ကျွန်မကိုကြည့်ပြီး ပြုံး၏။
“ ခု….သင်းရဲ့လင်တော်မောင်နဲ့ ငြိနေတဲ့ ကောင်မလေးက ဘယ်က… ”
တစ်ခါ ထပ်ပြောလိုက်ရ၏။
“ မောင်နဲ့ တစ်ဌာနတည်း ”
“ အသက်ကကော ”
“ နှစ်ဆယ့်သုံး လေးနှစ်လောက် ရှိမယ် ”
“ လှလား ”
ကျွန်မ ခေါင်းညိတ်လိုက်သည်။ ပုံပန်းသဏ္ဍာန်မေး၍ ပြောပြလိုက်သည်။
“ ယောက်ျားဆိုတာ ဒီရေလိုပဲ သင်း၊ ဒီရေကတစ်နေ့နှစ်ကြိမ် ဒီတက်ဒီကျရှိတယ်။ အိမ်ထောင်ကျခါစ ကလေးတစ်ယောက် နှစ်ယောက်ရချိန်မှာ တစ်ခါ စိတ်ကစားတယ်။ ပြီးတော့ ဒီကျသွားတယ်။ ကလေး သုံးလေးငါးယောက်၊ ဆိုပါတော့ ခြောက်ယောက် ခုနှစ်ယောက်ရရင် တစ်ခါ စိတ်ကစားတယ်။ ခုနှစ်ဆယ်လောက်ကျတော့ ငြိမ်သွားရော ”
“ အမယ်လေး၊ ဒီရေနဲ့ပဲ တူပေလို့ ” ဟု မမသုနှင့်အတူရောကာ ရယ်မောပြီး ပြောလိုက်ရ၏။
“ ချက်ပြုတ်ကျွေးမယ်၊ တတ်ကျွမ်းသရွေ့ ချက်မယ် ပြုတ်မယ်၊ ဒါနဲ့ပဲဟုတ်မယ်မထင်နဲ့။ အဝတ်အစားကိစ္စ ကျေနပ်အောင် ဆင်မယ်၊ ဟုတ်လား…. ပြီးတော့ မောင်မောင် ကိုကို နားအရည်ပျော်အောင် ပြော၊ မရသေးဘူး သင်း ”
ကျွန်မ နားစွင့်နေလိုက်၏။
“ သင်းရယ်….အိမ်ထောင်သက် ရှစ်နှစ်ကိုးနှစ်လေး ရှိသေးတယ်၊ ပြဿနာကြုံရတယ်လို့၊ တို့လိုများ အနှစ်နှစ်ဆယ်ကျော်ရင် ခက်မယ် ”
မမသု ပြုံးသည်။
“ ဟိုကောင်မလေးကိစ္စ မသိအောင်လည်း မဆောင်နဲ့။ အကုန်သိတာလည်းမပြောနဲ့။ ဆ ဖို့လိုတယ်။ ဝရုန်းသုန်းကားလုပ်ပြီး ဟိုကလေးမကို ရိုက်ဟယ်၊ နှက်ဟယ်၊ အရှက်ခွဲဟယ် မလုပ်နဲ့။ ဟိုက အဟင့်ခနဲ လုပ်လိုက်ရင် သင်းရဲ့ လင်တော်မောင်က ပိုသည်းပြီး ‘ လက်ကားသမ ’ စိတ်ကူးသွားမယ် ”
“ ကျွန်မ ဘာလုပ်ရမလဲ မမသု ”
“ အိမ်ထောင်ရေးဟာ ပညာတစ်ရပ်ကွယ့် ”
“ ပြောစမ်းပါဦး မမသုရယ်၊ ခုနေတော့ ခေါင်းမီးတောက်နေလို့ ဘာမှ မစဉ်းစားတတ်ဘူး ”
“ မနက်ဖြန်လာခဲ့လေ။ အရေးအကြီးဆုံး သင်ခန်းစာတွေထဲက အဆင်သင့်တာ အရင်သင်ပေးမယ် ”
အားကိုးအားထားစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ ခဏနေဦး၊ လေ့ကျင့်ခန်းပြီးအောင် ခဏစောင့် ” ဟုပြောပြီး ခုံတန်းလျားပေါ်တွင် မမသု ထိုင်၏။ လေ့ကျင့်ခန်းယူနေစဉ် လှုပ်ရှားနေသော မမသုကို ကြည့်သည်။ လက်ချောင်းလေးတွေ၊ လက်မောင်းတွေ၊ ခါး၊ ခြေဖျား၊ လေးဆယ်ကျော် မမသု၏အလှသည် ပျိုမျစ်လျက်ရှိ၏။ ကျွန်မနှင့် ဆန့်ဆန့် ကျင်ကျင် ဖြစ်နေသည်။

(၇)

“ ယောက်ျားတွေနဲ့ ဦးနှောက်ရယ်၊ အသည်းနှလုံးရယ်၊ ခန္ဓာကိုယ်ရယ် တစ်နေ့ တစ်နေ့ ရန်ဖြစ်နေတာပဲ သိလားသင်း။ တစ်နေ့ တစ်ဆယ့်ခြောက်ခါမက ရန်ဖြစ်ကြတယ်။ ဒါကိုသိရမယ် သင်းရေ။ မနက်ဖြန်ကစပြီး သင်းကို သင်ပေးမှ ” ဟု ပြန်ခါနီးတွင် ပြော၏။
ထို့ပြင် မနက်ဖြန်လာသောအခါ ဘောင်းဘီတိုနှင့် စပို့ရှပ်ယူလာဟု မမသု မှာသည်။ ။

ငြိမ်းကျော်
ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်(၁၀)၊ မတ်လ၊ ၁၉၈၂

No comments:

Post a Comment