Zawgyi Version
“ တရားျပျခင္း ”
(၁)
ကၽြႏု္ပ္အသက္ ခုႏွစ္ဆယ့္ငါးႏွစ္ျပည့္ေမြးေန႔ပြဲသို႔ မိတ္ေဆြသားခ်င္းေတြ၊ တပည့္သားေျမးေတြ တက္ေရာက္ၾကရာ အလြန္၀မ္းသာသည္။ ‘ တပည့္သားေျမးေတြ ’ ဟု ကၽြႏု္ပ္သံုးႏႈန္းသည္မွာ အေၾကာင္းရွိေပသည္။
ကၽြႏု္ပ္တြင္ ဇနီးသားမယားမရွိ။ တပည့္၊ တပည့္၏တပည့္၊ တပည့္၏တပည့္၏တပည့္၊ ထိုတပည့္၏တပည့္၏ တပည့္အေလာင္းအလ်ာေတြပါ ေမြးေန႔ပြဲသို႔ တက္ၾကသည္။ သူတို႔ကိုယ္တိုင္ ခူးခပ္စားေသာက္ၾကသည္။ ကၽြႏု္ပ္ႏွင့္ ကၽြႏု္ပ္ႏွင့္မိခင္၊ ဖခင္တို႔ကိုပါ ေကၽြးေမြးဧည့္ခံၾကသည္။
ဧည့္သည္မ်ား ျပန္ၾကေသာအခ်ိန္တြင္ ကၽြႏု္ပ္၏တပည့္ရင္း လူပ်ိဳႀကီးေမာင္ဇာယုကား အိမ္မွာ က်န္ရစ္ခဲ့ေလ၏။ ႏွစ္ေယာက္ခ်င္း စကားေျပာလိုေသာေၾကာင့္ တမင္ေနခိုင္းခဲ့သည္။
ကၽြႏု္ပ္၏နားထဲတြင္ တပည့္ႀကီးေမာင္ဇာယု၏ သတင္းေတြက ကုတ္ျခစ္လ်က္ရွိသည္မွာ သံုးလခန္႔ရွိေပၿပီ။ ေျမးတပည့္ ေမာင္စြမ္း၊ ေမာင္ဂ်မ္းတို႔က သူတို႔၏ဆရာ ေမာင္ဇာယုႏွင့္စပ္လ်ဥ္း၍ ကၽြႏု္ပ္ကို ေျပာျပၾကသည္။
“ ဆရာႀကီး…ဆရာ ေမာင္ဇာယုက အမ်ိဳးသမီးတစ္ေယာက္နဲ႔ တစ္မ်ိဳးတစ္မည္ ျဖစ္ေနတယ္ဗ် ”
ေမာင္စြမ္းက ဦးစြာတိုင္သည္။ ေမာင္စြမ္းအတိုင္း ေမာင္ဂ်မ္းက …..
“ ကၽြန္ေတာ္တို႔ကေတာ့ မိုက္မိတဲ့သူေတြမို႔လို႔ ထားပါေတာ့ ဆရာႀကီးရယ္၊ ဒါေပတယ္လို႔ အိမ္ေထာင္က်မိလို႔ ကၽြန္ေတာ္တို႔ ဘယ္ေလာက္ဒုကၡေရာက္ရတယ္ဆိုတာ သူ႔ကို သက္ေသအထင္အရွား ျပပါတယ္။ ကိုစြမ္းဆို ကေလးတစ္ဒါဇင္၊ က်ဴရွင္လခနဲ႔ပဲ ထမင္းရည္ဆမ္းစားေနရတာအထိ။ ကၽြန္ေတာ္ဆိုရင္လည္း မိန္းမအ၀တ္ေတြေလွ်ာ္ရ၊ ထမင္းခ်က္ရ၊ စပါးလံုးေရြးရ၊ စက္ေခ်းေရြးရ၊ ရတာနဲ႔မေလာက္လို႔ အညာက အေမတို႔ဆီ တစ္ႏွစ္ ၂ ေခါက္သြားရ၊ ဒီၾကားထဲ မိန္းမနဲ႔ ခဏခဏရန္ျဖစ္ရ၊ ကၽြန္ေတာ့္မွာ မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ရတဲ့ဒုကၡေတြ သူ႔ကိုေျပာျပပါတယ္ ဆရာႀကီးရယ္ ”
“ အိမ္း ” ဟုသာ ကၽြႏု္ပ္ ၀မ္းနည္းသံျပဳႏုိင္ခဲ့သည္။ ထိုတပည့္ကို မည္သို႔ကယ္တင္ရမည္ကို ေတြးေတာ၍မရခဲ့။
ကၽြႏု္ပ္သည္ တပည့္ေတြကို ခ်စ္ခင္သည့္အားေလ်ာ္စြာ သူတို႔၏က်န္းမာေရး၊ စီးပြားေရး၊ ပညာေရးႏွင့္ လူမႈေရးေတြကို ေစာင့္ေရွာက္ခဲ့သည္။ တခ်ိဳ႕ကို “ သယ္…. ” ဟု ႀကိမ္းတန္ႀကိမ္းရသည္။ တခ်ိဳ႕ကို “ ဟင္း…. ” ဟု ဟန္႔တန္ဟန္႔ရသည္။ တခ်ိဳ႕ကို “ ေဟ…. ” ဟု လည္ေခ်ာင္း၀မ္းေခါင္းသံ ျပဳတန္ျပဳရသည္။ အခ်ိဳ႕ကိုကား လက္၀ါး၊ အခ်ိဳ႕ကိုမူ ႀကိမ္ျဖင့္ရိုက္တန္ရိုက္ကာ ေျပာဆိုဆံုးမရသည္။
ခက္ခဲလွေသာ အဆံုးအမတစ္ခုသည္ အမွန္ပင္ရွိခဲ့ေလ၏။
ကၽြႏု္ပ္သည္ ဃရာ၀ါသ ကိစၥမ်ားေျမာင္ေတြကို မႏွစ္ၿမိဳ႕သူျဖစ္ေခ်၏။ အိမ္ေထာင္သားေမြးျခင္းျဖင့္ အဆင္းေလ်ာ့ရဲတတ္သည္။ အသက္မရွည္ျဖစ္တတ္သည္။ ဥာဏ္ပညာအား ေလ်ာ့ပါးတတ္သည္ဟု ယံုၾကည္ေသာေၾကာင့္ ျဗဟၼာကဲ့သို႔ က်င့္ၾကံအားထုတ္ရန္ သႏၷိ႒ာန္ခ်ခဲ့သည္။ တပည့္ေတြကိုလည္း ထိုသို႔ပင္ က်င့္ၾကံအားထုတ္ရန္ အခါမလပ္ေျပာဆိုဆံုးမ သတိေပးခဲ့သည္။ သို႔ရာတြင္ တဏွာေပမ၏ သေဘာသဘာ၀ကား အလြန္လွ်င္ လွည့္ျဖားတတ္ေသာေၾကာင့္ ကၽြနု္ပ္၏စကား၌ ခိုင္က်ည္စြာ မတည္ၾကေလကုန္။
ေမာင္ဂ်စ္တို႔သည္ တားျမစ္သည့္ၾကားမွ အိမ္ေထာင္ျပဳသြားၾကသည္။
ျပဳသည္ႏွင့္တစ္ၿပိဳင္နက္ ‘ လူပ်ိဳလိုမေနမိလို႔ ကိုယ္ရိတယ္ေလး ’ ဘ၀သို႔ က်ေရာက္သြားၾကေလေတာ့သည္။

(၂)
“ ေမာင္ဇာယု ”
“ ခင္ဗ်ာ ဆရာႀကီး ”
“ ေမာင္ဇာယု အခု အသက္ဘယ္ေလာက္ရွိၿပီလဲ ”
ေမာင္ဇာယုသည္ အညိဳေရာင္နဖူးကို အစင္းထင္သည္အထိ တြန္႔ၿပီး ….
“ ကၽြန္ေတာ္ ေလးဆယ့္ရွစ္ႏွစ္၊ သံုးလ၊ ႏွစ္ဆယ့္ႏွစ္ရက္နဲ႔ …. ”
ဆီကိုနာရီကို ၾကည့္လိုက္ကတည္းက ကၽြႏု္ပ္ သိေပ၏။ နာရီ မိနစ္ စကၠန္႔ မိုကၠရိုစကၠန္႔ႏွင့္ အတိအက်ေျဖေတာ့မည္ကို သိေန၍ လက္ကာကာ …….
“ ဒီေလာက္ဆို ေတာ္ပါၿပီကြယ္….ေတာ္ပါၿပီ၊ ဆရာႀကီးေမးရတဲ့ ရည္ရြယ္ခ်က္နဲ႔ ဦးတည္ခ်က္က ဒီလိုကြဲ႕ ေမာင္ဇာယုရဲ႕ ”
ေမာင္ဇာယုသည္ က်ဳံ႕က်ဳံ႕ကေလး ျပင္ထိုင္၏။ ကၽြႏု္ပ္မ်က္ႏွာကို မမွိတ္မသုန္ၾကည့္ကာ အာရံုစိုက္လ်က္ရွိသည္။ ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီးေနာက္ ……
“ အသက္ေလးဆယ့္ရွစ္ဆိုတာ ငါးဆယ္တြင္းလို႔ ေခၚလို႔ရၿပီကြဲ႕၊ ေယာက္်ားဆိုတာ အိမ္ေထာင္ျပဳမယ္ၾကံရင္ စာဆိုရွိတယ္၊ စာခ်ိဳးကိုေတာ့ ဆရာႀကီးေမ့သြားၿပီ။ အဓိပၸါယ္ကေတာ့ အသက္ႏွစ္ဆယ့္ငါးနဲ႔ သံုးဆယ္ၾကားပဲ၊ ေလးဆယ္ဆိုရင္ေတာင္ တယ္မသင့္ေတာ့ဘူး၊ ေလးဆယ့္ငါး ငါးဆယ္ဆိုတာ အရြယ္လြန္ၿပီ၊ အရြယ္လြန္ခ်ိန္မွာ အိမ္ေထာင္ျပဳရင္ ေရာဂါဘယ ထူေျပာတတ္တယ္၊ စီးပြားဥစၥာ ေလ်ာ့ပါးတတ္တယ္၊ ကုသိုလ္ဘာ၀နာ ဆုတ္ယုတ္တယ္၊ ဒီေတာ့ကာ……”
ကၽြႏု္ပ္ စကားမဆက္၊ အနည္းငယ္ ေမာသလိုလိုရွိ၍ လက္ဖက္ရည္ၾကမ္းတစ္ငံု ငံုလုိက္ရေလ၏။ ထိုစဥ္ၾကိဳက္၀ယ္……
“ ေယာက္်ားေမာင္ပဥၥင္း မိန္းမပုခက္တြင္း ဆိုတာေကာ ဆရာႀကီး၊ ပုခက္တြင္းက ကေလးမ တစ္ဆယ့္ရွစ္ႏွစ္၊ ပဥၥင္းလူထြက္က ႏွစ္ဆယ္မွာ ဆယ့္ေျခာက္ ဆယ့္ခြန္ေပါင္း၊ သံုးဆယ့္ေျခာက္ သံုးဆယ့္ခြန္၊ ေဒြးခ်ိဳးေလးဆိုးဆို ေယာက္်ားေလး သံုးဆယ့္ေျခာက္က တစ္၀က္မွာ ဆယ့္ရွစ္၊ ေလးတိုးရင္ အမ်ိဳးသမီးက ႏွစ္ဆယ့္ႏွစ္၊ အဲသလိုမဟုတ္ဘူးလား ဆရာႀကီး ”
‘ အထြန္႔တက္ၿပီ၊ ဒီသတၱ၀ါ မိုက္တြင္းနက္ခ်င္ၿပီ ’ ဟု ဆင္ေျခသံၾကားကတည္းက ကၽြႏု္ပ္ သိေလသည္။ ၾကားရသည္တို႔သည္ လြဲဖြယ္မရွိ။
“ အမ်ိဳးသမီးက အသက္ဆယ့္ကိုးႏွစ္ေလာက္ပဲ ရွိေသးတယ္၊ လြန္လွ ႏွစ္ဆယ္ပဲ။ ဘြဲ႕ရၿပီးစကေလး၊ ေခ်ာတာ ေတာ္ေတာ္ေခ်ာတယ္၊ ျပည့္ျပည့္တင္းတင္း လွလွပပေတြခ်ည္း ဆရာႀကီး။ ဒီေတာ့ ေမာင္ဇာယုက မုဒုလကၡဏရေသ့ႀကီး စ်ာန္ေလွ်ာသလို ေလွ်ာေတာ့တာ ” ဟု ေမာင္စြမ္း ေျပာခဲ့သည္မွာ ဟုတ္ေလာက္ေပ၏။
“ မိန္းကေလး ပုခက္တြင္း၊ ေယာက္်ား ေမာင္ပဥၥင္းဆိုတာ ကေလးထိန္းခန္႔တာကို ေျပာတာကြဲ႕၊ ဒါက ရတနာပူရၿမိဳ႕ေတာ္ႀကီးက စာဆိုေတာ္ မင္းႀကီးမဟာစည္သူလက်္ာမင္းထင္ရာဇာ ေမာင္ေဗ်ာ့ စီရင္ခဲ့တဲ့ ကေလးအထိန္းအယ လက္စြဲက်မ္းႀကီးမွာပါတာကို အေကာက္မွားေနၾကတာ။ ေဒြးခ်ိဳး ေလးတိုးဆိုတာ ေလေဆးေဖာ္တဲ့ အခ်ိဳးကြဲ႕၊ မီးယပ္နာမွာ ေၾကာင္ပန္းရြက္တစ္ဆယ္သားကို ေဒြးခ်ိဳးရင္ ငါးက်ပ္သား၊ အဲဒီငါးက်ပ္သားကို ေလးတိုးေတာ့ ႏွစ္ဆယ္သား၊ ႏွစ္ဆယ္သားက ႀကိတ္မွန္ရြက္အရိုးအျမစ္ ပဥၥငါးပါးအဆ၊ အဲဒါကြဲ႕ ”
မုသားမပါ၊ လကၤာမေခ်ာ။ မရွိေသာစာဆို၏ မျပဳစုဖူးေသာ က်မ္းေတြ၊ မီးယပ္ေဆးေတြ ကိုးကားကာ ကၽြႏု္ပ္သည္ ဟိန္းေဟာက္ျခင္းအမႈကို ျပဳလိုက္ရေတာ့သည္။ “ ဟုတ္လား ” ဟု ေမာင္ဇာယုသည္ မ်က္လံုးေပကလတ္ ေပကလတ္ႏွင့္ အံ့ၾသေနသည္။ သူ၏ အယူအဆ၌ ယံုမွားသံသယျဖစ္လွ်င္ ျဖစ္ခ်င္း…..
“ မင္းမ်က္ျမင္ပဲေလကြယ္။ ဆရာႀကီးစကား နားမေထာင္မိတဲ့ ေမာင္ဂ်မ္းတို႔ကိုၾကည့္စမ္း၊ အိမ္ေထာင့္ဒုကၡေတြခံလိုက္ရတာ လွ်ာအလံတစ္ရာ ထြက္မတတ္။ ေမာင္သင္းတို႔ေကာ မနက္ဆို ေစ်းျခင္းေတာင္းဆြဲ၊ ဟင္းကိုင္၊ အလုပ္သြား၊ ေရခပ္၊ အ၀တ္ေလွ်ာ္၊ မိန္းမက ေညာင္းရင္ ခမ်ာမွာ နင္းႏွိပ္ေပးရတယ္။ မညည္းညဴ၀ံ့ရွာဘူး။ ေမာင္ျမင့္တစ္ေယာက္လည္း ဒီ၀ဋ္ပဲ၊ ေငြလိုသမွ်ရွာေပေတာ့၊ ‘ က်ဴရွင္တစ္ေထာင္ ေမာင္မဲေခါင္ ’ ဆိုတာမ်ိဳး သင္လိုက္ရတာ။ သူ႔တစ္ကိုယ္လံုး ေျမျဖဴဖံုးမတက္၊ အိမ္က်ေတာ့ မီးယပ္သည္မယားကို နင္းႏွိပ္ခ်ိဳးဖဲ့ေပးရ၊ အိပ္ငိုက္ရင္ ‘ မႏွိပ္ရေကာင္းလား ’ ဆိုၿပီး မယားက သနပ္ခါးတံုးနဲ႔ထုတာ။ ကိုင္း…ဆရာႀကီးကိုၾကည့္၊ ဘယ္ေလာက္လြတ္လပ္လဲ၊ ဆရာ့တပည့္ေမာင္ႀကိဳင္တို႔၊ ေမာင္ၿမိဳင္တို႔ၾကည့္၊ လြတ္ကို လြတ္လပ္လို႔… ”
ေမာင္ဇာယုသည္ ထူထဲေသာမ်က္ခံုးကို တြန္႔ထား၏။ ဆံပင္ပါးစျပဳေသာ ေနာက္ေစ့ကို လက္ဖ၀ါးျဖင့္ပြတ္သည္။ ခပ္တြဲတြဲမ်က္ခြံကိုပင့္ကာ မ်က္လံုးျပဴး၍ အိမ္အျပင္ဆီသို႔ေငးေန၏။ ကၽြႏု္ပ္ ဆက္ေျပာလိုက္၏။
“ ေမာင္ေဘာ္ဆိုတာလည္း မင္းလိုပဲ၊ အသက္ရမွ အိမ္ေထာင္ျပဳလို႔ ကေလးမူႀကိဳပို႔ရ၊ အလုပ္ေျပးရ၊ မိန္းမပူဆာလို႔ ရွာရေဖြရနဲ႔ ဘယ္ေလာက္အိုစနာႏုိင္သြားလဲ။ ေမာင္မြန္ေကာ အျမင္ပဲ၊ ရေသ့၀တ္ေတာ့မလိုလို၊ ဘိုးသူေတာ္၀တ္ေတာ့မလိုလို ျဖစ္ေနၿပီ။ ကေလးခုႏွစ္ေယာက္တာ၀န္၊ က်ဴရွင္ဖိုးနဲ႔ ဖြတ္တက္ေတာ့မယ္။ မိန္းမက ဗ်စ္ေတာက္ဗ်စ္ေတာက္ လူေရွ႕သူေရွ႕မေရွာင္ ေငါက္ဟယ္၊ ဆူဟယ္၊ ရံုးမွာပါ ဆူလား ေဆာင့္လား ”
ကၽြႏု္ပ္တပည့္ႀကီးသည္ ေတြ၍လာ၏။ ႏႈတ္ခမ္းသည္ ဟတတ။ အသက္ရွဴမ၀ေသာ ငါးတစ္ေကာင္ကဲ့သို႔ ျဖစ္လာသည္။
“ ရွာေကၽြးေတာ့ ကိုယ္ပဲ။ သူက မသိတတ္လို႔ စိတ္ဆင္းရဲရေတာ့ ကိုယ္ပဲ။ မိန္းမဆိုတာေတြဟာ မီးပဲ။ တစ္ခုေတာ့ ရွိသေပါ့ကြာ၊ ဆရာႀကီးရဲ႕ မိခင္ေတြ အေဒၚေတြ အစ္မေတြ ညီမေတြ၊ ငါ့တပည့္ရဲ႕မိခင္ ေဆြမ်ိဳးထဲက မိန္းမသားေတြလို ေကာင္းဖို႔မလြယ္ဘူးေလ။ အမိနဲ႔တူေသာ မယား၊ ႏွမနဲ႔တူေသာ မယားဆိုတဲ့ မယားအျပားငါးပါးထဲမွာ ရန္သူနဲ႔တူေသာ မယားေတြက အနမတဂၢ မ်ားလွသကြဲ႕ ”
ေမာင္ဇာယုသည္ သက္ျပင္းရွည္ခ်ေလသည္ကို ကၽြႏု္ပ္ ျမင္ေလ၏။

(၃)
အေတာ္အတန္ ေျခၿငိမ္သြားၿပီဟု သတင္းရေလသည္။ သံုးလခန္႔ၾကာေသာအခါ “ ဆရာႀကီးတပည့္ေတာ့ အမ်ိဳးသမီးေလးနဲ႔ အရမ္းကိုတြဲေနၿပီ၊ သမၼတဟိုတယ္မွာ မကန္စာစားတာ ေတြ႕လိုက္တယ္။ ညစာကို အင္းလ်ားကန္ဟိုတယ္မွာ စားၾကတယ္။ ေကာ္ဖီေသာက္ရင္ ဒဂုန္ဟိုတယ္မွာ၊ သမၼတရံုနဲ႔ ပပ၀င္းမွာ ရုပ္ရွင္ၾကည့္တယ္။ ကရ၀ိတ္မွာ ဓာတ္ပံုတြဲရိုက္ၾကတယ္။ ဘုရားမွာ တတြဲတြဲ။ ေကာင္မေလးကို ႏိုင္ငံျခားဘာသာသင္ ေက်ာင္းသြားေက်ာင္းျပန္ ပို႔ႀကိဳေနတယ္။ အင္းလ်ားကန္ေပါင္မွာ ညေနတိုင္း ထိုင္စကားေျပာၾကတယ္။ ဆရာႀကီးတပည့္ပံုစံေျပာင္းေနၿပီ ” ဟု တိုင္ၾက ေျပာၾကသည္။
ကၽြႏု္ပ္ ျပင္ဆင္ရေပၿပီ။
ဓာတ္ပံုေတြစုရန္ ကၽြႏု္ပ္ကိုယ္တိုင္စီမံရေလသည္။ အဏုၾကည့္မွန္ဘီလူးေတြျဖင့္ ရိုက္ကူးထားသမွ်ပံုေတြ ရွာေဖြရန္ သိပၸံတကၠသိုလ္ေတြသို႔ ကၽြႏု္ပ္ သြားရသည္။ ကၽြႏု္ပ္တပည့္လူပ်ိဳႀကီး ကထိကေတြ၊ ပါေမာကၡေတြက ကူညီၾကရွာ၏။
စံုလင္ေသာတစ္ေန႔၌ ေမာင္ဇာယုကို ေခၚလိုက္ရာ ေရာက္လာေလ၏။ အိမ္ေပၚသို႔တက္လာေသာ ေမာင္ဇာယုကိုၾကည့္ကာ ကၽြႏု္ပ္အံ့ၾသရသည္။ ဆံပင္ကအစ အလွျပင္ဆိုင္တြင္ ပံုသြင္းထားသည္။ “ မင္းဆံပင္က…. ” ဟု ကၽြႏု္ပ္ေမးေသာ္…..
“ ေက်ာ္ဟိန္းနဲ႔ ဒိုင္ယာနာဆံပင္ကို ေပါင္းစပ္ထားတဲ့ ‘ ေက်ာ္ယာနာ ေကသာ ’ ပါ ဆရာႀကီး ”
ကၽြႏု္ပ္ စိတ္ထင့္သြားသည္။ “ အင္ ” ဟုသာ ႏႈတ္ခမ္းေစ့ၿပီး အသံျပဳႏုိင္၏။ ေမာင္ဇာယုသည္ မ်ားစြာေျပာင္းလဲေနေပ၏။ အျပာႏုခံ၊ ရင္ညြန္႔တြင္ နံ႕သာေရာင္မ်ဥ္းပါးမ်ဥ္းထူ အလ်ားေျပး ေမးလ္ရွပ္လက္တို တီရွပ္။ ကၽြႏု္ပ္ မသိေသးေသာ အုန္းခြံေရာင္ ဂ်င္းေဘာင္းဘီတစ္မ်ိဳးတစ္စား။ လက္ထဲတြင္ တူးတူးႏွင့္ ေဂ်ေမာင္ေမာင္တို႔၏ ဂစ္တာလက္ကြက္ပါ၀င္ေသာ သီခ်င္းစာအုပ္။ ရစ္ဘန္ ေနကာမ်က္မွန္ကို သီခ်င္းစာအုပ္ေပၚတြင္တင္ၿပီး…….
“ ဆရာႀကီး ေခၚတယ္ ဆိုလို႔ပါ ”
“ ေအး ” ဟုသာ ကၽြႏု္ပ္ေျပာႏိုင္ေသး၏။ စိတ္ဓာတ္ယိုင္ခ်င္လာ၏။ သို႔ေသာ္ ဧည့္ခန္းစားပြဲ အံဆြဲထဲမွ စကၠဴထူႀကီးကို ကၽြႏု္ပ္ဆြဲထုတ္လိုက္ၿပီး အခင္းမွန္ေပၚတြင္ တင္သည္။
“ ျပစရာရွိလို႔ ”
“ ဘာမ်ားလဲ ဆရာႀကီး ”
“ ၾကည့္စမ္း ေမာင္ဇာယု ”
ပထမဓာတ္ပံု၊ အလ်ား အနံ တစ္ေပႏွင့္ ဆယ္လက္မဓာတ္ပံု။ ေဆးေရာင္စံု။
“ ဟာ….ေတာင္ကုန္းႀကီးကလည္း ပန္းႏုေရာင္၊ ေျမာင္းႀကီးေတြက အနက္ႀကီးေတြပဲ။ ဒါဗုဒၶဟူးၿဂိဳလ္ေပၚက ေျမျပင္ပံုလား ဆရာႀကီး ”
ကၽြႏု္ပ္ ရယ္လိုက္၏။ ‘ ေအာင္ျမင္ၿပီ ’ ဟု မွတ္ယူလိုက္သည္။ ေခါင္းကိုယမ္းကာ ႏႈတ္ခမ္းေမႊးကို သပ္ကာ……
“ မင္းခ်စ္သူကို မင္းက တင္စားတယ္။ ႏွင္းဆီဖူး ႏႈတ္ခမ္းကေလး။ ေအး… ေအာက္ႏႈတ္ခမ္းကို အဆရွစ္ရွာေက်ာ္ခ်ဲ႕ထားတဲ့ မိန္းမလွရဲ႕ႏႈတ္ခမ္း၊ အဏုၾကည့္မွန္ဘီလူးတပ္ၿပီး ရိုက္ထားတဲ့ပံုကြဲ႕၊ ဘယ္မွာလဲ ခ်စ္စရာ ”
စကားအဆံုးတြင္ ေမာင္ဇာယု မ်က္ခံုးပင့္သည္။ “ အင့္…ဒီပံုကိုၾကည့္ ” ဟု တစ္ပံုေပးလိုက္သည္။
“ ဟာ…လိုဏ္ေခါင္းႀကီးပဲ၊ ဒါ ျပဒါးလင္းဂူႀကီးလား ဆရာႀကီး။ အရြက္မရွိတဲ့ ၀ါးမိုး၀ါးပင္ႀကီးေတြလည္း မီးသင့္ထားသလို မည္းနက္ၿပီးေနပါလား ” ဟု အထိတ္တလန္႔ဆိုေလ၏။
“ စင္းလွတဲ့ ႏွာတံထိပ္က ႏွာသီး၀ေလ၊ ႏွာေခါင္းေပါက္ကို အဆကိုးရာနီးနီး ခ်ဲ႕ျပထားတာ၊ ဘယ္မွာလဲ ႏွစ္သက္စရာ ”
ဓာတ္ပံုကိုခ်ကာ စဥ္းစားသည္။ “ ေရာ့….ဒီပံုလည္းၾကည့္ဦး ” ဟု ကၽြႏု္ပ္ေပးလိုက္သည္။ ေျပာင္လက္ျဖဴေဖြးေသာ ေက်ာက္ေတာင္။ လိႈင္းအစင္းေတြ ထင္ေန၏။
“ ဆရာႀကီး၊ ဒါက…..”
“ ခ်စ္သူ႔သြားကို ပုလဲလံုးေလးေတြဆို၊ ဘယ္မွာလဲ သေဘာက်စရာ ”
“ ေဟာဒီပံုက ဘာလဲ ” ဟု ကၽြႏု္ပ္ ေနာက္တစ္ပံုျပကာ ေမး၏။
“ အာကာသထဲက တြင္းနက္ႀကီးထင္တယ္၊ ခါးပတ္ႀကီးကလည္း ငါးရွဥ့္ေရာင္နဲ႔ ”
“ ေသာက္ရွဴးၾကယ္ညီေနာင္လို႔ မင္းတို႔တင္စားတဲ့ မ်က္လံုးေလ၊ အဆတစ္ေထာင္နီးနီး ခ်ဲ႕ၾကည့္ေတာ့မွ ဘယ္မွာလဲကြ အလွ…ေဟ ”
ပံုေတြကို သူ႕ေရွ႕တြင္ ခ်ေပးလိုက္သည္။ သူ ၾကည့္သည္။ သူတစ္ပံုၾကည့္တိုင္း ကၽြႏု္ပ္က….
“ ၀က္သစ္ခ်ပင္ မီးေလာင္ထားသလို ျဖစ္ေနတာက ပိတုန္းေရာင္ဆိုတဲ့ ေကသာထဲက တစ္ပင္ေပါ့၊ အဆႏွစ္ေထာင္ ခ်ဲ႕ထားတဲ့ပံု ”
“ ဒါက လက္သည္း၊ သဲကႏၱာရထဲက ေက်ာက္ေတာင္ဆင္ေျခေလွ်ာလို ”
“ အဲဒါက သိပ္ညက္တယ္ဆိုတဲ့ ပခံုးသားေလး၊ ငလ်င္လႈပ္ထားလို႔ အက္ေၾကာင္းထေနတဲ့ ႏံုးမာျပင္ႀကီး ”
“ ဒါက ၀ါးငုတ္တို ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ေျမပပ္ၾကားအက္နဲ႔ မတူဘူးလား။ ပါးျပင္ေပါ့ကြာ၊ အဆႏွစ္ေထာင္ ခ်ဲ႕ျပထားတာ ”
ပံုေပါင္းေလးဆယ္ေက်ာ္ ကုန္ေသာအခါ ေမာင္ဇာယုသည္ ကုလားထိုင္တြင္ မတ္မတ္မထိုင္ေတာ့။ ယိုင္ေယာင္ေခြေယာင္ ျဖစ္ေနေလ၏။ ကၽြႏု္ပ္ မေျပာေတာ့။ သူ႔အေျပာကို ေစာင့္ရေခ်မည္။ သူ႔မ်က္ႏွာသည္ အိုစနာျဖစ္လာ၏။ ကြမ္းတစ္ယာညက္သာသာအၾကာတြင္…..
“ ဆရာႀကီး ”
“ ဘာတံုး ငါ့တပည့္ရဲ႕ ”
“ အူေတြ၊ ကလီစာေတြ၊ ကိုယ္ထဲက ပိုးမႊားေတြကို ျမင္ရေတာ့ စိတ္ပ်က္သဗ်ာ ”
“ ဒါေပါ့ ငါ့တပည့္ ”
“ မ်က္ခံုးေမြးကို အဆအမ်ားႀကီး ခ်ဲ႕ရိုက္ထားတဲ့ပံုက ယားက်ိက်ိ ျဖစ္ေတာင္လာတယ္။ ကၽြန္ေတာ္မွားပါၿပီ ဆရာႀကီး၊ အိမ္ေထာင္ျပဳလိုက္ရင္ ကၽြန္ေတာ္ခုလို ထင္းရွဴးပင္ရိပ္ေအာက္မွာ ေအးေအးေဆးေဆးေနလို႔ရမွာ မဟုတ္ေတာ့ဘူး၊ ေအာက္ျပည္ကိုစုန္၊ အလုပ္စံုလုပ္၊ သားေကၽြးမႈ၊ မယားေကၽြးမႈ…..”
စကားမဆက္။ ထိတ္လန္႔သြားပံုရ၏။ ကၽြႏု္ပ္ ဆံုးမရက်ိဳးနပ္ေလၿပီ။ “ အိမ္း…ဒါတြင္လား၊ ေယာကၡမဒုကၡ၊ မရီးဒုကၡ၊ ခယ္မဒုကၡ၊ ေယာက္ဖဒုကၡ၊ မယားဘက္ကဦးႀကီး၊ ဦးေလး၊ ဦးရီး၊ ႀကီးေတာ္၊ ေဒၚေဒၚ အားလံုးအားလံုးရဲ႕ ဒဏ္ေတြကိုပါ မင္းခံရမွာ။ ျဗဟၼာလိုက်င့္ပါ ငါ့တပည့္ရယ္၊ အိမ္ေထာင္သားေမြးဆိုတာ ဒုကၡရွာတာ။ တဏွာေပမဆိုတာ ျဖတ္ႏို္င္မွ၊ ရာဂကိေလသာဆိုတာ ပူစၿမဲပဲ ငါ့တပည့္၊ မင္း တရားအားမထုတ္ႏိုင္ ပုတီးမစိပ္ႏုိင္ ျဖစ္မယ္ေနာ္။ ၾကပ္ၾကပ္စဥ္းစား၊ ၾကားလား ” ဟု ကၽြႏု္ပ္ သတိေပးလိုက္သည္။

(၄)
သီတင္းကၽြတ္လျပည့္ေန႔က တပည့္ေတြ လာကန္ေတာ့ၾကသည္။ ေမာင္ဇာယုမလာေသး။ ကၽြႏု္ပ္ စိတ္ပူ၏။ ေနမွေကာင္းပါေလစ။
လျပည့္ေက်ာ္ေလးရက္ေန႔တြင္ ေမာင္ဂ်မ္းက မ်က္ႏွာငယ္ငယ္ႏွင့္ ေရာက္လာ၏။ ကၽြႏု္ပ္ကို စာတစ္ေစာင္ေပးေလ၏။ စာကို ဖတ္ေသာအခါ……
ဆရာႀကီးခင္ဗ်ား……
ကၽြန္ေတာ္ေမာင္ဇာယု ရိုေသေၾကာက္ရြံ႕စြာ စာေရးလိုက္ပါသည္။ ယခုႏွစ္၀ါကၽြတ္တြင္ လာမကန္ေတာ့ႏိုင္သည္မွာ ကၽြန္ေတာ္မိန္းမခိုးသြားေသာေၾကာင့္ ျဖစ္ပါသည္။ ဆရာႀကီး ဓာတ္ပံုမ်ားႏွင့္ သတိေပးၿပီး အျပန္တြင္ အနာတိုဖရန္႔၏ တရားက်ျခင္း ဘာသာျပန္၀တၳဳကို ေပးလိုက္ပါသည္။ ကၽြန္ေတာ္သည္ ၎၀တၳဳပါ မင္းသမီးႀကီးကဲ့သို႔ မဟုတ္ေသာ္လည္း ဆရာႀကီးႏွင့္ သေဘာကြဲလြဲပါသည္။ ကၽြန္ေတာ္၏ ခ်စ္သူကို အဆကိုးရာ တစ္ေထာင္ ပံုႀကီးခ်ဲ႕၍ျမင္၍မရပါ။ ရိုးရိုးမ်က္စိျဖင့္ ၾကည့္ျမင္ေနရေသာေၾကာင့္ လွေနပါသည္။ ထို႔ေၾကာင့္ လက္ထပ္လိုက္ပါသည္။

ရိုေသစြာျဖင့္
ေမာင္ဇာယု
ေမာင္ဇာယု
ၿငိမ္းေက်ာ္
Unicode Version
“ တရားပြခြင်း ”
(၁)
ကျွနု်ပ်အသက် ခုနှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့ပွဲသို့ မိတ်ဆွေသားချင်းတွေ၊ တပည့်သားမြေးတွေ တက်ရောက်ကြရာ အလွန်ဝမ်းသာသည်။ ‘ တပည့်သားမြေးတွေ ’ ဟု ကျွနု်ပ်သုံးနှုန်းသည်မှာ အကြောင်းရှိပေသည်။
ကျွနု်ပ်တွင် ဇနီးသားမယားမရှိ။ တပည့်၊ တပည့်၏တပည့်၊ တပည့်၏တပည့်၏တပည့်၊ ထိုတပည့်၏တပည့်၏ တပည့်အလောင်းအလျာတွေပါ မွေးနေ့ပွဲသို့ တက်ကြသည်။ သူတို့ကိုယ်တိုင် ခူးခပ်စားသောက်ကြသည်။ ကျွနု်ပ်နှင့် ကျွနု်ပ်နှင့်မိခင်၊ ဖခင်တို့ကိုပါ ကျွေးမွေးဧည့်ခံကြသည်။
ဧည့်သည်များ ပြန်ကြသောအချိန်တွင် ကျွနု်ပ်၏တပည့်ရင်း လူပျိုကြီးမောင်ဇာယုကား အိမ်မှာ ကျန်ရစ်ခဲ့လေ၏။ နှစ်ယောက်ချင်း စကားပြောလိုသောကြောင့် တမင်နေခိုင်းခဲ့သည်။
ကျွနု်ပ်၏နားထဲတွင် တပည့်ကြီးမောင်ဇာယု၏ သတင်းတွေက ကုတ်ခြစ်လျက်ရှိသည်မှာ သုံးလခန့်ရှိပေပြီ။ မြေးတပည့် မောင်စွမ်း၊ မောင်ဂျမ်းတို့က သူတို့၏ဆရာ မောင်ဇာယုနှင့်စပ်လျဉ်း၍ ကျွနု်ပ်ကို ပြောပြကြသည်။
“ ဆရာကြီး…ဆရာ မောင်ဇာယုက အမျိုးသမီးတစ်ယောက်နဲ့ တစ်မျိုးတစ်မည် ဖြစ်နေတယ်ဗျ ”
မောင်စွမ်းက ဦးစွာတိုင်သည်။ မောင်စွမ်းအတိုင်း မောင်ဂျမ်းက …..
“ ကျွန်တော်တို့ကတော့ မိုက်မိတဲ့သူတွေမို့လို့ ထားပါတော့ ဆရာကြီးရယ်၊ ဒါပေတယ်လို့ အိမ်ထောင်ကျမိလို့ ကျွန်တော်တို့ ဘယ်လောက်ဒုက္ခရောက်ရတယ်ဆိုတာ သူ့ကို သက်သေအထင်အရှား ပြပါတယ်။ ကိုစွမ်းဆို ကလေးတစ်ဒါဇင်၊ ကျူရှင်လခနဲ့ပဲ ထမင်းရည်ဆမ်းစားနေရတာအထိ။ ကျွန်တော်ဆိုရင်လည်း မိန်းမအဝတ်တွေလျှော်ရ၊ ထမင်းချက်ရ၊ စပါးလုံးရွေးရ၊ စက်ချေးရွေးရ၊ ရတာနဲ့မလောက်လို့ အညာက အမေတို့ဆီ တစ်နှစ် ၂ ခေါက်သွားရ၊ ဒီကြားထဲ မိန်းမနဲ့ ခဏခဏရန်ဖြစ်ရ၊ ကျွန်တော့်မှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရတဲ့ဒုက္ခတွေ သူ့ကိုပြောပြပါတယ် ဆရာကြီးရယ် ”
“ အိမ်း ” ဟုသာ ကျွနု်ပ် ဝမ်းနည်းသံပြုနိုင်ခဲ့သည်။ ထိုတပည့်ကို မည်သို့ကယ်တင်ရမည်ကို တွေးတော၍မရခဲ့။
ကျွနု်ပ်သည် တပည့်တွေကို ချစ်ခင်သည့်အားလျော်စွာ သူတို့၏ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးတွေကို စောင့်ရှောက်ခဲ့သည်။ တချို့ကို “ သယ်…. ” ဟု ကြိမ်းတန်ကြိမ်းရသည်။ တချို့ကို “ ဟင်း…. ” ဟု ဟန့်တန်ဟန့်ရသည်။ တချို့ကို “ ဟေ…. ” ဟု လည်ချောင်းဝမ်းခေါင်းသံ ပြုတန်ပြုရသည်။ အချို့ကိုကား လက်ဝါး၊ အချို့ကိုမူ ကြိမ်ဖြင့်ရိုက်တန်ရိုက်ကာ ပြောဆိုဆုံးမရသည်။
ခက်ခဲလှသော အဆုံးအမတစ်ခုသည် အမှန်ပင်ရှိခဲ့လေ၏။
ကျွနု်ပ်သည် ဃရာဝါသ ကိစ္စများမြောင်တွေကို မနှစ်မြို့သူဖြစ်ချေ၏။ အိမ်ထောင်သားမွေးခြင်းဖြင့် အဆင်းလျော့ရဲတတ်သည်။ အသက်မရှည်ဖြစ်တတ်သည်။ ဉာဏ်ပညာအား လျော့ပါးတတ်သည်ဟု ယုံကြည်သောကြောင့် ဗြဟ္မာကဲ့သို့ ကျင့်ကြံအားထုတ်ရန် သန္နိဋ္ဌာန်ချခဲ့သည်။ တပည့်တွေကိုလည်း ထိုသို့ပင် ကျင့်ကြံအားထုတ်ရန် အခါမလပ်ပြောဆိုဆုံးမ သတိပေးခဲ့သည်။ သို့ရာတွင် တဏှာပေမ၏ သဘောသဘာဝကား အလွန်လျှင် လှည့်ဖြားတတ်သောကြောင့် ကျွနု်ပ်၏စကား၌ ခိုင်ကျည်စွာ မတည်ကြလေကုန်။
မောင်ဂျစ်တို့သည် တားမြစ်သည့်ကြားမှ အိမ်ထောင်ပြုသွားကြသည်။
ပြုသည်နှင့်တစ်ပြိုင်နက် ‘ လူပျိုလိုမနေမိလို့ ကိုယ်ရိတယ်လေး ’ ဘဝသို့ ကျရောက်သွားကြလေတော့သည်။
(၂)
“ မောင်ဇာယု ”
“ ခင်ဗျာ ဆရာကြီး ”
“ မောင်ဇာယု အခု အသက်ဘယ်လောက်ရှိပြီလဲ ”
မောင်ဇာယုသည် အညိုရောင်နဖူးကို အစင်းထင်သည်အထိ တွန့်ပြီး ….
“ ကျွန်တော် လေးဆယ့်ရှစ်နှစ်၊ သုံးလ၊ နှစ်ဆယ့်နှစ်ရက်နဲ့ …. ”
ဆီကိုနာရီကို ကြည့်လိုက်ကတည်းက ကျွနု်ပ် သိပေ၏။ နာရီ မိနစ် စက္ကန့် မိုက္ကရိုစက္ကန့်နှင့် အတိအကျဖြေတော့မည်ကို သိနေ၍ လက်ကာကာ …….
“ ဒီလောက်ဆို တော်ပါပြီကွယ်….တော်ပါပြီ၊ ဆရာကြီးမေးရတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်က ဒီလိုကွဲ့ မောင်ဇာယုရဲ့ ”
မောင်ဇာယုသည် ကျုံ့ကျုံ့ကလေး ပြင်ထိုင်၏။ ကျွနု်ပ်မျက်နှာကို မမှိတ်မသုန်ကြည့်ကာ အာရုံစိုက်လျက်ရှိသည်။ ချောင်းတစ်ချက်ဟန့်ပြီးနောက် ……
“ အသက်လေးဆယ့်ရှစ်ဆိုတာ ငါးဆယ်တွင်းလို့ ခေါ်လို့ရပြီကွဲ့၊ ယောက်ျားဆိုတာ အိမ်ထောင်ပြုမယ်ကြံရင် စာဆိုရှိတယ်၊ စာချိုးကိုတော့ ဆရာကြီးမေ့သွားပြီ။ အဓိပ္ပါယ်ကတော့ အသက်နှစ်ဆယ့်ငါးနဲ့ သုံးဆယ်ကြားပဲ၊ လေးဆယ်ဆိုရင်တောင် တယ်မသင့်တော့ဘူး၊ လေးဆယ့်ငါး ငါးဆယ်ဆိုတာ အရွယ်လွန်ပြီ၊ အရွယ်လွန်ချိန်မှာ အိမ်ထောင်ပြုရင် ရောဂါဘယ ထူပြောတတ်တယ်၊ စီးပွားဥစ္စာ လျော့ပါးတတ်တယ်၊ ကုသိုလ်ဘာဝနာ ဆုတ်ယုတ်တယ်၊ ဒီတော့ကာ……”
ကျွနု်ပ် စကားမဆက်၊ အနည်းငယ် မောသလိုလိုရှိ၍ လက်ဖက်ရည်ကြမ်းတစ်ငုံ ငုံလိုက်ရလေ၏။ ထိုစဉ်ကြိုက်ဝယ်……
“ ယောက်ျားမောင်ပဉ္စင်း မိန်းမပုခက်တွင်း ဆိုတာကော ဆရာကြီး၊ ပုခက်တွင်းက ကလေးမ တစ်ဆယ့်ရှစ်နှစ်၊ ပဉ္စင်းလူထွက်က နှစ်ဆယ်မှာ ဆယ့်ခြောက် ဆယ့်ခွန်ပေါင်း၊ သုံးဆယ့်ခြောက် သုံးဆယ့်ခွန်၊ ဒွေးချိုးလေးဆိုးဆို ယောက်ျားလေး သုံးဆယ့်ခြောက်က တစ်ဝက်မှာ ဆယ့်ရှစ်၊ လေးတိုးရင် အမျိုးသမီးက နှစ်ဆယ့်နှစ်၊ အဲသလိုမဟုတ်ဘူးလား ဆရာကြီး ”
‘ အထွန့်တက်ပြီ၊ ဒီသတ္တဝါ မိုက်တွင်းနက်ချင်ပြီ ’ ဟု ဆင်ခြေသံကြားကတည်းက ကျွနု်ပ် သိလေသည်။ ကြားရသည်တို့သည် လွဲဖွယ်မရှိ။
“ အမျိုးသမီးက အသက်ဆယ့်ကိုးနှစ်လောက်ပဲ ရှိသေးတယ်၊ လွန်လှ နှစ်ဆယ်ပဲ။ ဘွဲ့ရပြီးစကလေး၊ ချောတာ တော်တော်ချောတယ်၊ ပြည့်ပြည့်တင်းတင်း လှလှပပတွေချည်း ဆရာကြီး။ ဒီတော့ မောင်ဇာယုက မုဒုလက္ခဏရသေ့ကြီး ဈာန်လျှောသလို လျှောတော့တာ ” ဟု မောင်စွမ်း ပြောခဲ့သည်မှာ ဟုတ်လောက်ပေ၏။
“ မိန်းကလေး ပုခက်တွင်း၊ ယောက်ျား မောင်ပဉ္စင်းဆိုတာ ကလေးထိန်းခန့်တာကို ပြောတာကွဲ့၊ ဒါက ရတနာပူရမြို့တော်ကြီးက စာဆိုတော် မင်းကြီးမဟာစည်သူလကျ်ာမင်းထင်ရာဇာ မောင်ဗျော့ စီရင်ခဲ့တဲ့ ကလေးအထိန်းအယ လက်စွဲကျမ်းကြီးမှာပါတာကို အကောက်မှားနေကြတာ။ ဒွေးချိုး လေးတိုးဆိုတာ လေဆေးဖော်တဲ့ အချိုးကွဲ့၊ မီးယပ်နာမှာ ကြောင်ပန်းရွက်တစ်ဆယ်သားကို ဒွေးချိုးရင် ငါးကျပ်သား၊ အဲဒီငါးကျပ်သားကို လေးတိုးတော့ နှစ်ဆယ်သား၊ နှစ်ဆယ်သားက ကြိတ်မှန်ရွက်အရိုးအမြစ် ပဉ္စငါးပါးအဆ၊ အဲဒါကွဲ့ ”
မုသားမပါ၊ လင်္ကာမချော။ မရှိသောစာဆို၏ မပြုစုဖူးသော ကျမ်းတွေ၊ မီးယပ်ဆေးတွေ ကိုးကားကာ ကျွနု်ပ်သည် ဟိန်းဟောက်ခြင်းအမှုကို ပြုလိုက်ရတော့သည်။ “ ဟုတ်လား ” ဟု မောင်ဇာယုသည် မျက်လုံးပေကလတ် ပေကလတ်နှင့် အံ့သြနေသည်။ သူ၏ အယူအဆ၌ ယုံမှားသံသယဖြစ်လျှင် ဖြစ်ချင်း…..
“ မင်းမျက်မြင်ပဲလေကွယ်။ ဆရာကြီးစကား နားမထောင်မိတဲ့ မောင်ဂျမ်းတို့ကိုကြည့်စမ်း၊ အိမ်ထောင့်ဒုက္ခတွေခံလိုက်ရတာ လျှာအလံတစ်ရာ ထွက်မတတ်။ မောင်သင်းတို့ကော မနက်ဆို ဈေးခြင်းတောင်းဆွဲ၊ ဟင်းကိုင်၊ အလုပ်သွား၊ ရေခပ်၊ အဝတ်လျှော်၊ မိန်းမက ညောင်းရင် ခမျာမှာ နင်းနှိပ်ပေးရတယ်။ မညည်းညူဝံ့ရှာဘူး။ မောင်မြင့်တစ်ယောက်လည်း ဒီဝဋ်ပဲ၊ ငွေလိုသမျှရှာပေတော့၊ ‘ ကျူရှင်တစ်ထောင် မောင်မဲခေါင် ’ ဆိုတာမျိုး သင်လိုက်ရတာ။ သူ့တစ်ကိုယ်လုံး မြေဖြူဖုံးမတက်၊ အိမ်ကျတော့ မီးယပ်သည်မယားကို နင်းနှိပ်ချိုးဖဲ့ပေးရ၊ အိပ်ငိုက်ရင် ‘ မနှိပ်ရကောင်းလား ’ ဆိုပြီး မယားက သနပ်ခါးတုံးနဲ့ထုတာ။ ကိုင်း…ဆရာကြီးကိုကြည့်၊ ဘယ်လောက်လွတ်လပ်လဲ၊ ဆရာ့တပည့်မောင်ကြိုင်တို့၊ မောင်မြိုင်တို့ကြည့်၊ လွတ်ကို လွတ်လပ်လို့… ”
မောင်ဇာယုသည် ထူထဲသောမျက်ခုံးကို တွန့်ထား၏။ ဆံပင်ပါးစပြုသော နောက်စေ့ကို လက်ဖဝါးဖြင့်ပွတ်သည်။ ခပ်တွဲတွဲမျက်ခွံကိုပင့်ကာ မျက်လုံးပြူး၍ အိမ်အပြင်ဆီသို့ငေးနေ၏။ ကျွနု်ပ် ဆက်ပြောလိုက်၏။
“ မောင်ဘော်ဆိုတာလည်း မင်းလိုပဲ၊ အသက်ရမှ အိမ်ထောင်ပြုလို့ ကလေးမူကြိုပို့ရ၊ အလုပ်ပြေးရ၊ မိန်းမပူဆာလို့ ရှာရဖွေရနဲ့ ဘယ်လောက်အိုစနာနိုင်သွားလဲ။ မောင်မွန်ကော အမြင်ပဲ၊ ရသေ့ဝတ်တော့မလိုလို၊ ဘိုးသူတော်ဝတ်တော့မလိုလို ဖြစ်နေပြီ။ ကလေးခုနှစ်ယောက်တာဝန်၊ ကျူရှင်ဖိုးနဲ့ ဖွတ်တက်တော့မယ်။ မိန်းမက ဗျစ်တောက်ဗျစ်တောက် လူရှေ့သူရှေ့မရှောင် ငေါက်ဟယ်၊ ဆူဟယ်၊ ရုံးမှာပါ ဆူလား ဆောင့်လား ”
ကျွနု်ပ်တပည့်ကြီးသည် တွေ၍လာ၏။ နှုတ်ခမ်းသည် ဟတတ။ အသက်ရှူမဝသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။
“ ရှာကျွေးတော့ ကိုယ်ပဲ။ သူက မသိတတ်လို့ စိတ်ဆင်းရဲရတော့ ကိုယ်ပဲ။ မိန်းမဆိုတာတွေဟာ မီးပဲ။ တစ်ခုတော့ ရှိသပေါ့ကွာ၊ ဆရာကြီးရဲ့ မိခင်တွေ အဒေါ်တွေ အစ်မတွေ ညီမတွေ၊ ငါ့တပည့်ရဲ့မိခင် ဆွေမျိုးထဲက မိန်းမသားတွေလို ကောင်းဖို့မလွယ်ဘူးလေ။ အမိနဲ့တူသော မယား၊ နှမနဲ့တူသော မယားဆိုတဲ့ မယားအပြားငါးပါးထဲမှာ ရန်သူနဲ့တူသော မယားတွေက အနမတဂ္ဂ များလှသကွဲ့ ”
မောင်ဇာယုသည် သက်ပြင်းရှည်ချလေသည်ကို ကျွနု်ပ် မြင်လေ၏။
(၃)
အတော်အတန် ခြေငြိမ်သွားပြီဟု သတင်းရလေသည်။ သုံးလခန့်ကြာသောအခါ “ ဆရာကြီးတပည့်တော့ အမျိုးသမီးလေးနဲ့ အရမ်းကိုတွဲနေပြီ၊ သမ္မတဟိုတယ်မှာ မကန်စာစားတာ တွေ့လိုက်တယ်။ ညစာကို အင်းလျားကန်ဟိုတယ်မှာ စားကြတယ်။ ကော်ဖီသောက်ရင် ဒဂုန်ဟိုတယ်မှာ၊ သမ္မတရုံနဲ့ ပပဝင်းမှာ ရုပ်ရှင်ကြည့်တယ်။ ကရဝိတ်မှာ ဓာတ်ပုံတွဲရိုက်ကြတယ်။ ဘုရားမှာ တတွဲတွဲ။ ကောင်မလေးကို နိုင်ငံခြားဘာသာသင် ကျောင်းသွားကျောင်းပြန် ပို့ကြိုနေတယ်။ အင်းလျားကန်ပေါင်မှာ ညနေတိုင်း ထိုင်စကားပြောကြတယ်။ ဆရာကြီးတပည့်ပုံစံပြောင်းနေပြီ ” ဟု တိုင်ကြ ပြောကြသည်။
ကျွနု်ပ် ပြင်ဆင်ရပေပြီ။
ဓာတ်ပုံတွေစုရန် ကျွနု်ပ်ကိုယ်တိုင်စီမံရလေသည်။ အဏုကြည့်မှန်ဘီလူးတွေဖြင့် ရိုက်ကူးထားသမျှပုံတွေ ရှာဖွေရန် သိပ္ပံတက္ကသိုလ်တွေသို့ ကျွနု်ပ် သွားရသည်။ ကျွနု်ပ်တပည့်လူပျိုကြီး ကထိကတွေ၊ ပါမောက္ခတွေက ကူညီကြရှာ၏။
စုံလင်သောတစ်နေ့၌ မောင်ဇာယုကို ခေါ်လိုက်ရာ ရောက်လာလေ၏။ အိမ်ပေါ်သို့တက်လာသော မောင်ဇာယုကိုကြည့်ကာ ကျွနု်ပ်အံ့သြရသည်။ ဆံပင်ကအစ အလှပြင်ဆိုင်တွင် ပုံသွင်းထားသည်။ “ မင်းဆံပင်က…. ” ဟု ကျွနု်ပ်မေးသော်…..
“ ကျော်ဟိန်းနဲ့ ဒိုင်ယာနာဆံပင်ကို ပေါင်းစပ်ထားတဲ့ ‘ ကျော်ယာနာ ကေသာ ’ ပါ ဆရာကြီး ”
ကျွနု်ပ် စိတ်ထင့်သွားသည်။ “ အင် ” ဟုသာ နှုတ်ခမ်းစေ့ပြီး အသံပြုနိုင်၏။ မောင်ဇာယုသည် များစွာပြောင်းလဲနေပေ၏။ အပြာနုခံ၊ ရင်ညွန့်တွင် နံ့သာရောင်မျဉ်းပါးမျဉ်းထူ အလျားပြေး မေးလ်ရှပ်လက်တို တီရှပ်။ ကျွနု်ပ် မသိသေးသော အုန်းခွံရောင် ဂျင်းဘောင်းဘီတစ်မျိုးတစ်စား။ လက်ထဲတွင် တူးတူးနှင့် ဂျေမောင်မောင်တို့၏ ဂစ်တာလက်ကွက်ပါဝင်သော သီချင်းစာအုပ်။ ရစ်ဘန် နေကာမျက်မှန်ကို သီချင်းစာအုပ်ပေါ်တွင်တင်ပြီး…….
“ ဆရာကြီး ခေါ်တယ် ဆိုလို့ပါ ”
“ အေး ” ဟုသာ ကျွနု်ပ်ပြောနိုင်သေး၏။ စိတ်ဓာတ်ယိုင်ချင်လာ၏။ သို့သော် ဧည့်ခန်းစားပွဲ အံဆွဲထဲမှ စက္ကူထူကြီးကို ကျွနု်ပ်ဆွဲထုတ်လိုက်ပြီး အခင်းမှန်ပေါ်တွင် တင်သည်။
“ ပြစရာရှိလို့ ”
“ ဘာများလဲ ဆရာကြီး ”
“ ကြည့်စမ်း မောင်ဇာယု ”
ပထမဓာတ်ပုံ၊ အလျား အနံ တစ်ပေနှင့် ဆယ်လက်မဓာတ်ပုံ။ ဆေးရောင်စုံ။
“ ဟာ….တောင်ကုန်းကြီးကလည်း ပန်းနုရောင်၊ မြောင်းကြီးတွေက အနက်ကြီးတွေပဲ။ ဒါဗုဒ္ဓဟူးဂြိုလ်ပေါ်က မြေပြင်ပုံလား ဆရာကြီး ”
ကျွနု်ပ် ရယ်လိုက်၏။ ‘ အောင်မြင်ပြီ ’ ဟု မှတ်ယူလိုက်သည်။ ခေါင်းကိုယမ်းကာ နှုတ်ခမ်းမွှေးကို သပ်ကာ……
“ မင်းချစ်သူကို မင်းက တင်စားတယ်။ နှင်းဆီဖူး နှုတ်ခမ်းကလေး။ အေး… အောက်နှုတ်ခမ်းကို အဆရှစ်ရှာကျော်ချဲ့ထားတဲ့ မိန်းမလှရဲ့နှုတ်ခမ်း၊ အဏုကြည့်မှန်ဘီလူးတပ်ပြီး ရိုက်ထားတဲ့ပုံကွဲ့၊ ဘယ်မှာလဲ ချစ်စရာ ”
စကားအဆုံးတွင် မောင်ဇာယု မျက်ခုံးပင့်သည်။ “ အင့်…ဒီပုံကိုကြည့် ” ဟု တစ်ပုံပေးလိုက်သည်။
“ ဟာ…လိုဏ်ခေါင်းကြီးပဲ၊ ဒါ ပြဒါးလင်းဂူကြီးလား ဆရာကြီး။ အရွက်မရှိတဲ့ ဝါးမိုးဝါးပင်ကြီးတွေလည်း မီးသင့်ထားသလို မည်းနက်ပြီးနေပါလား ” ဟု အထိတ်တလန့်ဆိုလေ၏။
“ စင်းလှတဲ့ နှာတံထိပ်က နှာသီးဝလေ၊ နှာခေါင်းပေါက်ကို အဆကိုးရာနီးနီး ချဲ့ပြထားတာ၊ ဘယ်မှာလဲ နှစ်သက်စရာ ”
ဓာတ်ပုံကိုချကာ စဉ်းစားသည်။ “ ရော့….ဒီပုံလည်းကြည့်ဦး ” ဟု ကျွနု်ပ်ပေးလိုက်သည်။ ပြောင်လက်ဖြူဖွေးသော ကျောက်တောင်။ လှိုင်းအစင်းတွေ ထင်နေ၏။
“ ဆရာကြီး၊ ဒါက…..”
“ ချစ်သူ့သွားကို ပုလဲလုံးလေးတွေဆို၊ ဘယ်မှာလဲ သဘောကျစရာ ”
“ ဟောဒီပုံက ဘာလဲ ” ဟု ကျွနု်ပ် နောက်တစ်ပုံပြကာ မေး၏။
“ အာကာသထဲက တွင်းနက်ကြီးထင်တယ်၊ ခါးပတ်ကြီးကလည်း ငါးရှဉ့်ရောင်နဲ့ ”
“ သောက်ရှူးကြယ်ညီနောင်လို့ မင်းတို့တင်စားတဲ့ မျက်လုံးလေ၊ အဆတစ်ထောင်နီးနီး ချဲ့ကြည့်တော့မှ ဘယ်မှာလဲကွ အလှ…ဟေ ”
ပုံတွေကို သူ့ရှေ့တွင် ချပေးလိုက်သည်။ သူ ကြည့်သည်။ သူတစ်ပုံကြည့်တိုင်း ကျွနု်ပ်က….
“ ဝက်သစ်ချပင် မီးလောင်ထားသလို ဖြစ်နေတာက ပိတုန်းရောင်ဆိုတဲ့ ကေသာထဲက တစ်ပင်ပေါ့၊ အဆနှစ်ထောင် ချဲ့ထားတဲ့ပုံ ”
“ ဒါက လက်သည်း၊ သဲကန္တာရထဲက ကျောက်တောင်ဆင်ခြေလျှောလို ”
“ အဲဒါက သိပ်ညက်တယ်ဆိုတဲ့ ပခုံးသားလေး၊ ငလျင်လှုပ်ထားလို့ အက်ကြောင်းထနေတဲ့ နုံးမာပြင်ကြီး ”
“ ဒါက ဝါးငုတ်တို ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ မြေပပ်ကြားအက်နဲ့ မတူဘူးလား။ ပါးပြင်ပေါ့ကွာ၊ အဆနှစ်ထောင် ချဲ့ပြထားတာ ”
ပုံပေါင်းလေးဆယ်ကျော် ကုန်သောအခါ မောင်ဇာယုသည် ကုလားထိုင်တွင် မတ်မတ်မထိုင်တော့။ ယိုင်ယောင်ခွေယောင် ဖြစ်နေလေ၏။ ကျွနု်ပ် မပြောတော့။ သူ့အပြောကို စောင့်ရချေမည်။ သူ့မျက်နှာသည် အိုစနာဖြစ်လာ၏။ ကွမ်းတစ်ယာညက်သာသာအကြာတွင်…..
“ ဆရာကြီး ”
“ ဘာတုံး ငါ့တပည့်ရဲ့ ”
“ အူတွေ၊ ကလီစာတွေ၊ ကိုယ်ထဲက ပိုးမွှားတွေကို မြင်ရတော့ စိတ်ပျက်သဗျာ ”
“ ဒါပေါ့ ငါ့တပည့် ”
“ မျက်ခုံးမွေးကို အဆအများကြီး ချဲ့ရိုက်ထားတဲ့ပုံက ယားကျိကျိ ဖြစ်တောင်လာတယ်။ ကျွန်တော်မှားပါပြီ ဆရာကြီး၊ အိမ်ထောင်ပြုလိုက်ရင် ကျွန်တော်ခုလို ထင်းရှူးပင်ရိပ်အောက်မှာ အေးအေးဆေးဆေးနေလို့ရမှာ မဟုတ်တော့ဘူး၊ အောက်ပြည်ကိုစုန်၊ အလုပ်စုံလုပ်၊ သားကျွေးမှု၊ မယားကျွေးမှု…..”
စကားမဆက်။ ထိတ်လန့်သွားပုံရ၏။ ကျွနု်ပ် ဆုံးမရကျိုးနပ်လေပြီ။ “ အိမ်း…ဒါတွင်လား၊ ယောက္ခမဒုက္ခ၊ မရီးဒုက္ခ၊ ခယ်မဒုက္ခ၊ ယောက်ဖဒုက္ခ၊ မယားဘက်ကဦးကြီး၊ ဦးလေး၊ ဦးရီး၊ ကြီးတော်၊ ဒေါ်ဒေါ် အားလုံးအားလုံးရဲ့ ဒဏ်တွေကိုပါ မင်းခံရမှာ။ ဗြဟ္မာလိုကျင့်ပါ ငါ့တပည့်ရယ်၊ အိမ်ထောင်သားမွေးဆိုတာ ဒုက္ခရှာတာ။ တဏှာပေမဆိုတာ ဖြတ်နိုင်မှ၊ ရာဂကိလေသာဆိုတာ ပူစမြဲပဲ ငါ့တပည့်၊ မင်း တရားအားမထုတ်နိုင် ပုတီးမစိပ်နိုင် ဖြစ်မယ်နော်။ ကြပ်ကြပ်စဉ်းစား၊ ကြားလား ” ဟု ကျွနု်ပ် သတိပေးလိုက်သည်။
(၄)
သီတင်းကျွတ်လပြည့်နေ့က တပည့်တွေ လာကန်တော့ကြသည်။ မောင်ဇာယုမလာသေး။ ကျွနု်ပ် စိတ်ပူ၏။ နေမှကောင်းပါလေစ။
လပြည့်ကျော်လေးရက်နေ့တွင် မောင်ဂျမ်းက မျက်နှာငယ်ငယ်နှင့် ရောက်လာ၏။ ကျွနု်ပ်ကို စာတစ်စောင်ပေးလေ၏။ စာကို ဖတ်သောအခါ……
ဆရာကြီးခင်ဗျား……
ကျွန်တော်မောင်ဇာယု ရိုသေကြောက်ရွံ့စွာ စာရေးလိုက်ပါသည်။ ယခုနှစ်ဝါကျွတ်တွင် လာမကန်တော့နိုင်သည်မှာ ကျွန်တော်မိန်းမခိုးသွားသောကြောင့် ဖြစ်ပါသည်။ ဆရာကြီး ဓာတ်ပုံများနှင့် သတိပေးပြီး အပြန်တွင် အနာတိုဖရန့်၏ တရားကျခြင်း ဘာသာပြန်ဝတ္ထုကို ပေးလိုက်ပါသည်။ ကျွန်တော်သည် ၎င်းဝတ္ထုပါ မင်းသမီးကြီးကဲ့သို့ မဟုတ်သော်လည်း ဆရာကြီးနှင့် သဘောကွဲလွဲပါသည်။ ကျွန်တော်၏ ချစ်သူကို အဆကိုးရာ တစ်ထောင် ပုံကြီးချဲ့၍မြင်၍မရပါ။ ရိုးရိုးမျက်စိဖြင့် ကြည့်မြင်နေရသောကြောင့် လှနေပါသည်။ ထို့ကြောင့် လက်ထပ်လိုက်ပါသည်။
ရိုသေစွာဖြင့်
မောင်ဇာယု
ငြိမ်းကျော်

No comments:
Post a Comment