Zawgyi version
ကဗ်ာနဲ႔ေရးတဲ့ PORTRAIT
-------------
ပိုင္
လင္းသဏ္ညီ – ။
ဆံပင္ရွည္တယ္၊ စိတ္ရွည္တယ္၊
လက္ေရးနဲ႔ကဗ်ာေရးတယ္။ ကင္းဘတ္စ္ကို ပိရမစ္ပုံလုပ္ၿပီး
ပန္းခ်ီဆြဲတယ္။ မၾကာခဏ ခရီးသြားတယ္၊
အရာရာကို အမွတ္တရရွိတယ္၊
ေအာင္ပိုင္စိုး – ။
အရပ္ရွည္တယ္၊ ဆံပင္ရွည္တယ္၊
ေဘာင္းဘီဝတ္တယ္၊ စကားေျပာျမန္တယ္၊
အေၾကာင္းအရာမ်ားတယ္၊
အဝင္/အထြက္ၾကမ္းတယ္
ကိုယ္ပိုင္အရည္အေသြးနဲ႔ ရပ္တည္ခ်င္စိတ္ရွိတယ္၊
ဧဇံ – ။
အတည္လား၊ အေနာက္လား
မကြဲျပားဘူး၊ လူအမ်ားႀကီးၾကားမွာ
ေတြ႕ရတတ္တယ္၊ စကားအမ်ားႀကီးေျပာတယ္၊
ေပ်ာ္ရႊင္သူျဖစ္တယ္၊
စိုင္းဝင္းျမင့္ – ။
ခ်ိန္ဆၿပီးေျပာတယ္၊
ထိေရာက္အရွိန္ျပင္းတယ္၊
ကမာၻႀကီးတစ္ခုလုံး ဖ႐ိုဖရဲျဖစ္ေအာင္ ေဝဖန္တတ္တယ္၊
ကေလးမ်က္ႏွာရွိတယ္။ လက္ကိုင္ဖုန္းရစက
လူမျမင္ေအာင္ လွ်ိဳ႕ဝွက္ထားတယ္၊
ေမာင္ဖီလာ – ။
အကုန္လုံးတည္တည္တံ့တံ့လုပ္တယ္
ဣေႁႏၵအပ်က္မခံဘူး
လူသားဆန္တယ္၊ အဆင္မေျပရင္ပ်က္ရယ္ျပဳတယ္
ကမာၻကိုသိတယ္၊
ဘိုဟီးမီးယန္းစတိုင္ရွိတယ္၊
ငုအိမ္ထက္ျမက္ – ။
အက်ႌလက္ရွည္ လက္ဖ်ားထိ
ၾကယ္သီးတပ္ဝတ္ၿပီး
ရင္ဘတ္ဟၿပဲနဲ႔
အလ်င္စလိုႏိုင္တယ္
ကဗ်ာကို ဆန္းဆန္းျပားျပားေရးတတ္တယ္
လမ္းအလြန္ေလွ်ာက္တယ္၊
ထြန္းေဝျမင့္ – ။
အရပ္ရွည္လြန္းေတာ့ ဝတ္ထားတဲ့ဂ်င္းေဘာင္းဘီက
ေျခဖ်ားမေရာက္ဘူး၊
မ်က္မွန္တပ္တယ္၊
ေကာက္ေၾကာင္းနည္းနည္းပဲသုံးၿပီး ပုံဆြဲတယ္၊
စားဝတ္ေနေရးဂ႐ုစိုက္တယ္၊
ကဗ်ာကို ‘စတိုင္ယာ’ေရာၿပီးေရးတယ္
အရွိန္ျပင္းျပင္းရြတ္တယ္၊
ဝိုင္ခ်ိဳ – ။
အခ်စ္ကဗ်ာအေရးေကာင္းတယ္၊
အရက္ေသာက္ဖို႔ ဇြဲရွိတယ္၊
႐ုံးတက္ခ်ိန္မွာ တျခားေနရာေရာက္ေနတာ
ေပ်ာ္တဲ့ အယ္ဒီတာ။
တစ္စုံတစ္ခုကို ေၾကာက္႐ြံ႕ေနပုံမ်ိဳးနဲ႔
လုပ္ခ်င္ရာဇြတ္လုပ္တတ္တယ္၊
ေအာင္ရင္ၿငိမ္း – ။
ကဗ်ာကိုလံဘတ္၊
ကဗ်ာ အေသခံဗုံးခြဲသမား၊
စစ္သားဆန္ဆန္ရင္ဆိုင္တတ္တယ္။
စိတ္ႂကြေဆးမသုံးဘဲ အၿမဲစိတ္ႂကြေနတယ္။
မိုးေဝး – ။
ကြ်န္ေတာ္နားလည္တယ္၊
ကြ်န္ေတာ္ နားမလည္ဘူး
လူဆန္း – ။
ျပင္သစ္စကားေျပာတယ္
ဘာေတြအသစ္ရၿပီလဲ ေမးတတ္တယ္
ကိုယ္တိုင္ေမာ္ေတာ္ကားေမာင္းတယ္
ကဗ်ာကလြဲၿပီး/ က်န္တာေရွာ့(ခ္)ရွိတဲ့ပုံ
ခ်ဥ္းကပ္ဖို႔မလြယ္/ လူထူးလူဆန္းတစ္ေယာက္၊
မင္းထက္ေမာင္ – ။
ႏိုင္ငံတကာဆန္ေအာင္ ေနတယ္
ႏိုင္ငံတကာဆန္ေအာင္ ေျပာတယ္
ႏိုင္ငံတကာဆန္ေအာင္ ေရးတယ္
ကဗ်ာကို မသယ္ႏိုင္ေလာက္တဲ့အထိ
အေလးခ်ိန္မ်ားေအာင္ေရးတယ္
ေမာင္စိမ္းနီ – ။
စာေပစစ္စစ္အယ္ဒီတာ၊
စိမ္းတယ္/ နီတယ္
ဘာမဆိုအကုန္ေတာ္လွန္တယ္
ခ်စ္စရာေကာင္းေအာင္ဆဲတယ္၊
မင္းသမီး အင္ဂ်လီနာဂ်ိဳလီလို
လူမႈေရးလုပ္တယ္၊
ဝင္းေမာင္ – ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းမ်က္ႏွာနဲ႔တူတယ္၊
စိတ္တိုတယ္၊ အစုအေဆာင္းေကာင္းတယ္။
ကဗ်ာအလုပ္ကဆယ္စုႏွစ္သုံးခုစာေလာက္လုပ္ခဲ့ေပမယ့္ လူမသိ
ေဗဒင္အလုပ္က ေလးငါးႏွစ္နဲ႔ လူသိ-ဟု မွတ္ခ်က္ေပးသူ
ဥတၱရာေအာင္ – ။
ေတာင္ေပၚ/ ေတာင္ေအာက္ကိစၥ
အေလးအနက္ထားတယ္၊
အိတ္ထဲမွာ ‘ဘုရားသခင္’ကို ထည့္ၿပီးသြားတယ္၊
ျပဳျပင္ေရးစိတ္ဓာတ္ကဲတယ္၊
ကိုယ္ေပၚမွာ တံဆိပ္မ်ိဳးစုံေတြ႕ရတယ္။
ဆံပင္စည္း၊ နားကြင္း၊ ေဆးမွင္ေၾကာင္၊
အ႐ိုးေခါင္း လည္ဆြဲ၊ အကုန္လုပ္တယ္
ေကမ်ိဳးၿငိမ္း – ။
မဟုတ္မခံ တုံ႔ျပန္တတ္တယ္
ပိုင္းျခားနားလည္တတ္တယ္
အမွားျမင္တတ္တယ္
စကားကို ျပတ္ေတာင္းျပတ္ေတာင္းေျပာတယ္
အုပ္စု/ ဂိုဏ္းဖြဲ႕ကိစၥ လက္မခံ
တစ္ေနရာနဲ႔တစ္ေနရာ သြားလိုက္/ လာလိုက္
ခိုင္ၿမဲေက်ာ္စြာ – ။
တကယ့္ GENTLEMAN
ဘာေရးေရး တရားကိုလက္မလႊတ္
မိသားစုကို အေလးထားတယ္
သပ္သပ္ရပ္ရပ္ ေနထိုင္တယ္
စကားေျပာ ညင္သာႏူးညံ့တယ္
တစ္ဖက္သားကို နားလည္ညႇာတာအားေပးတယ္
ေအမြန္ – ။
ေသးေသးေကြးေကြးေပမယ့္ လက္ဆြဲႏႈတ္ဆက္တဲ့အခါ
အားထည့္တာ ေတြ႕ရတယ္၊
အေမရိကန္အင္ဒီးယန္းေလးတစ္ေယာက္ကို ျမင္ရသလို
လြတ္လပ္တယ္
ဝင္းသူရ – ။
အယ္ဒီတာဆန္တယ္
ေမာင္လင္းယုန္(ရွမ္းျပည္) – ။
ယက္တူရွင္ကိုနဲ႔ ေတြ႕ဆုံဖူးတယ္
ေဆးလိပ္အမ်ိဳးအစားမေရြး မီးခိုးမတိတ္ေအာင္ေသာက္တယ္
စူးစမ္းလိုစိတ္ေၾကာင့္ တစ္ေယာက္ေယာက္က အၿမဲျပန္
ရွင္းျပေနရတယ္။
TRANSLATOR၊ TUTOR၊
‘ေနာက္ဆုံး လင္းယုန္ငွက္တစ္ေကာင္’အေနနဲ႔
အိုမင္းတဲ့အထိ ပ်ံသန္းဆဲ
ေကာက္ႏြယ္ကေနာင္ – ။
ကဗ်ာနဲ႔ဝိညာဥ္ေလာက
ႏွစ္ေလာက ေနထိုင္တယ္၊
လူတစ္ေယာက္ထက္ စီးကရက္တစ္လိပ္၊ မုန္႔တစ္ခု၊
လက္ဖက္ရည္တစ္ခြက္နဲ႔ပဲ အေဖာ္ျပဳထိုင္ေနတတ္တယ္။
႐ုံးခန္းကိုတက္တဲ့ေလွကားဟာေကာင္းကင္ဘုံကို
တက္တဲ့ ေလွကားလို
ေအးစက္ တိတ္ဆိတ္ရွည္လ်ားမည္းေမွာင္ေနတယ္
ဝင္းျမင့္ – ။
စကားနည္းတယ္ စာမ်ားတယ္
အမႈန္အမႊားကင္းစင္တဲ့ လူတစ္ေယာက္ပါပဲ
ၿငိဏ္းေဝ – ။
PERFORMANCE ေကာင္းတယ္
ေဆြးေႏြးညႇိႏိႈင္းစိတ္မ်ားတယ္
NEW DIRECTION ရွိတယ္
စကားလုံးေတြကို လြတ္လြတ္လပ္လပ္ထားတယ္
စကားလုံးေတြကို လြတ္လပ္ခြင့္ေပးလြန္းလို႔
တစ္ခါတစ္ရံမွာေရးထားတာ မသပ္မရပ္သလို ျဖစ္တတ္တယ္။
ကဗ်ာကို ကမာၻနဲ႔ဆက္စပ္ေပးႏိုင္တယ္
ဆရာဝန္ပုံစံရွိတယ္
ကိုဘုန္း – ။
ကဗ်ာတစ္ဝက္- ဂစ္တာတစ္ဝက္-
အိပ္မက္နဲ႔တူတဲ့ မ်က္လုံးေတြရွိတယ္
ဦးထုပ္တစ္လုံး အၿမဲေဆာင္းထားတယ္
လြန္းဆက္ႏိုးျမတ္ – ။
ေႏြဦးရာသီတစ္ခုမွာ ဂ်ဳံ႐ိုးနဲ႔ရက္လုပ္ထားတဲ့
ခေမာက္တစ္လုံးေဆာင္းလာဖူးတယ္
ဂ်င္းပင္ဝတ္ေျပျပစ္တဲ့ လူငယ္တစ္ေယာက္
ကိုယ့္သေဘာထားကို အထိပါးမခံဘဲ ညင္ညင္သာသာ
တင္ျပတတ္တယ္၊
ေကာင္းကင္ရဲ႕အျပာေရာင္လိုၿငိမ္းခ်မ္းသူ
နီမ်ိဳးထက္ – ။
ကမ္းထရီးဆံပင္နဲ႔ စီးကရက္နဲ႔
ေလသံဝဲဝဲ
ေႏွးေႏွးေကြးေကြး
ခရမ္းျပာထက္လူ – ။
စကားလုံးျပင္းျပင္းထန္ထန္ေတြသုံးတယ္
စာသားမ်ားမ်ားေရးတယ္၊ ကူညီတတ္တယ္၊
နည္းနည္းေျပာျခင္းေနာက္မွာ မ်ားမ်ားေျပာျခင္းေတြ႕ရတယ္
တစ္ခါတေလ စတိုင္က်က်
တစ္ခါတေလ ဖ႐ိုဖရဲ။
တိုးေႏွာင္မိုး – ။
ေရးထားတဲ့ စာရြက္အနားစေတြကို မီး႐ႈိ႕ၿပီး
မဂၢဇင္းတိုက္ကိုပို႔တယ္
ျမစ္ထဲမွာ ကဗ်ာေတြရွိတယ္ဆိုၿပီး ဓာတ္ပုံလိုက္႐ိုက္တယ္
အေလာင္းေကာက္တယ္/ ဂ်စ္ပစီလုပ္တယ္
ေမာင္လင္းရိပ္ – ။
အနက္ေရာင္လက္ဆြဲအိတ္တစ္လုံးပါတယ္
RADIO/ INTERNET/ WEBSITE ေတြ စိတ္ဝင္စားတယ္
တိုးတိုးတိတ္တိတ္ရွိၿပီး
အေရွ႕တိုင္း အေတြးအေခၚကဲတယ္
ကဗ်ာကို လူထုဆီေရာက္ဖို႔ အၿမဲနည္းလမ္းရွာေနတယ္
သွ်ီသူေအာင္ – ။
ကဗ်ာဆရာေတြကို
‘ေကာင္းကင္ဘုံမွာေနထိုင္သူ’နဲ႔
‘ငရဲဘုံမွာ ေနထိုင္သူ’လို႔၊ ႏွစ္မ်ိဳးခြဲရင္
သူ႔ကို ‘ေကာင္းကင္ဘုံ’မွာ ေနထိုင္သူလို႔
ေျပာရပါလိမ့္မယ္
စိုးမင္းေအာင္ – ။
ရန္ကုန္ၿမိဳ႕ရဲ႕အလယ္ေခါင္တည့္တည့္ ေနထိုင္တဲ့သူ
တစ္ဖက္တည္း ကင္းၿမီးေကာက္နားကပ္ႏွစ္ခု
မ်က္လုံးတစ္လုံး ျပန္လည္ျပဳျပင္ထားရ
တစ္ခါက ေမာ္ေတာ္ကားတစ္စီး အရွိန္ျပင္းျပင္း ဝင္တိုက္တာခံရသူ
နားထဲမွာ အသံေတြၾကားေနရတယ္ လာေျပာသူ
ဘုရားသခင္
ေတြ႕တိုင္းလည္း သူနဲ႔ကြ်န္ေတာ့္ၾကား ဘုရားသခင္
ေမာင္ေဒး – ။
ဘာသာျပန္တယ္၊ အားရင္အိပ္တယ္၊
အယ္ဒီတာလုပ္လိုက္/နားလိုက္၊
တစ္ခါတေလ ထီးေကာက္နဲ႔၊
COMPUTER – INTERNET သုံးစြဲမႈနဲ႔။
တီရွပ္အနက္မ်ား၊
ဂ်ာနယ္တစ္ခုလုပ္တုန္းကလည္း စာမ်က္ႏွာေတြအနက္
တစ္ေယာက္တည္း ေတြ႕-ေတြ႕တတ္တယ္
တီက်ဴး – ။
‘လူပိန္မ်ားရဲ႕ကလပ္’ဖြဲ႕ဖို႔တိုက္တြန္းဖူးတယ္
ေနာက္ပိုင္း ပန္းခ်ီဆရာျဖစ္သြားတယ္
လူဟာ ပန္းခ်ီကားထဲကပုံစံအတိုင္း
ခ်မ္းမင္းအိမ္ – ။
ေဘာင္းဘီနဲ႔ ဂိုက္ဆိုက္ေကာင္းတယ္
ကုမၸဏီပုံေပါက္တယ္
အယ္ဒီတာလုပ္ရတာ ဝါသနာပါတယ္
သီခ်င္းတညည္းညည္းနဲ႔။ အေပၚယံၾကည့္ရင္
လူ႕ဘဝကို အေပ်ာ္တမ္းေနထိုင္
ေနတဲ့ပုံလို႔ ထင္ရတယ္
သစၥာပိုင္စိုး – ။
အၿမဲတမ္းအထီးက်န္၊
လွ်ိဳ႕ဝွက္နာက်င္ေနတဲ့ပုံမ်ိဳး
ေျပျမင့္ – ။
စစ္သားဆံပင္ပုံစံနဲ႔၊ ေသာကမ်က္ႏွာနဲ႔၊
ေရွ႕လကေတြ႕ေတာ့ ‘ကြ်န္ေတာ္
အလုပ္လုပ္ေတာ့မယ္’လို႔ ေျပာတယ္။
အသက္ ၄၆/၄၇ ေလာက္ရွိၿပီ
ဘုန္းေနသြန္း – ။
ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိတဲ့၊
ပိန္ပိန္ရွည္ရွည္ ေခတ္လူငယ္တစ္ေယာက္။
တာဝန္ထမ္းေဆာင္ခ်ိန္ထဲကေန ထုတ္လုုပ္ႏိုင္ခဲ့တယ္၊
အနည္းငယ္ေအးစက္တာနဲ႔ ျပတ္သားတာရွိတယ္
ၾကည္ေဇာ္ေအး – ။
ကဗ်ာကို ေရႊလို႔သေဘာထားတယ္
တစ္ခုခ်င္းတူးေဖာ္ေရာင္းခ်တယ္
ကုန္သြားရင္ မေရးပဲေနတယ္။
နည္းနည္းအႏၱရာယ္ရွိတယ္
ေမာင္သင္းခိုင္ – ။
ေႏြးေထြးႀကိဳဆိုတယ္
ႏိုင္ငံတကာစံကိုသိတယ္၊ အရက္ကိုခ်စ္တယ္၊
အဖြဲ႕လိုက္ေနတယ္။
တစ္ခါက အထပ္ ၂၀ ကိုဆင္းဖို႔ ဓာတ္ေလွကားထဲ
ကဗ်ာဆရာေတြ ဆန္႔သေလာက္ ေခၚထည့္ေနလို႔
အေစာင့္က အတင္းပိတ္ၿပီး လႊြတ္ခ်လိုက္တယ္
စန္းဦး – ။
ေဟာလီးဝု(ဒ္)႐ုပ္ရွင္ထဲက ဇာတ္ေကာင္
တစ္ေကာင္လို ေအးစက္စက္အၾကည့္ရွိတယ္၊
တစ္ႏွစ္တစ္ႀကိမ္ ခမ္းခမ္းနားနား ညစာေကြ်းၿပီး
ဗန္ဂိုးရဲ႕ ပန္းခ်ီကားေတြ လက္ေဆာင္ေပးသူျဖစ္တယ္
DIGITAL ART, SHORT VIDEO အျပင္
စာအုပ္ထုတ္ေဝသူ၊ ပိုင္ရွင္
လူအိမ္ – ။
မ်ားလာရင္ ကမာၻေပၚမွာ
သူစကားေျပာရမယ့္သူ ႏွစ္ေယာက္ပဲရွိတယ္လို႔၊
ေႂကြးေၾကာ္တတ္တယ္လို႔၊ ၾကားဖူးတယ္။
တစ္ေယာက္က ‘အေမရိကန္သမၼတ’
တစ္ေယာက္က ‘ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္’
ႏိုင္မြန္ေအာင္သြင္ – ။
အနက္ေရာင္လယ္သာဂ်ာကင္နဲ႔
ေမာ္ေတာ္ဆိုင္ကယ္သမားအျဖစ္ တစ္ခါပဲေတြ႕လိုက္ရတယ္။
လူက က်စ္က်စ္လ်စ္လ်စ္ရွိေပမယ့္၊
သူ႕စာေၾကာင္းေတြက သူ႕ခရီးလိုပဲ လမ္းေၾကာင္းရွည္တယ္၊
ဝက္ဝံတစ္ေကာင္ကို ကိုင္လွဲခ်ႏိုင္တဲ့ ေအးခဲတဲ့ ေဒသကေန
ပစိဖိတ္သမုဒၵရာကို ျဖတ္ဖို႔ႀကံစည္ေနတယ္
ေနမ်ိဳး – ။
ဘုရားသခင္ဟာ
ကမာၻၿဂိဳဟ္ကို စူးစမ္းဖို႔
ၿဂိဳဟ္သားတစ္ေယာက္လႊတ္လိုက္တယ္။
အင္မတန္႐ိုးသားတဲ့အျမင္နဲ႔
အဆန္းျပားဆုံးေတြကို ေတြ႕ရွိေဖာ္ထုတ္ႏိုင္ခဲ့သူ၊
လူစုလူေဝးကို ေရွာင္ၿပီးေနတတ္တယ္
ေအာင္ခ်ိမ့္ – ။
စကားလုံးအနည္းဆုံးနဲ႔
အထိေရာက္ဆုံးေရးႏိုင္သူ၊
ပါးစပ္က တစ္လုံးေျပာ တစ္လုံးကဗ်ာ ျဖစ္ေနသူ၊
‘ဟန္’ကိုအမ်ားဆုံး တုပခံရသူ၊
‘ေခတ္ေပၚကဗ်ာရဲ႕ ဘုရားသခင္’လို႔ တင္စားခံရသူ
အသားညိဳညိဳအရပ္ရွည္ရွည္နဲ႔
ေျခာက္ေသြ႕ပုံရေပမယ့္၊ ေလးနက္မႈေတြ
ေၾကာက္စရာေကာင္းေအာင္ စိုရႊဲေနသူ
ေဇယ်ာလင္း – ။
ဘာသာျပန္ရာကေန၊ ဘာသာစကားကိုေတြ႕ရွိသြားၿပီး၊
ဘာသာစကားကို အားျပဳေရးတဲ့ ‘ဘာသာစကားကဗ်ာ’ဆိုတာကို
ဦးေဆာင္ေရးသားခဲ့သူ။ ေနာက္ပိုင္း ဘာသာစကားကဗ်ာနဲ႔
ပတ္သက္သမွ် – ေရးသား၊ ေျပာဆို၊ ေဆြးေႏြး၊ သုေတသနျပဳ၊
ပို႔ခ်၊ ျဖန္႔ခ်ီ၊ ကာကြယ္၊ တုံ႔ျပန္၊ အလုပ္အားလုံး အကုန္
လုပ္ေနသူ။
ပိုင္ – ။
ကြန္ေတာ့္အေၾကာင္းကို
အထက္လူေတြေျပာခ်င္ေျပာပါလိမ့္မယ္
ဒါမွမဟုတ္၊ မေျပာဘဲေနပါလိမ့္မယ္။
ႏြယ္နီမဂၢဇင္း
Unicode version
ကဗျာနဲ့ရေးတဲ့ PORTRAIT
-------------
ပိုင်
လင်းသဏ်ညီ – ။
ဆံပင်ရှည်တယ်၊ စိတ်ရှည်တယ်၊
လက်ရေးနဲ့ကဗျာရေးတယ်။ ကင်းဘတ်စ်ကို ပိရမစ်ပုံလုပ်ပြီး
ပန်းချီဆွဲတယ်။ မကြာခဏ ခရီးသွားတယ်၊
အရာရာကို အမှတ်တရရှိတယ်၊
အောင်ပိုင်စိုး – ။
အရပ်ရှည်တယ်၊ ဆံပင်ရှည်တယ်၊
ဘောင်းဘီဝတ်တယ်၊ စကားပြောမြန်တယ်၊
အကြောင်းအရာများတယ်၊
အဝင်/အထွက်ကြမ်းတယ်
ကိုယ်ပိုင်အရည်အသွေးနဲ့ ရပ်တည်ချင်စိတ်ရှိတယ်၊
ဧဇံ – ။
အတည်လား၊ အနောက်လား
မကွဲပြားဘူး၊ လူအများကြီးကြားမှာ
တွေ့ရတတ်တယ်၊ စကားအများကြီးပြောတယ်၊
ပျော်ရွှင်သူဖြစ်တယ်၊
စိုင်းဝင်းမြင့် – ။
ချိန်ဆပြီးပြောတယ်၊
ထိရောက်အရှိန်ပြင်းတယ်၊
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်အောင် ဝေဖန်တတ်တယ်၊
ကလေးမျက်နှာရှိတယ်။ လက်ကိုင်ဖုန်းရစက
လူမမြင်အောင် လျှို့ဝှက်ထားတယ်၊
မောင်ဖီလာ – ။
အကုန်လုံးတည်တည်တံ့တံ့လုပ်တယ်
ဣနြေ္ဒအပျက်မခံဘူး
လူသားဆန်တယ်၊ အဆင်မပြေရင်ပျက်ရယ်ပြုတယ်
ကမ္ဘာကိုသိတယ်၊
ဘိုဟီးမီးယန်းစတိုင်ရှိတယ်၊
ငုအိမ်ထက်မြက် – ။
အကျႌလက်ရှည် လက်ဖျားထိ
ကြယ်သီးတပ်ဝတ်ပြီး
ရင်ဘတ်ဟပြဲနဲ့
အလျင်စလိုနိုင်တယ်
ကဗျာကို ဆန်းဆန်းပြားပြားရေးတတ်တယ်
လမ်းအလွန်လျှောက်တယ်၊
ထွန်းဝေမြင့် – ။
အရပ်ရှည်လွန်းတော့ ဝတ်ထားတဲ့ဂျင်းဘောင်းဘီက
ခြေဖျားမရောက်ဘူး၊
မျက်မှန်တပ်တယ်၊
ကောက်ကြောင်းနည်းနည်းပဲသုံးပြီး ပုံဆွဲတယ်၊
စားဝတ်နေရေးဂရုစိုက်တယ်၊
ကဗျာကို ‘စတိုင်ယာ’ရောပြီးရေးတယ်
အရှိန်ပြင်းပြင်းရွတ်တယ်၊
ဝိုင်ချို – ။
အချစ်ကဗျာအရေးကောင်းတယ်၊
အရက်သောက်ဖို့ ဇွဲရှိတယ်၊
ရုံးတက်ချိန်မှာ တခြားနေရာရောက်နေတာ
ပျော်တဲ့ အယ်ဒီတာ။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးနဲ့
လုပ်ချင်ရာဇွတ်လုပ်တတ်တယ်၊
အောင်ရင်ငြိမ်း – ။
ကဗျာကိုလံဘတ်၊
ကဗျာ အသေခံဗုံးခွဲသမား၊
စစ်သားဆန်ဆန်ရင်ဆိုင်တတ်တယ်။
စိတ်ကြွဆေးမသုံးဘဲ အမြဲစိတ်ကြွနေတယ်။
မိုးဝေး – ။
ကျွန်တော်နားလည်တယ်၊
ကျွန်တော် နားမလည်ဘူး
လူဆန်း – ။
ပြင်သစ်စကားပြောတယ်
ဘာတွေအသစ်ရပြီလဲ မေးတတ်တယ်
ကိုယ်တိုင်မော်တော်ကားမောင်းတယ်
ကဗျာကလွဲပြီး/ ကျန်တာရှော့(ခ်)ရှိတဲ့ပုံ
ချဉ်းကပ်ဖို့မလွယ်/ လူထူးလူဆန်းတစ်ယောက်၊
မင်းထက်မောင် – ။
နိုင်ငံတကာဆန်အောင် နေတယ်
နိုင်ငံတကာဆန်အောင် ပြောတယ်
နိုင်ငံတကာဆန်အောင် ရေးတယ်
ကဗျာကို မသယ်နိုင်လောက်တဲ့အထိ
အလေးချိန်များအောင်ရေးတယ်
မောင်စိမ်းနီ – ။
စာပေစစ်စစ်အယ်ဒီတာ၊
စိမ်းတယ်/ နီတယ်
ဘာမဆိုအကုန်တော်လှန်တယ်
ချစ်စရာကောင်းအောင်ဆဲတယ်၊
မင်းသမီး အင်ဂျလီနာဂျိုလီလို
လူမှုရေးလုပ်တယ်၊
ဝင်းမောင် – ။
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့တူတယ်၊
စိတ်တိုတယ်၊ အစုအဆောင်းကောင်းတယ်။
ကဗျာအလုပ်ကဆယ်စုနှစ်သုံးခုစာလောက်လုပ်ခဲ့ပေမယ့် လူမသိ
ဗေဒင်အလုပ်က လေးငါးနှစ်နဲ့ လူသိ-ဟု မှတ်ချက်ပေးသူ
ဥတ္တရာအောင် – ။
တောင်ပေါ်/ တောင်အောက်ကိစ္စ
အလေးအနက်ထားတယ်၊
အိတ်ထဲမှာ ‘ဘုရားသခင်’ကို ထည့်ပြီးသွားတယ်၊
ပြုပြင်ရေးစိတ်ဓာတ်ကဲတယ်၊
ကိုယ်ပေါ်မှာ တံဆိပ်မျိုးစုံတွေ့ရတယ်။
ဆံပင်စည်း၊ နားကွင်း၊ ဆေးမှင်ကြောင်၊
အရိုးခေါင်း လည်ဆွဲ၊ အကုန်လုပ်တယ်
ကေမျိုးငြိမ်း – ။
မဟုတ်မခံ တုံ့ပြန်တတ်တယ်
ပိုင်းခြားနားလည်တတ်တယ်
အမှားမြင်တတ်တယ်
စကားကို ပြတ်တောင်းပြတ်တောင်းပြောတယ်
အုပ်စု/ ဂိုဏ်းဖွဲ့ကိစ္စ လက်မခံ
တစ်နေရာနဲ့တစ်နေရာ သွားလိုက်/ လာလိုက်
ခိုင်မြဲကျော်စွာ – ။
တကယ့် GENTLEMAN
ဘာရေးရေး တရားကိုလက်မလွှတ်
မိသားစုကို အလေးထားတယ်
သပ်သပ်ရပ်ရပ် နေထိုင်တယ်
စကားပြော ညင်သာနူးညံ့တယ်
တစ်ဖက်သားကို နားလည်ညှာတာအားပေးတယ်
အေမွန် – ။
သေးသေးကွေးကွေးပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အခါ
အားထည့်တာ တွေ့ရတယ်၊
အမေရိကန်အင်ဒီးယန်းလေးတစ်ယောက်ကို မြင်ရသလို
လွတ်လပ်တယ်
ဝင်းသူရ – ။
အယ်ဒီတာဆန်တယ်
မောင်လင်းယုန်(ရှမ်းပြည်) – ။
ယက်တူရှင်ကိုနဲ့ တွေ့ဆုံဖူးတယ်
ဆေးလိပ်အမျိုးအစားမရွေး မီးခိုးမတိတ်အောင်သောက်တယ်
စူးစမ်းလိုစိတ်ကြောင့် တစ်ယောက်ယောက်က အမြဲပြန်
ရှင်းပြနေရတယ်။
TRANSLATOR၊ TUTOR၊
‘နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်’အနေနဲ့
အိုမင်းတဲ့အထိ ပျံသန်းဆဲ
ကောက်နွယ်ကနောင် – ။
ကဗျာနဲ့ဝိညာဉ်လောက
နှစ်လောက နေထိုင်တယ်၊
လူတစ်ယောက်ထက် စီးကရက်တစ်လိပ်၊ မုန့်တစ်ခု၊
လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အဖော်ပြုထိုင်နေတတ်တယ်။
ရုံးခန်းကိုတက်တဲ့လှေကားဟာကောင်းကင်ဘုံကို
တက်တဲ့ လှေကားလို
အေးစက် တိတ်ဆိတ်ရှည်လျားမည်းမှောင်နေတယ်
ဝင်းမြင့် – ။
စကားနည်းတယ် စာများတယ်
အမှုန်အမွှားကင်းစင်တဲ့ လူတစ်ယောက်ပါပဲ
ငြိဏ်းဝေ – ။
PERFORMANCE ကောင်းတယ်
ဆွေးနွေးညှိနှိုင်းစိတ်များတယ်
NEW DIRECTION ရှိတယ်
စကားလုံးတွေကို လွတ်လွတ်လပ်လပ်ထားတယ်
စကားလုံးတွေကို လွတ်လပ်ခွင့်ပေးလွန်းလို့
တစ်ခါတစ်ရံမှာရေးထားတာ မသပ်မရပ်သလို ဖြစ်တတ်တယ်။
ကဗျာကို ကမ္ဘာနဲ့ဆက်စပ်ပေးနိုင်တယ်
ဆရာဝန်ပုံစံရှိတယ်
ကိုဘုန်း – ။
ကဗျာတစ်ဝက်- ဂစ်တာတစ်ဝက်-
အိပ်မက်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်
ဦးထုပ်တစ်လုံး အမြဲဆောင်းထားတယ်
လွန်းဆက်နိုးမြတ် – ။
နွေဦးရာသီတစ်ခုမှာ ဂျုံရိုးနဲ့ရက်လုပ်ထားတဲ့
ခမောက်တစ်လုံးဆောင်းလာဖူးတယ်
ဂျင်းပင်ဝတ်ပြေပြစ်တဲ့ လူငယ်တစ်ယောက်
ကိုယ့်သဘောထားကို အထိပါးမခံဘဲ ညင်ညင်သာသာ
တင်ပြတတ်တယ်၊
ကောင်းကင်ရဲ့အပြာရောင်လိုငြိမ်းချမ်းသူ
နီမျိုးထက် – ။
ကမ်းထရီးဆံပင်နဲ့ စီးကရက်နဲ့
လေသံဝဲဝဲ
နှေးနှေးကွေးကွေး
ခရမ်းပြာထက်လူ – ။
စကားလုံးပြင်းပြင်းထန်ထန်တွေသုံးတယ်
စာသားများများရေးတယ်၊ ကူညီတတ်တယ်၊
နည်းနည်းပြောခြင်းနောက်မှာ များများပြောခြင်းတွေ့ရတယ်
တစ်ခါတလေ စတိုင်ကျကျ
တစ်ခါတလေ ဖရိုဖရဲ။
တိုးနှောင်မိုး – ။
ရေးထားတဲ့ စာရွက်အနားစတွေကို မီးရှို့ပြီး
မဂ္ဂဇင်းတိုက်ကိုပို့တယ်
မြစ်ထဲမှာ ကဗျာတွေရှိတယ်ဆိုပြီး ဓာတ်ပုံလိုက်ရိုက်တယ်
အလောင်းကောက်တယ်/ ဂျစ်ပစီလုပ်တယ်
မောင်လင်းရိပ် – ။
အနက်ရောင်လက်ဆွဲအိတ်တစ်လုံးပါတယ်
RADIO/ INTERNET/ WEBSITE တွေ စိတ်ဝင်စားတယ်
တိုးတိုးတိတ်တိတ်ရှိပြီး
အရှေ့တိုင်း အတွေးအခေါ်ကဲတယ်
ကဗျာကို လူထုဆီရောက်ဖို့ အမြဲနည်းလမ်းရှာနေတယ်
သျှီသူအောင် – ။
ကဗျာဆရာတွေကို
‘ကောင်းကင်ဘုံမှာနေထိုင်သူ’နဲ့
‘ငရဲဘုံမှာ နေထိုင်သူ’လို့၊ နှစ်မျိုးခွဲရင်
သူ့ကို ‘ကောင်းကင်ဘုံ’မှာ နေထိုင်သူလို့
ပြောရပါလိမ့်မယ်
စိုးမင်းအောင် – ။
ရန်ကုန်မြို့ရဲ့အလယ်ခေါင်တည့်တည့် နေထိုင်တဲ့သူ
တစ်ဖက်တည်း ကင်းမြီးကောက်နားကပ်နှစ်ခု
မျက်လုံးတစ်လုံး ပြန်လည်ပြုပြင်ထားရ
တစ်ခါက မော်တော်ကားတစ်စီး အရှိန်ပြင်းပြင်း ဝင်တိုက်တာခံရသူ
နားထဲမှာ အသံတွေကြားနေရတယ် လာပြောသူ
ဘုရားသခင်
တွေ့တိုင်းလည်း သူနဲ့ကျွန်တော့်ကြား ဘုရားသခင်
မောင်ဒေး – ။
ဘာသာပြန်တယ်၊ အားရင်အိပ်တယ်၊
အယ်ဒီတာလုပ်လိုက်/နားလိုက်၊
တစ်ခါတလေ ထီးကောက်နဲ့၊
COMPUTER – INTERNET သုံးစွဲမှုနဲ့။
တီရှပ်အနက်များ၊
ဂျာနယ်တစ်ခုလုပ်တုန်းကလည်း စာမျက်နှာတွေအနက်
တစ်ယောက်တည်း တွေ့-တွေ့တတ်တယ်
တီကျူး – ။
‘လူပိန်များရဲ့ကလပ်’ဖွဲ့ဖို့တိုက်တွန်းဖူးတယ်
နောက်ပိုင်း ပန်းချီဆရာဖြစ်သွားတယ်
လူဟာ ပန်းချီကားထဲကပုံစံအတိုင်း
ချမ်းမင်းအိမ် – ။
ဘောင်းဘီနဲ့ ဂိုက်ဆိုက်ကောင်းတယ်
ကုမ္ပဏီပုံပေါက်တယ်
အယ်ဒီတာလုပ်ရတာ ဝါသနာပါတယ်
သီချင်းတညည်းညည်းနဲ့။ အပေါ်ယံကြည့်ရင်
လူ့ဘဝကို အပျော်တမ်းနေထိုင်
နေတဲ့ပုံလို့ ထင်ရတယ်
သစ္စာပိုင်စိုး – ။
အမြဲတမ်းအထီးကျန်၊
လျှို့ဝှက်နာကျင်နေတဲ့ပုံမျိုး
ပြေမြင့် – ။
စစ်သားဆံပင်ပုံစံနဲ့၊ သောကမျက်နှာနဲ့၊
ရှေ့လကတွေ့တော့ ‘ကျွန်တော်
အလုပ်လုပ်တော့မယ်’လို့ ပြောတယ်။
အသက် ၄၆/၄၇ လောက်ရှိပြီ
ဘုန်းနေသွန်း – ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊
ပိန်ပိန်ရှည်ရှည် ခေတ်လူငယ်တစ်ယောက်။
တာဝန်ထမ်းဆောင်ချိန်ထဲကနေ ထုတ်လုပ်နိုင်ခဲ့တယ်၊
အနည်းငယ်အေးစက်တာနဲ့ ပြတ်သားတာရှိတယ်
ကြည်ဇော်အေး – ။
ကဗျာကို ရွှေလို့သဘောထားတယ်
တစ်ခုချင်းတူးဖော်ရောင်းချတယ်
ကုန်သွားရင် မရေးပဲနေတယ်။
နည်းနည်းအန္တရာယ်ရှိတယ်
မောင်သင်းခိုင် – ။
နွေးထွေးကြိုဆိုတယ်
နိုင်ငံတကာစံကိုသိတယ်၊ အရက်ကိုချစ်တယ်၊
အဖွဲ့လိုက်နေတယ်။
တစ်ခါက အထပ် ၂၀ ကိုဆင်းဖို့ ဓာတ်လှေကားထဲ
ကဗျာဆရာတွေ ဆန့်သလောက် ခေါ်ထည့်နေလို့
အစောင့်က အတင်းပိတ်ပြီး လွှွတ်ချလိုက်တယ်
စန်းဦး – ။
ဟောလီးဝု(ဒ်)ရုပ်ရှင်ထဲက ဇာတ်ကောင်
တစ်ကောင်လို အေးစက်စက်အကြည့်ရှိတယ်၊
တစ်နှစ်တစ်ကြိမ် ခမ်းခမ်းနားနား ညစာကျွေးပြီး
ဗန်ဂိုးရဲ့ ပန်းချီကားတွေ လက်ဆောင်ပေးသူဖြစ်တယ်
DIGITAL ART, SHORT VIDEO အပြင်
စာအုပ်ထုတ်ဝေသူ၊ ပိုင်ရှင်
လူအိမ် – ။
များလာရင် ကမ္ဘာပေါ်မှာ
သူစကားပြောရမယ့်သူ နှစ်ယောက်ပဲရှိတယ်လို့၊
ကြွေးကြော်တတ်တယ်လို့၊ ကြားဖူးတယ်။
တစ်ယောက်က ‘အမေရိကန်သမ္မတ’
တစ်ယောက်က ‘ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်’
နိုင်မွန်အောင်သွင် – ။
အနက်ရောင်လယ်သာဂျာကင်နဲ့
မော်တော်ဆိုင်ကယ်သမားအဖြစ် တစ်ခါပဲတွေ့လိုက်ရတယ်။
လူက ကျစ်ကျစ်လျစ်လျစ်ရှိပေမယ့်၊
သူ့စာကြောင်းတွေက သူ့ခရီးလိုပဲ လမ်းကြောင်းရှည်တယ်၊
ဝက်ဝံတစ်ကောင်ကို ကိုင်လှဲချနိုင်တဲ့ အေးခဲတဲ့ ဒေသကနေ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ကြံစည်နေတယ်
နေမျိုး – ။
ဘုရားသခင်ဟာ
ကမ္ဘာဂြိုဟ်ကို စူးစမ်းဖို့
ဂြိုဟ်သားတစ်ယောက်လွှတ်လိုက်တယ်။
အင်မတန်ရိုးသားတဲ့အမြင်နဲ့
အဆန်းပြားဆုံးတွေကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ၊
လူစုလူဝေးကို ရှောင်ပြီးနေတတ်တယ်
အောင်ချိမ့် – ။
စကားလုံးအနည်းဆုံးနဲ့
အထိရောက်ဆုံးရေးနိုင်သူ၊
ပါးစပ်က တစ်လုံးပြော တစ်လုံးကဗျာ ဖြစ်နေသူ၊
‘ဟန်’ကိုအများဆုံး တုပခံရသူ၊
‘ခေတ်ပေါ်ကဗျာရဲ့ ဘုရားသခင်’လို့ တင်စားခံရသူ
အသားညိုညိုအရပ်ရှည်ရှည်နဲ့
ခြောက်သွေ့ပုံရပေမယ့်၊ လေးနက်မှုတွေ
ကြောက်စရာကောင်းအောင် စိုရွှဲနေသူ
ဇေယျာလင်း – ။
ဘာသာပြန်ရာကနေ၊ ဘာသာစကားကိုတွေ့ရှိသွားပြီး၊
ဘာသာစကားကို အားပြုရေးတဲ့ ‘ဘာသာစကားကဗျာ’ဆိုတာကို
ဦးဆောင်ရေးသားခဲ့သူ။ နောက်ပိုင်း ဘာသာစကားကဗျာနဲ့
ပတ်သက်သမျှ – ရေးသား၊ ပြောဆို၊ ဆွေးနွေး၊ သုတေသနပြု၊
ပို့ချ၊ ဖြန့်ချီ၊ ကာကွယ်၊ တုံ့ပြန်၊ အလုပ်အားလုံး အကုန်
လုပ်နေသူ။
ပိုင် – ။
ကွန်တော့်အကြောင်းကို
အထက်လူတွေပြောချင်ပြောပါလိမ့်မယ်
ဒါမှမဟုတ်၊ မပြောဘဲနေပါလိမ့်မယ်။
နွယ်နီမဂ္ဂဇင်း
No comments:
Post a Comment