#နန်းယုယုမွန် (တောင်ငူ)
သူ့နာမည်က ကိုညိုကြီးတဲ့။ ပုံစံက အသား ညိုညို၊ အရပ်ကမနိမ့်မမြင့်ပေါ့။ နက်မှောင်သွယ်တန်းနေတဲ့ မျက်ခုံးမွေး နှစ်ဘက်က ထိလုနီးပါး။ အရယ်အပြုံး နည်းပါးတဲ့ ကိုညိုကြီးရဲ့ နှုတ်ခမ်းလေးက ပြုံးလိုက်ရင်များ သွားလေးတွေ ဖွေးလက်လို့။ ဖားဖိုကြီးလို ဖုဖောင်းနေတဲ့ ရင်အုံ နှစ်ဖက်က သူ့ကို ယောက်ျား ပိုပြီး ပီသစေတယ်။ ရှပ်အင်္ကျီ လက်ရှည်လေးနှင့် ပုဆိုးအကွက် အစိပ်လေးကို သပ်သပ်ရပ်ရပ် ၀တ်ထားလိုက်ရင် ကျက်သရေကို ရှိနေတော့တာ။
ဆေးလိပ်ဖက်ကို ညှပ်ရင်း ကိုညိုကြီးတို့ အိမ်တံခါးပေါက်ကို လှမ်းကြည့်မိတယ်။ ဂစ်တာတီးနေတဲ့ ကိုညိုကြီးကတော့ မြင်ဟန်မတူပါဘူး။ သီချင်းတစ်ပုဒ်ကိုသာ ခပ်တိုးတိုး ညည်းနေခဲ့တယ်။ ငြိမ်သက်စွာငေးမောရင်း ကိုညိုကြီးမျက်နှာလေးကို ငေးမောနေမိတယ်။ ရင်ခုန်တတ်စလို့ ခေါ်မလားပဲ။ ဟုတ်မယ် ထင်တာပဲ၊ ကျွန်မရင်ထဲ မသိမသာ လှုပ်ခတ်နေတတ်တာ ကျွန်မကိုယ် ကျွန်မအသိဆုံးပါလေ။
ကိုညိုကြီးရဲ့ တန်ပြန် မျက်ဝန်းတွေနှင့် ဆုံဆည်းရရင်တော့ မလုံမလဲနှင့် ရှောင်ပြေးတတ်တာ သူမ ညံ့ဖျင်းလွန်းတယ်လို့ ထင်မိပါတယ်။ ရင်ထဲမှာ တဒုန်းဒုန်းနှင့် လှုပ်ခတ်နေတော့တာ။ ဒီလိုဖြစ်ဖူးတာ နှစ်ကြိမ်ရှိသွားပြီ။ ဟုတ်တယ်၊ အပျိုဖြစ်ပြီလို့ အမေပြောတုန်းကလည်း ရင်ထဲမှာ တလှပ်လှပ်နှင့်။ ဒါပေမဲ့ အခုဟာက အဲဒီလိုမဟုတ်ဘူးလေ။
ဆေးလိပ်ဖက်ကို ညှပ်ရင်း ကိုညိုကြီးတို့ အိမ်တံခါးပေါက်ကို လှမ်းကြည့်မိတယ်။ ဂစ်တာတီးနေတဲ့ ကိုညိုကြီးကတော့ မြင်ဟန်မတူပါဘူး။ သီချင်းတစ်ပုဒ်ကိုသာ ခပ်တိုးတိုး ညည်းနေခဲ့တယ်။ ငြိမ်သက်စွာငေးမောရင်း ကိုညိုကြီးမျက်နှာလေးကို ငေးမောနေမိတယ်။ ရင်ခုန်တတ်စလို့ ခေါ်မလားပဲ။ ဟုတ်မယ် ထင်တာပဲ၊ ကျွန်မရင်ထဲ မသိမသာ လှုပ်ခတ်နေတတ်တာ ကျွန်မကိုယ် ကျွန်မအသိဆုံးပါလေ။
ကိုညိုကြီးရဲ့ တန်ပြန် မျက်ဝန်းတွေနှင့် ဆုံဆည်းရရင်တော့ မလုံမလဲနှင့် ရှောင်ပြေးတတ်တာ သူမ ညံ့ဖျင်းလွန်းတယ်လို့ ထင်မိပါတယ်။ ရင်ထဲမှာ တဒုန်းဒုန်းနှင့် လှုပ်ခတ်နေတော့တာ။ ဒီလိုဖြစ်ဖူးတာ နှစ်ကြိမ်ရှိသွားပြီ။ ဟုတ်တယ်၊ အပျိုဖြစ်ပြီလို့ အမေပြောတုန်းကလည်း ရင်ထဲမှာ တလှပ်လှပ်နှင့်။ ဒါပေမဲ့ အခုဟာက အဲဒီလိုမဟုတ်ဘူးလေ။
ကိုညိုကြီး မျက်နှာအတွေးထဲ မြင်လိုက်တိုင်း လှိုက်ဖိုတတ်တဲ့ ရင်ခုန်သံတွေနှင့် ကျွန်မ ညဆို အိပ်ရေး ပျက်ပေါင်း များပြီ။ တစ်ခါသား ကျွန်မ ဆေးလိပ်ဖက်ကို တဖျတ်ဖျတ် ခါနေတုန်း ကိုညိုကြီးက ဗြုန်းဆို ခြံထဲလှမ်းဝင်လာတယ်။ ဘာမှ မသိရှာတဲ့ ကိုညိုကြီးက ကျွန်မကို လှစ်ခနဲ ပြုံးပြခဲ့ပေမဲ့ မလုံမလဲ ဖြစ်နေတဲ့ ကျွန်မမှာ ကြောင် အလို့၊ ဟိုအရင်ကလည်း သူ ကျွန်မကို ဒီလိုပဲ ပြုံးပြနေတဲ့ ဥစ္စာ။ ရင်ထဲကို ကိုညိုကြီး မမြင်နိုင်ပါဘူးလို့ တိတ်တိတ်သာ တွေးနေမိတော့တယ်။
" ကေသွယ် …..ငါ့ကို နင့်ဆေးလိပ် အပယ်လေး နှစ်လိပ်လောက် ပေးသောက်ပါဦးဟာ "
" ယူသောက်လေ ကိုညိုကြီး "
ကျွန်မ ကိုညိုကြီးကို ပြန်ဖြေရင်း ဆေးလိပ် ကြာဖူးကို ငုံ့ပြီး ထိုးနေမိတော့တယ်။ စကားနည်းတဲ့ ကိုညိုကြီးကတော့ " ကျေးဇူးပဲ ကေသွယ် " လို့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။
လိမ်းနေကျ ပါးကွက်ကြီးကို ကျွန်မပါးပြင်ပေါ်မတင်ဖြစ်ခဲ့တာ ကြာပြီ။ ညိုစိမ့်နေတဲ့ ကျွန်မ ပါးပြင်ပေါ်ကို သနပ်ခါး အရည်ကျဲလေးနှင့် မှုန်နေအောင် ပြင်တတ်နေပြီ။ ခဏ ခဏ ကိုညိုကြီးတို့ အိမ်ပြတင်းပေါက်ကို ချောင်းကြည့်တတ်တဲ့ ကျွန်မကို အမေက ပေါင်တွင်းကြောလိမ်ဆွဲတော့တာပဲ။ အမေ ရိပ်မိနေပြီလေ။ မိန်းကလေး ဖြစ်ပြီး ဣနြေ္ဒ လုံးဝ မရှိဘူးတဲ့။ ပြောရင်း ဒေါက်ခနဲ ရောက်လာတဲ့ အမေ့ လက်သံကြောင့် ကျွန်မခေါင်းတွေ ထူပူလို့။
မျက်ရည်တွေကြားမှာ ရှက်ဖို့ဆိုတာ လုံးဝ မစဉ်းစားမိဘူး။ ကျွန်မ စဉ်းစားမိနေတာက ကျွန်မရဲ့ အမူအရာတွေကို ကိုညိုကြီး ရိပ်မိမှာပဲ ကြောက်တယ်။ အိမ်နီးချင်းတွေမဟုတ်လား။ အခုဆို အဆွေးသီချင်းတွေ လာတိုင်း နင့်နင့်သည်းသည်း ခံစားတတ်နေပြီ။ ရင်ထဲက ခံစားချက် အချို့ကို အမေ မသိအောင် ဟိုတလောက ဘုရားပွဲမှာ ၀ယ်လာတဲ့ စာအုပ်သေးသေးထဲမှာ လျှောက်ရေးထားလိုက်တယ်။ အမေ မတွေ့ရအောင်တော့ ခေါင်မိုးကြားထဲမှာ စာအုပ်ကို လုံလုံခြုံခြုံ ဖွက်ထားရတာပေါ့လေ။
မိုးတွေတစ်ဖွဲဖွဲကျနေတဲ့ တစ်နေ့မှာ ကိုညိုကြီး တစ်ယောက် အသည်းအသန်ဖျားတော့တာပဲ။ ကိုညိုကြီးကို ဆိုက်ကားနှင့် ဆေးခန်းလိုက်ပို့တာကို ကျွန်မ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ ဆေးလိပ်ဗန်းနားမှာသာ ထိုင်နေရပေမဲ့ ကျွန်မစိတ်တွေ မငြိမ်ချင်တော့ဘူး။ ဆေးစပ်တွေကို ဆုပ်လိုက် ပြန်ချလိုက်နှင့် ဗျာများနေတော့တာ။ ကိုညိုကြီးဆေးခန်းက ပြန်လာတာတွေ့တော့ ကျွန်မစိတ်တွေ လုံးဝ ထိန်းလို့မရတော့ဘူး။
အမေ့ကိုလှမ်းကြည့်တော့ မီးဖိုထဲမှာ ထမင်းအိုးတည်ဖို့ မီးမွှေးနေတယ် လိပ်လက်စ ဆေးလိပ်ကို ပစ်ချပြီး ကိုညိုကြီး တို့ ခြံထဲ ကို ပြေးဝင်သွားမိတယ်။ ခေါင်းရင်းမှာ စောင်ခြုံအိပ်နေတဲ့ ကိုညိုကြီးက ကျွန်မခြေသံကြောင့် လှမ်းပြုံးပြတယ်။ ကိုညိုကြီး သက်သာရဲ့လား ဆိုတဲ့ မေးခွန်းကို အလောတကြီး မေးလိုက်မိတယ်လေ။
ကိုညိုကြီး မြန်မြန်နေကောင်းပါစေလို့ ရေရွတ်ဆုတောင်းရင်း အိပ်ပေါ်လှမ်းတက်တော့ စူးစူးရဲရဲစိုက်ကြည့်နေတဲ့ အမေ့ မျက်ဝန်းတွေနှင့် ရင်ဆိုင်လိုက်ရတယ်။ ကျွန်မဘာမှ မပြောနိုင်သေးခင် မှာပဲ ကျွန်မ လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဆောင့်ဆွဲ ခံလိုက်ရတယ်။ "မိန်းကလေး ဖြစ်ပြီး အရှက်မရှိဘူး" ဆိုတဲ့ အမေ့စကားကြောင့် ကျွန်မ တစ်ကိုယ်လုံး ထူပူသွားတော့တာပဲ။ အချစ်ဆိုတာ မိန်းကလေးဘက်က အရင် မစရဘူးဆိုတာ ရပ်ကွက်ထိပ်က မကြီးစန်းတို့ ပြောတာတော့ ကြားဖူးတာပဲလေ။ မှတ်မှတ်ရရ အမေရိုက်ပြီး ခဏ မှာပဲ ကိုညိုကြီးတစ်ယောက် မြန်မြန်နေကောင်းပါစေလို့ ဘုရားရှိခိုးရင်း ဆုတောင်းလိုက်သေးတာ။
မန္တလေးက အဒေါ်အပျိုကြီး နေမကောင်းလို့ ခဏ သွားနေပေးဖို့ အမေပြောလာချိန်မှာတော့ ကျွန်မရင်ထဲ ငိုချင်လာမိတယ်။ လူမသိ သူမသိတဲ့ ရင်ထဲက အချစ်တွေက ဆိုးလွန်းပါတယ်။ အရိပ်လိုရှိနေတတ်တဲ့ အမေ့မျက်ဝန်းတွေကို ပုန်းရှောင်ရင်း ကိုညိုကြီးရှိနေတတ်တဲ့ ပြတင်းပေါက်ဆီ လှမ်းလှမ်းကြည့်မိတယ်။ "ဟေ့ ကေသွယ် မအိပ်သေးဘူးလား" လို့ ကိုညိုကြီး လှမ်းအော်မေးတော့ ခပ်မြန်မြန် ပြုံးပြရင်း………..
"အိပ်တော့မှာ ကိုညိုကြီး၊ မနက်ဖြန် မန္တလေးသွားတော့မှာလေ" လို့ မဆီမဆိုင် ဖြေလိုက်မိတယ။်
အဒေါ်အပျို ကြီိးနှင့် ဈေးချိုဘက်ကို ဈေးဝယ်ထွက်ရင်း ကိုညိုကြီးအတွက် ရှပ်အင်္ကျီ အပြာဖျော့ တစ်ထည် အမှတ်တရ ၀ယ်ဖြစ်ခဲ့တယ်။
အိမ်အပြန်ခြေလှမ်းတွေ တက်ကြွလွန်းနေတာကို ဘူတာရုံလာကြိုတဲ့ အမေက သိပုံပေါ်တယ်။ ကိုညိုကြီးကို အတွေးထဲ မြင်ယောင်ရင်း လှမ်းနေတဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းပစ်လိုက်တယ်လေ။ ခပ်သဲ့သဲ့ လွင့်ပျံလာတဲ့ သီချင်းသံကို ကြားလိုက်ရတော့ ကျွန်မစိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွားတယ်။
"ရပ်ကွက်ထဲ မှာ အလှူရှိလို့လား အမေ" လို့ ကျွန်မမေးတော့ မျက်ဝန်းစိုတွေနှုင့် အမေက ကျွန်မကို တွေတွေကြီးစိုက်ကြည့်နေတယ်။ ခဏနေတော့
"အလှူမဟုတ်ဘူး ကေသွယ် ညိုကြီး မင်္ဂလာဆောင်" တဲ့ ။
ကျွန်မ နားကို ကျွန်မ မယုံနိုင်တော့ဘူး။ အလိုလို စီးကျလာတဲ့ မျက်ရည်တွေကို ကျွန်မ မတားဆီးနိုင်တော့ဘူး။ အလိုက်တသိနှင့် ငြိမ်သက်နေတဲ့ အမေ့ အနားက ကျွန်မ ထွက်ပြေးလာမိတယ်။ ငိုလို့ အားရပြီးတဲ့ အချိန်ကျမှ အင်္ကျီအပြာလေးကို ပရုတ်လုံးတွေနှင့် အသာထုပ်ရင်း ကျွန်မ သေတ္တာထဲကို ထိုးထည့် ထားလိုက်ရတော့တယ်။
ညည အိမမပျော်ဘဲ မိုးလင်းခဲ့တာ နွေ၊ မိုး၊ ဆောင်း လွန်ခဲ့ပါပြီ။ ဆေးလိပ်ဗန်းရှေ့ မှာ အမြဲလို မှိုင်နေတတ်တဲ့ ကျွန်မကို အမေက သက်ပြင်းတချချနှင့် ကြည့်နေတော့တာ။ ကြည့်နေကျ ပြတင်းပေါက်လေးမှာ ကိုညိုကြီးကို မမြင်တွေ့ရတော့ဘူး။ တစ်ခါတစ်ရံ ကိုညိုကြီး မိန်းမက ကြောင်အအနှင့် လှမ်းပြုံးပြတတ်တယ်။
သမီးရယ် အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်ကို စိတ်နှင့် မပြစ်မှားသင့်ဘူး လို့ တိုးတိုးကြိတ်ကြိတ် အမေ ဆုံးမတော့ ကျွန်မ ပြန်မဖြေနိုင်တော့ဘူး။
ချစ်နေရုံနှင့် ကျေနပ်နေတယ်ဆိုတာတော့ ကျွန်မ အမေ့ကို ပြန်မပြောရဲတော့ဘူးလေ။ ကျွန်မရင်ဖွင့် တိုင်တည်ရဲမိတာက ကျွန်မရေးနေကျ စာအုပ်ဟောင်းလေး။
လောကမှာ မထင်မှတ်ထားတာတွေ ဆက်တိုက်ဖြစ်တတ်တာ ကျွန်မ ယုံကြည်သွားခဲ့တယ်။ ည တစ်ညမှာ ကိုညိုကြီး မိန်းမရဲ့ အော်သံကြောင့် ကျွန်မတို့မိသားစု အထိတ်တလန့်ဖြစ်သွားမိတယ်။ အိမ်နီးချင်းမို့ အကူအညီ သွားပေးပြီး ပြန်လာတဲ့ အမေ့ကို မေးတော့
"ညိုကြီး မိန်းမ ကလေးပျက်ကျတာ" တဲ့။
ဆေးရုံကို ကျွန်မရောက်ချိန်မှာ ကိုညိုကြီးမိန်းမ အသက်မရှိတော့ဘူး မျက်နှာကြီး နီရဲပြီး အံကြိတ် ငိုနေတဲ့ ကိုညိုကြီး ရဲ့ လက်ဖ၀ါးလေးကို ဆုပ်ကိုင် အားပေးတော့ ကိုညိုကြီးက အထူးအဆန်းလှမ်းကြည့်လာတယ်။ ဖြစ်နိုင်ရင် ကိုညိုကြီး သောကတွေကို ဝေယူခွင့် ရယူချင်မိတယ်။
မုဆိုးဖို ယောက်ျားတစ်ယောက်ရဲ့ အိမ်ကို ခဏ ခဏ မလည်ဖို့ အမေက သတိပေးလာတယ်။ ပတ်ဝန်းကျင်က ထင်ထားသလို ကိုညိုကြီးနှင့် ကျွန်မ မရိုးမသားမဟုတ်ဘူးဆိုတာ ကျွန်မ မရှင်းပြတတ်တော့ဘူး။
တစ်နေ့မှာ ကျွန်မ ဆေးလိပ်ဗန်းနား ကို အမေလာထိုင်တယ်။
"ကေသွယ်" လို့ တစ်ခွန်းခေါ်ပြီး ချီတုံ ချတုံ ဖြစ်နေတဲ့ အမေ့ကို ကြည့်ရတာ တစ်ခုခုတော့ ထူးခြားနေတယ်။
" ညည်း ညိုကြီးကို မျှော်လင့်နေသေးလား" ဆိုတဲ့ စကားကြောင့် ကျွန်မ အထိတ်တလန့် ဖြစ်သွားမိတယ်။
" လိုရင်း ပြောပါ အမေ" လို့ ကျွန်မ ပြောလိုက်တယ်။
ငါ ညည်းကို အိမ်ထောင်ချပေးသင့်တဲ့လူ တွေ့ထားလို့ ဆိုတဲ့ အမေ့စကားသံကို ကျွန်မ မငြင်းဆန်ချင်တော့သလို ခေါင်းလည်း မညိတ်ပြခဲ့ဘူး။
မျှော်လင့်ခွင့်တောင် ခပ်ကြာကြာ မပိုင်ဆိုင်ရတဲ့ ကိုယ့်ဘ၀ကို ပိုဝမ်းနည်းနေမိတယ်။ အမေကလည်း အတင်းအကျပ် မတောင်းဆိုခဲ့ဘူး။
"နင် အသက်လည်း မငယ်တော့ဘူး" တဲ့။ နောက်တစ်နေ့ မနက်မှာ ကျွန်မရေးထားတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ဆုပ်ကိုင်ပြီး ကိုညိုကြီးတို့ ခြံထဲ ၀င်သွားလိုက်တယ်။ ကျွန်မ ဝေဒနာတွေကို ကိုညိုကြီး သိရင် ကျေနပ်တယ်လေ။ အမေ့စကားနားထောင်ပြီး အိမ်ထောင်ပြုရမှာ ကိုညိုကြီး သိစေချင်မိတယ်။
အိမ်ရဲ့ အမြင့် တစ်နေရာမှာ တဒုန်းဒုန်းနှင့် သံရိုက်နေတဲ့ ကိုညိုကြီးကို လှမ်းတွေ့လိုက်ရင်ပဲ ကျွန်မစိတ်တွေ ဘယ်လို ဖြစ်မှန်မသိဘူး။ အလိုလို ပျော်နေမိတာ။ ကိုညိုကြီးက ကျွန်မကို လှမ်းပြုံးပြလိုက်တယ်။
"စောစောစီးစီး ဘာလာလုပ်တာလဲ"
ဆိုတဲ့ စကားကိုကျွန်မ မဖြေနိုင်သေးခင်မှာ ကိုညိုကြီး သံရိုက်နေတဲ့ နေရာကို လှမ်းကြည့်မိတော့ ကိုညိုကြီး မိန်းမ ဓာတ်ပုံ လေးက နံရံမှာ လှလှပပလေး နေရာယူထားတယ်လေ။
"ဟဲ့ ကေသွယ်၊ ငါ့မိန်းမပုံ မလှဘူးလား၊ ဒါ သူနှင့်ငါရပြီးတော့ ဘုရားပွဲမှာ ရိုက်ထားတာလေ" လို့ ကိုညိုကြီးက ၀င့်ဝင့်ကြွားကြွားပြောတယ်။
"တကယ်လို့ ကိုညိုကြီး မိန်းမ ထပ်ယူရင် ဒီဓာတ်ပုံကြီးက ဘယ့်နှယ့်လုပ်မလဲလို့"
ကျွန်မမေးတော့ ကိုညိုကြီးက ဟက်ဟက်ပက်ပက်ရယ်တော့တာပဲ။
"ငါ ဘယ်တော့မှ မိန်းမ ထပ်ယူမှာ မဟုတ်ဘူး ကေသွယ် ၊ တကယ်ဆို အချစ်က ထူးဆန်းတယ်၊ ငါ့နံဘေးမှာ သူ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ငါ့ အချစ်တွေ ရှင်သန်နေရင် သူ ငါ့နံဘေးမှာ ရှိနေတယ်လို့ ငါခံစားရတယ်" ဆိုတဲ့ စကားကို ဆက်တိုက် ပြောချရင်း သူ့ မိန်းမ ဓာတ်ပုံကို ပြုံးပြုံးကြီးနှင့် အမြတ်တနိုး ကြည့်နေတော့တာပဲ။
ကိုညိုကြီးတို့ အိမ်က အပြန်မှာ ကျွန်မ ခြေလှမ်းတော့ အရမ်းပေါ့ပါးနေတယ်။ ကိုညိုကြီးကို မပေးဖြစ်တဲ့ စာအုပ်လေး ကို ကိုညိုကြီးအတွက်ဝယ်ထားတဲ့ ရှပ် အင်္ကျီ အပြာလေးထဲ ထိုးတည့် သိမ်းထားလိုက်တော့တယ်။
အိမ်ထောင်ပြုဖို့ ထပ်ပြောလာတဲ့ မေ့ကိုတော့ ကျွန်မ တည်တည်ငြိမ်ငြိမ်ငြင်းလိုက်မိတယ်။
"ကျွန်မ ဒီတစ်သက် အိမ်ထောင် မပြုတော့ဘူး အမေ"
"နင်ဘာ ဖြစ်သွားရ ပြန်တာလဲ" တဲ့
ကျွန်မပြန်မဖြေနိုင်တော့ဘူး။ အမေကလည်း အရင်လို ကျွန်မကို ကိုညိုကြီးနှင့် စိတ်မချ မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုညိုကြီးကို ကျွန်မ စကား လုံးဝ မပြောတော့လို့ပါပဲ။ ဒါပေမဲ့ ကျွန်မ ခေါင်းရင်းက ပြတင်းပေါက်လေးကိုတော့ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း ဘယ်တော့မှ မပိတ်ဖြစ်တော့ဘူး။
ကိုညိုကြီးပြောသလို အချစ်တွေသာ ရင်ထဲ မှာ ရှိနေရင် အနားမှာ ကိုညိုကြီးရှိသလို ခံစားနေရတယ် ဆိုတာ တော့ အမေ မရိပ်မိခဲ့သလို ကိုညိုကြီးလည်း ဘယ်တော့ မှ သိနိုင်မယ် မထင်ပါဘူး။
လမ်းတစ်လမ်း အပေါ် ကျွန်မနှင့် ကိုညိုကြီးတို့ ပြိုင်တူ လျှောက်နေကြပါတယ်။ အဲဒီလမ်းပေါ်မှာ ကျွန်မနှင့် ကိုညိုကြီးတို့ ဆုံစည်းခွင့် မရှိတာကိုတော့ ကျွန်မ မသိဟန်ဆောင်ခဲ့ပါတယ်။
နန်းယုယုမွန် (တောင်ငူ)
အပျိုစင်မဂ္ဂဇင်း
အပျိုစင်မဂ္ဂဇင်း
PDF File Download Link
https://my.pcloud.com/publink/show?code=XZyktW7ZsHjDlkLRR1Heu39yMYwdSmRqmFbk
No comments:
Post a Comment