Mar 22, 2017
လက်
#လက်
တစ်။                                                                                                    
" ဝုန်း "
" အား "
လေအေးပေးစက်ကြီးများထိုင်ထားသည့် အခန်းတံခါးမကြီးတစ်ရွက်ကိုတွန်းဖွင့်လိုက်စဉ် အခန်းတွင်းသို့စုပ်ယူနေသည့်လေအားကို သူ့လက်တစ်ဖက်ဖြင့်မနိုင်တော့ပါ။ ရုတ်တရတ်ဆောင့်ပိတ်လာချိန်၌ သူ့လက်အားရုန်းထွက်လိုက်စဉ်လက်ညိုးနှင့်လက်ခလယ်ရုန်းမထွက်နိုင်တော့ပဲတံခါးအစွန်းစတစ်ဖက်ဖြင့်ကပ်၍ ညပ်သွားသည်။
လက်သည်းခွံအောက်ခြေမှာတော့ညို မည်းမည်းသွေးခြေဥတို့ နှင့်သူလက်နှစ်ချောင်းကတစ်ဆပ်ဆပ်တုန်နေပြီ။
နာကျင်နေသည့်ဝေဒနာတစ်ခုကိုအံကြိတ်တင်းခံရင်း ဒုတိယအကြိမ်မြောက်အားအင်စိုက်ထုတ်ကာ တံခါးမကြီးတစ်ရွက်ကိုထပ်မံတွန်းဖွင့်ပြန်သည်။ ပြန်တွန်းပိတ်နေသည့်တံခါးရွက်တစ်ဖက်ကို သူ့ လက်အားဖြင့်တောင့်ခံရင်း သည်အခါတွင်တော့သူ အောင်မြင်စွာ လေအေးပေးစက်အခန်းအတွင်းဆီရောက်ရှိသွားပြီဖြစ်သည်။
အခန်းအတွင်းရှိလေအေးပေးစက် နှစ်လုံးရှိသည့်အနက် တစ်လုံးက အမြဲတမ်းမောင်းနေရမည်ဖြစ်ပြီး ကျန်အခြားတစ်လုံးကအရံတစ်လုံး၊ အသင့်အနေအထားမှရှိနေရမည်ဖြစ်သည်။ မောင်းနေသည့်စက်အကြောင်းတစ်စုံတစ်ခုကြောင့်ရပ်သွားပါက အရံတစ်လုံးက အလိုအလျှောက်မောင်းနှင်ရမည်ဖြစ်သည်။
အရံတစ်လုံး ကွန်ပြူ တာပေါ်မှာအလိုအလျှောက်ထမောင်းလိုက်သည်ကိုမြင်တွေ့ ရသည်နှင့်"ဘယ်သို့ ကြောင့်များ ရပ်သွားရသည်လဲ"အသေးစိတ်သိနိုင်ရန် စက်များထိုင်ထားသည့်နေရာသို့ဆင်း၍စစ်ဆေးရစမြဲ။
ကွန်ထိုးဘုတ်ပေါ်တွင် စနှစ်အမှားတစ်ခုကိုတွေ့လိုက်ရသည်။မီး အဝင်တစ်လိုင်းပျောက်နေချေပြီ။သူ့ အထက်ကအရာရှိဆီသတင်းပို့လိုက်ပြီးအရံတစ်လုံးကိုအဓိကနေရာသို့ ပြောင်းရွေ့မောင်းနှင်ထားလိုက်သည်။ ရပ်သွားသည့်စက်ကိုပိတ်ကာ မိန်းအဝင်ခလုတ်အား သူ သော့ခတ်ပြီး စက်ခန်းအတွင်းမှပြန်ထွက်လာခဲ့ သည်။
ထိခိုက်မိသွားသည့်လက်ခလယ်နှင့်လက်ညိုးက ပို၍နာကျင်လာသလိုခံစားရသည်။
ဒီမတော်တဆထိခိုက်မှုကို သူ အခြားသူတစ်ဦးတစ်လေကိုမျှ ပြောပြ၍မဖြစ်၊ တော်တော်ကြာအဆင့်ဆင့် မတော်တဆထိခိုက်မှု အစီရင်ခံစာအဆင့်ဆင့်တက်သွားမှဖြင့်အလုပ်ရှူ ပ်ကြပေတော့မည်။ စင်္ကာပူနိုင်ငံ၏လူ့ စွမ်းအားဝန်ကြီးဋ္ဌာန၏ ဥပဒေအတိုင်းဆောင်ရွတ်ရကြသည်ချည်း။
"လက်ကလေးနှစ်ချောင်းကိုဘယ်သူ့မှမမြင်အောင်ဖွတ်ထားအုံးမှ ”နာကျင်နေသောဒဏ်ရာကြောင့်ကြိတ်မှိတ်ခံစားရင်းမျက်ရည်များဝှေ့ဝဲမကျလာအောင် သတိထားနေလိုက်ပြီး၊ ရုံးခန်းဆီသို့ သူပြန်ဝင်သွားသည်။
"တော်ပါသေးရဲ့"၊ တစ်နေကုန်ရုံးဆင်းသွားကြသည့်တိုင် မည်သူ့ မှသူ့လက်ကိုသတိမထားမိလိုက်ကြ။
စက်ရုံကအိမ်အပြန်လမ်းမှာတော့ထိခိုက်မိသွားသည့် လက်နှစ်ချောင်းကိုကြည့်ပြီးရပ်ဝေးဆီမှသားဆီ သူစိတ်ရောက်နေမိပြန်သည်။
အေးစိမ့်စိမ့် သစ်ပင်မြင့်မြင့်ကြီးဆီများမှ တိုက်ခတ်လာသည့်လေပြည်ကလေးများကတော့ သူ့ ရင်အပူ ကူ၍ငြိမ်းနိုင်လိမ့်မည် မဟုတ်နိုင်ပါ။
ဘာလိုလိုနဲ့ ယခုလုပ်ကိုင်နေသည့်စင်ကာပူနိုင်ငံနှင့်ပါဆိုပါလျှ င် နိုင်ငံရပ်ခြားတွေချည်းမှာပဲ အလုပ်တွေလှည့်လည်လုပ်နေခဲ့တာဆယ်နှစ်တောင်ကျော်ခဲ့ပြီပေါ့။
********
နှစ်။
"မင်းမှာ သားတစ်ယောက်ရှိလာပြီ။မင်း  မြန်မာပြည်မှာ စီးပွါးရေးလုပ်စားလို့မရဘူးကွ။ဘာလို့ ဆိုတော့ ကွာ၊မင်းမှာ သနားတတ်တယ်၊လူတွေကို ငှဲ့ ညှာတတ်တယ်။ ဒါကြောင့်မင်းစီးပွါးရေးလုပ်စားလို့ မရဘူး။ စီးပွါးရေးလုပ်တယ်ဆိုတာရက်စက်တတ်ရတယ်၊ ပြတ်သားရဲရတယ်။ဒီတော့ ငါ ကောင်းသောအကြံပေးမယ်ကွာ၊မင်းဆိုင်ကိုဖြုတ်ပစ်ပြီး နိုင်ငံခြားသာထွက်ပြီး အလုပ်သွားလုပ်တော့"
ပြတ်သားစွာ ဆုံးမပြောကြားသွားသည့်ဦးလေးဆရာဝန်ပြောသည်ကစင်စစ်အမှန်ပင်ဖြစ်သည်။အိမ်ထောင်ထူထောင်စ စက်ရုံကလေးတစ်ခုမှ သူတို့ ဇနီးမောင်နှံအလုပ်ကထွက်ခဲ့ကြပြီး ရန်ကုန်မှပဲခူးမြို့ သို့ အဝင် လမ်းမကြီးဘေးတွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကလေးနှင့်တွဲ၍ဘက်ထရီ အားသွင်းပေးခြင်း၊အိမ်သုံးဘယ်ထရီအိုးများငှားစားခြင်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရလေသည်။
သူ အမှီအားထားပြု ရသည့်ရပ်ကွက်ကလေးကတစ်နေ့ လုပ်မှတစ်နေ့စားရသည့်ရပ်ကွက်သူရပ်ကွက်သားများဖြစ်သည်။ နေဝင်ပျိုးပြတ်မိုးစချူ ပ်ချိန်မှသာဘက်ထရီအိုးကလေးကိုယ်စီကိုယ်ငှလာယူတတ်ကြသည်ချည်။ ပြီးတော့ တစ်ရက်အငှားခ တစ်ရက်မှန်မှန်မပေးနိုင်ကြ၊ ဒီကတည်းလပေးငှားကြသည့်သူများလည်းရှိသေးသည်။
အချိန်တန်လကုန်ပြီဆိုလျှင်ဆိုတော့သူတို့ ပုံမှန်ရက်အတိုင်းမပေးနိုင်ကြ၊ တစ်ဝက်ပေးသည့်သူနှင့်၊ တစ်ချို့ နောက်လမှပေါင်းယူပါဆိုတာကတစ်မျိုး၊ နောက်လတောင်းမည်ဆိုပြန်တော့ လကုန်ရက်မတိုင်မီ သူတို့ ငှားနေခဲ့သည့်ဘယ်ထရီအိုးကလေးအား လာမယူတော့။အခြားဆိုင်ပြောင်းငှားသွားကြပြန်ပြီ။
သည်သို့ ဖြင့်သူ စီးပွါးရေးအကျိုးအမြတ် နလံမထူနိုင်တော့။
သားအရွယ်လူလားမမြောက်မီ ဦးလေးဆရာဝန်ဆုံးမသည့်စကားအတိုင်း ဆိုင်ကလေးကိုဖြုတ်၍ ပြည်ပနိုင်ငံတစ်ခုခုကို အလုပ်ထွက်လုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
သူ၏အတတ်ပညာ ဒီပလိုမာကလေးတစ်ခုဖြင့်ပြည်ပထွက်ဖို့ကသိပ်တော့ ထင်သလို မလွယ်ကူလှ။အလုပ်လွယ်သည့်နိုင်ငံတစ်ခုကိုသာ သူငယ်ချင်းတစ်ဦးထံ အကူအညီတောင်းရင်း သူငယ်ချင်းလုပ်နေသည့်ကာတာနိုင်ငံကိုသာစတင်ထွက်လုပ်ဖြစ်သည်။
သူ ပြည်ပစထွက်ကာစက သူ၏သားအကြီးအသက် နှစ် နှစ်သားအရွယ်။
မင်္ဂလာဒုံလေဆိပ်၌ အမေနှင့် သားလိုက်ပို့ စဉ်ထွန့်ထွန့့် လူးစွာ ငိုကြွေးရင်း ကျန်နေခဲ့သည့်သားကို သူစိတ်မကောင်းစွာပြန်ကြည့်ရင်း "သားအတွက်၊ သားအနာဂါတ်အတွက်ပါကွယ်"ဟု စိတ်မှတီးတိုးရည်ရွတ်ရင်းလေယာဉ်အထွက်၌မျက်ရည်တစ်စက်ပေါက်ကနဲလွင့်စင်ကျသွားသည်။
နုးညံ့ပျော့ပျောင်းနေသေးသည့်သူ့ လက်ချောင်းရှည်ရှည်ကလေးတွေကို ကြည့်ရင်း သားအတွက် ၊ဒီလက်တွေကိုအရင်းတည်ရဦးမည်။
*******
သုံး။
ကာတာနိုင်ငံ၊ ဒိုဟာမြို့ ကို သူရောက်စကဖြစ်သည်။
ရာသီဥတုက အပူချိန် ၅၀ဒီဂရီစင်တီဂရိတ်ရှိသည်မို့  အပြင်ထွက်တိုင်း ချည်သားအင်္ကျီအဖြူ ၊ ဦးထုပ်ဘေးတစ်ဘက်ဆီတွင်အဖြူ ရောင်ချ ည်ပိတ်စချ၍ အပြင်ထွက်မှသာ အပူဒဏ်ခံနိုင်ရည်ရှိလှတော့သည်။ ညကိုးနာရီဝန်းကျင်နောက်ပိုင်းများမှသာ စားစရာဈေးဝယ်ထွက်၊ ဒါမှ မဟုတ် ဟိုအနား ဒီအနား သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ထွက်နိုင်ပါတော့သည်။
အွန်လိုင်းပေါ်သူ့ ဇနီးနှင့်တွေ့ဆုံချိန်တိုင်းဗီဒီယို ဖြင့်ပြောနိုင်သည့် ( v z o  call ) မှ ပြောကြသည့်အကြိမ်တိုင်း သားကြီးကိုသူမ ခေါ်လာတတ်သည်။သားကြီး၏ ကြီးထွားမှု့ နှုန်းကိုပြသရင်းဖခင်ဖြစ်သူ သူ့ကို အားအင်တွေ ပေးတတ်လေသည်။
ဘာလိုလိုဖြင့်  ..သားတောင်လမ်းကောင်းကောင်းလျှောက်နိုင်၊ စကားကောင်းကောင်းပြောတတ်လာသည့်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သည်။
ရာသီ မည်မျှပင် ပူပါစေဦးတော့မြန်မာနိုင်ငံတွင်မရနိုင်သေးသည့်လစာမို့  စာချူ ပ်ကာလပြည့်အောင်အထိ သူလုပ်နိုင်ဖို့ ကြိုးစားဆုံးဖြတ်လိုက်သည်။ သူလုပ်ကိုင်ရသည့် အလုပ်ကလည်း အလွန်ခက်ခဲသည့်အလုပ်မျိုးမဟုတ်၊အာရှအဆင့်မီအားကစားကွင်းကြီးရေရှည်မပျ က်မစီးအောင်ပြုပြင်ထိမ်းသိမ်းပေးရသည့်ပြင်ထိမ်းလုပ်ငန်းဖြစ်သည်။ပြည်ပတွင်မလုပ်ဖူးခဲ့သူမို့ အစတွင်သာ အခက်အခဲရှိခဲ့သည်။နောက်တော့လည်း ကွန်ပျူ တာစနစ်ဖြင့်ချိတ်ဆက် မောင်းနှင်နိုင်အောင်ပြု လုပ်ထားသည့်ကွန်ထရိုးများကိုကောင်းမွန်စွာကိုင်တွယ်တတ်လာခဲ့ပြီ။
မြက်ခင်းပြင်များအား အချိန်နှင့်အလိုအလျှောက်ရေပက်ဖြန်းပေးသည့်စနစ်များကိုလိုအပ်သလို သူ အချိန်ပြောင်းလဲပေးနိုင်နေပြီ။  
ပူပြင်းခြောက်သွေ့လွန်းသည့်ကန္တာရမြေပေါ်၌ မိသားစုဘဝအရေးအတွက်ကြိုးစားအလုပ် လုပ်ရင်း ရပ်တည်ရှင်သန်နေရခြင်းမှာပျော်သည့်နေ့ ဟူ၍မရှိခဲ့ပါ။ သြော ..ပျော်ရာမှာ မနေရ၊တော်ရာမှာနေရသောဘဝမို့ တစ်လရရှိခံစားရသည့်လစာငွေကာတာရယ်ရွယ်ငွေစက္ကူ ရွက်ကလေးများကို မြန်မာကျပ်ငွေများဖြင့်အချိုးချ ရင်းဖြင့်အမိမြန်မာ့မြေမှ ခွဲခွါလာခဲ့ရသည်မှာတစ်နှစ်ကျော်ခဲ့ပါပြီကော။
ရံဖန်ရံခါ အလုပ်နားရက် နံနက်ခင်းများတွင်တန်းဆွမ်းရှည်ကြွလာသည့်သံဃာတော်များကို သတိရတတ်သည်။ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများမရှိသည့်နိုင်ငံမို့  ရဟန်းသံဃာတော်နှင့်ကင်းဝေးစွာနေထိုင်ရခြင်းက လွတ်မြောက်ချင်လှပြီ။
"ကိုယ့်ဘာသာ၊ကိုယ့်သာသနာနဲ့ ကင်းဝေးစွာနေထိုင်ရခြင်းကို ဘယ်သူကများနှစ်သက်နိုင်မှာသတဲ့လဲ"လေ။
စာချူ ပ်သက်တမ်းပြည့်လျှ င်တော့ ကိုယ့်မွေးရပ်မြေမြန်မာနိုင်ငံသို့  ခဏပြန်ပြီး အခြားနိုင်ငံပြောင်းရွှေ့ လုပ်ဖို့  သူဆုံးဖြတ်လိုက်သည်။သားအတွက်၊ ကိုယ်တတ်ကျွမ်းသည့်အတတ်ပညာဖြင့်ရိုးသားစွာပျံသန်းခွင့်ကလေးရှိခိုက် အတောင်မညောင်းခင်ထိပျံသန်းရပါဦးမည်။
"မျိုးဆက်ရှိလာရင် ကိုယ့်မျိုးဆက်ရှင်သန်ဖို့  တာဝန်ယူရမှာပဲလေ။အပင်စိုက်ရင် အပင်ရှင်သန်ကြီးထွားလာပြီး အကိုင်းအခက်တွေဝေဆာလာယုံနဲ့ ပြီးသတဲ့လား။ အဖူး အပွင့်တွေအထိပြု စုပျိုးထောင်ရမယ်။ ပြီးတော့ရော..ကိုယ်စိုက်တဲ့အပင်လေးကိုယ်ပြုစုပျိုးထောင်ခဲ့သလိုဖြစ်ခဲ့ရင်တောင် ပီတိတွေနဲ့ ခံစားရင်း လေဒဏ် မိုးဒဏ် ကြံ့ ကြံ့ ခိုင်နိုင်အောင်ဂရုစိုက်ရမှာပဲလေ။ ကိုယ့်မျိုးဆက်လည်း ဒီသဘောပါပဲ"
အဝေးဆုံးခရီးကို ကြို တွေးနေရင်းမှကန္တာရနွေအပူထဲ  ဘက်ထရီးအားဖြင့်မောင်နှင်ရသည့် ကားကလေးကိုသစ်ပင်ပုပုအရိပ်ကလေးဆီမှ အားကစားကွင်းတစ်ပါတ် လှည့်လည်စစ်ဆေးဖို့ထွက်လာခဲ့သည်။
*********
လေး။
" ညီလေးရေ...ဘယ်လိုများ ဒီအပင်တွေ ဒီလိုကန္တာရကြီးမှာရှင်နေရတာလဲကွာ။အစ်ကိုက ညီတို့ ထက် ခေတ်ပညာတတ်ဆိုပေမယ့်  ညီတို့ လက်တွေ့ ပေါင်းသင်၊မြေသြေဇာထည့်သူတွေလောက်ဘယ်သိနိုင်ပါ့မလဲ။ အစ်ကိုတို့ အလုပ်က သတ်မှတ်ပေးထားတဲ့အပင်တွေရေဖျန်းချိန်အတိုင်း အလိုအလျောက်အဖွင့်အပိတ်အချိန်၊ ချိန်ပေးတတ်တာပဲရှိတာ"
" အစ်ကိုရေ..ကျွန်တော်တို့က အလုပ်သမားတွေပါ။ စိုက်ပျိုးရေးပညာရှင်တွေနဲ့  တိုင်ပင်ပြီးဒီဥယျာဉ်ကြီးဖြစ်လာတာပါ။ အပင်တွေက ဒီမှာပျိုးတာ မဟုတ်ဘူး အစ်ကိုရဲ့။တစ်ချို့ အပင်တွေဆို ကျွန်တော်တို့ မြန်မာနိုင်ငံကတောင်ပါတယ်။ အပင်လိုက်သယ်လာပြီး..... ကျွန်တော်ထင်တယ် ခြောက်ပေပတ်လည်လောက်တူးထားတဲ့ တွင်းထဲကို မြေကြီးနဲ့ အတူမြေသြေဇာစပ်ပြီးအပင်လိုက်စိုက်ချ လိုက်တာ။ အစ်ကို အခုမြင်နေရတဲ့အတိုင်းပဲ အရိပ်ရ အပင်တွေရော၊ စားပင်တွေရော သီးစေ၊ပွင့်စေ၊အရိပ်ရစေပေါ့ဗျာ။ "
လူငယ်ကလေးကရယ်ကျဲကျဲ မျ က်နှာကလေးနှင့် ကျွန်တော့် အား သိသလောက်ရှင်းပြပြီး အာလူးဟင်းရည်ကို ရိုတီတစ်ချ ပ်ဖြင့်မြိန်ရှက်စွာဆက်စားနေပါတော့သည်။
သူနှင့် အတူ သူတို့ ၏ဘဝများကတော့ ရည်ရွယ်ချက်ကိုယ်ဆီ၊ ဖြတ်သန်းမှု ခြင်းကိုယ်ဆီဖြင့် မိသားစုအခက်အခဲကိုယ်ဆီတို့ မှ လွတ်မြောက်လိုခြင်းအတွက် ကန္တာရထဲကနွေကို ရင်ဆိုင်နိုင်စွမ်းရှိနေပြီ။ နွေနေအရှိန်ဖြင့်နေလောင်ခံထားရသည့် လက်အရေပြားများကိုပင် သားအတွက် အရေပြားညစ်နွမ်းစေခဲ့ရပါမှု အရှည်သဖြင့် သန်မာစွာလက်နှစ်ဘက်လုပ်ကိုင်နိုင်ဖို့ ကိုသာ ဂရုတစိုက်ရှိစေခဲ့သည်။
စာချူ ပ်သက်တမ်းပြည့်သည့်နေ့က သူ ပျော်ရွှင်ကြည်နုးနေမိသည်။ မိသားစုနှင့် အနည်းဆုံးတော့သုံးလခန့် အတူပြန်နေပြီးကာမှ အခြားနိုင်ငံတစ်ခုခုသို့ ပြန်ထွက်ရန် သူ ဆုံးဖြတ်ထားသည်။မြန်မာနိုင်ငံပြန်ရောက်လျှင်တော့  သူ့ သားကလေးနှင့်သူ နွေးနွေးထွေးထွေးပြန်နေနိုင်တော့မည်။သူ နိုင်ငံရပ်ခြားပြန်မထွက်ခင်အခိုက်အတန့် ကလေးမှာတော့သူနေထိုင်သည့်ရပ်ကုန်မြို့ နှင့်ခပ်လှမ်းလှမ်းက နယ်မြို့ ကလေးမှာ ဆိုက်ကယ်တစ်စီးနှင့်အပြင်ထွက်တိုင်းသားကိုအမြဲလိုလို ခေါ်တင်သွားမည်ဟုသူစိတ်ကူးထားသည်။
ကာတာနိုင်ငံမှ သူအပြီးပြန်လာသည့်နေ့ကဖြစ်သည်။                                                                                                                                                                       မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်အပေါ်ထပ်လှေကားများမှ အဆင်း လက်ဝှေ့ ရမ်းပြနေသည့်သားနှင့် သူ၏ဇနီးကို လှမ်းမြင်လိုက်ရသည်။သားနှင့်ဇနီးအား သူ လက်ဝှေ့ ရမ်းပြန်ပြပြီးကြည်နုးမိသည်။မျှော်လင့်ခြင်းတို့ နှင့်ပြန်လည်တွေ့ ဆုံနေလိုခဲ့သည့်သားနှင့်ဇနီးဆီလွမ်းရ တမ်းတနေခဲ့ရသောအချိန်ကလေးများကို ယခုတော့ဖြင့် မလိုအပ်တော့မည်မို့ ဘယ်သူ မပျော်ရှိနိုင်ပါ့မည်ပ။
လူဝင်မှု့ ကြီးကြပ်ရေးစစ်ဆေးမှုကို ခံယူပြီးသည်နှင့် လေယာဉ်ခရီးစဉ်နှင့်အတူ ပါလာသည့် ခရီးဆောင်အိတ်များကို အကောက်ခွန်စစ်ဆေးရာနေရာတွင်ထပ်မံ အစစ်ဆေးခံရပြန်သည်။ ပြီးမှ သားနှင့်ဇနီး တန်းစီဆောင်ကြို နေသည့် မှန်တံခါးအနီးသို့ သူရောက်လာခဲ့တော့သည်။သူ၏ ဇနီးက သူဆွဲလာသည့်အိတ်ကိုလွှဲပြောင်းယူလိုက်သည်နှင့်သားကို သူလက်နှစ်ဖက်ဆန့်ထားပေးလိုက်သည်။ ဝမ်းသာအားရဖြင့်အသင့်လက်နှစ်ဖက်အတွင်း"ဖေဖေ"ဟု သားပါးစပ်မှ အားကုန်အော်ဟစ်ကာလက်အမြှောက် အပင့်၌အလိုက်သင့် သူ့ ပုခုံးပေါ်မေးကလေးတင်လျှ က်ငြိမ်သက်စွာ။
မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အငှားကားလေးဖြင့်နယ်မြို့ ကလေးကို ဖြတ်သန်းလာရင်း အဝေးပြေးကားလမ်းမကြီး၏တစ်ဘက်တစ်ချပ်ဆီမှ အစိမ်းရင့်ရင့် စပါးပင်များကစိတ်ကိုကြည်လင်အေးမြစေသည်။သား၏ဦးခေါင်းကလေးကတော့သူ့ ပေါင်ပေါ်မှာတင်လျှက်နှစ်ခြို က်စွာအိပ်မောကျနေပြီ။
"ကိုယ်ရေ..အပြီးပြန်လာတာကတော့ဟုတ်ပါပြီ။ ဘာလုပ်စားဖို့ များစိတ်ကူးရှိထားသလဲကိုယ်ရယ်"
"မပြန်လာခင်ရက်တွေကတည်းက စဉ်းစားထားပြီးပါပြီကွာ။ အရင်းအနှီးနည်းနည်းနဲ့လည်းဘာမှ ရင်းနှီးလုပ်ကိုင်လို့လည်းအစဉ်မပြေနိုင်သေးဘူးဆိုတာ သိပါတယ်။                                      ကုမ္မဏီတစ်ခုခုမှာဝင်လုပ်ရင်လည်း လစာကအများဆုံးရမှ ငါးသောင်းကျော် ခြောက်သောင်းလောက်ပဲရမှာ။ပြီးတော့ဒီနှစ်က ကမ္ဘာ့စီးပွားရေးကျနေချိန်လည်း ဖြစ်နေတော့နိုင်ငံခြားအလုပ်အကိုင်ခေါ်ဆိုတာတွေလည်း ကျ ပ်တည်းလိမ့်မယ်။ နောက်မှစဉ်းစားတာပေါ့ကွာ။ ဘာပဲ                                                ဖြစ်ဖြစ်နောက်မှ စဉ်းစားတာပေါ့ကွာ နော်။ လောလောဆယ်တော့ သားနဲ့  သုံးလလောက်နေပါရစေကွာ"
ဇနီးဖြစ်သူ၏ ကြည်ဖြူ စွာလက်ခံခြင်းပြီးနောက် သားနှင့်အတူ နီးနီးကပ်ကပ်နေခွင့်ရခဲ့သည်။ သား မူကြို ကျောင်းသွား၊ ကျောင်းပြန် ဆိုက်ကယ်ကလေးနှင့်သူ ကြို ပို့ လုပ်ပေးလေ့ရှိသည်။ သား မူကြို ကျောင်းပိတ်ရက်များ၌သားနှင့်အတူ ကလေးကစားကွင်းများကို သူလိုက်ပို့ ပေးတတ်သည်။ သား၏ ပျော်ရွှင်ကြည်နုးစွာရှိနေခဲ့ သည့်မျ က်နှာကလေးကို သူ တွေတွေ ငေးငေးကလေးကြည့်နေခဲ့မိသည်။
*********
ငါး။
" ခင်ရေ....သူငယ်ချင်းကတော့ ရေနံကုမ္မဏီကြီးတစ်ခုကအလုပ်ခေါ်နေပြီတဲ့။ စိတ်ဝင်စားရင်နှစ်ယောက်အတူလျှောက်ပြီးရရင် သွားလုပ်ရအောင်တဲ့။                                            ဒါပေမယ့်ကွာ၊ ဘယ်ဘဝက အကျိုးပေးလည်းတော့မသိဘူး။ အပူပိုင်းဒေသ၊ အစ်ကို အရင်သွားလုပ်တဲ့နိုင်ငံနဲ့ ကပ်နေတဲ့ဆော်ဒီအာရေဗျ နိုင်ငံတဲ့ကွာ။                                             လစာကတော့ကောင်းတယ်။ ရခဲ့ရင်တော့ စာချူ ပ်ကအနည်းဆုံးနှစ်နှစ်ချူပ်ရမှာတဲ့။ ကမ္ဘာ့စီးပွါးရေးကလည်းကျ နေလေတော့ စင်္ကာပူအလုပ်ကိုစောင့်မနေတော့ပါ                                        ဘူး။ ဒါပဲ သူငယ်ချင်းနဲ့ အတူ လျှောက်ထားလိုက်တော့မယ်။ ဘယ်လိုသဘောရသလဲကွ "
"ကိုယ်ရေ....ငယ်တုန်းကြိုးစားရှာထားတာ ကောင်းပါတယ်။ အသက်ကြီးမှဆို ကျန်းမာရေးလိုက်မမီမှဖြင့် ....”
သူငယ်ချင်းနှင့်အတူဆော်ဒီအာရေဗျနိုင်ငံ ရေနံကုမ္မဏီတွင် သွားရောက်အလုပ်လုပ်ရန် လျှောက်ဖြစ်သွားသည်။                                                                                              
အလုပ်နေရာလွတ်များ၊များစွာလစ်လပ်နေသောကြောင့်ပေလားပင်မသိပါ။ အွန်လိုင်း အင်တာဗျူးပင် ကုမ္မဏီဘက်မှမလုပ်တော့။ အီးမေးလ်ဖြင့်အလုပ်လျှောက်လွှာတင်ပြီးဆယ်ရက်မြောက်သည့်နေ့တွင်ပင် ကုမ္မဏီမှ သတ်မှတ်ပေးလိုက်သည့်လစာ၊ ခံစားခွင့်ဆုကြေးငွေ၊ခွင့်ရက်သဘောတူညီပါက အလုပ်ခန့် စာနှင့်အတူ လေယာဉ်လက်မှတ်ပို့ ပေးမည့်အကြောင်းအီးမေးလ်ဖြင့်ပြန်စာလက်ခံရရှိပြီဖြစ်သည်။
သူငယ်ချင်းနှစ်ယောက်အတူသွားရောက်လုပ်ကိုင်ဖို့  သသောတူဆုံးဖြတ်လိုက်သည်။
သည်ရက်ပိုင်းအတွင်း သားကို သတိထားဆက်ဆံမိသည်မှာ ယခင်နေ့ များကဲ့ သို့ မဟုတ်၊ မျက်နှာထားမှုံတေတေဖြင့်အိမ်သားများအားလုံးအပေါ် ပေသိပေကပ်လုပ်လာတတ၊ဂျီကျလာတတ်ပြီ။ သူ့ အပေါ်တွင်ရော သူ့ အမေ သူ့ အဖွားလုပ်သူများပါ မကျန် အလိုမကျ ဆိုးနွဲ့ မှုများကရုတ်ချည်းပြောင်းလဲလာသည်။ နံနက်ခင်း သူ မူကြိုကျောင်းကလေးသို့ လိုက်ပို့လျှင် ပြုံးပျော်စွာ ဆိုက်ကယ်လက်ကိုင်ကလေးကိုကိုင်ရင်းသူနှင့်အတူရှေ့ မှာထိုင်စီးနေကြ၊ ယခုတော့ဖြင့်သူ့ နောက်ကျောသို့ ပြောင်းထိုင်ကာမှင်သေသေဖြင့် သားနေနေပြီ။
"ခင်၊ မင်း..သားကို ဘာတွေပြောထားမိသေးလဲ။ သားက အရင်လိုမဟုတ်တော့ဘူး။ ဘုတိုက်နေပြီကွ၊သွက်သွက်လက်လက်လည်းမရှိတော့ဘူး။ သား ဘာစိတ်အနာတရရှိသွားပါလိမ့်နော်"
" ကိုယ်ရေ...ကိုယ် နိုင်ငံခြားပြန်ထွက်ပြီး အလုပ်သွားပြန်လုပ်အုံးမယ်ဆိုတဲ့လူကြီးတွေပြောနေဆိုနေသံကိုကြားလို့ ဖြစ်မှာထင်တယ်။ သားက ကိုယ့်ကိုသိပ်ချစ်တာ၊ ပြီးတော့ သူတို့ မူကြိုကျောင်းမှာကျောင်းတက်ချိန်၊ ဆင်းချိန် သူများအဖေတွေလာကြိုသလိုသူ့ကို ကိုယ်နေ့တိုင်းလာမကြို၊လာမပို့ နိုင်မှာကိုကြိုတွေးနေပြီး ကြိတ်ဝမ်းနည်းနေလို့ ဖြစ်မယ်ထင်တယ်။ ကိုယ်သွားမယ့်သာသွားပါ၊ခင် တစ်ဖြေးဖြေးချင်းနှစ်သိမ့်ထားပေးပါ့မယ်။ကလေးဆိုတော့တစ်ခဏပဲ ဖြစ်မှာပါကိုယ်ရယ်"
သူ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ခွါမည့်နေ့ကဖြစ်သည်။                                                                                                                                                                
သားနှင့်အတူ ချစ်ဇနီးခင်ပါ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပို့ ခဲ့ ကြသည်။ လေဆိပ်အတွင်း သူဝင်မည့်အချိန် သားကို ပွေ့ ချီလိုက်ပြီးသူ နမ်းရှုပ်လိုက်သည်။သား၏မျက်လုံးအိမ်အတွင်းဆီက မျက်ရည်များပေါက်ကနဲ သူ့ အင်္ကျီပေါ်သို့ ကျလာပြီး မကြာလိုက်ပါ။ ရှိုက်ကြီးတစ်ငင်ဖြင့် ထပ်ခါထပ်ခါ ငိုးကြွေးနေပါတော့သည်။
"သားရယ်၊ဖေဖေက ခွင့်ရတာနဲ့ ပြန်လာမှာပါ။ အကြာကြီး သားနဲ့ မခွဲပါဘူးသားရယ်။ သားကြီးလာရင် သားအတွက်၊ သားအနာဂတ်အတွက် ဖေဖေ ယခုလိုအလုပ်ကိုင်သွားလုပ်ရတာသား သိလာမှာပါ။ ဖေဖေ့ ရဲ့  ဟော့ဒီ့လက်တွေကသားအတွက်ဖြစ်စေရမယ့် သား"
လေဆိပ်အတွင်းသို့ ဝင်ရတော့မည့်အချိန်ဂိတ်တံခါးဖွင့်မည်မို့ ဝမ်းနည်းစွာငိုကြွေးနေသည့်သားမျက်နှာပြင်ပေါ်ကမျက်ရည်စများကို သူ လက်ကိုင်ပုဝါကလေးဖြင့်သုတ်ပေးရင်း ခင့်ကိုနုတ်ဆက်ကာ ထွက်ခွါခဲ့ရလေသည်။
သားနှင့်ခင့်ကို မြင်လို့ ရလောက်သေးသည့်နေရာအထိ သူကြည့်ရင်းလက်ဝှေ့ ရမ်းပြခဲ့သေးသည်။ "သား ဘယ်သို့ ရှိနေမည်လဲ။ လွမ်းဖျားများ ဖျားနေရော့မည်လား" ငွေကြေးမပြည့်စုံသည့်ဘဝကို နာကြင်စွာခံစားမိသည်။ နိုင်ငံထဲတွင် သာမန်လူတစ်ယောက်လုပ်စာကို အခြားသုံးယောက်မှီခို၍မရနိုင်ခြင်းက မိတစ်ကွဲဖတစ်ကွဲ ကွဲစေသောအကြောင်းအရာတစ်ခုဟုဆိုလျှင်မှန်ပါလိမ့်မည်။ သူလို လူများ ထောင်၊သောင်း၊သိန်းဂဏန်းမကမိသားစုနှင့်ခွဲခွါကာ ပြည်ပသို့ ထွက်ခွါအလုပ်လုပ်ကိုင်နေရခြင်းက ခေတ်၏စနစ်ကို မပြောင်းလဲနိုင်တရွေ့ရှိနေကြဦးတော့မည်။
******
ခြောက်။
သူ အလုပ်လုပ်ရသည့်ရေနံမြေစက်ရုံကြီးက ဆော်ဒီနိုင်ငံ၊ရွီရတ်မြို့ နှင့်မိုင်နှစ်ဆယ်အကွာခန့်တွင်ရှိသည်။                                                                                                     သူနှင့်သူငယ်ချင်းက စက်ရုံအနီးကဘန်ဂလိုပုံစံအဆောက်အဦးတစ်ခုတည်းတွင် တစ်ယောက်တစ်ခန်းဆီ။ သူက အေအခန်း၊ သူငယ်ချင်းကဘီအခန်း၊ အဆောက်အဦးတစ်ခုတွင်အခန်းလေးခန်းပိုင်းခြားသတ်မှတ်ထားသည်မို့အခြားစီအခန်းနှင့်ဒီအခန်းကတော့မည်သူများရောက်လာမည်သူမသိ။ အစားအသောက်၊အဝတ်လျှော်၊မီးပူတိုက်ရသည်မှအစ အပြင်သွားရေးလာရေးကိုပါ ကုမ္မဏီမှတာဝန်ယူပေးထားသည်။
ဇနီး ခင်နှင့်သားဆီဖုန်းမဆက်ဖြစ်သည်မှာ ရက်ပင်အတော်ကြာနေချေပြီ။ ဒီနေ့နားရက်မို့  ခင်နှင့်သားဆီ စိတ်ရောက်နေသည်။ အသင့်ကြို တင်ဝယ်ယူထားခဲ့သည့်ပြည်ပခေါ်ဆိုသည့်ဖုန်းကဒ်အသင့်ရှိနေသည်မို့  ဖုန်းဆက်ရန်သူ ကဒ်ကုတ်နံပါတ်များရိုက်သွင်းလိုက်သည်။
"ခင်ရေ..သားရော မင်းပါ နေကောင်းကြရဲ့လား။ ကိုယ်တော့ရာသီဥတုပူတာချည်းကိုကြောက်ပြီး အပြင်ထွက်မလည်ဖြစ်ဘူး။ သားရော..လာမယ့်နှစ်ကျောင်းကြီးတက်ရတော့မယ်ဆိုတော့ သားကို မူကြိုမှာကတည်းက စာတွေလိုက်နိုင်အောင် အလေ့အကျင့်လုပ်ထားနော်။ သားေ ရာ ..လန်းလန်းဆန်းဆန်းရှိရဲ့လား ခင် "
"ကိုယ်ရယ်....သားကိုကြည့်ရတာ တစ်မျိုးပဲ၊ တစ်ခါ တစ်ခါ ဘာရယ်မဟုတ်ပဲ သူ့ ဘာသာသူရယ်နေတတ်တယ်။ ခင်ကမေးရင် ဖေဖေ့ကိုသတိရရပြီး ရယ်နေတာသတဲ့"
ထိုနေ့က သားအကြောင်းမေးပြီး သူအိပ်မပျော်ခဲ့ပါ။" သား ငယ်ငယ်လေးနဲ့ များ ဦးဏှောက်နဲ့  အာရုံကြောထိခိုက်သွားပြီလား။"တော်ပါသေးသည်၊အိပ်မပျော်ခဲ့သည့်ညအတွက် နောက် တစ်ရက်က နားရက်ဖြစ်နေသောကြောင့်ဖြစ်သည်။ သူ ဆော်ဒီအာရေဗျ ၊ ရေနံချက်စက်ရုံကြီး၌အလုပ်လုပ်နေစဉ်အတွင်း တစ်လ နှစ်ကြိမ်ခန့် လောက်တော့ဖုန်းဆက်တတ်သည်။ ဖုန်းဆက်ချိန်များထဲတွင်ရံဖန်ရံခါဆိုသလို သားနှင့်သူ စကားပြောတတ်သည်။ သား၏စိတ်ပိုင်းဆိုင်ရာက ပုံမှန်မဟုတ်၊ သူ လိုလိုလားလားပြောချင်သည့်အချိန်များမှလွဲ၍ အချို့ အချိန်များတွင် ဘာမျှ ပြန်မပြောပဲ၊ မည်သူတစ်ဦးတစ်ယောက်ဆီကိုမျှလည်း ဖုန်းမပေးပဲ ပိတ်ပစ်သွားတတ်သေးသည်။
သားသာစင်စစ် အသက်အရွယ်ငယ်ငယ်ကလေးနှင့်ဦးဏှောက်နှင့် အာရုံပိုင်းဆိုင်ရာချို့ ယွင်းသွားပါလျှင်တော့ သားအတွက် သူကြိုးစားရှာဖွေခဲ့သမျှ အချည်းအနှီးဖြစ်ရလေတော့မည်။ အနာဂတ်မျှော်လင့်ချက်တို့ ပျောက်ဆုံးရပေတော့မည်။ မြန်မာနိုင်ငံနှင့်အလွန်ဝေးကွာနေသည့် နိုင်ငံသို့ရွေးချယ်ထွက်လာခဲ့ခြင်းက သူမှားပြီလား။ မည်သို့ ပင်ဖြစ်စေ ခွင့်မတင်တော့ပဲ နှစ်နှစ် စာချူ ပ်အပြီး သူ အပြီးပြန်ဖို့ ဆုံးဖြတ်ခဲ့ သည်။
သားတောင် ကျောင်းကြီး၌ သူငယ်တန်း စတက်နေပြီ။                                                                                                                                                                       ခင်ကတော့ သူမှာသည့်အတိုင်း သားကိုဂရုစိုက်ရှာလှသည်။ ကျောင်းတက်ချိန်၊ ကျောင်းလွှတ်ချိန်ပင် မက ထမင်းစားလွှတ်ချိန်တွင်ပါ သားဆီသွား၍ ထမင်းသွားကျွေးတတ်ပါသေးသည်။ ခင့်ဆီဖုန်းဆက်သည့်အချိန်တိုင်း အနာဂတ်ကလေး၊တို့ ရဲ့ အနာဂါတ်ကလေးအခြေအနေဟု သားကိုတင်စားခေါ်ဝေါ်ကာသူအမြဲမေးလေ့ရှိသည်။
"ကိုယ်ရေ....သား ကျောင်းက အိမ်စာတွေပေးလိုက်ရင် သားကဘယ်တော့မှပြန်မပြောတတ်ဘူး။ ကျောင်းကကြိုလာပြီးအိမ်ရောက်လို့ သူ့ လွယ်အိတ်ထဲက စာအုပ်တွေ လှန်လှောရှာကြည့်မှသိရတော့တယ်။ အော ...ဒါနဲ့ သားကို ဦးဏှောက်နဲ့ အာရုံကြော အထုကုဆရာဝန်ကြီးနဲ့  ပြကြည့်တယ်၊ဆွေးနွေးကြည့်တယ်။ မှတ်ဥာဏ်အားနည်းတာလောက်ပဲရှိတယ်လို့ပြောတယ်။ သောက်ဆေးတွေတော့ပေးလိုက်တယ် ကိုယ်၊ကုန်ရင်တော့အပြင်မှာဝယ်ပြီး သုံးလလောက်ဆက်သောက်ရမယ်ပြောတယ်"
မြန်မာနိုင်ငံသို့ ဆော်ဒီအာရေဗျ နိုင်ငံမှအပြီးပြန်ချိန်တွင် သား ဒုတိယတန်းကျောင်းသားအရွယ်ဖြစ်နေပြီ။                                                                                                     ကျောင်းသို့ သားကို လိုက်ပို့ ပေးသည့်နေ့ များ၌ သား၏အတန်းပိုင်ဆရာမနှင့်ရံဖန်ရံခါ သားအကြောင်းဆွေးနွေးဖြစ်သည်။
"အစ်ကို့ သားက မှတ်ဥာဏ်မကောင်းတာ မဟုတ်ဘူးလို့ကျွန်မတို့ ထင်တယ်။တစ်ချက်တစ်ချက်သူက စိတ်မဝင်စားတာ၊ စိတ်ကတစ်နေရာရာကို ရောက်နေတတ်တာမျိုးပေါ့။ တစ်ခါတစ်ခါ ကျွန်မက ရှေ့ ကနေ စာသင်နေတယ်၊ သူက ငေးမိငေးရာနေပြီး ရယ်လိုက်၊ ပြုံးလိုက်လုပ်နေတတ်တယ်"
တစ်နေ့ သားကိုကြို ပြီးကျောင်းမှ အပြန် အိမ်မပြန်သေးပါပဲ အအေးဆိုင်ကလေးထဲတွင် ခဏမျှ ဝင်ထိုင်ရင်း သားစိတ်လိုလက်ရရှိသခိုက် ....." သား၊ ဘာလို့  ရှေ့ က ဆရာမ စာသင်နေရင်    သားက စိတ်တွေဘာလို့ အပြင်ကိုရောက်နေရတာတုန်းသားရယ်၊ သားက ရယ်လိုက်၊ ပြုံးလိုက် လုပ်နေသေးတယ်ဆို"
"ဖေဖေရယ်....သားက ဖေဖေပြန်သွားပြီးရင် ဖေဖေကိုသတိရတဲ့အခါ ဖေဖေလိုက်ပို့ ပေးတဲ့နေရာလေးတွေ၊ ဖေဖေ သားကို ကျောင်းလိုက်ပို့ရင်းသားကြို က်တတ်တဲ့  မုန့်ကလေးတွေ ဝယ်ပေးတတ်တာတွေ မျ က်စိထဲပြန်မြင်လာပြီးပျော်လို့ ပါဖေဖေရယ်"
သား၏ စကားအဆုံးတွင်တော့ သူ့ တွင်သားကိုပြန်ပြောရမည့်စကားတစ်လုံးတစ်လေမျှပင်ထွက်ကျ မလာတော့ ။ သူ၏မျက်ဝန်းအိမ်ထောင့်စွန်းမှာတော့ဖြင့်မျက်ရည်စတို့  စိုစပြုနေပြီဖြစ်သည်။
*********
ခုနှစ်။
သူ  နာကျင်နေသည့်လက်ညိုးနှင့်လက်ခလယ်နှစ်ချောင်းရှိ လက်သဲ ( သည်း )ခွံ၊ အနည်းငယ်ယောင်နေသည့် လက်အဆစ်နှစ်ခုကို ဆေးလိမ်းရင်းသားဆီ စိတ်ရောက်နေပြန်သေးသည်။ သူ၏  မတော်တဆဖြစ်ရသည့်အကြောင်းရင်းစစ်စစ်မှာ ညက ကောင်းမွန်စွာ သူ အိပ်မပျော်နိုင်ခဲ့ခြင်းကြောင်းဖြစ်သည်။ စင်ကာပူနိုင်ငံသို့ရောက်ရှိလုပ်ကိုင်နေစဉ်တွင် သား၏ အတန်းသည်ဆဌမတန်း ပညာသင်ကျောင်းသားဖြစ်၍နေချေပြီ။
"ကိုယ်ရေ...ကိုယ့်သား သုံးဘာသာတောင်စာမေးပွဲကျတယ်တဲ့။ ဆရာမတွေကလည်း ခေါ်ပြောတယ် ကိုယ်ရယ်။သူက ဥာဏ်ကောင်းတယ်။ စာတွေကို လုပ်ချ င်လုပ်တယ်။ မလုပ်ချ င်တဲ့အခါ လုံးဝကို မလုပ်ဘူး။ ဘယ်လောက်ရိုက် အရိုက်ခံတယ်။ အိမ်စာတွေလည်း ဘယ်တော့မှ ပြီးလာတယ် မရှိဘူး "
ခင့်ဆီမှ ဖုန်းချသွားပြီးသည့် အချိန်မှစ၍ သူအိပ်မပျော်တော့။ အိပ်ရေးပျ က်ခဲ့သည့်အရှိန်နှင့်သူ တံခါးဖွင့်လိုက်သည့်အချိန် အားအင်ရုတ်လျော့နေခြင်းကြောင့် တံခါးရွတ်အားမထိမ်းနိုင်ခဲ့ခြင်းကြောင့်သာ။ ဒီတစ်ခေါက်အလည်တစ်ခေါက်ပြန်သည့်အချိန်တွင်တော့သားကို သူနားလည်အောင်ပြောပြရဦးမည်။
"သားဟာ ဖေဖေတို့ အတွက် အနာဂတ်ရဲ့  မျှော်လင့်ချ က်၊ ဖေဖေ့လက်တွေဟာ တစ်ချိန်ချိန်မှာတော့အနားယူ အနားပေးရတော့မယ်။ ဖေဖေ နဲ့ ခွဲခွါနေခဲ့ရလို့  စိတ်ဒဏ်ရာတွေသားမှာရှိနေရင် ဖျောက်ပစ်လိုက်ပါ။ သားအတွက် ဖေဖေရှာထားပေးခဲ့တဲ့ပစ္စည်းဥစ္စာတွေဟာ သား သာ ခေတ်ပညာတတ်မဖြစ်လာခဲ့ဘူးဆိုရင် ခဏလေးနဲ့ ကုန်သွားလိမ့်မယ်။ ပညာတတ်ပြီး စာဖတ်ရမယ်။ စာဖတ်မှ အတွေးအခေါ်အမြော်အမြင်ရှိလာမယ်။ စိတ်ဓာတ်မြင့်မားလာပြီးအမှားအမှန်သိလာမယ်။ ကိုယ်ရေးမယ့်သမိုင်းကိုသန့် ရှင်းတဲ့လက်နဲ့ ရေးရမယ်ဆိုတဲ့အသိစိတ်နဲ့ သား လူ့လောကကြီးအလယ်မှာရပ်တည်သွားနိုင်အောင်...."
လက်သဲခွံနှစ်ချောင်းကသိသိသာသာကြီး ပိုညိုမည်းလာသည်။ လက္အဆစ္မ် ားကကိုက္လာၿပီ။ သားကို မြင်စေချင်သည်။   ။
                                                                                                         လင်းသူရိယနွယ်
ဇီဝက မဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၅
No comments:
Post a Comment