Apr 8, 2017

“ လက္ထပ္ပန္းေတြ ပြင့္ခဲ့ပါၿပီေနာ္ ”

Zawgyi Version

“ လက္ထပ္ပန္းေတြ ပြင့္ခဲ့ပါၿပီေနာ္ ”
(၁)
“ ဘယ္ေတာ့ေလာက္ လက္ထပ္မယ္လို႔ ေမာင္မွန္းထားသလဲဟင္ ”
ရန္ကင္းေကာလိပ္ပရ၀ဏ္မွအထြက္တြင္ ႏြဲ႕က ကၽြန္ေတာ့္ကို ေမးသည္။ ကားလမ္း ျဖတ္ကူးရန္ေစာင့္ေနစဥ္ ႏြဲ႕သည္ ကၽြန္ေတာ့္အေျဖကို ေစာင့္ေန၏။ လမ္းတစ္ဖက္သို႔ ကူးၿပီးေတာ့မွ…..
“ ဘြဲ႕ရၿပီးရင္ လက္ထပ္ၾကတာေပါ့ ႏြဲ႕ရယ္၊ ေမာင္လည္း အလုပ္အကိုင္ေလး ႀကိဳၿပီးရွာထားမယ္ေလ ”
ေက်ာက္ကုန္းဘက္သို႔တက္ရာ လမ္းသြယ္ေပၚသို႔ အတူတူေျခဦးတည္ၾကသည္။ ေျမနီလမ္းသည္ ေျပေျပျမင့္တက္သြားသည္။ လမ္းေဘးႏွစ္ဖက္ရွိ ၀ါးရံုတို႕သည္ ကိုင္းေနၾကသည္။ ေဆာင္းရြက္မ်ား ရင့္ေနၾကသည္။ ေၾကြမည့္အေရာင္ ရွိေနၾကသည္။ သစ္ပင္သစ္ရြက္ေတြမွာ ဖုန္မႈန္႔ေတြ တင္ေနၾကသည္။
“ အိမ္ေထာင္ေရးဆိုတာ အေတာ္မလြယ္တာပဲေနာ္ ေမာင္ ”
လွမ္းျမင္ေနရေသာ လက္ဖက္ရည္ဆိုင္ကို ႏြဲ႕ကၾကည့္ၿပီး သက္ျပင္းခ်သည္။ ႏြဲ႕ကို ကၽြန္ေတာ္ၾကည့္သည္။ ေငြရိုးတပ္ပုသိမ္ထီးႀကီးကို ဘယ္လက္တြင္ ေျပာင္း၍ကိုင္သည္။ ထီးရိပ္သည္ ႏွစ္ေယာက္အတြက္ မလံု႔တလံု။ ႏြဲ႕သည္ ကၽြန္ေတာ့္ကို လွည့္ၾကည့္ၿပီး ျပံဳးသည္။ ႏြဲ႕၏အျပံဳးသည္ ႏြဲ႕၀တ္ထားေသာ ရိုဘီယာရွံသားကဲ့သို႔ ျဖဴစင္ေနသည္။ သူ႔အျပံဳးတြင္ သူ၏အခ်စ္ကို ျမင္ရေလသည္။
“ အခုရံုးတက္လက္ထပ္၊ အခုအၾကင္လင္မယား ျဖစ္ေတာ့ျဖစ္တာေပါ့၊ အိမ္ေထာင္ေရးဒုကၡေတြ မရွိတဲ့သူရယ္ေတာ့ ရွိမွမရွိတာ။ အိမ္ေထာင္ဒုကၡ အနည္းဆံုးျဖစ္ေအာင္ ေမာင္တို႔ႀကိဳးစားခ်င္တယ္ ”
လက္ဖက္ရည္ဆိုင္တြင္ ေရွ႕ေရးကိုေဆြးေႏြးၾကသည္။ တစ္နာရီေက်ာ္မွ် ေဆြးေႏြးၾကေသာအေျဖသည္ ႏွစ္ဦးစလံုးပညာႀကိဳးစားရန္၊ တစ္ႏွစ္မက် ေအာင္ရန္၊ ေနာက္ဆက္တြဲ ဇြန္စာေမးပြဲေျဖရသည္အထိ အခ်ိန္မကုန္ရန္၊ ဘြဲ႕ရလွ်င္ ႏွစ္ဦးစလံုး အလုပ္အကိုင္အျမန္ရွာေဖြရန္။
ကၽြန္ေတာ္တို႔ စကားေျပာရင္း ၾကည္ႏူးၾကသည္။
(၂)
အလုပ္ရၾကေသာႏွစ္တြင္ စီမံကိန္းေတြ အေသအခ်ာေရးဆြဲရသည္။ ႏြဲ႕၏ေမာင္၊ ညီမ ေလးေယာက္ကို ပညာလက္လႊတ္ရမည့္အခ်ိန္၊ ကၽြန္ေတာ့္ညီႏွစ္ေယာက္ ဘြဲ႕ရမည့္အခ်ိန္ေတြကိုပါ ထည့္တြက္ၾကရသည္။ ကၽြန္ေတာ္၏ ညီအငယ္ဆံုးႏွင့္ ႏြဲ႕၏ညီမအငယ္ဆံုးတို႔က အလယ္တန္းသို႔တက္စသာ ရွိေသး၍ အားနည္းနည္းေလ်ာ့သည္။
“ ေမာင္ေရာ ႏြဲ႕ေရာ တစ္ရာႏွစ္ဆယ့္ ေျခာက္က်ပ္ဆိုေတာ့ တစ္လ ႏွစ္ဆယ္စီစုရင္ တစ္လေလးဆယ္၊ တစ္ႏွစ္ ေလးရာ့ရွစ္ဆယ္၊ အခု အခ်ိန္ယူထားတာ ေျခာက္ႏွစ္၊ ႏွစ္ေထာင့္ရွစ္ရာေက်ာ္၊ ျဖစ္ႏိုင္ပါတယ္ ေမာင္ရယ္ ”
ကၽြန္ေတာ္ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္…..
“ ေမာင္ အလြတ္ပညာသင္ေက်ာင္းတစ္ေက်ာင္းမွာ ညဘက္စာျပဖို႔ စီစဥ္ထားတယ္ ”
ႏြဲ႕ အံ့အားသင့္သြားသည္။
“ ေမာင္ သိပ္ပင္ပန္းမွာေနာ္ ”
“ ေခါင္းလိမ္းဆီလည္း မလိမ္းႏိုင္ေတာ့ဘူး၊ ေဟဇလင္စႏိုးလည္း မ်က္ႏွာေပၚမတင္ႏိုင္ေတာ့ဘူး။ ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေမာင္ေပ်ာ္ပါတယ္ ”
(၃)
အေဖ အၿငိမ္းစားယူလိုက္ေသာေၾကာင့္ ၀င္ေငြေလ်ာ့သြားသည္။ ေနာင္သံုးႏွစ္ေနလွ်င္ အေမသည္လည္း အၿငိမ္းစားယူေတာ့မည္။ ညီအငယ္သည္ အႀကိဳတကၠသိုလ္၀င္တန္းသို႔ တက္လာသည္။ ညီအႀကီးသည္ စက္မႈသိပၸံေက်ာင္းသို႔ တက္ေနသည္။ အထိုက္အေလ်ာက္ တာ၀န္ေပါ့ရာေပါ့ေၾကာင္းလမ္းသို႔ နီးလာသည္။
သို႔ေသာ္ ေက်ာင္းသားႀကီးေတြ ျဖစ္လာေလေလ စရိတ္ကုန္က်ေလေလ။ ရံုးမွရေသာလခက ႏုတ္စရာေတြ ႏုတ္ၿပီးေသာအခါ တစ္ရာ့တစ္ဆယ္ပင္မျပည့္။ အလြတ္ပညာသင္ေက်ာင္းမွ ရေသာလခက တစ္ရာ့ငါးဆယ္။ ကၽြန္ေတာ့္၀င္ေငြႏွင့္ အေမ့၀င္ေငြ၊ အေဖ့အၿငိမ္းစားလခ ေပါင္းေသာအခါ ေျခာက္ရာေက်ာ္သည္။
အိမ္လခက ေလးဆယ္၊ ေရဖိုး၊ မီးဖိုး လူမႈစရိတ္တို႔ႏုတ္ေသာ္ ငါးရာေက်ာ္သည္။ စားစရိတ္၊ အ၀တ္အစားစရိတ္၊ လမ္းစရိတ္တို႔ ႏုတ္ေသာအခါ မက်န္သေလာက္ရွိေန၏။ ကၽြန္ေတာ္ စုေနက်ႏွစ္ဆယ္ကို စာတိုက္တြင္ စုေတာ့စုႏိုင္ခဲ့သည္။
ကၽြန္ေတာ့္တာ၀န္နည္းတူ ႏြဲ႕တြင္လည္း တာ၀န္ပို၍ႀကီးေနသည္။ ႏြဲ႕၏ဖခင္သည္ အၿငိမ္းစား မယူေသးေသာ္လည္း မိခင္သည္ မွီခို၊ အိမ္ထိုင္။ ႏြဲ႕တို႔သားအဖ၀င္ေငြသည္ ေျခာက္ရာနီးပါးရွိသည္။ သို႔ေသာ္ မိသားစုတြင္ မိခင္ဘက္မွ ညီမတစ္ေယာက္ပါအတူေန၍ စားအိုးႀကီးသည္။ မိသားစုရွစ္ေယာက္။
ႏြဲ႕၏မိခင္သည္ က်န္းမာေရးမေကာင္း။ ေဆးဖိုး၀ါးခ ကုန္တတ္သည္။ ႏြဲ႕၏ ေမာင္၊ ညီမတို႔သည္ ေက်ာင္းသူေက်ာင္းသားေတြခ်ည္း။ မိန္းကေလးသံုးေယာက္ ျဖစ္ေနေသာေၾကာင့္ အ၀တ္အစားစရိတ္က ပိုကုန္သည္။ ႏြဲ႕သည္ တစ္လလွ်င္ ႏွစ္ဆယ္စုေတာ့စုသည္။ သို႔ေသာ္ ႏြဲ႕၏ထမင္းခ်ိဳင့္တြင္ ဆီျပန္ဟင္း ပါလာခဲသည္။
“ သူငယ္ခ်င္းေတြရဲ႕အိမ္ကို ႏွစ္ေယာက္အတူတူသြားလည္တိုင္း ႏြဲ႕ကို ရယ္ၾကတယ္ေနာ္ ”
“ သူတို႔က သားသမီးေတြ ႏွစ္ေယာက္ရၾကတဲ့သူနဲ႔ သံုးေယာက္ရတဲ့သူနဲ႔ ”
“ ေမာင္တို႔က လက္ထပ္ၿပီးရင္ သူတို႔ထက္ပိုၿပီး စိတ္ခ်မ္းသာမွာေတာ့ သာမွာပါ၊ ေမာင္ေတာ့ အဲသလိုပဲ ယံုၾကည္တယ္ ”
“ ႏွစ္ႏွစ္၊ သံုးႏွစ္ကာလကို ေစာင့္ရတာ ေမာလိုက္တာ ”
ႏြဲ႕ကို ကၽြန္ေတာ္သနားသည္။
(၄)
အေမကြယ္လြန္သြားေသာေၾကာင့္ စာတိုက္တြင္စုထားသမွ် ေငြတစ္ေထာင့္ေျခာက္ရာရွစ္ဆယ္ကို ထုတ္လိုက္ရသည္။ ရံုးမွ ေငြငါးရာနီးပါးေခ်းခဲ့ရသည္။ ကၽြန္ေတာ့္စုေငြမရွိေတာ့သလို ႏြဲ႕၏စုေငြသည္လည္း သူ႔မိခင္ ေဆးရံုတင္လိုက္ရ၍ ကုန္သေလာက္ ရွိသြားသည္။
“ ငယ္ငယ္တုန္းက အဂၤလိပ္ဖတ္စာထဲမွာ သင္ခဲ့ရတဲ့ ဘုရင္ဘရုစ္နဲ႔ ပင့္ကူလိုေပါ့ ႏြဲ႕ရာ။ စစ္ရံႈးလို႔ ေက်ာက္ဂူထဲမွာလွဲေနရင္း မ်က္ႏွာၾကက္ကိုတက္ေနတဲ့ ပင့္ကူေလးျပဳတ္က်တယ္၊ ျပန္တက္တယ္၊ ကိုးႀကိမ္ ဆယ္ႀကိမ္ေရာက္မွ မ်က္ႏွာၾကက္ကိုတက္လို႔ရတဲ့ ေအာ္ျမင္မႈလိုေပါ့၊ ေမာင္တို႔ျပန္ၿပီး ႀကိဳးစားၾကတာေပါ့ ”
ႏြဲ႕သည္ ေငး၍ေန၏။ ႏြဲ႕၏ေက်ာင္းသူဘ၀၊ ရံုး၀င္စဘ၀ကို ကၽြန္ေတာ္ျပန္ျမင္သည္။ ေျပေျပေမာက္ေသာ အေမာက္မရွိေတာ့။ မ်က္ခံုးမဆြဲႏိုင္ေတာ့။ ႏႈတ္ခမ္းနီ ပါးနီ မဆိုးႏုိင္ေတာ့။ အက်ၤီ ထဘီတို႔သည္ ဆယ္ရက္လွ်င္ တစ္ပတ္လည္ေနသည္။ အမ်ားသူငါ ၀တ္ေနၾကေသာ လိႈင္းႀကီး လိႈင္းေလးေတြ၏အနားသို႔ မသီႏိုင္။ ႏြဲ႕ကိုၾကည့္ကာ ကၽြန္ေတာ္ ၀မ္းနည္းသည္။
“ သူမ်ားခ်စ္သူေတြက်ေတာ့ ကိုယ္တိုင္သစၥာမခိုင္လို႔ ကြဲရတယ္။ ဟိုဘက္၊ ဒီဘက္ကဖ်က္လို႔ လြဲၾကတယ္။ ႏြဲ႕တို႔ကေတာ့ အတူေပါင္းခြင့္ ေ၀းလိုက္တာေမာင္ရယ္ ”
“ ကြဲမသြားၾကတာကိုပဲ ေမာင္ေတာ့ ေတြးၿပီးေက်နပ္ေနရေသးတယ္ ”
သူငယ္ခ်င္းတစ္ေယာက္၏သမီး ဆယ္တန္းတြင္ ဂုဏ္ထူးေလးဘာသာျဖင့္ ေအာင္ေသာေၾကာင့္ စားပြဲေသာက္ပြဲ ဖိတ္သည္။ ကၽြန္ေတာ္ႏွင့္ ႏြဲ႕တို႔ သြားၾကသည္။ သူငယ္ခ်င္းေတြ၏ သားသမီးေတြက ကၽြန္ေတာ္ႏွင့္ ႏြဲ႕ကို ‘ ဦးေလး ’ ‘ ေဒၚေဒၚ ’ ဟု ေခၚၾကသည္။
ညေနတြင္ ကၽြန္ေတာ္က ႏြဲ႕ကို အိမ္တိုင္ရာေရာက္ လိုက္ပို႔သည္။ ႏြဲ႕တို႔အိမ္ႏွင့္ ကၽြန္ေတာ့္အိမ္သည္ ႏွစ္အိမ့္တစ္အိမ္ ျဖစ္ေနၾကသည္။
ႏြဲ႕တို႔အိမ္ေရွ႕တြင္ ထိုင္စကားေျပာေနစဥ္ ကၽြန္ေတာ္သတိျပဳမိသည္။ ႏြဲ႕၏ဆံပင္တြင္ ဆံျဖဴေတြျမင္သာေန၏။ ကၽြန္ေတာ့္နည္းတူ ျဖစ္ေနၿပီ။
“ ေမာင္ ျပန္ေတာ့မယ္ေနာ္ ”
ေမွာင္ရီတရိုးအခ်ိန္တြင္ ျပန္ရန္ႏႈတ္ဆက္လိုက္သည္။ ႏြဲ႕သည္ ျခံေထာင့္ရွိ ကတၱီပါပင္ဆီသို႔ ၾကည့္ေန၏။ အပင္ႀကီးတြင္ ႏြယ္ေတြရစ္ကာ တက္ေန၏။ အရြက္ေ၀ေ၀ အဖူးတေ၀ေ၀။
“ ႏြဲ႕….ေမာင္ျပန္ေတာ့မယ္။ ဘာေငးေနတာလဲ ”
ႏြဲ႕ ကၽြန္ေတာ့္ကို လွည့္ၾကည့္သည္။ မပီ့တပီျပံဳးကာ…..
“ ဘာမွမေငးပါဘူး၊ လက္ထပ္ပန္းေတြ ဖူးေနတာၾကည့္တာပါ။ ပြင့္ေတာ့မယ္ေနာ္ ”
အဓိပၸါယ္ကို ကၽြန္ေတာ္သိသည္။
“ ေရွ႕ႏွစ္ခါက်ရင္ လက္ထပ္ၾကတာေပါ့ ” ဟူေသာစကားမ်ိဳး ကၽြန္ေတာ္ေျပာဖို႔ခက္ေနသည္။ မေသခ်ာလ်က္ ေျပာဖန္မ်ားခဲ့ၿပီ။ ။
ၿငိမ္းေက်ာ္

Unicode Version

“ လက်ထပ်ပန်းတွေ ပွင့်ခဲ့ပါပြီနော် ”

(၁)

“ ဘယ်တော့လောက် လက်ထပ်မယ်လို့ မောင်မှန်းထားသလဲဟင် ”
ရန်ကင်းကောလိပ်ပရဝဏ်မှအထွက်တွင် နွဲ့က ကျွန်တော့်ကို မေးသည်။ ကားလမ်း ဖြတ်ကူးရန်စောင့်နေစဉ် နွဲ့သည် ကျွန်တော့်အဖြေကို စောင့်နေ၏။ လမ်းတစ်ဖက်သို့ ကူးပြီးတော့မှ…..
“ ဘွဲ့ရပြီးရင် လက်ထပ်ကြတာပေါ့ နွဲ့ရယ်၊ မောင်လည်း အလုပ်အကိုင်လေး ကြိုပြီးရှာထားမယ်လေ ”
ကျောက်ကုန်းဘက်သို့တက်ရာ လမ်းသွယ်ပေါ်သို့ အတူတူခြေဦးတည်ကြသည်။ မြေနီလမ်းသည် ပြေပြေမြင့်တက်သွားသည်။ လမ်းဘေးနှစ်ဖက်ရှိ ဝါးရုံတို့သည် ကိုင်းနေကြသည်။ ဆောင်းရွက်များ ရင့်နေကြသည်။ ကြွေမည့်အရောင် ရှိနေကြသည်။ သစ်ပင်သစ်ရွက်တွေမှာ ဖုန်မှုန့်တွေ တင်နေကြသည်။
“ အိမ်ထောင်ရေးဆိုတာ အတော်မလွယ်တာပဲနော် မောင် ”
လှမ်းမြင်နေရသော လက်ဖက်ရည်ဆိုင်ကို နွဲ့ကကြည့်ပြီး သက်ပြင်းချသည်။ နွဲ့ကို ကျွန်တော်ကြည့်သည်။ ငွေရိုးတပ်ပုသိမ်ထီးကြီးကို ဘယ်လက်တွင် ပြောင်း၍ကိုင်သည်။ ထီးရိပ်သည် နှစ်ယောက်အတွက် မလုံ့တလုံ။ နွဲ့သည် ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးသည်။ နွဲ့၏အပြုံးသည် နွဲ့ဝတ်ထားသော ရိုဘီယာရှံသားကဲ့သို့ ဖြူစင်နေသည်။ သူ့အပြုံးတွင် သူ၏အချစ်ကို မြင်ရလေသည်။
“ အခုရုံးတက်လက်ထပ်၊ အခုအကြင်လင်မယား ဖြစ်တော့ဖြစ်တာပေါ့၊ အိမ်ထောင်ရေးဒုက္ခတွေ မရှိတဲ့သူရယ်တော့ ရှိမှမရှိတာ။ အိမ်ထောင်ဒုက္ခ အနည်းဆုံးဖြစ်အောင် မောင်တို့ကြိုးစားချင်တယ် ”
လက်ဖက်ရည်ဆိုင်တွင် ရှေ့ရေးကိုဆွေးနွေးကြသည်။ တစ်နာရီကျော်မျှ ဆွေးနွေးကြသောအဖြေသည် နှစ်ဦးစလုံးပညာကြိုးစားရန်၊ တစ်နှစ်မကျ အောင်ရန်၊ နောက်ဆက်တွဲ ဇွန်စာမေးပွဲဖြေရသည်အထိ အချိန်မကုန်ရန်၊ ဘွဲ့ရလျှင် နှစ်ဦးစလုံး အလုပ်အကိုင်အမြန်ရှာဖွေရန်။
ကျွန်တော်တို့ စကားပြောရင်း ကြည်နူးကြသည်။

(၂)

အလုပ်ရကြသောနှစ်တွင် စီမံကိန်းတွေ အသေအချာရေးဆွဲရသည်။ နွဲ့၏မောင်၊ ညီမ လေးယောက်ကို ပညာလက်လွှတ်ရမည့်အချိန်၊ ကျွန်တော့်ညီနှစ်ယောက် ဘွဲ့ရမည့်အချိန်တွေကိုပါ ထည့်တွက်ကြရသည်။ ကျွန်တော်၏ ညီအငယ်ဆုံးနှင့် နွဲ့၏ညီမအငယ်ဆုံးတို့က အလယ်တန်းသို့တက်စသာ ရှိသေး၍ အားနည်းနည်းလျော့သည်။
“ မောင်ရော နွဲ့ရော တစ်ရာနှစ်ဆယ့် ခြောက်ကျပ်ဆိုတော့ တစ်လ နှစ်ဆယ်စီစုရင် တစ်လလေးဆယ်၊ တစ်နှစ် လေးရာ့ရှစ်ဆယ်၊ အခု အချိန်ယူထားတာ ခြောက်နှစ်၊ နှစ်ထောင့်ရှစ်ရာကျော်၊ ဖြစ်နိုင်ပါတယ် မောင်ရယ် ”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ထို့နောက်…..
“ မောင် အလွတ်ပညာသင်ကျောင်းတစ်ကျောင်းမှာ ညဘက်စာပြဖို့ စီစဉ်ထားတယ် ”
နွဲ့ အံ့အားသင့်သွားသည်။
“ မောင် သိပ်ပင်ပန်းမှာနော် ”
“ ခေါင်းလိမ်းဆီလည်း မလိမ်းနိုင်တော့ဘူး၊ ဟေဇလင်စနိုးလည်း မျက်နှာပေါ်မတင်နိုင်တော့ဘူး။ ဒါပေမဲ့ မျှော်လင့်ချက်နဲ့ မောင်ပျော်ပါတယ် ”

(၃)

အဖေ အငြိမ်းစားယူလိုက်သောကြောင့် ဝင်ငွေလျော့သွားသည်။ နောင်သုံးနှစ်နေလျှင် အမေသည်လည်း အငြိမ်းစားယူတော့မည်။ ညီအငယ်သည် အကြိုတက္ကသိုလ်ဝင်တန်းသို့ တက်လာသည်။ ညီအကြီးသည် စက်မှုသိပ္ပံကျောင်းသို့ တက်နေသည်။ အထိုက်အလျောက် တာဝန်ပေါ့ရာပေါ့ကြောင်းလမ်းသို့ နီးလာသည်။
သို့သော် ကျောင်းသားကြီးတွေ ဖြစ်လာလေလေ စရိတ်ကုန်ကျလေလေ။ ရုံးမှရသောလခက နုတ်စရာတွေ နုတ်ပြီးသောအခါ တစ်ရာ့တစ်ဆယ်ပင်မပြည့်။ အလွတ်ပညာသင်ကျောင်းမှ ရသောလခက တစ်ရာ့ငါးဆယ်။ ကျွန်တော့်ဝင်ငွေနှင့် အမေ့ဝင်ငွေ၊ အဖေ့အငြိမ်းစားလခ ပေါင်းသောအခါ ခြောက်ရာကျော်သည်။
အိမ်လခက လေးဆယ်၊ ရေဖိုး၊ မီးဖိုး လူမှုစရိတ်တို့နုတ်သော် ငါးရာကျော်သည်။ စားစရိတ်၊ အဝတ်အစားစရိတ်၊ လမ်းစရိတ်တို့ နုတ်သောအခါ မကျန်သလောက်ရှိနေ၏။ ကျွန်တော် စုနေကျနှစ်ဆယ်ကို စာတိုက်တွင် စုတော့စုနိုင်ခဲ့သည်။
ကျွန်တော့်တာဝန်နည်းတူ နွဲ့တွင်လည်း တာဝန်ပို၍ကြီးနေသည်။ နွဲ့၏ဖခင်သည် အငြိမ်းစား မယူသေးသော်လည်း မိခင်သည် မှီခို၊ အိမ်ထိုင်။ နွဲ့တို့သားအဖဝင်ငွေသည် ခြောက်ရာနီးပါးရှိသည်။ သို့သော် မိသားစုတွင် မိခင်ဘက်မှ ညီမတစ်ယောက်ပါအတူနေ၍ စားအိုးကြီးသည်။ မိသားစုရှစ်ယောက်။
နွဲ့၏မိခင်သည် ကျန်းမာရေးမကောင်း။ ဆေးဖိုးဝါးခ ကုန်တတ်သည်။ နွဲ့၏ မောင်၊ ညီမတို့သည် ကျောင်းသူကျောင်းသားတွေချည်း။ မိန်းကလေးသုံးယောက် ဖြစ်နေသောကြောင့် အဝတ်အစားစရိတ်က ပိုကုန်သည်။ နွဲ့သည် တစ်လလျှင် နှစ်ဆယ်စုတော့စုသည်။ သို့သော် နွဲ့၏ထမင်းချိုင့်တွင် ဆီပြန်ဟင်း ပါလာခဲသည်။
“ သူငယ်ချင်းတွေရဲ့အိမ်ကို နှစ်ယောက်အတူတူသွားလည်တိုင်း နွဲ့ကို ရယ်ကြတယ်နော် ”
“ သူတို့က သားသမီးတွေ နှစ်ယောက်ရကြတဲ့သူနဲ့ သုံးယောက်ရတဲ့သူနဲ့ ”
“ မောင်တို့က လက်ထပ်ပြီးရင် သူတို့ထက်ပိုပြီး စိတ်ချမ်းသာမှာတော့ သာမှာပါ၊ မောင်တော့ အဲသလိုပဲ ယုံကြည်တယ် ”
“ နှစ်နှစ်၊ သုံးနှစ်ကာလကို စောင့်ရတာ မောလိုက်တာ ”
နွဲ့ကို ကျွန်တော်သနားသည်။

(၄)

အမေကွယ်လွန်သွားသောကြောင့် စာတိုက်တွင်စုထားသမျှ ငွေတစ်ထောင့်ခြောက်ရာရှစ်ဆယ်ကို ထုတ်လိုက်ရသည်။ ရုံးမှ ငွေငါးရာနီးပါးချေးခဲ့ရသည်။ ကျွန်တော့်စုငွေမရှိတော့သလို နွဲ့၏စုငွေသည်လည်း သူ့မိခင် ဆေးရုံတင်လိုက်ရ၍ ကုန်သလောက် ရှိသွားသည်။
“ ငယ်ငယ်တုန်းက အင်္ဂလိပ်ဖတ်စာထဲမှာ သင်ခဲ့ရတဲ့ ဘုရင်ဘရုစ်နဲ့ ပင့်ကူလိုပေါ့ နွဲ့ရာ။ စစ်ရှုံးလို့ ကျောက်ဂူထဲမှာလှဲနေရင်း မျက်နှာကြက်ကိုတက်နေတဲ့ ပင့်ကူလေးပြုတ်ကျတယ်၊ ပြန်တက်တယ်၊ ကိုးကြိမ် ဆယ်ကြိမ်ရောက်မှ မျက်နှာကြက်ကိုတက်လို့ရတဲ့ အော်မြင်မှုလိုပေါ့၊ မောင်တို့ပြန်ပြီး ကြိုးစားကြတာပေါ့ ”
နွဲ့သည် ငေး၍နေ၏။ နွဲ့၏ကျောင်းသူဘဝ၊ ရုံးဝင်စဘဝကို ကျွန်တော်ပြန်မြင်သည်။ ပြေပြေမောက်သော အမောက်မရှိတော့။ မျက်ခုံးမဆွဲနိုင်တော့။ နှုတ်ခမ်းနီ ပါးနီ မဆိုးနိုင်တော့။ အကျၤီ ထဘီတို့သည် ဆယ်ရက်လျှင် တစ်ပတ်လည်နေသည်။ အများသူငါ ဝတ်နေကြသော လှိုင်းကြီး လှိုင်းလေးတွေ၏အနားသို့ မသီနိုင်။ နွဲ့ကိုကြည့်ကာ ကျွန်တော် ဝမ်းနည်းသည်။
“ သူများချစ်သူတွေကျတော့ ကိုယ်တိုင်သစ္စာမခိုင်လို့ ကွဲရတယ်။ ဟိုဘက်၊ ဒီဘက်ကဖျက်လို့ လွဲကြတယ်။ နွဲ့တို့ကတော့ အတူပေါင်းခွင့် ဝေးလိုက်တာမောင်ရယ် ”
“ ကွဲမသွားကြတာကိုပဲ မောင်တော့ တွေးပြီးကျေနပ်နေရသေးတယ် ”
သူငယ်ချင်းတစ်ယောက်၏သမီး ဆယ်တန်းတွင် ဂုဏ်ထူးလေးဘာသာဖြင့် အောင်သောကြောင့် စားပွဲသောက်ပွဲ ဖိတ်သည်။ ကျွန်တော်နှင့် နွဲ့တို့ သွားကြသည်။ သူငယ်ချင်းတွေ၏ သားသမီးတွေက ကျွန်တော်နှင့် နွဲ့ကို ‘ ဦးလေး ’ ‘ ဒေါ်ဒေါ် ’ ဟု ခေါ်ကြသည်။
ညနေတွင် ကျွန်တော်က နွဲ့ကို အိမ်တိုင်ရာရောက် လိုက်ပို့သည်။ နွဲ့တို့အိမ်နှင့် ကျွန်တော့်အိမ်သည် နှစ်အိမ့်တစ်အိမ် ဖြစ်နေကြသည်။
နွဲ့တို့အိမ်ရှေ့တွင် ထိုင်စကားပြောနေစဉ် ကျွန်တော်သတိပြုမိသည်။ နွဲ့၏ဆံပင်တွင် ဆံဖြူတွေမြင်သာနေ၏။ ကျွန်တော့်နည်းတူ ဖြစ်နေပြီ။
“ မောင် ပြန်တော့မယ်နော် ”
မှောင်ရီတရိုးအချိန်တွင် ပြန်ရန်နှုတ်ဆက်လိုက်သည်။ နွဲ့သည် ခြံထောင့်ရှိ ကတ္တီပါပင်ဆီသို့ ကြည့်နေ၏။ အပင်ကြီးတွင် နွယ်တွေရစ်ကာ တက်နေ၏။ အရွက်ဝေေ၀ အဖူးတဝေေ၀။
“ နွဲ့….မောင်ပြန်တော့မယ်။ ဘာငေးနေတာလဲ ”
နွဲ့ ကျွန်တော့်ကို လှည့်ကြည့်သည်။ မပီ့တပီပြုံးကာ…..
“ ဘာမှမငေးပါဘူး၊ လက်ထပ်ပန်းတွေ ဖူးနေတာကြည့်တာပါ။ ပွင့်တော့မယ်နော် ”
အဓိပ္ပါယ်ကို ကျွန်တော်သိသည်။
“ ရှေ့နှစ်ခါကျရင် လက်ထပ်ကြတာပေါ့ ” ဟူသောစကားမျိုး ကျွန်တော်ပြောဖို့ခက်နေသည်။ မသေချာလျက် ပြောဖန်များခဲ့ပြီ။ ။

ငြိမ်းကျော်

No comments:

Post a Comment