Zawgyi Version
“ အခ်စ္အတြက္ မွာေတာ္ပံု ”
(၁)
ကၽြန္ေတာ့္ သံုးဆယ့္ငါးႏွစ္ေျမာက္ ေမြးေန႔အလွဴသို႔ လာေသာေန႔ကမွ
ခ်စ္ဦးကို စတင္သိရသည္။ ကၽြန္ေတာ့္တူမကို စာသင္ျပေပးေနေသာ ဘြဲ႕ရေက်ာင္းသား၊
အလုပ္မရေသးဘဲဟု သိရသည္။ ကၽြန္ေတာ့္တူမ၏ မိသားစုႏွင့္ ေဆြမ်ိဳးသဖြယ္
ခင္မင္ရင္းႏွီးသည္ဟု ၾကားဖူးသည္။ ကၽြန္ေတာ္ႏွင့္ သိကၽြမ္းသည့္ေန႔က
ကၽြန္ေတာ့္အလုပ္ႏွင့္ ပတ္သက္၍ သူ သိခ်င္သည္တို႔ကို ေမးသည္။
ကၽြန္ေတာ့္အလုပ္က အသံသြင္းစတူဒီယိုတြင္ အသံဖမ္းအင္ဂ်င္နီယာ။
စက္ေတြအေၾကာင္း၊ မိုက္ကရိုဖုန္းေတြအေၾကာင္း၊ ေခတ္မီအီလက္ထရြန္းနစ္ တူရိယာေတြအေၾကာင္း၊ အဆိုေတာ္မ်ားအေၾကာင္း သူေမးသမွ်ကို စိတ္ရွည္လက္ရွည္ထားၿပီး ကၽြန္ေတာ္ ေျပာျပ၊ ရွင္းျပလိုက္သည္။ သူ ၀မ္းသာအားရႏွင့္ ေက်းဇူးတင္စကားဆိုသည္။ စတူဒီယိုသို႔ လာေရာက္လည္ပတ္ေလ့လာပါရေစဟု ခြင့္ေတာင္းသည္။ အခ်ိန္မေရြး လာေရာက္ေလ့လာႏိုင္ေၾကာင္း ကၽြန္ေတာ္ ခြင့္ျပဳလိုက္သည္။
×××××××××××××××××

ခ်စ္ဦးသည္ အသက္ ႏွစ္ဆယ့္ေလး၊ ႏွစ္ဆယ့္ငါး။ စိတ္သေဘာေကာင္းပံုရသည္။
အေနအထိုင္ ႏူးညံ့သိမ္ေမြ႕သည္။ အေျပာအဆို သြက္လက္သည္။ တစ္စံုတစ္ရာကို
အာရံုစိုက္မိလွ်င္ စြဲစြဲလမ္းလမ္းရွိသည္ဟု အကဲခတ္မိသည္။ သြားလာလႈပ္ရွားပံု
ဖ်တ္လတ္သည္။ ခင္မင္ဖြယ္ မ်က္ႏွာထားရွိသည္။ မ်က္ႏွာသြယ္သြယ္၊
မ်က္ခံုးေကာင္းေကာင္း၊ ႏွာတံထင္ထင္။ ၀ိုင္းစက္ၾကည္လင္ေသာ
မ်က္လံုးအစံုရွိသည္။ ႏႈတ္ခမ္းေမြး ေရးေရးထားသည္။ အတန္မွ်ထူေသာ
ႏႈတ္ခမ္းရွိသည္။ ကိုယ္ေန မ၀မပိန္၊ အရပ္ျမင့္သည္။ ေဘာင္းဘီရွည္၀တ္၀တ္၊
ပုဆိုး၀တ္၀တ္ ၾကည့္ေကာင္းသည္။
“ မင္း…မင္းသားလုပ္ပါလားကြ ”
ကၽြန္ေတာ့္ကို ျပံဳးသည္။
“ အႏုပညာပါရမီ မပါဘူး အစ္ကိုရ။ ရုပ္ရွင္ၾကည့္ပရိသတ္၊ စာဖတ္သူ၊ သီခ်င္းနားေထာင္သူပဲ ျဖစ္မယ္။ မင္းသား၊ အဆိုေတာ္၊ စာေရးဆရာျဖစ္ဖို႔ အရည္အခ်င္း ကၽြန္ေတာ့္မွာ မရွိပါဘူး ”
“ ႀကိဳးစားရင္ ရပါတယ္ကြာ။ ပါရမီဆိုတာ အေလ့အက်င့္ေပါ့ကြာ ”
သူ ျပံဳး၍သာ ေနသည္။
××××××××××××××

သံုးေလးလေလာက္ေနမွ ခ်စ္ဦးက ဖြင့္ေျပာသည္။ အႏုပညာသည္ ျဖစ္ခ်င္ေသာ အာသီသ
ရွိေသာ္လည္း သူ႔ခ်စ္သူ ညိဳညိဳေက်ာ္စြာက သေဘာမတူသျဖင့္ ဂစ္တာကိုပင္
မကိုင္၀ံ့ေတာ့ေၾကာင္း မရဲတရဲေျပာသည္။ ကၽြန္ေတာ္ အ့ံအားသင့္မိသည္။
“ ေအးေပါ့ကြာ၊ ကိုယ့္ခ်စ္သူ သေဘာမက်တာဆို ေရွာင္ၾကဥ္တာ ေကာင္းပါတယ္ ”
ကၽြန္ေတာ့္စကားကို သူ မ်ိဳမက်သကဲ့သို႔ ရွိေလသည္။
“ သိပ္ခ်ဳပ္ခ်ယ္လြန္းေတာ့လည္း ေနရတာ အရုပ္နဲ႔တူလာတယ္ အစ္ကို ”
ညည္းညဴစြာ ေျပာသည္။
“ အျပန္အလွန္ နားလည္မႈ အေပးအယူရွိေနရင္ ေပ်ာ္စရာေကာင္းပါတယ္ ”
သူ ေတြ၍ေန၏။ သက္ျပင္းတစ္ခ်က္ ခ်သည္။ ထို႔ေနာက္ ေခါင္းခါသည္။
“ တစ္ဖက္သက္ အႏိုင္ယူတယ္လို႔ ကၽြန္ေတာ္ ထင္ခ်င္လာတယ္ ”
အေၾကာင္းအရာမသိ၍ ကၽြန္ေတာ္ သူ႔ကိုၾကည့္ေနလိုက္သည္။ ခ်စ္ဦးသည္ စိတ္ေနက်ဥ္းက်ပ္ မြန္းသိပ္ေနဟန္ရွိ၏။
“ သူက ကၽြန္ေတာ့္ထက္ ငါးႏွစ္ေက်ာ္ေလာက္ ငယ္တယ္။ လာမယ့္ ဇူလိုင္လမွာမွ တစ္ဆယ့္ကိုးႏွစ္ျပည့္မယ္။ ငယ္ဂုဏ္ေၾကာင့္ အႏိုင္က်င့္ေနသလား မေျပာတတ္ဘူး။ အစ္ကို အခ်ိန္ရသလား ”
အသံသြင္းရန္ ျပင္ဆင္ေနသူေတြကိုလွမ္းၾကည့္ၿပီး ေမးေျပာေျပာသည္။ ကၽြန္ေတာ္က “ ရပါတယ္။ အတီးဆရာေတြပဲ ေရာက္ေသးတာပါ။ အဆိုေတာ္က ဆယ့္ႏွစ္နာရီေက်ာ္မွ ေရာက္မွာ ” ဟု ေျပာလိုက္သည္။ ခ်စ္ဦးက ညိဳညိဳေက်ာ္စြာႏွင့္ စတင္သိပံုကို ေျပာျပသည္။ ခ်စ္ဦး၏ အစ္မႏွင့္ ညိဳညိဳေက်ာ္စြာ၏ အစ္မတို႔က ေက်ာင္းေနဖက္။ တစ္အိမ့္တစ္အိမ္ အ၀င္အထြက္ ရွိၾကသည္။ ညိဳညိဳေက်ာ္စြာ ဆယ္တန္းေရာက္သည့္အခ်ိန္တြင္ လိုအပ္ေသာ ေက်ာင္းစာမ်ား၊ မွတ္စုမ်ား ရွာေဖြေပးရာမွ ခင္မင္ရင္းႏွီးသြားသည္။ ဗိုလ္တေထာင္တကၠသိုလ္သို႔ ေရာက္သည့္ႏွစ္တြင္ ညိဳညိဳေက်ာ္စြာထံသို႔ သူ သြားလည္တတ္သည္။ ညိဳညိဳေက်ာ္စြာက သူရွိရာ ပင္မတကၠသိုလ္သို႔ အလည္လာကာ စားေသာက္ဆိုင္အတူထိုင္၊ အိမ္အျပန္ လိုက္ပို႔။ ႏွစ္၀က္စာေမးပြဲအၿပီးတြင္ သူ ခ်စ္စကားဆိုသည္။ ညိဳညိဳေက်ာ္စြာက ခ်စ္တံု႕ျပန္သည္။ ႏွစ္ဖက္မိဘက ရိပ္မိၾကသည္။ သူတို႔ကိုမူ ဖြင့္ဟေမးၾကျခင္း မရွိေသး။
“ ကၽြန္ေတာ္ သူ႔ကို တစ္ခုေျပာမိတယ္။ အဲဒါ အခုေတာ့ ကိုယ့္ဒုကၡကိုယ္ရွာသလို ျဖစ္ေနတယ္ ”
“ ဘာေျပာမိလို႔လဲ ”
သူ ေခါင္းကို ျခစ္ကုတ္ကုတ္ၿပီး….
“ ကၽြန္ေတာ္ ပထမႏွစ္တုန္းက ေဆးတကၠသိုလ္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ ရည္းစားျဖစ္ခဲ့ဖူးတယ္။ တစ္ႏွစ္ေလာက္ပဲ ၾကာပါတယ္။ ကၽြန္ေတာ္နဲ႔ ကြဲသြားတာကို ညိဳ႕ကို ကၽြန္ေတာ္ ေျပာျပလိုက္တယ္။ ခုေတာ့ ထစ္ခနဲရွိရင္ ‘ ရွင္ကတဲ့၊ အရင္ရည္းစားေလာက္ ကၽြန္မကို မခ်စ္ဘူး ’ ဆိုၿပီး အျပစ္ဆိုေတာ့တာပဲ ”
ကၽြန္ေတာ္က ရယ္လိုက္သည္။
“ ဘာအဓိပၸါယ္နဲ႔ မင္း သူ႔ကို ေျပာျပတာလဲ ”
သူ ျပံဳးတံု႔တံု႔ႏွင့္ ေနၿပီးမွ……
“ ကၽြန္ေတာ္ သူ႔ကို ဘာမွ မလွ်ဳိ႕၀ွက္ခ်င္ဘူး။ ရိုးသားတာကိုလည္း သက္ေသျပခ်င္တယ္ အစ္ကို ”
“ ေသလိုက္ပါေတာ့ကြာ ” ဟု သူ႔ကို ရယ္ေမာၿပီး ေျပာလိုက္သည္။
“ ေနဦး….ငါ ေမးရဦးမယ္ ”
ေျဖရန္အသင့္ရွိေသာ မ်က္ႏွာျဖင့္ လွမ္းၾကည့္သည္။
“ မင္း ညိဳညိဳေက်ာ္စြာကို လက္ထပ္ဖို႔အထိ ရည္ရြယ္လား ”
“ ရည္ရြယ္တာေပါ့ အစ္ကိုရာ ”
“ သူ႔ကို ယူၿပီးရင္ ေနာက္အိမ္ေထာင္ ထပ္ျပဳဦးမွာလား ”
“ ဟာ….မဟုတ္တာ၊ အစ္ကိုကလည္း…… ”
“ မင္း ရွာေဖြလို႔ရတဲ့ ပိုက္ဆံကို သူမသိေအာင္ အတိုအလွ်ိဳလုပ္မွာလား ”
ေခါင္းခါသည္။
“ အျပင္မွာ ရႈပ္ရႈပ္ယွက္ယွက္ ေနမွာလား ”
“ မေနပါဘူး အစ္ကိုရာ၊ သူ႔ကို ကၽြန္ေတာ္ သိပ္ျမတ္ႏိုးတာပဲဟာ။ ဒါေၾကာင့္လည္း ဒီေလာက္ သည္းခံခြင့္လႊတ္ေနတာေပါ့ ”
“ မင္း ဒီသေဘာေတြရွိေနတာ သူ႔အေပၚ ရိုးသားၿပီးသားပဲ။ ရည္းစားရွိဖူးတာ ဖြင့္ေျပာတာ ရိုးသားရာက်တယ္လို႔ မင္းကို ဘယ္သူက သင္ေပးလဲ ”
သူ နဖူးတြန္႔သည္။
“ ၀တၳဳေတြထဲမွာ ဖတ္ရလို႔….. ”
“ ဟာ…စာေရးဆရာဆိုတာ ျမင္းမိုရ္ေတာင္ကို သဲပြင့္ေလာက္ ခ်ဳံ႕ေရးခ်င္ေရးတာ၊ သဲပြင့္ကို ျမင္းမိုရ္ေတာင္ေလာက္ အဆခ်ဲ႕ၿပီး ေရးခ်င္ေရးတာကို မင္းက အဟုတ္ထင္ၿပီး သြားေျပာတာကိုး။ မင္းေျပာလို႔ ညိဳညိဳသိတာ။ သိလို႔ ၀မ္းထဲမွာ က်လိက်လိျဖစ္ၿပီး ၀န္တိုတိုင္း မင္းကို ဟိုေျပာ ဒီေျပာ ေျပာေနတာ။ မင္း ညိဳ႕ကို စိတ္အေႏွာင့္အယွက္ေပးသလို ျဖစ္သြားတာေကာ မင္း မစဥ္းစားမိဘူးလား ”
သူ ေတြ၍ေန၏။
“ ကၽြန္ေတာ္ ေျပာျပမွ သူသိရတာ။ ကၽြန္ေတာ္ ရိုးသားလို႔ သူသိရတာ။ ဒီအတြက္ ကၽြန္ေတာ့္ကို သူ အမွတ္မေပးေတာ့ဘူးလား ”
သူ နားေ၀းေနေသးသည္။
“ ဒီမယ္၊ ငါ့မိန္းမကို ငါဘယ္ေလာက္ခ်စ္တယ္ဆိုတာ မင္းေတြ႕မွာေပါ့။ စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာ ထားတယ္။ ငါ အျပင္မွာ ဘာမွမရႈပ္ဘူး။ ဘာမွ မရိုးမသားမၾကံစည္ မျပဳလုပ္ဖူးဘူး။ မင္းအျမင္…… ”
ေခါင္းညိတ္သည္။ ကၽြန္ေတာ္က……
“ ဒီမယ္….မင္းလက္ခ်ိဳးထား၊ ငါ့ရည္းစားအေရအတြက္။ ပထမဆံုးက ျမ၊ ေနာက္…စမ္း၊ ေနာက္….ေမ၊ ေနာက္….ၾကည့္ျမင္တိုင္က အင္း….နာမည္ေတာင္ ေမ့သြားၿပီ။ ေနာက္တစ္ေယာက္က ရီ၊ ေနာက္…..သု၀ဏၰကကြာ၊ ေမ့ျပန္ၿပီ။ ေနာက္…စံ၊ ခင္၊ သန္း၊ ႏု၊ ေဆြ၊ ဇင္၊ ထိုက္။ ၿပီးေတာ့ ရီပဲ။ ကဲ… ဘယ္ႏွေယာက္လဲ ”
“ ဆယ့္ေလးေယာက္ အစ္ကို ” ဟု လက္ခ်ိဳးရပ္ၿပီး ေျဖသည္။ “ မထင္မရွားနဲ႔ မႀကိဳက္သလို ႀကိဳက္သလိုက ႏွစ္ဆေလာက္ က်န္ေသးတယ္ ” ဟု ကၽြန္ေတာ္ေျပာၿပီး….
“ ဒါေပမဲ့ ငါ့မိန္းမကို ငါ အဲဒါေတြ တစ္ခြန္းမွ မဟခဲ့ပါဘူး ”
“ ကၽြန္ေတာ္ မွားသြားၿပီ ထင္တယ္ေနာ္ အစ္ကို ”
“ ေျပာဖို႔စိတ္ကူးကတည္းက မွားခဲ့တာပဲ။ ေျပာတဲ့အခ်ိန္မွာ အမွားကိုတစ္သန္းနဲ႔ ေျမွာက္ၿပီးသား ျဖစ္ေနၿပီ ”
“ ဘယ္အမ်ိဳးသားကမွ အဲသလို ဖြင့္မေျပာဘူးလား အစ္ကို ”
“ ၀တၳဳထဲ၊ ရုပ္ရွင္ထဲ၊ ျပဇာတ္ထဲက မင္းသားကေတာ့ မင္းသမီးကို မင္းေျပာသလို ေျပာတယ္ ”
“ ဘယ္သူမွ မေျပာဘူး ဆိုပါေတာ့ ”
“ ဗမာျပည္မွာ မင္းနဲ႔အေဖာ္ရမယ့္သူ ႏွစ္ဆယ္၊ အစိတ္ေလာက္ေတာ့ ရွိမွာေပါ့။ သိပ္ေတာ့ မပူပါနဲ႔ကြာ ”
“ အစ္ကို႔သူငယ္ခ်င္းေတြထဲမွာ ကၽြန္ေတာ့္လိုလူ တစ္ေယာက္မွမရွိဘူးလား ”
“ ရွိတယ္ေလ၊ ခ်စ္ဦး ဆိုတဲ့သူပဲ ”
သူ ရယ္ေလသည္။ ရယ္ေနစဥ္ ကၽြန္ေတာ္က ….
“ မင္းကိုခ်ည္ဖို႔ ႏြယ္ႀကိဳးကို မင္းဘာသာ မင္းရွာၿပီး ညိဳ႕ကို ေပးလိုက္တာကိုး၊ ခ်စ္ဦး…ခ်စ္ဦး၊ ကိုယ့္ဒုကၡကိုယ္ရွာမိပါတယ္ ဆိုတဲ့စကား အဘသတိရသကြာလို႔ ျပဇာတ္စင္ေပၚမွာ ညည္းသလိုပဲ၊ ငါ ညည္းခ်င္တယ္ ”
သူ ရယ္ေတာ့ရယ္၏။ ၀မ္းတြင္းနာက ျပင္းထန္ပံုရ၏။ ရယ္ဟန္မပီမသ။ ‘ ေနာင္တ ’ မ်က္လံုးကို သတိျပဳမိသည္။
ကၽြန္ေတာ့္တူမက “ ကိုခ်စ္ဦးအေၾကာင္းကို ဦးေလးက သိပ္မသိေသးလို႔။ သိရင္ သနားခ်င္စရာ၊ ဟားခ်င္စရာ ” ဟု ေျပာသည္။ “ ဟုတ္လား….ေျပာပါဦး ” ဟု ကၽြန္္ေတာ္ ဆိုေသာအခါ……
“ ညိဳညိဳေက်ာ္စြာနဲ႕ ကၽြန္မနဲ႔ ခင္တယ္ဦးေလး၊ ညိဳညိဳက သူ႔ကို အရမ္းႏိုင္တာ။ ကိုခ်စ္ဦးက ျပား၀ပ္ေနတာ။ ညိဳ႕ညိဳ႕ကို ခ်စ္လြန္းလို႔လား၊ အူတူတူႏိုင္တာလား မေျပာတတ္ဘူး။ သူ ေတာ္ေတာ္ေအာက္က် ေနာက္က်ခံၿပီးေတာ့ကို ညိဳညိဳ႕ကို သည္းခံတာ။ ကိုခ်စ္ဦးက စိတ္ သိပ္ႏူးညံ့လြန္းအားႀကီးတယ္။ တစ္ခါတေလဆိုရင္တဲ့၊ ညိဳညိဳက ေဟာက္တာ မ်က္ရည္ကိုက်ေရာတဲ့။ အဲဒါ ညိဳညိဳက မ်က္ရည္က်တာ မႀကိဳက္ဘူး။ ခုခ်က္ခ်င္း မ်က္ရည္သုတ္ဆို သုတ္ရတာ၊ ခုခ်က္ခ်င္း ျပံဳးဆို ျပံဳးျပရတာ ”
“ ဟာ….ျမတ္စြာဘုရား ” ဟု ကၽြန္ေတာ္ အ့့ံၾသမိသည္။
“ မဟာနဲ႔ဦးေလး။ ညိဳညိဳက သမီးတို႔ကို ျပန္ေျပာတဲ့အခါက်ေတာ့ ဂုဏ္ယူ၀ံ့ၾကြားတဲ့ေလသံနဲ႔၊ အဓိပၸါယ္က ‘ ေတြ႕လား၊ ငါဘယ္ေလာက္ႏိုင္တယ္ ’ ဆိုတာပဲ။ ကိုခ်စ္ဦးက ညိဳညိဳ႕စကားတစ္ခြန္းပဲ၊ ေသဆိုေသ၊ ရွင္ဆိုရွင္။ ေယာက္်ားေလးတစ္ေယာက္မွာ ထားသင့္ထားထိုက္တဲ့ မာန္ကေလးေတာ့ ထားသင့္တယ္ထင္တာပဲ။ ၾကာရင္ ကိုခ်စ္ဦးပဲ ဒုကၡေရာက္မွာ….. ”
“ ဟုတ္တယ္ ” ဟု ကၽြန္ေတာ္ သေဘာတူစကား ဆိုျဖစ္သည္။ တူမက ဆက္၍ေျပာျပသည္။

ပလတ္စတစ္ ေလာင္းထားေသာ ဓာတ္ပံုကို လွမ္းေပးသည္။ ကၽြန္ေတာ္ ယူလိုက္သည္။
ေရာင္စံုဓာတ္ပံု၊ ပို႔စကတ္အရြယ္။ အင္းလ်ားကန္ကို ေနာက္ခံျပဳကာ လမ္းေလွ်ာက္
လာပံု။ ကိုယ္တေစာင္း၊ မ်က္ႏွာကို ကင္မရာဘက္သို႔ တူရူျပဳကာ ျပံဳးေနပံု။
ကိုယ္လံုးကိုယ္ထည္ ေပၚလြင္ေစေသာ အေနအထား။ ခရမ္းေရာင္ ထဘီ၊ အက်ၤီ။
ေခ်ာေမာစြဲမက္ဖြယ္အလွႏွင့္ ျပည့္စံုသည္။ မ်က္လံုးႏွင့္ ႏႈတ္ခမ္းသည္
ညိွဳ႕ႏိုင္စြမ္းရွိသည္ဟု ထင္ရ၏။
“ ညိဳညိဳေလ အစ္ကို ”
ဓာတ္ပံုကိုၾကည့္ၿပီး ကၽြန္ေတာ္ ျပန္ေပးလိုက္သည္။
“ အဲဒီဓာတ္ပံုကို မေန႔က အတင္းျပန္ေတာင္းေနတယ္ ”
“ ျပႆနာ ျဖစ္ၾကျပန္ၿပီလား ”
သူ႔အျပံဳးသည္ မရႊင္ပ်။ ေခါင္းတစ္ခ်က္ညိတ္သည္။
“ မေန႔က ေမြးေန႔ပြဲကို သြားတယ္အစ္ကို။ အသိက သူ႔အသိပါ။ ဟိုက်ေတာ့ ကၽြန္ေတာ့္အမ်ိဳးသမီးေဟာင္းနဲ႔ သြားတိုးေနတယ္။ အဲဒီတြင္ သူ ကၽြန္ေတာ့္ကို စိတ္ေကာက္ေတာ့တာပဲ ”
“ သူ ဘယ္လိုသိလဲ ”
“ မႏွစ္က ရုပ္ရွင္ရံုမွာ တစ္ခါဆံုတုန္းက ကၽြန္ေတာ္ ျပထားဖူးတာပဲ ”
“ မင္း….တစ္ခုၿပီးတစ္ခု ဆက္မွားခဲ့တာကိုး ”
၀န္ခံေသာအၾကည့္ သူ႔၌ရွိသည္။
“ ေမြးေန႔ပြဲကလည္း ျပန္ေရာ ‘ ရွင္ ရည္းစားေဟာင္းကို ခဏခဏ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနတာ ကၽြန္မသိတယ္ ’ ဆိုၿပီး ေဒါေကာ ေကာေတာ့တာပဲ။ ကၽြန္ေတာ္က ပြဲလမ္းသဘင္လာတာ ဘုန္းႀကီးဆြမ္းခံၾကြသလို မ်က္ႏွာေအာက္ခ်ၿပီး လာရမွာလား၊ ျပဴးတူးၿပဲတဲ ၾကည့္တာလည္းမဟုတ္။ ေရာက္ေနမွန္းလည္း သိေရာ၊ ေဘးတိုက္ေျပာင္းၿပီး ကၽြန္ေတာ္ တမင္ထိုင္ပါတယ္။ အဲဒါ သက္သက္အျပစ္ရွာတာပါ အစ္ကိုရာ ”
စိတ္ပ်က္လက္ပ်က္ ထိုင္သည္္။ ကုလားထိုင္ေပၚတြင္ ေလ်ာ့ရဲေလ်ာ့ေခြ ထိုင္သည္။ ကၽြန္ေတာ္က……
“ ေနာင္ အျပင္ထြက္ရင္ ဘုတ္လုပ္ကစားသလို မ်က္လံုးကို အ၀တ္စည္းၿပီး သြားေပါ့ကြာ၊ အေျပာအဆုိ မခံရေတာ့ဘူးေပါ့ ”
“ မနက္ဆယ္နာရီကစၿပီး မေက်နပ္စကားေျပာတာ ညေန ငါးနာရီထိုးေရာ အစ္ကို ရာ။ ကၽြန္ေတာ္လည္း ေခ်ာ့လိုက္တာ အမ်ိဳးမ်ိဳး။ အဲဒီၾကားထဲက ကၽြန္ေတာ့္ကို အခ်စ္ သမာဓိမရွိဘူး၊ သစၥာမရွိဘူးလို႔ စြဲခ်က္ေတြ တင္ေတာ့တာပဲ အစ္ကိုရာ ”
“ ေျပလည္ေအာင္ ေခ်ာ့ေပါ့ကြာ ”
“ မေျပလည္တဲ့အျပင္ ေပးထားတဲ့ ဓာတ္ပံုေတာင္ ျပန္ေတာင္းေနလို႔…. ”
ကၽြန္ေတာ္ ရယ္မိသည္။

(၂)
ေဆာင္းဦးေပါက္ရာသီ၏ တစ္ေန႔လယ္တြင္ စတူဒီယိုသို႔ ခ်စ္ဦး ေရာက္လာသည္။
ခ်စ္ဦးႏွင့္အတူ အမ်ိဳးသမီးတစ္ဦးပါ ပါလာသည္။ ဓာတ္ပံုကို
ျမင္ဖူးထားေသာေၾကာင့္ ညိဳညိဳေက်ာ္စြာဟု ကၽြန္ေတာ္ သိလိုက္သည္။ ခ်စ္ဦးက
မိတ္ဆက္ေပးသည္။ ညိဳညိဳေက်ာ္စြာက ရွက္ျပံဳးႏွင့္အတူ ၀မ္းသာအားရ
စကားတံု႔ျပန္သည္။
“ သူ အသံသြင္းတာ ေလ့လာခ်င္လို႔တဲ့ အစ္ကို ”
“ ရပါတယ္။ အခု ေန႔လယ္ပိုင္း ခဏနားေနၾကတာ။ အတီးသမား၊ အေရးသမားတခ်ိဳ႕ပဲ က်န္ရစ္ခဲတယ္။ အဆိုေတာ္က အိမ္ ခဏျပန္တယ္။ ေစာေစာကပဲ သူတို႔ထမင္းစားၾကေတာ့ မၾကာခင္ အလုပ္ျပန္စမွာပါ ”
ခ်စ္ဦးက ကၽြန္ေတာ့္ကို လွမ္းၾကည့္သည္။ အေၾကာင္းဆံုလွ်င္ ညိဳညိဳေက်ာ္စြာကို နား၀င္ေအာင္ ေျပာျပေရးအတြက္ ကၽြန္ေတာ့္ထံ အကူအညီေတာင္းထားသည္။ သူ႔ကို နားလည္ေအာင္ ေဖ်ာင္းဖ်ေျပာဆိုေရး အကူအညီ။ အသံဖမ္းစက္ခန္းထဲရွိ ေခတ္မီပစၥည္းကိရိယာေတြကို ညိဳညိဳေက်ာ္စြာ ၾကည့္ေနသည္။ ထို႔ေနာက္…..
“ ဘယ္သူေတြ အသံသြင္းေနၾကသလဲ ”
ကၽြန္ေတာ္က….
“ ေမဆြိနဲ႔ ကိုင္ဇာ ”
ညိဳညိဳေက်ာ္စြာက ၀မ္းသာအားရ ျပံဳးသည္။
“ တစ္ေယာက္ ႏွစ္ပုဒ္စီ ၿပီးသြားၿပီ ”
“ ဒီေန႔ အၿပီးလား ”
ညိဳညိဳေက်ာ္စြာ့ အေမးကို…..
“ အခုသူတို႔ဆိုတာက သေဘာေလာက္၊ အတီးေတြကို သြင္းထားတာ။ ေနာက္မွ သူတို႔ စိတ္တိုင္းက်ဆိုတဲ့ အသံနဲဲ႔ အသံထပ္မွာ ညိဳညိဳ ”
ခ်စ္ဦးက “ ဒီလိုေလ ညိဳ….တစ္ခါတည္းနဲ႔ အသံေရာ အတီးေရာ သြင္းယူတာ မဟုတ္ဘူးေလ၊ အဆိုက….” ဟူေသာ စကားတစ္၀က္တြင္ ညိဳညိဳေက်ာ္စြာက လက္ကာၿပီး….
“ နားေထာင္စမ္းပါဦး အစ္ကို ရွင္းျပေနတဲ့ဥစၥာ ”
ဟန္႔မာန္ မာန္ေသာ စကားေၾကာင့္ ခ်စ္ဦး မ်က္ႏွာပ်က္သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းျပံဳးသည္။ ခ်စ္ဦးကို ကၽြန္ေတာ္ အားနာ သနားမိသည္။ ကၽြန္ေတာ္ ရွင္းသာျပရသည္။ စိတ္မွာ အေႏွာင့္အယွက္ ျဖစ္သြားသည္။ ညိဳညိဳေက်ာ္စြာသည္ ေယာက္်ားေလးတစ္ေယာက္၏ ေနရာကို က်ဥ္းေျမာင္းေအာင္ျပဳတတ္မွန္း သိသာသိခဲ့သည္။ ယခုမွ ျမင္ေတြ႕ရသည္။ အလွႏွင့္ စိတ္ႏွင့္ မလိုက္ဖက္ဟု ေအာက္ေမ့သည္။ အခ်ိဳးအဆက္က်နေသာ ကို္ယ္ကာယအလွႏွင့္ မ်က္ႏွာအလွအပတို႔သည္ ခ်စ္ဦးကို ေျခသုတ္ပုဆိုး ျဖစ္ေစေသာ အရာမ်ားေပလားဟု တြက္သည္။ စိတ္ကူးျဖင့္သာ စြဲလမ္းခြင့္ေပးထားမည့္သူဟု ညိဳညိဳေက်ာ္စြာကို ကၽြန္ေတာ္ အကဲခတ္၍ရသည္။
အဆိုေတာ္ေတြ ေရာက္လာၿပီး လုပ္ငန္းစေသာအခါ သူတို႔ႏွစ္ေယာက္ကို ကၽြန္ေတာ္ ေမ့ေနသည္။ ေနေစာင္းခ်ိန္တြင္ အလုပ္ခဏနားသည္။ ညေနစာ စားေသာက္ၾကသည္။ ခ်စ္ဦးကို ျပန္ခါနီးတြင္ ကၽြန္ေတာ္က……
“ ခ်စ္သူဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ဖို႔လိုတယ္ေနာ္။ စိတ္ညစ္စရာကို ႏွစ္ေယာက္စလံုးက ေရွာင္ရလိမ့္မယ္ ”
“ ဟုတ္ကဲ့ပါ အစ္ကို ” ဟု ခ်စ္ဦးက ၀မ္းသာအားရ ေျပာသည္။ “ ဟုတ္ကဲ့ ” ဟု ညိဳညိဳေက်ာ္စြာက ေခါင္းညိတ္ၿပီး ေျပာေသာ္လည္း မ်က္ႏွာမွာ အရႊင္အပ် ေလ်ာ့သြားသည္။

(၃)
“ ငါ ဘာစကားမ်ား မွားသြားလို႔ပါလိမ့္ ”
ကၽြန္ေတာ့္ကို ခ်စ္ဦးက အားနာစြာျပံဳးၿပီး ေခါင္းခါသည္။
“ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ဖို႔၊ စိတ္ညစ္စရာမဖန္တီးဖို႔ အစ္ကိုေျပာလိုက္တာဟာ အေၾကာင္းမဲ့ေျပာလို႔ရတဲ့စကား မဟုတ္ဘူးတဲ့။ သတိေပး ဆံုးမစကားတဲ့။ တစ္ေယာက္ကိုတစ္ေယာက္ အထစ္အေငါ့ ျဖစ္ေနတာကို သိလို႔သာ အစ္ကိုက ဒီစကားေျပာတာ ျဖစ္ရမယ္။ ဒါလည္း ရွင္ေျပာလို႔သာ သိရမွာတဲ့။ သူမ်ားကို ကိုယ့္အေၾကာင္းေျပာရသလားေပါ့ အစ္ကိုရာ။ ကၽြန္ေတာ့္ကို လွ်ိဳ႕၀ွက္သိပ္သည္းမႈ မရွိဘူး၊ ႏႈတ္ဖြယ္တယ္၊ စကားဖြာတယ္၊ ဘာညာနဲ႔ ဆူေတာ့၊ ေဟာက္ေတာ့တာပဲ ”
ကၽြန္ေတာ္ သက္ျပင္းခ်သည္။ “ မင္း ငါ့ကို ဘာမွအားမနာပါနဲ႔ကြာ။ မင္းအေနအထားကို ငါသိပါတယ္ ” ဟု သူ စိတ္သက္သာေအာင္ ေျပာလိုက္သည္။ ခ်စ္ဦးက ႏႈတ္ခမ္းေမြးသဲ့သဲ့ကို လက္ခံုျဖင့္ တစ္ခ်က္ပြတ္ၿပီး…..
“ ကၽြန္ေတာ္ တကယ္စိတ္က်ဥ္းက်ပ္လာတယ္ အစ္ကိုရာ ”
မ်က္ႏွာသည္ နီေယာင္ေယာင္ျဖစ္ေန၏။ ကၽြန္ေတာ္ သူ႔စကားကို ေစာင့္ေနလိုက္၏။
“ မင္း သိပ္ေလွ်ာ့ခဲ့တာေတြက မင္းကိုျပန္ၿပီး ဒုကၡေပးၿပီထင္တယ္။ တင္းလြန္းရင္ျပတ္၊ ေလ်ာ့လြန္းရင္ ပတ္တယ္တဲ့ ”
“ ဟာ….အစ္ကိုရာ၊ ကၽြန္ေတာ္ မရွက္ေတာ့ပါဘူး။ သူ႔ကို ကၽြန္ေတာ္ သိပ္ခ်စ္လို႔ ေလွ်ာ့ခဲ့တာေတြ အမ်ားႀကီးပါ။ ဘုရားသြားရင္ သူ႔ဖိနပ္ကို ကၽြန္ေတာ္ကိုင္တာ၊ ရႊံ႕ေပရင္ေတာင္ ကၽြန္ေတာ္ ေဆးေပးတာ။ ဒါေပမဲ့ အားလံုးက အလကားပါ ”
ကၽြန္ေတာ္ အလြန္အမင္း အ့့ံၾသမိသည္။
“ အရာရာလည္း အနစ္နာခံပါတယ္ဗ်ာ။ ဘာမွ မေပၚလြင္ပါဘူး။ သူႏိုင္ရတာကို ေပ်ာ္ေနသလားမသိဘူး။ ဒီကျပန္ၿပီး ႏွစ္ရက္၊ သံုးရက္ သူ စကားမေျပာဘူး။ ဖုန္းဆက္ရင္လည္း မေျပာဘူး။ အိမ္သြားရင္ ဧည့္ခန္းထဲ ထြက္မေတြ႕ဘူး။ သူ႔အစ္မေတြကေတာင္ ‘ နင္ တယ္၀ဋ္ႀကီးတာပဲ ’ တဲ့။ ကၽြန္ေတာ့္ဘက္က ရပ္ၾကတယ္ ”
“ အားလံုးက မင္းဘက္က ရပ္ၾကမွာပါ။ ငါက အစေပါ့ကြာ ”
သူ အားတက္ျပံဳး ျပံဳးေနသည္။
“ ဟုတ္တယ္ အစ္ကို၊ သူက တစ္ဖက္သတ္ႀကီးကိုး ”
“ မင္းဘက္မွာ မရပ္တာ မင္းပဲ ခ်စ္ဦး ”
“ ဟာ…အစ္ကိုကလည္း ” ဟု အိုးတိုးအမ္းတမ္း ေျပာသည္။

(၄)
ခ်စ္ဦးမလာသည္မွာ တစ္လခြဲေက်ာ္ေက်ာ္ ရွိသြားသည္။
အသံသြင္းလုပ္ငန္းေတြၾကားတြင္ ကၽြန္ေတာ္ နစ္ျမဳပ္ေနသျဖင့္ သူ႔ကို
ေမ့ေတ့ေတ့ရွိေန၏။ မေန႔က တူမျဖစ္သူက အိမ္သို႔လာလည္၍ သတင္းေမးရသည္။ “
အဆင္ေျပေနၾကတယ္ ဦးေလး။ ညိဳညိဳတို႔ မိသားစုနဲ႔ ပုဂံကို ဘုရားဖူးသြားၾကတယ္။
ျပန္ေရာက္တာ ေလး ငါး ဆယ္ရက္္ေလာက္ ရွိၿပီထင္တယ္ ” ဟု ေျဖသည္။
“ သူတို႔အေျခအေနက ေကာင္းႏိုင္ပါ့မလား ”
တူမက ေခါင္းခါသည္။
“ ညိဳညိဳက သူ႔ကိုယူမွာ မဟုတ္ပါဘူး ”
ကၽြန္ေတာ္ လန္႔သြား၏။
“ ဘာျဖစ္လို႔လဲ ”
“ စိတ္ဓာတ္ႏုနယ္လြန္းအားႀကီးေတာ့ အိမ္ေထာင္ကို ဦးေဆာင္ႏိုင္စြမ္း ရွိပါ့မလား လို႔ ညိဳညိဳေျပာဖူးတယ္ ”
“ သူက ညိဳညိဳ႕ကို ေတာ္ေတာ္ ခ်စ္ရွာတာပဲ ”
“ အခ်စ္ဆိုတာ စားလို႔၊ ၀တ္လို႔ရတဲ့ ဥစၥာမွမဟုတ္ဘဲ ဦးေလး ”
“ ညိဳညိဳ႕ကို သူ အရမ္းသည္းခံတာပဲ ”
“ သည္းခံၿပီး ဘ၀တိုးတက္မႈ ရွာေဖာ္မွမရရင္ ဘာအသံုးက်မွာလဲ ဦးေလးရဲ႕၊ ညိဳညိဳလည္း ဒီလိုပဲ ေတြးမွာေပါ့ ”
တကၠသိုလ္ေရာက္စ ကၽြန္ေတာ့္တူမ၏ အေတြးအေခၚကို ခံ့ညားမိသည္။ အံ့လည္း အ့့ံၾသရသည္။
“ ဒါျဖင့္ ညိဳညိဳက ခ်စ္ဦးကို ဘာလို႔ ခ်စ္သူလို ခရီးဆက္ေနေသးလဲ ”
“ အဲဒါေတာ့ မသိဘူး ဦးေလး ”

(၅)
သူ တစ္ပတ္လွ်င္ တစ္ေခါက္ ေရာက္ေရာက္လာသည္။ တစ္ေခါက္လာလည္လွ်င္ အနည္းဆံုး
နွစ္နာရီထက္မနည္း အိမ္မွာၾကာသည္။ လာတိုင္း တနဂၤေႏြျဖစ္ေနသည္။ တစ္ပတ္လွ်င္
တစ္ရက္သာနားရေသာ ကၽြန္ေတာ္၏ အနားယူခ်ိန္၊ မိသားစု အပန္းေျဖခ်ိန္၊
လုပ္ငန္းစိတ္ကူးထုတ္ခ်ိန္၊ လုပ္ငန္းဆိုင္ရာ စာေပစာတမ္း ဖတ္ရခ်ိန္ထဲက
သူ႔အတြက္ ဖဲ့ေပးရသည္။ သူ စကားေျပာၿပီး ျပန္သြားလွ်င္ ကၽြန္ေတာ့္မွာ
မနည္းပင္ ခါးအေညာင္း ဆန္႔ယူရသည္။ အစကေတာ့ ကၽြန္ေတာ့္ဇနီးက တစ္ခြန္းစ၊
ႏွစ္ခြန္းစ ဧည့္ေထာက္ခံစကား ေျပာေသးသည္။ ေန႔၀က္နီးပါး ၾကာသည္အထိ
သူေနဖန္မ်ားလာေသာအခါ ကၽြန္ေတာ့္ဇနီးက ဧည့္ခံစကား မေျပာေတာ့။
လက္ဖက္ရည္ၾကမ္း၊ ေဆးလိပ္တို႔ကို လာခ်ေပးၿပီးေနာက္ ဧည့္ခန္းဘက္သို႔ မလာေတာ့။
သူ ျပန္သြားေတာ့မွ…..
“ ရွင္က ပိုၿပီး သနားစရာ ေကာင္းေနၿပီ ”
“ ေအးကြ ”
“ ကၽြန္မေတာ့ ေမာင္ခ်စ္ဦးရဲ႕ ခ်စ္သမွ်ကို ပတ္ပ်ိဳးသစ္ကို အလြတ္ေတာင္ရေနၿပီ ”
“ ေျပာလည္းေျပာစရာပဲ။ သူက အေျဖထုတ္တဲ့ ေဆြးေႏြးခ်က္ေတာ့ မဟုတ္ဘူး။ အခ်ိန္ကုန္ခံၿပီး တြက္ခ်က္ေနဖို႔ပဲ ၀ါသနာပါတာ။ ညိဳညိဳေက်ာ္စြာကို ခ်စ္တာရယ္၊ သူ႔ကို အႏိုင္ယူတာရယ္၊ သူ သည္းခံတာရယ္၊ အပ္ေၾကာင္းက ထပ္ေနတာ။ သူ ေျပာစရာ လူ မရွိလို႔နဲ႔တူပါတယ္ ”
“ ၾကာရင္ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းကု ေဆးရံုမွာ ရွင့္နား ကုရလိမ့္မယ္ ”
“ သူ႔ေ၀ဒနာကို စိတ္၀င္တစား နားေထာင္မယ့္သူ မရွိိုလို႔ေနမွာေပါ့ကြာ။ ဒါေပမဲ့ ငါလည္း မသက္သာဘူး။ ဒီသူငယ္လည္း ၀ဋ္နာကံနာပဲ ”
“ ရွင္လည္း အစ္ကိုေရဆိုၿပီး ေန႔စဥ္မွတ္တမ္းအစီရင္ခံတာ ၾကားနာ၊ လွ်ာမေညာင္းခင္ ဘာေပါ့ကြာ၊ ညာေပါ့ကြာ ေျဖသိမ့္၊ ေညာင္းလာေတာ့ အင္း၊ အဲ၊ ဒါေပါ့၊ ေၾသာ္၊ ဟုတ္လား ေခါင္းညိတ္ၿပီး အာေမဍိတ္ပဲ ထုတ္လုပ္ေနရတယ္ မဟုတ္လား။ ရွင္က ၀ဋ္နာ ကံနာကို အဆစ္လိုက္ေနရတာ ” ဟု မဲ့ျပံဳးျပံဳးၿပီး ေျပာသည္။
ကၽြန္ေတာ္ ရယ္လိုက္၏။ ရယ္ရင္း ခ်စ္ဦးကို သတိရ၏။ ယခုအခ်ိန္ဆို မ်က္ရည္ႏွင့္မ်က္ခြက္၊ ဒူးႏွင့္မ်က္ရည္ ျဖစ္ေနၿပီလား မသိ။
“ ကၽြန္ေတာ္ သူ႔ကို သိပ္ခ်စ္တာ၊ သူသိဖို႔ေကာင္းပါတယ္ အစ္ကိုရာ ”
“ ငါ ကူေျပာေပးဖို႔ လိုသလား ေမာင္ခ်စ္ဦး ”
ကမန္းကတန္း လက္ကာၿပီး “ မျဖစ္ပါဘူး အစ္ကိုရာ။ လူတကာသိေအာင္ ေၾကညာေမာင္းခတ္ေနတယ္လို႔ ကၽြန္ေတာ့္ကို ဆူဦးမွာ ” ဟု ထိတ္လန္႔စြာ ေျပာသည္။ ထိုစဥ္ အဆိုခန္းထဲရွိ အဆိုေတာ္ႏွင့္ ယွဥ္ရပ္ေနေသာ ဂီတမွဴးက “ ေစာေစာက တစ္ပုဒ္ကို ျပန္သြင္းမယ္ဆရာေရ ” ဟု ေျပာသည္။ အဆိုေတာ္ကို ကၽြန္ေတာ္ လွမ္းၾကည့္၏။ အဆိုေတာ္ေကာင္မေလးသည္ နဖူးေခၽြးစေတြကို လက္ကိုင္ပ၀ါျဖင့္ တို႔သည္။ အေတာ္ပင္ပန္းေနပံုရ၏။ ျပန္သြင္းမည့္ အပုဒ္သို႔ေရာက္ေအာင္ တိပ္ေခြကို ျပန္ရစ္လိုက္သည္။ အတီးပိုဒ္ကို တစ္ပိုဒ္ႀကိဳ၍ ဖြင့္ေပးလိုက္သည္။ ဆိုရမည့္ေနရာသို႔ အေရာက္တြင္ ဂီတမွဴးက အဆိုေတာ္ကို ေခါင္းညိတ္အခ်က္ေပးသည္။ အဆိုေတာ္က သတိထားၿပီး ႀကိဳးစားဆိုသည္။ သီခ်င္းအခ်တြင္ အသံတိမ္ကာ၊ အသံတိမ္းကာ ပ်က္သြားမည္ကို ကၽြန္ေတာ္ စိုးရိမ္ေနသည္။ ကံအားေလ်ာ္စြာ အဆင္ေျပသြားသည္။ “ ၿပီးပါၿပီ ဆရာေရ႕ ” ဟု ဂီတမွဴးက ၀မ္းသာအားရေျပာၿပီး လက္မေထာင္သည္။ ခလုတ္ေတြအားလံုးကို ကၽြန္ေတာ္ ပိတ္လိုက္သည္။
“ သူ စကားမေျပာတာ ႏွစ္လရွိသြားၿပီ။ ရက္စက္စိမ္းကားလြန္းတယ္ အစ္ကိုရာ မိန္းမေတြဟာ ဒီလိုခ်ည္းပဲ ထင္တယ္ ”
“ ပန္းပြင့္တစ္ပြင့္မွာ အျပစ္အနာအဆာ ေတြ႕တာနဲ႔ ကမၻာေပၚရွိသမွ် ပန္းပြင့္ေတြကို ဒီလိုခ်ည္းပဲလို႔ မင္းတြက္လို႔ ဘယ္ရမလဲ ”
“ အခ်စ္ဆိုတာကို သူ ဘယ္လိုနားလည္သလဲ မသိဘူး ”
“ မင္းဖန္တီးေပးထားလို႔နားလည္ႏိုင္တဲ့ နည္းလမ္းနဲ႔ပဲ သူ နားလည္မွာေပါ့ကြာ ”
“ ကၽြန္ေတာ္ ခ်စ္လို႔ေလွ်ာ့ေပးတာကို သူ သေဘာမေပါက္ဘူး အစ္ကိုရာ ”
“ သေဘာေပါက္ေအာင္ အသိေပးၿပီးမွ ေလွ်ာ့ေပးသင့္တယ္ ငါ့ညီ ”
“ အရာရာကို သူ႔သေဘာ၊ သူ႔အႀကိဳက္၊ သူ႔အဆံုးအျဖတ္ခ်ည္း ကၽြန္ေတာ္ ဦးစားေပးမိတာေတြ မွားတယ္၊ သိပ္မွားတယ္ ”
အမွားသိသည္မွာ မ်ားစြာေနာက္က်ေနၿပီဟု စိတ္ထဲမွသာ ကၽြန္ေတာ္ ေျပာျဖစ္ေလသည္။
“ မင္း ငါ့ကို ဒီလိုမေျပာနဲ႔၊ ဒီလိုမဆက္ဆံနဲ႔လို႔ ေျပာလိုက္ရင္ ရခဲ့တာပဲ။ သူ႔စိတ္ထဲမွာ အေႏွာင္အတည္း ျဖစ္သြားမွာစိုးလို႔….. ”
“ မင္း ငယ္ငယ္က ဂ်င္ေပါက္ဖူးလား ”
“ ဟုတ္ကဲ့ ”
“ စြန္ေကာ လႊတ္ဖူးလား ”
“ လႊတ္ဖူးတာေပါ့ အစ္ကုိရ ”
“ ဂ်င္ကလည္း ပတ္ေနမွ ကစားလို႔ရတာ။ စြန္ကလည္း ေကာင္းကင္တက္ေနမွ လႊတ္လို႔ရတာ။ ဂ်င္ကို တိုင္မွာ ဂ်င္ႀကိဳးနဲ႔ခ်ည္ထားရင္ ကစားရာမက်ဘူး။ စြန္ကို သစ္ပင္မွာ စြန္ႀကိဳးနဲ႔ တက္ခ်ည္ထားရင္ လႊတ္ရာမက်ဘူး။ အဲဒီဂ်င္ႀကိဳးနဲ႔ စြန္ႀကိဳးကို ဂ်င္နဲ႔စြန္ကို ေႏွာင္တည္းရာ က်ပါတယ္ဆိုၿပီး လႊင့္ပစ္ၾကည့္။ ဒီသေဘာပဲ။ စြန္ႀကိဳးကို ရစ္ဘီးမွာ အစခ်ည္ၿပီး ရစ္ထားရတာရယ္၊ ဂ်င္ႀကိဳးကို လက္သန္းနဲ႔ လက္သူၾကြယ္ၾကား ညွပ္ထားရတာရယ္၊ မင္းျပန္စဥ္းစား။ စြန္တက္ဖို႔၊ ဂ်င္လည္ဖို႔ ဒီအတိုင္းပဲ။ မင္း စည္းမဲ့ကမ္းမဲ့ခ်စ္ၿပီဆိုရင္ ညိဳညိဳေက်ာ္စြာ မမွားဘူး၊ မင္းမွားတာပဲ ျဖစ္မယ္ ”
သူ ႏွလံုးညစ္ညဴးစြာ ျပံဳးသည္။ ေခါင္းငိုက္စိုက္ႏွင့္ ေတြ၍ေန၏။ ေခါင္းတစ္ခ်က္ ကုတ္ၿပီး…..
“ ခုေန ကၽြန္ေတာ္ ျပင္ရင္ေကာ…. ”
တူမ၏စကားေတြကို ကၽြန္ေတာ္ ၾကားေယာင္သည္။ ထို႔ေၾကာင့္….
“ မင္း ခ်ိန္ဆၾကည့္ေပါ့ကြာ ”

(၆)
ခ်စ္ဦး သိဦးမည္မထင္။
ကၽြန္ေတာ္ စိတ္မေကာင္း ျဖစ္ရသည္။ တူမက “ ကိုခ်စ္ဦးေတာ့ နာၿပီ ” ဟု စကားစၿပီးေျပာျပသည္။ ညိဳညိဳေက်ာ္စြာသည္ မိဘကလည္း သေဘာတူ၊ ကိုယ္တိုင္ကလည္း သေဘာက်ေသာ ေမာင္ေမာင္စမ္းခ်ိဳဆိုသူႏွင့္ အေၾကာင္းဆက္ေတာ့မည့္ သတင္း။ ေမာင္ေမာင္စမ္းခ်ိဳသည္ အေရွ႕ဖ်ားႏိုင္ငံ တစ္ႏိုင္ငံတြင္ ကုန္စည္ျဖန္႔ျဖဴးေရးဆိုင္ရာ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး၊ စီးပြားေရးတကၠသိုလ္မွ ဘြဲ႕လြန္ေအာင္ၿပီးသား။ အေရွ႕ေတာင္အာရွႏိုင္ငံ တစ္ႏုိင္ငံႏွင့္ အေမရိကန္ႏိုင္ငံမွ စီးပြားေရးဆိုင္ရာ ဒီပလိုမာ ၃ ခုရရွိၿပီးသူ။ ဖခင္က ေခမရဌ္တိုင္းသား၊ မိခင္က ရာမညတိုင္းသူ။ ရုပ္ရည္ေခ်ာေမာ တင့္တယ္သည္ဟု တူမက ေျပာျပသည္။ မိဘသည္ သန္းၾကြယ္သူေဌး။ ညီမ တစ္ေယာက္သာ ေမာင္ေမာင္စမ္းခ်ိဳတြင္ ရွိသည္။ ေမာင္ေမာင္စမ္းခ်ိဳ၏ ဖခင္ႏွင့္ ညိဳညိဳေက်ာ္စြာ၏ ဖခင္တို႔သည္ ညီအစ္ကိုသားခ်င္းကဲ့သို႔ ခင္မင္ရင္းႏွီးၾကသည္ဟု ဆိုသည္။
“ အင္း…မဟာ့မဟာ ျပႆနာပဲ ”
ကၽြန္ေတာ့္ဇနီးက ညည္းေျပာ ေျပာသည္။
“ ခ်စ္ဦးေတာ့ ေခါင္းမီးေတာက္မွာပဲ ”
တူမက….
“ တစ္ခ်ိန္ခ်ိန္မွာ ဒီလိုျဖစ္မယ္လို႔ တြက္ၿပီးသားပါ ”
ခ်စ္ဦး၏မ်က္ႏွာကို ကၽြန္ေတာ္ ေျပး၍ပင္ ျမင္သည္။ တင္ႀကိဳသိရ၍ ေစာစီးစြာ စိတ္မခ်မ္းသာရေသာ္လည္း စကားေတြ ရွာေဖြထားရန္ အခ်ိန္ေတာ့ရသည္။ တူမကို ခ်စ္ဦးက “ ငါအပူကပ္တာေတာ့ မဟုတ္ပါဘူး။ ညိဳ႕ဆီသြားၿပီး ငါနဲ႔ ပတ္သက္လို႔ နည္းနည္းပါးပါး စံုစမ္းေပးစမ္းပါဟာ ” ဟု ပူဆာသည္။ ကၽြန္ေတာ့္တူမက ရယ္က်ဲက်ဲႏွင့္ေနၿပီး “ ဘာစံုစမ္းေပးရမွာလဲ ” ေမးသည္။
“ ေၾသာ္…သူ ငါ့ကို ျဖတ္သလိုလို လုပ္ေနတယ္ ”
“ အိုး…သူျပတ္ ကိုယ္ျပတ္။ ဘာလြမ္းစရာရွိလို႔လဲ ကိုခ်စ္ဦး ”
ခ်စ္ဦး ေခါင္းခါသည္။ “ မဟုတ္ဘူးေလဟာ ” ဟု မပြင့္တပြင့္ ေျပာၿပီး….
“ ငါ့မွာ ဘာအျပစ္ရွိလို႔လဲေပါ့ ”
“ ကိုခ်စ္ဦး မလြယ္ဘူး ”
ကၽြန္ေတာ္ နားေထာင္ေန၍သာ ေနလိုက္ရသည္။ “ ရပါတယ္၊ ေမးေပးဖို႔ဘာမွ မခဲယဥ္းပါဘူး ” ဟု တူမက ေျပာသည္။ ခ်စ္ဦး ျပန္သြားေသာအခါ ဖတ္လက္စ၀တၳဳကို ဖတ္မည္ျပင္ခိုက္ တူမက…
“ ဦးေလးလူကေတာ့ ကိုယ့္ဒုကၡကိုယ္ ေရငုပ္သေဘၤာနဲ႔ရွာ၊ အာကာသ လြန္းပ်ံယာဥ္နဲ႔ မေတြ႕ေတြ႕ေအာင္ ရွာမယ့္သူပဲ။ စိတ္ဓာတ္ေပ်ာ့စိေပ်ာ့ဖပ္နဲ႔ ေနတာကို အခ်စ္လို႔ အဓိပၸါယ္ေကာက္မ်ား ေကာက္ေနသလား မေျပာတတ္ဘူး ”
“ သူ ဟိုကိစၥသိရင္ ေျဖေဆးေကၽြးဖို႔၊ လိမ္းဖို႔၊ ထိုးေပးဖို႔ ငါလည္း ဒီမွာ စကားလံုးရွာေနရတာေလ ”
၀တၳဳစာအုပ္ေတြကို လက္ညိွဳးထိုးျပလိုက္သည္။ ‘ ေဟာက္မွာေလလား အခ်စ္ရဲ႕၊ အခ်စ္မရွား ေယာက္်ားမရွား အလြန္ပင္မ်ားပါရဲ႕၊ စႏၵာအရိပ္ခ်စ္ေသာ ေမ်ာက္ကေလး၊ ငလ်င္ေတြ ခုန္ေနသည္၊ ေနာ္ကဒတ္ေလးက အခ်စ္ကို ကိုးကြယ္သတဲ့လား၊ အခ်စ္၏မ်က္ခြက္ကို ရွာေဖြ၍ မေတြ႕ေတာ့ၿပီ။ အဟင့္အဟင့္ ခ်စ္လိုက္တာ၊ အံမာေလးေနာ္ ခ်စ္လိုက္ရတာ၊ အေရွ႕တစ္ခြင္လံုး အဟင့္၊ ခ်စ္ပါတယ္ဆိုကာမွေလ၊ သူေနာ္ သိပ္ကဲ၊ ဟင့္အင္း ငိုပစ္လိုက္မွာပဲ၊ ၾကည့္ပါလားလို႔၊ ဒီကျဖင့္ သိပ္ကို ခ်စ္ရဲ႕သားနဲ႔ ’ ႏွင့္ အျခား၀တၳဳမ်ား။
“ အဲဒါေတြဖတ္ၿပီးရင္ ကိုခ်စ္ဦးေရာဂါ သက္သာ၊ မသက္သာေတာ့ သမီးမသိဘူး၊ စာေပေလာကမွာ စာရႈပ္ဆရာ တိုးေကာင္းတိုးလာမယ္။ သူက သူခ်စ္တာေတြ ေလွ်ာက္ေရးၿပီး ၀တၳဳမွာ ခ်စ္ဆိုတာ တစ္၀ါက်မွာ တစ္လံုးထက္မနည္း ေရးေတာ့မွာပဲ ”
ကၽြန္ေတာ့္ဇနီးက ရယ္သည္။ တူမက….
“ သူေရးဖို႔က ကုလားကုတ္ကၽြန္းမွာ တစ္ေယာက္တည္း အသည္းသြားကြဲၿပီး ငိုခ်င္းခ်တာမ်ိဳးေလ။ ‘ ကုလားကုတ္ကၽြန္း ခ်စ္သူ ’ တို႔၊ ‘ ကုလားကုတ္ကၽြန္းမွာ တစ္ေယာက္တည္း ’ တို႔ပဲ ေရးဖို႔ေကာင္းတယ္ ”

(၇)
ကၽြန္ေတာ္သိၿပီးသည္တို႔ကို ခ်စ္ဦးက တုန္လႈပ္စြာ ျပန္ေျပာျပသည္။ အေၾကာင္းစံုလင္ေတာ့မွ….
“ ငါ သိၿပီးတာ သံုးလရွိပါၿပီကြာ။ မင္းစိတ္ထိခိုက္မွာ စိုးရိမ္လို႔ ငါ မေျပာတာပါ။ ေလာကမွာ ေတြ႕ၾကံဳဆံုကြဲ ဓမၼတာပဲ။ ဘုရားေဟာရွိသားပဲကြာ။ ေလာကဓံတရားဆိုတာ ဒီလိုပဲ။ မ်က္စပစ္ေခၚၿပီး အနားကပ္ေတာ့မွ ပါးပိတ္ရိုက္တာမ်ိဳး၊ အံၾကိတ္ၿပီး လက္ယပ္ေခၚ၊ အနားက်မွ ရတနာထုပ္ ေပးတာမ်ိဳး။ လူ႔ဘ၀မွာ မင္းဒါေတြၾကံဳရမွာ၊ ခုမွအစ ”
“ ၀မ္းနည္းတယ္ အစ္ကိုရာ ”
“ သူကေတာ့ ေမာင္ေမာင္စမ္းခ်ိဳနဲ႔ မဂၤလာခန္း၀င္ပစၥည္း ေလွ်ာက္ၾကည့္ေနမွာေပါ့ ”
“ အဲဒါေတြပါေတြးၿပီး အသည္းေတြကြဲရ၊ အက္ရတယ္ဗ်ာ ”
မ်က္လံုး မ်က္ႏွာေတြ နီလ်က္ရွိသည္။ ေလေအးစက္တပ္ထားေသာ စက္ခန္းထဲတြင္ ခ်စ္ဦး ေခၽြးေတြစို႔၍ေန၏။
“ ငကန္းေသ၊ ငေစြလာမွာေပါ့ ခ်စ္ဦးရာ ”
“ ညိဳညိဳေတာ့ ျပန္လာမွာ မဟုတ္ဘူး အစ္ကို ”
“ မင္း ေကာင္းသေလာက္ သူမေကာင္းခဲ့တာေတြ တစိမ့္စိမ့္ျပန္ေတြးၾကည့္၊ စိတ္နာ စရာေတြပဲကြ။ မင္း သူနဲ႔ အိမ္ေထာင္က်ရင္ ခုထက္ စိတ္ဆင္းရဲမယ္ ”
“ နာၾကည္းၾကည့္ပါတယ္ အစ္ကို။ ခ်စ္တဲ့ သံေယာဇဥ္ေၾကာင့္ နာမရဘူး ”
‘ ဗုေဒၶါ ’ ဟု စိတ္ထဲမွ တ မိသည္။
“ မင္း အလုပ္ထဲမွာ တိုးတက္ေအာင္၊ တစ္ဖက္တစ္လမ္းက စီးပြားေရးလုပ္ငန္း လုပ္ျဖစ္ေအာင္၊ ကိုယ့္စိတ္ဓာတ္ ေကာင္းမြန္ရင့္က်က္ေအာင္ ႀကိဳးစားရလိမ့္မယ္ ”
“ ညိဳမွ ကၽြန္ေတာ့္ဘ၀ထဲမွာ မရွိေတာ့တာ အစ္ကိုရာ၊ အားလံုးက အဓိပၸါယ္မဲ့ေနပါၿပီ ”
‘ ျမတ္စြာဘုရား ’ ဟု စိတ္ထဲက တ မိသည္။
“ မင္းမွာ မင္းဘ၀ရွိတယ္။ မိဘ၊ မိသားစုတာ၀န္ေတြရွိတယ္။ ဘယ္သူမွ မရွိနဲ႔ဦးကြာ။ မင္းကိုယ္မင္း ေမ့ေပ်ာက္ထားလို႔ မျဖစ္ဘူး။ ၿပီးေတာ့ မခံခ်င္စိတ္နဲ႔ သူ ယူမယ့္ သူထက္သာေအာင္ မင္း ႀကိဳးစားသင့္တယ္ ”
“ စိတ္ဓာတ္က်တယ္ အစ္ကို ”
“ စိတ္ဓာတ္ေပ်ာက္ဆံုးရင္ ခ်စ္သူဆံုးရံႈးတာထက္ မင္းအက်ိဳးယုတ္မွာပဲ ခ်စ္ဦး ”
သူ ေတြ၍ေန၏။ ျပန္သာ မေျပာသည္၊ အတြန္႔မတက္သည္၊ နား၀င္ပံုမရ။ ထပ္မံေျပာေတာ့ ေျပာရေပဦးမည္။
×××××××××××××

ခ်စ္ဦး၏အေျခအေနသည္ စိုးရိမ္စရာ ေကာင္းလာသည္။ ပစ္စလက္ခတ္ေနလာ၍လား မသိ၊
အသားအေရ ညိဳညစ္ညစ္ျဖစ္လာသည္။ ပိန္ခ်ံဳးလာသည္။ တစ္ခါတေလ သူ႔ထံမွ
အရက္နံ႕ရသည္။ ေဆးလိပ္ေသာက္တတ္လာသည္။ ကြမ္း၀ါးလာသည္။ ၀ါကၽြတ္လွ်င္
ညိဳညိဳေက်ာ္စြာႏွင့္ ေမာင္ေမာင္စမ္းခ်ိဳတို႔ လက္ထပ္ေတာ့မည္။ သံုးေလးလသာ
လိုေတာ့သည္။ ရက္ေပါင္းတစ္ရာ ၀န္းက်င္အတြင္း၌ ကိုယ့္အသက္ကိုယ္ ရန္ရွာမည္ကို
ကၽြန္ေတာ္ စိုးရိမ္မကင္းျဖစ္မိသည္။ သူ ေန႔တိုင္းနီးပါး ကၽြန္ေတာ့္ထံသို႔
လာသည္။ သည္းခံၿပီး နားေထာင္ရသည္။ က်ားကန္ေပးေသာစကားေတြ ကၽြန္ေတာ္
ၾကံဖန္ၿပီးေျပာရသည္။ သူ႔ကိုေဖ်ာင္းဖ်သိမ္းသြင္းရန္ စကားေတြကို
ေပ်ာ့တိေပ်ာ့ဖပ္ ၀တၳဳေတြထဲက နည္းမရ။ ေပ်ာ့ဖပ္၀တၳဳထဲမွာ ပလူးပလဲစကားေတြ၊
တေရာ္ႏွင့္ ပက္က်ိေမႊထားေသာ စကားေတြ၊ လူကို ေျဖေလ်ာ့ေခြေစႏိုင္ေသာ စကားေတြက
မ်ားေန၏။
အခ်စ္၀တၳဳအမည္ႏွင့္ ေလ်ာ္ညီစြာ ‘ တိတ္ခ်စ္တာပဲေနာ္။ တိတ္ကုိ ခ်စ္တာေပါ့ ေမွာင္ရယ္။ အဲဒီေလာက္ႀကီး ဖက္မထားနဲ႔ကြယ္လို႔၊ အသက္ရွဴတတ္ေတာ့ဘူး။ ၀မ္းထဲ၊ ရင္ထဲ၊ အသည္းထဲ၊ ႏွလံုးထဲ၊ သရက္ရြက္ထဲ၊ ေက်ာက္ကပ္ထဲ၊ သည္းေျခထဲ၊ အစာေဟာင္းအိမ္ထဲ၊ အူသိမ္အူမ ပန္ကရိယထဲကကို ခ်စ္တာ ခ်စ္ခ်စ္ရဲ႕ ’ အစရွိေသာ ကူလီကူမာ ပလီစိေခ်ာက္ခ်က္စကားေတြက မ်ားေနသည္။ အခ်စ္၀တၳဳ၏ သိသာထင္ရွားေစရန္ အလို႔ငွာ ‘ အဘိုး ဦးဖိုးခ်စ္၊ အဘြား ေဒၚခ်စ္၊ အေဖ ဦးခင္ေမာင္ခ်စ္၊ အေမ ေဒၚခင္ခင္ခ်စ္၊ ဇာတ္္လိုက္မင္းသား ကိုကိုခ်စ္၊ ဇာတ္လို္က္မင္းသမီး ခ်စ္ခ်စ္ ’။ ၀တၳဳအမည္ ‘ ခ်စ္ရေအာင္ ခ်စ္ရယ္ ’။ ၀တၳဳပံုစံ ‘ ခ်စ္၊ ကြဲ၊ ေပါင္း၊ ခ်စ္ကြဲကြဲ၊ ခ်စ္ကြဲ၊ ကြဲခ်စ္ေပါင္း၊ ခ်စ္ေပါင္းကြဲ၊ ကြဲေပါင္းခ်စ္၊ ေပါင္းခ်စ္ကြဲ ’၊ ခ်စ္ကြဲကြဲ ၀တၳဳေတြျဖစ္ေန၍ ေပးဖတ္မည့္အၾကံကို ရုပ္သိမ္းလိုက္ရသည္။
“ အံမာေလးေနာ္…ကၽြန္ေတာ္တို႔ ခ်စ္ေနတုန္းကနဲ႔ တူလိုက္ပါဘိေတာ့ အစ္ကိုရဲ႕ ” ဟု ရင္ဘတ္ဒရမ္တီး၊ ငိုညည္းမည္ကို တြက္ရေသး၏။ ‘ ခ်စ္မ်က္ရည္ ေတာက္ေတာက္ ယိုသေလေလ့ ’ ၀တၳဳမ်ိဳးကို ေပးဖတ္ပါက “ အခုေန ကၽြန္ေတာ္ၾကံဳရတာနဲ႔ တစ္ထပ္တည္းပါပဲခင္ဗ်ာ့ ” ဟု သူ႔အသည္းယူ ဧယင္က်ဴးေပလိ္မ့္ဦးမည္။
“ ဘယ္လိုလဲ သမားေတာ္ႀကီး ”
ဇနီးျဖစ္သူ၏ ေထ့ေတ့ေတ့ အေမး။ ကၽြန္ေတာ္ မသိေယာင္ျပဳကာ….
“ ဘာလဲကြ ”
“ ရွင့္လူနာ ေမာင္ခ်စ္ဦးအတြက္ ကုထံုးကို ရွာမေတြ႕ေသးဘူးလား ”
ကၽြန္ေတာ္ စိတ္ညစ္ေနမွန္း သူ သိသည္။
“ ေအးကြာ….မင္း ေျပာလည္း ေျပာစရာပဲ ”
“ အမ်ိဳးသမီးတစ္ေယာက္က အမ်ိဳးသားကို ခ်စ္တယ္ဆိုတဲ့ အခ်က္တစ္ခုတည္းနဲ႔ ထာ၀ရခ်စ္သူအျဖစ္၊ အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ေလ့မရွိဘူးဆိုတာ ရွင္ သူ႔ကို ေျပာျပသင့္တယ္ ”
“ ခုေန ေျပာဖို႔မသင့္ေတာ့ဘူး ရွင္မရဲ႕ ”
“ ရွင့္တူမေျပာသလို ေမာင္ခ်စ္ဦးက ကိုယ္ပိုင္ႏွာေခါင္းနဲ႔ အသက္ရွဴတာရယ္မွ မရွိေတာ့တာ၊ သူ႔ကိုယ္နဲ႔ ညိဳညိဳေက်ာ္စြာ့ စိတ္။ ဟိုမိန္းကေလးက သူ႔ကို အထင္ေသးလာတာ သူ႔အျပဳအမူေတြေၾကာင့္ပဲ ”
ခ်စ္ဦးဘက္က ကၽြန္ေတာ္ နာသေယာင္ ျဖစ္လာ၍…….
“ ဒါကေတာ့ သူခ်စ္ခင္ျမတ္နိုးလို႔ အေလွ်ာ့ေပး….”
“ အုိး…ဒါက ေခါင္းဘက္က။ ပန္းဘက္က ညိဳညိဳျမင္မွာက်ေတာ့ေကာ…ခင္ပြန္းေလာင္းျဖစ္မယ့္သူက လင္ေယာက်္ားတစ္ေယာက္ရဲ႕ ရွိရမယ့္အခန္းက႑ ေပ်ာက္ေနတယ္ေလ။ တံုးတယ္လို႔ အထင္မေသးဘဲေနမလား၊ အထင္မႀကီးတဲ့ ေနာက္ဇာတ္ကၿပီးသြားၿပီ ”
“ ခ်စ္သူ႔အႀကိဳက္လိုက္ရင္း သူ ဒုကၡျဖစ္ရတာပါကြာ ”
“ ညိဳညိဳေက်ာ္စြာက လူကို လက္ထပ္ခ်င္မွာပါ။ ႀကိဳးဆြဲရာပါတဲ့၊ ႀကိဳးဆြဲမွလႈပ္တဲ့ ရုပ္ေသးရုပ္တစ္ရုပ္ကိုေတာ့ လက္ထပ္ခ်င္မွာ မဟုတ္ဘူး ”
အမ်ိဳးသမီးတို႔၏ ေလာကအျမင္ကို အမ်ိဳးသားမ်ားအေနနွင့္ သိႏိုင္ခဲေပလိ္မ့္မည္။ ကၽြန္ေတာ္သည္ ခပ္မဆိတ္ပင္ ေနလိုက္၏။

(၈)
“ ကၽြန္ေတာ္ သြားေတြ႕ၿပီး ေမးမယ္ဗ်ာ ” ဟု ခ်စ္ဦး ေျပာသည္။
“ မဆိုင္ေတာ့ဘူးေလ၊ မင္းကို သူ ျဖတ္စာေပးၿပီးၿပီပဲ ” ဟု ကၽြန္ေတာ္တားရသည္။
“ ဘာလို႔ ကၽြန္ေတာ့္ကို သူျဖတ္ရတာလဲ ”
“ ဟ၊ ျဖတ္ခ်င္လို႔ေပါ့ ”
“ မတရားဘူး အစ္ကို ”
“ ဘယ္လိုမွ တိုင္တန္းလို႔မရသလို အေရးယူလို႔လည္း မရဘူး။ အိမ္ေထာင္ေရးဆိုတာ ဘုရားတည္သလို၊ ေဆးမင္ ထိုးသလိုကိစၥ။ သူေရြးခ်ယ္ခြင့္ ရွိတယ္။ ခ်စ္သူဘ၀ဆိုတာ ျငမ္းဆင္တာ၊ ပံုစံထုတ္တာ၊ မင္ေၾကာင္အတြက္ ပံုၾကမ္းျခစ္ၾကည့္တာ။ မႀကိဳက္ရင္ ျပင္မွာေပါ့ ”
“ ရင္နာတယ္ဗ်ာ ”
“ စိတ္ပါနာၿပီး ျပတ္သင့္တယ္ ”
“ ကၽြန္ေတာ္ သူ႔ဆီသြားၿပီး ေမးခ်င္တယ္ ”
“ ဘာေမးမွာလဲ ခ်စ္ဦး ”
“ အရင္က သူ စီကာပတ္ကံုးေျပာခဲ့တဲ့ ခ်စ္စကားေတြ၊ သစၥာစကားေတြ ဘယ္ေရာက္ကုန္ၿပီလဲလို႔ ”
“ သူ ဘာေတြေျပာလဲ ေမ့ေနလို႔ မင္းကိုပဲ စကားစ ေဖာ္ခိုင္းမွာပါကြာ ”
“ စာတစ္ေစာင္ ေရးခ်င္တယ္ ”
“ ဘာေတြေရးမွာလဲ ဆိုပါဦး ”
“ သူ႔ကို ဘယ္ေလာက္ခ်စ္တယ္ ဆိုတာေတြေပါ့ အစ္ကိုရာ ”
“ ေရအိမ္သံုးစကၠဴလိပ္ သူ႔ဆီမွာ လံုေလာက္ေနၿပီပဲကြာ၊ အပိုမေပးပါနဲ႕ေတာ့ ”
ခ်စ္ဦး မ်က္ႏွာပ်က္သြားသည္။

(၉)
‘ အင္း….ေလာကႀကီး တယ္ဆန္းပါလား ’ ဟု တန္ေဆာင္မုန္းလဆန္း နံနက္ခင္းတြင္
ျခံထဲမွာ လမ္းေလွ်ာက္ရင္း ေတြးမိ၏။ ကၽြန္ေတာ့္တူမႏွင့္
ညိဳညိဳေက်ာ္စြာတို႔သည္ ႏွစ္ဆယ္၊ ႏွစ္ဆယ့္တစ္။ ေတြးပံုက ဒိ႒ဓမၼေလာကအေတြး။
သူတို႔ထက္ ေလးငါးေျခာက္ႏွစ္ႀကီးေသာ ခ်စ္ဦးက စိတ္ကူးယဥ္ေလာကထဲမွာ
အေနမ်ားေနသည္။ ထိုကေလးမေလးေတြက အခ်စ္ကို လက္ငင္းေတြ႕ၾကံဳေနရေသာ လူမႈကိစၥ
အ၀၀ႏွင့္ ႏိႈင္းယွဥ္ၿပီး အနက္ေဖာ္ျပသည္။ ခ်စ္ဦးက စိတ္အာရံုခြက္ထဲတြင္
အခ်စ္ကို ထည့္သည္။ ခ်စ္ဦးခံစားေနရသည္ကို ျပဇာတ္ခံုေပၚတြင္
သရုပ္ေဆာင္သူတစ္ဦးက အမူအရာ ျပဳေနသည္ေလာက္ သေဘာထားသည္။ ကၽြန္ေတာ္
သနားသေလာက္ေတာင္ သနားမိမည္ မထင္။
“ ဦးေလး ”
တူမျဖစ္သူကို လွည့္ၾကည့္လိုက္သည္။
“ ေစာေစာစီးစီး ဘယ္က လာသတုန္း ”
“ ေျပာစရာရွိလို႔…..”
“ ဆိုဗ်ား ”
“ ကိုခ်စ္ဦးက ညိဳညိဳ႕ဆီ စာေပးခိုင္းလို႔ သမီး သြားေပးတယ္ ”
“ ေဟ…ဘာေတြမ်ားပါလိမ့္ ”
“ မသိဘူး ဦးေလး ”
“ ဒီေကာင္ေလး ဘာေတြေလွ်ာက္လုပ္သလဲ မသိဘူး ”
“ ညေနက်ရင္ ညိဳက စာျပန္လိမ့္မယ္။ သမီးပဲ သြားယူၿပီး ဒီကို လာေပးထားရလိမ့္မယ္။ ကိုခ်စ္ဦး ဒီကိုလာၿပီး စာေစာင့္လိမ့့္မယ္ ဦးေလး ”
ကၽြန္ေတာ္ ေခါင္းညိတ္လိုက္သည္။

(၁၀)
“ ကၽြန္ေတာ္ေရးတာ တကယ္အေကာင္းေတြပါ အစ္ကို၊ ေနာက္ငါးရက္ေနရင္ သူတို႔
အင္းလ်ားကန္ဟိုတယ္၊ ပတၱျမားခန္းမမွာ ႏွစ္ဖက္စံုစံုညီညီနဲ႔ လက္ထပ္မယ္။ ညမွာ
ညိဳတို႔ျခံႀကီးထဲမွာ ဥယ်ာဥ္ပြဲလုပ္ၿပီး ဧည့္ခံမယ္။ အဲဒီညမွာ ကၽြန္ေတာ္
လာမယ္လို႔ ေရး လိုက္တယ္ ”
“ ခက္တာပဲကြာ ”
သူ လက္ကာၿပီး တားသည္။
“ မဟုတ္ဘူးအစ္ကို၊ အဲဒီမဂၤလာည ဧည့္ခံပြဲမွာ လွ်ပ္စစ္မီးေတြ အကုန္ပိတ္လိုက္ပါ။ ေမာင့္ကိုယ္မွာ ေရနံဆီ၊ ဓာတ္ဆီ၊ ေရနံေခ်းေလာင္းၿပီး ကိုယ့္ကိုယ္ကိုယ္ မီးထြန္းမယ္။ အဲဒီအလင္းေရာင္နဲ႔ မဂၤလာဧည့္ခံပြဲကို က်င္းပပါ။ အဲဒီအလင္းေရာင္နဲ႔ ေမာင္ လက္ဖြဲ႕ပါ့မယ္လို႔ ကၽြန္ေတာ္ ေရးလိုက္တာ ”
မိုက္မဲမည့္မ်က္ႏွာကို ေခ်ာက္ခ်ားစြာ လွမ္းၾကည့္မိ၏။
“ ခ်စ္ဦး….မင္း ထပ္မွားမယ္ ”
“ မမွားဘူးအစ္ကို…ကၽြန္ေတာ္ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သူသိသြားၿပီ။ ကၽြန္ေတာ္လိုခ်င္တာ အဲဒါပဲအစ္ကိုရ။ သူ ေရေရလည္လည္ နားလည္သြားေလာက္ပါၿပီ။ ဘယ္သူ႔အခ်စ္က ပိုၿပီး ေလးနက္ႀကီးက်ယ္တယ္ဆိုတာ သူသိသြားပါၿပီ။ ေသရလည္း ေက်နပ္ပါတယ္ အစ္ကို။ အစက ေပါ့ေပါ့တန္တန္ ထင္ခဲ့မွာဗ်။ သိလား။ သူ ဖ်ားေလာက္ပါၿပီ၊ သိလား အစ္ကို ”
ဂုဏ္ယူစြာရယ္သည္။ မာန္မာနမ်က္ႏွာကို ျမင္ရသည္။ လြဲေခ်ာ္ေနေသာေၾကာင့္ ကၽြန္တာ္ ယူက်ံဳးမရ ျဖစ္မိ၏။ “ ေဟာ….ညိဳညိဳ႕စာ ပါလာၿပီထင္တယ္ ” ဟု အိမ္ေရွ႕သို႔ ဖ်တ္ခနဲၾကည့္ၿပီး သူေျပာ၏။ ကၽြန္ေတာ့္တူမသည္ အိမ္ေပၚသို႔ ခပ္သုတ္သုတ္ တက္လာ၏။ “ စာပါလား ” ဟု ခ်စ္ဦးက စိတ္ေစာတႀကီး ေမး၏။ သူမက ပိုက္ဆံအိတ္ထဲမွ စာေခါက္ကို လွမ္းေပးသည္။ ထို႔ေနာက္ မီးဖိုေဆာင္ဘက္သို႔ သြားသည္။
အိတ္မပါေသာစာ….စာေခါက္ကို သူျဖန္႔သည္။ ကိုယ္ကို ကၽြန္ေတာ္ငိုက္လိုက္၏။ စာရြက္သည္ ျပန္႔သြားသည္။
ကိုခ်စ္ဦး……
ညိဳတိို႔မဂၤလာဧည့္ခံပြဲမွာ ကိုယ္ကို မီးရိႈ႕ၿပီး အလင္းေရာင္ထြန္းေပးမယ္။ အဲသည္လို လက္ဖြဲ႕မယ္လို႔ သိရတာ ေက်းဇူးတင္၀မ္းသာပါတယ္။
ဒါေပမဲ့…..
ညိဳ႕အမ်ိဳးသားက ၾကက္သြန္ဆီသတ္ရင္ေတာင္ အနံ႕မခံႏိုင္ဘူးေလ။ လူကို မီးရိႈ႕တဲ့အနံ႕ဆိုရင္ ပိုနံမွာ၊ ေညွာ္မွာ။ သူက ေခါင္းကိုက္တတ္ေတာ့ အဲဒီလိုလက္ဖြဲ႕ကို လက္မခံခ်င္ပါဘူးရွင့္။ လက္ဖြဲ႕မပါဘဲ ဧည့္ခံပြဲကို လာရင္လည္း ညိဳတို႔က ေကၽြးမွာပါ။
ညိဳညိဳေက်ာ္စြာ

(၁၁)
စာကိုလံုးေခ်ၿပီးမွ အစိတ္စိတ္အျမႊာျမႊာ ဆုတ္သည္။ “ ကၽြန္ေတာ္
အိမ္ျပန္ေတာ့မယ္။ အိပ္ေရး မ၀ေသးဘူး။ ျပန္အိပ္ေတာ့မယ္ဗ်ာ ” ဟု
ခ်စ္ဦးေျပာသည္။ ကၽြန္ေတာ္ ေခါင္းညိတ္ၿပီး……
“ ေအး….ေအး ။ အဲဒါ အေကာင္းဆံုးေပါ့ကြာ။ ၾကံဳရင္ေတာ့ ဒီဘက္ ၀င္၀င္လည္ေပါ့ကြာ ”

ၿငိမ္းေက်ာ္
သဘင္မဂၢဇင္း အမွတ္(၁၄)၊ ဒီဇင္ဘာလ၊ ၁၉၈၄
သဘင္မဂၢဇင္း အမွတ္(၁၄)၊ ဒီဇင္ဘာလ၊ ၁၉၈၄
Unicode Version
“ အချစ်အတွက် မှာတော်ပုံ ”
(၁)
ကျွန်တော့် သုံးဆယ့်ငါးနှစ်မြောက် မွေးနေ့အလှူသို့ လာသောနေ့ကမှ ချစ်ဦးကို စတင်သိရသည်။ ကျွန်တော့်တူမကို စာသင်ပြပေးနေသော ဘွဲ့ရကျောင်းသား၊ အလုပ်မရသေးဘဲဟု သိရသည်။ ကျွန်တော့်တူမ၏ မိသားစုနှင့် ဆွေမျိုးသဖွယ် ခင်မင်ရင်းနှီးသည်ဟု ကြားဖူးသည်။ ကျွန်တော်နှင့် သိကျွမ်းသည့်နေ့က ကျွန်တော့်အလုပ်နှင့် ပတ်သက်၍ သူ သိချင်သည်တို့ကို မေးသည်။ ကျွန်တော့်အလုပ်က အသံသွင်းစတူဒီယိုတွင် အသံဖမ်းအင်ဂျင်နီယာ။
စက်တွေအကြောင်း၊ မိုက်ကရိုဖုန်းတွေအကြောင်း၊ ခေတ်မီအီလက်ထရွန်းနစ် တူရိယာတွေအကြောင်း၊ အဆိုတော်များအကြောင်း သူမေးသမျှကို စိတ်ရှည်လက်ရှည်ထားပြီး ကျွန်တော် ပြောပြ၊ ရှင်းပြလိုက်သည်။ သူ ဝမ်းသာအားရနှင့် ကျေးဇူးတင်စကားဆိုသည်။ စတူဒီယိုသို့ လာရောက်လည်ပတ်လေ့လာပါရစေဟု ခွင့်တောင်းသည်။ အချိန်မရွေး လာရောက်လေ့လာနိုင်ကြောင်း ကျွန်တော် ခွင့်ပြုလိုက်သည်။
×××××××××××××××××
ချစ်ဦးသည် အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါး။ စိတ်သဘောကောင်းပုံရသည်။ အနေအထိုင် နူးညံ့သိမ်မွေ့သည်။ အပြောအဆို သွက်လက်သည်။ တစ်စုံတစ်ရာကို အာရုံစိုက်မိလျှင် စွဲစွဲလမ်းလမ်းရှိသည်ဟု အကဲခတ်မိသည်။ သွားလာလှုပ်ရှားပုံ ဖျတ်လတ်သည်။ ခင်မင်ဖွယ် မျက်နှာထားရှိသည်။ မျက်နှာသွယ်သွယ်၊ မျက်ခုံးကောင်းကောင်း၊ နှာတံထင်ထင်။ ဝိုင်းစက်ကြည်လင်သော မျက်လုံးအစုံရှိသည်။ နှုတ်ခမ်းမွေး ရေးရေးထားသည်။ အတန်မျှထူသော နှုတ်ခမ်းရှိသည်။ ကိုယ်နေ မဝမပိန်၊ အရပ်မြင့်သည်။ ဘောင်းဘီရှည်ဝတ်ဝတ်၊ ပုဆိုးဝတ်ဝတ် ကြည့်ကောင်းသည်။
“ မင်း…မင်းသားလုပ်ပါလားကွ ”
ကျွန်တော့်ကို ပြုံးသည်။
“ အနုပညာပါရမီ မပါဘူး အစ်ကိုရ။ ရုပ်ရှင်ကြည့်ပရိသတ်၊ စာဖတ်သူ၊ သီချင်းနားထောင်သူပဲ ဖြစ်မယ်။ မင်းသား၊ အဆိုတော်၊ စာရေးဆရာဖြစ်ဖို့ အရည်အချင်း ကျွန်တော့်မှာ မရှိပါဘူး ”
“ ကြိုးစားရင် ရပါတယ်ကွာ။ ပါရမီဆိုတာ အလေ့အကျင့်ပေါ့ကွာ ”
သူ ပြုံး၍သာ နေသည်။
××××××××××××××
သုံးလေးလလောက်နေမှ ချစ်ဦးက ဖွင့်ပြောသည်။ အနုပညာသည် ဖြစ်ချင်သော အာသီသ ရှိသော်လည်း သူ့ချစ်သူ ညိုညိုကျော်စွာက သဘောမတူသဖြင့် ဂစ်တာကိုပင် မကိုင်ဝံ့တော့ကြောင်း မရဲတရဲပြောသည်။ ကျွန်တော် အံ့အားသင့်မိသည်။
“ အေးပေါ့ကွာ၊ ကိုယ့်ချစ်သူ သဘောမကျတာဆို ရှောင်ကြဉ်တာ ကောင်းပါတယ် ”
ကျွန်တော့်စကားကို သူ မျိုမကျသကဲ့သို့ ရှိလေသည်။
“ သိပ်ချုပ်ချယ်လွန်းတော့လည်း နေရတာ အရုပ်နဲ့တူလာတယ် အစ်ကို ”
ညည်းညူစွာ ပြောသည်။
“ အပြန်အလှန် နားလည်မှု အပေးအယူရှိနေရင် ပျော်စရာကောင်းပါတယ် ”
သူ တွေ၍နေ၏။ သက်ပြင်းတစ်ချက် ချသည်။ ထို့နောက် ခေါင်းခါသည်။
“ တစ်ဖက်သက် အနိုင်ယူတယ်လို့ ကျွန်တော် ထင်ချင်လာတယ် ”
အကြောင်းအရာမသိ၍ ကျွန်တော် သူ့ကိုကြည့်နေလိုက်သည်။ ချစ်ဦးသည် စိတ်နေကျဉ်းကျပ် မွန်းသိပ်နေဟန်ရှိ၏။
“ သူက ကျွန်တော့်ထက် ငါးနှစ်ကျော်လောက် ငယ်တယ်။ လာမယ့် ဇူလိုင်လမှာမှ တစ်ဆယ့်ကိုးနှစ်ပြည့်မယ်။ ငယ်ဂုဏ်ကြောင့် အနိုင်ကျင့်နေသလား မပြောတတ်ဘူး။ အစ်ကို အချိန်ရသလား ”
အသံသွင်းရန် ပြင်ဆင်နေသူတွေကိုလှမ်းကြည့်ပြီး မေးပြောပြောသည်။ ကျွန်တော်က “ ရပါတယ်။ အတီးဆရာတွေပဲ ရောက်သေးတာပါ။ အဆိုတော်က ဆယ့်နှစ်နာရီကျော်မှ ရောက်မှာ ” ဟု ပြောလိုက်သည်။ ချစ်ဦးက ညိုညိုကျော်စွာနှင့် စတင်သိပုံကို ပြောပြသည်။ ချစ်ဦး၏ အစ်မနှင့် ညိုညိုကျော်စွာ၏ အစ်မတို့က ကျောင်းနေဖက်။ တစ်အိမ့်တစ်အိမ် အဝင်အထွက် ရှိကြသည်။ ညိုညိုကျော်စွာ ဆယ်တန်းရောက်သည့်အချိန်တွင် လိုအပ်သော ကျောင်းစာများ၊ မှတ်စုများ ရှာဖွေပေးရာမှ ခင်မင်ရင်းနှီးသွားသည်။ ဗိုလ်တထောင်တက္ကသိုလ်သို့ ရောက်သည့်နှစ်တွင် ညိုညိုကျော်စွာထံသို့ သူ သွားလည်တတ်သည်။ ညိုညိုကျော်စွာက သူရှိရာ ပင်မတက္ကသိုလ်သို့ အလည်လာကာ စားသောက်ဆိုင်အတူထိုင်၊ အိမ်အပြန် လိုက်ပို့။ နှစ်ဝက်စာမေးပွဲအပြီးတွင် သူ ချစ်စကားဆိုသည်။ ညိုညိုကျော်စွာက ချစ်တုံ့ပြန်သည်။ နှစ်ဖက်မိဘက ရိပ်မိကြသည်။ သူတို့ကိုမူ ဖွင့်ဟမေးကြခြင်း မရှိသေး။
“ ကျွန်တော် သူ့ကို တစ်ခုပြောမိတယ်။ အဲဒါ အခုတော့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေတယ် ”
“ ဘာပြောမိလို့လဲ ”
သူ ခေါင်းကို ခြစ်ကုတ်ကုတ်ပြီး….
“ ကျွန်တော် ပထမနှစ်တုန်းက ဆေးတက္ကသိုလ်က အမျိုးသမီးတစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့ဖူးတယ်။ တစ်နှစ်လောက်ပဲ ကြာပါတယ်။ ကျွန်တော်နဲ့ ကွဲသွားတာကို ညို့ကို ကျွန်တော် ပြောပြလိုက်တယ်။ ခုတော့ ထစ်ခနဲရှိရင် ‘ ရှင်ကတဲ့၊ အရင်ရည်းစားလောက် ကျွန်မကို မချစ်ဘူး ’ ဆိုပြီး အပြစ်ဆိုတော့တာပဲ ”
ကျွန်တော်က ရယ်လိုက်သည်။
“ ဘာအဓိပ္ပါယ်နဲ့ မင်း သူ့ကို ပြောပြတာလဲ ”
သူ ပြုံးတုံ့တုံ့နှင့် နေပြီးမှ……
“ ကျွန်တော် သူ့ကို ဘာမှ မလျှို့ဝှက်ချင်ဘူး။ ရိုးသားတာကိုလည်း သက်သေပြချင်တယ် အစ်ကို ”
“ သေလိုက်ပါတော့ကွာ ” ဟု သူ့ကို ရယ်မောပြီး ပြောလိုက်သည်။
“ နေဦး….ငါ မေးရဦးမယ် ”
ဖြေရန်အသင့်ရှိသော မျက်နှာဖြင့် လှမ်းကြည့်သည်။
“ မင်း ညိုညိုကျော်စွာကို လက်ထပ်ဖို့အထိ ရည်ရွယ်လား ”
“ ရည်ရွယ်တာပေါ့ အစ်ကိုရာ ”
“ သူ့ကို ယူပြီးရင် နောက်အိမ်ထောင် ထပ်ပြုဦးမှာလား ”
“ ဟာ….မဟုတ်တာ၊ အစ်ကိုကလည်း…… ”
“ မင်း ရှာဖွေလို့ရတဲ့ ပိုက်ဆံကို သူမသိအောင် အတိုအလျှိုလုပ်မှာလား ”
ခေါင်းခါသည်။
“ အပြင်မှာ ရှုပ်ရှုပ်ယှက်ယှက် နေမှာလား ”
“ မနေပါဘူး အစ်ကိုရာ၊ သူ့ကို ကျွန်တော် သိပ်မြတ်နိုးတာပဲဟာ။ ဒါကြောင့်လည်း ဒီလောက် သည်းခံခွင့်လွှတ်နေတာပေါ့ ”
“ မင်း ဒီသဘောတွေရှိနေတာ သူ့အပေါ် ရိုးသားပြီးသားပဲ။ ရည်းစားရှိဖူးတာ ဖွင့်ပြောတာ ရိုးသားရာကျတယ်လို့ မင်းကို ဘယ်သူက သင်ပေးလဲ ”
သူ နဖူးတွန့်သည်။
“ ဝတ္ထုတွေထဲမှာ ဖတ်ရလို့….. ”
“ ဟာ…စာရေးဆရာဆိုတာ မြင်းမိုရ်တောင်ကို သဲပွင့်လောက် ချုံ့ရေးချင်ရေးတာ၊ သဲပွင့်ကို မြင်းမိုရ်တောင်လောက် အဆချဲ့ပြီး ရေးချင်ရေးတာကို မင်းက အဟုတ်ထင်ပြီး သွားပြောတာကိုး။ မင်းပြောလို့ ညိုညိုသိတာ။ သိလို့ ဝမ်းထဲမှာ ကျလိကျလိဖြစ်ပြီး ဝန်တိုတိုင်း မင်းကို ဟိုပြော ဒီပြော ပြောနေတာ။ မင်း ညို့ကို စိတ်အနှောင့်အယှက်ပေးသလို ဖြစ်သွားတာကော မင်း မစဉ်းစားမိဘူးလား ”
သူ တွေ၍နေ၏။
“ ကျွန်တော် ပြောပြမှ သူသိရတာ။ ကျွန်တော် ရိုးသားလို့ သူသိရတာ။ ဒီအတွက် ကျွန်တော့်ကို သူ အမှတ်မပေးတော့ဘူးလား ”
သူ နားဝေးနေသေးသည်။
“ ဒီမယ်၊ ငါ့မိန်းမကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းတွေ့မှာပေါ့။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ထားတယ်။ ငါ အပြင်မှာ ဘာမှမရှုပ်ဘူး။ ဘာမှ မရိုးမသားမကြံစည် မပြုလုပ်ဖူးဘူး။ မင်းအမြင်…… ”
ခေါင်းညိတ်သည်။ ကျွန်တော်က……
“ ဒီမယ်….မင်းလက်ချိုးထား၊ ငါ့ရည်းစားအရေအတွက်။ ပထမဆုံးက မြ၊ နောက်…စမ်း၊ နောက်….မေ၊ နောက်….ကြည့်မြင်တိုင်က အင်း….နာမည်တောင် မေ့သွားပြီ။ နောက်တစ်ယောက်က ရီ၊ နောက်…..သုဝဏ္ဏကကွာ၊ မေ့ပြန်ပြီ။ နောက်…စံ၊ ခင်၊ သန်း၊ နု၊ ဆွေ၊ ဇင်၊ ထိုက်။ ပြီးတော့ ရီပဲ။ ကဲ… ဘယ်နှယောက်လဲ ”
“ ဆယ့်လေးယောက် အစ်ကို ” ဟု လက်ချိုးရပ်ပြီး ဖြေသည်။ “ မထင်မရှားနဲ့ မကြိုက်သလို ကြိုက်သလိုက နှစ်ဆလောက် ကျန်သေးတယ် ” ဟု ကျွန်တော်ပြောပြီး….
“ ဒါပေမဲ့ ငါ့မိန်းမကို ငါ အဲဒါတွေ တစ်ခွန်းမှ မဟခဲ့ပါဘူး ”
“ ကျွန်တော် မှားသွားပြီ ထင်တယ်နော် အစ်ကို ”
“ ပြောဖို့စိတ်ကူးကတည်းက မှားခဲ့တာပဲ။ ပြောတဲ့အချိန်မှာ အမှားကိုတစ်သန်းနဲ့ မြှောက်ပြီးသား ဖြစ်နေပြီ ”
“ ဘယ်အမျိုးသားကမှ အဲသလို ဖွင့်မပြောဘူးလား အစ်ကို ”
“ ဝတ္ထုထဲ၊ ရုပ်ရှင်ထဲ၊ ပြဇာတ်ထဲက မင်းသားကတော့ မင်းသမီးကို မင်းပြောသလို ပြောတယ် ”
“ ဘယ်သူမှ မပြောဘူး ဆိုပါတော့ ”
“ ဗမာပြည်မှာ မင်းနဲ့အဖော်ရမယ့်သူ နှစ်ဆယ်၊ အစိတ်လောက်တော့ ရှိမှာပေါ့။ သိပ်တော့ မပူပါနဲ့ကွာ ”
“ အစ်ကို့သူငယ်ချင်းတွေထဲမှာ ကျွန်တော့်လိုလူ တစ်ယောက်မှမရှိဘူးလား ”
“ ရှိတယ်လေ၊ ချစ်ဦး ဆိုတဲ့သူပဲ ”
သူ ရယ်လေသည်။ ရယ်နေစဉ် ကျွန်တော်က ….
“ မင်းကိုချည်ဖို့ နွယ်ကြိုးကို မင်းဘာသာ မင်းရှာပြီး ညို့ကို ပေးလိုက်တာကိုး၊ ချစ်ဦး…ချစ်ဦး၊ ကိုယ့်ဒုက္ခကိုယ်ရှာမိပါတယ် ဆိုတဲ့စကား အဘသတိရသကွာလို့ ပြဇာတ်စင်ပေါ်မှာ ညည်းသလိုပဲ၊ ငါ ညည်းချင်တယ် ”
သူ ရယ်တော့ရယ်၏။ ဝမ်းတွင်းနာက ပြင်းထန်ပုံရ၏။ ရယ်ဟန်မပီမသ။ ‘ နောင်တ ’ မျက်လုံးကို သတိပြုမိသည်။
ကျွန်တော့်တူမက “ ကိုချစ်ဦးအကြောင်းကို ဦးလေးက သိပ်မသိသေးလို့။ သိရင် သနားချင်စရာ၊ ဟားချင်စရာ ” ဟု ပြောသည်။ “ ဟုတ်လား….ပြောပါဦး ” ဟု ကျွန်တော် ဆိုသောအခါ……
“ ညိုညိုကျော်စွာနဲ့ ကျွန်မနဲ့ ခင်တယ်ဦးလေး၊ ညိုညိုက သူ့ကို အရမ်းနိုင်တာ။ ကိုချစ်ဦးက ပြားဝပ်နေတာ။ ညို့ညို့ကို ချစ်လွန်းလို့လား၊ အူတူတူနိုင်တာလား မပြောတတ်ဘူး။ သူ တော်တော်အောက်ကျ နောက်ကျခံပြီးတော့ကို ညိုညို့ကို သည်းခံတာ။ ကိုချစ်ဦးက စိတ် သိပ်နူးညံ့လွန်းအားကြီးတယ်။ တစ်ခါတလေဆိုရင်တဲ့၊ ညိုညိုက ဟောက်တာ မျက်ရည်ကိုကျရောတဲ့။ အဲဒါ ညိုညိုက မျက်ရည်ကျတာ မကြိုက်ဘူး။ ခုချက်ချင်း မျက်ရည်သုတ်ဆို သုတ်ရတာ၊ ခုချက်ချင်း ပြုံးဆို ပြုံးပြရတာ ”
“ ဟာ….မြတ်စွာဘုရား ” ဟု ကျွန်တော် အ့ံ့သြမိသည်။
“ မဟာနဲ့ဦးလေး။ ညိုညိုက သမီးတို့ကို ပြန်ပြောတဲ့အခါကျတော့ ဂုဏ်ယူဝံ့ကြွားတဲ့လေသံနဲ့၊ အဓိပ္ပါယ်က ‘ တွေ့လား၊ ငါဘယ်လောက်နိုင်တယ် ’ ဆိုတာပဲ။ ကိုချစ်ဦးက ညိုညို့စကားတစ်ခွန်းပဲ၊ သေဆိုသေ၊ ရှင်ဆိုရှင်။ ယောက်ျားလေးတစ်ယောက်မှာ ထားသင့်ထားထိုက်တဲ့ မာန်ကလေးတော့ ထားသင့်တယ်ထင်တာပဲ။ ကြာရင် ကိုချစ်ဦးပဲ ဒုက္ခရောက်မှာ….. ”
“ ဟုတ်တယ် ” ဟု ကျွန်တော် သဘောတူစကား ဆိုဖြစ်သည်။ တူမက ဆက်၍ပြောပြသည်။
××××××××××××××
ပလတ်စတစ် လောင်းထားသော ဓာတ်ပုံကို လှမ်းပေးသည်။ ကျွန်တော် ယူလိုက်သည်။ ရောင်စုံဓာတ်ပုံ၊ ပို့စကတ်အရွယ်။ အင်းလျားကန်ကို နောက်ခံပြုကာ လမ်းလျှောက် လာပုံ။ ကိုယ်တစောင်း၊ မျက်နှာကို ကင်မရာဘက်သို့ တူရူပြုကာ ပြုံးနေပုံ။ ကိုယ်လုံးကိုယ်ထည် ပေါ်လွင်စေသော အနေအထား။ ခရမ်းရောင် ထဘီ၊ အကျၤီ။ ချောမောစွဲမက်ဖွယ်အလှနှင့် ပြည့်စုံသည်။ မျက်လုံးနှင့် နှုတ်ခမ်းသည် ညှို့နိုင်စွမ်းရှိသည်ဟု ထင်ရ၏။
“ ညိုညိုလေ အစ်ကို ”
ဓာတ်ပုံကိုကြည့်ပြီး ကျွန်တော် ပြန်ပေးလိုက်သည်။
“ အဲဒီဓာတ်ပုံကို မနေ့က အတင်းပြန်တောင်းနေတယ် ”
“ ပြဿနာ ဖြစ်ကြပြန်ပြီလား ”
သူ့အပြုံးသည် မရွှင်ပျ။ ခေါင်းတစ်ချက်ညိတ်သည်။
“ မနေ့က မွေးနေ့ပွဲကို သွားတယ်အစ်ကို။ အသိက သူ့အသိပါ။ ဟိုကျတော့ ကျွန်တော့်အမျိုးသမီးဟောင်းနဲ့ သွားတိုးနေတယ်။ အဲဒီတွင် သူ ကျွန်တော့်ကို စိတ်ကောက်တော့တာပဲ ”
“ သူ ဘယ်လိုသိလဲ ”
“ မနှစ်က ရုပ်ရှင်ရုံမှာ တစ်ခါဆုံတုန်းက ကျွန်တော် ပြထားဖူးတာပဲ ”
“ မင်း….တစ်ခုပြီးတစ်ခု ဆက်မှားခဲ့တာကိုး ”
ဝန်ခံသောအကြည့် သူ့၌ရှိသည်။
“ မွေးနေ့ပွဲကလည်း ပြန်ရော ‘ ရှင် ရည်းစားဟောင်းကို ခဏခဏ ကွက်ကြည့်ကွက်ကြည့် လုပ်နေတာ ကျွန်မသိတယ် ’ ဆိုပြီး ဒေါကော ကောတော့တာပဲ။ ကျွန်တော်က ပွဲလမ်းသဘင်လာတာ ဘုန်းကြီးဆွမ်းခံကြွသလို မျက်နှာအောက်ချပြီး လာရမှာလား၊ ပြူးတူးပြဲတဲ ကြည့်တာလည်းမဟုတ်။ ရောက်နေမှန်းလည်း သိရော၊ ဘေးတိုက်ပြောင်းပြီး ကျွန်တော် တမင်ထိုင်ပါတယ်။ အဲဒါ သက်သက်အပြစ်ရှာတာပါ အစ်ကိုရာ ”
စိတ်ပျက်လက်ပျက် ထိုင်သည်။ ကုလားထိုင်ပေါ်တွင် လျော့ရဲလျော့ခွေ ထိုင်သည်။ ကျွန်တော်က……
“ နောင် အပြင်ထွက်ရင် ဘုတ်လုပ်ကစားသလို မျက်လုံးကို အဝတ်စည်းပြီး သွားပေါ့ကွာ၊ အပြောအဆို မခံရတော့ဘူးပေါ့ ”
“ မနက်ဆယ်နာရီကစပြီး မကျေနပ်စကားပြောတာ ညနေ ငါးနာရီထိုးရော အစ်ကို ရာ။ ကျွန်တော်လည်း ချော့လိုက်တာ အမျိုးမျိုး။ အဲဒီကြားထဲက ကျွန်တော့်ကို အချစ် သမာဓိမရှိဘူး၊ သစ္စာမရှိဘူးလို့ စွဲချက်တွေ တင်တော့တာပဲ အစ်ကိုရာ ”
“ ပြေလည်အောင် ချော့ပေါ့ကွာ ”
“ မပြေလည်တဲ့အပြင် ပေးထားတဲ့ ဓာတ်ပုံတောင် ပြန်တောင်းနေလို့…. ”
ကျွန်တော် ရယ်မိသည်။
(၂)
ဆောင်းဦးပေါက်ရာသီ၏ တစ်နေ့လယ်တွင် စတူဒီယိုသို့ ချစ်ဦး ရောက်လာသည်။ ချစ်ဦးနှင့်အတူ အမျိုးသမီးတစ်ဦးပါ ပါလာသည်။ ဓာတ်ပုံကို မြင်ဖူးထားသောကြောင့် ညိုညိုကျော်စွာဟု ကျွန်တော် သိလိုက်သည်။ ချစ်ဦးက မိတ်ဆက်ပေးသည်။ ညိုညိုကျော်စွာက ရှက်ပြုံးနှင့်အတူ ဝမ်းသာအားရ စကားတုံ့ပြန်သည်။
“ သူ အသံသွင်းတာ လေ့လာချင်လို့တဲ့ အစ်ကို ”
“ ရပါတယ်။ အခု နေ့လယ်ပိုင်း ခဏနားနေကြတာ။ အတီးသမား၊ အရေးသမားတချို့ပဲ ကျန်ရစ်ခဲတယ်။ အဆိုတော်က အိမ် ခဏပြန်တယ်။ စောစောကပဲ သူတို့ထမင်းစားကြတော့ မကြာခင် အလုပ်ပြန်စမှာပါ ”
ချစ်ဦးက ကျွန်တော့်ကို လှမ်းကြည့်သည်။ အကြောင်းဆုံလျှင် ညိုညိုကျော်စွာကို နားဝင်အောင် ပြောပြရေးအတွက် ကျွန်တော့်ထံ အကူအညီတောင်းထားသည်။ သူ့ကို နားလည်အောင် ဖျောင်းဖျပြောဆိုရေး အကူအညီ။ အသံဖမ်းစက်ခန်းထဲရှိ ခေတ်မီပစ္စည်းကိရိယာတွေကို ညိုညိုကျော်စွာ ကြည့်နေသည်။ ထို့နောက်…..
“ ဘယ်သူတွေ အသံသွင်းနေကြသလဲ ”
ကျွန်တော်က….
“ မေဆွိနဲ့ ကိုင်ဇာ ”
ညိုညိုကျော်စွာက ဝမ်းသာအားရ ပြုံးသည်။
“ တစ်ယောက် နှစ်ပုဒ်စီ ပြီးသွားပြီ ”
“ ဒီနေ့ အပြီးလား ”
ညိုညိုကျော်စွာ့ အမေးကို…..
“ အခုသူတို့ဆိုတာက သဘောလောက်၊ အတီးတွေကို သွင်းထားတာ။ နောက်မှ သူတို့ စိတ်တိုင်းကျဆိုတဲ့ အသံနဲ့ အသံထပ်မှာ ညိုညို ”
ချစ်ဦးက “ ဒီလိုလေ ညို….တစ်ခါတည်းနဲ့ အသံရော အတီးရော သွင်းယူတာ မဟုတ်ဘူးလေ၊ အဆိုက….” ဟူသော စကားတစ်ဝက်တွင် ညိုညိုကျော်စွာက လက်ကာပြီး….
“ နားထောင်စမ်းပါဦး အစ်ကို ရှင်းပြနေတဲ့ဥစ္စာ ”
ဟန့်မာန် မာန်သော စကားကြောင့် ချစ်ဦး မျက်နှာပျက်သွားသည်။ သို့သော် ချက်ချင်းပြုံးသည်။ ချစ်ဦးကို ကျွန်တော် အားနာ သနားမိသည်။ ကျွန်တော် ရှင်းသာပြရသည်။ စိတ်မှာ အနှောင့်အယှက် ဖြစ်သွားသည်။ ညိုညိုကျော်စွာသည် ယောက်ျားလေးတစ်ယောက်၏ နေရာကို ကျဉ်းမြောင်းအောင်ပြုတတ်မှန်း သိသာသိခဲ့သည်။ ယခုမှ မြင်တွေ့ရသည်။ အလှနှင့် စိတ်နှင့် မလိုက်ဖက်ဟု အောက်မေ့သည်။ အချိုးအဆက်ကျနသော ကိုယ်ကာယအလှနှင့် မျက်နှာအလှအပတို့သည် ချစ်ဦးကို ခြေသုတ်ပုဆိုး ဖြစ်စေသော အရာများပေလားဟု တွက်သည်။ စိတ်ကူးဖြင့်သာ စွဲလမ်းခွင့်ပေးထားမည့်သူဟု ညိုညိုကျော်စွာကို ကျွန်တော် အကဲခတ်၍ရသည်။
အဆိုတော်တွေ ရောက်လာပြီး လုပ်ငန်းစသောအခါ သူတို့နှစ်ယောက်ကို ကျွန်တော် မေ့နေသည်။ နေစောင်းချိန်တွင် အလုပ်ခဏနားသည်။ ညနေစာ စားသောက်ကြသည်။ ချစ်ဦးကို ပြန်ခါနီးတွင် ကျွန်တော်က……
“ ချစ်သူဆိုတာ တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့လိုတယ်နော်။ စိတ်ညစ်စရာကို နှစ်ယောက်စလုံးက ရှောင်ရလိမ့်မယ် ”
“ ဟုတ်ကဲ့ပါ အစ်ကို ” ဟု ချစ်ဦးက ဝမ်းသာအားရ ပြောသည်။ “ ဟုတ်ကဲ့ ” ဟု ညိုညိုကျော်စွာက ခေါင်းညိတ်ပြီး ပြောသော်လည်း မျက်နှာမှာ အရွှင်အပျ လျော့သွားသည်။
(၃)
“ ငါ ဘာစကားများ မှားသွားလို့ပါလိမ့် ”
ကျွန်တော့်ကို ချစ်ဦးက အားနာစွာပြုံးပြီး ခေါင်းခါသည်။
“ တစ်ယောက်ကိုတစ်ယောက်ချစ်ဖို့၊ စိတ်ညစ်စရာမဖန်တီးဖို့ အစ်ကိုပြောလိုက်တာဟာ အကြောင်းမဲ့ပြောလို့ရတဲ့စကား မဟုတ်ဘူးတဲ့။ သတိပေး ဆုံးမစကားတဲ့။ တစ်ယောက်ကိုတစ်ယောက် အထစ်အငေါ့ ဖြစ်နေတာကို သိလို့သာ အစ်ကိုက ဒီစကားပြောတာ ဖြစ်ရမယ်။ ဒါလည်း ရှင်ပြောလို့သာ သိရမှာတဲ့။ သူများကို ကိုယ့်အကြောင်းပြောရသလားပေါ့ အစ်ကိုရာ။ ကျွန်တော့်ကို လျှို့ဝှက်သိပ်သည်းမှု မရှိဘူး၊ နှုတ်ဖွယ်တယ်၊ စကားဖွာတယ်၊ ဘာညာနဲ့ ဆူတော့၊ ဟောက်တော့တာပဲ ”
ကျွန်တော် သက်ပြင်းချသည်။ “ မင်း ငါ့ကို ဘာမှအားမနာပါနဲ့ကွာ။ မင်းအနေအထားကို ငါသိပါတယ် ” ဟု သူ စိတ်သက်သာအောင် ပြောလိုက်သည်။ ချစ်ဦးက နှုတ်ခမ်းမွေးသဲ့သဲ့ကို လက်ခုံဖြင့် တစ်ချက်ပွတ်ပြီး…..
“ ကျွန်တော် တကယ်စိတ်ကျဉ်းကျပ်လာတယ် အစ်ကိုရာ ”
မျက်နှာသည် နီယောင်ယောင်ဖြစ်နေ၏။ ကျွန်တော် သူ့စကားကို စောင့်နေလိုက်၏။
“ မင်း သိပ်လျှော့ခဲ့တာတွေက မင်းကိုပြန်ပြီး ဒုက္ခပေးပြီထင်တယ်။ တင်းလွန်းရင်ပြတ်၊ လျော့လွန်းရင် ပတ်တယ်တဲ့ ”
“ ဟာ….အစ်ကိုရာ၊ ကျွန်တော် မရှက်တော့ပါဘူး။ သူ့ကို ကျွန်တော် သိပ်ချစ်လို့ လျှော့ခဲ့တာတွေ အများကြီးပါ။ ဘုရားသွားရင် သူ့ဖိနပ်ကို ကျွန်တော်ကိုင်တာ၊ ရွှံ့ပေရင်တောင် ကျွန်တော် ဆေးပေးတာ။ ဒါပေမဲ့ အားလုံးက အလကားပါ ”
ကျွန်တော် အလွန်အမင်း အ့ံ့သြမိသည်။
“ အရာရာလည်း အနစ်နာခံပါတယ်ဗျာ။ ဘာမှ မပေါ်လွင်ပါဘူး။ သူနိုင်ရတာကို ပျော်နေသလားမသိဘူး။ ဒီကပြန်ပြီး နှစ်ရက်၊ သုံးရက် သူ စကားမပြောဘူး။ ဖုန်းဆက်ရင်လည်း မပြောဘူး။ အိမ်သွားရင် ဧည့်ခန်းထဲ ထွက်မတွေ့ဘူး။ သူ့အစ်မတွေကတောင် ‘ နင် တယ်ဝဋ်ကြီးတာပဲ ’ တဲ့။ ကျွန်တော့်ဘက်က ရပ်ကြတယ် ”
“ အားလုံးက မင်းဘက်က ရပ်ကြမှာပါ။ ငါက အစပေါ့ကွာ ”
သူ အားတက်ပြုံး ပြုံးနေသည်။
“ ဟုတ်တယ် အစ်ကို၊ သူက တစ်ဖက်သတ်ကြီးကိုး ”
“ မင်းဘက်မှာ မရပ်တာ မင်းပဲ ချစ်ဦး ”
“ ဟာ…အစ်ကိုကလည်း ” ဟု အိုးတိုးအမ်းတမ်း ပြောသည်။
(၄)
ချစ်ဦးမလာသည်မှာ တစ်လခွဲကျော်ကျော် ရှိသွားသည်။ အသံသွင်းလုပ်ငန်းတွေကြားတွင် ကျွန်တော် နစ်မြုပ်နေသဖြင့် သူ့ကို မေ့တေ့တေ့ရှိနေ၏။ မနေ့က တူမဖြစ်သူက အိမ်သို့လာလည်၍ သတင်းမေးရသည်။ “ အဆင်ပြေနေကြတယ် ဦးလေး။ ညိုညိုတို့ မိသားစုနဲ့ ပုဂံကို ဘုရားဖူးသွားကြတယ်။ ပြန်ရောက်တာ လေး ငါး ဆယ်ရက်လောက် ရှိပြီထင်တယ် ” ဟု ဖြေသည်။
“ သူတို့အခြေအနေက ကောင်းနိုင်ပါ့မလား ”
တူမက ခေါင်းခါသည်။
“ ညိုညိုက သူ့ကိုယူမှာ မဟုတ်ပါဘူး ”
ကျွန်တော် လန့်သွား၏။
“ ဘာဖြစ်လို့လဲ ”
“ စိတ်ဓာတ်နုနယ်လွန်းအားကြီးတော့ အိမ်ထောင်ကို ဦးဆောင်နိုင်စွမ်း ရှိပါ့မလား လို့ ညိုညိုပြောဖူးတယ် ”
“ သူက ညိုညို့ကို တော်တော် ချစ်ရှာတာပဲ ”
“ အချစ်ဆိုတာ စားလို့၊ ဝတ်လို့ရတဲ့ ဥစ္စာမှမဟုတ်ဘဲ ဦးလေး ”
“ ညိုညို့ကို သူ အရမ်းသည်းခံတာပဲ ”
“ သည်းခံပြီး ဘဝတိုးတက်မှု ရှာဖော်မှမရရင် ဘာအသုံးကျမှာလဲ ဦးလေးရဲ့၊ ညိုညိုလည်း ဒီလိုပဲ တွေးမှာပေါ့ ”
တက္ကသိုလ်ရောက်စ ကျွန်တော့်တူမ၏ အတွေးအခေါ်ကို ခံ့ညားမိသည်။ အံ့လည်း အ့ံ့သြရသည်။
“ ဒါဖြင့် ညိုညိုက ချစ်ဦးကို ဘာလို့ ချစ်သူလို ခရီးဆက်နေသေးလဲ ”
“ အဲဒါတော့ မသိဘူး ဦးလေး ”
(၅)
သူ တစ်ပတ်လျှင် တစ်ခေါက် ရောက်ရောက်လာသည်။ တစ်ခေါက်လာလည်လျှင် အနည်းဆုံး နှစ်နာရီထက်မနည်း အိမ်မှာကြာသည်။ လာတိုင်း တနင်္ဂနွေဖြစ်နေသည်။ တစ်ပတ်လျှင် တစ်ရက်သာနားရသော ကျွန်တော်၏ အနားယူချိန်၊ မိသားစု အပန်းဖြေချိန်၊ လုပ်ငန်းစိတ်ကူးထုတ်ချိန်၊ လုပ်ငန်းဆိုင်ရာ စာပေစာတမ်း ဖတ်ရချိန်ထဲက သူ့အတွက် ဖဲ့ပေးရသည်။ သူ စကားပြောပြီး ပြန်သွားလျှင် ကျွန်တော့်မှာ မနည်းပင် ခါးအညောင်း ဆန့်ယူရသည်။ အစကတော့ ကျွန်တော့်ဇနီးက တစ်ခွန်းစ၊ နှစ်ခွန်းစ ဧည့်ထောက်ခံစကား ပြောသေးသည်။ နေ့ဝက်နီးပါး ကြာသည်အထိ သူနေဖန်များလာသောအခါ ကျွန်တော့်ဇနီးက ဧည့်ခံစကား မပြောတော့။ လက်ဖက်ရည်ကြမ်း၊ ဆေးလိပ်တို့ကို လာချပေးပြီးနောက် ဧည့်ခန်းဘက်သို့ မလာတော့။ သူ ပြန်သွားတော့မှ…..
“ ရှင်က ပိုပြီး သနားစရာ ကောင်းနေပြီ ”
“ အေးကွ ”
“ ကျွန်မတော့ မောင်ချစ်ဦးရဲ့ ချစ်သမျှကို ပတ်ပျိုးသစ်ကို အလွတ်တောင်ရနေပြီ ”
“ ပြောလည်းပြောစရာပဲ။ သူက အဖြေထုတ်တဲ့ ဆွေးနွေးချက်တော့ မဟုတ်ဘူး။ အချိန်ကုန်ခံပြီး တွက်ချက်နေဖို့ပဲ ဝါသနာပါတာ။ ညိုညိုကျော်စွာကို ချစ်တာရယ်၊ သူ့ကို အနိုင်ယူတာရယ်၊ သူ သည်းခံတာရယ်၊ အပ်ကြောင်းက ထပ်နေတာ။ သူ ပြောစရာ လူ မရှိလို့နဲ့တူပါတယ် ”
“ ကြာရင် နား၊ နှာခေါင်း၊ လည်ချောင်းကု ဆေးရုံမှာ ရှင့်နား ကုရလိမ့်မယ် ”
“ သူ့ဝေဒနာကို စိတ်ဝင်တစား နားထောင်မယ့်သူ မရှိုလို့နေမှာပေါ့ကွာ။ ဒါပေမဲ့ ငါလည်း မသက်သာဘူး။ ဒီသူငယ်လည်း ဝဋ်နာကံနာပဲ ”
“ ရှင်လည်း အစ်ကိုရေဆိုပြီး နေ့စဉ်မှတ်တမ်းအစီရင်ခံတာ ကြားနာ၊ လျှာမညောင်းခင် ဘာပေါ့ကွာ၊ ညာပေါ့ကွာ ဖြေသိမ့်၊ ညောင်းလာတော့ အင်း၊ အဲ၊ ဒါပေါ့၊ သြော်၊ ဟုတ်လား ခေါင်းညိတ်ပြီး အာမေဍိတ်ပဲ ထုတ်လုပ်နေရတယ် မဟုတ်လား။ ရှင်က ဝဋ်နာ ကံနာကို အဆစ်လိုက်နေရတာ ” ဟု မဲ့ပြုံးပြုံးပြီး ပြောသည်။
ကျွန်တော် ရယ်လိုက်၏။ ရယ်ရင်း ချစ်ဦးကို သတိရ၏။ ယခုအချိန်ဆို မျက်ရည်နှင့်မျက်ခွက်၊ ဒူးနှင့်မျက်ရည် ဖြစ်နေပြီလား မသိ။
“ ကျွန်တော် သူ့ကို သိပ်ချစ်တာ၊ သူသိဖို့ကောင်းပါတယ် အစ်ကိုရာ ”
“ ငါ ကူပြောပေးဖို့ လိုသလား မောင်ချစ်ဦး ”
ကမန်းကတန်း လက်ကာပြီး “ မဖြစ်ပါဘူး အစ်ကိုရာ။ လူတကာသိအောင် ကြေညာမောင်းခတ်နေတယ်လို့ ကျွန်တော့်ကို ဆူဦးမှာ ” ဟု ထိတ်လန့်စွာ ပြောသည်။ ထိုစဉ် အဆိုခန်းထဲရှိ အဆိုတော်နှင့် ယှဉ်ရပ်နေသော ဂီတမှူးက “ စောစောက တစ်ပုဒ်ကို ပြန်သွင်းမယ်ဆရာရေ ” ဟု ပြောသည်။ အဆိုတော်ကို ကျွန်တော် လှမ်းကြည့်၏။ အဆိုတော်ကောင်မလေးသည် နဖူးချွေးစတွေကို လက်ကိုင်ပဝါဖြင့် တို့သည်။ အတော်ပင်ပန်းနေပုံရ၏။ ပြန်သွင်းမည့် အပုဒ်သို့ရောက်အောင် တိပ်ခွေကို ပြန်ရစ်လိုက်သည်။ အတီးပိုဒ်ကို တစ်ပိုဒ်ကြို၍ ဖွင့်ပေးလိုက်သည်။ ဆိုရမည့်နေရာသို့ အရောက်တွင် ဂီတမှူးက အဆိုတော်ကို ခေါင်းညိတ်အချက်ပေးသည်။ အဆိုတော်က သတိထားပြီး ကြိုးစားဆိုသည်။ သီချင်းအချတွင် အသံတိမ်ကာ၊ အသံတိမ်းကာ ပျက်သွားမည်ကို ကျွန်တော် စိုးရိမ်နေသည်။ ကံအားလျော်စွာ အဆင်ပြေသွားသည်။ “ ပြီးပါပြီ ဆရာရေ့ ” ဟု ဂီတမှူးက ဝမ်းသာအားရပြောပြီး လက်မထောင်သည်။ ခလုတ်တွေအားလုံးကို ကျွန်တော် ပိတ်လိုက်သည်။
“ သူ စကားမပြောတာ နှစ်လရှိသွားပြီ။ ရက်စက်စိမ်းကားလွန်းတယ် အစ်ကိုရာ မိန်းမတွေဟာ ဒီလိုချည်းပဲ ထင်တယ် ”
“ ပန်းပွင့်တစ်ပွင့်မှာ အပြစ်အနာအဆာ တွေ့တာနဲ့ ကမ္ဘာပေါ်ရှိသမျှ ပန်းပွင့်တွေကို ဒီလိုချည်းပဲလို့ မင်းတွက်လို့ ဘယ်ရမလဲ ”
“ အချစ်ဆိုတာကို သူ ဘယ်လိုနားလည်သလဲ မသိဘူး ”
“ မင်းဖန်တီးပေးထားလို့နားလည်နိုင်တဲ့ နည်းလမ်းနဲ့ပဲ သူ နားလည်မှာပေါ့ကွာ ”
“ ကျွန်တော် ချစ်လို့လျှော့ပေးတာကို သူ သဘောမပေါက်ဘူး အစ်ကိုရာ ”
“ သဘောပေါက်အောင် အသိပေးပြီးမှ လျှော့ပေးသင့်တယ် ငါ့ညီ ”
“ အရာရာကို သူ့သဘော၊ သူ့အကြိုက်၊ သူ့အဆုံးအဖြတ်ချည်း ကျွန်တော် ဦးစားပေးမိတာတွေ မှားတယ်၊ သိပ်မှားတယ် ”
အမှားသိသည်မှာ များစွာနောက်ကျနေပြီဟု စိတ်ထဲမှသာ ကျွန်တော် ပြောဖြစ်လေသည်။
“ မင်း ငါ့ကို ဒီလိုမပြောနဲ့၊ ဒီလိုမဆက်ဆံနဲ့လို့ ပြောလိုက်ရင် ရခဲ့တာပဲ။ သူ့စိတ်ထဲမှာ အနှောင်အတည်း ဖြစ်သွားမှာစိုးလို့….. ”
“ မင်း ငယ်ငယ်က ဂျင်ပေါက်ဖူးလား ”
“ ဟုတ်ကဲ့ ”
“ စွန်ကော လွှတ်ဖူးလား ”
“ လွှတ်ဖူးတာပေါ့ အစ်ကိုရ ”
“ ဂျင်ကလည်း ပတ်နေမှ ကစားလို့ရတာ။ စွန်ကလည်း ကောင်းကင်တက်နေမှ လွှတ်လို့ရတာ။ ဂျင်ကို တိုင်မှာ ဂျင်ကြိုးနဲ့ချည်ထားရင် ကစားရာမကျဘူး။ စွန်ကို သစ်ပင်မှာ စွန်ကြိုးနဲ့ တက်ချည်ထားရင် လွှတ်ရာမကျဘူး။ အဲဒီဂျင်ကြိုးနဲ့ စွန်ကြိုးကို ဂျင်နဲ့စွန်ကို နှောင်တည်းရာ ကျပါတယ်ဆိုပြီး လွှင့်ပစ်ကြည့်။ ဒီသဘောပဲ။ စွန်ကြိုးကို ရစ်ဘီးမှာ အစချည်ပြီး ရစ်ထားရတာရယ်၊ ဂျင်ကြိုးကို လက်သန်းနဲ့ လက်သူကြွယ်ကြား ညှပ်ထားရတာရယ်၊ မင်းပြန်စဉ်းစား။ စွန်တက်ဖို့၊ ဂျင်လည်ဖို့ ဒီအတိုင်းပဲ။ မင်း စည်းမဲ့ကမ်းမဲ့ချစ်ပြီဆိုရင် ညိုညိုကျော်စွာ မမှားဘူး၊ မင်းမှားတာပဲ ဖြစ်မယ် ”
သူ နှလုံးညစ်ညူးစွာ ပြုံးသည်။ ခေါင်းငိုက်စိုက်နှင့် တွေ၍နေ၏။ ခေါင်းတစ်ချက် ကုတ်ပြီး…..
“ ခုနေ ကျွန်တော် ပြင်ရင်ကော…. ”
တူမ၏စကားတွေကို ကျွန်တော် ကြားယောင်သည်။ ထို့ကြောင့်….
“ မင်း ချိန်ဆကြည့်ပေါ့ကွာ ”
(၆)
ချစ်ဦး သိဦးမည်မထင်။
ကျွန်တော် စိတ်မကောင်း ဖြစ်ရသည်။ တူမက “ ကိုချစ်ဦးတော့ နာပြီ ” ဟု စကားစပြီးပြောပြသည်။ ညိုညိုကျော်စွာသည် မိဘကလည်း သဘောတူ၊ ကိုယ်တိုင်ကလည်း သဘောကျသော မောင်မောင်စမ်းချိုဆိုသူနှင့် အကြောင်းဆက်တော့မည့် သတင်း။ မောင်မောင်စမ်းချိုသည် အရှေ့ဖျားနိုင်ငံ တစ်နိုင်ငံတွင် ကုန်စည်ဖြန့်ဖြူးရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူး၊ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့လွန်အောင်ပြီးသား။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ဒီပလိုမာ ၃ ခုရရှိပြီးသူ။ ဖခင်က ခေမရဌ်တိုင်းသား၊ မိခင်က ရာမညတိုင်းသူ။ ရုပ်ရည်ချောမော တင့်တယ်သည်ဟု တူမက ပြောပြသည်။ မိဘသည် သန်းကြွယ်သူဌေး။ ညီမ တစ်ယောက်သာ မောင်မောင်စမ်းချိုတွင် ရှိသည်။ မောင်မောင်စမ်းချို၏ ဖခင်နှင့် ညိုညိုကျော်စွာ၏ ဖခင်တို့သည် ညီအစ်ကိုသားချင်းကဲ့သို့ ခင်မင်ရင်းနှီးကြသည်ဟု ဆိုသည်။
“ အင်း…မဟာ့မဟာ ပြဿနာပဲ ”
ကျွန်တော့်ဇနီးက ညည်းပြော ပြောသည်။
“ ချစ်ဦးတော့ ခေါင်းမီးတောက်မှာပဲ ”
တူမက….
“ တစ်ချိန်ချိန်မှာ ဒီလိုဖြစ်မယ်လို့ တွက်ပြီးသားပါ ”
ချစ်ဦး၏မျက်နှာကို ကျွန်တော် ပြေး၍ပင် မြင်သည်။ တင်ကြိုသိရ၍ စောစီးစွာ စိတ်မချမ်းသာရသော်လည်း စကားတွေ ရှာဖွေထားရန် အချိန်တော့ရသည်။ တူမကို ချစ်ဦးက “ ငါအပူကပ်တာတော့ မဟုတ်ပါဘူး။ ညို့ဆီသွားပြီး ငါနဲ့ ပတ်သက်လို့ နည်းနည်းပါးပါး စုံစမ်းပေးစမ်းပါဟာ ” ဟု ပူဆာသည်။ ကျွန်တော့်တူမက ရယ်ကျဲကျဲနှင့်နေပြီး “ ဘာစုံစမ်းပေးရမှာလဲ ” မေးသည်။
“ သြော်…သူ ငါ့ကို ဖြတ်သလိုလို လုပ်နေတယ် ”
“ အိုး…သူပြတ် ကိုယ်ပြတ်။ ဘာလွမ်းစရာရှိလို့လဲ ကိုချစ်ဦး ”
ချစ်ဦး ခေါင်းခါသည်။ “ မဟုတ်ဘူးလေဟာ ” ဟု မပွင့်တပွင့် ပြောပြီး….
“ ငါ့မှာ ဘာအပြစ်ရှိလို့လဲပေါ့ ”
“ ကိုချစ်ဦး မလွယ်ဘူး ”
ကျွန်တော် နားထောင်နေ၍သာ နေလိုက်ရသည်။ “ ရပါတယ်၊ မေးပေးဖို့ဘာမှ မခဲယဉ်းပါဘူး ” ဟု တူမက ပြောသည်။ ချစ်ဦး ပြန်သွားသောအခါ ဖတ်လက်စဝတ္ထုကို ဖတ်မည်ပြင်ခိုက် တူမက…
“ ဦးလေးလူကတော့ ကိုယ့်ဒုက္ခကိုယ် ရေငုပ်သင်္ဘောနဲ့ရှာ၊ အာကာသ လွန်းပျံယာဉ်နဲ့ မတွေ့တွေ့အောင် ရှာမယ့်သူပဲ။ စိတ်ဓာတ်ပျော့စိပျော့ဖပ်နဲ့ နေတာကို အချစ်လို့ အဓိပ္ပါယ်ကောက်များ ကောက်နေသလား မပြောတတ်ဘူး ”
“ သူ ဟိုကိစ္စသိရင် ဖြေဆေးကျွေးဖို့၊ လိမ်းဖို့၊ ထိုးပေးဖို့ ငါလည်း ဒီမှာ စကားလုံးရှာနေရတာလေ ”
ဝတ္ထုစာအုပ်တွေကို လက်ညှိုးထိုးပြလိုက်သည်။ ‘ ဟောက်မှာလေလား အချစ်ရဲ့၊ အချစ်မရှား ယောက်ျားမရှား အလွန်ပင်များပါရဲ့၊ စန္ဒာအရိပ်ချစ်သော မျောက်ကလေး၊ ငလျင်တွေ ခုန်နေသည်၊ နော်ကဒတ်လေးက အချစ်ကို ကိုးကွယ်သတဲ့လား၊ အချစ်၏မျက်ခွက်ကို ရှာဖွေ၍ မတွေ့တော့ပြီ။ အဟင့်အဟင့် ချစ်လိုက်တာ၊ အံမာလေးနော် ချစ်လိုက်ရတာ၊ အရှေ့တစ်ခွင်လုံး အဟင့်၊ ချစ်ပါတယ်ဆိုကာမှလေ၊ သူနော် သိပ်ကဲ၊ ဟင့်အင်း ငိုပစ်လိုက်မှာပဲ၊ ကြည့်ပါလားလို့၊ ဒီကဖြင့် သိပ်ကို ချစ်ရဲ့သားနဲ့ ’ နှင့် အခြားဝတ္ထုများ။
“ အဲဒါတွေဖတ်ပြီးရင် ကိုချစ်ဦးရောဂါ သက်သာ၊ မသက်သာတော့ သမီးမသိဘူး၊ စာပေလောကမှာ စာရှုပ်ဆရာ တိုးကောင်းတိုးလာမယ်။ သူက သူချစ်တာတွေ လျှောက်ရေးပြီး ဝတ္ထုမှာ ချစ်ဆိုတာ တစ်ဝါကျမှာ တစ်လုံးထက်မနည်း ရေးတော့မှာပဲ ”
ကျွန်တော့်ဇနီးက ရယ်သည်။ တူမက….
“ သူရေးဖို့က ကုလားကုတ်ကျွန်းမှာ တစ်ယောက်တည်း အသည်းသွားကွဲပြီး ငိုချင်းချတာမျိုးလေ။ ‘ ကုလားကုတ်ကျွန်း ချစ်သူ ’ တို့၊ ‘ ကုလားကုတ်ကျွန်းမှာ တစ်ယောက်တည်း ’ တို့ပဲ ရေးဖို့ကောင်းတယ် ”
(၇)
ကျွန်တော်သိပြီးသည်တို့ကို ချစ်ဦးက တုန်လှုပ်စွာ ပြန်ပြောပြသည်။ အကြောင်းစုံလင်တော့မှ….
“ ငါ သိပြီးတာ သုံးလရှိပါပြီကွာ။ မင်းစိတ်ထိခိုက်မှာ စိုးရိမ်လို့ ငါ မပြောတာပါ။ လောကမှာ တွေ့ကြုံဆုံကွဲ ဓမ္မတာပဲ။ ဘုရားဟောရှိသားပဲကွာ။ လောကဓံတရားဆိုတာ ဒီလိုပဲ။ မျက်စပစ်ခေါ်ပြီး အနားကပ်တော့မှ ပါးပိတ်ရိုက်တာမျိုး၊ အံကြိတ်ပြီး လက်ယပ်ခေါ်၊ အနားကျမှ ရတနာထုပ် ပေးတာမျိုး။ လူ့ဘဝမှာ မင်းဒါတွေကြုံရမှာ၊ ခုမှအစ ”
“ ဝမ်းနည်းတယ် အစ်ကိုရာ ”
“ သူကတော့ မောင်မောင်စမ်းချိုနဲ့ မင်္ဂလာခန်းဝင်ပစ္စည်း လျှောက်ကြည့်နေမှာပေါ့ ”
“ အဲဒါတွေပါတွေးပြီး အသည်းတွေကွဲရ၊ အက်ရတယ်ဗျာ ”
မျက်လုံး မျက်နှာတွေ နီလျက်ရှိသည်။ လေအေးစက်တပ်ထားသော စက်ခန်းထဲတွင် ချစ်ဦး ချွေးတွေစို့၍နေ၏။
“ ငကန်းသေ၊ ငစွေလာမှာပေါ့ ချစ်ဦးရာ ”
“ ညိုညိုတော့ ပြန်လာမှာ မဟုတ်ဘူး အစ်ကို ”
“ မင်း ကောင်းသလောက် သူမကောင်းခဲ့တာတွေ တစိမ့်စိမ့်ပြန်တွေးကြည့်၊ စိတ်နာ စရာတွေပဲကွ။ မင်း သူနဲ့ အိမ်ထောင်ကျရင် ခုထက် စိတ်ဆင်းရဲမယ် ”
“ နာကြည်းကြည့်ပါတယ် အစ်ကို။ ချစ်တဲ့ သံယောဇဉ်ကြောင့် နာမရဘူး ”
‘ ဗုဒ္ဓေါ ’ ဟု စိတ်ထဲမှ တ မိသည်။
“ မင်း အလုပ်ထဲမှာ တိုးတက်အောင်၊ တစ်ဖက်တစ်လမ်းက စီးပွားရေးလုပ်ငန်း လုပ်ဖြစ်အောင်၊ ကိုယ့်စိတ်ဓာတ် ကောင်းမွန်ရင့်ကျက်အောင် ကြိုးစားရလိမ့်မယ် ”
“ ညိုမှ ကျွန်တော့်ဘဝထဲမှာ မရှိတော့တာ အစ်ကိုရာ၊ အားလုံးက အဓိပ္ပါယ်မဲ့နေပါပြီ ”
‘ မြတ်စွာဘုရား ’ ဟု စိတ်ထဲက တ မိသည်။
“ မင်းမှာ မင်းဘဝရှိတယ်။ မိဘ၊ မိသားစုတာဝန်တွေရှိတယ်။ ဘယ်သူမှ မရှိနဲ့ဦးကွာ။ မင်းကိုယ်မင်း မေ့ပျောက်ထားလို့ မဖြစ်ဘူး။ ပြီးတော့ မခံချင်စိတ်နဲ့ သူ ယူမယ့် သူထက်သာအောင် မင်း ကြိုးစားသင့်တယ် ”
“ စိတ်ဓာတ်ကျတယ် အစ်ကို ”
“ စိတ်ဓာတ်ပျောက်ဆုံးရင် ချစ်သူဆုံးရှုံးတာထက် မင်းအကျိုးယုတ်မှာပဲ ချစ်ဦး ”
သူ တွေ၍နေ၏။ ပြန်သာ မပြောသည်၊ အတွန့်မတက်သည်၊ နားဝင်ပုံမရ။ ထပ်မံပြောတော့ ပြောရပေဦးမည်။
×××××××××××××
ချစ်ဦး၏အခြေအနေသည် စိုးရိမ်စရာ ကောင်းလာသည်။ ပစ်စလက်ခတ်နေလာ၍လား မသိ၊ အသားအရေ ညိုညစ်ညစ်ဖြစ်လာသည်။ ပိန်ချုံးလာသည်။ တစ်ခါတလေ သူ့ထံမှ အရက်နံ့ရသည်။ ဆေးလိပ်သောက်တတ်လာသည်။ ကွမ်းဝါးလာသည်။ ဝါကျွတ်လျှင် ညိုညိုကျော်စွာနှင့် မောင်မောင်စမ်းချိုတို့ လက်ထပ်တော့မည်။ သုံးလေးလသာ လိုတော့သည်။ ရက်ပေါင်းတစ်ရာ ဝန်းကျင်အတွင်း၌ ကိုယ့်အသက်ကိုယ် ရန်ရှာမည်ကို ကျွန်တော် စိုးရိမ်မကင်းဖြစ်မိသည်။ သူ နေ့တိုင်းနီးပါး ကျွန်တော့်ထံသို့ လာသည်။ သည်းခံပြီး နားထောင်ရသည်။ ကျားကန်ပေးသောစကားတွေ ကျွန်တော် ကြံဖန်ပြီးပြောရသည်။ သူ့ကိုဖျောင်းဖျသိမ်းသွင်းရန် စကားတွေကို ပျော့တိပျော့ဖပ် ဝတ္ထုတွေထဲက နည်းမရ။ ပျော့ဖပ်ဝတ္ထုထဲမှာ ပလူးပလဲစကားတွေ၊ တရော်နှင့် ပက်ကျိမွှေထားသော စကားတွေ၊ လူကို ဖြေလျော့ခွေစေနိုင်သော စကားတွေက များနေ၏။
အချစ်ဝတ္ထုအမည်နှင့် လျော်ညီစွာ ‘ တိတ်ချစ်တာပဲနော်။ တိတ်ကို ချစ်တာပေါ့ မှောင်ရယ်။ အဲဒီလောက်ကြီး ဖက်မထားနဲ့ကွယ်လို့၊ အသက်ရှူတတ်တော့ဘူး။ ဝမ်းထဲ၊ ရင်ထဲ၊ အသည်းထဲ၊ နှလုံးထဲ၊ သရက်ရွက်ထဲ၊ ကျောက်ကပ်ထဲ၊ သည်းခြေထဲ၊ အစာဟောင်းအိမ်ထဲ၊ အူသိမ်အူမ ပန်ကရိယထဲကကို ချစ်တာ ချစ်ချစ်ရဲ့ ’ အစရှိသော ကူလီကူမာ ပလီစိချောက်ချက်စကားတွေက များနေသည်။ အချစ်ဝတ္ထု၏ သိသာထင်ရှားစေရန် အလို့ငှာ ‘ အဘိုး ဦးဖိုးချစ်၊ အဘွား ဒေါ်ချစ်၊ အဖေ ဦးခင်မောင်ချစ်၊ အမေ ဒေါ်ခင်ခင်ချစ်၊ ဇာတ်လိုက်မင်းသား ကိုကိုချစ်၊ ဇာတ်လိုက်မင်းသမီး ချစ်ချစ် ’။ ဝတ္ထုအမည် ‘ ချစ်ရအောင် ချစ်ရယ် ’။ ဝတ္ထုပုံစံ ‘ ချစ်၊ ကွဲ၊ ပေါင်း၊ ချစ်ကွဲကွဲ၊ ချစ်ကွဲ၊ ကွဲချစ်ပေါင်း၊ ချစ်ပေါင်းကွဲ၊ ကွဲပေါင်းချစ်၊ ပေါင်းချစ်ကွဲ ’၊ ချစ်ကွဲကွဲ ဝတ္ထုတွေဖြစ်နေ၍ ပေးဖတ်မည့်အကြံကို ရုပ်သိမ်းလိုက်ရသည်။
“ အံမာလေးနော်…ကျွန်တော်တို့ ချစ်နေတုန်းကနဲ့ တူလိုက်ပါဘိတော့ အစ်ကိုရဲ့ ” ဟု ရင်ဘတ်ဒရမ်တီး၊ ငိုညည်းမည်ကို တွက်ရသေး၏။ ‘ ချစ်မျက်ရည် တောက်တောက် ယိုသလေလေ့ ’ ဝတ္ထုမျိုးကို ပေးဖတ်ပါက “ အခုနေ ကျွန်တော်ကြုံရတာနဲ့ တစ်ထပ်တည်းပါပဲခင်ဗျာ့ ” ဟု သူ့အသည်းယူ ဧယင်ကျူးပေလိမ့်ဦးမည်။
“ ဘယ်လိုလဲ သမားတော်ကြီး ”
ဇနီးဖြစ်သူ၏ ထေ့တေ့တေ့ အမေး။ ကျွန်တော် မသိယောင်ပြုကာ….
“ ဘာလဲကွ ”
“ ရှင့်လူနာ မောင်ချစ်ဦးအတွက် ကုထုံးကို ရှာမတွေ့သေးဘူးလား ”
ကျွန်တော် စိတ်ညစ်နေမှန်း သူ သိသည်။
“ အေးကွာ….မင်း ပြောလည်း ပြောစရာပဲ ”
“ အမျိုးသမီးတစ်ယောက်က အမျိုးသားကို ချစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ထာဝရချစ်သူအဖြစ်၊ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့မရှိဘူးဆိုတာ ရှင် သူ့ကို ပြောပြသင့်တယ် ”
“ ခုနေ ပြောဖို့မသင့်တော့ဘူး ရှင်မရဲ့ ”
“ ရှင့်တူမပြောသလို မောင်ချစ်ဦးက ကိုယ်ပိုင်နှာခေါင်းနဲ့ အသက်ရှူတာရယ်မှ မရှိတော့တာ၊ သူ့ကိုယ်နဲ့ ညိုညိုကျော်စွာ့ စိတ်။ ဟိုမိန်းကလေးက သူ့ကို အထင်သေးလာတာ သူ့အပြုအမူတွေကြောင့်ပဲ ”
ချစ်ဦးဘက်က ကျွန်တော် နာသယောင် ဖြစ်လာ၍…….
“ ဒါကတော့ သူချစ်ခင်မြတ်နိုးလို့ အလျှော့ပေး….”
“ အိုး…ဒါက ခေါင်းဘက်က။ ပန်းဘက်က ညိုညိုမြင်မှာကျတော့ကော…ခင်ပွန်းလောင်းဖြစ်မယ့်သူက လင်ယောကျ်ားတစ်ယောက်ရဲ့ ရှိရမယ့်အခန်းကဏ္ဍ ပျောက်နေတယ်လေ။ တုံးတယ်လို့ အထင်မသေးဘဲနေမလား၊ အထင်မကြီးတဲ့ နောက်ဇာတ်ကပြီးသွားပြီ ”
“ ချစ်သူ့အကြိုက်လိုက်ရင်း သူ ဒုက္ခဖြစ်ရတာပါကွာ ”
“ ညိုညိုကျော်စွာက လူကို လက်ထပ်ချင်မှာပါ။ ကြိုးဆွဲရာပါတဲ့၊ ကြိုးဆွဲမှလှုပ်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ကိုတော့ လက်ထပ်ချင်မှာ မဟုတ်ဘူး ”
အမျိုးသမီးတို့၏ လောကအမြင်ကို အမျိုးသားများအနေနှင့် သိနိုင်ခဲပေလိမ့်မည်။ ကျွန်တော်သည် ခပ်မဆိတ်ပင် နေလိုက်၏။
(၈)
“ ကျွန်တော် သွားတွေ့ပြီး မေးမယ်ဗျာ ” ဟု ချစ်ဦး ပြောသည်။
“ မဆိုင်တော့ဘူးလေ၊ မင်းကို သူ ဖြတ်စာပေးပြီးပြီပဲ ” ဟု ကျွန်တော်တားရသည်။
“ ဘာလို့ ကျွန်တော့်ကို သူဖြတ်ရတာလဲ ”
“ ဟ၊ ဖြတ်ချင်လို့ပေါ့ ”
“ မတရားဘူး အစ်ကို ”
“ ဘယ်လိုမှ တိုင်တန်းလို့မရသလို အရေးယူလို့လည်း မရဘူး။ အိမ်ထောင်ရေးဆိုတာ ဘုရားတည်သလို၊ ဆေးမင် ထိုးသလိုကိစ္စ။ သူရွေးချယ်ခွင့် ရှိတယ်။ ချစ်သူဘဝဆိုတာ ငြမ်းဆင်တာ၊ ပုံစံထုတ်တာ၊ မင်ကြောင်အတွက် ပုံကြမ်းခြစ်ကြည့်တာ။ မကြိုက်ရင် ပြင်မှာပေါ့ ”
“ ရင်နာတယ်ဗျာ ”
“ စိတ်ပါနာပြီး ပြတ်သင့်တယ် ”
“ ကျွန်တော် သူ့ဆီသွားပြီး မေးချင်တယ် ”
“ ဘာမေးမှာလဲ ချစ်ဦး ”
“ အရင်က သူ စီကာပတ်ကုံးပြောခဲ့တဲ့ ချစ်စကားတွေ၊ သစ္စာစကားတွေ ဘယ်ရောက်ကုန်ပြီလဲလို့ ”
“ သူ ဘာတွေပြောလဲ မေ့နေလို့ မင်းကိုပဲ စကားစ ဖော်ခိုင်းမှာပါကွာ ”
“ စာတစ်စောင် ရေးချင်တယ် ”
“ ဘာတွေရေးမှာလဲ ဆိုပါဦး ”
“ သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာတွေပေါ့ အစ်ကိုရာ ”
“ ရေအိမ်သုံးစက္ကူလိပ် သူ့ဆီမှာ လုံလောက်နေပြီပဲကွာ၊ အပိုမပေးပါနဲ့တော့ ”
ချစ်ဦး မျက်နှာပျက်သွားသည်။
(၉)
‘ အင်း….လောကကြီး တယ်ဆန်းပါလား ’ ဟု တန်ဆောင်မုန်းလဆန်း နံနက်ခင်းတွင် ခြံထဲမှာ လမ်းလျှောက်ရင်း တွေးမိ၏။ ကျွန်တော့်တူမနှင့် ညိုညိုကျော်စွာတို့သည် နှစ်ဆယ်၊ နှစ်ဆယ့်တစ်။ တွေးပုံက ဒိဋ္ဌဓမ္မလောကအတွေး။ သူတို့ထက် လေးငါးခြောက်နှစ်ကြီးသော ချစ်ဦးက စိတ်ကူးယဉ်လောကထဲမှာ အနေများနေသည်။ ထိုကလေးမလေးတွေက အချစ်ကို လက်ငင်းတွေ့ကြုံနေရသော လူမှုကိစ္စ အ၀၀နှင့် နှိုင်းယှဉ်ပြီး အနက်ဖော်ပြသည်။ ချစ်ဦးက စိတ်အာရုံခွက်ထဲတွင် အချစ်ကို ထည့်သည်။ ချစ်ဦးခံစားနေရသည်ကို ပြဇာတ်ခုံပေါ်တွင် သရုပ်ဆောင်သူတစ်ဦးက အမူအရာ ပြုနေသည်လောက် သဘောထားသည်။ ကျွန်တော် သနားသလောက်တောင် သနားမိမည် မထင်။
“ ဦးလေး ”
တူမဖြစ်သူကို လှည့်ကြည့်လိုက်သည်။
“ စောစောစီးစီး ဘယ်က လာသတုန်း ”
“ ပြောစရာရှိလို့…..”
“ ဆိုဗျား ”
“ ကိုချစ်ဦးက ညိုညို့ဆီ စာပေးခိုင်းလို့ သမီး သွားပေးတယ် ”
“ ဟေ…ဘာတွေများပါလိမ့် ”
“ မသိဘူး ဦးလေး ”
“ ဒီကောင်လေး ဘာတွေလျှောက်လုပ်သလဲ မသိဘူး ”
“ ညနေကျရင် ညိုက စာပြန်လိမ့်မယ်။ သမီးပဲ သွားယူပြီး ဒီကို လာပေးထားရလိမ့်မယ်။ ကိုချစ်ဦး ဒီကိုလာပြီး စာစောင့်လိမ့့်မယ် ဦးလေး ”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
(၁၀)
“ ကျွန်တော်ရေးတာ တကယ်အကောင်းတွေပါ အစ်ကို၊ နောက်ငါးရက်နေရင် သူတို့ အင်းလျားကန်ဟိုတယ်၊ ပတ္တမြားခန်းမမှာ နှစ်ဖက်စုံစုံညီညီနဲ့ လက်ထပ်မယ်။ ညမှာ ညိုတို့ခြံကြီးထဲမှာ ဥယျာဉ်ပွဲလုပ်ပြီး ဧည့်ခံမယ်။ အဲဒီညမှာ ကျွန်တော် လာမယ်လို့ ရေး လိုက်တယ် ”
“ ခက်တာပဲကွာ ”
သူ လက်ကာပြီး တားသည်။
“ မဟုတ်ဘူးအစ်ကို၊ အဲဒီမင်္ဂလာည ဧည့်ခံပွဲမှာ လျှပ်စစ်မီးတွေ အကုန်ပိတ်လိုက်ပါ။ မောင့်ကိုယ်မှာ ရေနံဆီ၊ ဓာတ်ဆီ၊ ရေနံချေးလောင်းပြီး ကိုယ့်ကိုယ်ကိုယ် မီးထွန်းမယ်။ အဲဒီအလင်းရောင်နဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပါ။ အဲဒီအလင်းရောင်နဲ့ မောင် လက်ဖွဲ့ပါ့မယ်လို့ ကျွန်တော် ရေးလိုက်တာ ”
မိုက်မဲမည့်မျက်နှာကို ချောက်ချားစွာ လှမ်းကြည့်မိ၏။
“ ချစ်ဦး….မင်း ထပ်မှားမယ် ”
“ မမှားဘူးအစ်ကို…ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ သူသိသွားပြီ။ ကျွန်တော်လိုချင်တာ အဲဒါပဲအစ်ကိုရ။ သူ ရေရေလည်လည် နားလည်သွားလောက်ပါပြီ။ ဘယ်သူ့အချစ်က ပိုပြီး လေးနက်ကြီးကျယ်တယ်ဆိုတာ သူသိသွားပါပြီ။ သေရလည်း ကျေနပ်ပါတယ် အစ်ကို။ အစက ပေါ့ပေါ့တန်တန် ထင်ခဲ့မှာဗျ။ သိလား။ သူ ဖျားလောက်ပါပြီ၊ သိလား အစ်ကို ”
ဂုဏ်ယူစွာရယ်သည်။ မာန်မာနမျက်နှာကို မြင်ရသည်။ လွဲချော်နေသောကြောင့် ကျွန်တာ် ယူကျုံးမရ ဖြစ်မိ၏။ “ ဟော….ညိုညို့စာ ပါလာပြီထင်တယ် ” ဟု အိမ်ရှေ့သို့ ဖျတ်ခနဲကြည့်ပြီး သူပြော၏။ ကျွန်တော့်တူမသည် အိမ်ပေါ်သို့ ခပ်သုတ်သုတ် တက်လာ၏။ “ စာပါလား ” ဟု ချစ်ဦးက စိတ်စောတကြီး မေး၏။ သူမက ပိုက်ဆံအိတ်ထဲမှ စာခေါက်ကို လှမ်းပေးသည်။ ထို့နောက် မီးဖိုဆောင်ဘက်သို့ သွားသည်။
အိတ်မပါသောစာ….စာခေါက်ကို သူဖြန့်သည်။ ကိုယ်ကို ကျွန်တော်ငိုက်လိုက်၏။ စာရွက်သည် ပြန့်သွားသည်။
ကိုချစ်ဦး……
ညိုတို့မင်္ဂလာဧည့်ခံပွဲမှာ ကိုယ်ကို မီးရှို့ပြီး အလင်းရောင်ထွန်းပေးမယ်။ အဲသည်လို လက်ဖွဲ့မယ်လို့ သိရတာ ကျေးဇူးတင်ဝမ်းသာပါတယ်။
ဒါပေမဲ့…..
ညို့အမျိုးသားက ကြက်သွန်ဆီသတ်ရင်တောင် အနံ့မခံနိုင်ဘူးလေ။ လူကို မီးရှို့တဲ့အနံ့ဆိုရင် ပိုနံမှာ၊ ညှော်မှာ။ သူက ခေါင်းကိုက်တတ်တော့ အဲဒီလိုလက်ဖွဲ့ကို လက်မခံချင်ပါဘူးရှင့်။ လက်ဖွဲ့မပါဘဲ ဧည့်ခံပွဲကို လာရင်လည်း ညိုတို့က ကျွေးမှာပါ။
ညိုညိုကျော်စွာ
(၁၁)
စာကိုလုံးချေပြီးမှ အစိတ်စိတ်အမြွှာမြွှာ ဆုတ်သည်။ “ ကျွန်တော် အိမ်ပြန်တော့မယ်။ အိပ်ရေး မဝသေးဘူး။ ပြန်အိပ်တော့မယ်ဗျာ ” ဟု ချစ်ဦးပြောသည်။ ကျွန်တော် ခေါင်းညိတ်ပြီး……
“ အေး….အေး ။ အဲဒါ အကောင်းဆုံးပေါ့ကွာ။ ကြုံရင်တော့ ဒီဘက် ဝင်ဝင်လည်ပေါ့ကွာ ”
ငြိမ်းကျော်
သဘင်မဂ္ဂဇင်း အမှတ်(၁၄)၊ ဒီဇင်ဘာလ၊ ၁၉၈၄

No comments:
Post a Comment