Apr 8, 2017

ဝတ္လဲေတာ္ပုဆိုးပိုးမ်ိဳးငယ္ပါပါစ

 Zawgyi Version

(၁)
က်ဳပ္တို႔အေမမ်ား ေျပာဖူးသာ ေျပာပါတယ္။ ဇာတ္ထဲပြဲထဲ၊ ဒါမွမဟုတ္ ရပ္ထဲရြာထဲ ဓာတ္စက္ထဲ ဗ်ိဳင္းေတာင္သီခ်င္းမ်ား ၾကားလိုက္လို႔ သီခ်င္းထဲက ‘
စားေတာ္ဦး ငါးလူးငယ္ ပါပါစ’ ေသာက္ေတာ္အိုး ေမႊးမ်ိဳးငယ္ ပါပါစ’ ‘ဝတ္လဲေတာ္ပုဆိုး ပိုးမ်ိဳးငယ္ ပါပါစ’ တို႔ ဘာတို႔မ်ား ၾကားလိုက္လို႔ကေတာ့ “ဖြဟဲ့ … နိမိတ္မရွိနမာမရွိ မေကာင္းသူ ပယ္၊ ေကာင္းသူ ကယ္” ဆိုၿပီး တံေတြးတစ္ခ်က္ ပ်စ္ခနဲ ေထြးပစ္လိုက္သာ တဲ့။ မဂၤလာမရွိတဲ့ သီခ်င္း နားနဲ႔ေတာင္မၾကားခ်င္ဘူး ဆိုတဲ့သေဘာ ေနမွာေပါ့။
က်ဳပ္တို႔မ်ားေတာ့ သီခ်င္းေတာင္မဟုတ္ပါဘူး၊ အက်ိဳးေပး မေကာင္းပံုမ်ား သခ်ႋဳင္းထဲမွာကို ေနရသာ။ ေသတၱာလာဝယ္ရင္ ေခါင္းနဲ႔ရြက္ၿပီး လိုက္ပို႔ရသာ။ သည္အလုပ္မ်ိဳးကလည္း ဘုရားစူးရေစ့၊ တစ္သက္နဲ႔တစ္ကိုယ္ လုပ္ရလိမ့္မယ္ တြက္ခဲ့သာလည္း မဟုတ္ဘူး။ ဒါေပမဲ့ ဘယ့္ႏွယ္လုပ္မလဲ၊ ဘဝအေၾကာင္းဆိုေတာ့ လုပ္ရေတာ့သာပဲ။ ပိုက္ဆံ ေငြစေၾကးစကေလး ျမက္ျမက္စက္စက္ရသာလည္း တစ္ေၾကာင္းေပါ့ေလ။ တျခားအလုပ္ မလုပ္တတ္သာလည္း တစ္ေၾကာင္းေပါ့။

ဟဲ့ ဒါဆို ညည္း ေခါင္းရြက္ဗ်ပ္ထိုး ေစ်းကေလးနာကေလး ေရာင္းပါလား” လို႔ေတာ့ မေျပာနဲ႔၊ ရလွ တစ္ေနကုန္ ေနပူစပ္ခါး ေလွ်ာက္ႏိုင္မွ အစိတ္ေပါ့၊ သံုးဆယ္ေပါ့။ အေႂကြးကလည္း က်ဦးမယ္၊ ၿပီးေတာ့ ဘယ္မလဲ ေငြရင္း။
သည္အလုပ္က အေႂကြးက်စရာလည္း မရွိဘူး။ ေငြရင္းလည္း မလိုဘူး။ မလုပ္ခင္က ေငြရႏွင့္သာ။ ရွစ္ဆယ္လည္း ဟုတ္သယ္၊ တစ္ရာလည္း ဟုတ္သယ္။ ေဝးလို႔မ်ားေတာ့ ေဝးသေလာက္ ေတာင္း၊ ပါးစပ္ထဲကေစ်းဟာ အတည္ပဲ။ လူကို လိုက္လို႔၊ ခရီးအေဝးကိုလိုက္လို႔ ၾကည့္ေတာင္းရသာပဲ။
ရလည္း ရသယ္။ ရသမွ ေန႔တိုင္းကို ရသာ။ လူက ေန႔တိုင္း ေသေနတာ မဟုတ္လား။ ရပ္ကြက္ထဲေနတဲ့လူကေတာ့ မသိသာလွဘူးေပါ့။ မယံုရင္ သခ်ႋဳင္းထဲ ေနၾကည့္ပါလား။ တစ္ေန႔တစ္ေန႔ ေသတဲ့လူ နည္း မွတ္လို႔။
* * *
(၂)
သခ်ႋဳင္းစပ္ ကုကၠိဳပင္ေစာက္ႀကီးေအာက္က တဲႀကီးထဲ ေနလာရတဲ့ ႏွစ္ကိုပဲ ႀကိဳ႕ထိုးေနၿပီ။ က်ဳပ္အထင္ အႏွစ္သံုးဆယ္ေက်ာ္ေရာ့မယ္။
က်ဳပ္အသက္လား၊ ေလးဆယ္ေက်ာ္လို႔ ေျခာက္ႏွစ္ထဲမွာ။ လင္လည္း သံုးဆက္ရွိၿပီ။ တကယ္ေျပာသာပါ။ ပထမဆံုးလင္က ဆံုးသြားရွာသာ။ သူဆံုးေတာ့ က်ဳပ္က ငယ္ငယ္ရယ္။ ေနာက္လင္ကေတာ့ ကြဲကို ကြဲသာ။ က်ဳပ္ တစ္သက္နဲ႔တစ္ကိုယ္ လုပ္ရလိမ့္မယ္လို႔ မတြက္ခဲ့တဲ့ သည္အလုပ္လည္း ဒင္းက ဇာတ္သြင္းခဲ့သာ။
အခုေတာ့ တစ္ခါတစ္ခါ ေက်းဇူးလည္းတင္ပါရဲ႕၊ စိတ္လည္း နာသယ္။ ဘုရားစူး။ ေသခ်င္းဆိုးလည္း ဘယ္ဆီေရာက္ေနမွန္းေတာင္ မသိဘူး။ က်ဳပ္တို႔သားအမိ သခ်ႋဳင္းစပ္က တဲႀကီးထဲ ထားပစ္ခဲ့ၿပီး ထြက္သြားလိုက္သာ ဘယ္မွာ ေႁမြေပြးကိုက္ေနသလဲေတာင္ မသိဘူး၊ တစ္ခါမွေတာင္ ေပၚမလာဘူး။ ရွိလွေပါ့၊ ေလးငါးႏွစ္ေတာ့။
ဒါေပမဲ့ ကိုစံေမာင္က က်ဳပ္တို႔ကိုႏွင္မထုတ္ရွာပါဘူး။ ‘
မေသာင္း လုပ္လက္စ ဆက္လုပ္ေပါ့’ တဲ့၊ ‘
ဘယ္မွလည္း မသြားနဲ႔’ တဲ့ ေျပာရွာပါသယ္။ က်ဳပ္ကလည္း မသြားပါဘူး။ တျခား ဘာသြားလုပ္တတ္မွာတံုး၊ ဟုတ္ဘူးလား။
ကိုစံေမာင္တို႔ကေတာ့ တတ္ႏိုင္သူေတြကိုး။ သူတို႔လည္း သခ်ႋဳင္းထဲေနသာပါပဲ။ ပိုက္ဆံရွိေတာ့ ေလးပင္ႏွစ္ထပ္အိမ္ႀကီးနဲ႔ ေနသယ္။ ေသတၱာမ်ိဳးစံုကို လုပ္လည္းလုပ္၊ ေရာင္းလည္းေရာင္း ဆိုေတာ့ ေခ်ာင္လည္ပါသယ္။ အနီးအပါးက ကုကၠိဳပင္ေတြ၊ မႈိ႕ပင္ေတြ ခ်ဳပ္ဝယ္ၿပီး ပ်ဥ္ခ်ပ္ေတြျဖစ္ေအာင္ ခြဲ၊ စပ္ဟပ္ၿပီး ေသတၱာ႐ိုက္၊ အတြင္းနဲ႔အျပင္ကို ဝါတာဖလူးစ ခပ္တင္းတင္းဆြဲကပ္ၿပီး ေငြေရာင္ေဖာက္ပန္းေတြ ကပ္၊ ၿပီးရင္ ေသတၱာေတြကို စီထပ္ထားလိုက္သာပဲ။
ေစ်းကေတာ့ အမ်ိဳးမ်ိဳးပဲ။ လူမွေသၿပီ ဆိုမွေတာ့ သည္ေသတၱာေတြက မသံုးမျဖစ္ေတြ မဟုတ္လား။ ဝယ္ရသာပဲ။ ႀကိဳက္ေစ်းလည္း ေပးရသာပဲ။ အသုဘႀကီး ဖ်ာလိပ္နဲ႔ပတ္ခ်လို႔ကလည္း ရသာ မဟုတ္၊ ေျခမႀကိဳးဆြဲခ်လို႔ကလည္း မျဖစ္၊ ဟုတ္ဘူးလား … လူကိုး … လူက ေသတာေတာင္ အလွအပႀကိဳက္တာကလား။
ဝယ္သူလာၿပီဆိုရင္ ကိုစံေမာင္က မလွမ္းမကမ္းက က်ဳပ္တဲဘက္ လွမ္းေခၚေတာ့သာပဲ။ က်ဳပ္လည္း သိတယ္၊ ေသတၱာဝယ္သူလာၿပီ၊ ကိစၥေတာ့ ေပၚေနၿပီ၊ က်ဳပ္ ရြက္ပို႔ရေတာ့မယ္ ဆိုသာ …
သည္ေတာ့ မနက္ မိုးလင္းသာနဲ႔ တဲေရွ႕က တံခါးလုပ္ထားတဲ့ ဂုန္နီဖ်င္စ အသာ မ တင္ၿပီး ေဆးလိပ္တစ္တို မီးညႇိရင္း ကိုစံေမာင့္အိမ္ဘက္ လွမ္းေမွ်ာ္ၾကည့္ေနလိုက္သာပဲ။
ေသတၱာဝယ္သူေတြကလည္း ဟိုအလံုး ခ်လိုက္၊ သည္အလံုး ၾကည့္လိုက္နဲ႔ ေျမႀကီးထဲျမႇဳပ္ရမယ့္ပစၥည္းေတာင္ အနာအဆာ ေရြးၾကေသးသာ။ ေသတၱာတစ္လံုးတန္ဖိုးကလည္း သည္ေခတ္ မေသးဘူး။ တကယ့္အေနက်ပ္ အေသက်ပ္ႀကီး။ ေတာ္႐ံုေသတၱာေတာင္ ငါးရာေက်ာ္ ေျခာက္ရာ တန္သယ္။ တခ်ိဳ႕မ်ား သေဘၤာပံု ခရစ္ယာန္ေသတၱာမွ ဝယ္သာ။
သူက ႏွစ္မ်ိဳးရွိသယ္။ အျဖဴနဲ႔ အနက္။ အျဖဴက အပ်ိဳလူပ်ိဳေသရင္ သံုးသယ္၊ နက္က အိမ္ေထာင္ရွင္ ေသမွ သံုးသယ္။ ၾကားဖူးသာပါ။ တခ်ိဳ႕ ပိုက္ဆံရွိတဲ့လူမ်ားက်ေတာ့လည္း သေဘၤာပံုနဲ႔မွ … လွလည္း လွသာကိုး … လက္ကိုင္ေတြနဲ႔၊ ပန္းဖြားႀကီးေတြနဲ႔၊ ေမြ႕ရာနဲ႔။ သည္မွာမို႔လို႔ပါ။ က်ဳပ္တို႔ အညာမွာမ်ား ႐ိုး႐ိုးပါပဲ၊ ေသသာကို ဟန္ခ်ဲ႕မေနပါဘူး။
ဘာပဲျဖစ္ျဖစ္ေလ ေဆးလိပ္တစ္တိုနဲ႔ ကိုစံေမာင့္အိမ္ဘက္ လွည့္ေမွ်ာ္ေနသာကိုက က်ဳပ္အလုပ္ မဟုတ္လား။ ေမွ်ာ္ရသာပဲ။
လာလည္း လာသယ္၊ မနက္ ခုနစ္နာရီ ရွစ္နာရီဆို ေပါက္လာသာပဲ။ ကိစၥေပၚၿပီ ဆိုရင္ ေပၚတဲ့ေန႔ကေတာ့ သက္ေပ်ာက္ဆြမ္း သြတ္ရတာ တို႔၊ အိမ္အခင္းအက်င္း ျပင္ရေရႊ႕ရတာ တို႔ ဘာတို႔နဲ႔ မဝယ္ျဖစ္ၾကဘူး။ က်ဳပ္တို႔လူမ်ိဳး ထံုးစံကလည္း သံုးရက္၊ ငါးရက္၊ ခုနစ္ရက္ ထားေလ့ရွိေတာ့ ေနာက္တစ္ေန႔ ေရာက္လာၾကေတာ့သာပဲ။
ကာယကံရွင္ကေတာ့ လိုက္ခဲပါသယ္။ သည္ကိစၥကၽြမ္းက်င္သဲ့ လူ၊ ရပ္ကြက္ထဲ လုပ္ဖူးကိုင္ဖူးသဲ့ လူ လႊတ္လိုက္သာပဲ။ အဲသည္လူကလည္း ဝယ္ဖူးျခမ္းဖူးေတာ့ စကားသိပ္ မေျပာရပါဘူး၊ ေစ်းနာေျပာၿပီးရင္ ၿပီးသြားသာပါပဲ။ သည္ကိစၥ ေစ်းမဆစ္ေကာင္းဘူး ဆိုေတာ့ နည္းနည္းပါးပါး ညႇိၾက႐ံုပါပဲ။
ၿပီးရင္ေတာ့ ကိုစံေမာင္က ေဆးလိပ္ေလး တည္လို႔၊ လက္ဖက္ရည္ေလး တိုက္လို႔ … ေသာက္ၿပီးၾကရင္ က်ဳပ္ လွမ္းေခၚသာပဲ။

မေသာင္း … ကိုင္း … ကိစၥေပၚလာလို႔ တဲ့။ ကိုးရပ္ကြက္ ကားဂိတ္ဆံုးက ရထားလမ္းနားမွာ။ ရြက္ခ ေျပာလိုက္ဦး”

ရွစ္ဆယ္ ပါ။ ဒါက ထံုးစံပဲဥစၥာ”
တခ်ိဳ႕ကလည္း ဒီေလာက္ေလး ေျပာလိုက္သာနဲ႔ ဟ … ရြက္ခက ရွစ္ဆယ္ေတာင္လား၊ မဟုတ္ေသးပါဘူး ဆိုၿပီး တံုးေပကပ္သတ္ လုပ္ခ်င္ၾကတာလည္း ရွိရဲ႕။ တခ်ိဳ႕ကလည္း လူမွ ေသၿပီ ဆိုမွေတာ့ မဆစ္ေတာ့ပါဘူး၊ ေရာ့ … အင့္ … ပဲ။
က်ဳပ္က ကိုစံေမာင့္ အားနာလို႔ပါ၊ ေျပာလိုက္ခ်င္သာ။ ေစ်းမ်ားရင္ ေတာ္တို႔ရြက္ၾကည့္ပါလား လို႔။ ဟုတ္သယ္ေလ … ကားငွားၾကည့္ပါလား လို႔။ က်ဳပ္သားေတြေျပာသလို ဆိုရင္ ျပာသြားမယ္ …
ေတာ္႐ံုကားကလည္း မလိုက္ပါဘူး။ လိုက္ရင္လည္း ရာေက်ာ္ပဲ။ သူတို႔ကလည္း ဒါႀကီးတင္ၿပီးရင္ ပရိတ္ေရ ပက္ရ၊ အေမႊးနံ႔သာ ဖ်န္းရ၊ ေခါင္းေလွ်ာ္ရည္နဲ႔ တစ္ကားလံုး ေဆးရနဲ႔ သိပ္သက္သာပံု မရဘူး။
နီးရင္ေတာ့ ဆိုက္ကားေတြက လိုက္ပို႔ပါသယ္။ လူစီးဆိုက္ကားေတြကလည္း လိုက္ခဲသယ္။ ေရခဲဆိုက္ကား တို႔၊ ပက္လက္ခံုဆိုက္ကားတို႔မွ လိုက္သာပါ။ လိုက္ရင္လည္း ေလွ်ာ့ယူဖို႔ စိတ္ေတာင္မကူးဘူး။
က်ဳပ္ရြက္ရသာကလည္း တကယ္ေတာ့ သက္သာတယ္ မထင္နဲ႔။ ေတာ္တို႔ မရြက္ဖူးလို႔ ရြက္ၾကည့္ေစခ်င္သယ္။
ထံုးစံအတိုင္းဆိုလို႔ကေတာ့ ေသတၱာကို ေမွာက္ၿပီး စ,ရြက္ကတည္းက လမ္းမွာခ်နားလို႔ရတာ မဟုတ္ဘူး။ ေသတၱာအဖံုးကလည္း ေသတၱာေပၚ တင္ခ်င္တင္၊ မတင္ရင္ ခ်ိဳင္းၾကားညႇပ္၊ လက္တစ္ဖက္က ပိုက္ၿပီး ဇက္ေတာင့္ေတာင့္နဲ႔ သြားရသာ တခ်ိဳ႕အိမ္မ်ား ေလးငါးမိုင္ေလာက္ ေဝးသယ္။ သြားရသာပဲ။
ေရဆာလို႔ ခ်ေသာက္လို႔လည္း မရဘူး။ ဒီဟာႀကီးနဲ႔ ဘယ္အိမ္က ေရတိုက္မွာလဲ။ ဇက္နာလို႔လည္း ခ်နားလို႔ မရဘူး။ ေနပူလို႔ သူမ်ားေစ်းဆိုင္ရိပ္ ခိုဖို႔မ်ား စိတ္ေတာင္မကူးနဲ႔၊ ပါး႐ိုက္လိမ့္မယ္။ အယူႀကီးတဲ့ ေဒသမ်ား ေသတၱာဖံုးကို ဘယ္-ညာ ေျပာင္းလို႔ေတာင္ မရခ်င္ဘူး။ ေသတၱာႀကီးနဲ႔နားရင္ ရြာနာသယ္ လို႔ အယူရွိသာကိုး။
သြားရင္းက ေနာက္လည္းမလွည့္ရဘူး တဲ့။ သြားရင္းမ်ား သူမ်ားကို တိုက္မိလို႔လည္း မရဘူး။ သူမ်ားကလည္း ကိုယ့္ကို မတိုက္ရဲပါဘူး။ ကားေတြဆိုသာ ေဘးက ေရွာင္ေမာင္းသယ္၊ ထိသြားမွာ စိုးလို႔။ က်က္သေရ မရွိလို႔ ေပါ့ေလ။
ေနာက္တစ္ခုက လိုက္ပို႔ရမယ့္ ရပ္ကြက္ေရာက္လို႔ ေသတၱာႀကီး ထမ္းၿပီး ဟိုအိမ္ေမး သည္အိမ္ေမး လို႔လည္း ရသာမဟုတ္ဘူး။ ဒီေတာ့ ဝယ္စကတည္းက ေသခ်ာခ်ိန္းထားရသယ္။ ကာယကံရွင္တစ္ေယာက္က ထြက္ႀကိဳႏွင့္ရသယ္။
ကာယကံရွင္က ေစာင့္ေခၚသြားရင္ေတာင္မွ လမ္းႀကိဳလမ္းၾကား၊ အိမ္ႀကိဳအိမ္ၾကားက ေခၚသြားလို႔ မရဘူး။ လမ္းမက ေျဖာင့္ေျဖာင့္ သြားရသာ။
ကာယကံရွင္အိမ္ ေရာက္ရင္လည္း ‘ေလးလိုက္တာ’ လို႔ မညည္းရဘူး ဆိုသာ ရွိေသးတယ္။ တခ်ိဳ႕က အဲသလိုေျပာရင္ အားႀကီး စိတ္ဆိုးသယ္။ က်ဳပ္ကေတာ့ ႐ိုး႐ိုးေျပာမိသာပါ၊ အေဝးႀကီးက ရြက္လာရသာ ဇက္ေတြဆိုသာ ပူထူေနသာမဟုတ္လား။
ေသတၱာထဲ ေခါင္းထည့္ရြက္သာ ေလမတိုးဘာမတိုးနဲ႔ ေခၽြးဆိုသာ ျပဳတ္ထားတဲ့အတိုင္းပဲ။ ေသတၱာအဖံုးက တစ္ဖက္ ဆိုေတာ့ စဥ္းစားသာၾကည့္။ အဲသာကို ေလးသယ္ မေျပာရဘူး တဲ့။
အေကာင္းဆံုးက ဘာမွမေျပာသာပါပဲ။ ကနားဖ်င္းရိပ္ ခ်ၿပီး ထိုင္ေနလိုက္သာပဲ။ ရြက္ခပိုက္ဆံက ေခ်ၿပီးသားပါ။ ဒါေပမဲ့ လမ္းစရိတ္ေလး၊ မုန္႔ဖိုးေလး ေပးပါဦး ဆိုၿပီး ေပထိုင္ေနလိုက္ရင္ ကာယကံရွင္က ထုတ္ေပးသာပဲ။
တခ်ိဳ႕ကလည္း ‘ေပးၿပီးသားပဲဗ်’ ဘာညာ နဲ႔ မဆီမဆိုင္ ဝင္ေဟာက္ခ်င္သယ္။
ဘာပဲျဖစ္ျဖစ္ေလ သည္လို မ်က္ႏွာေျပာင္ေျပာင္နဲ႔ ေတာင္းရသာပဲ။ ဘယ့္ႏွယ္လုပ္မလဲ၊ ရရင္လည္း အျမတ္၊ မရရင္လည္း ျပန္႐ံုေပါ့။ မသကာ ေဆးလိပ္ခြက္ထဲက ေဆးလိပ္ ေလးငါးလိပ္ ႏႈိက္ၿပီး ထလာလိုက္ရင္လည္း တစ္ညစာေတာ့ ၿပီးသြားသာပဲ။
* * *
(၃)
က်ဳပ္ေယာက္်ား ေနာက္ဆံုးေကာင္အေၾကာင္း က်ဳပ္ မေျပာရေသးဘူး။ နာမည္က ေမာင္ငယ္ တဲ့။
တကယ္လည္း က်ဳပ္ေမာင္ အငယ္ေလာက္ ရွိမွာပါ။ က်ဳပ္ထက္ ေတာ္ေတာ့္ကို ငယ္သယ္။ ဒါေၾကာင့္လည္း ေသျခင္းဆိုးက ဆိုးခ်င္သာ ထင္ပါတယ္။
ယူစကေတာ့ သြားေခါေခါနဲ႔ မ်က္ႏွာ တင္းတိပ္ေတြ ကြက္ခ်င္းထိုးၿပီး ခါးတစ္ဖက္ လိမ္၊ ေျခတစ္ဖက္ ဆြဲေနသဲ့ က်ဳပ္ကို သူ႔ထက္ အသက္ႀကီးတဲ့ၾကားက ယူထားသာကိုပဲ ေက်းဇူးတင္ရေသးသယ္ ေအာက္ေမ့သာ။ ဘယ္ဟုတ္မွာတံုး … မသာက အရက္ေသာက္ခ်င္သာေရာ၊ ဖဲကေလး ပြတ္ခ်င္သာေရာ၊ မိန္းမရႊင္ ႏႈိက္ခ်င္သာေရာ။
မနက္မိုးလင္းရင္ အရက္နဲ႔ အရင္ မ်က္ႏွာသစ္သာ။ အရက္နဲ႔ ပလုတ္က်င္းသာ။ မ်က္ေပါက္ေတြဆိုသာ ဘယ္ေတာ့မွမပြင့္ဘူး။ အထက္မ်က္ခမ္းနဲ႔ ေအာက္မ်က္ခမ္းမ်ား တြဲခ်ဳပ္ထားသာကမွ ခ်ဳပ္႐ိုးေပၚေနႏိုင္ေသးသယ္။ ေရကေတာ့ သူလည္း မခ်ိဳးဘူး၊ က်ဳပ္လည္း မခ်ိဳးဘူး။
သခ်ႋဳင္းနဲ႔ခပ္ေဝးေဝးက ေရဘံုပိုင္မွာ ေသာက္ေရေတာ့ ရသယ္၊ ေရခ်ိဳးခြင့္ မေပးဘူး။ ခ်ိဳးရင္ ေရကဲ့ခ်ိဳး ပဲ။ အံမာ …
သူက က်ဳပ္ကို ႐ိုက္ေသးႏွက္ေသးသာ။ က်ဳပ္ကေလးေတြကိုလည္း ႏွိပ္စက္ခ်င္ေသးသာ။ ဘာမွတ္လို႔လဲ ဒင္းက … ဒင္းကိုယူတုန္းက ထမင္းေတာင္ နပ္မွန္သဲ့ေကာင္ မဟုတ္ဘူး။ ေျမက်င္းအငွားတူးသဲ့ေကာင္။ အရက္ပုလင္း ခါးထိုးၿပီး ေနပူႀကီးထဲ က်င္းအငွားတူးသဲ့ေကာင္။ သခ်ႋဳင္းထဲ ေန႔တိုင္းေတြ႕ေတာ့လည္း နီးစပ္သြားသယ္ေျပာပါေတာ့။ မ႐ိုေသ့စကား မယူခင္က ဒင္းက က်ဳပ္ကို အေခ်ာင္ႏႈိက္ခ်င္သာ။ ယူဖို႔မ်ား စိတ္ကူးခဲ့တာ မဟုတ္ဘူး။ ခ်ဥ္ခ်ဥ္တူးတူး သေဘာ ထားသာ။ က်ဳပ္ကလည္း လင္ႏွစ္ေယာက္ ရခဲ့ဖူးသာပဲ၊ သိသာေပါ့။ က်ဳပ္ကေတာ့ သံေယာဇဥ္ေတြျဖစ္လို႔။
က်ဳပ္တဲရိပ္ကေလး ခိုလိုက္၊ က်ဳပ္သားေလး အရက္ ဝယ္ခိုင္းလိုက္၊ ရတဲ့ပိုက္ဆံေလး က်ဳပ္အပ္ထားလိုက္နဲ႔ ေနရင္းက ညားသာ။ ညားခါမွ ပိုဆိုးလာသယ္ ေျပာပါေတာ့။ ဘာမွကို မလုပ္ေတာ့သာ။ ေျမက်င္းေတာင္ မတူးေတာ့ဘူး။ ထိုင္စား ပဲ။ က်ဳပ္ေသတၱာရြက္လို႔ ရသာေလး ထိုင္စားရင္း အိမ္မွာ ဘုရင္လုပ္ေတာ့သာ။ ၾကာရင္ ၾကာျပန္ၿပီ၊ ထမင္းဆာရင္ ဆာျပန္ၿပီ၊ ပိုက္ဆံမေပးရင္ မေပးလို႔၊ နည္းရင္ နည္းလို႔၊ မူးမူးနဲ႔ နားအံုနားရင္း ထ႐ိုက္ခ်င္ ႐ိုက္သာ။
က်ဳပ္ကေတာ့ ယူမိၿပီကိုး၊ လင္သားကိုး။ က်ဳပ္တို႔မိန္းမေတြ တစ္သက္လံုး သည္လို အ႐ိုက္အႏွက္ခံလာရသာပဲ၊ ဆန္း မွတ္လို႔။ စိတ္ေတာ့ နာသယ္၊ ဘုရားစူး … ညာမေျပာဘူး။ အခုေတာ့ က်ဳပ္က အသက္ကေလးကလည္း ရလာၿပီ။ ေမာလည္း ေမာသယ္။ ဒင္းကေတာ့ ေန႔မူး ညမူးပဲ။ မနက္လည္း ေနျမင့္မွ ထသယ္။ သည္ၾကားထဲ မနက္ မနက္ အမူးနာေျဖဖို႔ တဲ့၊ အရက္တစ္ပိုင္းေလာက္က ဝယ္ထားရေသးသာကလား။ စိတ္ပဲ ကုန္သယ္၊ တကယ္ …
လင္ရယ္မယားရယ္ လို႔ တစ္ေအာင့္တစ္နား စကားေျပာရသယ္၊ စိတ္ခ်မ္းသာရသယ္ လို႔ တစ္ခါမွ မရွိသာ။
လင္ကံမ်ား မေကာင္းခ်က္ ေျပာသာပါ။ တစ္ခါတစ္ခါ ေသသြားတဲ့အေမ့ကို သတိရသယ္။ သည္အလုပ္က ရွက္စရာလည္း မဟုတ္ပါဘူး၊ ေကာင္းေရာင္းေကာင္းဝယ္ပဲ။ စာမတတ္ ေပမတတ္နဲ႔ သည္ေလာက္ပိုက္ဆံရသာ လုပ္ေပ်ာ္သဲ့ အလုပ္ပါ။
ဒါေပမဲ့ ဒါက ဒါပဲ၊ အေမမ်ား သိရင္ ရင္က်ိဳးမွာပဲ။ အေမတို႔က စားေတာ္ဦး ငါးလူးငယ္ ပါပါစ’ ေတာင္ မၾကားခ်င္ဘူး မဟုတ္လား။ ဘယ့္ႏွယ္လုပ္မတံုး၊ အညာကဆင္းလာကတည္းက ကိုယ့္ဘဝ ကိုယ့္အေၾကာင္း၊ ကိုယ့္အထံု ကိုယ့္ေရစက္ သခ်ႋဳင္းထဲေနရသာ ဘယ့္ႏွယ္မွ မတတ္ႏိုင္ဘူး။ လူျပဳျပင္လို႔ ရ မွတ္လို႔။
* * *
(၄)
အဲသည့္မနက္က ကိုစံေမာင္ေသတၱာဆိုင္ေရွ႕ လူသံုးေလးဦး ေတြ႕ကတည္းက က်ဳပ္ရြက္ရေတာ့မယ္ဆိုတာ သိသားပဲ။ ရြက္လည္း ရြက္ရသာပါပဲ။ ခုနစ္ဆယ္နဲ႔ တည့္သယ္။ သိပ္မေဝးဘဲ ခုနစ္ဆယ္ရသာ။
ဘာစိတ္ကူးေပါက္သယ္ မသိဘူး၊ အိမ္ကမသာ အဲသည္မနက္ အေစာႀကီး ႏိုးေနသယ္။ သူပါ လိုက္မယ္ တဲ့။ လိုက္ ေပါ့။ တစ္ခါမွေတာ့ မလိုက္ဖူးပါဘူး။ အဲသည္ညက အရက္လည္း ဝယ္မထားေတာ့ က်ဳပ္ေနာက္ လိုက္ရင္း အရက္ဝယ္ေသာက္ခ်င္သာလည္း ပါမွာေပါ့။
ထင္တဲ့အတိုင္းပဲ၊ ေသတၱာရြက္ဖို႔ေတာ့ ေသတၱာအဖံုးေတာင္ မကိုင္ခ်င္ဘူး၊ ရွက္လို႔ တဲ့။ ေသျခင္းဆိုးက ေျမက်င္းတူးလာတဲ့ဘဝ ေမ့သာ ေျပာပါတယ္။ ေဖာသြပ္ေဖာေရာင္ မ်က္ႏွာနဲ႔ ခပ္လွမ္းလွမ္းက ခြာလိုက္ရင္း အရက္ဖိုးတစ္ဆယ္ ေတာင္းေတာ့ က်ဳပ္လည္း ေမာေမာနဲ႔ ေျပာပစ္လိုက္သယ္။

ေမာင္ငယ္ရယ္ … နင့္ဟာက မလြန္ဘူးလား။ သက္သက္လိုက္လာၿပီး ဒုကၡေပးတာလား။ မိုးေတာင္ မလင္းေသးဘူး ကတဲ … ဒီအေရကို ဝမ္းက်ခ်င္ေနလိုက္သာ လြန္သယ္”
ဟုတ္ပါ့ေတာ္၊ စိတ္ထဲရွိသာ ေျပာပစ္လိုက္ရမွ။ သင္းကေတာ့ မ်က္ေထာင့္နီႀကီးနဲ႔ က်ဳပ္ကို ရန္လုပ္ခ်င္ေသးတဲ့ပံု။ ေနပူထဲလုပ္ရလို႔ က်ပ္ခိုးစြဲေနတဲ့ အသားနဲ႔၊ သြားေခါေခါ၊ ခါးေစာင္းေစာင္း၊ အသက္ႀကီးႀကီး မိန္းမကို သူ႔မယားထင္မွာလည္း စိုးသယ္နဲ႔ တူပါရဲ႕။
က်ဳပ္ကလည္း ေခါင္း ထည့္ ရြက္ထားတဲ့ၾကားကပဲ တစ္လမ္းလံုး ေမတၱာပို႔သယ္။ ေသတၱာဖံုးကလည္း တစ္ဖက္က ခ်ိဳင္းၾကားညႇပ္ၿပီး ပိုက္လာရေတာ့ ေဒါသေတြလည္း ထြက္ ေပါ့ေလ။ မသာက အၾကင္နာ တစ္စက္မွမရွိသာမ်ား ကမ္းကုန္ေရာ။
ပို႔ရမယ့္အိမ္ေရာက္လို႔ ကနားဖ်င္းေအာက္ေရာက္ေတာ့ လူေတြဆုိသာ မနည္းဘူး။ ပိုက္ဆံကလည္း ဘာရွိသလဲ မေျပာနဲ႔၊ ေသတၱာမွာေရးထားတဲ့ နာမည္နဲ႔ အသက္က ငယ္ငယ္ရယ္။ မီးေတြဆင္တဲ့လူက ဆင္လို႔။ အဖိုးတန္ခံုေတြခ်တဲ့လူက ခ်လို႔။ လုပ္တဲ့ကိုင္တဲ့လူက လုပ္လို႔ကိုင္လို႔။
ေတာ္ေတာ့္ကိုငိုထားတဲ့ မိန္းမငယ္ကေလးကလည္း ငိုတာေတာင္ လွေနေသးတာ မေျပာနဲ႔ေတာ့။ အသားကေလးမ်ားဆိုတာ ဝင္းမြတ္လို႔။ ဪ … ငယ္ငယ္ရြယ္ရြယ္နဲ႔ လင္ကံဆိုးရွာတဲ့ မိန္းကေလးႏွယ္ လို႔ေတာင္ ေအာက္ေမ့လိုက္ေသးသယ္။
အတူတူပါပဲ၊ က်ဳပ္နဲ႔ဘာထူးလို႔လဲ။ က်ဳပ္လင္ကလည္း အသက္ရွင္ေနသာပဲ ရွိသာပါ၊ ေသသာနဲ႔ ဘာမွမထူးပါဘူး။

ေရေလးတစ္ေပါက္ေလာက္ တိုက္ၾကပါ”
ေမာလိုက္သာလည္း ဟပ္ထိုးလိုက္ေနၿပီ။
အဲသည္မိန္းကေလးကပဲ ေရယူေပးသယ္။ ပုလင္းထဲထည့္ထားသဲ့ ေရပါ။ ပုလင္းကေရသီးေတြ ကလည္း ေအးလို႔။
ေအးလိုက္တဲ့ ေရ … ေအးျမၿပီး ခ်ိဳေနသယ္ေတာင္ ေအာက္ေမ့သယ္။ ဪ … ပိုက္ဆံရွိတဲ့သူမ်ား ေရေတာင္ ေအးေအာင္လုပ္ ေသာက္ၾကသာ ေျပာပါသယ္။ လမ္းစရိတ္ေတာင္းေတာ့ ေလးဆယ့္ငါးက်ပ္တန္ တစ္ရြက္ ထုတ္ေပးသယ္။
အဲသည္ေန႔ပဲ ေနာက္တစ္ေခါက္ ေသတၱာပို႔ေတာ့ ေနျပင္းလွၿပီ။ ဒင္းက ဘာစိတ္ကူးရသယ္ မသိဘူး၊ သည္တစ္ေခါက္လည္း လိုက္မယ္ တဲ့။
သည္တစ္ခါပို႔သဲ့အိမ္ကေတာ့ ဆင္းရဲလိုက္တာ တာေတကို လံလို႔။ ကနားဖ်င္းလည္း မရွိဘူး၊ လူလည္း မရွိဘူး။ က်ဳပ္ရြက္လာရတဲ့ ေသတၱာၾကမ္းကို ၾကည့္ကတည္းက အေျခအေနကို က်ဳပ္က သိၿပီးသားပါ။ ကာယကံရွင္ေယာက္်ားကလည္း မူးေနလိုက္တာ လူမွန္းမသိဘူး။ ပါးစပ္ကလည္း အတင္ေရ … အတင္ေရ … လို႔ က်ံဳးက်ံဳးေအာ္ေနတာက လြဲရင္ ကူညီမယ့္လူလည္း မရွိဘူး။ အတင္ ဆိုတာ ေသသြားသဲ့ သူ႔မိန္းမ နာမည္နဲ႔ တူပါရဲ႕။
လမ္းစရိတ္ဆိုတာလည္း ေဝးေရာ၊ ဘာေဆးလိပ္၊ ဘာကြာေစ့မွလည္း မရွိပါဘူး။ က်ဳပ္အဖို႔ကေတာ့ မဆန္းပါဘူး။ ျမင္ေနက်ပဲ၊ ျဖစ္ေနက်ပဲ။ ေမာင္ငယ္ကေတာ့ ဆန္းေနသလား မေျပာတတ္ဘူး။ စကားလည္း မေျပာဘူး၊ လမ္းမွာေတာ့ ပိုက္ဆံ ငါးက်ပ္ ငါးက်ပ္ ႏွစ္ခါ ေတာင္းၿပီး အရက္ေတာ့ ဝင္ေသာက္သယ္။ ဒါပဲ။ ခ်ိဳသည္လည္း မေျပာဘူး၊ ခါးသည္လည္း မေျပာဘူး။
* * *
(၅)
ၾကားသားမိုးႀကိဳး … ဘာေတြေတြးၿပီး သည္စကားေျပာမွန္းလည္း က်ဳပ္ မသိပါဘူး။ က်ဳပ္နားလည္း က်ဳပ္ မယံုပါဘူး။ အဲသည္ညက ဒင္းေျပာသာ ေျပာပါသယ္။ မူးေတာ့ မူးေနသာေပါ့ေလ။ ဒါေပမဲ့ ညားကတည္းက တစ္ခါမွ အဲသလိုမေျပာဖူးဘူး။ ေနပါဦး … ေျပာသာ … ဘာတဲ့ …

က်ဳပ္ စဥ္းစားမိတယ္။ ပိုက္ဆံရွိတဲ့လူလည္း ေသတာပဲ၊ ဆင္းရဲတဲ့လူလည္း ေသတာပဲ။ ေသမွငိုေနလည္း အလကားပဲ။ လင္နဲ႔မယား အသက္ရွင္ရတုန္း ခ်စ္ၾကဖို႔ လိုတာပဲ … ” တဲ့။
ေမာင္ငယ္က ဒါေလာက္ပဲ ေျပာသာပါ။ ဒါေပမဲ့ က်ဳပ္ အဲသည္ညက တစ္ညလံုး အိပ္မေပ်ာ္ဘူး။ သိပ္ေတာ့လည္း မယံုပါဘူး၊ ဒင္း ေသာက္ေကာင္းေအာင္ ေျပာသာပဲ လို႔လည္း တြက္ပါသယ္။ အဲသည္ညက တန္းစီအိပ္ေနသဲ့ က်ဳပ္ကေလးေတြကို ၾကည့္ရင္းက အရင္ေယာက္်ားေတြကိုလည္း ေအာက္ေမ့မိရဲ႕။ ဘာပဲျဖစ္ျဖစ္ က်ဳပ္ခ်က္ေကၽြးသာ စား၊ က်ဳပ္တဲထဲမွာ ေန၊ ၿပီးရင္ အရက္မွန္မွန္ ဝယ္ေပးေနသဲ့ ရက္ေတြထဲမွာ ေမာင္ငယ္ သည္စကားမ်ိဳး တစ္ခါမွမေျပာဖူးဘူး။ ေအာင္မယ္ … ဟုတ္ေတာ့လည္း ဟုတ္သား။ မနက္မိုးလင္းလို႔ ကိုစံေမာင္တို႔အိမ္ေရွ႕ ေသတၱာဝယ္သူေတြလာေတာ့ က်ဳပ္က ႏိုးေနႏွင့္ပါၿပီ။ ေမာင္ငယ္ကလည္း ႏိုးလို႔ ေတာ္ေရ႕ … ျပံဳးျပံဳးႀကီး … သိလား။
အဲသည္ေန႔က ေသတၱာရြက္ေတာ့ ေနပူျပင္းျပင္းထဲမွာ က်ဳပ္က ေသတၱာရြက္လို႔။ က်ဳပ္ေရွ႕က ေမာင္ငယ္။ ေသတၱာအဖံုးပ်ဥ္ ခ်ိဳင္းၾကားညႇပ္ လိုက္လို႔။ ငိုက္စိုက္ ငိုက္စိုက္နဲ႔။ ေဖာသြပ္ေဖာေရာင္နဲ႔၊ ဖိနပ္လည္း မပါဘူး။ က်ဳပ္ရင္ထဲမေတာ့ တလွပ္လွပ္နဲ႔။ ေမာလို႔ မဟုတ္ပါဘူး၊ ဘာရယ္လည္း မသိပါဘူး။
ဒင္းကို … အဲေလ … ေမာင္ငယ္ကို အရက္ဖိုးေပးရဦးမယ္လို႔လည္း တြက္သယ္။ ခမ်ာ … ေမာေနရွာၿပီထင္ပါရဲ႕ေပါ့။
#ေနဝင္းျမင့္
(ဆယ့္ႏွစ္ႀကိဳးဝတၳဳတုိမ်ား)
ျမန္မာဝတၳဳတို ခ်စ္သူမ်ား ဂရုမွတဆင့္ကူးယူ ေဖာ္ျပပါသည္
ခရက္ဒစ္##

Unicode Version

 #ဝတ်လဲတော်ပုဆိုးပိုးမျိုးငယ်ပါပါစ

#နေဝင်းမြင့်

(၁)

ကျုပ်တို့အမေများ ပြောဖူးသာ ပြောပါတယ်။ ဇာတ်ထဲပွဲထဲ၊ ဒါမှမဟုတ် ရပ်ထဲရွာထဲ ဓာတ်စက်ထဲ ဗျိုင်းတောင်သီချင်းများ ကြားလိုက်လို့ သီချင်းထဲက ‘
စားတော်ဦး ငါးလူးငယ် ပါပါစ’ သောက်တော်အိုး မွှေးမျိုးငယ် ပါပါစ’ ‘ဝတ်လဲတော်ပုဆိုး ပိုးမျိုးငယ် ပါပါစ’ တို့ ဘာတို့များ ကြားလိုက်လို့ကတော့ “ဖွဟဲ့ … နိမိတ်မရှိနမာမရှိ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်” ဆိုပြီး တံတွေးတစ်ချက် ပျစ်ခနဲ ထွေးပစ်လိုက်သာ တဲ့။ မင်္ဂလာမရှိတဲ့ သီချင်း နားနဲ့တောင်မကြားချင်ဘူး ဆိုတဲ့သဘော နေမှာပေါ့။

ကျုပ်တို့များတော့ သီချင်းတောင်မဟုတ်ပါဘူး၊ အကျိုးပေး မကောင်းပုံများ သချႋုင်းထဲမှာကို နေရသာ။ သေတ္တာလာဝယ်ရင် ခေါင်းနဲ့ရွက်ပြီး လိုက်ပို့ရသာ။ သည်အလုပ်မျိုးကလည်း ဘုရားစူးရစေ့၊ တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ် တွက်ခဲ့သာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘယ့်နှယ်လုပ်မလဲ၊ ဘဝအကြောင်းဆိုတော့ လုပ်ရတော့သာပဲ။ ပိုက်ဆံ ငွေစကြေးစကလေး မြက်မြက်စက်စက်ရသာလည်း တစ်ကြောင်းပေါ့လေ။ တခြားအလုပ် မလုပ်တတ်သာလည်း တစ်ကြောင်းပေါ့။


ဟဲ့ ဒါဆို ညည်း ခေါင်းရွက်ဗျပ်ထိုး ဈေးကလေးနာကလေး ရောင်းပါလား” လို့တော့ မပြောနဲ့၊ ရလှ တစ်နေကုန် နေပူစပ်ခါး လျှောက်နိုင်မှ အစိတ်ပေါ့၊ သုံးဆယ်ပေါ့။ အကြွေးကလည်း ကျဦးမယ်၊ ပြီးတော့ ဘယ်မလဲ ငွေရင်း။

သည်အလုပ်က အကြွေးကျစရာလည်း မရှိဘူး။ ငွေရင်းလည်း မလိုဘူး။ မလုပ်ခင်က ငွေရနှင့်သာ။ ရှစ်ဆယ်လည်း ဟုတ်သယ်၊ တစ်ရာလည်း ဟုတ်သယ်။ ဝေးလို့များတော့ ဝေးသလောက် တောင်း၊ ပါးစပ်ထဲကဈေးဟာ အတည်ပဲ။ လူကို လိုက်လို့၊ ခရီးအဝေးကိုလိုက်လို့ ကြည့်တောင်းရသာပဲ။

ရလည်း ရသယ်။ ရသမှ နေ့တိုင်းကို ရသာ။ လူက နေ့တိုင်း သေနေတာ မဟုတ်လား။ ရပ်ကွက်ထဲနေတဲ့လူကတော့ မသိသာလှဘူးပေါ့။ မယုံရင် သချႋုင်းထဲ နေကြည့်ပါလား။ တစ်နေ့တစ်နေ့ သေတဲ့လူ နည်း မှတ်လို့။

* * *

(၂)

သချႋုင်းစပ် ကုက္ကိုပင်စောက်ကြီးအောက်က တဲကြီးထဲ နေလာရတဲ့ နှစ်ကိုပဲ ကြို့ထိုးနေပြီ။ ကျုပ်အထင် အနှစ်သုံးဆယ်ကျော်ရော့မယ်။

ကျုပ်အသက်လား၊ လေးဆယ်ကျော်လို့ ခြောက်နှစ်ထဲမှာ။ လင်လည်း သုံးဆက်ရှိပြီ။ တကယ်ပြောသာပါ။ ပထမဆုံးလင်က ဆုံးသွားရှာသာ။ သူဆုံးတော့ ကျုပ်က ငယ်ငယ်ရယ်။ နောက်လင်ကတော့ ကွဲကို ကွဲသာ။ ကျုပ် တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ်လို့ မတွက်ခဲ့တဲ့ သည်အလုပ်လည်း ဒင်းက ဇာတ်သွင်းခဲ့သာ။

အခုတော့ တစ်ခါတစ်ခါ ကျေးဇူးလည်းတင်ပါရဲ့၊ စိတ်လည်း နာသယ်။ ဘုရားစူး။ သေချင်းဆိုးလည်း ဘယ်ဆီရောက်နေမှန်းတောင် မသိဘူး။ ကျုပ်တို့သားအမိ သချႋုင်းစပ်က တဲကြီးထဲ ထားပစ်ခဲ့ပြီး ထွက်သွားလိုက်သာ ဘယ်မှာ မြွေပွေးကိုက်နေသလဲတောင် မသိဘူး၊ တစ်ခါမှတောင် ပေါ်မလာဘူး။ ရှိလှပေါ့၊ လေးငါးနှစ်တော့။

ဒါပေမဲ့ ကိုစံမောင်က ကျုပ်တို့ကိုနှင်မထုတ်ရှာပါဘူး။ ‘
မသောင်း လုပ်လက်စ ဆက်လုပ်ပေါ့’ တဲ့၊ ‘
ဘယ်မှလည်း မသွားနဲ့’ တဲ့ ပြောရှာပါသယ်။ ကျုပ်ကလည်း မသွားပါဘူး။ တခြား ဘာသွားလုပ်တတ်မှာတုံး၊ ဟုတ်ဘူးလား။

ကိုစံမောင်တို့ကတော့ တတ်နိုင်သူတွေကိုး။ သူတို့လည်း သချႋုင်းထဲနေသာပါပဲ။ ပိုက်ဆံရှိတော့ လေးပင်နှစ်ထပ်အိမ်ကြီးနဲ့ နေသယ်။ သေတ္တာမျိုးစုံကို လုပ်လည်းလုပ်၊ ရောင်းလည်းရောင်း ဆိုတော့ ချောင်လည်ပါသယ်။ အနီးအပါးက ကုက္ကိုပင်တွေ၊ မှို့ပင်တွေ ချုပ်ဝယ်ပြီး ပျဉ်ချပ်တွေဖြစ်အောင် ခွဲ၊ စပ်ဟပ်ပြီး သေတ္တာရိုက်၊ အတွင်းနဲ့အပြင်ကို ဝါတာဖလူးစ ခပ်တင်းတင်းဆွဲကပ်ပြီး ငွေရောင်ဖောက်ပန်းတွေ ကပ်၊ ပြီးရင် သေတ္တာတွေကို စီထပ်ထားလိုက်သာပဲ။

ဈေးကတော့ အမျိုးမျိုးပဲ။ လူမှသေပြီ ဆိုမှတော့ သည်သေတ္တာတွေက မသုံးမဖြစ်တွေ မဟုတ်လား။ ဝယ်ရသာပဲ။ ကြိုက်ဈေးလည်း ပေးရသာပဲ။ အသုဘကြီး ဖျာလိပ်နဲ့ပတ်ချလို့ကလည်း ရသာ မဟုတ်၊ ခြေမကြိုးဆွဲချလို့ကလည်း မဖြစ်၊ ဟုတ်ဘူးလား … လူကိုး … လူက သေတာတောင် အလှအပကြိုက်တာကလား။

ဝယ်သူလာပြီဆိုရင် ကိုစံမောင်က မလှမ်းမကမ်းက ကျုပ်တဲဘက် လှမ်းခေါ်တော့သာပဲ။ ကျုပ်လည်း သိတယ်၊ သေတ္တာဝယ်သူလာပြီ၊ ကိစ္စတော့ ပေါ်နေပြီ၊ ကျုပ် ရွက်ပို့ရတော့မယ် ဆိုသာ …

သည်တော့ မနက် မိုးလင်းသာနဲ့ တဲရှေ့က တံခါးလုပ်ထားတဲ့ ဂုန်နီဖျင်စ အသာ မ တင်ပြီး ဆေးလိပ်တစ်တို မီးညှိရင်း ကိုစံမောင့်အိမ်ဘက် လှမ်းမျှော်ကြည့်နေလိုက်သာပဲ။

သေတ္တာဝယ်သူတွေကလည်း ဟိုအလုံး ချလိုက်၊ သည်အလုံး ကြည့်လိုက်နဲ့ မြေကြီးထဲမြှုပ်ရမယ့်ပစ္စည်းတောင် အနာအဆာ ရွေးကြသေးသာ။ သေတ္တာတစ်လုံးတန်ဖိုးကလည်း သည်ခေတ် မသေးဘူး။ တကယ့်အနေကျပ် အသေကျပ်ကြီး။ တော်ရုံသေတ္တာတောင် ငါးရာကျော် ခြောက်ရာ တန်သယ်။ တချို့များ သင်္ဘောပုံ ခရစ်ယာန်သေတ္တာမှ ဝယ်သာ။

သူက နှစ်မျိုးရှိသယ်။ အဖြူနဲ့ အနက်။ အဖြူက အပျိုလူပျိုသေရင် သုံးသယ်၊ နက်က အိမ်ထောင်ရှင် သေမှ သုံးသယ်။ ကြားဖူးသာပါ။ တချို့ ပိုက်ဆံရှိတဲ့လူများကျတော့လည်း သင်္ဘောပုံနဲ့မှ … လှလည်း လှသာကိုး … လက်ကိုင်တွေနဲ့၊ ပန်းဖွားကြီးတွေနဲ့၊ မွေ့ရာနဲ့။ သည်မှာမို့လို့ပါ။ ကျုပ်တို့ အညာမှာများ ရိုးရိုးပါပဲ၊ သေသာကို ဟန်ချဲ့မနေပါဘူး။

ဘာပဲဖြစ်ဖြစ်လေ ဆေးလိပ်တစ်တိုနဲ့ ကိုစံမောင့်အိမ်ဘက် လှည့်မျှော်နေသာကိုက ကျုပ်အလုပ် မဟုတ်လား။ မျှော်ရသာပဲ။

လာလည်း လာသယ်၊ မနက် ခုနစ်နာရီ ရှစ်နာရီဆို ပေါက်လာသာပဲ။ ကိစ္စပေါ်ပြီ ဆိုရင် ပေါ်တဲ့နေ့ကတော့ သက်ပျောက်ဆွမ်း သွတ်ရတာ တို့၊ အိမ်အခင်းအကျင်း ပြင်ရရွှေ့ရတာ တို့ ဘာတို့နဲ့ မဝယ်ဖြစ်ကြဘူး။ ကျုပ်တို့လူမျိုး ထုံးစံကလည်း သုံးရက်၊ ငါးရက်၊ ခုနစ်ရက် ထားလေ့ရှိတော့ နောက်တစ်နေ့ ရောက်လာကြတော့သာပဲ။

ကာယကံရှင်ကတော့ လိုက်ခဲပါသယ်။ သည်ကိစ္စကျွမ်းကျင်သဲ့ လူ၊ ရပ်ကွက်ထဲ လုပ်ဖူးကိုင်ဖူးသဲ့ လူ လွှတ်လိုက်သာပဲ။ အဲသည်လူကလည်း ဝယ်ဖူးခြမ်းဖူးတော့ စကားသိပ် မပြောရပါဘူး၊ ဈေးနာပြောပြီးရင် ပြီးသွားသာပါပဲ။ သည်ကိစ္စ ဈေးမဆစ်ကောင်းဘူး ဆိုတော့ နည်းနည်းပါးပါး ညှိကြရုံပါပဲ။

ပြီးရင်တော့ ကိုစံမောင်က ဆေးလိပ်လေး တည်လို့၊ လက်ဖက်ရည်လေး တိုက်လို့ … သောက်ပြီးကြရင် ကျုပ် လှမ်းခေါ်သာပဲ။


မသောင်း … ကိုင်း … ကိစ္စပေါ်လာလို့ တဲ့။ ကိုးရပ်ကွက် ကားဂိတ်ဆုံးက ရထားလမ်းနားမှာ။ ရွက်ခ ပြောလိုက်ဦး”


ရှစ်ဆယ် ပါ။ ဒါက ထုံးစံပဲဥစ္စာ”

တချို့ကလည်း ဒီလောက်လေး ပြောလိုက်သာနဲ့ ဟ … ရွက်ခက ရှစ်ဆယ်တောင်လား၊ မဟုတ်သေးပါဘူး ဆိုပြီး တုံးပေကပ်သတ် လုပ်ချင်ကြတာလည်း ရှိရဲ့။ တချို့ကလည်း လူမှ သေပြီ ဆိုမှတော့ မဆစ်တော့ပါဘူး၊ ရော့ … အင့် … ပဲ။

ကျုပ်က ကိုစံမောင့် အားနာလို့ပါ၊ ပြောလိုက်ချင်သာ။ ဈေးများရင် တော်တို့ရွက်ကြည့်ပါလား လို့။ ဟုတ်သယ်လေ … ကားငှားကြည့်ပါလား လို့။ ကျုပ်သားတွေပြောသလို ဆိုရင် ပြာသွားမယ် …

တော်ရုံကားကလည်း မလိုက်ပါဘူး။ လိုက်ရင်လည်း ရာကျော်ပဲ။ သူတို့ကလည်း ဒါကြီးတင်ပြီးရင် ပရိတ်ရေ ပက်ရ၊ အမွှေးနံ့သာ ဖျန်းရ၊ ခေါင်းလျှော်ရည်နဲ့ တစ်ကားလုံး ဆေးရနဲ့ သိပ်သက်သာပုံ မရဘူး။

နီးရင်တော့ ဆိုက်ကားတွေက လိုက်ပို့ပါသယ်။ လူစီးဆိုက်ကားတွေကလည်း လိုက်ခဲသယ်။ ရေခဲဆိုက်ကား တို့၊ ပက်လက်ခုံဆိုက်ကားတို့မှ လိုက်သာပါ။ လိုက်ရင်လည်း လျှော့ယူဖို့ စိတ်တောင်မကူးဘူး။

ကျုပ်ရွက်ရသာကလည်း တကယ်တော့ သက်သာတယ် မထင်နဲ့။ တော်တို့ မရွက်ဖူးလို့ ရွက်ကြည့်စေချင်သယ်။

ထုံးစံအတိုင်းဆိုလို့ကတော့ သေတ္တာကို မှောက်ပြီး စ,ရွက်ကတည်းက လမ်းမှာချနားလို့ရတာ မဟုတ်ဘူး။ သေတ္တာအဖုံးကလည်း သေတ္တာပေါ် တင်ချင်တင်၊ မတင်ရင် ချိုင်းကြားညှပ်၊ လက်တစ်ဖက်က ပိုက်ပြီး ဇက်တောင့်တောင့်နဲ့ သွားရသာ တချို့အိမ်များ လေးငါးမိုင်လောက် ဝေးသယ်။ သွားရသာပဲ။

ရေဆာလို့ ချသောက်လို့လည်း မရဘူး။ ဒီဟာကြီးနဲ့ ဘယ်အိမ်က ရေတိုက်မှာလဲ။ ဇက်နာလို့လည်း ချနားလို့ မရဘူး။ နေပူလို့ သူများဈေးဆိုင်ရိပ် ခိုဖို့များ စိတ်တောင်မကူးနဲ့၊ ပါးရိုက်လိမ့်မယ်။ အယူကြီးတဲ့ ဒေသများ သေတ္တာဖုံးကို ဘယ်-ညာ ပြောင်းလို့တောင် မရချင်ဘူး။ သေတ္တာကြီးနဲ့နားရင် ရွာနာသယ် လို့ အယူရှိသာကိုး။

သွားရင်းက နောက်လည်းမလှည့်ရဘူး တဲ့။ သွားရင်းများ သူများကို တိုက်မိလို့လည်း မရဘူး။ သူများကလည်း ကိုယ့်ကို မတိုက်ရဲပါဘူး။ ကားတွေဆိုသာ ဘေးက ရှောင်မောင်းသယ်၊ ထိသွားမှာ စိုးလို့။ ကျက်သရေ မရှိလို့ ပေါ့လေ။

နောက်တစ်ခုက လိုက်ပို့ရမယ့် ရပ်ကွက်ရောက်လို့ သေတ္တာကြီး ထမ်းပြီး ဟိုအိမ်မေး သည်အိမ်မေး လို့လည်း ရသာမဟုတ်ဘူး။ ဒီတော့ ဝယ်စကတည်းက သေချာချိန်းထားရသယ်။ ကာယကံရှင်တစ်ယောက်က ထွက်ကြိုနှင့်ရသယ်။

ကာယကံရှင်က စောင့်ခေါ်သွားရင်တောင်မှ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားက ခေါ်သွားလို့ မရဘူး။ လမ်းမက ဖြောင့်ဖြောင့် သွားရသာ။

ကာယကံရှင်အိမ် ရောက်ရင်လည်း ‘လေးလိုက်တာ’ လို့ မညည်းရဘူး ဆိုသာ ရှိသေးတယ်။ တချို့က အဲသလိုပြောရင် အားကြီး စိတ်ဆိုးသယ်။ ကျုပ်ကတော့ ရိုးရိုးပြောမိသာပါ၊ အဝေးကြီးက ရွက်လာရသာ ဇက်တွေဆိုသာ ပူထူနေသာမဟုတ်လား။

သေတ္တာထဲ ခေါင်းထည့်ရွက်သာ လေမတိုးဘာမတိုးနဲ့ ချွေးဆိုသာ ပြုတ်ထားတဲ့အတိုင်းပဲ။ သေတ္တာအဖုံးက တစ်ဖက် ဆိုတော့ စဉ်းစားသာကြည့်။ အဲသာကို လေးသယ် မပြောရဘူး တဲ့။

အကောင်းဆုံးက ဘာမှမပြောသာပါပဲ။ ကနားဖျင်းရိပ် ချပြီး ထိုင်နေလိုက်သာပဲ။ ရွက်ခပိုက်ဆံက ချေပြီးသားပါ။ ဒါပေမဲ့ လမ်းစရိတ်လေး၊ မုန့်ဖိုးလေး ပေးပါဦး ဆိုပြီး ပေထိုင်နေလိုက်ရင် ကာယကံရှင်က ထုတ်ပေးသာပဲ။

တချို့ကလည်း ‘ပေးပြီးသားပဲဗျ’ ဘာညာ နဲ့ မဆီမဆိုင် ဝင်ဟောက်ချင်သယ်။

ဘာပဲဖြစ်ဖြစ်လေ သည်လို မျက်နှာပြောင်ပြောင်နဲ့ တောင်းရသာပဲ။ ဘယ့်နှယ်လုပ်မလဲ၊ ရရင်လည်း အမြတ်၊ မရရင်လည်း ပြန်ရုံပေါ့။ မသကာ ဆေးလိပ်ခွက်ထဲက ဆေးလိပ် လေးငါးလိပ် နှိုက်ပြီး ထလာလိုက်ရင်လည်း တစ်ညစာတော့ ပြီးသွားသာပဲ။

* * *

(၃)

ကျုပ်ယောက်ျား နောက်ဆုံးကောင်အကြောင်း ကျုပ် မပြောရသေးဘူး။ နာမည်က မောင်ငယ် တဲ့။

တကယ်လည်း ကျုပ်မောင် အငယ်လောက် ရှိမှာပါ။ ကျုပ်ထက် တော်တော့်ကို ငယ်သယ်။ ဒါကြောင့်လည်း သေခြင်းဆိုးက ဆိုးချင်သာ ထင်ပါတယ်။

ယူစကတော့ သွားခေါခေါနဲ့ မျက်နှာ တင်းတိပ်တွေ ကွက်ချင်းထိုးပြီး ခါးတစ်ဖက် လိမ်၊ ခြေတစ်ဖက် ဆွဲနေသဲ့ ကျုပ်ကို သူ့ထက် အသက်ကြီးတဲ့ကြားက ယူထားသာကိုပဲ ကျေးဇူးတင်ရသေးသယ် အောက်မေ့သာ။ ဘယ်ဟုတ်မှာတုံး … မသာက အရက်သောက်ချင်သာရော၊ ဖဲကလေး ပွတ်ချင်သာရော၊ မိန်းမရွှင် နှိုက်ချင်သာရော။

မနက်မိုးလင်းရင် အရက်နဲ့ အရင် မျက်နှာသစ်သာ။ အရက်နဲ့ ပလုတ်ကျင်းသာ။ မျက်ပေါက်တွေဆိုသာ ဘယ်တော့မှမပွင့်ဘူး။ အထက်မျက်ခမ်းနဲ့ အောက်မျက်ခမ်းများ တွဲချုပ်ထားသာကမှ ချုပ်ရိုးပေါ်နေနိုင်သေးသယ်။ ရေကတော့ သူလည်း မချိုးဘူး၊ ကျုပ်လည်း မချိုးဘူး။

သချႋုင်းနဲ့ခပ်ဝေးဝေးက ရေဘုံပိုင်မှာ သောက်ရေတော့ ရသယ်၊ ရေချိုးခွင့် မပေးဘူး။ ချိုးရင် ရေကဲ့ချိုး ပဲ။ အံမာ …
သူက ကျုပ်ကို ရိုက်သေးနှက်သေးသာ။ ကျုပ်ကလေးတွေကိုလည်း နှိပ်စက်ချင်သေးသာ။ ဘာမှတ်လို့လဲ ဒင်းက … ဒင်းကိုယူတုန်းက ထမင်းတောင် နပ်မှန်သဲ့ကောင် မဟုတ်ဘူး။ မြေကျင်းအငှားတူးသဲ့ကောင်။ အရက်ပုလင်း ခါးထိုးပြီး နေပူကြီးထဲ ကျင်းအငှားတူးသဲ့ကောင်။ သချႋုင်းထဲ နေ့တိုင်းတွေ့တော့လည်း နီးစပ်သွားသယ်ပြောပါတော့။ မရိုသေ့စကား မယူခင်က ဒင်းက ကျုပ်ကို အချောင်နှိုက်ချင်သာ။ ယူဖို့များ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ ချဉ်ချဉ်တူးတူး သဘော ထားသာ။ ကျုပ်ကလည်း လင်နှစ်ယောက် ရခဲ့ဖူးသာပဲ၊ သိသာပေါ့။ ကျုပ်ကတော့ သံယောဇဉ်တွေဖြစ်လို့။

ကျုပ်တဲရိပ်ကလေး ခိုလိုက်၊ ကျုပ်သားလေး အရက် ဝယ်ခိုင်းလိုက်၊ ရတဲ့ပိုက်ဆံလေး ကျုပ်အပ်ထားလိုက်နဲ့ နေရင်းက ညားသာ။ ညားခါမှ ပိုဆိုးလာသယ် ပြောပါတော့။ ဘာမှကို မလုပ်တော့သာ။ မြေကျင်းတောင် မတူးတော့ဘူး။ ထိုင်စား ပဲ။ ကျုပ်သေတ္တာရွက်လို့ ရသာလေး ထိုင်စားရင်း အိမ်မှာ ဘုရင်လုပ်တော့သာ။ ကြာရင် ကြာပြန်ပြီ၊ ထမင်းဆာရင် ဆာပြန်ပြီ၊ ပိုက်ဆံမပေးရင် မပေးလို့၊ နည်းရင် နည်းလို့၊ မူးမူးနဲ့ နားအုံနားရင်း ထရိုက်ချင် ရိုက်သာ။

ကျုပ်ကတော့ ယူမိပြီကိုး၊ လင်သားကိုး။ ကျုပ်တို့မိန်းမတွေ တစ်သက်လုံး သည်လို အရိုက်အနှက်ခံလာရသာပဲ၊ ဆန်း မှတ်လို့။ စိတ်တော့ နာသယ်၊ ဘုရားစူး … ညာမပြောဘူး။ အခုတော့ ကျုပ်က အသက်ကလေးကလည်း ရလာပြီ။ မောလည်း မောသယ်။ ဒင်းကတော့ နေ့မူး ညမူးပဲ။ မနက်လည်း နေမြင့်မှ ထသယ်။ သည်ကြားထဲ မနက် မနက် အမူးနာဖြေဖို့ တဲ့၊ အရက်တစ်ပိုင်းလောက်က ဝယ်ထားရသေးသာကလား။ စိတ်ပဲ ကုန်သယ်၊ တကယ် …

လင်ရယ်မယားရယ် လို့ တစ်အောင့်တစ်နား စကားပြောရသယ်၊ စိတ်ချမ်းသာရသယ် လို့ တစ်ခါမှ မရှိသာ။

လင်ကံများ မကောင်းချက် ပြောသာပါ။ တစ်ခါတစ်ခါ သေသွားတဲ့အမေ့ကို သတိရသယ်။ သည်အလုပ်က ရှက်စရာလည်း မဟုတ်ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ။ စာမတတ် ပေမတတ်နဲ့ သည်လောက်ပိုက်ဆံရသာ လုပ်ပျော်သဲ့ အလုပ်ပါ။

ဒါပေမဲ့ ဒါက ဒါပဲ၊ အမေများ သိရင် ရင်ကျိုးမှာပဲ။ အမေတို့က စားတော်ဦး ငါးလူးငယ် ပါပါစ’ တောင် မကြားချင်ဘူး မဟုတ်လား။ ဘယ့်နှယ်လုပ်မတုံး၊ အညာကဆင်းလာကတည်းက ကိုယ့်ဘဝ ကိုယ့်အကြောင်း၊ ကိုယ့်အထုံ ကိုယ့်ရေစက် သချႋုင်းထဲနေရသာ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ လူပြုပြင်လို့ ရ မှတ်လို့။

* * *

(၄)

အဲသည့်မနက်က ကိုစံမောင်သေတ္တာဆိုင်ရှေ့ လူသုံးလေးဦး တွေ့ကတည်းက ကျုပ်ရွက်ရတော့မယ်ဆိုတာ သိသားပဲ။ ရွက်လည်း ရွက်ရသာပါပဲ။ ခုနစ်ဆယ်နဲ့ တည့်သယ်။ သိပ်မဝေးဘဲ ခုနစ်ဆယ်ရသာ။

ဘာစိတ်ကူးပေါက်သယ် မသိဘူး၊ အိမ်ကမသာ အဲသည်မနက် အစောကြီး နိုးနေသယ်။ သူပါ လိုက်မယ် တဲ့။ လိုက် ပေါ့။ တစ်ခါမှတော့ မလိုက်ဖူးပါဘူး။ အဲသည်ညက အရက်လည်း ဝယ်မထားတော့ ကျုပ်နောက် လိုက်ရင်း အရက်ဝယ်သောက်ချင်သာလည်း ပါမှာပေါ့။

ထင်တဲ့အတိုင်းပဲ၊ သေတ္တာရွက်ဖို့တော့ သေတ္တာအဖုံးတောင် မကိုင်ချင်ဘူး၊ ရှက်လို့ တဲ့။ သေခြင်းဆိုးက မြေကျင်းတူးလာတဲ့ဘဝ မေ့သာ ပြောပါတယ်။ ဖောသွပ်ဖောရောင် မျက်နှာနဲ့ ခပ်လှမ်းလှမ်းက ခွာလိုက်ရင်း အရက်ဖိုးတစ်ဆယ် တောင်းတော့ ကျုပ်လည်း မောမောနဲ့ ပြောပစ်လိုက်သယ်။


မောင်ငယ်ရယ် … နင့်ဟာက မလွန်ဘူးလား။ သက်သက်လိုက်လာပြီး ဒုက္ခပေးတာလား။ မိုးတောင် မလင်းသေးဘူး ကတဲ … ဒီအရေကို ဝမ်းကျချင်နေလိုက်သာ လွန်သယ်”

ဟုတ်ပါ့တော်၊ စိတ်ထဲရှိသာ ပြောပစ်လိုက်ရမှ။ သင်းကတော့ မျက်ထောင့်နီကြီးနဲ့ ကျုပ်ကို ရန်လုပ်ချင်သေးတဲ့ပုံ။ နေပူထဲလုပ်ရလို့ ကျပ်ခိုးစွဲနေတဲ့ အသားနဲ့၊ သွားခေါခေါ၊ ခါးစောင်းစောင်း၊ အသက်ကြီးကြီး မိန်းမကို သူ့မယားထင်မှာလည်း စိုးသယ်နဲ့ တူပါရဲ့။

ကျုပ်ကလည်း ခေါင်း ထည့် ရွက်ထားတဲ့ကြားကပဲ တစ်လမ်းလုံး မေတ္တာပို့သယ်။ သေတ္တာဖုံးကလည်း တစ်ဖက်က ချိုင်းကြားညှပ်ပြီး ပိုက်လာရတော့ ဒေါသတွေလည်း ထွက် ပေါ့လေ။ မသာက အကြင်နာ တစ်စက်မှမရှိသာများ ကမ်းကုန်ရော။

ပို့ရမယ့်အိမ်ရောက်လို့ ကနားဖျင်းအောက်ရောက်တော့ လူတွေဆိုသာ မနည်းဘူး။ ပိုက်ဆံကလည်း ဘာရှိသလဲ မပြောနဲ့၊ သေတ္တာမှာရေးထားတဲ့ နာမည်နဲ့ အသက်က ငယ်ငယ်ရယ်။ မီးတွေဆင်တဲ့လူက ဆင်လို့။ အဖိုးတန်ခုံတွေချတဲ့လူက ချလို့။ လုပ်တဲ့ကိုင်တဲ့လူက လုပ်လို့ကိုင်လို့။

တော်တော့်ကိုငိုထားတဲ့ မိန်းမငယ်ကလေးကလည်း ငိုတာတောင် လှနေသေးတာ မပြောနဲ့တော့။ အသားကလေးများဆိုတာ ဝင်းမွတ်လို့။ ဪ … ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ကံဆိုးရှာတဲ့ မိန်းကလေးနှယ် လို့တောင် အောက်မေ့လိုက်သေးသယ်။

အတူတူပါပဲ၊ ကျုပ်နဲ့ဘာထူးလို့လဲ။ ကျုပ်လင်ကလည်း အသက်ရှင်နေသာပဲ ရှိသာပါ၊ သေသာနဲ့ ဘာမှမထူးပါဘူး။


ရေလေးတစ်ပေါက်လောက် တိုက်ကြပါ”

မောလိုက်သာလည်း ဟပ်ထိုးလိုက်နေပြီ။

အဲသည်မိန်းကလေးကပဲ ရေယူပေးသယ်။ ပုလင်းထဲထည့်ထားသဲ့ ရေပါ။ ပုလင်းကရေသီးတွေ ကလည်း အေးလို့။

အေးလိုက်တဲ့ ရေ … အေးမြပြီး ချိုနေသယ်တောင် အောက်မေ့သယ်။ ဪ … ပိုက်ဆံရှိတဲ့သူများ ရေတောင် အေးအောင်လုပ် သောက်ကြသာ ပြောပါသယ်။ လမ်းစရိတ်တောင်းတော့ လေးဆယ့်ငါးကျပ်တန် တစ်ရွက် ထုတ်ပေးသယ်။

အဲသည်နေ့ပဲ နောက်တစ်ခေါက် သေတ္တာပို့တော့ နေပြင်းလှပြီ။ ဒင်းက ဘာစိတ်ကူးရသယ် မသိဘူး၊ သည်တစ်ခေါက်လည်း လိုက်မယ် တဲ့။

သည်တစ်ခါပို့သဲ့အိမ်ကတော့ ဆင်းရဲလိုက်တာ တာတေကို လံလို့။ ကနားဖျင်းလည်း မရှိဘူး၊ လူလည်း မရှိဘူး။ ကျုပ်ရွက်လာရတဲ့ သေတ္တာကြမ်းကို ကြည့်ကတည်းက အခြေအနေကို ကျုပ်က သိပြီးသားပါ။ ကာယကံရှင်ယောက်ျားကလည်း မူးနေလိုက်တာ လူမှန်းမသိဘူး။ ပါးစပ်ကလည်း အတင်ရေ … အတင်ရေ … လို့ ကျုံးကျုံးအော်နေတာက လွဲရင် ကူညီမယ့်လူလည်း မရှိဘူး။ အတင် ဆိုတာ သေသွားသဲ့ သူ့မိန်းမ နာမည်နဲ့ တူပါရဲ့။

လမ်းစရိတ်ဆိုတာလည်း ဝေးရော၊ ဘာဆေးလိပ်၊ ဘာကွာစေ့မှလည်း မရှိပါဘူး။ ကျုပ်အဖို့ကတော့ မဆန်းပါဘူး။ မြင်နေကျပဲ၊ ဖြစ်နေကျပဲ။ မောင်ငယ်ကတော့ ဆန်းနေသလား မပြောတတ်ဘူး။ စကားလည်း မပြောဘူး၊ လမ်းမှာတော့ ပိုက်ဆံ ငါးကျပ် ငါးကျပ် နှစ်ခါ တောင်းပြီး အရက်တော့ ဝင်သောက်သယ်။ ဒါပဲ။ ချိုသည်လည်း မပြောဘူး၊ ခါးသည်လည်း မပြောဘူး။

* * *

(၅)

ကြားသားမိုးကြိုး … ဘာတွေတွေးပြီး သည်စကားပြောမှန်းလည်း ကျုပ် မသိပါဘူး။ ကျုပ်နားလည်း ကျုပ် မယုံပါဘူး။ အဲသည်ညက ဒင်းပြောသာ ပြောပါသယ်။ မူးတော့ မူးနေသာပေါ့လေ။ ဒါပေမဲ့ ညားကတည်းက တစ်ခါမှ အဲသလိုမပြောဖူးဘူး။ နေပါဦး … ပြောသာ … ဘာတဲ့ …


ကျုပ် စဉ်းစားမိတယ်။ ပိုက်ဆံရှိတဲ့လူလည်း သေတာပဲ၊ ဆင်းရဲတဲ့လူလည်း သေတာပဲ။ သေမှငိုနေလည်း အလကားပဲ။ လင်နဲ့မယား အသက်ရှင်ရတုန်း ချစ်ကြဖို့ လိုတာပဲ … ” တဲ့။

မောင်ငယ်က ဒါလောက်ပဲ ပြောသာပါ။ ဒါပေမဲ့ ကျုပ် အဲသည်ညက တစ်ညလုံး အိပ်မပျော်ဘူး။ သိပ်တော့လည်း မယုံပါဘူး၊ ဒင်း သောက်ကောင်းအောင် ပြောသာပဲ လို့လည်း တွက်ပါသယ်။ အဲသည်ညက တန်းစီအိပ်နေသဲ့ ကျုပ်ကလေးတွေကို ကြည့်ရင်းက အရင်ယောက်ျားတွေကိုလည်း အောက်မေ့မိရဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်ချက်ကျွေးသာ စား၊ ကျုပ်တဲထဲမှာ နေ၊ ပြီးရင် အရက်မှန်မှန် ဝယ်ပေးနေသဲ့ ရက်တွေထဲမှာ မောင်ငယ် သည်စကားမျိုး တစ်ခါမှမပြောဖူးဘူး။ အောင်မယ် … ဟုတ်တော့လည်း ဟုတ်သား။ မနက်မိုးလင်းလို့ ကိုစံမောင်တို့အိမ်ရှေ့ သေတ္တာဝယ်သူတွေလာတော့ ကျုပ်က နိုးနေနှင့်ပါပြီ။ မောင်ငယ်ကလည်း နိုးလို့ တော်ရေ့ … ပြုံးပြုံးကြီး … သိလား။

အဲသည်နေ့က သေတ္တာရွက်တော့ နေပူပြင်းပြင်းထဲမှာ ကျုပ်က သေတ္တာရွက်လို့။ ကျုပ်ရှေ့က မောင်ငယ်။ သေတ္တာအဖုံးပျဉ် ချိုင်းကြားညှပ် လိုက်လို့။ ငိုက်စိုက် ငိုက်စိုက်နဲ့။ ဖောသွပ်ဖောရောင်နဲ့၊ ဖိနပ်လည်း မပါဘူး။ ကျုပ်ရင်ထဲမတော့ တလှပ်လှပ်နဲ့။ မောလို့ မဟုတ်ပါဘူး၊ ဘာရယ်လည်း မသိပါဘူး။

ဒင်းကို … အဲလေ … မောင်ငယ်ကို အရက်ဖိုးပေးရဦးမယ်လို့လည်း တွက်သယ်။ ခမျာ … မောနေရှာပြီထင်ပါရဲ့ပေါ့။

#နေဝင်းမြင့်
(ဆယ့်နှစ်ကြိုးဝတ္ထုတိုများ)

မြန်မာဝတ္ထုတို ချစ်သူများ ဂရုမှတဆင့်ကူးယူ ဖော်ပြပါသည်

ခရက်ဒစ်##

No comments:

Post a Comment