Zawgyi Version
တာတီးႏွင့္ မဲတူ( ေသာ္တာေဆြ)
---------------------------------
---------------------------------
“ဒိုင္း” ဆိုေသာ ေသနတ္သံသည္ အေရွ႕ဘက္ေတာင္တန္း တစ္ေလွ်ာက္သို႔ ေဝါခနဲ ပဲ့တင္႐ိုက္ခတ္သြားေလ၏။
အိမ္သားတို႔မွာ တစ္ၿပိဳင္နက္ လက္ဝါးျဖင့္ မ်က္ႏွာကို အုပ္ထားလိုက္ၾကသည္။
ျပန္၍ မရဲတရဲ ဖြင့္ၾကည့္လိုက္ၾကေသာအခါတြင္ အေဖသည္ သူ၏လက္ထဲမွ ေသနတ္ကို
မုန္းတီးရြံရွာစြာ ေခတၱမွ် စိုက္ၾကည့္ကာ ေျမေပၚသို႔ပစ္ခ်လိုက္ၿပီး
တပြက္ပြက္ ယိုစီးထြက္က်လ်က္ရွိေသာ ေသြးအိုင္ထဲတြင္ တံုးလံုးကေလး
လဲေနရွာသည့္ ‘တာတီး’ ကို ယူက်ံဳးမရ ႏွေျမတသစြာ ေငးစိုက္ၾကည့္ရင္း
မရွဴႏိုင္၊ မကယ္ႏိုင္ ျဖစ္ေနဟန္တူ၏။
ထို႔ေနာက္ တာတီးလဲေနရာသို႔
ေျပးသြားၿပီး အနီးတြင္ ဒူးေထာက္၍ထိုင္ကာ တာတီး၏ ပူပူေႏြးေႏြး
ေပ်ာ့ေခြလ်က္ရွိေသာ ကိုယ္ကေလးကို တအားေပြ႔လ်က္ မ်က္ႏွာခ်င္းအပ္ထားလိုက္ေလ၏။
ထိုစဥ္က အေဖငိုသည္ မငိုသည္ကို ေသခ်ာမသိခဲ့ေသာ္လည္း ဖားဖိုႀကီးလို
ပိန္ခ်ည္ေဖာင္းခ်ည္ ျဖစ္ေနေသာ အေဖ့ေက်ာျပင္ႀကီးကိုေတာ့ ေနာက္ဘက္မွ
အတုိင္းသား ျမင္ခဲ့ရသည္။
လူတိုင္းပင္ ေက်ာက္႐ုပ္တုမ်ားကဲ့သို႔
ေတာင့္ေတာင့္ႀကီးရပ္ကာ ေၾကာင္ေတာင္ေငးေနၾကသည္။ အက်ိဳးအေၾကာင္း
စံုစမ္းေမးျမန္းရန္ အေျပးအလႊား ေရာက္လာၾကသည့္ အိမ္နီးခ်င္းမ်ားပင္လွ်င္
အေဖႏွင့္တာတီးတို႔ အျဖစ္ကို ျမင္ၾကေသာအခါ အံ့ဩမိန္းေမာကုန္ၾက၏။
ဤသို႔ အားလံုးၿငိမ္သက္ တိတ္ဆိတ္လ်က္ရွိရာမွ အတန္ၾကာေသာ္ အေဖသည္ တာတီး၏
ေသြးမ်ားျဖင့္ ေပက်ံလ်က္ရွိေသာ မ်က္ႏွာႀကီးကို ေမာ့ကာ နားထင္ေက်ာမ်ား
ၿပိဳင္းၿပိဳင္းထေအာင္ အံကိုခဲထားရာမွ ရင္ဝတြင္ ဆို႔တက္ေနသည့္ အပူလံုးကို
‘ဂလု’ ခနဲ မ်ိဳခ်ရင္း အေမ့အား …
“မရီ … သူ႔ကို ငါ … ဟိုတစ္ေန႔က
ဝယ္ခဲ့တဲ့ သကၠလပ္ေစာင္နဲ႔ ေထြးၿပီး ေခါင္းရင္းက ယုဇနပင္ေအာက္မွာ က်က်နန
ျမႇဳပ္ပစ္လိုက္၊ သူနဲ႔ဆိုင္တဲ့ ပစၥည္းမွန္သမွ် အကုန္ထည့္၊ သူစားေနၾက
ထမင္းဇလံုေလးကိုေတာ့ သူ႔ေျမပံုေပၚမွာ ေမွာက္ထား၊ ငါမျပန္ခင္ အစအနမက်န္ေအာင္
လုပ္ထားႏွင့္။ ၾကားရဲ႕လား …”
အေမက မ်က္ရည္မ်ားၾကားမွ ငိုက္စိုက္ငိုက္စိုက္ႏွင့္ ထြက္သြားေသာ အေဖ့ကို က႐ုဏာသက္စြာ ေငးၾကည့္ရင္း ေခါင္းကိုျဖည္းေလးစြာ ခါလိုက္ေလ၏။
* * *
အဂၤလိပ္အုပ္စိုးစဥ္က အေမရိကန္ သာသနာျပဳေက်ာင္းတြင္ ေက်ာင္းအုပ္အျဖစ္
တစ္လသံုးရာမွ်ေသာ လခကိုစားရသည့္ အေဖမွာ သားမယားကို လူတန္းေစ့
တင့္တင့္တယ္တယ္ ထားႏိုင္ခဲ့သည္။ သားသမီးမ်ားကို ခ်စ္သည္ အမွန္ျဖစ္ေသာ္လည္း
ဘယ္ေသာအခါမွ လက္ပြန္းတတီး ရင္းရင္းႏွီးႏွီးမေန၊ တည္တည္ပင္ ဆက္ဆံ၍
ေကၽြးစရာရွိေကၽြး၊ ေဆာ္စရာရွိ ေဆာ္ခဲ့သည္ျဖစ္ရာ အေဖ့ကို ခ်စ္ေၾကာက္
႐ိုေသခဲ့ၾကရသည္။ ေက်ာင္းသားတပည့္မ်ားကလည္း ထိုနည္းတူစြာပင္ …
သို႔ေသာ္ … တာတီးႏွင့္က်ေတာ့ အေဖမွာ ဈာန္ေလွ်ာရေလ၏။ မိမိ၏ သိကၡကိုပင္
မဆည္ႏိုင္ေအာင္ တာတီးကို ေခ်ာ့ရျမႇဴရ ယုယပိုက္ေထြးခဲ့ရေလသည္။ တစ္ခါတစ္ရံ
အေမက အေဖ့အား ကိုယ့္သားသမီးမ်ားထက္ တာတီးကို ပို၍ခ်စ္သည္ဟု ရန္ေတြ႔ၿပီး
စြဲခ်က္တင္ေသာအခါ အေဖက ႏွစ္ၿခိဳက္စြာျပံဳး၍ …
“မင္းမလဲကြာ …
တိုစရာမရွိ တိုရန္ေကာ။ တို႔ကေလးေတြမွာက ခ်စ္ခင္ယုယမည့္ ေဆြမ်ိဳးသားခ်င္း
အျပည့္အစံုနဲ႔ကြ၊ တာတီးမွာေတာ့ ဒီလိုေမတၱာခိုလႈံစရာ ရွိတာမဟုတ္ေတာ့
ပိုၿပီးသနားရတယ္။ ၾကင္နာရတယ္ကြ မွတ္ထား …”
အေဖ၌ မည္သူကမွ တားျမစ္
ဆံုးမလို႔မရေသာ ဝါသနာဆိုးတစ္ခုရွိ၏။ ၎မွာ အခ်ိန္အားတိုင္း ေတာတက္
အမဲလိုက္ေနျခင္းေပတည္း။ ေႏြရာသီ ေက်ာင္းရက္ရွည္ ပိတ္ေသာအခါ အေဖသည္ အိမ္၌
ေအးေအးလူလူ နားေနသည္ဟူ၍ မရွိ။ သူ႔အေပါင္းအေဖာ္မ်ားႏွင့္ တစ္ေတာဝင္
တစ္ေတာင္တက္ အမဲလိုက္ရင္း အခ်ိန္ကုန္ခဲ့သည္ခ်ည္းပင္။
အိမ္သို႔ျပန္ေရာက္ေသာအခါ ရလာသမွ် ဂ်ီသား၊ ဆတ္သား အေျခာက္မ်ား၊
တိရစၧာန္သားေရမ်ား၊ ဦးခ်ိဳမ်ားကို တစ္ခုစီထုတ္ျပရင္း ဘယ္ဥစၥာကျဖင့္
ဘယ္လိုရခဲ့တာပဲ စသည္ျဖင့္ သူ႔လက္ရာကို ဝင့္ႂကြားကာ ၿမိန္ေရယွက္ေရျပန္လည္
ေျပာျပတတ္ေပသည္။ တစ္ခါတစ္ရံ ယုန္၊ ၾကက္တူေရြး၊ ဇီးကြက္စေသာ
အေကာင္ကေလးမ်ားကို အရွင္ဖမ္းခဲ့ၿပီး သားသမီးကစားရန္အလို႔ငွာ
ယူေဆာင္တတ္ေသးသည္။
မွတ္မိပါေသးသည္။ ေတာမွ ျပန္ေရာက္စတစ္ခါက သားသမီးမ်ားကို စု႐ံုးေစၿပီး အိတ္တစ္ခုကို မလ်က္ အတြင္းမွ လႈပ္ေနေသာ သဏၭာန္ကို ျပကာ …
“အထဲမွာ ဘာေကာင္ရွိလဲ ေျပာၾကစမ္း …” ဟု မခ်ိဳမခ်ဥ္ မ်က္ႏွာေပးျဖင့္ ေမးရာ
မည္သူမွ်မွန္ေအာင္ မေျဖႏိုင္ေသာအခါမွ အထုပ္ကို ေျဖျပရာ၊
ေဆာင့္ေၾကာင့္ထိုင္လ်က္ရွိေသာ ေမ်ာက္မကေလး တစ္ေကာင္ကို ဘြားခနဲေတြ႔ၾကရေလ၏။
ထို႔ေနာက္ ၎ေမ်ာက္မကေလးကို ဘယ္ပံုရခဲ့ေၾကာင္း ရာဇဝင္ခင္းျပရာ
ေမာင္ႏွမတစ္ေတြမွာ တေသာေသာရယ္ရင္း ေမ်ာက္ႏွင့္လူ အသြင္ခ်င္း
တူ၍နီးစပ္ပံုကို ရင္သတ္ အံ့ဩခဲ့ၾကရသည္။ မဲတူ (ေမ်ာက္မကေလးကို ေပးထားေသာ
နာမည္) ရခဲ့ပံုကို အလ်ဥ္းသင့္၍ အနည္းငယ္ ေဖာ္ျပပါရေစ။
အေဖတို႔
လူသိုက္မွာ ထိုေန႔က က်ားပစ္ရန္ ထြက္ခဲ့ၾကရာ ေနေျပာက္ထိုးမ်ား မဝင္ေအာင္
အံု႔ဆိုင္းညိဳ႕မႈိင္းေနေသာ ေတာစပ္သို႔ေရာက္၍ ေခတၱအပန္းေျဖၾကစဥ္
သစ္ကိုင္းမ်ားေပၚတြင္ မေရမတြက္ႏိုင္္ေအာင္ မ်ားျပားေသာ ေမ်ာက္တစ္အုပ္ကို
ေတြ႔ရသည္ဆို၏။ သို႔ေသာ္ က်ားႏွင့္မေတြ႔မီ ေသနတ္သံမေပးလို၍ ေမ်ာက္မ်ားကို
ပစ္ခတ္ျခင္းမျပဳၾကေပ။ အေဖတို႔ ေရွ႕တူ႐ူ သစ္ကိုင္းႀကီးတစ္ခုေပၚ၌ ေမ်ာက္ထီး၊
ေမ်ာက္မႏွင့္ ေမ်ာက္ကေလး သံုးေကာင္မွာ တစ္ဖက္အပင္မွ သစ္ကိုင္းကို
ခုန္ကူးရန္ စီစဥ္ေနၾက၏။ မိခင္လုပ္သူက ေမ်ာက္ငယ္ကို ေက်ာပိုးထားလုိက္ၿပီး၊
ေမ်ာက္ထီးႀကီးက အရင္လႊဲ၍ ကူးသြားသည္။ ထို႔ေနာက္ ဟိုဘက္ကိုင္းမွ လွမ္း၍
ေမ်ာက္မအား ကူးခဲ့ရန္ ‘ကြိကြိ ကြကြ’ ႏွင့္ ေခၚငင္ေလရာ ေမ်ာက္မသည္ ေက်ာေပၚမွ
သားငယ္ကို ျမဲမျမဲ စမ္းသပ္ၿပီး ကိုယ္ကိုလႊဲ၍ ကူးလိုက္ရာ ‘ဟယ္’ ဆိုသည့္
အေဖတို႔၏ အသံႏွင့္ ‘ဖုတ္’ ခနဲ ေမ်ာက္ငယ္မွာ ေျမေပၚသို႔ က်လာေလေတာ့သည္။
ထိုအျခင္းအရာကို ျမင္ေသာ ေမ်ာက္ထီးႀကီးမွာ ေဒါသႀကီးစြာျဖစ္၍ သစ္ခက္တစ္ခုကို
ခ်ိဳးထည့္ကာ ေမ်ာက္မအား သားလႊတ္က်ရေကာင္းလားဟု တဖုန္းဖုန္း ႐ိုက္ေတာ့သည္။
အေဖတို႔ကလည္း ငိုအားထက္ ရယ္အားသန္ၾကကာ မိမိတို႔ရွိေနလွ်င္ ၎တို႔သားငယ္ကို
ဆင္း၍ မေကာက္ဝံ့ဘဲ ေနမည္စိုး၍ ထိုေနရာမွ ဖယ္ခြာခဲ့ၾကသည္ ဆို၏။
သို႔ရာတြင္ အေဖတို႔မွာ ထိုေန႔အဖို႔ က်ားမေတြ႔ရဘဲ ညေနေစာင္းျပန္ခဲ့ၾကေသာ္၊
ထိုသစ္ပင္ေအာက္၌ တက်ီက်ီေအာ္ဟစ္ေနသည့္ ေမ်ာက္ငယ္ကို ထီးထီး ေတြ႔ၾကရ၏။
(လက္မျမဲ၍ ေျမသို႔က်ေသာ္ ေမ်ာက္ကို ညံ့ရေကာင္းလား၊ ေမ်ာက္မပီသဟု
ေမ်ာက္အုပ္က ထပ္မံလက္မခံေတာ့ဘဲ ဝိုင္းငယ္ေလ့ရွိသည္ဟု ၾကားဖူးသည္။)
ထို႔ေနာက္ေတာ့ အေဖက အႏွီဒုကၡိတ ေမ်ာက္မငယ္ကေလးအား သနားက႐ုဏာသက္၍ အိမ္သို႔
ထုပ္ပိုးေခၚေဆာင္ခဲ့ျခင္း ျဖစ္၏။ မဲတူသည္ အမည္ႏွင့္လိုက္ေအာင္
အက်ည္းတန္သည္။ သို႔ေသာ္သူ႔တြင္ ခ်စ္စရာေကာင္းေသာ အျပဳအမူ မ်ားစြာရွိ၏။
သူသည္ သိတတ္စအရြယ္ကပင္ လူႏွင့္အတူ ႀကီးျပင္းခဲ့ရသည္ျဖစ္ရာ၊
လူကေလးတစ္ေယာက္ႏွင့္ပင္ တူေသးေတာ့သည္။ ေမာင္ႏွမတစ္ေတြ ထမင္းဝိုင္းတြင္
သူပါဝင္စားရသည္ျဖစ္ရာ သူ႔ကိုယ္၌က ဟင္းမစားဘဲ သက္သက္လြတ္ ငွက္ေပ်ာသီး၊
သေဘၤာသီး စသည္တို႔ႏွင့္သာ စားသည္ျဖစ္ေသာ္လည္း အလစ္တြင္ အျခားပန္းကန္ထဲမွ
ဟင္းတံုးကိုယူ၍ သူ၏ ထမင္းေအာက္တြင္ ဝွက္ထားတတ္သည္။ ေမာင္ႏွမတစ္ေတြမွာ
ဟင္းကို အတိုင္းအဆႏွင့္ ေဝပံုက်ျဖစ္၍ ေနာက္ထပ္မရသျဖင့္ ပထမဦးဆံုး မဲတူ၏
ဓာတ္မသိခင္၌ တစ္ေယာက္ဟာ တစ္ေယာက္ ‘ဘုန္း’ သည္ဟု ရန္ျဖစ္လိုက္ရသည္မွာ အေမာ၊
မဲတူက ျပန္ေပးမွ ငိုအားထက္ ရယ္အားသန္ၾကရသည္။
မဲတူသည္ အင္မတန္
လူပါးဝ၏။ အေဖ ေက်ာင္းသြားခါနီးတိုင္း ကိုင္ေနက် တုတ္ေကာက္ကို ယူေပးကာ
ေလာကဝတ္ျပဳတတ္ေသး၏။ ေမာင္ႏွမတစ္ေတြ၏ ေခါင္းကို သန္းရွာေပးရန္
ဝါသနာျပင္းထန္လွၿပီး ၿငိမ္ၿငိမ္မခံလွ်င္ လူႀကီးမိဘသဖြယ္
ေခါင္းေခါက္တတ္ေသး၏။ အေဖက စိတ္ဆိုး၍ ႀကိမ္းေမာင္း ဆူပူေသာအခါ၌ကား
တံခါးၾကားထဲတြင္ ဖင္ဘူးေတာင္းေထာင္၍ ပုန္းေအာင္းေနေလ့ရွိ၏။
ေနာင္
အသက္အရြယ္ဘကီးလာေသာ အခါတြင္မူ မဲတူသည္ ပန္းနာေရာဂါျဖင့္ ကြယ္လြန္ရွာ၏။
သူကပန္းနာမွာ ဝမ္းတြင္းပါေရာဂါျဖစ္၍ သူ႔မိခင္ေက်ာေပၚက ျပဳတ္က်ဟန္တူပါသည္။
ယင္းသို႔ျဖင့္ အိမ္တြင္ မဲတူ၏ ဇာတ္လမ္းဆံုးခဲ့ပါ၏။
ေနာက္တစ္ႀကိမ္တြင္မူ အေဖတို႔သည္ ေသနတ္ဒဏ္ရာျဖင့္ လြတ္ေျမာက္သြားေသာ
စိုင္ႀကီးတစ္ေကာင္ေနာက္ အတင္းထိုးလိုက္ၾကရာ မြန္းတည့္အခ်ိန္ခန္႔ ေရာက္လွ်င္
ကိုင္းေတာအစပ္သို႔ ေရာက္၍ အေဖႏွင့္ အေဖာ္သံုးေယာက္မွာ ခ်ံဳႀကီးတစ္ခုအနီးမွ
ျဖတ္၍ ကိုင္းေတာထဲသို႔ ဝင္မည္ျပဳစဥ္ က်ားဟိန္းသံကို ခ်ံဳထဲမွ
မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ၾကားလိုက္ရ၏။ လူတိုင္းပင္ ၾကက္ေသေသကာ မလႈပ္ႏိုင္
မရွားႏိုင္ဘဲ ဤတစ္ခ်ီေတာ့ က်ားစာျဖစ္ကုန္ေတာ့မည္ဟု တထစ္ခ် မွတ္ယူၾကေလ၏။
အခါတိုင္းဆိုလွ်င္ ဤမွ်ေလာက္ နီးကပ္ေနေသာ သားေကာင္ကို က်ားက တမုဟုတ္ခ်င္း
ခုန္အုပ္ေလ့ရွိေသာ္လည္း ယခုေတာ့ ခ်ံဳထဲမွ က်ားဟိန္းသံကိုသာ ၾကားရ၍
လႈပ္ရွားမႈကိုေတာ့ မေတြ႔ၾကရေပ။ က်ားက မလႈပ္၍ လူက အနည္းငယ္
လႈပ္မည္ဟန္ျပင္လွ်င္ ခ်ံဳထဲက က်ားက မာန္ဖီျပန္ေလ၏။ ဤသို႔ျဖင့္ အထဲမလႈပ္
အျပင္မလႈပ္ျဖင့္ မိနစ္ႏွစ္ဆယ္မွ်ၾကာလွ်င္ အေဖတို႔က အတြင္းမွ ရန္သူသည္
မလႈပ္ရွားႏိုင္ေလာက္ေအာင္ ဒဏ္ရာရေနေသာ က်ားနာျဖစ္ရမည္ဟု တြက္ခ်က္လာေတာ့သည္။
ထို႔ေၾကာင့္ ၎တို႔အခ်င္းခ်င္း လက္ဟန္ေျခဟန္ျဖင့္ ခ်ံဳကို အေရွ႕၊ အေနာက္၊
ေတာင္၊ ေျမာက္ ဝိုင္းမိေအာင္ တျဖည္းျဖည္း ေရႊ႕သြားၾကေလ၏။
မၾကာမီ
ေတာင္ဘက္သို႔ ေရာက္ေနေသာ ကရင္မုဆိုးထံမွ ရႊီး … ရႊီး … ဟူေသာ
ေလခၽြန္အခ်က္ေပးသံ ၾကားရၿပီး လွစ္ကနဲ ေသနတ္ေမာင္းတင္သံႏွင့္အတူ “ဒိုင္း …”
“ေဝါ … ဝုန္း …” ဟူသည့္ ေသနတ္ပစ္သံ၊ က်ားေအာ္သံ၊ လဲၿပိဳသံကို
တစ္ၿပိဳင္နက္တည္းလိုလို ၾကားလိုက္ရေသာ က်န္လူမ်ားမွာ လ်င္ျမန္စြာ ေတာင္ဘက္
ကရင္မုဆိုးရွိရာသို႔ ေျပးသြားၾကလွ်င္ မိမိတို႔ထင္သလို က်ားကလူကို
ခုန္အုပ္သည္ မဟုတ္ဘဲ ခ်ံဳႏွင့္တလ်ားခုန္ခန္႔တြင္ နဖူးတည့္တည့္
က်ည္ဆံေပါက္ႏွင့္ ေသရွာၿပီျဖစ္ေသာ က်ားမႀကီးတစ္ေကာင္ႏွင့္ ၎အနီးတြင္
အခ်င္းတန္းလန္းျဖင့္ ေထြးလံုးရစ္ပတ္ေနေသာ ေမြးခါစ က်ားေပါက္ကေလး
တစ္ေကာင္ကို ေတြ႔ရေလ၏။ ထိုအခါမွ ခ်ံဳထဲကက်ားမွာ ေမြးလုေမြးဆဲ ကမၼဇေလ
လႈပ္ရွားနာက်င္ေန၍ မိမိတို႔ကို ရန္မမူႏိုင္သည့္အျဖစ္ကို ေတြ႔ရေလ၏။ အေဖသည္
က်ားမႀကီးႏွင့္ က်ားငယ္ကေလးကို တစ္လွည့္စီၾကည့္ရင္းက မည္သူခၽြတ္၍မွ်
မကၽြတ္ခဲ့ေသာ အထံုဝါသနာကို စြန္႔လႊတ္ရန္ စိတ္ကို ဆံုးျဖတ္လိုက္သည္အထိ
ေနာင္တ ႀကီးစြာျဖစ္ခဲ့ရေလ၏။
သူတို႔ပေယာဂေၾကာင့္ အမိမဲ့ရွာေသာ
က်ားငယ္ကို အေဖက သနားျခင္း၊ က႐ုဏာျပင္းျပစြာျဖစ္၍ ရင္ခြင္ဝယ္ပိုက္ၿပီး
အိမ္သို႔ယူေဆာင္ခဲ့သည္။ ထို႔ျပင္ ခ်စ္စႏိုး ‘တာတီး’ ဟုလည္း
အမည္ကင္ပြန္းတပ္လိုက္ေသး၏။ တာတီးကို ဂလက္ဇို ႏို႔မႈန္႔ႏွင့္ တယုတယပိုက္ေထြး
ေမြးျမဴခဲ့ရသည္။ ႏို႔ကို ေန႔သံုးႀကိမ္၊ ညသံုးႀကိမ္ တိုက္ရာ ညအခ်ိန္၌
မည္သူမွ် ဤဒုကၡကို မခံယူလို၍ အေဖကိုယ္တိုင္ ဂ႐ုတစိုက္ ႏို႔ေဖ်ာ္တိုက္ေလ၏။
ခါတိုင္းဆိုလွ်င္ ညစာစားလွ်င္ အရက္ကို အဝေသာက္၊ အစားကို က်က်နနစားၿပီး
အိပ္လိုက္ရာ မိုးလင္းမွ တစ္ေရးႏိုးေလ့ရွိေသာ အေဖမွာ တာတီးေၾကာင့္
အေသာက္အစားေလွ်ာ့ေပါ့ ဆင္ျခင္ရေလေတာ့သည္။
အေဖ၏ အေလ့ဆိုးမ်ားကို
ခၽြတ္ေပးခဲ့ေသာ တာတီးကို အေမက အလြန္ ေက်းဇူးတင္ေသာ္လည္း တစ္ခါတစ္ရံ သူမ၏
သားသမီးမ်ားကို မျပဳခဲ့ေသာ ယုယျခင္းမ်ိဳးကို အေဖက တာတီးအေပၚ အစြမ္းကုန္
ေပးလ်က္ရွိသည္ဟု ယူဆလ်က္ မသက္မသာ ျငဴစူလိုစိတ္ ျဖစ္တတ္ေသးသည္။ ဤသို႔ျဖင့္
တာတီးကေလးသည္ အေဖ၏ ေမတၱာက႐ုဏာရိပ္ေအာက္ဝယ္ တျဖည္းျဖည္း ႀကီးျပင္းခဲ့ေလရာ
တစ္ေန႔ထက္တစ္ေန႔ အေဖ့အခ်စ္မွာလည္း ပိုသထက္ ပိုခဲ့ေလသည္။ တာတီးသည္
အေဖဘယ္သြားသြား တေကာက္ေကာက္လိုက္သည္။ အေဖအိမ္သာတက္လွ်င္ေတာင္ ေလွကားထစ္ေပၚ
ေဆာင့္ေၾကာင့္ထိုင္လ်က္ ေတာ္ေတာ္ႏွင့္ထြက္မလာလွ်င္ တံခါးကို
လက္ႏွင့္ကုတ္ျခစ္၍ “ညဴ … ညဴ” ဟု ေခၚတတ္သည္။ အေဖပန္းျခံထဲ လမ္းေလွ်ာက္လွ်င္
သူကေနာက္မွ ခုန္ေပါက္ျမဴးတူး၍ ပါစျမဲ။ အေဖေက်ာင္းသြားလွ်င္ သူ႔ကို မည္သူမွ
မထိန္းေက်ာင္းႏိုင္၍ သံႀကိဳးခ်ည္ထားပစ္ရာ ေရွ႕လက္ႏွစ္ဖက္ေပၚ ေမးတင္လ်က္
မ်က္စိကို ေပကလပ္ ေပကလပ္လုပ္ၿပီး လူလာတိုင္း ညည္းျပေနေလ့ရွိသည္။ တစ္ခါတစ္ရံ
သူ႔ေရွ႕၍ မွန္တစ္ခ်ပ္ေထာင္ျပလိုက္လွ်င္ မွန္ထဲတြင္ျမင္ရေသာ သူ႔အရိပ္ကို
႐ုတ္တရက္ လန္႔ဖ်ပ္ကာ ေနာက္ဆုတ္ေျပး၍ ခဏၾကာမွ တစ္ဖက္မွ သူ႔အရိပ္ကိုၾကည့္လ်က္
ေဒါသတႀကီး ညီခနဲ မာန္ဖီေနတတ္ေလ၏။
ထိုမွ်မကေသး
အေဖႏွင့္လမ္းေလွ်ာက္ၿပီဆိုလွ်င္ တစ္လံေလာက္မွေန၍ အေဖက လက္ဖ်စ္တီး၍ “တာတီးေရ
… သားေလး … မတ္တတ္ရပ္စမ္း … ေရွ႕တိုး …” ဟု ခိုင္းလိုက္လွ်င္ သူ၏
ေနာက္ေျခႏွစ္ဖက္ျဖင့္ မတ္တတ္ရပ္ကာ ေရွ႕သို႔ယိုင္တိယိုင္တိုင္ အႏိုင္ႏိုင္
ေလွ်ာက္လာရင္း တစ္ခါတစ္ရံကိုယ္ကို မဟန္ႏိုင္၍ ဖုန္းခနဲလိမ့္က်ေသာအခါ အေဖက
ဟက္ဟက္ပက္ပက္ ရယ္ေမာ၏။ တာတီး၏ ဝမ္းဗိုက္က်ားက်ားကေလးကို ႏွာေခါင္းႏွင့္
ကလိေနတတ္၏။ ထိုအခါ တာတီးက သူ၏ လက္ဝဝကေလးျဖင့္ အေဖ၏ မ်က္ႏွာကိုတြန္း၍
ထုတ္တတ္ေပသည္။
ဤသို႔ အျဖစ္သဲေနၾကသည္ကို ျမင္ျပင္းကပ္လာေသာ အေမက
မၾကားတၾကား ေရရြတ္ေသာအခါ အေဖက အေမ့ထံသို႔ အေျပးကေလးသြား၍ “ေဟ့ … မရီရဲ႕ …
မင္းကလည္း ငါတို႔ကိုသာ အျပစ္ေျပာ ေျပာေနတာပဲကြာ … တို႔ဘာသာတို႔
ခ်စ္ၾကတာမ်ား ဘယ္သူ႔ထိခိုက္ေနလို႔လဲ။ တို႔ရဲ႕ သန္႔ရွင္းမြန္ျမတ္တဲ့
ခ်စ္ျခင္းကို မနာလို မျဖစ္ပါနဲ႔ကြာ …”
ထိုအခါ အေမက ႏႈတ္ခမ္းစူ၊ ပါးစူႏွင့္ …
“အမေလး ေတာ္စမ္းပါ။ တိရစၧာန္တစ္ေကာင္နဲ႔မ်ား၊ သန္႔ရွင္းမြန္ျမတ္တဲ့ အခ်စ္ေလးဘာေလးနဲ႔ ႀကီးက်ယ္လိုက္တာေတာ္ ႀကီးက်ယ္လိုက္တာ …”
“ဟ … ဒါကိုမင္း နားမလည္ေသးပါဘူး။ ဒီမယ္ မရီ … သန္႔ရွင္းမြန္ျမတ္တယ္ဆိုတာက
လူခ်င္းလူခ်င္း ခ်စ္တဲ့အဓိပၸာယ္နဲ႔ တြက္လို႔မရဘူးကြ။ လူခ်င္းခ်စ္ၾကတာက
ကိုယ္ေကာင္းဖို႔ ကိုယ့္ဖို႔ဆိုတဲ့ အေျခခံကစၾကတာ၊ ေဟာ … ငါနဲ႔တာတီး
ခ်စ္တဲ့ေနရာမွာ တာတီးဆီက ငါဘာမွ် မေမွ်ာ္လင့္ဘူး၊ ငါ့ဆီကဘာမွ တာတီး
ေမွ်ာ္လင့္ရေကာင္းမွန္း မသိဘူး … ၊ ဘာပေယာဂမွ မပါတဲ့ ခ်စ္ျခင္းမ်ိဳးမို႔
သန္႔ရွင္းတယ္လို႔ ဆိုတာကြ နားလည္ပလား …”
ဤသို႔ျဖင့္ အေဖႏွင့္တာတီးတို႔သည္ ခ်စ္ခင္ေပ်ာ္ရႊင္စြာ ေနခဲ့ၾကရာမွ ၿဂိဳဟ္ဆိုးဝင္၍ ၾကမၼာဆိုးငင္ေလၿပီ။
တစ္ေန႔နံနက္တြင္ အေဖႏွင့္တာတီး ထံုးစံအတိုင္း ပန္းျခံထဲဝယ္ေျပးလႊား
ေဆာ့ကစားေနခိုက္၊ အေဖ၏ အမဲလိုက္မိတ္ေဆြႏွစ္ဦးက အလည္အပတ္ ေရာက္လာၾကသည္။
သူတို႔ႏွင့္အတူ မ်က္ႏွာျဖဴ ရဲဝန္ေထာက္တစ္ေယာက္လည္း ပါလာေသးသည္။ သူတို႔အား
အေဖက ပန္းျခံထဲ၌ပင္ ဧည့္ခံ၏။ တာတီးကမူ အေဖ့ကုလားထိုင္ေဘး၌ စင္းစင္းႀကီး
ဝပ္လ်က္ရွိ၏။ ထိုစဥ္က တာတီး၏ အရပ္အေမာင္းမွာ ေက်ာတစ္ေတာင္ေလာက္ ရွည္၍
ေတာေၾကာင္ႀကီးခန္႔ရွိမည္။
ကာဖီေသာက္ေနရင္း ရဲဝန္ေထာက္က တာတီးကိုအခုမွ ေသခ်ာစြာၾကည့္မိသည္ ျဖစ္ေသာေၾကာင့္ အံ့ဩဟန္ မ်က္ခံုးႏွစ္ဖက္ကို ပင့္လ်က္ …
“အိုး … ခင္ဗ်ားရဲ႕ အခ်စ္ေတာ္က က်ားကေလးတစ္ေကာင္ပါလားဗ် … က်ဳပ္က ႐ုတ္တရက္ဆိုေတာ့ ေၾကာင္ႀကီးတစ္ေကာင္လို႔ ေအာက္ေမ့တာ …”
အေဖကျပံဳးေနစဥ္ အေဖ့မိတ္ေဆြက ဤက်ားငယ္ကို ဘယ္ကဲ့သို႔ ရခဲ့ေၾကာင္း၊ အေဖက
မည္မွ်ခ်စ္ခင္ ယုယေၾကာင္း ေျပာျပလွ်င္ မ်က္ႏွာျဖဴက ႏႈတ္ခမ္းတစ္ဖက္ရြဲ႕ကာ
ျပံဳးလုိက္ၿပီး …
“ေကာင္းေတာ့ ေကာင္းပါရဲ႕။ ဒါေပမယ့္ ဒီထက္ႀကီးလာရင္
လူေတြကို ရန္မူမွာ စိုးရေတာ့ အစိုးရက ခြင့္ျပဳမယ္ မထင္ဘူး။ တိရစၧာန္႐ံု
ပို႔ရမွာပဲ”
အေဖက မ်က္ႏွာပ်က္ပ်က္ႏွင့္ …
“ကၽြန္ေတာ့္
ေကာင္ကေလးက ငယ္ငယ္ကတည္းက လူနဲ႔ေနလာေတာ့ ဒီေလာက္႐ိုင္းမယ္ မဟုတ္ပါဘူးဗ်ာ။
ေနာက္ၿပီး … ကၽြန္ေတာ္က သူနဲ႔မခြဲႏိုင္ဘူး။ အင္းေလ … မေတာ္တဆ အစိုးရက
မညႇာတာလို႔ တိရစၧာန္႐ံု ပို႔ရမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္ပါ လိုက္ေနရမွ
ျဖစ္လိမ့္မယ္ဗ် … ဟိုကေကာ က်ဳပ္ကို လက္သင့္ခံပါ့မလား”
အေဖ့အေျပာကို က်န္လူမ်ားက သေဘာက်စြာ ရယ္ေမာၾက၏။ ရဲဝန္ေထာက္ကလည္း ရယ္ေမာေနရာမွ မ်က္ႏွာပိုးသတ္လိုက္ၿပီး …
“ဒါေပမဲ့ ခင္ဗ်ားတစ္ခုေတာ့ ေကာင္းေကာင္း သတိထားရလိမ့္မယ္။ ခင္ဗ်ား
က်ားကေလးဟာ ခင္ဗ်ားကိုျဖစ္ေစ၊ ခင္ဗ်ားကေလးေတြကို ျဖစ္ေစ မေတာ္တဆ
ေသြးထြက္သံယိုျဖစ္ေအာင္ မကိုက္မိပါေစနဲ႔။ တကယ္လို႔ ျဖစ္ခဲ့ရင္လည္း က်ဳပ္ကို
ခ်က္ခ်င္းအေၾကာင္းၾကား ေစခ်င္ပါတယ္”
သူသည္ မရယ္ခ်င့္၊ ရယ္ခ်င္ ရယ္လိုက္ၿပီး ဆက္လက္၍ …
“ဘာျပဳလို႔လဲဆိုေတာ့ … က်ဳပ္တို႔က ဥပေဒကို ေလးစားၾကရမယ္ မဟုတ္လားဗ်။
က်ဳပ္တို႔လို ခင္ဗ်ားတို႔လို လူမ်ိဳးေတြက အမိန္႔ေတာ္ရ ျပင္ဆင္ျပဳလုပ္ထားတဲ့
ဥပေဒကို ေဖာက္ဖ်က္မယ္ဆိုရင္ ဘယ္ေကာင္းမလဲ၊ က်ဳပ္ေျပာတာ သေဘာတူရဲ႕လား”
အေဖက ေအာင့္သက္သက္ႏွင့္ …
“ေကာင္းပါၿပီဗ်ာ၊ က်ဳပ္ေကာင္ေလးကလည္း ဒီလို ဘယ္ေတာ့မွ နာက်ည္းေအာင္
လုပ္မယ္မဟုတ္ပါဘူး။ ဒါထက္ ခင္ဗ်ားစကားအရဆိုေတာ့ က်ဳပ္ေကာင္က
ဒီလိုမလုပ္မခ်င္း သူ႔ကိုက်ဳပ္အိမ္မွာ ေမြးထားႏိုင္ခြင့္ ရွိတာေပါ့၊
မဟုတ္လား”
ရဲဝန္ေထာက္မွာ သူ႔စကားႏွင့္သူ မိေန၍ မခ်ိသြားျဖဲ ဟဲ … ဟဲ
လိုက္ရေလ၏။ ထို႔ေနာက္ သူတို႔သည္ ေထရာေလးပါး ေျပာေနၾကသည္။ ထိုအခိုက္
အေဖ့ေဘးဝယ္ ဝပ္စင္းေနေသာ တာတီးမွာ ပ်င္းလာၿပီျဖစ္ရကား အေဖကလည္း သူ႔ကို
ဂ႐ုမစိုက္ႏိုင္ေသးသျဖင့္ အေဖ့လက္ကိုလွ်ာႏွင့္ လ်က္ကာ လ်က္ကာ ေခ်ာ့ျမဴေန၏။
အေဖမွာ စကားထဲတြင္ စိတ္ဝင္စားေနသျဖင့္ သူ႔ကို သတိမျပဳႏိုင္ေလ
တာတီးကလွ်ာျဖင့္လ်က္၍ သတိေပးေခၚေလ။
က်ားလွ်ာဆိုသည္မွာ
အလြန္ၾကမ္းတမ္း၍ ဆူးေတာင္ကေလးမ်ားသဖြယ္ ျဖစ္ေနေသာေၾကာင့္ က်ားမမ်ားသည္
သားငယ္ကို ႏို႔မတိုက္ႏိုင္ဘဲ သစ္ရြက္ေပၚသို႔ ႏို႔ကိုသက္ေစ၍ က်ားငယ္မ်ားက
လွ်ာႏွင့္လ်က္စားရသည္။ သည္ေတာ့ အခါလည္ေက်ာ္ေက်ာ္မွ် ႀကီးျပင္းေနၿပီျဖစ္ေသာ
တာတီး၏ လွ်ာဒဏ္ကို မခံႏိုင္ဘဲ အေဖ၏ အေရျပားမွာ တျဖည္းျဖည္းပါးလိုက္လာေလ၏။
ေသြးကေလးမ်ားပင္ စို႔စျပဳလာသည္။ တာတီးသည္ သူ၏ ႏွာေခါင္းကို
႐ႈံ႕ခ်ည္ပြခ်ည္ျဖင့္ လက္ကိုနမ္းၾကည့္လိုက္ လ်က္လိုက္ လုပ္ေနရာ
မည္မွ်ၾကာသည္မသိ၊ အေဖသည္ စကားေျပာေနရာက လက္ဖဝါးဆီမွ မ်က္ကနဲ၊ မ်က္ကနဲ
နာလာေတာ့မွ ငံု႔၍ၾကည့္လိုက္ရာ အားလံုးကလည္း အေဖ့ဆီ
အာ႐ံုစိုက္ေနခိုက္ျဖစ္သျဖင့္ အေဖ့လက္မွ ေသြးမ်ားသည္ ယိုစီးလ်က္
ထိုေသြးမ်ားကို တာတီးက ၿမိန္ေရယွက္ေရ လ်က္ေနသည္ကို ျမင္ရလွ်င္ အေဖႏွင့္တကြ
အားလံုးပင္ ‘ဟာ’ ကနဲ ၿပိဳင္တူ ရြတ္လိုက္မိၾကေလ၏။ အေဖသည္ ဘယ္တုန္းကမွ
မျဖစ္ေပၚဖူးေသာ ထိတ္လန္႔ေၾကာက္ရြံ႕ျခင္းျဖင့္ ရဲဝန္ေထာက္ကို ၾကည့္လိုက္သည္။
ရဲဝန္ေထာက္က မ်က္ေမွာင္ၾကဳတ္၍ တာတီးကို စိုက္ၾကည့္ေန၏။ ထို႔ေနာက္
အလုပ္ခြင္ဝယ္ ဝတၱရားကို ေဆာင္ရြက္ဆဲ ေလသံျဖင့္ အေဖ့အား …
“ဝမ္းနည္းပါတယ္ လူႀကီးမင္းခင္ဗ်ား … ထန္းသီးေႂကြခိုက္ က်ီးနင္းခိုက္ဆိုသလို
ခုလိုလာၿပီး ျဖစ္ရတာ ကၽြန္ေတာ္စိတ္မေကာင္းပါဘူး။ သို႔ေသာ္ …
ဘုရင္မင္းျမတ္ရဲ႕ အခကိုစားေနတဲ့ ကၽြန္ေတာ္ဟာ ကိုယ့္တာဝန္ ဝတၱရားကို
ေက်ပြန္ပါမွ သစၥာေတာ္ကို ေစာင့္သိ ႐ိုေသရာက်ပါလိမ့္မယ္။ ဒီေတာ့
ကၽြန္ေတာ္ျပန္သြားၿပီး မၾကာမီပင္ ခင္ဗ်ားရဲ႕ က်ားငယ္ကို အယူလႊတ္လိုက္ပါရေစ။
တကယ္ဆိုေတာ့ လူေသြးျမည္းဖူးတဲ့ က်ားဟာ ေနာက္ေနာင္ လူေသြးကိုခ်ည္း
ေတာင့္တျမဲျဖစ္ေၾကာင္း ခင္ဗ်ားတို႔လည္း သိမွာေပါ့။ ဥပေဒအရဆိုရင္
လူကိုက္ဖူးတဲ့ က်ားကို တိရစၧာန္႐ံုကေတာင္ လက္မခံပါဘူး။ ဒါေပမယ့္
ခင္ဗ်ားရဲ႕က်ားကေလးအတြက္ေတာ့ က်ဳပ္အစြမ္းကုန္ ႀကိဳးစားေပးပါ့မယ္ …”
အေဖ့ဇက္မွာ က်ိဳး၍ က်ေနေလၿပီ။ ေဘးမွ အေဖာ္ႏွစ္ေယာက္က ဝိုင္း၍ ႏွစ္သိမ့္ၾကသည္။
“ဆရာရယ္ … တိရစၧာန္႐ံုမွာဆိုရင္လည္း ဒီမွာေနရတာလိုပဲ ေကာင္းပါတယ္။
စိတ္လည္းခ်ရပါတယ္။ ေနာက္ၿပီး ကိုယ္ေတြ႔ခ်င္တဲ့အခါ သြားေတြ႔ႏိုင္သားပဲ”
အေဖက ငိုသံပါႀကီးႏွင့္ …
“ခင္ဗ်ားတို႔ မသိပါဘူးဗ်ာ … ဟိုေမ်ာက္ျဖဴေကာင္ဟာ က်ဳပ္ကေလးကို
ရန္ရွာခ်င္ေနတာပါ။ က်ဳပ္လက္ထဲက လြတ္ရင္ သူတို႔ႏွိပ္စက္ပစ္နဲ႔ ေသမွာဗ်။
တိရစၧာန္႐ံုေရာက္ေအာင္ ခံမယ္မထင္ဘူး” ဟု ျမန္မာလို ေျပာသည္။ မ်က္ႏွာျဖဴမွာ
ျမန္မာစကား နားမလည္ပါ။
ေျပာရင္း အေဖသည္ မ်က္ရည္မက်ေသာ္လည္း ႐ႈိက္၍လာသည္။ ေနာက္မွ သူ႔ကိုယ္သူ အားတင္း၍ ရဲဝန္ေထာက္အား …
“ခင္ဗ်ား ဘယ္လိုမွ မသက္ညႇာႏိုင္ေတာ့ဘူးလားဗ်ာ”
“ဝမ္းနည္းပါတယ္ မိတ္ေဆြ”
“ဝမ္းနည္းပါတယ္ မိတ္ေဆြ”
အေဖသည္ အံကိုႀကိတ္ထားရာမွ တက္တစ္ခ်က္ေခါက္လိုက္ၿပီး အိမ္ဘက္သို႔လွမ္း၍ အေမ့ကိုေခၚကာ …
“ေဟ့ မရီ၊ ငါ့႐ိုင္ဖယ္နဲ႔ အံဆြဲထဲက က်ည္ဆံႏွစ္ေတာင့္ ယူခဲ့စမ္း”
အေဖ့မိတ္ေဆြႏွစ္ေယာက္က အံ့ဩသြားဟန္ျဖင့္ ကပ်ာကယာ “ဟာ ဆရာ၊ ဘာလုပ္မလို႔လဲ
ဆရာရယ္၊ တိရစၧာန္႐ံုသာ ပို႔လိုက္ပါဗ်ာ၊ ဝန္ေထာက္ကလည္း ႀကိဳးစားေပးပါ့မယ္
ဆိုထားတာပဲ …”
အေဖက သူ႔မိတ္ေဆြ ႏွစ္ေယာက္ဘက္လွည့္၍
“ႀကိဳးစားပါ့မယ္ဆိုတာ အာမခံတာနဲ႔ တျခားစီပဲဗ်ာ။ ေနာက္ၿပီး သူတိုပ
လူမ်ိဳးေတြက စကားအလွ သံုးတာဗ် … ၊ က်ဳပ္တစ္သက္လံုး အရိပ္တၾကည့္ၾကည့္
လက္ဖ်ားနဲ႔ မထိရက္ဘဲနဲ႔ ေမြးလာရတဲ့ က်ဳပ္ကေလးကို ဘာေၾကာင့္ သူတို႔လို
ႏွိပ္စက္မယ့္ လူေတြလက္ထဲ အပ္ရမွာတုန္း။ ေနာက္ညပီး သူနဲ႔က်ဳပ္ ရွင္ကြဲ
ကြဲရတာက ေသကြဲ ကြဲရတာထက္ ပိုၿပီးဆိုးလိမ့္မယ္ဗ်။ ဒီေတာ့ သူ႔အတြက္ က်ဳပ္
စိတ္ဒုန္းဒုန္းခ်ရေအာင္”
ထိုအခိုက္ ဘုမသိဘမသိ ေသနတ္ယူလာေသာ
အေမ့ေနာက္မွ အိမ္သားေတြကလည္း ကပ္ပါလာၾကသည္။ အေမကမ္းေပးေသာ
ေသနတ္ကိုယူလိုက္စဥ္ အေဖ့မ်က္လံုးအိမ္ထဲ၌ မ်က္ရည္မ်ား ေဝလွ်ံလ်က္ရွိသည္။
သူသည္ ေရွ႕လက္ႏွစ္ဖက္ကိုထုတ္ ေျခေထာက္ကို ေနာက္သို႔ကန္ၿပီး ကိုယ္ကေလးကို
ျဖန္႔လ်က္ အေညာင္းဆန္႔ေနေသာ တာတီးကို တစ္ခ်က္မွ် စိုက္ၾကည့္၍ တစ္လံကြာခန္႔
ေျပးထြက္သြားသည္။ ထို႔ေနာက္ အေဝးမွ လက္ဖ်စ္တစ္ခ်က္တီးလ်က္ ေၾကကြဲတုန္ရီေသာ
အသံႏွင့္ “တာတီးေရ … သားေလး မတ္တတ္ရပ္ ေရွ႕တိုးခဲ့” ဟု ေခၚလိုက္ရာ တာတီးသည္
အေညာင္းဆန္႔ေနရာမွ ကဗ်ာကသီ ေနာက္ေျခေပၚရပ္လ်က္ ယိုင္တိယိုင္တိုင္
တစ္လွမ္းခ်င္း လွမ္းသြားေလေတာ့သည္။
“ဒိုင္း” ဟူသည့္ ေသနတ္သံက
ေတာင္တစ္ေၾကာဝယ္ ေမ်ာကာေမ်ာကာ ပဲ့တင္႐ိုက္ရင္း တျဖည္းျဖည္း ေဝး၍ေဝး၍
သြားေလ၏။ ၎ပဲ့တင္သံႏွင့္အတူ တာတီး၏ ဝိညာဥ္ႏွင့္ အေဖ၏
အသဲ(သည္း)ႏွလံုးတို႔မွာ ေထြးလံုးရစ္ပတ္၍ ပါသြားေကာင္း ပါသြားမည္တည္း။
(ကၽြန္ေတာ္၏ ဇနီးေျပာျပပါသည္။)
--------------
ေသာ္တာေဆြ
(သတၱဝါတုိ႔၏ သံသရာ)
ေသာ္တာေဆြ
(သတၱဝါတုိ႔၏ သံသရာ)
Credit to ေငြဇင္ေယာ္ @ mmcybermedia
Unicode Version
တာတီးနှင့် မဲတူ (သော်တာဆွေ)
---------------------------------
“ဒိုင်း” ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါခနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။
အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကို အုပ်ထားလိုက်ကြသည်။ ပြန်၍ မရဲတရဲ ဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏လက်ထဲမှ သေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှ စိုက်ကြည့်ကာ မြေပေါ်သို့ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျလျက်ရှိသော သွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် ‘တာတီး’ ကို ယူကျုံးမရ နှမြေတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင်၊ မကယ်နိုင် ဖြစ်နေဟန်တူ၏။
ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ထိုင်ကာ တာတီး၏ ပူပူနွေးနွေး ပျော့ခွေလျက်ရှိသော ကိုယ်ကလေးကို တအားပွေ့လျက် မျက်နှာချင်းအပ်ထားလိုက်လေ၏။ ထိုစဉ်က အဖေငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။
လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့်တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့ဩမိန်းမောကုန်ကြ၏။
ဤသို့ အားလုံးငြိမ်သက် တိတ်ဆိတ်လျက်ရှိရာမှ အတန်ကြာသော် အဖေသည် တာတီး၏ သွေးများဖြင့် ပေကျံလျက်ရှိသော မျက်နှာကြီးကို မော့ကာ နားထင်ကျောများ ပြိုင်းပြိုင်းထအောင် အံကိုခဲထားရာမှ ရင်ဝတွင် ဆို့တက်နေသည့် အပူလုံးကို ‘ဂလု’ ခနဲ မျိုချရင်း အမေ့အား …
“မရီ … သူ့ကို ငါ … ဟိုတစ်နေ့က ဝယ်ခဲ့တဲ့ သက္ကလပ်စောင်နဲ့ ထွေးပြီး ခေါင်းရင်းက ယုဇနပင်အောက်မှာ ကျကျနန မြှုပ်ပစ်လိုက်၊ သူနဲ့ဆိုင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ထည့်၊ သူစားနေကြ ထမင်းဇလုံလေးကိုတော့ သူ့မြေပုံပေါ်မှာ မှောက်ထား၊ ငါမပြန်ခင် အစအနမကျန်အောင် လုပ်ထားနှင့်။ ကြားရဲ့လား …”
အမေက မျက်ရည်များကြားမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသော အဖေ့ကို ကရုဏာသက်စွာ ငေးကြည့်ရင်း ခေါင်းကိုဖြည်းလေးစွာ ခါလိုက်လေ၏။
* * *
အင်္ဂလိပ်အုပ်စိုးစဉ်က အမေရိကန် သာသနာပြုကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်လသုံးရာမျှသော လခကိုစားရသည့် အဖေမှာ သားမယားကို လူတန်းစေ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည်။ သားသမီးများကို ချစ်သည် အမှန်ဖြစ်သော်လည်း ဘယ်သောအခါမှ လက်ပွန်းတတီး ရင်းရင်းနှီးနှီးမနေ၊ တည်တည်ပင် ဆက်ဆံ၍ ကျွေးစရာရှိကျွေး၊ ဆော်စရာရှိ ဆော်ခဲ့သည်ဖြစ်ရာ အဖေ့ကို ချစ်ကြောက် ရိုသေခဲ့ကြရသည်။ ကျောင်းသားတပည့်များကလည်း ထိုနည်းတူစွာပင် …
သို့သော် … တာတီးနှင့်ကျတော့ အဖေမှာ ဈာန်လျှောရလေ၏။ မိမိ၏ သိက္ခကိုပင် မဆည်နိုင်အောင် တာတီးကို ချော့ရမြှူရ ယုယပိုက်ထွေးခဲ့ရလေသည်။ တစ်ခါတစ်ရံ အမေက အဖေ့အား ကိုယ့်သားသမီးများထက် တာတီးကို ပို၍ချစ်သည်ဟု ရန်တွေ့ပြီး စွဲချက်တင်သောအခါ အဖေက နှစ်ခြိုက်စွာပြုံး၍ …
“မင်းမလဲကွာ … တိုစရာမရှိ တိုရန်ကော။ တို့ကလေးတွေမှာက ချစ်ခင်ယုယမည့် ဆွေမျိုးသားချင်း အပြည့်အစုံနဲ့ကွ၊ တာတီးမှာတော့ ဒီလိုမေတ္တာခိုလှုံစရာ ရှိတာမဟုတ်တော့ ပိုပြီးသနားရတယ်။ ကြင်နာရတယ်ကွ မှတ်ထား …”
အဖေ၌ မည်သူကမှ တားမြစ် ဆုံးမလို့မရသော ဝါသနာဆိုးတစ်ခုရှိ၏။ ၎င်းမှာ အချိန်အားတိုင်း တောတက် အမဲလိုက်နေခြင်းပေတည်း။ နွေရာသီ ကျောင်းရက်ရှည် ပိတ်သောအခါ အဖေသည် အိမ်၌ အေးအေးလူလူ နားနေသည်ဟူ၍ မရှိ။ သူ့အပေါင်းအဖော်များနှင့် တစ်တောဝင် တစ်တောင်တက် အမဲလိုက်ရင်း အချိန်ကုန်ခဲ့သည်ချည်းပင်။ အိမ်သို့ပြန်ရောက်သောအခါ ရလာသမျှ ဂျီသား၊ ဆတ်သား အခြောက်များ၊ တိရစ္ဆာန်သားရေများ၊ ဦးချိုများကို တစ်ခုစီထုတ်ပြရင်း ဘယ်ဥစ္စာကဖြင့် ဘယ်လိုရခဲ့တာပဲ စသည်ဖြင့် သူ့လက်ရာကို ဝင့်ကြွားကာ မြိန်ရေယှက်ရေပြန်လည် ပြောပြတတ်ပေသည်။ တစ်ခါတစ်ရံ ယုန်၊ ကြက်တူရွေး၊ ဇီးကွက်စသော အကောင်ကလေးများကို အရှင်ဖမ်းခဲ့ပြီး သားသမီးကစားရန်အလို့ငှာ ယူဆောင်တတ်သေးသည်။
မှတ်မိပါသေးသည်။ တောမှ ပြန်ရောက်စတစ်ခါက သားသမီးများကို စုရုံးစေပြီး အိတ်တစ်ခုကို မလျက် အတွင်းမှ လှုပ်နေသော သဏ္ဌာန်ကို ပြကာ …
“အထဲမှာ ဘာကောင်ရှိလဲ ပြောကြစမ်း …” ဟု မချိုမချဉ် မျက်နှာပေးဖြင့် မေးရာ မည်သူမျှမှန်အောင် မဖြေနိုင်သောအခါမှ အထုပ်ကို ဖြေပြရာ၊ ဆောင့်ကြောင့်ထိုင်လျက်ရှိသော မျောက်မကလေး တစ်ကောင်ကို ဘွားခနဲတွေ့ကြရလေ၏။ ထို့နောက် ၎င်းမျောက်မကလေးကို ဘယ်ပုံရခဲ့ကြောင်း ရာဇဝင်ခင်းပြရာ မောင်နှမတစ်တွေမှာ တသောသောရယ်ရင်း မျောက်နှင့်လူ အသွင်ချင်း တူ၍နီးစပ်ပုံကို ရင်သတ် အံ့ဩခဲ့ကြရသည်။ မဲတူ (မျောက်မကလေးကို ပေးထားသော နာမည်) ရခဲ့ပုံကို အလျဉ်းသင့်၍ အနည်းငယ် ဖော်ပြပါရစေ။
အဖေတို့ လူသိုက်မှာ ထိုနေ့က ကျားပစ်ရန် ထွက်ခဲ့ကြရာ နေပြောက်ထိုးများ မဝင်အောင် အုံ့ဆိုင်းညို့မှိုင်းနေသော တောစပ်သို့ရောက်၍ ခေတ္တအပန်းဖြေကြစဉ် သစ်ကိုင်းများပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော မျောက်တစ်အုပ်ကို တွေ့ရသည်ဆို၏။ သို့သော် ကျားနှင့်မတွေ့မီ သေနတ်သံမပေးလို၍ မျောက်များကို ပစ်ခတ်ခြင်းမပြုကြပေ။ အဖေတို့ ရှေ့တူရူ သစ်ကိုင်းကြီးတစ်ခုပေါ်၌ မျောက်ထီး၊ မျောက်မနှင့် မျောက်ကလေး သုံးကောင်မှာ တစ်ဖက်အပင်မှ သစ်ကိုင်းကို ခုန်ကူးရန် စီစဉ်နေကြ၏။ မိခင်လုပ်သူက မျောက်ငယ်ကို ကျောပိုးထားလိုက်ပြီး၊ မျောက်ထီးကြီးက အရင်လွှဲ၍ ကူးသွားသည်။ ထို့နောက် ဟိုဘက်ကိုင်းမှ လှမ်း၍ မျောက်မအား ကူးခဲ့ရန် ‘ကွိကွိ ကွကွ’ နှင့် ခေါ်ငင်လေရာ မျောက်မသည် ကျောပေါ်မှ သားငယ်ကို မြဲမမြဲ စမ်းသပ်ပြီး ကိုယ်ကိုလွှဲ၍ ကူးလိုက်ရာ ‘ဟယ်’ ဆိုသည့် အဖေတို့၏ အသံနှင့် ‘ဖုတ်’ ခနဲ မျောက်ငယ်မှာ မြေပေါ်သို့ ကျလာလေတော့သည်။ ထိုအခြင်းအရာကို မြင်သော မျောက်ထီးကြီးမှာ ဒေါသကြီးစွာဖြစ်၍ သစ်ခက်တစ်ခုကို ချိုးထည့်ကာ မျောက်မအား သားလွှတ်ကျရကောင်းလားဟု တဖုန်းဖုန်း ရိုက်တော့သည်။ အဖေတို့ကလည်း ငိုအားထက် ရယ်အားသန်ကြကာ မိမိတို့ရှိနေလျှင် ၎င်းတို့သားငယ်ကို ဆင်း၍ မကောက်ဝံ့ဘဲ နေမည်စိုး၍ ထိုနေရာမှ ဖယ်ခွာခဲ့ကြသည် ဆို၏။
သို့ရာတွင် အဖေတို့မှာ ထိုနေ့အဖို့ ကျားမတွေ့ရဘဲ ညနေစောင်းပြန်ခဲ့ကြသော်၊ ထိုသစ်ပင်အောက်၌ တကျီကျီအော်ဟစ်နေသည့် မျောက်ငယ်ကို ထီးထီး တွေ့ကြရ၏။ (လက်မမြဲ၍ မြေသို့ကျသော် မျောက်ကို ညံ့ရကောင်းလား၊ မျောက်မပီသဟု မျောက်အုပ်က ထပ်မံလက်မခံတော့ဘဲ ဝိုင်းငယ်လေ့ရှိသည်ဟု ကြားဖူးသည်။)
ထို့နောက်တော့ အဖေက အနှီဒုက္ခိတ မျောက်မငယ်ကလေးအား သနားကရုဏာသက်၍ အိမ်သို့ ထုပ်ပိုးခေါ်ဆောင်ခဲ့ခြင်း ဖြစ်၏။ မဲတူသည် အမည်နှင့်လိုက်အောင် အကျည်းတန်သည်။ သို့သော်သူ့တွင် ချစ်စရာကောင်းသော အပြုအမူ များစွာရှိ၏။ သူသည် သိတတ်စအရွယ်ကပင် လူနှင့်အတူ ကြီးပြင်းခဲ့ရသည်ဖြစ်ရာ၊ လူကလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။ မောင်နှမတစ်တွေ ထမင်းဝိုင်းတွင် သူပါဝင်စားရသည်ဖြစ်ရာ သူ့ကိုယ်၌က ဟင်းမစားဘဲ သက်သက်လွတ် ငှက်ပျောသီး၊ သင်္ဘောသီး စသည်တို့နှင့်သာ စားသည်ဖြစ်သော်လည်း အလစ်တွင် အခြားပန်းကန်ထဲမှ ဟင်းတုံးကိုယူ၍ သူ၏ ထမင်းအောက်တွင် ဝှက်ထားတတ်သည်။ မောင်နှမတစ်တွေမှာ ဟင်းကို အတိုင်းအဆနှင့် ဝေပုံကျဖြစ်၍ နောက်ထပ်မရသဖြင့် ပထမဦးဆုံး မဲတူ၏ ဓာတ်မသိခင်၌ တစ်ယောက်ဟာ တစ်ယောက် ‘ဘုန်း’ သည်ဟု ရန်ဖြစ်လိုက်ရသည်မှာ အမော၊ မဲတူက ပြန်ပေးမှ ငိုအားထက် ရယ်အားသန်ကြရသည်။
မဲတူသည် အင်မတန် လူပါးဝ၏။ အဖေ ကျောင်းသွားခါနီးတိုင်း ကိုင်နေကျ တုတ်ကောက်ကို ယူပေးကာ လောကဝတ်ပြုတတ်သေး၏။ မောင်နှမတစ်တွေ၏ ခေါင်းကို သန်းရှာပေးရန် ဝါသနာပြင်းထန်လှပြီး ငြိမ်ငြိမ်မခံလျှင် လူကြီးမိဘသဖွယ် ခေါင်းခေါက်တတ်သေး၏။ အဖေက စိတ်ဆိုး၍ ကြိမ်းမောင်း ဆူပူသောအခါ၌ကား တံခါးကြားထဲတွင် ဖင်ဘူးတောင်းထောင်၍ ပုန်းအောင်းနေလေ့ရှိ၏။
နောင် အသက်အရွယ်ဘကီးလာသော အခါတွင်မူ မဲတူသည် ပန်းနာရောဂါဖြင့် ကွယ်လွန်ရှာ၏။ သူကပန်းနာမှာ ဝမ်းတွင်းပါရောဂါဖြစ်၍ သူ့မိခင်ကျောပေါ်က ပြုတ်ကျဟန်တူပါသည်။ ယင်းသို့ဖြင့် အိမ်တွင် မဲတူ၏ ဇာတ်လမ်းဆုံးခဲ့ပါ၏။
နောက်တစ်ကြိမ်တွင်မူ အဖေတို့သည် သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသော စိုင်ကြီးတစ်ကောင်နောက် အတင်းထိုးလိုက်ကြရာ မွန်းတည့်အချိန်ခန့် ရောက်လျှင် ကိုင်းတောအစပ်သို့ ရောက်၍ အဖေနှင့် အဖော်သုံးယောက်မှာ ချုံကြီးတစ်ခုအနီးမှ ဖြတ်၍ ကိုင်းတောထဲသို့ ဝင်မည်ပြုစဉ် ကျားဟိန်းသံကို ချုံထဲမှ မမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက်ရ၏။ လူတိုင်းပင် ကြက်သေသေကာ မလှုပ်နိုင် မရှားနိုင်ဘဲ ဤတစ်ချီတော့ ကျားစာဖြစ်ကုန်တော့မည်ဟု တထစ်ချ မှတ်ယူကြလေ၏။ အခါတိုင်းဆိုလျှင် ဤမျှလောက် နီးကပ်နေသော သားကောင်ကို ကျားက တမုဟုတ်ချင်း ခုန်အုပ်လေ့ရှိသော်လည်း ယခုတော့ ချုံထဲမှ ကျားဟိန်းသံကိုသာ ကြားရ၍ လှုပ်ရှားမှုကိုတော့ မတွေ့ကြရပေ။ ကျားက မလှုပ်၍ လူက အနည်းငယ် လှုပ်မည်ဟန်ပြင်လျှင် ချုံထဲက ကျားက မာန်ဖီပြန်လေ၏။ ဤသို့ဖြင့် အထဲမလှုပ် အပြင်မလှုပ်ဖြင့် မိနစ်နှစ်ဆယ်မျှကြာလျှင် အဖေတို့က အတွင်းမှ ရန်သူသည် မလှုပ်ရှားနိုင်လောက်အောင် ဒဏ်ရာရနေသော ကျားနာဖြစ်ရမည်ဟု တွက်ချက်လာတော့သည်။ ထို့ကြောင့် ၎င်းတို့အချင်းချင်း လက်ဟန်ခြေဟန်ဖြင့် ချုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝိုင်းမိအောင် တဖြည်းဖြည်း ရွှေ့သွားကြလေ၏။
မကြာမီ တောင်ဘက်သို့ ရောက်နေသော ကရင်မုဆိုးထံမှ ရွှီး … ရွှီး … ဟူသော လေချွန်အချက်ပေးသံ ကြားရပြီး လှစ်ကနဲ သေနတ်မောင်းတင်သံနှင့်အတူ “ဒိုင်း …” “ဝေါ … ဝုန်း …” ဟူသည့် သေနတ်ပစ်သံ၊ ကျားအော်သံ၊ လဲပြိုသံကို တစ်ပြိုင်နက်တည်းလိုလို ကြားလိုက်ရသော ကျန်လူများမှာ လျင်မြန်စွာ တောင်ဘက် ကရင်မုဆိုးရှိရာသို့ ပြေးသွားကြလျှင် မိမိတို့ထင်သလို ကျားကလူကို ခုန်အုပ်သည် မဟုတ်ဘဲ ချုံနှင့်တလျားခုန်ခန့်တွင် နဖူးတည့်တည့် ကျည်ဆံပေါက်နှင့် သေရှာပြီဖြစ်သော ကျားမကြီးတစ်ကောင်နှင့် ၎င်းအနီးတွင် အချင်းတန်းလန်းဖြင့် ထွေးလုံးရစ်ပတ်နေသော မွေးခါစ ကျားပေါက်ကလေး တစ်ကောင်ကို တွေ့ရလေ၏။ ထိုအခါမှ ချုံထဲကကျားမှာ မွေးလုမွေးဆဲ ကမ္မဇလေ လှုပ်ရှားနာကျင်နေ၍ မိမိတို့ကို ရန်မမူနိုင်သည့်အဖြစ်ကို တွေ့ရလေ၏။ အဖေသည် ကျားမကြီးနှင့် ကျားငယ်ကလေးကို တစ်လှည့်စီကြည့်ရင်းက မည်သူချွတ်၍မျှ မကျွတ်ခဲ့သော အထုံဝါသနာကို စွန့်လွှတ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည်အထိ နောင်တ ကြီးစွာဖြစ်ခဲ့ရလေ၏။
သူတို့ပယောဂကြောင့် အမိမဲ့ရှာသော ကျားငယ်ကို အဖေက သနားခြင်း၊ ကရုဏာပြင်းပြစွာဖြစ်၍ ရင်ခွင်ဝယ်ပိုက်ပြီး အိမ်သို့ယူဆောင်ခဲ့သည်။ ထို့ပြင် ချစ်စနိုး ‘တာတီး’ ဟုလည်း အမည်ကင်ပွန်းတပ်လိုက်သေး၏။ တာတီးကို ဂလက်ဇို နို့မှုန့်နှင့် တယုတယပိုက်ထွေး မွေးမြူခဲ့ရသည်။ နို့ကို နေ့သုံးကြိမ်၊ ညသုံးကြိမ် တိုက်ရာ ညအချိန်၌ မည်သူမျှ ဤဒုက္ခကို မခံယူလို၍ အဖေကိုယ်တိုင် ဂရုတစိုက် နို့ဖျော်တိုက်လေ၏။ ခါတိုင်းဆိုလျှင် ညစာစားလျှင် အရက်ကို အဝသောက်၊ အစားကို ကျကျနနစားပြီး အိပ်လိုက်ရာ မိုးလင်းမှ တစ်ရေးနိုးလေ့ရှိသော အဖေမှာ တာတီးကြောင့် အသောက်အစားလျှော့ပေါ့ ဆင်ခြင်ရလေတော့သည်။
အဖေ၏ အလေ့ဆိုးများကို ချွတ်ပေးခဲ့သော တာတီးကို အမေက အလွန် ကျေးဇူးတင်သော်လည်း တစ်ခါတစ်ရံ သူမ၏ သားသမီးများကို မပြုခဲ့သော ယုယခြင်းမျိုးကို အဖေက တာတီးအပေါ် အစွမ်းကုန် ပေးလျက်ရှိသည်ဟု ယူဆလျက် မသက်မသာ ငြူစူလိုစိတ် ဖြစ်တတ်သေးသည်။ ဤသို့ဖြင့် တာတီးကလေးသည် အဖေ၏ မေတ္တာကရုဏာရိပ်အောက်ဝယ် တဖြည်းဖြည်း ကြီးပြင်းခဲ့လေရာ တစ်နေ့ထက်တစ်နေ့ အဖေ့အချစ်မှာလည်း ပိုသထက် ပိုခဲ့လေသည်။ တာတီးသည် အဖေဘယ်သွားသွား တကောက်ကောက်လိုက်သည်။ အဖေအိမ်သာတက်လျှင်တောင် လှေကားထစ်ပေါ် ဆောင့်ကြောင့်ထိုင်လျက် တော်တော်နှင့်ထွက်မလာလျှင် တံခါးကို လက်နှင့်ကုတ်ခြစ်၍ “ညူ … ညူ” ဟု ခေါ်တတ်သည်။ အဖေပန်းခြံထဲ လမ်းလျှောက်လျှင် သူကနောက်မှ ခုန်ပေါက်မြူးတူး၍ ပါစမြဲ။ အဖေကျောင်းသွားလျှင် သူ့ကို မည်သူမှ မထိန်းကျောင်းနိုင်၍ သံကြိုးချည်ထားပစ်ရာ ရှေ့လက်နှစ်ဖက်ပေါ် မေးတင်လျက် မျက်စိကို ပေကလပ် ပေကလပ်လုပ်ပြီး လူလာတိုင်း ညည်းပြနေလေ့ရှိသည်။ တစ်ခါတစ်ရံ သူ့ရှေ့၍ မှန်တစ်ချပ်ထောင်ပြလိုက်လျှင် မှန်ထဲတွင်မြင်ရသော သူ့အရိပ်ကို ရုတ်တရက် လန့်ဖျပ်ကာ နောက်ဆုတ်ပြေး၍ ခဏကြာမှ တစ်ဖက်မှ သူ့အရိပ်ကိုကြည့်လျက် ဒေါသတကြီး ညီခနဲ မာန်ဖီနေတတ်လေ၏။
ထိုမျှမကသေး အဖေနှင့်လမ်းလျှောက်ပြီဆိုလျှင် တစ်လံလောက်မှနေ၍ အဖေက လက်ဖျစ်တီး၍ “တာတီးရေ … သားလေး … မတ်တတ်ရပ်စမ်း … ရှေ့တိုး …” ဟု ခိုင်းလိုက်လျှင် သူ၏ နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ရှေ့သို့ယိုင်တိယိုင်တိုင် အနိုင်နိုင် လျှောက်လာရင်း တစ်ခါတစ်ရံကိုယ်ကို မဟန်နိုင်၍ ဖုန်းခနဲလိမ့်ကျသောအခါ အဖေက ဟက်ဟက်ပက်ပက် ရယ်မော၏။ တာတီး၏ ဝမ်းဗိုက်ကျားကျားကလေးကို နှာခေါင်းနှင့် ကလိနေတတ်၏။ ထိုအခါ တာတီးက သူ၏ လက်ဝဝကလေးဖြင့် အဖေ၏ မျက်နှာကိုတွန်း၍ ထုတ်တတ်ပေသည်။
ဤသို့ အဖြစ်သဲနေကြသည်ကို မြင်ပြင်းကပ်လာသော အမေက မကြားတကြား ရေရွတ်သောအခါ အဖေက အမေ့ထံသို့ အပြေးကလေးသွား၍ “ဟေ့ … မရီရဲ့ … မင်းကလည်း ငါတို့ကိုသာ အပြစ်ပြော ပြောနေတာပဲကွာ … တို့ဘာသာတို့ ချစ်ကြတာများ ဘယ်သူ့ထိခိုက်နေလို့လဲ။ တို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ ချစ်ခြင်းကို မနာလို မဖြစ်ပါနဲ့ကွာ …”
ထိုအခါ အမေက နှုတ်ခမ်းစူ၊ ပါးစူနှင့် …
“အမလေး တော်စမ်းပါ။ တိရစ္ဆာန်တစ်ကောင်နဲ့များ၊ သန့်ရှင်းမွန်မြတ်တဲ့ အချစ်လေးဘာလေးနဲ့ ကြီးကျယ်လိုက်တာတော် ကြီးကျယ်လိုက်တာ …”
“ဟ … ဒါကိုမင်း နားမလည်သေးပါဘူး။ ဒီမယ် မရီ … သန့်ရှင်းမွန်မြတ်တယ်ဆိုတာက လူချင်းလူချင်း ချစ်တဲ့အဓိပ္ပာယ်နဲ့ တွက်လို့မရဘူးကွ။ လူချင်းချစ်ကြတာက ကိုယ်ကောင်းဖို့ ကိုယ့်ဖို့ဆိုတဲ့ အခြေခံကစကြတာ၊ ဟော … ငါနဲ့တာတီး ချစ်တဲ့နေရာမှာ တာတီးဆီက ငါဘာမျှ မမျှော်လင့်ဘူး၊ ငါ့ဆီကဘာမှ တာတီး မျှော်လင့်ရကောင်းမှန်း မသိဘူး … ၊ ဘာပယောဂမှ မပါတဲ့ ချစ်ခြင်းမျိုးမို့ သန့်ရှင်းတယ်လို့ ဆိုတာကွ နားလည်ပလား …”
ဤသို့ဖြင့် အဖေနှင့်တာတီးတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေခဲ့ကြရာမှ ဂြိုဟ်ဆိုးဝင်၍ ကြမ္မာဆိုးငင်လေပြီ။
တစ်နေ့နံနက်တွင် အဖေနှင့်တာတီး ထုံးစံအတိုင်း ပန်းခြံထဲဝယ်ပြေးလွှား ဆော့ကစားနေခိုက်၊ အဖေ၏ အမဲလိုက်မိတ်ဆွေနှစ်ဦးက အလည်အပတ် ရောက်လာကြသည်။ သူတို့နှင့်အတူ မျက်နှာဖြူ ရဲဝန်ထောက်တစ်ယောက်လည်း ပါလာသေးသည်။ သူတို့အား အဖေက ပန်းခြံထဲ၌ပင် ဧည့်ခံ၏။ တာတီးကမူ အဖေ့ကုလားထိုင်ဘေး၌ စင်းစင်းကြီး ဝပ်လျက်ရှိ၏။ ထိုစဉ်က တာတီး၏ အရပ်အမောင်းမှာ ကျောတစ်တောင်လောက် ရှည်၍ တောကြောင်ကြီးခန့်ရှိမည်။
ကာဖီသောက်နေရင်း ရဲဝန်ထောက်က တာတီးကိုအခုမှ သေချာစွာကြည့်မိသည် ဖြစ်သောကြောင့် အံ့ဩဟန် မျက်ခုံးနှစ်ဖက်ကို ပင့်လျက် …
“အိုး … ခင်ဗျားရဲ့ အချစ်တော်က ကျားကလေးတစ်ကောင်ပါလားဗျ … ကျုပ်က ရုတ်တရက်ဆိုတော့ ကြောင်ကြီးတစ်ကောင်လို့ အောက်မေ့တာ …”
အဖေကပြုံးနေစဉ် အဖေ့မိတ်ဆွေက ဤကျားငယ်ကို ဘယ်ကဲ့သို့ ရခဲ့ကြောင်း၊ အဖေက မည်မျှချစ်ခင် ယုယကြောင်း ပြောပြလျှင် မျက်နှာဖြူက နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီး …
“ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဒီထက်ကြီးလာရင် လူတွေကို ရန်မူမှာ စိုးရတော့ အစိုးရက ခွင့်ပြုမယ် မထင်ဘူး။ တိရစ္ဆာန်ရုံ ပို့ရမှာပဲ”
အဖေက မျက်နှာပျက်ပျက်နှင့် …
“ကျွန်တော့် ကောင်ကလေးက ငယ်ငယ်ကတည်းက လူနဲ့နေလာတော့ ဒီလောက်ရိုင်းမယ် မဟုတ်ပါဘူးဗျာ။ နောက်ပြီး … ကျွန်တော်က သူနဲ့မခွဲနိုင်ဘူး။ အင်းလေ … မတော်တဆ အစိုးရက မညှာတာလို့ တိရစ္ဆာန်ရုံ ပို့ရမယ်ဆိုရင်တော့ ကျွန်တော်ပါ လိုက်နေရမှ ဖြစ်လိမ့်မယ်ဗျ … ဟိုကကော ကျုပ်ကို လက်သင့်ခံပါ့မလား”
အဖေ့အပြောကို ကျန်လူများက သဘောကျစွာ ရယ်မောကြ၏။ ရဲဝန်ထောက်ကလည်း ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်ပြီး …
“ဒါပေမဲ့ ခင်ဗျားတစ်ခုတော့ ကောင်းကောင်း သတိထားရလိမ့်မယ်။ ခင်ဗျား ကျားကလေးဟာ ခင်ဗျားကိုဖြစ်စေ၊ ခင်ဗျားကလေးတွေကို ဖြစ်စေ မတော်တဆ သွေးထွက်သံယိုဖြစ်အောင် မကိုက်မိပါစေနဲ့။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ကျုပ်ကို ချက်ချင်းအကြောင်းကြား စေချင်ပါတယ်”
သူသည် မရယ်ချင့်၊ ရယ်ချင် ရယ်လိုက်ပြီး ဆက်လက်၍ …
“ဘာပြုလို့လဲဆိုတော့ … ကျုပ်တို့က ဥပဒေကို လေးစားကြရမယ် မဟုတ်လားဗျ။ ကျုပ်တို့လို ခင်ဗျားတို့လို လူမျိုးတွေက အမိန့်တော်ရ ပြင်ဆင်ပြုလုပ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်ကောင်းမလဲ၊ ကျုပ်ပြောတာ သဘောတူရဲ့လား”
အဖေက အောင့်သက်သက်နှင့် …
“ကောင်းပါပြီဗျာ၊ ကျုပ်ကောင်လေးကလည်း ဒီလို ဘယ်တော့မှ နာကျည်းအောင် လုပ်မယ်မဟုတ်ပါဘူး။ ဒါထက် ခင်ဗျားစကားအရဆိုတော့ ကျုပ်ကောင်က ဒီလိုမလုပ်မချင်း သူ့ကိုကျုပ်အိမ်မှာ မွေးထားနိုင်ခွင့် ရှိတာပေါ့၊ မဟုတ်လား”
ရဲဝန်ထောက်မှာ သူ့စကားနှင့်သူ မိနေ၍ မချိသွားဖြဲ ဟဲ … ဟဲ လိုက်ရလေ၏။ ထို့နောက် သူတို့သည် ထေရာလေးပါး ပြောနေကြသည်။ ထိုအခိုက် အဖေ့ဘေးဝယ် ဝပ်စင်းနေသော တာတီးမှာ ပျင်းလာပြီဖြစ်ရကား အဖေကလည်း သူ့ကို ဂရုမစိုက်နိုင်သေးသဖြင့် အဖေ့လက်ကိုလျှာနှင့် လျက်ကာ လျက်ကာ ချော့မြူနေ၏။ အဖေမှာ စကားထဲတွင် စိတ်ဝင်စားနေသဖြင့် သူ့ကို သတိမပြုနိုင်လေ တာတီးကလျှာဖြင့်လျက်၍ သတိပေးခေါ်လေ။
ကျားလျှာဆိုသည်မှာ အလွန်ကြမ်းတမ်း၍ ဆူးတောင်ကလေးများသဖွယ် ဖြစ်နေသောကြောင့် ကျားမများသည် သားငယ်ကို နို့မတိုက်နိုင်ဘဲ သစ်ရွက်ပေါ်သို့ နို့ကိုသက်စေ၍ ကျားငယ်များက လျှာနှင့်လျက်စားရသည်။ သည်တော့ အခါလည်ကျော်ကျော်မျှ ကြီးပြင်းနေပြီဖြစ်သော တာတီး၏ လျှာဒဏ်ကို မခံနိုင်ဘဲ အဖေ၏ အရေပြားမှာ တဖြည်းဖြည်းပါးလိုက်လာလေ၏။ သွေးကလေးများပင် စို့စပြုလာသည်။ တာတီးသည် သူ၏ နှာခေါင်းကို ရှုံ့ချည်ပွချည်ဖြင့် လက်ကိုနမ်းကြည့်လိုက် လျက်လိုက် လုပ်နေရာ မည်မျှကြာသည်မသိ၊ အဖေသည် စကားပြောနေရာက လက်ဖဝါးဆီမှ မျက်ကနဲ၊ မျက်ကနဲ နာလာတော့မှ ငုံ့၍ကြည့်လိုက်ရာ အားလုံးကလည်း အဖေ့ဆီ အာရုံစိုက်နေခိုက်ဖြစ်သဖြင့် အဖေ့လက်မှ သွေးများသည် ယိုစီးလျက် ထိုသွေးများကို တာတီးက မြိန်ရေယှက်ရေ လျက်နေသည်ကို မြင်ရလျှင် အဖေနှင့်တကွ အားလုံးပင် ‘ဟာ’ ကနဲ ပြိုင်တူ ရွတ်လိုက်မိကြလေ၏။ အဖေသည် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် ရဲဝန်ထောက်ကို ကြည့်လိုက်သည်။ ရဲဝန်ထောက်က မျက်မှောင်ကြုတ်၍ တာတီးကို စိုက်ကြည့်နေ၏။ ထို့နောက် အလုပ်ခွင်ဝယ် ဝတ္တရားကို ဆောင်ရွက်ဆဲ လေသံဖြင့် အဖေ့အား …
“ဝမ်းနည်းပါတယ် လူကြီးမင်းခင်ဗျား … ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ခုလိုလာပြီး ဖြစ်ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ သို့သော် … ဘုရင်မင်းမြတ်ရဲ့ အခကိုစားနေတဲ့ ကျွန်တော်ဟာ ကိုယ့်တာဝန် ဝတ္တရားကို ကျေပွန်ပါမှ သစ္စာတော်ကို စောင့်သိ ရိုသေရာကျပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ပြန်သွားပြီး မကြာမီပင် ခင်ဗျားရဲ့ ကျားငယ်ကို အယူလွှတ်လိုက်ပါရစေ။ တကယ်ဆိုတော့ လူသွေးမြည်းဖူးတဲ့ ကျားဟာ နောက်နောင် လူသွေးကိုချည်း တောင့်တမြဲဖြစ်ကြောင်း ခင်ဗျားတို့လည်း သိမှာပေါ့။ ဥပဒေအရဆိုရင် လူကိုက်ဖူးတဲ့ ကျားကို တိရစ္ဆာန်ရုံကတောင် လက်မခံပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ကျားကလေးအတွက်တော့ ကျုပ်အစွမ်းကုန် ကြိုးစားပေးပါ့မယ် …”
အဖေ့ဇက်မှာ ကျိုး၍ ကျနေလေပြီ။ ဘေးမှ အဖော်နှစ်ယောက်က ဝိုင်း၍ နှစ်သိမ့်ကြသည်။
“ဆရာရယ် … တိရစ္ဆာန်ရုံမှာဆိုရင်လည်း ဒီမှာနေရတာလိုပဲ ကောင်းပါတယ်။ စိတ်လည်းချရပါတယ်။ နောက်ပြီး ကိုယ်တွေ့ချင်တဲ့အခါ သွားတွေ့နိုင်သားပဲ”
အဖေက ငိုသံပါကြီးနှင့် …
“ခင်ဗျားတို့ မသိပါဘူးဗျာ … ဟိုမျောက်ဖြူကောင်ဟာ ကျုပ်ကလေးကို ရန်ရှာချင်နေတာပါ။ ကျုပ်လက်ထဲက လွတ်ရင် သူတို့နှိပ်စက်ပစ်နဲ့ သေမှာဗျ။ တိရစ္ဆာန်ရုံရောက်အောင် ခံမယ်မထင်ဘူး” ဟု မြန်မာလို ပြောသည်။ မျက်နှာဖြူမှာ မြန်မာစကား နားမလည်ပါ။
ပြောရင်း အဖေသည် မျက်ရည်မကျသော်လည်း ရှိုက်၍လာသည်။ နောက်မှ သူ့ကိုယ်သူ အားတင်း၍ ရဲဝန်ထောက်အား …
“ခင်ဗျား ဘယ်လိုမှ မသက်ညှာနိုင်တော့ဘူးလားဗျာ”
“ဝမ်းနည်းပါတယ် မိတ်ဆွေ”
အဖေသည် အံကိုကြိတ်ထားရာမှ တက်တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘက်သို့လှမ်း၍ အမေ့ကိုခေါ်ကာ …
“ဟေ့ မရီ၊ ငါ့ရိုင်ဖယ်နဲ့ အံဆွဲထဲက ကျည်ဆံနှစ်တောင့် ယူခဲ့စမ်း” အဖေ့မိတ်ဆွေနှစ်ယောက်က အံ့ဩသွားဟန်ဖြင့် ကပျာကယာ “ဟာ ဆရာ၊ ဘာလုပ်မလို့လဲ ဆရာရယ်၊ တိရစ္ဆာန်ရုံသာ ပို့လိုက်ပါဗျာ၊ ဝန်ထောက်ကလည်း ကြိုးစားပေးပါ့မယ် ဆိုထားတာပဲ …”
အဖေက သူ့မိတ်ဆွေ နှစ်ယောက်ဘက်လှည့်၍ “ကြိုးစားပါ့မယ်ဆိုတာ အာမခံတာနဲ့ တခြားစီပဲဗျာ။ နောက်ပြီး သူတိုပ လူမျိုးတွေက စကားအလှ သုံးတာဗျ … ၊ ကျုပ်တစ်သက်လုံး အရိပ်တကြည့်ကြည့် လက်ဖျားနဲ့ မထိရက်ဘဲနဲ့ မွေးလာရတဲ့ ကျုပ်ကလေးကို ဘာကြောင့် သူတို့လို နှိပ်စက်မယ့် လူတွေလက်ထဲ အပ်ရမှာတုန်း။ နောက်ညပီး သူနဲ့ကျုပ် ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုပြီးဆိုးလိမ့်မယ်ဗျ။ ဒီတော့ သူ့အတွက် ကျုပ် စိတ်ဒုန်းဒုန်းချရအောင်”
ထိုအခိုက် ဘုမသိဘမသိ သေနတ်ယူလာသော အမေ့နောက်မှ အိမ်သားတွေကလည်း ကပ်ပါလာကြသည်။ အမေကမ်းပေးသော သေနတ်ကိုယူလိုက်စဉ် အဖေ့မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေလျှံလျက်ရှိသည်။ သူသည် ရှေ့လက်နှစ်ဖက်ကိုထုတ် ခြေထောက်ကို နောက်သို့ကန်ပြီး ကိုယ်ကလေးကို ဖြန့်လျက် အညောင်းဆန့်နေသော တာတီးကို တစ်ချက်မျှ စိုက်ကြည့်၍ တစ်လံကွာခန့် ပြေးထွက်သွားသည်။ ထို့နောက် အဝေးမှ လက်ဖျစ်တစ်ချက်တီးလျက် ကြေကွဲတုန်ရီသော အသံနှင့် “တာတီးရေ … သားလေး မတ်တတ်ရပ် ရှေ့တိုးခဲ့” ဟု ခေါ်လိုက်ရာ တာတီးသည် အညောင်းဆန့်နေရာမှ ကဗျာကသီ နောက်ခြေပေါ်ရပ်လျက် ယိုင်တိယိုင်တိုင် တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။
“ဒိုင်း” ဟူသည့် သေနတ်သံက တောင်တစ်ကြောဝယ် မျောကာမျောကာ ပဲ့တင်ရိုက်ရင်း တဖြည်းဖြည်း ဝေး၍ဝေး၍ သွားလေ၏။ ၎င်းပဲ့တင်သံနှင့်အတူ တာတီး၏ ဝိညာဉ်နှင့် အဖေ၏ အသဲ(သည်း)နှလုံးတို့မှာ ထွေးလုံးရစ်ပတ်၍ ပါသွားကောင်း ပါသွားမည်တည်း။
(ကျွန်တော်၏ ဇနီးပြောပြပါသည်။)
--------------
သော်တာဆွေ
(သတ္တဝါတို့၏ သံသရာ)
Credit to ငွေဇင်ယော် @ mmcybermedia

No comments:
Post a Comment