Zawgyi version
@@@@@@@@@@@@@@@
Credit မူရင်း
Unicode version
April Fool Day ဖြစ်ပေါ်လာပုံ
@@@@@@@@@@@@@@@
ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့စက်တင်ဘာလ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလိ့ု ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့ အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။
အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့ အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့ ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။
ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး April Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်စေခဲ့ပါတယ်။
April Fool နေ့ရောက်ရင် ကမ္ဘာတစ်ဝန်းမှာ ဟာသလုပ်ခြင်း၊ အတည်ပေါက် နောက်ခြင်း အမျိုးမျိုးကို ပြုလုပ်ကြပါတယ်။ အဖွဲ့အစည်း အချင်းချင်းကော၊ မီဒီယာများကရော အတည်ပေါက်နဲ့ နောက်ကြပါတယ်။ ပင်ဂွင်းတွေ မိုးပေါ် ပျံတဲ့သတင်းတွေကော၊ ကားတွေ ပျံတဲ့ သတင်းတွေ အပြင် များစွာ ရှိပါတယ်။ ယခု လက်ရှိမှာဆိုရင် Google Map မှာ အရင်တုန်းက ဆော့တဲ့ ဂိမ်းတစ်မျိုးကို ဆော့လို့ရပြီဆိုပြီးတော့ Google က Fool ပါသေးတယ်။
Credit မူရင်း
No comments:
Post a Comment