Zawgyi version
အႏွစ္(နဘူးအိုင္)ကဗ်ာမ်ားစုစည္းမႈ( ၂၀ )ပုဒ္
========================
ခုတ္ထြင္ျခင္းအသံ
-------------------------
ငါ့ကို
ေထာင့္ကန္ေဘာတစ္ႀကိမ္ပဲေပး
ႏွစ္ပရိေစၲဒေတြနဲ႕
ထပ္တလဲလဲ ေခ်ာင္းၾကည့္ခံရတဲ႕
ဘဝထဲကို
တည့္တည့္ႀကီးကန္သြင္းလိုက္မယ္
ဒါပါပဲ တဲ႕
နီဂုံးခ်ဳပ္တဲ႕ အသံ
(ဘယ္ေကာင္လဲကြ ေဟ)
ဒီမွာ ေငြေၾကးနံ႕ေတြရဲ႕
မ်က္ခုံးေမႊးေပၚ ခုန္အုပ္ဖို႕
အသက္ရႈျခင္းမ်ား
ဆက္ျပီးထုတ္လုပ္ရဦးမွာပဲ
ႀကိဳက္သလို က်ိဳခ်က္ၾကည့္
အေရျပားအဖုံးနဲ႕
ေဟာဒီ စက္ရုံႀကီးစိတ္ထားက
အနံ႕ခံေခြး မဟုတ္ခဲ႕ဘူး
"လြဲမွားမႈ
အကဲ႕ရဲ႕
မာန"
ၾကားၾကလားေဟ့
လူစည္ကားရာ အေျခခ်ေနတဲ႕
အေၾကာေသရင္ဘက္မ်ားအေပၚ
ဓားေပါက္က်င့္သူဟာ ငါေပါ့ ။ ။
.
အႏွစ္ (နဘူးအိုင္)
****************************
ေနာက္ဆုံး (၅)မနစ္
-------------------------
ရုပ္ပ်က္ဆင္းပ်က္
တစ္စစီ ဝိုင္းျဖဳတ္ခံရတဲ႕ မနက္ခင္း။
ေၾကကြဲမႈတို႕ ရွည္လ်ားလာပုံ
အဂၤေတအတုနဲ႕ လုပ္တဲ႕
မ်က္နာေျပာင္တိုက္ သမံတလင္းကိုမွ
ေမာ့ၾကည္ရတဲ႕အျဖစ္။
စဥ္းစား
ခပ္ျမန္ျမန္စဥ္းစား
နားပင္ေနတဲ႕ နာရီေတြကေတာ့
တဝီဝီ ပ်ံသန္းေလရဲ႕။
ငါ ခုန္တက္လိုက္တယ္
တစ္ေကာင္နဲ႕ တစ္ေကာင္
အျပန္အလွန္ထိုးေဟာင္ေနတဲ႕
ေရြးခ်ယ္မႈနဲ႕ ကံၾကမၼာတို႕မွ ေဝးရာ
ငါ့ ျမစ္ေၾကာင္း မီရာတြဲေပၚကို။ ။
.
အႏွစ္ (နဘူးအိုင္)
၁၉၉၇(သရဖူ)
*****************************************
မေနရဲတဲ႕အခန္း
---------------------
အသစ္စက္စက္ေတြ
ဝိုင္းလိုက္လာေတာ့
ကြ်န္ေတာ္ ပိုင္တာ ေဆးဝါးတစ္ခ်ိဳ႕။
ေဟာ္တယ္ေတြက
ညကို
ဝဝလင္လင္စားေသာက္ေနရဲ႕။
မနည္းလွပါဘူး
အသစ္ေတြ ဝိုင္းလိုက္လာတယ္
ေဟာ္တယ္ေတြ ဝိုင္းလိုက္လာတယ္
ရုပ္ရွင္ရုံေတြ ဝိုင္းလိုက္လာတယ္
ယူစရာ သိပ္မရွိပါဘူး
ျမိဲဳ႕တစ္ျမိဳ႕ငယ္ဓာတ္ပုံ
စာအုပ္တစိခ်ိဳ႕
ကေဖးဆိုင္တစ္ဆိုင္
နိုင္ဝနကေလးပါ။
ေဟာ . . . . .. . .
နီးကပ္လာေပါ့
လူေတြ ဝိုင္းလိုက္လာတယ္
အေရျပားသစ္ေတြ ဝိုင္းလိုက္လာတယ္
ဗ်ိဳ႕ ကဗ်ာဆရာ
ခင္ဗ်ားတို႕ ေအာင္ပင္လယ္
ဒီည ကြ်န္ေတာ္အိပ္မွ ျဖစ္မယ္။ ။
.
အႏွစ္ (နဘူးအိုင္)
၁၉၉၃lစက္တင္ဘာlရုပ္ရွင္ေတးကဗ်ာ
*************************
မွတ္တမ္း
- --- --------------
တဖ်စ္ဖ်စ္ျပိဳက်ေနမယ္
ဒါမွမဟုတ္
ၾကယ္ေတြ ရြက္ထားလိမ့္မယ္။
ေအးစက္လြန္းတဲ႕ အသံေတြကလည္း
ဇြဲနပဲႀကီးႀကီး ေပါက္ကြဲျပင္းထန္လို႕
အို . . .ေခ်ာက္ခ်ားရႈပ္ေထြးဖြယ္ညမ်ား
ေမ်ာ႕ေကာင္လို စိုက္ဝင္ေပါ့
ရွိေစေတာ့
ဘာမွမဆုံးျဖတ္နိုင္ခင္
ေကာင္းကင္ေမာ့ၾကည့္မိျခင္းသာ။ ။
.
အႏွစ္ (နဘူးအိုင္)
1995(စက္တင္ဘာ)/ရုပ္ရွင္ေတးကဗ်ာ
****************************
မိမိ၏ေတာင္ကုန္းမ်ား
-------------------------------
အခ်န္မိ
အသံကုန္တားျမစ္တဲ႕ၾကားက
ဖူးပြင့္လိုက္
ေဇာေခြ်းသုတ္လိုက္
ဘဝဆီက အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႕
သူမရဲ႕ေဖာဌဗၺၿမိဳ႕ႀကီးဆီ
ၾကားခံုစီးသြားလိုက္။
ခုကိစၥမွာလည္း
မိႈတက္ၿပီး ထြားႀကိဳင္းလြန္းတဲ႕
တခြ်င္ခြ်င္သေကာင့္သားဟာ
ေနာက္တစ္ေခါက္တန္းစီေနျပန္ပါၿပီ။
ေဟး . . . . .ခ်စ္သူရဲ႕
ဇာတ္လမ္းဆုံးေတာ့
ေရညွိတက္ေက်ာက္တုံးလို႕ ငါ့ကို ျမင္သလား
ငါ့ဆံပင္မွာ
တိမ္ေတြျငိေနတာ မင္းမသိနိုင္ဘူး။
.
အႏွစ္ (နဘူးအိုင္)
(ပန္းနုေရာင္ဆံပင္မ်ား၏ခ်ဥ္တိုင္မွ)
******************************
ကိုယ္ရဲ႕ျဖစ္ရပ္မွန္
**************
ဒီတစ္ႀကိမ္
ငါျပန္ေရာက္ေတာ႕
တကယ္ရြာမယ့္ မိုးသားေတြ
အလိပ္လိုက္ေ၀ဆာ
(ဒီေနရာမွာ)
ေပါင္မုန္႕ အခ်စ္ သစ္ပင္ရိပ္
အားလုံး အက်ဳံး၀င္ပါလိမ့္မယ္။
သင္….အားရေအာင္ စားစမ္း
ကံတရားဆိုတဲ႕ပုဂၢဳလ္ႀကီး
က်ဳပ္ဒုကၡေတြမွာ
မွတ္သားစရာမ်ား
ထူးထူးျခားျခားေလာင္ျမိဳက္ခဲ႕။
အမွားေတြက
ညေပၚ လိမ့္က်
ညေတြက
အမွားေပၚလိမ့္က်
အမွန္တကယ္ျပဳျပင္ပါေတာ႕မယ္
ဒီစကားမဆုံးမီ
ထပ္ထပ္လိမ့္က်။
တကယ္ျဖစ္ေျမာက္မယ့္ မိုးသားေတြ
သယ္ပိုးလာတဲ႕ေန႕
ခက္တာက
အိမ္ေခါင္နဲ႕
ၾကြပ္ဆတ္ကမၻာေျမဟာ
ကိုယ့္ကို မယုံၾကည္ၾကဘူး....။
.
အႏွစ္ (နဘူးအိုင္)
ရုပ္ရွပ္ေတးကဗ်ာ၊ေမလ၊၁၉၉၇
**************************************
ေမွ်ာ္စင္
--------
ရွင္းရွင္းေလးပါပဲ
လေရာင္နဲ႕ ၾကယ္တာရာကို စိုက္ပ်ိဳးဖို႕
ညကို ၀မ္းနဲ႕လြယ္ရမယ္။
သူငယ္ခ်င္းေရ
တို႕၀ိညာဥ္ေတြကို အကုန္ယူသြားပါ
အခိုးခံလိုက္ရတဲ႕တေယာျပားတစ္လက္အတြက္
ကမၻာႀကီးအခ်င္းထက္ရွည္
အနာတရဘိုးတံကိုင္ေဆာင္ေရး
ပင္လယ္ကို မင္း ခုတ္ေမာင္းရဦးမွာမို႕ ...။ ။
ရုပ္ရွင္ေတးကဗ်ာ၊ဇန္န၀ါရီ၊၁၉၉၇
********************************************
ေက်ာေပၚက ည
----------------------
တစ္ခါသာရေသာဘ၀မွာ
ထပ္တလဲလဲ က်ိန္စာမိသူ
သမာရိုးက်စြန္႕စားျခင္းထဲ
အဆီအေငၚမတည့္ ၀လင္လို႕
ေျခစစ္ပြဲကေလးကိုေတာင္
အမွတ္အနည္းဆုံးျဖစ္ခဲ႕။
၀က္အူရစ္ေန႕စြဲမ်ား
အျဖစ္ျမန္
ေတာင္တန္းေတြ အေပါင္ဆုံးခဲ႕။
ခုေတာ႕
ၾကယ္ေတြ ေက်ာပိုး
ကုလားအုတ္ႏွယ္ ေရြ႕လ်ားစဥ္
ညေနခင္းေတြသာ
အထပ္လိုက္လြမ္းက်န္ရစ္ေ့ပါ့။
ဟန္သစ္၊ေမလ၊ ၁၉၉၆
*************************************
ငါ့အက်ၤ ီၾကယ္သီးမ်ား
__________________
ၾကြင္းက်န္ရစ္တဲ႕ေျခရာမ်ားမွ
စစ္ခ်ျပီးေသာ
နံနက္ခင္းမိုးတိမ္တို႕ တန္ဖိုးႀကီးစြ။
ငါဟာ ညံ့ခဲ႕တယ္
ညံ႕တာကိုပဲ ေတြ႕ခဲ႕တယ္
ထိုလမ္းေၾကာင္းအတိုင္း
မုန္တိုင္းေတြ ပြင့္ၾက
ေခ်ာ္ရည္ပူေတြ ကခုန္ၾက။
ဆယ္စုႏွစ္သုံးခုေက်ာ္
ထူေထာင္ျပီးခဲ႕တဲ႕ငါ့ကမၻာေျမေရ
သင့္လက္ေခ်ာင္းဟာ
မုတ္ဆိတ္ရိတ္ဖို႕တင္ မဟုတ္ဘူး
ေခါင္းတိုင္၀က
ေမွ်ာ္လင့္ျခင္းမ်ားအခိုးအေငြ႕မ်ား မိေအာင္ ဖမ္းပါ။
သင့္မ်က္လုံးဟာ
အစာေရစာနဲ႕ လိင္ကြဲသူအတြက္တင္ မဟုတ္ဘူး
တိတ္ဆိတ္နံရံထဲက
ပြင့္ထြက္လာမယ့္ အဆအဟုန္ကို
ျမင္ေအာင္ ၾကည့္ပါ။
တစ္ေန႕
ငါသိုေလွာင္ထားတဲ႕
အဆင့္ျမင့္ေတာင္တန္းႀကီးေတြကို
ရစ္လုံးတစ္လုံးနဲ႕ လႊတ္တင္လိုက္မယ္ ထပ္တူ။……..။
****************************
အန္တုေလ
__________
တို႕ျမိဳ႕ေလးဟာ
အက်ၤ ီလက္ကိုေခါက္တင္ေန
နူးေၾကာေတြ ေျဖခ်ျပီး
ေနာက္က်ျခင္းကို
လက္ျပထားရစ္ေပါ့။
မၾကာခဏလွည္႕ၾကည့္တက္တဲ႕
မ်က္လုံးရဲ႕ေရတိမ္
ဘယ္အခ်ိန္က်ေပ်ာက္
လြမ္းေလာက္စ
ဘ၀ေတြ ကုန္းထေနဆဲမွာ။
အစပ္မတည့္
ေႏြနဲ႕ ဆီးႏွင္း
သက္ျပင္းရီေ၀
စာမ်က္နာေတြ နုပ္နုပ္စင္း
တို႕ၿမိဳ႕ေလး
ႀကီးျပင္းေတာ႕မယ္။
ေျပေျပေလ်ာေလ်ာ
ေဒါသမဲ႕
(အခ်ဳပ္တန္းဆရာေဖရဲ႕) မွန္စမ်ားေပါ့
ၿပိဳးျပက္ခြင့္ေတြ စည္ကားေန…။ ။
***********************
ၾကာသာပေတးသားရဲ႕ရထား
-------------------------------
အႀကိမ္ႀကိမ္ ပြတ္သပ္
ပ်င္းရီျငီးေငြ႕လမ္းေပၚ
ေအာ္ဟစ္ျမည္တြန္ရင္းနဲ႕
ၿမိဳ႕ေတာ္ႀကီး၀မ္းဗိုက္ထဲ
ဘာရွိမလဲ
၀ါထိန္ထိန္စပါးခင္းေတြ ဟိုဘက္
ဘာရွိမလဲ
ေရသည္ ေကာင္မေလးအိမ္မွာ
ဘာရွိမလဲ
၀ွီးခနဲ ပစ္ခ်ခံရတဲ႕
၀ဖီးဖီး အိတ္တစ္လုံးအတြက္
သူ႕ေက်ာေပၚက ခုန္ဆင္းသြားသူ
ဂ်င္းေဘာင္းဘီေဟာင္းနဲ႕ ဆပ္ကပ္သမားဆီမွာ
ဘာရွိမလဲ
အားလုံးဟာ
ဘီယာႀကိဳက္တက္တဲ႕ ကုလားအုပ္ေတြလား
အားလုံးဟာ
အတုလုပ္တတ္တဲ႕ ယႏၱရားေတြလား
အားလုံးဟာ
ခလုတ္ပ်က္ေနတဲ႕ အိပ္မက္ေတြလား
သူသိတာ နည္းနည္းပဲ
ဘာရွိမလဲ
ဒါဟာ ေအသင္ၿမိဳ႕ႀကီးမဟုတ္တာေတာ႕ ေသခ်ာရဲ႕
ေနာက္....သူကလည္း
ေတြးေခၚရွင္ႀကီး မဟုတ္ခဲ႕ေလေတာ႕
ဘာရွိမလဲ
ဘာရွိမလဲ
ဘာရွိမလဲ
အအိပ္ပ်က္ အစားပ်က္
စြဲကပ္ေနတဲ႕ သီခ်င္း......။ ။
.
အႏွစ္ (နဘူးအိုင္)
************************
ညရထား
---------------
လေရာင္ေသဆုံးတဲ႕ လမ္းေပၚ
သစ္ပင္ေတြ
အသုတ္လိုက္ပဲ႕ပါသြား
တစ္ခ်ိဳ႕
တလႈပ္လႈပ္ေမ်ာ(24)နာရီထဲ
ဘယ္သူေတြ
စိုးရိမ္စိတ္နဲ႔
ကိုယ့္နာမည္ကို
အသံတိတ္လိုက္စမ္းေနသလဲ
ေဟာဒီဘက္မွာ
ျပတင္းဖြင့္ထားတဲ႕လူတစ္ေယာက္ရွိရဲ႕
ကုလားအုတ္တစ္ကာင္ပုံပန္းမ်ိဳးနဲ႕
ဘဝရဲ႕
ႀကီးက်ယ္ခန္းနားဝဋ္ဆင္းရဲ တင္ေဆာင္လို႕
ေကာင္းကင္ႀကီးတစ္ခု ထုတ္ပိုးလို႕
ခင္ထူးနဲ႕ ရင္ေသြးသုံးေယာက္
တြယ္ခ်ိတ္လို႕
ညရဲ႕ေမႊးညင္းေပါက္ေတြထဲ
သူ႕ရင္အုံတစ္ဖက္ ညစ္ခ်ရင္း
ရထားဟာ
ဘီးပြတ္သံဗရပြနဲ႕
စီးဆင္းခဲ႕ေခ်ျပီ။
ေပးသူရွိဦး
မနက္ခင္းကို အလကားမလိုခ်င္ဘူးေလ။ ။
အႏွစ္ (နဘူးအိုင္)
ဟန္သစ္(ခုႏွစ္မမွတ္မိ)
********************
ၾကယ္ေတြကို ငါအလြတ္ရတယ္
-------------------------------------
အဲဒီ
ဒုကၡတရားဆိုတဲ႕အငတ္ေကာင္
သူ႕လွ်ာေပၚမွာ
ငါဟာ
အရသာထူးကဲျပီး
ဗီတာမင္အျပည့္ပါတဲ႕
အစာေရစာျဖစ္ခဲ႕။
ကိုယ့္ဘက္ကေတာ့
စိတ္လိုလက္ရတည္ေဆာက္
တည္ေဆာက္သမွ် မီးေလာင္
ေတာင္တန္းေတြ တဝုန္းဝုန္း ၿပိဳက်ခဲ႕ေလေတာ့
ဘဝကို
သဒၵါျပန္ၿပီး ထိုးခဲ႕ရပါတယ္။
ရႈံးတယ္
ရႈံးစမ္း
လြဲတယ္
လြဲစမ္း
ပ်စ္ပ်စ္ႏွစ္ႏွစ္ႀကီး လြဲလိုက္စမ္းပါ
ေျမျပင္ေပၚ လဲေနတဲ႕ စက္ဘီးလို
ဒီထက္ပိုၿပီး
မလဲနိုင္ေတာ့ဘူး မဟုတ္လား။
ကိုယ့္ဘက္ကေတာ့
စိတ္လိုလက္ရ
ျပင္းျပင္းထန္ထန္ေမြးျမဴခဲ႕ပါတယ္။
ယူၾကံဳးမရျဖစ္သည္ထိ
ရႈံးနိမ့္ရင္ဆိုင္ရတိုင္း
ၾကယ္ေတြကို ငါ အလြတ္ရတယ္။ ။
.
အႏွစ္ (နဘူးအိုင္)
********************
ေပါက္ပန္းေစ်း
-------------------
အဲဒီအတြင္းပုိင္းမွာက
ဂလိုင္ႀကီးတစ္ခုရယ္
ႏွစ္ခ်ိဳ႕လုံးပမ္းျပသမႈေတြရယ္
အရွက္မြဲမ်က္လုံးျပဴးေတြရယ္
ေျခသံရွပ္ရွပ္ေခြးဝဲစားမ်ားရယ္
ဒါပဲ ရွီနိုင္တယ္. . . . . ။
ကဲ. . . .အေပ်ာ္ေတြနဲ႕ ျဖန္းပတ္ပါဦးလား
ေခ်ာကလက္ႀကိဳက္တဲ႕ တိုက္ႀကိဳတိုက္ၾကားက ၿမိဳ႕ႀကီး။
ေဟာဟိုမွာ ကုန္းေခါင္ေခါင္ေပၚ ေမ်ာပါကြဲအက္
လက္ညွိဳးတစ္ေခ်ာင္းရဲ႕အတြက္နဲ႕ပဲ
အနာဂတ္အားလုံးပ်က္စီးရၿပီ. . . .။
မသိလိုက္သလို
ႀကီးထြားၾကစတမ္းဆိုရင္ျဖင့္
အရက္ဆိုင္ေတြဆီပဲ သြားလိုက္ၾက
အရပ္ထဲက ရွပ္ေတးမေလးေတြလို
ဇာတ္ပြဲေတြဆီပဲ စီးဝင္ၾက
ဆံပင္ျဖဴတစ္ေခ်ာင္းနဲ႕ ႀကဳံလာတဲ႕အေရျပားအတြက္
ေျခရာခံေကာက္ခ်က္ တစ္ခု ုေျပာၾကားဖို႕
ဓမၼတရားေတြကို ႏွလုံးသြင္းၾက
ေနာက္ၿပီး
တစ္ကိုယ္ေရတကၠာယထြက္ေပါက္မွာ
(အနုပညာ)ဟန္ပါပါ ဖြဲ႕စပ္ၾက. . . ။
ဒီဝန္းက်င္မွာ
အဆင္တန္ဆာေတြကို
လိုတာထက္ ပိုခ်ိတ္ျပလိမ့္မယ္။
တစ္ခ်ိန္တည္းဆိုသလို
အာေခါင္ေတြပိုမို ေျခာက္ေသြ႕တိုင္းလည္း
ထုံထိုင္းနာက်င္မႈေတြကို
ဆူးတစ္ေခ်ာင္းနဲ႕သာ ထိုးေဖာက္ပစ္မိတယ္။
ျမင္လား
အဲဒီအေပၚယံေတြရဲ႕
ဆင္ျခင္မဲ႕တိုက္ခတ္မႈမွာ
ညဟာ တို႕ဘက္ကမ္းကို
ရဲရဲႀကီး ဆြဲတက္လာျခင္းျဖစ္တယ္။
.
အႏွစ္ (နဘူးအိုင္)
*************************************
မိုးမခ တန္ဘိုး
----------------
(၁)
မိုးထဲမွာ
ထီးမပါ ခေလးတစ္ေယာက္
အိမ္အေရာက္ ေက်ာင္းဆင္းခန္း
ျမိဳ႕ျပလမ္းမ. . .။
(၂)
ေခါင္းေပၚမွာ
အိုင္ မပါ
ပါလည္း ကိစၥမရွိ
ဘာမီတြန္သိ ဘာစပရိုရွိ . . . ။
(၃)
ခႏၶာကိုယ္
ရႊြဲရႊဲစိုနစ္
က်စ္က်စ္ပါေအာင္ ဆုပ္ဆြဲ
လြယ္အိတ္ထဲက စာအုပ္ကေလးေတြ
မိုးေရ မခ
ပလက္စတစ္တစ္စ
အထဲက ခံထားရွာတယ္ ။
(၄)
ကဲ . . . .
နုလတ္စပန္းခင္း
တာေဝးသီခ်င္း
သံသယကင္းေအာင္
မိုးမခ တန္ဘိုး
ဘယ္လို လူမ်ိဳးတြက္ေပးမလဲ ။
အနွစ္(နဘူးအိုင္)
****************************************
မေနတတ္မထိုင္တတ္ေရးၾကည့္မိတဲ့ကဗ်ာ
______________________________
သင္
မိုးေကာင္းကင္အတုနဲ႔အစစ္ကို မခြဲျခားတတ္၇င္
ကဗ်ာဆ၇ာမျဖစ္ႏိုင္ဘူး
ကူးျဖတ္၇မယ့္ ျမစ္၇ဲ့အထာကို မသိ၇င္
ကဗ်ာဆ၇ာမျဖစ္ႏိုင္ဘူး
ကမာၻေျမရဲ႕ပသာဒကို ျမင္ေအာင္ မၾကည့္တန္၇င္
ကဗ်ာဆ၇ာမဟုတ္ဘူး။
.
သင္
အသံတိတ္မ်က္လုံးနဲ႔
ဘာသာစကားေျပာတတ္၇င္
ကဗ်ာဆ၇ာျဖစ္ႏိုင္တယ္
ကိုင္းကူးမ်ိဳးပြားစနစ္ ကြၽမ္းက်င္၇င္
ကဗ်ာဆ၇ာျဖစ္ႏိုင္တယ္
သစၥပန္းေတြ၇ဲ႕ ရနံ႔ကို သိုေလွာင္တတ္၇င္
ကဗ်ာဆ၇ာျဖစ္ႏိုင္တယ္။
.
ကဗ်ာဆ၇ာဆိုတာ
အလ်ား အနံ အျမင့္႐ွိၿပီး
ကိုယ္ေဖာ့ႏိုင္တဲ့ `ေျခလွမ္း´ေတြေပါ့ကြာ။
.
အႏွစ္(နဘူးအိုင္)
**************************************
အခန္းထဲက ႐ႈေမ်ွာ္ခင္း
___________________
အႏွစ္(နဘူးအိုင္)
.
အဖာကြာေနတဲ့
စကားလုံးေတြ
တဝီဝီလည္ပတ္
အဲဒီငနဲေတြေၾကာင့္
ညဟာ
တို႔ဘက္ကမ္းေရာက္လာ
မီးေတာင္ေတြ
ဝ႐ုန္းသုန္းကားနဲ႔ၿမိဳ႕
မုန္တိုင္းေတြ
စည္ကားလြန္းတဲ့ၿမိဳ႕
ေဟာဒီ
အခန္းထဲက ၿမိဳ႕မွာ
လူျဖစ္ရတာ နာတယ္။.......။
.
အႏွစ္(နဘူးအိုင္)
**************************************
လမ္းဘူတာ
____________
အႏွစ္(နဘူးအိုင္)
.
တဖြဲဖြဲက်တဲ့ အၾကည့္ေတြေၾကာင့္
ညညဆို ၾကယ္ေတြကို မျမင္ရဘဲ လြမ္း။
ဂရိေတြးေခၚ႐ွင္ အိုင္အိုဂ်ီးနီးစ္ကေတာ့
ဧည့္ခန္းမွာတင္
သူေဌးႀကီးတစ္ဦးမ်က္နာကို
တံေတြးနဲ႔ ေထြးပတ္ခဲ့သတဲ့ ။
ဘဝတင္တင္ဆက္မႈဒုတိယပိုင္းေရာက္ၿပီ
ဇာတ္ရည္က မလည္ေသး
အလိုမတူ ကံတရားႀကီးစိုးတုန္း
ငါ့စိုက္ခင္း ပိုးက်တုန္း
ေမးခြန္းေတြ ထူထပ္တုန္း
အႏွစ္(နဘူးအိုင္)ဆိုတဲ့ေကာင္ကလည္း
လူတြင္က်ယ္ရင္ဘက္ေတြေပၚ
သီခ်င္းေလးနဲ႔ ဓားေပါက္က်င့္ေကာင္းတုန္းေလ ။
.
အႏွစ္(နဘူးအိုင္)
၂၀၀၇ ဇြန္လ၊ ခ်ယ္ရီ ၊
****************************************
ခႏၶာကိုယ္ထဲက ည
________________
ညေတြထဲက
ညတစ္ခုပဲရခ်င္တယ္
ဟိုး အေပၚက
ေနာက္ ေလးဘက္ေလးတန္
ဖဲခ်ပ္ကုလားဖန္ထိုးသလို
တဖ်ပ္ဖ်ပ္ျမည္သံနဲ႔
ညေတြ
ညေတြ
ဇြတ္က်လာလိုက္တာ
တမင္သက္သက္ခုတ္ခ်ေနပုံပါပဲ။
ကမာၻေျမတစစ္စစ္ကိုက္ခဲ
ေဟာဒီညကို
ခဲရာခဲဆစ္ညႇစ္ခ်လိုက္တာပါ ။
လူေတြ ေက်ာက္တုံးလို တိတ္ဆိတ္
က်ေနာ္လည္း
အရိပ္မည္းေတြၾကား
သူတို႔လို နားစြင့္ဖို႔
ကိုယ့္ကိုယ္ကိုယ္ ကိုင္လႈပ္ေနမိရဲ႕ ။
သိၿပီလား
ညေတြၾကားက
တစ္ခုပဲရခ်င္ေပါ့ ။
ကိုယ္ပိုင္ဟန္နဲ႔ ခုလိုညမ်ိဳး ။
သားရဲတစ္ေကာင္
ျပတင္းေဘာင္မွာ ေက်ာက္ခ်
ေမးေထာက္ၾကည့္ေနသလား
ေကာင္းကင္ကိုဝင္စီး
ေဒါသႀကီးတဲ့ေမး႐ိုးေတြ
တခြၽမ္းခြၽမ္း ေအာ္ေနၿပီလား
ဟိုမွာ
အပိုင္းပိုင္းျပတ္
ကိုယ္ကာယ မပီမသနဲ႔
အရည္ေပ်ာ္ညေတြ
ပိန္လွီေခြေခါက္ညေတြ
႐ႈး......အသံမေပးလိုက္နဲ႔
ဖိစီးမႈေတြ ေဆးေၾကာဖို႔
ညတစ္ခုကို
ခႏၶာထဲက ရလိုက္တယ္ ။
.
အႏွစ္( နဘူးအိုင္ )
****************************************
ျဖစ္၇ပ္မွန္ဇာတ္ေၾကာင္း
__________________
(၁)
ငါ ျပန္ေရာက္ေတာ့
မအိပ္ဘဲရတဲ့ အိပ္မက္နဲ႔
သေဘာတူလေရာင္ပါတယ္။
အသံကုန္ေအာ္တဲ့ျမစ္
တံတားေပၚက ခ်စ္သူေတြ
ငါနဲ႔အတူ တစ္သားေမြးတစ္ေသြးလွ
ေနာင္တမ်ားစြာ
ဇိအစ္ရက္စြဲမ်ားစြာ
အို တစ္သီတစ္တန္းႀကီးပါ
ဘယ္သူ႔ေနာက္မွ မလိုက္တဲ့
ကိုယ္ခံပညာ
ရာသီဥတု
ဘဝနဲ႔ဓာတ္ျပဳ ေသာက္ေရသန္႔
လည္ေခ်ာင္းအတိုင္းေပါက္ကြဲေပါ့ ။
"က်ဳပ္ပါ
အႏွစ္(နဘူးအိုင္)ဆိုတဲ့အေကာင္ေလ
ေလာကဓံတရားထဲက
ပ်ားရည္စစ္စစ္ကို တူးေဖာ္ခဲ့ၿပီ "
(၂ )
ခက္ေနတာက
ငါ့မိုးသားေတြ ရင္းႏွီးအုံ႔ဆိုင္းေလသမွ်
အိမ္ေခါင္မိုးနဲ႔ ေရတံေလွ်ာက္ေတြက
ျပက္ရယ္ျပဳ မယုံၾကည္ၾကဘူး ။
.
အႏွစ္( နဘူးအိုင္ )
ဟန္သစ္ ၊၁၉၉၇
Unicode version
အနှစ်(နဘူးအိုင်)ကဗျာများစုစည်းမှု( ၂၀ )ပုဒ်
========================
ခုတ်ထွင်ခြင်းအသံ
-------------------------
ငါ့ကို
ထောင့်ကန်ဘောတစ်ကြိမ်ပဲပေး
နှစ်ပရိစ္တေဒတွေနဲ့
ထပ်တလဲလဲ ချောင်းကြည့်ခံရတဲ့
ဘဝထဲကို
တည့်တည့်ကြီးကန်သွင်းလိုက်မယ်
ဒါပါပဲ တဲ့
နီဂုံးချုပ်တဲ့ အသံ
(ဘယ်ကောင်လဲကွ ဟေ)
ဒီမှာ ငွေကြေးနံ့တွေရဲ့
မျက်ခုံးမွှေးပေါ် ခုန်အုပ်ဖို့
အသက်ရှုခြင်းများ
ဆက်ပြီးထုတ်လုပ်ရဦးမှာပဲ
ကြိုက်သလို ကျိုချက်ကြည့်
အရေပြားအဖုံးနဲ့
ဟောဒီ စက်ရုံကြီးစိတ်ထားက
အနံ့ခံခွေး မဟုတ်ခဲ့ဘူး
"လွဲမှားမှု
အကဲ့ရဲ့
မာန"
ကြားကြလားဟေ့
လူစည်ကားရာ အခြေချနေတဲ့
အကြောသေရင်ဘက်များအပေါ်
ဓားပေါက်ကျင့်သူဟာ ငါပေါ့ ။ ။
.
အနှစ် (နဘူးအိုင်)
****************************
နောက်ဆုံး (၅)မနစ်
-------------------------
ရုပ်ပျက်ဆင်းပျက်
တစ်စစီ ဝိုင်းဖြုတ်ခံရတဲ့ မနက်ခင်း။
ကြေကွဲမှုတို့ ရှည်လျားလာပုံ
အင်္ဂတေအတုနဲ့ လုပ်တဲ့
မျက်နာပြောင်တိုက် သမံတလင်းကိုမှ
မော့ကြည်ရတဲ့အဖြစ်။
စဉ်းစား
ခပ်မြန်မြန်စဉ်းစား
နားပင်နေတဲ့ နာရီတွေကတော့
တဝီဝီ ပျံသန်းလေရဲ့။
ငါ ခုန်တက်လိုက်တယ်
တစ်ကောင်နဲ့ တစ်ကောင်
အပြန်အလှန်ထိုးဟောင်နေတဲ့
ရွေးချယ်မှုနဲ့ ကံကြမ္မာတို့မှ ဝေးရာ
ငါ့ မြစ်ကြောင်း မီရာတွဲပေါ်ကို။ ။
.
အနှစ် (နဘူးအိုင်)
၁၉၉၇(သရဖူ)
*****************************************
မနေရဲတဲ့အခန်း
---------------------
အသစ်စက်စက်တွေ
ဝိုင်းလိုက်လာတော့
ကျွန်တော် ပိုင်တာ ဆေးဝါးတစ်ချို့။
ဟော်တယ်တွေက
ညကို
ဝဝလင်လင်စားသောက်နေရဲ့။
မနည်းလှပါဘူး
အသစ်တွေ ဝိုင်းလိုက်လာတယ်
ဟော်တယ်တွေ ဝိုင်းလိုက်လာတယ်
ရုပ်ရှင်ရုံတွေ ဝိုင်းလိုက်လာတယ်
ယူစရာ သိပ်မရှိပါဘူး
မြိဲု့တစ်မြို့ငယ်ဓာတ်ပုံ
စာအုပ်တစိချို့
ကဖေးဆိုင်တစ်ဆိုင်
နိုင်ဝနကလေးပါ။
ဟော . . . . .. . .
နီးကပ်လာပေါ့
လူတွေ ဝိုင်းလိုက်လာတယ်
အရေပြားသစ်တွေ ဝိုင်းလိုက်လာတယ်
ဗျို့ ကဗျာဆရာ
ခင်ဗျားတို့ အောင်ပင်လယ်
ဒီည ကျွန်တော်အိပ်မှ ဖြစ်မယ်။ ။
.
အနှစ် (နဘူးအိုင်)
၁၉၉၃lစက်တင်ဘာlရုပ်ရှင်တေးကဗျာ
*************************
မှတ်တမ်း
- --- --------------
တဖျစ်ဖျစ်ပြိုကျနေမယ်
ဒါမှမဟုတ်
ကြယ်တွေ ရွက်ထားလိမ့်မယ်။
အေးစက်လွန်းတဲ့ အသံတွေကလည်း
ဇွဲနပဲကြီးကြီး ပေါက်ကွဲပြင်းထန်လို့
အို . . .ချောက်ချားရှုပ်ထွေးဖွယ်ညများ
မျော့ကောင်လို စိုက်ဝင်ပေါ့
ရှိစေတော့
ဘာမှမဆုံးဖြတ်နိုင်ခင်
ကောင်းကင်မော့ကြည့်မိခြင်းသာ။ ။
.
အနှစ် (နဘူးအိုင်)
1995(စက်တင်ဘာ)/ရုပ်ရှင်တေးကဗျာ
****************************
မိမိ၏တောင်ကုန်းများ
-------------------------------
အချန်မိ
အသံကုန်တားမြစ်တဲ့ကြားက
ဖူးပွင့်လိုက်
ဇောချွေးသုတ်လိုက်
ဘဝဆီက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
သူမရဲ့ဖောဌဗ္ဗမြို့ကြီးဆီ
ကြားခုံစီးသွားလိုက်။
ခုကိစ္စမှာလည်း
မှိုတက်ပြီး ထွားကြိုင်းလွန်းတဲ့
တချွင်ချွင်သကောင့်သားဟာ
နောက်တစ်ခေါက်တန်းစီနေပြန်ပါပြီ။
ဟေး . . . . .ချစ်သူရဲ့
ဇာတ်လမ်းဆုံးတော့
ရေညှိတက်ကျောက်တုံးလို့ ငါ့ကို မြင်သလား
ငါ့ဆံပင်မှာ
တိမ်တွေငြိနေတာ မင်းမသိနိုင်ဘူး။
.
အနှစ် (နဘူးအိုင်)
(ပန်းနုရောင်ဆံပင်များ၏ချဉ်တိုင်မှ)
******************************
ကိုယ်ရဲ့ဖြစ်ရပ်မှန်
**************
ဒီတစ်ကြိမ်
ငါပြန်ရောက်တော့
တကယ်ရွာမယ့် မိုးသားတွေ
အလိပ်လိုက်ဝေဆာ
(ဒီနေရာမှာ)
ပေါင်မုန့် အချစ် သစ်ပင်ရိပ်
အားလုံး အကျုံးဝင်ပါလိမ့်မယ်။
သင်….အားရအောင် စားစမ်း
ကံတရားဆိုတဲ့ပုဂ္ဂုလ်ကြီး
ကျုပ်ဒုက္ခတွေမှာ
မှတ်သားစရာများ
ထူးထူးခြားခြားလောင်မြိုက်ခဲ့။
အမှားတွေက
ညပေါ် လိမ့်ကျ
ညတွေက
အမှားပေါ်လိမ့်ကျ
အမှန်တကယ်ပြုပြင်ပါတော့မယ်
ဒီစကားမဆုံးမီ
ထပ်ထပ်လိမ့်ကျ။
တကယ်ဖြစ်မြောက်မယ့် မိုးသားတွေ
သယ်ပိုးလာတဲ့နေ့
ခက်တာက
အိမ်ခေါင်နဲ့
ကြွပ်ဆတ်ကမ္ဘာမြေဟာ
ကိုယ့်ကို မယုံကြည်ကြဘူး....။
.
အနှစ် (နဘူးအိုင်)
ရုပ်ရှပ်တေးကဗျာ၊မေလ၊၁၉၉၇
**************************************
မျှော်စင်
--------
ရှင်းရှင်းလေးပါပဲ
လရောင်နဲ့ ကြယ်တာရာကို စိုက်ပျိုးဖို့
ညကို ဝမ်းနဲ့လွယ်ရမယ်။
သူငယ်ချင်းရေ
တို့ဝိညာဉ်တွေကို အကုန်ယူသွားပါ
အခိုးခံလိုက်ရတဲ့တယောပြားတစ်လက်အတွက်
ကမ္ဘာကြီးအချင်းထက်ရှည်
အနာတရဘိုးတံကိုင်ဆောင်ရေး
ပင်လယ်ကို မင်း ခုတ်မောင်းရဦးမှာမို့ ...။ ။
ရုပ်ရှင်တေးကဗျာ၊ဇန်နဝါရီ၊၁၉၉၇
********************************************
ကျောပေါ်က ည
----------------------
တစ်ခါသာရသောဘဝမှာ
ထပ်တလဲလဲ ကျိန်စာမိသူ
သမာရိုးကျစွန့်စားခြင်းထဲ
အဆီအငေါ်မတည့် ဝလင်လို့
ခြေစစ်ပွဲကလေးကိုတောင်
အမှတ်အနည်းဆုံးဖြစ်ခဲ့။
ဝက်အူရစ်နေ့စွဲများ
အဖြစ်မြန်
တောင်တန်းတွေ အပေါင်ဆုံးခဲ့။
ခုတော့
ကြယ်တွေ ကျောပိုး
ကုလားအုတ်နှယ် ရွေ့လျားစဉ်
ညနေခင်းတွေသာ
အထပ်လိုက်လွမ်းကျန်ရစ်ေ့ပါ့။
ဟန်သစ်၊မေလ၊ ၁၉၉၆
*************************************
ငါ့အကျၤ ီကြယ်သီးများ
__________________
ကြွင်းကျန်ရစ်တဲ့ခြေရာများမှ
စစ်ချပြီးသော
နံနက်ခင်းမိုးတိမ်တို့ တန်ဖိုးကြီးစွ။
ငါဟာ ညံ့ခဲ့တယ်
ညံ့တာကိုပဲ တွေ့ခဲ့တယ်
ထိုလမ်းကြောင်းအတိုင်း
မုန်တိုင်းတွေ ပွင့်ကြ
ချော်ရည်ပူတွေ ကခုန်ကြ။
ဆယ်စုနှစ်သုံးခုကျော်
ထူထောင်ပြီးခဲ့တဲ့ငါ့ကမ္ဘာမြေရေ
သင့်လက်ချောင်းဟာ
မုတ်ဆိတ်ရိတ်ဖို့တင် မဟုတ်ဘူး
ခေါင်းတိုင်ဝက
မျှော်လင့်ခြင်းများအခိုးအငွေ့များ မိအောင် ဖမ်းပါ။
သင့်မျက်လုံးဟာ
အစာရေစာနဲ့ လိင်ကွဲသူအတွက်တင် မဟုတ်ဘူး
တိတ်ဆိတ်နံရံထဲက
ပွင့်ထွက်လာမယ့် အဆအဟုန်ကို
မြင်အောင် ကြည့်ပါ။
တစ်နေ့
ငါသိုလှောင်ထားတဲ့
အဆင့်မြင့်တောင်တန်းကြီးတွေကို
ရစ်လုံးတစ်လုံးနဲ့ လွှတ်တင်လိုက်မယ် ထပ်တူ။……..။
****************************
အန်တုလေ
__________
တို့မြို့လေးဟာ
အကျၤ ီလက်ကိုခေါက်တင်နေ
နူးကြောတွေ ဖြေချပြီး
နောက်ကျခြင်းကို
လက်ပြထားရစ်ပေါ့။
မကြာခဏလှည့်ကြည့်တက်တဲ့
မျက်လုံးရဲ့ရေတိမ်
ဘယ်အချိန်ကျပျောက်
လွမ်းလောက်စ
ဘဝတွေ ကုန်းထနေဆဲမှာ။
အစပ်မတည့်
နွေနဲ့ ဆီးနှင်း
သက်ပြင်းရီဝေ
စာမျက်နာတွေ နုပ်နုပ်စင်း
တို့မြို့လေး
ကြီးပြင်းတော့မယ်။
ပြေပြေလျောလျော
ဒေါသမဲ့
(အချုပ်တန်းဆရာဖေရဲ့) မှန်စများပေါ့
ပြိုးပြက်ခွင့်တွေ စည်ကားနေ…။ ။
***********************
ကြာသာပတေးသားရဲ့ရထား
-------------------------------
အကြိမ်ကြိမ် ပွတ်သပ်
ပျင်းရီငြီးငွေ့လမ်းပေါ်
အော်ဟစ်မြည်တွန်ရင်းနဲ့
မြို့တော်ကြီးဝမ်းဗိုက်ထဲ
ဘာရှိမလဲ
ဝါထိန်ထိန်စပါးခင်းတွေ ဟိုဘက်
ဘာရှိမလဲ
ရေသည် ကောင်မလေးအိမ်မှာ
ဘာရှိမလဲ
ဝှီးခနဲ ပစ်ချခံရတဲ့
ဝဖီးဖီး အိတ်တစ်လုံးအတွက်
သူ့ကျောပေါ်က ခုန်ဆင်းသွားသူ
ဂျင်းဘောင်းဘီဟောင်းနဲ့ ဆပ်ကပ်သမားဆီမှာ
ဘာရှိမလဲ
အားလုံးဟာ
ဘီယာကြိုက်တက်တဲ့ ကုလားအုပ်တွေလား
အားလုံးဟာ
အတုလုပ်တတ်တဲ့ ယန္တရားတွေလား
အားလုံးဟာ
ခလုတ်ပျက်နေတဲ့ အိပ်မက်တွေလား
သူသိတာ နည်းနည်းပဲ
ဘာရှိမလဲ
ဒါဟာ အေသင်မြို့ကြီးမဟုတ်တာတော့ သေချာရဲ့
နောက်....သူကလည်း
တွေးခေါ်ရှင်ကြီး မဟုတ်ခဲ့လေတော့
ဘာရှိမလဲ
ဘာရှိမလဲ
ဘာရှိမလဲ
အအိပ်ပျက် အစားပျက်
စွဲကပ်နေတဲ့ သီချင်း......။ ။
.
အနှစ် (နဘူးအိုင်)
************************
ညရထား
---------------
လရောင်သေဆုံးတဲ့ လမ်းပေါ်
သစ်ပင်တွေ
အသုတ်လိုက်ပဲ့ပါသွား
တစ်ချို့
တလှုပ်လှုပ်မျော(24)နာရီထဲ
ဘယ်သူတွေ
စိုးရိမ်စိတ်နဲ့
ကိုယ့်နာမည်ကို
အသံတိတ်လိုက်စမ်းနေသလဲ
ဟောဒီဘက်မှာ
ပြတင်းဖွင့်ထားတဲ့လူတစ်ယောက်ရှိရဲ့
ကုလားအုတ်တစ်ကာင်ပုံပန်းမျိုးနဲ့
ဘဝရဲ့
ကြီးကျယ်ခန်းနားဝဋ်ဆင်းရဲ တင်ဆောင်လို့
ကောင်းကင်ကြီးတစ်ခု ထုတ်ပိုးလို့
ခင်ထူးနဲ့ ရင်သွေးသုံးယောက်
တွယ်ချိတ်လို့
ညရဲ့မွှေးညင်းပေါက်တွေထဲ
သူ့ရင်အုံတစ်ဖက် ညစ်ချရင်း
ရထားဟာ
ဘီးပွတ်သံဗရပွနဲ့
စီးဆင်းခဲ့ချေပြီ။
ပေးသူရှိဦး
မနက်ခင်းကို အလကားမလိုချင်ဘူးလေ။ ။
အနှစ် (နဘူးအိုင်)
ဟန်သစ်(ခုနှစ်မမှတ်မိ)
********************
ကြယ်တွေကို ငါအလွတ်ရတယ်
-------------------------------------
အဲဒီ
ဒုက္ခတရားဆိုတဲ့အငတ်ကောင်
သူ့လျှာပေါ်မှာ
ငါဟာ
အရသာထူးကဲပြီး
ဗီတာမင်အပြည့်ပါတဲ့
အစာရေစာဖြစ်ခဲ့။
ကိုယ့်ဘက်ကတော့
စိတ်လိုလက်ရတည်ဆောက်
တည်ဆောက်သမျှ မီးလောင်
တောင်တန်းတွေ တဝုန်းဝုန်း ပြိုကျခဲ့လေတော့
ဘဝကို
သဒ္ဒါပြန်ပြီး ထိုးခဲ့ရပါတယ်။
ရှုံးတယ်
ရှုံးစမ်း
လွဲတယ်
လွဲစမ်း
ပျစ်ပျစ်နှစ်နှစ်ကြီး လွဲလိုက်စမ်းပါ
မြေပြင်ပေါ် လဲနေတဲ့ စက်ဘီးလို
ဒီထက်ပိုပြီး
မလဲနိုင်တော့ဘူး မဟုတ်လား။
ကိုယ့်ဘက်ကတော့
စိတ်လိုလက်ရ
ပြင်းပြင်းထန်ထန်မွေးမြူခဲ့ပါတယ်။
ယူကြုံးမရဖြစ်သည်ထိ
ရှုံးနိမ့်ရင်ဆိုင်ရတိုင်း
ကြယ်တွေကို ငါ အလွတ်ရတယ်။ ။
.
အနှစ် (နဘူးအိုင်)
********************
ပေါက်ပန်းဈေး
-------------------
အဲဒီအတွင်းပိုင်းမှာက
ဂလိုင်ကြီးတစ်ခုရယ်
နှစ်ချို့လုံးပမ်းပြသမှုတွေရယ်
အရှက်မွဲမျက်လုံးပြူးတွေရယ်
ခြေသံရှပ်ရှပ်ခွေးဝဲစားများရယ်
ဒါပဲ ရှီနိုင်တယ်. . . . . ။
ကဲ. . . .အပျော်တွေနဲ့ ဖြန်းပတ်ပါဦးလား
ချောကလက်ကြိုက်တဲ့ တိုက်ကြိုတိုက်ကြားက မြို့ကြီး။
ဟောဟိုမှာ ကုန်းခေါင်ခေါင်ပေါ် မျောပါကွဲအက်
လက်ညှိုးတစ်ချောင်းရဲ့အတွက်နဲ့ပဲ
အနာဂတ်အားလုံးပျက်စီးရပြီ. . . .။
မသိလိုက်သလို
ကြီးထွားကြစတမ်းဆိုရင်ဖြင့်
အရက်ဆိုင်တွေဆီပဲ သွားလိုက်ကြ
အရပ်ထဲက ရှပ်တေးမလေးတွေလို
ဇာတ်ပွဲတွေဆီပဲ စီးဝင်ကြ
ဆံပင်ဖြူတစ်ချောင်းနဲ့ ကြုံလာတဲ့အရေပြားအတွက်
ခြေရာခံကောက်ချက် တစ်ခု ုပြောကြားဖို့
ဓမ္မတရားတွေကို နှလုံးသွင်းကြ
နောက်ပြီး
တစ်ကိုယ်ရေတက္ကာယထွက်ပေါက်မှာ
(အနုပညာ)ဟန်ပါပါ ဖွဲ့စပ်ကြ. . . ။
ဒီဝန်းကျင်မှာ
အဆင်တန်ဆာတွေကို
လိုတာထက် ပိုချိတ်ပြလိမ့်မယ်။
တစ်ချိန်တည်းဆိုသလို
အာခေါင်တွေပိုမို ခြောက်သွေ့တိုင်းလည်း
ထုံထိုင်းနာကျင်မှုတွေကို
ဆူးတစ်ချောင်းနဲ့သာ ထိုးဖောက်ပစ်မိတယ်။
မြင်လား
အဲဒီအပေါ်ယံတွေရဲ့
ဆင်ခြင်မဲ့တိုက်ခတ်မှုမှာ
ညဟာ တို့ဘက်ကမ်းကို
ရဲရဲကြီး ဆွဲတက်လာခြင်းဖြစ်တယ်။
.
အနှစ် (နဘူးအိုင်)
*************************************
မိုးမခ တန်ဘိုး
----------------
(၁)
မိုးထဲမှာ
ထီးမပါ ခလေးတစ်ယောက်
အိမ်အရောက် ကျောင်းဆင်းခန်း
မြို့ပြလမ်းမ. . .။
(၂)
ခေါင်းပေါ်မှာ
အိုင် မပါ
ပါလည်း ကိစ္စမရှိ
ဘာမီတွန်သိ ဘာစပရိုရှိ . . . ။
(၃)
ခန္ဓာကိုယ်
ရွှွဲရွှဲစိုနစ်
ကျစ်ကျစ်ပါအောင် ဆုပ်ဆွဲ
လွယ်အိတ်ထဲက စာအုပ်ကလေးတွေ
မိုးရေ မခ
ပလက်စတစ်တစ်စ
အထဲက ခံထားရှာတယ် ။
(၄)
ကဲ . . . .
နုလတ်စပန်းခင်း
တာဝေးသီချင်း
သံသယကင်းအောင်
မိုးမခ တန်ဘိုး
ဘယ်လို လူမျိုးတွက်ပေးမလဲ ။
အနှစ်(နဘူးအိုင်)
****************************************
မနေတတ်မထိုင်တတ်ရေးကြည့်မိတဲ့ကဗျာ
______________________________
သင်
မိုးကောင်းကင်အတုနဲ့အစစ်ကို မခွဲခြားတတ်၇င်
ကဗျာဆရာမဖြစ်နိုင်ဘူး
ကူးဖြတ်၇မယ့် မြစ်ရဲ့အထာကို မသိ၇င်
ကဗျာဆရာမဖြစ်နိုင်ဘူး
ကမ္ဘာမြေရဲ့ပသာဒကို မြင်အောင် မကြည့်တန်၇င်
ကဗျာဆရာမဟုတ်ဘူး။
.
သင်
အသံတိတ်မျက်လုံးနဲ့
ဘာသာစကားပြောတတ်၇င်
ကဗျာဆရာဖြစ်နိုင်တယ်
ကိုင်းကူးမျိုးပွားစနစ် ကျွမ်းကျင်၇င်
ကဗျာဆရာဖြစ်နိုင်တယ်
သစ္စပန်းတွေရဲ့ ရနံ့ကို သိုလှောင်တတ်၇င်
ကဗျာဆရာဖြစ်နိုင်တယ်။
.
ကဗျာဆရာဆိုတာ
အလျား အနံ အမြင့်ရှိပြီး
ကိုယ်ဖော့နိုင်တဲ့ `ခြေလှမ်း´တွေပေါ့ကွာ။
.
အနှစ်(နဘူးအိုင်)
**************************************
အခန်းထဲက ရှုမျှော်ခင်း
___________________
အနှစ်(နဘူးအိုင်)
.
အဖာကွာနေတဲ့
စကားလုံးတွေ
တဝီဝီလည်ပတ်
အဲဒီငနဲတွေကြောင့်
ညဟာ
တို့ဘက်ကမ်းရောက်လာ
မီးတောင်တွေ
ဝရုန်းသုန်းကားနဲ့မြို့
မုန်တိုင်းတွေ
စည်ကားလွန်းတဲ့မြို့
ဟောဒီ
အခန်းထဲက မြို့မှာ
လူဖြစ်ရတာ နာတယ်။.......။
.
အနှစ်(နဘူးအိုင်)
**************************************
လမ်းဘူတာ
____________
အနှစ်(နဘူးအိုင်)
.
တဖွဲဖွဲကျတဲ့ အကြည့်တွေကြောင့်
ညညဆို ကြယ်တွေကို မမြင်ရဘဲ လွမ်း။
ဂရိတွေးခေါ်ရှင် အိုင်အိုဂျီးနီးစ်ကတော့
ဧည့်ခန်းမှာတင်
သူဌေးကြီးတစ်ဦးမျက်နာကို
တံတွေးနဲ့ ထွေးပတ်ခဲ့သတဲ့ ။
ဘဝတင်တင်ဆက်မှုဒုတိယပိုင်းရောက်ပြီ
ဇာတ်ရည်က မလည်သေး
အလိုမတူ ကံတရားကြီးစိုးတုန်း
ငါ့စိုက်ခင်း ပိုးကျတုန်း
မေးခွန်းတွေ ထူထပ်တုန်း
အနှစ်(နဘူးအိုင်)ဆိုတဲ့ကောင်ကလည်း
လူတွင်ကျယ်ရင်ဘက်တွေပေါ်
သီချင်းလေးနဲ့ ဓားပေါက်ကျင့်ကောင်းတုန်းလေ ။
.
အနှစ်(နဘူးအိုင်)
၂၀၀၇ ဇွန်လ၊ ချယ်ရီ ၊
****************************************
ခန္ဓာကိုယ်ထဲက ည
________________
ညတွေထဲက
ညတစ်ခုပဲရချင်တယ်
ဟိုး အပေါ်က
နောက် လေးဘက်လေးတန်
ဖဲချပ်ကုလားဖန်ထိုးသလို
တဖျပ်ဖျပ်မြည်သံနဲ့
ညတွေ
ညတွေ
ဇွတ်ကျလာလိုက်တာ
တမင်သက်သက်ခုတ်ချနေပုံပါပဲ။
ကမ္ဘာမြေတစစ်စစ်ကိုက်ခဲ
ဟောဒီညကို
ခဲရာခဲဆစ်ညှစ်ချလိုက်တာပါ ။
လူတွေ ကျောက်တုံးလို တိတ်ဆိတ်
ကျနော်လည်း
အရိပ်မည်းတွေကြား
သူတို့လို နားစွင့်ဖို့
ကိုယ့်ကိုယ်ကိုယ် ကိုင်လှုပ်နေမိရဲ့ ။
သိပြီလား
ညတွေကြားက
တစ်ခုပဲရချင်ပေါ့ ။
ကိုယ်ပိုင်ဟန်နဲ့ ခုလိုညမျိုး ။
သားရဲတစ်ကောင်
ပြတင်းဘောင်မှာ ကျောက်ချ
မေးထောက်ကြည့်နေသလား
ကောင်းကင်ကိုဝင်စီး
ဒေါသကြီးတဲ့မေးရိုးတွေ
တချွမ်းချွမ်း အော်နေပြီလား
ဟိုမှာ
အပိုင်းပိုင်းပြတ်
ကိုယ်ကာယ မပီမသနဲ့
အရည်ပျော်ညတွေ
ပိန်လှီခွေခေါက်ညတွေ
ရှုး......အသံမပေးလိုက်နဲ့
ဖိစီးမှုတွေ ဆေးကြောဖို့
ညတစ်ခုကို
ခန္ဓာထဲက ရလိုက်တယ် ။
.
အနှစ်( နဘူးအိုင် )
****************************************
ဖြစ်၇ပ်မှန်ဇာတ်ကြောင်း
__________________
(၁)
ငါ ပြန်ရောက်တော့
မအိပ်ဘဲရတဲ့ အိပ်မက်နဲ့
သဘောတူလရောင်ပါတယ်။
အသံကုန်အော်တဲ့မြစ်
တံတားပေါ်က ချစ်သူတွေ
ငါနဲ့အတူ တစ်သားမွေးတစ်သွေးလှ
နောင်တများစွာ
ဇိအစ်ရက်စွဲများစွာ
အို တစ်သီတစ်တန်းကြီးပါ
ဘယ်သူ့နောက်မှ မလိုက်တဲ့
ကိုယ်ခံပညာ
ရာသီဥတု
ဘဝနဲ့ဓာတ်ပြု သောက်ရေသန့်
လည်ချောင်းအတိုင်းပေါက်ကွဲပေါ့ ။
"ကျုပ်ပါ
အနှစ်(နဘူးအိုင်)ဆိုတဲ့အကောင်လေ
လောကဓံတရားထဲက
ပျားရည်စစ်စစ်ကို တူးဖော်ခဲ့ပြီ "
(၂ )
ခက်နေတာက
ငါ့မိုးသားတွေ ရင်းနှီးအုံ့ဆိုင်းလေသမျှ
အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေက
ပြက်ရယ်ပြု မယုံကြည်ကြဘူး ။
.
အနှစ်( နဘူးအိုင် )
ဟန်သစ် ၊၁၉၉၇
No comments:
Post a Comment