Zawgyi version
ခိုင္သစ္ကဗ်ာမ်ားစုစည္းမႈ
================
.
ေန႔လည္ခင္းထဲမွာက်ီးကန္းေတြ
______________________
.
ဖန္ေခ်ာင္းမီးဟာဖ်တ္ကနဲမိွတ္သြားေတာ့
က်ီးကန္းေအာ္သံေတြၾကားရတယ္
စာအုပ္ထဲက ဒိုင္ယာေလာ့ေတြလဲ ျပစ္ခဲ ရပ္တန္႔လို႔
မ်က္လံုးေတြကိုတေနရာေရြ႔လိုက္တယ္ မိွတ္ခြင့္မျပဳႏိုင္ေသးဘူး
သြပ္ျပားေတြေပၚမိုးေရ တစက္စက္က်ေနတာ အိပ္ေငြ႔ခ်ေနတာမိ်ဳး
ေ႐ွးေဟာင္းနာရီထဲကစက္ေတြလို ခံႏိုင္ရည္ရိွရိွ ခံစားမႈမဲ့မဲ့
ဒီလိုေနတတ္ရမယ္ လူဆိုတာ
ငါဒီလိုေတြးမိတာ ပံုစံမက်ဘူး
ပံုစံမက်တာမဟုတ္ဘူး အသံုအႏႈန္းလြဲေနတာ သိသိသာသာ
မဟုတ္ေသးဘူး ဒီလိုေတြးမိတာ မဟုတ္ေသးဘူးလို႔ေျပာရမွာ
စိတ္ရဲ႕စီးဆင္းပံုဟာ ျမစ္နဲ႔တူတယ္
ေလထုထဲကေရခိုးေရေငြ႔နဲ႔လည္းတူတယ္
စိတ္ကိုၾကည့္တတ္ရင္႐ုပ္႐ွင္မလိုဘူး
႐ုပ္႐ွင္ဆိုတာမ်ိဳးက စိတ္နဲ႔ဖြဲစည္းထားတဲ့သ႐ုပ္ျပမႈတခုပဲ
အဝတ္ကိုဘရပ္စ္နဲ႔တိုက္ေနတာ ဒီအသံငါနဲ႔သိပ္မေဝးဘူး
ညႀကီးသန္းေခါင္ဒီလိုအသံမ်ိဳးၾကားရရင္ စိတ္ေျခာက္ျခားဖြယ္ပဲ
က်ီကန္းေတြေအာ္ေနျမဲ
က်ီးကန္းေအာ္သံဟာ တေလ်ွာက္လံုးအေဖၚျဖစ္ခဲ့တယ္
က်ီးကန္းေတြတခုခုေျပာတိုင္း ဘယ္သူကနားလည္လို႔လဲ
က်ီးကန္းေတြကိုမ်က္မုန္းက်ိဳးၾကတယ္
သူတို႔ရဲ႕နိမိတ္ကို ဘယ္သူအေရးစိုက္ခဲ့လဲ
ေရေတြႀကီးလာႏိုင္တဲ့အေၾကာင္း
စစ္ျဖစ္ေတာ့မယ့္အေၾကာင္း
ေျမငလ်ွင္လႈပ္ေတာ့မယ့္အေၾကာင္း
တေနရာမွာကေလးေတြႏိွပ္စက္ခံရေတာ့မယ့္အေၾကာင္း
လူတေယာက္မူယစ္ေဆးဝါးေတြအလြန္အကြၽံသံုးစြဲေနတဲ့အေၾကာင္း
လူတေယာက္ကလူတေယာက္ကိုစနစ္တက်လုပ္ၾကံေတာ့မယ့္အေၾကာင္း
စိတ္ဆင္းရဲေနတဲ့လူတေယာက္ အဆံုးစီရင္ေတာ့မယ့္အေၾကာင္း
ရဟႏၲာပုဂိုလ္တပါး ေတြ႔ထားတဲ့အေၾကာင္း
တခုခုအေၾကာင္း သူတို႔ေျပာေနၾကတာျဖစ္ႏိုင္တာပဲ
ငါေျပာတာမဟုတ္လဲ သူတို႔တခုခုေျပာမွာေသခ်ာတယ္
ဒီေနရာမွာ ေမာင္ေပါက္က်ိဳင္းေလာက္ေတာင္ ငါမသိဘူး
နာက်င္ရတယ္
ဆက္လက္နာက်င္ေနရမွာထက္ ရိွၿပီးသားေပ်ာ္ရႊင္မႈကိုျပန္ေတြၾကည့္တယ္ ဘာထူးလဲ ဟိုတစဒီတစ နာက်င္စရာအစအနေတြ ေရာယွက္ေနတာပဲ
သီခ်င္းတပုဒ္ထဲကေန ကုန္လြန္ၿပီးသားႏွစ္တခ်ိဳ႕ရဲ႕ေန႔ေတြျပန္ထြက္လာတယ္ ေပ်ာ္စရာေတြမ်ားခဲ့တယ္ သီခ်င္းနားေထာင္ရတာ
ေရးၿပီးသားဒိုင္ယာရီေတြျပန္ဖတ္ရသလိုပဲ
စိတ္က ေသသြားတဲ့ေၾကာင္အိုေလးဆီေရာက္သြားတယ္
သူမရိွေတာ့အိမ္ကႂကြက္သူခိုးေတြေပ်ာ္ရႊင္ေနၾကတာ
သူ႔အထိအေတြ႔ ပြတ္သပ္မႈခပ္ေႏြးေႏြး ခံစားမိသလိုပဲ
သူ႔စြဲလန္းမႈေတြအိမ္နဲ႔အႏွံ႔ရိွေနလိမ့္မယ္
ူအခ်ိန္တိုင္းအိမ္ကိုျပန္လာေနတဲ့သူ႔ေျခသံေတြၾကားတယ္
အပ်င္းဆန္႔မႈ အေမႊးအမ်ွင္ေပၚကဖုန္ေတြခါခ်ေနတဲ့အသံ
သူရိွေနတယ္ ငါ့သတိရျခင္းေတြနဲ႔အတူသူရိွေနတယ္
အရာအားလံုးဟာသတိရမႈေတြထဲမွာ ျပန္႔ျပန္႔က်ဲက်ဲရိွေနတယ္
ငါ့ကိုလည္း တျခားေသာ သတိရစိတ္ထဲရိွေနၾကလိမ့္မယ္
စြမ္းအင္တည္ျမဲမႈနိယာမႀကီးကို ငါေဖာက္ထြက္ခ်င္တယ္
ဘယ္စြမ္းအင္မွငါ့အျဖစ္နဲ႔ ငါတည္ျမဲမေနခ်င္
ဇီ႐ိုးစြမ္းအင္အထိ အႏုတ္လကၡနဲ႔ေဖ်ာက္ခ်င္တယ္
အိုမင္းျခင္းမ်ားအခ်ိန္တိုင္း အေရာင္ထြက္လာေန
သစ္ရိပ္ေဝေဝတိတ္ဆိတ္မႈမ်ား ေလ်ွာ့လာတဲ့မာန္မာနေနာက္မွာ
တစတစေပၚလာ ငါ့ေဆာင္းဦးေပါက္ခ်ိန္ေရာက္လာေနၿပီ
ငါ့ရဲ႕ျမစ္ဟာ တည္ၿငိမ္လာတယ္ ေရစီးသံတိုးတိုးသဲ့သဲ့
ခဏေလာက္ ျပန္လြမ္းၿပီးရင္
သစ္ေတာေတြေနာက္ ငါ့ခရီးေရာက္ေလာက္ပါၿပီ
ငါသြားေနရာအရပ္ တိတ္ဆိတ္ျခင္းက ႀကိဳေနမလား
ဒီတႀကိမ္ေတာ့ က်ီးကန္းေတြရဲ႕စကား
ငါေကာင္းေကာင္ဘာသာျပန္တတ္မွာပါ
အားလံုးအဆင္ေျပေျပ
ငါ့မိုက္မဲမႈေတြလည္း ခြင့္လြတ္ၾကပါေစ ။
ခိုင္သစ္
7,October, 2016
*********************************************
မနက္ခင္း#၃၆
______________________
.
က်ယ္ေလာင္တဲ့အျခားအသံေတြကိုငါမၾကားေတာ့ဘူး
ပန္းေလးပြင့္လာသလို တိုးညႇင္းတဲ့အသံေလး ငါၾကားေနတယ္ ။
စူး႐ွထင္႐ွားတဲ့ပံုသဏ႑န္ေတြငါမျမင္ေတာ့ဘူး
မိွန္ေဖ်ာ့ေအးျမတဲ့ အလင္းေဖ်ာ့ေဖ်ာ့ေလးဟာ ထင္႐ွားလာတယ္။
မိုအႏွံ႔ေျမအႏွံ႔ သာယာျခင္းမ်ား သင္တို႔လည္း ရၾကပါေစ။ ။
ခိုင္သစ္
7,October, 2016
*********************************************
မိုးေတြရြာေနတယ္ အေတြးမ်ား
______________________
.
မိုးေရေတြေအာက္မွာ မီးဖိုေဟာင္းႀကီး ေအးေဆးပါပဲ
ေအးေဆးပါပဲ
ဂ်ိမ္းစဘြန္းေတြေအးေဆးသလိုမ်ိဳး
ဂ်ိမ္စဘြန္းေတြအကုန္ေပါင္းၿပီး ေအးေဆးထားသလိုမ်ိဳး
လူတိုင္းဟာ ဂ်ိမ္းစ္ဘြန္းျဖစ္ႏိုင္တယ္မို႔လား
ေၾကာင္ေလးေကြးၿပီးအိပ္ေနပံုက ေဝလငါးႀကီးအစားရခက္ေနတဲ့အိပ္မက္နဲ႔ သူ႔ေသျခင္းတရားကိုသတိမထားမိပံု
ေရမေျခာက္ေသးတဲ့အဝတ္ေတြတအိမ္လံုးျပည့္ တန္းေတြေပၚ
႐ုပ္ျမင္သံၾကားအစီစဥ္ထဲမွာ မိုးရြာေနတယ္
ငါ့အိမ္ေခါင္မိုးေပၚမိုးရြာေနတယ္
အမိုးအကာေအာက္မွာ စိတ္ကအေဝးေရာက္ေနလို႔ ငူငူငိုင္ငိုင္
အေဝး သိပ္မေဝးေပမယ့္ ေဝးေနရတဲ့အေဝး
တေနရာမွာေကာ္ဖီေစ့ေလွာ္ေတြကုိႀကိတ္ေနၾကလ့ိမ္မယ္
တခ်ိဳ႕ေနရာေတြေနသာခ်င္သာမွာေပါ့
ငါ့ရဲ႕အိစံမ အိစံမ ဖုန္းတလံုးနဲ႔ထမင္းဟင္းခ်က္ေနတဲ့ ဲ့မင္းအလြမ္းက
ငါ့စိတ္ကို ေခြးေပါက္စေလးလိုခုန္ေပါက္ျမဴးးတူးေစတယ္
တေယာက္ကိုယ္တေယာက္ ငါတို႔ကေလးေလးေတြလို
တေယာက္ကိုယ္တေယာက္စိုးရိမ္ စိုးရိမ္စရာေခတ္ႂကီးမို႔လား
အိစံမရယ္ စိုးရိမ္တယ္
အိစံမရယ္ မင္းကလြဲ ငါအနည္ထိုင္ၿပီ
စိတ္ခ်ေနာ္ အိစံမ
စိတ္ခ်မယ္ေနာ္အိစံမ
ေလထဲက မင္းအသံဝဲဝဲေလး ငါလိုက္ဖမ္းေနတဲ့လိပ္ျပာေလးေတြ
ငါ့ၿမိဳ႕ေလးမွာမင္းလြင့္က်န္ခဲ့တဲ့ကိုယ္သင္းရနံ႔ေတြနဲ႔ေမႊးေနတယ္
ေနာက္ဆံုးႏုတ္ဆက္ေနတဲ့မိုးေရစက္ေတြၾကား ငါမင္းကိုေအာ္ေခၚမိေန အိစံမေရ မိုးေတြရြာေနတယ္
ကမၻာႀကီးတခုလံုးေပၚက ၿဂိဳလ္တုတစ္လံုးငါျဖစ္ၾကည့္ခ်င္မိ့
ကစားကြင္းမရိွတဲ့တခ်ိဳ႕ကေလးေတြ လမ္းႀကိဳ႕လမ္းၾကားထဲ
ေဘာလံုးကန္ေနၾကတာ ကမၻာႀကီးအတြက္
တခ်ိန္မွာ ကမၻာေက်ာ္ကြင္းႀကီးေတြထဲ ပရိတ္သတ္သန္းေပါင္းမ်ားစြာအတြက္
အဲ့ဒီအရပ္ကိုမိုးရြာေပးလိုက္စမ္း
လိုတာထက္ပိုေနတဲ့ေရေတြ အဲ့ဒီ့အရပ္ဆီအေငြ႔ပ်ံေပးပါ
ဒီမွာ ေျမသားနဲ႔အဝတ္အထည္ေတြေျခာက္ဖို႔လိုတယ္
စိုၿပီးသားလက္ေတြ မေျခာက္ရဘူးလို႔အေမကေျပာတယ္
အခုသူမရိွေတာ့ဘူးေလ က်ေနာ့္အေမ အေမျပံဳးလိုက္ရင္
မဲ့ကေလးက ပန္းေတြပြင့္သလိုပဲ အဲ့ဒီ့မဲ့ေလးကို ေရဒီယိုဖြင့္သလိုလွည့္ဖြင့္ရင္ လၻက္ရည္ဖိုးေတြထြက္လာခဲ့ဖူးတယ္
အခုေတာ့ အကုန္ေရြ႔ အကုန္လြဲ
လူေရာ တိမ္ေတြေရာ ေနရာလြဲေနပါလား
ဝီစကီေတြဘက္က ေတြးၾကည့္ေတာ့လဲ ငါမွားတာပဲ
ပုလင္းထဲမွာငါးမဟုတ္ဘာမဟုတ္ အလွေမြးထားမ့ိသလို
ေက်ာက္တံုးေလး ငါ့လက္မွတ္ထိုးထားတဲ့အမွတ္တရေက်ာက္တုံးေလး မင္းမ်က္ႏွာငယ္႐ွာေပလိမ့္မယ္ ဒါလဲအမွတ္တရပါပဲ
ငါပဲမွားေနတာ မင္းဘက္ကၾကည့္ေတာ့ ငါ့လြဲေခ်ာ္မႈေတြက
အေတာ့္ကိုလြဲခဲ့တယ္
လြဲခဲ့ၾကၿပီ တည့္တည့္ႀကီးကိုလြဲခဲ့တယ္
လြဲေခ်ာ္သြားတဲ့အေဝးေျပးကားေတြ
ရထားဆိုက္မရတဲ့ ၾကားဘူတာရံုအေဟာင္းေလး
လြဲလြဲေခ်ာ္ေခ်ာ္ က်န္ခဲ့
ဘာေတြဆက္ျဖစ္လာမလဲ မသိခ်င္ေတာ့ပါဘူး
ေနသာတဲ့လမ္းကေလးအတိုင္း ငါ့ခ်စ္ေမတၱာေနၾကာပန္းေတြတေရြ႔ေရြ႔
ခ်စ္တာပဲ စစ္ျဖစ္ေနတာမဟုတ္ဘူး
ခ်စ္တာပဲ ဘယ္သူ႔ အိမ္ကိုအာပီဂ်ီနဲ႔ထုေနလို႔လဲ
မီးခိုးတိတ္ လြမ္းၾကမယ္အခ်စ္ရယ္
ကမၻာႀကီးအတြက္ မီးခိုးတိတ္ေပးၾကမယ္
တိတ္ပါ မိုးတိတ္ပါ မ်က္ရည္ေတြတိတ္ပါ
မ်က္မုန္းက်ိဳးမႈေတြ ေဒါသေဗဒေတြ တိတ္ၾကစမ္း
မနာလိုမႈေတြသိပ္မ်ားရင္ အသိဥာဏ္ကြယ္တတ္တယ္
တိတ္ၾက မနာလိုဖုန္ထမႈေတြ
ေဒါသေတြ ဒီႏွစ္ခုတိတ္ျခင္းဟာ နိဗၺာန္တစ္ခုေပၚလာျခင္းပဲ
စစ္ျဖစ္ေနတဲ့ကမၻာႀကီးမွာ နင့္ကိုအခ်စ္ဆံုးပါ အိစံမ ။ ။
ခိုင္သစ္
3,October, 2016
*********************************************
ေနေရာင္နဲ႔ထုဆစ္ထားေသာ
______________________
.
ေနေရာင္ျခည္ရဲ႕ေဒါသမွာ အရိပ္ေတြဆန္႔ထြက္လာ
ေဒါသမဟုတ္ဘူး ခ်စ္ျခင္းေမတၱာ
အရိပ္ေတြအရိပ္ေတြ ေနေရာင္႐ိုက္နက္လိုက္တဲ့အရိပ္ေတြ
အရိပ္ေတြတည္ၿငိမ္ေနတယ္
အရိပ္ေတြေရြးလ်ွားေနတယ္
ေသသြားတဲ့ေၾကာင္ကေလးေရ ငါ့ကိုယ္ထဲမွာမင္းအရိပ္လည္းပါတယ္ မင္းေအာ္သံေတြရဲ႕အရိပ္ဟာ ႏိုင္းျမစ္ႀကီးထက့္ပို႐ွည္တယ္
ေနေရာင္က ဒီဂရီအမ်ိဳးမ်ိဳးနဲ႔႐ိုက္တယ္
႐ိုက္ႏွက္တာမဟုတ္ဘူးမို႔လား ဒါဟာအနမ္းပဲ ဒီဂရီအမ်ိဳးမ်ိဳး
ဒီလိုပဲ ေတြးရ
ဒီလိုပဲေျဖရ
အာတိတ္ေရခဲျပင္ႀကီးေလာက္ေတြးခဲ့ရ
အာ႐ွတိုက္ႀကီးေလာက္ ေျဖခဲ့ရပါတယ္
ကိုယ့္အရိပ္ကိုယ္ ေသေသခ်ာခ်ာအရသာရိွရိွ ေငးဘူးလား
အရိပ္က အျမဲတိတ္ဆိတ္တယ္ အရိပ္ကေနကိုမီွခိုတယ္
အရိပ္ကိုေငးရင္းလြမ္းရေတာ့ အရိပ္ဟာတခုထပ္တိုးလာတယ္
အရိပ္က ငါ့ကိုအားေပးတယ္
အရိပ္က ငါ့ကိုထားမသြားဘူး ငါေသရင္လည္းအရိပ္ကရိွေနေပးမယ္တဲ့
ေငးဘူးလား ေငးဘူးလား
ေငး
ေနေရာင္နဲ႔လုပ္ထားတဲ့အရိပ္က ေစ်းႀကီးတယ္
ေနေရာင္ဝယ္မရလို႔ ေအးခဲေနတဲ့ႏိုင္ငံေတြမွာ
ေနေရာင္နဲ႔လုပ္ထားတဲ့အရိပ္ေတြ မရိွ
သူေတာင္းစားခ်င္းအတူတူ ေနေရာင္ရတဲ့သူေတာင္းစားက
အဓိပၸါယ္ပိုရိွ
ေနေရာင္ရတဲ့ စစ္ေျပးဒုကၡသည္က အေႏြးဓာတ္ပိုရ
မိဘမဲ့ေဂဟာခ်င္းအတူတူ ေနာင္ေရာင္ရတဲ့ျပတင္းေပါက္က
ပိုလွ
အရိပ္မထြက္ႏိုင္တဲ့အရာေတြေၾကာင့္ဝမ္းနည္းဘူးသလား
လူေတြအလြယ္တကူသံုးစြဲေနတဲ့
ဂုဏ္သိကၡာတို႔ သစၥာတရားတို႔ ထက္ အရိပ္ေတြကျမင္လြယ္ထင္လြယ္
ဂုဏ္သိကၡာက ေနေရာင္လို႔လွလား
သစ္ပင္ေတြက သစၥာတရားအေၾကာင္းမေျပာပဲၿငိမ္းခ်မ္းစိမ္းျမျပတယ္
ဂုဏ္သိကၡာအေၾကာင္းမေျပာပဲ ႏုတ္ဆိတ္ရင္းပန္းေတြပြင့္တယ္
လြတ္လပ္မႈနဲ႔ေနေရာင္သာငါေတြ႔လိုတယ္
ဂုဏ္သကၡာမ်ား သစၥာတရားမ်ား နဲ႔
ပိတ္ေလွာင္ေနတဲ့ငါမျဖစ္လို
လြတ္လပ္မႈနဲ႔ေနေရာင္ရေသာဘဝသာ ငါျဖစ္လိုတယ္
ေနေရာင္ဟာ႐ိုးသားတဲ့လက္ေခ်ာင္းေတြရိွတယ္
ေနေရာင္ဟာ ႐ိုးသားတဲ့အျပံဳးနဲ႔ငါ့ေခါင္းထက္မွာရိွတယ္
႐ိုးသားမႈကို႐ိုးသားမႈနဲ႔ပဲျမင္ရတယ္
ငါ့အရိပ္သာ ေသသည္အထိ႐ိုးသား
႐ိုးသားတဲ့အရပ္မွာ ငါ႐ိုး႐ိုးသားသားျပားခ်ပ္ေနရဲ႕
ငါ့အရိပ္က ေနေရာင္ေအာက္မွာအျပာ ။ ။
ခိုင္သစ္
27,September, 2016
*********************************************
စိတ္ထဲက ဟာေတြ#၁၃
______________________
.
ေခ်ာင္ထိုးထားတဲ့ဖိနပ္တရံလို႔မ်ားထင္ေနလား
လိမ့္ေနတဲ့ဘီး
လြင့္ေနတဲ့သစ္ရြက္ေလ
အေၾကာလဲ သိတယ္
အေၾကာင္းလဲသိတယ္
ငါက အဂၤါၿဂိဳလ္နကၡ
မလိမ္နဲ႔ ငါ့နလံုးသားမွာ ပေရာဖတ္တစ္ရာ ရိွတယ္
မညာနဲ႔ ငါက spare part ထားတဲ႔ ကားဘီးမဟုတ္ အညီွအေဟာက္နဲ႔ စိတ္ကိုလာမထိနဲ႔
ငါက ယင္ေကာင္မဟုတ္
စိတ္နာလြန္းလို႔ အလြမ္းဆိုတာ ေလးေထာင့္လား
အဝိုင္းလား ေမးယူရမယ့္ တနစ္စာရက္စြဲေဟာင္းေတြ
အခုေတာ့ေပ်ာ္စရာ နန္းေဆာင္သစ္ထဲ
ေပ်ာ္ရႊင္စရာဆိုတာ လိုတရ ေမတၱာအေဆာင္ေဆာင္အခန္းခန္းေတြ
ုခ်မ္းေျမ့ဖြယ္ စုလစ္မြန္းခြၽန္း အဆင္းတန္ဆာ စိတ္ကူးေတြ
ဒီတခါ နန္႔မိရင္ ကိုယ္စိတ္ကိုယ္ အၿမီးဖ်တ္မယ္
ေနာက္တခါ စိတ္လည္ရင္ ကိုယ္ရင္ဘတ္ကိုယ္ေဆးလိပ္မီးနဲ႔ထိုးမယ္
ဥပမာ ေျပာတာပါ
ၿပီးခဲ့တာဟာ ၿပီးခဲ့ပါတယ္
စီးခဲ့ၿပီးတဲ့ျမစ္ မ်ားလည္းဆန္တက္႐ိုးထံုးစံမရိွ
အမွတ္တရဆိုတာ ဘုရင့္ေနာင္ေဖာင္ပ်က္လို ပ်က္ခဲ့
ခမ္းသြားတဲ့အိုင္ငယ္ေလးအစား
ပင္လယ္ဟာ လွပလာတယ္
ေတာင္က်ေခ်ာင္းလိုခဏတျဖဳတ္ေတြမလိုဘူး
ေကာက္႐ိုးမီးေတြမလိုဘူး
ၾကယ္လိုအလင္းမွာ အိပ္မက္ဆိုးကလြတ္ခဲ့တယ္
ေအးေဆးကဗ်ာေရးေတာ့လည္းေခြးေဟာင္တယ္
ကိစၥမရိွ ကိစၥရိွမတဲ့လား
ယံုၾကည္မႈဟာ ဘယ္သူေတာင္းစားရဲ႕ေထာက္ခံခ်က္မွမလိုဘူး
ငါ့ကိုတေစၧလိုမလွန္႔နဲ႔
ေျခာက္တီးေျခာက္ခ်က္အသိဥာဏ္ေလးေတြ ဖုန္ထတာလည္းေပ်ာ္စရာပဲ
ရယ္ေမာဖို႔အတြက္ အဲ့ဒီ့ဖုန္ေတြလိုတယ္
ျပားကပ္ေနတဲ့သစ္ပင္အရိပ္ဟာ ေျမျပင္မွာလႈပ္လို႔
ဒါဟာ ေနသာတဲ့ေန႔တေန႔ျဖစ္တယ္
ေနာက္ဆို ႏွင္းေတြကိုေမ်ာ္ၾကေတာ့မယ္
ႏွင္းေတြေရာက္လာရင္ ျပတင္းေပါက္ေတြကိုဖြင့္ ေဗာ္ဒကာ ပုလင္းကိုဖြင့္
ကတ္ကိုဘိန္းသီခ်င္းေတြကုိဖြင့္ထားလိုက္မယ္။
. ခိုင္သစ္
14,September, 2014
*********************************************
မနက္ခင္း#၃၅
__________________
.
ပင္လယ္ညေနခင္းနဲ႔တူတဲ့ခ်စ္ျခင္းေမတၱာမွာ
အိပ္မက္ဆးိုေတြ ေဝးလြင့္သြား
ငါ့ေပ်ာ္ရႊင္ျခင္းအဳန္းလက္ဖ်ားမ်ားစႏၵယားခလုတ္ေတြလိုနိမ့္ခ်ီျမင့္ခ်ီ
ေပ်ာ္စရာေတးမ်ားမင္းၾကားပါစ
ေက်းဇူးေတာ္အႏၲပါ
ခ်စ္ေသာ ငါ့ေလညႇင္းေလးေရ ။ ။
ခိုင္သစ္
12,September, 2016
*********************************************
မနက္ခင္း#၃၄
______________________
.
ေလေတြလိုေျပးလာတဲ့အျပံဳးေတြအေပ်ာ္ေတြတေပြ႔တပိုက္
အိပ္ယာႏိုးႏိုးျခင္း
ေ႐ွ႕ကလမ္းမႀကီးလည္းျပံဳးေနတယ္
ေနျခည္ေႏြးေႏြးေလးလည္းျပံဳးေနတယ္
ေတာင္ထိပ္ဖ်ားထံုးေစတီေလးလည္းျပံဳးေနတယ္
ျပံဳးေနၾကတယ္
တေလာကလံုးမွာ အျပံဳးေတြခ်ည္း
ပန္းကေလးေတြထက္ မင္းေမတၱာေတြက ပိုျပံဳလို႔ေပါ့
ငါေပ်ာ္လိုက္တာ
အားလံုးလည္းေပ်ာ္တယ္မို႔လား
မဂၤလာ ရိွပါေစ မနက္ခင္းေရ ။ ။
ခိုင္သစ္
9,September, 2016
*********************************************
မနက္ခင္း#၃၃
_________________
.
တိမ္ေတြကိုစီးလို႔
မိုးမဆံုး ေျမမဆံုး သံသရာမဆံုး သြားၾကမယ္
လက္ကေလးျမဲေအာင္ကိုင္ထား ငါတို႔သြားၾကမယ္ ။ ။
ခိုင္သစ္
8,September, 2016
*********************************************
မနက္ခင္း#၃၂
___________________
.
ခပ္ဝဲဝဲေလသံနဲ႔ ခ်ိ ဳျမေသာ ခင္မ်ားေခၚသံေတြ
နတ္ဥယ်ာဥ္ တမ်ွ ခင္မ်ားေပးတဲ့ေပ်ာ္ရႊင္မႈေတြ
အိပ္မက္တခုလံုးပါပဲ အလိုလိုျပံဳးေယာင္သမ္းႏုတ္ခမ္းေလးေတြဝဲပ်ံေနခဲ့တာ
အိပ္မက္တခုလံုးမွာပဲ က်ေနာ္ မိုးလင္းခဲ့ရတာ
မဂၤလာနံနက္ခင္းပါ
ခင္မ်ားစိတ္လက္ခ်မ္းျမ ရိွပါေစ ။ ။
ခိုင္သစ္
10,September, 2016
*********************************************
အေဝးကမိုးတိမ္#၄၂
___________________
.
ခ်စ္ျခင္းေမတၱာနဲ႔ေပါက္ကြဲသြားတဲ့တြင္းမည္းႀကီးေတြ
ငါ့တို႔ၾကား တိတ္ဆိတ္ျခင္းမ်ားျပန္႔ကားလာတယ္
ၾကယ္ေတြရဲ႕သေဘာသဘာဝအတိုင္း
စၾကၤဝ႒ာရဲ႕နိယာမအတိုင္း
ဒီစြမ္းအင္တည္ျမဲမႈနိယာမအတိုင္း
ေအးခဲလာတာကလြဲလို႔ တည္ျမဲလ်ွက္
လက္ေလ်ွာ့လ်ွက္
အဆင္မေျပတဲ့ တမ္းတမႈထဲ
အဆင္ေျပေအာင္ေန ပါဆိုတဲ့စကားသာ
ခ်စ္ခဲ့ဖူးေသာ သေကၤတအျဖစ္
နံရံေတြကိုေဖာက္ထြက္လာတယ္ ။ ။
ခိုင္သစ္
5,September, 2016
*********************************************
အေဝးကမိုးတိမ္#၄၂
____________________
.
ခ်စ္ျခင္းေမတၱာနဲ႔ေပါက္ကြဲသြားတဲ့တြင္းမည္းႀကီးေတြ
ငါ့တို႔ၾကား တိတ္ဆိတ္ျခင္းမ်ားျပန္႔ကားလာတယ္
ၾကယ္ေတြရဲ႕သေဘာသဘာဝအတိုင္း
စၾကၤဝ႒ာရဲ႕နိယာမအတိုင္း
ဒီစြမ္းအင္တည္ျမဲမႈနိယာမအတိုင္း
ေအးခဲလာတာကလြဲလို႔ တည္ျမဲလ်ွက္
လက္ေလ်ွာ့လ်ွက္
အဆင္မေျပတဲ့ တမ္းတမႈထဲ
အဆင္ေျပေအာင္ေန ပါဆိုတဲ့စကားသာ
ခ်စ္ခဲ့ဖူးေသာ သေကၤတအျဖစ္
နံရံေတြကိုေဖာက္ထြက္လာတယ္ ။ ။
ခိုင္သစ္
5,September, 2016
*********************************************
အေဝးကမိုးတိမ္#၄၁
_____________________
.
ဒီအေၾကာင္းေတြနဲ႔ပိတ္မိေနရတယ္
က်မစိတ္ေတြက အိုးထဲထည့္အပိတ္ခံထားရတဲ့မီးႀကီးခဲေတြလိုပဲတဲ့
ငါကေရာ ဘာထူးလဲအခ်စ္ရယ္ အန္မထုတ္ႏိုင္ခဲ့တဲ့မီးေတာင္ပါ။ ။
ခိုင္သစ္
9,August,2016
*********************************************
မနက္ခင္း#၃၂
_______________
.
အရက္ဘားႏြမ္းဖတ္ဖတ္ထဲ
အရိပ္ေတြလွစ္ကနဲဝင္သြားၿပီး
ယဥ္ယဥ္ေက်းေက်းျပန္ထြက္လာတဲ့ကဗ်ာေတြျဖစ္ခဲ့တယ္
အထက္တန္းက်က်
ကမၻာေျမေပၚ အဲသည္လိုပန္းေတြပြင့္ခဲ့တယ္
မီလ်ွံထဲက ဘဝ
မီးလ်ွံမ်ားရဲ႕ပန္းေတြ
ေဝခဲ့တယ္ ေဝေနခဲ့တယ္ ။ ။
ခိုင္သစ္
3,September, 2016
*********************************************
မနက္ခင္း#၃၁
___________
.
ၾကယ္ေတြရဲ႕အသက္ဟာ န်ဴ ကလိယေလာင္စာ
သူတို႔ဒီလိုပဲေတာက္ပရတယ္။
ငါတို႔ရဲ႕အသက္ဟာေမ်ာ္လင့္ျခင္း ငါတို႔ဒီလိုလင္းလက္ရတယ္။
တေယာက္ ျပာက်သြားၿပီးေနာက္
တေယာက္ေတာက္ပလာတယ္ ။ ။
. ခိုင္သစ္
2,September, 2016
*********************************************
မနက္ခင္း#၃၁
_____________
ၾကယ္ေတြရဲ႕အသက္ဟာ န်ဴ ကလိယေလာင္စာ
သူတို႔ဒီလိုပဲေတာက္ပရတယ္။
ငါတို႔ရဲ႕အသက္ဟာေမ်ာ္လင့္ျခင္း ငါတို႔ဒီလိုလင္းလက္ရတယ္။
တေယာက္ ျပာက်သြားၿပီးေနာက္
တေယာက္ေတာက္ပလာတယ္ ။ ။
. ခိုင္သစ္
2,September, 2016
*********************************************
မနက္ခင္း#၃၀
___________
.
ေပ်ာ္ရႊင္ျခင္းမ်ားျဖင့္
ရင္နာျခင္းမ်ားျဖင့္
သတိလည္းရခ်င္ေသာ
သတိလည္းမရခ်င္ေတာ့ေသာ ကေဖးဆိုင္ကေလး
အေဝးကကေဖးဆိုင္ကေလး စိတ္ထဲေနာက္ထပ္ေရာက္မလာပါနဲ႔
မလာပါနဲ႔ မလာပါနဲ႔ေလ ။ ။
ခိုင္သစ္
1,September, 2016
*********************************************
မနက္ခင္း#၂၉
___________
႐ိုးရာေက်းလက္သီခ်င္းေတြဖြင့္ထားတဲ့ကေဖးဆိုင္ေလး
အိပ္ယာႏိုးစ ျမဴ ခိုးေဝေဝေတာင္တန္းမ်ား
ေတာင္ေျခၿမိဳ႕ေလးရဲ႕ေဒသသံဝဲဝဲမ်ား
အရာရာကိုႏုတ္ဆက္ပါတယ္
မေမ့ႏိုင္ေသာစိတ္နဲ႔ႏုတ္ဆက္ပါတယ္
ႏုတ္ဆက္ပါတယ္ ။ ။
ခိုင္သစ္
29,8,2016
*********************************************
ေမးခြန္းမ်ားနဲ႔ေမာတယ္
______________________
တခါတရံ
ေဒါသကိုေရနဲ႔ေမ်ွာခ်တဲ့နည္းကိုသံုးရတာ
က်န္းမာေရးအရအဆင္ေျပပါတယ္။
လမ္းေလ်ွာက္တိုင္းေမတၱာတရားကို
ခြဲျခမ္းစိတ္ျဖာၾကဖို႔ သတိမထားမ့ိပါသလား။
ဝင္႐ိုးစြန္းေဒသ ရာသီဥတုလို
ေတြေဝေနဖို႔ အခိ်န္ေတြေပါေနသလား။
ေလယာဥ္ပ်ံေတြလို သေဘာထားၿပီး
သတိနဲ႔အျမဲပ်ံေနရမယ့္စိတ္ေတြကို မေမ့နဲ႔ေလ။
လူယဥ္ေက်းေတြဟာရမ္းရမ္းကားကားျပံဳးလိ႔ု
လူယဥ္ေက်းေတြဟာ ေစာ္ကားတဲ့ေနရာမွာ
ယဥ္ယဥ္ေက်းေက်းသ႐ုပ္ေဆာင္တယ္။
အဲ့ဒါေတြပယ္ဖ်က္စာရင္းထဲေသေသခ်ာခ်ာထည့္
အဲ့ဒီလိုေတြ ေရလိုေကြ႔ပတ္စီးသြား။
တကယ္ေတာ့ဘာမွလည္းမဟုတ္ပါဘူး
ဇာတ္နာေအာင္
ခဏဝင္သ႐ုပ္ေဆာင္ခဲ့ၾကတာလား။
ခဏခဏ ေမးခြန္းမေမးခ်င္ဘူး
ၾကံဳရာအေျဖတခုမွာ မွတ္မွတ္ထင္ထင္မထားခ်င္ေသာ သေဘာထား
အာလူးေတြအခြံႏြာလိုက္သလို
စိတ္ဟာလြယ္ကူပါတယ္။
ခုထိ ေခတ္ဆိုတာႏိုင္ငံေရးနဲ႔ဘယ္မွာကင္းလဲ
ႏိုင္ငံေရးမဲ့တဲ့ေခတ္႐ိွလား
လာျပန္ၿပီေမးခြန္း
ေမးခြန္းမရိွတဲ့လူမ်ားမရိွၾကဘူးလား
ငယ္ငယ္တုန္းကလည္းေမးတယ္
ေသတဲ့အထိ ကိုယ့္ကိုယ္ေမးတယ္
တျခားလူကိုေမးတယ္။
ထြက္လာတဲ့အေျဖမွာ ေမးခြန္းကင္းစင္ၿပီလား
ေခါင္းခါသလား။ေခါင္းၿငိမ့္သလား။
ေဆးလိပ္ေသာက္အံုးမလား။
မိုးရြာခါနးီၿပီ လွန္းထားတဲ့အဝတ္ေတြေပၚကေသာကနဲ႔
တိမ္ေတြရဲ႕အလွကိုဘယ္သူမ်ားေငးၾကည့္မိသလဲ။
မီးပ်က္ေတာ့မွာကိုစိုးရိမ္ေနတာနဲ႔
ၾကည့္ေနတဲ့႐ုပ္႐ွင္ရဲ႕ဆြဲေဆာင္မႈပြန္းပဲ့သြားတာမ်ိဳး
ဘဝေပၚသာယာၿပီဆို ေသမွာကိုေတြးၿပီ။
ဒါအမွန္တရားပဲ
ေသတဲ့အထိမွန္လို႔ ေသျခင္းဟာအျမဲမွန္တယ္။
အဲ့ဒီ့အမွန္တရားမင္းဆီေရာက္လာရင္
ေမးခြန္းထုတ္အံုးမွာလား မေမးနဲ႔
ေျဖာင့္ေျဖာင့္ေသေပးလိုက္ပါ ငတံုးရဲ႕။
ကမၻာ့ဝင္႐ိုးထပ္ေစာင္းသြားမွာစိုးလို႔
ငါအရြဲ႔မတိုက္ေတာ့ပါဘူး
မေက်နပ္သမ်ွ ၾကက္သြန္ကိုပါးပါးလွီးခ်တယ္။
ခိုင္သစ္
27,August, 2015
*********************************************
မနက္ခင္း#၂၈
_________
အခ်ိန္ကာလတခုဆီအေရာက္ တအိအိ တစက္စက္
ရြာတယ္ အေသအလဲ အသည္းအသန္ရြာတယ္
ငါက ရႊဲရႊဲစိုေနတဲ့ၿမိဳ႕ေလးထဲမွာ ေငးေနသူ။ ။
ခိုင္သစ္
8,24,2016
*********************************************
ညေန
_______
သစ္ပင္ေတြတခစ္ခစ္ရယ္ေနၾကတယ္
ေနရာတိုင္းမွာပန္းသီးေတြခ်ည္း
စက္ဘီးအျဖဴေရာင္ေလးဆီေလေတြေျပးလာတိုင္း
မင္းကိုသတိရတယ္။ ။
ခိုင္သစ္
8,23,2016
*********************************************
မနက္ခင္း #၂၇
_________
သနပ္ခါးမညီမညာနဲ႔ လွလွပပလြင့္ေနတဲ့တိမ္ေတြ
ခေရပန္းပန္ထားတဲ့ေလေတြ
လွပါတယ္
အရာရာလွလွပပ ပ်ံ႕လြင့္လို႔
ကမၻာေျမေရ မင္းသိပ္လွပါတယ္ ။ ။
ခိုင္သစ္
8,23,2016
*********************************************
စိတ္ထဲကဟာေတြ#၁၂
______________________
အိပ္မက္ထဲမွာခဏခဏ စာေမးပြဲက်တယ္
အိပ္မက္တိုင္းက ကေခ်ာ္ကခြၽတ္ေတြပဲ ေဆြးမေနဘူး
ကိုယ္မလုပ္ႏိုင္တာအတြက္ေဆြးမေနေတာ့ဘူး
အိမ္အျပင္ဘက္ စာမ်က္ႏွာဟာ ငါနားမလည္တဲ့စကားလံုးေတြအျပည့္ ကိစၥမရိွဘူး
စတီဖင္ေဟာ့ကင္းလို ဦးေႏွာက္နဲ႔လမ္းေလ်ွာက္ခ်င္တယ္
ႏွလံုးသားနဲ႔ေတြးေခၚမိတာ ဝမ္းနည္းရတယ္
ရင္ကိုရင္ျခင္းငါ့ေပၚလစီ
ေၾကာေပးျခင္းကိုေၾကာေပးျခင္းငါ့နိယာမ
မွန္တခ်ပ္ရဲ႕သီအိုရီဟာ ငါ့လူမႈေဗဒ
လူအခ်င္းခ်င္းပဲေလ ရတီညီမွအဆင္ေျပမွာေပါ့
ဆယ့္သံုးပဲရည္ေလာက္နဲ႔စိတ္အတြင္းသားကိုလာမေခါက္နဲ႔
ဒီေန႔ရာသီဥတုသာယာတယ္
ကံ၊စိတ္၊ဥတု၊အာဟာရမ်ွတယ္
နာရီဝက္ေလာက ္လၻက္ရည္ဆိုင္
ဆယ့္ငါ့မိနစ္စာ အေတြးအေခၚ
ၿမိဳ႕တပတ္စာ အထူးၾကည္လင္မႈနဲ႔ ငါအိမ္အျပင္ထြက္ခဲ့မယ္။ ။
ခိုင္သစ္
19,8,2016
*********************************************
မနက္ခင္း#၂၆
______________________
စိတ္ကို ပန္းအိုးထဲထည့္လိုက္ပါ
စိတ္ကို စႏၵရားတလံုးေပၚသြန္လိုက္ပါ
ဂီတထဲကပန္းေတြပြင့္လာမယ္
ပန္းထဲက ဂီတေတြ ေမႊးလာမယ္ ။ ။
ခိုင္သစ္
18,8,2016
*********************************************
မနက္ခင္း#၂၄
______________________
ေတာင္ေတြကိုျမင္မွပဲ
အသက္ျပင္းျပင္း႐ွဴ ဖို႔သတိရတယ္
ေနထြက္ေတာ့မယ္
ေနထြက္လာေတာ့မယ္
အသက္႐ွဴၿပီးၿပီလား
ခင္မ်ားေအးေဆးပဲမဟုတ္လား
ကမၻာေျမကို ႏုတ္ဆက္စကားဆိုပါ ။ ။
ခိုင္သစ္
8,14,2016
*********************************************
မနက္ခင္း#၂၃
_____________
ေပ်ာ္ရႊင္ျခင္းမ်ားျဖင့္
ရယ္ေမာစရာမ်ားျဖင့္
အျပန္ျပန္အလွန္လွန္ ထုတ္ခ်င္းေပါက္ခဲ့တယ္
မဂၤလာပါ ရယ္သံေလးေရ
မင္းမွာထီးကေလးပါရဲ႕လား
မင္းသြားရာလမ္းမွာ တိမ္ေတြက သိပ္ေပ်ာ္ေနၾကတာမို႔လား ။။
. ခိုင္သစ္
8,13,2016
*********************************************
မနက္ခင္း#၂၂
_____________
ေဟး အရမ္းလွေနပါလား
ေလထဲမွာမင္းအေၾကာင္းေတြနဲ႔ေမႊးလို႔
မဂၤလာပါ ယုဇနေရ ။ ။
ခိုင္သစ္
13,8,2016
Unicode version
ခိုင်သစ်ကဗျာများစုစည်းမှု
================
.
နေ့လည်ခင်းထဲမှာကျီးကန်းတွေ
______________________
.
ဖန်ချောင်းမီးဟာဖျတ်ကနဲမှိတ်သွားတော့
ကျီးကန်းအော်သံတွေကြားရတယ်
စာအုပ်ထဲက ဒိုင်ယာလော့တွေလဲ ပြစ်ခဲ ရပ်တန့်လို့
မျက်လုံးတွေကိုတနေရာရွေ့လိုက်တယ် မှိတ်ခွင့်မပြုနိုင်သေးဘူး
သွပ်ပြားတွေပေါ်မိုးရေ တစက်စက်ကျနေတာ အိပ်ငွေ့ချနေတာမိျုး
ရှေးဟောင်းနာရီထဲကစက်တွေလို ခံနိုင်ရည်ရှိရှိ ခံစားမှုမဲ့မဲ့
ဒီလိုနေတတ်ရမယ် လူဆိုတာ
ငါဒီလိုတွေးမိတာ ပုံစံမကျဘူး
ပုံစံမကျတာမဟုတ်ဘူး အသုံအနှုန်းလွဲနေတာ သိသိသာသာ
မဟုတ်သေးဘူး ဒီလိုတွေးမိတာ မဟုတ်သေးဘူးလို့ပြောရမှာ
စိတ်ရဲ့စီးဆင်းပုံဟာ မြစ်နဲ့တူတယ်
လေထုထဲကရေခိုးရေငွေ့နဲ့လည်းတူတယ်
စိတ်ကိုကြည့်တတ်ရင်ရုပ်ရှင်မလိုဘူး
ရုပ်ရှင်ဆိုတာမျိုးက စိတ်နဲ့ဖွဲစည်းထားတဲ့သရုပ်ပြမှုတခုပဲ
အဝတ်ကိုဘရပ်စ်နဲ့တိုက်နေတာ ဒီအသံငါနဲ့သိပ်မဝေးဘူး
ညကြီးသန်းခေါင်ဒီလိုအသံမျိုးကြားရရင် စိတ်ခြောက်ခြားဖွယ်ပဲ
ကျီကန်းတွေအော်နေမြဲ
ကျီးကန်းအော်သံဟာ တလျှောက်လုံးအဖေါ်ဖြစ်ခဲ့တယ်
ကျီးကန်းတွေတခုခုပြောတိုင်း ဘယ်သူကနားလည်လို့လဲ
ကျီးကန်းတွေကိုမျက်မုန်းကျိုးကြတယ်
သူတို့ရဲ့နိမိတ်ကို ဘယ်သူအရေးစိုက်ခဲ့လဲ
ရေတွေကြီးလာနိုင်တဲ့အကြောင်း
စစ်ဖြစ်တော့မယ့်အကြောင်း
မြေငလျှင်လှုပ်တော့မယ့်အကြောင်း
တနေရာမှာကလေးတွေနှိပ်စက်ခံရတော့မယ့်အကြောင်း
လူတယောက်မူယစ်ဆေးဝါးတွေအလွန်အကျွံသုံးစွဲနေတဲ့အကြောင်း
လူတယောက်ကလူတယောက်ကိုစနစ်တကျလုပ်ကြံတော့မယ့်အကြောင်း
စိတ်ဆင်းရဲနေတဲ့လူတယောက် အဆုံးစီရင်တော့မယ့်အကြောင်း
ရဟန္တာပုဂိုလ်တပါး တွေ့ထားတဲ့အကြောင်း
တခုခုအကြောင်း သူတို့ပြောနေကြတာဖြစ်နိုင်တာပဲ
ငါပြောတာမဟုတ်လဲ သူတို့တခုခုပြောမှာသေချာတယ်
ဒီနေရာမှာ မောင်ပေါက်ကျိုင်းလောက်တောင် ငါမသိဘူး
နာကျင်ရတယ်
ဆက်လက်နာကျင်နေရမှာထက် ရှိပြီးသားပျော်ရွှင်မှုကိုပြန်တွေကြည့်တယ် ဘာထူးလဲ ဟိုတစဒီတစ နာကျင်စရာအစအနတွေ ရောယှက်နေတာပဲ
သီချင်းတပုဒ်ထဲကနေ ကုန်လွန်ပြီးသားနှစ်တချို့ရဲ့နေ့တွေပြန်ထွက်လာတယ် ပျော်စရာတွေများခဲ့တယ် သီချင်းနားထောင်ရတာ
ရေးပြီးသားဒိုင်ယာရီတွေပြန်ဖတ်ရသလိုပဲ
စိတ်က သေသွားတဲ့ကြောင်အိုလေးဆီရောက်သွားတယ်
သူမရှိတော့အိမ်ကကြွက်သူခိုးတွေပျော်ရွှင်နေကြတာ
သူ့အထိအတွေ့ ပွတ်သပ်မှုခပ်နွေးနွေး ခံစားမိသလိုပဲ
သူ့စွဲလန်းမှုတွေအိမ်နဲ့အနှံ့ရှိနေလိမ့်မယ်
ူအချိန်တိုင်းအိမ်ကိုပြန်လာနေတဲ့သူ့ခြေသံတွေကြားတယ်
အပျင်းဆန့်မှု အမွှေးအမျှင်ပေါ်ကဖုန်တွေခါချနေတဲ့အသံ
သူရှိနေတယ် ငါ့သတိရခြင်းတွေနဲ့အတူသူရှိနေတယ်
အရာအားလုံးဟာသတိရမှုတွေထဲမှာ ပြန့်ပြန့်ကျဲကျဲရှိနေတယ်
ငါ့ကိုလည်း တခြားသော သတိရစိတ်ထဲရှိနေကြလိမ့်မယ်
စွမ်းအင်တည်မြဲမှုနိယာမကြီးကို ငါဖောက်ထွက်ချင်တယ်
ဘယ်စွမ်းအင်မှငါ့အဖြစ်နဲ့ ငါတည်မြဲမနေချင်
ဇီရိုးစွမ်းအင်အထိ အနုတ်လက္ခနဲ့ဖျောက်ချင်တယ်
အိုမင်းခြင်းများအချိန်တိုင်း အရောင်ထွက်လာနေ
သစ်ရိပ်ဝေဝေတိတ်ဆိတ်မှုများ လျှော့လာတဲ့မာန်မာနနောက်မှာ
တစတစပေါ်လာ ငါ့ဆောင်းဦးပေါက်ချိန်ရောက်လာနေပြီ
ငါ့ရဲ့မြစ်ဟာ တည်ငြိမ်လာတယ် ရေစီးသံတိုးတိုးသဲ့သဲ့
ခဏလောက် ပြန်လွမ်းပြီးရင်
သစ်တောတွေနောက် ငါ့ခရီးရောက်လောက်ပါပြီ
ငါသွားနေရာအရပ် တိတ်ဆိတ်ခြင်းက ကြိုနေမလား
ဒီတကြိမ်တော့ ကျီးကန်းတွေရဲ့စကား
ငါကောင်းကောင်ဘာသာပြန်တတ်မှာပါ
အားလုံးအဆင်ပြေပြေ
ငါ့မိုက်မဲမှုတွေလည်း ခွင့်လွတ်ကြပါစေ ။
ခိုင်သစ်
7,October, 2016
*********************************************
မနက်ခင်း#၃၆
______________________
.
ကျယ်လောင်တဲ့အခြားအသံတွေကိုငါမကြားတော့ဘူး
ပန်းလေးပွင့်လာသလို တိုးညှင်းတဲ့အသံလေး ငါကြားနေတယ် ။
စူးရှထင်ရှားတဲ့ပုံသဏဏ္ဍန်တွေငါမမြင်တော့ဘူး
မှိန်ဖျော့အေးမြတဲ့ အလင်းဖျော့ဖျော့လေးဟာ ထင်ရှားလာတယ်။
မိုအနှံ့မြေအနှံ့ သာယာခြင်းများ သင်တို့လည်း ရကြပါစေ။ ။
ခိုင်သစ်
7,October, 2016
*********************************************
မိုးတွေရွာနေတယ် အတွေးများ
______________________
.
မိုးရေတွေအောက်မှာ မီးဖိုဟောင်းကြီး အေးဆေးပါပဲ
အေးဆေးပါပဲ
ဂျိမ်းစဘွန်းတွေအေးဆေးသလိုမျိုး
ဂျိမ်စဘွန်းတွေအကုန်ပေါင်းပြီး အေးဆေးထားသလိုမျိုး
လူတိုင်းဟာ ဂျိမ်းစ်ဘွန်းဖြစ်နိုင်တယ်မို့လား
ကြောင်လေးကွေးပြီးအိပ်နေပုံက ဝေလငါးကြီးအစားရခက်နေတဲ့အိပ်မက်နဲ့ သူ့သေခြင်းတရားကိုသတိမထားမိပုံ
ရေမခြောက်သေးတဲ့အဝတ်တွေတအိမ်လုံးပြည့် တန်းတွေပေါ်
ရုပ်မြင်သံကြားအစီစဉ်ထဲမှာ မိုးရွာနေတယ်
ငါ့အိမ်ခေါင်မိုးပေါ်မိုးရွာနေတယ်
အမိုးအကာအောက်မှာ စိတ်ကအဝေးရောက်နေလို့ ငူငူငိုင်ငိုင်
အဝေး သိပ်မဝေးပေမယ့် ဝေးနေရတဲ့အဝေး
တနေရာမှာကော်ဖီစေ့လှော်တွေကိုကြိတ်နေကြလ့ိမ်မယ်
တချို့နေရာတွေနေသာချင်သာမှာပေါ့
ငါ့ရဲ့အိစံမ အိစံမ ဖုန်းတလုံးနဲ့ထမင်းဟင်းချက်နေတဲ့ ဲ့မင်းအလွမ်းက
ငါ့စိတ်ကို ခွေးပေါက်စလေးလိုခုန်ပေါက်မြူးးတူးစေတယ်
တယောက်ကိုယ်တယောက် ငါတို့ကလေးလေးတွေလို
တယောက်ကိုယ်တယောက်စိုးရိမ် စိုးရိမ်စရာခေတ်ကြီးမို့လား
အိစံမရယ် စိုးရိမ်တယ်
အိစံမရယ် မင်းကလွဲ ငါအနည်ထိုင်ပြီ
စိတ်ချနော် အိစံမ
စိတ်ချမယ်နော်အိစံမ
လေထဲက မင်းအသံဝဲဝဲလေး ငါလိုက်ဖမ်းနေတဲ့လိပ်ပြာလေးတွေ
ငါ့မြို့လေးမှာမင်းလွင့်ကျန်ခဲ့တဲ့ကိုယ်သင်းရနံ့တွေနဲ့မွှေးနေတယ်
နောက်ဆုံးနုတ်ဆက်နေတဲ့မိုးရေစက်တွေကြား ငါမင်းကိုအော်ခေါ်မိနေ အိစံမရေ မိုးတွေရွာနေတယ်
ကမ္ဘာကြီးတခုလုံးပေါ်က ဂြိုလ်တုတစ်လုံးငါဖြစ်ကြည့်ချင်မိ့
ကစားကွင်းမရှိတဲ့တချို့ကလေးတွေ လမ်းကြို့လမ်းကြားထဲ
ဘောလုံးကန်နေကြတာ ကမ္ဘာကြီးအတွက်
တချိန်မှာ ကမ္ဘာကျော်ကွင်းကြီးတွေထဲ ပရိတ်သတ်သန်းပေါင်းများစွာအတွက်
အဲ့ဒီအရပ်ကိုမိုးရွာပေးလိုက်စမ်း
လိုတာထက်ပိုနေတဲ့ရေတွေ အဲ့ဒီ့အရပ်ဆီအငွေ့ပျံပေးပါ
ဒီမှာ မြေသားနဲ့အဝတ်အထည်တွေခြောက်ဖို့လိုတယ်
စိုပြီးသားလက်တွေ မခြောက်ရဘူးလို့အမေကပြောတယ်
အခုသူမရှိတော့ဘူးလေ ကျနော့်အမေ အမေပြုံးလိုက်ရင်
မဲ့ကလေးက ပန်းတွေပွင့်သလိုပဲ အဲ့ဒီ့မဲ့လေးကို ရေဒီယိုဖွင့်သလိုလှည့်ဖွင့်ရင် လ္ဘက်ရည်ဖိုးတွေထွက်လာခဲ့ဖူးတယ်
အခုတော့ အကုန်ရွေ့ အကုန်လွဲ
လူရော တိမ်တွေရော နေရာလွဲနေပါလား
ဝီစကီတွေဘက်က တွေးကြည့်တော့လဲ ငါမှားတာပဲ
ပုလင်းထဲမှာငါးမဟုတ်ဘာမဟုတ် အလှမွေးထားမ့ိသလို
ကျောက်တုံးလေး ငါ့လက်မှတ်ထိုးထားတဲ့အမှတ်တရကျောက်တုံးလေး မင်းမျက်နှာငယ်ရှာပေလိမ့်မယ် ဒါလဲအမှတ်တရပါပဲ
ငါပဲမှားနေတာ မင်းဘက်ကကြည့်တော့ ငါ့လွဲချော်မှုတွေက
အတော့်ကိုလွဲခဲ့တယ်
လွဲခဲ့ကြပြီ တည့်တည့်ကြီးကိုလွဲခဲ့တယ်
လွဲချော်သွားတဲ့အဝေးပြေးကားတွေ
ရထားဆိုက်မရတဲ့ ကြားဘူတာရုံအဟောင်းလေး
လွဲလွဲချော်ချော် ကျန်ခဲ့
ဘာတွေဆက်ဖြစ်လာမလဲ မသိချင်တော့ပါဘူး
နေသာတဲ့လမ်းကလေးအတိုင်း ငါ့ချစ်မေတ္တာနေကြာပန်းတွေတရွေ့ရွေ့
ချစ်တာပဲ စစ်ဖြစ်နေတာမဟုတ်ဘူး
ချစ်တာပဲ ဘယ်သူ့ အိမ်ကိုအာပီဂျီနဲ့ထုနေလို့လဲ
မီးခိုးတိတ် လွမ်းကြမယ်အချစ်ရယ်
ကမ္ဘာကြီးအတွက် မီးခိုးတိတ်ပေးကြမယ်
တိတ်ပါ မိုးတိတ်ပါ မျက်ရည်တွေတိတ်ပါ
မျက်မုန်းကျိုးမှုတွေ ဒေါသဗေဒတွေ တိတ်ကြစမ်း
မနာလိုမှုတွေသိပ်များရင် အသိဉာဏ်ကွယ်တတ်တယ်
တိတ်ကြ မနာလိုဖုန်ထမှုတွေ
ဒေါသတွေ ဒီနှစ်ခုတိတ်ခြင်းဟာ နိဗ္ဗာန်တစ်ခုပေါ်လာခြင်းပဲ
စစ်ဖြစ်နေတဲ့ကမ္ဘာကြီးမှာ နင့်ကိုအချစ်ဆုံးပါ အိစံမ ။ ။
ခိုင်သစ်
3,October, 2016
*********************************************
နေရောင်နဲ့ထုဆစ်ထားသော
______________________
.
နေရောင်ခြည်ရဲ့ဒေါသမှာ အရိပ်တွေဆန့်ထွက်လာ
ဒေါသမဟုတ်ဘူး ချစ်ခြင်းမေတ္တာ
အရိပ်တွေအရိပ်တွေ နေရောင်ရိုက်နက်လိုက်တဲ့အရိပ်တွေ
အရိပ်တွေတည်ငြိမ်နေတယ်
အရိပ်တွေရွေးလျှားနေတယ်
သေသွားတဲ့ကြောင်ကလေးရေ ငါ့ကိုယ်ထဲမှာမင်းအရိပ်လည်းပါတယ် မင်းအော်သံတွေရဲ့အရိပ်ဟာ နိုင်းမြစ်ကြီးထက့်ပိုရှည်တယ်
နေရောင်က ဒီဂရီအမျိုးမျိုးနဲ့ရိုက်တယ်
ရိုက်နှက်တာမဟုတ်ဘူးမို့လား ဒါဟာအနမ်းပဲ ဒီဂရီအမျိုးမျိုး
ဒီလိုပဲ တွေးရ
ဒီလိုပဲဖြေရ
အာတိတ်ရေခဲပြင်ကြီးလောက်တွေးခဲ့ရ
အာရှတိုက်ကြီးလောက် ဖြေခဲ့ရပါတယ်
ကိုယ့်အရိပ်ကိုယ် သေသေချာချာအရသာရှိရှိ ငေးဘူးလား
အရိပ်က အမြဲတိတ်ဆိတ်တယ် အရိပ်ကနေကိုမှီခိုတယ်
အရိပ်ကိုငေးရင်းလွမ်းရတော့ အရိပ်ဟာတခုထပ်တိုးလာတယ်
အရိပ်က ငါ့ကိုအားပေးတယ်
အရိပ်က ငါ့ကိုထားမသွားဘူး ငါသေရင်လည်းအရိပ်ကရှိနေပေးမယ်တဲ့
ငေးဘူးလား ငေးဘူးလား
ငေး
နေရောင်နဲ့လုပ်ထားတဲ့အရိပ်က ဈေးကြီးတယ်
နေရောင်ဝယ်မရလို့ အေးခဲနေတဲ့နိုင်ငံတွေမှာ
နေရောင်နဲ့လုပ်ထားတဲ့အရိပ်တွေ မရှိ
သူတောင်းစားချင်းအတူတူ နေရောင်ရတဲ့သူတောင်းစားက
အဓိပ္ပါယ်ပိုရှိ
နေရောင်ရတဲ့ စစ်ပြေးဒုက္ခသည်က အနွေးဓာတ်ပိုရ
မိဘမဲ့ဂေဟာချင်းအတူတူ နောင်ရောင်ရတဲ့ပြတင်းပေါက်က
ပိုလှ
အရိပ်မထွက်နိုင်တဲ့အရာတွေကြောင့်ဝမ်းနည်းဘူးသလား
လူတွေအလွယ်တကူသုံးစွဲနေတဲ့
ဂုဏ်သိက္ခာတို့ သစ္စာတရားတို့ ထက် အရိပ်တွေကမြင်လွယ်ထင်လွယ်
ဂုဏ်သိက္ခာက နေရောင်လို့လှလား
သစ်ပင်တွေက သစ္စာတရားအကြောင်းမပြောပဲငြိမ်းချမ်းစိမ်းမြပြတယ်
ဂုဏ်သိက္ခာအကြောင်းမပြောပဲ နုတ်ဆိတ်ရင်းပန်းတွေပွင့်တယ်
လွတ်လပ်မှုနဲ့နေရောင်သာငါတွေ့လိုတယ်
ဂုဏ်သက္ခာများ သစ္စာတရားများ နဲ့
ပိတ်လှောင်နေတဲ့ငါမဖြစ်လို
လွတ်လပ်မှုနဲ့နေရောင်ရသောဘဝသာ ငါဖြစ်လိုတယ်
နေရောင်ဟာရိုးသားတဲ့လက်ချောင်းတွေရှိတယ်
နေရောင်ဟာ ရိုးသားတဲ့အပြုံးနဲ့ငါ့ခေါင်းထက်မှာရှိတယ်
ရိုးသားမှုကိုရိုးသားမှုနဲ့ပဲမြင်ရတယ်
ငါ့အရိပ်သာ သေသည်အထိရိုးသား
ရိုးသားတဲ့အရပ်မှာ ငါရိုးရိုးသားသားပြားချပ်နေရဲ့
ငါ့အရိပ်က နေရောင်အောက်မှာအပြာ ။ ။
ခိုင်သစ်
27,September, 2016
*********************************************
စိတ်ထဲက ဟာတွေ#၁၃
______________________
.
ချောင်ထိုးထားတဲ့ဖိနပ်တရံလို့များထင်နေလား
လိမ့်နေတဲ့ဘီး
လွင့်နေတဲ့သစ်ရွက်လေ
အကြောလဲ သိတယ်
အကြောင်းလဲသိတယ်
ငါက အင်္ဂါဂြိုလ်နက္ခ
မလိမ်နဲ့ ငါ့နလုံးသားမှာ ပရောဖတ်တစ်ရာ ရှိတယ်
မညာနဲ့ ငါက spare part ထားတဲ့ ကားဘီးမဟုတ် အညှီအဟောက်နဲ့ စိတ်ကိုလာမထိနဲ့
ငါက ယင်ကောင်မဟုတ်
စိတ်နာလွန်းလို့ အလွမ်းဆိုတာ လေးထောင့်လား
အဝိုင်းလား မေးယူရမယ့် တနစ်စာရက်စွဲဟောင်းတွေ
အခုတော့ပျော်စရာ နန်းဆောင်သစ်ထဲ
ပျော်ရွှင်စရာဆိုတာ လိုတရ မေတ္တာအဆောင်ဆောင်အခန်းခန်းတွေ
ုချမ်းမြေ့ဖွယ် စုလစ်မွန်းချွန်း အဆင်းတန်ဆာ စိတ်ကူးတွေ
ဒီတခါ နန့်မိရင် ကိုယ်စိတ်ကိုယ် အမြီးဖျတ်မယ်
နောက်တခါ စိတ်လည်ရင် ကိုယ်ရင်ဘတ်ကိုယ်ဆေးလိပ်မီးနဲ့ထိုးမယ်
ဥပမာ ပြောတာပါ
ပြီးခဲ့တာဟာ ပြီးခဲ့ပါတယ်
စီးခဲ့ပြီးတဲ့မြစ် များလည်းဆန်တက်ရိုးထုံးစံမရှိ
အမှတ်တရဆိုတာ ဘုရင့်နောင်ဖောင်ပျက်လို ပျက်ခဲ့
ခမ်းသွားတဲ့အိုင်ငယ်လေးအစား
ပင်လယ်ဟာ လှပလာတယ်
တောင်ကျချောင်းလိုခဏတဖြုတ်တွေမလိုဘူး
ကောက်ရိုးမီးတွေမလိုဘူး
ကြယ်လိုအလင်းမှာ အိပ်မက်ဆိုးကလွတ်ခဲ့တယ်
အေးဆေးကဗျာရေးတော့လည်းခွေးဟောင်တယ်
ကိစ္စမရှိ ကိစ္စရှိမတဲ့လား
ယုံကြည်မှုဟာ ဘယ်သူတောင်းစားရဲ့ထောက်ခံချက်မှမလိုဘူး
ငါ့ကိုတစ္ဆေလိုမလှန့်နဲ့
ခြောက်တီးခြောက်ချက်အသိဉာဏ်လေးတွေ ဖုန်ထတာလည်းပျော်စရာပဲ
ရယ်မောဖို့အတွက် အဲ့ဒီ့ဖုန်တွေလိုတယ်
ပြားကပ်နေတဲ့သစ်ပင်အရိပ်ဟာ မြေပြင်မှာလှုပ်လို့
ဒါဟာ နေသာတဲ့နေ့တနေ့ဖြစ်တယ်
နောက်ဆို နှင်းတွေကိုမျော်ကြတော့မယ်
နှင်းတွေရောက်လာရင် ပြတင်းပေါက်တွေကိုဖွင့် ဗော်ဒကာ ပုလင်းကိုဖွင့်
ကတ်ကိုဘိန်းသီချင်းတွေကိုဖွင့်ထားလိုက်မယ်။
. ခိုင်သစ်
14,September, 2014
*********************************************
မနက်ခင်း#၃၅
__________________
.
ပင်လယ်ညနေခင်းနဲ့တူတဲ့ချစ်ခြင်းမေတ္တာမှာ
အိပ်မက်ဆးိုတွေ ဝေးလွင့်သွား
ငါ့ပျော်ရွှင်ခြင်းအုန်းလက်ဖျားများစန္ဒယားခလုတ်တွေလိုနိမ့်ချီမြင့်ချီ
ပျော်စရာတေးများမင်းကြားပါစ
ကျေးဇူးတော်အန္တပါ
ချစ်သော ငါ့လေညှင်းလေးရေ ။ ။
ခိုင်သစ်
12,September, 2016
*********************************************
မနက်ခင်း#၃၄
______________________
.
လေတွေလိုပြေးလာတဲ့အပြုံးတွေအပျော်တွေတပွေ့တပိုက်
အိပ်ယာနိုးနိုးခြင်း
ရှေ့ကလမ်းမကြီးလည်းပြုံးနေတယ်
နေခြည်နွေးနွေးလေးလည်းပြုံးနေတယ်
တောင်ထိပ်ဖျားထုံးစေတီလေးလည်းပြုံးနေတယ်
ပြုံးနေကြတယ်
တလောကလုံးမှာ အပြုံးတွေချည်း
ပန်းကလေးတွေထက် မင်းမေတ္တာတွေက ပိုပြုံလို့ပေါ့
ငါပျော်လိုက်တာ
အားလုံးလည်းပျော်တယ်မို့လား
မင်္ဂလာ ရှိပါစေ မနက်ခင်းရေ ။ ။
ခိုင်သစ်
9,September, 2016
*********************************************
မနက်ခင်း#၃၃
_________________
.
တိမ်တွေကိုစီးလို့
မိုးမဆုံး မြေမဆုံး သံသရာမဆုံး သွားကြမယ်
လက်ကလေးမြဲအောင်ကိုင်ထား ငါတို့သွားကြမယ် ။ ။
ခိုင်သစ်
8,September, 2016
*********************************************
မနက်ခင်း#၃၂
___________________
.
ခပ်ဝဲဝဲလေသံနဲ့ ချိ ုမြသော ခင်များခေါ်သံတွေ
နတ်ဥယျာဉ် တမျှ ခင်များပေးတဲ့ပျော်ရွှင်မှုတွေ
အိပ်မက်တခုလုံးပါပဲ အလိုလိုပြုံးယောင်သမ်းနုတ်ခမ်းလေးတွေဝဲပျံနေခဲ့တာ
အိပ်မက်တခုလုံးမှာပဲ ကျနော် မိုးလင်းခဲ့ရတာ
မင်္ဂလာနံနက်ခင်းပါ
ခင်များစိတ်လက်ချမ်းမြ ရှိပါစေ ။ ။
ခိုင်သစ်
10,September, 2016
*********************************************
အဝေးကမိုးတိမ်#၄၂
___________________
.
ချစ်ခြင်းမေတ္တာနဲ့ပေါက်ကွဲသွားတဲ့တွင်းမည်းကြီးတွေ
ငါ့တို့ကြား တိတ်ဆိတ်ခြင်းများပြန့်ကားလာတယ်
ကြယ်တွေရဲ့သဘောသဘာဝအတိုင်း
စင်္ကြဝဋ္ဌာရဲ့နိယာမအတိုင်း
ဒီစွမ်းအင်တည်မြဲမှုနိယာမအတိုင်း
အေးခဲလာတာကလွဲလို့ တည်မြဲလျှက်
လက်လျှော့လျှက်
အဆင်မပြေတဲ့ တမ်းတမှုထဲ
အဆင်ပြေအောင်နေ ပါဆိုတဲ့စကားသာ
ချစ်ခဲ့ဖူးသော သငေ်္ကတအဖြစ်
နံရံတွေကိုဖောက်ထွက်လာတယ် ။ ။
ခိုင်သစ်
5,September, 2016
*********************************************
အဝေးကမိုးတိမ်#၄၂
____________________
.
ချစ်ခြင်းမေတ္တာနဲ့ပေါက်ကွဲသွားတဲ့တွင်းမည်းကြီးတွေ
ငါ့တို့ကြား တိတ်ဆိတ်ခြင်းများပြန့်ကားလာတယ်
ကြယ်တွေရဲ့သဘောသဘာဝအတိုင်း
စင်္ကြဝဋ္ဌာရဲ့နိယာမအတိုင်း
ဒီစွမ်းအင်တည်မြဲမှုနိယာမအတိုင်း
အေးခဲလာတာကလွဲလို့ တည်မြဲလျှက်
လက်လျှော့လျှက်
အဆင်မပြေတဲ့ တမ်းတမှုထဲ
အဆင်ပြေအောင်နေ ပါဆိုတဲ့စကားသာ
ချစ်ခဲ့ဖူးသော သငေ်္ကတအဖြစ်
နံရံတွေကိုဖောက်ထွက်လာတယ် ။ ။
ခိုင်သစ်
5,September, 2016
*********************************************
အဝေးကမိုးတိမ်#၄၁
_____________________
.
ဒီအကြောင်းတွေနဲ့ပိတ်မိနေရတယ်
ကျမစိတ်တွေက အိုးထဲထည့်အပိတ်ခံထားရတဲ့မီးကြီးခဲတွေလိုပဲတဲ့
ငါကရော ဘာထူးလဲအချစ်ရယ် အန်မထုတ်နိုင်ခဲ့တဲ့မီးတောင်ပါ။ ။
ခိုင်သစ်
9,August,2016
*********************************************
မနက်ခင်း#၃၂
_______________
.
အရက်ဘားနွမ်းဖတ်ဖတ်ထဲ
အရိပ်တွေလှစ်ကနဲဝင်သွားပြီး
ယဉ်ယဉ်ကျေးကျေးပြန်ထွက်လာတဲ့ကဗျာတွေဖြစ်ခဲ့တယ်
အထက်တန်းကျကျ
ကမ္ဘာမြေပေါ် အဲသည်လိုပန်းတွေပွင့်ခဲ့တယ်
မီလျှံထဲက ဘဝ
မီးလျှံများရဲ့ပန်းတွေ
ဝေခဲ့တယ် ဝေနေခဲ့တယ် ။ ။
ခိုင်သစ်
3,September, 2016
*********************************************
မနက်ခင်း#၃၁
___________
.
ကြယ်တွေရဲ့အသက်ဟာ နျူ ကလိယလောင်စာ
သူတို့ဒီလိုပဲတောက်ပရတယ်။
ငါတို့ရဲ့အသက်ဟာမျော်လင့်ခြင်း ငါတို့ဒီလိုလင်းလက်ရတယ်။
တယောက် ပြာကျသွားပြီးနောက်
တယောက်တောက်ပလာတယ် ။ ။
. ခိုင်သစ်
2,September, 2016
*********************************************
မနက်ခင်း#၃၁
_____________
ကြယ်တွေရဲ့အသက်ဟာ နျူ ကလိယလောင်စာ
သူတို့ဒီလိုပဲတောက်ပရတယ်။
ငါတို့ရဲ့အသက်ဟာမျော်လင့်ခြင်း ငါတို့ဒီလိုလင်းလက်ရတယ်။
တယောက် ပြာကျသွားပြီးနောက်
တယောက်တောက်ပလာတယ် ။ ။
. ခိုင်သစ်
2,September, 2016
*********************************************
မနက်ခင်း#၃၀
___________
.
ပျော်ရွှင်ခြင်းများဖြင့်
ရင်နာခြင်းများဖြင့်
သတိလည်းရချင်သော
သတိလည်းမရချင်တော့သော ကဖေးဆိုင်ကလေး
အဝေးကကဖေးဆိုင်ကလေး စိတ်ထဲနောက်ထပ်ရောက်မလာပါနဲ့
မလာပါနဲ့ မလာပါနဲ့လေ ။ ။
ခိုင်သစ်
1,September, 2016
*********************************************
မနက်ခင်း#၂၉
___________
ရိုးရာကျေးလက်သီချင်းတွေဖွင့်ထားတဲ့ကဖေးဆိုင်လေး
အိပ်ယာနိုးစ မြူ ခိုးဝေဝေတောင်တန်းများ
တောင်ခြေမြို့လေးရဲ့ဒေသသံဝဲဝဲများ
အရာရာကိုနုတ်ဆက်ပါတယ်
မမေ့နိုင်သောစိတ်နဲ့နုတ်ဆက်ပါတယ်
နုတ်ဆက်ပါတယ် ။ ။
ခိုင်သစ်
29,8,2016
*********************************************
မေးခွန်းများနဲ့မောတယ်
______________________
တခါတရံ
ဒေါသကိုရေနဲ့မျှောချတဲ့နည်းကိုသုံးရတာ
ကျန်းမာရေးအရအဆင်ပြေပါတယ်။
လမ်းလျှောက်တိုင်းမေတ္တာတရားကို
ခွဲခြမ်းစိတ်ဖြာကြဖို့ သတိမထားမ့ိပါသလား။
ဝင်ရိုးစွန်းဒေသ ရာသီဥတုလို
တွေဝေနေဖို့ အခိျန်တွေပေါနေသလား။
လေယာဉ်ပျံတွေလို သဘောထားပြီး
သတိနဲ့အမြဲပျံနေရမယ့်စိတ်တွေကို မမေ့နဲ့လေ။
လူယဉ်ကျေးတွေဟာရမ်းရမ်းကားကားပြုံးလိ့ု
လူယဉ်ကျေးတွေဟာ စော်ကားတဲ့နေရာမှာ
ယဉ်ယဉ်ကျေးကျေးသရုပ်ဆောင်တယ်။
အဲ့ဒါတွေပယ်ဖျက်စာရင်းထဲသေသေချာချာထည့်
အဲ့ဒီလိုတွေ ရေလိုကွေ့ပတ်စီးသွား။
တကယ်တော့ဘာမှလည်းမဟုတ်ပါဘူး
ဇာတ်နာအောင်
ခဏဝင်သရုပ်ဆောင်ခဲ့ကြတာလား။
ခဏခဏ မေးခွန်းမမေးချင်ဘူး
ကြုံရာအဖြေတခုမှာ မှတ်မှတ်ထင်ထင်မထားချင်သော သဘောထား
အာလူးတွေအခွံနွာလိုက်သလို
စိတ်ဟာလွယ်ကူပါတယ်။
ခုထိ ခေတ်ဆိုတာနိုင်ငံရေးနဲ့ဘယ်မှာကင်းလဲ
နိုင်ငံရေးမဲ့တဲ့ခေတ်ရှိလား
လာပြန်ပြီမေးခွန်း
မေးခွန်းမရှိတဲ့လူများမရှိကြဘူးလား
ငယ်ငယ်တုန်းကလည်းမေးတယ်
သေတဲ့အထိ ကိုယ့်ကိုယ်မေးတယ်
တခြားလူကိုမေးတယ်။
ထွက်လာတဲ့အဖြေမှာ မေးခွန်းကင်းစင်ပြီလား
ခေါင်းခါသလား။ခေါင်းငြိမ့်သလား။
ဆေးလိပ်သောက်အုံးမလား။
မိုးရွာခါနးီပြီ လှန်းထားတဲ့အဝတ်တွေပေါ်ကသောကနဲ့
တိမ်တွေရဲ့အလှကိုဘယ်သူများငေးကြည့်မိသလဲ။
မီးပျက်တော့မှာကိုစိုးရိမ်နေတာနဲ့
ကြည့်နေတဲ့ရုပ်ရှင်ရဲ့ဆွဲဆောင်မှုပွန်းပဲ့သွားတာမျိုး
ဘဝပေါ်သာယာပြီဆို သေမှာကိုတွေးပြီ။
ဒါအမှန်တရားပဲ
သေတဲ့အထိမှန်လို့ သေခြင်းဟာအမြဲမှန်တယ်။
အဲ့ဒီ့အမှန်တရားမင်းဆီရောက်လာရင်
မေးခွန်းထုတ်အုံးမှာလား မမေးနဲ့
ဖြောင့်ဖြောင့်သေပေးလိုက်ပါ ငတုံးရဲ့။
ကမ္ဘာ့ဝင်ရိုးထပ်စောင်းသွားမှာစိုးလို့
ငါအရွဲ့မတိုက်တော့ပါဘူး
မကျေနပ်သမျှ ကြက်သွန်ကိုပါးပါးလှီးချတယ်။
ခိုင်သစ်
27,August, 2015
*********************************************
မနက်ခင်း#၂၈
_________
အချိန်ကာလတခုဆီအရောက် တအိအိ တစက်စက်
ရွာတယ် အသေအလဲ အသည်းအသန်ရွာတယ်
ငါက ရွှဲရွှဲစိုနေတဲ့မြို့လေးထဲမှာ ငေးနေသူ။ ။
ခိုင်သစ်
8,24,2016
*********************************************
ညနေ
_______
သစ်ပင်တွေတခစ်ခစ်ရယ်နေကြတယ်
နေရာတိုင်းမှာပန်းသီးတွေချည်း
စက်ဘီးအဖြူရောင်လေးဆီလေတွေပြေးလာတိုင်း
မင်းကိုသတိရတယ်။ ။
ခိုင်သစ်
8,23,2016
*********************************************
မနက်ခင်း #၂၇
_________
သနပ်ခါးမညီမညာနဲ့ လှလှပပလွင့်နေတဲ့တိမ်တွေ
ခရေပန်းပန်ထားတဲ့လေတွေ
လှပါတယ်
အရာရာလှလှပပ ပျံ့လွင့်လို့
ကမ္ဘာမြေရေ မင်းသိပ်လှပါတယ် ။ ။
ခိုင်သစ်
8,23,2016
*********************************************
စိတ်ထဲကဟာတွေ#၁၂
______________________
အိပ်မက်ထဲမှာခဏခဏ စာမေးပွဲကျတယ်
အိပ်မက်တိုင်းက ကချော်ကချွတ်တွေပဲ ဆွေးမနေဘူး
ကိုယ်မလုပ်နိုင်တာအတွက်ဆွေးမနေတော့ဘူး
အိမ်အပြင်ဘက် စာမျက်နှာဟာ ငါနားမလည်တဲ့စကားလုံးတွေအပြည့် ကိစ္စမရှိဘူး
စတီဖင်ဟော့ကင်းလို ဦးနှောက်နဲ့လမ်းလျှောက်ချင်တယ်
နှလုံးသားနဲ့တွေးခေါ်မိတာ ဝမ်းနည်းရတယ်
ရင်ကိုရင်ခြင်းငါ့ပေါ်လစီ
ကြောပေးခြင်းကိုကြောပေးခြင်းငါ့နိယာမ
မှန်တချပ်ရဲ့သီအိုရီဟာ ငါ့လူမှုဗေဒ
လူအချင်းချင်းပဲလေ ရတီညီမှအဆင်ပြေမှာပေါ့
ဆယ့်သုံးပဲရည်လောက်နဲ့စိတ်အတွင်းသားကိုလာမခေါက်နဲ့
ဒီနေ့ရာသီဥတုသာယာတယ်
ကံ၊စိတ်၊ဥတု၊အာဟာရမျှတယ်
နာရီဝက်လောက ်လ္ဘက်ရည်ဆိုင်
ဆယ့်ငါ့မိနစ်စာ အတွေးအခေါ်
မြို့တပတ်စာ အထူးကြည်လင်မှုနဲ့ ငါအိမ်အပြင်ထွက်ခဲ့မယ်။ ။
ခိုင်သစ်
19,8,2016
*********************************************
မနက်ခင်း#၂၆
______________________
စိတ်ကို ပန်းအိုးထဲထည့်လိုက်ပါ
စိတ်ကို စန္ဒရားတလုံးပေါ်သွန်လိုက်ပါ
ဂီတထဲကပန်းတွေပွင့်လာမယ်
ပန်းထဲက ဂီတတွေ မွှေးလာမယ် ။ ။
ခိုင်သစ်
18,8,2016
*********************************************
မနက်ခင်း#၂၄
______________________
တောင်တွေကိုမြင်မှပဲ
အသက်ပြင်းပြင်းရှူ ဖို့သတိရတယ်
နေထွက်တော့မယ်
နေထွက်လာတော့မယ်
အသက်ရှူပြီးပြီလား
ခင်များအေးဆေးပဲမဟုတ်လား
ကမ္ဘာမြေကို နုတ်ဆက်စကားဆိုပါ ။ ။
ခိုင်သစ်
8,14,2016
*********************************************
မနက်ခင်း#၂၃
_____________
ပျော်ရွှင်ခြင်းများဖြင့်
ရယ်မောစရာများဖြင့်
အပြန်ပြန်အလှန်လှန် ထုတ်ချင်းပေါက်ခဲ့တယ်
မင်္ဂလာပါ ရယ်သံလေးရေ
မင်းမှာထီးကလေးပါရဲ့လား
မင်းသွားရာလမ်းမှာ တိမ်တွေက သိပ်ပျော်နေကြတာမို့လား ။။
. ခိုင်သစ်
8,13,2016
*********************************************
မနက်ခင်း#၂၂
_____________
ဟေး အရမ်းလှနေပါလား
လေထဲမှာမင်းအကြောင်းတွေနဲ့မွှေးလို့
မင်္ဂလာပါ ယုဇနရေ ။ ။
ခိုင်သစ်
13,8,2016
No comments:
Post a Comment