Apr 5, 2017

ႏိုင္ပါ့မလားကြယ္ဟ႐ို႔

Zawgyi version

ႏိုင္ပါ့မလား ကြယ္ ဟ႐ို႔
===============

ကြၽန္ေတာ္ကသိပ္ခ်မ္းသာသည္။
အဲ့ မဟုတ္ေသး။ကြၽန္ေတာ္မိဘက
သိပ္ခ်မ္းသာသည္။ဘယ္ေလာက္ထိ ခ်မ္းသာသလဲဆိုေတာ့ ​ေတာ္ေတာ္ေလးကို ခ်မ္းသာသည္။

ရန္ကုန္ၿမိဳ႕ ဆိတ္ၿငိမ္ရပ္ကြက္ရိွ ျခံက်ယ္ႀကီးတစ္ခုထဲမွာ
ေခတ္မီပံုစံ သံုးထပ္​တိုက္တစ္လံုးရိွသည္။ သာမန္အားျဖင့္ျကည့္လ်ွင္ ႏွစ္ထပ္ဟု ထင္ရေသာ္လည္း ေျမတိုက္ခန္း
ပါသျဖင့္ သံုးထပ္ျဖစ္သည္။
ျခံဝင္းထဲတြင္ ကမာၻေပၚမွာ အလွပဆံုး အ႐ွားပါးဆံုးသစ္ပင္ပန္းမန္ေတြ ရိွသည္။ ဘဲဥပံုေရကန္ႀကီးကျပာလဲ့ ၾကည္​လင္​​
ေနသည္​။

ထိုမ်ွမက​ေသး
မႏၱ​ေလးမွာ ႏွစ္​ထပ္​တိုက္​တစ္​လံုးရိွ ​ေသးသည္​။
(မီး​ေလာင္​တုန္​းကပါမသြား)

ေတာင္​ႀကီး၊ ျပင္​ဦးလြင္​၊ျမစ္​ႀကီးနားစသည္​့ၿမိဳ႕မ်ားတြင္​အပန္​း​ေျဖအနားယူဖို႔ တစ္​ထပ္​တိုက္​က​ေလး​ေတြေဆာက္​ထားသည္​။
ဒါဘဲလား မက။

ငပလီကမ္​း​ေျခက ဘန္​ဂလိုတစ္​ခုကို အခ်ိန္​မ​ေရြးသြား​ေနႏိုင္​​ေအာင္​ တစ္​ႏွစ္​လံုးအတြက္​ ငွားထားေသးသည္​။

ကြၽန္​​ေတာ္​တို႔ဆီမွာ ကားသံုးစင္​းႏွင့္ဆိုင္​ကယ္​တစ္​စင္​းရိွသည္​။ ​ေဖ​ေဖ​ေမ​ေမတို႔စီးဖို႔က မာစီဒီး၊ကြၽန္​​ေတာ္​့အတြက္​သီးသန္​႔ထားတာက တိုယိုတာ စပရင္​တာ။ခရီးထြက္​​ေသာ အခါတြင္​ျဖစ္​​ေစ၊ အ​ေရးအေၾကာင္​း ရိွလ်ွင္​ျဖစ္​​ေစ
သံုးဖို႔ကရိန္​းဂ်္​႐ိုဗာ။ဟြန္​ဒါ ဆိုင္​ကယ္​ႀကီးက​ေတာ့ကြၽန္​​ေတာ့လက္​စြဲ​ေတာ္​။

ကြၽန​္​​ေတာ္​တို႔သည္​ ပြဲရံုလုပ္​ငန္​း၊အ​ေ၀း​ေျပးကား လုပ္​ငန္​း၊​ေဆးလိပ္​ခံု၊ အိမ္​တြင္​းစက္​မႈလက္​မႈစသည္​့လုပ္​ငန္​းမ်ားစြာကို ပိုင္​သည္​။ ထိုလုပ္​ငန္​းမ်ားသည္​ ဘယ္​​ေတာ့မွမရံႈး၊
အျမဲျမတ္​သည္​။ကြၽန္​​ေတာ္​သည္​
ထိုလုပ္​ငန္​းမ်ားအ​ေၾကာင္​းကို တစ္​ခါမွမ​ေလ့လာဘူးပါ။

သို႔ရာတြင္​ကြၽန္​​ေတာ္​ကဘာမ်ွမသိဘဲ ၀င္​​ေရာက္​ႀကီးၾကပ္​လိုက္​​ေသာအခါ ဆထက္​
ထမ္​းပိုး​ ေအာင္​ျမင္​ၿပီးအျမတ္​​ေငြ​ေတြ​
ေသာက္​​ေသာက္​လဲပိုရရိွလာျပန္​ပါ၏။
(မယံုလ်ွင္​လည္​းဘာမ်ွ မတက္​ႏိုင္​ပါ)
                        ***
ကြၽန္​​ေတာ္​ကဘြဲ႔ရၿပီးသားျဖစ္​သည္​။
ကြၽန္​​ေတာ္​႐ုပ္​ရည္​ကေယာက္​က်ားပီပီ သသ၊ခန္​႔ခန္​႔​ေခ်ာ​ေခ်ာ။ၾကည္​့​ေလ။အရပ္​ငါး​ေပဆယ္​့တစ္​လက္​မ၊အသားလက္​လက္​၊ အခ်ိဳးအဆက္​က်ၿပီး က်စ္​လ်စ္​သန္​မာ​ေသာကိုယ္​လံုး ကိုယ္​ထည္​။

နက္​​ေမွာင္​သန္​စြမ္​းၿပီးသပ္​ရပ္​​ေသာဆံပင္​၊
ၾက့ံခိုင္​​ေသာ​ေမး႐ိုး၊စူး႐ွ​ေတာက္​ပ​ေသာမ်က္​လံုး၊
ႏွာတံ​ေပၚ​ေပၚ၊တိက်ျပတ္​သား​ေသာနႈတ္​ခမ္​း။
အ​ေမရိကန္​ဂ်င္​းဂ်က္​ကက္​ႏွင္​့​ေဘာင္​းဘီကို ၀တ္​ၿပီးဟိုက္​ဟီးစီးလိုက္​​ေသာအခါ ကြၽန္​​ေတာ္​့​ေဘးမွာေကာင္​မ​ေလး​ေတြ၀ိုင္​း၀ိုင္​းလည္​​ ေန​ေတာ့သည္​။

သို႔​ေပမယ္​့ ကြၽန္​​ေတာ္​ကလံုး၀ဂ႐ုမစိုက္​။
ကြၽန္​​ေတာ္​ဂ႐ုစိုက္​မိသည္​က တစ္​​ေယာက္​ထဲ
"ဂမုန္​း​ေခတၱာ"။
                      ***
ေကာ္​ရစ္​ဒါ​ေခၚ စၾကႍ​ေထာင္​့ခ်ိဳးမွာမိန္​းက​ေလး
တစ္​​ေယာက္​ႏွင္​့ ကြၽန္​​ေတာ္​၀င္​တိုက္​မိသည္​။
သူ႔ရင္​မွာပိုက္​လာ​ေသာ စာအုပ္​​ေတြ
သမံသလင္​း​ေပၚသို႔ဖ႐ိုဖရဲက်သြားသည္​။

      "လူတစ္​​ေယာက္​လံုးလာ​ေနတာ မျမင္​ဘူးလား"
သူ​ေမးသည္​။

      "ဒီ​ေမးခြန္​းကိုကြၽန္​​ေတာ္​လည္​း
​ေမးခြင္​့ရိွတာပဲ"
ကြၽန္​​ေတာ္​ကျပန္​​ေျပာသည္​။

"႐ွင္​့မွာမ်က္စိမပါဘူးလား"
        "အခ်စ္​မွာ မ်က္​စိမပါဘူးလို႔ပဲ ၾကားဘူးပါတယ္​"

      "ဘာ​ေျပာတယ္​​ေတာ္​​ေတာ္​႐ိုင္​းပါလား"  

"ထင္​လို႔ပါ"
      ကြၽန္​​ေတာ္​ကမခိုးမခန္​႔ရယ္​လိုက္​၏။

သူ႔စာအုပ္​​ေတြကိုကြၽန္​​ေတာ္​က​ေကာက္​ယူ​ေပးသည္​။
သူကဆက္​ခနဲဆြဲယူၿပီး ​ေျခ​ေဆာင္​့ထြက္​သြားသည္​။
ကြၽန္​​ေတာ္​ သခ်ာၤကြၽမ္​းပါသည္​။
၃၂၊ ၂၆၊ ၃၄....

      (ကြၽန္​​ေတာ္​သည္​ ဤသို႔ပင္​ စၾကႍ​ေထာင္​့မွ
ေကာင္​မ​ေလး​ေတြႏွင္​့ မၾကာခဏတိုက္​မိတတ္​သည္​။ရင္​ဘက္​​ေတြ​ေတာင္​​ေအာင္​့လို႔)
                      *****
ေက်ာင္​သူမ်ားအပန္​​းေျဖခန္​း​ေဘးမွ ျဖတ္​အ​ေလ်ာက္​တြင္​ကြၽန္​​ေတာ့ ရင္​ဘတ္​ကို တစ္​စံုတစ္​​ေယာက္​က ​ေရႏွင္​့ပက္​လိုက္​၏။

"ဘယ္​လိုလဲ မ်က္​စိ မပါဘူးလား"
ကြၽန္​​ေတာ္​မွ​ေမးသည္​။

     "​ေရခြက္​မွာမ်က္​စိမပါဘူး႐ွင္​့"
သူကျပန္​​ေျပာသည္​။ဟို​ေန႔ကေကာ္​ရစ္​ တာ​ေထာင္​့မွာ၀င္​တိုက္​မိသည့္ အမ်ိဳးသမီး။

       "ဪ မင္​းကိုး"

       "ဒီကနာမည္​ မင္​းကိုး မဟုတ္​ဘူး"

       "ဒါျဖင္​့ဂမုန္​း​ေခတၱာတဲ့လား"

       "ဟယ္​ ဘယ္​လိုလုပ္​သိ"

       "ဒီလိုလုပ္​ သိတာပါ"

       "သူ႔နာမည္​​ေရာ"

       "​ေနာက္​လည္​း ​ေခၚရမယ္​့အတူတူ ကိုကို လို႔ဘဲမွတ္​ထားလိုက္​​ေပါ့"

        သူရယ္​သည္​။
     (​ေနာက္​ထပ္​စာမ်က္​ႏွာ ငါးမ်က္​ႏွာခန္​႔ ၾကာ​ေသာအခါကြၽန္​​ေတာ္​တို႔ႏွစ္​ေယာက္​ ခ်စ္​သြားၾက သည္​။)
                     ****
နယ္​စပ္​အနီးရိွၿမိဳ႕က​ေလးတစ္​ၿမိဳ႕သို႔ ကြၽန္​​ေတာ္​ခရီးထြက္​လာခဲ့သည္​။ ကမ္​းပါးယံကို ​ေကြ႔​ေကာက္​​ေဖာက္​လုပ္​ထား​ေသာ
ေတာင္​​ေပၚလမ္​းမွာပင္​ ဆိုင္​ကယ္​ကို တစ္​နာရီကီလိုမီတာ ႐ွစ္​ဆယ္​နႈန္​း ျဖင္​့  ​
ေမာင္​းလာခဲ့သည္​။

ကြၽန္​​ေတာ္​့ဆိုင္​ကယ္​​ေနာက္​ ခပ္​လွမ္​းလွမ္​းမွာ ၀ီလီဂ်စ္​ကားတစ္​ဆီးလိုက္​လာသည္​။ အႏၱရာယ္​၏အနံံံ႔ကို ကြၽန္​​ေတာ္​ရလိုက္​ၿပီ။
ဒိုင္​းခနဲ ျမည္​သံတစ္​ခ်က္​ ၾကားလိုက္​ရသည္​။
ဆိုင္​ကယ္​ဦးထုပ္​​ေနာက္​ဘက္​ကို တစ္​စံုတစ္​ခုကဒုတ္​ခနဲ လာမွန္​သည္​။သို႔​ေပမယ္​့ဘိုင္​ဇမ္​နီယမ္​ သတၱဳေရာျဖင္​့ျပဳလုပ္​ထား​ေသာ ဦးထုပ္​ကို က်ည္​ဆန္​ မ​ေဖာက္​ႏိုင္​။

     ဆိုင္​ကယ္​ကို ကီလိုမီတာတစ္​ရာထိ
အျမန္​ႏႈန္​းျမင္​့လိုက္​သည္​။ေ႐ွ႕မွာ ဂငယ္​​ေကြ႔တစ္​​ေကြ႔။တစ္​​ေကြ႔၏ထိပ္​အ​ေရာက္​တြင္​ ဆိုင္​ကယ္​လက္​ကိုင္​ကိုဆတ္​ခနဲပင္​့တင္​လိုက္​ သည္​။

ဘီးႏွစ္​ဘီးက လမ္​း​ေပၚမွတစ္​စင္​တီမီတာ​ေလာက္​ ႂကြတက္​သြားသည္​။ ​
ေျခ​ေထာက္​တစ္​ဖက္​ကိုေထာက္​ၿပီးဆံုလည္​​ေမာင္​းတံအျဖစ္​အသံုးခ်လိုက္​သည္​။
ဆိုင္​ကယ္​သည္​ တစ္​ပတ္​လည္​ၿပီး
ေနာက္​မွလိုက္​လာသည္​့ကားႏွင္​့မ်က္​ႏွာခ်င္​း ျပန္​ဆိုင္​မိ၏။

"ကဲ....ကိုယ္​အလွည္​့"

ဂ်ာမနီႏွင္​့အစၥ​ေရး ပူး​ေပါင္​းထုတ္​လုပ္​​ေသာ ဒသမ သံုး႐ွစ္​ "အူဂါ" ပစၥတိုကို ပခံုးသိုင္​းအိပ္​ထဲက ထုတ္​သည္​။ ဂ်စ္​ကားညာဘက္​ဘီးကိုခ်ိန္​သည္​။ လက္​ညိဳး ကို​ေကြးညႇစ္​လိုက္​၏။တစ္​ခ်က္​တည္​း။ဂ်စ္​ကား​ေခ်ာက္​ထဲ ထိုးက်သြားသည္​ကိုေစာင္​့ၾကည္​့မ​ေန​ေတာ့။
                   ****
ေလာင္​ပန္​းဂမုန္​းအင္​​ေဟာ္​တယ္​မွာ ကြၽန္​​ေတာ္​တည္​းသည္​။ ဂမုန္​းဆို​ေသာ အမည္​ကပါလာျပန္​၏။ဂမုန္​း​ေခတၱာကို သတိရလိုက္​သည္​။ျမိဳ႕နယ္​က​ေလးျဖစ္​​ေသာ္​လည္​း
ဟိုတယ္​က​ေလးထပ္​အ​ေဆာက္​အအံု၊ သပ္​ရပ္​သန္​႔႐ွင္​းသားနားသည္​။အဆင္​းအတက္​အတြက္​ ဓာတ္​​ေလွကားကို အသံုးျပဳသည္​။ဟိုတယ္​ပိုင္​႐ွင္​က ဦး​ေလာင္​ပန္​း။
ဂမုန္​း​ေခတၱာ၊ ဦး​ေလာင္​ပန္​း ၊ ဟိုတယ္​နာမည္​တို႔သည္​တစ္​စံုတစ္​ခု ဆက္​စပ္​​ေနရမည္​။

ကြၽန္​​ေတာ္​ဒီၿမိဳ႕ကို
မေရာက္​ခင္​မွာပင္​ လုပ္​ၾကံသတ္​ျဖတ္​မည္​့ သူမ်ားႏွင္​့ျကံဳခဲ့ရသည္​။

ကြၽန္​​ေတာ္​့ကိုဘာ​ေၾကာင္​့႐ွင္​း ပစ္​ခ်င္​ရသနည္​း။
ဘာပဲျဖစ္​ျဖစ္​ ပထမဆံုးပြဲတြင္​ သူတို႔ ဘက္​က
မုဆိုးမႏွစ္​​ေယာက္​တိုးသြားၿပီ ျဖစ္​သည္​။
အရႈပ္​​ေတာ္​ပံုတစ္​ခုထဲ ကြၽန္​​ေတာ္​၀င္​မည္​ၿပီဟု
အလိုလိုသိ​ေနသည္​။
(ကြၽန္​​ေတာ္​သည္​ မၾကာခဏဆိုသလိုပင္​ ဤသို႔
အလိုလို သိ​ေနသည္​့အျဖစ္​မ်ိဳး ၾကံဳ ရသည္​။
အင္​က်ဴအီ႐ွင္​း ဆိုပါစို႔)
                    ****
     ည။
ေမွာင္​သည္​၊ မည္​းသည္​၊ နက္​သည္​၊ မိုက္​သည္​။
လမထြက္​။ မိုးသား​ေတြက ၾကယ္​​ေရာင္​ကို
ဖုံးကြယ္​ထားျပန္​သည္​။

သို႔​ေပမယ္​့ ကြၽန္​​ေတာ္​့မ်က္​စိ​ေတြက စူး႐ွသည္​။
ေ႐ွ႕မွာလူ​ေလး​ေယာက္​၊ သံုး​ေယာက္​က က်ား၊
က်န္​တစ္​​ေယာက္​က မ။ မိန္​းက​ေလးကိုသူတို႔
ရန္​မူ​ေနတာ ႐ွင္​း ​ေနၿပီ။
သူတို႔နားကို ​ေလ်ွာက္​သြားၿပီး ​ေျပာလိုက္​သည္​။

"လွပတဲ့ သမင္​ပ်ိဳမ​ေလးကို ​ေခြးအ​ေတြ၀ိုင္​းဆြဲ​ေနသလိုပါဘဲလား​ေဟ့"

ငနဲသံုး​ေကာင္​ ကြၽန္​​ေတာ္​့ကိုလွည္​့ ၾကည္​့သည္​။
သံုးခြန္​း​ေသာစကားက္ို ဆိုၾက၏။

"မင္​းကဘာ​ေကာင္​"
"ဘာကိစၥ၀င္​ရႈပ္​တာလဲ"
"ညစာစားၿပီးၿပီလား တမလြန္​မွာ ထမင္​း မရိွဘူး​ေနာ္​"

  ကြၽန္​​ေတာ္​ကဟက္ခနဲရယ္လိုက္ျပီး...

"ကိုယ္​့လူတို႔၊​ေကာင္​း​ေကာင္​းအိပ္​မ​ေပ်ာ္​တာၾကာၿပီထင္​တယ္​၊ က်ဳပ္​မွာအိပ္​​ေဆး​ေကာင္​း​ေကာင္​း ရိွပါတယ္​​ေလ"​ေခ်ာက္​ခနဲ ျမည္​သံႏွင္​့အတူ သူတို႔ လက္​ထဲကိုဓား​ေျမာင္​သံုး​ေခ်ာင္​း​ ေရာက္​ လာသည္​။

ေမွာင္​ႏွင္​့မည္​းမည္​းထဲမွာပင္​ ဓား​ေျမာင္​​ေတြက
ဖ်တ္​ခနဲ ဖ်တ္​ခနဲ အ​ေရာင္​လက္​​ေနၾက
သည္​။ဟာဒ​ေလႏွင္​့ ​ေခ်႕စ္​သံမဏိ ကုမၸဏီက
ထုတ္​လုပ္​​ေသာ ဓား​ေျမာင္​မ်ား။
ကြၽန္​​ေတာ္​့ကို ​ေထာင္​့မွန္​ႀတိဂံပံု ၀ိုင္​း ထားသည္​။

ကြၽန္​​ေတာ့ဦး​ေႏွာက္​ထဲတြင္​ ႀတီဂိုႏိုမက္​ထရီပုစာၦမ်ားတြက္​ခ်က္​​ေနသည္​။ ဆိုင္​းနည္​း၊ ကိုဆိုင္​းနည္​း၊ အယ္​လ္​ဖာ၊ ဘီတာ၊ ဂမ္​မာ၊ ဒီဂရီမ်ား။ အ​ေျဖကိုတဒဂၤအတြင္​းရလိုက္​၏။

ကြၽန္​​ေတာ္​စတင္​လႈပ္​႐ွားသည္​ဘာမွ်မၾကာလိုက္​၊
ငမိုက္​သားသံုး​ေကာင္​ လက္​ရိွ ကမာၻ႔အ​ေရးအခင္​းမ်ားႏွင္​့ နာရီ၀က္​​ေလာက္​ အဆက္​အသြယ္​ ျပတ္​သြားၾက႐ွာၿပီ။
     (သူတို႔ကိုတိုက္​ခိုက္​ရာတြင္​စုစု​ေပါင္​း ​ေလးဒသမငါးစကၠန္​႔သာၾကာသည္​။ တစ္​​ေယာက္​ တစ္​ဒသမငါးစကၠန္​႔နႈန္​းျမန္​သည္​။ သိပ္​ျမန္​သည္​။မည္​သို႔မည္​ပံုတိုက္​ခိုက္​လိုက္​​ ေၾကာင္​း ကြၽန္​​ေတ​ာ့္​ ဘာသာကြၽန္​​ေတာ္​ပင္​
မသိလိုက္​​ေအာင္​ ျမန္​သည္​။)
                       ****
     မိန္​းက​ေလးကို ခုမွ သတိျပဳမိသည္​။
ကြၽန္​​ေတာ္​အရမ္​းအံ့ဩသြား၏။
     "ဟင္​  ဂမုန္​း​ေခတၱာ"
     သူ ကြၽန္​​ေတာ္​့ကို​ေၾကာင္​ၾကည္​့​ေန၏။
အ​ေၾကာက္​လြန္​​ေနဟန္​တူသည္​။ သူ႔လက္​​ေမာင္​းကိုကြၽန္​​ေတာ္​ကိုင္​လႈပ္​လိုက္​သည္​။

     "ဂမုန္​း​ေခတၱ"

     သူက ကြၽန္​​ေတာ္​့လက္​ကို ပုတ္​ခ်လိုက္​ၿပီး....

      "႐ွင္​  ဘယ္​သူလဲ"

"ဘယ္​လိုျဖစ္ေနတာလဲကြယ္ကိုကိုေလ"

"ဘယ္​ကကိုကိုလဲ၊ ႐ွင္​့ကိုကြၽန္​မမသိဘူး၊ကြၽန္​မနာမည္​ လည္​း ဂမုန္​း​ေခတၱာ မဟုတ္​ဘူး"

"ဒါျဖင္​့ ဘယ္​သူလဲ"

"​ေဒါနဇီဇ၀ါ"
ကြၽန္​​ေတာ္​ျပံဳးလိုက္​သည္​။
ျပႆနာက ပိုရႈပ္​လာၿပီျဖစ္​သည္​။
(ရႈပ္​​ေလ​ေကာင္​း​ေလ​ေပါ့)
                     ****
သူတို႔အုပ္​စုက ကြၽန္​​ေတာ့ကို အမ်ိဳး မ်ိဳး​ေႏွာ့က္​ယွက္​သည္​။ ရန္​ရွာသည္​။ထို႔​ေၾကာင္​့ ကြၽန္​​ေတာ္​့ကိုသူတို႔ႏွင္​့ပူး​ေပါင္​းရန္​ စည္​းရံုး​သည္​။
ကြၽန္​​ေတာ္​လက္​ခံလိုက္​၏။

သူတို႔​ေခါင္​း​ေဆာင္​ဆရာႀကီး​ေ႐ွ႕မွာ ​ကြၽန္​​ေတာ့္​အရည္​အခ်င္​း ကိုစမ္​းသပ္​သည္​။ ဆရာႀကီးဆိုသူက​ေတာ့ ဦး​ေလာင္​ပန္​း။
ပထမဆံုး ​ေလး​ေယာက္​တစ္​​ေယာက္​ လက္​ရည္​စမ္​းပြဲကြမ္​န္​​ေတာ္​က​ေလးစကၠန္​႔ျဖင္​့ စံခ်ိန္​သစ္​ တင္​လိုက္​သည္​။

​ေနာက္​တစ္​ခုမီတာ တစ္​ရာ အကြာအ​ေ၀းရိွ တိုင္​ထိပ္​မွာတင္​ထား​ေသာ လစ္​ပို​ဗစ္​တန္​
ပုလင္​းကို ၀င္​ခ်က္​စတာ႐ိုင္​ဖယ္​ျဖင္​့ပစ္​ရမည္​ျဖစ္​သည္​။ကြၽန္​​ေတာ္​က​ေသနတ္​ကို
ို​ေအး​ေဆးစြာ ကိုင္​ၿပီးခ်ိန္​လိုက္​သည္​။ပစ္​သည္​။
လစ္​ပို​ဗစ္​တန္​ပုလင္​းကလံုး၀မလႈပ္​။
ဆရာႀကီးက​သ​ေရာ္​​ေတာ္​​ေတာ္​
ျပံဳးလိုက္​သည္​။

ကြၽန္​​ေတာ္​က​ေျပာသည္​။
"လစ္​ပို​ဗစ္​တန္​ကို ဆရာႀကီးအဆင္​သင္​့ ​ေသာက္​ႏိုင္​​ပါၿပီ၊ပုလင္​းကိုမထိခိုက္​​ေစ ဘဲ အဖံုးဖြင္​့​ေပးလိုက္​တာပါခင္​​ဗ်ာ"

   ဦး​ေလာင္​ပန္​းအႀကီးအၾကယ္​အံံ့ဩ သြားသည္​။
(ကြၽန္​​ေတာ္​လည္​း ကိုယ့္​္​ကိုယ္​ကို ဒီ​ေလာက္​​ေတာင္​​ေတာ္​​ေနသျဖင္​့ အံ့ဩရ​ေသး၏)
                        ****
     ဦး​ေလာင္​ပန္​းတို႔ဂိုဏ္​းအတြက္​ ကြၽန္​​ေတာ္​အလုပ္​လုပ္​​ေပးသည္​။ သူတို႔လုပ္​ငန္​းအ​
ေၾကာင္​းကိုတျဖည္​းျဖည္​းသိလာရသည္​။ ဟိုတယ္​လုပ္​ငန္​း၊ အ​ေ၀း​ေျပး ကုန္​တင္​ကားလုပ္​ငန္​းကိုဟန္​ျပထားၿပီး ဘိန္​း ျဖဴအ​ေရာင္​းအ၀ယ္​
ႏွင္​့ ​ေမွာင္​ခိုလုပ္​ငန္​းလုပ္​ကိုင္​​ေနျခင္​း
ျဖစ္​သည္​။

     ဒီ​ေနရာမွာပင္​ ​ေဒါနဇီဇ၀ါအမည္​ခံထား​ေသာ
မိန္​း က​ေလးႏွင္​့ျပန္​ဆံုရသည္​။
သူကဦး​ေလာင္​ပန္​း၏သမီး ဟုဆိုသည္​။ သူတို႔ႏွစ္​​ေယာက္​သည္​သားအဖအရင္​း
မဟုတ္​ႏိုင္​​ေၾကာင္​း ကြၽန္​​ေတာ္​သိ​ေနသည္​။
ထိုႏွစ္​​ေယာက္​ၾကား မွာ တစ္​စံုတစ္​ခု​ေသာလ်ိဳွ႕၀ွက္​ခ်က္​ရိွ​ေနေၾကာင္​းကိုလည္​း
ကြၽန္​​ေတာ္​အလိုလိုသိ​ေနသည္​။
(အင္​က်ဴအီ႐ွင္​းျဖင္​့သိျခင္​း​ျဖစ္​သည္​)
                      *****
     ​ေဒါနဇီဇ၀ါက ကြၽန္​​ေတာ္​့ကို ခပ္​မွန္​မွန္​ဆက္​ဆံသည္​။ကြၽန္​​ေတာ္​ကဂမုန္​း​ေခတၱာဟု​
ေခၚတိုင္​း သူ႔မ်က္​ႏွာပ်က္​ပ်က္​သြားတက္​ သည္​ကို သတိျပဳမိသည္​။

ဦး​ေလာင္​ပန္​း​ေ႐ွ႕တြင္​ ကြၽန္​​ေတာ္​့ကို မသကၤာဟန္​လုပ္​ျပသည္​။

တစ္​​ေန႔တြင္​
ကြၽန္​​ေတာ္​ကသူတို႔လုပ္​ငန္​း ထဲမွာ ၀င္​​ေရာက္​ထိုး​ေဖာက္​​ေမႊ​ေႏွာက္​​ေနသည္​ဟု
ဦး​ေလာင္​ပန္​းကစြပ္​စြဲသည္​။
ေဒါနဇီဇ၀ါ က အားလံုး​ေ႐ွ႕ မွာပင္​ကြၽန္​​ေတာ္​့ကိုပါး႐ိုက္​သည္​။ထို႔​ေနာက္​ ကြၽန္​​ေတာ္​့ကိုနံနက္​​ေလးနာရီတြင္​ ထံုးစံအတိုင္​းစီရင္​ရန္​ ​ေလ​ာ​ေလာဆယ္​တြင္​ ​ေျမတိုက္​ခန္​းထဲ၌
ခ်ဳပ္​ထားရန္​ ဦး​ေလာင္​ပန္​းကအမိန္​႔ခ်လိုက္​သည္​။
(သတ္​မည္​့ကိစၥကို ခ်က္​ခ်င္​းမသတ္​ဘဲ မနက္​​ေလးနာရီထိ ​ေရႊ႕ဆိုင္​းထားသည္​့အ​ေၾကာင္​းကို ကြၽန္​​ေတာ္​စဥ္​းစားလို႔ကိုမရ)
                     ****
    ညသန္​း​ေခါင္​း​ေက်ာ္​​ေလာက္​တြင္​အခ်ဳပ္​တံခါးပြင္​့လာသည္​။ လူ​တစ္​​ေယာက္​၀င္​လာသည္​။

    "​ေဒါနဇီဇ၀ါ"
    "မဟုတ္​ပါဘူး ကိုကို၊ ဂမုန္​း​ေခတၱာပါ"

သူကအ​ေၾကာင္​းစံု႐ွင္​းျပသည္။
ဂမုန္​း​ေခတၱာႏွင္​့ ​ေဒါနဇီဇ၀ါ အမႊာညီအမႏွစ္​​ေယာက္​ရိွသည္​။ အ​ေဖႏွင္​့အ​ေမ ကြဲၾက​ေတာ့ ဂမုန္​း​ေခတၱာကအ​ေဖႏွင္​့ပါလာသည္​။ ​ေဒါနဇီဇ၀ါက အ​ေမ ႏွင္​့က်န္​ခဲ့သည္​။

အ​ေမကဦး​ေလာင္​ပန္​းႏွင္​့ အိမ္​​ေထာင္​ထပ္​ျပဳသည္​။အ​ေမဆံုး​ေသာအခါတြင္​ အ​ေမြ​ေပးရ မည္​စိုးသျဖင္​့ဦး​ေလာင္​ပန္​းက ​ေဒၚဇီဇ၀ါကို လုပ္​ၾကံ ျပစ္​လိုက္​သည္​။

ထို​အ​ေၾကာင္​းကိုသိ သြား​ေသာ ဂမုန္​း​ေခတၱာက၊​ေဒၚဇီဇ၀ါမေသဘဲျပန္​​ေရာက္​လာဟန္​ ျဖင္​့့ ဦးေလာင္​ပန္​းဆီဝင္​​ေနျခင္​းျဖစ္​သည္​။

     ကြၽန္​​ေတာ္​ထြက္​​ေျပးလြတ္​​ေျမာက္​ဖို႔အတြက္​ အခ်ိန္​သည္​စကၠန္​႔ပိုင္​းႏွင္​့အမ်ွ အ​ေရးႀကီး​ေသာ္​လည္​း သူ​ေျပာသမွ်ကို ​ေအး​ေအး​ေဆး​ေဆးနား​ေထာင္​​ေနလိုက္​သည္​။

ထိုအခ်ိန္​တြင္​ ​ေျမ​ေအာက္​ခန္​းသို႔ ဆင္​းလာ​ေသာေျခသံမ်ားၾကားရသည္​။ ဂမုန္​း​ေခတၱာက ကြၽန္​​ေတာ္​့လက္​စြဲ​ေတာ္​ အူဂါပစၥတို ကိုျပန္​​ေပးသည္​။အျပတ္​႐ွင္​း ၾကရ​ေတာ့မည္​။

ကြၽန္​​ေတာ္​့မွာက​ေသနက္​တစ္​လက္​တည္​း။ သူတို႔ကလက္​နက္​မ်ိဳးစံုျဖင္​့ လူသံုးဆယ္​​ေလာက္​၊သို႔​ေပမယ္​့ သူတို႔အား လံုးကို ကြၽန္​​ေတာ္​႐ွင္​းပစ္​လိုက္​သည္​။

ဦး​ေလာင္​ပန္​း အခန္​းရိွ ရာသို႔​ေျပးတက္​ခဲ့သည္​။
သူကထြက္​​ေျပး မည္​့ဆဲဆဲ။ ကြၽန္​​ေတာ္​သူ႔​ေျခ​ေထာက္​ကိုလွမ္​းပစ္​လိုက္​သည္​။
တိုက္​တိုက္​ဆိုင္​ဆိုင္​ သူ႔အလွည္​့
ၾကမွ က်ည္​ဆန္​ကုန္​သြားသည္​။

သူ​ေကာက္​က်စ္​စြာျပံဳးသည္​။
ကြၽန္​​ေတာ္႔​ဘက္​ျပန္​လွည္​့သည္​။
သူ႔လက္​ထဲမွာ​ ေသနတ္​တစ္​လက္​။ ကြၽန္​​ေတာ္​့ႏွစ္​လံုးသားတည္​့့တည္​့ ကိုခ်ိန္​သည္​။ ခလုပ္​​ေမာင္​းကိုညႇစ္​၏။

ေသနတ္​သံ တစ္​ခ်က္​။ဦး​ေလာင္​ပန္​း လက္​ထဲကေသနတ္​လြင္​့ထြက္​သြားသည္​။
     တံခါး၀မွာရပ္​​ေနသူက မိန္​းမကိုင္​ပစၥတို​ေလးကိုကိုင္​ထား​ေသာ ဂမုန္​း​ေခတၱာ။
                      ****
ကိစၥအားလံုး႐ွင္​းသြားၿပီ။ တစ္​ခုဘဲ က်န္​သည္​။
ဂမုန္​း​ေခတၱာ ႏွင္​့ ကြၽန္​​ေတာ္​့ ကိစၥ။
သူမ်က္​ရည္​၀ဲ ေန၏။
  "ကိုကို႔ကို ​ေခတၱာခ်စ္​ပါတယ္​။ ဒါ​ေပမယ္​့ ကိုကိုဟာဥပ​ေဒျပင္​ပကလူ၊ ၿပီး​ေတာ့"
သူ႔ႏႈပ္​ခမ္​းကို လက္​ျဖင္​့လွမ္​းပိတ္​လို္​က္​၏။

   "ကိုကိုဟာ ဥပ​ေဒျပင္​ပကလူမဟုတ္​ပါဘူးကြယ္​၊ဦး​ေလာင္​ပန္​းတို႔ရဲ႕ ဂိုဏ္​း
အ​ေၾကာင္​းကို အတြင္​းက်က် စံုစမ္​းဖို႔ ​ေရာက္​လာတဲ့ ရဲတပ္​ဖြဲ႔က မႈခင္​း​ေထာက္​လွမ္​း​ေရးမႈးပါ"

     "ဟင္​.. တကယ္​"
     "တကယ္​ပါအခ်စ္​ရယ္​"
     "၀မ္​းသာလိုက္​တာ ကိုကိုရယ္​"

    သူကြၽန္​​ေတာ္​ရင္​ခြင္​ထဲ​ေရာက္​လာ သည္​။
ကြၽန္​​ေတာ္​သူ႔ကိုတင္​းၾကပ္​စြာ ဖက္​ထားလိုက္​၏။
(ကြၽန္​​ေတာ္​သည္​ သူ​ေဌးသားအျဖစ္​က​ေန ဘယ္​လိုကဘယ္​လို ရဲတပ္​ဖြဲ႔ထဲ ​ေရာက္​သြားမွန္​း မသိပါ။ဒီလိုမွမျဖစ္​ရင္​ကြၽန္​​ေတာ္​့ဇတ္​လမ္​း ကဆံုး​ေတာ့ မည္​မဟုတ္​။ခု​ေတာင္​
ပထမတြဲ၊ ဒုတိယတြဲ ႏွစ္​ခု​ေပါင္​း စာမ်က္​ႏွာ ကိုးရာ ေက်ာ္​​ေနၿပီ မဟုတ္​ပါလား။ ဒါ​ေၾကာင္​့ ဤတြင္​ ၿပီးပါၿပီ)

မွတ္​ခ​်က္​ ဤဇတ္​လမ္​းကို ႐ုုပ္​႐ွင္​႐ိုက္​ကူးရန္​ လာ​ေရာက္​ကမ္​းလွမ္​းလိမ္​့မည္​ဟု အင္​က်ဴအီ႐ွင္​းျဖင္​့အလိုလိုသိ​ေနၿပီ ျဖစ္​ပါ​ေၾကာင္​း။
##########################

#မင္​းလူ

Unicode version

နိုင်ပါ့မလား ကွယ် ဟရို့
===============

ကျွန်တော်ကသိပ်ချမ်းသာသည်။
အဲ့ မဟုတ်သေး။ကျွန်တော်မိဘက
သိပ်ချမ်းသာသည်။ဘယ်လောက်ထိ ချမ်းသာသလဲဆိုတော့ တော်တော်လေးကို ချမ်းသာသည်။

ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ်ကွက်ရှိ ခြံကျယ်ကြီးတစ်ခုထဲမှာ
ခေတ်မီပုံစံ သုံးထပ်တိုက်တစ်လုံးရှိသည်။ သာမန်အားဖြင့်ကြည့်လျှင် နှစ်ထပ်ဟု ထင်ရသော်လည်း မြေတိုက်ခန်း
ပါသဖြင့် သုံးထပ်ဖြစ်သည်။
ခြံဝင်းထဲတွင် ကမ္ဘာပေါ်မှာ အလှပဆုံး အရှားပါးဆုံးသစ်ပင်ပန်းမန်တွေ ရှိသည်။ ဘဲဥပုံရေကန်ကြီးကပြာလဲ့ ကြည်လင်
နေသည်။

ထိုမျှမကသေး
မန္တလေးမှာ နှစ်ထပ်တိုက်တစ်လုံးရှိ သေးသည်။
(မီးလောင်တုန်းကပါမသွား)

တောင်ကြီး၊ ပြင်ဦးလွင်၊မြစ်ကြီးနားစသည့်မြို့များတွင်အပန်းဖြေအနားယူဖို့ တစ်ထပ်တိုက်ကလေးတွေဆောက်ထားသည်။
ဒါဘဲလား မက။

ငပလီကမ်းခြေက ဘန်ဂလိုတစ်ခုကို အချိန်မရွေးသွားနေနိုင်အောင် တစ်နှစ်လုံးအတွက် ငှားထားသေးသည်။

ကျွန်တော်တို့ဆီမှာ ကားသုံးစင်းနှင့်ဆိုင်ကယ်တစ်စင်းရှိသည်။ ဖေဖေမေမေတို့စီးဖို့က မာစီဒီး၊ကျွန်တော့်အတွက်သီးသန့်ထားတာက တိုယိုတာ စပရင်တာ။ခရီးထွက်သော အခါတွင်ဖြစ်စေ၊ အရေးအကြောင်း ရှိလျှင်ဖြစ်စေ
သုံးဖို့ကရိန်းဂျ်ရိုဗာ။ဟွန်ဒါ ဆိုင်ကယ်ကြီးကတော့ကျွန်တော့လက်စွဲတော်။

ကျွန်တော်တို့သည် ပွဲရုံလုပ်ငန်း၊အဝေးပြေးကား လုပ်ငန်း၊ဆေးလိပ်ခုံ၊ အိမ်တွင်းစက်မှုလက်မှုစသည့်လုပ်ငန်းများစွာကို ပိုင်သည်။ ထိုလုပ်ငန်းများသည် ဘယ်တော့မှမရှုံး၊
အမြဲမြတ်သည်။ကျွန်တော်သည်
ထိုလုပ်ငန်းများအကြောင်းကို တစ်ခါမှမလေ့လာဘူးပါ။

သို့ရာတွင်ကျွန်တော်ကဘာမျှမသိဘဲ ဝင်ရောက်ကြီးကြပ်လိုက်သောအခါ ဆထက်
ထမ်းပိုး အောင်မြင်ပြီးအမြတ်ငွေတွေ
သောက်သောက်လဲပိုရရှိလာပြန်ပါ၏။
(မယုံလျှင်လည်းဘာမျှ မတက်နိုင်ပါ)
                        ***
ကျွန်တော်ကဘွဲ့ရပြီးသားဖြစ်သည်။
ကျွန်တော်ရုပ်ရည်ကယောက်ကျားပီပီ သသ၊ခန့်ခန့်ချောချော။ကြည့်လေ။အရပ်ငါးပေဆယ့်တစ်လက်မ၊အသားလက်လက်၊ အချိုးအဆက်ကျပြီး ကျစ်လျစ်သန်မာသောကိုယ်လုံး ကိုယ်ထည်။

နက်မှောင်သန်စွမ်းပြီးသပ်ရပ်သောဆံပင်၊
ကြံ့ခိုင်သောမေးရိုး၊စူးရှတောက်ပသောမျက်လုံး၊
နှာတံပေါ်ပေါ်၊တိကျပြတ်သားသောနှုတ်ခမ်း။
အမေရိကန်ဂျင်းဂျက်ကက်နှင့်ဘောင်းဘီကို ဝတ်ပြီးဟိုက်ဟီးစီးလိုက်သောအခါ ကျွန်တော့်ဘေးမှာကောင်မလေးတွေဝိုင်းဝိုင်းလည် နေတော့သည်။

သို့ပေမယ့် ကျွန်တော်ကလုံးဝဂရုမစိုက်။
ကျွန်တော်ဂရုစိုက်မိသည်က တစ်ယောက်ထဲ
"ဂမုန်းခေတ္တာ"။
                      ***
ကော်ရစ်ဒါခေါ် စင်္ကြံထောင့်ချိုးမှာမိန်းကလေး
တစ်ယောက်နှင့် ကျွန်တော်ဝင်တိုက်မိသည်။
သူ့ရင်မှာပိုက်လာသော စာအုပ်တွေ
သမံသလင်းပေါ်သို့ဖရိုဖရဲကျသွားသည်။

      "လူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလား"
သူမေးသည်။

      "ဒီမေးခွန်းကိုကျွန်တော်လည်း
မေးခွင့်ရှိတာပဲ"
ကျွန်တော်ကပြန်ပြောသည်။

"ရှင့်မှာမျက်စိမပါဘူးလား"
        "အချစ်မှာ မျက်စိမပါဘူးလို့ပဲ ကြားဘူးပါတယ်"

      "ဘာပြောတယ်တော်တော်ရိုင်းပါလား"  

"ထင်လို့ပါ"
      ကျွန်တော်ကမခိုးမခန့်ရယ်လိုက်၏။

သူ့စာအုပ်တွေကိုကျွန်တော်ကကောက်ယူပေးသည်။
သူကဆက်ခနဲဆွဲယူပြီး ခြေဆောင့်ထွက်သွားသည်။
ကျွန်တော် သချာၤကျွမ်းပါသည်။
၃၂၊ ၂၆၊ ၃၄....

      (ကျွန်တော်သည် ဤသို့ပင် စင်္ကြံထောင့်မှ
ကောင်မလေးတွေနှင့် မကြာခဏတိုက်မိတတ်သည်။ရင်ဘက်တွေတောင်အောင့်လို့)
                      *****
ကျောင်သူများအပန်းဖြေခန်းဘေးမှ ဖြတ်အလျောက်တွင်ကျွန်တော့ ရင်ဘတ်ကို တစ်စုံတစ်ယောက်က ရေနှင့်ပက်လိုက်၏။

"ဘယ်လိုလဲ မျက်စိ မပါဘူးလား"
ကျွန်တော်မှမေးသည်။

     "ရေခွက်မှာမျက်စိမပါဘူးရှင့်"
သူကပြန်ပြောသည်။ဟိုနေ့ကကော်ရစ် တာထောင့်မှာဝင်တိုက်မိသည့် အမျိုးသမီး။

       "ဪ မင်းကိုး"

       "ဒီကနာမည် မင်းကိုး မဟုတ်ဘူး"

       "ဒါဖြင့်ဂမုန်းခေတ္တာတဲ့လား"

       "ဟယ် ဘယ်လိုလုပ်သိ"

       "ဒီလိုလုပ် သိတာပါ"

       "သူ့နာမည်ရော"

       "နောက်လည်း ခေါ်ရမယ့်အတူတူ ကိုကို လို့ဘဲမှတ်ထားလိုက်ပေါ့"

        သူရယ်သည်။
     (နောက်ထပ်စာမျက်နှာ ငါးမျက်နှာခန့် ကြာသောအခါကျွန်တော်တို့နှစ်ယောက် ချစ်သွားကြ သည်။)
                     ****
နယ်စပ်အနီးရှိမြို့ကလေးတစ်မြို့သို့ ကျွန်တော်ခရီးထွက်လာခဲ့သည်။ ကမ်းပါးယံကို ကွေ့ကောက်ဖောက်လုပ်ထားသော
တောင်ပေါ်လမ်းမှာပင် ဆိုင်ကယ်ကို တစ်နာရီကီလိုမီတာ ရှစ်ဆယ်နှုန်း ဖြင့် 
မောင်းလာခဲ့သည်။

ကျွန်တော့်ဆိုင်ကယ်နောက် ခပ်လှမ်းလှမ်းမှာ ဝီလီဂျစ်ကားတစ်ဆီးလိုက်လာသည်။ အန္တရာယ်၏အနံံံ့ကို ကျွန်တော်ရလိုက်ပြီ။
ဒိုင်းခနဲ မြည်သံတစ်ချက် ကြားလိုက်ရသည်။
ဆိုင်ကယ်ဦးထုပ်နောက်ဘက်ကို တစ်စုံတစ်ခုကဒုတ်ခနဲ လာမှန်သည်။သို့ပေမယ့်ဘိုင်ဇမ်နီယမ် သတ္တုရောဖြင့်ပြုလုပ်ထားသော ဦးထုပ်ကို ကျည်ဆန် မဖောက်နိုင်။

     ဆိုင်ကယ်ကို ကီလိုမီတာတစ်ရာထိ
အမြန်နှုန်းမြင့်လိုက်သည်။ရှေ့မှာ ဂငယ်ကွေ့တစ်ကွေ့။တစ်ကွေ့၏ထိပ်အရောက်တွင် ဆိုင်ကယ်လက်ကိုင်ကိုဆတ်ခနဲပင့်တင်လိုက် သည်။

ဘီးနှစ်ဘီးက လမ်းပေါ်မှတစ်စင်တီမီတာလောက် ကြွတက်သွားသည်။
ခြေထောက်တစ်ဖက်ကိုထောက်ပြီးဆုံလည်မောင်းတံအဖြစ်အသုံးချလိုက်သည်။
ဆိုင်ကယ်သည် တစ်ပတ်လည်ပြီး
နောက်မှလိုက်လာသည့်ကားနှင့်မျက်နှာချင်း ပြန်ဆိုင်မိ၏။

"ကဲ....ကိုယ်အလှည့်"

ဂျာမနီနှင့်အစ္စရေး ပူးပေါင်းထုတ်လုပ်သော ဒသမ သုံးရှစ် "အူဂါ" ပစ္စတိုကို ပခုံးသိုင်းအိပ်ထဲက ထုတ်သည်။ ဂျစ်ကားညာဘက်ဘီးကိုချိန်သည်။ လက်ညိုး ကိုကွေးညှစ်လိုက်၏။တစ်ချက်တည်း။ဂျစ်ကားချောက်ထဲ ထိုးကျသွားသည်ကိုစောင့်ကြည့်မနေတော့။
                   ****
လောင်ပန်းဂမုန်းအင်ဟော်တယ်မှာ ကျွန်တော်တည်းသည်။ ဂမုန်းဆိုသော အမည်ကပါလာပြန်၏။ဂမုန်းခေတ္တာကို သတိရလိုက်သည်။မြို့နယ်ကလေးဖြစ်သော်လည်း
ဟိုတယ်ကလေးထပ်အဆောက်အအုံ၊ သပ်ရပ်သန့်ရှင်းသားနားသည်။အဆင်းအတက်အတွက် ဓာတ်လှေကားကို အသုံးပြုသည်။ဟိုတယ်ပိုင်ရှင်က ဦးလောင်ပန်း။
ဂမုန်းခေတ္တာ၊ ဦးလောင်ပန်း ၊ ဟိုတယ်နာမည်တို့သည်တစ်စုံတစ်ခု ဆက်စပ်နေရမည်။

ကျွန်တော်ဒီမြို့ကို
မရောက်ခင်မှာပင် လုပ်ကြံသတ်ဖြတ်မည့် သူများနှင့်ကြုံခဲ့ရသည်။

ကျွန်တော့်ကိုဘာကြောင့်ရှင်း ပစ်ချင်ရသနည်း။
ဘာပဲဖြစ်ဖြစ် ပထမဆုံးပွဲတွင် သူတို့ ဘက်က
မုဆိုးမနှစ်ယောက်တိုးသွားပြီ ဖြစ်သည်။
အရှုပ်တော်ပုံတစ်ခုထဲ ကျွန်တော်ဝင်မည်ပြီဟု
အလိုလိုသိနေသည်။
(ကျွန်တော်သည် မကြာခဏဆိုသလိုပင် ဤသို့
အလိုလို သိနေသည့်အဖြစ်မျိုး ကြုံ ရသည်။
အင်ကျူအီရှင်း ဆိုပါစို့)
                    ****
     ည။
မှောင်သည်၊ မည်းသည်၊ နက်သည်၊ မိုက်သည်။
လမထွက်။ မိုးသားတွေက ကြယ်ရောင်ကို
ဖုံးကွယ်ထားပြန်သည်။

သို့ပေမယ့် ကျွန်တော့်မျက်စိတွေက စူးရှသည်။
ရှေ့မှာလူလေးယောက်၊ သုံးယောက်က ကျား၊
ကျန်တစ်ယောက်က မ။ မိန်းကလေးကိုသူတို့
ရန်မူနေတာ ရှင်း နေပြီ။
သူတို့နားကို လျှောက်သွားပြီး ပြောလိုက်သည်။

"လှပတဲ့ သမင်ပျိုမလေးကို ခွေးအတွေဝိုင်းဆွဲနေသလိုပါဘဲလားဟေ့"

ငနဲသုံးကောင် ကျွန်တော့်ကိုလှည့် ကြည့်သည်။
သုံးခွန်းသောစကားကို ဆိုကြ၏။

"မင်းကဘာကောင်"
"ဘာကိစ္စဝင်ရှုပ်တာလဲ"
"ညစာစားပြီးပြီလား တမလွန်မှာ ထမင်း မရှိဘူးနော်"

  ကျွန်တော်ကဟက်ခနဲရယ်လိုက်ပြီး...

"ကိုယ့်လူတို့၊ကောင်းကောင်းအိပ်မပျော်တာကြာပြီထင်တယ်၊ ကျုပ်မှာအိပ်ဆေးကောင်းကောင်း ရှိပါတယ်လေ"ချောက်ခနဲ မြည်သံနှင့်အတူ သူတို့ လက်ထဲကိုဓားမြောင်သုံးချောင်း ရောက် လာသည်။

မှောင်နှင့်မည်းမည်းထဲမှာပင် ဓားမြောင်တွေက
ဖျတ်ခနဲ ဖျတ်ခနဲ အရောင်လက်နေကြ
သည်။ဟာဒလေနှင့် ချေ့စ်သံမဏိ ကုမ္ပဏီက
ထုတ်လုပ်သော ဓားမြောင်များ။
ကျွန်တော့်ကို ထောင့်မှန်တြိဂံပုံ ဝိုင်း ထားသည်။

ကျွန်တော့ဦးနှောက်ထဲတွင် တြီဂိုနိုမက်ထရီပုစ္ဆာများတွက်ချက်နေသည်။ ဆိုင်းနည်း၊ ကိုဆိုင်းနည်း၊ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒီဂရီများ။ အဖြေကိုတဒင်္ဂအတွင်းရလိုက်၏။

ကျွန်တော်စတင်လှုပ်ရှားသည်ဘာမျှမကြာလိုက်၊
ငမိုက်သားသုံးကောင် လက်ရှိ ကမ္ဘာ့အရေးအခင်းများနှင့် နာရီဝက်လောက် အဆက်အသွယ် ပြတ်သွားကြရှာပြီ။
     (သူတို့ကိုတိုက်ခိုက်ရာတွင်စုစုပေါင်း လေးဒသမငါးစက္ကန့်သာကြာသည်။ တစ်ယောက် တစ်ဒသမငါးစက္ကန့်နှုန်းမြန်သည်။ သိပ်မြန်သည်။မည်သို့မည်ပုံတိုက်ခိုက်လိုက် ကြောင်း ကျွန်တော့် ဘာသာကျွန်တော်ပင်
မသိလိုက်အောင် မြန်သည်။)
                       ****
     မိန်းကလေးကို ခုမှ သတိပြုမိသည်။
ကျွန်တော်အရမ်းအံ့ဩသွား၏။
     "ဟင်  ဂမုန်းခေတ္တာ"
     သူ ကျွန်တော့်ကိုကြောင်ကြည့်နေ၏။
အကြောက်လွန်နေဟန်တူသည်။ သူ့လက်မောင်းကိုကျွန်တော်ကိုင်လှုပ်လိုက်သည်။

     "ဂမုန်းခေတ္တ"

     သူက ကျွန်တော့်လက်ကို ပုတ်ချလိုက်ပြီး....

      "ရှင်  ဘယ်သူလဲ"

"ဘယ်လိုဖြစ်နေတာလဲကွယ်ကိုကိုလေ"

"ဘယ်ကကိုကိုလဲ၊ ရှင့်ကိုကျွန်မမသိဘူး၊ကျွန်မနာမည် လည်း ဂမုန်းခေတ္တာ မဟုတ်ဘူး"

"ဒါဖြင့် ဘယ်သူလဲ"

"ဒေါနဇီဇဝါ"
ကျွန်တော်ပြုံးလိုက်သည်။
ပြဿနာက ပိုရှုပ်လာပြီဖြစ်သည်။
(ရှုပ်လေကောင်းလေပေါ့)
                     ****
သူတို့အုပ်စုက ကျွန်တော့ကို အမျိုး မျိုးနှော့က်ယှက်သည်။ ရန်ရှာသည်။ထို့ကြောင့် ကျွန်တော့်ကိုသူတို့နှင့်ပူးပေါင်းရန် စည်းရုံးသည်။
ကျွန်တော်လက်ခံလိုက်၏။

သူတို့ခေါင်းဆောင်ဆရာကြီးရှေ့မှာ ကျွန်တော့်အရည်အချင်း ကိုစမ်းသပ်သည်။ ဆရာကြီးဆိုသူကတော့ ဦးလောင်ပန်း။
ပထမဆုံး လေးယောက်တစ်ယောက် လက်ရည်စမ်းပွဲကွမ်န်တော်ကလေးစက္ကန့်ဖြင့် စံချိန်သစ် တင်လိုက်သည်။

နောက်တစ်ခုမီတာ တစ်ရာ အကွာအဝေးရှိ တိုင်ထိပ်မှာတင်ထားသော လစ်ပိုဗစ်တန်
ပုလင်းကို ဝင်ချက်စတာရိုင်ဖယ်ဖြင့်ပစ်ရမည်ဖြစ်သည်။ကျွန်တော်ကသေနတ်ကို
ိုအေးဆေးစွာ ကိုင်ပြီးချိန်လိုက်သည်။ပစ်သည်။
လစ်ပိုဗစ်တန်ပုလင်းကလုံးဝမလှုပ်။
ဆရာကြီးကသရော်တော်တော်
ပြုံးလိုက်သည်။

ကျွန်တော်ကပြောသည်။
"လစ်ပိုဗစ်တန်ကို ဆရာကြီးအဆင်သင့် သောက်နိုင်ပါပြီ၊ပုလင်းကိုမထိခိုက်စေ ဘဲ အဖုံးဖွင့်ပေးလိုက်တာပါခင်ဗျာ"

   ဦးလောင်ပန်းအကြီးအကြယ်အံံ့ဩ သွားသည်။
(ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဒီလောက်တောင်တော်နေသဖြင့် အံ့ဩရသေး၏)
                        ****
     ဦးလောင်ပန်းတို့ဂိုဏ်းအတွက် ကျွန်တော်အလုပ်လုပ်ပေးသည်။ သူတို့လုပ်ငန်းအ
ကြောင်းကိုတဖြည်းဖြည်းသိလာရသည်။ ဟိုတယ်လုပ်ငန်း၊ အဝေးပြေး ကုန်တင်ကားလုပ်ငန်းကိုဟန်ပြထားပြီး ဘိန်း ဖြူအရောင်းအဝယ်
နှင့် မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေခြင်း
ဖြစ်သည်။

     ဒီနေရာမှာပင် ဒေါနဇီဇဝါအမည်ခံထားသော
မိန်း ကလေးနှင့်ပြန်ဆုံရသည်။
သူကဦးလောင်ပန်း၏သမီး ဟုဆိုသည်။ သူတို့နှစ်ယောက်သည်သားအဖအရင်း
မဟုတ်နိုင်ကြောင်း ကျွန်တော်သိနေသည်။
ထိုနှစ်ယောက်ကြား မှာ တစ်စုံတစ်ခုသောလျိုှ့ဝှက်ချက်ရှိနေကြောင်းကိုလည်း
ကျွန်တော်အလိုလိုသိနေသည်။
(အင်ကျူအီရှင်းဖြင့်သိခြင်းဖြစ်သည်)
                      *****
     ဒေါနဇီဇဝါက ကျွန်တော့်ကို ခပ်မှန်မှန်ဆက်ဆံသည်။ကျွန်တော်ကဂမုန်းခေတ္တာဟု
ခေါ်တိုင်း သူ့မျက်နှာပျက်ပျက်သွားတက် သည်ကို သတိပြုမိသည်။

ဦးလောင်ပန်းရှေ့တွင် ကျွန်တော့်ကို မသင်္ကာဟန်လုပ်ပြသည်။

တစ်နေ့တွင်
ကျွန်တော်ကသူတို့လုပ်ငန်း ထဲမှာ ဝင်ရောက်ထိုးဖောက်မွှေနှောက်နေသည်ဟု
ဦးလောင်ပန်းကစွပ်စွဲသည်။
ဒေါနဇီဇဝါ က အားလုံးရှေ့ မှာပင်ကျွန်တော့်ကိုပါးရိုက်သည်။ထို့နောက် ကျွန်တော့်ကိုနံနက်လေးနာရီတွင် ထုံးစံအတိုင်းစီရင်ရန် လောလောဆယ်တွင် မြေတိုက်ခန်းထဲ၌
ချုပ်ထားရန် ဦးလောင်ပန်းကအမိန့်ချလိုက်သည်။
(သတ်မည့်ကိစ္စကို ချက်ချင်းမသတ်ဘဲ မနက်လေးနာရီထိ ရွှေ့ဆိုင်းထားသည့်အကြောင်းကို ကျွန်တော်စဉ်းစားလို့ကိုမရ)
                     ****
    ညသန်းခေါင်းကျော်လောက်တွင်အချုပ်တံခါးပွင့်လာသည်။ လူတစ်ယောက်ဝင်လာသည်။

    "ဒေါနဇီဇဝါ"
    "မဟုတ်ပါဘူး ကိုကို၊ ဂမုန်းခေတ္တာပါ"

သူကအကြောင်းစုံရှင်းပြသည်။
ဂမုန်းခေတ္တာနှင့် ဒေါနဇီဇဝါ အမွှာညီအမနှစ်ယောက်ရှိသည်။ အဖေနှင့်အမေ ကွဲကြတော့ ဂမုန်းခေတ္တာကအဖေနှင့်ပါလာသည်။ ဒေါနဇီဇဝါက အမေ နှင့်ကျန်ခဲ့သည်။

အမေကဦးလောင်ပန်းနှင့် အိမ်ထောင်ထပ်ပြုသည်။အမေဆုံးသောအခါတွင် အမွေပေးရ မည်စိုးသဖြင့်ဦးလောင်ပန်းက ဒေါ်ဇီဇဝါကို လုပ်ကြံ ပြစ်လိုက်သည်။

ထိုအကြောင်းကိုသိ သွားသော ဂမုန်းခေတ္တာက၊ဒေါ်ဇီဇဝါမသေဘဲပြန်ရောက်လာဟန် ဖြင့့် ဦးလောင်ပန်းဆီဝင်နေခြင်းဖြစ်သည်။

     ကျွန်တော်ထွက်ပြေးလွတ်မြောက်ဖို့အတွက် အချိန်သည်စက္ကန့်ပိုင်းနှင့်အမျှ အရေးကြီးသော်လည်း သူပြောသမျှကို အေးအေးဆေးဆေးနားထောင်နေလိုက်သည်။

ထိုအချိန်တွင် မြေအောက်ခန်းသို့ ဆင်းလာသောခြေသံများကြားရသည်။ ဂမုန်းခေတ္တာက ကျွန်တော့်လက်စွဲတော် အူဂါပစ္စတို ကိုပြန်ပေးသည်။အပြတ်ရှင်း ကြရတော့မည်။

ကျွန်တော့်မှာကသေနက်တစ်လက်တည်း။ သူတို့ကလက်နက်မျိုးစုံဖြင့် လူသုံးဆယ်လောက်၊သို့ပေမယ့် သူတို့အား လုံးကို ကျွန်တော်ရှင်းပစ်လိုက်သည်။

ဦးလောင်ပန်း အခန်းရှိ ရာသို့ပြေးတက်ခဲ့သည်။
သူကထွက်ပြေး မည့်ဆဲဆဲ။ ကျွန်တော်သူ့ခြေထောက်ကိုလှမ်းပစ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် သူ့အလှည့်
ကြမှ ကျည်ဆန်ကုန်သွားသည်။

သူကောက်ကျစ်စွာပြုံးသည်။
ကျွန်တော့်ဘက်ပြန်လှည့်သည်။
သူ့လက်ထဲမှာ သေနတ်တစ်လက်။ ကျွန်တော့်နှစ်လုံးသားတည့့်တည့် ကိုချိန်သည်။ ခလုပ်မောင်းကိုညှစ်၏။

သေနတ်သံ တစ်ချက်။ဦးလောင်ပန်း လက်ထဲကသေနတ်လွင့်ထွက်သွားသည်။
     တံခါးဝမှာရပ်နေသူက မိန်းမကိုင်ပစ္စတိုလေးကိုကိုင်ထားသော ဂမုန်းခေတ္တာ။
                      ****
ကိစ္စအားလုံးရှင်းသွားပြီ။ တစ်ခုဘဲ ကျန်သည်။
ဂမုန်းခေတ္တာ နှင့် ကျွန်တော့် ကိစ္စ။
သူမျက်ရည်ဝဲ နေ၏။
  "ကိုကို့ကို ခေတ္တာချစ်ပါတယ်။ ဒါပေမယ့် ကိုကိုဟာဥပဒေပြင်ပကလူ၊ ပြီးတော့"
သူ့နှုပ်ခမ်းကို လက်ဖြင့်လှမ်းပိတ်လိုက်၏။

   "ကိုကိုဟာ ဥပဒေပြင်ပကလူမဟုတ်ပါဘူးကွယ်၊ဦးလောင်ပန်းတို့ရဲ့ ဂိုဏ်း
အကြောင်းကို အတွင်းကျကျ စုံစမ်းဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့က မှုခင်းထောက်လှမ်းရေးမှုးပါ"

     "ဟင်.. တကယ်"
     "တကယ်ပါအချစ်ရယ်"
     "ဝမ်းသာလိုက်တာ ကိုကိုရယ်"

    သူကျွန်တော်ရင်ခွင်ထဲရောက်လာ သည်။
ကျွန်တော်သူ့ကိုတင်းကြပ်စွာ ဖက်ထားလိုက်၏။
(ကျွန်တော်သည် သူဌေးသားအဖြစ်ကနေ ဘယ်လိုကဘယ်လို ရဲတပ်ဖွဲ့ထဲ ရောက်သွားမှန်း မသိပါ။ဒီလိုမှမဖြစ်ရင်ကျွန်တော့်ဇတ်လမ်း ကဆုံးတော့ မည်မဟုတ်။ခုတောင်
ပထမတွဲ၊ ဒုတိယတွဲ နှစ်ခုပေါင်း စာမျက်နှာ ကိုးရာ ကျော်နေပြီ မဟုတ်ပါလား။ ဒါကြောင့် ဤတွင် ပြီးပါပြီ)

မှတ်ချက် ဤဇတ်လမ်းကို ရုပ်ရှင်ရိုက်ကူးရန် လာရောက်ကမ်းလှမ်းလိမ့်မည်ဟု အင်ကျူအီရှင်းဖြင့်အလိုလိုသိနေပြီ ဖြစ်ပါကြောင်း။
##########################

#မင်းလူ

No comments:

Post a Comment