Zawgyi Version
အခ်စ္စမ္းခ်င္စမ္း မစမ္းခ်င္ေန
သန္းျမင့္ေအာင္
( ၁ )
" က်ဳပ္အသက္ ၁၉ နွစ္သမီးကတည္းက လင္ယူလာတာ .... အခု အသက္ငါးဆယ္
ျပည့္ေတာ့မယ္ ... တစ္ခ်က္ကေလးမွ အလုပ္နဲ႔လက္ မျပတ္ရေသးဘူး ...... အဲဒီေလာက္
လင္ကိုညွာတဲ႔ေကာင္မ ..... ရွာလည္း ၾကည့္ၾကဦး ..... "
ေဒၚလွေမသည္ အိမ္ေဘးေရစင္တြင္ ဟင္းရြက္ေတြ ဆိတ္ဆြေဆးေၾကာရင္းက မေက်မနပ္နွင့္ တရစပ္ေျပာေနသည္။
" ကေလးသံုးေယာက္ ဗိုက္ၾကီးလြယ္ထားတဲ႔အခ်ိန္ေတာင္ က်ဳပ္က နားတာမဟုတ္ဘူး
..... ေမာင္တစ္ထမ္း မယ္တစ္ရြက္ဆိုတာ သူမ်ားေတြ ေျပာတဲ႔စကား .....
က်ဳပ္ကေတာ့ သူတစ္ထမ္း ကိုယ္တစ္ထမ္းကို ထမ္းလာခဲ႔တာ .... ဒင္းက ခုမွ
ကိုယ့္အသက္ ကိုယ္အားမနာ..... သမီးနဲ႔ သမက္နဲ႔ ေျမးနဲ႕ျဖစ္မွ
ေဖာက္လႊဲေဖာက္ျပန္တဲ႔လူေတာ့ လာပါေစ ......... လွေမအေၾကာင္း
ေကာင္းေကာင္းသိသြားမယ္..... "
တျဖည္းျဖည္း အရွိန္ျမွင့္လာေတာ့ ဆိုင္ကေလးထဲ စားပြဲထိုးေပးေနေသာ
သမက္လုပ္သူေက်ာ္ေအာင္က သူ႔မိန္းမေအးႏြယ္ကို လွမ္းျပီး မ်က္စပစ္ျပလိုက္တယ္။
အဘြားၾကီး ၾကမ္းေနျပီဟူေသာ အဓိပၸါယ္ကို ေအးႏြယ္ကလည္း သတိျပဳမိကာ
ျပံဳးေယာင္ေယာင္ျဖစ္သြားသည္။
"
ဟင္ .... ေျပာရင္း ... ေျပာရင္း .... ေဒါသျဖစ္တယ္ ...
အဲဒီကုန္ကားေမာင္းတဲ႔အလုပ္ကို ျဖတ္ရင္ျဖတ္ မျဖတ္ရင္ ကားပါ မီးနဲ႔
ရွိဳ႕ပစ္မယ္ ..... ဒရိုင္ဘာငွားျပီး ခိုင္းပါဆိုေတာ့လည္း ေျပာမရတာ
ဒါေၾကာင္ကိုး .... သူ႔ကိုယ္သူ လည္လွျပီမွတ္ေနတာ .... "
" ဟာ .... အေမကလည္း တိုးတိုးေျပာပါ ... အေမ႔အသံက ေျပာရင္း ေျပာရင္း
က်ယ္လာျပီ .... အိမ္ေရွ႕မွာ ထမင္းစားတဲ႔လူေတြ ၾကားကုန္ပါဦးမယ္ ... "
မေနနိုင္ေတာ့တဲ့အလတ္မမိသြယ္က အေမ့ကို လွမ္းေျပာလိုက္သည္။
" ၾကားၾကားေအ .... ကိုယ့္အေၾကာင္း ကိုယ္ေျပာတာ ... သူမ်ားအေၾကာင္းေျပာတာမဟုတ္ဘူး .... "
"ရွက္စရာၾကီးအေမရာ .... မေျပာပါနဲ႔ .... အေမ မရွက္ဘူးလား .... "
" ရွက္နိုင္ေပါင္ ..... "
" အေမမေက်နပ္တာ အေဖ႔ကိုမဟုတ္လား ... အေဖလာမွ ေျပာေပါ႔ အေမရာ ... အခု အေမေျပာေနတာေတြ အေဖၾကားတာမွမဟုတ္တာ .... "
" သူ မၾကားလည္း သူ႔သမီးေတြ ၾကားတယ္ေလ ...... ညည္းတို႔ၾကားတယ္မဟုတ္လား .... ျပန္ေျပာလိုက္ၾကေပါ႔ ... "
" အဲဒီလိုဆိုလည္း အိမ္သားေတြခ်ည္း ရွိတဲ႔အခ်ိန္ ေျပာပါအေမရာ ...
အေမ႔ဆိုင္မွာ ထမင္းစားတဲ႔သူေတြက အလုပ္ၾကမ္းသမားေတြ ၊ ဆိုက္ကားသမားေတြ ၊
ကားသမားေတြနဲ႔ အေမရဲ႕ .. "
" အဲဒါ ဘာျဖစ္တုန္း "
" သူတို႔ခမ်ာ ဒီအခ်ိန္ေလး နားရတာ .... စားတုန္းေသာက္တုန္း
နားေအးပါးေအးေနပါေစ အေမရာ ... ကိုယ့္ကိုယ္ေရးကိုယ္တာေၾကာင့္
သူမ်ားအေနွာက္အယွက္ မျဖစ္ပါေစနဲ႔ ... အေမဆူပူေနရင္ စိတ္ညစ္ျပီး ေနာက္
ဘယ္လာအားေပးခ်င္ပါ႔မလဲ .... "
" ညည္းတို႕ ရွက္ ... ရွက္တယ္ ေျပာစမ္းပါေအ .. "
" ဟုတ္တယ္အေမေရ ... ရွက္လို႔ ..... ရွက္လို႔ .. မေျပာပါနဲ႔ေတာ့ ... "
အငယ္မကပါ ဝင္ေျပာေတာ့ ေဒၚလွေမေလသံ ေပ်ာ့သည္။
" ဒါေတာင္ ညည္းတို႔ကို တကယ္အရွက္ခြဲမွာက က်ဳပ္မဟုတ္ဘူးေအ႔ .... ညည္းအေဖ
ညည္းတို႔ ၾကပ္ၾကပ္သတိထားၾကေတာ့ .... " ဟု ဆိုကာ ေနရာမွ ေဆာင့္ေအာင့္ျပီး
ထြက္သြား၏။
( ၂ )
" အေဖက မမိုက္ဘူးဟာ "
ညေနဆိုင္သိမ္းခ်ိန္ အေမနွင့္ သမက္ျဖစ္သူေက်ာ္ေအာင္တို႔
သီရိမဂၤလာေစ်းသြားတုန္းမွာ ညီအစ္မသံုးေယာက္ ေခါင္းခ်င္းဆိုင္မိၾကခ်ိန္တြင္
မိသြယ္က စေျပာသည္။ အၾကီးမေအးႏြယ္က နွစ္နွစ္သာသာအရြယ္ရွိ သားငယ္ေရႊတိုးကို
ေပြ႔ထားရင္းက
" ေယာက်္ားေတြဟာ
အဲဒီလိုပဲဟဲ႔ ... မိန္းမနဲ႔ မ်က္ေျချပတ္သြားတာနဲ႔ ေဖာက္ျပန္ခ်င္တာ .....
ၾကီးၾကီး ငယ္ငယ္ လႊတ္ထားလို႔မရဘူး " ဆိုေတာ့ အေဖ႔အသည္းေက်ာ္ အငယ္မက
" အမယ္ ... မႏြယ္က အဲလိုေတာ့ မေျပာပါနဲ႔ေနာ္ ... မႏြယ္ေယာက်္ားနဲ႔
နွိဳင္းျပီး မေျပာပါနဲ႔ .... အေဖၾကီးက အဲဒီလိုမဟုတ္ပါဘူး .... ခုလည္း
ဘၾကီးေအးေမာင္ မူးမူးနဲ႔ေျပာတဲ႔အတိုင္း ဟုတ္ခ်င္မွဟုတ္မွာပါ ...
သူမ်ားေျပာတိုင္း စြတ္ယံုမေနၾကနဲ႔ဦး ... "
" ငါ႔ေယာက်္ားလည္း အဲဒီလို မဟုတ္ပါဘူးေနာ္ ... ငါက ေတြ႔ဖူးတာေတြကို ေျပာတာ.... "
အၾကီးမက ေလ်ွာခ်သြားသည္။
" မႏြယ္က်ေတာ့လည္း လြန္လြန္းပါတယ္ ... ဟိုလူနဲ႔ စကားေျပာေနျပန္ျပီ ...
ဒီလူ႔ ျပံဳးျပ ျပျပန္ျပီနဲ႔ မ်က္စိေအာက္က အေပ်ာက္မွမခံတာ .. မႏြယ္ေယာက်္ားက
ဘယ္လွဳပ္ရဲမလဲ ... "
" ေနစမ္းပါဦးဟာ ... အဲဒါေတြက အေရးမၾကီးပါဘူး ... ေဖၾကီးကိစၥ တကယ္ဟုတ္မဟုတ္ သိခ်င္တယ္ ... ဟုတ္ေနရင္ေတာ့ ဒုကၡပဲ .... "
" သိဖူးေလဟာ ... သူတို႔ကားသမားအခ်င္းခ်င္း ေျပာတာပဲ ... ဟုတ္မွာေပါ႔ ... "
" ဒါဆို ေဖၾကီးလာရင္ အေမေသာင္းက်န္းေတာ့မွာ ေသခ်ာတယ္ ...ေသာင္းက်န္းပါေစ .. ဝင္မဆြဲေၾကး သိလား .... "
" ေအး ... "
ညီအစ္မတေတြ စိတ္တူသေဘာတူ တိုင္ပင္ထားၾက၏။ သမီးေတြက အေဖ႔ကို
သဲသဲလွဳပ္ခ်စ္သလို အေမ႔ကိုေတာ့ အသနားပါထပ္၍ ပိုေနၾကေသး၏။ သူတို႔အေမသည္
အျခားအေမေတြထက္ မိသားစုအေပၚ အနစ္နာခံသည္ဟု သူတို႔ ယူဆသည္။
မိသားစုအပၚတြင္သာမက အေမသည္ သူ႔ဆိုင္မွာ စားေသာက္သူေတြအတြက္လည္း
ေစတနာထားရွာသည္။ အေမ႔ဆိုင္ကေလးက လက္လုပ္လက္စားမ်ား၏ စားျမိန္ဝိုင္းျဖစ္သည္။
" ဆင္းရဲသားဆိုတာ ငပိတို႔ ၊ တို႔စရာတို႔ကို ဦးစားေပးရတာ ... အာဟာရလည္း
ရွိတယ္... အကုန္လည္း သက္သာတယ္.... ငပိတို႕စရာ ေကာင္းရင္
ဟင္းေကာင္းမလိုပါဘူး .. ပိုက္ဆံရွာရတာ လြယ္တာမဟုတ္ဘူး ... " ဟု ဆိုကာ
ေဖာေဖာသီသီ ဝဝလင္လင္ေကြ်းနိုင္ေရးအတြက္ အပင္ပန္းခံကာ အခ်ိန္မရလ်ွက္
ညဘက္ဆိုင္ပိတ္ခ်ိန္မွျဖစ္ေစ ညလံုးေပါက္သီရိမဂၤလာေစ်းသို႔သြား၍
ျခင္းၾကီးျခင္းငယ္ျဖင့္ ဟင္းရြက္မ်ား က်ံဳး၍ဝယ္ေလ႔ရွိသည္။ ထို႔ေၾကာင့္
အေမ႔ဆိုင္တြင္ ထမင္းစားသူတို႔က ငပိရည္ေကာင္းေကာင္း ၊ တို႔စရာစံုစံု ၊
ဟင္းသီးဟင္းရြက္ေၾကာ္မ်ားမ်ား ၊ ခ်ဥ္ရည္ဟင္းပ်စ္ပ်စ္တို႔ျဖင့္
ထမင္းျမိန္ေလ႔ရွိသည္။
" အေမ ထမင္းမစားရေသးဘူးမဟုတ္လား .... ခူးလိုက္မယ္ေနာ္ ... "
သီရိမဂၤလာေစ်းမွျပန္လာျပီး ေဆးလိပ္တစ္တိုနွင့္ ငိုင္ေနေသာအေမ႔အနားကို မိသြယ္ ေရာက္သြား၏။
" မခူးနဲ႔ ... မခူးနဲ႔ ...မစားခ်င္ဘူး ... "
" အေမ အေမာေျပရင္ စားလိုက္ေတာ့ေလ ... ေစ်းသြားခါနီး ကြ်န္ေတာ္စားတုန္းကလည္း အေမ ဝင္မစားဘူး "
ေက်ာ္ေအာင္ကပါ အေမ႔ကို လွမ္းေျပာ၏။
" ငါမွ မဆာေသးတာ ... ဆာရင္ စားမွာေပါ႔ .. မင္းတို႔လင္မယားလည္း ျပီးရင္ ျပန္ၾကေတာ့ေလ ... ကေလး အိပ္ခ်င္ေနေရာေပါ႔ ... "
အၾကီးမလင္မယားက သူတို႔နွစ္အိမ္ေက်ာ္တြင္ ေနသည္။ အိမ္ေထာင္က်ျပီးကတည္းက
ေက်ာ္ေအာင့္ကို နဂိုအလုပ္က ထြက္ခိုင္းျပီး အေမက ဆိုင္တြင္ကူခိုင္းကာ
စားရိတ္ျငိမ္းျပီး လခကို သတ္သတ္ေပးသည္။ သူစိမ္းေခၚမည့္အစား
သားသမီးကိုထားေတာ့ အေမလည္း အဆင္ေျပ သူတို႔လည္း စုမိေဆာင္းမိရွိသည္။
" အေမက ဘာလို႔ မစားေသးတာလဲ ... "
မိသြယ္ေျပာမရေတာ့ အငယ္မကပါထပ္ကာ အေမ႔အနား ကပ္ထိုင္ရင္း ေမးျပန္၏။
" မစားခ်င္လို႔ေပါ့ဟဲ့ "
" ဘာလို႔ မစားခ်င္ရတာလဲ "
" မဆာလို႔ ... မဆာလို႔ ... "
မိငယ္က မခ်ိဳမခ်ဥ္မ်က္နွာျဖင့္ အေမ႔ကိုဖက္ကာ
" အေမ အသည္းကြဲေနတာမဟုတ္လား ... "
" တယ္ ... ဒီေကာင္မ "
မိငယ္က စ ေတာ့ ေဒၚလွေမမ်က္နွာၾကီး ရဲကာ လွမ္းေခါက္မည္ျပဳ၏။
" ဟုတ္ပါတယ္ ... တို႔အေမၾကီးကလည္း ေဖၾကီးကို ေအာက္ေမ႔ျပီး အသည္းကြဲေနတာ ... ထမင္းေတာင္ မစားနိုင္ဘူးေဟ့ .. ရယ္ရတယ္ ... "
" ေအာင္မယ္ ဒင္းအတြက္မ်ား ငါက အစားပ်က္ အေသာက္ပ်က္ျဖစ္ရေအာင္ ဒင္းက
ဘာမို႔လို႔လဲ .... ညည္းတို႔က အဲဒီလိုထင္ေနရင္ ယူလာခဲ႔ .. က်ဳပ္ စားျပမယ္
... ထမင္းနဲ႔ဟင္း ပံုခဲ႕ .. "
ေဒၚလွေမက စိတ္မရွည္သလိုေျပာေတာ့
" အေဖနဲ႔ အေမ႔ကိုေတာ့ မိငယ္မွပဲ နိုင္တယ္ .. " ဟု ေျပာကာ မိသြယ္က ထမင္း ေျပးထည္႔၏။
( ၃ )
" အဟုတ္ေျပာတာလား ေဒၚၾကီး ... ေဒၚၾကီးေယာက်္ားကိုယ္တိုင္ ေတြ႔ခဲ႔တာလား ... "
" ေအးေလ .. သူေျပာလို႔ ငါသိတာေပါ႕ .. ညည္းအေမကိုလည္း သူပဲ ေျပာတာမဟုတ္လား ... "
" အခု အေမက အရမ္းခံစားေနရတာ .. အေဖလာရင္ ျပႆနာတက္မွာ ေသခ်ာတယ္ .... "
" ဒုကၡပါပဲေအ .... က်ဳပ္တို႔လင္မယားေတာ့ တရားခံျဖစ္ေတာ့မယ္ထင္တယ္ ... "
" မျဖစ္ပါဘူးေဒၚၾကီးရာ ... ျပန္ေျပာျပလို႔ ေက်းဇူးေတာင္တင္ေသးတယ္ ...
ေဒၚၾကီးတို႕သာ မေျပာရင္ အေဖ နယ္မွာ မိန္းမယူထားရင္ေတာင္ မိငယ္တို႔
သိမွာမဟုတ္ဘူး ... "
"
အဲဒီေလာက္လည္း မဟုတ္ပါဘူးေအ ... ညည္းအေဖက လူရိုးပါ ... အခုဟာက မိန္းမက
ကပ္ေနတဲ႔ပံုပါ ... ငါ႔အိမ္က လူကမွွ ခပ္ရွဳပ္ရွဳပ္ရယ္ .... အဲဒီမိန္းမက
ညည္းအေဖလာရင္ ကြမ္းယာဆီးေကၽြး ၊ ေဆးလိပ္ဆီးတိုက္နဲ႔တဲ႔ ... ျပီးေတာ့
သူတို႔ႏွစ္ေယာက္ ထမင္းဆိုင္မွာ အတူမွာစားၾကတာလည္း သံုးေလးခါေလာက္
ျမင္တယ္ဆိုေတာ့ မရိုးဘူးထင္လို႔ေျပာတာပါ .... က်ဳပ္လည္းမသိဘူး ...
သူေျပာသမ်ွပဲ သိတာ ... "
" အခုေတာင္ သူတို႔ ညားေနျပီလား မသိဘူးေနာ္ ေဒၚၾကီး ... "
" ခဏတျဖဳတ္ အေပ်ာ္သေဘာေနမွာပါေအ ... သမီးေတြ ေျမးေတြကို တုန္ေနေအာင္ခ်စ္တာ.... ကိုထြန္းေမာင္ ဒီလိုေတာ့ မလုပ္တန္ေကာင္းပါဘူး ... "
" အေပ်ာ္သေဘာလည္း ဘယ္ေကာင္းမလဲေဒၚၾကီးရာ ... ရွက္စရာၾကီး ... "
မိငယ္ အိမ္ျပန္ေရာက္ေတာ့ အစ္မနွစ္ေယာက္ကို အတြင္းခန္းမွာအိပ္ေနေသာ
အေမမၾကားေအာင္ ျပန္ျပီးေဖာက္သည္ခ်ေနေတာ့သည္။ အေဒၚႏွစ္ေယာက္နွင့္
အေမၾကားတြင္ ေရႊတိုးေလးက မ်က္လံုးကလယ္ကလယ္နွင့္ ရွိေနရွာသည္။
( ၄ )
ကေန႔ည ေဒၚလွေမ တစ္ညလံုး အိပ္မေပ်ာ္။ အေတြးေတြက
လြန္ခဲ႔ေသာနွစ္ေပါင္းသံုးဆယ္ဆီ ေရာက္ေနသည္။ အဲဒီတုန္းက အုပ္လံုးသိမ္းစ
အလွေသြးၾကြယ္ကာ ေၾကာက္တတ္ေသာလွေမ ၊ ကာလသားတစ္ေယာက္ေယာက္ကမ်ား ခပ္စိုက္စိုက္
ၾကည့္လိုက္လ်ွင္ ေျခလွမ္းေတြ ဟိုယိုင္ သည္ယိုင္နွင့္ အေယာင္ေယာင္
အမွားမွားျဖစ္တတ္ေသာ လွေမ ၊ ထိုလွေမသည္ ညီအစ္မဝမ္းကြဲေတာ္သူ ျမခ်စ္
ေအာင္သြယ္ေကာင္းသျဖင့္ ေဆြမ်ိဳးမိသားစုထံတြင္ လာေနရင္း ပလတ္စတစ္စက္ရံု
ညဆိုင္းအလုပ္သမား ထြန္းေမာင္နွင့္ ရည္းစားျဖစ္ခဲ႔သည္။
သမီးရည္းစားသာ ျဖစ္သြားသည္။ လွေမနွင့္ထြန္းေမာင္ နွစ္ေယာက္တည္း တစ္ၾကိမ္မွ
မဆံုဖူး။ ထြန္းေမာင္က လွေမကို ကာလအေတာ္ၾကာေအာင္ပင္ နွစ္ေယာက္အတူ
ေတြ႔ခြင့္ေပးရန္ စာျဖင့္တစ္မ်ိဳး ၊ ျမခ်စ္နွင့္ စကားပါး၍တသြယ္
ေတာင္းပန္သည္။ လွေမက ေတြ႔လည္း ေတြ႔ခ်င္သည္။ ေတြ႔လည္း မေတြ႔ရဲ။ အိမ္ကို
ဘယ္လိုေျပာျပီး ထြက္ရမွန္းလည္း မသိ။ လွေမတို႔အိမ္က ေဆးလိပ္ခံုျဖစ္သည္။
အိမ္မွာ တစ္ေနကုန္ ေဆးလိပ္လိပ္ရေသာလွေမက ရံဖန္ရံခါ ေစ်းသြားဝယ္ရတာကလြဲလို႔
အျပင္ထြက္စရာ အခြင့္အေရးမရွိ။ အခ်ိန္ရွိသေရြ႕ ေဆးလိပ္ခံုတြင္သာ
အခ်ိန္ကုန္ရသည္။
ေဆးလိပ္လာလိ္ပ္ေသာ ေဆးလိပ္သမမ်ား၏နွဳတ္ဖ်ားတြင္ တစ္နယ္သား
ကာလသားထြန္းေမာင္၏ ရိုးသားေၾကာင္း ၊ သေဘာေကာင္းေၾကာင္း ၊
ေယာက်္ားပီသေၾကာင္း ေကာင္းသတင္းကိုေတာ့ အဆက္မျပတ္ ၾကားေနရသည္။
တစ္ေန႔တြင္ေတာ့ သူ႔ခ်ိန္းဆိုမွဳကို အရဲစြန္႔၍ လွေမ လက္ခံလိုက္သည္။
ခ်ိန္းသည့္ေနရာကား ေဆးလိပ္ခံုနွင့္ အေတာ္အတန္လွမ္းေသာ
ဘုရားဝိုင္းထဲမွာျဖစ္၏။ ျမခ်စ္မွတဆင့္ ထြန္းေမာင္က
နံနက္အလုပ္ဂ်ဴတီထြက္ကတည္းက ဘုရားဝိုင္းထဲတြင္ မလာမခ်င္း ေစာင့္ေနမည္။
ထြန္းေမာင္ကို ထမင္းစားခ်ိန္ ၁၁ - နာရီေလာက္မွ လာ၍ရမည္ျဖစ္ေၾကာင္း
အေၾကာင္းျပန္လိုက္သည္။ အိမ္မွထြက္ရန္အတြက္ေတာ့ ျမခ်စ္ကို ဘုရားမွာ
ယၾတာသြားေခ်ခ်င္လို႔ဆိုျပီး အေမ႔ကို လာေျပာျပီး အေဖာ္ေခၚရန္
ဇာတ္တိုက္ထားသည္။
မေတာ္တဆ အသိမိတ္ေဆြမ်ား ဘုရားေပၚေတြ႔လ်ွင္လည္း ရွင္းရလြယ္ေအာင္ျဖစ္၏။

စီစဥ္ထားသည့္အတိုင္း ျမခ်စ္ လာေခၚသည္။ အေမက ေတာ္ေတာ္နွင့္မလႊတ္။
ေဆးစပ္ခိုင္းေနေသးသည္။ ဖင္စီခံ ျဖတ္ခိုင္းေနေသးသည္။ အခ်ိန္က
ေမ်ွာ္မွန္းထားသည္ထက္ အေတာ္ေလး လင့္သြားသည္။ ေန႔လည္တစ္နာရီေက်ာ္သြားမွ "
ျမန္ျမန္ ျပန္လာေနာ္ ... အိမ္မွာ လုပ္စရာေတြ တပံုၾကီး .. " ဟု ေျပာျပီး
လႊတ္လိုက္၏။
လွေမတို႔ညီအစ္မ
ဘုရားေစာင္းတန္းဘက္သို႔ ကမန္းကတန္းသုတ္ေျခတင္ခဲ႔၏။ ဘုရားဝိုင္းနွင့္နီးလာေလ
လွေမရင္ေတြ ခုန္လာေလ။ ျမခ်စ္ကိုဆုပ္ကိုင္ထားေသာ သူ႔လက္ဖဝါးေတြက
ေဇာေခြ်းေတြႏွင့္ နစ္ေန၏။ ဘုရားကုန္းေတာ္ေပၚ လွမ္းတက္လိုက္ခ်ိန္တြင္
သူ႔ေျခေထာက္ေတြက ေျမၾကီးနဲ႔ထိသည္ဟု မထင္ရပဲနွင့္ ခလုတ္ေတြ ခဏခဏ
တိုက္ေနျပန္သည္။ သူတစ္ေယာက္ေတာ့ လည္ပင္းေညာင္ေရအိုး ျဖစ္ေနရွာေတာ့မယ္ဟု
သနားကရုဏာၾကီးကာ ရင္ေတြ ဖိုေနမိသည္။ သူ႔ကိုျမင္ရင္ လွမ္းျပံဳးျပလိုက္ရမလား ၊
ရွက္ရွက္နွင့္ ေခါင္းၾကီးငံု႔ျပီး အသံေတြတုန္ကာ စကားမွ ေျပာလို႔ရပါ႔မလား။
ဘုရားေပၚရွိ ခ်ိန္းဆိုထားရာ ေနရာအနီးအေရာက္ မ်က္လံုးေတြကျပာျပီး ဘာကိုမ်ွ
မျမင္။ မျမခ်စ္က ဟိုၾကည့္ သည္ၾကည့္နွင့္ " ဟယ္ေတာ့ အစ္ကိုထြန္းေမာင္ၾကီးရယ္
... ဟိုမွာ .... " ဆိုျပီး တအံ႔တၾသနွင့္ ေရရြတ္လိုက္ေတာ့ သူ မရဲတရဲနွင့္
လွမ္းအၾကည့္ ဟင္ကနဲ ျဖစ္သြားသည္။ ထြန္းေမာင္ကား ေက်ာက္တံုးတစ္တံုးကို
ေခါင္းအံုးကာ နွစ္နွစ္ျခိဳက္ျခိဳက္ၾကီး အိပ္ေပ်ာ္လ်က္ရွိသည္။
ထြန္းေမာင္အိပ္ေပ်ာ္ေနပံုၾကီးကို ၾကည့္ကာ သူ အရမ္းရွက္သြားသည္။
" ကြ်န္မတို႔ ေတာ္ေတာ္နဲ႔မလာနိုင္လို႔ ေစာင့္ရင္းနဲ႔ အိပ္ေပ်ာ္သြားတာျဖစ္မယ္ ... "
ျမခ်စ္ကလည္း ဘယ္ေလာက္ပဲရဲရဲ လူပ်ိဳတစ္ေယာက္အိပ္ေပ်ာ္ေနတာကိုေတာ့
သြားမနွိဳးရဲ။ လွေမက ပိုဆိုးေတာ့သည္။ ညီအစ္မနွစ္ေယာက္သား သူ႔အေရွ႕တည့္တည့္
ခပ္လွမ္းလွမ္းမွထိုင္ကာ ဘုရားရွိခိုးရင္း ေစာင့္ေနၾကသည္။
ရွိသမ်ွဘုရားရွိခိုးနွင့္ ဂါထာေတြသာ အကုန္ရြတ္ဖတ္၍ ကုန္သြားသည္။
ထြန္းေမာင္က နိုးမလာ။ ဘုရားကို လက္ဝဲရစ္ လက္ယာရစ္ အၾကိမ္ၾကိမ္ပတ္ရင္း
သူ႔နားမွ ရစ္ဝဲရစ္ဝဲနွင့္ ၾကည့္ရင္း ေျခသလံုးသာ ေတာင့္လာသည္။ သူကေတာ့
ေဟာက္မ်ားပင္ ေဟာက္ေနေခ်ေသးသည္။ ေနာက္ဆံုး ဘုရားေပၚကသာ ျပန္ဆင္းလာသည္။ သူက
မနိုး။
လွေမ အၾကာၾကီး သူ႔ကို
စိတ္ေကာက္ပစ္လိုက္သည္။ ျမခ်စ္စကားအရ အဲဒီေန႔က ညေနသံုးနာရီခြဲျပီး၍
မ်က္နွာေပၚ က်ေနထိုးမွ နိုးလာျပီး လန္႔ျဖန္႔ထူပူသြားေတာ့သည္ဆို၏။
" ဟင္း ... အဲဒီကတည္းက လူကို ဒုကၡေပးတဲ႔လူ ... အူတူတူ အတတနဲ႔ ... "
ေဒၚလွေမနွဳတ္ခမ္းက မသိမသာျပံဳးေယာင္သန္းကာ တစ္ဖက္သို႔ ေစာင္းအိပ္ရင္း ရင္ထဲမွ ၾကံဳးဝါးလိုက္၏။
" အဲဒီတုန္းကဒုကၡမ်ိဳးသာ က်ဳပ္က ခံခ်င္ခံမယ္ ... အခုေပးတဲ႔ဒုကၡကိုေတာ့
ခံေနလိမ္႔မယ္မထင္နဲ႔ ... ေတာ့္ေခါင္းနဲ႔ ကိုယ္ အိုးစားမကြဲလို႔ကေတာ့
က်ဳပ္ကို ေျပာခ်င္တိုင္း ေျပာ ... "
( ၅ )
" ဘုရား ... ဘုရား ... ငါမွားသြားျပီထင္တယ္ ... ျမရီက ငါ႔ကို တကယ္အားကိုးပံုေပၚေနျပီ ... "
ဦးထြန္းမာင္ရင္ထဲ လွဳပ္လွဳပ္ခတ္ခတ္နွင့္ ကတုန္ကယင္ျဖစ္လာသည္။
" ကိုၾကီးထြန္း .. ေရာ့ ... ေဟာဒါက ကြမ္းယာဘူး .. ဒီမွာ ေဆးလိပ္ .. "
" ေအး ... ေအး ... ရပါတယ္ဟာ ... နင္ကလည္း ဒုကၡရွာလို႔ ..... "
သူ ျမရီကို မၾကည့္ပဲ ကားေပၚတက္ဟန္ ျပင္ေနသည္။ စပယ္ယာေမာင္ေအးကို ေရွ႕ခန္းတံခါးခ်က္ လွမ္းဖြင့္ေပးေနရင္းမွ ေျပာလိုက္သည္။
" အမယ္ ... ဒါ ဒုကၡမွမဟုတ္တာ .... ျမရီ ယာတဲ႔ကြမ္းယာက အစပ္တည့္တယ္ဆိုလို႔ လမ္းမွာ စားရေအာင္ ထည့္ေပးလိုက္တာ .... "
" ေအးဟာ ... ေက်းဇူးပဲ .. "
" ကိုၾကီးထြန္း ... ဘယ္ေန႔ ကားျပန္ထြက္မွာလဲ ... "
" အေျခအေနအရပဲဟ .. "
" ဟင္ ... ကိုၾကီးထြန္းကလဲ အၾကာၾကီးေနမွာလား ... ျပန္မလာေတာ့ဘူးလား ... "
" သိဘူးေလဟာ ... အဆင္သင့္သလိုေပါ႔ ... "
" ျပန္လာခဲ႔ပါ ကိုၾကီးထြန္းရာ .. ျမရီက ကိုၾကီးထြန္းကို အားကိုးေနရတာ ..
ဒီကားဂိတ္က လူေတြက သိတဲ႔အတိုင္းပဲ .. ျမရီကို မထီတရီနဲ႔ .... "
ျမရီက သနားစဖြယ္မ်က္နွာငယ္နဲ႔ သူ႔ကို ေငးျပီးေျပာေတာ့ ေဘးနားမွာရွိသည့္ ေမာင္ေအးကို သူ မလံုမလဲျဖစ္သြားသည္။
" နင္ အိမ္ေထာင္ျပဳလိုက္ပါလားဟ ... ဒါမွမဟုတ္ ဒီေနရာမွာ ေရာင္းမယ့္အစား နံနက္ခင္းေစ်းျဖစ္ျဖစ္ ေျပာင္းေရာင္းပါလားဟင္ ... "
" ကိုၾကီးထြန္းကလည္း ျမရီမွာ အားကိုးရမယ့္လူမွ မရွိတာ .. ကိုၾကီးထြန္း ရွာေပးမလား .. "
" အမေလး ... မလုပ္ပါနဲ႔ .. ငါ႔မွာလည္း ျပႆနာနဲ႔ဟ ... ေအးေမာင္ၾကီးကား ညက
ျပန္ဝင္လာတယ္ ... ငါ႔အိမ္ကလူေတြ ငါ႔ကို ေမ်ွာ္ေနၾကျပီ ... ဒီေကာင္ၾကီး
ဘာေတြသြားခြ်န္ထားမွန္း မသိဘူးဟာ .... "
ေအးေမာင္ ညက မူးမူးနွင့္ သူ႔ကိုေျပာသြားသည့္စကားေတြကိုေတာ့ သူ ျမရီကိုအားနာ၍ ျပန္မေျပာျဖစ္။
" အဲဒီလူၾကီးက အားၾကီး မဟုတ္က ဟုတ္ကေျပာတတ္တာ ... ဂရုမစိုက္စမ္းပါနဲ႔ ကိုၾကီးထြန္းရာ ... ကြ်န္မကိုလည္း အမ်ိဳးမ်ိဳးေျပာေနတာပဲ ... "
" ေအးပါဟာ .. ငါက အေၾကာင္းမဟုတ္ပါဘူး ... နင္သာ သတိဝီရိယနဲ႔ ေန ...
ညဘက္လည္း သိပ္မိုးခ်ဳပ္ေအာင္ မေရာင္းနဲ႔ေပါ႕ .... သြားမယ္ေနာ္ .. "
ေျပာေျပာဆိုဆို ကားစက္နွိဳးျပီးထြက္ခဲ႔စဥ္ ေနာက္ၾကည့္မွန္မွ
သူ႔ကားကိုေငးျပီး က်န္ရစ္ေသာျမရီကို သူျမင္ျပီး သနားေနသည္။ ဒီေကာင္မေလးဟာ
ကေလးတစ္ေယာက္မေအ မုဆိုးမ ၊ အမယ္အိုၾကီးကို လုပ္ေကြ်းေနသူ ၊ ဘဝမွာ
လံုျခံဳမွဳသိပ္မရွိလွ။ သူ႔ကိုေတာ့ အေတာ္ အားကိုးခင္မင္ယံုၾကည္မွဳရွိသည္။
သူမွသူျဖစ္ေနေတာ့ ဂိတ္ကေကာင္ေတြက သိပ္မၾကည္။ မူးလာျပီဆို အမနာပေျပာၾကသည္။
ထိုသတင္းက အိမ္ပင္ျပန္ေရာက္ေနျပီျဖစ္ေၾကာင္း မေန႔ကသိလိုက္ရေတာ့ သူ
ရင္ပူသြားသည္။
ျမရီအေပၚ သူ
တိတ္တခိုးသာယာခဲ႔မိတာမွန္ရင္ေတာင္ လွေမနွင့္ သမီးေတြကိုေတာ့ သူ ဘာနွင့္မွ
မလဲႏိုင္။ လွေမသည္ သူ႔အတြက္ အဖိုးတန္လွေသာမိန္းမတစ္ေယာက္။ အုပ္လံုးသိမ္းစ
ေရႊရင္သိမ္းသစ္အရြယ္ကတည္းက စြဲနစ္ခဲ႔ရသည့္ငယ္ခ်စ္။ ျပီးေတာ့
သူသိပ္ခ်စ္သည့္သမီးေတြကိုလည္း သူ႔အတြက္ ေမြးေပးခဲ႔ေသးသည္။
ေျမးကေလးေရႊတိုးကလည္း ဘိုးေအရဲ႕အသက္။ သူ႔ရဲ႕သံေယာဇဥ္အသိုက္အျမံဳကို သူ
ဘယ္နည္းနွင့္မွ ျပိဳကြဲမခံနိုင္။ လွေမမၾကိဳက္လ်ွင္ ဒီကားကို သူ
မေမာင္းရံုသာရွိေတာ့သည္။ ေအးေမာင္ၾကီးက သူ႔ေနရာမွာ ကားေမာင္းခ်င္လို႔
အံုနာစစ္စစ္ျဖစ္တဲ႔လွေမကို ပိုပိုသာသာတြန္းခဲ႔တာလည္း ျဖစ္ခ်င္ျဖစ္မည္။
အေတာ္ဆိုးတဲ႔ကာင္။
" ေဟာ ... အစ္ကိုေရ အခ်ိန္အခါမဟုတ္ ပိေတာက္ပန္း ပြင့္ေနပါလား ... ညက မိုးရြာလို႔ထင္တယ္ .. "
ေမာင္ေအးက လွမ္းေျပာသည္။ ရွားရွားပါးပါး ကားလမ္းေဘးက
ပိေတာက္ပန္းတစ္ခ်ိဳ႕ကိုျမင္ေတာ့ ဘယ္ေတာ့မွမေမ႔နိုင္ေသာ ျမင္ကြင္းတစ္ခုကို
သူ သတိရသြားကာ အသံမထြက္ပဲ ရယ္လိုက္မိသည္။
" ဘာရယ္တာလဲ အစ္ကိုရ ... "
ေမာင္ေအးက သူ႔ကို နားမလည္ဟန္နွင့္ ေမးသည္။
" ငါလူပ်ိဳတုန္းကအေၾကာင္း သြားသတိရလို႔ပါကြာ ...အဲဒီတုန္းက မရယ္ရဘူးကြ ..
ရင္နာတယ္ .. ေဒါသျဖစ္ရတယ္ .. စိတ္ေကာက္ရတယ္ .. အခုမွ ေတြးရင္း ရယ္ခ်င္တာ
... "
" ဘယ္သူ႔ကိုလဲ .. "
" မင္းအစ္မကိုေပါ႔ ... လွေမကိုေပါ႔ .. "
" ဟုတ္လား ... ဘာျဖစ္လို႔လဲ .. "
" အပ်ိဳတုန္းက သူက သိပ္ရွက္တတ္တာ .. လူေရွ႕ဆို မေနတတ္ေအာင္ရွက္တာ ...
တစ္ေန႔မွာ တို႔စက္ရံုကပိေတာက္ပင္မွာ ပိေတာက္ပန္း ပြင့္ေရာ .. ငါက
မနက္အေစာၾကီးကတည္းက သူ႔ကိုေပးခ်င္လို႔ တစ္ခါမွ သစ္ပင္မတက္ဖူးပဲနဲ႔
ပိေတာက္ပင္ေပၚကို ခဲရာခဲဆစ္တက္ခူးတာ .... ျပန္အဆင္းက်ေတာ့ လိမ္႔က်ပါေလေရာ... "

" ဟုတ္လား ... ဘာျဖစ္သြားေသးတုန္း ... "
" ဒူးေခါင္းေတြ စုတ္ျပတ္သတ္သြားတာေပါ႕ကြ ... ငါက လူ နာရင္ နာပါေစဆိုျပီး
ပိေတာက္ပန္းကို အထိမခံေတာ့ ပိုအီတာေပါ႔ ...အဲဒါနဲ႔ သူ႔ကိုေပးပန္ခ်င္လို႔
ဘုရားတျပီး ေစ်းမွာသြားေစာင့္ရတာ.... ကံေကာင္းလို႔ ေတြ႔ေတာ့ေတြ႔ပါရဲ႕ ...
ေဘးမွာ အေဖာ္ပါလာလို႔ အျပန္ကို တစ္ခါေစာင့္ရေသးတယ္ ... အျပန္က်ေတာ့မွ
တစ္ေယာက္တည္းေတြ႔တုန္း .... ေရာ့ ... အလွအတြက္ ပိေတာက္ပန္းဆိုျပီး
ကမ္းေပးလိုက္တာ ... မေခ်ာက ဖ်တ္ကနဲဆြဲယူျပီး သုတ္ေျခတင္သြားတာ ...
စကားတစ္ခြန္းေတာင္မွ မေျပာလိုက္ရဘူး .... "
" အဲဒါ အစ္ကိုက စိတ္ဆိုးေရာလား ... "
" အဲဒီေလာက္နဲ႔ေတာ့ ဘယ္စိတ္ဆိုးဦးမလဲကြ .. သူက ေျခေထာက္ကတင္
ရွက္တာမဟုတ္ဘူး ... လက္ကပါ ရွက္ျပီး ပိေတာက္ပန္းကိုင္သြားတဲ႔လက္ကို
ဘယ္လိုယမ္းသြားတယ္မသိဘူး ... ငါ႔ပန္းေတြ တစ္လမ္းလံုးေၾကြက်ျပီး သူ႔လက္ထဲမွာ
အရိုးခ်ည္း က်န္ေတာ့တယ္ .. ငါ႔မွာ ဒူးျပဲရပ်ိဳးေတာင္ မနပ္ေတာ့ဘူး ... "
( ၆ )
" အေဖတို႔ကား ဝင္လာျပီတဲ႔ေဟ႔ .... "
အလတ္မ မိသြယ္က အရင္ဦးဆံုး သတင္းပို႔ေတာ့ ညေနဆိုင္သိမ္းျပီးျပီမို႔
အိမ္မွာ မိသားစုေတြခ်ည္းရွိေနသည္။ ညီအစ္မတစ္ေတြက တစ္ေယာက္မ်က္နွာတစ္ေယာက္
အဓိပၸါယ္ပါပါၾကည့္လိုက္ၾကသည္။ ေဒၚလွေမက ေရခ်ိဳးျပီးစ မ်က္နွာသုတ္ရင္း
" ညည္း ဘယ္သူေျပာတုန္း " ဟု ေမးသည္။
" ညည္း ဘယ္သူေျပာတုန္း " ဟု ေမးသည္။
" ကားသိမ္းတဲ႔ဂိတ္ဝင္းဘက္က လာတဲ႔လူ ေျပာတာ ...အေဖ ကားဝင္ထားေနတယ္တဲ႔ .. ခုေလာက္ဆို လာေနေရာေပါ႔ ... "
" ဟင္း ... ငါမၾကည့္ခ်င္ဘူး .. " ဟု ဆိုကာ ေဒၚလွေမ သနပ္ခါးလိမ္းျပီး ညေစ်းဘက္ ဆင္းသြား၏။
" အေဖ႔ကို တစ္ေယာက္မွ စကားမေျပာနဲ႔ေဟ႔ ... ခပ္တည္တည္ေန ....ေရႊတိုးကိုလည္း အေဖ႔နား မကပ္ေစနဲ႔ .... "
အေမထြက္သြားျပီး ညီအစ္မတစ္ေတြ တစ္ေယာက္ကိုတစ္ေယာက္ သတိေပး၍မဆံုးခင္မွာပင္
ပခံုးတြင္ အိတ္တစ္လံုးခ်ိတ္ထားေသာ အေဖသည္ ၾကိမ္ျခင္းၾကီးတစ္လံုးကိုဆြဲကာ
အိမ္ေပၚ တက္လာသည္။ အေဖ႔ၾကည့္ရတာ သူ႕ကိုယ္သူ မလံုမလဲျဖစ္လာပံုရ၏။ မ်က္လံုးက
ဟိုၾကည့္ သည္ၾကည့္နွင္ မ်က္နွာပိုးသတ္ထားၾကေသာ သူတို႔ကို ေဝ႔ၾကည့္ကာ
" ေဟ့ ... အိမ္က တိတ္လွခ်ည္လားကြ ... " ဟု ေမးေသာအသံက ေျခာက္ကပ္ကပ္။ သူ႔ကို ဘယ္သူမွ ျပန္ေျဖမည့္သူမရွိ။ အေဖ အငယ္မဆီ ေလ်ွာက္သြား၏။
" သမီးငယ္ ညည္းအေမေရာ .. "
" ညေစ်းဘက္ ဆင္းသြားတယ္ .. "
" ျခင္းထဲမွာ မင္းဂြတ္သီးေတြ ဝယ္လာတယ္ ... သမီးၾကိဳက္မွန္းသိလို႔ အေဖဝယ္လာတာ ... ထုတ္စားၾက ... "
" ဟင့္အင္း ... မစားခ်င္ဘူး .. "
ေမးတစ္ခြန္း ေျပာတစ္ခြန္းနွင့္ အငယ္မ အေဖ႔အနားက ခြါလာသည္။
" ေရႊတိုးေရာ .. သားေလး ဘယ္သြားလဲ ... လာပါဦးကြ .. ဘိုးဘိုး ျပန္လာျပီ .. သားဖို႔ မုန္႔ေတြပါလာတယ္ .. "
အေဖက ေျမးကိုေအာ္ေခၚေနတုန္းမွာပဲ ေအးႏြယ္က မၾကားဟန္ေဆာင္ကာ
ကေလးကိုေကာက္ခ်ီ၍ အိမ္ေပၚမွ ဆင္းသြား၏။ ေအးႏြယ္ေယာက်္ားက ေခါင္းငံု႔ကာ
ေနာက္မွ ပါသြား၏။ အေဖ မ်က္ေမွာင္တြန္႔ကာ မိသြယ္ကို ေခၚျပန္သည္။
" မိသြယ္ ... ..မိသြယ္ .. "
" ရွင္ .. "
" အိမ္ကို ေအးေမာင္လာေသးလား ... "
" လာတယ္ "
" ဘာေတြ ေျပာလဲ .. "
" အစံုပဲ .. "
" ဘာအစံုလဲ ... ေျပာစမ္း .. အဲဒီအေကာင္ ဘာ မဟုတ္က ဟုတ္ကေတြ ေျပာလဲ .. "
" ေျပာမျပခ်င္ဘူး ... ရွက္တယ္ "
အေဖ သက္ျပင္းတစ္ခ်က္ခ်လိုက္ျပီး အိမ္ေပၚမွာ ေခါက္တံု႔ေခါက္ျပန္ ေလ်ွာက္ေန၏။ ခဏေနေတာ့
" အငယ္မ ... အငယ္မ .. လာဦး အေဖ႔ဆီကို .. "
" မလာဘူး ... သမီးအိပ္ေတာ့မလို႔ "
အေဖ႔အေပၚဆိုးေနက် အငယ္မက အိပ္ခန္းထဲမွ လွမ္းေအာ္လိုက္၏။ အေဖ အဝတ္အစားပင္
မလဲနိုင္ေတာ့ပဲ အိမ္ေရွ႕ကြက္ပ်စ္က ေမွာင္ရိပ္ထဲတြင္ တိတ္တိတ္ကေလး
သြားထိုင္ေနေတာ့၏။ ထိုအခါတြင္ေတာ့ မိသြယ္နွင့္အငယ္မ အေဖမျမင္နိုင္သည့္
အိမ္တြင္းတစ္ေနရာမွ ေန၍ အေဖ႔ကို တိတ္တိတ္ကေလး ေခ်ာင္းၾကည့္ေနလိုက္ၾက၏။
အေဖစိတ္ထိခိုက္လ်ွင္ ထိုသို႔ ျငိမ္ေနတတ္သည္။ အေဖ႔ကို သနားမိေပမယ့္ သူတို႔
စိတ္ေကာက္မေျပခ်င္ေသး။
အေမလာလ်ွင္
ေပါက္ကြဲမွာကိုလည္း တဖက္က စိုးရိမ္ေနျပန္သည္။ အေမအိမ္ျပန္လာမည့္အခ်ိန္ကို
သူတို႔ ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ေနၾကရသည္။ အေျခအေနမေကာင္းလ်ွင္
ဆြဲရန္အသင့္ျဖစ္ေနၾကသည္။ ေအးႏြယ္ကလည္း သူ႔အိမ္ကေလးကေန စိတ္ပူျပီးေနမွာ
ေသခ်ာသည္။
" ေဟာ ... အေမ ျပန္လာျပီ "
အေမသည္ အိမ္ထဲအဝင္တြင္ လမ္းမီးေရာင္ျဖင့္ ျမင္ရေသာအေဖ႔မ်က္နွာကို ဖ်တ္ကနဲ
တစ္ခ်က္ၾကည့္၍ ခ်က္ခ်င္းမ်က္နွာလႊဲကာ အိမ္ေပၚသို႔တက္ရန္ ျပင္သည္။ အေဖက
ေနရာမွထကာ အေမ႔လက္ကိုဆြဲျပီး
" ငါ မင္းကို ေစာင့္ေနတာ ... လာပါဦး အလွရာ .. " ဟု ေခၚသည္။
အေမ အေဖ႔ကို ဘာမ်ား လုပ္ထည့္လိုက္ေလမလဲဟု ညီအစ္မနွစ္ေယာက္
အသက္ပင္မရွဴဝံ႔ပဲ စိုးရိမ္တၾကီးနွင့္ မ်က္ေတာင္မခတ္တမ္း
ေစာင့္ၾကည့္ေနမိသည္။
အတန္ၾကာမွ " ရွင္က ဘာျဖစ္ေနတာလဲ .. မ်က္ရည္ေတြနဲ႔ .. " ဟု ဆိုေတာ့ ညီအစ္မနွစ္ေယာက္ အံ႔ၾသသြားၾက၏။ အေဖက အသံတုန္တုန္ျဖင့္
" မင့္သမီးေတြေပါ႔ ငါ႔ကို တစ္ေယာက္မွ စကားမေျပာၾကဘူးကြာ ... အၾကီးမကလည္း
ငါ႔ဆီကိုလာမယ့္ကေလးကို ေခၚျပီး ဆင္းသြားတယ္ ... ဘုရားစူးရပါေစ႔ကြာ .. ငါ
မင္းတို႔သားအမိထက္ ဘယ္သူ႔ကိုမွ သံေယာဇဥ္ပိုမရွိပါဘူး .... ငါ႔သားသမီးေတြက
ငါ႔ကို အဲဒီလိုစိမ္းကားေတာ့ ငါ အရမ္းခံစားရတယ္ ... အားလည္းငယ္တယ္ ...
ဝမ္းလည္းနည္းတယ္ .... "
ဟင္ ..
အေဖ .. ဟု အေဖ႔ကို အံ႔ၾသလို႔မွ မဆံုးခင္ အေမေျပာလိုက္ေသာစကားေၾကာင့္
သူတို႔ညီအစ္မတစ္ေတြ ပိုျပီး အံ႔ၾသထိတ္လန္႔စရာျဖစ္သြားေလေတာ့သည္။
" ဟင္ .. ကိုထြန္းေမာင္ .. ရွင္ .. ေယာက်္ားမဟုတ္ဘူးလား
..သူတို႔မေခၚတာမ်ား ဝမ္းနည္းစရာလား .. အားငယ္စရာလား .... ဘယ္သူမေခၚေခၚ
က်ဳပ္ေခၚရင္ ျပီးေရာမဟုတ္လား ...အခ်ိန္တန္က် ေတာ္နဲ႔ က်ဳပ္နဲ႔
နွစ္ေယာက္တည္း က်န္ခဲ႔မွာ ....
သူတို႔က လင္ယူျပီးထြက္ကုန္ၾကမယ့္ဟာေတြ ... က်ဳပ္တစ္ေယာက္လံုးရွိတယ္ ... ေတာ္ ဘာမွ အားမငယ္နဲ႔ ... "

( သန္းျမင့္ေအာင္ )
Unicode Version
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
သန်းမြင့်အောင်
( ၁ )
" ကျုပ်အသက် ၁၉ နှစ်သမီးကတည်းက လင်ယူလာတာ .... အခု အသက်ငါးဆယ် ပြည့်တော့မယ် ... တစ်ချက်ကလေးမှ အလုပ်နဲ့လက် မပြတ်ရသေးဘူး ...... အဲဒီလောက် လင်ကိုညှာတဲ့ကောင်မ ..... ရှာလည်း ကြည့်ကြဦး ..... "
ဒေါ်လှမေသည် အိမ်ဘေးရေစင်တွင် ဟင်းရွက်တွေ ဆိတ်ဆွဆေးကြောရင်းက မကျေမနပ်နှင့် တရစပ်ပြောနေသည်။
" ကလေးသုံးယောက် ဗိုက်ကြီးလွယ်ထားတဲ့အချိန်တောင် ကျုပ်က နားတာမဟုတ်ဘူး ..... မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတာ သူများတွေ ပြောတဲ့စကား ..... ကျုပ်ကတော့ သူတစ်ထမ်း ကိုယ်တစ်ထမ်းကို ထမ်းလာခဲ့တာ .... ဒင်းက ခုမှ ကိုယ့်အသက် ကိုယ်အားမနာ..... သမီးနဲ့ သမက်နဲ့ မြေးနဲ့ဖြစ်မှ ဖောက်လွှဲဖောက်ပြန်တဲ့လူတော့ လာပါစေ ......... လှမေအကြောင်း ကောင်းကောင်းသိသွားမယ်..... "
တဖြည်းဖြည်း အရှိန်မြှင့်လာတော့ ဆိုင်ကလေးထဲ စားပွဲထိုးပေးနေသော သမက်လုပ်သူကျော်အောင်က သူ့မိန်းမအေးနွယ်ကို လှမ်းပြီး မျက်စပစ်ပြလိုက်တယ်။ အဘွားကြီး ကြမ်းနေပြီဟူသော အဓိပ္ပါယ်ကို အေးနွယ်ကလည်း သတိပြုမိကာ ပြုံးယောင်ယောင်ဖြစ်သွားသည်။
" ဟင် .... ပြောရင်း ... ပြောရင်း .... ဒေါသဖြစ်တယ် ... အဲဒီကုန်ကားမောင်းတဲ့အလုပ်ကို ဖြတ်ရင်ဖြတ် မဖြတ်ရင် ကားပါ မီးနဲ့ ရှို့ပစ်မယ် ..... ဒရိုင်ဘာငှားပြီး ခိုင်းပါဆိုတော့လည်း ပြောမရတာ ဒါကြောင်ကိုး .... သူ့ကိုယ်သူ လည်လှပြီမှတ်နေတာ .... "
" ဟာ .... အမေကလည်း တိုးတိုးပြောပါ ... အမေ့အသံက ပြောရင်း ပြောရင်း ကျယ်လာပြီ .... အိမ်ရှေ့မှာ ထမင်းစားတဲ့လူတွေ ကြားကုန်ပါဦးမယ် ... "
မနေနိုင်တော့တဲ့အလတ်မမိသွယ်က အမေ့ကို လှမ်းပြောလိုက်သည်။
" ကြားကြားအေ .... ကိုယ့်အကြောင်း ကိုယ်ပြောတာ ... သူများအကြောင်းပြောတာမဟုတ်ဘူး .... "
"ရှက်စရာကြီးအမေရာ .... မပြောပါနဲ့ .... အမေ မရှက်ဘူးလား .... "
" ရှက်နိုင်ပေါင် ..... "
" အမေမကျေနပ်တာ အဖေ့ကိုမဟုတ်လား ... အဖေလာမှ ပြောပေါ့ အမေရာ ... အခု အမေပြောနေတာတွေ အဖေကြားတာမှမဟုတ်တာ .... "
" သူ မကြားလည်း သူ့သမီးတွေ ကြားတယ်လေ ...... ညည်းတို့ကြားတယ်မဟုတ်လား .... ပြန်ပြောလိုက်ကြပေါ့ ... "
" အဲဒီလိုဆိုလည်း အိမ်သားတွေချည်း ရှိတဲ့အချိန် ပြောပါအမေရာ ... အမေ့ဆိုင်မှာ ထမင်းစားတဲ့သူတွေက အလုပ်ကြမ်းသမားတွေ ၊ ဆိုက်ကားသမားတွေ ၊ ကားသမားတွေနဲ့ အမေရဲ့ .. "
" အဲဒါ ဘာဖြစ်တုန်း "
" သူတို့ခမျာ ဒီအချိန်လေး နားရတာ .... စားတုန်းသောက်တုန်း နားအေးပါးအေးနေပါစေ အမေရာ ... ကိုယ့်ကိုယ်ရေးကိုယ်တာကြောင့် သူများအနှောက်အယှက် မဖြစ်ပါစေနဲ့ ... အမေဆူပူနေရင် စိတ်ညစ်ပြီး နောက် ဘယ်လာအားပေးချင်ပါ့မလဲ .... "
" ညည်းတို့ ရှက် ... ရှက်တယ် ပြောစမ်းပါအေ .. "
" ဟုတ်တယ်အမေရေ ... ရှက်လို့ ..... ရှက်လို့ .. မပြောပါနဲ့တော့ ... "
အငယ်မကပါ ဝင်ပြောတော့ ဒေါ်လှမေလေသံ ပျော့သည်။
" ဒါတောင် ညည်းတို့ကို တကယ်အရှက်ခွဲမှာက ကျုပ်မဟုတ်ဘူးအေ့ .... ညည်းအဖေ ညည်းတို့ ကြပ်ကြပ်သတိထားကြတော့ .... " ဟု ဆိုကာ နေရာမှ ဆောင့်အောင့်ပြီး ထွက်သွား၏။
( ၂ )
" အဖေက မမိုက်ဘူးဟာ "
ညနေဆိုင်သိမ်းချိန် အမေနှင့် သမက်ဖြစ်သူကျော်အောင်တို့ သီရိမင်္ဂလာဈေးသွားတုန်းမှာ ညီအစ်မသုံးယောက် ခေါင်းချင်းဆိုင်မိကြချိန်တွင် မိသွယ်က စပြောသည်။ အကြီးမအေးနွယ်က နှစ်နှစ်သာသာအရွယ်ရှိ သားငယ်ရွှေတိုးကို ပွေ့ထားရင်းက
" ယောကျ်ားတွေဟာ အဲဒီလိုပဲဟဲ့ ... မိန်းမနဲ့ မျက်ခြေပြတ်သွားတာနဲ့ ဖောက်ပြန်ချင်တာ ..... ကြီးကြီး ငယ်ငယ် လွှတ်ထားလို့မရဘူး " ဆိုတော့ အဖေ့အသည်းကျော် အငယ်မက
" အမယ် ... မနွယ်က အဲလိုတော့ မပြောပါနဲ့နော် ... မနွယ်ယောကျ်ားနဲ့ နှိုင်းပြီး မပြောပါနဲ့ .... အဖေကြီးက အဲဒီလိုမဟုတ်ပါဘူး .... ခုလည်း ဘကြီးအေးမောင် မူးမူးနဲ့ပြောတဲ့အတိုင်း ဟုတ်ချင်မှဟုတ်မှာပါ ... သူများပြောတိုင်း စွတ်ယုံမနေကြနဲ့ဦး ... "
" ငါ့ယောကျ်ားလည်း အဲဒီလို မဟုတ်ပါဘူးနော် ... ငါက တွေ့ဖူးတာတွေကို ပြောတာ.... "
အကြီးမက လျှောချသွားသည်။
" မနွယ်ကျတော့လည်း လွန်လွန်းပါတယ် ... ဟိုလူနဲ့ စကားပြောနေပြန်ပြီ ... ဒီလူ့ ပြုံးပြ ပြပြန်ပြီနဲ့ မျက်စိအောက်က အပျောက်မှမခံတာ .. မနွယ်ယောကျ်ားက ဘယ်လှုပ်ရဲမလဲ ... "
" နေစမ်းပါဦးဟာ ... အဲဒါတွေက အရေးမကြီးပါဘူး ... ဖေကြီးကိစ္စ တကယ်ဟုတ်မဟုတ် သိချင်တယ် ... ဟုတ်နေရင်တော့ ဒုက္ခပဲ .... "
" သိဖူးလေဟာ ... သူတို့ကားသမားအချင်းချင်း ပြောတာပဲ ... ဟုတ်မှာပေါ့ ... "
" ဒါဆို ဖေကြီးလာရင် အမေသောင်းကျန်းတော့မှာ သေချာတယ် ...သောင်းကျန်းပါစေ .. ဝင်မဆွဲကြေး သိလား .... "
" အေး ... "
ညီအစ်မတတွေ စိတ်တူသဘောတူ တိုင်ပင်ထားကြ၏။ သမီးတွေက အဖေ့ကို သဲသဲလှုပ်ချစ်သလို အမေ့ကိုတော့ အသနားပါထပ်၍ ပိုနေကြသေး၏။ သူတို့အမေသည် အခြားအမေတွေထက် မိသားစုအပေါ် အနစ်နာခံသည်ဟု သူတို့ ယူဆသည်။ မိသားစုအပါ်တွင်သာမက အမေသည် သူ့ဆိုင်မှာ စားသောက်သူတွေအတွက်လည်း စေတနာထားရှာသည်။ အမေ့ဆိုင်ကလေးက လက်လုပ်လက်စားများ၏ စားမြိန်ဝိုင်းဖြစ်သည်။
" ဆင်းရဲသားဆိုတာ ငပိတို့ ၊ တို့စရာတို့ကို ဦးစားပေးရတာ ... အာဟာရလည်း ရှိတယ်... အကုန်လည်း သက်သာတယ်.... ငပိတို့စရာ ကောင်းရင် ဟင်းကောင်းမလိုပါဘူး .. ပိုက်ဆံရှာရတာ လွယ်တာမဟုတ်ဘူး ... " ဟု ဆိုကာ ဖောဖောသီသီ ဝဝလင်လင်ကျွေးနိုင်ရေးအတွက် အပင်ပန်းခံကာ အချိန်မရလျှက် ညဘက်ဆိုင်ပိတ်ချိန်မှဖြစ်စေ ညလုံးပေါက်သီရိမင်္ဂလာဈေးသို့သွား၍ ခြင်းကြီးခြင်းငယ်ဖြင့် ဟင်းရွက်များ ကျုံး၍ဝယ်လေ့ရှိသည်။ ထို့ကြောင့် အမေ့ဆိုင်တွင် ထမင်းစားသူတို့က ငပိရည်ကောင်းကောင်း ၊ တို့စရာစုံစုံ ၊ ဟင်းသီးဟင်းရွက်ကြော်များများ ၊ ချဉ်ရည်ဟင်းပျစ်ပျစ်တို့ဖြင့် ထမင်းမြိန်လေ့ရှိသည်။
" အမေ ထမင်းမစားရသေးဘူးမဟုတ်လား .... ခူးလိုက်မယ်နော် ... "
သီရိမင်္ဂလာဈေးမှပြန်လာပြီး ဆေးလိပ်တစ်တိုနှင့် ငိုင်နေသောအမေ့အနားကို မိသွယ် ရောက်သွား၏။
" မခူးနဲ့ ... မခူးနဲ့ ...မစားချင်ဘူး ... "
" အမေ အမောပြေရင် စားလိုက်တော့လေ ... ဈေးသွားခါနီး ကျွန်တော်စားတုန်းကလည်း အမေ ဝင်မစားဘူး "
ကျော်အောင်ကပါ အမေ့ကို လှမ်းပြော၏။
" ငါမှ မဆာသေးတာ ... ဆာရင် စားမှာပေါ့ .. မင်းတို့လင်မယားလည်း ပြီးရင် ပြန်ကြတော့လေ ... ကလေး အိပ်ချင်နေရောပေါ့ ... "
အကြီးမလင်မယားက သူတို့နှစ်အိမ်ကျော်တွင် နေသည်။ အိမ်ထောင်ကျပြီးကတည်းက ကျော်အောင့်ကို နဂိုအလုပ်က ထွက်ခိုင်းပြီး အမေက ဆိုင်တွင်ကူခိုင်းကာ စားရိတ်ငြိမ်းပြီး လခကို သတ်သတ်ပေးသည်။ သူစိမ်းခေါ်မည့်အစား သားသမီးကိုထားတော့ အမေလည်း အဆင်ပြေ သူတို့လည်း စုမိဆောင်းမိရှိသည်။
" အမေက ဘာလို့ မစားသေးတာလဲ ... "
မိသွယ်ပြောမရတော့ အငယ်မကပါထပ်ကာ အမေ့အနား ကပ်ထိုင်ရင်း မေးပြန်၏။
" မစားချင်လို့ပေါ့ဟဲ့ "
" ဘာလို့ မစားချင်ရတာလဲ "
" မဆာလို့ ... မဆာလို့ ... "
မိငယ်က မချိုမချဉ်မျက်နှာဖြင့် အမေ့ကိုဖက်ကာ
" အမေ အသည်းကွဲနေတာမဟုတ်လား ... "
" တယ် ... ဒီကောင်မ "
မိငယ်က စ တော့ ဒေါ်လှမေမျက်နှာကြီး ရဲကာ လှမ်းခေါက်မည်ပြု၏။
" ဟုတ်ပါတယ် ... တို့အမေကြီးကလည်း ဖေကြီးကို အောက်မေ့ပြီး အသည်းကွဲနေတာ ... ထမင်းတောင် မစားနိုင်ဘူးဟေ့ .. ရယ်ရတယ် ... "
" အောင်မယ် ဒင်းအတွက်များ ငါက အစားပျက် အသောက်ပျက်ဖြစ်ရအောင် ဒင်းက ဘာမို့လို့လဲ .... ညည်းတို့က အဲဒီလိုထင်နေရင် ယူလာခဲ့ .. ကျုပ် စားပြမယ် ... ထမင်းနဲ့ဟင်း ပုံခဲ့ .. "
ဒေါ်လှမေက စိတ်မရှည်သလိုပြောတော့
" အဖေနဲ့ အမေ့ကိုတော့ မိငယ်မှပဲ နိုင်တယ် .. " ဟု ပြောကာ မိသွယ်က ထမင်း ပြေးထည့်၏။
( ၃ )
" အဟုတ်ပြောတာလား ဒေါ်ကြီး ... ဒေါ်ကြီးယောကျ်ားကိုယ်တိုင် တွေ့ခဲ့တာလား ... "
" အေးလေ .. သူပြောလို့ ငါသိတာပေါ့ .. ညည်းအမေကိုလည်း သူပဲ ပြောတာမဟုတ်လား ... "
" အခု အမေက အရမ်းခံစားနေရတာ .. အဖေလာရင် ပြဿနာတက်မှာ သေချာတယ် .... "
" ဒုက္ခပါပဲအေ .... ကျုပ်တို့လင်မယားတော့ တရားခံဖြစ်တော့မယ်ထင်တယ် ... "
" မဖြစ်ပါဘူးဒေါ်ကြီးရာ ... ပြန်ပြောပြလို့ ကျေးဇူးတောင်တင်သေးတယ် ... ဒေါ်ကြီးတို့သာ မပြောရင် အဖေ နယ်မှာ မိန်းမယူထားရင်တောင် မိငယ်တို့ သိမှာမဟုတ်ဘူး ... "
" အဲဒီလောက်လည်း မဟုတ်ပါဘူးအေ ... ညည်းအဖေက လူရိုးပါ ... အခုဟာက မိန်းမက ကပ်နေတဲ့ပုံပါ ... ငါ့အိမ်က လူကမှှ ခပ်ရှုပ်ရှုပ်ရယ် .... အဲဒီမိန်းမက ညည်းအဖေလာရင် ကွမ်းယာဆီးကျွေး ၊ ဆေးလိပ်ဆီးတိုက်နဲ့တဲ့ ... ပြီးတော့ သူတို့နှစ်ယောက် ထမင်းဆိုင်မှာ အတူမှာစားကြတာလည်း သုံးလေးခါလောက် မြင်တယ်ဆိုတော့ မရိုးဘူးထင်လို့ပြောတာပါ .... ကျုပ်လည်းမသိဘူး ... သူပြောသမျှပဲ သိတာ ... "
" အခုတောင် သူတို့ ညားနေပြီလား မသိဘူးနော် ဒေါ်ကြီး ... "
" ခဏတဖြုတ် အပျော်သဘောနေမှာပါအေ ... သမီးတွေ မြေးတွေကို တုန်နေအောင်ချစ်တာ.... ကိုထွန်းမောင် ဒီလိုတော့ မလုပ်တန်ကောင်းပါဘူး ... "
" အပျော်သဘောလည်း ဘယ်ကောင်းမလဲဒေါ်ကြီးရာ ... ရှက်စရာကြီး ... "
မိငယ် အိမ်ပြန်ရောက်တော့ အစ်မနှစ်ယောက်ကို အတွင်းခန်းမှာအိပ်နေသော အမေမကြားအောင် ပြန်ပြီးဖောက်သည်ချနေတော့သည်။ အဒေါ်နှစ်ယောက်နှင့် အမေကြားတွင် ရွှေတိုးလေးက မျက်လုံးကလယ်ကလယ်နှင့် ရှိနေရှာသည်။
( ၄ )
ကနေ့ည ဒေါ်လှမေ တစ်ညလုံး အိပ်မပျော်။ အတွေးတွေက လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ဆီ ရောက်နေသည်။ အဲဒီတုန်းက အုပ်လုံးသိမ်းစ အလှသွေးကြွယ်ကာ ကြောက်တတ်သောလှမေ ၊ ကာလသားတစ်ယောက်ယောက်ကများ ခပ်စိုက်စိုက် ကြည့်လိုက်လျှင် ခြေလှမ်းတွေ ဟိုယိုင် သည်ယိုင်နှင့် အယောင်ယောင် အမှားမှားဖြစ်တတ်သော လှမေ ၊ ထိုလှမေသည် ညီအစ်မဝမ်းကွဲတော်သူ မြချစ် အောင်သွယ်ကောင်းသဖြင့် ဆွေမျိုးမိသားစုထံတွင် လာနေရင်း ပလတ်စတစ်စက်ရုံ ညဆိုင်းအလုပ်သမား ထွန်းမောင်နှင့် ရည်းစားဖြစ်ခဲ့သည်။
သမီးရည်းစားသာ ဖြစ်သွားသည်။ လှမေနှင့်ထွန်းမောင် နှစ်ယောက်တည်း တစ်ကြိမ်မှ မဆုံဖူး။ ထွန်းမောင်က လှမေကို ကာလအတော်ကြာအောင်ပင် နှစ်ယောက်အတူ တွေ့ခွင့်ပေးရန် စာဖြင့်တစ်မျိုး ၊ မြချစ်နှင့် စကားပါး၍တသွယ် တောင်းပန်သည်။ လှမေက တွေ့လည်း တွေ့ချင်သည်။ တွေ့လည်း မတွေ့ရဲ။ အိမ်ကို ဘယ်လိုပြောပြီး ထွက်ရမှန်းလည်း မသိ။ လှမေတို့အိမ်က ဆေးလိပ်ခုံဖြစ်သည်။ အိမ်မှာ တစ်နေကုန် ဆေးလိပ်လိပ်ရသောလှမေက ရံဖန်ရံခါ ဈေးသွားဝယ်ရတာကလွဲလို့ အပြင်ထွက်စရာ အခွင့်အရေးမရှိ။ အချိန်ရှိသရွေ့ ဆေးလိပ်ခုံတွင်သာ အချိန်ကုန်ရသည်။
ဆေးလိပ်လာလိပ်သော ဆေးလိပ်သမများ၏နှုတ်ဖျားတွင် တစ်နယ်သား ကာလသားထွန်းမောင်၏ ရိုးသားကြောင်း ၊ သဘောကောင်းကြောင်း ၊ ယောကျ်ားပီသကြောင်း ကောင်းသတင်းကိုတော့ အဆက်မပြတ် ကြားနေရသည်။ တစ်နေ့တွင်တော့ သူ့ချိန်းဆိုမှုကို အရဲစွန့်၍ လှမေ လက်ခံလိုက်သည်။ ချိန်းသည့်နေရာကား ဆေးလိပ်ခုံနှင့် အတော်အတန်လှမ်းသော ဘုရားဝိုင်းထဲမှာဖြစ်၏။ မြချစ်မှတဆင့် ထွန်းမောင်က နံနက်အလုပ်ဂျူတီထွက်ကတည်းက ဘုရားဝိုင်းထဲတွင် မလာမချင်း စောင့်နေမည်။
ထွန်းမောင်ကို ထမင်းစားချိန် ၁၁ - နာရီလောက်မှ လာ၍ရမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။ အိမ်မှထွက်ရန်အတွက်တော့ မြချစ်ကို ဘုရားမှာ ယတြာသွားချေချင်လို့ဆိုပြီး အမေ့ကို လာပြောပြီး အဖော်ခေါ်ရန် ဇာတ်တိုက်ထားသည်။
မတော်တဆ အသိမိတ်ဆွေများ ဘုရားပေါ်တွေ့လျှင်လည်း ရှင်းရလွယ်အောင်ဖြစ်၏။
စီစဉ်ထားသည့်အတိုင်း မြချစ် လာခေါ်သည်။ အမေက တော်တော်နှင့်မလွှတ်။ ဆေးစပ်ခိုင်းနေသေးသည်။ ဖင်စီခံ ဖြတ်ခိုင်းနေသေးသည်။ အချိန်က မျှော်မှန်းထားသည်ထက် အတော်လေး လင့်သွားသည်။ နေ့လည်တစ်နာရီကျော်သွားမှ " မြန်မြန် ပြန်လာနော် ... အိမ်မှာ လုပ်စရာတွေ တပုံကြီး .. " ဟု ပြောပြီး လွှတ်လိုက်၏။
လှမေတို့ညီအစ်မ ဘုရားစောင်းတန်းဘက်သို့ ကမန်းကတန်းသုတ်ခြေတင်ခဲ့၏။ ဘုရားဝိုင်းနှင့်နီးလာလေ လှမေရင်တွေ ခုန်လာလေ။ မြချစ်ကိုဆုပ်ကိုင်ထားသော သူ့လက်ဖဝါးတွေက ဇောချွေးတွေနှင့် နစ်နေ၏။ ဘုရားကုန်းတော်ပေါ် လှမ်းတက်လိုက်ချိန်တွင် သူ့ခြေထောက်တွေက မြေကြီးနဲ့ထိသည်ဟု မထင်ရပဲနှင့် ခလုတ်တွေ ခဏခဏ တိုက်နေပြန်သည်။ သူတစ်ယောက်တော့ လည်ပင်းညောင်ရေအိုး ဖြစ်နေရှာတော့မယ်ဟု သနားကရုဏာကြီးကာ ရင်တွေ ဖိုနေမိသည်။ သူ့ကိုမြင်ရင် လှမ်းပြုံးပြလိုက်ရမလား ၊ ရှက်ရှက်နှင့် ခေါင်းကြီးငုံ့ပြီး အသံတွေတုန်ကာ စကားမှ ပြောလို့ရပါ့မလား။
ဘုရားပေါ်ရှိ ချိန်းဆိုထားရာ နေရာအနီးအရောက် မျက်လုံးတွေကပြာပြီး ဘာကိုမျှ မမြင်။ မမြချစ်က ဟိုကြည့် သည်ကြည့်နှင့် " ဟယ်တော့ အစ်ကိုထွန်းမောင်ကြီးရယ် ... ဟိုမှာ .... " ဆိုပြီး တအံ့တသြနှင့် ရေရွတ်လိုက်တော့ သူ မရဲတရဲနှင့် လှမ်းအကြည့် ဟင်ကနဲ ဖြစ်သွားသည်။ ထွန်းမောင်ကား ကျောက်တုံးတစ်တုံးကို ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လျက်ရှိသည်။ ထွန်းမောင်အိပ်ပျော်နေပုံကြီးကို ကြည့်ကာ သူ အရမ်းရှက်သွားသည်။
" ကျွန်မတို့ တော်တော်နဲ့မလာနိုင်လို့ စောင့်ရင်းနဲ့ အိပ်ပျော်သွားတာဖြစ်မယ် ... "
မြချစ်ကလည်း ဘယ်လောက်ပဲရဲရဲ လူပျိုတစ်ယောက်အိပ်ပျော်နေတာကိုတော့ သွားမနှိုးရဲ။ လှမေက ပိုဆိုးတော့သည်။ ညီအစ်မနှစ်ယောက်သား သူ့အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှထိုင်ကာ ဘုရားရှိခိုးရင်း စောင့်နေကြသည်။ ရှိသမျှဘုရားရှိခိုးနှင့် ဂါထာတွေသာ အကုန်ရွတ်ဖတ်၍ ကုန်သွားသည်။ ထွန်းမောင်က နိုးမလာ။ ဘုရားကို လက်ဝဲရစ် လက်ယာရစ် အကြိမ်ကြိမ်ပတ်ရင်း သူ့နားမှ ရစ်ဝဲရစ်ဝဲနှင့် ကြည့်ရင်း ခြေသလုံးသာ တောင့်လာသည်။ သူကတော့ ဟောက်များပင် ဟောက်နေချေသေးသည်။ နောက်ဆုံး ဘုရားပေါ်ကသာ ပြန်ဆင်းလာသည်။ သူက မနိုး။
လှမေ အကြာကြီး သူ့ကို စိတ်ကောက်ပစ်လိုက်သည်။ မြချစ်စကားအရ အဲဒီနေ့က ညနေသုံးနာရီခွဲပြီး၍ မျက်နှာပေါ် ကျနေထိုးမှ နိုးလာပြီး လန့်ဖြန့်ထူပူသွားတော့သည်ဆို၏။
" ဟင်း ... အဲဒီကတည်းက လူကို ဒုက္ခပေးတဲ့လူ ... အူတူတူ အတတနဲ့ ... "
ဒေါ်လှမေနှုတ်ခမ်းက မသိမသာပြုံးယောင်သန်းကာ တစ်ဖက်သို့ စောင်းအိပ်ရင်း ရင်ထဲမှ ကြုံးဝါးလိုက်၏။
" အဲဒီတုန်းကဒုက္ခမျိုးသာ ကျုပ်က ခံချင်ခံမယ် ... အခုပေးတဲ့ဒုက္ခကိုတော့ ခံနေလိမ့်မယ်မထင်နဲ့ ... တော့်ခေါင်းနဲ့ ကိုယ် အိုးစားမကွဲလို့ကတော့ ကျုပ်ကို ပြောချင်တိုင်း ပြော ... "
( ၅ )
" ဘုရား ... ဘုရား ... ငါမှားသွားပြီထင်တယ် ... မြရီက ငါ့ကို တကယ်အားကိုးပုံပေါ်နေပြီ ... "
ဦးထွန်းမာင်ရင်ထဲ လှုပ်လှုပ်ခတ်ခတ်နှင့် ကတုန်ကယင်ဖြစ်လာသည်။
" ကိုကြီးထွန်း .. ရော့ ... ဟောဒါက ကွမ်းယာဘူး .. ဒီမှာ ဆေးလိပ် .. "
" အေး ... အေး ... ရပါတယ်ဟာ ... နင်ကလည်း ဒုက္ခရှာလို့ ..... "
သူ မြရီကို မကြည့်ပဲ ကားပေါ်တက်ဟန် ပြင်နေသည်။ စပယ်ယာမောင်အေးကို ရှေ့ခန်းတံခါးချက် လှမ်းဖွင့်ပေးနေရင်းမှ ပြောလိုက်သည်။
" အမယ် ... ဒါ ဒုက္ခမှမဟုတ်တာ .... မြရီ ယာတဲ့ကွမ်းယာက အစပ်တည့်တယ်ဆိုလို့ လမ်းမှာ စားရအောင် ထည့်ပေးလိုက်တာ .... "
" အေးဟာ ... ကျေးဇူးပဲ .. "
" ကိုကြီးထွန်း ... ဘယ်နေ့ ကားပြန်ထွက်မှာလဲ ... "
" အခြေအနေအရပဲဟ .. "
" ဟင် ... ကိုကြီးထွန်းကလဲ အကြာကြီးနေမှာလား ... ပြန်မလာတော့ဘူးလား ... "
" သိဘူးလေဟာ ... အဆင်သင့်သလိုပေါ့ ... "
" ပြန်လာခဲ့ပါ ကိုကြီးထွန်းရာ .. မြရီက ကိုကြီးထွန်းကို အားကိုးနေရတာ .. ဒီကားဂိတ်က လူတွေက သိတဲ့အတိုင်းပဲ .. မြရီကို မထီတရီနဲ့ .... "
မြရီက သနားစဖွယ်မျက်နှာငယ်နဲ့ သူ့ကို ငေးပြီးပြောတော့ ဘေးနားမှာရှိသည့် မောင်အေးကို သူ မလုံမလဲဖြစ်သွားသည်။
" နင် အိမ်ထောင်ပြုလိုက်ပါလားဟ ... ဒါမှမဟုတ် ဒီနေရာမှာ ရောင်းမယ့်အစား နံနက်ခင်းဈေးဖြစ်ဖြစ် ပြောင်းရောင်းပါလားဟင် ... "
" ကိုကြီးထွန်းကလည်း မြရီမှာ အားကိုးရမယ့်လူမှ မရှိတာ .. ကိုကြီးထွန်း ရှာပေးမလား .. "
" အမလေး ... မလုပ်ပါနဲ့ .. ငါ့မှာလည်း ပြဿနာနဲ့ဟ ... အေးမောင်ကြီးကား ညက ပြန်ဝင်လာတယ် ... ငါ့အိမ်ကလူတွေ ငါ့ကို မျှော်နေကြပြီ ... ဒီကောင်ကြီး ဘာတွေသွားချွန်ထားမှန်း မသိဘူးဟာ .... "
အေးမောင် ညက မူးမူးနှင့် သူ့ကိုပြောသွားသည့်စကားတွေကိုတော့ သူ မြရီကိုအားနာ၍ ပြန်မပြောဖြစ်။
" အဲဒီလူကြီးက အားကြီး မဟုတ်က ဟုတ်ကပြောတတ်တာ ... ဂရုမစိုက်စမ်းပါနဲ့ ကိုကြီးထွန်းရာ ... ကျွန်မကိုလည်း အမျိုးမျိုးပြောနေတာပဲ ... "
" အေးပါဟာ .. ငါက အကြောင်းမဟုတ်ပါဘူး ... နင်သာ သတိဝီရိယနဲ့ နေ ... ညဘက်လည်း သိပ်မိုးချုပ်အောင် မရောင်းနဲ့ပေါ့ .... သွားမယ်နော် .. "
ပြောပြောဆိုဆို ကားစက်နှိုးပြီးထွက်ခဲ့စဉ် နောက်ကြည့်မှန်မှ သူ့ကားကိုငေးပြီး ကျန်ရစ်သောမြရီကို သူမြင်ပြီး သနားနေသည်။ ဒီကောင်မလေးဟာ ကလေးတစ်ယောက်မအေ မုဆိုးမ ၊ အမယ်အိုကြီးကို လုပ်ကျွေးနေသူ ၊ ဘဝမှာ လုံခြုံမှုသိပ်မရှိလှ။ သူ့ကိုတော့ အတော် အားကိုးခင်မင်ယုံကြည်မှုရှိသည်။ သူမှသူဖြစ်နေတော့ ဂိတ်ကကောင်တွေက သိပ်မကြည်။ မူးလာပြီဆို အမနာပပြောကြသည်။ ထိုသတင်းက အိမ်ပင်ပြန်ရောက်နေပြီဖြစ်ကြောင်း မနေ့ကသိလိုက်ရတော့ သူ ရင်ပူသွားသည်။
မြရီအပေါ် သူ တိတ်တခိုးသာယာခဲ့မိတာမှန်ရင်တောင် လှမေနှင့် သမီးတွေကိုတော့ သူ ဘာနှင့်မှ မလဲနိုင်။ လှမေသည် သူ့အတွက် အဖိုးတန်လှသောမိန်းမတစ်ယောက်။ အုပ်လုံးသိမ်းစ ရွှေရင်သိမ်းသစ်အရွယ်ကတည်းက စွဲနစ်ခဲ့ရသည့်ငယ်ချစ်။ ပြီးတော့ သူသိပ်ချစ်သည့်သမီးတွေကိုလည်း သူ့အတွက် မွေးပေးခဲ့သေးသည်။ မြေးကလေးရွှေတိုးကလည်း ဘိုးအေရဲ့အသက်။ သူ့ရဲ့သံယောဇဉ်အသိုက်အမြုံကို သူ ဘယ်နည်းနှင့်မှ ပြိုကွဲမခံနိုင်။ လှမေမကြိုက်လျှင် ဒီကားကို သူ မမောင်းရုံသာရှိတော့သည်။ အေးမောင်ကြီးက သူ့နေရာမှာ ကားမောင်းချင်လို့ အုံနာစစ်စစ်ဖြစ်တဲ့လှမေကို ပိုပိုသာသာတွန်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မည်။ အတော်ဆိုးတဲ့ကာင်။
" ဟော ... အစ်ကိုရေ အချိန်အခါမဟုတ် ပိတောက်ပန်း ပွင့်နေပါလား ... ညက မိုးရွာလို့ထင်တယ် .. "
မောင်အေးက လှမ်းပြောသည်။ ရှားရှားပါးပါး ကားလမ်းဘေးက ပိတောက်ပန်းတစ်ချို့ကိုမြင်တော့ ဘယ်တော့မှမမေ့နိုင်သော မြင်ကွင်းတစ်ခုကို သူ သတိရသွားကာ အသံမထွက်ပဲ ရယ်လိုက်မိသည်။
" ဘာရယ်တာလဲ အစ်ကိုရ ... "
မောင်အေးက သူ့ကို နားမလည်ဟန်နှင့် မေးသည်။
" ငါလူပျိုတုန်းကအကြောင်း သွားသတိရလို့ပါကွာ ...အဲဒီတုန်းက မရယ်ရဘူးကွ .. ရင်နာတယ် .. ဒေါသဖြစ်ရတယ် .. စိတ်ကောက်ရတယ် .. အခုမှ တွေးရင်း ရယ်ချင်တာ ... "
" ဘယ်သူ့ကိုလဲ .. "
" မင်းအစ်မကိုပေါ့ ... လှမေကိုပေါ့ .. "
" ဟုတ်လား ... ဘာဖြစ်လို့လဲ .. "
" အပျိုတုန်းက သူက သိပ်ရှက်တတ်တာ .. လူရှေ့ဆို မနေတတ်အောင်ရှက်တာ ... တစ်နေ့မှာ တို့စက်ရုံကပိတောက်ပင်မှာ ပိတောက်ပန်း ပွင့်ရော .. ငါက မနက်အစောကြီးကတည်းက သူ့ကိုပေးချင်လို့ တစ်ခါမှ သစ်ပင်မတက်ဖူးပဲနဲ့
ပိတောက်ပင်ပေါ်ကို ခဲရာခဲဆစ်တက်ခူးတာ .... ပြန်အဆင်းကျတော့ လိမ့်ကျပါလေရော... "
" ဟုတ်လား ... ဘာဖြစ်သွားသေးတုန်း ... "
" ဒူးခေါင်းတွေ စုတ်ပြတ်သတ်သွားတာပေါ့ကွ ... ငါက လူ နာရင် နာပါစေဆိုပြီး ပိတောက်ပန်းကို အထိမခံတော့ ပိုအီတာပေါ့ ...အဲဒါနဲ့ သူ့ကိုပေးပန်ချင်လို့ ဘုရားတပြီး ဈေးမှာသွားစောင့်ရတာ.... ကံကောင်းလို့ တွေ့တော့တွေ့ပါရဲ့ ... ဘေးမှာ အဖော်ပါလာလို့ အပြန်ကို တစ်ခါစောင့်ရသေးတယ် ... အပြန်ကျတော့မှ တစ်ယောက်တည်းတွေ့တုန်း .... ရော့ ... အလှအတွက် ပိတောက်ပန်းဆိုပြီး ကမ်းပေးလိုက်တာ ... မချောက ဖျတ်ကနဲဆွဲယူပြီး သုတ်ခြေတင်သွားတာ ... စကားတစ်ခွန်းတောင်မှ မပြောလိုက်ရဘူး .... "
" အဲဒါ အစ်ကိုက စိတ်ဆိုးရောလား ... "
" အဲဒီလောက်နဲ့တော့ ဘယ်စိတ်ဆိုးဦးမလဲကွ .. သူက ခြေထောက်ကတင် ရှက်တာမဟုတ်ဘူး ... လက်ကပါ ရှက်ပြီး ပိတောက်ပန်းကိုင်သွားတဲ့လက်ကို ဘယ်လိုယမ်းသွားတယ်မသိဘူး ... ငါ့ပန်းတွေ တစ်လမ်းလုံးကြွေကျပြီး သူ့လက်ထဲမှာ အရိုးချည်း ကျန်တော့တယ် .. ငါ့မှာ ဒူးပြဲရပျိုးတောင် မနပ်တော့ဘူး ... "
( ၆ )
" အဖေတို့ကား ဝင်လာပြီတဲ့ဟေ့ .... "
အလတ်မ မိသွယ်က အရင်ဦးဆုံး သတင်းပို့တော့ ညနေဆိုင်သိမ်းပြီးပြီမို့ အိမ်မှာ မိသားစုတွေချည်းရှိနေသည်။ ညီအစ်မတစ်တွေက တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်ကြသည်။ ဒေါ်လှမေက ရေချိုးပြီးစ မျက်နှာသုတ်ရင်း
" ညည်း ဘယ်သူပြောတုန်း " ဟု မေးသည်။
" ကားသိမ်းတဲ့ဂိတ်ဝင်းဘက်က လာတဲ့လူ ပြောတာ ...အဖေ ကားဝင်ထားနေတယ်တဲ့ .. ခုလောက်ဆို လာနေရောပေါ့ ... "
" ဟင်း ... ငါမကြည့်ချင်ဘူး .. " ဟု ဆိုကာ ဒေါ်လှမေ သနပ်ခါးလိမ်းပြီး ညဈေးဘက် ဆင်းသွား၏။
" အဖေ့ကို တစ်ယောက်မှ စကားမပြောနဲ့ဟေ့ ... ခပ်တည်တည်နေ ....ရွှေတိုးကိုလည်း အဖေ့နား မကပ်စေနဲ့ .... "
အမေထွက်သွားပြီး ညီအစ်မတစ်တွေ တစ်ယောက်ကိုတစ်ယောက် သတိပေး၍မဆုံးခင်မှာပင် ပခုံးတွင် အိတ်တစ်လုံးချိတ်ထားသော အဖေသည် ကြိမ်ခြင်းကြီးတစ်လုံးကိုဆွဲကာ အိမ်ပေါ် တက်လာသည်။ အဖေ့ကြည့်ရတာ သူ့ကိုယ်သူ မလုံမလဲဖြစ်လာပုံရ၏။ မျက်လုံးက ဟိုကြည့် သည်ကြည့်နှင် မျက်နှာပိုးသတ်ထားကြသော သူတို့ကို ဝေ့ကြည့်ကာ
" ဟေ့ ... အိမ်က တိတ်လှချည်လားကွ ... " ဟု မေးသောအသံက ခြောက်ကပ်ကပ်။ သူ့ကို ဘယ်သူမှ ပြန်ဖြေမည့်သူမရှိ။ အဖေ အငယ်မဆီ လျှောက်သွား၏။
" သမီးငယ် ညည်းအမေရော .. "
" ညဈေးဘက် ဆင်းသွားတယ် .. "
" ခြင်းထဲမှာ မင်းဂွတ်သီးတွေ ဝယ်လာတယ် ... သမီးကြိုက်မှန်းသိလို့ အဖေဝယ်လာတာ ... ထုတ်စားကြ ... "
" ဟင့်အင်း ... မစားချင်ဘူး .. "
မေးတစ်ခွန်း ပြောတစ်ခွန်းနှင့် အငယ်မ အဖေ့အနားက ခွါလာသည်။
" ရွှေတိုးရော .. သားလေး ဘယ်သွားလဲ ... လာပါဦးကွ .. ဘိုးဘိုး ပြန်လာပြီ .. သားဖို့ မုန့်တွေပါလာတယ် .. "
အဖေက မြေးကိုအော်ခေါ်နေတုန်းမှာပဲ အေးနွယ်က မကြားဟန်ဆောင်ကာ ကလေးကိုကောက်ချီ၍ အိမ်ပေါ်မှ ဆင်းသွား၏။ အေးနွယ်ယောကျ်ားက ခေါင်းငုံ့ကာ နောက်မှ ပါသွား၏။ အဖေ မျက်မှောင်တွန့်ကာ မိသွယ်ကို ခေါ်ပြန်သည်။
" မိသွယ် ... ..မိသွယ် .. "
" ရှင် .. "
" အိမ်ကို အေးမောင်လာသေးလား ... "
" လာတယ် "
" ဘာတွေ ပြောလဲ .. "
" အစုံပဲ .. "
" ဘာအစုံလဲ ... ပြောစမ်း .. အဲဒီအကောင် ဘာ မဟုတ်က ဟုတ်ကတွေ ပြောလဲ .. "
" ပြောမပြချင်ဘူး ... ရှက်တယ် "
အဖေ သက်ပြင်းတစ်ချက်ချလိုက်ပြီး အိမ်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ခဏနေတော့
" အငယ်မ ... အငယ်မ .. လာဦး အဖေ့ဆီကို .. "
" မလာဘူး ... သမီးအိပ်တော့မလို့ "
အဖေ့အပေါ်ဆိုးနေကျ အငယ်မက အိပ်ခန်းထဲမှ လှမ်းအော်လိုက်၏။ အဖေ အဝတ်အစားပင် မလဲနိုင်တော့ပဲ အိမ်ရှေ့ကွက်ပျစ်က မှောင်ရိပ်ထဲတွင် တိတ်တိတ်ကလေး သွားထိုင်နေတော့၏။ ထိုအခါတွင်တော့ မိသွယ်နှင့်အငယ်မ အဖေမမြင်နိုင်သည့် အိမ်တွင်းတစ်နေရာမှ နေ၍ အဖေ့ကို တိတ်တိတ်ကလေး ချောင်းကြည့်နေလိုက်ကြ၏။ အဖေစိတ်ထိခိုက်လျှင် ထိုသို့ ငြိမ်နေတတ်သည်။ အဖေ့ကို သနားမိပေမယ့် သူတို့ စိတ်ကောက်မပြေချင်သေး။
အမေလာလျှင် ပေါက်ကွဲမှာကိုလည်း တဖက်က စိုးရိမ်နေပြန်သည်။ အမေအိမ်ပြန်လာမည့်အချိန်ကို သူတို့ ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြရသည်။ အခြေအနေမကောင်းလျှင် ဆွဲရန်အသင့်ဖြစ်နေကြသည်။ အေးနွယ်ကလည်း သူ့အိမ်ကလေးကနေ စိတ်ပူပြီးနေမှာ သေချာသည်။
" ဟော ... အမေ ပြန်လာပြီ "
အမေသည် အိမ်ထဲအဝင်တွင် လမ်းမီးရောင်ဖြင့် မြင်ရသောအဖေ့မျက်နှာကို ဖျတ်ကနဲ တစ်ချက်ကြည့်၍ ချက်ချင်းမျက်နှာလွှဲကာ အိမ်ပေါ်သို့တက်ရန် ပြင်သည်။ အဖေက နေရာမှထကာ အမေ့လက်ကိုဆွဲပြီး
" ငါ မင်းကို စောင့်နေတာ ... လာပါဦး အလှရာ .. " ဟု ခေါ်သည်။
အမေ အဖေ့ကို ဘာများ လုပ်ထည့်လိုက်လေမလဲဟု ညီအစ်မနှစ်ယောက် အသက်ပင်မရှူဝံ့ပဲ စိုးရိမ်တကြီးနှင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိသည်။
အတန်ကြာမှ " ရှင်က ဘာဖြစ်နေတာလဲ .. မျက်ရည်တွေနဲ့ .. " ဟု ဆိုတော့ ညီအစ်မနှစ်ယောက် အံ့သြသွားကြ၏။ အဖေက အသံတုန်တုန်ဖြင့်
" မင့်သမီးတွေပေါ့ ငါ့ကို တစ်ယောက်မှ စကားမပြောကြဘူးကွာ ... အကြီးမကလည်း ငါ့ဆီကိုလာမယ့်ကလေးကို ခေါ်ပြီး ဆင်းသွားတယ် ... ဘုရားစူးရပါစေ့ကွာ .. ငါ မင်းတို့သားအမိထက် ဘယ်သူ့ကိုမှ သံယောဇဉ်ပိုမရှိပါဘူး .... ငါ့သားသမီးတွေက ငါ့ကို အဲဒီလိုစိမ်းကားတော့ ငါ အရမ်းခံစားရတယ် ... အားလည်းငယ်တယ် ... ဝမ်းလည်းနည်းတယ် .... "
ဟင် .. အဖေ .. ဟု အဖေ့ကို အံ့သြလို့မှ မဆုံးခင် အမေပြောလိုက်သောစကားကြောင့် သူတို့ညီအစ်မတစ်တွေ ပိုပြီး အံ့သြထိတ်လန့်စရာဖြစ်သွားလေတော့သည်။
" ဟင် .. ကိုထွန်းမောင် .. ရှင် .. ယောကျ်ားမဟုတ်ဘူးလား ..သူတို့မခေါ်တာများ ဝမ်းနည်းစရာလား .. အားငယ်စရာလား .... ဘယ်သူမခေါ်ခေါ် ကျုပ်ခေါ်ရင် ပြီးရောမဟုတ်လား ...အချိန်တန်ကျ တော်နဲ့ ကျုပ်နဲ့ နှစ်ယောက်တည်း ကျန်ခဲ့မှာ ....
သူတို့က လင်ယူပြီးထွက်ကုန်ကြမယ့်ဟာတွေ ... ကျုပ်တစ်ယောက်လုံးရှိတယ် ... တော် ဘာမှ အားမငယ်နဲ့ ... "
( သန်းမြင့်အောင် )

No comments:
Post a Comment