Apr 8, 2017

“ န၀ရတ္ကိုးသြယ္ စီျခယ္အပ္သည္ကား ”

Zawgyi Version
“ န၀ရတ္ကိုးသြယ္ စီျခယ္အပ္သည္ကား ”
(၁)
ႀကီးေတာ္ေဒၚပြင့္က ကၽြန္ေတာ့္ကို လွမ္းၾကည့္ၿပီး “ ဘယ္လို သေဘာရသတုန္း ” ဟု ေမးသည္။ ကၽြန္ေတာ္မေျဖေသး။ အေမႏွင့္ အေဖတို႔ကို လွမ္းၾကည့္လိုက္သည္။ အေဖသည္ ေဆးေပါ့လိပ္တိုကို မီးညွိသည္။ အေမက ေျပာင္းဖူးဖက္ေဆးေပါ့လိပ္ထိပ္ကို ေရွ႕သြားျဖင့္ကိုက္ၿပီးေနာက္ အေဖ့ မီးျခစ္အလာကိုေစာင့္၏။ အေဖက မီးတို႔ေပးေနစဥ္….
“ စဥ္းစားၾကေသးတာေပါ့၊ ႀကီးေတာ္ရယ္ ”
ႀကီးေတာ္သည္ ဧည့္သည္ေတြ တစ္ဇြန္း ႏွစ္ဇြန္းစားသြားေသာ လက္ဖက္အစ္ကို လွမ္းယူသည္။ လက္ဖက္သားကို ဇြန္းဖ်ားျဖင့္ ခပ္ယူျမံဳ႕ရင္း…..
“ မခင္ၿမိဳင္က အေတာ္ရိုးပါတယ္။ ႀကီးေတာ္တို႔ကေတာ့ မင္းနဲ႔ ေရွ႕သြားေနာက္လိုက္ညီတယ္လို႔ထင္တယ္။ သူ႔မိဘကလဲရိုးရိုး၊ ေမာင္ႏွမသားခ်င္းကလည္း ႏွစ္ေယာက္၊ သူ႔အစ္မက သူ႔အိမ္ေထာင္နဲ႔သူ၊ ရုတ္တရက္ ၾကည့္ရင္ေတာ့ ၿမိဳ႕သူလို အေခ်ာအလွ မဟုတ္ဘူး။ ဒါေပမဲ့ ညိဳေခ်ာ၊ နဂိုရွိတယ္။ ျပင္ဆင္လုိက္ရင္ အၾကည့္ခံတယ္ ”
“ သူ အတန္းေက်ာင္း ဘယ္ေလာက္အထိ ေနခဲ့ဖူးလဲ ႀကီးေတာ္ ”
“ ခုႏွစ္တန္းေအာင္တယ္၊ မိန္းကေလးပဲ။ ဒီေလာက္ဆို ေတာ္ၿပီ၊ အိမ္မႈကိစၥ၊ ခ်က္ေရးျပဳတ္ေရး ဘာမွလွည့္မၾကည့္ရဘူး။ အေနအထိုင္ေတာ္တယ္၊ မင္းနဲ႔သာ စိမ္းတိမ္းတိမ္း၊ မင္းမိဘနဲ႔က ရင္းေနၿပီ။ မႏွစ္ကတည္းက မင္းဘြဲ႕ရၿပီး အလုပ္ရလို႔ ၿမိဳ႕မွာသြားကတည္းက၊ အင္း … တစ္ႏွစ္ခြဲေလာက္ေတာင္ရွိၿပီ ”
ႀကီးေတာ္သည္ ကၽြန္ေတာ့္ကို မခင္ၿမိဳင္ႏွင့္ ေနရာခ်ေပးခ်င္သည္။ အေမတို႔ကို ေျပာျပသည္။ “ ကိုယ့္တူကုိယ္ေျပာေပါ့၊ က်ဳပ္တို႔ကေတာ့ ဘာေျပာတတ္မွာတုန္း၊ ဆိုင္နဲ႔အိမ္၊ အိမ္နဲ႔ဆိုင္ ” ဟု အေမေျပာခဲ့သည္။ “ မိန္းကေလးေတြရဲ႕မိဘေတြကို တီးေခါက္ၾကည့္မယ္ ” ဟု ႀကီးေတာ္ေျပာသည္။ “ ခင္ဗ်ာ့သေဘာပါပဲ မရီးရာ ” ဟု အေဖက အာဏာကုန္လႊဲခဲ့သည္။ ကၽြန္ေတာ့္ကိုေျပာခါနီးတြင္ ႀကီးေတာ္က “ မင္းၿမိဳ႕မွာ ရည္းစားသနံရွိေနလား ” ဟု ေမးသည္။ “ မရွိေပါင္ဗ်ာ ” ဟု ကၽြန္ေတာ္ေျဖသည္။ ထိုအခါ “ ဒါျဖင့္ ငါတို႔သင့္ရာစီမံမယ္ ” ဟု ေျပာေလသည္။ အိမ္ေထာင္ေရးကို စိတ္မကူးမိေသာ ကၽြန္ေတာ္က “ သေဘာပဲဗ်ာ ” ဟု လြယ္လြယ္ေျပာခဲ့သည္။
“ ဟိုကလည္း ေဒၚအံုးမယ္သေဘာလို႔ ေျပာလို႕ ေတြ႕ဆံုဖို႔ စီစဥ္ၿပီးၿပီ ” ဟု ႀကီးေတာ္ ၀မ္းသာအားရေျပာသည္။ ထို႔ေနာက္ မိန္းကေလးအိမ္ဆီသို႔ အလည္အပတ္သြားရန္ ကၽြန္ေတာ္တို႔မိသားစုကို ေခၚသည္။ ကၽြန္ေတာ္တို႔ ဦးစြာသြားေရာက္ၿပီးေနာက္ မခင္ၿမိဳင္တို႔မိသားစုက ကေန႔လာလည္ၾကသည္။ မခင္ၿမိဳင္သည္ ႀကီးေတာ္ႏွင့္ သိကၽြမ္းသည္မွစကာ ကၽြန္ေတာ္တို႔အိမ္သို႔ မၾကာခဏလာလည္သည္။ ၿမိဳ႕မွာ အလုပ္သြားလုပ္ေနေသာ ကၽြန္ေတာ္ႏွင့္ကား မဆံုျဖစ္ခဲ့။
“ သူ ဘာလုပ္လဲ ႀကီးေတာ္ ”
“ သူ႔မိဘေတြက ယာထြက္ပစၥည္းေကာက္တယ္ေလ။ အဲဒီအလုပ္ သူကူလုပ္တာေပါ့ ” ဟု ႀကီးေတာ္က ကၽြန္ေတာ့္ကို ေျဖေလသည္။
“ မခင္ၿမိဳင္ အသက္ဘယ္ေလာက္ရွိလဲ ”
“ မင္းထက္ေတာ့ ငယ္တာေပါ့၊ ဆယ့္ကိုးႏွစ္ေလာက္ရွိမယ္။ ေျခာက္ႏွစ္၊ ခုႏွစ္ႏွစ္ငယ္ေပမဲ့ သူက ကုိယ္လံုးကိုယ္ေပါက္ရွိတယ္။ သူ႔အရပ္နဲ႔သူ ၾကည့္ေကာင္းၿပီးသား၊ ေသေသခ်ာခ်ာၾကည့္ …. ကေတာ္ရုပ္ ”
မခင္ၿမိဳင္ကို ေလ့ေတာ့ ေလ့လာခဲ့သည္။ ႏွစ္ဦးခ်င္း စကားေတာ့ မေျပာဖူးေသး။ ကၽြန္ေတာ့္ကို ရွက္ရြံ႕ရြံ႕ျဖစ္ေနပံုရသည္။ ေအးတိေအးစက္ေနတတ္သည္ဟု ထင္သည္။ ကၽြန္ေတာ္သေဘာက်ေသာ ဖ်တ္လတ္တက္ၾကြမႈမ်ိဳး မေတြ႕ရ။ အျပံဳးအရယ္ နည္းပါးသည္။ သြက္လက္ခ်က္ခ်ာမႈမရွိဟု ကၽြန္ေတာ္တြက္သည္။ ႀကီးေတာ္တို႔ အေမတို႔၏ အျမင္တြင္ ညိဳေခ်ာဟုဆိုေသာ္လည္း ကၽြန္ေတာ့္အျမင္တြင္ ရြက္ၾကမ္းေရက်ိဳ။
ကၽြန္ေတာ္ အလုပ္လုပ္ေနေသာရံုးတြင္ အမ်ိဳးသားေတြ စိတ္မ၀င္စားဆံုး အမ်ိဳးသမီးသမီးတစ္ေယာက္ကို ေျပးၿပီး သတိရသည္။ သူတစ္ပါး၏ စိတ္၀င္စားမႈကို အလွအပျဖင့္ ဆြဲေဆာင္ရန္ ႀကိဳးစားလြန္းေသာၾကာင့္ ‘ မလွခ်င္ ’ ဟု အမည္၀ွက္ေပးထားျခင္းခံရေသာ အမ်ိဳးသမီး။ ကိုယ္ခႏၶာအခ်ိဳးအဆစ္လွပသည္၊ မ်က္ႏွာက် ၾကည့္ေကာင္းသည္။ သို႔ေသာ္ ဆြဲေဆာင္မႈသတၱိ မစံုလင္သကဲ့သို႔ ရွိေနသည္။
‘ မလွခ်င္ ’ သည္ပင္ မခင္ၿမိဳင္ထက္ ပို၍ လွေနေသးသည္။
(၂)
ႏွစ္ေယာက္ခ်င္းထိုင္ကာ စကားေျပာျဖစ္ခဲ့သည္။ သူတို႔ အိမ္၀ုိင္းထဲက မန္က်ည္းပင္ေအာက္ရွိ ၀ါးကြပ္ပ်စ္တြင္ အတူထိုင္ကာ စကားစျမည္ ေျပာခဲ့သည္။ သူ႔အမူအရာသည္ တံု႔တံု႕ဆိုင္းဆိုင္း၊ အရွက္သည္ လိုသည္ထက္ပို၍ စကားမစည္။ သနပ္ခါးဘဲက်ား မ်က္ႏွာေၾကာင့္ အလွအပရွာ၍မရ။ သူ႔ကိုၾကည့္ေသာ္လည္း ကၽြန္ေတာ္ရင္မခုန္မိ။ စိတ္လႈပ္ရွားစရာကင္းမဲ့ေသာ အရုပ္ႏွင့္ ေတြ႕ဆံုရသကဲ့သို႔ ျဖစ္ေနသည္။ သူ႔မွာသာ တုန္တုန္ယင္ယင္ျဖစ္ေနသည္။ ကၽြန္ေတာ့္မွာ မထူးျခား။
အိမ္ေထာင္ေရး စကားေျပာခ်င္စိတ္ ေပၚမလာ။ ထို႔ေၾကာင့္ လူႀကီးေတြ စီစဥ္တာ မခင္ၿမိဳင္ ဘယ္လိုသေဘာရလဲ။ ကို႔ကို ဘယ္လိုသေဘာထားလဲ၊ အိမ္ေထာင္ေရးႏွင့္ ပတ္သက္ၿပီး ဘယ္လိုဆံုးျဖတ္ထားသလဲေတြ ကၽြန္ေတာ္မေျပာမိေတာ့။
အသိမိတ္ေဆြကဲ့သို႔ေသာ သေဘာထားၿပီး ကၽြန္ေတာ္ျပန္လာခဲ့သည္။ မျဖစ္ႏိုင္ပါဘူး အေမရာဟု အေမတို႔ကို ကၽြန္ေတာ္ေျပာခဲ့သည္။ မင္းယူရမွာ မင္းသေဘာေပါ့ကြာဟု အေဖေျပာသည္။ ဘာကို မႀကိဳက္တာလဲဟု ႀကီးေတာ္ကေမးသည္။
“ ေရစက္မရွိသူကို ေတြ႕ရသလိုပဲ ”
“ ကေလးမေလးက ေတာ္တယ္ေနာ္၊ စီးပြားေရးလည္း လာဘ္ျမင္တတ္ၿပီး၊ ေယာက္်ားကို ရိုက်ိဳးတဲ့ မ်ိဳးရိုးကြယ့္၊ ျပန္မေျပာ နားမေထာင္၊ ေခါင္းေၾကာမာမာ မဟုတ္ဘူး။ လင္ေျပာသမွ် ပုတ္သင္ညိဳလို ေခါင္းညိတ္ၿပီး ကိုယ့္ေျခကိုယ့္လက္ မလႈပ္တတ္တာမ်ိဳးလည္း မဟုတ္ဘူး။ ၿမိဳ႕သူနဲ႔စာရင္ေတာ့ ခုေနေတာ့ ႏံုတံုတံုေပါ့။ ပင္ကိုထက္တယ္၊ ခ်ိန္ဦး … စုိးေဌး ” ။ ျပန္ေျပာရလွ်င္ အေခ်အတင္ေတြသာျဖစ္မည္။ သေဘာက်သူအေနႏွင့္ ေသာ္လည္းေကာင္း လူပကတိသာမက အရိပ္ကအစ အေကာင္းအေတာ္။ သေဘာက်ရန္ ခဲယဥ္းေနသူအဖို႔ေသာ္ ေစာဒကတက္စရာခ်ည္း။
“ ဇနီးေတာ္ဖို႔ သူ႔ကို စိတ္ကူးမရဘူး ႀကီးေတာ္ ”
ႀကီးေတာ္ စိတ္ပ်က္သြားသည့္မ်က္ႏွာကို ခုတိုင္ မွတ္မိလ်က္ရွိေလသည္။
(၃)
ႏွင္းရင္ရင္ႏွင့္ ကၽြန္ေတာ္ လက္ထပ္ရန္ ဆံုးျဖတ္ၿပီးေသာအခါ အေဖႏွင့္ အေမကို ကၽြန္ေတာ္ ငွားေနရာအိမ္သို႔ အလည္လာရန္ စီစဥ္ရသည္။ ကၽြန္ေတာ္က ႏွင္းရင္ရင္ကို အိမ္သို႔ေခၚသည္။ အိမ္မွာ ပထမဦးဆံုးဆံုၿပီးေနာက္ ႏွင္းရင္ရင္တို႔၏အိမ္သို႔ အေမတို႔ကို ေခၚရသည္။ အေမႏွင့္အေဖသည္ ၀င္းႀကီးျခံႀကီးထဲသို႔၀င္ရန္ ေျခရြံ႕ေနမွန္း ကၽြန္ေတာ္သိသည္။ ႏွင္းရင္ရင္မိဘ၏ တိုက္ႀကီးထဲသို႔ လွမ္း၀င္ၾကေသာ ေျခလွမ္းေတြက မ၀ံ့တ၀ံ့။ ခမည္းခမက္ေတြခ်င္း ေတြ႕ဆံုေသာ ပထမပြဲသည္ အေရးလွခဲ့သည္။
ႏွင္းရင္ရင္၏ အစ္မႏွင့္ ေဒၚေဒၚတို႔က အေမတို႔အိမ္သို႔ အလည္လိုက္ၾကသည္။ ေတာေၾကးရတတ္အိမ္၊ သံုးပင္ငါးပင္ေျခတံရွည္၊ ပ်ဥ္ေထာင္သြပ္မိုး၊ ကၽြန္းလံုးတိုင္ထူအိမ္၊ ႏွင္းရင္ရင္သည္ ေရာက္စမို႔ ေက်းလက္အေငြ႕အသက္ေတြကို ထူးဆန္းၿပီး သေဘာက်ေန၏။ ႏွင္းရင္ရင္တို႔ ျပန္သြားေသာအခါ အေမက ……
“ သူ ဒီမွာေနႏိုင္တာအံ့ေရာ၊ သူတို႔ေနတာထိုင္တာနဲ႔ ဘာမွမဆိုင္ဘူး။ ေနာက္ေခ်းနံ႕၊ ႏွမ္းဖတ္နံ႕၊ ၀က္စာ ၾကက္စာနံ႕ေတြ ခံႏိုင္တယ္။ ဒီကေလးမ အဆင့္အတန္းနဲ႔ မင္းလိုက္ေနၿပီး သူ႔အဆင့္အတန္းအတိုင္း မိဘလက္ထဲမွာလို ထားရမွာ ”
“ သူႀကိဳက္ရင္ သူရွာေပါ့၊ သူ ရွာေဖြေကၽြးေပါ့၊ ဆင္ေပါ့၊ ထားေပါ့ ”
အေဖက သဘာ၀စကား ေျပာသည္။
ကၽြန္ေတာ္ႏွင့္ ႏွင္းရင္ရင္ လက္ထပ္ေသာအခါ ၿမိဳ႕သညာသာ ရွိလင့္ကစား ရြာႀကီးတစ္ရြာသာျဖစ္ေသာ ကၽြန္ေတာ့္ ဇာတိအရပ္က တစ္ေယာက္ခ်င္းမလာႏိုင္။ ငါးဦးေကာ္မတီ လူႀကီးငါးဦး၊ ပဲသူေဌး၊ ႏွမ္းသူေဌး၊ ငရုတ္သူေဌး၊ ေလးငါးဦးသာ လာႏိုင္ၾကသည္။ လက္ဖြဲ႕ပစၥည္းေတြကို ထိုလူႀကီးေတြမွတစ္ဆင့္ လူၾကံဳပါးသည္။
မခင္ၿမိဳင္တို႔ မိသားစုက ပင္နီတစ္အုပ္၊ ပင္ျဖဴတစ္အုပ္၊ အညာေစာင္ေျခာက္ထည္ လက္ဖြဲ႕သည္ကို ခုတိုင္ မွတ္မွတ္ရရရွိေန၏။
မခင္ၿမိဳင္သည္ ေနာက္သံုးႏွစ္သာသာတြင္ ေယာက္်ားယူသည္။ သူ႔မဂၤလာေဆာင္သို႔ ကၽြန္ေတာ္တို႔လင္မယား သြားၾကသည္။ မခင္ၿမိဳင္၏ အိမ္တြင္ ဧည့္ခံသည္။ ႏွင္းရင္ရင္သည္ ထိုမဂၤလာေဆာင္သို႔ ေျခာက္ေယာက္စာ ထမင္းစားပန္းကန္တစ္စံု လက္ဖြဲ႕သည္။ မဂၤလာေဆာင္ကို အေၾကာင္းျပဳၿပီး အေမတို႔အိမ္တြင္ သံုးေလးငါးရက္ေနရန္ ကၽြန္ေတာ္ စိတ္ကူးသည္။ ႏွင္းရင္ရင္က …
“ သမီးေလးကို ေအာက္ေမ့တယ္ ”
အေမတို႔က သူ႔စကားကို အဟုတ္ထင္ၾကမည္။ ေတာရပ္ ေတာရြာနံ႕ကို ေခါင္းကိုက္သည္ဟု ေရာက္ၿပီးခဏတြင္ သူ ေျပာထားသည္။ ကေလးကို သူႏို႔တိုက္သည္မဟုတ္၊ ႏို႔ဘူးတိုက္သည္။ သူထိန္းသည္မဟုတ္၊ နာနီကေလးထိန္းက ထိန္းသည္။ ဗိုလ္ခ်ဳပ္ေစ်းရွိ အသိမိတ္ေဆြေတြ၏ ဆိုင္ေတြသို႔ ေနကုန္သြားၿပီး ပစၥည္း၀ယ္ေသာသူ၊ ကၽြန္ေတာ့္ရံုးခန္းသို႔ ေလးနာရီအေရာက္လာၿပီး ရုပ္ရွင္ညပြဲၾကည့္ရန္ ေျပာေသာသူ၊ ကေလးႏွင့္သူ အေ၀းႀကီး။
“ မင္းမိန္းမက အပ်ိဳတုန္းကအတိုင္း ပိုျပည့္ၿပီး ပိုလွေတာင္ လွလာေသးတယ္၊ ခင္ၿမိဳင္နဲ႔ေတာ့ ကြာတာေပါ့ကြယ္၊ ဟိုကေလးမေလးလည္း မင္းကိုမရေပမယ့္ ကံတယ္မဆိုးလွေသးပါဘူး။ ခု သူယူတာ ဂ်ံဳေရာင္း၊ ဂ်ံဳ၀ယ္လုပ္ေနတဲ့ ေကာင္ေလး၊ ရြယ္တူပဲ။ အခ်မ္းသာႀကီးထဲကေတာ့ မဟုတ္ေသးဘူးေပါ့ ”
ႀကီးေတာ္ ေဒၚပြင့္က ႏွင္းရင္ရင္၏ ကြယ္ရာတြင္ ကၽြန္ေတာ့္ကို ေျပာျပသည္။
(၅)
အေမတို႔အိမ္သို႔ ေသာၾကာေန႔ ညေနရံုးဆင္းလွ်င္ ရရာကားျဖင့္ ကၽြန္ေတာ္သြားသည္။ အဆင္မေျပပါက စေနေန႔မနက္စာ စားၿပီးခ်ိန္တြင္ သြားသည္။ သံုးေလးနာရီ ၾကာၿပီးေနာက္ အေမတို႔အိမ္သို႔ေရာက္သည္။ အိမ္ေထာင္သက္ ရွစ္ႏွစ္၊ သမီးသူငယ္တန္း ေက်ာင္းတက္ခ်ိန္တြင္ ကၽြန္ေတာ္စိတ္ပင္ပန္းလာသည္။ ႏွင္းရင္ရင္၏ အထက္ေအာက္ ေမာင္ႏွမ ညီအစ္မေတြအားလံုး အိမ္ေထာင္ျပဳကုန္ၾကသည္။ ႏွစ္ေယာက္ကသာ အိမ္ခြဲသြားသည္။ က်န္ေလးေယာက္က တိုက္ႀကီးထဲတြင္ ကိုယ့္အခန္း၊ သူ႔အခန္း ေနၾက၍ အေနမက်ဥ္းက်ပ္။ ကိုယ့္စားအိုးႏွင့္ကိုယ္၊ ျပႆနာမွရွိ။
ႏွင္းရင္ရင္၏ အထက္အစ္မႏွင့္ ေအာက္ညီမသံုးဦးတို႔သည္ လင္ၿပိဳင္၀ါဒထူေထာင္သည္ႏွင့္အမွ် ကၽြန္ေတာ္ နားမသက္သာ။ စိတ္မသက္သာ။ ကံေကာင္းေထာက္မေသာေၾကာင့္ လစာ ရွစ္ရာမျပည့္ေသာ လက္ေထာက္ညႊန္ၾကားေရးမွဴးရာထူးရခဲ့သည္။ “ ကိုယ့္အမ်ိဳးသားက လထညႊန္မွဴးေလ ” ဟူေသာ ႏွင္းရင္ရင္ေျပာေနၾကအေျပာ။ “ ကၽြန္မေယာက်္ားက ဆရာ၀န္၊ အစိုးရအလုပ္မလုပ္ခ်င္လို႔ ေဆးခန္းဖြင့္ထားတာ၊ သိပ္ေဆးလိုက္တာ၊ တစ္ေန႔ တစ္ေထာင္ေအာက္ထစ္ ” ဟူေသာ သူ႔အစ္မ၏အသံ၊ “ ကၽြန္မ အမ်ိဳးသားက ဂ်ပန္သေဘၤာလိုင္းကို ေျပာင္းလုိက္တယ္။ စကၠင္းေအာ္ဖစ္ဆာ စာေမးပြဲေျဖထားတယ္။ ဆြီဒင္လိုင္းကိုကူးဖို႔၊ အခု ကားပို႔တာ ႏွစ္စီး ” ဟူေသာ ညီမ၏ အေျပာ။ “ တို႔အမိ်ဳးသားက အေရွ႕အလယ္ပိုင္း ကုလရံုးမွာ၊ အဲဒီကေန တိုက်ိဳကိုေျပာင္းမယ္၊ တို႔လိုက္ဖို႔ စီစဥ္ထားတာ ပတ္စ္ပို႔ရေတာ့မယ္ ” ဟူေသာ သူ႔ညီမအငယ္ဆံုး၏ စကား။
“ ၾကားလား ေမာင္၊ ရင္တို႔ကို ရိတာ၊ အစိုးရကားနဲ႔ မိန္းမေစ်းသြားတာ လိုက္ပို႔တာေတြ ဘာေတြဟာတဲ့၊ အစိုးရေငြ ျဖဳန္းတီးတာတဲ့။ တိုင္းျပည္ေငြ အစိုးရေငြတဲ့၊ ကိုယ္ပိုင္ကား၀ယ္ဖို႔ ႀကိဳးစားပါေမာင္ရာ၊ သူတို႔က ညီအစ္မစိတ္မရွိၾကဘူး။ ၿပိဳင္ေနတာ၊ ေမာင့္ လို ဂုဏ္သေရရွိလူႀကီးရဲ႕ မယားမျဖစ္ရလို႔ မနာလိုေနၾကတာေတြေလ ”
အေပၚဆံုးၾကယ္သီး ထက္ျခမ္းကြဲေနသည္ကို မျမင္ေယာင္ေဆာင္ၿပီး ႏွင္းရင္ရင္ ေျပာသည္။ ရံုးသြားခါနီးတြင္မွ ထိုင္းေနေသာ ပုဆိုးကို မီးပူ အပူျမွင့္ၿပီး တိုက္ထားေသာေၾကာင့္ အ၀တ္မွာ အေငြ႕ျပန္လ်က္ရွိ၏။ ျမန္ျမန္ေသြ႕ေျခာက္ေအာင္ ျဖန္႔ၿပီး ခါေနသူ ကၽြန္ေတာ္က …..
“ ေအးပါ၊ ျဖစ္လာမွာပါ မိန္းမရာ ” သူ မျမင္ေအာင္ သက္ျပင္းခ်ရေလသည္။
(၆)
ခင္ၿမိဳင္က ကေလးတစ္ဖက္ႏွင့္ အလုပ္လုပ္သည့္အေၾကာင္း၊ ဂ်ံဳေရာင္း ဂ်ံဳ၀ယ္သာမက အလွကုန္ အ၀တ္အထည္ကိုပါ ၿမိဳ႕နီးခ်ဳပ္စပ္သို႔ သြားေရာင္းတတ္ေၾကာင္း၊ ႏွစ္ႏွစ္ သံုးႏွစ္အတြင္း၌ပင္ အေ၀းေျပးကားဂိတ္ရွိ ဆိုင္တစ္ဆိုင္ ၀ယ္ႏိုင္ေၾကာင္း အေမေျပာျပသည္။ ဒုတိယကေလး ေမြးၿပီးခ်ိန္၌ ကေလးက အက်ိဳးေပး၍လား၊ ခင္ၿမိဳင္ႀကိဳးစား၍လား မေျပာႏိုင္။ စီးပြားတရိပ္ရိပ္ တက္လာေၾကာင္း၊ ေဒါ့ဂ်စ္တစ္စီး ၀ယ္ထားၿပီျဖစ္ေၾကာင္း လူမႈေရး လွဴေရး၊ တန္းေရး သိတတ္ေၾကာင္း၊ ခင္ၿမိဳင့္ေယာက္်ားသည္ ခင္ၿမိဳင္နည္းတူ ႀကိဳးစားေၾကာင္း၊ ရိုးသားေၾကာင္း အေဖေျပာသည္။
ကၽြန္ေတာ့္ အိမ္ေထာင္သက္ ဆယ့္ေလးႏွစ္တြင္ ခင္ၿမိဳင္တို႔မိသားစုသည္ ေရႊဂံုတိုင္ဘက္တြင္ ျခံ၀ယ္ၿပီး တိုက္ေဆာက္သည္။ ခင္ၿမိဳင္သည္ ကၽြန္ေတာ့္ရံုးသို႔ လာလည္သည္။ အိမ္သို႔ လာလည္သည္။ ဘာမွ်မၾကာဟု ထင္ရေသာအခ်ိန္အေတာအတြင္း၌ ခင္ၿမိဳင္သည္ တျဖည္းျဖည္းေျပာင္းလဲမွန္းမသိ ေျပာင္းလဲလာ၍ျဖစ္မည္။ မွတ္မွတ္ထင္ထင္ သတိမထားမိ။ ႏွင္းရင္ရင္ ကိုးကြယ္ေနေသာဆရာက ေယာက္်ားရာထူးတိုးတက္ရန္ ဇနီးျဖစ္သူတြင္ န၀ရတ္ကိုးသြယ္လက္စြပ္၀တ္ထားရမည္ဟု ဓာတ္စကားဆိုေသာေၾကာင့္ မခင္ၿမိဳင္ထံ ဆက္သြယ္ရသည္။ ရတနာကုန္သည္ တစ္ပိုင္းျဖစ္ေနေသာ မခင္ၿမိဳင္က ကၽြန္ေတာ္တို႔အိမ္သို႔ လာလည္သည္။
ဂြမ္းကပ္ဘူးေတြ ထုတ္ျပသည္။
မခင္ၿမိဳင္သည္ အသားအေတာ္ျဖဴလာသည္။ သင့္တင့္ေလ်ာက္ပတ္စြာ ၿဖီးလိမ္းထားေသာေၾကာင့္ ခန္႔ေန၊ လွေနသည္။ ေက်းေတာသူဟု က်ိန္တြယ္ၿပီး ေျပာသည့္တိုင္ ယံုႏိုင္ဖြယ္မွရိေတာ့ေသာ ရုပ္ရည္၊ အလုပ္ႏွင့္လက္ မျပတ္ေအာင္ အလုပ္လုပ္ႏိုင္ေသာသူ၊ အိမ္တြင္အိမ္ေဖာ္မထား၊ ကေလးထိန္းမထားဟု သိရသည္။ ရင္တို႔ကေတာ့ ေမြးကတည္းက အိမ္ေဖာ္နာနီနဲ႔ဆိုေတာ့ အက်င့္ပါေနတာခက္တယ္ဟု ကၽြန္ေတာ့္မိန္းမက ေျပာသည္။
“ ၾကည့္ေလ၊ ရင္ရင္ ႀကိဳက္တာ ယူေပါ့ ”
သူေရြးၿပီးေသာအခါ မခင္ၿမိဳင္က ကက္ဆီယို ဂဏန္းတြက္စက္ျဖင့္ ပစၥည္းဖိုးတြက္သည္။ တစ္ေထာင္ေက်ာ္၊ ဆယ္စြန္းသည္။ ႏွင္းရင္ရင္ ေငြမျပည့္၊ ကၽြန္ေတာ့္ကို ေမာင့္ေငြျဖည့္ဟု ေျပာသည္။ လက္ဖက္ရည္မေသာက္၊ ေဆးလိပ္ျဖတ္ၿပီး စုခဲ့ရေသာ ေငြထဲက ေလးရာေက်ာ္ ေပးခဲ့ရသည္။ အနီေရာ၊ အျပာေရာ တစ္ဆင္စာရွိတယ္။ လိုခ်င္ အရင္းနဲ႔ယူ၊ ဖဲ့ေပးလည္း ရတယ္ဟု မခင္ၿမိဳင္က ပတ္ဘလစ္ကာကားကို စက္ႏိႈးရင္းလိုက္ပို႔ေသာ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို ေျပာေလ၏။ ကၽြန္ေတာ္ မ်က္လံုးျပဴးသြားရသည္။
အားလံုးစုေနေသာ တိုက္ျဖစ္ေသာေၾကာင့္ ျခံစည္းရိုးျပင္ဆင္ခ၊ တိုက္ေဆးသုတ္ခ၊ ေရပိုက္ျပင္ခ၊ ၾကမ္းခင္းအေရာင္တင္ခ၊ တယ္လီဖုန္းခ၊ လွ်ပ္စစ္မီးခ အခ်ိဳးက်ထည့္ရေသာစရိတ္ေတြ ရွင္းရခါနီးတြင္ အနီအျပာ တစ္ဆင္စာဒုကၡကို ေသြးလန္႔ေနသည္။ အေမတို႔ထံတြင္ လက္ျဖန္႔ရလြန္း၍ လက္ေကာက္၀တ္ ဆတ္ေခါက္လိုက္ခဲ့ေပၿပီ။
အိမ္ကိစၥအားလံုးကို ကၽြန္ေတာ္ခ်ည္းတာ၀န္ယူရ၊ ကေလးေက်ာင္းပို႔ ေစ်း၀ယ္၊ ကေလးေတြ စာစစ္၊ ညႏွင့္ အားလပ္ရက္တြင္ ကားအငွားလိုက္ေမာင္း၊ ပစၥည္း၀ယ္ေရာင္းပြဲစားတစ္ပိုင္း၊ ကၽြန္ေတာ္သည္ အိမ္ရွင္ထီးျဖစ္မွန္းမသိ ျဖစ္လာခ်ိန္တြင္ မခင္ၿမိဳင္ကို သတိရသည္။
မည္သူ၏ လက္သူၾကြယ္တြင္ ကိုးမ်ိဳးေသာ ရတနာလက္စြပ္၀တ္ထိုက္သည္ကိုပါ မဆီမဆိုင္ ေတြးေနမိေလသည္။
ၿငိမ္းေက်ာ္
ရင္ခုန္ပြင့္မဂၢဇင္း အမွတ္(၁၃)၊ ေအာက္တိုဘာလ၊ ၁၉၈၇

Unicode Version
“ နဝရတ်ကိုးသွယ် စီခြယ်အပ်သည်ကား ”

(၁)
ကြီးတော်ဒေါ်ပွင့်က ကျွန်တော့်ကို လှမ်းကြည့်ပြီး “ ဘယ်လို သဘောရသတုန်း ” ဟု မေးသည်။ ကျွန်တော်မဖြေသေး။ အမေနှင့် အဖေတို့ကို လှမ်းကြည့်လိုက်သည်။ အဖေသည် ဆေးပေါ့လိပ်တိုကို မီးညှိသည်။ အမေက ပြောင်းဖူးဖက်ဆေးပေါ့လိပ်ထိပ်ကို ရှေ့သွားဖြင့်ကိုက်ပြီးနောက် အဖေ့ မီးခြစ်အလာကိုစောင့်၏။ အဖေက မီးတို့ပေးနေစဉ်….
“ စဉ်းစားကြသေးတာပေါ့၊ ကြီးတော်ရယ် ”
ကြီးတော်သည် ဧည့်သည်တွေ တစ်ဇွန်း နှစ်ဇွန်းစားသွားသော လက်ဖက်အစ်ကို လှမ်းယူသည်။ လက်ဖက်သားကို ဇွန်းဖျားဖြင့် ခပ်ယူမြုံ့ရင်း…..
“ မခင်မြိုင်က အတော်ရိုးပါတယ်။ ကြီးတော်တို့ကတော့ မင်းနဲ့ ရှေ့သွားနောက်လိုက်ညီတယ်လို့ထင်တယ်။ သူ့မိဘကလဲရိုးရိုး၊ မောင်နှမသားချင်းကလည်း နှစ်ယောက်၊ သူ့အစ်မက သူ့အိမ်ထောင်နဲ့သူ၊ ရုတ်တရက် ကြည့်ရင်တော့ မြို့သူလို အချောအလှ မဟုတ်ဘူး။ ဒါပေမဲ့ ညိုချော၊ နဂိုရှိတယ်။ ပြင်ဆင်လိုက်ရင် အကြည့်ခံတယ် ”
“ သူ အတန်းကျောင်း ဘယ်လောက်အထိ နေခဲ့ဖူးလဲ ကြီးတော် ”
“ ခုနှစ်တန်းအောင်တယ်၊ မိန်းကလေးပဲ။ ဒီလောက်ဆို တော်ပြီ၊ အိမ်မှုကိစ္စ၊ ချက်ရေးပြုတ်ရေး ဘာမှလှည့်မကြည့်ရဘူး။ အနေအထိုင်တော်တယ်၊ မင်းနဲ့သာ စိမ်းတိမ်းတိမ်း၊ မင်းမိဘနဲ့က ရင်းနေပြီ။ မနှစ်ကတည်းက မင်းဘွဲ့ရပြီး အလုပ်ရလို့ မြို့မှာသွားကတည်းက၊ အင်း … တစ်နှစ်ခွဲလောက်တောင်ရှိပြီ ”
ကြီးတော်သည် ကျွန်တော့်ကို မခင်မြိုင်နှင့် နေရာချပေးချင်သည်။ အမေတို့ကို ပြောပြသည်။ “ ကိုယ့်တူကိုယ်ပြောပေါ့၊ ကျုပ်တို့ကတော့ ဘာပြောတတ်မှာတုန်း၊ ဆိုင်နဲ့အိမ်၊ အိမ်နဲ့ဆိုင် ” ဟု အမေပြောခဲ့သည်။ “ မိန်းကလေးတွေရဲ့မိဘတွေကို တီးခေါက်ကြည့်မယ် ” ဟု ကြီးတော်ပြောသည်။ “ ခင်ဗျာ့သဘောပါပဲ မရီးရာ ” ဟု အဖေက အာဏာကုန်လွှဲခဲ့သည်။ ကျွန်တော့်ကိုပြောခါနီးတွင် ကြီးတော်က “ မင်းမြို့မှာ ရည်းစားသနံရှိနေလား ” ဟု မေးသည်။ “ မရှိပေါင်ဗျာ ” ဟု ကျွန်တော်ဖြေသည်။ ထိုအခါ “ ဒါဖြင့် ငါတို့သင့်ရာစီမံမယ် ” ဟု ပြောလေသည်။ အိမ်ထောင်ရေးကို စိတ်မကူးမိသော ကျွန်တော်က “ သဘောပဲဗျာ ” ဟု လွယ်လွယ်ပြောခဲ့သည်။
“ ဟိုကလည်း ဒေါ်အုံးမယ်သဘောလို့ ပြောလို့ တွေ့ဆုံဖို့ စီစဉ်ပြီးပြီ ” ဟု ကြီးတော် ဝမ်းသာအားရပြောသည်။ ထို့နောက် မိန်းကလေးအိမ်ဆီသို့ အလည်အပတ်သွားရန် ကျွန်တော်တို့မိသားစုကို ခေါ်သည်။ ကျွန်တော်တို့ ဦးစွာသွားရောက်ပြီးနောက် မခင်မြိုင်တို့မိသားစုက ကနေ့လာလည်ကြသည်။ မခင်မြိုင်သည် ကြီးတော်နှင့် သိကျွမ်းသည်မှစကာ ကျွန်တော်တို့အိမ်သို့ မကြာခဏလာလည်သည်။ မြို့မှာ အလုပ်သွားလုပ်နေသော ကျွန်တော်နှင့်ကား မဆုံဖြစ်ခဲ့။
“ သူ ဘာလုပ်လဲ ကြီးတော် ”
“ သူ့မိဘတွေက ယာထွက်ပစ္စည်းကောက်တယ်လေ။ အဲဒီအလုပ် သူကူလုပ်တာပေါ့ ” ဟု ကြီးတော်က ကျွန်တော့်ကို ဖြေလေသည်။
“ မခင်မြိုင် အသက်ဘယ်လောက်ရှိလဲ ”
“ မင်းထက်တော့ ငယ်တာပေါ့၊ ဆယ့်ကိုးနှစ်လောက်ရှိမယ်။ ခြောက်နှစ်၊ ခုနှစ်နှစ်ငယ်ပေမဲ့ သူက ကိုယ်လုံးကိုယ်ပေါက်ရှိတယ်။ သူ့အရပ်နဲ့သူ ကြည့်ကောင်းပြီးသား၊ သေသေချာချာကြည့် …. ကတော်ရုပ် ”
မခင်မြိုင်ကို လေ့တော့ လေ့လာခဲ့သည်။ နှစ်ဦးချင်း စကားတော့ မပြောဖူးသေး။ ကျွန်တော့်ကို ရှက်ရွံ့ရွံ့ဖြစ်နေပုံရသည်။ အေးတိအေးစက်နေတတ်သည်ဟု ထင်သည်။ ကျွန်တော်သဘောကျသော ဖျတ်လတ်တက်ကြွမှုမျိုး မတွေ့ရ။ အပြုံးအရယ် နည်းပါးသည်။ သွက်လက်ချက်ချာမှုမရှိဟု ကျွန်တော်တွက်သည်။ ကြီးတော်တို့ အမေတို့၏ အမြင်တွင် ညိုချောဟုဆိုသော်လည်း ကျွန်တော့်အမြင်တွင် ရွက်ကြမ်းရေကျို။
ကျွန်တော် အလုပ်လုပ်နေသောရုံးတွင် အမျိုးသားတွေ စိတ်မဝင်စားဆုံး အမျိုးသမီးသမီးတစ်ယောက်ကို ပြေးပြီး သတိရသည်။ သူတစ်ပါး၏ စိတ်ဝင်စားမှုကို အလှအပဖြင့် ဆွဲဆောင်ရန် ကြိုးစားလွန်းသောကြာင့် ‘ မလှချင် ’ ဟု အမည်ဝှက်ပေးထားခြင်းခံရသော အမျိုးသမီး။ ကိုယ်ခန္ဓာအချိုးအဆစ်လှပသည်၊ မျက်နှာကျ ကြည့်ကောင်းသည်။ သို့သော် ဆွဲဆောင်မှုသတ္တိ မစုံလင်သကဲ့သို့ ရှိနေသည်။
‘ မလှချင် ’ သည်ပင် မခင်မြိုင်ထက် ပို၍ လှနေသေးသည်။

(၂)
နှစ်ယောက်ချင်းထိုင်ကာ စကားပြောဖြစ်ခဲ့သည်။ သူတို့ အိမ်ဝိုင်းထဲက မန်ကျည်းပင်အောက်ရှိ ဝါးကွပ်ပျစ်တွင် အတူထိုင်ကာ စကားစမြည် ပြောခဲ့သည်။ သူ့အမူအရာသည် တုံ့တုံ့ဆိုင်းဆိုင်း၊ အရှက်သည် လိုသည်ထက်ပို၍ စကားမစည်။ သနပ်ခါးဘဲကျား မျက်နှာကြောင့် အလှအပရှာ၍မရ။ သူ့ကိုကြည့်သော်လည်း ကျွန်တော်ရင်မခုန်မိ။ စိတ်လှုပ်ရှားစရာကင်းမဲ့သော အရုပ်နှင့် တွေ့ဆုံရသကဲ့သို့ ဖြစ်နေသည်။ သူ့မှာသာ တုန်တုန်ယင်ယင်ဖြစ်နေသည်။ ကျွန်တော့်မှာ မထူးခြား။
အိမ်ထောင်ရေး စကားပြောချင်စိတ် ပေါ်မလာ။ ထို့ကြောင့် လူကြီးတွေ စီစဉ်တာ မခင်မြိုင် ဘယ်လိုသဘောရလဲ။ ကို့ကို ဘယ်လိုသဘောထားလဲ၊ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ထားသလဲတွေ ကျွန်တော်မပြောမိတော့။
အသိမိတ်ဆွေကဲ့သို့သော သဘောထားပြီး ကျွန်တော်ပြန်လာခဲ့သည်။ မဖြစ်နိုင်ပါဘူး အမေရာဟု အမေတို့ကို ကျွန်တော်ပြောခဲ့သည်။ မင်းယူရမှာ မင်းသဘောပေါ့ကွာဟု အဖေပြောသည်။ ဘာကို မကြိုက်တာလဲဟု ကြီးတော်ကမေးသည်။
“ ရေစက်မရှိသူကို တွေ့ရသလိုပဲ ”
“ ကလေးမလေးက တော်တယ်နော်၊ စီးပွားရေးလည်း လာဘ်မြင်တတ်ပြီး၊ ယောက်ျားကို ရိုကျိုးတဲ့ မျိုးရိုးကွယ့်၊ ပြန်မပြော နားမထောင်၊ ခေါင်းကြောမာမာ မဟုတ်ဘူး။ လင်ပြောသမျှ ပုတ်သင်ညိုလို ခေါင်းညိတ်ပြီး ကိုယ့်ခြေကိုယ့်လက် မလှုပ်တတ်တာမျိုးလည်း မဟုတ်ဘူး။ မြို့သူနဲ့စာရင်တော့ ခုနေတော့ နုံတုံတုံပေါ့။ ပင်ကိုထက်တယ်၊ ချိန်ဦး … စိုးဌေး ” ။ ပြန်ပြောရလျှင် အချေအတင်တွေသာဖြစ်မည်။ သဘောကျသူအနေနှင့် သော်လည်းကောင်း လူပကတိသာမက အရိပ်ကအစ အကောင်းအတော်။ သဘောကျရန် ခဲယဉ်းနေသူအဖို့သော် စောဒကတက်စရာချည်း။
“ ဇနီးတော်ဖို့ သူ့ကို စိတ်ကူးမရဘူး ကြီးတော် ”
ကြီးတော် စိတ်ပျက်သွားသည့်မျက်နှာကို ခုတိုင် မှတ်မိလျက်ရှိလေသည်။

(၃)
နှင်းရင်ရင်နှင့် ကျွန်တော် လက်ထပ်ရန် ဆုံးဖြတ်ပြီးသောအခါ အဖေနှင့် အမေကို ကျွန်တော် ငှားနေရာအိမ်သို့ အလည်လာရန် စီစဉ်ရသည်။ ကျွန်တော်က နှင်းရင်ရင်ကို အိမ်သို့ခေါ်သည်။ အိမ်မှာ ပထမဦးဆုံးဆုံပြီးနောက် နှင်းရင်ရင်တို့၏အိမ်သို့ အမေတို့ကို ခေါ်ရသည်။ အမေနှင့်အဖေသည် ဝင်းကြီးခြံကြီးထဲသို့ဝင်ရန် ခြေရွံ့နေမှန်း ကျွန်တော်သိသည်။ နှင်းရင်ရင်မိဘ၏ တိုက်ကြီးထဲသို့ လှမ်းဝင်ကြသော ခြေလှမ်းတွေက မဝံ့တဝံ့။ ခမည်းခမက်တွေချင်း တွေ့ဆုံသော ပထမပွဲသည် အရေးလှခဲ့သည်။
နှင်းရင်ရင်၏ အစ်မနှင့် ဒေါ်ဒေါ်တို့က အမေတို့အိမ်သို့ အလည်လိုက်ကြသည်။ တောကြေးရတတ်အိမ်၊ သုံးပင်ငါးပင်ခြေတံရှည်၊ ပျဉ်ထောင်သွပ်မိုး၊ ကျွန်းလုံးတိုင်ထူအိမ်၊ နှင်းရင်ရင်သည် ရောက်စမို့ ကျေးလက်အငွေ့အသက်တွေကို ထူးဆန်းပြီး သဘောကျနေ၏။ နှင်းရင်ရင်တို့ ပြန်သွားသောအခါ အမေက ……
“ သူ ဒီမှာနေနိုင်တာအံ့ရော၊ သူတို့နေတာထိုင်တာနဲ့ ဘာမှမဆိုင်ဘူး။ နောက်ချေးနံ့၊ နှမ်းဖတ်နံ့၊ ဝက်စာ ကြက်စာနံ့တွေ ခံနိုင်တယ်။ ဒီကလေးမ အဆင့်အတန်းနဲ့ မင်းလိုက်နေပြီး သူ့အဆင့်အတန်းအတိုင်း မိဘလက်ထဲမှာလို ထားရမှာ ”
“ သူကြိုက်ရင် သူရှာပေါ့၊ သူ ရှာဖွေကျွေးပေါ့၊ ဆင်ပေါ့၊ ထားပေါ့ ”
အဖေက သဘာဝစကား ပြောသည်။
ကျွန်တော်နှင့် နှင်းရင်ရင် လက်ထပ်သောအခါ မြို့သညာသာ ရှိလင့်ကစား ရွာကြီးတစ်ရွာသာဖြစ်သော ကျွန်တော့် ဇာတိအရပ်က တစ်ယောက်ချင်းမလာနိုင်။ ငါးဦးကော်မတီ လူကြီးငါးဦး၊ ပဲသူဌေး၊ နှမ်းသူဌေး၊ ငရုတ်သူဌေး၊ လေးငါးဦးသာ လာနိုင်ကြသည်။ လက်ဖွဲ့ပစ္စည်းတွေကို ထိုလူကြီးတွေမှတစ်ဆင့် လူကြုံပါးသည်။
မခင်မြိုင်တို့ မိသားစုက ပင်နီတစ်အုပ်၊ ပင်ဖြူတစ်အုပ်၊ အညာစောင်ခြောက်ထည် လက်ဖွဲ့သည်ကို ခုတိုင် မှတ်မှတ်ရရရှိနေ၏။
မခင်မြိုင်သည် နောက်သုံးနှစ်သာသာတွင် ယောက်ျားယူသည်။ သူ့မင်္ဂလာဆောင်သို့ ကျွန်တော်တို့လင်မယား သွားကြသည်။ မခင်မြိုင်၏ အိမ်တွင် ဧည့်ခံသည်။ နှင်းရင်ရင်သည် ထိုမင်္ဂလာဆောင်သို့ ခြောက်ယောက်စာ ထမင်းစားပန်းကန်တစ်စုံ လက်ဖွဲ့သည်။ မင်္ဂလာဆောင်ကို အကြောင်းပြုပြီး အမေတို့အိမ်တွင် သုံးလေးငါးရက်နေရန် ကျွန်တော် စိတ်ကူးသည်။ နှင်းရင်ရင်က …
“ သမီးလေးကို အောက်မေ့တယ် ”
အမေတို့က သူ့စကားကို အဟုတ်ထင်ကြမည်။ တောရပ် တောရွာနံ့ကို ခေါင်းကိုက်သည်ဟု ရောက်ပြီးခဏတွင် သူ ပြောထားသည်။ ကလေးကို သူနို့တိုက်သည်မဟုတ်၊ နို့ဘူးတိုက်သည်။ သူထိန်းသည်မဟုတ်၊ နာနီကလေးထိန်းက ထိန်းသည်။ ဗိုလ်ချုပ်ဈေးရှိ အသိမိတ်ဆွေတွေ၏ ဆိုင်တွေသို့ နေကုန်သွားပြီး ပစ္စည်းဝယ်သောသူ၊ ကျွန်တော့်ရုံးခန်းသို့ လေးနာရီအရောက်လာပြီး ရုပ်ရှင်ညပွဲကြည့်ရန် ပြောသောသူ၊ ကလေးနှင့်သူ အဝေးကြီး။
“ မင်းမိန်းမက အပျိုတုန်းကအတိုင်း ပိုပြည့်ပြီး ပိုလှတောင် လှလာသေးတယ်၊ ခင်မြိုင်နဲ့တော့ ကွာတာပေါ့ကွယ်၊ ဟိုကလေးမလေးလည်း မင်းကိုမရပေမယ့် ကံတယ်မဆိုးလှသေးပါဘူး။ ခု သူယူတာ ဂျုံရောင်း၊ ဂျုံဝယ်လုပ်နေတဲ့ ကောင်လေး၊ ရွယ်တူပဲ။ အချမ်းသာကြီးထဲကတော့ မဟုတ်သေးဘူးပေါ့ ”
ကြီးတော် ဒေါ်ပွင့်က နှင်းရင်ရင်၏ ကွယ်ရာတွင် ကျွန်တော့်ကို ပြောပြသည်။

(၅)
အမေတို့အိမ်သို့ သောကြာနေ့ ညနေရုံးဆင်းလျှင် ရရာကားဖြင့် ကျွန်တော်သွားသည်။ အဆင်မပြေပါက စနေနေ့မနက်စာ စားပြီးချိန်တွင် သွားသည်။ သုံးလေးနာရီ ကြာပြီးနောက် အမေတို့အိမ်သို့ရောက်သည်။ အိမ်ထောင်သက် ရှစ်နှစ်၊ သမီးသူငယ်တန်း ကျောင်းတက်ချိန်တွင် ကျွန်တော်စိတ်ပင်ပန်းလာသည်။ နှင်းရင်ရင်၏ အထက်အောက် မောင်နှမ ညီအစ်မတွေအားလုံး အိမ်ထောင်ပြုကုန်ကြသည်။ နှစ်ယောက်ကသာ အိမ်ခွဲသွားသည်။ ကျန်လေးယောက်က တိုက်ကြီးထဲတွင် ကိုယ့်အခန်း၊ သူ့အခန်း နေကြ၍ အနေမကျဉ်းကျပ်။ ကိုယ့်စားအိုးနှင့်ကိုယ်၊ ပြဿနာမှရှိ။
နှင်းရင်ရင်၏ အထက်အစ်မနှင့် အောက်ညီမသုံးဦးတို့သည် လင်ပြိုင်ဝါဒထူထောင်သည်နှင့်အမျှ ကျွန်တော် နားမသက်သာ။ စိတ်မသက်သာ။ ကံကောင်းထောက်မသောကြောင့် လစာ ရှစ်ရာမပြည့်သော လက်ထောက်ညွှန်ကြားရေးမှူးရာထူးရခဲ့သည်။ “ ကိုယ့်အမျိုးသားက လထညွှန်မှူးလေ ” ဟူသော နှင်းရင်ရင်ပြောနေကြအပြော။ “ ကျွန်မယောကျ်ားက ဆရာဝန်၊ အစိုးရအလုပ်မလုပ်ချင်လို့ ဆေးခန်းဖွင့်ထားတာ၊ သိပ်ဆေးလိုက်တာ၊ တစ်နေ့ တစ်ထောင်အောက်ထစ် ” ဟူသော သူ့အစ်မ၏အသံ၊ “ ကျွန်မ အမျိုးသားက ဂျပန်သင်္ဘောလိုင်းကို ပြောင်းလိုက်တယ်။ စက္ကင်းအော်ဖစ်ဆာ စာမေးပွဲဖြေထားတယ်။ ဆွီဒင်လိုင်းကိုကူးဖို့၊ အခု ကားပို့တာ နှစ်စီး ” ဟူသော ညီမ၏ အပြော။ “ တို့အမျိုးသားက အရှေ့အလယ်ပိုင်း ကုလရုံးမှာ၊ အဲဒီကနေ တိုကျိုကိုပြောင်းမယ်၊ တို့လိုက်ဖို့ စီစဉ်ထားတာ ပတ်စ်ပို့ရတော့မယ် ” ဟူသော သူ့ညီမအငယ်ဆုံး၏ စကား။
“ ကြားလား မောင်၊ ရင်တို့ကို ရိတာ၊ အစိုးရကားနဲ့ မိန်းမဈေးသွားတာ လိုက်ပို့တာတွေ ဘာတွေဟာတဲ့၊ အစိုးရငွေ ဖြုန်းတီးတာတဲ့။ တိုင်းပြည်ငွေ အစိုးရငွေတဲ့၊ ကိုယ်ပိုင်ကားဝယ်ဖို့ ကြိုးစားပါမောင်ရာ၊ သူတို့က ညီအစ်မစိတ်မရှိကြဘူး။ ပြိုင်နေတာ၊ မောင့် လို ဂုဏ်သရေရှိလူကြီးရဲ့ မယားမဖြစ်ရလို့ မနာလိုနေကြတာတွေလေ ”
အပေါ်ဆုံးကြယ်သီး ထက်ခြမ်းကွဲနေသည်ကို မမြင်ယောင်ဆောင်ပြီး နှင်းရင်ရင် ပြောသည်။ ရုံးသွားခါနီးတွင်မှ ထိုင်းနေသော ပုဆိုးကို မီးပူ အပူမြှင့်ပြီး တိုက်ထားသောကြောင့် အဝတ်မှာ အငွေ့ပြန်လျက်ရှိ၏။ မြန်မြန်သွေ့ခြောက်အောင် ဖြန့်ပြီး ခါနေသူ ကျွန်တော်က …..
“ အေးပါ၊ ဖြစ်လာမှာပါ မိန်းမရာ ” သူ မမြင်အောင် သက်ပြင်းချရလေသည်။

(၆)
ခင်မြိုင်က ကလေးတစ်ဖက်နှင့် အလုပ်လုပ်သည့်အကြောင်း၊ ဂျုံရောင်း ဂျုံဝယ်သာမက အလှကုန် အဝတ်အထည်ကိုပါ မြို့နီးချုပ်စပ်သို့ သွားရောင်းတတ်ကြောင်း၊ နှစ်နှစ် သုံးနှစ်အတွင်း၌ပင် အဝေးပြေးကားဂိတ်ရှိ ဆိုင်တစ်ဆိုင် ဝယ်နိုင်ကြောင်း အမေပြောပြသည်။ ဒုတိယကလေး မွေးပြီးချိန်၌ ကလေးက အကျိုးပေး၍လား၊ ခင်မြိုင်ကြိုးစား၍လား မပြောနိုင်။ စီးပွားတရိပ်ရိပ် တက်လာကြောင်း၊ ဒေါ့ဂျစ်တစ်စီး ဝယ်ထားပြီဖြစ်ကြောင်း လူမှုရေး လှူရေး၊ တန်းရေး သိတတ်ကြောင်း၊ ခင်မြိုင့်ယောက်ျားသည် ခင်မြိုင်နည်းတူ ကြိုးစားကြောင်း၊ ရိုးသားကြောင်း အဖေပြောသည်။
ကျွန်တော့် အိမ်ထောင်သက် ဆယ့်လေးနှစ်တွင် ခင်မြိုင်တို့မိသားစုသည် ရွှေဂုံတိုင်ဘက်တွင် ခြံဝယ်ပြီး တိုက်ဆောက်သည်။ ခင်မြိုင်သည် ကျွန်တော့်ရုံးသို့ လာလည်သည်။ အိမ်သို့ လာလည်သည်။ ဘာမျှမကြာဟု ထင်ရသောအချိန်အတောအတွင်း၌ ခင်မြိုင်သည် တဖြည်းဖြည်းပြောင်းလဲမှန်းမသိ ပြောင်းလဲလာ၍ဖြစ်မည်။ မှတ်မှတ်ထင်ထင် သတိမထားမိ။ နှင်းရင်ရင် ကိုးကွယ်နေသောဆရာက ယောက်ျားရာထူးတိုးတက်ရန် ဇနီးဖြစ်သူတွင် နဝရတ်ကိုးသွယ်လက်စွပ်ဝတ်ထားရမည်ဟု ဓာတ်စကားဆိုသောကြောင့် မခင်မြိုင်ထံ ဆက်သွယ်ရသည်။ ရတနာကုန်သည် တစ်ပိုင်းဖြစ်နေသော မခင်မြိုင်က ကျွန်တော်တို့အိမ်သို့ လာလည်သည်။
ဂွမ်းကပ်ဘူးတွေ ထုတ်ပြသည်။
မခင်မြိုင်သည် အသားအတော်ဖြူလာသည်။ သင့်တင့်လျောက်ပတ်စွာ ဖြီးလိမ်းထားသောကြောင့် ခန့်နေ၊ လှနေသည်။ ကျေးတောသူဟု ကျိန်တွယ်ပြီး ပြောသည့်တိုင် ယုံနိုင်ဖွယ်မှရိတော့သော ရုပ်ရည်၊ အလုပ်နှင့်လက် မပြတ်အောင် အလုပ်လုပ်နိုင်သောသူ၊ အိမ်တွင်အိမ်ဖော်မထား၊ ကလေးထိန်းမထားဟု သိရသည်။ ရင်တို့ကတော့ မွေးကတည်းက အိမ်ဖော်နာနီနဲ့ဆိုတော့ အကျင့်ပါနေတာခက်တယ်ဟု ကျွန်တော့်မိန်းမက ပြောသည်။
“ ကြည့်လေ၊ ရင်ရင် ကြိုက်တာ ယူပေါ့ ”
သူရွေးပြီးသောအခါ မခင်မြိုင်က ကက်ဆီယို ဂဏန်းတွက်စက်ဖြင့် ပစ္စည်းဖိုးတွက်သည်။ တစ်ထောင်ကျော်၊ ဆယ်စွန်းသည်။ နှင်းရင်ရင် ငွေမပြည့်၊ ကျွန်တော့်ကို မောင့်ငွေဖြည့်ဟု ပြောသည်။ လက်ဖက်ရည်မသောက်၊ ဆေးလိပ်ဖြတ်ပြီး စုခဲ့ရသော ငွေထဲက လေးရာကျော် ပေးခဲ့ရသည်။ အနီရော၊ အပြာရော တစ်ဆင်စာရှိတယ်။ လိုချင် အရင်းနဲ့ယူ၊ ဖဲ့ပေးလည်း ရတယ်ဟု မခင်မြိုင်က ပတ်ဘလစ်ကာကားကို စက်နှိုးရင်းလိုက်ပို့သော ကျွန်တော်တို့နှစ်ယောက်ကို ပြောလေ၏။ ကျွန်တော် မျက်လုံးပြူးသွားရသည်။
အားလုံးစုနေသော တိုက်ဖြစ်သောကြောင့် ခြံစည်းရိုးပြင်ဆင်ခ၊ တိုက်ဆေးသုတ်ခ၊ ရေပိုက်ပြင်ခ၊ ကြမ်းခင်းအရောင်တင်ခ၊ တယ်လီဖုန်းခ၊ လျှပ်စစ်မီးခ အချိုးကျထည့်ရသောစရိတ်တွေ ရှင်းရခါနီးတွင် အနီအပြာ တစ်ဆင်စာဒုက္ခကို သွေးလန့်နေသည်။ အမေတို့ထံတွင် လက်ဖြန့်ရလွန်း၍ လက်ကောက်ဝတ် ဆတ်ခေါက်လိုက်ခဲ့ပေပြီ။
အိမ်ကိစ္စအားလုံးကို ကျွန်တော်ချည်းတာဝန်ယူရ၊ ကလေးကျောင်းပို့ ဈေးဝယ်၊ ကလေးတွေ စာစစ်၊ ညနှင့် အားလပ်ရက်တွင် ကားအငှားလိုက်မောင်း၊ ပစ္စည်းဝယ်ရောင်းပွဲစားတစ်ပိုင်း၊ ကျွန်တော်သည် အိမ်ရှင်ထီးဖြစ်မှန်းမသိ ဖြစ်လာချိန်တွင် မခင်မြိုင်ကို သတိရသည်။
မည်သူ၏ လက်သူကြွယ်တွင် ကိုးမျိုးသော ရတနာလက်စွပ်ဝတ်ထိုက်သည်ကိုပါ မဆီမဆိုင် တွေးနေမိလေသည်။

ငြိမ်းကျော်
ရင်ခုန်ပွင့်မဂ္ဂဇင်း အမှတ်(၁၃)၊ အောက်တိုဘာလ၊ ၁၉၈၇

No comments:

Post a Comment