Zawgyi Version
လြတ္လပ္စြာ ေျပာခြင့္ေပး (ေမလႈိင္းျဖဴ)
----------------------------------------

“ကိုတင္ေမာင္၊ က်ဳပ္ ေတြးေလ၊ ေတြးေလ၊ ရွင့္ကို စိတ္ဆိုးေလပဲ သိလား။ အခု အိမ္မွာ စားဝတ္ေနေရး
ဘယ္ေလာက္ ကသီလင္တ ျဖစ္ရသလဲ ရွင္မသိဘူး မဟုတ္လား။ ဆန္မရွိလည္း ပူရတာက
ကၽြန္မ၊ ဆီမရွိလည္း ပူရတာက ကၽြန္မ၊ ရွင္ကေတာ့ မရွိေအးေအး၊ ရွိေအးေအးပဲ။
မေအးႏုိင္တဲ့ ကၽြန္မက ပူေနရတယ္ရွင့္။ အဲဒီေတာ့ ရွင္ ကၽြန္မကို
သတင္းအတင္းေျပာၿပီး ေဈးေရာင္းခြင့္ ေပးေတာ့ ဒါပဲ”
ဒီမိန္းမ ပြစိ ဗ်စ္ေတာက္ လုပ္ေနတာ ၾကာပါၿပီ။ ပါးစပ္က ေပါက္ေပါက္ ေဖာက္သလို
ပလိ ပလိလုပ္လိုက္၊ အိုးနဲ႔ ပန္းကန္ခြက္ေယာက္ေတြကို ေဆာင့္ခ်ကာ
အသံထုတ္လိုက္၊ မ်က္ေစာင္းႀကီးကို ဝဲခနဲခဲကာ မေက်နပ္ေၾကာင္းကို
ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆႏၵေဖာ္ထုတ္ ေနေပမယ့္ ကိုတင္ေမာင္ ဒီတစ္ခါ
ကိုယ့္အျပစ္နဲ႔ ကိုယ္မို႔ ပါးစပ္ပိတ္ၿပီး တုံဏိဘာေဝ ႏွာေစးေနရတယ္။
ခါတိုင္းဆို ကိုတင္ေမာင္က မိန္းမ ဘာေျပာေျပာ ၿငိမ္ကုပ္ ခံေနတတ္တဲ့
လူစားမ်ိဳးမွ မဟုတ္တာ။ သူ႔ကို အိမ္ေထာင္ဦးကတည္းက အျပတ္ေျပာၿပီးသား။
“နင္နဲ႔ငါ လင္မယား ဆိုေပမယ့္ နင့္ကိုလည္း တိုင္းထြာ ဆဲေရးၿပီး ငါ
မေျပာဘူး။ နင္လည္း အယုတၱ အနတၱ စကားေတြနဲ႔ ငါ့ကို အားမနာ ျပန္မေျပာနဲ႔။ ငါ
ခြင့္လႊတ္မွာ မဟုတ္ဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ က်ီး ဘုတ္႐ုိေသ၊ ဘုတ္
က်ီး႐ုိေသ အျပန္အလွန္ ေလးစားမႈမ်ိဳးကိုပဲ ႀကိဳက္တယ္”
ကိုတင္ေမာင္နဲ႔ ေဒၚဝင္းက ငယ္သူငယ္ခ်င္း အရင္းေခါက္ေခါက္ေတြ။ မိဘေတြ
သေဘာတူၿပီး ဂေဟဆက္ေပးေတာ့ ႏွစ္ဦးႏွစ္ဖက္ မျငင္းၾကဘူး။ ႏွစ္ေယာက္စလုံးက
လက္ဆြဲျပစရာ ရည္းစားသနံကလည္း မရွိဆိုေတာ့ လြယ္လြယ္ ေခါင္းညိတ္ခဲ့ၾကတာပဲ။
မိဘေတြ ေပးစားလို႔ တည္ေဆာက္ခဲ့ၾကတဲ့ အိမ္ေထာင္ ဆိုေပမယ့္ သာသာယာယာ
ရွိပါတယ္။ ကိုတင္ေမာင္က မူလတန္း ေက်ာင္းအုပ္ဆရာႀကီး ဆိုေတာ့ ဘာပဲေျပာေျပာ
လူ႐ုိေသ ရွင္႐ုိေသ ရွိပါတယ္။ ဒါေပမဲ့ ဘာအပိုဝင္ေငြမွ မရွိတဲ့ လစာ
သီးသန႔္သမား။ ရွင္းရွင္း ေျပာရရင္ ကိုတင္ေမာင္ ေက်ာင္းအုပ္ဆရာႀကီး
ဝင္ေငြထက္ ေဒၚဝင္းရဲ႕ ေရာင္းအား ေကာင္းလွတဲ့ မုန႔္တီဆိုင္ ဝင္ေငြက
(၃)ဆေလာက္ သာပါတယ္။ ေငြရွာေတာ္တဲ့ ေဒၚဝင္းက သေဘာမေနာလည္း ေကာင္းတာမို႔
သူ႔ဝင္ေငြက ပိုတယ္၊ ငါ့ဝင္ေငြက မပိုဘူး ဆိုတာမ်ိဳးလည္း မေျပာရွာပါဘူး။
ေဒၚဝင္း ဆိုတာကလည္း သားကို သခင္၊ လင္ကို ဘုရား ဆိုတဲ့ လူစားမ်ိဳးပါ။
ကိုတင္ေမာင့္ အေပၚ ဝတၱရားေက်ပါတယ္။ တစ္ရြာလုံးကလည္း ဆရာႀကီး ဆိုၿပီး
အရိပ္ေတာင္ ျဖတ္မသြားရဲေလာက္ေအာင္ ေလးစား ေနၾကတာ သူက မေလးစားဘဲ ေနပါ့မလား။
သူ႔ကိုလည္း ဆရာကေတာ္ ဆိုၿပီး တေလးတစား ရွိၾကတာကို ပီတိစား အားရွိေနတာပါ။
ေဒၚဝင္းရဲ႕ မုန႔္တီဆိုင္ေလးက အေရာင္းသြက္လွပါတယ္။ ဆရာကေတာ္
မုန႔္တီဆိုင္ဆိုၿပီး နာမည္က ခပ္ႀကီးႀကီး။ ဒီရြာမွာ ရွိသမွ်
မုန႔္တီဆိုင္ေတြထဲ သူ႔ရဲ႕ မုန႔္တီဆိုင္က သက္တမ္း အရွည္ဆုံးလို႔ ေျပာရမယ္။
ကိုတင္ေမာင္နဲ႔ အိမ္ေထာင္က်စ တုန္းကေတာ့ ေဒၚဝင္း မုန႔္တီ မေရာင္းေသးပါဘူး။
ေက်ာင္းဆရာ လစာ (၆၂) က်ပ္ကို အိမ္စရိတ္ ႏုတ္ၿပီး ေရႊေတာင္ တစ္မူးတစ္ဖဲ့
စုႏုိင္ပါေသးတယ္။ သမီးႀကီး (၅) တန္း တက္ရတဲ့ ႏွစ္က်ေတာ့ လစာက ၂၂၅
က်ပ္ေပမယ့္ ကေလးေက်ာင္းစရိတ္ေတြ ဘာေတြနဲ႔ အလ်ဥ္မမီေတာ့။ တိုးပြားလာတဲ့
လူဦးေရနဲ႔ ျမင့္တက္လာတဲ့ ကုန္ေဈးႏႈန္းေၾကာင့္ သူက တစ္ဖက္တစ္လမ္းက
ဝင္ေငြရေအာင္ ဆိုၿပီး အိမ္ေရွ႕မွာ ရခိုင္မုန႔္တီဆိုင္ေလး ဖြင့္ၿပီး
တစ္ရြက္တစ္ပိုး စီးပြားရွာရတယ္။
ကိုတင္ေမာင္တို႔ အိမ္က
လမ္းဆုံလမ္းခြ အခ်က္အခ်ာေနရာ က်သလို ရြာေဈးေလးလည္းနီး ဆိုေတာ့
ေဈးသြားေဈးျပန္ေတြနဲ႔ေရာ ဘာေရာ အေရာင္း သြက္လွပါတယ္။ ေရာင္းေကာင္းဆို
လက္ကိုလည္း မလည္ဘူးေလ။ ေရာင္းေကာင္း႐ုံမွ်မက တစ္ရြာလုံး ရွိရင္းစြဲ
မုန႔္တီဆိုင္ေတြ ျပဳတ္သလို ေနာက္ထပ္ တိုးလာတဲ့ ဆိုင္ေတြ အားလုံးလည္း
သူ႔ဆိုင္ရဲ႕ ေဈးကြက္ကို ထိုးမေဖာက္ ႏုိင္ပါဘူး။ ဒီရြာေလးရဲ႕ ရခိုင္မုန႔္တီ
ေဈးကြက္ကို ပိုင္ပိုင္ႏုိင္ႏုိင္ ဖမ္းဆုပ္ထားတယ္လို႔ ေျပာရမယ္။
ေဒၚဝင္းက မုန႔္တီကို ေကာင္းေကာင္းႏုိင္တယ္။ ငါးခတ္ကို အလတ္ဆတ္ဆုံး ဆိုတဲ့
ငါးကို ဝယ္ၿပီး သပ္သပ္ရပ္ရပ္ တိုက္ခၽြတ္ေဆးတယ္။ မွ်င္ငါးပိ စစ္စစ္ကို
ဘယ္ေလာက္ ေဈးႀကီးႀကီး ဝယ္သုံးတယ္။ င႐ုတ္ေကာင္း၊ ၾကက္သြန္ျဖဴ
ႏုိင္းခ်င္းထည့္တယ္။ ပဲဆီစစ္စစ္ သုံးထားတဲ့ ဆီခ်က္နဲ႔ အေၾကာ္က ရြတယ္။
မုန႔္ဖတ္ဆိုလည္း ညသိပ္မုန႔္ဖတ္ကို မသုံးဘူး။ လတ္ဆတ္တဲ့ ေရ ခပ္ရႊဲရႊဲေလးနဲ႔
လက္ညႇစ္ မုန႔္တီဖတ္ကို သုံးတယ္။ င႐ုတ္သီးေျခာက္ကို ကိုယ္တိုင္ မီးခဲ
မွ်ဥ္းမွ်ဥ္းေလးနဲ႔ ရြရြေလး ေလွာ္ၿပီး ေထာင္းတယ္။ ဒီေတာ့ သူ႔ရဲ႕
မုန႔္တီလက္ရာက တစ္ခါစားမိၿပီ ဆိုရင္ တမ္းတမ္းစြဲ လွ်ာလည္သြား ေတာ့တယ္။
အဲဒါက တစ္ခ်က္။ ေနာက္တစ္ခ်က္က တစ္ရြာလုံးက ႐ုိေသ ေလးစားရတဲ့ ဆရာႀကီးကေတာ္
ျဖစ္ေနတာက တစ္ခ်က္ပါ။
ဒီအခ်က္ ႏွစ္ခ်က္ေၾကာင့္ ဒီရြာမွာ ေဒၚဝင္းရဲ႕
မုန႔္တီ၊ ေအာင္ပြဲ ခံေနတာလို႔ ကိုတင္ေမာင္ လိုရာဆြဲ ေတြးခဲ့တယ္။ ဒါေပမဲ့
ကိုတင္ေမာင္ ထင္တာေတြ မဟုတ္ေသးဘူး ဆိုတာကိုလည္း အလုပ္က ပင္စင္ယူၿပီး
မၾကာမတင္မွာပဲ သေဘာေပါက္ခဲ့ရတယ္။
* * *
ေဒၚဝင္းရဲ႕
ပင္ကိုဗီဇ အရည္အခ်င္း တစ္ခုက မ်က္ႏွာခ်ိဳၿပီး အေျပာေကာင္းတာ ပါပဲ။
စကားေျပာရင္ သိုင္းသိုင္းဝိုင္းဝိုင္းနဲ႔ ဖြဲ႕ႏြဲ႕ ေျပာတတ္တယ္။ မ်က္ႏွာ
အမူအရာ အက္ရွင္ပါတယ္။ ဇာတ္နာေအာင္လည္း အညြန႔္အတက္ေလးေတြ သုံးၿပီး လိုသလို
ခ်ဲ႕ကား ေျပာတတ္တယ္။ ကိုယ္ေျပာတဲ့ စကားကို လူတကာ စိတ္ဝင္စားေအာင္၊
မ်က္ေတာင္မခတ္ ေငးေနရေလာက္ေအာင္ ဆြဲေဆာင္မႈရွိရွိ ေျပာတတ္ၿပီး တစ္ဖက္သား
ေျပာစကားကိုလည္း စိတ္ဝင္တစား ေခါင္းတညိတ္ညိတ္ လက္ခံေလ့ ရွိတယ္။
ရခိုင္မုန႔္တီ ဆိုတာကလည္း မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြပဲ ရွဴးရွဴးရွဲရွဲ လာစားၾကတာမ်ိဳး မဟုတ္လား။
ဒီေတာ့ သူ႔ဆိုင္မွာ မုန႔္တီလာစားတဲ့ အမ်ိဳးသမီးေတြ အားလုံးက မုန႔္စားၿပီး
ခ်က္ခ်င္း ထျပန္ သြားျခင္းမ်ိဳး မရွိဘဲ မုန႔္တီ တစ္ပန္းကန္ စားၿပီး သူနဲ႔
အားအားယားယားထိုင္ သတင္းပလင္း စုံေအာင္ ေလေဖာၾက၊ ေဟးေဟးဟားဟား ေအာ္ရယ္ၾက၊
တိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္မ်ိဳး မ်က္ႏွာအက္ရွင္ မ်ိဳးစုံနဲ႔
ေတာင္စဥ္ေရမရ စကားေတြ တေဖာင္ေဖာင္ ေျပာၾကတယ္။ လွ်ာ အေညာင္းခံၿပီး
တစ္ရြာလုံး အေၾကာင္း ေစ့ေစ့ငုငု ေဝဖန္ခ်င္သလို ေဝဖန္ ေျပာဆိုသမွ်ကိုလည္း
ေဈးသည္ျဖစ္တဲ့ သူ႔ကို မ႑ိဳင္ျပဳၿပီး ေျပာၾကတယ္။ သူ႔ ဆိုင္က အျမဲတမ္း
လူတ႐ုန္း႐ုန္းနဲ႔ ဆူညံစည္ကားလို႔ေလ။
ဒီျမင္ကြင္းကို ၾကည့္ၿပီး
ကိုတင္ေမာင္ အသက္ရွဴဖို႔ရာ ေမ့ေလာက္ေအာင္ ရင္ေမာသြားတယ္။ အံ့ဩလြန္းလို႔
ပါးစပ္ေတာင္ မေစ့ႏုိင္ဘူး။ ဒါေတြ အရင္တုန္းက သိမွ မသိခဲ့ဘဲကိုး။
ကိုတင္ေမာင္ အလုပ္က ပင္စင္ယူၿပီးေနာက္ တျခားအလုပ္လည္း မလုပ္တတ္တာမို႔
အိမ္ေနာက္ေဖး ေတာအုပ္ထဲကို တက္ၿပီး ဝါးခေမာက္ ရက္ ေရာင္းတယ္။ မနက္
ေရေႏြးၾကမ္း တစ္အိုးနဲ႔ အိမ္ကျပင္မွာထိုင္ ႏွီးျဖာရင္းကေနၿပီး အမွတ္မထင္
မိန္းမဆိုင္ကို လွမ္းၾကည့္ လိုက္တာပါ။
ဟိုးယခင္တုန္းကေတာ့
မနက္ေစာေစာ ဘုရားရွိခိုးၿပီးရင္ ျခံထဲက စိုက္ခင္းေလးထဲ ဆင္းခ်င္ဆင္း၊
မဟုတ္ရင္ အခန္းထဲဝင္ စာဖတ္။ ၿပီးေတာ့ သမီးႀကီး ျပင္ဆင္ေပးတဲ့ ထမင္းဘူးကိုယူ
ေက်ာင္းကို ထြက္သြားလိုက္တာ ပါပဲ။ သူ႔ဆိုင္ကို အေရးအရာလုပ္ၿပီး
မၾကည့္မိပါဘူး။ သူ႔အလုပ္ သူလုပ္၊ ကိုယ့္အလုပ္ ကိုယ္လုပ္ သမား႐ုိးက်
ေနခဲ့တယ္။ အခုမွ မထင္မွတ္ဘဲ မုန႔္တီဆိုင္ကို အာ႐ုံက်သြားရတာ။
“အမယ္ေလး အဝင္းရယ္၊ ေျပာကို မေျပာခ်င္ပါဘူး။ ထည့္စမ္းပါဦး ဟင္းခါးရည္ေလးနဲ႔ တစ္ပန္းကန္ေလာက္ ပဲေၾကာ္ေလးပါ ထည့္”
အမ်ိဳးသမီးတစ္ေယာက္ ေဈးျခင္းေတာင္းကို ဘုတ္ခနဲ ပစ္ခ်။ မ်က္လုံးေလး
ကလယ္ကလယ္နဲ႔ စကားစလိုက္တာပါ။ “ေျပာကို မေျပာခ်င္ ဘူး” ဆိုကတည္းက မျဖစ္မေန
ေျပာကို ေျပာေတာ့မယ္ ဆိုတာ ကိုတင္ေမာင္ နားလည္သြားၿပီမို႔ စကၡဳအာ႐ုံနဲ႔
ေသာတအာ႐ုံကို အသာပဲ ဖြင့္ၿပီး နားစြင့္ထား လိုက္တယ္။
“ေျပာစမ္းပါဦးေအ၊ ဘယ္သူနဲ႔ ဘာ ျဖစ္လာျပန္တာလဲ”
ၾကည့္၊ အဲဒါကို မႀကိဳက္တာ။ ကိုယ့္ဘာသာ ေရာင္းစရာ ရွိတာကို ေရာင္းေပါ့။
ကိုယ္က အဲဒီလို ေျပာလာသမွ် အတင္းေတြကို လက္ခံနားေထာင္ ေနတာကိုး။ ဘယ္သူပဲ
လာလာ လက္ခံေဆြးေႏြးဖို႔ သူက တက္ႂကြလြန္း လွတယ္။
“ခင္ႂကြားႂကြားစိန္
ေပါ့ေအ၊ တုလား စစ္လားေတာ့ မသိဘူး။ လက္ေကာက္ေတြ တံေတာင္ေလာက္ ဝတ္ၿပီးေတာ့
ေမာ့ခါ ေနတာပဲ။ ငါကလည္း ကံဆိုးခ်င္ေတာ့ ၾကက္သားဆိုင္မွာ သြားဆုံတယ္။
ဟုတ္တာေတြေရာ မဟုတ္တာေတြပါ သူ ႂကြားလာသမွ် နားေထာင္ရတာ နားကို ၿငီးေရာပဲ”
ေျပာသူက ႏႈတ္ခမ္းတလန္ ပန္းတလန္ႏွင့္ ေျပာေနသလို ေဒၚဝင္း ကလည္း မုန႔္ပန္းကန္ကို လွမ္းေပးလိုက္ရင္းက
“အိုေအ၊ ျပာတဲ့အခါ ျပာၿပီး ဝါတဲ့အခါ ဝါေနတာမ်ား မသိတာ မွတ္လို႔။ ဒါနဲ႔ ၾကားၿပီးၿပီလား၊ သူ႔ေယာက္်ားရဲ႕ ႏွစ္ႁမြာအသည္း ကိစၥ”
“ေဟ ...”
“ေဟ ...”
သူ႔စကားအဆုံး ဆိုင္မွာ ရွိသမွ် အမ်ိဳးသမီးထု အားလုံးရဲ႕ စိတ္ဝင္စားမႈက
အျမင့္ဆုံး အေျခအေနသို႔ ေရာက္ရွိသြားပါၿပီ။ စကားဝိုင္းထဲ တစ္တပ္ တစ္အား
အားျဖည့္လိုက္ၾကတာ တိုးတိုးရွပ္ရွပ္က တစ္မ်ိဳး၊ ရြဲ႕ရြဲ႕မဲ့မဲ့က
တစ္သြယ္ျဖင့္ ေျပာၾကဆိုၾက ရြဲ႕ၾကမဲ့ၾက။ ဟီလာဟာလာ တိုက္ၾကတယ္။
တစ္ေယာက္ ထသြားေတာ့ ေနာက္တစ္ေယာက္ ထိုင္၊ တစ္ဖြဲ႕ ထသြားေတာ့ ေနာက္တစ္ဖြဲ႕
ဝင္ျဖင့္ တစ္မနက္ခင္းလုံး လူအျပည့္။ အေၾကာင္းအရာ ေတြကလည္း
တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ုိးၾက။ လူေတြသာ ေျပာင္းသြားတယ္။ အေၾကာင္းအရာေတြက
မေျပာင္း။ ဇာတ္လိုက္ တစ္ေယာက္ကို ဇာတ္ရံတစ္ျပံဳႀကီး ဝိုင္းထား သလိုမ်ိဳး။
သူက သတင္းျဖန႔္ေဝေရး ဇာတ္လိုက္ေက်ာ္ႀကီးေပါ့။ ေခါင္းတလႈပ္လႈပ္ျဖင့္
လက္ခံေဆြးေႏြးလိုက္၊ လက္ကလည္း ဇယ္စက္သလို မုန႔္ပြဲေတြ တရစပ္
ျပင္ေပးလိုက္နဲ႔ သူ႔မွာ အလုပ္ေတြ ႐ႈပ္လို႔။
အင္း ... ဒီကိစၥ
လက္ပိုက္ ၾကည့္ေနလို႔ေတာ့ မျဖစ္ေတာ့ဘူး။ တစ္သက္လုံး ေပါင္းသင္းလာတဲ့ မိန္းမ
အရည္အခ်င္းေတြ ဒီေလာက္ ျပည့္စုံမွန္း မသိခဲ့႐ုိး အမွန္ပါ။ လင္နဲ႔ မယား
ဆိုတာ ပါရမီျဖည့္ဖက္ေတြမို႔ မိန္းမရဲ႕ ခၽြတ္ေခ်ာ္ တိမ္းေစာင္း ေနမႈကို
တည့္မတ္ေပးရမွာ ကိုတင္ေမာင့္ တာဝန္ မဟုတ္လား။
ေနထန္းတစ္ဖ်ား
အေရာက္မွာပဲ မုန႔္တီဖတ္ အခ်ိန္ (၁၀) ေျပာင္ေျပာင္ ကုန္ပါၿပီ။ မုန႔္စား
အတင္းေျပာသူေတြလည္း ျခင္းေတာင္းေလးေတြ ဆြဲၿပီး အလွ်ဳိအလွ်ဳိ ျပန္ၾကၿပီ။
ေဒၚဝင္းက လျပည့္ဝန္းႀကီးပမာ ျပံဳးတုံ႔တုံ႔ မ်က္ႏွာႀကီးနဲ႔ အျမတ္ေငြေတြကို
တဖ်တ္ဖ်တ္ ေရတြက္ေနဆဲ။
ကိုတင္ေမာင္ မုန႔္ဆိုင္ ဝိုင္းသိမ္းရင္း မိန္းမကို စည္း႐ုံးသိမ္းသြင္းမလို႔ စကားစပ္လိုက္တယ္။
“ဒီမယ္ မဝင္း၊ မင္း မုန႔္တီေရာင္းတာ ႐ုိး႐ုိးသားသား ေရာင္းစမ္းပါကြာ။
မင္းဟာက မုန႔္ေရာင္းတာက နည္းနည္း၊ စကားေရာင္းတာက ပိုမ်ား ေနသလားလို႔”
ကိုတင္ေမာင့္ စကားဆုံး မိန္းမက မ်က္ခြံတစ္ခ်ပ္ လွပ္ၿပီးၾကည့္တယ္။ ၿပီးေတာ့ မေထ့တေထ့ ျပံဳးၿပီး ေမးေငါ့တယ္။
“အလိုေတာ္၊ ရွင္က က်ဳပ္မုန႔္တီဆိုင္ ေရာင္းေကာင္းတာ ဘာေၾကာင့္လို႔ ထင္သလဲ”
“ဘာေၾကာင့္ ရမွာလဲကြာ၊ မင္းမုန႔္တီက လက္ရာေကာင္းတယ္၊ သပ္ရပ္ သန႔္ရွင္းတယ္။ ၿပီးေတာ့ ေက်ာင္းအုပ္ဆရာႀကီးရဲ႕ မိန္းမဆိုတဲ့ အရွိန္အဝါကလည္း ပါသေပါ့ဗ်ာ။ ဟုတ္ဘူးလား”

မိန္းမက လွ်ဳိ႔ဝွက္နက္နဲတဲ့ အျပံဳးတစ္မ်ိဳးကို
ျပံဳးရင္း လက္ကာတယ္။ ၿပီးေတာ့ “ရွင္ ဘာသိလို႔လဲ” ဆိုတဲ့ အၾကည့္မ်ိဳးနဲ႔
မခိုးမခန႔္ ၾကည့္တယ္။
“အိုး ... ႏုိးႏုိး၊ ရွင္ ထင္တာေတြ အားလုံး
မွားတယ္ ဆရာႀကီးရဲ႕။ ရွင္ ပင္စင္ယူၿပီး ကတည္းက ရွင့္ရဲ႕ အရွိန္အဝါေတြလည္း
သုံးစားလို႔ မရေတာ့ ပါဘူး။ က်ဳပ္ မုန႔္တီေရာင္းေကာင္းတာ ရပ္သတင္း ရြာသတင္း
မီဒီယာ အားေကာင္းလို႔ ေတာ္ေရ။ ေခတ္ႀကီးက မီဒီယာေခတ္၊ ဝန္ေဆာင္မႈေခတ္၊
က်ဳပ္က ကာစတန္မာေတြကို သတင္းျဖန႔္ေဝမႈေတြနဲ႔ ဆြဲေဆာင္ထားရတာ၊ ရွင္းပလား”
သူက ကရားေရလႊတ္ တတြတ္တြတ္ ေျပာၿပီး ေရေႏြးလက္က်န္ကို ပက္ခနဲ သြန္ခ်ကာ၊
ဆတ္ေတာက္ေတာက္ ထသြားေတာ့ ကိုတင္ေမာင္ ေဒါသေတြ ထြက္လိုက္တာမွ အလိပ္လိုက္။
ဟိုးအရင္တုန္းကဆို ကိုတင္ေမာင္ ဘာေျပာေျပာ ေမာ္မၾကည့္ဝံ့တဲ့ မိန္းမ။
တစ္ခါတစ္ရံ စိတ္မထင္လို႔ ေအာ္ေငါက္ရင္ေတာင္မွ “ရွင္က ဆရာႀကီး ဆိုေတာ့
က်ဳပ္ကို ရွင့္တပည့္လို႔ မွတ္တယ္ထင္ပါ့” ဆိုၿပီး ျပံဳးတုံ႔တုံ႔နဲ႔ပါ။
ကိုတင္ေမာင္ ပင္စင္ယူလိုက္ ၿပီးခါမွ ဒီမိန္းမ ဒီအခ်ိဳး ခ်ိဳးေနတယ္လို႔
နင့္ခနဲ ေတြးလိုက္ရင္းကေန တစ္ခြန္းေတာ့ ခပ္မာမာ ေအာ္ပစ္လိုက္ေရာ။
“ေအး ... ေရာင္း ေရာင္း၊ တစ္ေန႔ မင္း ျပႆနာေပၚမွ သိမယ္။ ဒီကိစၥမ်ိဳးက တစ္ေန႔မဟုတ္တစ္ေန႔ ျပႆနာ ေပၚတတ္တယ္ကြ၊ နားလည္လား”
ေဒၚဝင္းကေတာ့ ေနာက္နားက ကပ္ပါလာတဲ့ ကိုတင္ေမာင့္ စကားကို မထီတထီနဲ႔
ကိုယ္လုံး ဝဝႀကီးကို နိမ့္တုံျမင့္တုံ လႈပ္ခါရင္း အိမ္ခန္းထဲကို
ဝင္သြားေလရဲ႕။
မိန္းမကို ဒီအတိုင္းေျပာလို႔ အဆင္ေျပမွာ
မဟုတ္ေခ်ေတာ့ဘူး။ သူက သူ႔လုပ္ရပ္ကို အျပည့္အဝ ယုံၾကည္ေနပုံပါပဲ။
အကြက္ဝင္မယ့္ တစ္ေန႔ကို ေစာင့္ဆိုင္းဖို႔ လိုမယ္ ထင္တယ္လို႔ ေတြးမိတယ္။
* * *
ဒီကေန႔ ရာသီဥတု မသာယာပါဘူး။ ေကာင္းကင္တစ္ခြင္မွာ မိုးသားေတြ အလိပ္လိုက္
အလိပ္လိုက္ မည္းလို႔ေနတယ္။ ထုံးစံအတိုင္း ေဒၚဝင္းရဲ႕ မုန႔္တီဆိုင္ေလးလည္း
သက္ဝင္လႈပ္ရွားေနတယ္။ စားၾက ေသာက္ၾက ေျပာၾက ဆိုၾကေပါ့။ ကိုတင္ေမာင္လည္း
ခါတိုင္းလိုပဲ ေရေႏြးၾကမ္းအိုးကို ေဘးခ်ၿပီး ႏွီးျဖာ၊ ခေမာက္ရက္ရင္း
မိန္းမဆိုင္ကို တေစ့တေစာင္း အကဲခတ္လ်က္ပါ။
ထင္ထားတဲ့အတိုင္း ပါပဲ။
ျပႆနာကေတာ့ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို ေရာက္လာပါၿပီ။ အမ်ိဳးသမီး ႏွစ္ေယာက္
မုန႔္စားရင္း စကားအ႐ႈပ္အရွင္းေတြ ရွင္းၾကပါတယ္။
“နင္က ဒီလိုေျပာတယ္ မဟုတ္လား”
“ေဟ့ေအး မေျပာဘူး”
“ေဟ့ေအး မေျပာဘူး”
ဒီလိုမ်ိဳးက စၿပီး တစ္စ တစ္စ ပြဲဆူလာကာ ဆံပင္ဖုတ္ဆြဲ ပါးခ်တဲ့အထိ
ျဖစ္လာပါေလေရာ။ မုန႔္စားေနတဲ့ ပရိသတ္က ဆြဲၾက လြဲၾကပါတယ္။ ဒါေပမဲ့ လူကို
ေျဖလို႔ ရတယ္။ ေဒါသကို ေျဖလို႔ မရပါဘူး။
တင္ေမာင္လည္း ဘာေတြ
ဆက္ျဖစ္လာဦး မလဲလို႔ စိမ္ေျပနေၿပ ထိုင္ၾကည့္ေနလိုက္တယ္။ ဒီလို သင္ခန္းစာေလး
ရမွ ဒီမိန္းမ အခ်ိဳးျပင္မယ္လို႔ ေတြးထားတာကိုး။
ပြဲက အေတာ့္ကို
စည္ပါတယ္။ ပထမေတာ့ အမ်ိဳးသမီး ႏွစ္ဦးတည္း ခ်ၾကပါတယ္။ ေနာက္ေတာ့ တစ္ဦးစီရဲ႕
ေဆြေတြမ်ိဳးေတြထဲက အမ်ိဳးသမီးေတြ ပါဝင္လာကာ အုပ္စုႏွစ္စု ေဆာ္ၾက၊ ခ်ၾက။
အမယ္ေလးေလ ... လင္သားေတြ၊ ေမာင္ေတြ၊ အစ္ကိုေတြပါ ဝင္ပါလာၾကတယ္။
ကံေကာင္းတယ္လို႔ ေတြးမိပါတယ္။ ကိုတင္ေမာင့္ အဖို႔ေတာ့ ဒါဟာ ပထမဆုံး
အေတြ႕အၾကံဳပါ။
ဒီအေနအထားမွာ မိန္းမ ဘယ္လို ရွိေနမလဲလို႔
လွမ္း႐ႈိးလိုက္ေတာ့ အမယ္ လက္ႏွစ္ဖက္ကို ကိုရီးယား ဇာတ္ကားထဲကလို ဟန္ပါပါ
ေျမႇာက္ၿပီးေတာ့ “ရွင္တို႔ ဆိုင္ျပင္ ထြက္လုံးၾက၊ က်ဳပ္ဆိုင္ လာဘ္တိတ္တယ္”
ဆိုၿပီး မုန႔္တီေရာင္း မပ်က္ဘူး။ ရန္ျဖစ္တာကို လာစပ္စုခ်င္တဲ့ လူေတြကလည္း
မုန႔္တီေလး တစ္ခြက္ေတာ့ လာအားေပးသကိုး။ မထင္မွတ္ဘဲ ေဈးဆိုင္
ႀကိတ္ႀကိတ္တိုး၊ စည္ကား သြားတာေၾကာင့္ အိမ္ေပၚက သမီးကို လွမ္းေခၚကာ
မုန႔္တီဖတ္ေတာင္ ထပ္တိုးဝယ္ခိုင္း ေနေသးတယ္။ သူ႔အရပ္ သူ႔ဇာတ္ေတာ့ အညမည
က်လို႔။
ရန္ပြဲကို ၾကည့္ေနရင္းက ကိုတင္ေမာင္ ေဇာေခြးေတြေတာင္
ျပန္လာၿပီ။ ဆက္ မျမင္ခ်င္ေတာ့တာမို႔ အိမ္ထဲကို အသာလစ္ခဲ့တယ္။ စိတ္ေတြလည္း
ေနာက္က်ိ႐ႈပ္ေထြး ေနပါၿပီ။
ကိုတင္ေမာင္ကသာ ဒီကိစၥ စိတ္ညစ္
သြားတာပါ။ မိန္းမကေတာ့ ဆိုင္သိမ္းၿပီး မုန႔္တီ (၁၅) ပိႆာဖိုး အျမတ္ေငြတြက္
စိတ္ခ်မ္းသာလို႔။ အံ့ဖြယ္သုတ ပါကလား။ ခါတိုင္း (၁၀) ပိႆာ ေရာင္းရရာမွ အခု
(၁၅) ပိႆာ ေရာင္းရတာကိုး။ ဘာပဲျဖစ္ျဖစ္ ဒီအခ်က္ ဒီအကြက္ကို
လက္လႊတ္မခံႏုိင္ဘူး။ ကိုတင္ေမာင္ တင္းမာစြာနဲ႔ ျပတ္ျပတ္သားသား
အမိန႔္ထုတ္တယ္။
“မုန႔္ေရာင္းရင္ စကား မေရာင္းရ၊ သူမ်ား
လာေျပာရင္လည္း လုံးဝ လက္သင့္ခံ မေျပာရ။ ေရာင္းသူနဲ႔ ဝယ္သူအၾကား
ေအးေဆး႐ုိးသားတဲ့ ဆက္ဆံေရးမ်ိဳးပဲ ရွိရမယ္”
ကိုတင္ေမာင့္ အမိန႔္ကို
မိန္းမက ႏႈတ္ခမ္းတစ္ဖက္ တြန႔္ရင္း သိပ္ေတာ့ မေက်နပ္ခ်င္။ မ်က္ႏွာ
ညိဳသြားေပမယ့္ ျပန္ေတာ့ မေျပာရွာပါဘူး။ ကိုယ့္အျပစ္နဲ႔ ကိုယ္ ဆိုေတာ့လည္း
မ်က္ေစာင္းေလးခ်ီရင္း “အင္းေလ ၾကည့္ၾကေသးတာ ေပါ့” တဲ့။
* * *
တစ္ခါတစ္ရံေတာ့ ေလာကႀကီးဟာ အံ့ဩစရာ ေကာင္းပါတယ္။ မိန္းမက ကိုတင္ေမာင့္
စကားကို နားေထာင္ၿပီး ပါးစပ္ပိတ္ ေရာင္းပါတယ္။ ကိုတင္ေမာင္လည္း
အိမ္ကျပင္မွာထိုင္ ခေမာက္ရက္ရင္း မိန္းမကို အလြတ္မေပး ေစာင့္ၾကည့္တယ္။
လာၾကပါတယ္။ မုန႔္တစ္ပန္းကန္ စားၿပီး တစ္နာရီေလာက္ အာလာပ သလႅာပ
ေလလုံးထြားၾကသူေတြ။ သတင္းထူး သတင္းဦး ယူလာေပးၾကသူေတြ။ သတင္းအနံ႔ခံ
ေရာက္လာၾကသူေတြ။
ေဒၚဝင္းက အေတာ္ေလးကို သူ႔စကားကို နားေထာင္ရွာပါတယ္။
ဘယ္သူ ဘာေျပာေျပာ ေရငုံႏႈတ္ပိတ္ ဘာတစ္ခြန္းမွ ဝင္မစြက္ဘူး။ ေျပာလာသမွ်
စကားေတြကို ေခါင္းညိတ္လိုက္ ေခါင္းခါလိုက္နဲ႔ ႏႈတ္ခမ္း တင္းတင္းေစ့ၿပီး
တုံ႔ျပန္တယ္။
“မမဝင္း စကားနည္းလွခ်ည္လား”
“အင္း”
“ဒီေန႔ မမဝင္း စကားမေျပာေတာ့ တစ္ခုခု လိုေနသလိုပဲ။ ပ်င္းစရာႀကီး”
“အင္း”
“မမဝင္းေရ၊ ၾကားၿပီးၿပီလား။ ေတာင္ပိုင္းက အပ်ိဳႀကီး လင္ေနာက္ လိုက္ေျပးတဲ့ သတင္း”

ေဒၚဝင္းမ်က္ႏွာ ရီမႈိင္းမႈိင္း ေတြေတေတ။ သူတို႔ ေျပာစကားေတြကို
နားေထာင္တာက လြဲၿပီး ေဝဖန္ခ်က္လည္း မေပး၊ ေဆြးေႏြးေဖာ္လည္း မရတဲ့
ေဒၚဝင္းကို ၾကည့္ၿပီး အားလုံးက နားမလည္ႏုိင္ပုံ ပါပဲ။ ခါတိုင္း အေပးအယူ
မွ်မွ် သဟဇာတ က်လာတာကေန အခုလို ႐ုတ္တရက္ အသြင္ေျပာင္းသြားတဲ့ သူ႔ကို
ဘယ္သူမွ မႏွစ္ၿမိဳ႕ၾက။ ဟိုစကားေလးနဲ႔ ဆြဲေဆာင္လိုက္၊ ဒီစကားေလးနဲ႔
အကဲဖမ္းလိုက္ လုပ္ၾကေတာ့ တစ္ခါတစ္ရံ သူက သတိလြတ္ၿပီး စကားဝိုင္းထဲ
ဝင္ေျပာမယ္လုပ္ရာ။ ဘယ္ရမလဲ။ ဒီအေျခအေနမ်ိဳးကို ေရာက္မယ္ၾကံတိုင္း
ကိုတင္ေမာင္က “အဟမ္း အဟမ္း” ဆိုၿပီး ခပ္က်ယ္က်ယ္ေလး ေခ်ာင္းဟန႔္
ေပးလိုက္ေတာ့ တီေကာင္ကို ဆားနဲ႔ပက္လိုက္သလို တြန႔္ခနဲ ျဖစ္ၿပီး မေျပာရဲ
ရွာေတာ့ဘူး။
ၾကာလာေတာ့ ေဒၚဝင္းမ်က္ႏွာက ေအးစက္စက္ အျပံဳးေတြနဲ႔
ေခါင္း ညိတ္လိုက္၊ ေခါင္းခါလိုက္ သံပတ္ေပးထားတဲ့ စက္႐ုပ္ႏွယ္။ ေတာင့္ေတာင့္
ႀကီးေလ။ ဒီလို အေျခအေနကို အေက်နပ္ႀကီး ေက်နပ္ေနသူကေတာ့ ကိုတင္ေမာင္ ရယ္ပါ။
ဒီလိုမွေပါ့။ ေရာင္းစရာရွိတာ ေရာင္း၊ ဝယ္စရာရွိတာ ဝယ္၊ ဆိုင္ေလး
ေအးခ်မ္းၿပီး ဘယ္ေလာက္ က်က္သေရရွိလဲ။ ေနာက္ေန႔ေတြဆို ဒီထက္ မဂၤလာရွိေအာင္
ေဆာင္းေဘာက္စ္ေလး ႏွစ္လုံးနဲ႔ ဆရာေတာ္ႀကီးရဲ႕ ပ႒ာန္းေခြေလး
ဖြင့္မယ္လို႔ေတာင္ စိတ္ကူးထားေသးတယ္။
“မိန္းမ၊ မင္း မုန႔္ဆိုင္ေလး
ၾကည့္ရတာ ငါ စိတ္ခ်မ္းသာလွသကြာ။ မင္းက လက္ခံမေျပာေတာ့ ေဟာ မင္းကိုလည္း
ဘယ္သူမွ လာၿပီး မေျပာေတာ့ဘူး မဟုတ္လား”
ကိုတင္ေမာင့္စကား ဆုံးေတာ့
မိန္းမက ခပ္တင္းတင္းပုံစံနဲ႔ မ်က္လုံး လွန္ၾကည့္တယ္။ မခံခ်ိမခံသာ
မ်က္ႏွာေပးနဲ႔ ရင္ထဲက စကားေတြကို ေဝါခနဲ သြန္ခ်တယ္။ သူ႔ရင္ထဲမွာ
တင္းက်ပ္ေနပုံပါပဲ။
“ဒီမွာ မုန႔္တီဆိုင္ေလး ေအးခ်မ္းတယ္ ဟုတ္လား။
ရွင္မို႔ ေျပာရက္တယ္။ အရင္တုန္းက တစ္ရက္ကို အခ်ိန္တစ္ဆယ္ ကုန္တယ္။ ရွင့္ရဲ႕
အတင္း မေျပာရ၊ သတင္း မျဖန႔္ရ အမိန႔္ထုတ္ၿပီး ကတည္းက (၅)ပိႆာကို
အႏုိင္ႏုိင္၊ အခု ဒီမနက္ (၃) ပိႆာကို တစ္ဝက္ သြန္ရတယ္။ ဒီအတိုင္းဆို
မၾကာခင္ က်ဳပ္တို႔ဆိုင္ ပိတ္ရေတာ့မယ္ရွင့္။ ရွင့္ပင္စင္ေလးက
ရွင္တစ္ေယာက္တည္းေတာင္ ဝရဲ႕လား”
“ေဟ”
“ေဟ”
မိန္းမရဲ႕ တဒက္ဒက္
စက္ေသနတ္သံအဆုံး ကိုတင္ေမာင္ ပါးစပ္ အေဟာင္းသား ပြင့္သြားတယ္။ သူ စဥ္းစား
မရတာက မုန႔္တီဆိုင္ကို လာတာ မုန႔္စားဖို႔လား၊ အတင္းေျပာဖို႔လား၊
သတင္းယူဖို႔လား။ မိန္းမ ေျပာတာ မယုံတစ္ဝက္ ယုံတစ္ဝက္။
* * *
အခုဆိုရင္ ကိုတင္ေမာင္တို႔ရဲ႕ မုန႔္တီဆိုင္ေလး ပိတ္ထားရတာ တစ္လ ေက်ာ္ပါၿပီ။
ပင္စင္လစာေလး ေခ်ာက္တီး ေခ်ာက္ခ်ာက အိမ္စရိတ္နဲ႔ ဘယ္လိုမွ ဟန္ခ်က္မညီေတာ့။
စုထား ခဲထားတာေလးေတြ ၿဖိဳဖ်က္ၿပီး မႏုိင့္တႏုိင္ က်ားကန္ထားရတယ္။
သူတို႔လင္မယား ဒီကိစၥေၾကာင့္ စကား ဟက္ဟက္ပက္ပက္ မေျပာတာ ၾကာပါၿပီ။ စကားစ
ေျပာေတာ့လည္း အခုလို စကားလုံး ရင့္ရင့္ေတြ သုံးၿပီး ေဈးေရာင္းခြင့္
ေတာင္းေတာ့တာပါပဲ။
“ကိုတင္ေမာင္၊ က်ဳပ္ ေတြးေလ ေတြးေလ ရွင့္ကို
စိတ္ဆိုးေလပဲ သိလား။ အခု အိမ္မွာ စားဝတ္ေနေရး ဘယ္ေလာက္ ကသီလင္တ ျဖစ္ရသလဲ
ရွင္ မသိဘူး မဟုတ္လား။ ဆန္မရွိလည္း ပူရတာက ကၽြန္မ၊ ဆီမရွိလည္း ပူရတာက
ကၽြန္မ။ ရွင္ကေတာ့ မရွိေအးေအး၊ ရွိေအးေအးပဲ။ မေနႏုိင္တဲ့ ကၽြန္မက
ပူေနရတယ္ရွင့္။ အဲဒီေတာ့ ရွင့္ရဲ႕ ပါးစပ္တံခါးဝါဒကို ျပန္ျပင္ေပး။
မီဒီယာေခတ္မွာ လြတ္လပ္စြာ သတင္းအတင္းေျပာၿပီး ေဈးေရာင္းခြင့္ ေပးေတာ့။
စကားေတြ ႐ႈပ္ၿပီး ခ်ၾကေတာ့လည္း က်ဳပ္ကေတာ့ မ်က္ျဖဴဆိုက္ေလ
ဆရာႀကိဳက္ေလပဲရွင့္။ အဲဒီေန႔ မုန႔္ဖတ္ေတာင္ ထပ္တိုး ေျပးဝယ္ရဦးမယ္”
ကိုတင္ေမာင္ တစ္သက္လုံး ေက်ာင္းဆရာ လုပ္လာခဲ့တာပါ။ ေက်ာင္းအုပ္ႀကီး
လုပ္ေတာ့လည္း စည္းကမ္း ျပတ္သားခဲ့ပါတယ္။ ဆုံးျဖတ္ခ်က္ ခိုင္မာခဲ့တယ္။ အခု
ဒီကိစၥမွာေတာ့ ေခါင္းညိတ္ေခါင္းခါ လုပ္ဖို႔ အေတာ္ကို ေခါင္းခဲရတဲ့ ကိစၥ။
တင္းက်ပ္ျပတ္သားတဲ့ စည္းကမ္းကို အိမ္စရိတ္က ဖိအားေပးျခင္း ခံေနရၿပီ။
ထမင္းေပၚ ငါးပိရည္ဆမ္း၊ တညင္းသီး ဆားရည္စိမ္ေလး ျမႇဳပ္ၿပီး ထမင္းလုတ္ကို
ပါးစပ္ထဲ သြင္းမယ္အလုပ္ အိမ္ခန္းထဲက ေဒၚဝင္းရဲ႕ ေအာက္ကလိအာ
အသံႏွစ္ျခမ္းကြဲႀကီးက ဆူဆူဟိန္းဟိန္း ထြက္လာတယ္။
“ဘဲဥကို တစ္ျခမ္းပဲ စား”
-----------
ေမလႈိင္းျဖဴ
(ကမ္းေျခပုံျပင္ ဝတၳဳတိုမ်ား (၂၀၁၆))
ေမလႈိင္းျဖဴ
(ကမ္းေျခပုံျပင္ ဝတၳဳတိုမ်ား (၂၀၁၆))
Unicode Version
လွတ်လပ်စွာ ပြောခွင့်ပေး (မေလှိုင်းဖြူ)
----------------------------------------
“ကိုတင်မောင်၊ ကျုပ် တွေးလေ၊ တွေးလေ၊ ရှင့်ကို စိတ်ဆိုးလေပဲ သိလား။ အခု အိမ်မှာ စားဝတ်နေရေး ဘယ်လောက် ကသီလင်တ ဖြစ်ရသလဲ ရှင်မသိဘူး မဟုတ်လား။ ဆန်မရှိလည်း ပူရတာက ကျွန်မ၊ ဆီမရှိလည်း ပူရတာက ကျွန်မ၊ ရှင်ကတော့ မရှိအေးအေး၊ ရှိအေးအေးပဲ။ မအေးနိုင်တဲ့ ကျွန်မက ပူနေရတယ်ရှင့်။ အဲဒီတော့ ရှင် ကျွန်မကို သတင်းအတင်းပြောပြီး ဈေးရောင်းခွင့် ပေးတော့ ဒါပဲ”
ဒီမိန်းမ ပွစိ ဗျစ်တောက် လုပ်နေတာ ကြာပါပြီ။ ပါးစပ်က ပေါက်ပေါက် ဖောက်သလို ပလိ ပလိလုပ်လိုက်၊ အိုးနဲ့ ပန်းကန်ခွက်ယောက်တွေကို ဆောင့်ချကာ အသံထုတ်လိုက်၊ မျက်စောင်းကြီးကို ဝဲခနဲခဲကာ မကျေနပ်ကြောင်းကို ပုံစံအမျိုးမျိုးနဲ့ ဆန္ဒဖော်ထုတ် နေပေမယ့် ကိုတင်မောင် ဒီတစ်ခါ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ပါးစပ်ပိတ်ပြီး တုံဏိဘာဝေ နှာစေးနေရတယ်။
ခါတိုင်းဆို ကိုတင်မောင်က မိန်းမ ဘာပြောပြော ငြိမ်ကုပ် ခံနေတတ်တဲ့ လူစားမျိုးမှ မဟုတ်တာ။ သူ့ကို အိမ်ထောင်ဦးကတည်းက အပြတ်ပြောပြီးသား။
“နင်နဲ့ငါ လင်မယား ဆိုပေမယ့် နင့်ကိုလည်း တိုင်းထွာ ဆဲရေးပြီး ငါ မပြောဘူး။ နင်လည်း အယုတ္တ အနတ္တ စကားတွေနဲ့ ငါ့ကို အားမနာ ပြန်မပြောနဲ့။ ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ အပြန်အလှန် လေးစားမှုမျိုးကိုပဲ ကြိုက်တယ်”
ကိုတင်မောင်နဲ့ ဒေါ်ဝင်းက ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ။ မိဘတွေ သဘောတူပြီး ဂဟေဆက်ပေးတော့ နှစ်ဦးနှစ်ဖက် မငြင်းကြဘူး။ နှစ်ယောက်စလုံးက လက်ဆွဲပြစရာ ရည်းစားသနံကလည်း မရှိဆိုတော့ လွယ်လွယ် ခေါင်းညိတ်ခဲ့ကြတာပဲ။
မိဘတွေ ပေးစားလို့ တည်ဆောက်ခဲ့ကြတဲ့ အိမ်ထောင် ဆိုပေမယ့် သာသာယာယာ ရှိပါတယ်။ ကိုတင်မောင်က မူလတန်း ကျောင်းအုပ်ဆရာကြီး ဆိုတော့ ဘာပဲပြောပြော လူရိုသေ ရှင်ရိုသေ ရှိပါတယ်။ ဒါပေမဲ့ ဘာအပိုဝင်ငွေမှ မရှိတဲ့ လစာ သီးသန့်သမား။ ရှင်းရှင်း ပြောရရင် ကိုတင်မောင် ကျောင်းအုပ်ဆရာကြီး ဝင်ငွေထက် ဒေါ်ဝင်းရဲ့ ရောင်းအား ကောင်းလှတဲ့ မုန့်တီဆိုင် ဝင်ငွေက (၃)ဆလောက် သာပါတယ်။ ငွေရှာတော်တဲ့ ဒေါ်ဝင်းက သဘောမနောလည်း ကောင်းတာမို့ သူ့ဝင်ငွေက ပိုတယ်၊ ငါ့ဝင်ငွေက မပိုဘူး ဆိုတာမျိုးလည်း မပြောရှာပါဘူး။ ဒေါ်ဝင်း ဆိုတာကလည်း သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ လူစားမျိုးပါ။ ကိုတင်မောင့် အပေါ် ဝတ္တရားကျေပါတယ်။ တစ်ရွာလုံးကလည်း ဆရာကြီး ဆိုပြီး အရိပ်တောင် ဖြတ်မသွားရဲလောက်အောင် လေးစား နေကြတာ သူက မလေးစားဘဲ နေပါ့မလား။ သူ့ကိုလည်း ဆရာကတော် ဆိုပြီး တလေးတစား ရှိကြတာကို ပီတိစား အားရှိနေတာပါ။
ဒေါ်ဝင်းရဲ့ မုန့်တီဆိုင်လေးက အရောင်းသွက်လှပါတယ်။ ဆရာကတော် မုန့်တီဆိုင်ဆိုပြီး နာမည်က ခပ်ကြီးကြီး။ ဒီရွာမှာ ရှိသမျှ မုန့်တီဆိုင်တွေထဲ သူ့ရဲ့ မုန့်တီဆိုင်က သက်တမ်း အရှည်ဆုံးလို့ ပြောရမယ်။
ကိုတင်မောင်နဲ့ အိမ်ထောင်ကျစ တုန်းကတော့ ဒေါ်ဝင်း မုန့်တီ မရောင်းသေးပါဘူး။ ကျောင်းဆရာ လစာ (၆၂) ကျပ်ကို အိမ်စရိတ် နုတ်ပြီး ရွှေတောင် တစ်မူးတစ်ဖဲ့ စုနိုင်ပါသေးတယ်။ သမီးကြီး (၅) တန်း တက်ရတဲ့ နှစ်ကျတော့ လစာက ၂၂၅ ကျပ်ပေမယ့် ကလေးကျောင်းစရိတ်တွေ ဘာတွေနဲ့ အလျဉ်မမီတော့။ တိုးပွားလာတဲ့ လူဦးရေနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် သူက တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ဆိုပြီး အိမ်ရှေ့မှာ ရခိုင်မုန့်တီဆိုင်လေး ဖွင့်ပြီး တစ်ရွက်တစ်ပိုး စီးပွားရှာရတယ်။
ကိုတင်မောင်တို့ အိမ်က လမ်းဆုံလမ်းခွ အချက်အချာနေရာ ကျသလို ရွာဈေးလေးလည်းနီး ဆိုတော့ ဈေးသွားဈေးပြန်တွေနဲ့ရော ဘာရော အရောင်း သွက်လှပါတယ်။ ရောင်းကောင်းဆို လက်ကိုလည်း မလည်ဘူးလေ။ ရောင်းကောင်းရုံမျှမက တစ်ရွာလုံး ရှိရင်းစွဲ မုန့်တီဆိုင်တွေ ပြုတ်သလို နောက်ထပ် တိုးလာတဲ့ ဆိုင်တွေ အားလုံးလည်း သူ့ဆိုင်ရဲ့ ဈေးကွက်ကို ထိုးမဖောက် နိုင်ပါဘူး။ ဒီရွာလေးရဲ့ ရခိုင်မုန့်တီ ဈေးကွက်ကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်ထားတယ်လို့ ပြောရမယ်။
ဒေါ်ဝင်းက မုန့်တီကို ကောင်းကောင်းနိုင်တယ်။ ငါးခတ်ကို အလတ်ဆတ်ဆုံး ဆိုတဲ့ ငါးကို ဝယ်ပြီး သပ်သပ်ရပ်ရပ် တိုက်ချွတ်ဆေးတယ်။ မျှင်ငါးပိ စစ်စစ်ကို ဘယ်လောက် ဈေးကြီးကြီး ဝယ်သုံးတယ်။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ နိုင်းချင်းထည့်တယ်။ ပဲဆီစစ်စစ် သုံးထားတဲ့ ဆီချက်နဲ့ အကြော်က ရွတယ်။ မုန့်ဖတ်ဆိုလည်း ညသိပ်မုန့်ဖတ်ကို မသုံးဘူး။ လတ်ဆတ်တဲ့ ရေ ခပ်ရွှဲရွှဲလေးနဲ့ လက်ညှစ် မုန့်တီဖတ်ကို သုံးတယ်။ ငရုတ်သီးခြောက်ကို ကိုယ်တိုင် မီးခဲ မျှဉ်းမျှဉ်းလေးနဲ့ ရွရွလေး လှော်ပြီး ထောင်းတယ်။ ဒီတော့ သူ့ရဲ့ မုန့်တီလက်ရာက တစ်ခါစားမိပြီ ဆိုရင် တမ်းတမ်းစွဲ လျှာလည်သွား တော့တယ်။ အဲဒါက တစ်ချက်။ နောက်တစ်ချက်က တစ်ရွာလုံးက ရိုသေ လေးစားရတဲ့ ဆရာကြီးကတော် ဖြစ်နေတာက တစ်ချက်ပါ။
ဒီအချက် နှစ်ချက်ကြောင့် ဒီရွာမှာ ဒေါ်ဝင်းရဲ့ မုန့်တီ၊ အောင်ပွဲ ခံနေတာလို့ ကိုတင်မောင် လိုရာဆွဲ တွေးခဲ့တယ်။ ဒါပေမဲ့ ကိုတင်မောင် ထင်တာတွေ မဟုတ်သေးဘူး ဆိုတာကိုလည်း အလုပ်က ပင်စင်ယူပြီး မကြာမတင်မှာပဲ သဘောပေါက်ခဲ့ရတယ်။
* * *
ဒေါ်ဝင်းရဲ့ ပင်ကိုဗီဇ အရည်အချင်း တစ်ခုက မျက်နှာချိုပြီး အပြောကောင်းတာ ပါပဲ။ စကားပြောရင် သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ဖွဲ့နွဲ့ ပြောတတ်တယ်။ မျက်နှာ အမူအရာ အက်ရှင်ပါတယ်။ ဇာတ်နာအောင်လည်း အညွန့်အတက်လေးတွေ သုံးပြီး လိုသလို ချဲ့ကား ပြောတတ်တယ်။ ကိုယ်ပြောတဲ့ စကားကို လူတကာ စိတ်ဝင်စားအောင်၊ မျက်တောင်မခတ် ငေးနေရလောက်အောင် ဆွဲဆောင်မှုရှိရှိ ပြောတတ်ပြီး တစ်ဖက်သား ပြောစကားကိုလည်း စိတ်ဝင်တစား ခေါင်းတညိတ်ညိတ် လက်ခံလေ့ ရှိတယ်။
ရခိုင်မုန့်တီ ဆိုတာကလည်း များသောအားဖြင့် အမျိုးသမီးတွေပဲ ရှူးရှူးရှဲရှဲ လာစားကြတာမျိုး မဟုတ်လား။
ဒီတော့ သူ့ဆိုင်မှာ မုန့်တီလာစားတဲ့ အမျိုးသမီးတွေ အားလုံးက မုန့်စားပြီး ချက်ချင်း ထပြန် သွားခြင်းမျိုး မရှိဘဲ မုန့်တီ တစ်ပန်းကန် စားပြီး သူနဲ့ အားအားယားယားထိုင် သတင်းပလင်း စုံအောင် လေဖောကြ၊ ဟေးဟေးဟားဟား အော်ရယ်ကြ၊ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး မျက်နှာအက်ရှင် မျိုးစုံနဲ့ တောင်စဉ်ရေမရ စကားတွေ တဖောင်ဖောင် ပြောကြတယ်။ လျှာ အညောင်းခံပြီး တစ်ရွာလုံး အကြောင်း စေ့စေ့ငုငု ဝေဖန်ချင်သလို ဝေဖန် ပြောဆိုသမျှကိုလည်း ဈေးသည်ဖြစ်တဲ့ သူ့ကို မဏ္ဍိုင်ပြုပြီး ပြောကြတယ်။ သူ့ ဆိုင်က အမြဲတမ်း လူတရုန်းရုန်းနဲ့ ဆူညံစည်ကားလို့လေ။
ဒီမြင်ကွင်းကို ကြည့်ပြီး ကိုတင်မောင် အသက်ရှူဖို့ရာ မေ့လောက်အောင် ရင်မောသွားတယ်။ အံ့ဩလွန်းလို့ ပါးစပ်တောင် မစေ့နိုင်ဘူး။ ဒါတွေ အရင်တုန်းက သိမှ မသိခဲ့ဘဲကိုး။ ကိုတင်မောင် အလုပ်က ပင်စင်ယူပြီးနောက် တခြားအလုပ်လည်း မလုပ်တတ်တာမို့ အိမ်နောက်ဖေး တောအုပ်ထဲကို တက်ပြီး ဝါးခမောက် ရက် ရောင်းတယ်။ မနက် ရေနွေးကြမ်း တစ်အိုးနဲ့ အိမ်ကပြင်မှာထိုင် နှီးဖြာရင်းကနေပြီး အမှတ်မထင် မိန်းမဆိုင်ကို လှမ်းကြည့် လိုက်တာပါ။
ဟိုးယခင်တုန်းကတော့ မနက်စောစော ဘုရားရှိခိုးပြီးရင် ခြံထဲက စိုက်ခင်းလေးထဲ ဆင်းချင်ဆင်း၊ မဟုတ်ရင် အခန်းထဲဝင် စာဖတ်။ ပြီးတော့ သမီးကြီး ပြင်ဆင်ပေးတဲ့ ထမင်းဘူးကိုယူ ကျောင်းကို ထွက်သွားလိုက်တာ ပါပဲ။ သူ့ဆိုင်ကို အရေးအရာလုပ်ပြီး မကြည့်မိပါဘူး။ သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ် သမားရိုးကျ နေခဲ့တယ်။ အခုမှ မထင်မှတ်ဘဲ မုန့်တီဆိုင်ကို အာရုံကျသွားရတာ။
“အမယ်လေး အဝင်းရယ်၊ ပြောကို မပြောချင်ပါဘူး။ ထည့်စမ်းပါဦး ဟင်းခါးရည်လေးနဲ့ တစ်ပန်းကန်လောက် ပဲကြော်လေးပါ ထည့်”
အမျိုးသမီးတစ်ယောက် ဈေးခြင်းတောင်းကို ဘုတ်ခနဲ ပစ်ချ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ စကားစလိုက်တာပါ။ “ပြောကို မပြောချင် ဘူး” ဆိုကတည်းက မဖြစ်မနေ ပြောကို ပြောတော့မယ် ဆိုတာ ကိုတင်မောင် နားလည်သွားပြီမို့ စက္ခုအာရုံနဲ့ သောတအာရုံကို အသာပဲ ဖွင့်ပြီး နားစွင့်ထား လိုက်တယ်။
“ပြောစမ်းပါဦးအေ၊ ဘယ်သူနဲ့ ဘာ ဖြစ်လာပြန်တာလဲ”
ကြည့်၊ အဲဒါကို မကြိုက်တာ။ ကိုယ့်ဘာသာ ရောင်းစရာ ရှိတာကို ရောင်းပေါ့။ ကိုယ်က အဲဒီလို ပြောလာသမျှ အတင်းတွေကို လက်ခံနားထောင် နေတာကိုး။ ဘယ်သူပဲ လာလာ လက်ခံဆွေးနွေးဖို့ သူက တက်ကြွလွန်း လှတယ်။
“ခင်ကြွားကြွားစိန် ပေါ့အေ၊ တုလား စစ်လားတော့ မသိဘူး။ လက်ကောက်တွေ တံတောင်လောက် ဝတ်ပြီးတော့ မော့ခါ နေတာပဲ။ ငါကလည်း ကံဆိုးချင်တော့ ကြက်သားဆိုင်မှာ သွားဆုံတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေပါ သူ ကြွားလာသမျှ နားထောင်ရတာ နားကို ငြီးရောပဲ”
ပြောသူက နှုတ်ခမ်းတလန် ပန်းတလန်နှင့် ပြောနေသလို ဒေါ်ဝင်း ကလည်း မုန့်ပန်းကန်ကို လှမ်းပေးလိုက်ရင်းက
“အိုအေ၊ ပြာတဲ့အခါ ပြာပြီး ဝါတဲ့အခါ ဝါနေတာများ မသိတာ မှတ်လို့။ ဒါနဲ့ ကြားပြီးပြီလား၊ သူ့ယောက်ျားရဲ့ နှစ်မြွာအသည်း ကိစ္စ”
“ဟေ ...”
သူ့စကားအဆုံး ဆိုင်မှာ ရှိသမျှ အမျိုးသမီးထု အားလုံးရဲ့ စိတ်ဝင်စားမှုက အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားပါပြီ။ စကားဝိုင်းထဲ တစ်တပ် တစ်အား အားဖြည့်လိုက်ကြတာ တိုးတိုးရှပ်ရှပ်က တစ်မျိုး၊ ရွဲ့ရွဲ့မဲ့မဲ့က တစ်သွယ်ဖြင့် ပြောကြဆိုကြ ရွဲ့ကြမဲ့ကြ။ ဟီလာဟာလာ တိုက်ကြတယ်။
တစ်ယောက် ထသွားတော့ နောက်တစ်ယောက် ထိုင်၊ တစ်ဖွဲ့ ထသွားတော့ နောက်တစ်ဖွဲ့ ဝင်ဖြင့် တစ်မနက်ခင်းလုံး လူအပြည့်။ အကြောင်းအရာ တွေကလည်း တစ်မျိုးပြီးတစ်မျိုး မရိုးကြ။ လူတွေသာ ပြောင်းသွားတယ်။ အကြောင်းအရာတွေက မပြောင်း။ ဇာတ်လိုက် တစ်ယောက်ကို ဇာတ်ရံတစ်ပြုံကြီး ဝိုင်းထား သလိုမျိုး။ သူက သတင်းဖြန့်ဝေရေး ဇာတ်လိုက်ကျော်ကြီးပေါ့။ ခေါင်းတလှုပ်လှုပ်ဖြင့် လက်ခံဆွေးနွေးလိုက်၊ လက်ကလည်း ဇယ်စက်သလို မုန့်ပွဲတွေ တရစပ် ပြင်ပေးလိုက်နဲ့ သူ့မှာ အလုပ်တွေ ရှုပ်လို့။
အင်း ... ဒီကိစ္စ လက်ပိုက် ကြည့်နေလို့တော့ မဖြစ်တော့ဘူး။ တစ်သက်လုံး ပေါင်းသင်းလာတဲ့ မိန်းမ အရည်အချင်းတွေ ဒီလောက် ပြည့်စုံမှန်း မသိခဲ့ရိုး အမှန်ပါ။ လင်နဲ့ မယား ဆိုတာ ပါရမီဖြည့်ဖက်တွေမို့ မိန်းမရဲ့ ချွတ်ချော် တိမ်းစောင်း နေမှုကို တည့်မတ်ပေးရမှာ ကိုတင်မောင့် တာဝန် မဟုတ်လား။
နေထန်းတစ်ဖျား အရောက်မှာပဲ မုန့်တီဖတ် အချိန် (၁၀) ပြောင်ပြောင် ကုန်ပါပြီ။ မုန့်စား အတင်းပြောသူတွေလည်း ခြင်းတောင်းလေးတွေ ဆွဲပြီး အလျှိုအလျှို ပြန်ကြပြီ။ ဒေါ်ဝင်းက လပြည့်ဝန်းကြီးပမာ ပြုံးတုံ့တုံ့ မျက်နှာကြီးနဲ့ အမြတ်ငွေတွေကို တဖျတ်ဖျတ် ရေတွက်နေဆဲ။
ကိုတင်မောင် မုန့်ဆိုင် ဝိုင်းသိမ်းရင်း မိန်းမကို စည်းရုံးသိမ်းသွင်းမလို့ စကားစပ်လိုက်တယ်။
“ဒီမယ် မဝင်း၊ မင်း မုန့်တီရောင်းတာ ရိုးရိုးသားသား ရောင်းစမ်းပါကွာ။ မင်းဟာက မုန့်ရောင်းတာက နည်းနည်း၊ စကားရောင်းတာက ပိုများ နေသလားလို့”
ကိုတင်မောင့် စကားဆုံး မိန်းမက မျက်ခွံတစ်ချပ် လှပ်ပြီးကြည့်တယ်။ ပြီးတော့ မထေ့တထေ့ ပြုံးပြီး မေးငေါ့တယ်။
“အလိုတော်၊ ရှင်က ကျုပ်မုန့်တီဆိုင် ရောင်းကောင်းတာ ဘာကြောင့်လို့ ထင်သလဲ”
“ဘာကြောင့် ရမှာလဲကွာ၊ မင်းမုန့်တီက လက်ရာကောင်းတယ်၊ သပ်ရပ် သန့်ရှင်းတယ်။ ပြီးတော့ ကျောင်းအုပ်ဆရာကြီးရဲ့ မိန်းမဆိုတဲ့ အရှိန်အဝါကလည်း ပါသပေါ့ဗျာ။ ဟုတ်ဘူးလား”
မိန်းမက လျှို့ဝှက်နက်နဲတဲ့ အပြုံးတစ်မျိုးကို ပြုံးရင်း လက်ကာတယ်။ ပြီးတော့ “ရှင် ဘာသိလို့လဲ” ဆိုတဲ့ အကြည့်မျိုးနဲ့ မခိုးမခန့် ကြည့်တယ်။
“အိုး ... နိုးနိုး၊ ရှင် ထင်တာတွေ အားလုံး မှားတယ် ဆရာကြီးရဲ့။ ရှင် ပင်စင်ယူပြီး ကတည်းက ရှင့်ရဲ့ အရှိန်အဝါတွေလည်း သုံးစားလို့ မရတော့ ပါဘူး။ ကျုပ် မုန့်တီရောင်းကောင်းတာ ရပ်သတင်း ရွာသတင်း မီဒီယာ အားကောင်းလို့ တော်ရေ။ ခေတ်ကြီးက မီဒီယာခေတ်၊ ဝန်ဆောင်မှုခေတ်၊ ကျုပ်က ကာစတန်မာတွေကို သတင်းဖြန့်ဝေမှုတွေနဲ့ ဆွဲဆောင်ထားရတာ၊ ရှင်းပလား”
သူက ကရားရေလွှတ် တတွတ်တွတ် ပြောပြီး ရေနွေးလက်ကျန်ကို ပက်ခနဲ သွန်ချကာ၊ ဆတ်တောက်တောက် ထသွားတော့ ကိုတင်မောင် ဒေါသတွေ ထွက်လိုက်တာမှ အလိပ်လိုက်။
ဟိုးအရင်တုန်းကဆို ကိုတင်မောင် ဘာပြောပြော မော်မကြည့်ဝံ့တဲ့ မိန်းမ။ တစ်ခါတစ်ရံ စိတ်မထင်လို့ အော်ငေါက်ရင်တောင်မှ “ရှင်က ဆရာကြီး ဆိုတော့ ကျုပ်ကို ရှင့်တပည့်လို့ မှတ်တယ်ထင်ပါ့” ဆိုပြီး ပြုံးတုံ့တုံ့နဲ့ပါ။ ကိုတင်မောင် ပင်စင်ယူလိုက် ပြီးခါမှ ဒီမိန်းမ ဒီအချိုး ချိုးနေတယ်လို့ နင့်ခနဲ တွေးလိုက်ရင်းကနေ တစ်ခွန်းတော့ ခပ်မာမာ အော်ပစ်လိုက်ရော။
“အေး ... ရောင်း ရောင်း၊ တစ်နေ့ မင်း ပြဿနာပေါ်မှ သိမယ်။ ဒီကိစ္စမျိုးက တစ်နေ့မဟုတ်တစ်နေ့ ပြဿနာ ပေါ်တတ်တယ်ကွ၊ နားလည်လား”
ဒေါ်ဝင်းကတော့ နောက်နားက ကပ်ပါလာတဲ့ ကိုတင်မောင့် စကားကို မထီတထီနဲ့ ကိုယ်လုံး ဝဝကြီးကို နိမ့်တုံမြင့်တုံ လှုပ်ခါရင်း အိမ်ခန်းထဲကို ဝင်သွားလေရဲ့။
မိန်းမကို ဒီအတိုင်းပြောလို့ အဆင်ပြေမှာ မဟုတ်ချေတော့ဘူး။ သူက သူ့လုပ်ရပ်ကို အပြည့်အဝ ယုံကြည်နေပုံပါပဲ။ အကွက်ဝင်မယ့် တစ်နေ့ကို စောင့်ဆိုင်းဖို့ လိုမယ် ထင်တယ်လို့ တွေးမိတယ်။
* * *
ဒီကနေ့ ရာသီဥတု မသာယာပါဘူး။ ကောင်းကင်တစ်ခွင်မှာ မိုးသားတွေ အလိပ်လိုက် အလိပ်လိုက် မည်းလို့နေတယ်။ ထုံးစံအတိုင်း ဒေါ်ဝင်းရဲ့ မုန့်တီဆိုင်လေးလည်း သက်ဝင်လှုပ်ရှားနေတယ်။ စားကြ သောက်ကြ ပြောကြ ဆိုကြပေါ့။ ကိုတင်မောင်လည်း ခါတိုင်းလိုပဲ ရေနွေးကြမ်းအိုးကို ဘေးချပြီး နှီးဖြာ၊ ခမောက်ရက်ရင်း မိန်းမဆိုင်ကို တစေ့တစောင်း အကဲခတ်လျက်ပါ။
ထင်ထားတဲ့အတိုင်း ပါပဲ။ ပြဿနာကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါပြီ။ အမျိုးသမီး နှစ်ယောက် မုန့်စားရင်း စကားအရှုပ်အရှင်းတွေ ရှင်းကြပါတယ်။
“နင်က ဒီလိုပြောတယ် မဟုတ်လား”
“ဟေ့အေး မပြောဘူး”
ဒီလိုမျိုးက စပြီး တစ်စ တစ်စ ပွဲဆူလာကာ ဆံပင်ဖုတ်ဆွဲ ပါးချတဲ့အထိ ဖြစ်လာပါလေရော။ မုန့်စားနေတဲ့ ပရိသတ်က ဆွဲကြ လွဲကြပါတယ်။ ဒါပေမဲ့ လူကို ဖြေလို့ ရတယ်။ ဒေါသကို ဖြေလို့ မရပါဘူး။
တင်မောင်လည်း ဘာတွေ ဆက်ဖြစ်လာဦး မလဲလို့ စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်တယ်။ ဒီလို သင်ခန်းစာလေး ရမှ ဒီမိန်းမ အချိုးပြင်မယ်လို့ တွေးထားတာကိုး။
ပွဲက အတော့်ကို စည်ပါတယ်။ ပထမတော့ အမျိုးသမီး နှစ်ဦးတည်း ချကြပါတယ်။ နောက်တော့ တစ်ဦးစီရဲ့ ဆွေတွေမျိုးတွေထဲက အမျိုးသမီးတွေ ပါဝင်လာကာ အုပ်စုနှစ်စု ဆော်ကြ၊ ချကြ။ အမယ်လေးလေ ... လင်သားတွေ၊ မောင်တွေ၊ အစ်ကိုတွေပါ ဝင်ပါလာကြတယ်။ ကံကောင်းတယ်လို့ တွေးမိပါတယ်။ ကိုတင်မောင့် အဖို့တော့ ဒါဟာ ပထမဆုံး အတွေ့အကြုံပါ။
ဒီအနေအထားမှာ မိန်းမ ဘယ်လို ရှိနေမလဲလို့ လှမ်းရှိုးလိုက်တော့ အမယ် လက်နှစ်ဖက်ကို ကိုရီးယား ဇာတ်ကားထဲကလို ဟန်ပါပါ မြှောက်ပြီးတော့ “ရှင်တို့ ဆိုင်ပြင် ထွက်လုံးကြ၊ ကျုပ်ဆိုင် လာဘ်တိတ်တယ်” ဆိုပြီး မုန့်တီရောင်း မပျက်ဘူး။ ရန်ဖြစ်တာကို လာစပ်စုချင်တဲ့ လူတွေကလည်း မုန့်တီလေး တစ်ခွက်တော့ လာအားပေးသကိုး။ မထင်မှတ်ဘဲ ဈေးဆိုင် ကြိတ်ကြိတ်တိုး၊ စည်ကား သွားတာကြောင့် အိမ်ပေါ်က သမီးကို လှမ်းခေါ်ကာ မုန့်တီဖတ်တောင် ထပ်တိုးဝယ်ခိုင်း နေသေးတယ်။ သူ့အရပ် သူ့ဇာတ်တော့ အညမည ကျလို့။
ရန်ပွဲကို ကြည့်နေရင်းက ကိုတင်မောင် ဇောခွေးတွေတောင် ပြန်လာပြီ။ ဆက် မမြင်ချင်တော့တာမို့ အိမ်ထဲကို အသာလစ်ခဲ့တယ်။ စိတ်တွေလည်း နောက်ကျိရှုပ်ထွေး နေပါပြီ။
ကိုတင်မောင်ကသာ ဒီကိစ္စ စိတ်ညစ် သွားတာပါ။ မိန်းမကတော့ ဆိုင်သိမ်းပြီး မုန့်တီ (၁၅) ပိဿာဖိုး အမြတ်ငွေတွက် စိတ်ချမ်းသာလို့။ အံ့ဖွယ်သုတ ပါကလား။ ခါတိုင်း (၁၀) ပိဿာ ရောင်းရရာမှ အခု (၁၅) ပိဿာ ရောင်းရတာကိုး။ ဘာပဲဖြစ်ဖြစ် ဒီအချက် ဒီအကွက်ကို လက်လွှတ်မခံနိုင်ဘူး။ ကိုတင်မောင် တင်းမာစွာနဲ့ ပြတ်ပြတ်သားသား အမိန့်ထုတ်တယ်။
“မုန့်ရောင်းရင် စကား မရောင်းရ၊ သူများ လာပြောရင်လည်း လုံးဝ လက်သင့်ခံ မပြောရ။ ရောင်းသူနဲ့ ဝယ်သူအကြား အေးဆေးရိုးသားတဲ့ ဆက်ဆံရေးမျိုးပဲ ရှိရမယ်”
ကိုတင်မောင့် အမိန့်ကို မိန်းမက နှုတ်ခမ်းတစ်ဖက် တွန့်ရင်း သိပ်တော့ မကျေနပ်ချင်။ မျက်နှာ ညိုသွားပေမယ့် ပြန်တော့ မပြောရှာပါဘူး။ ကိုယ့်အပြစ်နဲ့ ကိုယ် ဆိုတော့လည်း မျက်စောင်းလေးချီရင်း “အင်းလေ ကြည့်ကြသေးတာ ပေါ့” တဲ့။
* * *
တစ်ခါတစ်ရံတော့ လောကကြီးဟာ အံ့ဩစရာ ကောင်းပါတယ်။ မိန်းမက ကိုတင်မောင့် စကားကို နားထောင်ပြီး ပါးစပ်ပိတ် ရောင်းပါတယ်။ ကိုတင်မောင်လည်း အိမ်ကပြင်မှာထိုင် ခမောက်ရက်ရင်း မိန်းမကို အလွတ်မပေး စောင့်ကြည့်တယ်။ လာကြပါတယ်။ မုန့်တစ်ပန်းကန် စားပြီး တစ်နာရီလောက် အာလာပ သလ္လာပ လေလုံးထွားကြသူတွေ။ သတင်းထူး သတင်းဦး ယူလာပေးကြသူတွေ။ သတင်းအနံ့ခံ ရောက်လာကြသူတွေ။
ဒေါ်ဝင်းက အတော်လေးကို သူ့စကားကို နားထောင်ရှာပါတယ်။ ဘယ်သူ ဘာပြောပြော ရေငုံနှုတ်ပိတ် ဘာတစ်ခွန်းမှ ဝင်မစွက်ဘူး။ ပြောလာသမျှ စကားတွေကို ခေါင်းညိတ်လိုက် ခေါင်းခါလိုက်နဲ့ နှုတ်ခမ်း တင်းတင်းစေ့ပြီး တုံ့ပြန်တယ်။
“မမဝင်း စကားနည်းလှချည်လား”
“အင်း”
“ဒီနေ့ မမဝင်း စကားမပြောတော့ တစ်ခုခု လိုနေသလိုပဲ။ ပျင်းစရာကြီး”
“အင်း”
“မမဝင်းရေ၊ ကြားပြီးပြီလား။ တောင်ပိုင်းက အပျိုကြီး လင်နောက် လိုက်ပြေးတဲ့ သတင်း”
“အင်း”
ဒေါ်ဝင်းမျက်နှာ ရီမှိုင်းမှိုင်း တွေတေတေ။ သူတို့ ပြောစကားတွေကို နားထောင်တာက လွဲပြီး ဝေဖန်ချက်လည်း မပေး၊ ဆွေးနွေးဖော်လည်း မရတဲ့ ဒေါ်ဝင်းကို ကြည့်ပြီး အားလုံးက နားမလည်နိုင်ပုံ ပါပဲ။ ခါတိုင်း အပေးအယူ မျှမျှ သဟဇာတ ကျလာတာကနေ အခုလို ရုတ်တရက် အသွင်ပြောင်းသွားတဲ့ သူ့ကို ဘယ်သူမှ မနှစ်မြို့ကြ။ ဟိုစကားလေးနဲ့ ဆွဲဆောင်လိုက်၊ ဒီစကားလေးနဲ့ အကဲဖမ်းလိုက် လုပ်ကြတော့ တစ်ခါတစ်ရံ သူက သတိလွတ်ပြီး စကားဝိုင်းထဲ ဝင်ပြောမယ်လုပ်ရာ။ ဘယ်ရမလဲ။ ဒီအခြေအနေမျိုးကို ရောက်မယ်ကြံတိုင်း ကိုတင်မောင်က “အဟမ်း အဟမ်း” ဆိုပြီး ခပ်ကျယ်ကျယ်လေး ချောင်းဟန့် ပေးလိုက်တော့ တီကောင်ကို ဆားနဲ့ပက်လိုက်သလို တွန့်ခနဲ ဖြစ်ပြီး မပြောရဲ ရှာတော့ဘူး။
ကြာလာတော့ ဒေါ်ဝင်းမျက်နှာက အေးစက်စက် အပြုံးတွေနဲ့ ခေါင်း ညိတ်လိုက်၊ ခေါင်းခါလိုက် သံပတ်ပေးထားတဲ့ စက်ရုပ်နှယ်။ တောင့်တောင့် ကြီးလေ။ ဒီလို အခြေအနေကို အကျေနပ်ကြီး ကျေနပ်နေသူကတော့ ကိုတင်မောင် ရယ်ပါ။ ဒီလိုမှပေါ့။ ရောင်းစရာရှိတာ ရောင်း၊ ဝယ်စရာရှိတာ ဝယ်၊ ဆိုင်လေး အေးချမ်းပြီး ဘယ်လောက် ကျက်သရေရှိလဲ။ နောက်နေ့တွေဆို ဒီထက် မင်္ဂလာရှိအောင် ဆောင်းဘောက်စ်လေး နှစ်လုံးနဲ့ ဆရာတော်ကြီးရဲ့ ပဋ္ဌာန်းခွေလေး ဖွင့်မယ်လို့တောင် စိတ်ကူးထားသေးတယ်။
“မိန်းမ၊ မင်း မုန့်ဆိုင်လေး ကြည့်ရတာ ငါ စိတ်ချမ်းသာလှသကွာ။ မင်းက လက်ခံမပြောတော့ ဟော မင်းကိုလည်း ဘယ်သူမှ လာပြီး မပြောတော့ဘူး မဟုတ်လား”
ကိုတင်မောင့်စကား ဆုံးတော့ မိန်းမက ခပ်တင်းတင်းပုံစံနဲ့ မျက်လုံး လှန်ကြည့်တယ်။ မခံချိမခံသာ မျက်နှာပေးနဲ့ ရင်ထဲက စကားတွေကို ဝေါခနဲ သွန်ချတယ်။ သူ့ရင်ထဲမှာ တင်းကျပ်နေပုံပါပဲ။
“ဒီမှာ မုန့်တီဆိုင်လေး အေးချမ်းတယ် ဟုတ်လား။ ရှင်မို့ ပြောရက်တယ်။ အရင်တုန်းက တစ်ရက်ကို အချိန်တစ်ဆယ် ကုန်တယ်။ ရှင့်ရဲ့ အတင်း မပြောရ၊ သတင်း မဖြန့်ရ အမိန့်ထုတ်ပြီး ကတည်းက (၅)ပိဿာကို အနိုင်နိုင်၊ အခု ဒီမနက် (၃) ပိဿာကို တစ်ဝက် သွန်ရတယ်။ ဒီအတိုင်းဆို မကြာခင် ကျုပ်တို့ဆိုင် ပိတ်ရတော့မယ်ရှင့်။ ရှင့်ပင်စင်လေးက ရှင်တစ်ယောက်တည်းတောင် ဝရဲ့လား”
“ဟေ”
မိန်းမရဲ့ တဒက်ဒက် စက်သေနတ်သံအဆုံး ကိုတင်မောင် ပါးစပ် အဟောင်းသား ပွင့်သွားတယ်။ သူ စဉ်းစား မရတာက မုန့်တီဆိုင်ကို လာတာ မုန့်စားဖို့လား၊ အတင်းပြောဖို့လား၊ သတင်းယူဖို့လား။ မိန်းမ ပြောတာ မယုံတစ်ဝက် ယုံတစ်ဝက်။
* * *
အခုဆိုရင် ကိုတင်မောင်တို့ရဲ့ မုန့်တီဆိုင်လေး ပိတ်ထားရတာ တစ်လ ကျော်ပါပြီ။ ပင်စင်လစာလေး ချောက်တီး ချောက်ချာက အိမ်စရိတ်နဲ့ ဘယ်လိုမှ ဟန်ချက်မညီတော့။ စုထား ခဲထားတာလေးတွေ ဖြိုဖျက်ပြီး မနိုင့်တနိုင် ကျားကန်ထားရတယ်။ သူတို့လင်မယား ဒီကိစ္စကြောင့် စကား ဟက်ဟက်ပက်ပက် မပြောတာ ကြာပါပြီ။ စကားစ ပြောတော့လည်း အခုလို စကားလုံး ရင့်ရင့်တွေ သုံးပြီး ဈေးရောင်းခွင့် တောင်းတော့တာပါပဲ။
“ကိုတင်မောင်၊ ကျုပ် တွေးလေ တွေးလေ ရှင့်ကို စိတ်ဆိုးလေပဲ သိလား။ အခု အိမ်မှာ စားဝတ်နေရေး ဘယ်လောက် ကသီလင်တ ဖြစ်ရသလဲ ရှင် မသိဘူး မဟုတ်လား။ ဆန်မရှိလည်း ပူရတာက ကျွန်မ၊ ဆီမရှိလည်း ပူရတာက ကျွန်မ။ ရှင်ကတော့ မရှိအေးအေး၊ ရှိအေးအေးပဲ။ မနေနိုင်တဲ့ ကျွန်မက ပူနေရတယ်ရှင့်။ အဲဒီတော့ ရှင့်ရဲ့ ပါးစပ်တံခါးဝါဒကို ပြန်ပြင်ပေး။ မီဒီယာခေတ်မှာ လွတ်လပ်စွာ သတင်းအတင်းပြောပြီး ဈေးရောင်းခွင့် ပေးတော့။ စကားတွေ ရှုပ်ပြီး ချကြတော့လည်း ကျုပ်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲရှင့်။ အဲဒီနေ့ မုန့်ဖတ်တောင် ထပ်တိုး ပြေးဝယ်ရဦးမယ်”
ကိုတင်မောင် တစ်သက်လုံး ကျောင်းဆရာ လုပ်လာခဲ့တာပါ။ ကျောင်းအုပ်ကြီး လုပ်တော့လည်း စည်းကမ်း ပြတ်သားခဲ့ပါတယ်။ ဆုံးဖြတ်ချက် ခိုင်မာခဲ့တယ်။ အခု ဒီကိစ္စမှာတော့ ခေါင်းညိတ်ခေါင်းခါ လုပ်ဖို့ အတော်ကို ခေါင်းခဲရတဲ့ ကိစ္စ။ တင်းကျပ်ပြတ်သားတဲ့ စည်းကမ်းကို အိမ်စရိတ်က ဖိအားပေးခြင်း ခံနေရပြီ။ ထမင်းပေါ် ငါးပိရည်ဆမ်း၊ တညင်းသီး ဆားရည်စိမ်လေး မြှုပ်ပြီး ထမင်းလုတ်ကို ပါးစပ်ထဲ သွင်းမယ်အလုပ် အိမ်ခန်းထဲက ဒေါ်ဝင်းရဲ့ အောက်ကလိအာ အသံနှစ်ခြမ်းကွဲကြီးက ဆူဆူဟိန်းဟိန်း ထွက်လာတယ်။
“ဘဲဥကို တစ်ခြမ်းပဲ စား”
-----------
မေလှိုင်းဖြူ
(ကမ်းခြေပုံပြင် ဝတ္ထုတိုများ (၂၀၁၆))

No comments:
Post a Comment