Zawgyi Version
“ ပစၥည္းေဟာင္းမ်ား ေရာင္းရန္ရွိသည္ ”
အသံသြင္းစတူဒီယိုမွ ထြက္လာသည္အထိလည္း ကၽြန္ေတာ့္ေဒါသက မေျပႏိုင္ေသးေခ်။
တစ္ကိုယ္လံုး ဆတ္ဆတ္တုန္လ်က္ရွိသည္။ ခ်ဳပ္တည္း၍မရေလာက္ေအာင္ ျဖစ္ေနရ၏။
စတူဒီယိုဆီသို႔ျပန္သြားကာ ဦးသီလႏွင့္ ရင္ဆိုင္ပစ္လိုက္ခ်င္သည္။
ေျပာခ်င္ရာေတြေျပာပစ္ကာ ဦးသီလ၏လည္ပင္းကို
ဆြဲယမ္းကိုင္လႈပ္ပစ္လိုက္ခ်င္သည္။
အကယ္တႏၱဳ ဦးသီလသည္ ကၽြန္ေတာ္ႏွင့္ သက္တူရြယ္တူမွ်သာဆိုလွ်င္ စတူဒီယိုထဲမွာပင္ ရန္ပြဲျဖစ္ႏိုင္ဖြယ္ရာအေၾကာင္းရွိ၏။ သုိ႔ေပလ်က္ ကၽြန္ေတာ့္ထက္ အသက္ႀကီးရံုမွ်မက ဂီတ၌ ၀ါရင့္ေနသူတစ္ေယာက္ ျဖစ္ေသာေၾကာင့္ ေခါင္းငံု႕ခံခဲ့ရ၏။
ဦးသီလ၏စကားတို႔က ကၽြန္ေတာ့္နားကို ခါးသီးေစသည္။ နာလိုခံခက္လည္းျဖစ္ေစသည့္နည္းတူ ရွက္လည္းရွက္ဖြယ္ ျဖစ္ေပ၏။
“ ဒီမယ္ ေမာင္ခင္ေမာင္ျမင့္တင့္လြင္၊ ဂီတဆိုတာ အသံျမည္တိုင္း ဂီတမဟုတ္ဘူးကြ၊ တို႔ျမန္မာ့ဂီတဟာ စည္းနဲ႔ကမ္းနဲ႔၊ အကြပ္မဲ့ၾကမ္းမဟုတ္ဘူးဆိုတာ မင္းသိေစခ်င္တယ္။ မင္းတို႔က ဂံုးဂံုးဂြမ္းဂြမ္းနဲ႔ အေနာက္တိုင္းသီခ်င္းကို အတုယူၿပီးတီးတယ္။ ငါတို႔က သီခ်င္းႀကီးေတြကို တီးတယ္၊ မင္းတို႔ အခုတီးေနတဲ့ ကာလေပၚဟာ သီခ်င္းႀကီးေတြကို အေျချပဳၿပီး ျဖစ္ေပၚလာရတာပါကြ။ မင္းက သီခ်င္းႀကီးေတြကို အထင္ေသးစကားေျပာေတာ့ ငါကေမးရလိမ့္မယ္။ သီခ်င္းႀကီးေတြရဲ႕သေဘာနဲ႔ တန္ဖိုးကို မင္းကဘာနဲ႔တိုင္းၿပီး ဘယ္လိုတန္ဖိုးျဖတ္ၿပီး ဘာေၾကာင့္ အလကားဟာေတြလို႔ ေျပာႏိုင္တာလဲ၊ ေျဖစမ္းပါဦး ”
ကၽြန္ေတာ္မေျဖႏိုင္၍ ေငးၾကည့္ေနလိုက္ရသည္။ ဘာကိုေျဖရမွန္းလည္းမသိ။ သိလိုက္သည္မွာ တစ္ခုတည္းပင္ျဖစ္သည္။ ကၽြန္ေတာ္ ေဒါသျဖစ္လာျခင္းတည္း။ မ်က္ႏွာပ်က္သြားမည္မွာ ေသခ်ာသည္။ ရွိန္းကနဲပူထူသြားသည္ကို အမွတ္ထားမိ၍ျဖစ္၏။
“ သီခ်င္းႀကီးမွာ အေျခခံဟာ ႀကိဳးသီခ်င္းပဲ။ အဲဒီႀကိဳးသီခ်င္းထဲမွာ အပါအ၀င္ျဖစ္တဲ့ ‘ သမႏၱဇာႀကိဳး ’ ဆိုတာရွိတယ္။ မင္းၾကားေတာင္ၾကားဖူးရဲ႕လား။ မၾကားဖူးမေတြ႕ဖူးရင္ ရွာေဖြၾကည့္ကြာ၊ ေတြ႕တဲ့အခါ အဲဒီႀကိဳးသီခ်င္းရဲ႕ အဓိပၸာယ္ကို မင္းရွင္းျပႏိုင္ပါ့မလား၊ ရွင္းတယ္ဆိုတာက ျမင့္ေနေသးတယ္။ ဖတ္ၾကည့္လို႔ သေဘာေပါက္ႏိုင္ေအာင္ပဲ ႀကိဳးစားၾကည့္။ အဲဒီလိုေလ့လာၾကည့္တဲ့အခါမွ မင္းတန္ဖိုးကို ရိပ္မိလာလိမ့္မယ္။ ဒီအခါမ်ိဳးက်မွ သီခ်င္းႀကီးေတြကို မင္းေ၀ဖန္ရင္ သဘာ၀က်လိမ့္မယ္လို႔ ငါထင္တယ္။ မင္း ျမန္မာလူမ်ိဳးတစ္ေယာက္မွန္ရင္ေတာ့ အဲဒီႀကိဳးသီခ်င္းဖတ္ၿပီးရင္ သီခ်င္းႀကီးေတြရဲ႕တန္ဖိုးကို နားလည္မေပါ့ကြာ ”
ထိုစကားကို ဦးသီလေျပာစဥ္က စတူဒီယိုထဲတြင္ ဂီတသမားအေတာ္မ်ားမ်ားတို႔ ရွိေနၾက၏။ သီခ်င္းႀကီး သီခ်င္းခံေပါင္းမ်ားစြာကို အဆိုအတီးပိုင္ႏိုင္စြာရေသာ ဦးအမၺဳန္၊ ေဒၚပန္းၿမိဳင္၊ ဦးသီတာ(မႏၱေလး)၊ ဦးဘိုးခ်ိဳ(က်ိဳက္လတ္) စေသာ ဂီတပညာရွင္ႀကီးမ်ားလည္း ရွိေနၾက၏။ ကာလေပၚဂီတတြင္ ေအာင္ျမင္ေက်ာ္ၾကားမႈ အမ်ားဆံုးရေနၾကသူမ်ားျဖစ္ေသာ ကိုခ်စ္ျမတ္၊ ကိုၾကည္ၿငိမ္း၊ မျမျမတင္၊ ကိုနႏၵ(ဆိုဗီယက္ျပန္) တို႔လည္း ရွိေနၾက၏။
သူတို႔အားလံုးသည္ ဦးသီလ၏စကားအဆံုးတြင္ ကၽြန္ေတာ့္ကို ၀ိုင္း၍ၾကည့္ၾကသည္။ စင္စစ္ဦးသီလသည္ ကၽြန္ေတာ့္အရွက္ကို ခြဲျခင္းဟု ယူဆလိုက္သည္။
မည္သည့္နည္းႏွင့္မွ် ဦးသီလကို မေက်နပ္ႏိုင္ပါေတာ့ေခ်။ အကယ္၍ ယေန႔အဖို႔ အသံသြင္းစတူဒီယိုအတြင္းသို႔ မေရာက္မိလွ်င္ ယခုလိုျဖစ္မည္မဟုတ္။ အိမ္အေရာင္းအ၀ယ္ကိစၥႏွင့္ပတ္သက္၍ ၀ယ္မည့္သူသံုးဦးႏွင့္ခ်ိန္းထားျခင္းမွာ အဆင္မေျပျဖစ္ခဲ့ရ၏။ သံုးဦးစလံုးက ေပၚမလာၾကသျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္ကာ ျပန္လာခဲ့သည္။ အျပန္တြင္ စိတ္ရႈပ္ျခင္းကို ေျပေပ်ာက္စိမ့္ေသာငွာ အသံသြင္းစတူဒီယိုသို႔၀င္၏။ ၀င္၀င္ခ်င္း ဦးသီလႏွင့္ ေတြ႔သည္။ ဦးသီလႏွင့္ ကၽြန္ေတာ္သည္ ခင္မင္ၾက၏။ ဂီတ၌ စည္းကမ္းႀကီးသူအျဖစ္ျဖင့္လည္းေကာင္း၊ ဂီတကိုထိလွ်င္ အေျပာၾကမ္းၾကမ္းႏွင့္ တံု႔ျပန္တတ္သူအျဖစ္လည္းေကာင္း ဦးသီလကို ကၽြန္ေတာ္သိသည္။
သို႔ေသာ္ သမားရိုးက် သီခ်င္းအေဟာင္းအေဆြးႀကီးမ်ားကိုသာ ဦးသီလ နားလည္သည္ဟု ကၽြန္ေတာ္ မွတ္ခ်က္ခ်ထားသည္။ ထို႔ေၾကာင့္ အထင္မႀကီးပါေခ်။
“ ေမာင္ရင္ ဘာေတြလုပ္ေနလဲ။ အသံလႊင့္ရက္ေရာ ရလာၿပီလား ”
ဦးသီလ၏ ေမးခြန္းကို ကၽြန္ေတာ္ေျဖလိုက္သည္။
“ လႊင့္ရက္ကေတာ့ မရေသးဘူး၊ ဒါေပမဲ့ သီခ်င္းေတြေတာ့ တိုက္ေနတယ္၊ တိုက္ၿပီးသားသီခ်င္းေတြကို မြမ္းမံေနရတာပဲ။ တခ်ိဳ႕ကို တိုင္မင္ ေျပာင္းတယ္၊ တခ်ိဳ႕ကို ကီးေျပာင္းတီးတယ္။ ဒီတစ္ပတ္ ဆစ္အိတ္တိုင္မင္နဲ႔ တစ္ပုဒ္သြင္းမယ္။ ဒီတစ္ပတ္ေတာ့ ၀ုဒ္၀င္းဒ္ ေလွ်ာ့ၿပီး ပါကတ္ရွင္း ခပ္မ်ားမ်ားသံုးမယ္ေလ။ တင္ပနီနဲ႔ ဘတ္စ္စြန္းရယ္၊ စပင္းနစ္ရွ္ဂီတာရယ္ ပိုသံုးမယ္။ ၿပီးေတာ့ ‘ သလိဗ္စ္အာရ္ ေဖာလင္း ’ ဆိုတဲ့သီခ်င္းကို ‘ ေရာ္ရြက္၀ါတို႔ ေျမသက္ေလၿပီ အခ်စ္ေရ ’ ဆိုတဲ့အမည္နဲ႔ မွီးထားတယ္။ ကၽြန္ေတာ္ေရးၿပီး ကၽြန္ေတာ္ဆိုမွာပဲ ”
ဦးသီလက ေခါင္းညိတ္သည္။ ကၽြန္ေတာ့္စကားကို သူနားလည္ႏိုင္မည္ မဟုတ္ေပ။ တူရိယာအေခၚအေ၀ၚေတြကိုပင္ သူသိမည္မဟုတ္ေပ။ မသိ၍ ကၽြန္ေတာ္က ခပ္ဖိဖိေလးေျပာလုိက္ျပန္သည္။
“ ျမဴးဇစ္ကို ကၽြန္ေတာ္တို႔က ရီဆတ္ခ်္လုပ္ၿပီးမွ တီးမႈတ္တာဗ်။ အခုလည္း ကၽြန္ေတာ္ တီထြင္ေနတယ္။ အီးေမဂ်ာနဲ႔တီးတဲ့ ဗီသိုဗင္ရဲ႕ ဆိုနာတာနံဘားႏိုင္းကို ျမန္မာျပန္ေနတယ္။ ၿပီးေတာ့ ဒီတစ္ပတ္အသံလႊင့္တဲ့အခါ ဦးသီလနားေထာင္ၾကည့္ေပါ့။ ကၽြန္ေတာ့္သူငယ္ခ်င္း ေမာင္ရင္ကြဲေရးတဲ့သီခ်င္းကို ကၽြန္ေတာ္ကိုယ္တိုင္ အသံသြင္းထားတယ္။ ကီးကေတာ့ အက္ဖ္ရွပ္ ေမဂ်ာ၊ ေအရွပ္မိုင္နာနဲ႔၊ နာမည္က ‘ ျပာေတာ? ငိုရေသာမ်က္ရည္ ’ တဲ့ ”
ဦးသီလအဖို႔ရာ နားမလည္ေသာ္လည္း ေခါင္းတညိတ္ညိတ္လႈပ္ေနေလသည္။ ျပန္လည္ေမးျမန္းေဆြးေႏြးျခင္း မျပဳႏို္င္ေသာအေျခသို႔ ေရာက္ေန၍ ကၽြန္ေတာ္က ဆက္ေျပာလိုက္သည္။ အထူးသျဖင့္ ကိုနႏၵတို႔လို လူမ်ိဳးေရွ႕တြင္ျဖစ္၍ ခပ္၀င့္၀င့္ေျပာရျခင္းလည္း ျဖစ္ေပသည္။
“ ဒါေပမယ့္ မေန႔က ရစ္ခ်တ္နဲ႔ေတြ႕တယ္၊ ရစ္ခ်တ္ကို သိတယ္မဟုတ္လား၊ ေရဒီယိုဘရိုတ္တီးရိွဳးမွာ ေဖးမာ့စ္ျဖစ္ေနတဲ့ ရစ္ခ်တ္ေပါ့။ သူက ေနာက္ဆံုးေပၚ ၀ီးလ္လက္စ္တိုင္မင္နဲ႔ သီခ်င္းစပ္ေနတယ္လို႔ ေျပာတယ္။ ၀ီးလ္လက္စ္တိုင္မင္က ပိုၿပီးေခတ္မီတယ္ေျပာတယ္၊ အဲဒါကို ရီဆာ့ခ်္လုပ္ၿပီးရင္ ပိုၿပီးတုိးတက္လာမွာပဲ။ ခက္တာက အသံသြင္းတဲ့အခါ ကီးခ်ိမ္းမ်ားမ်ားနဲ႔မွ ျဖစ္တာမဟုတ္လား၊ အသံရွာရတာကေတာ့ ခက္ခက္ေနတယ္ ”
ဤတြင္ ဦးသီလက ေျပာသည္။
“ ေမာင္ရင္ သီခ်င္းႀကီးေတြ မ်ားမ်ားတတ္ထားရင္ အသံရွာတဲ့အခါ ပိုၿပီးအဆင္ေျပလာလိမ့္မယ္ ”
“ ဟာ….ဗမာသံစစ္စစ္ဟာ နားမစြဲဘူးဗ်။ သီခ်င္းႀကီးဆိုတာေတြကလည္း ဘုရင့္ဘုန္းေတာ္ဘြဲ႕ေတြပဲ။ ပေဒသရာဇ္ဂီတက လူနဲ႔မနီးစပ္ပါဘူးဗ်ာ၊ ဒါေတြက အလကားပါ၊ ဘာလုပ္မလဲ ” ဟု ကၽြန္ေတာ့္အေျဖတြင္ ဦးသီလက “ ဒီမယ္ ” ဟု အစခ်ီကာ ေျပာလုိက္ျခင္း ျဖစ္ေလသည္။
ဦးသီလေျပာေသာ သမႏၱဇာႀကိဳးကို ကၽြန္ေတာ္ရွာမည္။ ေဖြမည္။ တက္မည္။ ဦးသီလကို ၿငိဳး၍လက္စားေခ်မည္။
××××××××××××××××××

အိမ္သို႔ ျပန္ေရာက္ေသာအခါ ညေနငါးနာရီခန္႔ရွိေပၿပီ။
“ လူေလးျပန္လာတာ ေနာက္က်လွခ်ည္လား၊ အေမတို႔ လူေလးကို ေစာင့္ေနတာနဲ႔ ခုထိထမင္းမစားၾကေသးဘူး။ ခဏ အေမာေျဖၿပီးရင္ ေရမိုးခ်ိဳး။ ထမင္းစားခ်ိန္ေတာင္ အေတာ္လင့္ေနၿပီ ”
အေမသည္ ကၽြန္ေတာ့္ပခံုးကို ဆုပ္ကိုင္ထားသည္။ ကရုဏာျပည့္ေသာ အေမ့အၾကည့္သည္ ကၽြန္ေတာ့္ရင္ကို ၾကည္ႏူးသြားေစသည္။ ျပံဳးေနေသာအခါ အေမ့ပါးျပင္မွာ ပါးေရတြန္႔မ်ားျဖင့္ အလိႈင္းလိႈင္းထ၍ေန၏။
အေမသည္ အသက္ေျခာက္ဆယ္ေက်ာ္ၿပီ ျဖစ္၏။ အေဖ့ထက္ ေျခာက္ႏွစ္မွ်ငယ္ေသာ္လည္း အေမက အိုစနာႏိုင္ေနသည္။ သို႔ေသာ္ အေမ့သြားတို႔သည္ က်ိဳးျခင္း၊ နဲ႔ျခင္း မရွိေသးေပ။
အေဖ၌ကား သြားသံုးေလးေခ်ာင္းမွ်သာ ရွိေလသည္။ အေဖ့တြင္ အေမ့ထက္ ကုသိုလ္ေကာင္းေသာ အခ်က္တစ္ခုရွိ၏။ ယင္းမွာ ဆံပင္မျဖဴျခင္းပင္တည္း။ သို႔ေပတည့္ ဆံပင္ကၽြတ္သည္။ ထို႔ေၾကာင့္ အေဖ့ဦးေခါင္းမွာ ဆံပင္ခပ္က်ဲက်ဲသာရွိ၏။ ဆံပင္က်ဲပါးျခင္းသည္ကား အဘိုး၊ အဘြား၊ အေဖ၊ အေမတို႔ ေလးဦးစလံုး၏ တူညီၾကေသာ လကၡဏာတစ္ရပ္ ျဖစ္ေပ၏။
အဘိုးသည္ သတိေကာင္းေသာ၊ မ်က္လံုးေကာင္းေသာအရာ၌ ထူးျခားလွ၏။ အဘိုး၏အသက္မွာ ကိုးဆယ္ေက်ာ္ျဖစ္ေသာ္လည္း သတင္းစာကို မ်က္မွန္မတပ္ဘဲဖတ္ႏိုင္သည္။ အဘိုးႏွင့္ သက္တူရြယ္မွ်ျဖစ္ေသာ အဘြားသည္ မ်က္စိမႈန္၍ မ်က္မွန္တပ္ထားရ၏။ သို႔ေပလ်က္ ဤအိမ္တစ္အိမ္လံုးတြင္ လူငယ္တို႔ႏွင့္မျခား သန္မာဖ်တ္လတ္ေသာသူမွာ အဘြားတစ္ေယာက္ပင္ျဖစ္၏။
အဘြားသည္ အရြယ္တင္၏။ အသားအေရစိုျပည္၏။ အေမ့ထက္ပင္ ႏုပ်ိဳပံုရသည္။ အဘိုးႏွင့္ အဖြားသည္ ကၽြန္ေတာ့္အေမ၏ မိဘႏွစ္ပါးျဖစ္သည္။ အေဖ့ဘက္မွ အဘိုးႏွင့္ အဖြားသည္မူ အညာတြင္ရွိေလ၏။
“ ေရျမန္ျမန္ခ်ိဳးေနာ္ လူေလး၊ အေအးမမိေစနဲ႔ ”
အေမာေျပ၍ ေရခ်ိဳးရန္ အက်ၤီၾကယ္သီးျဖဳတ္ေနစဥ္ အေမက စိုးရိမ္စိတ္ႏွင့္ေျပာသည္။ ထိုအခိုက္ ဘုရားရွိခိုးခန္းထဲမွ ထြက္လာေသာ အဘိုးက ကၽြန္ေတာ့္အနီးသို႔ ေရာက္လာ၏။
“ သံေခ်ာင္းေလး ေန႔လယ္ေလာက္ျပန္ေရာက္မယ္ဆိုၿပီး ခုအထိ အလည္ၾကဴးရသလားကြ။ တယ္ခက္တဲ့သူငယ္ပဲ ”
အဘိုးသည္ ကၽြန္ေတာ့္စိတ္တိုင္းက် ကၽြန္ေတာ္ေျပာင္းထားေသာ အမည္သစ္ကိုမေခၚ။ ငယ္နာမည္ကိုသာ ေခၚလ်က္ေျပာ၏။ အဘိုး၏ လွ်ာရွည္တတ္ေသာ ၀သီကို သိေသာအေမက ေရခ်ိဳးသြားရန္မ်က္ရိပ္ျပ၍ ထြက္သြားလုိက္သည္။ အဘိုးတြင္ စကားစတစ္ခုရမိလွ်င္ အမွ်င္မျပတ္တတ္သျဖင့္ ျပန္မေျပာသည္က အေကာင္းဆံုးဟု ကၽြန္ေတာ္သိၿပီးျဖစ္၏။ ထို႔ေၾကာင့္ ေရတြင္းဆီသို႔သြားသည္။ ေရတြင္းသည္ အိမ္အတြင္း၌ပင္႐ွိသည္။ ေရခ်ိဳးေနစဥ္ အေတြးက ဦးသီလထံေရာက္ေန၏။ ဦးသီလ၏စကားတို႔ကို ေအာင့္သက္သက္ႏွင့္ ၾကားေယာင္လ်က္သာ ရွိေလ၏။
“ ဟဲ့ လူေလး၊ မင္းအိမ္ေရာင္းဖို႔ ေၾကာ္ျငာထားတယ္ဆို၊ ေန႔လယ္က အစ္မ လာေမးတယ္။ မေန႔ကသတင္းစာထဲမွာ ဖတ္လိုက္ရတယ္လို႔လည္း အေမ့ကိုေျပာသြားတယ္။ မင့္အဘိုးအဘြားသာသိရင္ စိတ္မေကာင္းျဖစ္ၾကမွာပဲ။ မင္းအေဖသိရင္လည္း စိတ္မေကာင္းျဖစ္ေတာ့မွာပဲ၊ ဘယ္ႏွယ္လုပ္လုိက္တာလဲ ငါ့သားရယ္၊ ခက္တာပဲကြယ္ ”
အေမသည္ ေရတြင္းေဘာင္အနားတြင္ရပ္ရင္း ခပ္တိုးတိုးေမး၏။ အစ္မဆိုသည္မွာ အေမ၏အစ္မ ျဖစ္သည္။ အိမ္ႏွင့္တကြ ပစၥည္းေဟာင္းမ်ားေရာင္းရန္ရွိသည္ဟု သတင္းစာထဲမွာ ငါးရက္တိုင္တိုင္ ေၾကာ္ျငာထားခဲ့သည္။
ကၽြန္ေတာ္တို႔ေနထိုင္ရာရပ္ကြက္သည္ ေပါကၡရ၀တီရပ္ကြက္ျဖစ္၏။ ဤရပ္ကြက္တြင္ ကၽြန္ေတာ္တို႔အိမ္တစ္အိမ္မွတပါး က်န္ေသာအိမ္အားလံုးသည္ ေခတ္မီပံုစံျဖင့္ ေဆာက္လုပ္ထားေသာ တိုက္မ်ား၊ အိမ္မ်ားသာျဖစ္ေပ၏။
“ ေပါကၡရ၀တီရပ္ကြက္အတြင္းရွိ ေရွးေဟာင္းပံုစံျဖင့္ ေဆာက္ထားေသာ ႏွစ္ထပ္အိမ္ႀကီးတစ္အိမ္ႏွင့္တကြ အိမ္ေထာင္ပရိေဘာဂ ပစၥည္းေဟာင္းမ်ား ေရာင္းရန္ရွိသည္ ” ဟု ေၾကာ္ျငာလုိက္ေသာအခါ ကၽြန္ေတာ္တို႔အိမ္ျဖစ္ေၾကာင္း အတပ္သိႏိုင္ေပသည္။ အေမ၏ အစ္မ ကၽြန္ေတာ့္ႀကီးေတာ္သည္ ယင္းသို႔အေသအခ်ာသိ၍ အေမ့ကိုလာေရာက္ေမးျမန္းဟန္တူ၏။ အက်ိဳးအေၾကာင္းေမးျမန္းရာမွ အေမသိသြားျခင္းျဖစ္ေပလိမ့္မည္။
“ ဟုတ္တယ္အေမ၊ ကၽြန္ေတာ္ ေႀကာ္ျငာကပ္ထားတယ္။ ေနာက္မွ အေမ့ကို ေအးေအးေဆးေဆး ေျပာျပမယ္ေနာ္ အေမ ”
အေမသည္ သက္ျပင္းတစ္ခ်က္ခ်ကာ စိတ္မၾကည္လင္ဟန္ျဖင့္ အျပင္သို႔ထြက္သြားသည္။ ကၽြန္ေတာ္ ဤအိမ္အားေရာင္းရန္ မၾကာခဏေျပာၾကည့္ဖူးသည္။ အဘိုး၊ အဘြား၊ အေဖ၊ အေမတို႔ အားလံုးက ကန္႔ကြက္ၾကသည္။ အႀကိမ္ေပါင္းမ်ားစြာ ကၽြန္ေတာ္လက္ေလွ်ာ့ခဲ့ရ၏။
အဘိုး၊ အဘြားတို႔ အားလံုးသည္ လြန္စြာမွ ေရွးဆန္ၾက၏။ ေခတ္အျမင္၊ ေခတ္အသိတြင္ ကၽြန္ေတာ့္ကို မမီဟု ကၽြန္ေတာ္ယံုၾကည္သည္။ ကၽြန္ေတာ့္အဖို႔ရာ ေခတ္ကို အမီလိုက္ရံုမွ်မက ေက်ာပင္ေက်ာႏိုင္သူတစ္ေယာက္ ျဖစ္၏။ ယင္းအျပင္ ကၽြန္ေတာ္သည္ အယူအဆေရးရာ၌ ရဲရင့္ျပတ္သား တိပပီျပင္ တိုးတက္သူတစ္ေယာက္ဟု ကိုယ့္ကိုယ္ကိုယ္ ခိုင္မာၿမဲျမံစြာ ယံုၾကည္ထားသည္။
“ ေဟ့…အေဟာင္းအေဟာင္းေတြက အသစ္အသစ္ေတြေၾကာင့္ ခ်ဳပ္ၿငိမ္းေပးရမယ္။ မခ်ဳပ္ၿငိမ္းရင္ ခ်ဳပ္ၿငိမ္းေအာင္ လုပ္ေပးရမယ္။ ေဟာင္းႏြမ္းေဆြးေျမ့ေနတာေတြအားလံုးဟာ အလကားပဲ။ တန္ဖိုးမရွိဘူး။ အသစ္ေတြသာလိုအပ္တယ္ ” ဟု ကၽြန္ေတာ့္သူငယ္ခ်င္း စဥ့္နီတံုး၏ အေတြးအေခၚကို လက္ခံက်င့္သံုးသည္။
“ ေဟ့ ရဲေဘာ္ ခင္ေမာင္ျမင့္တင့္လြင္၊ ေတာ္လွန္ေရးဆိုတာ လုပ္ရဲတာကို ေခၚတာ။ ရဲေဘာ္ဟာ အခုပေဒသရာဇ္ဆန္တဲ့ အေဆာင္အေယာင္ေတြၾကားမွာ မိန္းေမာမေနသင့္ဘူး။ သက္ဦးဆံပိုင္ ဧကရာဇ္စနစ္ရဲ႕လက္ေ၀ခံ ပေဒသရာဇ္ရဲ႕ ပကာသနဆန္တဲ့ ရဲတိုက္အိမ္ႀကီးကိုဖ်က္ပစ္၊ ေတာ္လွန္ေရးအသိနဲ႔ ဖ်က္ေဆာက္၊ ဒါမဟုတ္ရင္ အရင္းရွင္ေတြဆီမွာ ေရာင္းပစ္ ” ဟု တိုက္တြန္း၍ ေရာင္းရန္ဆံုးျဖတ္ျခင္းျဖစ္၏။ ဟုတ္လွပါေပ၏။ မွန္လွပါေပ၏။ ေၾကာ္ျငာ၍ ေလးရက္ေျမာက္၌ ၀ယ္လိုသူသံုးဦးက ဆက္သြယ္သည္။ ညႊန္ၾကားထားေသာ လိပ္စာရွိရာ သူငယ္ခ်င္းတစ္ဦး၏ အိမ္တြင္ ၀ယ္လိုသူကို ေစာင့္ရသည္။ သူတို႔မလာ၍၊ လာျဖစ္လွ်င္ ယေန႔ပင္ အေရာင္းအ၀ယ္တည့္ေကာင္း တည့္ေပမည္။ အျမန္ဆံုးေရာင္းျဖစ္ေအာင္ ႀကိဳးပမ္းရမည္။
၀ယ္မည့္သူႀကိဳက္ေအာင္ ေျပာရမည့္စကားတို႔ကိုလည္း စဥ္းစားထား၏။ စင္စစ္၌ ဤအိမ္ႀကီးကို ေရာင္းခ်ရာတြင္ ေစ်းေကာင္းေကာင္းရခ်င္မွ ရလိမ့္မည္။ အိမ္ႀကီးသည္ ႀကီးမားလွေသာ္လည္း ေခတ္မမီေပ။ အိမ္ႀကီးမွာ အခန္းေပါင္း ဆယ့္ေျခာက္ခန္းရွိ၏။ ႏွစ္ထပ္လည္း ျဖစ္သည္။ အိမ္ေခါင္မိုးမွအစ တစ္အိမ္လံုးတြင္ စုလစ္မြန္းခၽြန္တို႔ျဖင့္ၿပီး၏။ ပန္းႏြယ္၊ ပန္းခက္၊ အေကြ႕အေကာက္ပန္းပုရုပ္မ်ားလည္း ရွိသည္။ အိ္မ္တိုင္မ်ားသည္ ကၽြန္းတိုင္အလံုးလိုက္ျဖစ္၏။ ဆင္၀င္တြင္ ပန္းဆြဲမ်ားလည္း ဆင္ထား၏။ ၀ရန္တာမွာ ပတ္လည္၀ရန္တာျဖစ္သည္။ သည္ကတည္းက ေတာဆန္လွသည္။
၄င္းအျပင္ ေလွကားမွာ အတြင္းေလွကားျဖစ္သည္။ ေလွကားလက္ရန္းသည္ ပြတ္လံုးျဖစ္၏။ တိုင္လံုးေလးေတြလည္း တပ္ထားသည္။ မုန္႔ႀကိဳးလိမ္ႏွင့္ပင္တူေန၏။ ကၽြန္းပ်ဥ္ကို ယိုးဒယားပန္းေဖာက္ထားေသာ လိုက္ကာမ်ားလည္းရွိ၏။ နယားရုပ္ေတြ၊ ကိႏၷရာရုပ္ေတြျဖင့္ ျပဳလုပ္ထားေသာ အိမ္ေထာင္ပရိေဘာဂမ်ားမွာ မ်က္စိရႈပ္စရာေကာင္းလွ၏။
ထိုအရာမ်ားကို ကၽြန္ေတာ္က ေတာ္လွန္ပစ္မည္။
ဤအိမ္အိုႀကီးအစား ခပ္က်ယ္က်ယ္၊ ေခတ္မီတစ္ထပ္တိုက္တစ္လံုး ေဆာက္မည္။ ေရွးရိုးကုလားထိုင္မ်ားအစား ဒန္းေလာ့ဆိုဖာမ်ား ထားမည္။ နီညိဳေရာင္ ကိုယ္လံုးေပၚမွန္ဗီရိုႀကီးေနရာတြင္ ေခတ္မီမွန္တင္ခံုႏွင့္ မွန္ဗီရိုလွလွပပမ်ားကို ထားမည္။ ထမင္းစားခန္းထဲရွိ မွန္စီေရႊခ်အုပ္၊ ဖလားစံုကြမ္းအစ္၊ လက္ဖက္အုပ္မ်ားထားေသာ စားပြဲေနရာတြင္ ေရခဲေသတၱာထားမည္။
ေခါင္းရင္းရွိ စစ္တုရင္ခံုေနရာတြင္ ဇယ္ေတာက္ခံုကို ထားမည္။ စာၾကည့္ခန္းရွိ ေပပုရပိုက္မ်ားကို ဘုန္းႀကီးေက်ာင္းသို႔လွဴပစ္ကာ အဂၤလိပ္စာအုပ္မ်ား၊ ကာလေပၚ၀တၳဳမ်ားကို သံုးဘက္ျမင္ မွန္ဗီရိုႏွင့္ထားမည္။ ေဟာင္းႏြမ္းေနေသာ မွန္စီေရႊခ် ၀ါးပတၱလားေနရာတြင္ ဂ်ာမန္စႏၵရားႀကီးကို ထားရမည္။ လက္ဖက္ရည္ၾကမ္းအိုးတင္ေသာ စလင္းေက်ာက္စားပြဲကိုဖယ္ကာ ေခတ္မီလက္ဖက္ရည္ပန္းကန္အစံု ထားမည္။ မီးရထားစက္ေခါင္းတြဲတံဆိပ္ တိုင္ကပ္နာရီအစုတ္ႀကီးေနရာတြင္ လွ်ပ္စစ္နာရီခ်ိတ္ထားမည္။
အကုန္အစင္ ေခတ္မီေအာင္ ျပဳလုပ္လုိက္မည္။ ျခံစည္းရိုးမွအစ ေျပာင္းလဲပစ္မည္။ ယခုလို အုတ္တံတိုင္းအျမင့္ႀကီး မကာရံေတာ့။ ၀ါးပင္ပုပုေလးေတြ စိုက္မည္။
ပန္းျခံကိုလည္း ရြက္လွပင္မ်ား စိုက္မထားေတာ့။ ႏွင္းဆီပင္ႏွင့္ သစ္ခြပင္မ်ားခ်ည္းစိုက္ထားမည္။
သည္စိတ္ကူးကို အေကာင္အထည္ေဖာ္ရန္ ဤအိမ္ႀကီးကိုေရာင္းခ်ပစ္မွ ျဖစ္မည္။ အဘိုးကိုယ္တိုင္ေဆာက္ထားေသာ အိမ္ျဖစ္လင့္ကစား ေရာင္းရေပမည္။ အိမ္အိုႀကီးႏွင့္လည္း ေနရ၊ လူအိုႀကီးေတြႏွင့္လည္း ေနရျခင္းသည္ စိတ္ကို ညစ္ႏြမ္းေစသည္။ ထို႔ေၾကာင့္ ဆန္႔က်င္ေနရျခင္းျဖစ္၏။ တစ္ဦးတည္းေသာသား၊ တစ္ဦးတည္းေသာေျမးျဖစ္သူ ကၽြန္ေတာ့္ကို စိတ္ဆိုးလွ်င္ ခဏမွ်သာျဖစ္လိမ့္မည္။
အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ၿပီးမွ အသိေပးလွ်င္ ဘာမွတတ္ႏိုင္ေတာ့မည္မဟုတ္၍ ကၽြန္ေတာ္က ပိုင္ပိုင္ႏိုင္ႏိုင္ ၾကံစည္လုိက္ရျခင္းျဖစ္သည္။
ကၽြန္ေတာ့္၏ ေခတ္မီေသာအစီအစဥ္ ေအာင္ျမင္သြားလွ်င္ ကၽြန္ေတာ္တို႔ေနေသာ အိမ္ပံုစံသည္ ေခတ္အမီဆံုးျဖစ္လာလိမ့္မည္။ အသံုးအေဆာင္မွအစ ေခတ္မီလာလိမ့္မည္။ သစ္လြင္လွပတင့္တယ္ ထည္၀ါလာေပလိမ့္မည္။ ေခတ္မီအေနာက္တိုင္း တီးလံုးသံမ်ားႏွင့္ သာေတာင့္သာယာ လာေခ်မည္မွာ မလြဲေပ။
ထိုအခါ၌ ကၽြန္ေတာ့္သူငယ္ခ်င္း စဥ့္နီတံုးမွအပ ပတ္၀န္းက်င္တစ္ခုလံုးက အံ့ၾသခ်ီးက်ဴးလာၾကလိမ့္မည္။
×××××××××××××××××××

ေရခ်ိဳးၿပီးေသာအခါ ထမင္းစား၏။ ထမင္း၀ိုင္းတြင္ စိတ္မ၀င္စားႏိုင္။
ဦးသီလ၏ စကားတို႔က ဖမ္းစားၿမဲ ဖမ္းစားတတ္သည္ ထင္၏။ သမႏၱဇာႀကိဳးကိုရွာေဖြရန္သာ စိတ္ေစာေန၏။
ထမင္းစားၿပီးၿပီးခ်င္း အဘိုး၏စာအုပ္ဗီရိုဆီသို႔ သြား၏။ စာအုပ္ဗီရိုထဲတြင္ ေရွးသီခ်င္းမ်ားႏွင့္ပတ္သက္ေသာ စာအုပ္သံုးေလးအုပ္ကို အမွတ္မထင္ေတြ႕ျမင္ဖူး၏။ ရွာေဖြေသာအခါ အလြယ္တကူ မေတြ႕ႏိုင္ဘဲရွိေန၏။ အတန္ၾကာမွေတြ႕သည္။ ေတြ႕ေသာ္ သမႏၱဇာႀကိဳးကို ရွာ၍မရ။ မည္သည့္အခါကမွ် ထိုစာအုပ္မ်ားကို ကိုင္၍ပင္ မၾကည့္ခဲ့ေသာ ကၽြန္ေတာ့္အား အဘိုးသည္ ကြမ္းဆံုေထာင္းေနရာမွ လွမ္းၾကည့္၏။
“ ဟိုေကာင္….တယ္ၿပီးဂနာမၿငိမ္ျဖစ္ေနလွခ်ည္လား၊ စာအုပ္ေတြနဲ႔ ဘာအလုပ္ရႈပ္ေနတာလဲ ”
“ ႀကိဳးသီခ်င္းတစ္ပုဒ္လိုခ်င္လို႔ ရွာေနတာ မေတြ႕လို႔ အဘိုး ”
အဘိုးသည္ ကြမ္းဆံုထဲမွ ကြမ္းဖတ္မ်ားကိုယူ၍ ျမံဳလိုက္ရင္း…..
“ အမယ္….ႀကီးႀကီးက်ယ္က်ယ္ကြာ၊ ငါသီခ်င္းတက္ေပးတုန္းကေတာ့ ႀကိဳးကၽြတ္ေအာင္ေတာင္ မသင္ခ်င္တဲ့ေကာင္ကမ်ား၊ ခုမွ ႀကိဳးသီခ်င္းေလးဘာေလးနဲ႔ ”
မွန္လည္း မွန္ေနေပသည္။ အဘုိးက ႀကိဳးသီခ်င္းမ်ားကို တက္ေပးဖူးသည္။ ကၽြန္ေတာ္က အထင္မႀကီး၍ စိတ္ပါ၀င္စားျခင္းမရွိခဲ့။ ပ်င္းရိစရာဟု သေဘာပိုက္ကာ ဆက္ၿပီးမသင္ေတာ့။ ႀကိဳးသီခ်င္းကို သံုးပုဒ္ႏွင့္ တစ္၀က္သာ သည္းခံ၍သင္ခဲ့သူ ကၽြန္ေတာ့္မွာ အဘိုးကို ျပန္မေျပာတတ္ေတာ့ေပ။
“ ဆိုစမ္းပါဦးကြာ၊ ဘာသီခ်င္းမိုလို႔လဲ ”
“ သမႏၱဇာႀကိဳးပါ အဘိုး ”
“ ငါ့စာအုပ္ေတြထဲမွာ ရွာၾကည့္ေလကြာ ”
“ ရွာၾကည့္ၿပီးပါၿပီ အဘိုး၊ ေသေသခ်ာခ်ာကိုပဲ ရွာတာပါ။ ေတြ႕ကို မေတြ႕ပါဘူး ”
အဘိုးသည္ မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားေန၏။ ေခတၱမွ်ၾကာမွ သတိရသြားဟန္တူ၏။
“ ဒါျဖင့္ ဘုရားခန္းထဲက ကၽြန္းေသတၱာထဲမွာ သြားၾကည့္ေခ်။ ‘ အရပ္ရပ္သီခ်င္းမ်ား ’ ဆိုတဲ့ ပုရပိုက္တစ္ဆူရွိတယ္၊ သြားယူလာခဲ့ ”
အဘိုးေျပာသည့္အတိုင္းသြားၾကည့္ရာ အဆင္သင့္ပင္ေတြ႕ရ၍ အဘိိုးလက္ထဲသို႔ ပုရပိုက္ကို အပ္လိုက္သည္။ ပုရပိုက္ကိုဖြင့္၍ ရွာသည္။ တစ္၀က္ေလာက္အေရာက္တြင္ အဘိိုးသည္ စူးစူးစိုက္စိုက္ၾကည့္လိုက္၏။
“ သူငယ္ေလး ဒီအပိုဒ္ကိုဖတ္ျပစမ္း ”
ဖတ္လိုက္ေသာအခါ “ သမႏၱဇာႀကိဳး ျဖစ္သည္ဘုရား ” ဟု ေတြ႕ရ၏။
“ သမႏၱဇာ ေရႊယင္းမာ၊ သစၥာေလးဆူပြင့္ေတာ္မူ၊ နတ္လူေကာင္းခ်ီး ေခၚသည္တည့္ေလ၊ ခတၱာျဖဴသည္ လူတည့္ေလ။ ။ သမႏၱဇာ ေရႊယင္းမာ သစၥာပြင့္ပ်ိဳ မပြင့္လို၊ မိုးကိုလင့္သည္ ျဖစ္ေတာ့မည္၊ ခတၱာျဖဴငယ္လူေလစြ။ ။ သမႏၱဇာ ေရႊယင္းမာ၊ နကၡတ္တာရာၾကယ္မ်ားစြာ ရံကာစံုမက္၊ ေရာင္ျခည္ထြက္ပါ၍၊ ရန္ဘက္ကယ္သူရာ ေရာက္ခ်ိန္…ေနရွိန္ထား၍ဆိုသည္ေလ…ခတၱာျဖဴ လူေလစြ။ ။ သမႏၱဇာ ေရႊယင္းမာ၊ ျမတ္စြာဘုရား ရွင္ေစာမ်ားကို ညႊတ္တြားခယ ပန္၏ေလ ”
အသံေန အသံထားမသိ၍ စာဖတ္သလိုဖတ္ျပၿပီးေသာအခါ အဘိုးကိုၾကည့္လိုက္သည္။ အဘိုးသည္ ေခါင္းတညိတ္ညိတ္ႏွင့္ ကြမ္းျမံဳေန၏။
“ ပတၱလားကို ဒီကိုယူလာခဲ့ ”
ပတၱလားကိုသြားယူၿပီး အဘိုးေရွ႕တြင္ ခ်ေပးလိုက္သည္။ အဘိုးသည္ လက္ခတ္ကို ထုတ္ယူ၏။ သမႏၱဇာႀကိဳးကို ႏႈတ္မွဆိုလိုက္၊ တီးလံုးစမ္းလုိက္ႏွင့္ အစေဖာ္ေနသည္။
ကြမ္းတစ္ယာညက္ခန္႔အၾကာတြင္ အဘိုးသည္ အထစ္အေငါ့မရွိဘဲ တီးလံုးကို သံုးေလးေခါက္တီးၿပီးေပၿပီ။ ေမ့ေနဟန္တူေသာ ဆိုကြက္၊ တီးကြက္တို႔သည္ လံုး၀ေပၚေပါက္လာသည္။
တစ္ဆက္တည္း ကၽြန္ေတာ့္ကို အဆိုခ်ေပး၏။ ထို႔ေနာက္ စည္း၀ါးလိုက္ခိုင္း၏။ စည္းအ၀င္မွား၍ အဆူခံရျပန္ရသည္။ ၀ါးအခ်မွား၍ အမာန္ခံရျပန္သည္။ ေလးငါးေခါက္မွ် ရလာေသာအခါ စည္း၀ါးလည္းမွန္လာ၏။ ဆိုဟန္လည္း မိစျပဳလာ၏။ သည္တြင္ အဘိုးသည္ လက္ခတ္ကိုခ်၍ ရာဇ၀င္ခ်ီကာ ေျပာျပေလေတာ့၏။ အဘိုး၏နိဒါန္းသည္ အေသးစိတ္က်လွသည္။ သီခ်င္းကုိ မည္သူေရးသည္။ မည္သည့္ေခတ္တြင္ ေရးသည္။ မည္သည့္အတြက္ေၾကာင့္ ေရးသည္ ဟူေသာ အဖိုးတန္အခ်က္မ်ားကို စိတ္ရွည္လက္ရွည္ႏွင့္ ေျပာျပေနသည္ဟု ကၽြန္ေတာ္နားလည္လာသည္။
“ အိမ္း…ငါ့ပညာေတာ့ ဆက္ခံမယ့္သူမရွိရင္ ကြယ္ေတာ့မွာပဲ ” ဟုလည္းေျပာသည္။ အဘိုးသည္ ေရွးဂီတ၌ ကၽြမ္းက်င္သူျဖစ္သည္။ ကၽြန္ေတာ္ ငယ္စဥ္ကဆိုလွ်င္ အဘိုးသည္ သူ႔သူူငယ္ခ်င္းသံုးေလးဦးႏွင့္ တီးမႈတ္သီဆိုသည္မွာ ေန႔စဥ္ျဖစ္သည္။ ‘ ေတးဘုမၼာ ’ သီခ်င္းကို လက္ဆြဲဘာဂ်ာႏွင့္ အဆိုအတီးႏွစ္ဖက္ရေသာ ဘာဂ်ာဦးဘေက်ာ္၊ ပေလြႀကီးအမႈတ္ေကာင္းေသာ ဦးဘေမွာ္၊ ဟြန္းတေယာ အထိုးေကာင္းေသာ ဦးသာေဗ်ာစသည္တို႔သည္ အဘိုး၏ဂီတသူငယ္ခ်င္းမ်ား ျဖစ္သည္။ ရဟန္း၀တ္သြားေသာ ဦးဘေက်ာ္မွတပါး က်န္ႏွစ္ဦးမွာ ကြယ္လြန္သြားၾကၿပီျဖစ္၏။ အဘိုးသည္ ကြယ္လြန္သြားေသာ သူငယ္ခ်င္းႏွစ္ဦးႏွင့္ ရဟန္း၀တ္သြားေသာ ဦးဘေက်ာ္တို႔၏ ပေလြ၊ လက္ဆြဲဘာဂ်ာ၊ ဟြန္းတေယာတို႔ကို ယခုတိုင္ တျမတ္တႏိုး သိမ္းဆည္းထား၏။ အဘိုးသည္ ဂီတကို သံေယာဇဥ္ထားရွိ၏။ ကဆုန္လျပည့္၊ သီတင္းကၽြတ္လျပည့္၊ တေပါင္းလျပည့္ စေသာ ေန႔ထူးေန႔ျမတ္မ်ား၌ ‘ ထူးမျခားနား ’ သီခ်င္းႀကီးမ်ားျဖင့္ ဗုဒၶျမတ္စြာအား ပူေဇာ္ကန္ေတာ့ေလ့ရွိ၏။
“ တို႔ဘုရားရွင္ ကိုယ္ေတာ္တိုင္က ဂီတမွာကၽြမ္းက်င္တဲ့ ပုဂၢိဳလ္ႀကီးကြယ့္၊ ပဥၥသိခၤရဲ႕ ေစာင္းသံအေလ်ာ့အတင္းကို ဆင္ျခင္ၿပီး မဇၥ်ိမပဋိပဒါက်င့္စဥ္ကို ရသြားတာ၊ ဘယ္အရာမဆို ႏွလံုးသြင္းတတ္ရင္ ကုသိုလ္ဘာ၀နာရတယ္ ” ဟုေျပာေလ့ရွိေသာ အဘိုးသည္ ယခုအခါတြင္လည္း သမႏၱဇာႀကိဳး၏ အဓိပၸါယ္ကို အက်ယ္တ၀င့္ ရွင္းျပလ်က္ရွိ၏။
“ အဂၤလိပ္ေခတ္တုန္းက တို႔သီခ်င္းႀကီးေတြက မ်က္ႏွာငယ္ခဲ့ရတာေပါ့၊ ‘ ဘားဘားဘလက္ရွစ္ပ္ ’ ကို သီခ်င္းလုပ္ဆိုၿပီး အဂၤလိပ္ၾကက္ဖ ဗိုလ္ၾကက္ဖအက ကျပတဲ့လူကိုမွ အထင္ႀကီးတတ္တာလားကြာ၊ ကၽြန္ေခတ္ကေတာ့ ဗမာ့ဂီတကို ဘယ္သူကမွ အထင္ႀကီးတာ မဟုတ္ဘူးကြ ”
နိဂံုးခ်ဳပ္ေသာ အဘိုးစကားသည္ ကၽြန္ေတာ့္ကို တုန္လႈပ္သြားေစ၏။ ျမန္မာ့ဂီတကို အထင္ေသးၿပီး ေစာ္ကားေသာ အေလ့အထ၊ အယူအဆသည္ ကၽြန္ေခတ္မွ အက်င့္ဆိုး၊ အက်င့္ေဟာင္းဟု အဘိုးဆိုလိုက္ျခင္းက ကၽြန္ေတာ့္ကို ေခ်ာက္ျခားသြားေစ၏။
ကၽြန္ေတာ္သည္ အဘိုး ဦးစာပုတီး၏မ်က္ႏွာကို ေသေသခ်ခ်ာၾကည့္သည္။ အဘြားေဒၚမယ္ခါ၊ အေဖဦးၾသဘာ၊ အေမေဒၚျပည္စိုးတို႔ကို ၾကည့္သည္။ ပတၱလားအိုႀကီးကိုလည္း ၾကည့္သည္။ ထို႔ေနာက္ အိမ္အိုႀကီး၊ ေရွးဆန္လွေသာ ပရိေဘာဂတို႔ကိုလည္း ၾကည့္သည္။ ပုရပိုက္ကိုလည္း ျမတ္ႏိုးစိတ္ျဖင့္ ၾကည့္သည္။
×××××××××××××××××

မနက္ျဖန္က်လွ်င္ ဦးသီလႏွင့္သြားေတြ႕မည္။
သမႏၱဇာႀကိဳး အေၾကာင္းျခင္းရာကို အတၳဳပၸတၱိႏွင့္ ရွင္းျပလုိက္ဦးမည္။ ကၽြန္ေတာ္ ျမန္မာလူမ်ိဳးတစ္ဦးမွန္ေၾကာင္း သိသြားရလိမ့္မည္။
သည္မွ်မက သတင္းစာတိုက္သို႔လည္း ေၾကာ္ျငာတစ္ခုေပးရန္ သြားရေပဦးမည္။
ထိုေၾကာ္ျငာမွာ ‘ အိမ္ႏွင့္တကြ ပစၥည္းေဟာင္းမ်ား ေရာင္းရန္ရွိသည္ဟု ေၾကာ္ျငာခဲ့ျခင္းကို ရုပ္သိမ္းလိုက္ပါေၾကာင္း ’ ။ ။

ၿငိမ္းေက်ာ္
ေငြတာရီမဂၢဇင္း၊ စက္တင္ဘာလ၊ ၁၉၆၆
ေငြတာရီမဂၢဇင္း၊ စက္တင္ဘာလ၊ ၁၉၆၆
Unicode Version
“ ပစ္စည်းဟောင်းများ ရောင်းရန်ရှိသည် ”
အသံသွင်းစတူဒီယိုမှ ထွက်လာသည်အထိလည်း ကျွန်တော့်ဒေါသက မပြေနိုင်သေးချေ။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက်ရှိသည်။ ချုပ်တည်း၍မရလောက်အောင် ဖြစ်နေရ၏။ စတူဒီယိုဆီသို့ပြန်သွားကာ ဦးသီလနှင့် ရင်ဆိုင်ပစ်လိုက်ချင်သည်။ ပြောချင်ရာတွေပြောပစ်ကာ ဦးသီလ၏လည်ပင်းကို ဆွဲယမ်းကိုင်လှုပ်ပစ်လိုက်ချင်သည်။
အကယ်တန္တု ဦးသီလသည် ကျွန်တော်နှင့် သက်တူရွယ်တူမျှသာဆိုလျှင် စတူဒီယိုထဲမှာပင် ရန်ပွဲဖြစ်နိုင်ဖွယ်ရာအကြောင်းရှိ၏။ သို့ပေလျက် ကျွန်တော့်ထက် အသက်ကြီးရုံမျှမက ဂီတ၌ ဝါရင့်နေသူတစ်ယောက် ဖြစ်သောကြောင့် ခေါင်းငုံ့ခံခဲ့ရ၏။
ဦးသီလ၏စကားတို့က ကျွန်တော့်နားကို ခါးသီးစေသည်။ နာလိုခံခက်လည်းဖြစ်စေသည့်နည်းတူ ရှက်လည်းရှက်ဖွယ် ဖြစ်ပေ၏။
“ ဒီမယ် မောင်ခင်မောင်မြင့်တင့်လွင်၊ ဂီတဆိုတာ အသံမြည်တိုင်း ဂီတမဟုတ်ဘူးကွ၊ တို့မြန်မာ့ဂီတဟာ စည်းနဲ့ကမ်းနဲ့၊ အကွပ်မဲ့ကြမ်းမဟုတ်ဘူးဆိုတာ မင်းသိစေချင်တယ်။ မင်းတို့က ဂုံးဂုံးဂွမ်းဂွမ်းနဲ့ အနောက်တိုင်းသီချင်းကို အတုယူပြီးတီးတယ်။ ငါတို့က သီချင်းကြီးတွေကို တီးတယ်၊ မင်းတို့ အခုတီးနေတဲ့ ကာလပေါ်ဟာ သီချင်းကြီးတွေကို အခြေပြုပြီး ဖြစ်ပေါ်လာရတာပါကွ။ မင်းက သီချင်းကြီးတွေကို အထင်သေးစကားပြောတော့ ငါကမေးရလိမ့်မယ်။ သီချင်းကြီးတွေရဲ့သဘောနဲ့ တန်ဖိုးကို မင်းကဘာနဲ့တိုင်းပြီး ဘယ်လိုတန်ဖိုးဖြတ်ပြီး ဘာကြောင့် အလကားဟာတွေလို့ ပြောနိုင်တာလဲ၊ ဖြေစမ်းပါဦး ”
ကျွန်တော်မဖြေနိုင်၍ ငေးကြည့်နေလိုက်ရသည်။ ဘာကိုဖြေရမှန်းလည်းမသိ။ သိလိုက်သည်မှာ တစ်ခုတည်းပင်ဖြစ်သည်။ ကျွန်တော် ဒေါသဖြစ်လာခြင်းတည်း။ မျက်နှာပျက်သွားမည်မှာ သေချာသည်။ ရှိန်းကနဲပူထူသွားသည်ကို အမှတ်ထားမိ၍ဖြစ်၏။
“ သီချင်းကြီးမှာ အခြေခံဟာ ကြိုးသီချင်းပဲ။ အဲဒီကြိုးသီချင်းထဲမှာ အပါအဝင်ဖြစ်တဲ့ ‘ သမန္တဇာကြိုး ’ ဆိုတာရှိတယ်။ မင်းကြားတောင်ကြားဖူးရဲ့လား။ မကြားဖူးမတွေ့ဖူးရင် ရှာဖွေကြည့်ကွာ၊ တွေ့တဲ့အခါ အဲဒီကြိုးသီချင်းရဲ့ အဓိပ္ပာယ်ကို မင်းရှင်းပြနိုင်ပါ့မလား၊ ရှင်းတယ်ဆိုတာက မြင့်နေသေးတယ်။ ဖတ်ကြည့်လို့ သဘောပေါက်နိုင်အောင်ပဲ ကြိုးစားကြည့်။ အဲဒီလိုလေ့လာကြည့်တဲ့အခါမှ မင်းတန်ဖိုးကို ရိပ်မိလာလိမ့်မယ်။ ဒီအခါမျိုးကျမှ သီချင်းကြီးတွေကို မင်းဝေဖန်ရင် သဘာဝကျလိမ့်မယ်လို့ ငါထင်တယ်။ မင်း မြန်မာလူမျိုးတစ်ယောက်မှန်ရင်တော့ အဲဒီကြိုးသီချင်းဖတ်ပြီးရင် သီချင်းကြီးတွေရဲ့တန်ဖိုးကို နားလည်မပေါ့ကွာ ”
ထိုစကားကို ဦးသီလပြောစဉ်က စတူဒီယိုထဲတွင် ဂီတသမားအတော်များများတို့ ရှိနေကြ၏။ သီချင်းကြီး သီချင်းခံပေါင်းများစွာကို အဆိုအတီးပိုင်နိုင်စွာရသော ဦးအမ္ဗုန်၊ ဒေါ်ပန်းမြိုင်၊ ဦးသီတာ(မန္တလေး)၊ ဦးဘိုးချို(ကျိုက်လတ်) စသော ဂီတပညာရှင်ကြီးများလည်း ရှိနေကြ၏။ ကာလပေါ်ဂီတတွင် အောင်မြင်ကျော်ကြားမှု အများဆုံးရနေကြသူများဖြစ်သော ကိုချစ်မြတ်၊ ကိုကြည်ငြိမ်း၊ မမြမြတင်၊ ကိုနန္ဒ(ဆိုဗီယက်ပြန်) တို့လည်း ရှိနေကြ၏။
သူတို့အားလုံးသည် ဦးသီလ၏စကားအဆုံးတွင် ကျွန်တော့်ကို ဝိုင်း၍ကြည့်ကြသည်။ စင်စစ်ဦးသီလသည် ကျွန်တော့်အရှက်ကို ခွဲခြင်းဟု ယူဆလိုက်သည်။
မည်သည့်နည်းနှင့်မျှ ဦးသီလကို မကျေနပ်နိုင်ပါတော့ချေ။ အကယ်၍ ယနေ့အဖို့ အသံသွင်းစတူဒီယိုအတွင်းသို့ မရောက်မိလျှင် ယခုလိုဖြစ်မည်မဟုတ်။ အိမ်အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ ဝယ်မည့်သူသုံးဦးနှင့်ချိန်းထားခြင်းမှာ အဆင်မပြေဖြစ်ခဲ့ရ၏။ သုံးဦးစလုံးက ပေါ်မလာကြသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ပြန်လာခဲ့သည်။ အပြန်တွင် စိတ်ရှုပ်ခြင်းကို ပြေပျောက်စိမ့်သောငှာ အသံသွင်းစတူဒီယိုသို့ဝင်၏။ ဝင်ဝင်ချင်း ဦးသီလနှင့် တွေ့သည်။ ဦးသီလနှင့် ကျွန်တော်သည် ခင်မင်ကြ၏။ ဂီတ၌ စည်းကမ်းကြီးသူအဖြစ်ဖြင့်လည်းကောင်း၊ ဂီတကိုထိလျှင် အပြောကြမ်းကြမ်းနှင့် တုံ့ပြန်တတ်သူအဖြစ်လည်းကောင်း ဦးသီလကို ကျွန်တော်သိသည်။
သို့သော် သမားရိုးကျ သီချင်းအဟောင်းအဆွေးကြီးများကိုသာ ဦးသီလ နားလည်သည်ဟု ကျွန်တော် မှတ်ချက်ချထားသည်။ ထို့ကြောင့် အထင်မကြီးပါချေ။
“ မောင်ရင် ဘာတွေလုပ်နေလဲ။ အသံလွှင့်ရက်ရော ရလာပြီလား ”
ဦးသီလ၏ မေးခွန်းကို ကျွန်တော်ဖြေလိုက်သည်။
“ လွှင့်ရက်ကတော့ မရသေးဘူး၊ ဒါပေမဲ့ သီချင်းတွေတော့ တိုက်နေတယ်၊ တိုက်ပြီးသားသီချင်းတွေကို မွမ်းမံနေရတာပဲ။ တချို့ကို တိုင်မင် ပြောင်းတယ်၊ တချို့ကို ကီးပြောင်းတီးတယ်။ ဒီတစ်ပတ် ဆစ်အိတ်တိုင်မင်နဲ့ တစ်ပုဒ်သွင်းမယ်။ ဒီတစ်ပတ်တော့ ဝုဒ်ဝင်းဒ် လျှော့ပြီး ပါကတ်ရှင်း ခပ်များများသုံးမယ်လေ။ တင်ပနီနဲ့ ဘတ်စ်စွန်းရယ်၊ စပင်းနစ်ရှ်ဂီတာရယ် ပိုသုံးမယ်။ ပြီးတော့ ‘ သလိဗ်စ်အာရ် ဖောလင်း ’ ဆိုတဲ့သီချင်းကို ‘ ရော်ရွက်ဝါတို့ မြေသက်လေပြီ အချစ်ရေ ’ ဆိုတဲ့အမည်နဲ့ မှီးထားတယ်။ ကျွန်တော်ရေးပြီး ကျွန်တော်ဆိုမှာပဲ ”
ဦးသီလက ခေါင်းညိတ်သည်။ ကျွန်တော့်စကားကို သူနားလည်နိုင်မည် မဟုတ်ပေ။ တူရိယာအခေါ်အဝေါ်တွေကိုပင် သူသိမည်မဟုတ်ပေ။ မသိ၍ ကျွန်တော်က ခပ်ဖိဖိလေးပြောလိုက်ပြန်သည်။
“ မြူးဇစ်ကို ကျွန်တော်တို့က ရီဆတ်ချ်လုပ်ပြီးမှ တီးမှုတ်တာဗျ။ အခုလည်း ကျွန်တော် တီထွင်နေတယ်။ အီးမေဂျာနဲ့တီးတဲ့ ဗီသိုဗင်ရဲ့ ဆိုနာတာနံဘားနိုင်းကို မြန်မာပြန်နေတယ်။ ပြီးတော့ ဒီတစ်ပတ်အသံလွှင့်တဲ့အခါ ဦးသီလနားထောင်ကြည့်ပေါ့။ ကျွန်တော့်သူငယ်ချင်း မောင်ရင်ကွဲရေးတဲ့သီချင်းကို ကျွန်တော်ကိုယ်တိုင် အသံသွင်းထားတယ်။ ကီးကတော့ အက်ဖ်ရှပ် မေဂျာ၊ အေရှပ်မိုင်နာနဲ့၊ နာမည်က ‘ ပြာတော? ငိုရသောမျက်ရည် ’ တဲ့ ”
ဦးသီလအဖို့ရာ နားမလည်သော်လည်း ခေါင်းတညိတ်ညိတ်လှုပ်နေလေသည်။ ပြန်လည်မေးမြန်းဆွေးနွေးခြင်း မပြုနိုင်သောအခြေသို့ ရောက်နေ၍ ကျွန်တော်က ဆက်ပြောလိုက်သည်။ အထူးသဖြင့် ကိုနန္ဒတို့လို လူမျိုးရှေ့တွင်ဖြစ်၍ ခပ်ဝင့်ဝင့်ပြောရခြင်းလည်း ဖြစ်ပေသည်။
“ ဒါပေမယ့် မနေ့က ရစ်ချတ်နဲ့တွေ့တယ်၊ ရစ်ချတ်ကို သိတယ်မဟုတ်လား၊ ရေဒီယိုဘရိုတ်တီးရှိုးမှာ ဖေးမာ့စ်ဖြစ်နေတဲ့ ရစ်ချတ်ပေါ့။ သူက နောက်ဆုံးပေါ် ဝီးလ်လက်စ်တိုင်မင်နဲ့ သီချင်းစပ်နေတယ်လို့ ပြောတယ်။ ဝီးလ်လက်စ်တိုင်မင်က ပိုပြီးခေတ်မီတယ်ပြောတယ်၊ အဲဒါကို ရီဆာ့ချ်လုပ်ပြီးရင် ပိုပြီးတိုးတက်လာမှာပဲ။ ခက်တာက အသံသွင်းတဲ့အခါ ကီးချိမ်းများများနဲ့မှ ဖြစ်တာမဟုတ်လား၊ အသံရှာရတာကတော့ ခက်ခက်နေတယ် ”
ဤတွင် ဦးသီလက ပြောသည်။
“ မောင်ရင် သီချင်းကြီးတွေ များများတတ်ထားရင် အသံရှာတဲ့အခါ ပိုပြီးအဆင်ပြေလာလိမ့်မယ် ”
“ ဟာ….ဗမာသံစစ်စစ်ဟာ နားမစွဲဘူးဗျ။ သီချင်းကြီးဆိုတာတွေကလည်း ဘုရင့်ဘုန်းတော်ဘွဲ့တွေပဲ။ ပဒေသရာဇ်ဂီတက လူနဲ့မနီးစပ်ပါဘူးဗျာ၊ ဒါတွေက အလကားပါ၊ ဘာလုပ်မလဲ ” ဟု ကျွန်တော့်အဖြေတွင် ဦးသီလက “ ဒီမယ် ” ဟု အစချီကာ ပြောလိုက်ခြင်း ဖြစ်လေသည်။
ဦးသီလပြောသော သမန္တဇာကြိုးကို ကျွန်တော်ရှာမည်။ ဖွေမည်။ တက်မည်။ ဦးသီလကို ငြိုး၍လက်စားချေမည်။
××××××××××××××××××
အိမ်သို့ ပြန်ရောက်သောအခါ ညနေငါးနာရီခန့်ရှိပေပြီ။
“ လူလေးပြန်လာတာ နောက်ကျလှချည်လား၊ အမေတို့ လူလေးကို စောင့်နေတာနဲ့ ခုထိထမင်းမစားကြသေးဘူး။ ခဏ အမောဖြေပြီးရင် ရေမိုးချိုး။ ထမင်းစားချိန်တောင် အတော်လင့်နေပြီ ”
အမေသည် ကျွန်တော့်ပခုံးကို ဆုပ်ကိုင်ထားသည်။ ကရုဏာပြည့်သော အမေ့အကြည့်သည် ကျွန်တော့်ရင်ကို ကြည်နူးသွားစေသည်။ ပြုံးနေသောအခါ အမေ့ပါးပြင်မှာ ပါးရေတွန့်များဖြင့် အလှိုင်းလှိုင်းထ၍နေ၏။
အမေသည် အသက်ခြောက်ဆယ်ကျော်ပြီ ဖြစ်၏။ အဖေ့ထက် ခြောက်နှစ်မျှငယ်သော်လည်း အမေက အိုစနာနိုင်နေသည်။ သို့သော် အမေ့သွားတို့သည် ကျိုးခြင်း၊ နဲ့ခြင်း မရှိသေးပေ။
အဖေ၌ကား သွားသုံးလေးချောင်းမျှသာ ရှိလေသည်။ အဖေ့တွင် အမေ့ထက် ကုသိုလ်ကောင်းသော အချက်တစ်ခုရှိ၏။ ယင်းမှာ ဆံပင်မဖြူခြင်းပင်တည်း။ သို့ပေတည့် ဆံပင်ကျွတ်သည်။ ထို့ကြောင့် အဖေ့ဦးခေါင်းမှာ ဆံပင်ခပ်ကျဲကျဲသာရှိ၏။ ဆံပင်ကျဲပါးခြင်းသည်ကား အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ လေးဦးစလုံး၏ တူညီကြသော လက္ခဏာတစ်ရပ် ဖြစ်ပေ၏။
အဘိုးသည် သတိကောင်းသော၊ မျက်လုံးကောင်းသောအရာ၌ ထူးခြားလှ၏။ အဘိုး၏အသက်မှာ ကိုးဆယ်ကျော်ဖြစ်သော်လည်း သတင်းစာကို မျက်မှန်မတပ်ဘဲဖတ်နိုင်သည်။ အဘိုးနှင့် သက်တူရွယ်မျှဖြစ်သော အဘွားသည် မျက်စိမှုန်၍ မျက်မှန်တပ်ထားရ၏။ သို့ပေလျက် ဤအိမ်တစ်အိမ်လုံးတွင် လူငယ်တို့နှင့်မခြား သန်မာဖျတ်လတ်သောသူမှာ အဘွားတစ်ယောက်ပင်ဖြစ်၏။
အဘွားသည် အရွယ်တင်၏။ အသားအရေစိုပြည်၏။ အမေ့ထက်ပင် နုပျိုပုံရသည်။ အဘိုးနှင့် အဖွားသည် ကျွန်တော့်အမေ၏ မိဘနှစ်ပါးဖြစ်သည်။ အဖေ့ဘက်မှ အဘိုးနှင့် အဖွားသည်မူ အညာတွင်ရှိလေ၏။
“ ရေမြန်မြန်ချိုးနော် လူလေး၊ အအေးမမိစေနဲ့ ”
အမောပြေ၍ ရေချိုးရန် အကျၤီကြယ်သီးဖြုတ်နေစဉ် အမေက စိုးရိမ်စိတ်နှင့်ပြောသည်။ ထိုအခိုက် ဘုရားရှိခိုးခန်းထဲမှ ထွက်လာသော အဘိုးက ကျွန်တော့်အနီးသို့ ရောက်လာ၏။
“ သံချောင်းလေး နေ့လယ်လောက်ပြန်ရောက်မယ်ဆိုပြီး ခုအထိ အလည်ကြူးရသလားကွ။ တယ်ခက်တဲ့သူငယ်ပဲ ”
အဘိုးသည် ကျွန်တော့်စိတ်တိုင်းကျ ကျွန်တော်ပြောင်းထားသော အမည်သစ်ကိုမခေါ်။ ငယ်နာမည်ကိုသာ ခေါ်လျက်ပြော၏။ အဘိုး၏ လျှာရှည်တတ်သော ဝသီကို သိသောအမေက ရေချိုးသွားရန်မျက်ရိပ်ပြ၍ ထွက်သွားလိုက်သည်။ အဘိုးတွင် စကားစတစ်ခုရမိလျှင် အမျှင်မပြတ်တတ်သဖြင့် ပြန်မပြောသည်က အကောင်းဆုံးဟု ကျွန်တော်သိပြီးဖြစ်၏။ ထို့ကြောင့် ရေတွင်းဆီသို့သွားသည်။ ရေတွင်းသည် အိမ်အတွင်း၌ပင်ရှိသည်။ ရေချိုးနေစဉ် အတွေးက ဦးသီလထံရောက်နေ၏။ ဦးသီလ၏စကားတို့ကို အောင့်သက်သက်နှင့် ကြားယောင်လျက်သာ ရှိလေ၏။
“ ဟဲ့ လူလေး၊ မင်းအိမ်ရောင်းဖို့ ကြော်ငြာထားတယ်ဆို၊ နေ့လယ်က အစ်မ လာမေးတယ်။ မနေ့ကသတင်းစာထဲမှာ ဖတ်လိုက်ရတယ်လို့လည်း အမေ့ကိုပြောသွားတယ်။ မင့်အဘိုးအဘွားသာသိရင် စိတ်မကောင်းဖြစ်ကြမှာပဲ။ မင်းအဖေသိရင်လည်း စိတ်မကောင်းဖြစ်တော့မှာပဲ၊ ဘယ်နှယ်လုပ်လိုက်တာလဲ ငါ့သားရယ်၊ ခက်တာပဲကွယ် ”
အမေသည် ရေတွင်းဘောင်အနားတွင်ရပ်ရင်း ခပ်တိုးတိုးမေး၏။ အစ်မဆိုသည်မှာ အမေ၏အစ်မ ဖြစ်သည်။ အိမ်နှင့်တကွ ပစ္စည်းဟောင်းများရောင်းရန်ရှိသည်ဟု သတင်းစာထဲမှာ ငါးရက်တိုင်တိုင် ကြော်ငြာထားခဲ့သည်။
ကျွန်တော်တို့နေထိုင်ရာရပ်ကွက်သည် ပေါက္ခရဝတီရပ်ကွက်ဖြစ်၏။ ဤရပ်ကွက်တွင် ကျွန်တော်တို့အိမ်တစ်အိမ်မှတပါး ကျန်သောအိမ်အားလုံးသည် ခေတ်မီပုံစံဖြင့် ဆောက်လုပ်ထားသော တိုက်များ၊ အိမ်များသာဖြစ်ပေ၏။
“ ပေါက္ခရဝတီရပ်ကွက်အတွင်းရှိ ရှေးဟောင်းပုံစံဖြင့် ဆောက်ထားသော နှစ်ထပ်အိမ်ကြီးတစ်အိမ်နှင့်တကွ အိမ်ထောင်ပရိဘောဂ ပစ္စည်းဟောင်းများ ရောင်းရန်ရှိသည် ” ဟု ကြော်ငြာလိုက်သောအခါ ကျွန်တော်တို့အိမ်ဖြစ်ကြောင်း အတပ်သိနိုင်ပေသည်။ အမေ၏ အစ်မ ကျွန်တော့်ကြီးတော်သည် ယင်းသို့အသေအချာသိ၍ အမေ့ကိုလာရောက်မေးမြန်းဟန်တူ၏။ အကျိုးအကြောင်းမေးမြန်းရာမှ အမေသိသွားခြင်းဖြစ်ပေလိမ့်မည်။
“ ဟုတ်တယ်အမေ၊ ကျွန်တော် ကြော်ငြာကပ်ထားတယ်။ နောက်မှ အမေ့ကို အေးအေးဆေးဆေး ပြောပြမယ်နော် အမေ ”
အမေသည် သက်ပြင်းတစ်ချက်ချကာ စိတ်မကြည်လင်ဟန်ဖြင့် အပြင်သို့ထွက်သွားသည်။ ကျွန်တော် ဤအိမ်အားရောင်းရန် မကြာခဏပြောကြည့်ဖူးသည်။ အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ အားလုံးက ကန့်ကွက်ကြသည်။ အကြိမ်ပေါင်းများစွာ ကျွန်တော်လက်လျှော့ခဲ့ရ၏။
အဘိုး၊ အဘွားတို့ အားလုံးသည် လွန်စွာမှ ရှေးဆန်ကြ၏။ ခေတ်အမြင်၊ ခေတ်အသိတွင် ကျွန်တော့်ကို မမီဟု ကျွန်တော်ယုံကြည်သည်။ ကျွန်တော့်အဖို့ရာ ခေတ်ကို အမီလိုက်ရုံမျှမက ကျောပင်ကျောနိုင်သူတစ်ယောက် ဖြစ်၏။ ယင်းအပြင် ကျွန်တော်သည် အယူအဆရေးရာ၌ ရဲရင့်ပြတ်သား တိပပီပြင် တိုးတက်သူတစ်ယောက်ဟု ကိုယ့်ကိုယ်ကိုယ် ခိုင်မာမြဲမြံစွာ ယုံကြည်ထားသည်။
“ ဟေ့…အဟောင်းအဟောင်းတွေက အသစ်အသစ်တွေကြောင့် ချုပ်ငြိမ်းပေးရမယ်။ မချုပ်ငြိမ်းရင် ချုပ်ငြိမ်းအောင် လုပ်ပေးရမယ်။ ဟောင်းနွမ်းဆွေးမြေ့နေတာတွေအားလုံးဟာ အလကားပဲ။ တန်ဖိုးမရှိဘူး။ အသစ်တွေသာလိုအပ်တယ် ” ဟု ကျွန်တော့်သူငယ်ချင်း စဉ့်နီတုံး၏ အတွေးအခေါ်ကို လက်ခံကျင့်သုံးသည်။
“ ဟေ့ ရဲဘော် ခင်မောင်မြင့်တင့်လွင်၊ တော်လှန်ရေးဆိုတာ လုပ်ရဲတာကို ခေါ်တာ။ ရဲဘော်ဟာ အခုပဒေသရာဇ်ဆန်တဲ့ အဆောင်အယောင်တွေကြားမှာ မိန်းမောမနေသင့်ဘူး။ သက်ဦးဆံပိုင် ဧကရာဇ်စနစ်ရဲ့လက်ဝေခံ ပဒေသရာဇ်ရဲ့ ပကာသနဆန်တဲ့ ရဲတိုက်အိမ်ကြီးကိုဖျက်ပစ်၊ တော်လှန်ရေးအသိနဲ့ ဖျက်ဆောက်၊ ဒါမဟုတ်ရင် အရင်းရှင်တွေဆီမှာ ရောင်းပစ် ” ဟု တိုက်တွန်း၍ ရောင်းရန်ဆုံးဖြတ်ခြင်းဖြစ်၏။ ဟုတ်လှပါပေ၏။ မှန်လှပါပေ၏။ ကြော်ငြာ၍ လေးရက်မြောက်၌ ဝယ်လိုသူသုံးဦးက ဆက်သွယ်သည်။ ညွှန်ကြားထားသော လိပ်စာရှိရာ သူငယ်ချင်းတစ်ဦး၏ အိမ်တွင် ဝယ်လိုသူကို စောင့်ရသည်။ သူတို့မလာ၍၊ လာဖြစ်လျှင် ယနေ့ပင် အရောင်းအဝယ်တည့်ကောင်း တည့်ပေမည်။ အမြန်ဆုံးရောင်းဖြစ်အောင် ကြိုးပမ်းရမည်။
ဝယ်မည့်သူကြိုက်အောင် ပြောရမည့်စကားတို့ကိုလည်း စဉ်းစားထား၏။ စင်စစ်၌ ဤအိမ်ကြီးကို ရောင်းချရာတွင် ဈေးကောင်းကောင်းရချင်မှ ရလိမ့်မည်။ အိမ်ကြီးသည် ကြီးမားလှသော်လည်း ခေတ်မမီပေ။ အိမ်ကြီးမှာ အခန်းပေါင်း ဆယ့်ခြောက်ခန်းရှိ၏။ နှစ်ထပ်လည်း ဖြစ်သည်။ အိမ်ခေါင်မိုးမှအစ တစ်အိမ်လုံးတွင် စုလစ်မွန်းချွန်တို့ဖြင့်ပြီး၏။ ပန်းနွယ်၊ ပန်းခက်၊ အကွေ့အကောက်ပန်းပုရုပ်များလည်း ရှိသည်။ အိမ်တိုင်များသည် ကျွန်းတိုင်အလုံးလိုက်ဖြစ်၏။ ဆင်ဝင်တွင် ပန်းဆွဲများလည်း ဆင်ထား၏။ ဝရန်တာမှာ ပတ်လည်ဝရန်တာဖြစ်သည်။ သည်ကတည်းက တောဆန်လှသည်။
၎င်းအပြင် လှေကားမှာ အတွင်းလှေကားဖြစ်သည်။ လှေကားလက်ရန်းသည် ပွတ်လုံးဖြစ်၏။ တိုင်လုံးလေးတွေလည်း တပ်ထားသည်။ မုန့်ကြိုးလိမ်နှင့်ပင်တူနေ၏။ ကျွန်းပျဉ်ကို ယိုးဒယားပန်းဖောက်ထားသော လိုက်ကာများလည်းရှိ၏။ နယားရုပ်တွေ၊ ကိန္နရာရုပ်တွေဖြင့် ပြုလုပ်ထားသော အိမ်ထောင်ပရိဘောဂများမှာ မျက်စိရှုပ်စရာကောင်းလှ၏။
ထိုအရာများကို ကျွန်တော်က တော်လှန်ပစ်မည်။
ဤအိမ်အိုကြီးအစား ခပ်ကျယ်ကျယ်၊ ခေတ်မီတစ်ထပ်တိုက်တစ်လုံး ဆောက်မည်။ ရှေးရိုးကုလားထိုင်များအစား ဒန်းလော့ဆိုဖာများ ထားမည်။ နီညိုရောင် ကိုယ်လုံးပေါ်မှန်ဗီရိုကြီးနေရာတွင် ခေတ်မီမှန်တင်ခုံနှင့် မှန်ဗီရိုလှလှပပများကို ထားမည်။ ထမင်းစားခန်းထဲရှိ မှန်စီရွှေချအုပ်၊ ဖလားစုံကွမ်းအစ်၊ လက်ဖက်အုပ်များထားသော စားပွဲနေရာတွင် ရေခဲသေတ္တာထားမည်။
ခေါင်းရင်းရှိ စစ်တုရင်ခုံနေရာတွင် ဇယ်တောက်ခုံကို ထားမည်။ စာကြည့်ခန်းရှိ ပေပုရပိုက်များကို ဘုန်းကြီးကျောင်းသို့လှူပစ်ကာ အင်္ဂလိပ်စာအုပ်များ၊ ကာလပေါ်ဝတ္ထုများကို သုံးဘက်မြင် မှန်ဗီရိုနှင့်ထားမည်။ ဟောင်းနွမ်းနေသော မှန်စီရွှေချ ဝါးပတ္တလားနေရာတွင် ဂျာမန်စန္ဒရားကြီးကို ထားရမည်။ လက်ဖက်ရည်ကြမ်းအိုးတင်သော စလင်းကျောက်စားပွဲကိုဖယ်ကာ ခေတ်မီလက်ဖက်ရည်ပန်းကန်အစုံ ထားမည်။ မီးရထားစက်ခေါင်းတွဲတံဆိပ် တိုင်ကပ်နာရီအစုတ်ကြီးနေရာတွင် လျှပ်စစ်နာရီချိတ်ထားမည်။
အကုန်အစင် ခေတ်မီအောင် ပြုလုပ်လိုက်မည်။ ခြံစည်းရိုးမှအစ ပြောင်းလဲပစ်မည်။ ယခုလို အုတ်တံတိုင်းအမြင့်ကြီး မကာရံတော့။ ဝါးပင်ပုပုလေးတွေ စိုက်မည်။
ပန်းခြံကိုလည်း ရွက်လှပင်များ စိုက်မထားတော့။ နှင်းဆီပင်နှင့် သစ်ခွပင်များချည်းစိုက်ထားမည်။
သည်စိတ်ကူးကို အကောင်အထည်ဖော်ရန် ဤအိမ်ကြီးကိုရောင်းချပစ်မှ ဖြစ်မည်။ အဘိုးကိုယ်တိုင်ဆောက်ထားသော အိမ်ဖြစ်လင့်ကစား ရောင်းရပေမည်။ အိမ်အိုကြီးနှင့်လည်း နေရ၊ လူအိုကြီးတွေနှင့်လည်း နေရခြင်းသည် စိတ်ကို ညစ်နွမ်းစေသည်။ ထို့ကြောင့် ဆန့်ကျင်နေရခြင်းဖြစ်၏။ တစ်ဦးတည်းသောသား၊ တစ်ဦးတည်းသောမြေးဖြစ်သူ ကျွန်တော့်ကို စိတ်ဆိုးလျှင် ခဏမျှသာဖြစ်လိမ့်မည်။
အရောင်းအဝယ်စာချုပ်ချုပ်ပြီးမှ အသိပေးလျှင် ဘာမှတတ်နိုင်တော့မည်မဟုတ်၍ ကျွန်တော်က ပိုင်ပိုင်နိုင်နိုင် ကြံစည်လိုက်ရခြင်းဖြစ်သည်။
ကျွန်တော့်၏ ခေတ်မီသောအစီအစဉ် အောင်မြင်သွားလျှင် ကျွန်တော်တို့နေသော အိမ်ပုံစံသည် ခေတ်အမီဆုံးဖြစ်လာလိမ့်မည်။ အသုံးအဆောင်မှအစ ခေတ်မီလာလိမ့်မည်။ သစ်လွင်လှပတင့်တယ် ထည်ဝါလာပေလိမ့်မည်။ ခေတ်မီအနောက်တိုင်း တီးလုံးသံများနှင့် သာတောင့်သာယာ လာချေမည်မှာ မလွဲပေ။
ထိုအခါ၌ ကျွန်တော့်သူငယ်ချင်း စဉ့်နီတုံးမှအပ ပတ်ဝန်းကျင်တစ်ခုလုံးက အံ့သြချီးကျူးလာကြလိမ့်မည်။
×××××××××××××××××××
ရေချိုးပြီးသောအခါ ထမင်းစား၏။ ထမင်းဝိုင်းတွင် စိတ်မဝင်စားနိုင်။
ဦးသီလ၏ စကားတို့က ဖမ်းစားမြဲ ဖမ်းစားတတ်သည် ထင်၏။ သမန္တဇာကြိုးကိုရှာဖွေရန်သာ စိတ်စောနေ၏။
ထမင်းစားပြီးပြီးချင်း အဘိုး၏စာအုပ်ဗီရိုဆီသို့ သွား၏။ စာအုပ်ဗီရိုထဲတွင် ရှေးသီချင်းများနှင့်ပတ်သက်သော စာအုပ်သုံးလေးအုပ်ကို အမှတ်မထင်တွေ့မြင်ဖူး၏။ ရှာဖွေသောအခါ အလွယ်တကူ မတွေ့နိုင်ဘဲရှိနေ၏။ အတန်ကြာမှတွေ့သည်။ တွေ့သော် သမန္တဇာကြိုးကို ရှာ၍မရ။ မည်သည့်အခါကမျှ ထိုစာအုပ်များကို ကိုင်၍ပင် မကြည့်ခဲ့သော ကျွန်တော့်အား အဘိုးသည် ကွမ်းဆုံထောင်းနေရာမှ လှမ်းကြည့်၏။
“ ဟိုကောင်….တယ်ပြီးဂနာမငြိမ်ဖြစ်နေလှချည်လား၊ စာအုပ်တွေနဲ့ ဘာအလုပ်ရှုပ်နေတာလဲ ”
“ ကြိုးသီချင်းတစ်ပုဒ်လိုချင်လို့ ရှာနေတာ မတွေ့လို့ အဘိုး ”
အဘိုးသည် ကွမ်းဆုံထဲမှ ကွမ်းဖတ်များကိုယူ၍ မြုံလိုက်ရင်း…..
“ အမယ်….ကြီးကြီးကျယ်ကျယ်ကွာ၊ ငါသီချင်းတက်ပေးတုန်းကတော့ ကြိုးကျွတ်အောင်တောင် မသင်ချင်တဲ့ကောင်ကများ၊ ခုမှ ကြိုးသီချင်းလေးဘာလေးနဲ့ ”
မှန်လည်း မှန်နေပေသည်။ အဘိုးက ကြိုးသီချင်းများကို တက်ပေးဖူးသည်။ ကျွန်တော်က အထင်မကြီး၍ စိတ်ပါဝင်စားခြင်းမရှိခဲ့။ ပျင်းရိစရာဟု သဘောပိုက်ကာ ဆက်ပြီးမသင်တော့။ ကြိုးသီချင်းကို သုံးပုဒ်နှင့် တစ်ဝက်သာ သည်းခံ၍သင်ခဲ့သူ ကျွန်တော့်မှာ အဘိုးကို ပြန်မပြောတတ်တော့ပေ။
“ ဆိုစမ်းပါဦးကွာ၊ ဘာသီချင်းမိုလို့လဲ ”
“ သမန္တဇာကြိုးပါ အဘိုး ”
“ ငါ့စာအုပ်တွေထဲမှာ ရှာကြည့်လေကွာ ”
“ ရှာကြည့်ပြီးပါပြီ အဘိုး၊ သေသေချာချာကိုပဲ ရှာတာပါ။ တွေ့ကို မတွေ့ပါဘူး ”
အဘိုးသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။ ခေတ္တမျှကြာမှ သတိရသွားဟန်တူ၏။
“ ဒါဖြင့် ဘုရားခန်းထဲက ကျွန်းသေတ္တာထဲမှာ သွားကြည့်ချေ။ ‘ အရပ်ရပ်သီချင်းများ ’ ဆိုတဲ့ ပုရပိုက်တစ်ဆူရှိတယ်၊ သွားယူလာခဲ့ ”
အဘိုးပြောသည့်အတိုင်းသွားကြည့်ရာ အဆင်သင့်ပင်တွေ့ရ၍ အဘိုးလက်ထဲသို့ ပုရပိုက်ကို အပ်လိုက်သည်။ ပုရပိုက်ကိုဖွင့်၍ ရှာသည်။ တစ်ဝက်လောက်အရောက်တွင် အဘိုးသည် စူးစူးစိုက်စိုက်ကြည့်လိုက်၏။
“ သူငယ်လေး ဒီအပိုဒ်ကိုဖတ်ပြစမ်း ”
ဖတ်လိုက်သောအခါ “ သမန္တဇာကြိုး ဖြစ်သည်ဘုရား ” ဟု တွေ့ရ၏။
“ သမန္တဇာ ရွှေယင်းမာ၊ သစ္စာလေးဆူပွင့်တော်မူ၊ နတ်လူကောင်းချီး ခေါ်သည်တည့်လေ၊ ခတ္တာဖြူသည် လူတည့်လေ။ ။ သမန္တဇာ ရွှေယင်းမာ သစ္စာပွင့်ပျို မပွင့်လို၊ မိုးကိုလင့်သည် ဖြစ်တော့မည်၊ ခတ္တာဖြူငယ်လူလေစွ။ ။ သမန္တဇာ ရွှေယင်းမာ၊ နက္ခတ်တာရာကြယ်များစွာ ရံကာစုံမက်၊ ရောင်ခြည်ထွက်ပါ၍၊ ရန်ဘက်ကယ်သူရာ ရောက်ချိန်…နေရှိန်ထား၍ဆိုသည်လေ…ခတ္တာဖြူ လူလေစွ။ ။ သမန္တဇာ ရွှေယင်းမာ၊ မြတ်စွာဘုရား ရှင်စောများကို ညွှတ်တွားခယ ပန်၏လေ ”
အသံနေ အသံထားမသိ၍ စာဖတ်သလိုဖတ်ပြပြီးသောအခါ အဘိုးကိုကြည့်လိုက်သည်။ အဘိုးသည် ခေါင်းတညိတ်ညိတ်နှင့် ကွမ်းမြုံနေ၏။
“ ပတ္တလားကို ဒီကိုယူလာခဲ့ ”
ပတ္တလားကိုသွားယူပြီး အဘိုးရှေ့တွင် ချပေးလိုက်သည်။ အဘိုးသည် လက်ခတ်ကို ထုတ်ယူ၏။ သမန္တဇာကြိုးကို နှုတ်မှဆိုလိုက်၊ တီးလုံးစမ်းလိုက်နှင့် အစဖော်နေသည်။
ကွမ်းတစ်ယာညက်ခန့်အကြာတွင် အဘိုးသည် အထစ်အငေါ့မရှိဘဲ တီးလုံးကို သုံးလေးခေါက်တီးပြီးပေပြီ။ မေ့နေဟန်တူသော ဆိုကွက်၊ တီးကွက်တို့သည် လုံးဝပေါ်ပေါက်လာသည်။
တစ်ဆက်တည်း ကျွန်တော့်ကို အဆိုချပေး၏။ ထို့နောက် စည်းဝါးလိုက်ခိုင်း၏။ စည်းအဝင်မှား၍ အဆူခံရပြန်ရသည်။ ဝါးအချမှား၍ အမာန်ခံရပြန်သည်။ လေးငါးခေါက်မျှ ရလာသောအခါ စည်းဝါးလည်းမှန်လာ၏။ ဆိုဟန်လည်း မိစပြုလာ၏။ သည်တွင် အဘိုးသည် လက်ခတ်ကိုချ၍ ရာဇဝင်ချီကာ ပြောပြလေတော့၏။ အဘိုး၏နိဒါန်းသည် အသေးစိတ်ကျလှသည်။ သီချင်းကို မည်သူရေးသည်။ မည်သည့်ခေတ်တွင် ရေးသည်။ မည်သည့်အတွက်ကြောင့် ရေးသည် ဟူသော အဖိုးတန်အချက်များကို စိတ်ရှည်လက်ရှည်နှင့် ပြောပြနေသည်ဟု ကျွန်တော်နားလည်လာသည်။
“ အိမ်း…ငါ့ပညာတော့ ဆက်ခံမယ့်သူမရှိရင် ကွယ်တော့မှာပဲ ” ဟုလည်းပြောသည်။ အဘိုးသည် ရှေးဂီတ၌ ကျွမ်းကျင်သူဖြစ်သည်။ ကျွန်တော် ငယ်စဉ်ကဆိုလျှင် အဘိုးသည် သူ့သူူငယ်ချင်းသုံးလေးဦးနှင့် တီးမှုတ်သီဆိုသည်မှာ နေ့စဉ်ဖြစ်သည်။ ‘ တေးဘုမ္မာ ’ သီချင်းကို လက်ဆွဲဘာဂျာနှင့် အဆိုအတီးနှစ်ဖက်ရသော ဘာဂျာဦးဘကျော်၊ ပလွေကြီးအမှုတ်ကောင်းသော ဦးဘမှော်၊ ဟွန်းတယော အထိုးကောင်းသော ဦးသာဗျောစသည်တို့သည် အဘိုး၏ဂီတသူငယ်ချင်းများ ဖြစ်သည်။ ရဟန်းဝတ်သွားသော ဦးဘကျော်မှတပါး ကျန်နှစ်ဦးမှာ ကွယ်လွန်သွားကြပြီဖြစ်၏။ အဘိုးသည် ကွယ်လွန်သွားသော သူငယ်ချင်းနှစ်ဦးနှင့် ရဟန်းဝတ်သွားသော ဦးဘကျော်တို့၏ ပလွေ၊ လက်ဆွဲဘာဂျာ၊ ဟွန်းတယောတို့ကို ယခုတိုင် တမြတ်တနိုး သိမ်းဆည်းထား၏။ အဘိုးသည် ဂီတကို သံယောဇဉ်ထားရှိ၏။ ကဆုန်လပြည့်၊ သီတင်းကျွတ်လပြည့်၊ တပေါင်းလပြည့် စသော နေ့ထူးနေ့မြတ်များ၌ ‘ ထူးမခြားနား ’ သီချင်းကြီးများဖြင့် ဗုဒ္ဓမြတ်စွာအား ပူဇော်ကန်တော့လေ့ရှိ၏။
“ တို့ဘုရားရှင် ကိုယ်တော်တိုင်က ဂီတမှာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီးကွယ့်၊ ပဉ္စသိင်္ခရဲ့ စောင်းသံအလျော့အတင်းကို ဆင်ခြင်ပြီး မဇ္ဈိမပဋိပဒါကျင့်စဉ်ကို ရသွားတာ၊ ဘယ်အရာမဆို နှလုံးသွင်းတတ်ရင် ကုသိုလ်ဘာဝနာရတယ် ” ဟုပြောလေ့ရှိသော အဘိုးသည် ယခုအခါတွင်လည်း သမန္တဇာကြိုး၏ အဓိပ္ပါယ်ကို အကျယ်တဝင့် ရှင်းပြလျက်ရှိ၏။
“ အင်္ဂလိပ်ခေတ်တုန်းက တို့သီချင်းကြီးတွေက မျက်နှာငယ်ခဲ့ရတာပေါ့၊ ‘ ဘားဘားဘလက်ရှစ်ပ် ’ ကို သီချင်းလုပ်ဆိုပြီး အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖအက ကပြတဲ့လူကိုမှ အထင်ကြီးတတ်တာလားကွာ၊ ကျွန်ခေတ်ကတော့ ဗမာ့ဂီတကို ဘယ်သူကမှ အထင်ကြီးတာ မဟုတ်ဘူးကွ ”
နိဂုံးချုပ်သော အဘိုးစကားသည် ကျွန်တော့်ကို တုန်လှုပ်သွားစေ၏။ မြန်မာ့ဂီတကို အထင်သေးပြီး စော်ကားသော အလေ့အထ၊ အယူအဆသည် ကျွန်ခေတ်မှ အကျင့်ဆိုး၊ အကျင့်ဟောင်းဟု အဘိုးဆိုလိုက်ခြင်းက ကျွန်တော့်ကို ချောက်ခြားသွားစေ၏။
ကျွန်တော်သည် အဘိုး ဦးစာပုတီး၏မျက်နှာကို သေသေချချာကြည့်သည်။ အဘွားဒေါ်မယ်ခါ၊ အဖေဦးသြဘာ၊ အမေဒေါ်ပြည်စိုးတို့ကို ကြည့်သည်။ ပတ္တလားအိုကြီးကိုလည်း ကြည့်သည်။ ထို့နောက် အိမ်အိုကြီး၊ ရှေးဆန်လှသော ပရိဘောဂတို့ကိုလည်း ကြည့်သည်။ ပုရပိုက်ကိုလည်း မြတ်နိုးစိတ်ဖြင့် ကြည့်သည်။
×××××××××××××××××
မနက်ဖြန်ကျလျှင် ဦးသီလနှင့်သွားတွေ့မည်။
သမန္တဇာကြိုး အကြောင်းခြင်းရာကို အတ္ထုပ္ပတ္တိနှင့် ရှင်းပြလိုက်ဦးမည်။ ကျွန်တော် မြန်မာလူမျိုးတစ်ဦးမှန်ကြောင်း သိသွားရလိမ့်မည်။
သည်မျှမက သတင်းစာတိုက်သို့လည်း ကြော်ငြာတစ်ခုပေးရန် သွားရပေဦးမည်။
ထိုကြော်ငြာမှာ ‘ အိမ်နှင့်တကွ ပစ္စည်းဟောင်းများ ရောင်းရန်ရှိသည်ဟု ကြော်ငြာခဲ့ခြင်းကို ရုပ်သိမ်းလိုက်ပါကြောင်း ’ ။ ။
ငြိမ်းကျော်
ငွေတာရီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၆၆

No comments:
Post a Comment