Zawgyi version
ဒီခ်ဳပ္လြွတ္ေတာ္အမတ္ေတြ စာဖတ္ၾကဖို ့လိုသည္
သရ၀ဏ္(ျပည္)
ဆန္ရင္းနာနာေထာင္း ၊ ကိုယ္ေပါင္ကိုယ္လွန္ေထာင္းရေတာ့မည့္အျဖစ္ေတြပဲျဖစ္သည္ ။ ေျပာရလ်ွင္ NLD အမတ္ေတြ စာမဖတ္ၾကသည့္ျပသနာျဖစ္သည္ ။ ထိုကိစၥမွာ ယခုမွမဟုတ္ လြန္ခဲ့ေသာသံုးေလးနွစ္ကတည္းကေျပာခ်င္ေနခဲ့ျခင္းပင္ျဖစ္သည္ ။ ယေန့ေခတ္တြင္စာေပေဟာေျပာပြဲမ်ာကို ျမန္မာနိုင္ငံတစ္လံတစ္လ်ား က်င္းပလာၾကသည္ျဖစ္ရာ စာေပေဟာေျပာပြဲကိုတာ၀န္ယူက်င္းပသူမ်ားမွာမ်ားေသာအားျဖင့္ ေအာက္ပါအတိုင္းအဖြဲ ့ေလးဖြဲ ့ထဲမွတစ္ဖြဲ့ဖြဲ့ြဲ ့ျဖစ္ပါသည္ ။
(၁) NLD
(၂) ဆရာေတာ္ သံဃာေတာ္မ်ား
(၃) ပရဟိတသမားမ်ား
(၄) ျမိဳ့ခံစာေပ၀ါသနာရွင္မ်ား ျဖစ္ပါသည္ ။
ဆရာေတာ္မ်ား၊ ပရဟိတသမားမ်ား၊ျမိဳ့ခံစာေပခ်စ္သူမ်ားသည္ ေသေသခ်ာခ်ာစာဖတ္ၾကျပီးသူတို့ၾကိဳက္နွစ္သက္ေသာစာေရးဆရာကိုသာဖိတ္ၾကားၾကတာမ်ားပါသည္ ။ NLD ကလုပ္ေသာေဟာေျပာပြဲမ်ားမွာ အထူးသျဖင့္ ဗိုလ္ခ်ဳပ္ေမြးေန ့ပြဲမ်ား ၊ ေဒါ ္ေအာင္ဆန္းစုၾကည္ေမြးေန ့ ၊ ျပည္ေထာင္စုေန ့ ၊အာဇာနည္ေန ့ ၊ အစရွိသည့္ပြဲမ်ား၊ ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ျပဳလုပ္ေသာ စာေပေဟာေျပာပြဲမ်ားျဖစ္သည္ ။အခ်ိဳ့ပြဲမ်ားမွာ NLD ဗဟိုကက်င္းပခိုင္းေသာေၾကာင့္ညြွန္ၾကားခ်က္အရေဆာင္ရြက္ၾကေသာပြဲမ်ားျဖစ္သည္ ။ NLD ေရြးေကာက္ပြဲတြင္ သသူတို ့အေျခအေနေကာင္းေသာ ( မဲနိုင္မည္ဟုထင္ေသာ ) ေနရာမ်ားတြင္ စာေရးဆရာေတြကိုသိပ္ဖိတ္ေခါ ္ေလ့မရွိပါ ။ ျပည္ခိုင္ျဖိဳးပါတီအားေကာင္းေနသည္ဟုထင္ရေသာေနရာမ်ား ၊ NLD အားနည္းေသာေနရာမ်ားတြင္ စာေရးဆရာမ်ားကိုဖိတ္၍ ေဟာခိုင္းေျပာခိုင္းတာမ်ားပါသည္ ။ သူတို ့ေျပာေလ့ရွိေသာစကားမွာ ဒီရြာကေတာ့ အစိမ္းေတြအားေကာင္းတယ္ဆရာ အဲဒါဆရာတို့ၾကည့္ေဟာေပးပါဦး ဟူ၍ျဖစ္သည္ ။ထိုသို ့အကူအညီေတာင္းလာတိုင္းလဲ စာေရးဆရာမ်ားသည္ အမ်ိဳးသားေရးတာ၀န္တစ္ရပ္အေနျဖင့္ နိုင္သမ်ွ စြမ္းသမ်ွ ေဟာခဲ့ေျပာခဲ့ၾကတာပဲျဖစ္သည္ ။ စာေရးဆရာမ်ားမွာ ေထာင္နွုတ္ခမ္းကိုနင္းကာ ေဟာခဲ့ေျပာခဲ့သမ်ွအတြက္ ေရြးေကာက္ပြဲတြင္ ရလာဒ္ေျပာင္းျပန္ျဖစ္ခဲ့ရေသာမဲဆႏၵနယ္မ်ားစြာရွိပါသည္ ။ ထိုအတြက္မည္သည့္ ဂုဏ္ျပဳမွုမ်ိဳးကိုမွ စာေရးဆရာမ်ားအေပါ ္ NLD ကတရား၀င္ မျပဳလုပ္ခဲ့သလို စာေရးဆရာေတြဘက္ကလည္း အစတည္းကဒါေတြကိုေမ်ွာ္လင့္ၾကသူမ်ားမဟုတ္ပါ ။ သို ့ေသာ္ စစ္အစိုးရေခတ္က ေပါ ္လစီရုပ္ရွင္ဇာတ္ကားမ်ားကိုတြင္တြင္ရိုက္ကူးကာ NLD နွင့္ ဒီမိုကေရစီဘက္ေတာ္သားမ်ားကိုရစရာမရွိေအာင္ေျပာဆိုသရုပ္ေဆာင္ၾကသူမ်ားနွင့္ယခုအခါ ေခတ္အေျပာင္းတြင္ NLD သည္အေတာ္ပင္ သဟဇာတမ်ွကာ ယခင္က အဘမွအဘျဖစ္ခဲ့ေသာသရုပ္ေဆာင္အခ်ိဳ့သည္ ယခုအခါ အံတီမွအံတီ ၊ အေမမွအေမျဖစ္ေနၾကျခင္းကိုလည္း အေ၀းမွျပံဳးရံုမွတစ္ပါးစာေရးဆရာမ်ားသည္ အျပစ္မျမင္ၾကပါ ။ သို ့ေသာ္ေျပာစရာအခ်ိဳ့ကားရွိပါသည္ ။
၎မွာအျခားမဟုတ္ စာေပေဟာေျပာပြဲမ်ား မၾကာခနလုပ္ေနၾကေသာ္လည္း ၊လူငယ္ေတြစာဖတ္ၾကပါဟုအမ်ိဳးမ်ိဳးေၾကြးေၾကာ္ေနၾကေသာ္လည္း NLD ေတြ စာမဖတ္တာကိုေတာ့ မၾကာခနေတြ ့ေနရျခင္းျဖစ္သည္ ။ အထူးသျဖင့္ ျပည္သူလူထုကိုလမ္းျပေခါ ္ေဆာင္မည့္ လြွတ္ေတာ္အမတ္မင္းမ်ားကိုယ္တုိင္ စာမဖတ္ေပမဖတ္ျဖစ္ေနၾကျခင္းကို မၾကာခနသတိထားမိပါသည္ ။စာဖတ္သည္ဟုဆိုရာ၀ယ္ ဒီလွိုင္းဂ်ာနယ္ကြက္ကြက္ဖတ္ျခင္းကိုမဆိုလိုပါ ။ စာဖတ္ျခင္းသည္ လိမ္ညာဟန္ေဆာင္၍ရေသာအရာမဟုတ္ပါ ။ ျမစ္၀က်ြန္းေပါ ္ျမိဳ့နယ္တစ္ျမိဳ့နယ္တြင္ က်ြန္ေတာ္နွင့္ စာေရးဆရာ ေတးေရးေတးဆို အရိုးသြားေရာက္ေဟာေျပာစဥ္ NLD ျမိဳ ့နယ္ဥကၠမွေတြ ့ခ်င္သည္ဆိုသျဖင့္သြားေတြ ့ရပါသည္ ။ ထိုအခါ ဥကၠဌသည္ က်ြန္ေတာ့္ကိုေရွ ့မွာထား၍ စာေရးဆရာမ သရ၀ဏ္ေရာက္ျပီလားဟုေမးပါသည္ ။ ေနာက္မွသူ ့လူေတြေျပာ၍ က်ြန္ေတာ့္ကိုစာေရးဆရာမွန္းသိပါသည္ ။ က်ြန္ေတာ္ေရးေသာစာ တစ္ပုဒ္မွမဖတ္ဖူးသျဖင့္ ဘာစကားမွအေထြအထူးေျပာစရာမရွိပါ ။ အရိုးကိုလည္းစာေရးဆရာအျဖစ္သူေသေသခ်ာခ်ာမသိပါ ။ထားေတာ့ က်ြန္ေတာ္တို့သည္ သိပ္နာမည္မၾကီးသျဖင့္လည္းေကာင္း ၊ က်ြန္ေတာ္တို့နွင့္ သူတို့သည္သိပ္အဆက္အစပ္မရွိသျဖင့္လည္းေကာင္း မၾကားဖူးျခင္းျဖစ္နိုင္ပါသည္ဟုေျဖေတြးေတြးရသည္ ။ ဆရာကိုေလး(အင္း၀ဂုဏ္ရည္)ကိုေဟာေျပာရန္ဖိတ္ျပီးမွ ဆရာၾကီးကိုမသိသျဖင့္ ဒီေနရာတြင္မထိုင္ပါနွင့္ဟုေျပာေသာNLD အမတ္ လဲ ရွိခဲ့ဖူးသည္ ။
မၾကာေသးမီက ရန္ကုန္တိုင္းေဒသၾကီး ပင္လယ္ဘက္နွင့္နီးေသာျမိဳ့နယ္တစ္ခုတြင္ စာေပေဟာေျပာပြဲက်င္းပသျဖင့္သြားရပါသည္ ။ ထိုပြဲတြင္ ပထမည၌ ဆရာမဂ်ဴး ၊ ဆရာမနွင္းပန္းအိမ္ ၊ ဆရာမာန္(ေတာင္လံုးျပန္) ေဟာေျပာပါသည္ ။ ဒုတိယညတြင္ က်ြန္ေတာ္နွင့္ ဆရာေမာင္ခ်စ္ (သူရဲသမိန္ )တို ့ေဟာေျပာၾကပါသည္ ။ ေဟာေျပာၾကသည့္စာေရးဆရာ (၅) ဦး၏အမည္နွင့္ ဓာတ္ပံုမ်ားကို ေဟာေျပာပြဲစင္ေပါ ္တြင္ အၾကီးၾကီး ေဖာ္ျပထားပါသည္ ။ ဒုတိယညတြင္ဆရာေမာင္ခ်စ္(သူရဲသမိန္)ေဟာေျပာအျပီးတြင္ လြွတ္ေတာ္ကိုယ္စားလွယ္ဆိုသူျပာျပာျပာျပာနွင့္ေရာက္လာပါသည္ ။ သူမည္မ်ွအလုပ္မ်ားေၾကာင္း ဇာခ်ဲ့ျပီးေျပာပါသည္ ။ ထို ့ေနာက္ ယခုကဲ့သို ့စာေပေဟာေျပာပြဲေတြလုပ္တာေကာင္းေၾကာင္း ေဟာေျပာသည့္စာေရးဆရာမ်ား၏အမည္မ်ားကိုေတာ့ သူလဲ မသိေၾကာင္းေျပာရာ က်ြန္ေတာ္အေတာ္အံ့ၾသသြားပါသည္ ။ ။တကယ္မသိဘူးပဲထားဦး ဗီနိုင္းေပါ ္တြင္နာမည္မ်ားကိုေရးသားထားရာ စကားေျပာရာမွလွည့္ၾကည့္လ်ွင္ပင္နာမည္မ်ားကိုျမင္ေတြ ့နိုင္မည္ျဖစ္သည္။ က်ြန္ေတာ့္ကေလာင္အမည္ကိုမသိဘူးဆိုတာ နားလည္လက္ခံေပး၍ရပါသည္ ။ သို ့ေသာ္ ျမန္မာျပည္မွာေနေနေသာလူတစ္ေယာက္အေနနွင့္ ဆရာမဂ်ဴးအမည္ကိုမွ မသိရေလာက္ေအာင္ စာနွင့္ေပနွင့္ေ၀းေနျခင္းကားအံ့ၾသဖို ့ေကာင္းပါသည္ ။ အထူးသျဖင့္ NLD အတြက္ ဘ၀ပ်က္ခံကာ အေဖလဲေထာင္က် နိုင္ငံေရးအက်ဥ္းသားျဖစ္၊ ခင္ပြန္းျဖစ္သူလဲ ေထာင္က် နိုင္ငံေရးအက်ဥ္းသား ျဖစ္ မိမိကိုယ္တိုင္လဲ ထိုင္းနိုင္ငံဒုကၡသည္စခန္းတြင္ေနထိုင္ကာ RFA မွနွစ္ေပါင္းမ်ားစြာအသံလြွင့္ေနေသာ ဆရာမနွင္းပန္းအိမ္ အမည္ကိုကား NLD အခ်င္းခ်င္းသိဖို့ေကာင္းပါသည္ ။ ထိုလြွတ္ေတာ္အမတ္ စာမဖတ္ျခင္းကား အထူးပင္ထင္ရွားေနေလသည္ ။ သူသည္ ဤျမိဳ့တြင္ အၾကီးဆံုးတာ၀န္ရွိသူတစ္ဦးျဖစ္ေၾကာင္းခပ္ၾကြားၾကြားေျပာဆိုကာ စာေပေဟာေျပာပြဲတြင္ဖင္ေနြးေအာင္ပင္မထိုင္ပဲ တိုင္းခန္းလွည့္လည္ရန္ဆက္လက္ထြက္ခြာသြားပါသည္ ။ စာေပသမားမ်ားကို အေပါ ္ယံေၾကာလာေရာက္နွုတ္ဆက္ျခင္းျဖစ္သည္ ။ ဆရာမဂ်ဴးကိုမသိေသာ ၊ ဆရာမနွင္းပန္းအိမ္ကိုမသိေသာ ၊ က်ြန္ေတာ္တို့၏ကေလာင္နာမည္မ်ားကိုမသိေသာ ထိုလြွတ္ေတာ္အမတ္သည္ ဘာစာေတြကိုဖတ္တဲ့သူပါလိမ့္ဟုလည္းေတြးေနမိပါသည္ ။ က်ြန္ေတာ့္ကိုမသိျခင္းထက္ဆရာမဂ်ဴးတို့ကိုမသိျခင္းအတြက္ တနံု ့နံု ့ခံစားရပါသည္ ။ စာေရးဆရာမ်ားအတြက္ သူတို ့ကေလာင္အမည္ကိုမသိဘူး မၾကားဖူးဘူးဟုဆိုျခင္းကိုဆဲသည္ထက္နာေလ့ရွိပါသည္ ။
လူငယ္မ်ားကိုအသိပညာမ်ားေပးမည္ဟုဆိုေနသူမ်ားသည္ ၊ ဥပေဒျပဳေရးမ႑ိဳင္မွာ အလုပ္လုပ္ေနသူမ်ားသည္ သူမ်ားထက္မသာေတာင္ သူမ်ားနည္းတူေလာက္ေတာ့ စာဖတ္နာသင့္သည္ဟုထင္ပါသည္ ။ ဒါမွ စဥ္းစားခ်င့္ခ်ိန္နိုင္ေသာ ဗဟုသုတ ပညာဥာဏ္နွင့္ျပည့္စံုလိမ့္မည္ဟုထင္ပါသည္ ။ လြွတ္ေတာ္အမတ္အားလံုးကိုေတာ့မဆိုလို ။သို ့ေသာ္အမ်ားစုကေတာ့ စာမဖတ္ၾကတာအမွန္ျဖစ္သည္ ။စစ္ဗိုလ္ခ်ဳပ္မ်ားစာမဖတ္ၾကသည္ကိုသာက်ြန္ေတာ္တို့သည္နွစ္ေပါင္းမ်ားစြာေျပာလာခဲ့ၾကသည္ ။ က်ြန္ေတာ္တို့နိုင္ငံတြင္ျဖစ္ေနၾကသည္မွာ စာဖတ္ျခင္း၏အက်ိဳးေက်းဇူးကိုမသိသူမ်ားထဲတြင္ နိုင္ငံကိုလမ္းျပမည္ဟုဆိုသူမ်ားေရွ ့ဆံုးကပါေနျခင္းပင္ျဖစ္သည္ ။ နိုင္ငံေရသမားမ်ားစာဖတ္ၾကပါခင္ဗ်ား ။NLD မ်ားစာတ္ၾကပါခင္ဗ်ား ။ လြွတ္ေတာ္အမတ္မ်ားစာဖတ္ၾကပါခင္ဗ်ား။
သရ၀ဏ္(ျပည္)
Politics ဂ်ာနယ္
၆.၄.၂၀၁၇
Unicode version
ဒီချုပ်လွှတ်တော်အမတ်တွေ စာဖတ်ကြဖို့လိုသည်
သရဝဏ်(ပြည်)
ဆန်ရင်းနာနာထောင်း ၊ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရတော့မည့်အဖြစ်တွေပဲဖြစ်သည် ။ ပြောရလျှင် NLD အမတ်တွေ စာမဖတ်ကြသည့်ပြသနာဖြစ်သည် ။ ထိုကိစ္စမှာ ယခုမှမဟုတ် လွန်ခဲ့သောသုံးလေးနှစ်ကတည်းကပြောချင်နေခဲ့ခြင်းပင်ဖြစ်သည် ။ ယနေ့ခေတ်တွင်စာပေဟောပြောပွဲမျာကို မြန်မာနိုင်ငံတစ်လံတစ်လျား ကျင်းပလာကြသည်ဖြစ်ရာ စာပေဟောပြောပွဲကိုတာဝန်ယူကျင်းပသူများမှာများသောအားဖြင့် အောက်ပါအတိုင်းအဖွဲ့လေးဖွဲ့ထဲမှတစ်ဖွဲ့ဖွဲ့ွဲ့ဖြစ်ပါသည် ။
(၁) NLD
(၂) ဆရာတော် သံဃာတော်များ
(၃) ပရဟိတသမားများ
(၄) မြို့ခံစာပေဝါသနာရှင်များ ဖြစ်ပါသည် ။
ဆရာတော်များ၊ ပရဟိတသမားများ၊မြို့ခံစာပေချစ်သူများသည် သေသေချာချာစာဖတ်ကြပြီးသူတို့ကြိုက်နှစ်သက်သောစာရေးဆရာကိုသာဖိတ်ကြားကြတာများပါသည် ။ NLD ကလုပ်သောဟောပြောပွဲများမှာ အထူးသဖြင့် ဗိုလ်ချုပ်မွေးနေ့ပွဲများ ၊ ဒေါ ်အောင်ဆန်းစုကြည်မွေးနေ့ ၊ ပြည်ထောင်စုနေ့ ၊အာဇာနည်နေ့ ၊ အစရှိသည့်ပွဲများ၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ပြုလုပ်သော စာပေဟောပြောပွဲများဖြစ်သည် ။အချို့ပွဲများမှာ NLD ဗဟိုကကျင်းပခိုင်းသောကြောင့်ညွှန်ကြားချက်အရဆောင်ရွက်ကြသောပွဲများဖြစ်သည် ။ NLD ရွေးကောက်ပွဲတွင် သသူတို့အခြေအနေကောင်းသော ( မဲနိုင်မည်ဟုထင်သော ) နေရာများတွင် စာရေးဆရာတွေကိုသိပ်ဖိတ်ခေါ ်လေ့မရှိပါ ။ ပြည်ခိုင်ဖြိုးပါတီအားကောင်းနေသည်ဟုထင်ရသောနေရာများ ၊ NLD အားနည်းသောနေရာများတွင် စာရေးဆရာများကိုဖိတ်၍ ဟောခိုင်းပြောခိုင်းတာများပါသည် ။ သူတို့ပြောလေ့ရှိသောစကားမှာ ဒီရွာကတော့ အစိမ်းတွေအားကောင်းတယ်ဆရာ အဲဒါဆရာတို့ကြည့်ဟောပေးပါဦး ဟူ၍ဖြစ်သည် ။ထိုသို့အကူအညီတောင်းလာတိုင်းလဲ စာရေးဆရာများသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်သမျှ စွမ်းသမျှ ဟောခဲ့ပြောခဲ့ကြတာပဲဖြစ်သည် ။ စာရေးဆရာများမှာ ထောင်နှုတ်ခမ်းကိုနင်းကာ ဟောခဲ့ပြောခဲ့သမျှအတွက် ရွေးကောက်ပွဲတွင် ရလာဒ်ပြောင်းပြန်ဖြစ်ခဲ့ရသောမဲဆန္ဒနယ်များစွာရှိပါသည် ။ ထိုအတွက်မည်သည့် ဂုဏ်ပြုမှုမျိုးကိုမှ စာရေးဆရာများအပေါ ် NLD ကတရားဝင် မပြုလုပ်ခဲ့သလို စာရေးဆရာတွေဘက်ကလည်း အစတည်းကဒါတွေကိုမျှော်လင့်ကြသူများမဟုတ်ပါ ။ သို့သော် စစ်အစိုးရခေတ်က ပေါ ်လစီရုပ်ရှင်ဇာတ်ကားများကိုတွင်တွင်ရိုက်ကူးကာ NLD နှင့် ဒီမိုကရေစီဘက်တော်သားများကိုရစရာမရှိအောင်ပြောဆိုသရုပ်ဆောင်ကြသူများနှင့်ယခုအခါ ခေတ်အပြောင်းတွင် NLD သည်အတော်ပင် သဟဇာတမျှကာ ယခင်က အဘမှအဘဖြစ်ခဲ့သောသရုပ်ဆောင်အချို့သည် ယခုအခါ အံတီမှအံတီ ၊ အမေမှအမေဖြစ်နေကြခြင်းကိုလည်း အဝေးမှပြုံးရုံမှတစ်ပါးစာရေးဆရာများသည် အပြစ်မမြင်ကြပါ ။ သို့သော်ပြောစရာအချို့ကားရှိပါသည် ။
၎င်းမှာအခြားမဟုတ် စာပေဟောပြောပွဲများ မကြာခနလုပ်နေကြသော်လည်း ၊လူငယ်တွေစာဖတ်ကြပါဟုအမျိုးမျိုးကြွေးကြော်နေကြသော်လည်း NLD တွေ စာမဖတ်တာကိုတော့ မကြာခနတွေ့နေရခြင်းဖြစ်သည် ။ အထူးသဖြင့် ပြည်သူလူထုကိုလမ်းပြခေါ ်ဆောင်မည့် လွှတ်တော်အမတ်မင်းများကိုယ်တိုင် စာမဖတ်ပေမဖတ်ဖြစ်နေကြခြင်းကို မကြာခနသတိထားမိပါသည် ။စာဖတ်သည်ဟုဆိုရာဝယ် ဒီလှိုင်းဂျာနယ်ကွက်ကွက်ဖတ်ခြင်းကိုမဆိုလိုပါ ။ စာဖတ်ခြင်းသည် လိမ်ညာဟန်ဆောင်၍ရသောအရာမဟုတ်ပါ ။ မြစ်ဝကျွန်းပေါ ်မြို့နယ်တစ်မြို့နယ်တွင် ကျွန်တော်နှင့် စာရေးဆရာ တေးရေးတေးဆို အရိုးသွားရောက်ဟောပြောစဉ် NLD မြို့နယ်ဥက္ကမှတွေ့ချင်သည်ဆိုသဖြင့်သွားတွေ့ရပါသည် ။ ထိုအခါ ဥက္ကဌသည် ကျွန်တော့်ကိုရှေ့မှာထား၍ စာရေးဆရာမ သရဝဏ်ရောက်ပြီလားဟုမေးပါသည် ။ နောက်မှသူ့လူတွေပြော၍ ကျွန်တော့်ကိုစာရေးဆရာမှန်းသိပါသည် ။ ကျွန်တော်ရေးသောစာ တစ်ပုဒ်မှမဖတ်ဖူးသဖြင့် ဘာစကားမှအထွေအထူးပြောစရာမရှိပါ ။ အရိုးကိုလည်းစာရေးဆရာအဖြစ်သူသေသေချာချာမသိပါ ။ထားတော့ ကျွန်တော်တို့သည် သိပ်နာမည်မကြီးသဖြင့်လည်းကောင်း ၊ ကျွန်တော်တို့နှင့် သူတို့သည်သိပ်အဆက်အစပ်မရှိသဖြင့်လည်းကောင်း မကြားဖူးခြင်းဖြစ်နိုင်ပါသည်ဟုဖြေတွေးတွေးရသည် ။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)ကိုဟောပြောရန်ဖိတ်ပြီးမှ ဆရာကြီးကိုမသိသဖြင့် ဒီနေရာတွင်မထိုင်ပါနှင့်ဟုပြောသောNLD အမတ် လဲ ရှိခဲ့ဖူးသည် ။
မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ဘက်နှင့်နီးသောမြို့နယ်တစ်ခုတွင် စာပေဟောပြောပွဲကျင်းပသဖြင့်သွားရပါသည် ။ ထိုပွဲတွင် ပထမည၌ ဆရာမဂျူး ၊ ဆရာမနှင်းပန်းအိမ် ၊ ဆရာမာန်(တောင်လုံးပြန်) ဟောပြောပါသည် ။ ဒုတိယညတွင် ကျွန်တော်နှင့် ဆရာမောင်ချစ် (သူရဲသမိန် )တို့ဟောပြောကြပါသည် ။ ဟောပြောကြသည့်စာရေးဆရာ (၅) ဦး၏အမည်နှင့် ဓာတ်ပုံများကို ဟောပြောပွဲစင်ပေါ ်တွင် အကြီးကြီး ဖော်ပြထားပါသည် ။ ဒုတိယညတွင်ဆရာမောင်ချစ်(သူရဲသမိန်)ဟောပြောအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်ဆိုသူပြာပြာပြာပြာနှင့်ရောက်လာပါသည် ။ သူမည်မျှအလုပ်များကြောင်း ဇာချဲ့ပြီးပြောပါသည် ။ ထို့နောက် ယခုကဲ့သို့စာပေဟောပြောပွဲတွေလုပ်တာကောင်းကြောင်း ဟောပြောသည့်စာရေးဆရာများ၏အမည်များကိုတော့ သူလဲ မသိကြောင်းပြောရာ ကျွန်တော်အတော်အံ့သြသွားပါသည် ။ ။တကယ်မသိဘူးပဲထားဦး ဗီနိုင်းပေါ ်တွင်နာမည်များကိုရေးသားထားရာ စကားပြောရာမှလှည့်ကြည့်လျှင်ပင်နာမည်များကိုမြင်တွေ့နိုင်မည်ဖြစ်သည်။ ကျွန်တော့်ကလောင်အမည်ကိုမသိဘူးဆိုတာ နားလည်လက်ခံပေး၍ရပါသည် ။ သို့သော် မြန်မာပြည်မှာနေနေသောလူတစ်ယောက်အနေနှင့် ဆရာမဂျူးအမည်ကိုမှ မသိရလောက်အောင် စာနှင့်ပေနှင့်ဝေးနေခြင်းကားအံ့သြဖို့ကောင်းပါသည် ။ အထူးသဖြင့် NLD အတွက် ဘဝပျက်ခံကာ အဖေလဲထောင်ကျ နိုင်ငံရေးအကျဉ်းသားဖြစ်၊ ခင်ပွန်းဖြစ်သူလဲ ထောင်ကျ နိုင်ငံရေးအကျဉ်းသား ဖြစ် မိမိကိုယ်တိုင်လဲ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွင်နေထိုင်ကာ RFA မှနှစ်ပေါင်းများစွာအသံလွှင့်နေသော ဆရာမနှင်းပန်းအိမ် အမည်ကိုကား NLD အချင်းချင်းသိဖို့ကောင်းပါသည် ။ ထိုလွှတ်တော်အမတ် စာမဖတ်ခြင်းကား အထူးပင်ထင်ရှားနေလေသည် ။ သူသည် ဤမြို့တွင် အကြီးဆုံးတာဝန်ရှိသူတစ်ဦးဖြစ်ကြောင်းခပ်ကြွားကြွားပြောဆိုကာ စာပေဟောပြောပွဲတွင်ဖင်နွေးအောင်ပင်မထိုင်ပဲ တိုင်းခန်းလှည့်လည်ရန်ဆက်လက်ထွက်ခွာသွားပါသည် ။ စာပေသမားများကို အပေါ ်ယံကြောလာရောက်နှုတ်ဆက်ခြင်းဖြစ်သည် ။ ဆရာမဂျူးကိုမသိသော ၊ ဆရာမနှင်းပန်းအိမ်ကိုမသိသော ၊ ကျွန်တော်တို့၏ကလောင်နာမည်များကိုမသိသော ထိုလွှတ်တော်အမတ်သည် ဘာစာတွေကိုဖတ်တဲ့သူပါလိမ့်ဟုလည်းတွေးနေမိပါသည် ။ ကျွန်တော့်ကိုမသိခြင်းထက်ဆရာမဂျူးတို့ကိုမသိခြင်းအတွက် တနုံ့နုံ့ခံစားရပါသည် ။ စာရေးဆရာများအတွက် သူတို့ကလောင်အမည်ကိုမသိဘူး မကြားဖူးဘူးဟုဆိုခြင်းကိုဆဲသည်ထက်နာလေ့ရှိပါသည် ။
လူငယ်များကိုအသိပညာများပေးမည်ဟုဆိုနေသူများသည် ၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ အလုပ်လုပ်နေသူများသည် သူများထက်မသာတောင် သူများနည်းတူလောက်တော့ စာဖတ်နာသင့်သည်ဟုထင်ပါသည် ။ ဒါမှ စဉ်းစားချင့်ချိန်နိုင်သော ဗဟုသုတ ပညာဉာဏ်နှင့်ပြည့်စုံလိမ့်မည်ဟုထင်ပါသည် ။ လွှတ်တော်အမတ်အားလုံးကိုတော့မဆိုလို ။သို့သော်အများစုကတော့ စာမဖတ်ကြတာအမှန်ဖြစ်သည် ။စစ်ဗိုလ်ချုပ်များစာမဖတ်ကြသည်ကိုသာကျွန်တော်တို့သည်နှစ်ပေါင်းများစွာပြောလာခဲ့ကြသည် ။ ကျွန်တော်တို့နိုင်ငံတွင်ဖြစ်နေကြသည်မှာ စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုမသိသူများထဲတွင် နိုင်ငံကိုလမ်းပြမည်ဟုဆိုသူများရှေ့ဆုံးကပါနေခြင်းပင်ဖြစ်သည် ။ နိုင်ငံရေသမားများစာဖတ်ကြပါခင်ဗျား ။NLD များစာတ်ကြပါခင်ဗျား ။ လွှတ်တော်အမတ်များစာဖတ်ကြပါခင်ဗျား။
သရဝဏ်(ပြည်)
Politics ဂျာနယ်
၆.၄.၂၀၁၇
No comments:
Post a Comment