Zawgyi Version
စံရတီ
ေခတ္ရနံ႕မဂၢဇင္း မတ္လ
အျဖဴေရာင္တိုက္ပြဲ
@@@@@@@
@@@@@@@
အခန္း(၁)
@@@@@
@@@@@
ရုပ္ျမင္သံႀကားမွ ညရွစ္နာရီသတင္းအစီအစဥ္ လာေနသည္။
နိုင္ငံရပ္ျခားတြင္ ျဖစ္ပြားေနေသာ တိုက္ပြဲသတင္းကို
အဆက္မျပတ္ထုတ္ျပန္ေနသည္။ သတင္းေႀကာ္ျငာသူ၏ တိုက္ပြဲသတင္းေႀကာ္ျငာသံမ်ားက
အဆက္မျပတ္ထြက္ေပၚေန၏။ ရုပ္ျမင္သံႀကားကို သူုပိတ္ပစ္လိုက္သည္။ မ်က္စိအစံုကို
သူမွိတ္ပစ္လိုက္သည္။ နားအစံုကို လက္အစံုျဖင့္ သူပိတ္ပစ္လိုက္သည္။
ပက္လက္ကုလားထိုင္ေပၚတြင္ ထိုင္ေနေသာ ခႏၶာကိုယ္ကို
ေနာက္သို႕လွဲခ်ကာမွီပစ္လိုက္သည္။ ထိုတိုက္ပြဲသတင္းေႀကာ္ျငာျခင္းကို သူ
မျမင္လို၊ သူ မႀကားလို၊ သူ မသိလိုေတာ့ပါ။
ထိုတိုက္ပြဲဆိုေသာအရာကို သူမုန္းသည္။
ဘာသာေရးတိုက္ပြဲ၊ လူမ်ိဳးေရးတိုက္ပြဲ၊ ဝါဒတိုက္ပြဲ၊ နယ္လုတိုက္ပြဲ၊
အာဏာလုတိုက္ပြဲႏွင့္ကမာၻေပၚရွိအမည္နာမမ်ိဳးစံု၊
အေႀကာင္းရာမ်ိဳးစံုတို႔ျဖင့္တိုက္ခိုက္ေနႀကေသာ တိုက္ပြဲအားလံုးကို
သူမုန္းသည္။ ထိုတိုက္ပြဲမ်ိဳးစံုတို႔သည္ ေနရာေဒသ မည္သို႔ကြဲကြဲ၊
အေႀကာင္းအရာေတြမည္သို႔ေျပာင္းေျပာင္း၊ အမည္နာမေတြမည္သို႔ပင္ကြဲလြဲေနပါေစ
အေျခခံဇစ္ျမစ္သည္ လူတို႔၏အတၱတစ္ခုတည္းေႀကာင့္ သာဟုသူယူဆခ်င္သည္။
မတူညီမႈမ်ားကို လြန္ဆြဲအားျပိဳင္ခ်င္ေသာလူတို႔၏အတၱေႀကာင့္သာဟု
သူသံုးသပ္ခ်င္သည္။ မိမိတစ္ဖို႔တည္းသာ ႀကည့္ခ်င္ျမင္ခ်င္ႀကေသာ
လူတို႔၏အတၱေႀကာင့္သာဟု သူစြဲခ်က္တင္ခ်င္၏။ ထို႔ေႀကာင့္ သူက
ထိုတိုက္ပြဲအားလံုးတို႔ကို အတၱတိုက္ပြဲမ်ား သို႔မဟုတ္
အနက္ေရာင္တိုက္ပြဲမ်ားဟုသာ အမည္ကင္ပြန္းတပ္ခ်င္သည္။
ထိုအနက္ေရာင္တိုက္ပြဲမ်ားေႀကာင့္
အျပစ္မဲ့သူမည္မ်ွေလာက္ အသက္ခ်မ္းသာခဲ့ရပါသနည္း။
မည္မ်ွေလာက္အိုးအိမ္ၿမဲခဲ့ရပါသနည္း။
မည္မ်ွေလာက္မိသားစုႏွင့္သက္ဆံုးတိုင္ေနခဲ့ရပါသနည္း။
ထိုအနက္ေရာင္တိုက္ပြဲမ်ား၏ရလဒ္သည္ လူတို႔ကို
မည္မ်ွေလာက္ေကာင္းက်ိဳးျပဳခဲ့ပါသနည္း။ သူျဖတ္သန္းခဲ့ရေသာဘဝအေတြ႔အႀကံဳမ်ားအရ
အေျဖေပးရပါလ်ွင္ ထိုအနက္ေရာင္တိုက္ပြဲမ်ားေႀကာင့္ အျပစ္မဲ့သူမ်ားစြာတို႔၏
အသက္ဆံုးရံႈးခဲ့ရသည္။ အိုးအိမ္ေပ်ာက္ခဲ့ရသည္။
မိသားစုႏွင့္အခ်ိန္မတိုင္မီခြဲခြာခဲ့ရသည္။
ေကာင္းက်ိဳးထက္ဆိုးက်ိဳးကိုသာျဖစ္ေစခဲ့သည္။
ထိုအနက္ေရာင္တိုက္ပြဲမ်ားႀကားတြင္
အမိန္႔ဟူေသာစကားတစ္ခြန္းေႀကာင့္ သူ၏ဖခင္၊ သူ၏အစ္ကို၊ သူ၏ခင္ပြန္းသည္တို႔ကို
သူဆံုးရံႈးရသည္။ သူ၏အေမကိုလည္း ထိုဆံုးရံႈးမႈမ်ား၏ရိုက္ခက္မႈေႀကာင့္ပင္
ထပ္မံဆံုးရံႈးရျပန္သည္။ အထီးက်န္မႈေဝဒနာမ်ားကိုသူခံစားရသည္။
ဘဝ၏ေျခာက္ေသြ႔မႈမ်ားကိုသူရင္ဆိုင္ရသည္။ ဘဝကိုအေဖာ္မဲ့စြာသူျဖတ္သန္းရသည္။
တုန္ရီေနေသာသူ႔အလက္အစံုတို႔အတြက္ ခိုကိုးရာမဲ့ခဲ့ရသည္။ ထိုရလဒ္ဆိုးမ်ားကို
အႏွစ္ငါးဆယ္ေက်ာ္သူခံစားခဲ့ရသည့္အတြက္ ထိုတိုက္ပြဲဆိုေသာအရာကို
သူအမုန္းႀကီးမုန္း၍ အနာႀကီးနာကာ အရြံႀကီးရြံေလသည္။
ထိုတိုက္ပြဲဆိုသည့္အသံကို ႀကားမိတိုင္း
တေစၥတစ္ေကာင္၏အသံကိုႀကားရသလို သူထိတ္လန့္မိသည္။ မ်က္ရည္က်မိသည္။
သက္ျပင္းခ်မိသည္။ ဧည့္ခန္းတြင္ခ်ိတ္ဆြဲထားေသာ သူ၏မဂၤလာေဆာင္တြင္
ရိုက္ထားသည့္ မိသားစုဓာတ္ပံုကိုု တမ္းတမ္းတတႀကည့္မိသည္။ ဓာတ္ပံုထဲကသူသည္
ငယ္ရြယ္၊လွပ၍ရႊင္လန္းေနသေလာက္ ယခုအျပင္ကသူသည္
အိုမင္း၊ရင့္ေရာ္ကာအားငယ္ေနေလသည္။ အေတြးမ်ားျဖင့္ ေမာဟိုက္ေနစဥ္တြင္
အိမ္ေရွ့တခါးမွတျခစ္ျခစ္ျမည္သံကိုသူႀကားရေလသည္။ ပက္လက္ကုလားထိုင္မွထကာ
တံခါးကိုသူုဖြင့္ေပးလိုက္ေလသည္။
သူ၏တစ္ဦးတည္းေသာ ဘဝအေဖာ္ေႀကာင္အိုႀကီးက
အရင္လိုအိမ္ထဲသို႔တန္းမဝင္ဘဲ သူ႔ကိုခြင့္ေတာင္းေနသလိုလို၊
ေတာင္းပန္ေနသလိုလိုအႀကည့္မ်ိဳးျဖင္ ့ႀကည့္ေနေလသည္။
``သားႀကီးဝင္ေလဘာလုပ္ေနတာလဲ´´
ေႀကာင္အိုႀကီးက ေညာင္ဟုအသံျပဳေလသည္။ တျပိဳင္နက္တည္းမွာပဲ ေႀကာင္အိုႀကီးေနာက္မွ ခပ္ပိန္ပိန္ေႀကာင္မတစ္ေကာင္က မရဲတရဲျဖင့္အိမ္ထဲသို႔ဝင္လာေလသည္။ ထိုေႀကာင္မကိုႀကည့္ျပီး သူတစ္ခ်က္ျပံဳးလိုက္ေလသည္။

``ငါ့သားႀကီးကအေမ့အတြက္အေဖာ္ေခၚလာတာေပါ့ေလ။ေအးပါအေမကလည္းေဖာ္မဲ့ေနတာနဲ့အေတာ္ပါပဲေလ´´
သူ႔စကားကိုေႀကာင္အိုႀကီးက နားလည္သလို
တေညာင္ေညာင္အသံျပဳရင္း သူ႔ေျခအစံုကိုပြတ္သပ္ေနေလသည္။ ေႀကာင္စာပုလင္းကိုယူကာ
ခြက္ထဲသို႔ေႀကာင္စာမ်ားကိုေလာင္းခ်လိုက္၏။ ေႀကာင္အိုႀကီးကေျပးလာသည္။
စားမည့္ဟန္ျပင္ျပီးမွ ေညာင္ဟုအသံတစ္ခ်က္ ျပဳလိုက္ေလသည္။
ေႀကာင္ပိန္မကေျပးလာကာ အစာကိုအငမ္းမရ စားေလေတာ့သည္။ ေႀကာင္အိုႀကီးက
ပက္လက္ကုလားထိုင္ေအာက္တြင္ ဝင္ေခြေလသည္။ ေႀကာင္အိုႀကီး၏အျပဳအမူကိုႀကည့္ျပီး
သူသေဘာက်မိသည္။
ထိုေႀကာင္အိုႀကီး သူ႔ထံသို႔ေရာက္လာခဲ့စဥ္က အစာအဟာရျပတ္လပ္ကာ
ပိန္ခ်ိေနသည္။ အျဖဴေရာင္အေမြးတို႔မွာလည္း ညစ္စုတ္ေနသည္။
သူကသနား၍ျပဳစုေစာင့္ေရွာက္ခဲ့သည္။ ခုေတာ့ေႀကာင္အိုႀကီးကဝဖီးလို႔ေနသည္။
ေႀကာင္အိုႀကီး၏အေမြးတို႔မွာလည္း ျဖဴစြတ္ကာလွပလို႔ေနသည္။
ထိုေႀကာင္အိုႀကီးကိုအစက ႀကြက္မခုတ္ေသာ ေႀကာင္ငပ်င္းဟုထင္မိသည္။ တစ္ေန႔
စာကေလးအသိုက္ထဲမွ စာေပါက္ေလးတစ္ေကာင္ျပဳတ္က်လာသည္။ ေႀကာင္အိုႀကီးက
ထိုစာေပါက္ေလးထံသို႔ေျပးသြားေလသည္။ သူ႔စိတ္ထဲတြင္ေႀကာင္ငပ်င္းက
ျပဳတ္က်လာေသာစာေပါက္ေလးကို ခုတ္လိမ့္မည္ဟုထင္ေလသည္။ သို႔ေသာ္ေႀကာင္အိုႀကီးက
သူထင္သလိုစာေပါက္ကိုမခုတ္ဘဲ လ်ွာျဖင့္အသာအယာ လ်က္ေပးေနေလသည္။
ထိုေန႔မွစ၍ေႀကာင္အိုႀကီး၏ ေမတၱာစိတ္ကိုသူသိလာရသည္။ေႀကာင္အိုႀကီးက
တျခားေႀကာင္ေတြလို အညွီအေဟာက္လည္းမႀကိဳက္၊ ဟင္းခိုးစားျခင္းလည္းမရွိ၊
ခ်ီးေသးလည္းသန္႔ေလသည္။ တစ္ခါတရံသူက
``ငါ့သားရယ္အေမေညာင္းလိုက္တာနင္းေပးစမ္း´´ ဟုေျပာလ်ွင္
သူ႔ခႏၶာကိုယ္ေပၚသို႔ တတ္ကာ ဟိုေလ်ွက္ဒီေလ်ွာက္လုပ္တတ္ေသးသည္။ အိမ္သို႔
ဆြမ္းခံႀကြေသာ ကိုယ္ေတာ္ကိုလည္း ဝပ္ျပဳကာအရိုေသေပးတတ္ေလသည္။
လူစကားလည္းနားလည္သလိုလိုရွိေလသည္။ သူတစ္ေယာက္တည္းပ်င္းပ်င္းရွိ၍
စကားေျပာလ်ွင္လည္း တေညာင္ေညာင္ျဖင့္မပ်င္းရေအာင္ အသံျပဳေလသည္။
ဤသို႔ျဖင့္အသက္ရွစ္ဆယ္ေက်ာ္အဖြားအိုႀကီးျဖစ္ေသာ သူ၏အထီးက်န္ေဝဒနာမ်ားကို
ေႀကာင္အိုႀကီးက သက္သာေစေလသည္။
အစာဝသြားေသာေႀကာင္ပိန္မက အစာခြက္နားမွခြာကာ
ပက္လက္ကုလားထိုင္ေအာက္တြင္ ဝင္၍ေခြလိုက္သည္။
သူကအစာခြက္ထဲသို႔ေႀကာင္စာမ်ားကို သြန္ခ်ေပးလိုက္သည္။
ေႀကာင္အိုႀကီးကေခြေနရာမွေျပးလာသည္။ ေညာင္ဟုအသံျပဳကာ
အစာကိုတဂ်ြတ္ဂ်ြတ္ျမည္ေအာင္ဝါးလိုက္သည္။ သူကေႀကာင္ပိန္မနားသို႔သြားကာ
ေႀကာင္ပိန္မကိုပြတ္သပ္ေပးလိုက္သည္။ သူ၏လက္က ေႀကာင္ပိန္မ၏ဝမ္းဗိုက္ကို
ပြတ္သပ္ေပးမိေတာ့မွ ေႀကာင္ပိန္မမွာ ကိုယ္ဝန္ရွိမွန္းသိလိုက္သည္။
မႀကာခင္မွာေႀကာင္ေလးေတြေပါက္ကာ သူအေဖာ္ရေတာ့မည္ကို သိလိုက္သည္။
တဆက္တည္းမွာပဲကိုယ္ဝန္ႀကီးႏွင့္ငတ္ျပတ္ေနေသာ ေႀကာင္ပိန္မကို သနားကရုဏာသတ္၍
အိမ္ေပၚသို႔ေခၚလာေသာ ေဝွးသင္းခံထားရသည့္
ေႀကာင္အိုႀကီး၏ျဖဴစင္ေသာေမတၱာတရားကို သူအသိအမွတ္မျပဳဘဲ
မေနနိုင္ေအာင္ျဖစ္သြားသည္။ ထိုညကသူ၏အိမ္မက္မ်ားသည္
ေျခာက္ေသြ႔မႈကင္းမဲ့ခဲ့ေလသည္။
အခန္း(၂)
@@@@@
@@@@@
မိုးကတဝုန္းဝုန္းရြာေနသည္။
ညဥ့္ကလည္းနက္သထက္နက္ေနသည္။ သူလည္းအိပ္ယာထက္တြင္ မိုး၏ေအးစက္ျခင္းကို
ေစာင္ပါးပါးတစ္ထည္ျဖင့္ႀကိဳးစားခုခံေနရသည္။ ေႀကာင္အိုႀကီးကေတာ့
သူအိပ္ေနေသာအခန္းထဲဝင္လာလိုက္၊ ျခင္ေထာင္ပတ္လည္လွည့္ပတ္ေအာ္လိုက္၊
အခန္းထဲကျပန္ထြက္သြားလိုက္၊ ေနာက္ေဖးမီးဖိုေခ်ာင္ထဲေျပးဝင္သြားလိုက္၊
အခန္းထဲျပန္ဝင္လာလိုက္၊ တေညာင္ေညာင္ေအာ္လိုက္ျဖင့္ပ်ာယာခတ္ေနသည္။
သူလည္းေႀကာင္အိုႀကီး၏ ေသာကေပြေနေသာအျပဳအမူေႀကာင့္ အိပ္ယာထက္တြင္ေကြးေနရာမွ
ေလးကန္စြာထလိုက္ရသည္။ ေႀကာင္အိုႀကီးေနာက္ကိုမီးအိမ္ကိုင္ကာ သူလိုက္ရသည္။
ေႀကာင္အိုႀကီးက မီးေသြးေတာင္းနားတြင္ လွည့္ပတ္၍ တေညာင္ေညာင္ေအာ္ျပန္သည္။
သူမီးေသြးေတာင္းထဲ အသာၿဖဲႀကည့္လိုက္သည္။
ေႀကာင္ပိန္မက မီးေသြးေတာင္းထဲမွာ တေညာင္ေညာင္ညည္းေနရွာသည္။ ကေလးေမြးခ်င္၍
အေဝနိကေဝဒနာကို ေႀကာင္ပိန္မတစ္ေကာင္ခံစားေနရရွာသည္။
စကၠဴပုံးအလြတ္တစ္ခုကိုရွာကာ၊ အဝတ္စုတ္မ်ားခင္းကာ၊
ေႀကာင္ပိန္မကိုေနရာေရႊ့ေပးကာျဖင့္သူအလုပ္ရႈပ္သြားသည္။
ေႀကာင္ပိန္မ၏ေဝဒနာမ်ား သက္သာေစရန္အသာပြတ္သပ္ေပးေနမိသည္။ ေႀကာင္အိုႀကီးကလည္း
ေႀကာင္ပိန္မကို လ်ွာျဖင့္လ်က္ကာႏွစ္သိမ့္အားေပးေနေလသည္။ သိပ္မႀကာခင္မွာပဲ
ေႀကာင္ပိန္မထံမွ ညွီစို႔စို႔အနံ႔ေတြႏွင့္အတူ
သူ႔အတြက္ေႀကာင္ေပါက္ေလးသံုးေကာင္ေလာကထဲသို႔ေရာက္ရွိလာေလသည္။
ေနာက္ေန႔မ်ားတြင္ေတာ့ သူ၏ေန႔ရက္မ်ားသည္
အရင္လိုျငီးေငြ႔ြ႔ေျခာက္ေသြ႔ဖြယ္ မေကာင္းေတာ့ေပ။
ေႀကာင္ပိန္မကိုႏြားနို႔က်ိဳတိုက္လိုက္၊
ေႀကာင္ေပါက္စေလးမ်ား၏လႈပ္ရွားမႈမ်ားကိုေစာင့္ႀကည့္လိုက္၊
စမ္းတဝါးဝါးျဖင့္လမ္းေလ်ွာက္တတ္ေသာေႀကာင္ေပါက္ေလးမ်ားကို
ထိန္းေႀကာင္းေပးလိုက္၊ အစာပုလင္းကိုတေဒါင္ေဒါင္ေခါက္ကာအစာေက်ြးလိုက္၊
ေႀကာင္တစ္သိုက္ႏွင့္စကားေျပာလိုက္ျဖင့္ အထီးက်န္ဒဏ္ရာမ်ားကိုပင္
သတိမရေတာ့ေပ။ ယခုဆိုေႀကာင္ေပါက္ေလးမ်ားမွာ ေျပးလႊားေဆာ့ကစားတတ္ေသာ
အရြယ္ပင္ေရာက္ရွိေလျပီ။
တစ္ညတြင္ သူအိပ္ေမာက်ေနစဥ္ အိမ္ေနာက္ေဖးမီးဖိုေခ်ာင္မွ ေႀကာင္ပိန္မ၏စူးစူးဝါးဝါးေအာ္သံကိုႀကားလိုက္ရသည္။ သူ၏ျခင္ေထာင္ေဘးတြင္ ေခြေနေသာေႀကာင္အိုႀကီးလည္း ေျပးထြက္သြားေလသည္။ သူလည္းအိပ္ယာထဲမွ လူးလဲထကာေႀကာင္အိုႀကီးေနာက္သို႔လိုက္ေလသည္။ မီးဖိုေခ်ာင္အဝသို႔ေရာက္လ်ွင္ ျပတင္းေပါက္မွေႀကာင္ေပါက္ေလးကို ခ်ီလ်က္ ေႀကာင္ထီးႀကီးတစ္ေကာင္ ခုန္းဆင္းသြားသည္ကိုျမင္လိုက္ရသည္။ ေႀကာင္အိုႀကီးက ေႀကာင္ထီးႀကီးေနာက္သို႔ ေျပးလိုက္ေလသည္။ သို႔ေသာ္ေႀကာင္ပ်ိဳတစ္ေကာင္၏လ်င္ျမန္ျခင္းကို ေႀကာင္အိုႀကီးက အရံႈးေပးလိုက္ရေလသည္။ ထိုညက ေႀကာင္ပိန္မသည္ ေခ်ာင္တစ္ေခ်ာင္တြင္ ေခြ၍ေနေလသည္။ ေႀကာင္ေပါက္ေလးႏွစ္ေကာင္သည္ ေႀကာက္ရြံ႔လ်က္ ေႀကာင္ပိန္မအနားတြင္ တိုးေဝွ့၍ေနေလသည္။ ေႀကာင္အိုႀကီးသည္ ျပတင္းေပါက္ကိုသာ ေတြေတြႀကီးႀကည့္၍ေနေလသည္။ သူသည္ ျပတင္းေပါက္တခါးကိုပိတ္ရန္ ေမ့ေလ်ာ့ခဲ့ေသာအျဖစ္အတြက္ ေနာင္တရ၍ေနေလသည္။

ေနာက္ရက္မ်ားတြင္ေတာ့ သူသည္
ျပတင္းေပါက္တခါးမ်ားကို မဖြင့္ေတာ့ဘဲ ေန့ေန့ညညပိတ္၍သာ ထားလိုက္ေတာ့သည္။
ေႀကာင္အိုႀကီးမွာလည္း အအိပ္အေနနဲလာျပီး ေန့ေန့ညညလွည့္ပတ္၍သာ
ေႀကာင္ေပါက္ေလးႏွစ္ေကာင္ကို ေစာင့္ေရွာက္ေတာ့သည္။ ေႀကာင္ပိန္မမွာလည္း
ေႀကာင္ေပါက္ေလးႏွစ္ေကာင္ကို မ်က္စိေအာက္က အေပ်ာက္မခံေတာ့ဘဲ ရွိေတာ့သည္။
ေႀကာင္ေပါက္ေလးႏွစ္ေကာင္မွာေတာ့ အႏၲာရယ္ညကို ေမ့ေလ်ာ့သြားကာ
ေျပးလႊားေဆာ့ကစား၍ေနေလသည္။
အခန္း(၃)
@@@@@
@@@@@
ေလးလံထိုင္းမႈိင္းေနေသာစိတ္ျဖင့္ ပင္စင္ရံုးမွသူျပန္လာေနသည္။ ညက
ျဖစ္ပ်က္ခဲ့ေသာအေႀကာင္းအရာမ်ားက သူ႔စိတ္ထဲေရာက္ေနသည္။ ညက
အဆတ္မျပတ္ရြာခဲ့ေသာမိုးကို အခြင့္အေရးယူကာ ေလာဘသားတစ္ေယာက္
သူအိမ္ထဲသို႔ခိုးဝင္ခဲ့ေႀကာင္းကို ေဆြးေျမ႔ေပါက္ၿပဲေနေသာ အိမ္ေနာက္ေဖးထရံက
သက္ေသခံေလသည္။ ထိုေလာဘသားက သူ႔အိမ္ထဲရွိပစၥည္းမ်ားကို ေမႊေနာက္ရွာေဖြကာ
အလိုရွိသမ်ွကို ယူေဆာင္သြားခဲ့ေႀကာင္းကို ပ်ံႀကဲေနေသာပစၥည္းမ်ားက
အခိုင္အမာထြက္ဆိုေနေလသည္။ ညက ထိုေလာဘသားအိမ္ထဲသို႔ဝင္လာစဥ္
သူနိုးေနေသာ္လည္း အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့သည္။
သူ႔လိုအေဖာ္မဲ့အဖြားအိုတစ္ေယာက္အေနျဖင့္ တိတ္တ္ိတ္ေလး
အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္ျခင္းက ေအာ္ဟစ္ကူညီေတာင္းျခင္းထက္
ပို၍အခြင့္အေရးသာမည္ဟု သူယူဆခဲ့သည္။ သူ႔အတြက္
ေႀကာင္တစ္သိုက္ႏွင့္ေပ်ာ္ရႊင္စြာေနထိုင္နိုင္ေရးက
ပစၥည္းဥစၥာပိုင္ဆိုင္နိုင္ေရးထက္ ပို၍အေရးႀကီးသည္ဟု သူလက္ခံခဲ့သည္။
ေပါက္ၿပဲသြားေသာ အိမ္ထရံကိုေတာ့ ပင္စင္ထုတ္ျပီျပန္လာမွ
အသစ္တစ္ခ်ပ္ဝယ္ကပ္လိုက္မည္ဟု ဆံုးျဖတ္ခဲ့သည္။
သူအေတြးမ်ိဳးစံုျဖင့္ တေျဖးေျဖးေလ်ွာက္လာရာ အိမ္ဝသို႔ပင္ေရာက္လာေလသည္။
အိမ္ေရွ့တခါးကို သူတြန္းဖြင့္လိုက္ေလသည္။ အရင္လိုအေျပးအလႊားလာႀကိဳမည့္
ေႀကာင္တစ္သိုက္ကို မေတြ႔ရေသာေႀကာင့္ စိတ္ထဲထင့္သြားမိသည္။ ထိုစဥ္ ေနာက္ေဖးမီးဖိုေခ်ာင္ထဲမွ ေႀကာင္ေပါက္ေလးႏွစ္ေကာင္ ေျပးထြက္လာေလသည္။ သူ၏ေျခအစံုကိုပြတ္သပ္ရင္း တေညာင္ေညာင္ေအာ္ေလသည္။ ထို႔ေနာက္ အိမ္ေနာက္ေဖးမီးဖိုေခ်ာင္သို႔ ေျပးဝင္သြားေလသည္။ သူလည္း ေႀကာင္ေပါက္ေလးႏွစ္ေကာင္ေနာက္သို႔ လိုက္သြားေလသည္။

အိမ္ေနာက္ေဖးမီးဖိုေခ်ာင္အဝသို႔ ေရာက္ေသာအခါ ျမင္ေတြ႔လိုက္ရေသာ
ျမင္ကြင္းေႀကာင့္ သူထိတ္လန္႔သြားေလသည္။ ေသြးအိုင္ထဲတြင္
အသက္ေငြ႔ေငြ႔ရႈေနရွာေသာ ေႀကာင္အိုႀကီး၏မ်က္ႏွာကို ေႀကာင္ပိန္မက
လွ်ာျဖင့္လ်က္ေပးေနသည္။ ေဘးတြင္ ေႀကာင္ထီးႀကီးတစ္ေကာင္ ေသြးသံရဲရဲျဖင့္
ေသဆံုးေနေလသည္။ သိပ္မႀကာမီအခ်ိန္ကပင္ ဤေနရာဤ႒ာနတြင္ ျပင္းထန္ေသာ
တိုက္ပြဲတစ္ခု ျဖစ္ပြားခဲ့ဟန္ရွိေလသည္။ ထိုတိုက္ပြဲတြင္ ေႀကာင္အိုႀကီးႏွင့္
ေႀကာင္ထီးႀကီးတို႔အေသအေႀကတိုက္ခိုက္ခဲ့ဟန္ရွိေလသည္။
ေႀကာင္အိုႀကီးနားသို႔ သူတိုးကပ္သြားကာ အသာေပြ႔ခ်ီလိုက္ေလသည္။
ေႀကာင္အိုႀကီးက အသက္ကိုုႀကိဳးစားရႈရိႈက္ေနရင္းမွ သူ႔ကိုစိုက္၍ႀကည့္ေလသည္။
သူစိတ္မထိန္းနိုင္ေတာ့ပဲ မ်က္ရည္ေတြေတြက်ေလသည္။ ႀကည့္ေနရင္းပင္
ေႀကာင္အိုႀကီးမွာ အေႀကာမ်ား ဆန္႔ငင္ဆန္႔ငင္ဆြဲေလသည္။
ေသမင္းႏွင့္စစ္ခင္းေနရေသာ ေႀကာင္အိုႀကီးအတြက္ ေနာက္ဆံုးကုသိုလ္အျဖစ္
သူျပဳခဲ့သမ်ွေသာ ကုသိုလ္အစုစုတို႔ကို အမ်ွေပးေဝလိုက္ေလသည္။ သူ၏
အမ်ွေဝသံအဆံုးမွာပင္ ေႀကာင္အိုႀကီးက အေႀကာတစ္ခ်က္ဆြဲကာျငိမ္သက္သြားေလသည္။
အသက္မဲ့သြားေသာ ေႀကာင္အိုႀကီး၏ ခႏၶာကိုယ္ကိုႀကည့္ရင္း သူဝမ္းနည္းေႀကကြဲလာေလသည္။ အထီးက်န္အေဖာ္မဲ့ခဲ့ေသာ သူ႔ကမာၻကို စိုေျပလန္းဆန္းေစခဲ့ေသာ ေႀကာင္အိုႀကီးသည္ ယခုေတာ့ သူ႔အနားမွ ထြက္ခြာသြားခဲ့ေလသည္။ ေႀကာင္အိုႀကီးကို သူ႔အနားမွ ေခၚေဆာင္သြားေသာ လက္သည္တရားခံမွာ မည္သူနည္း။ သူအေသအခ်ာ အေျဖရွာလိုက္ေသာအခါတြင္ ေႀကာင္အိုႀကီး ေသဆံုးခဲ့ရသည္မွာ ျပင္းထန္ေသာတိုက္ပြဲ၊ အနက္ေရာင္တိုက္ပြဲ၊ သူမုန္းေသာတိုက္ပြဲေႀကာင့္သာျဖစ္ေလသည္။

ထိုတိုက္ပြဲကို ျဖစ္ေစေသာ အေႀကာင္းအရာမ်ားကို သူေရွ့ဆက္၍ ေတြးမိေလသည္။
ေလာဘသားတစ္ေယာက္၏ အတၱေႀကာင့္ ေပါက္ၿပဲခဲ့ေသာ ထရံေပါက္ကို အသားႀကဴးေသာ
ေႀကာင္ထီးတစ္ေကာင္၏ အတၱက အသံုးခ်ခဲ့ေလသည္။ ထိုအတၱတရားမ်ာျဖင္
့စတင္စိန္ေခၚခဲ့ေသာ ထိုတိုက္ပြဲတြင္ ေႀကာင္အိုႀကီးကေတာ့ သူ၏ အတၱတရားမပါ
ေမတၱာတရားသက္သက္အတြက္သာ အသက္ေပး၍ တိုက္ခိုက္ခဲ့ေႀကာင္းကို သူသတိျပဳမိေလသည္။
ဤသို႔ဆိုလ်ွင္ ေႀကာင္အိုႀကီး၏ ေသဆံုးျခင္းသည္ သူယူဆခဲ့သလို အတၱကို
အတၱျဖင့္တုန့္ျပန္ေသာ အနက္ေရာင္တိုက္ပြဲတစ္ခုေႀကာင့္
ေသဆံုးျခင္းမ်ိဳးမဟုက္ခဲ့ေႀကာင္း
သူခိုင္ခိုင္မာမာေကာက္ခ်က္ခ်နိုင္ခဲ့ေလသည္။
ေႀကာင္အိုႀကီးအသက္ေပးခဲ့ေသာ တိုက္ပြဲမွာ အတၱကိုေမတၱာျဖင့္ ေခ်ျဖတ္ခဲ့ေသာ
အျဖဴေရာင္တိုက္ပြဲတစ္ခုသာ ျဖစ္ေလသည္။ မွန္သည္။ ေလာကႀကီးတြင္
သူသတိမထားမိခဲ့ေသာ အျဖဴေရာင္တိုက္ပြဲမ်ားအေႀကာင္းကို ေႀကာင္အိုႀကီးက
မီးေမာင္းထိုးျပခဲ့ေလသည္။ တိုက္ပြဲအားလံုးသည္ သူထင္ခဲ့သလို
အနက္ေရာင္ခ်ည္းပဲမဟုက္ဆိုတာကို ေႀကာင္အိုႀကီးက သက္ေသျပခဲ့ေလသည္။
တိုက္ပြဲတိုင္း၏ ဇစ္ျမစ္သည္ အတၱတစ္ခုတည္းေႀကာင့္ မျဖစ္နိုင္ေႀကာင္းကို
ေႀကာင္အိုႀကီးက သင္ခန္းစာေပးခဲ့ေလသည္။ ေလာကတြင္
မိမိ၏အက်ိဳးစီးပြားေႀကာင့္မဟုက္ပဲ အမ်ား၏အက်ိဳးစီးပြားအတြက္ အသက္ေပး၍
တိုက္ခိုက္ခဲ့ႀကေသာ လြတ္လပ္ေရးဖခင္ႀကီးမ်ား ၊ျငိမ္ခ်မ္းေရးေဖာ္ေဆာင္သူမ်ား၊
လူထုေခါင္းေဆာင္မ်ား၏ အျဖဴေရာင္တိုက္ပြဲမ်ားစြာတို႔ကို ေႀကာင္အိုႀကီးက
အလင္းျပေပးခဲ့ေလသည္။ သူ႔အတြက္ အဖိုးမျဖတ္နိုင္ေသာ အသိတရားမ်ားကို
ေႀကာင္အိုႀကီးက လက္ေဆာင္ေပးခဲ့ေလသည္။
ထိုသို႔အသိတရားမ်ားကိုလင္းလက္ေစခဲ့ေသာ ေမတၱာရွင္၊ ကရုဏာရွင္၊ လမ္းျပအရွင္
ေႀကာင္အိုႀကီးကို သူေပြ႔ယူလိုက္ပါသည္။ ထို႔ေနာက္
သူ႔အိမ္ေရွ့ေျမကြက္လပ္ေလးတြင္ ေႀကာင္အိုႀကီးကို ေကာင္းမြန္စြာ
ေျမျမႈပ္ေပးလိုက္ပါသည္။ အျဖဴေရာင္တိုက္ပြဲတြင္ က်ရံႈးခဲ့ေသာ
အာဇာနည္ေႀကာင္အိုႀကီးဟု ေရးထိုးထားေသာ သစ္သားျပားတစ္ခ်ပ္ကို
ေျမပံုမို႔မို႔ထက္တြင္ စိုက္ထူေပးလိုက္ပါသည္။ ထို႔ေနာက္ သူက
ေႀကာင္အိုႀကီးႏွင့္တကြ အျဖဴေရာင္တိုက္ပြဲမ်ားတြင္ ေပးဆပ္ခဲ့ႀကေသာ
အာဇာနည္ပုဂၢိဳလ္ႀကီးမ်ားကိုဦးညႊတ္ကာ အရိုအေသေပးလိုက္ပါသည္။
ထိုစဥ္ မိုးသည္ တဖြဲဖြဲရြာႀကလ်က္ အျဖဴေရာင္တိုက္ပြဲတြင္ အသက္ေပးခဲ့ေသာ ေႀကာင္အိုႀကီးအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ကို ေဖာ္ေဆာင္ေနေတာ့သည္။

Unicode Version
ခေတ်ရနံ့မဂ္ဂဇင်း မတ်လ
အဖြူရောင်တိုက်ပွဲ
@@@@@@@
အခန်း(၁)
@@@@@
ရုပ်မြင်သံကြားမှ ညရှစ်နာရီသတင်းအစီအစဉ် လာနေသည်။ နိုင်ငံရပ်ခြားတွင် ဖြစ်ပွားနေသော တိုက်ပွဲသတင်းကို အဆက်မပြတ်ထုတ်ပြန်နေသည်။ သတင်းကြော်ငြာသူ၏ တိုက်ပွဲသတင်းကြော်ငြာသံများက အဆက်မပြတ်ထွက်ပေါ်နေ၏။ ရုပ်မြင်သံကြားကို သူုပိတ်ပစ်လိုက်သည်။ မျက်စိအစုံကို သူမှိတ်ပစ်လိုက်သည်။ နားအစုံကို လက်အစုံဖြင့် သူပိတ်ပစ်လိုက်သည်။ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ခန္ဓာကိုယ်ကို နောက်သို့လှဲချကာမှီပစ်လိုက်သည်။ ထိုတိုက်ပွဲသတင်းကြော်ငြာခြင်းကို သူ မမြင်လို၊ သူ မကြားလို၊ သူ မသိလိုတော့ပါ။
ထိုတိုက်ပွဲဆိုသောအရာကို သူမုန်းသည်။ ဘာသာရေးတိုက်ပွဲ၊ လူမျိုးရေးတိုက်ပွဲ၊ ဝါဒတိုက်ပွဲ၊ နယ်လုတိုက်ပွဲ၊ အာဏာလုတိုက်ပွဲနှင့်ကမ္ဘာပေါ်ရှိအမည်နာမမျိုးစုံ၊ အကြောင်းရာမျိုးစုံတို့ဖြင့်တိုက်ခိုက်နေကြသော တိုက်ပွဲအားလုံးကို သူမုန်းသည်။ ထိုတိုက်ပွဲမျိုးစုံတို့သည် နေရာဒေသ မည်သို့ကွဲကွဲ၊ အကြောင်းအရာတွေမည်သို့ပြောင်းပြောင်း၊ အမည်နာမတွေမည်သို့ပင်ကွဲလွဲနေပါစေ အခြေခံဇစ်မြစ်သည် လူတို့၏အတ္တတစ်ခုတည်းကြောင့် သာဟုသူယူဆချင်သည်။ မတူညီမှုများကို လွန်ဆွဲအားပြိုင်ချင်သောလူတို့၏အတ္တကြောင့်သာဟု သူသုံးသပ်ချင်သည်။ မိမိတစ်ဖို့တည်းသာ ကြည့်ချင်မြင်ချင်ကြသော လူတို့၏အတ္တကြောင့်သာဟု သူစွဲချက်တင်ချင်၏။ ထို့ကြောင့် သူက ထိုတိုက်ပွဲအားလုံးတို့ကို အတ္တတိုက်ပွဲများ သို့မဟုတ် အနက်ရောင်တိုက်ပွဲများဟုသာ အမည်ကင်ပွန်းတပ်ချင်သည်။
ထိုအနက်ရောင်တိုက်ပွဲများကြောင့် အပြစ်မဲ့သူမည်မျှလောက် အသက်ချမ်းသာခဲ့ရပါသနည်း။ မည်မျှလောက်အိုးအိမ်မြဲခဲ့ရပါသနည်း။ မည်မျှလောက်မိသားစုနှင့်သက်ဆုံးတိုင်နေခဲ့ရပါသနည်း။ ထိုအနက်ရောင်တိုက်ပွဲများ၏ရလဒ်သည် လူတို့ကို မည်မျှလောက်ကောင်းကျိုးပြုခဲ့ပါသနည်း။ သူဖြတ်သန်းခဲ့ရသောဘဝအတွေ့အကြုံများအရ အဖြေပေးရပါလျှင် ထိုအနက်ရောင်တိုက်ပွဲများကြောင့် အပြစ်မဲ့သူများစွာတို့၏ အသက်ဆုံးရှုံးခဲ့ရသည်။ အိုးအိမ်ပျောက်ခဲ့ရသည်။ မိသားစုနှင့်အချိန်မတိုင်မီခွဲခွာခဲ့ရသည်။ ကောင်းကျိုးထက်ဆိုးကျိုးကိုသာဖြစ်စေခဲ့သည်။
ထိုအနက်ရောင်တိုက်ပွဲများကြားတွင် အမိန့်ဟူသောစကားတစ်ခွန်းကြောင့် သူ၏ဖခင်၊ သူ၏အစ်ကို၊ သူ၏ခင်ပွန်းသည်တို့ကို သူဆုံးရှုံးရသည်။ သူ၏အမေကိုလည်း ထိုဆုံးရှုံးမှုများ၏ရိုက်ခက်မှုကြောင့်ပင် ထပ်မံဆုံးရှုံးရပြန်သည်။ အထီးကျန်မှုဝေဒနာများကိုသူခံစားရသည်။ ဘဝ၏ခြောက်သွေ့မှုများကိုသူရင်ဆိုင်ရသည်။ ဘဝကိုအဖော်မဲ့စွာသူဖြတ်သန်းရသည်။ တုန်ရီနေသောသူ့အလက်အစုံတို့အတွက် ခိုကိုးရာမဲ့ခဲ့ရသည်။ ထိုရလဒ်ဆိုးများကို အနှစ်ငါးဆယ်ကျော်သူခံစားခဲ့ရသည့်အတွက် ထိုတိုက်ပွဲဆိုသောအရာကို သူအမုန်းကြီးမုန်း၍ အနာကြီးနာကာ အရွံကြီးရွံလေသည်။
ထိုတိုက်ပွဲဆိုသည့်အသံကို ကြားမိတိုင်း တစ္စေတစ်ကောင်၏အသံကိုကြားရသလို သူထိတ်လန့်မိသည်။ မျက်ရည်ကျမိသည်။ သက်ပြင်းချမိသည်။ ဧည့်ခန်းတွင်ချိတ်ဆွဲထားသော သူ၏မင်္ဂလာဆောင်တွင် ရိုက်ထားသည့် မိသားစုဓာတ်ပုံကိုု တမ်းတမ်းတတကြည့်မိသည်။ ဓာတ်ပုံထဲကသူသည် ငယ်ရွယ်၊လှပ၍ရွှင်လန်းနေသလောက် ယခုအပြင်ကသူသည် အိုမင်း၊ရင့်ရော်ကာအားငယ်နေလေသည်။ အတွေးများဖြင့် မောဟိုက်နေစဉ်တွင် အိမ်ရှေ့တခါးမှတခြစ်ခြစ်မြည်သံကိုသူကြားရလေသည်။ ပက်လက်ကုလားထိုင်မှထကာ တံခါးကိုသူုဖွင့်ပေးလိုက်လေသည်။
သူ၏တစ်ဦးတည်းသော ဘဝအဖော်ကြောင်အိုကြီးက အရင်လိုအိမ်ထဲသို့တန်းမဝင်ဘဲ သူ့ကိုခွင့်တောင်းနေသလိုလို၊ တောင်းပန်နေသလိုလိုအကြည့်မျိုးဖြင့်ကြည့်နေလေသည်။
``သားကြီးဝင်လေဘာလုပ်နေတာလဲ´´
ကြောင်အိုကြီးက ညောင်ဟုအသံပြုလေသည်။ တပြိုင်နက်တည်းမှာပဲ ကြောင်အိုကြီးနောက်မှ ခပ်ပိန်ပိန်ကြောင်မတစ်ကောင်က မရဲတရဲဖြင့်အိမ်ထဲသို့ဝင်လာလေသည်။ ထိုကြောင်မကိုကြည့်ပြီး သူတစ်ချက်ပြုံးလိုက်လေသည်။
``ငါ့သားကြီးကအမေ့အတွက်အဖော်ခေါ်လာတာပေါ့လေ။အေးပါအမေကလည်းဖော်မဲ့နေတာနဲ့အတော်ပါပဲလေ´´
သူ့စကားကိုကြောင်အိုကြီးက နားလည်သလို တညောင်ညောင်အသံပြုရင်း သူ့ခြေအစုံကိုပွတ်သပ်နေလေသည်။ ကြောင်စာပုလင်းကိုယူကာ ခွက်ထဲသို့ကြောင်စာများကိုလောင်းချလိုက်၏။ ကြောင်အိုကြီးကပြေးလာသည်။ စားမည့်ဟန်ပြင်ပြီးမှ ညောင်ဟုအသံတစ်ချက် ပြုလိုက်လေသည်။ ကြောင်ပိန်မကပြေးလာကာ အစာကိုအငမ်းမရ စားလေတော့သည်။ ကြောင်အိုကြီးက ပက်လက်ကုလားထိုင်အောက်တွင် ဝင်ခွေလေသည်။ ကြောင်အိုကြီး၏အပြုအမူကိုကြည့်ပြီး သူသဘောကျမိသည်။
ထိုကြောင်အိုကြီး သူ့ထံသို့ရောက်လာခဲ့စဉ်က အစာအဟာရပြတ်လပ်ကာ ပိန်ချိနေသည်။ အဖြူရောင်အမွေးတို့မှာလည်း ညစ်စုတ်နေသည်။ သူကသနား၍ပြုစုစောင့်ရှောက်ခဲ့သည်။ ခုတော့ကြောင်အိုကြီးကဝဖီးလို့နေသည်။ ကြောင်အိုကြီး၏အမွေးတို့မှာလည်း ဖြူစွတ်ကာလှပလို့နေသည်။ ထိုကြောင်အိုကြီးကိုအစက ကြွက်မခုတ်သော ကြောင်ငပျင်းဟုထင်မိသည်။ တစ်နေ့ စာကလေးအသိုက်ထဲမှ စာပေါက်လေးတစ်ကောင်ပြုတ်ကျလာသည်။ ကြောင်အိုကြီးက ထိုစာပေါက်လေးထံသို့ပြေးသွားလေသည်။ သူ့စိတ်ထဲတွင်ကြောင်ငပျင်းက ပြုတ်ကျလာသောစာပေါက်လေးကို ခုတ်လိမ့်မည်ဟုထင်လေသည်။ သို့သော်ကြောင်အိုကြီးက သူထင်သလိုစာပေါက်ကိုမခုတ်ဘဲ လျှာဖြင့်အသာအယာ လျက်ပေးနေလေသည်။ ထိုနေ့မှစ၍ကြောင်အိုကြီး၏ မေတ္တာစိတ်ကိုသူသိလာရသည်။ကြောင်အိုကြီးက တခြားကြောင်တွေလို အညှီအဟောက်လည်းမကြိုက်၊ ဟင်းခိုးစားခြင်းလည်းမရှိ၊ ချီးသေးလည်းသန့်လေသည်။ တစ်ခါတရံသူက
``ငါ့သားရယ်အမေညောင်းလိုက်တာနင်းပေးစမ်း´´ ဟုပြောလျှင် သူ့ခန္ဓာကိုယ်ပေါ်သို့ တတ်ကာ ဟိုလျေှက်ဒီလျှောက်လုပ်တတ်သေးသည်။ အိမ်သို့ ဆွမ်းခံကြွသော ကိုယ်တော်ကိုလည်း ဝပ်ပြုကာအရိုသေပေးတတ်လေသည်။ လူစကားလည်းနားလည်သလိုလိုရှိလေသည်။ သူတစ်ယောက်တည်းပျင်းပျင်းရှိ၍ စကားပြောလျှင်လည်း တညောင်ညောင်ဖြင့်မပျင်းရအောင် အသံပြုလေသည်။ ဤသို့ဖြင့်အသက်ရှစ်ဆယ်ကျော်အဖွားအိုကြီးဖြစ်သော သူ၏အထီးကျန်ဝေဒနာများကို ကြောင်အိုကြီးက သက်သာစေလေသည်။
အစာဝသွားသောကြောင်ပိန်မက အစာခွက်နားမှခွာကာ ပက်လက်ကုလားထိုင်အောက်တွင် ဝင်၍ခွေလိုက်သည်။ သူကအစာခွက်ထဲသို့ကြောင်စာများကို သွန်ချပေးလိုက်သည်။ ကြောင်အိုကြီးကခွေနေရာမှပြေးလာသည်။ ညောင်ဟုအသံပြုကာ အစာကိုတဂျွတ်ဂျွတ်မြည်အောင်ဝါးလိုက်သည်။ သူကကြောင်ပိန်မနားသို့သွားကာ ကြောင်ပိန်မကိုပွတ်သပ်ပေးလိုက်သည်။ သူ၏လက်က ကြောင်ပိန်မ၏ဝမ်းဗိုက်ကို ပွတ်သပ်ပေးမိတော့မှ ကြောင်ပိန်မမှာ ကိုယ်ဝန်ရှိမှန်းသိလိုက်သည်။ မကြာခင်မှာကြောင်လေးတွေပေါက်ကာ သူအဖော်ရတော့မည်ကို သိလိုက်သည်။ တဆက်တည်းမှာပဲကိုယ်ဝန်ကြီးနှင့်ငတ်ပြတ်နေသော ကြောင်ပိန်မကို သနားကရုဏာသတ်၍ အိမ်ပေါ်သို့ခေါ်လာသော ဝှေးသင်းခံထားရသည့် ကြောင်အိုကြီး၏ဖြူစင်သောမေတ္တာတရားကို သူအသိအမှတ်မပြုဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ ထိုညကသူ၏အိမ်မက်များသည် ခြောက်သွေ့မှုကင်းမဲ့ခဲ့လေသည်။
အခန်း(၂)
@@@@@
မိုးကတဝုန်းဝုန်းရွာနေသည်။ ညဉ့်ကလည်းနက်သထက်နက်နေသည်။ သူလည်းအိပ်ယာထက်တွင် မိုး၏အေးစက်ခြင်းကို စောင်ပါးပါးတစ်ထည်ဖြင့်ကြိုးစားခုခံနေရသည်။ ကြောင်အိုကြီးကတော့ သူအိပ်နေသောအခန်းထဲဝင်လာလိုက်၊ ခြင်ထောင်ပတ်လည်လှည့်ပတ်အော်လိုက်၊ အခန်းထဲကပြန်ထွက်သွားလိုက်၊ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားလိုက်၊ အခန်းထဲပြန်ဝင်လာလိုက်၊ တညောင်ညောင်အော်လိုက်ဖြင့်ပျာယာခတ်နေသည်။ သူလည်းကြောင်အိုကြီး၏ သောကပွေနေသောအပြုအမူကြောင့် အိပ်ယာထက်တွင်ကွေးနေရာမှ လေးကန်စွာထလိုက်ရသည်။ ကြောင်အိုကြီးနောက်ကိုမီးအိမ်ကိုင်ကာ သူလိုက်ရသည်။ ကြောင်အိုကြီးက မီးသွေးတောင်းနားတွင် လှည့်ပတ်၍ တညောင်ညောင်အော်ပြန်သည်။
သူမီးသွေးတောင်းထဲ အသာဖြဲကြည့်လိုက်သည်။ ကြောင်ပိန်မက မီးသွေးတောင်းထဲမှာ တညောင်ညောင်ညည်းနေရှာသည်။ ကလေးမွေးချင်၍ အဝေနိကဝေဒနာကို ကြောင်ပိန်မတစ်ကောင်ခံစားနေရရှာသည်။ စက္ကူပုံးအလွတ်တစ်ခုကိုရှာကာ၊ အဝတ်စုတ်များခင်းကာ၊ ကြောင်ပိန်မကိုနေရာရွှေ့ပေးကာဖြင့်သူအလုပ်ရှုပ်သွားသည်။ ကြောင်ပိန်မ၏ဝေဒနာများ သက်သာစေရန်အသာပွတ်သပ်ပေးနေမိသည်။ ကြောင်အိုကြီးကလည်း ကြောင်ပိန်မကို လျှာဖြင့်လျက်ကာနှစ်သိမ့်အားပေးနေလေသည်။ သိပ်မကြာခင်မှာပဲ ကြောင်ပိန်မထံမှ ညှီစို့စို့အနံ့တွေနှင့်အတူ သူ့အတွက်ကြောင်ပေါက်လေးသုံးကောင်လောကထဲသို့ရောက်ရှိလာလေသည်။
နောက်နေ့များတွင်တော့ သူ၏နေ့ရက်များသည် အရင်လိုငြီးငွေ့ွ့ခြောက်သွေ့ဖွယ် မကောင်းတော့ပေ။ ကြောင်ပိန်မကိုနွားနို့ကျိုတိုက်လိုက်၊ ကြောင်ပေါက်စလေးများ၏လှုပ်ရှားမှုများကိုစောင့်ကြည့်လိုက်၊ စမ်းတဝါးဝါးဖြင့်လမ်းလျှောက်တတ်သောကြောင်ပေါက်လေးများကို ထိန်းကြောင်းပေးလိုက်၊ အစာပုလင်းကိုတဒေါင်ဒေါင်ခေါက်ကာအစာကျွေးလိုက်၊ ကြောင်တစ်သိုက်နှင့်စကားပြောလိုက်ဖြင့် အထီးကျန်ဒဏ်ရာများကိုပင် သတိမရတော့ပေ။ ယခုဆိုကြောင်ပေါက်လေးများမှာ ပြေးလွှားဆော့ကစားတတ်သော အရွယ်ပင်ရောက်ရှိလေပြီ။
တစ်ညတွင် သူအိပ်မောကျနေစဉ် အိမ်နောက်ဖေးမီးဖိုချောင်မှ ကြောင်ပိန်မ၏စူးစူးဝါးဝါးအော်သံကိုကြားလိုက်ရသည်။ သူ၏ခြင်ထောင်ဘေးတွင် ခွေနေသောကြောင်အိုကြီးလည်း ပြေးထွက်သွားလေသည်။ သူလည်းအိပ်ယာထဲမှ လူးလဲထကာကြောင်အိုကြီးနောက်သို့လိုက်လေသည်။ မီးဖိုချောင်အဝသို့ရောက်လျှင် ပြတင်းပေါက်မှကြောင်ပေါက်လေးကို ချီလျက် ကြောင်ထီးကြီးတစ်ကောင် ခုန်းဆင်းသွားသည်ကိုမြင်လိုက်ရသည်။ ကြောင်အိုကြီးက ကြောင်ထီးကြီးနောက်သို့ ပြေးလိုက်လေသည်။ သို့သော်ကြောင်ပျိုတစ်ကောင်၏လျင်မြန်ခြင်းကို ကြောင်အိုကြီးက အရှုံးပေးလိုက်ရလေသည်။ ထိုညက ကြောင်ပိန်မသည် ချောင်တစ်ချောင်တွင် ခွေ၍နေလေသည်။ ကြောင်ပေါက်လေးနှစ်ကောင်သည် ကြောက်ရွံ့လျက် ကြောင်ပိန်မအနားတွင် တိုးဝှေ့၍နေလေသည်။ ကြောင်အိုကြီးသည် ပြတင်းပေါက်ကိုသာ တွေတွေကြီးကြည့်၍နေလေသည်။ သူသည် ပြတင်းပေါက်တခါးကိုပိတ်ရန် မေ့လျော့ခဲ့သောအဖြစ်အတွက် နောင်တရ၍နေလေသည်။
နောက်ရက်များတွင်တော့ သူသည် ပြတင်းပေါက်တခါးများကို မဖွင့်တော့ဘဲ နေ့နေ့ညညပိတ်၍သာ ထားလိုက်တော့သည်။ ကြောင်အိုကြီးမှာလည်း အအိပ်အနေနဲလာပြီး နေ့နေ့ညညလှည့်ပတ်၍သာ ကြောင်ပေါက်လေးနှစ်ကောင်ကို စောင့်ရှောက်တော့သည်။ ကြောင်ပိန်မမှာလည်း ကြောင်ပေါက်လေးနှစ်ကောင်ကို မျက်စိအောက်က အပျောက်မခံတော့ဘဲ ရှိတော့သည်။ ကြောင်ပေါက်လေးနှစ်ကောင်မှာတော့ အန္တာရယ်ညကို မေ့လျော့သွားကာ ပြေးလွှားဆော့ကစား၍နေလေသည်။
အခန်း(၃)
@@@@@
လေးလံထိုင်းမှိုင်းနေသောစိတ်ဖြင့် ပင်စင်ရုံးမှသူပြန်လာနေသည်။ ညက ဖြစ်ပျက်ခဲ့သောအကြောင်းအရာများက သူ့စိတ်ထဲရောက်နေသည်။ ညက အဆတ်မပြတ်ရွာခဲ့သောမိုးကို အခွင့်အရေးယူကာ လောဘသားတစ်ယောက် သူအိမ်ထဲသို့ခိုးဝင်ခဲ့ကြောင်းကို ဆွေးမြေ့ပေါက်ပြဲနေသော အိမ်နောက်ဖေးထရံက သက်သေခံလေသည်။ ထိုလောဘသားက သူ့အိမ်ထဲရှိပစ္စည်းများကို မွှေနောက်ရှာဖွေကာ အလိုရှိသမျှကို ယူဆောင်သွားခဲ့ကြောင်းကို ပျံကြဲနေသောပစ္စည်းများက အခိုင်အမာထွက်ဆိုနေလေသည်။ ညက ထိုလောဘသားအိမ်ထဲသို့ဝင်လာစဉ် သူနိုးနေသော်လည်း အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ သူ့လိုအဖော်မဲ့အဖွားအိုတစ်ယောက်အနေဖြင့် တိတ်တိတ်လေး အိပ်ချင်ယောင်ဆောင်နေလိုက်ခြင်းက အော်ဟစ်ကူညီတောင်းခြင်းထက် ပို၍အခွင့်အရေးသာမည်ဟု သူယူဆခဲ့သည်။ သူ့အတွက် ကြောင်တစ်သိုက်နှင့်ပျော်ရွှင်စွာနေထိုင်နိုင်ရေးက ပစ္စည်းဥစ္စာပိုင်ဆိုင်နိုင်ရေးထက် ပို၍အရေးကြီးသည်ဟု သူလက်ခံခဲ့သည်။ ပေါက်ပြဲသွားသော အိမ်ထရံကိုတော့ ပင်စင်ထုတ်ပြီပြန်လာမှ အသစ်တစ်ချပ်ဝယ်ကပ်လိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
သူအတွေးမျိုးစုံဖြင့် တဖြေးဖြေးလျှောက်လာရာ အိမ်ဝသို့ပင်ရောက်လာလေသည်။ အိမ်ရှေ့တခါးကို သူတွန်းဖွင့်လိုက်လေသည်။ အရင်လိုအပြေးအလွှားလာကြိုမည့်
ကြောင်တစ်သိုက်ကို မတွေ့ရသောကြောင့် စိတ်ထဲထင့်သွားမိသည်။ ထိုစဉ် နောက်ဖေးမီးဖိုချောင်ထဲမှ ကြောင်ပေါက်လေးနှစ်ကောင် ပြေးထွက်လာလေသည်။ သူ၏ခြေအစုံကိုပွတ်သပ်ရင်း တညောင်ညောင်အော်လေသည်။ ထို့နောက် အိမ်နောက်ဖေးမီးဖိုချောင်သို့ ပြေးဝင်သွားလေသည်။ သူလည်း ကြောင်ပေါက်လေးနှစ်ကောင်နောက်သို့ လိုက်သွားလေသည်။
အိမ်နောက်ဖေးမီးဖိုချောင်အဝသို့ ရောက်သောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူထိတ်လန့်သွားလေသည်။ သွေးအိုင်ထဲတွင် အသက်ငွေ့ငွေ့ရှုနေရှာသော ကြောင်အိုကြီး၏မျက်နှာကို ကြောင်ပိန်မက လျှာဖြင့်လျက်ပေးနေသည်။ ဘေးတွင် ကြောင်ထီးကြီးတစ်ကောင် သွေးသံရဲရဲဖြင့် သေဆုံးနေလေသည်။ သိပ်မကြာမီအချိန်ကပင် ဤနေရာဤဋ္ဌာနတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ဟန်ရှိလေသည်။ ထိုတိုက်ပွဲတွင် ကြောင်အိုကြီးနှင့် ကြောင်ထီးကြီးတို့အသေအကြေတိုက်ခိုက်ခဲ့ဟန်ရှိလေသည်။
ကြောင်အိုကြီးနားသို့ သူတိုးကပ်သွားကာ အသာပွေ့ချီလိုက်လေသည်။ ကြောင်အိုကြီးက အသက်ကိုုကြိုးစားရှုရှိုက်နေရင်းမှ သူ့ကိုစိုက်၍ကြည့်လေသည်။ သူစိတ်မထိန်းနိုင်တော့ပဲ မျက်ရည်တွေတွေကျလေသည်။ ကြည့်နေရင်းပင် ကြောင်အိုကြီးမှာ အကြောများ ဆန့်ငင်ဆန့်ငင်ဆွဲလေသည်။ သေမင်းနှင့်စစ်ခင်းနေရသော ကြောင်အိုကြီးအတွက် နောက်ဆုံးကုသိုလ်အဖြစ် သူပြုခဲ့သမျှသော ကုသိုလ်အစုစုတို့ကို အမျှပေးဝေလိုက်လေသည်။ သူ၏ အမျှဝေသံအဆုံးမှာပင် ကြောင်အိုကြီးက အကြောတစ်ချက်ဆွဲကာငြိမ်သက်သွားလေသည်။
အသက်မဲ့သွားသော ကြောင်အိုကြီး၏ ခန္ဓာကိုယ်ကိုကြည့်ရင်း သူဝမ်းနည်းကြေကွဲလာလေသည်။ အထီးကျန်အဖော်မဲ့ခဲ့သော သူ့ကမ္ဘာကို စိုပြေလန်းဆန်းစေခဲ့သော ကြောင်အိုကြီးသည် ယခုတော့ သူ့အနားမှ ထွက်ခွာသွားခဲ့လေသည်။ ကြောင်အိုကြီးကို သူ့အနားမှ ခေါ်ဆောင်သွားသော လက်သည်တရားခံမှာ မည်သူနည်း။ သူအသေအချာ အဖြေရှာလိုက်သောအခါတွင် ကြောင်အိုကြီး သေဆုံးခဲ့ရသည်မှာ ပြင်းထန်သောတိုက်ပွဲ၊ အနက်ရောင်တိုက်ပွဲ၊ သူမုန်းသောတိုက်ပွဲကြောင့်သာဖြစ်လေသည်။
ထိုတိုက်ပွဲကို ဖြစ်စေသော အကြောင်းအရာများကို သူရှေ့ဆက်၍ တွေးမိလေသည်။ လောဘသားတစ်ယောက်၏ အတ္တကြောင့် ပေါက်ပြဲခဲ့သော ထရံပေါက်ကို အသားကြူးသော ကြောင်ထီးတစ်ကောင်၏ အတ္တက အသုံးချခဲ့လေသည်။ ထိုအတ္တတရားမျာဖြင့်စတင်စိန်ခေါ်ခဲ့သော ထိုတိုက်ပွဲတွင် ကြောင်အိုကြီးကတော့ သူ၏ အတ္တတရားမပါ မေတ္တာတရားသက်သက်အတွက်သာ အသက်ပေး၍ တိုက်ခိုက်ခဲ့ကြောင်းကို သူသတိပြုမိလေသည်။ ဤသို့ဆိုလျှင် ကြောင်အိုကြီး၏ သေဆုံးခြင်းသည် သူယူဆခဲ့သလို အတ္တကို အတ္တဖြင့်တုန့်ပြန်သော အနက်ရောင်တိုက်ပွဲတစ်ခုကြောင့် သေဆုံးခြင်းမျိုးမဟုက်ခဲ့ကြောင်း သူခိုင်ခိုင်မာမာကောက်ချက်ချနိုင်ခဲ့လေသည်။
ကြောင်အိုကြီးအသက်ပေးခဲ့သော တိုက်ပွဲမှာ အတ္တကိုမေတ္တာဖြင့် ချေဖြတ်ခဲ့သော အဖြူရောင်တိုက်ပွဲတစ်ခုသာ ဖြစ်လေသည်။ မှန်သည်။ လောကကြီးတွင် သူသတိမထားမိခဲ့သော အဖြူရောင်တိုက်ပွဲများအကြောင်းကို ကြောင်အိုကြီးက မီးမောင်းထိုးပြခဲ့လေသည်။ တိုက်ပွဲအားလုံးသည် သူထင်ခဲ့သလို အနက်ရောင်ချည်းပဲမဟုက်ဆိုတာကို ကြောင်အိုကြီးက သက်သေပြခဲ့လေသည်။ တိုက်ပွဲတိုင်း၏ ဇစ်မြစ်သည် အတ္တတစ်ခုတည်းကြောင့် မဖြစ်နိုင်ကြောင်းကို ကြောင်အိုကြီးက သင်ခန်းစာပေးခဲ့လေသည်။ လောကတွင် မိမိ၏အကျိုးစီးပွားကြောင့်မဟုက်ပဲ အများ၏အကျိုးစီးပွားအတွက် အသက်ပေး၍ တိုက်ခိုက်ခဲ့ကြသော လွတ်လပ်ရေးဖခင်ကြီးများ ၊ငြိမ်ချမ်းရေးဖော်ဆောင်သူများ၊ လူထုခေါင်းဆောင်များ၏ အဖြူရောင်တိုက်ပွဲများစွာတို့ကို ကြောင်အိုကြီးက အလင်းပြပေးခဲ့လေသည်။ သူ့အတွက် အဖိုးမဖြတ်နိုင်သော အသိတရားများကို ကြောင်အိုကြီးက လက်ဆောင်ပေးခဲ့လေသည်။
ထိုသို့အသိတရားများကိုလင်းလက်စေခဲ့သော မေတ္တာရှင်၊ ကရုဏာရှင်၊ လမ်းပြအရှင် ကြောင်အိုကြီးကို သူပွေ့ယူလိုက်ပါသည်။ ထို့နောက် သူ့အိမ်ရှေ့မြေကွက်လပ်လေးတွင် ကြောင်အိုကြီးကို ကောင်းမွန်စွာ မြေမြှုပ်ပေးလိုက်ပါသည်။ အဖြူရောင်တိုက်ပွဲတွင် ကျရှုံးခဲ့သော အာဇာနည်ကြောင်အိုကြီးဟု ရေးထိုးထားသော သစ်သားပြားတစ်ချပ်ကို မြေပုံမို့မို့ထက်တွင် စိုက်ထူပေးလိုက်ပါသည်။ ထို့နောက် သူက ကြောင်အိုကြီးနှင့်တကွ အဖြူရောင်တိုက်ပွဲများတွင် ပေးဆပ်ခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်ကြီးများကိုဦးညွှတ်ကာ အရိုအသေပေးလိုက်ပါသည်။
ထိုစဉ် မိုးသည် တဖွဲဖွဲရွာကြလျက် အဖြူရောင်တိုက်ပွဲတွင် အသက်ပေးခဲ့သော ကြောင်အိုကြီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ဖော်ဆောင်နေတော့သည်။

No comments:
Post a Comment