Zawgyi Version
“ မင့္ေက်ာက္ပ်ဥ္ ဦးထိပ္တင္လို႔ ေစာင့္ပါမယ္ ”
(၁)
“ ေမာင္ စဥ္းစားၾကည့္ေလ၊ ေမေမတို႔ ေနရာက။ သူတို႔မွာက သမီးေလးတစ္ေယာက္ ရွိတာရယ္။ သမက္ေတာ္ရမယ့္သူက ဆယ္တန္းေတာင္ မေအာင္ေသးဘူးဆိုရင္…။ ခင္လြမ္း ဘယ္သူ႔ဘက္မွ လိုက္ေျပာတာ မဟုတ္ဘူးေနာ္။ မဂၤလာေဆာင္ဖိတ္စာမွာ သမက္ေလာင္းရဲ႕ နာမည္ေနာက္က ဘြဲ႕တစ္ခုခုေတာ့ အနည္းဆံုးရွိေနေစခ်င္တာေပါ့ ”
ကၽြန္ေတာ္ သေဘာေပါက္သည္။ ခင္လြမ္း၏စကားသည္ တရားပါေလ၏။ သို႔ေသာ္ ႀကိဳးစားပါလ်က္ႏွင့္ ႏွစ္ႀကိမ္က်ကာ အျပင္ေျဖေက်ာင္းသားျဖစ္ရေသာ ကၽြန္ေတာ့္အဖို႔မွာ အေမာႀကီးေမာရေလ၏။ စာေမးပြဲသည္ ကၽြန္ေတာ့္ကို အစဥ္ေျခာက္လွန္႔ေနတတ္သည္။ ေျဖေကာင္းေကာင္းႏွင့္ သဲႀကီးမဲႀကီးေျဖ၍ တစ္ပုဒ္က်န္ခဲ့၊ တစ္၀က္က်န္ခဲ့ရွိဖူးသည္။ တြက္မရေသာ အပုဒ္ကိုခ်ည္း ထပ္တလဲလဲႏွင့္ တြက္ေန၍ က်န္ခဲ့ေသာပုစၦာရွိဖူးသည္။ ေျဖခ်ိန္၊ ပုစၦာႏွင့္ ကၽြန္ေတာ့္၀ီရိယ၊ ဆႏၵတို႔သည္ တစ္ခါတေလတြင္ အပ္အပ္စပ္စပ္မရွိတတ္။
“ ဒီႏွစ္ေအာင္တာေတာင္မွ ေနာက္ေလးငါးႏွစ္ေလာက္မွ လက္ထပ္ခြင့္ရမွာပါလား ခင္လြမ္းရယ္ ”
စိတ္မရွည္ႏိုင္မွန္း ခင္လြမ္း ရိပ္မိသည္။
“ ခင္လြမ္း တကၠသိုလ္ကေစာင့္ေနတာ ႏွစ္ႏွစ္ရွိၿပီပဲ ေမာင္၊ ဒီႏွစ္ေတာ့ ေမာင္ ေအာင္မွာပါ။ တစ္ႏွစ္ဆိုတာ ခဏေလးပါ၊ ဘ၀နဲ႔စာရင္ေလ ”
သူတြက္ျပေသာအခါ အားတက္သလိုလိုေတာ့ ျဖစ္လာသည္။
“ ခင္လြမ္းအတြက္ ႀကိဳးစားရတယ္ဆိုတာ ေမာင္ေမ့ထား၊ ေအာင္လာရင္ ေမာင့္ အေဖနဲ႔အေမက သိပ္၀မ္းသာမွာ၊ သားတစ္ေယာက္ သမီးတစ္ေယာက္ပဲ ရွိၾကတာဆိုေတာ့ ေမာင္တို႔ေမာင္ႏွမကို ေဒၚေဒၚတို႔က ေမွ်ာ္လင့္ခ်က္ သိပ္ထားၾကတာ မဟုတ္ဘူးလား ”
ခင္လြမ္း စကားတတ္သျဖင့္ “ ဟုတ္ပါေပ၏ ” ခ်ည္းသာ ကၽြန္ေတာ့္မွာ ေျပာစရာ ရွိေတာ့၏။ အေၾကာင္းအခ်က္ေတြအရ ဟုတ္မွန္ဆီေလ်ာ္ေန၍လည္း ျဖစ္မည္။ ကၽြန္ေတာ္ အအိပ္ေလွ်ာ့လိုက္သည္။ စာၾကည့္ခ်ိန္ပို၍ ေပးလိုက္သည္။ က်ဴရွင္ ေက်ာင္းေတြ၊ စာသင္ခ်ိန္ေတြ၊ ဘာသာရပ္ေတြအားလံုး ေရာေနသျဖင့္ နံရံတြင္ စာရြက္ကပ္ကာ မွတ္သားထားရသည္။
စာေမးပြဲေျဖခါနီးေသာ္ ခင္လြမ္းသည္ ကၽြန္ေတာ္၏မွတ္စုအားလံုးကို စစ္ေဆးေပးသည္။ အေရးႀကီးႏိုင္ေသာ ပုစၦာမ်ိဳးေတြရွာ၍ စုေဆာင္းေပးသည္။ ျပင္ပမွတ္စုေတြ ရွာေဖြ၀ယ္ယူေပးသည္။ ကၽြန္ေတာ့္ကို အစမ္းေျဖခိုင္းသည္။ ႏႈတ္တိုက္ရေအာင္ က်က္ခိုင္းသည္။
စာေမးပြဲေျဖၿပီးခ်ိန္တြင္ ကၽြန္ေတာ့္ကိုယ္အေလးခ်ိန္တြင္ ဆယ့္ရွစ္ေပါင္ ေလ်ာ့လ်က္ရွိ၏။
×××××××××××××

ေကာလိပ္ေက်ာင္းသားဘ၀သည္ အထက္တန္းေက်ာင္းသားဘ၀ႏွင့္ မႏိႈင္းသာေအာင္
ေပ်ာ္ရႊင္ဖြယ္ေကာင္းလွသည္။ အထက္တန္းေက်ာင္းသည္ ၿမိဳ႕ထဲက ေက်ာင္းတစ္ေက်ာင္း၊
ၿမိဳ႕လယ္က ေက်ာင္း၀င္းအတြင္း၌ ဘာမွ်ထူးျခားမႈမရွိ။
ေက်ာင္းသြားရာလမ္းတစ္ေလွ်ာက္မွာ တစ္ၿမိဳ႕တည္းေနၾကေသာ မ်က္ႏွာေတြ၊
အျမင္ဆန္းျခင္း မရွိခဲ့ေသာေနရာ၀န္းက်င္ႏွင့္ ေက်ာင္းအေဆာက္အအံုကို
ဆယ္ႏွစ္ေက်ာ္ျမင္ေတြ႕ခဲ့ရသည္။
ေဒသေကာလိပ္သို႔ ေရာက္ေသာအခါ ၀လံုးတန္းေက်ာင္းစတက္စဥ္ကကဲ့သို႔ အံ့အားတသင့္ ျဖစ္ေနသည္။ ဧည့္သြား၊ ဧည့္လာေရာက္ခဲ့စဥ္က ကိုယ္ႏွင့္ မဆိုင္ေသးေသာ အရပ္ဌာန၊ တက္ေရာက္ခြင့္ရ၍ တက္ေရာက္လာေသာ တကၠသိုလ္ေက်ာင္းသားႀကီးဘ၀အစတြင္ အေဆာက္အအံုဟူသမွ်ကို ဆိုင္သည္ဟု ေအာက္ေမ့သည္။
အထက္တန္းမွာ တစ္တန္းတည္းတက္ခဲ့သူ ေက်ာင္းေနဖက္မ်ားက ၂ ႏွစ္ေစာကာ ေရာက္ေနေသာေၾကာင့္ ေဒသေကာလိပ္တြင္ သူတို႔မရွိေတာ့။ သူတို႔ရွိရာ၊ ခင္လြမ္းရွိရာ ရန္ကုန္တကၠသိုလ္သို႔ အလည္သြားရသည္။ တကၠသိုလ္၏အဟန္႔ေၾကာင့္ လိပ္ျပာလန္႔သကဲ့သို႔ မခံစားရေတာ့။
“ ေမာင္…. ဘယ့္ႏွယ္လဲ ”
လက္ဖက္ရည္ဆိုင္ထိုင္ၿပီးမွ ခင္လြမ္း ေမးသည္။
“ ဘာကို ေမးတာလဲ ခင္လြမ္း ”
“ ေၾသာ္…. ဆယ္တန္းေအာင္လာတာကို ေမးတာ ”
“ ေပ်ာ္ပါတယ္၊ ထမင္းေတာ့ ပိုမ၀င္ဘူး ”
ေထ့သံပါသည္ဟု ခင္လြမ္းေျပာသည္။ မဟုတ္ပါဘူးဟု ကၽြန္ေတာ္ေျပာသည္။ ရယ္ေမာရႊတ္ေနာက္ကာ ေနတတ္ေသာဓေလ့ကို သူ႔တြက္ေၾကာင့္လည္း ျဖစ္မည္။ အမွတ္မဲ့ပင္သူျဖစ္သြား၏။
“ ဦးတို႔ ေဒၚေဒၚတို႔လည္း ေပ်ာ္မွာပဲေနာ္ ”
“ ေပ်ာ္ပါတယ္၊ အေမခါးကိုက္တာေတာ့ ခါတိုင္းလို ေဆးလူးေပးေနရတုန္းပဲ ”
“ စာေတြဖိၾကည့္ခိုင္း၊ က်က္ခိုင္းလြန္းလို႔ ခင္လြမ္းကို ေမာင္စိတ္မၾကည္လင္ဘူးထင္တယ္ ”
“ ၾကည္လင္ပါတယ္၊ အခ်စ္ဆိုတာ ပညာေရးေတြ ဘြဲ႕ေတြမပါရင္ ဆားမပါသလို ေပါ့ရႊတ္ရႊတ္ဆိုတာ ဟုတ္တယ္ ”
ခင္လြမ္း၌ အျပံဳးေလ်ာ့သြားသည္။
“ ေစတနာနဲ႔ တိုက္တြန္းခဲ့တာပါ ေမာင္ရာ ”
“ သိပါတယ္။ ေမာလြန္းမက ေမာေနလြန္းလို႔ ေက်းဇူးစကား မေျပာရေသးတာပါ ”
ကၽြန္ေတာ့္ကို ခင္လြမ္းသည္ စူးစူးစုိက္စိုက္ ၾကည့္ေနေလ၏။
×××××××××××××××

ပညာသည္ စိတ္ခ်မ္းေျမ့မႈကို ေပးသည္ဟူေသာ စကားကမွန္သည္။ ကၽြန္ေတာ္
ပင္မတကၠသိုလ္သို႔ေရာက္ခ်ိန္တြင္ ခင္လြမ္းသည္ သရုပ္ျပဆရာမ ျဖစ္ေန၏။
ကၽြန္ေတာ္ ၀ိဇၨာေက်ာင္းသားျဖစ္ေနသည္က ကံေကာင္း၏။ သူယူေသာ ဘာသာရပ္ကိုသာ
ယူခဲ့ပါက သူ႔တပည့္ျဖစ္သြားႏိုင္ေလ၏။ ပညာကိုအေၾကာင္းျပဳကာ
ေက်ာင္းပရိ၀ုဏ္အတြင္း သူႏွင့္ကၽြန္ေတာ္ အတူတူရွိေနခြင့္ ရၾကသည္။
ဒီႏွစ္ ႏွစ္၀က္ရယ္၊ ေရွ႕ႏွစ္တစ္ႏွစ္ရယ္၊ ဒါပဲက်န္ေတာ့တာ အတူတူေနခြင့္ရခ်င္ၿပီ။ ကၽြန္ေတာ့္ေတာင္းဆိုသံသည္ တကၠသိုလ္ေက်ာင္းသားဘ၀မတိုင္မီကလို မဟုတ္မွန္း ကိုယ္တိုင္သိသည္။ ကိုယ့္ကိုယ္ကိုယ္အားကိုးေသာ၊ ယံုၾကည္ေသာ၊ ခြန္အားရွိေသာအသံ။ ကၽြန္ေတာ္ ေျပာသာေျပာရသည္။ ခင္လြမ္းထံမွ လိုက္ေလ်ာမည္မဟုတ္ဟု ေတြးၿပီးသား။
“ ဘာမွမွ မလိုေတာ့တာ၊ မိုင္တစ္ေထာင္ဇြဲနဲ႔ေလွ်ာက္လာၿပီးမွ ေလး ငါး ဆယ္ မိုင္ေလာက္ကို ေလာေနရေသးလား ေမာင္ရယ္ ”
“ ေနေရး ထိုင္ေရးဆိုတဲ့ ေျခာက္လေလာက္က စကားကို ေမာင္စိတ္ထဲစြဲထားပါတယ္ ခင္လြမ္း ”
ခင္လြမ္းသည္ ၀ါးျခင္းထဲရွိ ပိုက္ဆံအိတ္ကို ယူသည္။ ဖြင့္ၿပီးေနာက္ လက္ကိုင္ပ၀ါျဖင့္ နဖူးဆံစ၊ ႏွာသီးဖ်ားကို ေခၽြးတို႔သည္။ ခဏေနမွ…..
“ ေနေရး ထိုင္ေရးဆိုတာ မေျပာမျဖစ္လို႔ ေျပာရတာေလ၊ လက္ထပ္ၿပီးရင္ ေနေရး ထိုင္ေရးက အေရးႀကီးတယ္ေလ၊ ႏွစ္ဖက္မိဘအိမ္မွာ ေနရတာ မေကာင္းပါဘူး၊ သီးသန္႔အိမ္ရွိဦး။ တစ္ျခံတည္းေနရရင္ပဲ စိတ္က်ဥ္းက်ပ္တယ္၊ ကိုယ့္ျခံကိုယ့္၀င္းနဲ႔ ေနရတာပဲေကာင္းတယ္၊ ငွားေနျပန္ေတာ့ အိမ္ရွင္ဖယ္ခိုင္းရင္ ဟိုေျပးဒီလႊားေနစရာရွာရနဲ႔ ပတ္၀န္းက်င္ေကာင္း ရပါမွ။ နားေအးၿပီး စိတ္မေအးရ၊ စိတ္ေအးၿပီး နားမေအးရ၊ ဧည့္ေကာင္းေဆာင္ေကာင္း လာတဲ့အခါ မ်က္ႏွာမေအးရရင္ မေကာင္းျပန္ ”
အက်ိဳးသင့္အေၾကာင္းသင့္ ရွိပါေပ၏ဟု စိတ္ထဲက ေထာက္ခံသည္။ ေက်ာင္းႏွစ္၀က္ခရီးတြင္ ကၽြန္ေတာ္သည္ ေက်ာင္းသားတစ္ပိုင္း၊ ကုန္သည္တစ္ပိုင္း ျဖစ္လာသည္။ အေမတို႔ထံမွ ေငြပင္ေငြရင္းကို ခဏယူၿပီး ပစၥည္း၀ယ္ေရာင္းလုပ္ငန္း စမ္းၾကည့္၏။ ကုသိုလ္ကံေကာင္းပံုရ၏။ သေဘၤာက်ပစၥည္းေတြကိုေကာက္ၿပီး ေရာင္းတိုင္း ျမတ္၏။ လုပ္ငန္းကိုနားလည္၊ လူေပါင္းသူေပါင္း ဆံ့လာသည္ႏွင့္အမွ် ေမာ္ေတာ္ဆိုင္ကယ္ ၀ယ္ေရာင္းကိုသာမက ကားအထိ တက္ကိုင္သည္။ ကၽြန္ေတာ့္ကို ကားထည္လဲစီးသည္၊ ယာယီနံပါတ္ တစ္စီးၿပီးတစ္စီး စီးသည္ဟု ထင္ေကာင္းထင္ၾကမည္။ စင္စစ္ ေရာင္းစရာပစၥည္းကို ကိုယ္ႏွင့္မကြာထားကာ စာသင္ရင္း အေရာင္းအ၀ယ္ျပဳရသည္။
ဆယ့္သံုးလအတြင္းသို႔ ေရာက္ေသာအခါ ေျမကြက္တစ္ကြက္ကို ခင္လြမ္းႏွင့္အတူရွာကာ ၀ယ္ယူႏိုင္ခဲ့သည္။ ေနာက္ႏွစ္လအတြင္း အေဆာက္အအံု အုတ္ျမစ္ခ်ကာ တျဖည္းျဖည္း စတင္ေဆာက္ခဲ့သည္။ ေနာက္ဆံုးႏွစ္စာေမးပြဲေျဖခါနီးတစ္လတြင္ ေခတ္မီတစ္ထပ္တိုက္ျပားေလး ၿပီးသြားသည္။
××××××××××××

(၂)
“ ႏွစ္ေယာက္အတူ ေနရေပမယ့္ အိမ္ကိုေသာ့ခတ္ၿပီး အေစာင့္နဲ႔ထားရတာ အေတာ္သဘာ၀ မက်တာပဲ ”
မေက်နပ္သံဟု ခင္လြမ္းသိသည္။
“ ေမာင္ ရိုးရိုးေအာင္ခဲ့ရင္ ဟုတ္တာေပါ့။ အခု ဘြဲ႕လြန္တက္ခြင့္ရၿပီပဲ။ ဆက္တက္ရမွာေပါ့။ အဲဒီဘြဲ႕လက္မွတ္စာရြက္က ေလးတယ္ထင္ရင္ ခင္လြမ္းေခါင္းေပၚတင္ထား၊ ရြက္ေပးထားပါ့မယ္။ ဦးတို႔အေနနဲ႔လည္း စဥ္းစားေလ၊ အင္မတန္မွ ပညာထြန္းေပါက္ေစခ်င္တဲ့သားကို ဘြဲ႕လြန္ဆက္တက္ေစခ်င္တာေပါ့။ အိမ္ေထာင္က်သြားလို႔ ပညာေရးခရီးေျဖာင့္ျဖဴးပါလ်က္နဲ႔ ဖက္တြယ္တယ္ဆိုရင္ ဘယ္စိတ္ေကာင္းႏိုင္မွာလဲ ေမာင္ရယ္ ”
ဟုတ္ေသာ္ မွန္ေသာ္ျငားလည္း မေက်နပ္ခ်င္။
“ ခင္လြမ္း ေမာင့္ကို တိုက္တြန္းခဲ့သမွ်ေတြထဲမွာ အမွားရယ္လို႔ တစ္ခုတေလပါခဲ့ဖူးပါသလား ေမာင္ ”
သူ ေမးသည္။ ကၽြန္ေတာ္ ေခါင္းခါသည္။
“ ဒါေတာ့ ဒါေပါ့ ခင္လြမ္းရယ္ ”
“ ေမာင္ ခင္လြမ္းေျပာသမွ် လိုက္လုပ္ေနသာ ေနရတာ၊ စိတ္ထဲမွာ နင့္ဆို႔ဆို႔ႀကီးျဖစ္ေနတယ္ မဟုတ္လား ”
မေျဖလ်က္ေနျခင္းအားျဖင့္ ေျဖာင့္ဆိုလိုက္သည္။
“ ဘ၀ကို စနစ္မခ်၊ ပႏၷက္မရိုက္၊ ပံုစံမခ်လို႔မွမရတာ ေမာင္ရယ္ ”
ခင္လြမ္းသည္ ဆရာမျဖစ္လာသည္မွစ၍ အေျပာအဆို၊ အယူအဆေတြ ေရွးႏွင့္မတူ၊ ပံုေသတြက္နည္းေတြ၊ အမ်ိဳးအစားေတြ၊ သိပၸံနည္းက် ျပင္ဆင္မႈေတြျဖင့္ ဘ၀ကို ပံုသြင္းေနသည္ဟု ကၽြန္ေတာ္ သတိျပဳမိသည္။
“ ခုေကာ ဘာေတြလိုေသးေတာ့လို႔လဲ၊ သတို႔သားရဲ႕နာမည္ေနာက္မွာ အဂၤလိပ္စာလံုးႀကီးႏွစ္လံုး ထည့္ရိုက္လို႔ရၿပီ။ ေနစရာတိုက္သစ္တစ္လံုးလည္း ရွိၿပီ။ ဘာက်န္ေသးလဲ ”
“ မဟုတ္ဘူးေလ ေမာင္၊ ဘြဲ႕လြန္က ထားေတာ့ ၂ ႏွစ္၊ ေမာင္က ဥာဏ္ေကာင္းၿပီးသား၊ ပညာေတာ္ၿပီးသား၊ က်မ္းျပဳတာ တစ္ႏွစ္ တစ္ႏွစ္ခြဲအတြင္း ၿပီးမွာေသခ်ာတယ္။ ေနာင္ ၂ ႏွစ္ေနရင္ လက္ထပ္မယ္ေလ ”
“ ေနာင္ ၂ ႏွစ္ဆိုတာ လူ႔ျပည္က ျပကၡဒိန္နဲ႔လား၊ နတ္ျပည္က ျပကၡဒိန္နဲ႔လား ”
သူ ရယ္သည္။ ကၽြန္ေတာ့္ကို ပခံုးခ်င္းဆတ္သည္။ ေရေမႊးနံ႕သည္ မိုးေငြ႕မိုးသက္ေတြထဲတြင္ ေရာေႏွာကာ သင္းပ်ံ႕ေန၏။
“ ခုေနေတာ့ ခင္လြမ္းကို ေမာင္ေက်းဇူးတင္ဦးမွာ မဟုတ္ဘူး ”
“ အသက္ စိန္ရတု၊ ပုလင္းကြဲရတု၊ သံတိုသံစရတုတိုင္တဲ့ ရာျပည့္ႏွစ္က်မွ လက္ထပ္ရင္း ေက်းဇူးစကားေျပာရမယ္ ေမွ်ာ္လင့္တာပါပဲ ”
“ ဘ၀ဟာ ပထ၀ီေျမႀကီးလို ခိုင္မာမွ စိတ္ေအးရမွာေနာ္ ”
“ ပထ၀ီေျမႀကီးလိုပဲလည္း သမိုင္းေျမႀကီး၊ ျမန္မာစာ၊ သခ်ၤာ၊ စိတ္ပညာေျမႀကီးလို ခိုင္ရင္ေကာ ”
ကၽြန္ေတာ္ အေသာဖြဲ႕သည္။ ေမာလြန္းေသာစိတ္သည္ ေသာစရာ၊ ရယ္စရာရွာၾကံႏိုင္ပါမွ သက္သာသည္ဟု ထင္သည္။
“ အခ်စ္ဆိုတာကို ေမာင္နားလည္ပါတယ္ ”
“ ခင္လြမ္းရဲ႕စာေတြထဲမွာ ပါသားပဲ၊ အခ်စ္ဆိုတာ အိမ္ေထာင္ေရး ခရီးလမ္းမကို သြားရာလမ္းေလးတဲ့၊ ေမာင္ နားရည္၀၊ မ်က္လံုးရည္၀ေနပါၿပီ ”
“ ေမာင္ ဒီစကားကို သေဘာမတူဘူးလား ”
“ ပဏာမ ျပင္ဆင္ရတာေတြေၾကာင့္ ခ်စ္သူဘ၀ သာယာခ်မ္းေျမ့မႈဆိုတာ ဘာမွန္း မသိေတာ့တာအမွန္ပဲ ခင္လြမ္း ”
“ ဇနီးကိုခ်စ္တဲ့အခ်စ္၊ ခင္ပြန္းကိုခ်စ္တဲ့အခ်စ္က ခ်စ္သူလိုခ်စ္တဲ့အခ်စ္ထက္ ပိုလည္းေအးခ်မ္းပါတယ္၊ ေလးနက္ၿမဲျမံပါတယ္ ေမာင္ရယ္ ”
ကၽြန္ေတာ့္ထက္ စကားလံုးေတြကို ႏိုင္နင္းသူ။ သူ႔စကားတို႔သည္ မစားရလ်က္ ၀ခမန္းျဖစ္ေစ၏။ အနာဂတ္ကို အလွပဆံုး ေဆးျခယ္မႈန္းေသာ အေျပာေတြေၾကာင့္ ပကတိဘ၀အေျခအေနကို ေက်နပ္ရေလ၏။

ဘ၀သည္ အာမခံခ်က္ျပည့္စံုမွသာ အဓိပၸါယ္ရွိႏိုင္သည္ဟု ခင္လြမ္းေျပာသည္။
ျငင္းရန္အေၾကာင္းမရွိ၊ သို႔ေသာ္ ပံုစံခြက္ထဲတြင္ သြန္းေလာင္းကာ ပံုေဖာ္ေသာ
ခင္လြမ္း၏ႏႈတ္မွ ထြက္ခဲ့ေသာစကားေတြကို ကၽြန္ေတာ္ သတိရသည္။
ခ်စ္ျမတ္နိုးျခင္း၊ တြယ္တာစံုမက္ျခင္းစကားတို႔ႏွင့္အတူ ယုယျခင္းတို႔သည္
ခင္လြမ္းတြင္ နည္းပါးလြန္းသည္ဟု ထင္သည္။
ေျပာဖို႔ခက္သည္။
သို႔ေသာ္…..
“ ခ်စ္သူသာဆိုရတယ္၊ ရုပ္ရွင္အတူသြား၊ ပြဲလမ္းသဘင္အတူသြား၊ ေအးေဆးတင့္တယ္တဲ့ေနရာမွာ အတူထုိင္ၿပီး စကားေျပာရတယ္မရွိဘူး ခင္လြမ္းရယ္ ”
ခင္လြမ္းသည္ ကၽြန္ေတာ့္ကို ၾကည့္သည္။ သူ႔အၾကည့္ေၾကာင့္ ကၽြန္ေတာ္ ရွက္ရြံ႕ရြံ႕ပင္ ျဖစ္သြားခ်င္၏။ ကလက္တက္တက္ ျပက္တက္တက္ ေျပာသူကို ၾကည့္ေသာအၾကည့္မ်ိဳးဟု ကၽြန္ေတာ္ ခံစားရေလသည္။
“ ဆယ္ေက်ာ္သက္တုန္းကလို ေမာင္က ေနခ်င္တယ္ ဆိုပါေတာ့ ”
ကၽြန္ေတာ္ ရယ္လိုက္သည္။
“ ေမာင္တို႔ အဲသလိုေနဖူးၾကလား၊ ေမာင္ေတာ့ မမွတ္မိဘူး ”
ခနဲ႔မွန္း သူသိ၏။
“ ခ်စ္သူဆိုတာ စိတ္ထဲက ခ်စ္ေနၾကတာပဲ ေမာင္၊ တစ္ေယာက္နဲ႔တစ္ေယာက္ အသက္ရွဴက်ပ္မတတ္ ဖက္ထား၊ ေပြ႕ထားမွ ခ်စ္သူပီသသတဲ့လား ”
ကန္႔လန္႔စကား။ ထို႔ျပင္ အပ်ိဳႀကီးဘ၀ ၀င္စသူေတြ ေျပာေလ့ေျပာထရွိေသာ ေလယူေလသိမ္း။ ခင္လြမ္းသည္ ဆရာမေလသံ ေပါက္ေနသည္မွာ အေတာ္ၾကာေပၿပီ။ ကၽြန္ေတာ္သည္ သူ႔ခ်စ္သူလား၊ တပည့္လား တစ္ခါတစ္ရံ ကြဲမွ ကြဲျပားပါေလစဟု သံသယ၀င္သည္။
“ အဲ့သလို ေနခ်င္ပါတယ္လို႔ ေမာင္က ေျပာလို႔လား၊ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ရဆံုရတာေတာင္ တစ္ပတ္တစ္ခါ၊ တစ္ေက်ာင္းတည္းေနၿပီး အခ်ိန္စာရင္းနဲ႔ေတြ႕ဆံုတယ္။ ခ်စ္သူရယ္သာ ျဖစ္လာတယ္၊ ခင္လြမ္းတို႔အိမ္ကို ေမာင္မေရာက္ဖူးဘူး။ ခင္လြမ္းလည္း မလာဘူး ”
သူ သက္ျပင္းခ်သည္။
“ ခင္လြမ္းက မိန္းကေလးေလ၊ ပတ္၀န္းက်င္ဆိုတာကို ေမာင္ မစဥ္းစားေတာ့ဘူးလား ”
ဘ၀အမ်ိဳးအမည္အရ သူကပင္ ေျပာသာျပန္ေလသည္။
“ ခင္လြမ္းရဲ႕ေမေမ့ကို ရိပ္ဖမ္းသံဖမ္းေလာက္ေတာ့ အသိေပးဖို႔ ေကာင္းၿပီ ”
“ ေျပာေတာ့ ေျပာထားပါတယ္ ”
“ ေမာင့္ကို ေဒၚေဒၚျမင္ဖူးထားလား ”
“ ဟင့္အင္း…. ေမာင့္နာမည္ကိုေဖာ္ျပီးေတာ့ မေျပာရေသးပါဘူး။ ေမေမကေတာ့ မဟာသိပၸံေလးေတာ့ ေအာင္ေအာင္ေျဖလိုက္ပါဦး သမီးရယ္တဲ့ ”
မိခင္၏ဆႏၵကိုသာ ေဖာ္ျပသည္။ သူ မည္သို႔အေရးဆိုသည္ကို ဆက္မေျပာ။
ထို႔ေၾကာင့္……
“ အမွန္က ခုအခ်ိန္မွာ ခင္လြမ္း ဖြင့္ေျပာထားၿပီးသင့္ၿပီ။ ေမာင္ဆိုရင္ ေျမ၀ယ္၊ အိမ္ေဆာက္တာကအစ အေမတို႔ကို အကုန္ေျပာထားၿပီးသား၊ ခက္တာက ေခၽြးမေလာင္းကို ဓာတ္ပံုပဲ ျမင္ဖူးထားၾကတာ၊ အိမ္အလွဴအတန္းရွိလို႔ ခင္လြမ္းကို ဖိတ္ျပန္ေတာ့မလာ ”
“ အဲသလိုမဟုတ္ပါဘူး ေမာင္ရာ ”
“ ေမာင္ကေတာ့ ေယာက္်ားေလးကိုး၊ ပတ္၀န္းက်င္ေမးေငါ့ရင္ ေမာင့္ခ်စ္သူ သိကၡာက်မွာ၊ ေမာင့္ခ်စ္သူသိကၡာဟာ ေမာင့္သိကၡာပဲေလ၊ အဲ့ဒါေၾကာင့္ တိုက္ေဆးသုတ္ၿပီးတာ လိုက္ၾကည့္ပါေခၚတာ ခင္လြမ္း မလိုက္ခဲ့တာ ”
“ ျခံအျပင္ ျခံထဲကေနၾကည့္လည္း ရတာပဲ ”
“ ကားတစ္စီးတည္း အတူစီး၊ လူမေနရေသးတဲ့ တိုက္ထဲ အတူ၀င္၊ အျမင္မသင့္ေလ်ာ္ဘူးေလ ”
ေလာကတြင္ စည္းေစာင့္ရေသာ အရာေတြက ခင္လြမ္းေျပာခါမွ ပို၍ မ်ားမ်ားလာသည္ဟု ေအာက္ေမ့၏။
“ ေမာင္က စည္းမဲ့ကမ္းမဲ့သူမွ မဟုတ္တာ ”
“ ေမာင့္ကို ယံုၿပီးသား၊ ေဘးက မ်က္လံုးေတြ၊ ပါးစပ္ေတြကို ခင္လြမ္း ယံုၾကည္လို႔ ဘယ္ျဖစ္မလဲ ”
“ လူ႔ဘ၀ဟာ ခင္လြမ္းရွင္းျပေတာ့မွပဲ အသက္ရွဴစရာ ေအာက္စီဂ်င္ဓာတ္ ထင္သေလာက္မမ်ားမွန္း သိရေတာ့တယ္ ”
“ ေစာင့္ထိန္းတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ေမာင္ဂုဏ္ယူသင့္ပါတယ္ ”
ကၽြန္ေတာ္ သက္ျပင္းခ်လိုက္သည္။ တစ္ေယာက္ေယာက္သည္ အီလက္ထရြန္နစ္ စက္ရုပ္ႏွင့္ တူေနသည္ဟု ေတြး၏။ ခင္လြမ္း ျဖစ္ႏိုင္၏။ ကၽြန္ေတာ္ ျဖစ္ႏိုင္၏။
“ ၾကည္ႏူးတာေတြ၊ ေပ်ာ္ရႊင္ခ်မ္းေျမ့တာေတြ ဘာေတြကို ေမာင္ေတာ့ ခုထိ နားမလည္ေသးဘူး။ မခံစားရေသးဘူး။ စကားလံုးပဲ၊ စာလံုးပဲ၊ သူမ်ားေတြေျပာသံၾကားလို႔ အိေယာင္၀ါးလိုက္ေျပာတဲ့ ေ၀ါဟာရေတြပဲ ခင္လြမ္း ”
ကၽြန္ေတာ့္စိတ္ထဲတြင္ ေအာင့္သက္သက္ ျဖစ္လာေသာေၾကာင့္ ပထမဦးဆံုးေျပာျဖစ္ေသာ စကား။
“ ေမာင္ ခင္လြမ္းကို စိတ္ခုေနေသးလားဟင္ ”
“ ထံုထိုင္းလာတာေတာ့ အမွန္ပဲ။ ဇေ၀ဇ၀ါေတြလည္း ျဖစ္လာတယ္ ”
ဇေ၀ဇ၀ါ ဟူေသာ အသံုးအႏႈန္းကို သူရြတ္ဆိုသလို အသံတိုးတိုးျပဳသည္။ မ်က္ႏွာမေကာင္းခ်င္။ ျဖဴေဖြးနုနယ္ေသာ မ်က္ႏွာသည္ နီတီတီျဖစ္လာ၏။ သနပ္ခါးျဖင့္ ညက္ေသာနဖူးႏွင့္ ျပည့္ေဖာင္းေဖာင္း ပါးႏွစ္ဖက္တြင္ အေရးအတြန္႔ကေလးေတြ ေပၚလာ၏။ နက္ေမွာင္စူးရွေသာ မ်က္လံုးအစံုသည္ မိႈင္းမိႈင္းေ၀ေ၀ ျဖစ္လာ၏။
“ ဘာကို ဇေ၀ဇ၀ါျဖစ္လာတာလဲ ေမာင္ ”
“ ပြဲေစ်းကိုလိုက္ပို႔ေပးမယ္လို႔ ေျပာတာနဲ႔ ကမန္းကတန္း ေရခ်ိဳး၊ ၿဖီးလိမ္း၊ ၀တ္ေကာင္းစားလွ၀တ္ၿပီး တေစာင့္ေစာင့္ေနရတဲ့ ကေလးနဲ႔ ေမာင္နဲ႔က အတူတူပဲ။ ေျပာတဲ့သူ ျပင္ႏိုးဆင္ႏိုး ေစာင့္ၾကည့္ရတာ အေမာ၊ မိုးစံုးစံုးသာခ်ဳပ္တယ္၊ ေျပာတဲ့သူက လိုက္ပို႔မယ့္လကၡဏာ တစ္ခ်က္မျပသလိုေပါ့ ”
“ ေၾသာ္… ဒါလည္း အခ်ိန္တန္ ပြဲေစ်းလိုက္ပို႔မွာ ေသခ်ာၿပီးသားပဲ။ စိတ္ေစာတတ္လို႔ ေလွ်ာက္ပူေနတာပါ။ ေမာင့္ကို ေျပာၿပီးသားပဲ၊ ၂ ႏွစ္…. ဘာမွမလိုေတာ့ဘူး၊ ၂ ႏွစ္အတြင္း ေမာင္ကိုယ္ပိုင္ကားတစ္စီး ပိုင္ရေအာင္ ႀကိဳးစားမယ္ဆိုတာသာ ႀကိဳးစားထား၊ ၂ ႏွစ္ျပည့္ရင္ ခင္လြမ္း အိမ္ကိုေျပာမယ္၊ ေမာင္တို႔မိဘေတြ လာနားေဖာက္၊ ရက္ေရြး၊ မဂၤလာေဆာင္…ၿပီးၿပီပဲ ”
“ ပဲႀကီးေလွာ္ အခြံႏႊာစားတာကမွ ခက္ေသးတယ္ေနာ္… ”
ဘာမွန္း နားပင္မလည္ေသာ ပုစၦာေတြကုိ သူက ဖ်ပ္ကယ္ဖ်ပ္ကယ္ တြက္ခ်က္အေျဖထုတ္ေသာအခါ ဟုတ္ေနျပန္၏။ ထို႔ေၾကာင့္ ကၽြန္ေတာ္ ရယ္ေမာၿပီး ေျပာလိုက္သည္။
“ ႏွစ္ဖက္မိဘကို တင္ႀကိဳအသိေပးထားေတာ့ ဘာျဖစ္မွာလဲ ခင္လြမ္း ”
“ ေစာေသးလို႔ပါ ”
“ ေႀသာ္…. ေကာင္းပါတယ္၊ ေကာင္းပါတယ္ ”
ေငါ့သံ…. သူ ရယ္သည္။ ကၽြန္ေတာ့္လက္ေမာင္းကို ပိုက္ကာ လမ္းေလွ်ာက္သည္။ ေလးငါးဆယ္လွမ္း ေလွ်ာက္လာၿပီးမွ ေရွ႕ေနာက္၀ဲယာကို ထိတ္ထိတ္ပ်ာပ်ာၾကည့္ရင္း ကၽြန္ေတာ့္လက္ေမာင္းကို လႊတ္လိုက္၏။
“ ဘာျဖစ္လို႔လဲ ခင္လြမ္း ”
ရွက္ကိုးရွက္ကန္းမ်က္ႏွာကို အျပံဳးျဖင့္ ဖံုးၿပီး….
“ သြားရင္းလာရင္း တပည့္ေတြနဲ႔ တိုးမွာ၊ လွမ္းျမင္မွာ စိုးလို႔ ”
ကၽြန္ေတာ့္သက္ျပင္းသည္ “ ဟင္း ” ဟုပင္ ရင္ေခါင္းသံျဖင့္ ျမည္ေလ၏။ တစ္ခဏမွ်ေပၚလာေသာ ၾကည္ႏူးစိတ္သည္ လြတ္က်သြားသကဲ့သို႔ ျဖစ္သြားသည္။
“ တစ္ကမၻာလံုးက မ်က္လံုးေဒါက္ေထာက္၊ နားရြက္ေရွ႕တြန္းၿပီး ၾကည့္ရႈနားစြင့္ေနတဲ့ဘ၀ကို ဘယ္တုန္းကရလိုက္မွန္းေတာင္ မသိေတာ့ဘူး ”
ကၽြန္ေတာ့္ စကားေၾကာင့္….
“ အဲ့သလိုလည္း မဟုတ္ပါဘူး ေမာင္ရာ ”
ေျပာၿပီးေနာက္ သူရယ္သည္။
“ စားသတိ၊ သြားသတိ၊ လာသတိ၊ ခ်စ္သတိ ဆိုတာ ခုမွ ေမာင္သေဘာေပါက္တယ္ ”
သူ႔ရယ္သံသည္ ပန္းမ်ိဳးထံုေသာ ေငြဆည္းလည္းသံ၊ ၀င္း၀င္းအိအိ လက္ေမာင္းကေလးကို ကၽြန္ေတာ္ မွီထားလိုက္သည္။ ေမးေအာက္ရွိ ျပည့္ၿဖိဳးေသာ အသားအေရတို႔တြင္ အေၾကာစိမ္းေလးေတြ ေျပးေန၏။
“ စားသတိဆိုတာ ခင္လြမ္းကို ေမာင္ ေစာင္းေျပာတာပဲ ျဖစ္မယ္။ ခါး သိပ္တုတ္လာတယ္ေနာ္ ”
“ ဒါေပါ့၊ ႏွစ္ဆယ့္ေျခာက္ႏွစ္ဆိုတာ အႀကိဳအပ်ိဳႀကီးစာရင္း ၀င္ၿပီ။ ခါးတုတ္တယ္၊ ေမးႏွစ္ထပ္ျဖစ္မယ္၊ ပါးႏွစ္ဖက္က စပါးေတာင္လို ေနမယ္။ ၿပီးရင္ ဘဲဥကို ေခါင္း၊ ေျခ၊ လက္ တပ္သလို ျဖစ္မယ္။ ဒါပဲေလ ”
“ ဆယ္ေက်ာ္သက္ေလးေတြရဲ႕ အလွနဲ႔ ေမာင္ႏႈိင္းၿပီး ေျပာတာလား ”
“ တသီးတျခား သီးသန္႔ခြဲျခားေျပာတာပါ ခင္လြမ္း ”
သူသည္ ကၽြန္ေတာ့္လက္ဖ၀ါးကို ဆုပ္ထားသည္။ အင္းဟု ကၽြန္ေတာ္ တစ္ခုခုေျပာရန္ စကားစသည္။
“ ဘာေျပာမလို႔လဲ ေမာင္ ”
“ ဒီလိုက်ေတာ့လည္း စၾက၀ဠာအနႏၱထဲမွာ ဒီေန႔စၾက၀ဠာဟာ တယ္ၿပီး ေနေပ်ာ္ထိုင္ေပ်ာ္ရွိသားပဲလို႔ပါ ”
ကၽြန္ေတာ့္လက္ခံုကို မနာက်င္ေအာင္ ကိုက္သည္။
××××××××××××××

အေမတို႔ဆီမွ ယူထားေသာ ေငြရွစ္ေသာင္းကို တစ္ႏွစ္အတြင္း
ျပန္ေပးႏိုင္ခဲ့သည္။ သို႔ေသာ္ စီးပြားေရးအသိုက္အ၀န္းတြင္ ကၽြန္ေတာ္
ပင္ပန္းလွေခ်၏။ ကိုယ့္အတြက္ တစ္ေထာင္ႏွစ္ေထာင္က်န္ေအာင္
သူမ်ားအေရာင္းအ၀ယ္တြင္ ႏႈတ္စိုက္ရသည္။ ဓာတ္ဆီဖိုး၊ လက္ဖက္ရည္ဖိုးႏွင့္
အခ်ိန္ေပးရသည္။ ဥာဏ္ထုတ္ရသည္။ စာသင္ခန္း၊ ႀကီးၾကပ္ေရးမွဴး၊
စာၾကည့္တိုက္တို႔တြင္ ႏွစ္ျမွဳပ္ထားရမည့္ ကၽြန္ေတာ္သည္
ပိုင္ရွင္ကိုယ္စားလွယ္၊ ဌာနစံု၊ ဆိပ္ကမ္းတို႔ၾကားတြင္ ပ်ားကဲ့သို႔
လူးလာေခါက္တံု႕။
ေဒၚလာ၊ ယန္း လဲလွယ္ႏႈန္း၊ ကက္ဆက္၊ တီဗြီ၊ ဗြီဒီယို၊ ေလေအးစက္၊ ေရခဲေသတၱာ၊ အိမ္ေဆာက္ပစၥည္း၊ ကားႀကီးကားငယ္ ေရာင္းတယ္ ၀ယ္တယ္ၾကားတြင္ ေစ်းသည္မ်က္ႏွာျဖင့္ လႈပ္ရွားခဲ့ရသည္။
“ ခင္လြမ္း ေတာ္ေတာ္စိတ္ညစ္တယ္ ေမာင္ရာ၊ ခင္လြမ္းက ကေလးမွ မဟုတ္ဘဲ၊ ေမေမတို႔ကို ခင္လြမ္း နားမလည္ခ်င္ေတာ့ဘူး ”
ခင္လြမ္း စိတ္ညစ္ေသာအခါ ကၽြန္ေတာ့္မွာ ေနစရာမရွိ။ ခင္လြမ္း၏မိဘသည္ ခင္လြမ္း အပ်ိဳေဘာ္၀င္စျပဳခ်ိန္မွစ၍ အိမ္ေထာင္ေရးအေၾကာင္း တစ္ခြန္းစ၊ ႏွစ္ခြန္းစ စခဲ့သည္။ မိမိ၏အိမ္ေထာင္ဖက္သည္ ပညာတတ္ဘြဲ႕ရ ျဖစ္ရမည္။ အိမ္ေထာင္ျပဳၿပီးပါက တသီးတျခား အိုးပိုင္အိမ္ပိုင္ႏွင့္ ေနရမည္။ ဘ၀တစ္သက္တာ စိတ္ခ်ေလာက္ေအာင္ အေျခအေနေတြ အသင့္ရွိရမည္ဟူေသာ စကားေတြ ဆယ္တန္းေျဖၿပီးခ်ိန္တြင္ စံုစံုလင္လင္ ေျပာၿပီးသား ျဖစ္ေနသည္ဟု သိရသည္။
“ ေမာင္နဲ႔ပတ္သက္လို႔ ခင္လြမ္း ဘယ္လိုတင္ျပလဲ ”
“ အေျခအေနအစံုပဲ၊ စ,ခ်စ္ကတည္းကေန ေမာင္ႀကိဳးစားခဲ့တာေတြ အကုန္ေျပာျပခဲ့တာပဲ ေမာင္ ”
“ ခုဟာက ဘာရယ္လို႔ မွတ္ခ်က္ခ်လို႔လဲ ”
ခင္လြမ္း မေျပာ၊ စိတ္ညစ္ေသာ အမူအရာကိုသာ ကၽြန္ေတာ္ ျမင္ေနရသည္။
“ တစ္မ်ိဳးပါ ”
မွန္းဆ၍သာ ကၽြန္ေတာ္ ေတြးေတာရေလ၏။
“ ေမာင့္မွာ ညီမတစ္ေယာက္ရွိတာ၊ အဲဒီညီမက ေဆးတကၠသိုလ္မွာ တက္ေနတာကအစ ခင္လြမ္း ေျပာေျပာျပတာ ”
“ အင္တင္တင္ ျဖစ္ေနတာလား ခင္လြမ္း ”
“ အဲသလိုလည္း မဟုတ္ဘူး၊ သေဘာက်၏၊ မက်၏ ဘာမွမေျပာတာ ”
“ ေဒၚေဒၚကေကာ ဘာေျပာလဲ ”
“ ေဖေဖ့လိုပဲ အင္း အဲ မလႈပ္ ”
“ သေဘာထားကို အကဲခတ္ရ ခက္ေနတယ္ဆိုပါေတာ့ ”
ခင္လြမ္း ေခါင္းညိတ္ကာ…..
“ ဟုတ္တယ္ ေမာင္ ”
စိတ္ညစ္စရာ၊ စိတ္ပ်က္စရာ၊ စိတ္ကုန္စရာ၊ စိတ္ပင္ပန္းစရာေတြ…. ေငြ၊ ဦးေႏွာက္၊ လူ ပင္ပန္းခံၿပီး ပိုင္ဆိုင္ခဲ့ေသာ ကၽြန္ေတာ့္ကားေပၚတြင္ ခင္လြမ္း မ်က္ႏွာမရႊင္ပ်။
“ စိတ္မညစ္ပါနဲ႔ ခင္လြမ္းရယ္၊ ေမာင္ရွိသားပဲ ”
ေႏြရာသီကုန္ဆံုးစအခ်ိန္တြင္ တိုက္ခတ္လာေသာ ေလျပည္သည္ ကြင္းျပင္က်ယ္ဆီမွ ေ၀့ကာ ေရာက္လာ၏။
ခင္လြမ္း၏ဆံစေတြကို လႈပ္သြား၏။ ဥေရာပေရေမႊးႏွင့္ ေျမသင္းနံ႕သည္ ခြဲမရေအာင္ ျပြမ္းလ်က္ရွိေလသည္။
“ ခင္လြမ္း အေကာင္းဆံုး ေရရွည္စီမံကိန္းခ်ခဲ့တာပဲ ေမာင္ရာ၊ ပ်ားစြဲသာ၊ ရွဥ့္ေလွ်ာက္သာျဖစ္ေအာင္…. ”
“ သေဘာမတူရင္လည္း ဘာေၾကာင့္ဆိုတာ သိရရင္ေကာင္းမယ္ ”
“ မတူဘူးလို႔လည္း ေျပာတာမဟုတ္ဘူး၊ ေျပာရင္ ခင္လြမ္းေမးၿပီး ညိွလို႔ႏိႈင္းလို႔ ရၾကတဲ့ အေျခအေနပဲ။ ေမာင့္ဘက္မွာ အျပစ္ဆိုစရာ ဘာမွမရွိဘူးေလ။ ခင္လြမ္း ေမေမ့ကို ေမးေတာ့ေမးမယ္၊ ခဏဆိုင္းေတာ့ ထားမယ္ ”
ကၽြန္ေတာ္ ေခါင္းညိတ္၏။
“ ခ်စ္သူဘ၀ဟာ ေမတၱာေစာင္ျခံဳလို႔ ေႏြးႏိုင္ပါတယ္။ ေထာင္ေက်ာ္တန္ သကၠလတ္ သိုးေမြးဂြမ္းေစာင္ ျခံဳေပးမွ မေအးမွာလည္း သိပါတယ္။ ခ်စ္သူကို ရင္ခြင္ထဲမွာထားရင္ ေနလို႔ရပါတယ္။ တိုက္တာအိမ္ေျခထဲမွာ တစ္ပါတည္းထားရင္ ပိုၿပီးေနလို႔ေကာင္းမွာလည္း သိပါတယ္။ ေမတၱာကို ခြံ႕ေပးရင္ျဖစ္မွန္းလည္း သိပါတယ္။ ဆီဦးေထာပတ္၊ ပ်ားသကာစားစာ ထပ္ေကၽြးမွ ေကာင္းမယ္ဆိုတာလည္း သိပါတယ္။ ေမာင္ ႀကိဳးစားလိုက္ရတာ ”
သူလည္း ကၽြန္ေတာ့္ကို ကရုဏာမ်က္လံုးအစံုျဖင့္ ၾကည့္ေနေလ၏။ ကၽြန္ေတာ္ ေျပာအၿပီးတြင္ အေ၀းဆီသို႔ ေငးကာေနသည္။ အတန္ၾကာေသာအခါမွ…..
“ ေမာင္… တို႔ကို ခိုးေျပးမလား ”
ကၽြန္ေတာ့္အျပံဳးသည္ မပီသ။
“ ဆရာမေနာ္၊ ေက်ာင္းသူ မဟုတ္ေတာ့ဘူး ”
စကားပမာေျပာေသာသူ၏ မ်က္ႏွာမ်ိဳး။ စိတ္ေျပလက္ေပ်ာက္စကား သူရွာၾကံေျပာမွန္း ကၽြန္ေတာ္ သိသည္။
“ အေမတို႔ လာနားေဖာက္ရင္ေကာ ”
“ အခ်ိန္ဆိုတာ အကန္႔အသတ္ရွိတယ္ေနာ္ ခင္လြမ္း ”
“ ႏွစ္လ၊ သံုးလပါ ”
ေရေရရာရာမရွိေသးေသာ ေလယူေလသိမ္းဟု ကၽြန္ေတာ္ သိရွိခံစားလိုက္ရ၏။
×××××××××××

စဥ္းစားအေျဖရွာစရာ ျပႆနာဟူ၍ မည္မည္ရရျဖစ္လာခ်ိန္တြင္ သူငယ္ခ်င္းေတြက
ကၽြန္ေတာ့္ကို ေ၀ဖန္သည္။ ပိုင္ပိုင္ႏိုင္ႏိုင္မရွိဘူး ဟူ၍ ေျပာသူကေျပာသည္။
အိမ္ေထာင္ျပဳဖို႔အထိ ရည္မွန္းထားတဲ့ ကိုယ့္ခ်စ္သူကို ဘယ္သူဘယ္၀ါပါရယ္လို႔
ေစာေစာစီးစီးက မေၾကညာခဲ့တဲ့ ခင္လြမ္းကို မင္းသိဖို႔ေကာင္းတယ္ဟု ေ၀ဖန္သူက
ေ၀ဖန္သည္။
သိဖို႔ ဟူေသာစကားသည္ တာေျပးလွ၏။ မယံုသကၤာစိတ္၊ မ်ားစြာ မေမွ်ာ္လင့္ထားအပ္ေသာ အဓိပၸါယ္။ ခင္လြမ္းသည္ အခ်ိန္တန္လွ်င္ ရဲ၀့ံျပတ္သားျခင္းရွိမည္မဟုတ္ဟူေသာ စြဲခ်က္တင္ရာလည္း က်သည္။ ခင္လြမ္းကို အထင္တႀကီးမရွိရံုမွ်မက အျပစ္ဆိုေသာအနက္လည္း ပါ၀င္ေနသည္။ ကၽြန္ေတာ့္မိဘႏွင့္ ကၽြန္ေတာ္ ထမင္းအတူစားေရးပင္ ခက္လာသည္။
“ ကေလးမေလးဆီက ဘာေျပာလဲ ”
အေမ ေမးသည္။
“ သူ စီစဥ္ေနပါတယ္ အေမ ”
၀ိုးတ၀ါးအေျဖ။
“ အိမ္ကို တစ္ေခါက္ေလာက္ ေခၚလာပါဦးလားကြ၊ အေဖတို႔ ျမင္ေတာင္ မျမင္ဖူးေသးဘူး ”
အေဖက လိုလိုလားလား ဖိတ္ေခၚသည္။
“ သူ စာေမးပြဲေစာင့္ရ၊ အေျဖလႊာျခစ္ရနဲ႔ စာေပးစာယူလည္း ၀င္ေပးရနဲ႔၊ ၿပီးေတာ့ သူ႔မဟာသိပၸံက်မ္းျပဳကိစၥကလည္း လက္ေတြ႕လုပ္ေနရလို႔ပါ အေဖ။ သူ တင္ျပရမယ့္ ကိရိယာက ခက္တယ္တဲ့ ”
“ ဘာလဲ ”
“ ငလ်င္လႈပ္တာနဲ႔ သတိေပးတဲ့ အခ်က္ေပးစက္ ”
“ စလႈပ္တာနဲ႔ သတိေပးတယ္ေပါ့ ”
“ ဟုတ္ကဲ့၊ ရစ္ခ်္တာစေကး ႏွစ္၊ ႏွစ္ခြဲမတိုင္ခင္ သတိေပးတယ္လို႔ ေျပာတယ္ အေဖ ”
အေဖသည္ မေတာ္ရေသးေသာ ေခၽြးမေလာင္း၏ သိပၸံဆိုင္ရာ ကိရိယာကို စိတ္၀င္စားပံုရသည္။
“ အေဆာက္အအံုေတြ မၿပိဳခင္၊ လူေတြအႏၱရာယ္မက်ခင္ သတိေပးေတာ့ ေရွာင္ႏိုင္ရွားႏိုင္တာေပါ့၊ တန္ဖိုးရွိတယ္ ”
အေဖႏွင့္ စကားသာ ေျပာေနရ၏။ အာရံုသည္ သူႏွင့္ ကၽြန္ေတာ့္ေရွ႕ေရး….။

အေျဖအတိအက် မရေသး၍ျဖစ္မည္။ ေတြ႕ဆံုရန္ သူမဆက္သြယ္၊ ကၽြန္ေတာ္ မသြားလ်က္
ေနခဲ့သည္။ ကၽြန္ေတာ့္ကိုေတြ႕လွ်င္ သူ႔မွာ စိတ္ထားစရာ
ေနရာေပ်ာက္ကြယ္သြားသူကဲ့သို႔ ရွိေနေလသည္။ မ်က္စိမ်က္ႏွာမလွ။ စကား
မဟတစ္ခ်က္၊ ဟတစ္ခ်က္။ သူ႔ကိုအားနာလြန္းသျဖင့္ ဖုန္းပင္မဆက္ေတာ့။
“ ဇာတ္ေမ်ာႀကီး ျဖစ္မယ္ေနာ္ ”
သူငယ္ခ်င္းတစ္ေယာက္က သတိေပးသည္။
“ အပ်ိဳႀကီး၊ လူပ်ိဳႀကီး ဇာတာပါလာၾကၿပီ ထင္တာပဲ။ မတတ္ႏိုင္ဘူးကြာ ”
ရယ္ေမာၿပီးသာ ကၽြန္ေတာ္ ေျပာစရာရွိသည္။
အမ်ိဳးသမီးသူငယ္ခ်င္းက….
“ အျဖဴအမည္း ေမးပစ္လိုက္ေပါ့၊ ငါေတာ့ စိတ္မရွည္ေတာ့ဘူး၊ မခင္လြမ္းက ျမံဳတံုတံု၊ နင္က ေရွာင္ဖယ္ဖယ္၊ ေက်ာခ်င္းကပ္ၿပီး သင္အူႀကိဳးနဲ႔ ပူးအခ်ည္ခံထားရတဲ့ ကဏန္းႏွစ္ေကာင္နဲ႔ တူေနၿပီ ”
ဒါဆို မေ၀းေသးဘူး ဟုသာ ကၽြန္ေတာ့္မွာ ေနာက္ေျပာင္ေျပာစရာ က်န္ေတာ့သည္။

ခင္လြမ္း၏ မေျပာခ်င္ေျပာခ်င္ အစည္းေျပစကားေတြကို တစ္လံုးစီေကာက္၍
ဆက္စပ္နားလည္ရသည္။ ခင္လြမ္းသည္ သူ႔မိဘစကားေတြကို ကၽြန္ေတာ္ေမးႏိုင္လြန္း၍သာ
အရိပ္မွ်ေျပာ၏။
ဥစၥာပစၥည္းဟူသည္မွာ မၿမဲဟု ခင္လြမ္း၏မိဘက ေျပာသည္။ အလုပ္အကိုင္ဟူသည္မွာ ေရာင္းေရး ၀ယ္တာမဟုတ္၊ အရာရွိ အရာခံဘ၀တြင္ အာမခံခ်က္ရွိသည္။ ေနာင္ေရးေကာင္းသည္။ လူမႈ၀န္းက်င္ အဆင့္ျမင့္က်ယ္၀န္းသည္။ ဂုဏ္သိကၡာရွိသည္ဟု ခင္လြမ္း၏မိဘက ေျပာေၾကာင္းသိရသည္။ ကၽြန္ေတာ့္ကို ခင္လြမ္း အာနာေနမွန္း သိသာသည္။
“ ခင္လြမ္း ဘာေျပာရမလဲ ေမာင္ ”
တိုက္တြန္းရန္ ဘာတစ္ခြန္းမွ်မသင့္ဟု သေဘာရသည္။
“ အခ်ိန္ေတြရွိပါေသးတယ္၊ နည္းလမ္းရွာၾကံၾကေသးတာေပါ့ ခင္လြမ္းရယ္ ”
ခင္လြမ္းသည္ စိတ္ပ်ံ႕ေနေသာ မ်က္ႏွာႏွင့္ ရွိ၏။ “ ရာထူးတစ္ခုခုရွိမွလို႔ ေစာေစာကေျပာရင္ အစိုးရ၀န္ထမ္းအလုပ္တစ္ခုခု ေမာင္ ၀င္လုပ္ခဲ့ၿပီးၿပီေပါ့၊ ခုက်ေတာ့ အလုပ္သမားရွာေဖြေရးရံုးကို ကတ္ျပားသြားတင္လို႔ ဘယ္လာမီပါေတာ့မလဲ ” ဟု စိတ္ထဲကသာ သူ႔ကိုေျပာျပမိသည္။
“ ခင္လြမ္းရဲ႕သေဘာကို ေမာင္သိခ်င္ပါတယ္ ”
ခင္လြမ္းသည္ အခ်ိန္အေတာ္ၾကာသည္အထိ ေငးေငးငိုင္ငိုင္ႏွင့္ ရွိေနေသး၏။
“ ေမာင္နဲ႔အၿမဲတမ္း အတူတူရွိေနပါတယ္ ေမာင္ ”
ရင္ကို ေအးေစေသာစကား။

“ အစ္ကိုတို႔ဇာတ္လမ္းက ကမၻာေပၚမွာအရွည္ဆံုး မစၥစၥပီျမစ္ထက္ ပိုရွည္မယ္။
အစ္ကို မဟာ၀ိဇၨာေအာင္ၿပီးတာပဲ ၂ ႏွစ္။ အတူေနဖို႔ေဆာက္ထားတဲ့ တိုက္ကေလးမွာ
ေရညွိေတာင္ တက္ေနၿပီ။ အစ္ကိုတို႔မယူျဖစ္ရင္၊ အဲ… မယူျဖစ္ေသးရင္လည္း
အဲဒီတိုက္ကို ညီမေဆးခန္းဖြင့္ဖို႔ ခဏငွားထားေပါ့ေနာ္ ” ဟု ညီမက ေျပာသည္။
ကၽြန္ေတာ္သည္ မည္သူက ေျပာေျပာ၊ ဘာမွ်ျပန္မေျပာႏိုင္ေအာင္သာ ရွိခဲ့သည္။
“ ေမာင္ေတာ့ ခင္လြမ္းေၾကာင့္ သူမ်ားေထ့စရာ ျဖစ္ခဲ့ရၿပီေနာ္ ”
ခင္လြမ္းသည္ စကားကိုသာ ပိုင္ဆိုင္ေတာ့ေသာသူ ျဖစ္ေနၿပီလား မသိ။
“ ေစာင့္တာေပါ့ ”
သူ႔အျပံဳးသည္ ကၽြန္ေတာ္ၾကည့္၍ေကာင္းေအာင္ ျပံဳးေသာအျပံဳးဟု နားလည္ေနသည္။ “ သားေရ….အိမ္ေထာင္ေရးဆိုတာ သူ႔အခ်ိန္နဲ႔သူေနာ္ ” ဟု အေဖသတိေပးသည္ကို ကၽြန္ေတာ္ မေျပာျပ၀ံ့။ “ အေမတို႔က အိမ္ေထာင္ခ်ေပးေစခ်င္တယ္ကြယ္ ” ဟု အေမေျပာသည္။ ျပန္မေျပာခ်င္။

“ လက္ထပ္ေရးကို ျပည္ဖံုးကားခ်လိုက္ပါ ” ဟု ခင္လြမ္း စာေရးသည္။ သူ႔စာကို
ရၿပီးသည့္ေနာက္ ကၽြန္ေတာ္ သြားေတြ႕ရန္ စိတ္ကူးေသးသည္။ ခင္လြမ္းကို
ပုရြက္တြင္းထဲသို႔ တြန္းပို႔သကဲ့သို႔ ျဖစ္မည္။ တစ္ေယာက္ကိုတစ္ေယာက္
မျမင္ေတြ႕ၾကျခင္းသည္ အေကာင္းဆံုးလမ္းဟု နာၾကည္းစြာ ယူဆခဲ့သည္။
××××××××××××××
××××××××××××××
ခင္လြမ္းေစသေရြ႕ ကၽြန္ေတာ္ ေခါင္းညိတ္ခဲ့ရသည္။ ႀကိဳးစားခဲ့ရပါသည္။
ဘ၀ခရီးတြင္ သူ မလိုက္ပါႏို္င္လ်က္ႏွင့္ ဘြဲ႕စကား၊ ေနစရာစကား၊
အေဆာင္အေယာင္စကားေတြ ေျပာခဲ့သည္။ ေျပာသမွ်အလံုးစံုကို ရေအာင္ ကၽြန္ေတာ္
ႀကိဳးပမ္းခဲ့သည္။ ပင္ပန္းဆင္းရဲႀကီးစြာ အရင္းအႏွီးျပဳခဲ့ရသည္။
မေကၽြးျဖစ္ေသာ ထမင္းဟင္းကို စားေသာက္ပါရန္ ေခၚသည္မွာ ျပႆနာမရွိ၊
ထမင္းစားရန္ လာေသာအခါတြင္ နတ္ျမင္းပ်ံစီးကာ ရတနာကိုးပါး အခင္းအက်င္းျဖင့္
လာရမည္ဟု သူဆိုသည့္အတိုင္း ကၽြန္ေတာ္ အားထုတ္ခဲ့ရသည္။
သို႔ေသာ္ အားလံုးမွာ အခ်ည္းႏွီး။
စာတစ္ေစာင္ ကၽြန္ေတာ္ ေရးပို႔ခဲ့သည္။
……. ရပါတယ္ေလ။
ခင္လြမ္းစကားေတြမွာ ကိုယ့္နားရြက္တပ္ထားမိခဲ့တာကိုး။ ဘာနဲ႔တူသလဲဆိုေတာ့ ခင္လြမ္းရဲ႕ ေက်ာက္ပ်ဥ္ကိုရြက္ၿပီး ဖူးစာဆံုႏိုး ေစာင့္ခဲ့ရတဲ့ပံုပါပဲ။ ေမာင္ ခြင့္မလႊတ္ဘူး ခင္လြမ္း။

ဇနီး ေစ်းသြား၊ ေစ်းျပန္ႏွင့္ သားသမီး ေက်ာင္းသြားေက်ာင္းျပန္အတြက္
ကၽြန္ေတာ့္ကားက အသံုး၀င္ေန၏။ ေလလံုမိုးလံု အေဆာက္အအံုထဲတြင္
ကၽြန္ေတာ္ႏွင့္ဇနီး သားသမီးေတြ ေအးခ်မ္းစြာေနရသည္။ “ ငါတို႔အေဖက တက္ကတိုမွာ
ဘြဲ႕ရခဲ့တာ ” ဟူ၍ မပီတပီ ၾကြားေသာ သမီးငယ္၏ ဂုဏ္ယူေသာအသံ။
ကၽြန္ေတာ္သည္ လြန္ခဲ့ေသာ ေလးငါးဆယ္ႏွစ္ကို ဖ်တ္ခနဲ သတိရသည္။
×××××××××××××
ကၽြန္ေတာ္သည္ လြန္ခဲ့ေသာ ေလးငါးဆယ္ႏွစ္ကို ဖ်တ္ခနဲ သတိရသည္။
×××××××××××××
ခင္လြမ္း၏ ကထိကအခန္း ကၽြန္ေတာ္ မ၀င္၀ံ့။ အပ်ိဳႀကီး ေဒၚခင္လြမ္းသည္ ကၽြန္ေတာ့္သမီးကို တူမအရင္းကဲ့သို႔ ခင္မွခင္ပါမည္လား မေျပာတတ္။
တစ္နည္းအားျဖင့္ေတာ့ ေက်းဇူးရွိေၾကာင္း ကၽြန္ေတာ္ ေျပာခ်င္ေနသည္မွာ အေတာ္ၾကာေပၿပီ။ ။

ၿငိမ္းေက်ာ္
ရင္ခုန္ပြင့္မဂၢဇင္း အမွတ္(၂၃)၊ ၾသဂုတ္လ၊ ၁၉၈၈

Unicode Version
“ မင့်ကျောက်ပျဉ် ဦးထိပ်တင်လို့ စောင့်ပါမယ် ”
(၁)
“ မောင် စဉ်းစားကြည့်လေ၊ မေမေတို့ နေရာက။ သူတို့မှာက သမီးလေးတစ်ယောက် ရှိတာရယ်။ သမက်တော်ရမယ့်သူက ဆယ်တန်းတောင် မအောင်သေးဘူးဆိုရင်…။ ခင်လွမ်း ဘယ်သူ့ဘက်မှ လိုက်ပြောတာ မဟုတ်ဘူးနော်။ မင်္ဂလာဆောင်ဖိတ်စာမှာ သမက်လောင်းရဲ့ နာမည်နောက်က ဘွဲ့တစ်ခုခုတော့ အနည်းဆုံးရှိနေစေချင်တာပေါ့ ”
ကျွန်တော် သဘောပေါက်သည်။ ခင်လွမ်း၏စကားသည် တရားပါလေ၏။ သို့သော် ကြိုးစားပါလျက်နှင့် နှစ်ကြိမ်ကျကာ အပြင်ဖြေကျောင်းသားဖြစ်ရသော ကျွန်တော့်အဖို့မှာ အမောကြီးမောရလေ၏။ စာမေးပွဲသည် ကျွန်တော့်ကို အစဉ်ခြောက်လှန့်နေတတ်သည်။ ဖြေကောင်းကောင်းနှင့် သဲကြီးမဲကြီးဖြေ၍ တစ်ပုဒ်ကျန်ခဲ့၊ တစ်ဝက်ကျန်ခဲ့ရှိဖူးသည်။ တွက်မရသော အပုဒ်ကိုချည်း ထပ်တလဲလဲနှင့် တွက်နေ၍ ကျန်ခဲ့သောပုစ္ဆာရှိဖူးသည်။ ဖြေချိန်၊ ပုစ္ဆာနှင့် ကျွန်တော့်ဝီရိယ၊ ဆန္ဒတို့သည် တစ်ခါတလေတွင် အပ်အပ်စပ်စပ်မရှိတတ်။
“ ဒီနှစ်အောင်တာတောင်မှ နောက်လေးငါးနှစ်လောက်မှ လက်ထပ်ခွင့်ရမှာပါလား ခင်လွမ်းရယ် ”
စိတ်မရှည်နိုင်မှန်း ခင်လွမ်း ရိပ်မိသည်။
“ ခင်လွမ်း တက္ကသိုလ်ကစောင့်နေတာ နှစ်နှစ်ရှိပြီပဲ မောင်၊ ဒီနှစ်တော့ မောင် အောင်မှာပါ။ တစ်နှစ်ဆိုတာ ခဏလေးပါ၊ ဘဝနဲ့စာရင်လေ ”
သူတွက်ပြသောအခါ အားတက်သလိုလိုတော့ ဖြစ်လာသည်။
“ ခင်လွမ်းအတွက် ကြိုးစားရတယ်ဆိုတာ မောင်မေ့ထား၊ အောင်လာရင် မောင့် အဖေနဲ့အမေက သိပ်ဝမ်းသာမှာ၊ သားတစ်ယောက် သမီးတစ်ယောက်ပဲ ရှိကြတာဆိုတော့ မောင်တို့မောင်နှမကို ဒေါ်ဒေါ်တို့က မျှော်လင့်ချက် သိပ်ထားကြတာ မဟုတ်ဘူးလား ”
ခင်လွမ်း စကားတတ်သဖြင့် “ ဟုတ်ပါပေ၏ ” ချည်းသာ ကျွန်တော့်မှာ ပြောစရာ ရှိတော့၏။ အကြောင်းအချက်တွေအရ ဟုတ်မှန်ဆီလျော်နေ၍လည်း ဖြစ်မည်။ ကျွန်တော် အအိပ်လျှော့လိုက်သည်။ စာကြည့်ချိန်ပို၍ ပေးလိုက်သည်။ ကျူရှင် ကျောင်းတွေ၊ စာသင်ချိန်တွေ၊ ဘာသာရပ်တွေအားလုံး ရောနေသဖြင့် နံရံတွင် စာရွက်ကပ်ကာ မှတ်သားထားရသည်။
စာမေးပွဲဖြေခါနီးသော် ခင်လွမ်းသည် ကျွန်တော်၏မှတ်စုအားလုံးကို စစ်ဆေးပေးသည်။ အရေးကြီးနိုင်သော ပုစ္ဆာမျိုးတွေရှာ၍ စုဆောင်းပေးသည်။ ပြင်ပမှတ်စုတွေ ရှာဖွေဝယ်ယူပေးသည်။ ကျွန်တော့်ကို အစမ်းဖြေခိုင်းသည်။ နှုတ်တိုက်ရအောင် ကျက်ခိုင်းသည်။
စာမေးပွဲဖြေပြီးချိန်တွင် ကျွန်တော့်ကိုယ်အလေးချိန်တွင် ဆယ့်ရှစ်ပေါင် လျော့လျက်ရှိ၏။
×××××××××××××
ကောလိပ်ကျောင်းသားဘဝသည် အထက်တန်းကျောင်းသားဘဝနှင့် မနှိုင်းသာအောင် ပျော်ရွှင်ဖွယ်ကောင်းလှသည်။ အထက်တန်းကျောင်းသည် မြို့ထဲက ကျောင်းတစ်ကျောင်း၊ မြို့လယ်က ကျောင်းဝင်းအတွင်း၌ ဘာမျှထူးခြားမှုမရှိ။ ကျောင်းသွားရာလမ်းတစ်လျှောက်မှာ တစ်မြို့တည်းနေကြသော မျက်နှာတွေ၊ အမြင်ဆန်းခြင်း မရှိခဲ့သောနေရာဝန်းကျင်နှင့် ကျောင်းအဆောက်အအုံကို ဆယ်နှစ်ကျော်မြင်တွေ့ခဲ့ရသည်။
ဒေသကောလိပ်သို့ ရောက်သောအခါ ဝလုံးတန်းကျောင်းစတက်စဉ်ကကဲ့သို့ အံ့အားတသင့် ဖြစ်နေသည်။ ဧည့်သွား၊ ဧည့်လာရောက်ခဲ့စဉ်က ကိုယ်နှင့် မဆိုင်သေးသော အရပ်ဌာန၊ တက်ရောက်ခွင့်ရ၍ တက်ရောက်လာသော တက္ကသိုလ်ကျောင်းသားကြီးဘဝအစတွင် အဆောက်အအုံဟူသမျှကို ဆိုင်သည်ဟု အောက်မေ့သည်။
အထက်တန်းမှာ တစ်တန်းတည်းတက်ခဲ့သူ ကျောင်းနေဖက်များက ၂ နှစ်စောကာ ရောက်နေသောကြောင့် ဒေသကောလိပ်တွင် သူတို့မရှိတော့။ သူတို့ရှိရာ၊ ခင်လွမ်းရှိရာ ရန်ကုန်တက္ကသိုလ်သို့ အလည်သွားရသည်။ တက္ကသိုလ်၏အဟန့်ကြောင့် လိပ်ပြာလန့်သကဲ့သို့ မခံစားရတော့။
“ မောင်…. ဘယ့်နှယ်လဲ ”
လက်ဖက်ရည်ဆိုင်ထိုင်ပြီးမှ ခင်လွမ်း မေးသည်။
“ ဘာကို မေးတာလဲ ခင်လွမ်း ”
“ သြော်…. ဆယ်တန်းအောင်လာတာကို မေးတာ ”
“ ပျော်ပါတယ်၊ ထမင်းတော့ ပိုမဝင်ဘူး ”
ထေ့သံပါသည်ဟု ခင်လွမ်းပြောသည်။ မဟုတ်ပါဘူးဟု ကျွန်တော်ပြောသည်။ ရယ်မောရွှတ်နောက်ကာ နေတတ်သောဓလေ့ကို သူ့တွက်ကြောင့်လည်း ဖြစ်မည်။ အမှတ်မဲ့ပင်သူဖြစ်သွား၏။
“ ဦးတို့ ဒေါ်ဒေါ်တို့လည်း ပျော်မှာပဲနော် ”
“ ပျော်ပါတယ်၊ အမေခါးကိုက်တာတော့ ခါတိုင်းလို ဆေးလူးပေးနေရတုန်းပဲ ”
“ စာတွေဖိကြည့်ခိုင်း၊ ကျက်ခိုင်းလွန်းလို့ ခင်လွမ်းကို မောင်စိတ်မကြည်လင်ဘူးထင်တယ် ”
“ ကြည်လင်ပါတယ်၊ အချစ်ဆိုတာ ပညာရေးတွေ ဘွဲ့တွေမပါရင် ဆားမပါသလို ပေါ့ရွှတ်ရွှတ်ဆိုတာ ဟုတ်တယ် ”
ခင်လွမ်း၌ အပြုံးလျော့သွားသည်။
“ စေတနာနဲ့ တိုက်တွန်းခဲ့တာပါ မောင်ရာ ”
“ သိပါတယ်။ မောလွန်းမက မောနေလွန်းလို့ ကျေးဇူးစကား မပြောရသေးတာပါ ”
ကျွန်တော့်ကို ခင်လွမ်းသည် စူးစူးစိုက်စိုက် ကြည့်နေလေ၏။
×××××××××××××××
ပညာသည် စိတ်ချမ်းမြေ့မှုကို ပေးသည်ဟူသော စကားကမှန်သည်။ ကျွန်တော် ပင်မတက္ကသိုလ်သို့ရောက်ချိန်တွင် ခင်လွမ်းသည် သရုပ်ပြဆရာမ ဖြစ်နေ၏။ ကျွန်တော် ဝိဇ္ဇာကျောင်းသားဖြစ်နေသည်က ကံကောင်း၏။ သူယူသော ဘာသာရပ်ကိုသာ ယူခဲ့ပါက သူ့တပည့်ဖြစ်သွားနိုင်လေ၏။ ပညာကိုအကြောင်းပြုကာ ကျောင်းပရိဝုဏ်အတွင်း သူနှင့်ကျွန်တော် အတူတူရှိနေခွင့် ရကြသည်။
ဒီနှစ် နှစ်ဝက်ရယ်၊ ရှေ့နှစ်တစ်နှစ်ရယ်၊ ဒါပဲကျန်တော့တာ အတူတူနေခွင့်ရချင်ပြီ။ ကျွန်တော့်တောင်းဆိုသံသည် တက္ကသိုလ်ကျောင်းသားဘဝမတိုင်မီကလို မဟုတ်မှန်း ကိုယ်တိုင်သိသည်။ ကိုယ့်ကိုယ်ကိုယ်အားကိုးသော၊ ယုံကြည်သော၊ ခွန်အားရှိသောအသံ။ ကျွန်တော် ပြောသာပြောရသည်။ ခင်လွမ်းထံမှ လိုက်လျောမည်မဟုတ်ဟု တွေးပြီးသား။
“ ဘာမှမှ မလိုတော့တာ၊ မိုင်တစ်ထောင်ဇွဲနဲ့လျှောက်လာပြီးမှ လေး ငါး ဆယ် မိုင်လောက်ကို လောနေရသေးလား မောင်ရယ် ”
“ နေရေး ထိုင်ရေးဆိုတဲ့ ခြောက်လလောက်က စကားကို မောင်စိတ်ထဲစွဲထားပါတယ် ခင်လွမ်း ”
ခင်လွမ်းသည် ဝါးခြင်းထဲရှိ ပိုက်ဆံအိတ်ကို ယူသည်။ ဖွင့်ပြီးနောက် လက်ကိုင်ပဝါဖြင့် နဖူးဆံစ၊ နှာသီးဖျားကို ချွေးတို့သည်။ ခဏနေမှ…..
“ နေရေး ထိုင်ရေးဆိုတာ မပြောမဖြစ်လို့ ပြောရတာလေ၊ လက်ထပ်ပြီးရင် နေရေး ထိုင်ရေးက အရေးကြီးတယ်လေ၊ နှစ်ဖက်မိဘအိမ်မှာ နေရတာ မကောင်းပါဘူး၊ သီးသန့်အိမ်ရှိဦး။ တစ်ခြံတည်းနေရရင်ပဲ စိတ်ကျဉ်းကျပ်တယ်၊ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ နေရတာပဲကောင်းတယ်၊ ငှားနေပြန်တော့ အိမ်ရှင်ဖယ်ခိုင်းရင် ဟိုပြေးဒီလွှားနေစရာရှာရနဲ့ ပတ်ဝန်းကျင်ကောင်း ရပါမှ။ နားအေးပြီး စိတ်မအေးရ၊ စိတ်အေးပြီး နားမအေးရ၊ ဧည့်ကောင်းဆောင်ကောင်း လာတဲ့အခါ မျက်နှာမအေးရရင် မကောင်းပြန် ”
အကျိုးသင့်အကြောင်းသင့် ရှိပါပေ၏ဟု စိတ်ထဲက ထောက်ခံသည်။ ကျောင်းနှစ်ဝက်ခရီးတွင် ကျွန်တော်သည် ကျောင်းသားတစ်ပိုင်း၊ ကုန်သည်တစ်ပိုင်း ဖြစ်လာသည်။ အမေတို့ထံမှ ငွေပင်ငွေရင်းကို ခဏယူပြီး ပစ္စည်းဝယ်ရောင်းလုပ်ငန်း စမ်းကြည့်၏။ ကုသိုလ်ကံကောင်းပုံရ၏။ သင်္ဘောကျပစ္စည်းတွေကိုကောက်ပြီး ရောင်းတိုင်း မြတ်၏။ လုပ်ငန်းကိုနားလည်၊ လူပေါင်းသူပေါင်း ဆံ့လာသည်နှင့်အမျှ မော်တော်ဆိုင်ကယ် ဝယ်ရောင်းကိုသာမက ကားအထိ တက်ကိုင်သည်။ ကျွန်တော့်ကို ကားထည်လဲစီးသည်၊ ယာယီနံပါတ် တစ်စီးပြီးတစ်စီး စီးသည်ဟု ထင်ကောင်းထင်ကြမည်။ စင်စစ် ရောင်းစရာပစ္စည်းကို ကိုယ်နှင့်မကွာထားကာ စာသင်ရင်း အရောင်းအဝယ်ပြုရသည်။
ဆယ့်သုံးလအတွင်းသို့ ရောက်သောအခါ မြေကွက်တစ်ကွက်ကို ခင်လွမ်းနှင့်အတူရှာကာ ဝယ်ယူနိုင်ခဲ့သည်။ နောက်နှစ်လအတွင်း အဆောက်အအုံ အုတ်မြစ်ချကာ တဖြည်းဖြည်း စတင်ဆောက်ခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲဖြေခါနီးတစ်လတွင် ခေတ်မီတစ်ထပ်တိုက်ပြားလေး ပြီးသွားသည်။
××××××××××××
(၂)
“ နှစ်ယောက်အတူ နေရပေမယ့် အိမ်ကိုသော့ခတ်ပြီး အစောင့်နဲ့ထားရတာ အတော်သဘာ၀ မကျတာပဲ ”
မကျေနပ်သံဟု ခင်လွမ်းသိသည်။
“ မောင် ရိုးရိုးအောင်ခဲ့ရင် ဟုတ်တာပေါ့။ အခု ဘွဲ့လွန်တက်ခွင့်ရပြီပဲ။ ဆက်တက်ရမှာပေါ့။ အဲဒီဘွဲ့လက်မှတ်စာရွက်က လေးတယ်ထင်ရင် ခင်လွမ်းခေါင်းပေါ်တင်ထား၊ ရွက်ပေးထားပါ့မယ်။ ဦးတို့အနေနဲ့လည်း စဉ်းစားလေ၊ အင်မတန်မှ ပညာထွန်းပေါက်စေချင်တဲ့သားကို ဘွဲ့လွန်ဆက်တက်စေချင်တာပေါ့။ အိမ်ထောင်ကျသွားလို့ ပညာရေးခရီးဖြောင့်ဖြူးပါလျက်နဲ့ ဖက်တွယ်တယ်ဆိုရင် ဘယ်စိတ်ကောင်းနိုင်မှာလဲ မောင်ရယ် ”
ဟုတ်သော် မှန်သော်ငြားလည်း မကျေနပ်ချင်။
“ ခင်လွမ်း မောင့်ကို တိုက်တွန်းခဲ့သမျှတွေထဲမှာ အမှားရယ်လို့ တစ်ခုတလေပါခဲ့ဖူးပါသလား မောင် ”
သူ မေးသည်။ ကျွန်တော် ခေါင်းခါသည်။
“ ဒါတော့ ဒါပေါ့ ခင်လွမ်းရယ် ”
“ မောင် ခင်လွမ်းပြောသမျှ လိုက်လုပ်နေသာ နေရတာ၊ စိတ်ထဲမှာ နင့်ဆို့ဆို့ကြီးဖြစ်နေတယ် မဟုတ်လား ”
မဖြေလျက်နေခြင်းအားဖြင့် ဖြောင့်ဆိုလိုက်သည်။
“ ဘဝကို စနစ်မချ၊ ပန္နက်မရိုက်၊ ပုံစံမချလို့မှမရတာ မောင်ရယ် ”
ခင်လွမ်းသည် ဆရာမဖြစ်လာသည်မှစ၍ အပြောအဆို၊ အယူအဆတွေ ရှေးနှင့်မတူ၊ ပုံသေတွက်နည်းတွေ၊ အမျိုးအစားတွေ၊ သိပ္ပံနည်းကျ ပြင်ဆင်မှုတွေဖြင့် ဘဝကို ပုံသွင်းနေသည်ဟု ကျွန်တော် သတိပြုမိသည်။
“ ခုကော ဘာတွေလိုသေးတော့လို့လဲ၊ သတို့သားရဲ့နာမည်နောက်မှာ အင်္ဂလိပ်စာလုံးကြီးနှစ်လုံး ထည့်ရိုက်လို့ရပြီ။ နေစရာတိုက်သစ်တစ်လုံးလည်း ရှိပြီ။ ဘာကျန်သေးလဲ ”
“ မဟုတ်ဘူးလေ မောင်၊ ဘွဲ့လွန်က ထားတော့ ၂ နှစ်၊ မောင်က ဉာဏ်ကောင်းပြီးသား၊ ပညာတော်ပြီးသား၊ ကျမ်းပြုတာ တစ်နှစ် တစ်နှစ်ခွဲအတွင်း ပြီးမှာသေချာတယ်။ နောင် ၂ နှစ်နေရင် လက်ထပ်မယ်လေ ”
“ နောင် ၂ နှစ်ဆိုတာ လူ့ပြည်က ပြက္ခဒိန်နဲ့လား၊ နတ်ပြည်က ပြက္ခဒိန်နဲ့လား ”
သူ ရယ်သည်။ ကျွန်တော့်ကို ပခုံးချင်းဆတ်သည်။ ရေမွှေးနံ့သည် မိုးငွေ့မိုးသက်တွေထဲတွင် ရောနှောကာ သင်းပျံ့နေ၏။
“ ခုနေတော့ ခင်လွမ်းကို မောင်ကျေးဇူးတင်ဦးမှာ မဟုတ်ဘူး ”
“ အသက် စိန်ရတု၊ ပုလင်းကွဲရတု၊ သံတိုသံစရတုတိုင်တဲ့ ရာပြည့်နှစ်ကျမှ လက်ထပ်ရင်း ကျေးဇူးစကားပြောရမယ် မျှော်လင့်တာပါပဲ ”
“ ဘဝဟာ ပထဝီမြေကြီးလို ခိုင်မာမှ စိတ်အေးရမှာနော် ”
“ ပထဝီမြေကြီးလိုပဲလည်း သမိုင်းမြေကြီး၊ မြန်မာစာ၊ သချၤာ၊ စိတ်ပညာမြေကြီးလို ခိုင်ရင်ကော ”
ကျွန်တော် အသောဖွဲ့သည်။ မောလွန်းသောစိတ်သည် သောစရာ၊ ရယ်စရာရှာကြံနိုင်ပါမှ သက်သာသည်ဟု ထင်သည်။
“ အချစ်ဆိုတာကို မောင်နားလည်ပါတယ် ”
“ ခင်လွမ်းရဲ့စာတွေထဲမှာ ပါသားပဲ၊ အချစ်ဆိုတာ အိမ်ထောင်ရေး ခရီးလမ်းမကို သွားရာလမ်းလေးတဲ့၊ မောင် နားရည်ဝ၊ မျက်လုံးရည်ဝနေပါပြီ ”
“ မောင် ဒီစကားကို သဘောမတူဘူးလား ”
“ ပဏာမ ပြင်ဆင်ရတာတွေကြောင့် ချစ်သူဘ၀ သာယာချမ်းမြေ့မှုဆိုတာ ဘာမှန်း မသိတော့တာအမှန်ပဲ ခင်လွမ်း ”
“ ဇနီးကိုချစ်တဲ့အချစ်၊ ခင်ပွန်းကိုချစ်တဲ့အချစ်က ချစ်သူလိုချစ်တဲ့အချစ်ထက် ပိုလည်းအေးချမ်းပါတယ်၊ လေးနက်မြဲမြံပါတယ် မောင်ရယ် ”
ကျွန်တော့်ထက် စကားလုံးတွေကို နိုင်နင်းသူ။ သူ့စကားတို့သည် မစားရလျက် ဝခမန်းဖြစ်စေ၏။ အနာဂတ်ကို အလှပဆုံး ဆေးခြယ်မှုန်းသော အပြောတွေကြောင့် ပကတိဘဝအခြေအနေကို ကျေနပ်ရလေ၏။
×××××××××××××
ဘဝသည် အာမခံချက်ပြည့်စုံမှသာ အဓိပ္ပါယ်ရှိနိုင်သည်ဟု ခင်လွမ်းပြောသည်။ ငြင်းရန်အကြောင်းမရှိ၊ သို့သော် ပုံစံခွက်ထဲတွင် သွန်းလောင်းကာ ပုံဖော်သော ခင်လွမ်း၏နှုတ်မှ ထွက်ခဲ့သောစကားတွေကို ကျွန်တော် သတိရသည်။ ချစ်မြတ်နိုးခြင်း၊ တွယ်တာစုံမက်ခြင်းစကားတို့နှင့်အတူ ယုယခြင်းတို့သည် ခင်လွမ်းတွင် နည်းပါးလွန်းသည်ဟု ထင်သည်။
ပြောဖို့ခက်သည်။
သို့သော်…..
“ ချစ်သူသာဆိုရတယ်၊ ရုပ်ရှင်အတူသွား၊ ပွဲလမ်းသဘင်အတူသွား၊ အေးဆေးတင့်တယ်တဲ့နေရာမှာ အတူထိုင်ပြီး စကားပြောရတယ်မရှိဘူး ခင်လွမ်းရယ် ”
ခင်လွမ်းသည် ကျွန်တော့်ကို ကြည့်သည်။ သူ့အကြည့်ကြောင့် ကျွန်တော် ရှက်ရွံ့ရွံ့ပင် ဖြစ်သွားချင်၏။ ကလက်တက်တက် ပြက်တက်တက် ပြောသူကို ကြည့်သောအကြည့်မျိုးဟု ကျွန်တော် ခံစားရလေသည်။
“ ဆယ်ကျော်သက်တုန်းကလို မောင်က နေချင်တယ် ဆိုပါတော့ ”
ကျွန်တော် ရယ်လိုက်သည်။
“ မောင်တို့ အဲသလိုနေဖူးကြလား၊ မောင်တော့ မမှတ်မိဘူး ”
ခနဲ့မှန်း သူသိ၏။
“ ချစ်သူဆိုတာ စိတ်ထဲက ချစ်နေကြတာပဲ မောင်၊ တစ်ယောက်နဲ့တစ်ယောက် အသက်ရှူကျပ်မတတ် ဖက်ထား၊ ပွေ့ထားမှ ချစ်သူပီသသတဲ့လား ”
ကန့်လန့်စကား။ ထို့ပြင် အပျိုကြီးဘ၀ ဝင်စသူတွေ ပြောလေ့ပြောထရှိသော လေယူလေသိမ်း။ ခင်လွမ်းသည် ဆရာမလေသံ ပေါက်နေသည်မှာ အတော်ကြာပေပြီ။ ကျွန်တော်သည် သူ့ချစ်သူလား၊ တပည့်လား တစ်ခါတစ်ရံ ကွဲမှ ကွဲပြားပါလေစဟု သံသယဝင်သည်။
“ အဲ့သလို နေချင်ပါတယ်လို့ မောင်က ပြောလို့လား၊ တစ်ယောက်နဲ့တစ်ယောက် တွေ့ရဆုံရတာတောင် တစ်ပတ်တစ်ခါ၊ တစ်ကျောင်းတည်းနေပြီး အချိန်စာရင်းနဲ့တွေ့ဆုံတယ်။ ချစ်သူရယ်သာ ဖြစ်လာတယ်၊ ခင်လွမ်းတို့အိမ်ကို မောင်မရောက်ဖူးဘူး။ ခင်လွမ်းလည်း မလာဘူး ”
သူ သက်ပြင်းချသည်။
“ ခင်လွမ်းက မိန်းကလေးလေ၊ ပတ်ဝန်းကျင်ဆိုတာကို မောင် မစဉ်းစားတော့ဘူးလား ”
ဘဝအမျိုးအမည်အရ သူကပင် ပြောသာပြန်လေသည်။
“ ခင်လွမ်းရဲ့မေမေ့ကို ရိပ်ဖမ်းသံဖမ်းလောက်တော့ အသိပေးဖို့ ကောင်းပြီ ”
“ ပြောတော့ ပြောထားပါတယ် ”
“ မောင့်ကို ဒေါ်ဒေါ်မြင်ဖူးထားလား ”
“ ဟင့်အင်း…. မောင့်နာမည်ကိုဖော်ပြီးတော့ မပြောရသေးပါဘူး။ မေမေကတော့ မဟာသိပ္ပံလေးတော့ အောင်အောင်ဖြေလိုက်ပါဦး သမီးရယ်တဲ့ ”
မိခင်၏ဆန္ဒကိုသာ ဖော်ပြသည်။ သူ မည်သို့အရေးဆိုသည်ကို ဆက်မပြော။
ထို့ကြောင့်……
“ အမှန်က ခုအချိန်မှာ ခင်လွမ်း ဖွင့်ပြောထားပြီးသင့်ပြီ။ မောင်ဆိုရင် မြေဝယ်၊ အိမ်ဆောက်တာကအစ အမေတို့ကို အကုန်ပြောထားပြီးသား၊ ခက်တာက ချွေးမလောင်းကို ဓာတ်ပုံပဲ မြင်ဖူးထားကြတာ၊ အိမ်အလှူအတန်းရှိလို့ ခင်လွမ်းကို ဖိတ်ပြန်တော့မလာ ”
“ အဲသလိုမဟုတ်ပါဘူး မောင်ရာ ”
“ မောင်ကတော့ ယောက်ျားလေးကိုး၊ ပတ်ဝန်းကျင်မေးငေါ့ရင် မောင့်ချစ်သူ သိက္ခာကျမှာ၊ မောင့်ချစ်သူသိက္ခာဟာ မောင့်သိက္ခာပဲလေ၊ အဲ့ဒါကြောင့် တိုက်ဆေးသုတ်ပြီးတာ လိုက်ကြည့်ပါခေါ်တာ ခင်လွမ်း မလိုက်ခဲ့တာ ”
“ ခြံအပြင် ခြံထဲကနေကြည့်လည်း ရတာပဲ ”
“ ကားတစ်စီးတည်း အတူစီး၊ လူမနေရသေးတဲ့ တိုက်ထဲ အတူဝင်၊ အမြင်မသင့်လျော်ဘူးလေ ”
လောကတွင် စည်းစောင့်ရသော အရာတွေက ခင်လွမ်းပြောခါမှ ပို၍ များများလာသည်ဟု အောက်မေ့၏။
“ မောင်က စည်းမဲ့ကမ်းမဲ့သူမှ မဟုတ်တာ ”
“ မောင့်ကို ယုံပြီးသား၊ ဘေးက မျက်လုံးတွေ၊ ပါးစပ်တွေကို ခင်လွမ်း ယုံကြည်လို့ ဘယ်ဖြစ်မလဲ ”
“ လူ့ဘဝဟာ ခင်လွမ်းရှင်းပြတော့မှပဲ အသက်ရှူစရာ အောက်စီဂျင်ဓာတ် ထင်သလောက်မများမှန်း သိရတော့တယ် ”
“ စောင့်ထိန်းတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မောင်ဂုဏ်ယူသင့်ပါတယ် ”
ကျွန်တော် သက်ပြင်းချလိုက်သည်။ တစ်ယောက်ယောက်သည် အီလက်ထရွန်နစ် စက်ရုပ်နှင့် တူနေသည်ဟု တွေး၏။ ခင်လွမ်း ဖြစ်နိုင်၏။ ကျွန်တော် ဖြစ်နိုင်၏။
“ ကြည်နူးတာတွေ၊ ပျော်ရွှင်ချမ်းမြေ့တာတွေ ဘာတွေကို မောင်တော့ ခုထိ နားမလည်သေးဘူး။ မခံစားရသေးဘူး။ စကားလုံးပဲ၊ စာလုံးပဲ၊ သူများတွေပြောသံကြားလို့ အိယောင်ဝါးလိုက်ပြောတဲ့ ဝေါဟာရတွေပဲ ခင်လွမ်း ”
ကျွန်တော့်စိတ်ထဲတွင် အောင့်သက်သက် ဖြစ်လာသောကြောင့် ပထမဦးဆုံးပြောဖြစ်သော စကား။
“ မောင် ခင်လွမ်းကို စိတ်ခုနေသေးလားဟင် ”
“ ထုံထိုင်းလာတာတော့ အမှန်ပဲ။ ဇဝေဇဝါတွေလည်း ဖြစ်လာတယ် ”
ဇဝေဇဝါ ဟူသော အသုံးအနှုန်းကို သူရွတ်ဆိုသလို အသံတိုးတိုးပြုသည်။ မျက်နှာမကောင်းချင်။ ဖြူဖွေးနုနယ်သော မျက်နှာသည် နီတီတီဖြစ်လာ၏။ သနပ်ခါးဖြင့် ညက်သောနဖူးနှင့် ပြည့်ဖောင်းဖောင်း ပါးနှစ်ဖက်တွင် အရေးအတွန့်ကလေးတွေ ပေါ်လာ၏။ နက်မှောင်စူးရှသော မျက်လုံးအစုံသည် မှိုင်းမှိုင်းဝေေ၀ ဖြစ်လာ၏။
“ ဘာကို ဇဝေဇဝါဖြစ်လာတာလဲ မောင် ”
“ ပွဲဈေးကိုလိုက်ပို့ပေးမယ်လို့ ပြောတာနဲ့ ကမန်းကတန်း ရေချိုး၊ ဖြီးလိမ်း၊ ဝတ်ကောင်းစားလှဝတ်ပြီး တစောင့်စောင့်နေရတဲ့ ကလေးနဲ့ မောင်နဲ့က အတူတူပဲ။ ပြောတဲ့သူ ပြင်နိုးဆင်နိုး စောင့်ကြည့်ရတာ အမော၊ မိုးစုံးစုံးသာချုပ်တယ်၊ ပြောတဲ့သူက လိုက်ပို့မယ့်လက္ခဏာ တစ်ချက်မပြသလိုပေါ့ ”
“ သြော်… ဒါလည်း အချိန်တန် ပွဲဈေးလိုက်ပို့မှာ သေချာပြီးသားပဲ။ စိတ်စောတတ်လို့ လျှောက်ပူနေတာပါ။ မောင့်ကို ပြောပြီးသားပဲ၊ ၂ နှစ်…. ဘာမှမလိုတော့ဘူး၊ ၂ နှစ်အတွင်း မောင်ကိုယ်ပိုင်ကားတစ်စီး ပိုင်ရအောင် ကြိုးစားမယ်ဆိုတာသာ ကြိုးစားထား၊ ၂ နှစ်ပြည့်ရင် ခင်လွမ်း အိမ်ကိုပြောမယ်၊ မောင်တို့မိဘတွေ လာနားဖောက်၊ ရက်ရွေး၊ မင်္ဂလာဆောင်…ပြီးပြီပဲ ”
“ ပဲကြီးလှော် အခွံနွှာစားတာကမှ ခက်သေးတယ်နော်… ”
ဘာမှန်း နားပင်မလည်သော ပုစ္ဆာတွေကို သူက ဖျပ်ကယ်ဖျပ်ကယ် တွက်ချက်အဖြေထုတ်သောအခါ ဟုတ်နေပြန်၏။ ထို့ကြောင့် ကျွန်တော် ရယ်မောပြီး ပြောလိုက်သည်။
“ နှစ်ဖက်မိဘကို တင်ကြိုအသိပေးထားတော့ ဘာဖြစ်မှာလဲ ခင်လွမ်း ”
“ စောသေးလို့ပါ ”
“ သြော်…. ကောင်းပါတယ်၊ ကောင်းပါတယ် ”
ငေါ့သံ…. သူ ရယ်သည်။ ကျွန်တော့်လက်မောင်းကို ပိုက်ကာ လမ်းလျှောက်သည်။ လေးငါးဆယ်လှမ်း လျှောက်လာပြီးမှ ရှေ့နောက်ဝဲယာကို ထိတ်ထိတ်ပျာပျာကြည့်ရင်း ကျွန်တော့်လက်မောင်းကို လွှတ်လိုက်၏။
“ ဘာဖြစ်လို့လဲ ခင်လွမ်း ”
ရှက်ကိုးရှက်ကန်းမျက်နှာကို အပြုံးဖြင့် ဖုံးပြီး….
“ သွားရင်းလာရင်း တပည့်တွေနဲ့ တိုးမှာ၊ လှမ်းမြင်မှာ စိုးလို့ ”
ကျွန်တော့်သက်ပြင်းသည် “ ဟင်း ” ဟုပင် ရင်ခေါင်းသံဖြင့် မြည်လေ၏။ တစ်ခဏမျှပေါ်လာသော ကြည်နူးစိတ်သည် လွတ်ကျသွားသကဲ့သို့ ဖြစ်သွားသည်။
“ တစ်ကမ္ဘာလုံးက မျက်လုံးဒေါက်ထောက်၊ နားရွက်ရှေ့တွန်းပြီး ကြည့်ရှုနားစွင့်နေတဲ့ဘဝကို ဘယ်တုန်းကရလိုက်မှန်းတောင် မသိတော့ဘူး ”
ကျွန်တော့် စကားကြောင့်….
“ အဲ့သလိုလည်း မဟုတ်ပါဘူး မောင်ရာ ”
ပြောပြီးနောက် သူရယ်သည်။
“ စားသတိ၊ သွားသတိ၊ လာသတိ၊ ချစ်သတိ ဆိုတာ ခုမှ မောင်သဘောပေါက်တယ် ”
သူ့ရယ်သံသည် ပန်းမျိုးထုံသော ငွေဆည်းလည်းသံ၊ ဝင်းဝင်းအိအိ လက်မောင်းကလေးကို ကျွန်တော် မှီထားလိုက်သည်။ မေးအောက်ရှိ ပြည့်ဖြိုးသော အသားအရေတို့တွင် အကြောစိမ်းလေးတွေ ပြေးနေ၏။
“ စားသတိဆိုတာ ခင်လွမ်းကို မောင် စောင်းပြောတာပဲ ဖြစ်မယ်။ ခါး သိပ်တုတ်လာတယ်နော် ”
“ ဒါပေါ့၊ နှစ်ဆယ့်ခြောက်နှစ်ဆိုတာ အကြိုအပျိုကြီးစာရင်း ဝင်ပြီ။ ခါးတုတ်တယ်၊ မေးနှစ်ထပ်ဖြစ်မယ်၊ ပါးနှစ်ဖက်က စပါးတောင်လို နေမယ်။ ပြီးရင် ဘဲဥကို ခေါင်း၊ ခြေ၊ လက် တပ်သလို ဖြစ်မယ်။ ဒါပဲလေ ”
“ ဆယ်ကျော်သက်လေးတွေရဲ့ အလှနဲ့ မောင်နှိုင်းပြီး ပြောတာလား ”
“ တသီးတခြား သီးသန့်ခွဲခြားပြောတာပါ ခင်လွမ်း ”
သူသည် ကျွန်တော့်လက်ဖဝါးကို ဆုပ်ထားသည်။ အင်းဟု ကျွန်တော် တစ်ခုခုပြောရန် စကားစသည်။
“ ဘာပြောမလို့လဲ မောင် ”
“ ဒီလိုကျတော့လည်း စကြဝဠာအနန္တထဲမှာ ဒီနေ့စကြဝဠာဟာ တယ်ပြီး နေပျော်ထိုင်ပျော်ရှိသားပဲလို့ပါ ”
ကျွန်တော့်လက်ခုံကို မနာကျင်အောင် ကိုက်သည်။
××××××××××××××
အမေတို့ဆီမှ ယူထားသော ငွေရှစ်သောင်းကို တစ်နှစ်အတွင်း ပြန်ပေးနိုင်ခဲ့သည်။ သို့သော် စီးပွားရေးအသိုက်အဝန်းတွင် ကျွန်တော် ပင်ပန်းလှချေ၏။ ကိုယ့်အတွက် တစ်ထောင်နှစ်ထောင်ကျန်အောင် သူများအရောင်းအဝယ်တွင် နှုတ်စိုက်ရသည်။ ဓာတ်ဆီဖိုး၊ လက်ဖက်ရည်ဖိုးနှင့် အချိန်ပေးရသည်။ ဉာဏ်ထုတ်ရသည်။ စာသင်ခန်း၊ ကြီးကြပ်ရေးမှူး၊ စာကြည့်တိုက်တို့တွင် နှစ်မြှုပ်ထားရမည့် ကျွန်တော်သည် ပိုင်ရှင်ကိုယ်စားလှယ်၊ ဌာနစုံ၊ ဆိပ်ကမ်းတို့ကြားတွင် ပျားကဲ့သို့ လူးလာခေါက်တုံ့။
ဒေါ်လာ၊ ယန်း လဲလှယ်နှုန်း၊ ကက်ဆက်၊ တီဗွီ၊ ဗွီဒီယို၊ လေအေးစက်၊ ရေခဲသေတ္တာ၊ အိမ်ဆောက်ပစ္စည်း၊ ကားကြီးကားငယ် ရောင်းတယ် ဝယ်တယ်ကြားတွင် ဈေးသည်မျက်နှာဖြင့် လှုပ်ရှားခဲ့ရသည်။
“ ခင်လွမ်း တော်တော်စိတ်ညစ်တယ် မောင်ရာ၊ ခင်လွမ်းက ကလေးမှ မဟုတ်ဘဲ၊ မေမေတို့ကို ခင်လွမ်း နားမလည်ချင်တော့ဘူး ”
ခင်လွမ်း စိတ်ညစ်သောအခါ ကျွန်တော့်မှာ နေစရာမရှိ။ ခင်လွမ်း၏မိဘသည် ခင်လွမ်း အပျိုဘော်ဝင်စပြုချိန်မှစ၍ အိမ်ထောင်ရေးအကြောင်း တစ်ခွန်းစ၊ နှစ်ခွန်းစ စခဲ့သည်။ မိမိ၏အိမ်ထောင်ဖက်သည် ပညာတတ်ဘွဲ့ရ ဖြစ်ရမည်။ အိမ်ထောင်ပြုပြီးပါက တသီးတခြား အိုးပိုင်အိမ်ပိုင်နှင့် နေရမည်။ ဘဝတစ်သက်တာ စိတ်ချလောက်အောင် အခြေအနေတွေ အသင့်ရှိရမည်ဟူသော စကားတွေ ဆယ်တန်းဖြေပြီးချိန်တွင် စုံစုံလင်လင် ပြောပြီးသား ဖြစ်နေသည်ဟု သိရသည်။
“ မောင်နဲ့ပတ်သက်လို့ ခင်လွမ်း ဘယ်လိုတင်ပြလဲ ”
“ အခြေအနေအစုံပဲ၊ စ,ချစ်ကတည်းကနေ မောင်ကြိုးစားခဲ့တာတွေ အကုန်ပြောပြခဲ့တာပဲ မောင် ”
“ ခုဟာက ဘာရယ်လို့ မှတ်ချက်ချလို့လဲ ”
ခင်လွမ်း မပြော၊ စိတ်ညစ်သော အမူအရာကိုသာ ကျွန်တော် မြင်နေရသည်။
“ တစ်မျိုးပါ ”
မှန်းဆ၍သာ ကျွန်တော် တွေးတောရလေ၏။
“ မောင့်မှာ ညီမတစ်ယောက်ရှိတာ၊ အဲဒီညီမက ဆေးတက္ကသိုလ်မှာ တက်နေတာကအစ ခင်လွမ်း ပြောပြောပြတာ ”
“ အင်တင်တင် ဖြစ်နေတာလား ခင်လွမ်း ”
“ အဲသလိုလည်း မဟုတ်ဘူး၊ သဘောကျ၏၊ မကျ၏ ဘာမှမပြောတာ ”
“ ဒေါ်ဒေါ်ကကော ဘာပြောလဲ ”
“ ဖေဖေ့လိုပဲ အင်း အဲ မလှုပ် ”
“ သဘောထားကို အကဲခတ်ရ ခက်နေတယ်ဆိုပါတော့ ”
ခင်လွမ်း ခေါင်းညိတ်ကာ…..
“ ဟုတ်တယ် မောင် ”
စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ကုန်စရာ၊ စိတ်ပင်ပန်းစရာတွေ…. ငွေ၊ ဦးနှောက်၊ လူ ပင်ပန်းခံပြီး ပိုင်ဆိုင်ခဲ့သော ကျွန်တော့်ကားပေါ်တွင် ခင်လွမ်း မျက်နှာမရွှင်ပျ။
“ စိတ်မညစ်ပါနဲ့ ခင်လွမ်းရယ်၊ မောင်ရှိသားပဲ ”
နွေရာသီကုန်ဆုံးစအချိန်တွင် တိုက်ခတ်လာသော လေပြည်သည် ကွင်းပြင်ကျယ်ဆီမှ ဝေ့ကာ ရောက်လာ၏။
ခင်လွမ်း၏ဆံစတွေကို လှုပ်သွား၏။ ဥရောပရေမွှေးနှင့် မြေသင်းနံ့သည် ခွဲမရအောင် ပြွမ်းလျက်ရှိလေသည်။
“ ခင်လွမ်း အကောင်းဆုံး ရေရှည်စီမံကိန်းချခဲ့တာပဲ မောင်ရာ၊ ပျားစွဲသာ၊ ရှဉ့်လျှောက်သာဖြစ်အောင်…. ”
“ သဘောမတူရင်လည်း ဘာကြောင့်ဆိုတာ သိရရင်ကောင်းမယ် ”
“ မတူဘူးလို့လည်း ပြောတာမဟုတ်ဘူး၊ ပြောရင် ခင်လွမ်းမေးပြီး ညှိလို့နှိုင်းလို့ ရကြတဲ့ အခြေအနေပဲ။ မောင့်ဘက်မှာ အပြစ်ဆိုစရာ ဘာမှမရှိဘူးလေ။ ခင်လွမ်း မေမေ့ကို မေးတော့မေးမယ်၊ ခဏဆိုင်းတော့ ထားမယ် ”
ကျွန်တော် ခေါင်းညိတ်၏။
“ ချစ်သူဘဝဟာ မေတ္တာစောင်ခြုံလို့ နွေးနိုင်ပါတယ်။ ထောင်ကျော်တန် သက္ကလတ် သိုးမွေးဂွမ်းစောင် ခြုံပေးမှ မအေးမှာလည်း သိပါတယ်။ ချစ်သူကို ရင်ခွင်ထဲမှာထားရင် နေလို့ရပါတယ်။ တိုက်တာအိမ်ခြေထဲမှာ တစ်ပါတည်းထားရင် ပိုပြီးနေလို့ကောင်းမှာလည်း သိပါတယ်။ မေတ္တာကို ခွံ့ပေးရင်ဖြစ်မှန်းလည်း သိပါတယ်။ ဆီဦးထောပတ်၊ ပျားသကာစားစာ ထပ်ကျွေးမှ ကောင်းမယ်ဆိုတာလည်း သိပါတယ်။ မောင် ကြိုးစားလိုက်ရတာ ”
သူလည်း ကျွန်တော့်ကို ကရုဏာမျက်လုံးအစုံဖြင့် ကြည့်နေလေ၏။ ကျွန်တော် ပြောအပြီးတွင် အဝေးဆီသို့ ငေးကာနေသည်။ အတန်ကြာသောအခါမှ…..
“ မောင်… တို့ကို ခိုးပြေးမလား ”
ကျွန်တော့်အပြုံးသည် မပီသ။
“ ဆရာမနော်၊ ကျောင်းသူ မဟုတ်တော့ဘူး ”
စကားပမာပြောသောသူ၏ မျက်နှာမျိုး။ စိတ်ပြေလက်ပျောက်စကား သူရှာကြံပြောမှန်း ကျွန်တော် သိသည်။
“ အမေတို့ လာနားဖောက်ရင်ကော ”
“ အချိန်ဆိုတာ အကန့်အသတ်ရှိတယ်နော် ခင်လွမ်း ”
“ နှစ်လ၊ သုံးလပါ ”
ရေရေရာရာမရှိသေးသော လေယူလေသိမ်းဟု ကျွန်တော် သိရှိခံစားလိုက်ရ၏။
×××××××××××
စဉ်းစားအဖြေရှာစရာ ပြဿနာဟူ၍ မည်မည်ရရဖြစ်လာချိန်တွင် သူငယ်ချင်းတွေက ကျွန်တော့်ကို ဝေဖန်သည်။ ပိုင်ပိုင်နိုင်နိုင်မရှိဘူး ဟူ၍ ပြောသူကပြောသည်။ အိမ်ထောင်ပြုဖို့အထိ ရည်မှန်းထားတဲ့ ကိုယ့်ချစ်သူကို ဘယ်သူဘယ်ဝါပါရယ်လို့ စောစောစီးစီးက မကြေညာခဲ့တဲ့ ခင်လွမ်းကို မင်းသိဖို့ကောင်းတယ်ဟု ဝေဖန်သူက ဝေဖန်သည်။
သိဖို့ ဟူသောစကားသည် တာပြေးလှ၏။ မယုံသင်္ကာစိတ်၊ များစွာ မမျှော်လင့်ထားအပ်သော အဓိပ္ပါယ်။ ခင်လွမ်းသည် အချိန်တန်လျှင် ရဲဝံ့ပြတ်သားခြင်းရှိမည်မဟုတ်ဟူသော စွဲချက်တင်ရာလည်း ကျသည်။ ခင်လွမ်းကို အထင်တကြီးမရှိရုံမျှမက အပြစ်ဆိုသောအနက်လည်း ပါဝင်နေသည်။ ကျွန်တော့်မိဘနှင့် ကျွန်တော် ထမင်းအတူစားရေးပင် ခက်လာသည်။
“ ကလေးမလေးဆီက ဘာပြောလဲ ”
အမေ မေးသည်။
“ သူ စီစဉ်နေပါတယ် အမေ ”
ဝိုးတဝါးအဖြေ။
“ အိမ်ကို တစ်ခေါက်လောက် ခေါ်လာပါဦးလားကွ၊ အဖေတို့ မြင်တောင် မမြင်ဖူးသေးဘူး ”
အဖေက လိုလိုလားလား ဖိတ်ခေါ်သည်။
“ သူ စာမေးပွဲစောင့်ရ၊ အဖြေလွှာခြစ်ရနဲ့ စာပေးစာယူလည်း ဝင်ပေးရနဲ့၊ ပြီးတော့ သူ့မဟာသိပ္ပံကျမ်းပြုကိစ္စကလည်း လက်တွေ့လုပ်နေရလို့ပါ အဖေ။ သူ တင်ပြရမယ့် ကိရိယာက ခက်တယ်တဲ့ ”
“ ဘာလဲ ”
“ ငလျင်လှုပ်တာနဲ့ သတိပေးတဲ့ အချက်ပေးစက် ”
“ စလှုပ်တာနဲ့ သတိပေးတယ်ပေါ့ ”
“ ဟုတ်ကဲ့၊ ရစ်ချ်တာစကေး နှစ်၊ နှစ်ခွဲမတိုင်ခင် သတိပေးတယ်လို့ ပြောတယ် အဖေ ”
အဖေသည် မတော်ရသေးသော ချွေးမလောင်း၏ သိပ္ပံဆိုင်ရာ ကိရိယာကို စိတ်ဝင်စားပုံရသည်။
“ အဆောက်အအုံတွေ မပြိုခင်၊ လူတွေအန္တရာယ်မကျခင် သတိပေးတော့ ရှောင်နိုင်ရှားနိုင်တာပေါ့၊ တန်ဖိုးရှိတယ် ”
အဖေနှင့် စကားသာ ပြောနေရ၏။ အာရုံသည် သူနှင့် ကျွန်တော့်ရှေ့ရေး….။
×××××××××××××
အဖြေအတိအကျ မရသေး၍ဖြစ်မည်။ တွေ့ဆုံရန် သူမဆက်သွယ်၊ ကျွန်တော် မသွားလျက် နေခဲ့သည်။ ကျွန်တော့်ကိုတွေ့လျှင် သူ့မှာ စိတ်ထားစရာ နေရာပျောက်ကွယ်သွားသူကဲ့သို့ ရှိနေလေသည်။ မျက်စိမျက်နှာမလှ။ စကား မဟတစ်ချက်၊ ဟတစ်ချက်။ သူ့ကိုအားနာလွန်းသဖြင့် ဖုန်းပင်မဆက်တော့။
“ ဇာတ်မျောကြီး ဖြစ်မယ်နော် ”
သူငယ်ချင်းတစ်ယောက်က သတိပေးသည်။
“ အပျိုကြီး၊ လူပျိုကြီး ဇာတာပါလာကြပြီ ထင်တာပဲ။ မတတ်နိုင်ဘူးကွာ ”
ရယ်မောပြီးသာ ကျွန်တော် ပြောစရာရှိသည်။
အမျိုးသမီးသူငယ်ချင်းက….
“ အဖြူအမည်း မေးပစ်လိုက်ပေါ့၊ ငါတော့ စိတ်မရှည်တော့ဘူး၊ မခင်လွမ်းက မြုံတုံတုံ၊ နင်က ရှောင်ဖယ်ဖယ်၊ ကျောချင်းကပ်ပြီး သင်အူကြိုးနဲ့ ပူးအချည်ခံထားရတဲ့ ကဏန်းနှစ်ကောင်နဲ့ တူနေပြီ ”
ဒါဆို မဝေးသေးဘူး ဟုသာ ကျွန်တော့်မှာ နောက်ပြောင်ပြောစရာ ကျန်တော့သည်။
×××××××××××××
ခင်လွမ်း၏ မပြောချင်ပြောချင် အစည်းပြေစကားတွေကို တစ်လုံးစီကောက်၍ ဆက်စပ်နားလည်ရသည်။ ခင်လွမ်းသည် သူ့မိဘစကားတွေကို ကျွန်တော်မေးနိုင်လွန်း၍သာ အရိပ်မျှပြော၏။
ဥစ္စာပစ္စည်းဟူသည်မှာ မမြဲဟု ခင်လွမ်း၏မိဘက ပြောသည်။ အလုပ်အကိုင်ဟူသည်မှာ ရောင်းရေး ဝယ်တာမဟုတ်၊ အရာရှိ အရာခံဘဝတွင် အာမခံချက်ရှိသည်။ နောင်ရေးကောင်းသည်။ လူမှုဝန်းကျင် အဆင့်မြင့်ကျယ်ဝန်းသည်။ ဂုဏ်သိက္ခာရှိသည်ဟု ခင်လွမ်း၏မိဘက ပြောကြောင်းသိရသည်။ ကျွန်တော့်ကို ခင်လွမ်း အာနာနေမှန်း သိသာသည်။
“ ခင်လွမ်း ဘာပြောရမလဲ မောင် ”
တိုက်တွန်းရန် ဘာတစ်ခွန်းမျှမသင့်ဟု သဘောရသည်။
“ အချိန်တွေရှိပါသေးတယ်၊ နည်းလမ်းရှာကြံကြသေးတာပေါ့ ခင်လွမ်းရယ် ”
ခင်လွမ်းသည် စိတ်ပျံ့နေသော မျက်နှာနှင့် ရှိ၏။ “ ရာထူးတစ်ခုခုရှိမှလို့ စောစောကပြောရင် အစိုးရဝန်ထမ်းအလုပ်တစ်ခုခု မောင် ဝင်လုပ်ခဲ့ပြီးပြီပေါ့၊ ခုကျတော့ အလုပ်သမားရှာဖွေရေးရုံးကို ကတ်ပြားသွားတင်လို့ ဘယ်လာမီပါတော့မလဲ ” ဟု စိတ်ထဲကသာ သူ့ကိုပြောပြမိသည်။
“ ခင်လွမ်းရဲ့သဘောကို မောင်သိချင်ပါတယ် ”
ခင်လွမ်းသည် အချိန်အတော်ကြာသည်အထိ ငေးငေးငိုင်ငိုင်နှင့် ရှိနေသေး၏။
“ မောင်နဲ့အမြဲတမ်း အတူတူရှိနေပါတယ် မောင် ”
ရင်ကို အေးစေသောစကား။
××××××××××××××
“ အစ်ကိုတို့ဇာတ်လမ်းက ကမ္ဘာပေါ်မှာအရှည်ဆုံး မစ္စစ္စပီမြစ်ထက် ပိုရှည်မယ်။ အစ်ကို မဟာဝိဇ္ဇာအောင်ပြီးတာပဲ ၂ နှစ်။ အတူနေဖို့ဆောက်ထားတဲ့ တိုက်ကလေးမှာ ရေညှိတောင် တက်နေပြီ။ အစ်ကိုတို့မယူဖြစ်ရင်၊ အဲ… မယူဖြစ်သေးရင်လည်း အဲဒီတိုက်ကို ညီမဆေးခန်းဖွင့်ဖို့ ခဏငှားထားပေါ့နော် ” ဟု ညီမက ပြောသည်။
ကျွန်တော်သည် မည်သူက ပြောပြော၊ ဘာမျှပြန်မပြောနိုင်အောင်သာ ရှိခဲ့သည်။
“ မောင်တော့ ခင်လွမ်းကြောင့် သူများထေ့စရာ ဖြစ်ခဲ့ရပြီနော် ”
ခင်လွမ်းသည် စကားကိုသာ ပိုင်ဆိုင်တော့သောသူ ဖြစ်နေပြီလား မသိ။
“ စောင့်တာပေါ့ ”
သူ့အပြုံးသည် ကျွန်တော်ကြည့်၍ကောင်းအောင် ပြုံးသောအပြုံးဟု နားလည်နေသည်။ “ သားရေ….အိမ်ထောင်ရေးဆိုတာ သူ့အချိန်နဲ့သူနော် ” ဟု အဖေသတိပေးသည်ကို ကျွန်တော် မပြောပြဝံ့။ “ အမေတို့က အိမ်ထောင်ချပေးစေချင်တယ်ကွယ် ” ဟု အမေပြောသည်။ ပြန်မပြောချင်။
××××××××××××××
“ လက်ထပ်ရေးကို ပြည်ဖုံးကားချလိုက်ပါ ” ဟု ခင်လွမ်း စာရေးသည်။ သူ့စာကို ရပြီးသည့်နောက် ကျွန်တော် သွားတွေ့ရန် စိတ်ကူးသေးသည်။ ခင်လွမ်းကို ပုရွက်တွင်းထဲသို့ တွန်းပို့သကဲ့သို့ ဖြစ်မည်။ တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ကြခြင်းသည် အကောင်းဆုံးလမ်းဟု နာကြည်းစွာ ယူဆခဲ့သည်။
××××××××××××××
ခင်လွမ်းစေသရွေ့ ကျွန်တော် ခေါင်းညိတ်ခဲ့ရသည်။ ကြိုးစားခဲ့ရပါသည်။ ဘဝခရီးတွင် သူ မလိုက်ပါနိုင်လျက်နှင့် ဘွဲ့စကား၊ နေစရာစကား၊ အဆောင်အယောင်စကားတွေ ပြောခဲ့သည်။ ပြောသမျှအလုံးစုံကို ရအောင် ကျွန်တော် ကြိုးပမ်းခဲ့သည်။ ပင်ပန်းဆင်းရဲကြီးစွာ အရင်းအနှီးပြုခဲ့ရသည်။ မကျွေးဖြစ်သော ထမင်းဟင်းကို စားသောက်ပါရန် ခေါ်သည်မှာ ပြဿနာမရှိ၊ ထမင်းစားရန် လာသောအခါတွင် နတ်မြင်းပျံစီးကာ ရတနာကိုးပါး အခင်းအကျင်းဖြင့် လာရမည်ဟု သူဆိုသည့်အတိုင်း ကျွန်တော် အားထုတ်ခဲ့ရသည်။
သို့သော် အားလုံးမှာ အချည်းနှီး။
စာတစ်စောင် ကျွန်တော် ရေးပို့ခဲ့သည်။
……. ရပါတယ်လေ။
ခင်လွမ်းစကားတွေမှာ ကိုယ့်နားရွက်တပ်ထားမိခဲ့တာကိုး။ ဘာနဲ့တူသလဲဆိုတော့ ခင်လွမ်းရဲ့ ကျောက်ပျဉ်ကိုရွက်ပြီး ဖူးစာဆုံနိုး စောင့်ခဲ့ရတဲ့ပုံပါပဲ။ မောင် ခွင့်မလွှတ်ဘူး ခင်လွမ်း။
××××××××××××××
ဇနီး ဈေးသွား၊ ဈေးပြန်နှင့် သားသမီး ကျောင်းသွားကျောင်းပြန်အတွက် ကျွန်တော့်ကားက အသုံးဝင်နေ၏။ လေလုံမိုးလုံ အဆောက်အအုံထဲတွင် ကျွန်တော်နှင့်ဇနီး သားသမီးတွေ အေးချမ်းစွာနေရသည်။ “ ငါတို့အဖေက တက်ကတိုမှာ ဘွဲ့ရခဲ့တာ ” ဟူ၍ မပီတပီ ကြွားသော သမီးငယ်၏ ဂုဏ်ယူသောအသံ။
ကျွန်တော်သည် လွန်ခဲ့သော လေးငါးဆယ်နှစ်ကို ဖျတ်ခနဲ သတိရသည်။
×××××××××××××
ခင်လွမ်း၏ ကထိကအခန်း ကျွန်တော် မဝင်ဝံ့။ အပျိုကြီး ဒေါ်ခင်လွမ်းသည် ကျွန်တော့်သမီးကို တူမအရင်းကဲ့သို့ ခင်မှခင်ပါမည်လား မပြောတတ်။
တစ်နည်းအားဖြင့်တော့ ကျေးဇူးရှိကြောင်း ကျွန်တော် ပြောချင်နေသည်မှာ အတော်ကြာပေပြီ။ ။
ငြိမ်းကျော်
ရင်ခုန်ပွင့်မဂ္ဂဇင်း အမှတ်(၂၃)၊ သြဂုတ်လ၊ ၁၉၈၈

No comments:
Post a Comment