May 13, 2017

တေး​ရေးဆရာ၊ ကဗျာဆရာ နိုင်းနိုင်​ရဲ့ကဗျာများစုစည်းမှု(၁၁)ပုဒ်

တေး​ရေးဆရာ၊ ကဗျာဆရာ
နိုင်းနိုင်​ရဲ့ကဗျာများစုစည်းမှု(၁၁)ပုဒ်
__________________________
အိပ်​ရာဝင်​ခြင်း
____________နိုင်းနိုင်
ငါက
ပေါင်​မုန့်​ကို ဖဲ့စားတယ်​။

ငါက
မုန်​တိုင်းတစ်​ခုကို ကက်​​ကြေးနဲ့ ညှပ်​ပြီး
အင်္ကျီချုပ်​ဝတ်​တယ်​။
မုန်​တိုင်းက
ငါ့ဦး​နှောက်​ကို တစ်​စစီဆွဲဖဲ့ပစ်​လိုက်​တယ်​။

အ​မှောင်​ကို ​ကြောက်​လို့
၁၅၀၀ဝပ်​အားမီးသီးတစ်​လုံးကို
ုမြိုချပစ်​လိုက်​တယ်​။

ပြီး​တော့
ငါ့ဦး​ခေါင်းထဲက မီးခလုတ်​ကို ပိတ်​ပစ်​လိုက်​တယ်​။

နိုင်းနိုင်
***************************************

မပိုင်ဆိုင်ခဲ့သော ကမ္ဘာ
-----------------------------နိုင်းနိုင်

မင်း ဆံနွယ်ကြားမှ တိမ်တိုက်များ
မင်း မျက်ခုံးပေါ်က သက်တံ့များ
မင်း မျက်ဝန်းထဲက ကြယ်စင်များ
မင်း နှုတ်ခမ်းပေါ်က ပန်းပွင့်များ
ပိုင်ဆိုင်သူကမ္ဘာမြေရယ် ကိုယ် မဟုတ်ခဲ့ရပါ။

(၁၉၉၃)
****************************************************
ငှက်​တစ်​​ကောင်​ရဲ့​ရေပြင်​ညီ
_____________________နိုင်းနိုင်
မျဉ်းတစ်​​ပြေးစာ​နေ့စွဲများရဲ့
တစ်​ဘဝစာ အ​နှေးပြကွက်​။

ခန့်​မှန်း​တွေနဲ့သာ ကြီးထွားခဲ့ရတဲ့
အတိအကျ ဖြစ်​ခဲ့ခြင်းများ
အားလုံးဟာ
ငါ့ရဲ့အတ္တစစ်​စစ်​ဖြစ်​ခဲ့ရင်​​တောင်​မှ
ငါ့မှာ
အ​တောင်​ပံရှိလျက်​ မပျံနိုင်​ ။

*********************************************

အချစ်
-----------------နိုင်းနိုင်
အချစ်ဆိုတာ
အဆုံးမရှိတဲ့ ကျောင်းတက်ခေါင်းလောင်းသံများ။
အချစ်ဆိုတာ
ခရမ်းရောင်ပန်းကမ္ဘာစက်ဘီးကလေး။
အချစ်ဆိုတာ
အသံချိုတဲ့ အနောက်တိုင်းကျေးလက်သီချင်း။
အချစ်ဆိုတာ
ထွန်ယက်ပြီးစ မြေတစ်ကွက်။
အချစ်ဆိုတာ
ထင်းရှူးရနံ့ပါတဲ့ ချိုချဉ်လေးများ။
အချစ်ဆိုတာ စကားမပြောဖြစ်တဲ့ ခရီးသွားဖော်။
အချစ်ဆိုတာ
အသေရဲတဲ့ ကွန်မန်ဒို ။
အချစ်ဆိုတာ
စေ့စပ်ညှိနှိုင်းလို့မရတဲ့ ဆွေးနွေးပွဲ။
အချစ်ဆိုတာ
တစ်ဘ၀လုံးခွဲခွာခါနီးအထိ ဟန်ဆောင်ကောင်းကြသူများ။
နိုင်းနိုင်
***************************************************

လက်ဖက်ရည်ဆိုင်
-------------------------------နိုင်းနိုင်
နေ့စွဲတခု
နံရံပေါ်ကလျောကနဲပြုတ်ကျသွား

ပြီးရင်
စီးကရက်တလိပ်သောက်မယ်
လက်ဘက်ရည်တခွက်သောက်မယ်
ရှိပြီးသားတေးသံတွေကိုတော့
ပျောက်မသွားစေနဲ့

အဝေးကိုလွင့်သွားမှာစိုးသမို့
အထိတ်တလန့်မြို့ကြီးနဲ့
ရွာပြီးသားမိုးတိမ်အခွံတစ်ခုကိုတော့
မီးခိုးတွေနဲ့ပူးချည်ပစ်လိုက်တယ်

**********************************************
သတိရခြင်း
-------------------နိုင်းနိုင်
ငါမတောင်းဆိုပဲရလိုက်တဲ့
ငါ့ရဲ့အချိန်များထဲ
(ငါ့ကိုပြန်သောက်သွားတဲ့
ဝိုင်တပုလင်းထဲ )
ငါမစားလိုက်ရတဲ့ ရေခဲမုန့်တစ်ခု
ဖြစ်ပြီး
မင်းဟာ…
ငါမကြည့်လိုက်ရတဲ့ မှန်တစ်ချပ်ဖြစ်ခဲ့တယ်

၁၉၉၃
ရုပ်ရှင်တေးကဗျာ

***********************************************
ဖြောင့်​ချက်​_၉၃
_______________နိုင်းနိုင်
တိမ်​​တွေက
ကမ္ဘာဖျက်​မိုးကို မရွာဘူး
ကမ္ဘာသစ်​မယ့်​မိုးကို ရွာခဲ့ကြတယ်​။

ငါခိုးယူုခဲ့တဲ့တိမ်​​တိုက်​တွေ​ကြောင့်
ငါ့ကို အငြိုးမထားနဲ့
ဒေါမာန်​ပြင်းတဲ့မြစ်​​ရေ...
ငါခိုးယုခဲ့တဲ့တိမ်​​တိုက်​တွေ​ကြောင့်
ငါ့ကို အငြိုးမထားနဲ့
ပူပြင်းလှတဲ့​နေခြည်​ ။

ပန်းနု​ရောင်
အနီ​ရောင်
အဝါ​ရောင်
နေ့တစ်​​နေ့ရဲ့​ရောင်​စုံဆလိုက်​များ
လျပ်​​ရောင်​တဝင်းဝင်းနဲ့
မြို့တစ်​မြို့​ပေါ်
ထစ်​ချုန်းရွာခဲ့ပုံများ
ဥတုသုံးပါး​မှော်​ဆရာရဲ့ ပြုစားချက်​ ။

ငါ ခိုးယူခဲ့တာက
ဖြူလွလွ တိမ်​တစ်​အုပ်​မျှသာ....။
.
**************************************************
လူရွှင်တော်
--------------နိုင်းနိုင်
ကိုချစ်စရာရဲ့
လူရွှင်တော်ကြီးများစာအုပ်
ဖတ်တော့
ပျက်လုံးတွေက
ရယ်ရတယ်
ဘဝတွေဟာ
ငိုရတယ်
ဘာထူးလို့လဲ
ငါတို့လည်း
ရယ်စရာစကားတွေပြောရင်း
ငိုခဲ့ရတဲ့ဘဝတွေ ။
.
**************************************
စပ်မိစပ်ရာ ငါ့ကဗျာ
------------------------------နိုင်းနိုင်

နာရီလက်တံတွေ ရပ်သွားမှ
သူ့ နှုတ်ခမ်းကြားက ရေတံခွန်လို တိုးထွက်လာတယ်
စကားက နှစ်ခွန်းထဲ

" ရှင် နကောင်းရဲ့လား"
"ကိုယ့် ဒုက္ခကိုယ် မရှာချင်ပါတော့နဲ့"

ငါ့အတွက်
တစ်ဘဝစာလုံလောက်ပါတယ်

*******************************************
ကဗျာ
----------------နိုင်းနိုင်
တစ်ညလုံးပါပဲ
လဝန်းလေးကို
စကားလုံးတွေနဲ့ မျှားယူဖို့ ကြိုးစားခဲ့သူ
မိုးလင်းတော့
ချိတ်မှာမိနေတာ……
သူ ကိုယ်တိုင်ပေါ့  ။

*****************************************
အန်စာတုံး
-----------------နိုင်းနိုင်

ကျူ ဗစ်ကစားနည်းတစ်ခုလို
ညှိယူဖို့ ကလည်း
အချိန် မရှိတော့ပါဘူးတဲ့။
လူတစ်ချို့ အတွက်သာပဲ
သူ့ ခန္ဓာတစ်ခုလုံး
ဒလိမ့်ခေါက်ကွေးလဲပြိုခဲ့ရ
သူ့ ကိုယ်ပေါ်ကဂဏန်းတွေ
ပြန်ဖတ်ဖို့ တော့ သူ့ မှာ
မျကစိမပါခဲ့ သူ့ မှာမျက်စိမပါကြောင်း
ပြောပြဖို့ လည်းသူ့ မှာပါးစပ်မပါခဲ့ ။ ။
.
နိုင်းနိုင်

No comments:

Post a Comment