May 25, 2018

မျက်စိ Power စာရွက်ကို ဘယ်လိုဖတ်မလဲ

👀 မျက်စိ Power စာရွက်ကို ဘယ်လိုဖတ်မလဲ 👓

ဒီတစ်ပတ်အတွက် ဗဟုသုတ်ဖြစ်ဖွယ် တင်ပေးချင်တာလေးကတော့ မျက်စိဆရာဝန်တွေက ဆေးခန်းတွေကပေးတဲ့ ဆေးစာ (Eye Power Prescription) ကို ဘယ်လိုဖတ်မလဲဆိုတာပါ။ 👩🏻‍⚕️👨🏻‍⚕️📝

💢 What is OD & OS? 👀
အခြေခံအနေနဲ့ အရင်ဆုံးသိရမှာရတော့ prescription မှာပါတဲ့ OD တို့ OS တို့ဆိုတာဘာလဲပါ။ OD တို့ OS တို့ဆိုတာ မျက်စိဘယ်/ညာကို Latin ဘာသာစကားနဲ့ abbreviation ယူထားတာပါ။ ရှင်းပြရမယ်ဆိုရင်တော့
➡️OD: oculus dexter:  ညာမျက်စိ
➡️OS: oculus sinister: ဘယ်မျက်စိ ပါ။

တစ်ခါတစ်လေ Prescription မှာ OU ဆိုတာပါတတ်ပါတယ်။ OU ဆိုတာက
➡️OU: oculus uterque: မျက်စိနှစ်ဖက်လုံး လို့
အဓိပ္ပာယ်ရပါတယ်။

တစ်ချို့ဆေးခန်းတွေကျတော့လည်း Latin ဘာသာစကားနဲ့မရေးတော့ဘဲ နားလည်ရလွယ်အောင် ဘယ်မျက်လုံး/ညာမျက်လုံး ဆိုပြီးရေးကြတာလည်းရှိပါတယ်။ 📄🖊

💢 အခြားသော အရေးကြီးတဲ့ Terminology များ

1️⃣ SPH: Sphere: မျက်စိပါဝါ 🧐
Sphere ဆိုတာတော့ မျက်စိပါဝါကိုပြောတာပါ။ မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ ဒီနံပါတ်ရဲ့လက္ခဏာက "-“ အနုတ်ဆိုရင် အဝေးမှုန်ဖြစ်ပြီး "+" အပေါင်းဆိုရင်တော့ အနီးမှုန်ဖြစ်ပါတယ်။
(Note: လူငယ်တွေတော်တော်များများက အဝေးမှုန်ဖြစ်ကြပြီး လူကြီးတွေကတော့ အနီးမှုန်ဖြစ်တတ်ကြပါတယ်။)

2️⃣ CYL: Cylinder: စလင်ဒါ 👁🔍
ဒါကတော့ မျက်စိစလင်ဒါပါဝါ (Astigmatism Power) ပါ။ သူ့ကိုလည်း Diopter Unit နဲ့တိုင်းပါတယ်။ သူ့ရဲ့ "+/-" လက္ခဏာဖတ်တဲ့နည်းက အပေါ်က SPH နဲ့တူတူပါပဲ။

3️⃣ AXIS 🤓📐
Axis ဆိုတာက Cylinder Power ရှိတဲ့ Angle Degree ပါ။ ဒါကတော့ Cylinder Power ရှိတဲ့သူတွေ မျက်မှန်လုပ်တဲ့အခါမှာ အသုံးပြုရတာပါ။

4️⃣ ADD  👵🏻❤️🧓🏻
ADD ဆိုတာကျတော့ "အဝေးလဲမှုန် အနီးလဲမှုန်တဲ့သူတွေ" အတွက်လိုအပ်တာပါ။ ဒီလို condition က အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။
(ဥပမာပေးရရင် ... ငယ်ငယ်တုန်းက မျက်မှန်တပ်တဲ့ဆရာမတွေကို 👩🏻‍🏫 ကိုယ်ကစာသွားပြရင် မျက်မှန်အပေါ်ဘောင်ကနေ မျက်စောင်းကြီးနဲ့ ကိုယ့်ကိုကြည့်တာ မမြင်ရလို့ အနားတိုးပြီးပြခိုင်းတာ မှတ်မိတယ်ဟုတ်? 😜 အဲ့ဒီလိုအခြေအနေမျိုးပါ။ 😝)

📍မျက်မှန်ပါဝါတိုင်းတာ ဒါ့အပြင် တစ်ခြားသော parameters တွေလည်းရှိပါတယ်။ ဒါပေမယ့် Consumer General Knowledge အနေနဲ့ဆိုရင် ဒါလေးတွေကပဲ အသုံးများပြီး အရေးကြီးတာမို့လို့ ဆက်တော်မရေးပေးတော့ပါဘူး။ 😊

IMPORTANT THINGS TO TAKE NOTE:

❗️ Eyeglass Prescription Is Not Contact Lens Prescription
မျက်မှန်ပါဝါနဲ့ မျက်ကပ်မှန်ပါဝါမတူပါဘူး။ ❌
ဒါပေမယ့် မျက်မှန်ပါဝါကို အသုံးပြုပြီး မျက်ကပ်မှန်ပါဝါကို ယေဘူယျအားဖြင့် တွက်လို့ရပါတယ်။ ရှင်းပြရရင်...
မျက်မှန်က မျက်စိရှေ့ 1.2 centimetres လောက်မှာတပ်တာ။ မျက်ကပ်မှန်ကျတော့ မျက်စိအပေါ်ယံလွှာမှာတပ်ရတာမို့လို့ မျက်မှန်ပါဝါကို လျှော့တပ်ရပါတယ်။

🔆 မျက်မှန်ပါဝါ ၅၀၀ အောက်ဆိုရင် မျက်မှန်ပါဝါကို ၂၅ လျှော့ရင် မျက်ကပ်မှန်ပါဝါရပါတယ်။
♨️ ဥပမာ: မျက်မှန်ပါဝါက (၁၂၅) ဆိုရင် ၂၅ လျှော့တော့ ဝယ်ရမယ့် မျက်ကပ်မှန်ပါဝါ (၁၀၀) ပါ။

🔆 မျက်မှန်ပါဝါ ၅၀၀ အထက်ဆိုရင် မျက်မှန်ပါဝါကို ၅၀ လျှော့ရင် မျက်ကပ်မှန်ပါဝါရပါတယ်။
♨️ ဥပမာ: မျက်မှန်ပါဝါက (၆၅၀) ဆိုရင် ၅၀ လျှော့တော့ ဝယ်ရမယ့် မျက်ကပ်မှန်ပါဝါ (၆၀၀) ပါ။

📍မျက်ကပ်မှန်တပ်မယ်ဆိုရင် ပါဝါအပြင် တစ်ခြားဂရုစိုက်စရာ factor လေးတွေ (e.g: Cylinder Power, Fitting) လည်းရှိပါတယ်။ ဒါတွေကတော့ နောက်တစ်ပတ်ထဲမှာ article အသစ်တွေနဲ့ ဆက်လက်တင်ဆက်ပေးသွားပါမယ်။ Article အသစ်တွေ Launch ပြီးရင် ဒီ Post ရဲ့ Comment မှာ Link လေးတွေ တင်ပေးသွားပါမယ်။ 😘❤️

Yupar Vision က GEO Medical Brand မျက်ကပ်မှန်တွေဝယ်မယ်ဆိုရင်တော့ ဒီ link မှာကြည့်လို့ရပါတယ်
https://www.facebook.com/yuparvision/posts/1370647796445488 🦋🦋🦋

🎀 အားလုံးပဲ Yupar Vision ရဲ့ General Knowledge Session က Post လေးတွေဖတ်ပြီး လက်တွေ့အသုံးချနိုင်မယ့် ဗဟုသုတတွေရမယ်လို့မျှော်လင့်လျှက်~

XOXO,
Yupar Vision

No comments:

Post a Comment