Jun 5, 2018

စက္ကူပန်းနံ့

စက္ကူပန်းနံ့
____________  ဝင်းမြင့်

ရည်မှန်းချက် တဲ့
လမ်းပေါ်မှာ တက်နင်းမိတဲ့ငှက်ပျောခွံပဲ   ။

မြို့က
သူ့ကို အလွန်အကျူးဖွဲ့ဆိုဘူးတယ်   ။

လမ်းလည်း ဒီနှစ်
ရေထပ်မြုပ်တယ်   ။

လူသံတိတ်မှထွက်ရတဲ့ကြယ်ကလေးမှာလည်း
ချိုင်းထောက်တစ်ချောင်းအပိုပါတယ်
လိပ်ပြာတစ်ကောင်က စာပေးစာယူလုပ်တယ်  ။

ဒိုင်ယာရီထဲမှာ
သောကအကြောင်း မပြောပြချင်လို့ စာရွက်လွတ်ထားခဲ့တယ်။

ဝင်းမြင့်
၃  ၆  ၂၀၁၈

No comments:

Post a Comment