စက္ကူပန်းနံ့
____________ ဝင်းမြင့်
ရည်မှန်းချက် တဲ့
လမ်းပေါ်မှာ တက်နင်းမိတဲ့ငှက်ပျောခွံပဲ ။
မြို့က
သူ့ကို အလွန်အကျူးဖွဲ့ဆိုဘူးတယ် ။
လမ်းလည်း ဒီနှစ်
ရေထပ်မြုပ်တယ် ။
လူသံတိတ်မှထွက်ရတဲ့ကြယ်ကလေးမှာလည်း
ချိုင်းထောက်တစ်ချောင်းအပိုပါတယ်
လိပ်ပြာတစ်ကောင်က စာပေးစာယူလုပ်တယ် ။
ဒိုင်ယာရီထဲမှာ
သောကအကြောင်း မပြောပြချင်လို့ စာရွက်လွတ်ထားခဲ့တယ်။
ဝင်းမြင့်
၃ ၆ ၂၀၁၈
No comments:
Post a Comment