(အပိုင်း ၂ ဇာတ်သိမ်း)
"မင်းပုံတွေက သေနေတယ်"
မိန်းကလေးက မျက်လုံးလှန်ကြည့်သည်။
“
အိုး..မဖြစ်နိုင်တာ၊ ဒီထဲမှာ ကျွန်မ အစွမ်း ကုန် ပြုံးရယ်ထားတာပဲ””
“
မဆိုင်ဘူး၊ ဒါတွေက ဓာတ်ပုံရိုက်မယ်မှန်းသိလို့ ဖျစ်ညှစ်ရယ်ပြထားတဲ့ အပြုံးတွေ၊ ဆိုလို တာက.. ရယ်နေတဲ့ အပြုံးပဲဖြစ်ရမှာ၊ ခုလို ရယ်ပြ ထားတဲ့ အပြုံးမျိုးမဖြစ်ရဘူး”
မိန်းကလေးပြည့်ပြည့်က သဘောပေါက်ဟန် ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။
“
ဟိုဘက်မှာ ရေချိုးခန်း၊ မျက်နှာသွားသစ်လိုက်ပါဦး"
မိန်းကလေးက ပါးပြင်ကိုလက်နှစ်ဖက်ဖြင့် တို့ထိကာ "
သေသေ ချာချာ အလှပြင်လာခဲ့တာ.." ဟု နှမြောပုံဖြင့် တုံ့ဆိုင်းဆိုင်းပြောသည်။ နောက် ထပ်စကားတစ်ခွန်းမဆိုဘဲ လက်ပိုက်ထိုင်နေ သည့် ခေတ်ငြိမ်းခန့်ကို ကြည့်ရင်း ပခုံးတွန့်ကာ မိန်းကလေးက ထသွားသည်။
မျက်နှာဗြောင်နှင့် ရောက်လာသော မိန်းက လေးကို ခပ်မြင့်မြင့် ဆုံလည်ထိုင်ခုံတစ်လုံး ဆွဲယူ ကာ ထိုင်ခိုင်းလိုက်သည်။
“
ကျွန်မက အလှပုံရိုက်မယ် စိတ်ကူးထားတာ”
“
ဘာလုပ်မှာလဲ... အလှပုံ။ ကွန်ပျူတာ ဂရပ် ဖစ်ဒီဇိုင်းနဲ့ လိုချင်သလို ဖန်တီးယူနိုင်တဲ့ ခေတ်ကြီးမှာ အလှပုံလိုချင်ရင် အားလုံး ပြုပြင်ဖန် တီး လိုက်ရုံပဲပေါ့။ ဘက်ဂရောင်းတွေလည်း ဂရု စိုက် စရာမလိုဘူး။ မင်းကို အီဖဲလ်မျှော်စင်ပေါ် ပစ်တင်ပေးလိုက်လို့ရတယ်။ အမေရိကကို မင်း နောက် ကျောဆီ ပို့ပစ်လို့ရတယ်။ ဘက်ခမ်းတို့၊ ရော်နယ်ဒိုတို့နဲ့ လက်ချင်းချိတ်ချင်လား၊ သိပ်ရ တာ ပဲ။ အဲ..ဘယ်လိုမှ ဘာမှ ပြုပြင်ဖန်တီးယူလို့ မရတာ တစ်ခုပဲရှိတယ်။ လူမျက်နှာ၊ လူမျက်နှာ ပေါ်က အရိပ်အကဲတွေ၊ ခံစားမှုတွေ...တို့က ဒါ တွေ ကိုပဲ အဓိကထား ရိုက်ချင်တာ””
မိန်းကလေးက စော ဒက မတက်ရှာတော့ ခေတ်ငြိမ်းခန့် ပြောသည့်အတိုင်း လိုက်နာ တော့ သည်။ စိတ်အတွင်းကတော့ မော်ဒယ်လ်မ လေး များ လို လှလှပပပြင်ဆင်ကာ အမိဆုံး အမိုက်ဆုံး စတိုင်လ်များသရုပ်ပြရန် စိတ်ကူးကောင်း စိတ် ကူးနေပါလိမ့်မည်။
ကင်မရာကို အသင့်အနေအထား ချိန်ရွယ် ထား လိုက်သည်။
“
မင်းနဲ့ သူနဲ့ ဘယ်လိုစတွေ့တာလဲ”
မိန်းကလေးက ရှက်စနိုးပြုံးကာ လက်နှစ် ဖက် ကို ဖွဖွလိမ်ယှက်လျက် စဉ်းစားဟန်ပြုသည်။
“
အင်း..လွန်ခဲ့တဲ့သုံးနှစ်က ...”
ချပ်ခနဲအသံကြောင့် မိန်းကလေးက ကင်မ ရာ ဆီတစ်ချက်လှည့်ကာ တုံ့ခနဲဖြစ် သွားသည်။
“
ဆက်ပြောပါဦး...စတွေ့ကြစဉ်က ပတ်ဝန်း ကျင် အနေအထား အမှတ်တရ မြင်ကွင်း လေး တွေ ...”
“
စတွေ့တုန်းက ပတ်သ်က ပင်လယ် ကမ်း ခြေ မှာ ၊ ကျွန်မက ကျွန်မအချစ်တော် ခွေးလေး လေဒီယာနဲ့ လမ်းလျှောက်နေတုန်း၊ ဗြုန်းဆို ကြိုး က လွတ်ထွက်သွားပြီး လေဒီယာက ထွက်ပြေးပါ လေရော၊ အဲဒီမှာ လေဒီယာပေါ့၊ ကိုကို့ ခြေ ထောက် အောက် သူ့ဘာသာ တိုးဝင်မိပြီး အလန့် တကြားနဲ့ ကိုကို့ဘောင်းဘီ အောက်နားစ ကို အ တင်း ဆွဲကိုက်ထားတာ၊ အဲဒါ ကိုကိုက စိတ်မဆိုး တဲ့အပြင် ဟေ့ဟေ့ ဟေ့ကောင် မင်းငါ့ ကို မမှတ်မိ ဘူးလား၊ ငါ အံ့ဘုန်းမြတ် လေ၊ မြန်မာပြည်က လေ...ဆိုပြီး လေဒီယာကို မိတ်ဆက်ပြီး စကား တွေပြောတာ၊ တကယ်ပဲ အသိမိတ်ဆွေ လူတစ် ယောက်နဲ့တွေ့တဲ့အတိုင်းပဲ၊ ခပ်တည်တည် နဲ့ သူ့ ပုံစံ က၊ ဒီတော့ ကျွန်မက ရယ်မိတော့တာပေါ့....”
အစပိုင်းမှာ ကင်မရာဆီက ချပ်ခနဲမြည်တိုင်း မိန်းကလေးက ပြောလက်စ စကား တုံ့ခနဲ ဖြစ် သွားကာ ယောင်ယမ်း လှည့်ကြည့်နေသေးသည်။ ခေတ်ငြိမ်းခန့်က တစ်ခွန်းမေးလိုက် မိန်း ကလေး က ကြည်နူးရွှင်ပျစွာ ပြောပြလိုက်နှင့် ။တဖြည်း ဖြည်း နှင့် မိမိ ကင်မရာရှေ့မှာ ရောက်နေသည်ကို မိန်းကလေး မေ့လျော့သွားပုံ ရသည်။ သူ့အား ဓာတ်ပုံ တဖျပ်ဖျပ်ရိုက်ယူနေသည်ကို သိပင်မသိ တော့။ သူတို့နှစ်ဦး၏ အချစ်ကာလအစကနဦး ပုံရိပ်များကို မြင်ယောင် ခံစားကာ ချစ်ရည်ရွှန်း လက် နေသည့် မျက်ဝန်းများဖြင့် ဖွင့်ဟ ပြောပြနေ တော့သည်။ ခေတ်ငြိမ်းခန့် လိုချင်သည်က ဒါပဲ လေ။ မိန်းမပျိုလေးတစ်ဦး၏ ရှက်ရွံ့၊ ကြည်နူး၊ ရင်ခုန်၊ အနှောင်အဖွဲ့ကင်းကင်း လွတ်လပ်ပျော် ရွှင်နေသည့် အမူအရာစစ်စစ်များကို ဘက် ပေါင်း စုံ ကနေ အမိအရ ရိုက်ယူ နိုင်ခဲ့သည်။
အပြင်ကပြန်ရောက်နေသည့် မြင့်ဇော်သည် ပြည့်ပြည့်ဆိုသည့် မိန်းကလေးနှင့် ခေတ်ငြိမ်းခန့် တို့၏ ရိုက်ကွင်းကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေခဲ့ သည်။ "
ခံစားမှုမျက်နှာများ"ဓာတ်ပုံပြပွဲမှာ တင်ပြ ရန် ရည်ရွယ်ရိုက်နေသည့်အလား ပုံများက လှပ ကောင်းမွန်နေမှာ သေချာသည်။
xxxxx
မိမိထင်မိသလိုမဟုတ်ဘဲ ရိုးသားစွာ လှပ နေသည့် မိန်းကလေး၏အချစ်ဇာတ်လမ်းကို ပြန် တွေးကာ ခေတ်ငြိမ်းခန့် မုဒိတာ ပွားနိုင်ပါသည်။ သို့သော် “ဘာလို့ အိပ်မပျော်နိုင် ဖြစ်ရတာပါလိမ့် ” ဟုမစဉ်းစားတတ်။ဖုန်းမြည်သံကြားသည်။ ည ကြီး မိုးချုပ် ဇော်တစ်ယောက် ဘာအကြောင်းရှိ ပါလိမ့် ဟုတွေးကာ ကောက် ကိုင်လိုက်ပြီးမှ မိမိ မရင်းနှီးသည့် နံပါတ်အသစ်တစ်ခုကို မြင်ရလျှင် ခေတ်ငြိမ်းခန့် တွေသွားသည်။
ဇဝေဇ၀ါဖြင့်ထူးသံပြုလျှင် ယောက်ျားတစ်ဦး ၏အသံကို မထင်မှတ်စွာကြားလိုက်ရသည်။
“
ငြိမ်း .. ကိုယ်ပါ”
ဘာဖြစ်လို့ ဆက်ရတာလဲ၊ ဘာဆိုင်တော့ လို့လဲ မကျေနပ်စိတ်များ ရုန်းကြွကာ ဖုန်းကို ခေါက်ခနဲ ပြန်ပိတ်လိုက်သည်။ နောက်တစ်ကြိမ် ထပ်မြည်သည်။ ရှောင်လွှဲနေရုံနှင့် မပြီးနိုင်၊ ရင် ဆိုင်ရမည်။
“
ဘာကိစ်္စပါလိမ့်”
“
အကြောင်းမဲ့ အဆက်ဖြတ်မိခဲ့တဲ့အတွက် တောင်းပန်ချင်လို့ပါ”
“-----”
ခေတ်ငြိမ်းခန့် ငြိမ်နေသည်။ မိမိမှာ ပြောစရာ စကားလုံးမရှိပါ။
“
အဲဒီတုန်းက ကိုယ် အီးမေးလ်တွေ အဆက် မပြတ် ပို့ခဲ့ပါသေးတယ်။ ငြိမ်းက နောက်ပိုင်းမှာ ဘာမှ ပြန်မလာတော့ဘူး”
ကျွန်မက အီးမေးလ်နေ့တိုင်းစစ်ပြီး နေ့တိုင်း စာပြန်ပို့နိုင်လောက်တဲ့ အချိန်အားမှမရှိတာ၊ အဲဒီ တုန်းက နာရီမိနစ်တိုင်း ကျွန်မမှာ အရေးတကြီး ရုန်းကန်နေခဲ့ရတာ။ မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားလို့ အားကိုးရာမဲ့ချိန်မှာ၊ ချောက်တိ ချောက်ချက် ဓာတ်ပုံဆိုင်ခန်းကျဉ်း လေးထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်တွေ မပျက်ပြားမိစေ ရအောင်၊ လမ်းကြောင်းမှန်မှန် ထိန်းချုပ်ထူမတ် နိုင်အောင် အလူးအလိမ့် ရုန်းကန်နေခဲ့ရ တာ လေ။
သည် စကားများကို ထုတ်ပြောရန် မလိုတော့ပါ။
“
ရှင်ရွေးထားတဲ့ လမ်းခရီးကို ရှင့်ဘာသာ ဆက်လျှောက်ပါ။ ကျွန်မမှာလည်း ရွေးချယ်ပြီးသား လမ်းကြောင်းရှိနေပြီ၊ နောင်ကို ဘယ်တော့မှ ကျွန်မဆီ ဖုန်းမဆက်ပါနဲ့”
xxxxx
ပန်းချီဆေးခြယ်သကဲ့သို့ မိတ်ကပ်ထူထူ၊ အရောင်တောက်တောက်များဖြင့် မျက်နှာတစ်ပြင်လုံး ကို ဒီဇိုင်းဖော်ကာ အလှပဆုံး ခြယ်သပြင် ဆင်ထားသည့် မိန်းကလေးကို ခေတ်ငြိမ်းခန့် အိမ်ထဲဝင်ရန် မဖိတ်ခေါ်မိပါ။ မိန်းကလေးက စတူ ဒီယိုအတွင်းခန်းထဲထိ သူ့ဘာသာ ကြော့ ကြော့ကလေး လျှောက်ဝင်သွားသည်။
မနေ့က ဆုံလည်ခုံမှာ သူ့ဘာသာ ၀င်ထိုင်လိုက်သည့်မိန်းကလေးကို ခေတ်ငြိမ်းခန့် အံ့အားသင့်လျက် ငေးသာ ကြည့်နေမိသည်။
“
ဘယ်လိုလဲ ကျွန်မကို ဓာတ်ပုံရိုက်ဖို့ ရှင် အဆင်သင့်ဖြစ်ရဲ့လား”
သူ့ကိုပဲ ထိတ်လန့်ကာ တုန်လှုပ်ချောက်ချား နေရတော့မည့်ပုံ။ မာနကို လှုပ်နိုးလိုက်သည့် စိန် ခေါ် စကားလုံးများ။
“
ဒါက တို့မေးရမှာ၊ တို့က ဓာတ်ပုံဆရာ၊ ဘယ်သူ့ အတွက်မဆို အချိန်မရွေးရယ်ဒီပဲ။ အခု ရိုက်ချင် အခုရတယ်”
ပြောပြော ဆိုဆို ကင်မရာကို တည်ငြိမ်စွာ ကောက်ယူလိုက်ကာ ချက်ချင်းပင် တစ်ပုံ ရိုက်ယူ လိုက်သည်။ ပြင်ဆင်ထားသည့် မိတ်ကပ်ဒီဇိုင်း ဆန်းများက လန်းဆန်းလှပပြီး စိတ်ဓာတ် တက် ကြွဖွယ်ရာ။ မိန်းကလေး၏ မျက်နှာရိပ်က လန်း ဆန်း မှုမရှိ၊ သောကဗရပွ ပေကျံစွန်းထင်းနေခဲ့သည်။
“
ကျွန်မ မနေ့ညက အားလုံးသိပြီးခဲ့ပြီ”
မိန်းကလေးက သူ့ဘာသာပြောကာ သူဘာ သာ သိသာစွာ မျက်နှာပျက်ယွင်း နေခဲ့သည်။ ခေတ်ငြိမ်းခန့် စိတ်မကောင်းပါ။ သို့သော် မိမိ အလုပ်က ကူးစက်ခံစားဖို့မဟုတ်၊ ခံစားချက်ကို မိမိရရဖော်ထုတ်ရိုက်ယူနိုင်ဖို့။ မိမိကိုယ်မိမိ အလုပ်လုပ်နေသည်ဟု နှလုံးသွင်းလိုက်သည်။ မိတ်ကပ်ဒီဇိုင်းအဆန်းအပြားများဖြင့် ပြင်ဆင် ခြယ်သထားသည့် မျက်နှာလေးက မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးများရှုံးလောက်အောင် လှလွန်းနေသည်။ လှပစွာရယ်မော ပျော်ရွှင်နေခြင်းသည် ဘာများ ထူးခြားအံ့နည်း။ ယခုမူ လှပစွာ ခြယ်သထားသည့် မျက်နှာပြင် ထက် တရိပ်ရိပ်တက်လာမည့် ကြေကွဲမှုပုံရိပ် များကို အမိအရဖမ်းယူနိုင်တော့မည်။ ဆန့်ကျင် ဘက် သဘောတရား။ အလှမျက်နှာပေါ်က ကြေ ကွဲမှု ပုံရိပ်။ သည့်ထက် ကောင်းသည့် မျက်နှာ မရှိတော့။ လိုချင်သည့် ပုံများရပြီမို့ တဖျပ်ဖျပ် တချပ်ချပ်နှင့် အသက်မရှူတမ်း ရိုက်ယူနေမိ သည်။ မိန်းကလေးသည် မိမိပုံကို ပေါ့ပါးဖျတ် လတ်စွာ ရိုက်ယူနေသည့် ဓာတ်ပုံဆရာမကိုကြည့် ကာ တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။ အလကား သက်သက် ဟန်ဆောင်နေတာ...။ ဟန် ဆောင် နိုင်မှာပေါ့ သူက အနိုင်ရနေတာကိုး။
“
အခု ကျွန်မရင်ထဲမှာ ဘာတွေဖြစ်နေတယ် ဆိုတာ ရှင်သိလား...”
“
ဟုတ်လား၊ ဘာတွေဖြစ်နေလဲ၊ ပြောပါဦး”
ဟုဆိုကာ ချပ်ခနဲရိုက်လိုက်ပြန်သည်။ မိန်းက လေး စိတ်ဆိုးသွားပုံရသည်။
“
ကိုကိုက ကျွန်မတို့လက်ထပ်ပွဲကို ဖျက် သိမ်း မယ်တဲ့။ ရှင့်ကို သနားတယ်တဲ့၊ ရှင့်အပေါ် မှားခဲ့တဲ့အမှားတွေအတွက် ၀န်ချတောင်းပန်ပြီး ရှင့်ဘ၀ကို စောင့်ရှောက်သွားမယ်တဲ့”
မျက်ရည်များက မိန်းကလေး၏ ပါးပြင်ပေါ် က မိတ်ကပ်များကို တိုက်စားသွားကြသည်။ ခေတ်ငြိမ်းခန့်အတွက် အင်မတန် ထူးခြား ကောင်းမွန်လှသည့် ဓာတ်ပုံတစ်ပုံ ထပ်ရလိုက်ပြန်သည်။
တည်ငြိမ်စွာ တစ်ပုံချင်းရိုက်ယူနေသည့် ဓာတ်ပုံ ဆရာမကိုကြည့်ကာ မိန်းကလေး၏စိတ်များ ဗရမ်း ဗတာဖြစ်လာသည်။
“
ကိုကိုနဲ့ပတ်သက်တဲ့ ရှင့်ရဲ့လက်ရှိခံစားမှုကို ကျွန်မ သိပ်သိချင်နေတယ်၊ အဲဒါကို ကျွန်မ သိရမှ ဖြစ်မယ်
အပြင်အခန်းမှာ ရောက်နေသည်မှာ ကြာပြီ ဖြစ်သော မြင့်ဇော်သည် ထိုစကားကိုကြားလျှင် မနေနိုင်တော့ဘဲ စတူဒီယိုခန်းအတွင်း သုတ်ခနဲ ပြေး ၀င်လာသည် ။
သူ့ကိုမြင်လျှင် ခေတ်ငြိမ်းခင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ပြီး ချက်ချင်းပင် တည်ငြိမ်ဟန်ပြုသည်။
“
အို ..အတော်ပဲ…ဇော်…ဒီကိုလာပါဦး မိတ်ဆက်ပေးရအောင်…လို့…ဒါက ကျွန်မနဲ့အခုဒီဇင်ဘာမှာ လက်ထပ်မယ့်သူ…ကျွန်မလိုပဲ ဓာတ်ပုံသမားပဲ…”
အောက်မေးရိုးများပြုတ်ကျသွားသလားအောက်မေ့ရလောက်အောင် မိတ်ဆက်ပေးပုံက ရှင်းလှသည်။
ဝင်းခနဲ လက်ခနဲ မျက်နှာမှာဖြတ်ပြေးသွားတယ်။ ပျော်ရွှင်မြူးထူးဟန်က ထိန်းမနိုင်သိမ်းမရ။
ပြည့်ပြည့်ပြန်သွားလျှင် ပြန်သွားချင်း ခေတ်ငြိမ်းသည် ရုတ်တရက် မြင့်ဇော်ဘက်လှည့်ကာ မျက်လုံးများကို တည့်တည့်ကြည့်လျက် `ဆောရီးပါဇော်` ဟုဆိုသည်။
“
ကျွန်တော်က တကယ်ဖြစ်ချင်နေတာပါ ငြိမ်း”
ထိုသို့ဆိုရင်း စူးစိုက်ကြည့်လာသည့် မြင့်ဇော်၏အကြည့်တို့ကို ခေတ်ငြိမ်းခင် ရင်ဆိုင်မကြည့်ရဲခဲ့ပါ။ ခေတ်ငြိမ်းခင်သည် ပြတင်းတံခါးဆီသို့ မျက်နှာမူကာ သွားရပ်နေသည်။ အတန်ကြာ ငိုင်တွေရပ်နေရင်းက…ရုတ်တရက် မြင့်ဇော်ဘက်သို့ လှည့်ြ့ကည့်လာသည်။ မျက်ရည်တွေ တွေတွေကျလျက်…………..။
မြင့်ဇော်သည် ရုတ်တရက် လှစ်ခနဲ အခန်းတွင်းမှထထွက်သွားသည်။ ခေတ်ငြိမ်းခင် သည် မြင့်ဇော်၏ကျောပြင်ကို ငိုင်တွေ့လိုက်ကြည့်ရင်းက အသက်ရှူကျပ်လာသည်။ မြင့်ဇော်ပြန်ဝင်လာတော့ လက်ထဲ ကင်မရာခပ်ရွံယ်ရွယ်တစ်လုံးပါလာသည်။ ခေတ်ငြိမ်းခင်မျက်လုံးပြူးသွားသည်။ သို့သော်အလှည့်ကျ မနွဲ့စတမ်းပေါ့။
“
ခင်ဗျား အဲဒီလူနဲ့ဘယ်တုန်းက စသိတာလဲ”
“
ဒီလိုပါပဲ.. တိတိကျကျမမှတ်မိတော့ဘူး”
“
ညာတယ် ခင်ဗျားညာတယ်…ကျွန်တော့်ကိုညာချင်ညာ…ကင်မရာကို မညာနဲ့….ခင်ဗျားကို ဒီမှာကင်မရာချိန်ထားတယ် ငြိမ်း”
စကာတစ်လုံးချင်းစီမှာ ဓာတ်ပုံရိုက်ချက် တစ်ချက်စီ ရှိနေသည်။ခေတ်ငြိမ်းခင်က ငိုသည်၊ ငိုရင်းပြောသည်။ ပြောရင်းငိုသည်။ မြင့်ဇော်က ငိုကြွေံးသည့်မျက်နှာကို ဓာတ်ပုံများစွာ ရိုက်ယူနေသည်။
ငိုနေတာတောင် တော်တော်လှတဲ့အမျိုသမီး..။
“
ငြိမ်း…”
ဓာတ်ပုံရိုက်နေရာက မြင့်ဇော်နှုတ်ခမ်းတွေ တလှုပ်လှုပ်ဖြစ်လာသည်။
“
ခင်ဗျားသူ့ကို ချစ်တုန်းပဲလား”
ရုတ်ခြည်းပင် မျက်လုံးရွဲကြီးတွေ ပြူးစက်ဝိုင်းကျယ်သွားသည်။ ဒီပုံကို မြင့်ဇော် အမိအရ ရိုက်ယူလိုက်သည်။
“
တံတားအောက်က ရေတွေလိုပါပဲ….ပျောက်ဆုံးသွားပြီ…ဇော်”
မြင့်ဇော်ကျေနပ်စွာပြုံးမိသွားသည်။

Xxxx
လူမျက်နှာတွေကိုချည်း ပြသသည့် ဓာတ်ပုံအခင်းအကျင်းတစ်ခု ယနေ့စတင်ဖွင့်လှစ်လိုက်သည်။ ဓာတ်ပုံပညာရှင် အယောက် ၃၀၏လက်ရာမျးကို ပြသထားသည်။ မြင့်ဇော်၏လက်ရာ၊ အံ့သြနေသော မိန်းကလေး(၁) နှင့် (၂) ဓာတ်ပုံကားချပ်ရှေ့မှာ လူတွေ ကျိတ်ကျိတ်တိုးကာ ရုတ်ရုတ်သဲသဲ ကြည့်နေကြသည်။ ဒီပုံတွေ ရအောင် ဘယ်လိုရိုက်ယူသလဲ ဟု ပြပွဲလာ သတင်းထောက်တွေက မေးလာကြလျှင် မြင့်ဇော် ဖြေကြားပေးဖို့ အသင့်ဖြစ်နေပါသည်။
“
ဘယ်လိုရိုက်ယူသလဲဆိုတော့ အံ့သြအောင်လုပ်လိုက်ပြီး ဖျတ်ခနဲရိုက်လိုက်တာပါပဲ။ ကျွန်တော်က လူတစ်မျိုး၊ ဓာတ်ပုံရိုက်တဲ့အခါ အဖြစ်အပျက်၊ ပတ်ဝန်းကျင်သဘာဝတရားနဲ့ အလှအပ ဆိုတာတွေထက် ခံစားချက်အစစ်အမှန်နဲ့လူမျက်နှာတွေကို ပိုလိုလားတာ၊ အံ့သြနေတဲ့မိန်းမတစ်ယာက်ပုံ ကိုလိုချင်ရင် သူ့ကို အရင်အံ့သြအောင် လုပ်လိုက်ရတယ်ဗျ။ ပျော်နေတဲ့မိန်းမတစ်ယောက်ပုံလိုချင်ရင် သူ့ကို အရင်ပျော်ပါစေလား…… ၊ ငိုနေတဲ့မိန်းမတစ်ယောက်ပုံလိုချင်ရင်………အဲ ငိုနေတဲ့မိန်းမတစ်ယောက်ပုံလိုချင်ရင်..တော့……..”
မြင့်ဇော် ရှေ့ဆက်မပြောနိုင်တော့။ ရုတ်တရက် ခေတ်ငြိမ်းခင်ကို သတိရသွားသည်။ ငြိမ်းကို ဒီပြပွဲခန်းထဲ မမြင်တာတော်တော်လေးကြာသွားပြီ။ ငြိမ်း…ဘယ်ထွက်သွားခဲ့တာလဲ………………..။ ပြပွဲခန်းမထဲကနေ သူပြေးထွက်ကာ အိမ်နောက်ဘက်က ရေကန်ငယ်လေးဆီသွားသည်။ ခုတလော အဲသည်ရေကန်လေးဘက် ထွက်ထွက်သွားတတ်သည့် ငြိမ်းကို သူသတိပြုမိနေတာကြာခဲ့ပြါ့ပီ။
တွေ့ပါပြီ။ ငြိမ်း….၊ ကန်စပ်တစ်နေရာမှာ ခြေဆင်းထိုင်နေသည့်ငြိမ်းကိုတွေ့ပြီ။
အမောတကော သူရောက်သွားတော့ ငြိမ်းက ထမယ့်ဟန်ပြင်သည်။ မျက်နှာတစ်ပြင်လုံး မျက်ရည်များရွှဲရွှဲစိုလို့".။ ငြိမ်းရယ်"ဟု တိုးတိုးဖွဖွ ရေရွတ်မိလိုက်သည်။
“
ကင်မရာ သွားယူလိုက်ပါဦး…ကျမမျက်နှာကို ရှင်ရိုက်ထားလိုက်ပါဦး” ငိုရင်း ခေတ်ငြိမ်းခင်ပြောနေသည်။ မြင့်ဇော် မလှုပ်နိုင်တော့။ ငြိမ်းအနားအရုပ်ကြိုးပြတ် ဒူးထောက်ထိုင်ချလိုက်ရတော့သည်။
“
ငြိမ်း ……အခု…အခု…ကျွန်တော်….. တစ်ခုခုကူညီချင်ပါတယ်..ဓာတ်ပုံရိုက်ခိုင်းတာကလွဲလို့….”
“ ……
.ကျမကို ခဏလောက်ဖက်ထားပေးလို့ရမလား…”
ရင်ခုန်လှိုက်လှဲစွာ ခေတ်ငြိမ်းခင်ကို မြင့်ဇော်ပွေ့ဖက်ထားလိုက်သည်။ မျက်ရည်တို့သည် တံတားအောက်က လျှောကျဆင်းသွးသော ရေများကဲ့သို့ ………..။

******ပြီးပါပြီ*******
စုမီအောင်
စုမီအောင်
ငွေတာရီ - ဒီဇင်ဘာ - ၂၀၁၆
No comments:
Post a Comment