မေတ္တာဖြင့်ဖွဲ့သီအပ်သော…
( ၁ )
" စာ…ဗျို့…စာ"
ရုတ်တရက် အိမ်ရဲ့ အရှေ့ဘက်ဆီမှ ထွက်ပေါ်လာတဲ့ အသံကြောင့် 'ဒေါ်ယဉ်မေ့'ရင်ထဲ လှိုက်ခနဲခုန်သွားမိတ
ယ်။အခုတော့လည်း ရင်တထိတ်ထိတ်နဲ့ မျှော်လင့်နေခဲ့ရတဲ့ အချိန်တွေက 'ဒေါ်ယဉ်မေ'ရဲ့ ရှေ့မှော
က်ကို အမှန်တကယ်ပဲ ရောက်လာခဲ့ကြပြီပေါ့။
စိတ်လှုပ်ရှား၊ကြည်နူး၊ပျော်ရွှင်မှုတွေကြောင့် လှိုက်ခုန်နေတဲ့ ရင်အစုံနဲ့ အော်သံထွက်ပေါ်လာခဲ့ရာ အိမ်ရဲ့အရှေ့
ဘက်ဆီသို့ 'ဒေါ်ယဉ်မေ' ခက်သွက်သွက်ကလေးပဲ ထွက်လိုက်မိတော့
" ဒေါ်ကြီးက ဒေါ်ယဉ်မေဆိုတာလားခင်ဗျာ"
"ဟုတ်ပါတယ်ကွယ် ဒေါ်ကြီးက ဒေါ်ယဉ်မေပါပဲ"
"ဟုတ်ကဲ့ ဒေါ်ကြီးနာမည်နဲ့ ဒေါ်ကြီးအတွက် ကိုဖိုးထူးဆိုတဲ့ လူတစ်ယောက်က စာပို့လာလို့ ကျွန်တော်က လာပို့
ပေးတာပါ။ပြီးတော့ ငွေလဲပါပါတယ်။ဒီနေရာလေးမှာ လက်ခံရရှိကြောင်း လက်မှတ်လေးထိုးပြီး လွှဲယူပေးပါေ
နာ်"
ဝမ်းသာပျော်ရွှင်လွန်းနေခဲ့တဲ့ စိတ်အစဉ်နဲ့ စာပို့သမားလူငယ်လေး ညွှန်ပြထိုးပေးလာခဲ့တဲ့ စာအုပ်ကလေးမှာ လ
က်မှတ်ထိုး၊စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့တဲ့ လက်အစုံနဲ့ စာပိုသမားလူငယ်လေး လွှဲပြောင်းပေးလာခဲ့တဲ့
စာနဲ့ငွေကို လက်ခံယူပြီးတဲ့နောက်မှာတော့ ပါတ်ဝန်းကျင်ကနေ အသံတိတ်ကြည့်ရှုအကဲခတ်နေကြတဲ့ သူတွေ
ကို ပြန်လည်အကဲခတ်ကြည့်ရှုလိုက်ဖို့ကိုလည်း ဒေါ်ယဉ်မေ လုံးဝမမေ့လျော့ခဲ့ပါဘူး။
မမေ့လျော့ခဲ့တဲ့အတိုင်းလည်း သူတို့တတွေကို သိသိသာသာနဲ့ ပေါ်ပေါ်ထင်ထင်ပဲ ဒေါ်ယဉ်မေသိမ်းကြုံးပြီး ကြ
ည့်ပစ်လိုက်မိတယ်။ဒေါ်ယဉ်မေ့စိတ်ထဲက ကြိုတင်တွက်စထားခဲ့မိသလိုပါပဲ။ဒေါ်ယဉ်မေ့ရင်ထဲက ကြိုတင် တွေး
ထင်ထားခဲ့မိသလိုပါပဲ။သူတို့တတွေရဲ့ မျက်ဝန်းတွေထဲမှာ ဒေါ်ယဉ်မေ့ကို အားကျနေကြတဲ့ အရိပ်အရောင်တွေ
က ယှက်သန်းဖြာထွက်လို့။ဟိုးတုန်းက ဒေါ်ယဉ်မေ့ကို သူတို့တတွေ ကြည့်ခဲ့ဘူးကြတဲ့ အရိပ်အရောင်မျိုးတွေကို
မြူတစ်မှုန်စာလောက်တောင်မှ သူတို့တတွေရဲ့ မျက်ဝန်းတွေထဲမှာ ဒေါ်ယဉ်မေ ရှာဖွေလို့ မတွေ့ရတော့ဘူး။
တကယ်တော့ ဟိုးအရင်တုန်းကနဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားကြတဲ့ သူတို့တတွေရဲ့မျက်ဝန်းတွေထဲ
က အရောင်တွေအတွက် "အခုတစ်မျိုး တော်ကြာတစ်မျိုး၊တတ်လဲတတ်နိုင်ကြတဲ့ သူတွေ"လို့ ဒေါ်ယဉ်မေမထင်ရ
က်သို မထင်လည်းမထင်ခဲ့ပါဘူး။
ဒါပေမယ့်လည်း သားလေးဖိုးထူးဆီက အခုလိုစာတွေ၊ငွေတွေ ရောက်မလာခင်အချိန်ကအထိတော့ သူတို့တေ
တွရဲ့ အကြည့်မျက်ဝန်းတွေထဲမှာ ဒီလိုအရိပ်တွေ ဒီလိုအရောင်မျိုးတွေကို ဒေါ်ယဉ်မေ တစ်ခါမှ မမြင်ဘူးခဲ့၊မတွေ့
ဘူးခဲ့တာကတော့ အမှန်ပါ။ဘာပဲဖြစ်ဖြစ် အခုသူတို့မျက်ဝန်းတွေထဲမှာ တွေ့လိုက်ရတဲ့ အရိပ်တွေ၊အရောင်တွေ
အတွက်တော့ ဒေါ်ယဉ်မေ့စိတ်ထဲက အကျေနပ်ကြီး ကျေနပ်နေမိပါတယ်။အထူးသဖြင့် သားလေးဖိုးထူးအပေါ်
မှာ ဟိုအရင်တုန်းက သူတို့မြင်နေခဲ့ကြတဲ့ အမြင်တွေ မကြာခင်ပြောင်းလဲသွားတော့မယ်ဆိုတဲ့ အသိလေးတစ်ခု
တည်းနဲ့တင် ကျန်တာတွေအားလုံးကို ဒေါ်ယဉ်မေ ဥပေက္ခာပြု အကျေနပ်ကြီး ကျေနပ်လိုက်နိုက်ပါပြီ။
"သားလေးဖိုးထူးတို့ မိသားစု ကျန်းမာကြပါစေ။သားလေးဖိုးထူးတို့ မိသားစု ဘေးအန္တရာယ်အမျိုးမျိုးအပေါင်းမှ က
င်းဝေးနိုင်ကြပါစေ"
ပြုနေကြ ထုံးစံအတိုင်း သားလေးဖိုးထူးတို့ မိသားစုအတွက် စိတ်အတွင်းမှ ဆုတောင်းမေတ္တာပို့သရင်း ခြေလှမ်း
တွေကို အိမ်ရဲ့အတွင်းဘက်ဆီကို ပြန်လည်ဦးတည်လိုက်မိတဲ့ ခဏမှာတော့ သားလေးဖိုးထူးအား ပြင်းပြင်း၊ပြ
ပြ သတိရစိတ်တွေနဲ့အတူ လွန်လေခဲ့ပြီးသော အတိတ်နေ့ရက်တွေက ဒေါ်ယဉ်မေ့ရဲ့ အာရုံများထဲကို အလုအ
ယက်ပဲ ခိုတွဲလိုက်ပါ ဝင်ရောက်လာခဲ့ကြပါတော့တယ်။
( ၂ )
မှတ်မှတ်ရရပါပဲ
သားလေးဖိုးထူးရဲ့အဖေဆုံးသွားတော့ ဒေါ်ယဉ်မေ့ အသက်က သုံးဆယ့်သုံး။မိန်းမတစ်ယောက်ဆီမှာ ရှိသင့်ရှိ
အပ်တဲ့ အလှအပ ကျက်သရေအပေါင်းနဲ့ ပြည့်စုံနေခဲ့တဲ့အရွယ်။ရှင်းရှင်းပြောရရင် အညှီရှိရာ ယင်အုံဆိုသလိုပဲ
အဲဒီ့အချိန်တွေတုန်းက ကလေးတစ်ယောက်အမေ လှတပတ မုဆိုးမလေး မယဉ်မေရဲ့ဘေးမှာ ပျိုပျို၊အိုအို ကြီြး
ကီး၊ငယ်ငယ် ပုရိသတွေက သားကောင်ကို ထိုးသုတ်ဖို့ စောင့်ဆိုင်းနေကြတဲ့ သိန်းစွန်ငှက်တွေလို ဝေ့ဝဲဝိုင်းအုံေ
နခဲ့တဲ့ အချိန်။
ဒါပေမယ့် တိမ်တွေဟာ ကောင်းကင်မဟုတ်မှန်းမယဉ်မေကောင်းကောင်းသိသလို အစစ်နဲ့အတုဆိုတာကိုလည်
း မယဉ်မေ သေသေချာချာခွဲခြားနိုင်ခဲ့တယ်။အထူးသဖြင့် အသားလိုလို့ အရိုးတောင်းနေပုံမျိုးတွေနဲ့ သားလေးဖိုး
ထူးအပေါ်ကို သူတို့ချစ်ပြနေကြတာတွေ စာနာသနားလွန်းလို့ ကူညီပါရစေဆိုတဲ့ မယဉ်မေအပေါ်ထားပြနေကြ
တဲ့ သူတို့တတွေ(ယောကျာ်းတွေ)ရဲ့ စေတနာဆိုတာတွေက အေးစက်စက်နဲ့ မလတ်ဆတ်မှန်း (ခေတ်စကားနဲ့ေ
ပြာရရင်) မယဉ်မေရဲ့ ရင်ဘတ်ထဲကနေ အလိုလိုခံစားနေမိခဲ့တယ်။
ဒီတော့ ဘယ်လိုကြီးကြီး၊ငယ်ငယ် ပုရိသတွေရဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ ကူညီမှုမျိုးကိုမှ မယဉ်လက်မခံေ
ယာကျာ်းမှန်သမျှ ခပ်တည်တည် ခပ်တန်းတန်းနဲ့ အားလုံးကို တစ်တန်းတည်းပဲ မယဉ်မေဆက်ဆံခဲ့တယ်။
အမှန်အတိုင်းဝန်ခံရရင်တော့ မိန်းမသားပီပီ တစ်ခါတစ်လေ လောကဓံရဲ့ ရိုက်ချက်ကြမ်းကြမ်းတွေအောက်မှာ
မယဉ်မေရဲ့ စိတ်ဓါတ်တွေက ယိမ်းယိုင်ပြိုလဲလုနီးပါး ဖြစ်သွားတတ်ပေမယ့် ဒူးထောက်အညံခံ အရှုံးပေးလိုက်ဖို့
ဆိုတာကတော့ မယဉ်မေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ ရှိမနေခဲ့ဘူးတဲ့အကြောင်းအရာ။
အထူးသဖြင့် ဖိုးထူးလေးကို ပါတ်ဝန်းကျင်မှာ မျက်နာမငယ်စေချင်တဲ့စိတ် ဖိုးထူးလေးကို ချစ်တဲ့စိတ်တွေနဲ့ အဲဒီ့ေ
လာကဓံဆိုတာကြီးကို မယဉ်မေ ကြိုးစား ကျားကန်ထာခဲ့တာချည်းပါပဲ။တကယ်တော့ ခင်ပွန်းသည်ဆုံးသွားပြီးေ
နာက် သားလေးဖိုးထူးကသာ မယဉ်မေရဲ့ဘဝ၊မယဉ်မေရဲ့ နှလုံးသား မယဉ်မေရဲ့ အသက်ရှင်နေထိုင်မှု မယဉ်
မေရဲ့ ဆုံးဖြတ်ချက်အတိုင်းဟာ သားလေးဖိုးထူးအတွက်ပဲ ဖြစ်သွားခဲ့ပြီးသား မဟုတ်ပါလား။
( ၃ )
"ဒီဟင်းနဲ့ မစားချင်ပါဘူးဆိုဗျာ။အမေတို့ကလဲ ဒီဟင်းတွေပဲချက်နေတာပဲ။တော်ပြီဗျာမစားတော့ဘူးဗျာ"
အဲဒီလို သားလေးဖိုးထူး စိတ်ကောက်တတ်တဲ့အခါတိုင်း
"သားက ဒီဟင်းမကြိုက်ဘူးလား ခဏလေးစောင့် ခဏလေးပဲစောင့်။အမေလမ်းထိပ်မှာ သားလေးကြိုက်တတ်
တဲ့ဟင်းကိုအခုပဲသွားဝယ်လာခဲ့မယ်"
ဆိုပြီး မယဉ်မေကလည်း သားလေးကြိုက်တတ်တဲ့ ဟင်းကို ပြေးဝယ်ပေးလိုက်တာပါပဲ။အဲဒီအခါ သားလေးက
လည်း ကျေနပ်ပျော်ရွှင်သွားခဲ့တာချည်းပါပဲ။ဒါပေမယ့် သားလေးဖိုးထူးနဲ့ မယဉ်မေတို့ရဲ့ အဲဒီ့လိုပုံစံ အဲဒီ့လို အပြု
အမူတွေကို တွေ့ကြ၊မြင်ကြတဲ့အခါတိုင်း မယဉ်မေတို့ ပါတ်ဝန်းကျင်က လူတွေက မယဉ်မေ အခုလိုမျိုး သားလေး
ဖိုးထူးစိတ်တိုင်းကျ လိုက်လုပ်ပေးနေတာတွေဟာ ကလေးကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်ရောက်နေတယ်လို့
သတိပေးတတ်ကြ ပြောတတ်ကြပေမယ့် မယဉ်မေရဲ့စိတ်ထဲမှာတော့ လိုတောင်မှလိုနေသေးတယ်လို့ ထင်နေမိ
ခဲ့တာမဟုတ်လား။
။ဖြစ်နိုင်မယ်သာဆိုရင် လောကမှာရှိသမျှ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ အရာတွေ လောကစည်းစိမ်တွေ အကုန်လုံး
ကို သားလေးဖိုးထူးရဲ့ ရှေ့မှောက်မှာ မယဉ်မေကစုပြုံယူဆောင် ပေးထားလိုက်ချင်သေးတာ။ဒါပေမယ့် နည်းခဲ့
တဲ့ အတိတ်က ကံက မယဉ်မေကို စိတ်ထဲရှိသမျှ လုပ်ခွင့်မပေးခဲ့ဘူး။လှုပ်လေ မြုပ်လေ ရုန်းလေးနစ်လေဆိုသ
လို မယဉ်မေ လုပ်သမျှ၊ကိုင်သမျှ၊ကြံစည် အဆုံးရှုံးကြီး ဆုံးရှုံးလို့ ဖိုးထူးလေးအဖေရှာဖွေ ပေးထားခဲ့တဲ့ လက်ဝတ်
လက်စားလေးတွေအပြင် နောက်ဆုံး မယဉ်မေတို့ရဲ့ အိမ်ကလေးနဲ့ ခြံဝိုင်းလေးကိုပါ မယဉ်မေရောင်းလိုက်ရတေ
ာ့တယ်။
ဒါပေမယ့် ဘယ်လောက်ပဲဒုက္ခရောက်ရောက် သားလေးဖိုးထူးရဲ့တောက်ပမှုတွေကိုတော့ မယဉ်မေ ဘယ်တုန်း
ကမှ အလျှော့မခံခဲ့ဘူး။
အိမ်ဝိုင်းလေး ရောင်းလိုက်တုန်းက လက်ထဲမှာ ကျန်ခဲ့တဲ့ ငွေအနည်းငယ်နဲ့ ဆင်ခြေဖုံးရပ်ကွက်ကလေးတစ်ခုမှာ
မယဉ်မေ အိမ်သေးသေးလေးတစ်လုံး ပြန်ဝယ်တယ်။ပြီးတော့ မနက်ပိုင်းမှာ မယဉ်မေ ပဲပြုတ်ထွက်ရောင်းတယ်
။နေ့လယ်နေ့ခင်းနဲ့ညဘက်တွေမှ အပ်ချုပ်စက်တစ်ပတ်နွမ်းလေးတစ်လုံးဝယ်ပြီး မယဉ်မေ အထည်ကောက်ချုပ်
တယ်။။နောက်တော့ ရလာသမျှ လုပ်အားခနဲ့ အမြတ်အစွန်းတွေအကုန်လုံးကိုသားလေးဖိုးထူးကိုအများနည်းတူ
ဆင်ယင်သုံးစွဲစေခဲ့တယ်။ တကယ်တော့ အရပ်ထဲကလူတွေ ဘယ်လောက်ပဲ
"နားရွက်ကို ကိုက်ဖြတ်ခံရမယ့် မိဘမျိုးလို့ "မယဉ်မေကို ဆိုကြ ဆိုကြ
"ကလေးကို သိပ်အလိုမလိုက်နဲ့နော်" လို့ ဘယ်လိုပဲ တားမြစ် တားမြစ်ကြ မယဉ်မေအတွက်ကတော့ ဖိုးထူးလေး
ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုသာ အဓိက။ဖိုးထူးလေးက ဒါ လို့သာ ဆို မယဉ်မေက ဘယ်တုန်းကမှ ဟိုဟာလို့ မေ
ပြာခဲ့။ဖိုးထူးလေးသာ ဒီဟင်းကို မကြိုက်ဘူးလို့ပြော မယဉ်မေက အခုချက်ချက်း နောက်တစ်မျိုးပြောင်းချက်ေ
ပးဖို့ အဆငိ့သင်။ဖိုးထူးလေးသာ ဆန္ဒရှိမယ်ဆို အရပ်ထဲက လူတွေပြောသလို နားရွက်ကိုက်ဖြတ်ခံရဲရုံတင်မဟု
တ်ပဲ မယဉ်မေရဲ့ အသည်းနှလုံးကိုလည်း မယဉ်မေက အချိန်မရွေး ခွဲထုတ်ပေးဝံ့ပါတယ်။သားလေးဖိုးထူးအပေါ်
မှာ မယဉ်မေ အဲဒီလောက်ထိအောင် ချစ်ခဲ့ပါတယ်။
အဲဒီ့လိုပါပဲ လောကသဘာဝတရားအရ လူအများက နှစ်သက်လက်ခံထားကြတဲ့ "သာလည်းအတူတူ နာလည်း
အတူတူ"ဆိုတဲ့စကားက မယဉ်မေအတွက်တော့ မှားနေခဲ့ပြန်ပါတယ်။မယဉ်မေမှ မဟုတ်ပါဘူး ဒီစကားက မိဘ
တိုင်းအတွက် မှားနေတယ်လို့ မယဉ်မေကတော့ထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ နာစရာရှိတဲ့အခါ မယဉ်ေ
မတစ်ယောက်ထဲ ခါးစီးခံလိုက်ချင်ပေမယ့် သာယာနေတဲ့အခါတွေမှာတော့ သားလေးဖိုးထူးတစ်ယောက်ထဲကို
ပဲ မယဉ်မေက ခံစား၊စံစားနေစေ့ချင်တယ်။အထူးသဖြင့် မယဉ်မေတို့ရဲ့ ပါတ်ဝန်းကျင်အနီးအနားကလူတွေ မယ
ဉ်မေ အပေါ်ကိုဘယ်လောက်ပဲ အတင်းအဖျင်းဆိုဆို ဘယ်လောက်ပဲ မှိုချိုး၊မျှစ်ချိုးပြောကြပါစေ မယဉ်မေသည်းခံ
နိုင်ခဲ့ပေမယ့် သားလေးဖိုးထူးအပေါ်မှာ
"ညည်းသားက ညည်းအပေါ်ကို ဆိုးလိုက်တာအေ"လို့ မယဉ်မေအပေါ် စာနစိတ်နဲ့ပြောလာခဲ့တဲ့ သူတွေကိုတော
င်မှ မယဉ်မေက ဘယ်တုန်းကမှ သည်းညည်းမခံခဲ့ဘူး။ပိုလွန်းတယ်လို့ပဲပြောပြော၊အကဲပါလွန်းတယ်လို့ပဲဆိုကြ
ဆိုကြ မယဉ်မေကတော့ ကြက်သားအုပ်မကြီးက ကြက်ပေါက်ကလေးတွေကို စောင့်ရှောက်နေသလိုမျိုး သားေ
လးဖိုးထူးကို ညိုညင်တဲ့စကားပြောလာမယ့် ဘယ်သူ့ကိုမဆို ခွပ်ပြစ်လိုက်ဖို့ အဆင်သင့်ရှိနေခဲ့တာ။
တကယ်လည်း သားလေးဖိုးထူးက အမေဖြစ်တဲ့ မယဉ်အပေါ်ကို ဆိုးနွဲ့၊ဂျီကျတတ်တာကလွဲလို့ ဘယ်တုန်းကမှေ
ဟာ့ဟော့ရမ်းရမ်း မဆိုးသွမ်းခဲ့ဘူးလို့ မယဉ်မေကတော့ထင်တယ်။တကယ်လည်း တခြားသူနဲ့ ရွယ်တူ တန်းတူ
လူငယ်တွေ ဆေးလိပ်သောက်တတ် ကွမ်းစားတတ် အပျက်စီးကြီး ပျက်စီးနေကြတဲ့အချိန်မှာ သားလေးဖိုးထူးက
ဆေးလိပ်မသောက် ကွမ်းမစားနဲ့ ကျောင်းကို တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင် ကြိုးစားသွားပြလိုက်တာများ
အခုဆို ကျောင်းပြီး ဘွဲ့ရ အလုပ်အတည်တကျဖြစ်လို့ သူ့အထက်အရာရှိတစ်ယောက်ရဲ့ သမီးကလေးနဲ့တောင်မှ
အိမ်ထောင်ရက်သား ကျသွားခဲ့ပြီးပြီ။
ဒါပေမယ့် အပြစ်ကို ဆီလိုအပေါက်ရှာ ပြောနေတတ်တဲ့ အရပ်ထဲသူတစ်ချို့ကတော့ မယဉ်မေကိုပါတစ်ခါတည်း
ခေါ်မသွားရကောင်းလားဆိုပြီး သားလေးကိုအပြစ်ဖို့ချင်နေကြသေးတာပါပဲ။တကယ်တော့သားလေးက သူတို့နဲ့
အတူတူလိုက်နေဖို့ မယဉ်မေကိုပါ တခါတည်းခေါ်တယ်ဆိုတာကို သူတို့တတွေ သိမှမသိကြာတာပဲ။တကယ်လ
ည်း မယဉ်မေ လိုက်မနေချင်ပါဘူး။
တော်တော်ကြာ သားလေးရဲ့ ပညာတတ်မိတ်ဆွေ အပေါင်းအသင်းတွေကြားထဲမှာ မယဉ်မေ မနေတတ် မထိုင်
တတ်နဲ့ အမှားအယွင်းတွေ လုပ်မိနေမှဖြင့် သားလေးမျက်နာငယ် အရှက်ရနေရဦးမယ် မဟုတ်လား။
မယဉ်မေ ဘယ်နားမှာပဲ နေရ နေရ ဘယ်လိုပဲနေရ နေရ သားလေးဖိုးထူး ကောင်းကောင်းမွန်မွန်နေနေရရင်
သားလေးဖိုးထူး အဆင်ပြေပြေ အဆငိ့မြင့်မြင့် နေနေရရင် မယဉ်မေ ကျေနပ်ပြီ။မယဉ်မေအတွက်ကတော့
မနက်ပိုင်းပဲပြုတ်ရောင်းရတဲ့ငွေ နေ့လယ်နေခင်း အထည်ကောက်ချုပ်ရတဲ့ ငွေလေးနဲ့က လုံလောက်ရုံတင်မဟု
တ် ပိုတောင်ပိုလျှံနေခဲ့သေးသည်ပဲ။ဒါပေမယ့် အရပ်ထဲက လူတွေရဲ့
"သူဌေးသားမက် အရာရှိပေါက်စရဲ့ အမေကလည်း အခုထက်ထိပဲပြုတ်ရောင်းနေရတုန်းပဲလား"
"အရာ ရှိပေါက်စလေးရဲ့အမေကလဲ အခုထိအထည်ကောက်ချုပ်နေရတုန်းပဲ"လားဆိုတဲ့ ရိတိတိအမေးစကား
တွေကြောင့်တော့ မယဉ်မေတစ်ယောက် မကြာခဏ စိတ်အနှောက်အယှက် ဖြစ်နေခဲ့ရတယ်။
"ဈေးရောင်းတာ အပ်ချုပ်တာကမလုပ်ရမနေနိုင်လို့ လုပ်နေတာဟေ့"လို့ ပြန်ပြောလိုက်ရင်ရပေမယ့် လှောင်ရယ်
သလို မျက်လုံးတွေရဲ့ အရိပိအယောင်တွေကိုတော့ မယဉ်မေ မတားမြစ်နိုင်ခဲ့ဘူး။ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့
တတွေရဲ့ အကြည့်တွေ ပြောင်းလဲသွားအောင် မယဉ်မေ ပြောင်းလဲပစ်လိုက်ချင်နေမိတယ်။အဲဒီ့လို ပြောင်းလဲပ
စ်နိုင်ဖို့ အတွက်ကလည်း သားလေးဖိုးထူးဆီက တစ်စုံတစ်ခု ရမှသာ ဖြစ်မှာမို့ အမှန်အတိုင်း ဝန်ခံရရင် သားလေ
းဖိုးထူးဆီက အဲဒီ့တစ်စုံတစ်ခုဆိုတာကို မယဉ်မေ မျှော်လင့်နေခဲ့မိတာကတော့ အမှန်ပါပဲ။ဒါကလည်း မယဉ်မေ
အပေါ်ကို မထိတထိကလိနေကြတဲ့ စကားတွေကို နာလိုခံခက် ဖြစ်လို့မဟုတ်ပဲ" မိဘကို ပစ်ထားရက်တဲ့သား"
"မိဘရဲ့ကျေးဇူးကို မသိတတ်တဲ့သား" "မိုက်ရိုင်းလိုက်တဲ့သား" လို့ သားလေးဖိုးထူးအပေါ်ကို လူတွေအပြစ်တင်
သတ်မှတ် ထင်မှတ်မှားသွားကြမှာ ဆိုးလို့ပါပဲ။
( ၄ )
။အခုတော့ ဒေါ်ယဉ်မေရဲ့ ဆန္ဒတွေကို စာပို့သမားလေးရဲ့ "စာဗျို့…စာ"ဆိုတဲ့ အော်သံ
လေးတစ်ခုက ဖြည့်ဆည်းပေးလိုက်ပေပြီ။ပြီးတော့ အားကျ ငေးမောစွာ ကြည့်နေကြတဲ့ ပါတ်ဝန်းကျင်က လူေ
တွရဲ့ အကြေည့်တွေအောက်မှာလည်း ဒေါ်ယဉ်မေတစ်ယောက် ခေါင်းမော့ ရင့်ကော့ကာ လျှောက်နိုင်ခဲ့ေ
ပပြီ။
ဒေါ်ယဉ်မေ ပဲပြုတ်တောင်းလေး ခေါင်းပေါ်ရွက် ဈေးရောင်းထွက် တဲ့ အခါ အထည်ကောက်သွားယူတဲ့အခါ
"ကိုယ့်သားကလည်း ငွေပို့နေတာပဲ မယဉ်မေရယ် ဈေးမရောင်းပဲ နားနားနေနေပါတော့လား"
ဆိုတဲ့စကားတွေကိုလည်း
"ကိုယ့်သားက ငွေပို့ပေးနေတယ်ဆိုပေမယ့်လည်ူ ကိုယ်ကိုယ်တိုင်က ဈေးမရောင်းပဲ စက်မချုပ်ပဲ နေကိုမနေနိုင်
လို့ပါတော်"
လို့ပြုံး၍ ပြန်ပြောနိုင်ခဲ့ပြီ။
ဒါပေမယ့်လည်း တစ်စုံတစ်ယောက်ကသာ ဒေါ်ယဉ်မေ့အား စောင့်ကြည့်နေခဲ့မိမည်ဆိုလျှင်တော့ တစ်လတစ်ခါ
ဆိုသလို စာတိုက်ရုံးကလေးတစ်ခုရဲ့အထဲမှာ
မှ
ဖိုးထူး
သို့
ဒေါ်ယဉ်
ဟုဆိုကာ ငွေနှင့်စာအား လွှဲနေတတ်တဲ့ ဒေါ်ယဉ်မေ့အား တွေ့နိုင်ကြမည်မှာာ မလွဲပင် ဖြစ်ပါတော့တယ်။
လေးစားစွာဖြင့်
မင်းည
No comments:
Post a Comment