Feb 11, 2018

ဟာသများ

" ကျွန်မကို ဝလာတယ် ဝလာတယ်နဲ့ ရှင် ဆက်ပြောနေမယ်ဆိုရင် အိမ်က ဆင်းတော့မယ် "

" ဒါပေမဲ့ အချစ်ရယ်၊ ကိုယ်တို့ကလေးကို ဘယ်လိုလုပ်ကြမလဲ "

" ဘယ်က ကလေးက ပါလာရတာလဲ "

" အော် . . . ဒါဆို အချစ်ရဲ့ဗိုက်က ကိုယ်ဝန်မဟုတ်ဘူးပေါ့နော် "

ကျွန်တော်တို့ တိုက်အောက်ထပ်ကို လူသစ်တွေ ပြောင်းလာကြတယ်။ ပုံစံတွေ ကြည့်တော့ စိတ်ထားကောင်းမလိုလိုနဲ့။ wi-fi မှာ password ခံထားကြတယ်ဗျ။

မကြာသေးခင်ကပဲ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာတစ်ခုက လူပေါင်း ၂,၂၉၃,၆၁၈,၃၆၇ ထဲက ၉၄ ရာခိုင်နှုန်းသော လူတွေဟာ ရှေ့မှာ ဖော်ပြခဲ့တဲ့ကိန်းကဏန်းကို အသေအချာ ဖတ်ကြည့်ဖို့ ပျင်းရိကြတယ်တဲ့။

" ကိုယ် အရမ်း ဒေါသထွက်လို့ ဆူပူအော်ဟစ်မိရင်တောင် အချစ်က တည်တည်ငြိမ်ငြိမ်ပဲနော်၊ အဲဒီအခြေအနေကို ဘယ်လိုများ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်တာလဲ "

" ကျွန်မ အိမ်သာသွားဆေးပစ်တာလေ၊ ဆေးပြီးရင် စိတ်ပြေသွားတာပဲ "

" ဟမ်၊ အိမ်သာဆေးတာနဲ့ စိတ်က ပြေသွားတာပဲလား "

" ပြေတာပေါ့၊ ရှင့်သွားပွတ်တံနဲ့ ဆေးတာပဲဟာ "

မိုးတွေ အများကြီး ဆက်တိုက်ရွာတာကို ကြည့်ပြီး ကျွန်မယောက်ျား စိတ်ဓာတ်ကျနေပုံက သနားစရာ။ ပြတင်းပေါက်နား ရပ်ပြီး ငေးနေတဲ့ သူ့ပုံဟာ ကျွန်မအတွက် သိပ်စိတ်ထိခိုက်ရတယ်။ သူ အဲဒီနားမှာ ရပ်နေတာ တော်တော်ကြာနေပြီ။ ဒီ့ထက် မိုးများလာရင်တော့ စိတ်လျှော့ပြီး သူ့ကို အိမ်ထဲ ပေးဝင်လိုက်တော့မယ်။

" အချစ်ရေ . . . မောင် ဝများဝလာသလား "

" မဝပါဘူး၊ အိမ်က တံခါးတွေ ကျုံ့လာတာ "

" အိမ်ထောင်သက်တမ်း ငါးနှစ်ပြည့်တော့မယ်နော်၊ ဒီနှစ် မေ့ကို ဘယ်လိုက်ပို့မလဲ "

" ဆွစ်ဇာလန် "

" ဟာ . . . ပျော်လိုက်တာ၊ နှစ် ၅၀ ပြည့်တဲ့အချိန်ရောက်လာရင်ကော "

" အဲဒီအခါ မောင် ပြန်လာခေါ်မယ်လေ "

" လူပျိုလူလွတ်နဲ့ အိမ်ထောင်သည် ကွာခြားတာ ဘာတွေရှိလဲ "

" လူလွတ်က အိမ်ပြန်ရောက်ရင် ရေခဲသေတ္တာထဲ ဘာရှိလဲကြည့်ပြီး အိပ်ရာဆီ သွားတယ်၊ အိမ်ထောင်သည် အိမ်ရောက်ရင်ကျ အိပ်ရာထဲ ဘယ်သူရှိလဲကြည့်ပြီး ရေခဲသေတ္တာဆီ သွားတယ် "

ကလေးဘဝက ညဘက်ကြီး အိမ်သာတက်ပြီးရင် ပြေးလာပြီး ကုတင်ပေါ်ကို အမြန် ခုန်တက်ရတယ်။ ကုတင်အောက်က သရဲ ကိုယ့်ခြေထောက်ကို မမိရင် ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။

အိမ်ထောင်သည်ဘဝကျ ညဘက်ကြီး အိမ်သာတက်ပြီးရင် ဖြည်းဖြည်းပဲ လျှောက်တော့တယ်။ သရဲက ကုတင်ပေါ်မှာတင် အိပ်နေတာကိုး။

" ကျွန်မ ဝလာလားဟင် မောင် "

" မဝပါဘူး အချစ်ရယ်၊ အဝေးကြီးကကြည့်ရင် မြင်လွယ်တာပါ "

#လူသာမန် ဘာသာပြန်ဆိုတယ်