Aug 18, 2018

ဖတ်စေချင်သောစာအုပ်များ

သင်္ဂဇာဆရာတော် (စကားပုံ)ဟာသပေါင်းချုပ်
ဓမ္မစရိယဦးဌေးလှိုင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
ဦးအောင်သင်း
မျိုးဆက်သစ်အတွက် ပိဋကတ် မိတ်ဆက် 
ဦးရွှေအောင် အတွေးအမြင်များ ပြောင်းလဲခြင်း
နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ်(အတ္တကျော်)
သာဓု အတာ
မင်းကျော်     ကျွန်တော့်ဆရာများ
သူလိုလူ(ဂျာနယ်ကျော်မမလေး)
မောင်ပေါ်ထွန်း ကမ္ဘာရန်
ဖေမြင့် စိန်မြေဧကပေါင်းများစွာ
သခင်ဘသောင်း လောကနိဗ္ဗာန်.pdf

Aug 16, 2018

စာပေစုဘူးဆော့ဝဲ

စာပေစုဘူး ဘလော့တွင်တင်တိုင်း  ယခုဆော့ဝဲလေး အတွင်းမှ လွယ်ကူလျှင်မြန်စွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
အင်တာနက် တစ်ခါချိတ်ပြီး sync တစ်ခါလုပ်ထားရုံနှင့် offline (အင်တာနက်ဖိုးမကုန်ဘဲ) ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ဆော့ဝဲကို ဒီမှာဒေါင်းပါ။

တချို့က နီပြာပြာ၊ တချို့က ဖြူဝါဝါ၊ တချို့မှာ ချိတ်ပွင့်၊ တချို့မှာ ပန်းရင့်

(၁)

ထုံးစံအတိုင်း တောင်ကုန်းကလေး ပေါ်က ခြေလှမ်း နှစ်ရာခန့် ဆင်းပြီးလျှင် တစ်ဆစ်ချိုး ကွေ့ရမည်။ ပြီးလျှင်တော့ နောက်ထပ် ခြေလှမ်း တော်တော်များများ လျှောက်လာခဲ့လျှင် အိမ်စုတွေထဲက ပုဏ္ဏရိတ်ပင်ခြောက်များ ထိုးထိုးထောင်ထောင် ရှိနေသော အိမ်အဝင်ဝကို တွေ့ရမည် ဖြစ်၏။ အိမ် … ကျွန်မအတွက်တော့ သည်ပျဉ်ထောင်ချပ် များဖြင့် ကာရံထားသော သံချေးအထပ်ထပ် တက်နေသော မညီမညာ သွပ်ပြားချပ်များ မိုးထားသည့် သည်အိမ်ဟောင်း မြင့်မြင့်ကြီးကို နေထိုင်စရာ အိမ်ဟု ရက်ရက်ရောရော စာစာနာနာ ခေါ်ဝေါ် သတ်မှတ်လိုစိတ် မရှိတာ အမှန်ပါ။ သည်အိမ်က ကျွန်မအတွက် အေးရာငြိမ်းရာ နေရာထိုင်ခင်းတစ်ခု မဟုတ်တာ တစ်ခုတည်းနှင့် မလိုတမာစွာ ပြောနေခြင်းလည်း မဟုတ်ပါ။ ဖြစ်နိုင်လျှင် သင်္ချိုင်းဇရပ် တစ်ခုပေါ်မှာ နေကုန်နေခန်း နားအေးပါးအေး တစ်ယောက်တည်း တွေတွေငေးငေး ကျွန်မ နေချင်လှပါသည်။ ဘာပဲဖြစ်ဖြစ် သည်အိမ်ပေါ်မှာ ကျွန်မ လိုအပ်စွာ လာရောက် နေထိုင်ရတုန်း ဖြစ်သည်။

ဘယားအိတ်

ကျွန်မတို့ မန္တလေးမှာ သည်လိုပဲ ပါတော်မူတာတွေ များလှပေါ့။

ကျွန်မတို့ အိမ်ထောင်ကျခါစ တိုက်ခန်းငှားနေဖူးတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ထောင့်မှာ မြစ်မဘက်ကို မျက်နှာမူပြီး ဆောက်ထားတဲ့ တိုက်ခန်းတွေက ဆောက်ပြီးစ, ဆိုတော့ ကျွန်မတို့လည်း နောင်မှ လျောက်လျား၊ လောလောဆယ်တော့ တိုက်ခန်း ငှားကြရအောင်ရယ်လို့ ဆုံးဖြတ်ပြီး နေခဲ့ကြ တာပါ။ အကြောင်းနှစ်ချက်လည်း ရှိပါရဲ့။ တစ်ချက်က အမေ့အိမ်နဲ့ မဝေးလှ တာရော၊ နောက်တစ်ချက်က စက်ဘီး၊ ဆိုင်ကယ်မစီးတတ်တဲ့ ကျွန်မအိမ်သား ဆရာနေ့ အဖို့ရာရော စဉ်းစားရလို့ပါ။ အမေ့အိမ်နဲ့ တိုက်ခန်းနဲ့က ခြောက်ဖာလုံလောက် ဝေးလို့ သွားချင်တဲ့အခါ နေ့နေ့ညည သွားနိုင်တယ်။ ဆရာနေ့အဖို့ရာ ဆိုတာက မြို့ထဲမှ သွားချင်ပြီဆိုရင် တိုက်ခန်းရှေ့ တာရိုးပေါ်ကိုတက်၊ တောင်ဘက်ထိပ် ကားဂိတ်က ထွက်လာတဲ့ လိုင်းကားကို စောင့်စီးနိုင်တယ်။ ကျွန်မက ကျောင်းဆရာမဘဝ ရှိသေးတာဆိုတော့ နေ့စဉ် မနက်ဘက် ကျောင်းသွားတော့ လည်း စက်ဘီးနဲ့၊ ဈေးသွားချင်တော့လည်း စက်ဘီးနဲ့၊ ဘာလေးလိုသဟဲ့၊ ညာလေးလိုသဟဲ့ ဆိုတော့လည်း စက်ဘီးနဲ့ဆိုတော့ အဆင်ပြေတယ်။ သည်လိုနဲ့ တိုက်ခန်းငှား နေဖြစ်တယ် ပြောပါတော့။

ဇာတ်ဝင်ခန်း

ဝပ်နှစ်ထောင်နှင့် ဝပ်ငါးထောင်အား ရှိသော မီးမောင်းကြီးများ၏ အလင်းရောင်မှာ အလေ့အကျင့် မရှိသူ ဆိုလျှင် မျက်စိတွေ ပြာပြီး ကျိန်းစပ်ကုန် လိမ့်မည်။ မင်းသားတွေ ကတော့ မီးထိုးလိုက်ခါမှပင် မျက်လုံးတွေ ပိုပြီး အရောင် တောက်လာ သေးသည်။

“ရိုက်မယ်.. အားလုံးငြိမ်ပါ၊ စတတ်”

အသံဖမ်းဆရာက အချက်ပေး လိုက်သည်။ ကင်မရာဆရာက ခလုတ်ဖွင့်ပြီး “ကလက်” ဟု အော်သည်။ ဂျပ်ရိုက်သမားသည် “ကတ်ဆဲဗင်း” ဟု အော်ပြီး ရိုက်ကူးမည့် အခန်းစဉ်နံပါတ် ပြသော “ကလက်” ခေါ် သစ်သားပြား၏ အပေါ်မှ လျှာကလေးကို ဒေါက်ခနဲ မြည်အောင် ရိုက်လိုက်သည်။ သူ ထွက်သွားသော အခါ မင်းသား အမူအရာ စလုပ်သည်။

နှလုံးသား ၃၈၀/၅၄

လူတစ်ယောက်ရဲ့ နှလုံးသားကို ထိုသူမသိအောင် တိတ်တဆိတ်ခိုးယူဖို့ဆိုတာ လွယ်ကူသော ကိစ္စတော့ မဟုတ်။ သို့ရာတွင် ဖြစ်အောင် လုပ်ရမည်။ ကိုယ့်ကို စိတ်ဆင်းရဲစေခဲ့သူ၊ ရင်ထဲမှာ တစစ်စစ်နာကျင်အောင်လုပ်ခဲ့သူ၊ ဖျပ်ဖျပ်လူးမျှ ခံစားရအောင် ရက်စက်ခဲ့သူ။ ထိုမိန်းမတစ်ယောက်ကို သက်သာခွင့် မပေးနိုင်၊ ထိုက်တန်သော တုံ့ပြန်မှုကိုသာ ပေးရမည်။ ညီမျှသော စိတ်ဒုက္ခကို ပြန်လည်ခံစား စေရမည်။ ရင်နာမှုပြစ်ဒဏ်ကို ပြန်လည်ပေးဆပ်စေရမည်။ အနည်းဆုံး စိတ်ကူးထဲမှာပဲဖြစ်ဖြစ် လက်စားချေရမည်။ ထို့ကြောင့် . . . . . .

***

ဘာစီးနေလဲ

လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ နှုတ်ဆက်ပုံအမျိုးမျိုးရှိ၏။ ဒါကလည်း သူ့နေရာဒေသအလိုက် ကွဲပြားမှု ရှိသည်။ သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့စရိုက်ကိုလိုက်ပြီး ခြားနားသွားခြင်းဖြစ်၏။ လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်သီးပေါ်လက်ဝါးအုပ်၍ နှုတ်ဆက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ခြင်း၊ ပါးချင်းပွတ်ခြင်း၊ ပါးကိုနမ်းရှုံ့ခြင်း၊ ဆလံပေး ခြင်း၊ဦးခေါင်းကိုညွှတ်၍ အရိုအသေပေးခြင်း၊ လက်နှစ်ဖက်ကို ဆုပ်ကိုင်ခြင်း၊ လက်မောင်းကို ဆုပ်ကိုင်ခြင်း စသည်ဖြင့် ကိုယ်အမူအရာသာမက နှုတ်မှလည်း အသံထွက် နှုတ်ဆက်ကြသည်။ ဟဲလို...ဟိုင်း စသည်ဖြင့် ဖြစ်၏။ ဒါကသွားရင်း လာရင်း အချိန်မရတဲ့အခါ အသိအမှတ်ပြုရုံနှုတ်ဆက်ခြင်းဖြစ်၏။

ရယ်မောခြင်း အပိုင်းအစများ

သိပ္ပံပညာရှင်နှစ်ယောက် အပြန်အလှန်ပြောနေကြသည်။
"ကမ္ဘာပေါ်မှာပထမဆုံးလူသားပုံတူမျိုးပွားတဲ့ နည်းပညာကိုစတင်အသုံးပြုခဲ့တာဘုရားသခင်ပဲဗျ။ အာဒမ်ရဲ့နံရိုးတစ်ချောင်းကို ထုတ်ပြီး ဖန်ဆင်းခဲ့တာမဟုတ်လား" 
"ဒါပေမယ့် ရာနှုန်းပြည့်မအောင်မြင်ပါဘူး။ အာဒမ်ရဲ့ပုံတူမဖြစ်ဘဲ ဧ၀ဖြစ်သွားတာပဲလေ"

* * * * * * * * *

နာရီဟန်ချက် ဥပဒေသ

"ဒေါက်. . . ဒေါက်"

တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ဂမ္မာက တံခါးဖွင့်ပေးလိုက်သည်။ လူတစ်ယောက် ပျာယိပျာယာ ဝင်လာ၏။ သူ့ကို မျက်လုံးဖြင့်
ကြည့်ကာ 
" ဒေါက်တာဂမ္မာပါလား ခင်ဗျာ" 
" ဟုတ်ပါတယ် " 
" အို. . . တွေ့ချင်လွန်းလို့ ဝင်လာနှုတ်ဆက်တာပါ။ ဒေါက်တာလို လူမျိုးရှိတာ လူသားအားလုံးအတွက် ကျေးဇူးကြီးလှပါတယ် " 
သူ့ကို အထပ်ထပ် လက်ဆွဲနှုတ်ဆက်ကာ ထိုပုဂ္ဂိုလ် ပြန်ထွက်သွား၏။ ဂမ္မာက တံခါးပြန်ပိတ်ကာ အခန်းထဲသို့ပြန်လှည့်ဝင်ခဲ့သည်။

တတိယမြောက် နည်းပရိယာယ်

"ရိစ်. . . ယား"

ရှောင်လင်ကျောင်းတော်ဆီက မဟုတ်ပါဘူး။ ယုန်တို့ရဲ့ ကိုယ်ခန်ပညာ လေ့ကျင့်ရေးကျောင်းဆီကပါ။ ယုန်သူငယ်အပေါင်းက 
အခုန်အပျံ လေ့ကျင့်နေကြတယ်။ ဆရာယုန်အိုကြီးက ခေါင်းတညိတ်ညိတ်နဲ့ လိုက်လံကြည့်ရှူရင်း လိုအပ်တာတွေကို ပြင်ဆင်ပေး
နေတယ်။ သူတို့ရဲ့လေ့ကျင့်မှုအဆုံးမှာ. . . 

"ကဲ. . . မင်းတို့ရဲ့ လက်တွေ့လေ့ကျင့်ခန်းကတော့ ပြီးဆုံးသွားပြီ။ ဒီကနေ့ ဒီလောက်ပဲ။ စာတွေ့လေ့ကျင့်ခန်းကို ဆက်ကြမယ်"

အနီရောင်နေ့စွဲ

ထူးထူးဆန်းဆန်းမက်မိတဲ့ အိပ်မက်ထဲမှာအင်္ဂါ ဂြိုဟ်က ကိုယ့်ကိုနီနီမောင်းမောင်းစူးစိုက် ကြည့်လို့။သူ့အကြည့်တွေနဲ့တင် ကိုယ်ပြာကျသွားမလားမဆိုနိုင်ဘူး။နိုးလာတော့ မနက်ခင်း ကအနီရောင် ..။ပြတင်းပေါက်ကနေ ကန့်လန့်ကာကို စိမ့်ဝင်ဖြတ်သန်းလာတဲ့ နေရောင် ခြည်ကိုကနီရဲတောက်ပလို့။ဘုရားသခင် အနီရောင်ဟာ ဘာကိုများ ကိုယ်စားပြုပါသလဲ။

အိမ်ကနေအထွက်မှာ အိမ်ရှေ့မှာရပ်ထားတဲ့ ကားအနီရောင်ကိုစိတ်ပျက်လက်ပျက် ကြည့် နေမိတယ်။မတတ်နိုင်ပါဘူး။သူက နဂိုတည်းက နီနှင့်ပြီးသားပဲ။ဒိထက်ပိုစိတ်ပျက်စရာ ကောင်းတာက ကားမှန်မှာမြင်နေရတဲ့ ကိုယ့်ရဲ့စပို့ရှပ်နီနီပါပဲ။ကြည့်လေ အယောင်ယောင် အမှားမှားတွေကကို အနီရောင်တောက်နေခဲ့တာ။(ကိုယ်မှ အနီရောင်ဝတ်လေ့မရှိတာ..)

မိုးရေစက်များ၏ သုညတ္တအင်အား

( ၁ )

မိုးခါးကြီး ရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့ သူရောက်လာခဲ့သည်။ ရည်ရွယ်ချက်မရှိဘဲ ရောက်လာခဲ့ခြင်း ဖြစ်၏ ။ ယခင် ဤရွာကလေးရှိကြောင်း သိပင်မသိ။ ဤရွာကလေးတွင် နေထိုင်ကြသော လူမျိုးစု သုံးစုအကြောင်းကိုလည်း ကြားပင် မကြား ဖူးခဲ့ချေ။ ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများ ရူးသွားကြကြောင်း၊ မသောက်ဘဲ နေသူကလည်း ကျောက်ရုပ် ဖြစ်ကျန်ခဲ့ကြောင်း သတင်းနဲ့အတူ ဤရွာမှ လူများ၏ ရှေးဟောင်းသချာင်္စနစ်များကို သူ သိခဲ့ရခြင်းဖြစ်သည်။ မိုးခါး ကြီးရွာခြင်း၊ ရူးသွပ်ခြင်း၊ ကျောက်ရုပ်ဖြစ်ခြင်း စသည့် သတင်းများထက် ရှေးဟောင်းသချာင်္ဆိုင်ရာ သတင်းက သူ့ကို ပိုမိုဆွဲဆောင် နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာပြီးနောက် သူ ဤရွာသို့ရောက်လာခဲ့ရခြင်း ဖြစ်သည်။

သက်တူ ရွယ်တူ

တစ်ခါက ဟိမဝန္တာတောတန်းရဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ဆင်ကြီးတစ်ကောင် နေတယ်။ သစ်ကိုင်းပေါ်မှာ မျောက်၊ သစ်ပင်ထိပ်ဖျားမှာ ခါတို့ နေကြတယ်တဲ့။ 

အဲဒီသစ်ပင်ကြီးကို အမှီပြုပြီး အတူတကွ နေထိုင်ကြပေမယ့် သူတို့ချင်း မသင့်မြတ်ကြဘူး။ ပြောရရင်တော့ "မတည့် အတူနေ" တွေပေါ့။ တစ်နေ့မှာ သူတို့ရဲ့ သစ်ပင်ကြီးအောက်ဆီကို အလွန်လှပ မွှေးမြတဲ့ သစ်သီးတစ်လုံး ပြုတ်ကျလာတယ်။ ပိုင်ဆိုင်မှုဟာ အပြိုင်ဖြစ်နေတယ်။ အဲဒီတော့ မျောက်ကပြောတယ်။

သေဆုံးသွားတဲ့ လျှို့ဝှက်ချက်

တစ်ခါတုန်းကပေါ့လေ။ ဘိုခါရာ ဆိုတဲ့မြို့မှာ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။ သူ့ခေတ်ကာလအလျောက် ကြွယ်ဝချမ်းသာ ပါတယ်။ သူ့မှာ အလှမွေးထားတဲ့ ကြက်တူရွေးတစ်ကောင်ရှိတယ်။ ကြွားဝါတတ်တဲ့ ကုန်သည်ကြီးဟာ အဲဒီကြက်တူရွေးကို ရွှေလှောင်အိမ်နဲ့ထည့်ထားတယ်။ 

တစ်နေ့တော့ ကုန်သည်ကြီးဟာ ခရီးထွက်ဖို့ကိစ္စ ကြုံလာတယ်။ အဲဒီတော့ သူ့အိမ်သားတွေကို သူမေးတာပေါ့။ 

"ကဲ ဘယ်သူ ဘာမှာကြမလဲ"