Apr 8, 2017

ဆံပင္ညႇပ္တဲ့အေၾကာင္း ဝတၳဳ

Zawgyi Version

ဆံပင္ညႇပ္တဲ့အေၾကာင္း ဝတၳဳ (ညီပုေလး)
------------------------------------------
ေကာ္ဘီးကို ဖိုးညီရဲ႕ ဆံပင္ေတြထဲ ထိုးသြင္းလိုက္တယ္။ ဆံပင္ကို လွန္ဖီးလိုက္ေတာ့ ဆံပင္နဲ႔ ေကာ္ဘီးနဲ႔ ၿငိေနၾကတယ္။ ငယ္ထိပ္က ဆံပင္ေတြကိုလက္နဲ႔ တအား စုဆြဲလိုက္ သလိုမ်ိဳး။ ဦးေရေတြ က်ိန္းသြားတယ္။ ေကာ္ဘီးရဲ႕အသြားေတြက ေတာင္တေခ်ာင္း ေျမာက္တေခ်ာင္း ရြဲ႕ေန၊ ေငါေနတာေၾကာင့္ရယ္၊ ဖိုးညီကလည္း ေခါင္းဖီးေလ့ဖီးထ သိပ္မရွိလို႔ ဆံပင္ေတြ ႐ႈပ္ပြ ေနတာေၾကာင့္ရယ္ေပါ့။ ဘီးကို မ,လို႔ ရသေလာက္ မ,တဲ့ၿပီး ဦးေလးယုထင္က ကပ္ေၾကးနဲ႔ ညႇပ္ခ်လိုက္ေတာ့ ဆံပင္ေတြ တေထြးႀကီး ျခံဳထည္ေပၚ က်လာၾကတယ္။
ေနာက္တခါ ဘယ္ဘက္ ဂ်ိဳေစာင္းဆီက ဆံပင္အရင္းကို ေကာ္ဘီး ထိုးသြင္းလိုက္ ျပန္တယ္။ ဦးေလးယုထင္ရဲ႕လက္ အေပၚ မ,မခင္ ကတည္းက ဖိုးညီ ဖင္နည္းနည္း ႂကြလိုက္မိတယ္။ တင္ႀကီး တကယ္ ႂကြသြားတာမ်ိဳးလည္း မဟုတ္ဘူး။ ေက်ာ႐ိုး တေလွ်ာက္ကေန ၿမီးေညႇာင့္႐ိုးအထိ တြန္႔မိၿပီး စိတ္ကူးထဲတင္ ႂကြတဲ့ အႂကြမ်ိဳး။ ဦးေလးကေတာ့ ရွည္ေနတဲ့ ဆံပင္ေတြကို တခ်ပ္ခ်ပ္နဲ႔ အားရပါးရ ညႇပ္ပစ္ေနတယ္။ ကပ္ေၾကး သံုးေလးႀကိမ္ ဝင္ၿပီးတိုင္း ဦးေလးက ကပ္ေၾကးကို ေလထဲတင္ တခ်ိဳက္ခ်ိဳက္နဲ႔ ညႇပ္ေနတယ္။ ကပ္ေၾကးမွာ ကပ္ေနတဲ့ ဆံပင္စေတြကို ဒီလို ေအာက္က်ေအာင္ လုပ္ယင္း ေနာက္တႀကိမ္ ကပ္ေၾကးဝင္ရမယ့္ ေနရာကို ဦးေလးက ၾကည့္ေနတယ္။
မညီေသးတဲ့ ေနရာ၊ ရွည္ေနေသးတယ္ ထင္တဲ့ ေနရာေတြ႕ယင္ ကပ္ေၾကးနဲ႔ ဘီးကို ‘ခြပ္’ကနဲ တခ်က္ေခါက္ၿပီးေတာ့ ကပ္ေၾကး ေနာက္တေက်ာ့ ဝင္တယ္။ ‘ခြပ္’ကနဲ ေခါက္လိုက္ေတာ့ ဘီးမွာကပ္ေနတဲ့ ဆံပင္ အတိုအစေတြ ကပ္ေၾကးၾကားက ဆံပင္ အတိုအစေတြ ေတာ္ေတာ္ ရွင္းသြားတာေပါ့။ နီၾကင္ၾကင္ဆံပင္ အတိုအစကေလးေတြက တလြင့္လြင့္နဲ႔ ေအာက္ကို တျဖည္းျဖည္း က်ေနတာကို ေနေရာင္ထဲမွာ ဖိုးညီ ျမင္ေနရတယ္။ ဖိုးညီက ဦးေလးယုထင္ရဲ႕ ကပ္ေၾကးသံကို ေသေသခ်ာခ်ာ နားေထာင္ၾကည့္ေတာ့ ဆံပင္ကို ညႇပ္တဲ့အခါ ကပ္ေၾကးကို ခ်ပ္ကနဲ ခ်ပ္ကနဲ ျမည္ၿပီး ေလထဲတင္ ညႇပ္ေနတဲ့အခါ ခ်ိဳက္ခ်ိဳက္နဲ႔ ျမည္တယ္လို႔ သူၾကားေနမိတယ္။ ခ်ိဳက္ကနဲ ျမည္မယ္ဆိုလဲ ျမည္ေလာက္တယ္ တဲ့။ ဦးေလးရဲ႕ ကပ္ေၾကးက မေကြးက ခ်ိဳက္တံဆိပ္ တဲ့ေလ။
ဦးေလးရဲ႕ တခ်ပ္ခ်ပ္ တခ်ိဳက္ခ်ိဳက္သံကို နားစြင့္ယင္း၊ ငယ္ငယ္က အေဖနဲ႔ ဆံပင္ညႇပ္ဆိုင္ကို သူလိုက္လိုက္သြားရၿပီး ဆံပင္မညႇပ္ခ်င္ဘဲနဲ႔ အညႇပ္ခံရတာေတြကို သူျပန္သတိရမိတယ္။ မရွိရွာေတာ့တဲ့ အေဖ့ကို ဒိျပင္အခ်ိန္မွာ သတိမရ ရွိရမယ္။ ဆံပင္ညႇပ္ခ်ိန္တိုင္လို႔ ဦးေလးယုထင္ဆိုင္ ေရာက္ယင္ေတာ့ အေဖ့ကို သတိရမိတယ္။
အေဖက ဆံပင္ကို တိုတိုပဲ ထားေလ့ရွိတယ္။ သူအတိုထားသလို ဖိုးညီကိုလည္း တိုတိုပဲ ထားရတယ္။ အေဖက တလကို အနည္းဆံုး တႀကိမ္၊ တခါတေလ ႏွစ္ႀကိမ္ေလာက္ ဆံပင္ညႇပ္တတ္တယ္။ ဖိုးညီကေတာ့ ကေလးပီပီ၊ သူ႔အကိုအရြယ္ေတြရဲ႕ ဆံပင္ပံုအတိုင္း အရွည္ထားခ်င္တယ္။ ဆံပင္ကို ႏွစ္လ၊ ႏွစ္လခြဲေလာက္ေနမွ တခါညႇပ္ခ်င္တယ္။ ဒါလည္း တိ႐ံုေလာက္ တိခ်င္တာ၊ အေဖကေတာ့ ခရီးထြက္စရာရွိရင္ ဆံပင္က သိပ္မရွည္ေသးေပမယ့္ ညႇပ္ပစ္လိုက္တယ္။ ၿပီးေတာ့ သန္႔ရွင္းသပ္ရပ္တဲ့ ဆိုင္မွာမွ ညႇပ္တတ္တယ္။ အမ်ားဆံုး ညႇပ္တာေတာ့ စံေအးဘရားသားမွာ ညႇပ္ေလ့ရွိတယ္။ အဲဒီဆိုင္မွာ လူေတြ သိပ္က်ေနယင္၊ ေစာင့္ရမွာ ၾကာမယ္ထင္ယင္၊ စံၾကည္၊ ဒါမွမဟုတ္ စံျပ ဆံသေတြမွာ ညႇပ္တတ္တယ္။
ဒီဆိုင္ေတြက တဆိုင့္တဆိုင္ အၿပိဳင္ေတြဆိုေတာ့ သန္႔ရွင္းသပ္ယပ္ လိုက္ၾကပံုမ်ား၊ ဘယ္ေတာ့ ၾကည့္လိုက္ ၾကည့္လိုက္ မေန႔တေန႔က ဖြင့္တဲ့ ဆိုင္သစ္က်ေနတာပဲ။ ဆိုင္ကို မွန္ထူႀကီးေတြနဲ႔ ကာထားၾကတယ္။ ဒီမွန္ေတြေပၚမွာ ဆိုင္နာမည္ ေရးထားတာက အေရာင္စံု၊ ဆံပင္ညႇပ္ဆိုင္ရဲ႕ အမွတ္အသားျဖစ္တဲ့ အျဖဴနဲ႔ အနီအရစ္ရစ္နဲ႔ ေၾကာင္လိန္ေလွကားလို ထုလံုးရွည္ႀကီးလည္း အေဝးက ျမင္ရေအာင္ ခ်ိတ္ထားၾကရဲ႕။ တဆိုင္တဆိုင္ဆိုယင္ ဆံသဆရာ ခုႏွစ္ေယာက္၊ ရွစ္ေယာက္ရွိတဲ့ ဆိုင္ေတြေပါ့။
ေအာက္ေျခက ေႂကြေရာင္ေတာက္ေနတဲ့ ဆံုလည္ ကုလားထိုင္ေတြနဲ႔။ ခံုေပၚ တက္ထိုင္လိုက္ယင္ ဖင္တဝက္ေလာက္ထိ အိကနဲ ျမဳပ္ဝင္သြားတဲ့ ၾကက္ေသြးေရာင္ ဆိုဖာေတြ တပ္ထားၾကတယ္။ မ်က္ႏွာၾကက္မွာ တပ္ထားတဲ့ ပန္ကာေတြ၊ စားပြဲတင္ ပန္ကာေတြကလည္း အေႏွးအျမန္ လိုသလို လုပ္ေပးေနက်။ ဆံသဆရာေတြက အက်ႌအျဖဴ ေဘာင္းဘီအျဖဴ၊ တူညီဝတ္စံုေတြနဲ႔။ တခ်ိဳ႕က ဂ်ဴတီကုတ္ေတြ ဝတ္ထားၾကတယ္။ တေယာက္ရဲ႕ က်န္းမာေရးကို တေယာက္က ေလးစားတဲ့အေနနဲ႔ ႏွာေခါင္းနဲ႔ ပါးစပ္ကို ခြဲစိတ္ခန္းက ဆရာဝန္ေတြလို အဝတ္ေတြ စည္းထားလိုက္ၾကေသးရဲ႕။
တခ်ိဳ႕ဆိုင္ဆိုယင္ ဆက္တီကုလားထိုင္ ႏွစ္စံုေလာက္ ခင္းထားရတယ္။ စားပြဲေပၚမွာလည္း ႏိုင္ငံျခား ႐ုပ္စံုဂ်ာနယ္ မဂၢဇင္းေတြ၊ ျမန္မာမဂၢဇင္းေတြနဲ႔ စီစီရီရီ ရွိတယ္။ ေခါင္းေလွ်ာ္တဲ့ ေႂကြဇလံုကလည္း စက်င္ေက်ာက္ကို ထြင္းၿပီး အေရာင္တင္ထားသလို ေဖြးေနတာပဲ။
ဒီဆိုင္က ေဖာက္သည္ မ်ားလိုက္ပံုက ဖိုးညီ ဆံုလည္ ကုလားထိုင္ေပၚ ထိုင္လိုက္ယင္ သူ႔အယင္ ထိုင္သြားသူရဲ႕ ကိုယ္ေငြ႕နဲ႔ ဆိုဖာက ေႏြးကနဲ အျမဲျဖစ္ေနတဲ့ ဆိုင္မ်ိဳး၊ ဖိုးညီက ကေလးဆိုေတာ့ ဆံုလည္ ကုလားထိုင္ရဲ႕ မွန္ကူကြက္ပံု ေဖာ္ထားတဲ့ ေျခနင္း သံျပားကိုလည္း မမီ၊ ေနာက္ေက်ာ ဆိုဖာအမွီကိုလည္း မမီဘူးေပါ့။ မွန္ဘီ႐ိုအေပၚထပ္က မ်က္ႏွာသုတ္ပုဝါတခု ယူၿပီး ဖိုးညီရဲ႕ ေကာ္လာေနာက္ထဲ က်က်နနထည့္ေပးတာ ေအာက္ထပ္က ျခံဳထည္အသစ္ တထည္ယူၿပီး ျခံဳေပးတာ၊ မတင္းလြန္း မၾကပ္လြန္းေအာင္ ကုပ္မွာ စည္းေပးတာေတြကို ဖိုးညီ ၿငိမ္ခံေနရတယ္။
သူ႔အေဖက “ခါတိုင္းလို ခပ္တိုုတိုပဲ ညႇပ္ေပးလိုက္ပါ” လို႔ ေျပာတဲ့အခါလည္း ေျပာရဲ႕။ မေျပာလည္း သူတို႔သားအဖဆိုယင္ ဆံသဆရာက ခပ္တိုတို ညႇပ္ေပးမွာပဲ။ ေရွ႕တည့္တည့္က ဘယ္ဂ်ီယံလုပ္ မွန္ဝိုင္းႀကီးထဲမွာ ျခံဳထည္ထဲက ေခါင္းကေလးပဲ ေပၚေနတဲ့ ဖိုးညီရဲ႕ပံု။ ေခါင္းနည္းနည္း ေမာ့လိုက္ယင္ ေနာက္က မွန္ဝိုင္းႀကီးထဲမွာ ညႇပ္ပစ္ေလာက္ေအာင္ မရွည္ေသးဘူးလို႔ ထင္တဲ့ သူ႔ေနာက္စိပိုင္းကို ျမင္ေနတယ္၊ ဖန္ပုလင္းကို ဖြင့္ၿပီး ဂြမ္းေတြထဲ ဇီးျဖဴသီးေလာက္ ဂြမ္းစႏွစ္ခုကို နားတဘက္စီ ထည့္ေတာ့ စိတ္ထဲမွာ သိပ္မၾကည္လွဘူး။
ရွဖီးကပ္ေၾကး ဆိုက္စံု၊ ခြကပ္ေၾကးေတြ၊ စက္ကပ္ေၾကး နံပတ္စံုေတြက နီကယ္ေရာင္ ေျပာင္လက္ေနၾကတယ္။ ေခါင္းေလွ်ာ္ၿပီးယင္ ဆံပင္ကို ေျခာက္ေသြ႕ေအာင္ အပူေပးတဲ့ ကရိယာကလည္း ေျခာက္လံုးပူးတလက္ တိုင္မွာ ခ်ိတ္ထားသလိုပဲ။ ဖိုးညီရဲ႕ မိတ္ဖူးေလးေတြ၊ အပူဖူးေလးေတြကို ၿဗိကနဲ ျခစ္တတ္တဲ့ သင္တုန္းဓားေတြကိုလည္း ဖိုးညီၾကည့္ၿပီး စိတ္ပ်က္ေနမိတယ္။ စက္ကပ္ေၾကး ေအးစက္စက္ႀကီး ကုပ္ေပၚ စတင္လိုက္ေတာ့ ဖိုးညီ ၾကက္သီးထသြားတာေပါ့ ...။
ျမင္းလွည္းတစီး ဦးေလးတို႔ ဖိုးညီတို႔နား ထိုးဆိုက္လာတယ္။ ျမင္းက အနက္ေရာင္၊ ႏွာတန္ေပၚက ၾကာကေတာ့ အျဖဴ၊ ကုပ္နဲ႔ လက္ျပင္မွာ စာဥ၊ ငံုးဥအရြယ္ အျဖဴေျပာက္၊ မီးခိုးေျပာက္ကေလးေတြနဲ႔။ ျမင္းက ေဒါက္ေတာ့ ေကာင္းပါရဲ႕။ ပိန္လြန္းေနေတာ့ ၾကည့္ရတာ မခန္႔တဲ့အျပင္ သနားစရာေတာင္ ေကာင္းေနေသးတယ္။ ဆြဲလာခဲ့ရတဲ့ ခရီးက ေဝးလို႔ပဲလား၊ ခရီးသည္ေတြကပဲ မ်ားလို႔လားေတာ့ မသိဘူး။ ျမင္းက ေမာေနရွာတယ္။ ေခြ်းေတြလည္း ရႊဲေနတယ္။ ဒီေခြ်းေတြေၾကာင့္ ျမင္းရဲ႕အနက္ေရာင္က ပိုေျပာင္ၿပီး ပိန္တာလည္း ပိုေပၚေနတာေပါ့။ သူ႔ေရွ႕မွာ ေညာင္ပင္ႀကီး ကြယ္ေနတာမို႔ လွည္းအိမ္ကို ဖိုးညီ မျမင္ရဘူး။ ခရီးသည္ေတြ ဆင္းၾကတာမို႔ ျမင္းလွည္းလက္တံက နိမ့္ျမင့္လႈပ္ေနတယ္ေလ။
ျမင္းလွည္း ဆိုက္လာေတာ့ ကပ္ေၾကးသံလည္း တိတ္သြားတယ္။ ေဖာက္သည္ တေယာက္တေလမ်ား ဒီျမင္းလွည္းေပၚ ပါလာေလသလား ဆိုၿပီး ဦးေလးက ခဏ ေစာင့္ၾကည့္ေနရွာတယ္။
ျမင္းလွည္းက ကတၱရာလမ္းနဲ႔ အတတ္ႏိုင္ဆံုး လြတ္ေအာင္ ရပ္တာမို႔ ဦးေလးတို႔နဲ႔ဘာမွ ကြာတာမဟုတ္ဘူး။ ျမင္းပိန္ႀကီးရဲ႕ အေၾကာေတြ တဇပ္ဇပ္နဲ႔ လႈပ္ေနတာ၊ ဒီလိုလႈပ္လိုက္ယင္ သူ႔အေပၚနားေနတဲ့ ယင္ေကာင္ေတြ ထပ်ံၾကတာကအစ သူျမင္ေနရတယ္။ ၾကည့္ေနယင္း ျမင္းက ဇက္သြားကို တခ်က္ျပင္ကိုက္တယ္။ ၿပီးေတာ့ ႏွာတခ်က္ မႈတ္လိုက္တယ္။ ယင္ေကာင္ေတြက ျမင္းႀကီးရဲ႕ ခႏၶာကိုယ္နဲ႔ ဖိုးညီ ျခံဳထားတဲ့ ျခံဳထည္ကို ကူးခ်ည္သန္းခ်ည္ လုပ္ေနၾကျပန္တယ္။
ျမင္းလွည္းေပၚက ဝတ္ေကာင္းစားလွနဲ႔ မိန္းမေတြ ဆင္းမလာခင္ မိန္းမသံေတြ ၾကားလိုက္ရတာနဲ႔ တၿပိဳင္နက္ ဦးေလးရဲ႕ ကပ္ေၾကးသံ ျပန္ၾကားလိုက္ရတယ္။ ဦးေလးကေတာ့ နဂိုက ခပ္ကိုင္းကိုင္းခါးကို ပိုကုန္းၿပီး စိတ္ရွည္လက္ရွည္ ဆံပင္ ဆက္ညႇပ္ေနတယ္။ ျမင္းႀကီးရဲ႕ဇက္ကို ဦးေလးတို႔ဘက္ အလွည့္မွာ အုပ္ခြက္ကို ဖိုးညီ လွမ္းၾကည့္မိတယ္။ မ်က္ကာေအာက္မွာ နီေနတဲ့ မ်က္လံုး အစံုနဲ႔။ ျမင္းရဲ႕မ်က္လံုးနဲ႔ ဖိုးညီရဲ႕မ်က္လံုး၊ အၾကည့္ခ်င္းဆံုသြားတယ္။ ဦးေလးရဲ႕ ကပ္ေၾကးသံလည္း ခဏတိတ္သြားတယ္။ ျမင္းပိန္ႀကီးက မ်က္ေတာင္ကို ျဖတ္ကနဲ အခပ္လိုက္မွာ ဖိုးညီလည္း ေယာင္ၿပီးေတာ့ မ်က္ေတာင္ လိုက္ခပ္မိတယ္။ ျမင္းလွည္းေပၚက ဆင္းလာတဲ့ မိန္းမတသိုက္က ဦးေလးရဲ႕ဆိုင္နံေဘး၊ တံတိုင္းကာထားတဲ့ ဘုရားဝင္းထဲ ဝင္ခါနီး ျခေသၤ့ႀကီး ႏွစ္ေကာင္ ေရွ႕မွာ ဖိနပ္ ခြ်တ္တဲ့လူက ခြ်တ္၊ လံုခ်ည္ျပင္ဝတ္တဲ့ လူက ျပင္ဝတ္နဲ႔။ ျမင္းလွည္းဘီးလည္း တျဖည္းျဖည္း ေရြ႕သြားၿပီ။ ဦးေလးက ဘီးအနီကေလးကို ေျပာင္းကိုင္လိုက္ယင္း “ျမင္းၾကည့္ရတာ ေနမေကာင္းဘူးနဲ႔ တူတယ္ ဖိုးညီ၊ ေမာင္းလာတဲ့ လူကိုလည္း က်ဳပ္ သိတယ္။ စတီးဝင္းထဲက၊ ဒီလူ ျမင္းအေၾကာင္း ေကာင္းေကာင္း နားလည္တယ္။ မလႊဲသာလြန္းလို႔ ‘လွည္းက’ ထြက္လာတာျဖစ္မယ္”
ဦးေလးကိုယ္တိုင္ တခ်ိန္က ျမင္းလွည္း ေမာင္းခဲ့ဖူးသူမို႔ ဖိုးညီ ဦးေလးရဲ႕စကားကို သံသယ မျဖစ္မိဘူး။ အဲဒီတုန္းက ဒီၿမိဳ႕တၿမိဳ႕လံုးမွာ ျမင္းလွည္း အေရအတြက္က ခပ္ေသးေသး ရာဂဏန္းေလာက္ ရွိေသးသတဲ့။
“ကမၻာမီးေလာင္ သားေကာင္ခ်နင္း ဆိုသလိုေပါ့ ဦးေလးရာ”
“ေျပာလို႔သာ ေျပာေနတာပါ၊ က်ဳပ္လည္း မလႊဲမေရွာင္သာတုန္းက ျမင္းစာဖိုးကေလးမွ ရရ ဆိုၿပီး ဒီလိုပဲ ခိုင္းခဲ့ဖူးတယ္”
ဦးေလးရဲ႕အသံက ေျပာယင္း တိမ္ဝင္သြားတယ္။ ဦးေလးရဲ႕ အသံမွာ ဝမ္းနည္းသံ ပါေနကတည္းက ဘာေတြ တသီႀကီး ဦးေလး သတိရေနတယ္ ဆိုတာ ဖိုးညီ ရိပ္မိတယ္။ သြားေလသူ ဇနီးရဲ႕ အေၾကာင္းလည္း အဲဒီ သတိရခ်က္ေတြထဲ ပါမွာ ေသခ်ာတာေပါ့။
ဖိုးညီက အလုပ္သြား အလုပ္ျပန္ ဦးေလးရဲ႕ဆိုင္နားက ျဖတ္သြားေနက်။ လမ္းေထာင့္ေရာက္လို႔ ေကြ႕လိုက္ကတည္းက ဦးေလးဒီေန႔ ဆိုင္မွ ထြက္ႏိုင္ရဲ႕လား၊ ဆိုင္မွာေရာ ဆံပင္လာညႇပ္တဲ့လူ ရွိရဲ႕လားလို႔ အေဝးကတည္းက လွမ္းၾကည့္မိတယ္။ ရရာ အသားနဲ႔ စုစပ္လုပ္ထားတဲ့ သူ႔ရဲ႕ ဆံသ ကုလားထိုင္ကေလး ေပၚမွာ ဦးေလးကိုယ္တိုင္ တခါတေလ ထိုင္ေနတတ္တယ္။ လက္ရမ္းမပါ ေနာက္မွီမပါ ဆိုေတာ့ ကုလားထိုင္ေတာင္ မေခၚႏိုင္ပါဘူး။ ေခြးေျခ အျမင့္ကေလးပါ။ ဒီေခြးေျခမွာ ႐ိုက္ထားတဲ့ သံေတြက အသစ္ေတြလည္း ပါရဲ႕၊ သံေခ်းတက္ေတြလည္း ပါတယ္။ မီးေလာင္သံေတြလည္း ပါရဲ႕။ တခ်ိဳ႕သံေတြက တိုေနလို႔ အဆံုး အထိ တအားဖိ႐ိုက္ထားတာ ေခြးေျခရဲ႕ အသားကို ခြက္လို႔ ခ်ိဳင့္လို႔။ တူႏွက္ရာ ဗရပြနဲ႔။ သံက ရွည္ေနလို႔ အေဟာင္းမို႔၊ ေကာက္ပစ္၊ ေကြးပစ္လိုက္ရတဲ့ သံေခ်ာင္းေတြလည္း ပါရဲ႕။
မ်ားေသာအားျဖင့္ေတာ့ ဆံသကရိယာေတြ ထည့္ထားတဲ့ ေသတၱာကေလးနဲ႔အတူ ေညာင္ပင္ရင္းမွာ ဦးေလး ထိုင္ေနတတ္တယ္။ ေညာင္ပင္မွီၿပီး စာအုပ္ဖတ္တဲ့ အခါလည္း ဖတ္ေနတတ္တယ္။ ဆိုင္မွာ ဆံပင္အညႇပ္ ခံမယ့္လူ မရွိယင္ ဦးေလးကို သူႏႈတ္မဆက္ေတာ့ဘူး။ အသာကေလး မသိလိုက္ မသိဘာသာ ဆက္ေလွ်ာက္ သြားလိုက္တယ္။ ႏႈတ္ဆက္လိုက္ယင္ ဦးေလး စာဖတ္ပ်က္သြားမွာ၊ အေႏွာင့္အယွက္ ျဖစ္မွာ စိုးမိတယ္။ ေဖာက္သည္ တေယာက္ေယာက္ကိုမ်ား ဦးေလးက ဆံပင္ညႇပ္ေပး ေနယင္ေတာ့ ဖိုးညီ လွမ္းႏႈတ္ဆက္တတ္တယ္။ အဲဒီအခါမွာ ...
“ေဟး ... ဖိုးညီ အလုပ္သြားပလားကြ” ဒါမွမဟုတ္
“ဖိုးညီႀကီး ... ဒီေန႔ေတာ့ တယ္ေစာပါလား” ဆိုတဲ့ ဦးေလး ဝမ္းေျမာက္ဝမ္းသာ သံႀကီးနဲ႕ ျပန္ႏႈတ္ဆက္သံကို ၾကားရတတ္တယ္။ လူသာပိန္တယ္၊ ဦးေလးယုထင္ရဲ႕ အသံက မာမာပဲ။
ဦးေလးအရြယ္မို႔ ဦးေလးလို႔ေခၚယင္း ဒီၿမိဳ႕မွာ သူမ်ားေတြ တေခါင္းသံုးက်ပ္ ယူေနခ်ိန္မွာ ဦးေလးက ႏွစ္က်ပ္ယူတာကို သေဘာက်ယင္း၊ မိုးပ်ံပူေဖာင္း ေရာင္းတဲ့လူ၊ ခ်ည္မွ်င္နဲ႔ အထည္စက္ကလူ၊ ေစာင္စက္ကလူ၊ ေရနံ႐ံုးက စက္ျပင္၊ ကားဆိပ္ေတြမွာ အိမ္အျပန္ လက္ေဆာင္ဆိုၿပီး လည္ေရာင္းတဲ့လူ၊ ေက်ာက္ဆစ္တဲ့လူ၊ တယ္လီဖုန္းလိုင္းမင္း၊ စက္ဘီးျပင္တဲ့လူ၊ ေက်ာင္းဆရာ၊ ေရစည္ဆရာေတြ ညႇပ္တဲ့ဆိုင္မွာ သေဘၤာက်င္း အလုပ္သမားေလး ဖိုးညီနဲ႔ ဦးေလးနဲ႔ ဂေဟဆက္မိေနၾကတာ ၾကာၿပီေပါ့။
ဦးေလးရဲ႕ ဒီအလုပ္က ပံုမွန္ဝင္ေငြရွိတာ မဟုတ္မွန္း ဖိုးညီသိတယ္။ တေနကုန္မွ ေလးငါးက်ပ္ရတဲ့ အခါရ၊ ျခံဳထည္ကို မျဖန္႔ခဲ့ရတဲ့ ေန႔က ခပ္မ်ားမ်ား။ တခါတေလမွ ဒါလည္း သိပ္သိပ္ကို တခါတေလမွပါ။ ကိုးက်ပ္တဆယ္ ရလားရရဲ႕။ ဒီအေၾကာင္း ဖိုးညီက သိေနေတာ့ ဦးေလးရဲ႕ တဝမ္းတခါးအတြက္ စိတ္မေကာင္း ျဖစ္ရတယ္။ ဦးေလးကေတာ့ ၾကံ့ၾကံ့ခိုင္ အျပံဳးအရယ္ မပ်က္ဘူး။ မညည္းဘူး။
“ေန႔လည္စာေတာ့ ဆိုင္မွာ အဝစားပစ္လိုက္တယ္။ အယင္က ငါးက်ပ္ ေပးရတယ္။ ခု-ေျခာက္က်ပ္တဲ့ ဖိုးညီ။ ခုနစ္က်ပ္ မျဖစ္ခင္ အဝစားထားရတယ္။ ညစာေတာ့ ၾကံဳသလို ျဖစ္သလိုပဲ။ လက္ဖက္ရည္ေလာက္ ဘာေလာက္နဲ႔ ၿပီးလိုက္ရတဲ့ အခါလည္း ရွိတယ္။ ထမင္းေတာ့ မစားႏိုင္ေတာ့ဘူး ဖိုးညီေရ၊ က်ဳပ္ရွာႏိုင္တာကိုက တနပ္စာပဲ ဥစၥာ။ ၿပီးေတာ့ ၿငိမ္ၿငိမ္ကေလး လွဲေနယင္ သိပ္မဆာပါဘူး။ ဘုန္းႀကီးေတြေတာင္ တနပ္ထဲနဲ႔ ေနႏိုင္ေသးတာ ဖိုးညီရာ” တဲ့ ဦးေလးရဲ႕ဆိုင္မွာ ၾကာၾကာညႇပ္ေလ၊ ရင္းႏွီးေလ၊ ဦးေလးအေၾကာင္း သိေလနဲ႔ ဒီဆိုင္ကလြဲၿပီး ဒိျပင္ဆိုင္ကို ဖိုးညီ မသြားရက္ေတာ့ဘူး။
ဦးေလးက စက္ကပ္ေၾကးကို ေကာက္ကိုင္လိုက္တယ္။ စက္ကပ္ေၾကး ကုပ္ေပၚတင္လိုက္ယင္ ေအးကနဲျဖစ္ၿပီး ၾကက္သီး ထသြားရမယ့္အစား ေႏြးကနဲ ျဖစ္သြားတယ္။ ဦးေလးရဲ႕ ဆံသကရိယာေတြ ထားတဲ့ဘက္က ေညာင္ကိုင္းက ေျခာက္ေနေတာ့ အခုလို ေန႔လည္ဆိုယင္ ေနပူတတ္တယ္။ ဖိုးညီျခံဳထားတဲ့ ျခံဳထည္ေပၚမွာေတာင္ ေညာင္ရြက္ေတြ ၾကားက ေဖာက္ထြက္လာတဲ့ ေနေရာင္ အစက္အေျပာက္ ကေလးေတြက တလႈပ္လႈပ္နဲ႔။ စက္ကပ္ေၾကး အေဟာင္းေလးက ကင္းေျခမ်ား တေကာင္လို သြားရမယ့္အစား ၾကက္က်ိဳးမ တေကာင္လို ျဖစ္ေနတယ္ ထင္ရဲ႕။ ဦးေလးက ေဆာင့္ေၾကာင့္ ထိုင္လိုက္တယ္။ စက္ကပ္ေၾကးရဲ႕ အေပၚက လိပ္ျပာေတာင္ ဝက္အူရစ္ကို ျဖဳတ္ၿပီး စက္ကပ္ေၾကးကို သန္႔ရွင္းေနတယ္၊ ၿပီးေတာ့မွ ဘားပလက္ ပုလင္းကေလးထဲက အုန္းဆီကို လက္ညႇိဳးနဲ႔ အသာတို႔ၿပီး စက္ကပ္ေၾကးထဲ ထည့္ေနတယ္။
ဆိုင္နဲ႔ကပ္ရက္ လမ္းမႀကီး ေပၚမွာေတာ့ ျမင္းလွည္းေတြ၊ ဆိုက္ကားေတြ၊ စက္ဘီးအုပ္ႀကီးေတြ ႐ႈပ္လို႔။ ဓာတ္ဆီသယ္တဲ့ ေဘာက္ဆာ ကားႀကီးေတြ၊ သစ္ထုတ္လုပ္ေရးက သစ္တင္တဲ့ ကားႀကီးေတြလည္း မီးခိုးမည္းေတြ မႈတ္ထုတ္ၿပီး ေမာင္းသြား ေနၾကတယ္။ ဒီကားႀကီးေတြရဲ႕ အရွိန္ေၾကာင့္ ဖုန္မႈန္႔ေတြ ျမင္းေခ်းေျခာက္ အမႈန္ေတြ၊ သစ္ရြက္ေျခာက္ေတြ ေလဟုန္စီးေနၾကတယ္။ ဖိုးညီရဲ႕ ႏွာေခါင္းထဲမွာ ဖုန္နံ႔နဲ႔ မိုးနံ႔ကို ေရာၿပီး ရွဴမိေနတယ္။ ဟိုးအေဝးဆီမွာေတာ့ တိမ္မည္းတခ်ိဳ႕ ရွိေနျပန္တယ္။
“တေနရာရာမွာေတာ့ မိုးရြာေနၿပီ ထင္တယ္ ဦးေလး၊ စစ္ကိုင္းဘက္မွာ ရြာေနသလား၊ ဒါမွမဟုတ္ ျမစ္ငယ္ဘက္မ်ား ရြာေနသလား မသိဘူး”
“ဟုတ္တယ္ ဖိုးညီ၊ က်ဳပ္ေတာင္ ဒူး႐ိုးနဲ႔ သလံုး႐ိုးထဲက ကိုက္ခ်င္ သလိုလိုပဲ”
ဦးေလးက စက္ကပ္ေၾကးရဲ႕ လိပ္ျပာေတာင္ ဝက္အူကို ျပန္ျပင္ရစ္ ေနျပန္တယ္။ ဖိုးညီကေတာ့ မိုးမရြာ ေစခ်င္ေသးဘူး။ အခုလို ဆံပင္ညႇပ္ေနတုန္း မိုးေတြရြာခ်ယင္ တိုးလို႔တန္းလန္းနဲ႔ ဘယ္လို လုပ္ၾကမလဲ။ ၿပီးေတာ့ မိုးရြာယင္ ဒီေန႔ ဦးေလးရဲ႕ ဆိုင္ကေလးကို သူ႔ေဖာက္သည္ေတြ လာၾကပါေတာ့မလား။ ဖိုးညီ လာေတာ့မွ ေသတၱာထဲက ဆံသကရိယာေတြ ထုတ္ရတဲ့ ဦးေလးယုထင္ ကလည္း ဖိုးညီလိုပဲ ေတြးေနမယ္ ထင္တယ္။
ဦးေလး လက္အခါလိုက္မွာ စက္ကပ္ေၾကးစာ ဆံပင္ တိုစိစိကေလးေတြ ေလထဲမွာ လြင့္သြားၾကျပန္တယ္။ ခဏေနေတာ့ “ဖုတ္” ဆိုတဲ့ အသံနဲ႔အတူ ဦးေလးရဲ႕ လႈပ္ရွားေနတဲ့ စက္ကပ္ေၾကးလည္း ရပ္သြားတယ္။
“ဘာေကာင္လည္း ဦးေလး”
“ပုတ္သင္ညိဳ ကေလးပါ၊ ကိစၥမရွိပါဘူး ဖိုးညီ”
တခါက အေကာင္ရွည္ ေသးေသးတေကာင္ ဦးေလးတို႔ ေျခေထာက္နား ျပဳတ္ၾကဖူးတယ္ မဟုတ္လား။
ဦးေလးက ေျခာက္ထုတ္လိုက္မွ ပုတ္သင္ညိဳ ကေလးက သတိရၿပီး ေညာင္ပင္ေပၚ အျမန္ တက္ေျပးသြားတယ္။ ပုတ္သင္ညိဳရဲ႕ အၿမီးနဲ႔ ေညာင္ပင္က သံငုတ္မွာ တြဲလြဲခ်ိတ္ထားတဲ့ သင္တုန္းဓားခတ္တဲ့ သားေရျပားနဲ႔ တိုက္မိသြားေသးတယ္။
“မိုးရြာဖို႔ေတာ့ ေတာ္ေတာ္ ေသခ်ာေနၿပီ ဖိုးညီ”
ပုတ္သင္ညိဳရဲ႕ေခါင္းက အစိမ္းေရာင္ ေျပာင္းေနလို႔လား၊ တိမ္မည္းေတြ တျဖည္းျဖည္း တက္လာလို႔လား။ မိုးသက္ေလက တသုန္သုန္ တိုက္လာလို႔လား၊ သလံုး႐ိုးထဲကပဲ ပိုကိုက္လာလို႔လားေတာ့ မသိ။
ဦးေလးက မိုးရြာမွာ ေသခ်ာတယ္သာ ေျပာေနေပမယ့္ စက္ကပ္ေၾကး ကိုင္ထားတဲ့ သူ႔လက္ေတြ လႈပ္ရွားေနပံုကေတာ့ ပံုမွန္ အတိုင္းပဲ။ အေလာသံုးဆယ္ မရွိဘူး။ တိမ္မည္းေတြ ပိုပိုမ်ားလာတယ္။ ဦးေလးရဲ႕ ဆိုင္ကေလးက ေညာင္ပင္ရဲ႕ အရိပ္ကို ခိုစရာ မလိုေတာ့ဘူး။ ခိုစရာ ေညာင္ပင္ရိပ္လည္း မရွိေတာ့ဘူး။ ျခံဳထည္ေပၚက ေနစက္ ေနေျပာက္ေတြလည္း ေပ်ာက္ကုန္ၾကၿပီ။
တကယ္လို႔မ်ား မိုးေတြ ရြာခ်လာယင္ေတာ့ ...
အနီးအနားလည္း မိုးခိုစရာ အေဆာက္အဦက မရွိ၊ ေလာေလာဆယ္ ညႇပ္မၿပီးေသးတဲ့ ဆံပင္ကို ေနာက္တေန႔မွ ဆက္ညႇပ္ဖို႔ တေခါက္ လာရေတာ့မွာပဲလို႔ ဖိုးညီ စိတ္ပ်က္လက္ပ်က္ ေတြးေနမိတယ္။
“ေတာ္႐ံု မိုးရြာတာေလာက္ေတာ့ ဒီေညာင္ပင္ႀကီးက လံုပါတယ္ ဖိုးညီရဲ႕” လို႔ ဦးေလးက ေျပာဖူးေပမယ့္ တိမ္ရိပ္တိမ္ေရာင္ ၾကည့္ရတာ ေတာ္႐ံုတန္႐ံုမိုး ဟုတ္မယ့္ပံု မေပၚဘူး။
ဖိုးညီထက္ အသက္လည္းႀကီး၊ က်န္းမာေရးလည္း မေကာင္းတဲ့ ခုႏွစ္ဆယ္တြင္း ဦးေလးယုထင္ ကေတာင္ ဒီမိုးအတြက္ မစိုးရိမ္ပဲ ဖိုးညီက စိုးရိမ္ေနမိတယ္။
မိုးဖြဲဖြဲ စရြာေတာ့ လမ္းေပၚကလူေတြ စက္ဘီးေတြ၊ ဆိုက္ကားေတြ၊ ျမင္းလွည္းေတြ ႐ုတ္႐ုတ္သဲသဲနဲ႔။
ဦးေလးကေတာ့ ဘာအနံ႔မွမရွိတဲ့ ေပါင္ဒါေတြ ဖိုးညီရဲ႕ေခါင္းကိုတို႔ယင္း ဆံပင္ အတိုအစေတြကို ဖယ္ယင္း၊ ညႇပ္ထားတာ ညီရဲ႕လား၊ မညီဘူးလားဆိုတာ ၾကည့္ေနတယ္ေလ။ မိုးက ဖြဲရာက သည္းလာတယ္။ ေညာင္ရြက္ေတြ ၾကားက မိုးစက္အႀကီးႀကီးေတြ ဦးေလးတို႔ ေခါင္းေပၚကို ေတာ္ေတာ္ က်လာေတာ့ ဦးေလးက သူ႔ဆံသကရိယာေတြကို ခပ္သုတ္သုတ္ သိမ္းေနၿပီ။ မိုးက တေဝါေဝါ အသံေပးၿပီး ရြာခ်ျပန္တယ္။
ဖိုးညီက ဦးေလးရဲ႕ ဆံသကရိယာေတြ ကူသိမ္းေပးေတာ့ မ်ားမ်ားစားစား မဟုတ္လို႔ ခဏေလးနဲ႔ ၿပီးသြားတယ္ေလ။
ဖိုးညီက ေညာင္ပင္မွာ တြဲလြဲခ်ိတ္ထားတဲ့ သားေရျပားကို ျဖဳတ္လိုက္တယ္။ ဒီတခါ မိုးတင္မကေတာ့ဘူး။ ေလေရာ မိုးေရာပဲ သည္းလာတယ္။
“လာ ဖိုးညီ က်ဳပ္တို႔ ေနရာေရႊ႕ရေအာင္” တဲ့။
ဖိုးညီက ကုလားထိုင္ကို ေကာက္ကိုင္ေတာ့ လက္ဟန္ေျခဟန္နဲ႔ မယူနဲ႔ဆိုတဲ့သေဘာ ဦးေလးက ကပ်ာကယာ လုပ္ျပတယ္။ အနားမွာ မိုးခိုစရာ အိမ္တို႔ဘာတို႔မွ မရွိပဲ။ ဘယ္မ်ား သြားမွာပါလိမ့္လို႔ ဖိုးညီ စဥ္းစားေနတယ္။ ေသတၱာကေလးဆြဲလို႔ ေရွ႕ကသုတ္သုတ္နဲ႔ သြားႏွင့္တဲ့ ဦးေလးေနာက္ကို ဖိုးညီ လိုက္သြားရတယ္။ သူ႔ကိုယ္ေပၚမွာ ျခံဳထည္ႀကီးနဲ႔။ လက္ထဲမွာ သင္တုန္းဓားခပ္တဲ့ သားေရျပားက တန္းလန္း ... တန္းလန္း ပါလာတယ္။
ဦးေလးယုထင္က ဘုရားေပါက္ကို ဦးတည္သြားေနေတာ့မွ ဘုရားထဲက ဇရပ္တခုခုမွာ မိုးခိုယင္ရသားပဲလို႔ ဖိုးညီေတြးမိတယ္။ ဒါကလည္း ဇရပ္ဆီေရာက္ေအာင္ ကိုက္ငါးဆယ္ေလာက္ မိုးထဲ ျဖတ္ေျပးရဦးမွာ။ ဘုရားေပါက္လည္း ေရာက္ေရာ ဦးေလးက ျခေသၤ့ႀကီးႏွစ္ေကာင္ ရွိတဲ့အနက္ အေရွ႕ဘက္ ျခေသၤ့ႀကီးရဲ႕ ဗိုက္ေအာက္ကို ေစြ႕ကနဲ ငံု႔ၿပီး ဝင္လိုက္တယ္။ ဦးေလးက အေရွ႕ဘက္ ျခေသၤ့ဆိုယင္ သူက အေနာက္ဘက္ ျခေသၤ့ဝင္မွဆိုတဲ့ အေတြးနဲ႔ အေနာက္ဘက္ သြားမယ္အလုပ္မွာ ဦးေလးက ...
“ဖိုးညီ လာ ဒီဘက္ကိုလာ” တဲ့။
ႏွစ္ေယာက္စလံုး ျခေသၤ့ေအာက္ ေရာက္ေတာ့ ေခါင္းေတြေရာ၊ ျခံဳထည္ေရာ မိုးစိုေနၾကၿပီ။
“ဒီလို ေလေရာ မိုးေရာဆိုယင္ အေရွ႕ဘက္ အေကာင္က မိုးပိုလံုတယ္ ဖိုးညီရ”
ဦးေလးက သူ႔အေတြ႕အၾကံဳအရ သိထားတာ ေျပာျပေနတယ္။ ဖိုးညီက ေခါင္းပဲ ညိတ္ျပလိုက္မိတယ္။ ျခေသၤ့ရဲ႕ ဗိုက္ေအာက္က သိပ္ေတာ့ က်ယ္လွတာ မဟုတ္ဘူး။ သူတို႔ႏွစ္ေယာက္ ဝင္ဆန္႔႐ံုပါပဲ။ ဦးေလးယုထင္နဲ႔ ႏွစ္ေယာက္သား ေဆာင့္ေၾကာင့္ကေလးေတြ ထိုင္ေနၾကရတယ္။ ဖိုးညီက ပတ္ဝန္းက်င္ကို လွည့္ပတ္ ၾကည့္ေနမိတယ္။ သူတို႔အယင္ ေရာက္ႏွင့္ေနတဲ့ ေခြးသားအုပ္မက အစြယ္ေတြၿဖီးလို႔ ၾကည့္ေနတယ္။ ပတ္ဝန္းက်င္ကေတာ့ ပင့္ကူအိမ္ မရွိ၊ ပိုးအိမ္ မရွိ သပ္သပ္ယပ္ယပ္။ မိုးကေတာ့ မဆိုစေလာက္ ပက္ေနတယ္ေလ။
ဆံသကရိယာေတြ ထည့္တဲ့ ေသတၱာေလးထဲက မိတ္ကပ္ဘူး အေဟာင္းကေလးကို ထုတ္ၿပီး ဖိုးညီလက္ထဲ ထည့္လိုက္တယ္။ ဖိုးညီက မိတ္ကပ္ဘူးကို ဖြင့္ၿပီး မွန္ဝိုင္းေလးထဲကို ၾကည့္လိုက္ေတာ့ မိုးစိုေနတဲ့ ဆံပင္တိုတိုပံုကို သူျမင္ေနရတယ္။ တေခါင္းလံုးအႏွံ႔ ၾကည့္ရဖို႔ မွန္ဝိုင္းကေလးကို ဟို ဒီ ေရႊ႕ေပးရတယ္။
ဦးေလးကေတာ့ သူ႔ဆံသကရိယာေတြ တခုခ်င္း ျပန္ထုတ္ၿပီး ဝါးတားဘရပ္ရွ္ကို မိုးစိုေအာင္ အျပင္ထုတ္ထား လိုက္တယ္။ ၿပီးမွ ဖိုးညီလက္ထဲက သင္တုန္းဓားခပ္တဲ့ သားေရျပားရဲ႕ အစတဘက္ကို ယူၿပီး သင္တုန္းဓားကို အားနဲ႔ဖိၿပီး ခပ္ေနတယ္။ သူတို႔ႏွစ္ေယာက္ တလႈပ္လႈပ္ လုပ္ေနလို႔ ရွိႏွင့္ေနတဲ့ ေခြးသားအုပ္မက မာန္ဖီၿပီး ကိုက္လိမ့္မယ္လို႔ ဖိုးညီ ထင္မိတယ္။ ဦးေလးနဲ႔ ဒီေခြးသားအုပ္မက မိုးခိုေဖာ္ မိုးခိုဖက္မို႔ ေခြးသားအုပ္မက မွိန္းျမဲ ျပန္မွိန္းသြားတယ္။ ေခြးကေလးေတြက ႏို႔စို႔မပ်က္၊ တႁပြတ္ႁပြတ္နဲ႔။
ျခေသၤ့ရဲ႕ ဗိုက္ေအာက္မွာတင္ ဦးေလးက ဖိုးညီရဲ႕ နပန္းကို တိေတာ့မယ္။ ေနာက္တေန႔ အကူးမခံေတာ့ဘူး။
----------------
ညီပုေလး
စံပယ္ျဖဴ၊ ေမ၊ ၁၉၈၇။
Credit to bigpig @ mmcpcommunity

Unicode Version

ဆံပင်ညှပ်တဲ့အကြောင်း ဝတ္ထု (ညီပုလေး)
------------------------------------------

ကော်ဘီးကို ဖိုးညီရဲ့ ဆံပင်တွေထဲ ထိုးသွင်းလိုက်တယ်။ ဆံပင်ကို လှန်ဖီးလိုက်တော့ ဆံပင်နဲ့ ကော်ဘီးနဲ့ ငြိနေကြတယ်။ ငယ်ထိပ်က ဆံပင်တွေကိုလက်နဲ့ တအား စုဆွဲလိုက် သလိုမျိုး။ ဦးရေတွေ ကျိန်းသွားတယ်။ ကော်ဘီးရဲ့အသွားတွေက တောင်တချောင်း မြောက်တချောင်း ရွဲ့နေ၊ ငေါနေတာကြောင့်ရယ်၊ ဖိုးညီကလည်း ခေါင်းဖီးလေ့ဖီးထ သိပ်မရှိလို့ ဆံပင်တွေ ရှုပ်ပွ နေတာကြောင့်ရယ်ပေါ့။ ဘီးကို မ,လို့ ရသလောက် မ,တဲ့ပြီး ဦးလေးယုထင်က ကပ်ကြေးနဲ့ ညှပ်ချလိုက်တော့ ဆံပင်တွေ တထွေးကြီး ခြုံထည်ပေါ် ကျလာကြတယ်။

နောက်တခါ ဘယ်ဘက် ဂျိုစောင်းဆီက ဆံပင်အရင်းကို ကော်ဘီး ထိုးသွင်းလိုက် ပြန်တယ်။ ဦးလေးယုထင်ရဲ့လက် အပေါ် မ,မခင် ကတည်းက ဖိုးညီ ဖင်နည်းနည်း ကြွလိုက်မိတယ်။ တင်ကြီး တကယ် ကြွသွားတာမျိုးလည်း မဟုတ်ဘူး။ ကျောရိုး တလျှောက်ကနေ မြီးညှောင့်ရိုးအထိ တွန့်မိပြီး စိတ်ကူးထဲတင် ကြွတဲ့ အကြွမျိုး။ ဦးလေးကတော့ ရှည်နေတဲ့ ဆံပင်တွေကို တချပ်ချပ်နဲ့ အားရပါးရ ညှပ်ပစ်နေတယ်။ ကပ်ကြေး သုံးလေးကြိမ် ဝင်ပြီးတိုင်း ဦးလေးက ကပ်ကြေးကို လေထဲတင် တချိုက်ချိုက်နဲ့ ညှပ်နေတယ်။ ကပ်ကြေးမှာ ကပ်နေတဲ့ ဆံပင်စတွေကို ဒီလို အောက်ကျအောင် လုပ်ယင်း နောက်တကြိမ် ကပ်ကြေးဝင်ရမယ့် နေရာကို ဦးလေးက ကြည့်နေတယ်။

မညီသေးတဲ့ နေရာ၊ ရှည်နေသေးတယ် ထင်တဲ့ နေရာတွေ့ယင် ကပ်ကြေးနဲ့ ဘီးကို ‘ခွပ်’ကနဲ တချက်ခေါက်ပြီးတော့ ကပ်ကြေး နောက်တကျော့ ဝင်တယ်။ ‘ခွပ်’ကနဲ ခေါက်လိုက်တော့ ဘီးမှာကပ်နေတဲ့ ဆံပင် အတိုအစတွေ ကပ်ကြေးကြားက ဆံပင် အတိုအစတွေ တော်တော် ရှင်းသွားတာပေါ့။ နီကြင်ကြင်ဆံပင် အတိုအစကလေးတွေက တလွင့်လွင့်နဲ့ အောက်ကို တဖြည်းဖြည်း ကျနေတာကို နေရောင်ထဲမှာ ဖိုးညီ မြင်နေရတယ်။ ဖိုးညီက ဦးလေးယုထင်ရဲ့ ကပ်ကြေးသံကို သေသေချာချာ နားထောင်ကြည့်တော့ ဆံပင်ကို ညှပ်တဲ့အခါ ကပ်ကြေးကို ချပ်ကနဲ ချပ်ကနဲ မြည်ပြီး လေထဲတင် ညှပ်နေတဲ့အခါ ချိုက်ချိုက်နဲ့ မြည်တယ်လို့ သူကြားနေမိတယ်။ ချိုက်ကနဲ မြည်မယ်ဆိုလဲ မြည်လောက်တယ် တဲ့။ ဦးလေးရဲ့ ကပ်ကြေးက မကွေးက ချိုက်တံဆိပ် တဲ့လေ။

ဦးလေးရဲ့ တချပ်ချပ် တချိုက်ချိုက်သံကို နားစွင့်ယင်း၊ ငယ်ငယ်က အဖေနဲ့ ဆံပင်ညှပ်ဆိုင်ကို သူလိုက်လိုက်သွားရပြီး ဆံပင်မညှပ်ချင်ဘဲနဲ့ အညှပ်ခံရတာတွေကို သူပြန်သတိရမိတယ်။ မရှိရှာတော့တဲ့ အဖေ့ကို ဒိပြင်အချိန်မှာ သတိမရ ရှိရမယ်။ ဆံပင်ညှပ်ချိန်တိုင်လို့ ဦးလေးယုထင်ဆိုင် ရောက်ယင်တော့ အဖေ့ကို သတိရမိတယ်။

အဖေက ဆံပင်ကို တိုတိုပဲ ထားလေ့ရှိတယ်။ သူအတိုထားသလို ဖိုးညီကိုလည်း တိုတိုပဲ ထားရတယ်။ အဖေက တလကို အနည်းဆုံး တကြိမ်၊ တခါတလေ နှစ်ကြိမ်လောက် ဆံပင်ညှပ်တတ်တယ်။ ဖိုးညီကတော့ ကလေးပီပီ၊ သူ့အကိုအရွယ်တွေရဲ့ ဆံပင်ပုံအတိုင်း အရှည်ထားချင်တယ်။ ဆံပင်ကို နှစ်လ၊ နှစ်လခွဲလောက်နေမှ တခါညှပ်ချင်တယ်။ ဒါလည်း တိရုံလောက် တိချင်တာ၊ အဖေကတော့ ခရီးထွက်စရာရှိရင် ဆံပင်က သိပ်မရှည်သေးပေမယ့် ညှပ်ပစ်လိုက်တယ်။ ပြီးတော့ သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်မှာမှ ညှပ်တတ်တယ်။ အများဆုံး ညှပ်တာတော့ စံအေးဘရားသားမှာ ညှပ်လေ့ရှိတယ်။ အဲဒီဆိုင်မှာ လူတွေ သိပ်ကျနေယင်၊ စောင့်ရမှာ ကြာမယ်ထင်ယင်၊ စံကြည်၊ ဒါမှမဟုတ် စံပြ ဆံသတွေမှာ ညှပ်တတ်တယ်။

ဒီဆိုင်တွေက တဆိုင့်တဆိုင် အပြိုင်တွေဆိုတော့ သန့်ရှင်းသပ်ယပ် လိုက်ကြပုံများ၊ ဘယ်တော့ ကြည့်လိုက် ကြည့်လိုက် မနေ့တနေ့က ဖွင့်တဲ့ ဆိုင်သစ်ကျနေတာပဲ။ ဆိုင်ကို မှန်ထူကြီးတွေနဲ့ ကာထားကြတယ်။ ဒီမှန်တွေပေါ်မှာ ဆိုင်နာမည် ရေးထားတာက အရောင်စုံ၊ ဆံပင်ညှပ်ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ အဖြူနဲ့ အနီအရစ်ရစ်နဲ့ ကြောင်လိန်လှေကားလို ထုလုံးရှည်ကြီးလည်း အဝေးက မြင်ရအောင် ချိတ်ထားကြရဲ့။ တဆိုင်တဆိုင်ဆိုယင် ဆံသဆရာ ခုနှစ်ယောက်၊ ရှစ်ယောက်ရှိတဲ့ ဆိုင်တွေပေါ့။

အောက်ခြေက ကြွေရောင်တောက်နေတဲ့ ဆုံလည် ကုလားထိုင်တွေနဲ့။ ခုံပေါ် တက်ထိုင်လိုက်ယင် ဖင်တဝက်လောက်ထိ အိကနဲ မြုပ်ဝင်သွားတဲ့ ကြက်သွေးရောင် ဆိုဖာတွေ တပ်ထားကြတယ်။ မျက်နှာကြက်မှာ တပ်ထားတဲ့ ပန်ကာတွေ၊ စားပွဲတင် ပန်ကာတွေကလည်း အနှေးအမြန် လိုသလို လုပ်ပေးနေကျ။ ဆံသဆရာတွေက အကျႌအဖြူ ဘောင်းဘီအဖြူ၊ တူညီဝတ်စုံတွေနဲ့။ တချို့က ဂျူတီကုတ်တွေ ဝတ်ထားကြတယ်။ တယောက်ရဲ့ ကျန်းမာရေးကို တယောက်က လေးစားတဲ့အနေနဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ခွဲစိတ်ခန်းက ဆရာဝန်တွေလို အဝတ်တွေ စည်းထားလိုက်ကြသေးရဲ့။

တချို့ဆိုင်ဆိုယင် ဆက်တီကုလားထိုင် နှစ်စုံလောက် ခင်းထားရတယ်။ စားပွဲပေါ်မှာလည်း နိုင်ငံခြား ရုပ်စုံဂျာနယ် မဂ္ဂဇင်းတွေ၊ မြန်မာမဂ္ဂဇင်းတွေနဲ့ စီစီရီရီ ရှိတယ်။ ခေါင်းလျှော်တဲ့ ကြွေဇလုံကလည်း စကျင်ကျောက်ကို ထွင်းပြီး အရောင်တင်ထားသလို ဖွေးနေတာပဲ။

ဒီဆိုင်က ဖောက်သည် များလိုက်ပုံက ဖိုးညီ ဆုံလည် ကုလားထိုင်ပေါ် ထိုင်လိုက်ယင် သူ့အယင် ထိုင်သွားသူရဲ့ ကိုယ်ငွေ့နဲ့ ဆိုဖာက နွေးကနဲ အမြဲဖြစ်နေတဲ့ ဆိုင်မျိုး၊ ဖိုးညီက ကလေးဆိုတော့ ဆုံလည် ကုလားထိုင်ရဲ့ မှန်ကူကွက်ပုံ ဖော်ထားတဲ့ ခြေနင်း သံပြားကိုလည်း မမီ၊ နောက်ကျော ဆိုဖာအမှီကိုလည်း မမီဘူးပေါ့။ မှန်ဘီရိုအပေါ်ထပ်က မျက်နှာသုတ်ပုဝါတခု ယူပြီး ဖိုးညီရဲ့ ကော်လာနောက်ထဲ ကျကျနနထည့်ပေးတာ အောက်ထပ်က ခြုံထည်အသစ် တထည်ယူပြီး ခြုံပေးတာ၊ မတင်းလွန်း မကြပ်လွန်းအောင် ကုပ်မှာ စည်းပေးတာတွေကို ဖိုးညီ ငြိမ်ခံနေရတယ်။

သူ့အဖေက “ခါတိုင်းလို ခပ်တိုုတိုပဲ ညှပ်ပေးလိုက်ပါ” လို့ ပြောတဲ့အခါလည်း ပြောရဲ့။ မပြောလည်း သူတို့သားအဖဆိုယင် ဆံသဆရာက ခပ်တိုတို ညှပ်ပေးမှာပဲ။ ရှေ့တည့်တည့်က ဘယ်ဂျီယံလုပ် မှန်ဝိုင်းကြီးထဲမှာ ခြုံထည်ထဲက ခေါင်းကလေးပဲ ပေါ်နေတဲ့ ဖိုးညီရဲ့ပုံ။ ခေါင်းနည်းနည်း မော့လိုက်ယင် နောက်က မှန်ဝိုင်းကြီးထဲမှာ ညှပ်ပစ်လောက်အောင် မရှည်သေးဘူးလို့ ထင်တဲ့ သူ့နောက်စိပိုင်းကို မြင်နေတယ်၊ ဖန်ပုလင်းကို ဖွင့်ပြီး ဂွမ်းတွေထဲ ဇီးဖြူသီးလောက် ဂွမ်းစနှစ်ခုကို နားတဘက်စီ ထည့်တော့ စိတ်ထဲမှာ သိပ်မကြည်လှဘူး။

ရှဖီးကပ်ကြေး ဆိုက်စုံ၊ ခွကပ်ကြေးတွေ၊ စက်ကပ်ကြေး နံပတ်စုံတွေက နီကယ်ရောင် ပြောင်လက်နေကြတယ်။ ခေါင်းလျှော်ပြီးယင် ဆံပင်ကို ခြောက်သွေ့အောင် အပူပေးတဲ့ ကရိယာကလည်း ခြောက်လုံးပူးတလက် တိုင်မှာ ချိတ်ထားသလိုပဲ။ ဖိုးညီရဲ့ မိတ်ဖူးလေးတွေ၊ အပူဖူးလေးတွေကို ဗြိကနဲ ခြစ်တတ်တဲ့ သင်တုန်းဓားတွေကိုလည်း ဖိုးညီကြည့်ပြီး စိတ်ပျက်နေမိတယ်။ စက်ကပ်ကြေး အေးစက်စက်ကြီး ကုပ်ပေါ် စတင်လိုက်တော့ ဖိုးညီ ကြက်သီးထသွားတာပေါ့ ...။

မြင်းလှည်းတစီး ဦးလေးတို့ ဖိုးညီတို့နား ထိုးဆိုက်လာတယ်။ မြင်းက အနက်ရောင်၊ နှာတန်ပေါ်က ကြာကတော့ အဖြူ၊ ကုပ်နဲ့ လက်ပြင်မှာ စာဥ၊ ငုံးဥအရွယ် အဖြူပြောက်၊ မီးခိုးပြောက်ကလေးတွေနဲ့။ မြင်းက ဒေါက်တော့ ကောင်းပါရဲ့။ ပိန်လွန်းနေတော့ ကြည့်ရတာ မခန့်တဲ့အပြင် သနားစရာတောင် ကောင်းနေသေးတယ်။ ဆွဲလာခဲ့ရတဲ့ ခရီးက ဝေးလို့ပဲလား၊ ခရီးသည်တွေကပဲ များလို့လားတော့ မသိဘူး။ မြင်းက မောနေရှာတယ်။ ချွေးတွေလည်း ရွှဲနေတယ်။ ဒီချွေးတွေကြောင့် မြင်းရဲ့အနက်ရောင်က ပိုပြောင်ပြီး ပိန်တာလည်း ပိုပေါ်နေတာပေါ့။ သူ့ရှေ့မှာ ညောင်ပင်ကြီး ကွယ်နေတာမို့ လှည်းအိမ်ကို ဖိုးညီ မမြင်ရဘူး။ ခရီးသည်တွေ ဆင်းကြတာမို့ မြင်းလှည်းလက်တံက နိမ့်မြင့်လှုပ်နေတယ်လေ။

မြင်းလှည်း ဆိုက်လာတော့ ကပ်ကြေးသံလည်း တိတ်သွားတယ်။ ဖောက်သည် တယောက်တလေများ ဒီမြင်းလှည်းပေါ် ပါလာလေသလား ဆိုပြီး ဦးလေးက ခဏ စောင့်ကြည့်နေရှာတယ်။

မြင်းလှည်းက ကတ္တရာလမ်းနဲ့ အတတ်နိုင်ဆုံး လွတ်အောင် ရပ်တာမို့ ဦးလေးတို့နဲ့ဘာမှ ကွာတာမဟုတ်ဘူး။ မြင်းပိန်ကြီးရဲ့ အကြောတွေ တဇပ်ဇပ်နဲ့ လှုပ်နေတာ၊ ဒီလိုလှုပ်လိုက်ယင် သူ့အပေါ်နားနေတဲ့ ယင်ကောင်တွေ ထပျံကြတာကအစ သူမြင်နေရတယ်။ ကြည့်နေယင်း မြင်းက ဇက်သွားကို တချက်ပြင်ကိုက်တယ်။ ပြီးတော့ နှာတချက် မှုတ်လိုက်တယ်။ ယင်ကောင်တွေက မြင်းကြီးရဲ့ ခန္ဓာကိုယ်နဲ့ ဖိုးညီ ခြုံထားတဲ့ ခြုံထည်ကို ကူးချည်သန်းချည် လုပ်နေကြပြန်တယ်။

မြင်းလှည်းပေါ်က ဝတ်ကောင်းစားလှနဲ့ မိန်းမတွေ ဆင်းမလာခင် မိန်းမသံတွေ ကြားလိုက်ရတာနဲ့ တပြိုင်နက် ဦးလေးရဲ့ ကပ်ကြေးသံ ပြန်ကြားလိုက်ရတယ်။ ဦးလေးကတော့ နဂိုက ခပ်ကိုင်းကိုင်းခါးကို ပိုကုန်းပြီး စိတ်ရှည်လက်ရှည် ဆံပင် ဆက်ညှပ်နေတယ်။ မြင်းကြီးရဲ့ဇက်ကို ဦးလေးတို့ဘက် အလှည့်မှာ အုပ်ခွက်ကို ဖိုးညီ လှမ်းကြည့်မိတယ်။ မျက်ကာအောက်မှာ နီနေတဲ့ မျက်လုံး အစုံနဲ့။ မြင်းရဲ့မျက်လုံးနဲ့ ဖိုးညီရဲ့မျက်လုံး၊ အကြည့်ချင်းဆုံသွားတယ်။ ဦးလေးရဲ့ ကပ်ကြေးသံလည်း ခဏတိတ်သွားတယ်။ မြင်းပိန်ကြီးက မျက်တောင်ကို ဖြတ်ကနဲ အခပ်လိုက်မှာ ဖိုးညီလည်း ယောင်ပြီးတော့ မျက်တောင် လိုက်ခပ်မိတယ်။ မြင်းလှည်းပေါ်က ဆင်းလာတဲ့ မိန်းမတသိုက်က ဦးလေးရဲ့ဆိုင်နံဘေး၊ တံတိုင်းကာထားတဲ့ ဘုရားဝင်းထဲ ဝင်ခါနီး ခင်္သြေ့ကြီး နှစ်ကောင် ရှေ့မှာ ဖိနပ် ချွတ်တဲ့လူက ချွတ်၊ လုံချည်ပြင်ဝတ်တဲ့ လူက ပြင်ဝတ်နဲ့။ မြင်းလှည်းဘီးလည်း တဖြည်းဖြည်း ရွေ့သွားပြီ။ ဦးလေးက ဘီးအနီကလေးကို ပြောင်းကိုင်လိုက်ယင်း “မြင်းကြည့်ရတာ နေမကောင်းဘူးနဲ့ တူတယ် ဖိုးညီ၊ မောင်းလာတဲ့ လူကိုလည်း ကျုပ် သိတယ်။ စတီးဝင်းထဲက၊ ဒီလူ မြင်းအကြောင်း ကောင်းကောင်း နားလည်တယ်။ မလွှဲသာလွန်းလို့ ‘လှည်းက’ ထွက်လာတာဖြစ်မယ်”

ဦးလေးကိုယ်တိုင် တချိန်က မြင်းလှည်း မောင်းခဲ့ဖူးသူမို့ ဖိုးညီ ဦးလေးရဲ့စကားကို သံသယ မဖြစ်မိဘူး။ အဲဒီတုန်းက ဒီမြို့တမြို့လုံးမှာ မြင်းလှည်း အရေအတွက်က ခပ်သေးသေး ရာဂဏန်းလောက် ရှိသေးသတဲ့။

“ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလိုပေါ့ ဦးလေးရာ”

“ပြောလို့သာ ပြောနေတာပါ၊ ကျုပ်လည်း မလွှဲမရှောင်သာတုန်းက မြင်းစာဖိုးကလေးမှ ရရ ဆိုပြီး ဒီလိုပဲ ခိုင်းခဲ့ဖူးတယ်”

ဦးလေးရဲ့အသံက ပြောယင်း တိမ်ဝင်သွားတယ်။ ဦးလေးရဲ့ အသံမှာ ဝမ်းနည်းသံ ပါနေကတည်းက ဘာတွေ တသီကြီး ဦးလေး သတိရနေတယ် ဆိုတာ ဖိုးညီ ရိပ်မိတယ်။ သွားလေသူ ဇနီးရဲ့ အကြောင်းလည်း အဲဒီ သတိရချက်တွေထဲ ပါမှာ သေချာတာပေါ့။

ဖိုးညီက အလုပ်သွား အလုပ်ပြန် ဦးလေးရဲ့ဆိုင်နားက ဖြတ်သွားနေကျ။ လမ်းထောင့်ရောက်လို့ ကွေ့လိုက်ကတည်းက ဦးလေးဒီနေ့ ဆိုင်မှ ထွက်နိုင်ရဲ့လား၊ ဆိုင်မှာရော ဆံပင်လာညှပ်တဲ့လူ ရှိရဲ့လားလို့ အဝေးကတည်းက လှမ်းကြည့်မိတယ်။ ရရာ အသားနဲ့ စုစပ်လုပ်ထားတဲ့ သူ့ရဲ့ ဆံသ ကုလားထိုင်ကလေး ပေါ်မှာ ဦးလေးကိုယ်တိုင် တခါတလေ ထိုင်နေတတ်တယ်။ လက်ရမ်းမပါ နောက်မှီမပါ ဆိုတော့ ကုလားထိုင်တောင် မခေါ်နိုင်ပါဘူး။ ခွေးခြေ အမြင့်ကလေးပါ။ ဒီခွေးခြေမှာ ရိုက်ထားတဲ့ သံတွေက အသစ်တွေလည်း ပါရဲ့၊ သံချေးတက်တွေလည်း ပါတယ်။ မီးလောင်သံတွေလည်း ပါရဲ့။ တချို့သံတွေက တိုနေလို့ အဆုံး အထိ တအားဖိရိုက်ထားတာ ခွေးခြေရဲ့ အသားကို ခွက်လို့ ချိုင့်လို့။ တူနှက်ရာ ဗရပွနဲ့။ သံက ရှည်နေလို့ အဟောင်းမို့၊ ကောက်ပစ်၊ ကွေးပစ်လိုက်ရတဲ့ သံချောင်းတွေလည်း ပါရဲ့။

များသောအားဖြင့်တော့ ဆံသကရိယာတွေ ထည့်ထားတဲ့ သေတ္တာကလေးနဲ့အတူ ညောင်ပင်ရင်းမှာ ဦးလေး ထိုင်နေတတ်တယ်။ ညောင်ပင်မှီပြီး စာအုပ်ဖတ်တဲ့ အခါလည်း ဖတ်နေတတ်တယ်။ ဆိုင်မှာ ဆံပင်အညှပ် ခံမယ့်လူ မရှိယင် ဦးလေးကို သူနှုတ်မဆက်တော့ဘူး။ အသာကလေး မသိလိုက် မသိဘာသာ ဆက်လျှောက် သွားလိုက်တယ်။ နှုတ်ဆက်လိုက်ယင် ဦးလေး စာဖတ်ပျက်သွားမှာ၊ အနှောင့်အယှက် ဖြစ်မှာ စိုးမိတယ်။ ဖောက်သည် တယောက်ယောက်ကိုများ ဦးလေးက ဆံပင်ညှပ်ပေး နေယင်တော့ ဖိုးညီ လှမ်းနှုတ်ဆက်တတ်တယ်။ အဲဒီအခါမှာ ...

“ဟေး ... ဖိုးညီ အလုပ်သွားပလားကွ” ဒါမှမဟုတ်

“ဖိုးညီကြီး ... ဒီနေ့တော့ တယ်စောပါလား” ဆိုတဲ့ ဦးလေး ဝမ်းမြောက်ဝမ်းသာ သံကြီးနဲ့ ပြန်နှုတ်ဆက်သံကို ကြားရတတ်တယ်။ လူသာပိန်တယ်၊ ဦးလေးယုထင်ရဲ့ အသံက မာမာပဲ။

ဦးလေးအရွယ်မို့ ဦးလေးလို့ခေါ်ယင်း ဒီမြို့မှာ သူများတွေ တခေါင်းသုံးကျပ် ယူနေချိန်မှာ ဦးလေးက နှစ်ကျပ်ယူတာကို သဘောကျယင်း၊ မိုးပျံပူဖောင်း ရောင်းတဲ့လူ၊ ချည်မျှင်နဲ့ အထည်စက်ကလူ၊ စောင်စက်ကလူ၊ ရေနံရုံးက စက်ပြင်၊ ကားဆိပ်တွေမှာ အိမ်အပြန် လက်ဆောင်ဆိုပြီး လည်ရောင်းတဲ့လူ၊ ကျောက်ဆစ်တဲ့လူ၊ တယ်လီဖုန်းလိုင်းမင်း၊ စက်ဘီးပြင်တဲ့လူ၊ ကျောင်းဆရာ၊ ရေစည်ဆရာတွေ ညှပ်တဲ့ဆိုင်မှာ သင်္ဘောကျင်း အလုပ်သမားလေး ဖိုးညီနဲ့ ဦးလေးနဲ့ ဂဟေဆက်မိနေကြတာ ကြာပြီပေါ့။

ဦးလေးရဲ့ ဒီအလုပ်က ပုံမှန်ဝင်ငွေရှိတာ မဟုတ်မှန်း ဖိုးညီသိတယ်။ တနေကုန်မှ လေးငါးကျပ်ရတဲ့ အခါရ၊ ခြုံထည်ကို မဖြန့်ခဲ့ရတဲ့ နေ့က ခပ်များများ။ တခါတလေမှ ဒါလည်း သိပ်သိပ်ကို တခါတလေမှပါ။ ကိုးကျပ်တဆယ် ရလားရရဲ့။ ဒီအကြောင်း ဖိုးညီက သိနေတော့ ဦးလေးရဲ့ တဝမ်းတခါးအတွက် စိတ်မကောင်း ဖြစ်ရတယ်။ ဦးလေးကတော့ ကြံ့ကြံ့ခိုင် အပြုံးအရယ် မပျက်ဘူး။ မညည်းဘူး။

“နေ့လည်စာတော့ ဆိုင်မှာ အဝစားပစ်လိုက်တယ်။ အယင်က ငါးကျပ် ပေးရတယ်။ ခု-ခြောက်ကျပ်တဲ့ ဖိုးညီ။ ခုနစ်ကျပ် မဖြစ်ခင် အဝစားထားရတယ်။ ညစာတော့ ကြုံသလို ဖြစ်သလိုပဲ။ လက်ဖက်ရည်လောက် ဘာလောက်နဲ့ ပြီးလိုက်ရတဲ့ အခါလည်း ရှိတယ်။ ထမင်းတော့ မစားနိုင်တော့ဘူး ဖိုးညီရေ၊ ကျုပ်ရှာနိုင်တာကိုက တနပ်စာပဲ ဥစ္စာ။ ပြီးတော့ ငြိမ်ငြိမ်ကလေး လှဲနေယင် သိပ်မဆာပါဘူး။ ဘုန်းကြီးတွေတောင် တနပ်ထဲနဲ့ နေနိုင်သေးတာ ဖိုးညီရာ” တဲ့ ဦးလေးရဲ့ဆိုင်မှာ ကြာကြာညှပ်လေ၊ ရင်းနှီးလေ၊ ဦးလေးအကြောင်း သိလေနဲ့ ဒီဆိုင်ကလွဲပြီး ဒိပြင်ဆိုင်ကို ဖိုးညီ မသွားရက်တော့ဘူး။

ဦးလေးက စက်ကပ်ကြေးကို ကောက်ကိုင်လိုက်တယ်။ စက်ကပ်ကြေး ကုပ်ပေါ်တင်လိုက်ယင် အေးကနဲဖြစ်ပြီး ကြက်သီး ထသွားရမယ့်အစား နွေးကနဲ ဖြစ်သွားတယ်။ ဦးလေးရဲ့ ဆံသကရိယာတွေ ထားတဲ့ဘက်က ညောင်ကိုင်းက ခြောက်နေတော့ အခုလို နေ့လည်ဆိုယင် နေပူတတ်တယ်။ ဖိုးညီခြုံထားတဲ့ ခြုံထည်ပေါ်မှာတောင် ညောင်ရွက်တွေ ကြားက ဖောက်ထွက်လာတဲ့ နေရောင် အစက်အပြောက် ကလေးတွေက တလှုပ်လှုပ်နဲ့။ စက်ကပ်ကြေး အဟောင်းလေးက ကင်းခြေများ တကောင်လို သွားရမယ့်အစား ကြက်ကျိုးမ တကောင်လို ဖြစ်နေတယ် ထင်ရဲ့။ ဦးလေးက ဆောင့်ကြောင့် ထိုင်လိုက်တယ်။ စက်ကပ်ကြေးရဲ့ အပေါ်က လိပ်ပြာတောင် ဝက်အူရစ်ကို ဖြုတ်ပြီး စက်ကပ်ကြေးကို သန့်ရှင်းနေတယ်၊ ပြီးတော့မှ ဘားပလက် ပုလင်းကလေးထဲက အုန်းဆီကို လက်ညှိုးနဲ့ အသာတို့ပြီး စက်ကပ်ကြေးထဲ ထည့်နေတယ်။

ဆိုင်နဲ့ကပ်ရက် လမ်းမကြီး ပေါ်မှာတော့ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးအုပ်ကြီးတွေ ရှုပ်လို့။ ဓာတ်ဆီသယ်တဲ့ ဘောက်ဆာ ကားကြီးတွေ၊ သစ်ထုတ်လုပ်ရေးက သစ်တင်တဲ့ ကားကြီးတွေလည်း မီးခိုးမည်းတွေ မှုတ်ထုတ်ပြီး မောင်းသွား နေကြတယ်။ ဒီကားကြီးတွေရဲ့ အရှိန်ကြောင့် ဖုန်မှုန့်တွေ မြင်းချေးခြောက် အမှုန်တွေ၊ သစ်ရွက်ခြောက်တွေ လေဟုန်စီးနေကြတယ်။ ဖိုးညီရဲ့ နှာခေါင်းထဲမှာ ဖုန်နံ့နဲ့ မိုးနံ့ကို ရောပြီး ရှူမိနေတယ်။ ဟိုးအဝေးဆီမှာတော့ တိမ်မည်းတချို့ ရှိနေပြန်တယ်။

“တနေရာရာမှာတော့ မိုးရွာနေပြီ ထင်တယ် ဦးလေး၊ စစ်ကိုင်းဘက်မှာ ရွာနေသလား၊ ဒါမှမဟုတ် မြစ်ငယ်ဘက်များ ရွာနေသလား မသိဘူး”
“ဟုတ်တယ် ဖိုးညီ၊ ကျုပ်တောင် ဒူးရိုးနဲ့ သလုံးရိုးထဲက ကိုက်ချင် သလိုလိုပဲ”

ဦးလေးက စက်ကပ်ကြေးရဲ့ လိပ်ပြာတောင် ဝက်အူကို ပြန်ပြင်ရစ် နေပြန်တယ်။ ဖိုးညီကတော့ မိုးမရွာ စေချင်သေးဘူး။ အခုလို ဆံပင်ညှပ်နေတုန်း မိုးတွေရွာချယင် တိုးလို့တန်းလန်းနဲ့ ဘယ်လို လုပ်ကြမလဲ။ ပြီးတော့ မိုးရွာယင် ဒီနေ့ ဦးလေးရဲ့ ဆိုင်ကလေးကို သူ့ဖောက်သည်တွေ လာကြပါတော့မလား။ ဖိုးညီ လာတော့မှ သေတ္တာထဲက ဆံသကရိယာတွေ ထုတ်ရတဲ့ ဦးလေးယုထင် ကလည်း ဖိုးညီလိုပဲ တွေးနေမယ် ထင်တယ်။

ဦးလေး လက်အခါလိုက်မှာ စက်ကပ်ကြေးစာ ဆံပင် တိုစိစိကလေးတွေ လေထဲမှာ လွင့်သွားကြပြန်တယ်။ ခဏနေတော့ “ဖုတ်” ဆိုတဲ့ အသံနဲ့အတူ ဦးလေးရဲ့ လှုပ်ရှားနေတဲ့ စက်ကပ်ကြေးလည်း ရပ်သွားတယ်။

“ဘာကောင်လည်း ဦးလေး”
“ပုတ်သင်ညို ကလေးပါ၊ ကိစ္စမရှိပါဘူး ဖိုးညီ”

တခါက အကောင်ရှည် သေးသေးတကောင် ဦးလေးတို့ ခြေထောက်နား ပြုတ်ကြဖူးတယ် မဟုတ်လား။

ဦးလေးက ခြောက်ထုတ်လိုက်မှ ပုတ်သင်ညို ကလေးက သတိရပြီး ညောင်ပင်ပေါ် အမြန် တက်ပြေးသွားတယ်။ ပုတ်သင်ညိုရဲ့ အမြီးနဲ့ ညောင်ပင်က သံငုတ်မှာ တွဲလွဲချိတ်ထားတဲ့ သင်တုန်းဓားခတ်တဲ့ သားရေပြားနဲ့ တိုက်မိသွားသေးတယ်။

“မိုးရွာဖို့တော့ တော်တော် သေချာနေပြီ ဖိုးညီ”

ပုတ်သင်ညိုရဲ့ခေါင်းက အစိမ်းရောင် ပြောင်းနေလို့လား၊ တိမ်မည်းတွေ တဖြည်းဖြည်း တက်လာလို့လား။ မိုးသက်လေက တသုန်သုန် တိုက်လာလို့လား၊ သလုံးရိုးထဲကပဲ ပိုကိုက်လာလို့လားတော့ မသိ။

ဦးလေးက မိုးရွာမှာ သေချာတယ်သာ ပြောနေပေမယ့် စက်ကပ်ကြေး ကိုင်ထားတဲ့ သူ့လက်တွေ လှုပ်ရှားနေပုံကတော့ ပုံမှန် အတိုင်းပဲ။ အလောသုံးဆယ် မရှိဘူး။ တိမ်မည်းတွေ ပိုပိုများလာတယ်။ ဦးလေးရဲ့ ဆိုင်ကလေးက ညောင်ပင်ရဲ့ အရိပ်ကို ခိုစရာ မလိုတော့ဘူး။ ခိုစရာ ညောင်ပင်ရိပ်လည်း မရှိတော့ဘူး။ ခြုံထည်ပေါ်က နေစက် နေပြောက်တွေလည်း ပျောက်ကုန်ကြပြီ။

တကယ်လို့များ မိုးတွေ ရွာချလာယင်တော့ ...

အနီးအနားလည်း မိုးခိုစရာ အဆောက်အဦက မရှိ၊ လောလောဆယ် ညှပ်မပြီးသေးတဲ့ ဆံပင်ကို နောက်တနေ့မှ ဆက်ညှပ်ဖို့ တခေါက် လာရတော့မှာပဲလို့ ဖိုးညီ စိတ်ပျက်လက်ပျက် တွေးနေမိတယ်။

“တော်ရုံ မိုးရွာတာလောက်တော့ ဒီညောင်ပင်ကြီးက လုံပါတယ် ဖိုးညီရဲ့” လို့ ဦးလေးက ပြောဖူးပေမယ့် တိမ်ရိပ်တိမ်ရောင် ကြည့်ရတာ တော်ရုံတန်ရုံမိုး ဟုတ်မယ့်ပုံ မပေါ်ဘူး။

ဖိုးညီထက် အသက်လည်းကြီး၊ ကျန်းမာရေးလည်း မကောင်းတဲ့ ခုနှစ်ဆယ်တွင်း ဦးလေးယုထင် ကတောင် ဒီမိုးအတွက် မစိုးရိမ်ပဲ ဖိုးညီက စိုးရိမ်နေမိတယ်။

မိုးဖွဲဖွဲ စရွာတော့ လမ်းပေါ်ကလူတွေ စက်ဘီးတွေ၊ ဆိုက်ကားတွေ၊ မြင်းလှည်းတွေ ရုတ်ရုတ်သဲသဲနဲ့။

ဦးလေးကတော့ ဘာအနံ့မှမရှိတဲ့ ပေါင်ဒါတွေ ဖိုးညီရဲ့ခေါင်းကိုတို့ယင်း ဆံပင် အတိုအစတွေကို ဖယ်ယင်း၊ ညှပ်ထားတာ ညီရဲ့လား၊ မညီဘူးလားဆိုတာ ကြည့်နေတယ်လေ။ မိုးက ဖွဲရာက သည်းလာတယ်။ ညောင်ရွက်တွေ ကြားက မိုးစက်အကြီးကြီးတွေ ဦးလေးတို့ ခေါင်းပေါ်ကို တော်တော် ကျလာတော့ ဦးလေးက သူ့ဆံသကရိယာတွေကို ခပ်သုတ်သုတ် သိမ်းနေပြီ။ မိုးက တဝေါဝေါ အသံပေးပြီး ရွာချပြန်တယ်။

ဖိုးညီက ဦးလေးရဲ့ ဆံသကရိယာတွေ ကူသိမ်းပေးတော့ များများစားစား မဟုတ်လို့ ခဏလေးနဲ့ ပြီးသွားတယ်လေ။

ဖိုးညီက ညောင်ပင်မှာ တွဲလွဲချိတ်ထားတဲ့ သားရေပြားကို ဖြုတ်လိုက်တယ်။ ဒီတခါ မိုးတင်မကတော့ဘူး။ လေရော မိုးရောပဲ သည်းလာတယ်။

“လာ ဖိုးညီ ကျုပ်တို့ နေရာရွှေ့ရအောင်” တဲ့။

ဖိုးညီက ကုလားထိုင်ကို ကောက်ကိုင်တော့ လက်ဟန်ခြေဟန်နဲ့ မယူနဲ့ဆိုတဲ့သဘော ဦးလေးက ကပျာကယာ လုပ်ပြတယ်။ အနားမှာ မိုးခိုစရာ အိမ်တို့ဘာတို့မှ မရှိပဲ။ ဘယ်များ သွားမှာပါလိမ့်လို့ ဖိုးညီ စဉ်းစားနေတယ်။ သေတ္တာကလေးဆွဲလို့ ရှေ့ကသုတ်သုတ်နဲ့ သွားနှင့်တဲ့ ဦးလေးနောက်ကို ဖိုးညီ လိုက်သွားရတယ်။ သူ့ကိုယ်ပေါ်မှာ ခြုံထည်ကြီးနဲ့။ လက်ထဲမှာ သင်တုန်းဓားခပ်တဲ့ သားရေပြားက တန်းလန်း ... တန်းလန်း ပါလာတယ်။

ဦးလေးယုထင်က ဘုရားပေါက်ကို ဦးတည်သွားနေတော့မှ ဘုရားထဲက ဇရပ်တခုခုမှာ မိုးခိုယင်ရသားပဲလို့ ဖိုးညီတွေးမိတယ်။ ဒါကလည်း ဇရပ်ဆီရောက်အောင် ကိုက်ငါးဆယ်လောက် မိုးထဲ ဖြတ်ပြေးရဦးမှာ။ ဘုရားပေါက်လည်း ရောက်ရော ဦးလေးက ခင်္သြေ့ကြီးနှစ်ကောင် ရှိတဲ့အနက် အရှေ့ဘက် ခင်္သြေ့ကြီးရဲ့ ဗိုက်အောက်ကို စွေ့ကနဲ ငုံ့ပြီး ဝင်လိုက်တယ်။ ဦးလေးက အရှေ့ဘက် ခင်္သြေ့ဆိုယင် သူက အနောက်ဘက် ခင်္သြေ့ဝင်မှဆိုတဲ့ အတွေးနဲ့ အနောက်ဘက် သွားမယ်အလုပ်မှာ ဦးလေးက ...

“ဖိုးညီ လာ ဒီဘက်ကိုလာ” တဲ့။

နှစ်ယောက်စလုံး ခင်္သြေ့အောက် ရောက်တော့ ခေါင်းတွေရော၊ ခြုံထည်ရော မိုးစိုနေကြပြီ။

“ဒီလို လေရော မိုးရောဆိုယင် အရှေ့ဘက် အကောင်က မိုးပိုလုံတယ် ဖိုးညီရ”

ဦးလေးက သူ့အတွေ့အကြုံအရ သိထားတာ ပြောပြနေတယ်။ ဖိုးညီက ခေါင်းပဲ ညိတ်ပြလိုက်မိတယ်။ ခင်္သြေ့ရဲ့ ဗိုက်အောက်က သိပ်တော့ ကျယ်လှတာ မဟုတ်ဘူး။ သူတို့နှစ်ယောက် ဝင်ဆန့်ရုံပါပဲ။ ဦးလေးယုထင်နဲ့ နှစ်ယောက်သား ဆောင့်ကြောင့်ကလေးတွေ ထိုင်နေကြရတယ်။ ဖိုးညီက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေမိတယ်။ သူတို့အယင် ရောက်နှင့်နေတဲ့ ခွေးသားအုပ်မက အစွယ်တွေဖြီးလို့ ကြည့်နေတယ်။ ပတ်ဝန်းကျင်ကတော့ ပင့်ကူအိမ် မရှိ၊ ပိုးအိမ် မရှိ သပ်သပ်ယပ်ယပ်။ မိုးကတော့ မဆိုစလောက် ပက်နေတယ်လေ။

ဆံသကရိယာတွေ ထည့်တဲ့ သေတ္တာလေးထဲက မိတ်ကပ်ဘူး အဟောင်းကလေးကို ထုတ်ပြီး ဖိုးညီလက်ထဲ ထည့်လိုက်တယ်။ ဖိုးညီက မိတ်ကပ်ဘူးကို ဖွင့်ပြီး မှန်ဝိုင်းလေးထဲကို ကြည့်လိုက်တော့ မိုးစိုနေတဲ့ ဆံပင်တိုတိုပုံကို သူမြင်နေရတယ်။ တခေါင်းလုံးအနှံ့ ကြည့်ရဖို့ မှန်ဝိုင်းကလေးကို ဟို ဒီ ရွှေ့ပေးရတယ်။

ဦးလေးကတော့ သူ့ဆံသကရိယာတွေ တခုချင်း ပြန်ထုတ်ပြီး ဝါးတားဘရပ်ရှ်ကို မိုးစိုအောင် အပြင်ထုတ်ထား လိုက်တယ်။ ပြီးမှ ဖိုးညီလက်ထဲက သင်တုန်းဓားခပ်တဲ့ သားရေပြားရဲ့ အစတဘက်ကို ယူပြီး သင်တုန်းဓားကို အားနဲ့ဖိပြီး ခပ်နေတယ်။ သူတို့နှစ်ယောက် တလှုပ်လှုပ် လုပ်နေလို့ ရှိနှင့်နေတဲ့ ခွေးသားအုပ်မက မာန်ဖီပြီး ကိုက်လိမ့်မယ်လို့ ဖိုးညီ ထင်မိတယ်။ ဦးလေးနဲ့ ဒီခွေးသားအုပ်မက မိုးခိုဖော် မိုးခိုဖက်မို့ ခွေးသားအုပ်မက မှိန်းမြဲ ပြန်မှိန်းသွားတယ်။ ခွေးကလေးတွေက နို့စို့မပျက်၊ တပြွတ်ပြွတ်နဲ့။

ခင်္သြေ့ရဲ့ ဗိုက်အောက်မှာတင် ဦးလေးက ဖိုးညီရဲ့ နပန်းကို တိတော့မယ်။ နောက်တနေ့ အကူးမခံတော့ဘူး။

----------------
ညီပုလေး
စံပယ်ဖြူ၊ မေ၊ ၁၉၈၇။

Credit to bigpig @ mmcpcommunity

“ အလွ ဘယ္မွာနည္း ”

Zawgyi Version

“ အလွ ဘယ္မွာနည္း ”
ေရးသူ - ေသာ္တာေဆြ
အလွကို ကၽြန္ေတာ္သည္ ဆရာမေဒၚေရႊၾကည္၏ ကေလးကင္ပြန္းတပ္ပြဲတြင္ ေတြ႕ရပါသည္။
ကၽြန္ေတာ့္ရည္းစားေပ်ာက္လို႔ရွာ….၊
ေတြ႕ရင္ ေျပာၾကပါ။
သူ႔မ်က္ႏွာကခင္မင္စရာ၊
မွတ္မိတာလဲေသအခ်ာ။
ႏွာေခါင္းေအာက္မွာလည္း ျမင္ႏိုင္တာ၊
ပါးစပ္မွာလည္းသြားနဲ႔ပါ….။
ေငြတစ္ေထာင္ ေပးပါ့မယ္ဗ်ာ။
ေတြ႕ၾကရင္ လမ္းညႊန္ပါ။
အထက္ပါသီခ်င္းသြားႏွင့္ ကၽြန္ေတာ္ အလွကိုစတင္ေတြ႕ျမင္ရပါသည္။
ဂ်ပန္ေခတ္ကျဖစ္ပါသည္။ စမ္းေခ်ာင္း အရပ္တီး၀ိုင္းတစ္ခုႏွင့္ ကင္ပြန္းတပ္ပြဲကိုဧည့္ခံရာေဖာ္ျပပါသီခ်င္းတစ္ပုဒ္ကို ၾကားရပါသည္။ ထိုသီခ်င္းမွာဟာသရသႏွင့္ျပည့္စံုပါေပသည္။ ကၽြန္ေတာ္မွတ္မိသေလာက္ ေတးသြားမွာအထက္ပါမွ်ျဖစ္ေသာ္လည္းတစ္ပုဒ္လံုးျခံဳလိုက္ပါမူသူ႔ရည္းစားမွာမ်က္လံုးႏွစ္လံုးပါသည္၊ နားရြက္ႏွစ္ခုပါသည္၊ ႏွာေခါင္းႏွစ္ေပါက္ပါသည္ စသည့္ျပက္လံုးမ်ားျဖင့္ ၾကားရသူတို႔ကိုရႊင္ျပံဳးရယ္ေမာေစပါသည္။ “ မွတ္မိတာလည္းေသအခ်ာပါးစပ္မွာလည္းသြားနဲ႔ပါ ” ေတးအခ်၌ အလွႏွင့္ကၽြန္ေတာ္ မ်က္စိခ်င္းေတြ႕ၾကရာအျပံဳးခ်င္းလည္းဆံုမိသည္၌ အထူးသျဖင့္…. သူ႔သြားပုလဲလံုးေလးေတြကလွလြန္းပါသည္။ “ အသားျဖဴျမင္းတစ္ေျပး၊ အသားညိဳ ကြမ္းတစ္ေထြး ” ဟုဆိုရာထိုဧည့္ခံပြဲမွာအလွႏွင့္ကၽြန္ေတာ္သည္ ၾကမ္းတစ္ေျပးမွာပန္းတစ္ေပးမွ်သာ လွမ္းေ၀းသျဖင့္ ျဖဴစင္၀ါ၀င္းေသာ သူ႔အသားမွာ ျမေၾကာစိမ္းစိမ္းေမြးႏုရွိန္းပင္ ျမင္ေနရပါသည္။
ခါး၊ တင္၊ ရင္ အတိုင္းအတာႏွင့္ မယ္ဘြဲ႕၀င္တို႔ႏွင့္ ယွဥ္ေသာ္ ကိုယ္လံုးကိုယ္ထည္ အခ်ိဳးအစားခ်င္းတူညီရန္ မခဲယဥ္းေသာ္လည္းအလွ၏အသားေရာင္(ဆိုပါေတာ့ဗ်ာ) အေရျပားအလွကိုမီဖို႔ကားရွားအံ့ထင္ပါ၏။ ထိုအသားအေရာင္ပိုင္ရွင္မ်ိဳးသည္ ႏႈတ္ခမ္းနီ၊ ပါးနီ… မင္ရည္ေဆးေတာင့္ စေသာ ‘ မိတ္ကပ္ ’ ေတြ ကူညီရန္မလို၊ စိမ္းေမွာင္ေသာမ်က္ခံုးေအာက္တြင္ မည္းနက္ေသာမ်က္လံုး၊ ၀ါ၀င္းေသာပါးျပင္၊ နီေထြးေသာႏႈတ္ခမ္းအသြင္တို႔မွာမျပဳမျပင္ဘဲနဂိုယဥ္ၿပီး၊ လွၿပီး၊ ေခ်ာၿပီး ျဖစ္ေနပါ၏။
ေရၾကည္ေသာက္ရင္…. ျမင္ရမေလာက္ပင္ × × အသားေတာ္၀င္းလို႔ ၀ါ၀ါရီရႊင္… ဆိုသည့္ သီခ်င္းစကားလံုးမ်ားမွာနန္းေတာ္ေရွ႕ဆရာတင္သည္ ကၽြန္ေတာ့္ ‘ အလွ ’ကဲ့သို႔ အမ်ိဳးသမီးကို ျမင္ဖူး၍သာဖြဲ႕ဆိုႏိုင္ျခင္းျဖစ္သည္ဟု ကၽြန္ေတာ္ထင္ပါသည္။
အလွႏွင့္ကၽြန္ေတာ္သည္ ေတြ႕ၾကေသာအခ်ိန္မွာ ကၽြန္ေတာ့္အသက္သည္ ၂၂ ႏွစ္၊ ပ်ိဳမ်စ္ႏုနယ္ ငယ္ရြယ္တုန္းပါ။ အလွအသက္က ၂၀ မွ်သာျဖစ္ပါသည္။
အလွ၏အမည္ကိုအလွဟူ၍ မည္သူကမွ်မေျပာပါဘဲႏွင့္ အလွကိုျမင္သူတိုင္းကအလွ ဟုေခၚမိၾကမည္ျဖစ္သည္မွာဤမိန္းကေလး၏ ၀မ္းတြင္းပါနာမည္ဟု ဆိုရပါေခ်မည္။
ကၽြန္ေတာ္သည္ ဆရာမေဒၚေရႊၾကည္၏ကေလးကင္ပြန္းတပ္ဧည့္ခံပြဲ၌ အလွ ကိုျမင္ၿပီးကတည္းကသူ႔အမည္ကိုမည္သူ႔အားမွ်မေမးေတာ့ဘဲအလွ ဟုပဲစိတ္ထဲကရည္မွတ္ခဲ့ရာအကယ္ပင္ သူ႔နာမည္အလွ ဟုျဖစ္ေနေၾကာင္းသီတင္းတစ္ပတ္မွ်အၾကာတြင္ သိရပါေတာ့သည္။
ထိုေန႔ကဆရာမေဒၚေရႊၾကည္သည္ ရန္ကုန္သြားရန္ စမ္းေခ်ာင္းျမင္းလွည္းဂိတ္မွ ကၽြန္ေတာ့္ျမင္းလွည္းေပၚတက္စီးရင္း….၊
“ ေဟ့… ေမာင္ၾကင္ေဆြ၊ မင္းဟိုေန႔ကအလွ ေနာက္ကလိုက္ၿပီးသီခ်င္းဆိုတယ္ဆို ”
ကၽြန္ေတာ္သည္ အလိုလိုစိတ္ထဲကသိၿပီးျဖစ္ေနလ်က္၊ သို႔ေသာ္ ပိုမိုေသခ်ာေအာင္….
“ အလွ ဆိုတာဘယ္သူလဲဆရာမ…. ”
“ ေဟ့…. ငါ့ကေလးကင္ပြန္းတပ္ပြဲတုန္းကမင္းမ်က္စိက်ေနတဲ့ ေကာင္မေလးေပါ့ကြာ… ”
မွန္ပါသည္။ သူ႔ကင္ပြန္းတပ္ပြဲအၿပီး ၃ ရက္ေျမာက္၌ ကၽြန္ေတာ္သည္ စမ္းေခ်ာင္းျမင္းလွည္းဂိတ္မွ ဗဟန္းသို႔သြားရန္ ခရီးသည္ ၃ ေယာက္ႏွင့္ျမင္းလွည္းကိုတာစူေနစဥ္ ၾကည့္ျမင္တိုင္ဘက္မွလာခဲ့ေသာရထားတစ္စီးတြင္ အလွသည္ ေနာက္ပိုင္းမွ ေျခကေလးတြဲလြဲခ်စီးလာသည္ကို ျမင္ရသည္၌ ကၽြန္ေတာ္သည္ ကိုယ့္လွည္းလူျပည့္ေအာင္ မေစာင့္ေတာ့ဘဲထိုလွည္းေနာက္မွ ကပ္လိုက္ကာသူကေလးၾကားေလာက္ရံုေလာက္…..
ကၽြန္ေတာ့္ရည္းစားေပ်ာက္လို႔ရွာ၊
ေတြ႕ရင္ ေျပာၾကပါ။
မွတ္မိတာေသအခ်ာ၊
ပါးစပ္မွာလည္းသြားနဲ႔ပါ….။
သူကေလးသည္ ကင္ပြန္းတပ္ပြဲတုန္းက ျပံဳးသည့္နည္းတူ ကၽြန္ေတာ့္အားၾကည့္၍ ျပံဳးလိုက္ပါသည္။ သည္အေၾကာင္းဆရာမဆီက ကၽြန္ေတာ္သိရေတာ့ လြန္စြာ ႏွစ္ေထာင္းအားရျဖစ္လ်က္….
“ ဆရာမကိုဘယ္သူေျပာလဲ… ဟင္… ”
“ ဘယ္သူေျပာရမွာလဲ… အလွကေျပာတာပဲေပါ့ကြ… ေနာက္မင္းကလမ္းမွာလူတစ္ေယာက္ရပ္တင္ေတာ့ က်န္ရစ္ခဲ့ေရာတဲ့၊ အဲဒီအလွစီးတဲ့ ျမင္းလွည္းသမားကမင္းကိုစိတ္ဆိုးသတဲ့၊ ဘာေၾကာင့္လဲဆိုအဲဒီစီးမယ့္လူကပထမေရွ႕လွည္းစီးမလို႔ဟာမင္းကလည္းအလွတို႔လွည္းေနာက္ကကပ္ရပ္ေတာ့ ခရီးသည္က ‘ ဟာ…. ေနာက္လွည္းေခ်ာင္တယ္ ’ ဆိုၿပီးတက္စီးေတာ့…. ဟိုလူကစိတ္ဆိုးၿပီးမင့္ျမင္းမမီေအာင္ သူ႔ျမင္းရိုက္ေမာင္းသြားတာတဲ့ကြ ”
“ ဟုတ္တယ္… ဆရာမ၊ အဲဒါ ကၽြန္ေတာ့္အမွားပဲ၊ တကယ္ဆိုေရွ႕လွည္းကလူရပ္တင္ရင္ ကၽြန္ေတာ္ ေက်ာ္တက္သြားရမယ္၊ ဒါေပမဲ့…. ” ဆိုၿပီး ကၽြန္ေတာ့္မွာေရွ႕စကားမဆက္ဘဲရွိေနရာလူ႔သေဘာေနာေက်ေနၿပီျဖစ္ေသာဆရာမက….
“ ဒါေပမဲ့… မင္းကအလွ ေနာက္ကေလွ်ာက္လိုက္ခ်င္တာနဲ႔ ရပ္လိုက္တယ္ဆိုပါေတာ့၊ အဲဒါကိုအလွကလည္းသိပါတယ္ကြာ၊ ေဟ့… ဒီမွာေမာင္ၾကင္ေဆြ၊ အလွကလည္းမင္းကို စိတ္၀င္စားေနပါတယ္ကြ၊ သူက ငါ့ဘယ္လို စ ေျပာသလဲဆိုရင္ ဆရာမအိမ္မွာေတြ႕ခဲ့ရတဲ့ ေကာင္ေလးက ျမင္းလွည္းေမာင္းေနရပါလား…. သနားစရာေလးတဲ့၊ ဒီေတာ့…ငါကမသနားပါနဲ႔ မယ္မင္းႀကီးမ၊ သူ႔မိဘေတြကေတာမွာခ်မ္းသာပါတယ္…၊ သူ႔ဟာသူရန္ကုန္မွာေပ်ာ္လို႔ လုပ္ခ်င္တာလုပ္ေနတာလို႔ ေျပာလိုက္တယ္၊ မင္းတို႔ခ်င္းနီးစပ္ႏိုင္ပါတယ္ကြာ… ”
စင္စစ္ ရန္ကုန္မွာအိမ္ေထာင္က်၍ ကၽြန္ေတာ္ ျမင္းလွည္းေမာင္းေနရသည္ကိုဆရာမသည္ သိဟန္မတူ၊ သူခုနကေျပာသကဲ့သို႔ပင္ ကၽြန္ေတာ္ကအေပ်ာ္သက္သက္ လုပ္ေနသည္ဟုထင္ေနပံုေပၚပါသည္။ ထို႔ေၾကာင့္ အလွ၏ ေနရပ္ အိမ္နံပါတ္ကိုေျပာျပပါသည္။ အလွ၏ နာမည္ အျပည့္အစံုမွာလွလွၾကည္ျဖစ္ေၾကာင္းလည္းေျပာျပပါသည္။ သို႔အတြက္ ယင္းသည့္ေန႔မွစ၍ ကၽြန္ေတာ္ေမာင္းေနေသာ ေဖာင္း၀တ္မ၏နာမည္သည္ ‘ လွလွၾကည္ ’ ျဖစ္သြားပါသတည္း။
××××××××××××××
လူ႔ဘ၀၌ ကံခ်င္းနီးစပ္မႈရွိပါကတိုက္ဆိုင္မႈတို႔ျဖစ္တတ္သည္မွာဓမၼတာတည္း။
ေျပာရဦးမည္။ ဂ်ပန္ေခတ္တြင္ ဗဟန္းသည္ ရန္ကုန္ၿမိဳ႕၏ အစည္ကားဆံုးေနရာျဖစ္သည္။ ေရႊတိဂံုေစတီေတာ္ႀကီး၏ ပတ္၀န္းက်င္ကိုေတာ့ မဟာမိတ္တို႔၏ ဗံုးမခ်ဟုယံုၾကည္စြာျဖင့္ ဘုရားႀကီးပတ္လည္မွာလူမ်ားစုရံုးေနထိုင္ၾကသည္။ ေစ်းဆိုင္ကနားတို႔ႏွင့္ လြန္စြာစည္ကားလွ၏။
ကၽြန္ေတာ္တို႔ စမ္းေခ်ာင္းဘက္ကလာပါမူေဘာင္ဒရီလမ္းမွ လင့္ခ္လမ္းခ်ိဳးလိုက္သည္ႏွင့္ ဗဟန္းေရႊၿမိဳ႕ေတာ္ထဲ ၀င္ရသည္ႏွင့္ တူေခ်သည္။ ထိုအခ်ိန္ကလင့္ခ္လမ္းသည္ ၿမိဳ႕ေတာ္လမ္းမႀကီးႏွင့္ တူေပသည္။ အေဆာက္အဦ ႀကီးႀကီးမားမားခိုင္ခိုင္ခန္႔ခန္႔ႏွင့္ေတာ့မဟုတ္။ ၀ါး၊ ဓနိ၊ ေျမစိုက္အိမ္မ်ား၊ ဆိုင္မ်ားျဖင့္ လမ္းႏွစ္ဘက္တြင္ ျပည့္ႏွက္လ်က္….။ လင့္ခ္ဟိုတယ္၊ ဥကၠလာဟိုတယ္…. စသည္ျဖင့္ တရုတ္တန္းေနရာကိုယူထားေပသည္။
တစ္ေန႔ေသာညေနခင္း၌ ကၽြန္ေတာ္သည္ လင့္ခ္ဟိုတယ္ မ်က္ႏွာစာေရွ႕၌ ျမင္းလွည္းကိုရပ္လ်က္ ဟိုတယ္ကထြက္လာမည့္ ခရီးသည္ကိုေစာင့္ေနသည္။ အထူးသျဖင့္ အညာသားကုန္သည္မ်ား၊ ထိုစဥ္၌ သူတို႔သည္ ဂ်ပန္ေငြစကၠဴထုပ္ကိုသင္အူေလွ်ာ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္သည္ထိခ်မ္းသာၾကသည္ျဖစ္၍ ရက္ေရာစြာသံုးျဖဳန္းေလ့ရွိၾကေပသည္။ သည္လိုအညာသားမ်ားဟိုတယ္ကထြက္၍ မူးလာၾကၿပီဆိုပါကဇိမ္မယ္အိမ္မ်ားကိုပို႔ခိုင္းတတ္၍ လွည္းခေငြ ၿမိဳးၿမိဳးျမက္ျမက္ ရတတ္သည္။
ယင္းသို႔ အမဲမ်ိဳးေစာင့္ေနစဥ္ ကၽြန္ေတာ္မေမွ်ာ္လင့္ေသာအျဖစ္မ်ိဳးၾကံဳရသည္။ လင့္ခ္ဟိုတယ္ထဲမွ အမ်ိဳးသမီးတစ္ေယာက္ကခပ္သုတ္သုတ္ကေလးထြက္လာလ်က္ (အလို… အလွပါလား) ကၽြန္ေတာ့္ျမင္းလွည္းေပၚ အျမန္တက္ကာ….
“ ကိုၾကင္ေဆြ… ကိုၾကင္ေဆြ…. ျမန္ျမန္ ေမာင္းစမ္းပါ၊ ျမန္ျမန္ေမာင္းစမ္းပါ… ”
သူ႔ေနာက္ကတစ္စံုတစ္ေယာက္ လိုက္လာသည့္ႏွယ္ ( ဟာ…. ဟုတ္သပါ့) ဂ်ပန္စစ္ဗိုလ္တစ္ေယာက္၊ ခါးမွာေျဗာက္ႏွင့္ ဓားလြယ္ႀကီးႏွင့္….
“ ေဟး ….. အလ … အလ …. ”
ဘာရမည္နည္း။ ကၽြန္ေတာ္က ျမင္းကို ႀကိမ္္ႏွက္၍ထြက္သည္။
“ ေဟး …. ဘိရမာ …. မာစတာလိုက္မယ္ကဲ …. ”
သူေနာက္ကေျပးလိုက္လာသည္။ သူ႔မ်က္ႏွာမွာအရက္မူးေနပံုလည္းေပၚသည္။ အလွမွာလြန္စြာစိုးရြံ႕ေနပံုေပၚလ်က္ ……
“ ကိုၾကင္ေဆြ ….. လြတ္ေအာင္သာေမာင္းစမ္းပါ …… ”
“ စိတ္ခ်ပ ….. ” ဆို၍ ကၽြန္ေတာ္ျမင္းကိုေျခကုန္သုတ္သည္။ ဂ်ပန္ကလည္းအေလွ်ာ့မေပး၊ အေျပးလိုက္သည္။ သိုိ႔ရာတြင္ ဘြတ္ဖိနပ္ရွည္ႀကီးႏွင့္ျဖစ္ရကားမီဖို႔ခဲယဥ္းသည္။ သို႔ေသာ္ လင့္ခ္လမ္းမွ ဘယ္ဘက္ ေဘာင္ဒရီလမ္းခ်ိဳးလိုက္သည္၌ မ်က္ႏွာခ်င္းဆုိင္မွ အျပင္းေမာင္းလာေသာဂ်ပန္စစ္ကားေၾကာင့္ ေရွ႕က ခပ္ျဖည္းျဖည္းေမာင္းေနေသာ ျမင္းလွည္းကို ကၽြန္ေတာ္ေက်ာ္မတက္ႏိုင္၊ ယင္း၌ ကိုေရႊပန္ ျမင္းလွည္းေပၚေရာက္လာၿပီး ျမင္းဇက္ႀကိဳးကိုင္ေနေသာကၽြန္ေတာ့္လက္ကိုဆြဲကာ ျမင္းကိုရပ္ေစၿပီး ကၽြန္ေတာ့္ပါးကိုရိုက္ပါေတာ့သည္။ ထိုစဥ္၌ ကၽြန္ေတာ္တို႔ဗမာမ်ားသည္ ဂ်ပန္စစ္ဗိုလ္၊ စစ္သားမ်ားကိုခုခံရရိုးမရွိပါ။ သူတို႔ျပဳသမွ် ခံရသည္သာ။
သို႔ေသာ္ အလွ ….. အလွ ……။
အလွသည္ သူ႔ဖိနပ္ခၽြတ္၍ ဂ်ပန္႔ပါးကိုဘယ္ျပန္ညာျပန္ တီးေတာ့သည္။ ယင္းမွ ဂ်ပန္သည္ ကၽြန္ေတာ့္ကိုလႊတ္လိုက္ၿပီးအလွကိုေစ့ေစ့ၾကည့္သည္။ မိန္းမသားကိုေတာ့ ဘာမွ်မလုပ္။ အလွကရိုက္ရင္းသူ႔အားဆင္းသြားရန္ ဂ်ပန္လိုေျပာသည္။ အနီးရွိသူမ်ားလည္း ၀ိုင္းအံုလာၾကသည္။ ယင္း၌ ဂ်ပန္သည္ သူၾကမ္း၍မရမွန္းသိၿပီးအလွအားဂ်ပန္လိုႀကိမ္းေမာင္းေျပာဆိုၿပီး ျမင္းလွည္းေပၚမွ ဆင္းသြားေတာ့သည္။
သည္ေတာ့မွ ကၽြန္ေတာ္ျမင္းလွည္းကိုဆက္ေမာင္းသည္။ ကၽြန္ေတာ့္ပါးစပ္ထဲမွေသြးမ်ားကိုေထြးထုတ္လိုက္သည္။ ကၽြန္ေတာ့္ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ားစို႔ေနသည္။ အလွက သူ႔လက္ကိုင္ပ၀ါေလးႏွင့္ သုတ္ေပးလ်က္ ……
“ ကိုၾကင္ေဆြ ….. ေတာ္ေတာ္နာသြားသလား …… ”
ကၽြန္ေတာ္ကသူ႔လက္ကေလးကိုဖယ္ေစလ်က္ ျပံဳးရယ္ကာ ……
“ ေယာက္်ားပဲ၊ ဒါေလာက္ကိုနာတယ္ဘယ္ေခၚမလဲ….. ”
“ ကၽြန္မေၾကာင့္ ဒီလိုျဖစ္ရတာ …. စိတ္မေကာင္းလုိက္တာရွင္ ….. ”
“ ေအာင္မယ္….. ဒါေလာက္မ်ားဘာဟုတ္ေသးလဲ ….. ကၽြန္ေတာ္ကဂ်ပန္ဒဏ္ေတာ့ ဒီေလာက္မကခံဖူးေသးတာပဲ ” ဟုအစခ်ီကာသူစိတ္မေကာင္းမႈျပယ္ေပ်ာက္ေစရန္ ျပံဳးရယ္ကာျဖင့္ …. “ ဂ်ပန္ စေရာက္ခါစႏွစ္၊ ကၽြန္ေတာ္ ျမင္းလွည္းစေမာင္းခါစတုန္းကေပါ့….၊ ကိုယ္က ျမင္းလွည္းလည္းေကာင္းေကာင္းမေမာင္းတတ္ေသး၊ ေမာင္းရတာကလည္း ျမင္းသိုးကေလး၊ သိပ္ၿပီးေတာ့ အာမာတယ္၊ ေတာ္ရံုတန္ရံုဆြဲရံုနဲ႔ သူမရပ္တတ္ဘူး။ ဒါနဲ႔…. တစ္ေန႔ စေကာ့ေစ်းေရွ႕မွာေပါ့၊ ကိုယ္က ျမင္းလွည္းေမာင္းအသြား၊ ဓားလြယ္ႀကီးေတြနဲ႔ ဂ်ပန္စစ္ဗိုလ္ႀကီး ၃ ေယာက္ကျဖတ္အလာ …. သူတို႔ကရပ္မေပးဘူး။ ျမင္းလွည္းကသာရပ္ေပးရမယ္ေပါ့။ ဒါနဲ႔ ကၽြန္ေတာ္ျမင္းကိုဆြဲရပ္တယ္။ ဒါေပမဲ့ ျမင္းသိုးေလးကေတာ္ရံုတန္ရံုဆြဲရံုနဲ႔ မရပ္တဲ့ေကာင္ေပကလား၊ ဂ်ပန္တစ္ေယာက္ ေဟာဒီျမင္းလွည္းညာဘက္လက္တံနဲ႕ နံေစာင္းပိတ္ထိုးလိုက္တာတံုးခနဲလဲပါေရာ …..၊ ဒီေတာ့ သူတို႔အားလံုးခုရား …. ခါးရား …. ျဖစ္ၾကတုန္းလစ္မွပဲဆိုၿပီး ျမင္းကိုတအားရိုက္ေမာင္းပါတယ္၊ မလြတ္ဘူးဗ်ိဳ႕၊ မလဲတဲ့ ဂ်ပန္ႏွစ္ေယာက္က ျမင္းလွည္းအမိုးကိုင္းကိုမိေနေတာ့ ကၽြန္ေတာ္ခံရတာပဲ …..။ ”
“ ခံရတာမွ ျမင္းလွည္းေအာက္ကိုဆင္းေပးရတယ္။ လဲသြားတဲ့ဂ်ပန္ႀကီးက ကၽြန္ေတာ့္လက္ထဲကျမင္းရိုက္တဲ့ ထား၀ယ္ႀကိမ္လံုးေလးယူၿပီးေတာ့ ပါးကိုဘယ္ျပန္ညာျပန္ ခ်ေတာ့တာပါပဲ။ ကၽြန္ေတာ္က ျမင္းကိုဆြဲေသာ္လည္းဒီျမင္းကအာမာေနတာမို႔ ဒီလိုမေတာ္တဆ ျဖစ္ရတဲ့အေၾကာင္းဒင္းတို႔နားလည္မလားလို႔ အဂၤလိပ္လိုေျပာဆုိၿပီးေတာင္းပန္ပါတယ္။ လား …. လားသူတို႔ကဘာမွနားမလည္တာလား၊ ကၽြန္ေတာ္ စကားေျပာေလပိုရိုက္ေလ…. ဒီေတာ့ နံေဘးကလူေတြကဘာမွမေျပာဘဲ ၿငိမ္သာခံေနပါဆိုလို႔ သူတို႔ရိုက္သမွ် အားရေအာင္ ခံလိုက္ရပါတယ္ဗ်ာ။ တကတဲမ်က္ႏွာတစ္ခုလံုးေသြးခ်င္းခ်င္းနီက်န္ခဲ့တာပါပဲ … ဟဲ …. ဟဲ…. ”
ကၽြန္ေတာ္ကရယ္၍ အဆံုးသတ္လိုက္ေတာ့ အလွသည္ ကၽြန္ေတာ့္အားအလြန္ကရုဏာသက္စြာျဖင့္ ၾကည့္လ်က္ …..
“ ျဖစ္မွျဖစ္ရေလကိုၾကင္ေဆြရယ္ ”
“ ကိုယ့္၀ဋ္ရွိလို႔ခံရတယ္ ယူဆရတာေပါ့၊ ျမန္မာျပည္ႀကီးတစ္ျပည္လံုးေတာင္ သူတို႔လက္ေအာက္မွာခံေနရတယ္မဟုတ္လား ”
အလွသည္ သက္ျပင္းခ်လ်က္ …….
“ ဒီဂ်ပန္ေကာင္ေတြဟာသိပ္မိုက္ရိုင္းတယ္၊ ဘယ္ေတာ့မွ သူတို႔လက္ေအာက္ကလြတ္မယ္မသိဘူး ”
“ တစ္ေန႔လြတ္ရမွာေပါ့ေလ၊ ဒါနဲ႔ ခုနဂ်ပန္ေကာင္က ….. ”
“ အလွ အလုပ္လုပ္တဲ့စက္ရံုကစစ္ဗိုလ္ေလ၊ ေႀသာ္ …. ကိုၾကင္ေဆြ႕ေျပာရဦးမယ္၊ အလွကသူတို႔ရံုးမွာစကားျပန္လုပ္တယ္၊ ဒီေကာင္ကအလွကိုၾကံေနတာသိသားပဲ၊ ဒီေန႔ သူလုပ္ပံုကကိစၥတစ္ခုေျပာစရာရွိလို႔ဆိုၿပီးသူ႔အထက္အရာရွိကိုခြင့္ေတာင္းၿပီးေခၚလာတယ္၊ ဒီဟိုတယ္ေရာက္ေတာ့ စားေသာက္စရာမွာေကၽြးရင္းအလွကိုခ်စ္စကားႀကိဳက္စကားေျပာၿပီးခပ္ၾကမ္းၾကမ္းလုပ္လာတာနဲ႔ အလွ ထြက္လာခဲ့တာကိုၾကင္ေဆြနဲ႔ ေတြ႕ေနတာပဲ၊ ကိုၾကင္ေဆြ႕နာမည္ အလွသိေနတာမအံ့ၾသဘူးလားဟင္ ….. ”
“ မအံ့ၾသပါဘူး၊ ကၽြန္ေတာ္ကလည္းဆရာမေဒၚေရႊၾကည္ေျပာလို႔ အလွနာမည္ လွလွၾကည္ ဆိုတာရယ္၊ လမ္းနဲ႔ အိမ္နံပါတ္ရယ္ သိေနတာပဲ၊ ကဲေရွ႕ကလမ္းညာဘက္ခ်ိဳးရမယ္ မဟုတ္လား ”
သို႔ႏွင့္ အလွတို႔အိမ္ေရွ႕ ျမင္းလွည္းရပ္လိုက္သည္။ အလွကသူတို႔အိမ္ေပၚတက္ပါဦးဆို၍ သူ႔အေမႏွင့္ ေတြ႕ရသည္။ အလွကယခုျဖစ္ပ်က္လာခဲ့ပံုကိုသူ႔အေမအားေျပာျပသည္။ သည္ေတာ့ အေမကသူ႔သမီးအတြက္ ကၽြန္ေတာ္ ဤကဲ့သို႔ခံခဲ့ရသည္ကိုအလြန္စိတ္မေကာင္းေၾကာင္း …..
“ ဟာကိစၥမရွိပါဘူးေဒၚေဒၚ၊ အလွကအဲဒီဂ်ပန္ကိုဘယ္ျပန္ညာျပန္ ဖိနပ္နဲ႔ခ်လိုက္တာပဲေက်နပ္လွပါၿပီ၊ ကၽြန္ေတာ္ စိုးရိမ္တာကအလွအလုပ္အတြက္ ”
ဤတြင္ အလွက ……
“ ဒီအတြက္မပူပါနဲ႔ ကိုၾကင္ေဆြရယ္၊ အလွကဒီဂ်ပန္ပါးရိုက္ၿပီးကတည္းကအလုပ္ထြက္ဖို႔ ဆံုးျဖတ္ၿပီးသားပါ ”
ထို႔ေနာက္ ကၽြန္ေတာ္ျပန္မည္ဟု ႏႈတ္ဆက္ေသာအခါ အလွက ကၽြန္ေတာ့္အား ျမင္းလွည္းခေပးမည္အျပဳ၌ ကၽြန္ေတာ္ကမ်က္ႏွာခ်င္းေစ့ေစ့ၾကည့္၍ ခပ္တိုးတိုးအသံႏွင့္ ……
“ မလုပ္ပါနဲ႔ အလွရယ္၊ တစ္ေယာက္တစ္ေယာက္ အဖိုးအခမယူတဲ့မိတ္ေဆြျဖစ္ခ်င္ပါတယ္ ”
××××××××××××
“ ကဲ ….. ကိုၾကင္ေဆြေရ႕…. အလွကိုအဖိုးအခမယူတဲ့ ကူညီမႈတစ္ခုလုပ္ေပးပါဦး ”
ေနာက္တစ္ေန႔ညေန၌ အလွသည္ ကၽြန္ေတာ့္အားဗဟန္းျမင္းလွည္းဂိတ္၌ ေတြ႕၍ ေျပာပါသည္။
“ ဘယ္လိုကူညီရမလဲအလွ ”
“ နက္ျဖန္ခါမနက္ ၁၀ နာရီေလာက္ေလအလွတို႔ အလုပ္လုပ္တဲ့ရံုးကိုလိုက္ခဲ့စမ္းပါ ”
“ လိုက္ႏိုင္ပါတယ္၊ ဘာကိစၥ ”
“ အလွတို႔ ေဘာ့စ္ ဂ်ပန္ႀကီးကကိုၾကင္ေဆြ႕ ေတြ႕ခ်င္လို႔တဲ့၊ ၾကည့္ခ်င္လို႔တဲ့လား ”
အလွကရယ္ေမာၿပီး …….
“ အဲဒီစစ္ဗိုလ္ကိုကိုၾကင္ေဆြ႕ ေတာင္းပန္ခိုင္းလိမ့္မယ္ ”
“ ေအာင္မယ္ …. ဒါျဖင့္ ဒီဂ်ပန္အရာရွိလိမၼာသားပဲ ”
“ အက္ဂ်ဴကိတ္တက္ပဲ၊ အဂၤလိပ္လိုေကာင္းေကာင္းတတ္တယ္ ကိုၾကင္ေဆြ၊ ဂ်င္းတယ္လ္မဲင္းပဲ ”
“ ဒါျဖင့္ ေတြ႕ရတာေပါ့ဗ်ာ ”
“ ဒါေပမဲ့ ကိုၾကင္ေဆြ ဒီလိုျမင္းလွည္းသမားစတိုင္ႀကီးႏွင့္ မလုပ္နဲ႔၊ ဆရာမကေလးကင္ပြန္းတပ္ပြဲတုန္းကလိုပိုးအက်ၤီအနက္ကေလးနဲ႔၊ ကာကီေရာင္ဘန္ေကာက္လံုခ်ည္ေလးနဲ႔ စတိုင္က်က်၀တ္ခဲ့ေနာ္ ”
“ သည္ေတာ့အလွကလည္း ဟိုေန႔တုန္းကလိုပဲ ဖက္ဖူးေရာင္အက်ၤီေလးနဲ႔ ႀကိဳးႀကီးခ်ိတ္ထမီ အစိမ္းႏု၀တ္ခဲ့ေပါ့ ဟုတ္လား ”
ကၽြန္ေတာ္တို႔ႏွစ္ေယာက္သား တစ္ေယာက္တစ္ေယာက္ ၾကည့္၍ သေဘာက်စြာ ရယ္ၾကသည္။
ေနာက္တစ္ေန႔နံနက္၀ယ္ ေဖာ္ျပပါအ၀တ္အစားမ်ားႏွင့္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္သည္ အလွတို႔ရံုးရွိရာ ဂိုးလ္ဒင္းဘယ္လီသို႔ သြားၾကသည္။ ကၽြန္ေတာ္သည္ ျမင္းလွည္းကို ကိုယ္တိုင္မေမာင္းေခ်။ ကၽြန္ေတာ့္မိတ္ေဆြ ကိုေသာင္းအား ေမာင္းခိုင္းသည္။
ခမ္းနားေသာ အိမ္ႀကီးအလုပ္ခန္းထဲ၌ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ဂ်ပန္ အရာရွိႀကီးေရွ႕ေရာက္ေတာ့ အသက္ ၆၀ ေလာက္ရွိမည့္ အဘိုးႀကီးသည္ စာၾကည့္ေနေသာ သူ႔မ်က္မွန္ခၽြတ္၍ ကၽြန္ေတာ္တို႔ကို ေမာ့္ၾကည့္လိုက္ၿပီးေနာက္ အလွအား ၀မ္းသာေသာအသံျဖင့္ ….
“ အိုး ယူ၀ါ ဖီယန္စီ ဖိုင္းဖိုင္း ”
ကၽြန္ေတာ့္မွာ ပါးစပ္အေဟာင္းသားျဖစ္သြား၍ စိတ္ထဲမွ ဟိုက္ခနဲျမည္လိုက္မိသည္။ ဂ်ပန္ႀကီးေျပာလိုက္သည့္ အဂၤလိပ္စကားအဓိပၸါယ္မွာ “ မင္းနဲ႔ လက္ထပ္မယ့္လူ ေခ်ာပါတယ္ လွပါတယ္…. ” ဟု ျဖစ္ေန၏။
အလွမွာမူ သူ႔အကြက္ သူဆင္ထားသည္မို႔ ဣေျႏၵမပ်က္ဘဲ ….
“ သိုင္းက်ဴးဆာ ”
“ ဆစ္ေဒါင္း - ဆစ္ေဒါင္း ” ဟု ဂ်ပန္ႀကီးကဆို၍ ကၽြန္ေတာ္တို႔ သူ႔ေရွ႕က ကုလားထိုင္မ်ားတြင္ ထိုင္ရသည္။
ေနာက္ အဘိုးႀကီးက ဂ်ပန္လိုေအာ္လိုက္သည္၌ ကၽြန္ေတာ့္အားပါးရိုက္ေသာ ဂ်ပန္စစ္ဗိုလ္ ထြက္လာၿပီး ကၽြန္ေတာ့္ေရွ႕မွာ မတ္တတ္ရပ္ရသည္။
အဘိုးႀကီးက အဂၤလိပ္ဘာသာျဖင့္ ကၽြန္ေတာ့္အား …..
“ မင္းကို ပါးရိုက္တာ သူ ဟုတ္လား ”
“ ဟုတ္ပါတယ္ ”
“ သူ႔ကို ျပန္ၿပီးေတာ့ ပါးရိုက္လိုက္ပါ ”
ကၽြန္ေတာ္က ေခါင္းခါ၍ ……
“ မရိုက္ခ်င္ပါဘူး ”
“ ဒါျဖင့္ မင္းကိုယ္စား ငါ ရိုက္ေပးရမွာေပါ့ ” ဆိုၿပီး ထိုင္ရာမွထ၍ ထိုဂ်ပန္အား သူတို႔ထံုးစံအတိုင္း ဘယ္ျပန္ညာျပန္ ၃ ခ်က္ရိုက္လိုက္သည္။ ၿပီးလွ်င္ ဂ်ပန္လိုေျပာဆိုသည္၌ စစ္ဗိုလ္ဂ်ပန္က ကၽြန္ေတာ္တို႔ႏွစ္ေယာက္အား သူတို႔ဂ်ပန္စကား ဂ်ပန္အမူအရာျဖင့္ အေလးျပဳလ်က္ သူမွားေၾကာင္း၊ ခြင့္လႊတ္ပါရန္ ေတာင္းပန္သည္။ အလွက ဂ်ပန္လိုပဲ ျပန္ေျပာသည္။
သည္ေနာက္ ထိုဂ်ပန္ထြက္သြားေသာအခါ အဘိုးႀကီးက အလွအား “ ေကာင္းမြန္စြာပဲ အလုပ္ျပန္လုပ္ပါ၊ ေနာက္ကို ဒီလို မေႏွာက္ယွက္ေစရပါဘူး။ ကၽြႏု္ပ္တာ၀န္ခံပါတယ္ ”
ထိုကိစၥၿပီး၍ ကၽြန္ေတာ္တို႔ဂ်ပန္ရံုးမွ ျပန္လာခဲ့ေသာအခါ အလွက ….
“ ကိုၾကင္ေဆြ …. ဟိုေန႔က အလွေျပာခဲ့တဲ့အတိုင္း မေန႔ကထြက္စာတင္တယ္။ အဘိုးႀကီးက ဘာ့ေၾကာင့္လဲေမးလို႔ အက်ိဳးအေၾကာင္းေျပာျပေတာ့ ေအာင္မယ္ … သူ႔စစ္ဗိုလ္ေလး ေကာင္းသားပဲ၊ လက္ထပ္လိုက္ပါလားလုပ္ေနလို႔ အလွလည္း ရုတ္တရက္ စိတ္ကူးရရာ အလွမွာ ေစ့စပ္ထားတဲ့လူရွိၿပီးသားပါလို႔ ေျပာမိရာက ေနာက္ေၾကာင္းခိုင္မာေအာင္ ကိုၾကင္ေဆြကို ေခၚျပလိုက္ရတာပဲ။ စိတ္မရွိပါနဲ႔ေနာ္ ….။ ဒီလို အကူအညီေပးတဲ့အတြက္လည္း ကိုၾကင္ေဆြ႕ကို သိပ္ၿပီး ေက်းဇူးတင္ပါတယ္ ”
“ ေက်းဇူးတင္စရာ မဟုတ္ပါဘူး အလွရယ္၊ ကၽြန္ေတာ္က တကယ့္ကိုယ့့္ကိစၥအတြက္ လိုက္ၿပီးေဆာင္ရြက္ရတာလို႔ ယူဆလိုက္ခ်င္ပါတယ္ ” ဟု ကၽြန္ေတာ့္စိတ္ထဲက ေျပာခ်င္လွေသာ္လည္း အလွႏွင့္ ကၽြန္ေတာ္အေတြ႕က ေနာက္က်ခဲ့ေလၿပီ။
ထိုေန႔က ကၽြန္ေတာ္တို႔သည္ အလွအား ၾကည့္ျမင္တိုင္ရွိ သူ႔အိမ္သို႔လိုက္ပို႔ၿပီး ျပန္လာၾကေသာအခါ ျမင္းလွည္းေမာင္းေသာ ကိုေသာင္းကေမး၍ ဇာတ္ေၾကာင္းေျပာျပေသာအခါ သူက အားမလိုအားမရႏွင့္ ….
“ ဟာဗ်ာ…. ခင္ဗ်ားတို႔ႏွစ္ေယာက္ ညားရင္ သိပ္ေရွ႕သြားေနာက္လိုက္ ညီမွာပဲ၊ တကယ္ညားဖို႔ ေကာင္းတယ္ဗ်ာ ”
“ မျဖစ္ႏိုင္ေတာ့တာပဲ ကိုေသာင္းရယ္ ”
“ ခင္ဗ်ားမွာ အိမ္ေထာင္ရွိေနမွန္း သူသိပံုမေပၚေသးဘူးေနာ္ ”
“ ကၽြန္ေတာ့္ကို လူပ်ိဳထင္ေနတာဗ် ”
“ ေအးေလး … ခင္ဗ်ားကလည္း လူငယ္ေက်ာင္းသား ရုပ္ကေလးရွိေသးတာပဲ …. ”
မွန္ပါ၏။ အကယ္တိ စစ္မျဖစ္ ေခတ္မပ်က္ဘဲသာရွိပါက ထိုအရြယ္မွာ ကၽြန္ေတာ္သည္ ေက်ာင္းသားပဲရွိပါဦးမည္။
ကိုေသာင္းႏွင့္ ကၽြန္ေတာ္မွာ ျမင္းလွည္းသမားဘ၀ကတည္းက ေနာက္စာေရးဆရာျဖစ္သည္အထိ အလြန္ခင္မင္ၾကသည္။ ညေနတိုင္း အတူစားေဘာ္ေသာက္ဘက္ ျဖစ္သည္။ ကိုေသာင္းသည္ ဖိနပ္ေထာင္ဆရာျဖစ္၍ သူ႔ ဖိနပ္မွာ ႏြားေခါင္းတံဆိပ္ျဖစ္သည္။ သူအားလွ်င္ ကၽြန္ေတာ္ျမင္းလွည္းေမာင္းရာကို လိုက္တတ္သည္။ အလွ၏ေခ်ာေမာလွပေၾကာင္းကို တဖြဖြေျပာသည္။ အလွႏွင့္ကၽြန္ေတာ္ ေတြ႕ၾကေသးလား ခဏခဏ ေမးသည္။
အလွႏွင့္ ကၽြန္ေတာ္မွာ သူ အလုပ္သြား အလုပ္ျပန္ရာ၌ ကၽြန္ေတာ္ျမင္းလွည္းႏွင့္ မၾကာခဏ ဆံုတတ္ပါသည္။ ေနာင္၌ တစ္ဦးႏွင့္တစ္ဦးေစာင့္သည္၊ ႀကိဳသည္အထိ ခင္မင္လာၾကသည္။
၁၉၄၄ ခုႏွစ္၊ ေႏြရာသီ တစ္ေန႔သ၌မူ အလွႏွင့္ ကၽြန္ေတာ္သည္ တစ္သက္မေမ့ႏိုင္ေသာအျဖစ္ကို ၾကံဳရသည္။
ထိုေႏြမွာ အလွသည္ အလုပ္မွခြင့္တစ္လရ၍ ကန္ဘဲ့ရွိ သူ႔အဘြားအိမ္သို႔ အေတာ္ၾကာ သြားေနရမည္ျဖစ္ေသာေၾကာင့္ သူ႔ပစၥည္းမ်ားကို ကၽြန္ေတာ့္ျမင္းလွည္းႏွင့္ တင္ပို႔ရသည္။ သူ႔မွာ ေၾကာင္မေလးတစ္ေကာင္ ပါလာေလသည္။
ၾကည့္ျမင္တိုင္ႏွင့္ ကန္ဘဲ့ခရီးကို ျမင္းလွည္းတစ္ႀကိဳးတည္းႏွင့္ မေမာင္းႏိုင္ပါ။ လမ္းတြင္ ခရီးတစ္ေထာက္ နားရသည္ျဖစ္ေသာၾကာင့္ ကုကၠိဳင္းလမ္းမွ ကန္ဘဲ့လမ္း မခ်ိဳးမီ တစ္ေနရာ၀ယ္ ( အတိအက်ေတာ့ မမွတ္မိေတာ့ၿပီ ) ကုကၠိဳလ္ပင္ႀကီး တစ္ပင္ေအာက္၌ ျမင္းလွည္းကိုရပ္လိုက္သည္။
ကၽြန္ေတာ္ ျမင္းလွည္းေပၚကဆင္းၿပီး ျမင္းေဘးရပ္ကာ ထံုးစံအတိုင္း ေလခၽြန္၍ ျမင္းကိုေသးေပါက္ေအာင္ ျပဳလုပ္ေနစဥ္ ….
“ ေအာင္မယ္ေလး …. လုပ္ပါဦး ကိုၾကင္ေဆြ၊ ေၾကာင္ေလး ခုန္ခ်ေျပးၿပီ ” ဆိုသံၾကား၍ ၾကည့္လိုက္ေတာ့ သူ႔ေၾကာင္ေလးသည္ လမ္းေဘးရွိျခံ၀င္းတစ္ခုထဲသို႔ ၀င္ေျပးသည္။ ထိုျခံ၀င္းထဲရွိ တိုက္အိမ္ႀကီးမွာ ဂ်ပန္မ်ားေနၾကသည္။ ထိုအိမ္နံေဘးမွာ ဂိုေဒါင္တန္းလ်ားႀကီး ေဆာက္ထားသည္။ စပါးက်ီသဖြယ္ အဆင့္နွင့္ျဖစ္၍ အျမင့္မွာ လူေလးဖက္ေထာက္ တြားသြားႏိုင္ရံုျဖစ္သည္။
ေၾကာင္ေလးသည္ တန္းတန္းမတ္မတ္ပင္ ထိုဂိုေဒါင္ေအာက္၀င္ေျပးသည္ျဖစ္၍ ေနာက္မွေျပးလိုက္သြားၾကေသာ အလွႏွင့္ ကၽြန္ေတာ္လည္း ႏွစ္ေယာက္ၿပိဳင္တူ ယင္းဂိုေဒါင္ေအာက္ ေလးဖက္ေထာက္၀င္လိုက္ၾကရေတာ့၏။ ဂိုေဒါင္အလယ္ေလာက္ေရာက္ေလ ေမွာင္ေလမို႔ ေၾကာင္ေလးကို မ်က္ျခည္ျပတ္သြားေလၿပီ …။
“ စီစီမာ … စီစီမာ …. လာ - လာ ဘယ္မွာလဲ စီစီမာရယ္ ”
ဤေနရာမ်ိဳး၌ ေၾကာင္သည္ ေခြးႏွင့္မတူေခ်။ ေၾကာင္သည္ ေျပးၿပီဆိုပါက ကိုယ့္သခင္မွန္း မသိေတာ့ေခ်။ ဘယ္ေတာ့မွ ေခၚမရေတာ့ေပ။ လိုက္ေလ … ေျပးေလ ….။
“ စီစီမာ …. စီစီမာ ”
အလွသည္ ေၾကကြဲေသာအသံေလးႏွင့္ ဟိုဟိုဒီဒီ ေလးဖက္ေထာက္ေလွ်ာက္ရင္း အႀကိမ္ႀကိမ္ေခၚသည္။ သို႔ေသာ္ ေၾကာင္ေလး၏ျပန္ထူးသံလည္းမၾကားရ၊ ေတြ႕လည္း မေတြ႕ရေခ်။
ကၽြန္ေတာ္သည္ သူ႔နံေဘးက ေလးဖက္ေထာက္၍ ႏွစ္ေယာက္ယွဥ္ကာ လိုက္သြားသည္။ အေမွာင္ထုျဖင့္ လူခ်င္းမွာ ၀ါး၀ါးသာ ျမင္ရလ်က္ သူ႔ကိုယ္ရနံ႕သာ ကၽြန္ေတာ့္ႏွာေခါင္းမွာ ႀကိဳင္ထံုေနသည္။
ဂိုေဒါင္ေအာက္ ေမွာင္ႀကီးမည္းမည္း၌ ေၾကာင္အတြက္ စိတ္ေဇာျဖင့္ ပါးစပ္က တစာစာေခၚရင္း ေလးဖက္ေထာက္ေလွ်ာက္၍ ေတာ္ေတာ္ေမာသြားမွ သူ ေၾကာက္ရမွန္းသိလာလ်က္ ကၽြန္ေတာ့္ကို အားကိုးေသာအသံႏွင့္ ….
“ ဟင္ … ကိုၾကင္ေဆြ …. အလွအနားမွာ ရွိရဲ႕လား ”
“ ရွိပါတယ္ …. ” ဟု အသံျပဳကာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၾကေတာ့မွ ကၽြန္ေတာ္၏အေရာင္လက္ေသာ မ်က္လံုးႏွစ္စံု ဆံုမိၾကသည္။
ကၽြန္ေတာ့္ရင္ထဲမွာ တဒိတ္ဒိတ္ခုန္လာသည္။ သူလည္း ထို႔အတူေနလိမ့္မည္သာ။
တစ္ဦးကိုတစ္ဦး ေစ့ေစ့ၾကည့္လ်က္ ေခတၱမွ် စကားျပတ္ေနၿပီးမွ ….
“ ဟင္ …. ေမွာင္လိုက္တာ ကိုၾကင္ေဆြရယ္ … ”
“ ဟုတ္တယ္ …. အလွ …. ”
“ အလွေၾကာင္ေလးေတာ့ ျပန္ရေတာ့မွာ မဟုတ္ဘူး။ ဘယ့္ႏွယ္လုပ္မလဲ …. ”
“ ေၾကာင္ဟာ ဒီလိုပဲ …. မတတ္ႏိုင္ဘူး၊ ဒီမွာ ကၽြန္ေတာ္တို႔ၾကာၾကာေနလို႔လည္း မေကာင္းဘူး၊ ဒါ ဂ်ပန္ေတြေနတာ ”
“ ဟင္ …. ဟုတ္လား၊ ဒါျဖင့္ လာလာ ျမန္ျမန္ျပန္ထြက္မွ ”
သူကေရွ႕မွ၊ ကၽြန္ေတာ္ကေနာက္မွ ကေလးေတြမ်ား ဆင္လုပ္တမ္းကစားၾကသကဲ့သို႔ အျမန္ေလးဖက္စိုင္းထြက္ခဲ့ၾကသည္။ ဒူးေတြ လက္ဖ၀ါးေတြကိုနာေရာ။
အျပင္ေရာက္၍ မတ္တတ္ရပ္လိုက္ၾကေသာ္ ဂ်ပန္ႀကီးတစ္ေယာက္ ပင္ပင္းတိုးေနသျဖင့္ ကၽြန္ေတာ္တို႔မွာ မ်က္လံုးျပဴး၍ ပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္။
သို႔ေသာ္ ေတာ္ပါေသး၏။ ထိုဂ်ပန္မွာ စစ္သားမဟုတ္၊ ကုန္သည္ပိုင္းမွ ယဥ္ေက်းသူျဖစ္၍ အေတာ္ျမန္မာရည္လည္ေနရကား ကၽြန္ေတာ္တို႔ႏွစ္ေယာက္အား ေစ့ေစ့ၾကည့္ၿပီး ျပံဳးက်ဲက်ဲမ်က္ႏွာႏွင့္ …..
“ အား မာစတာ ျမင္တယ္က၊ ရည္းစား ဒီမွာ လာေတြ႕ၾကတယ္ …. ေကာင္းတယ္ကား ” ဟု ဆိုလိုက္သည္ႏွင့္ ကၽြန္ေတာ္တို႔မွာ သူ႔ကိုမည္သို႔မွ် မထုေခ်ေတာ့ဘဲ ေခါင္းငိုက္စိုက္ႏွင့္ လစ္ခဲ့ၾကေတာ့သည္။
ကၽြန္ေတာ္တို႔ကိုယ္မ်ားမွာ ပင့္ကူေျမွးေတြ၊ ဖုန္ေတြ၊ ေခၽြးေတြႏွင့္ အ၀တ္မ်ားလည္း ႏြမ္းေၾကေနၾကသည္။ ဂ်ပန္ကား ကၽြန္ေတာ္တို႔ကိုၾကည့္ကာ က်ယ္ေလာင္စြာရယ္ေမာ၍ က်န္ခဲ့ေပ၏။
ကၽြန္ေတာ္တို႔ ျမင္းလွည္းေပၚသို႔ ေရာက္ၾကေသာ္ …. တစ္ေယာက္ကိုတစ္ေယာက္ ဘာမွမေျပာႏိုင္ၾကေတာ့ဘဲ ကၽြန္ေတာ္က ျမင္းကိုသာ ခပ္ျမန္ျမန္ေမာင္းခဲ့ေတာ့၏။ အလွက သူ႕ကိုယ္မွ ပင္ကူေျမွးေတြ၊ ဖုန္ေတြကို သုတ္သင္သည္။ ကၽြန္ေတာ့္ကိုယ္ကိုလည္း သုတ္သင္ေပးသည္။
ထိုစဥ္ သူရိႈက္သံၾကားရ၍ ကၽြန္ေတာ္လွည့္ၾကည့္ေတာ့ သူ႔မ်က္ႏွာမွာ မ်က္ရည္စေတြႏွင့္ …..
“ ဟင္ … အလွ ငိုေနတယ္၊ ငိုပါနဲ႔ကြယ္ …”
“ အလွေၾကာင္ေလးေတာ့ ဒုကၡေရာက္ေတာ့မွာပဲ ….. ”
“ သူ႔ဟာသူ သြားခ်င္လို႔သြားတာ ဘာလို႔ ဒုကၡေရာက္ရမွာတံုး ”
“ သူ႔ ဘယ္သူက အစာေကၽြးမလဲ ”
“ ေအာင္မယ္ေလး၊ အဲဒီဂိုေဒါင္ေတြမွာ ၾကြက္ေတြအျပည့္ဗ်ာ …. ”
“ အလွ …. သူ႔ကို သိပ္ခ်စ္တာ၊ ညဆို အတူတူအိပ္တာ …. ”
“ နားမၿငီးဘူးလား၊ ေၾကာင္မ်ားအိပ္ရင္ တဂြီးဂြီးနဲ႔၊ ေရေႏြးအိုးဆူသလိုျမည္ေနတာ …. ”
“ အလွေၾကာင္က အဲလို မျမည္ပါဘူး …. ”
“ မညာပါနဲ႔၊ ေၾကာင္မွာ မျမည္တဲ့ေၾကာင္ရွိမလား၊ ကဲ တိတ္ပါ၊ မ်က္ရည္စေတြသုတ္ပစ္၊ ေပါင္ဒါျပန္ရိုက္ ေပ်ာက္ေသာေၾကာင္ ၾကာရင္ေမ့ေပါ့ ….. ”
သူသည္ ကၽြန္ေတာ္ေျပာသည့္အတိုင္း လက္ေပြ႕အိတ္ဖြင့္၍ တို႔ဖတ္ရိုက္ရင္း ….
“ ေမ့ပါဘူး၊ ေမ့ပါဘူး …. အလွေၾကာင္ေတာ့ ဘယ္ေတာ့မွ မေမ့ဘူး ”
“ ကဲ …. ဒါျဖင့္ ေၾကာင္အစားယူမလား …. ”
“ အလွေၾကာင္နဲ႔ အေမြးအေရာင္ခ်င္း တူတာရွိလို႔လား…. ”
“ အလွ လိုခ်င္တယ္ဆိုင္ မေတြ႕ေတြ႕ေအာင္ ရွာေပးမယ္ေလ …. ယူမလား … ”
“ ကိုၾကင္ေဆြေပးရင္ ယူခ်င္တယ္ …. ”
အဆင္သင့္ပင္ ကၽြန္ေတာ့္မိတ္ေဆြ ျမင္းလွည္းသမား ကိုျမတ္သာအိမ္တြင္ ဒီအေရာင္မ်ိဳး ေၾကာင္တစ္ေကာင္ေတြ႕ရသည္ႏွင့္ အရက္တစ္ပုလင္းႏွင့္လဲၿပီး ယူသြား၍ေပးလိုက္သည္။ သုိ႔ေသာ္ အလွ ေပ်ာက္သြားေသာေၾကာင္က စီစီမာတဲ့၊ ေအာင္မေလး။ ကၽြန္ေတာ္ … ယူသြားတဲ့ေကာင္က အထီးျဖစ္ေန၏။ သို႔ရာတြင္ အလွသည္ အထီးလား၊ အမလား ေမးမေနဘဲ သူ႔ယခင္ေၾကာင္ႏွင့္ အေမြးေရာင္ခ်င္း ေတာ္ေတာ္တူပါတယ္ဟုဆိုၿပီး ၀မ္းသာအားရ ယူထားလိုက္ပါ၏။
ယင္းသည္မွ ၃ - ၄ လအၾကာ တစ္ေန႔သ၌ အလွသည္ ဗဟန္းမွအျပန္ ကၽြန္ေတာ့္လွည္းေပၚ ပါလာခဲ့သည္။ အားအားရွိ ကၽြန္ေတာ့္လွည္းႏွင့္လိုက္ေလ့ရွိေသာ ကိုေသာင္းက ျမင္းကိုေမာင္းသည္။ ဤျမင္းမနာမည္ ‘ လွလွၾကည္ ’ ျဖစ္ေၾကာင္း ကိုေသာင္းကသိသည္။ ဘာေၾကာင့္ ဤနာမည္ေပးသည္ကိုလည္း ကၽြန္ေတာ္က ေျပာထားပါသည္။ သို႔ရာတြင္ ကိုေသာင္းသည္ ယခုျမင္းလွည္းေပၚ၌ ၄င္းနာမည္ရွင္ပါလာသည္ကို သတိေမ့ေလ်ာ့သြားကာ အျခားျမင္းလွည္းတစ္စီးက ေနာက္မွေက်ာ္တက္မည္ျပဳသည္ကို သူက ေက်ာ္တက္မခံဘဲ ျမင္းမေက်ာကို ဇက္ဖ်ားခတ္လိုက္ကာ ….
“ လွလွၾကည္တဲ့ကြ … ဘာရမလဲ လွလွၾကည္ … သမီးဆြဲလိုက္စမ္း ….. ”
ယင္း၌ ကၽြန္ေတာ့္ေက်ာေနာက္ ကပ္ထိုင္လာခဲ့ေသာ အလွသည္ ကၽြန္ေတာ့္အက်ၤီလက္ေမာင္းစကို ဆြဲကာ….
“ ဟင္ …. ကိုၾကင္ေဆြ႕ ျမင္းမနာမည္က ….”
အျခားသူမ်ားနားမလည္ေအာင္ ကၽြန္ေတာ္က အဂၤလိပ္ဘာသာျဖင့္ “ မင့္နာမည္ ယူမွည့္ထားတာပဲ …. ”
သူကလည္း (မ်က္လံုးေလးမ်ား ေတာက္ပကာ ) အဂၤလိပ္လို “ ရွင့္နာမည္ေကာ ဒီလို တိရိစၦာန္ယူမွည့္ရင္ စိတ္ဆိုးမွာလား …. ”
“ ကိုယ့္ကိုသေဘာက်လို႔ မွည့္တယ္ဆိုရင္ ၀မ္းေတာင္ သိပ္သာပစ္လိုက္မွာေပါ့…. ”
“ ဒါျဖင့္ သာေပေရာ့ …. အရင္ ရွင္လာေပးတဲ့ ေၾကာင္ေလးနာမည္ဟာေလ …. ”
××××××××××××××
ေႀသာ္ …. အလွ၊ အလွ၊ ကၽြန္ေတာ္ႏွင့္အလွ။ ကၽြန္ေတာ့္ျမင္းမကို သူ႔နာမည္မွည့္၊ ကၽြန္ေတာ့္နာမည္ကို သူ႔ေၾကာင္ …..။
သူ႔ရံုးက ဂ်ပန္အရာရွိႀကီးကို သူနဲ႔ကၽြန္ေတာ္ လက္ထပ္ေတာ့မယ့္ သမီးရည္းစားပါတဲ့။ ကုကၠိဳင္းလမ္းမွာ ဂိုေဒါင္နားေတြ႕ခဲ့ရတဲ့ ဂ်ပန္ႀကီးကလည္း ကၽြန္ေတာ္တို႔ကို ဒီလိုပဲသမုတ္။
တစ္ေယာက္တစ္ေယာက္ ခ်စ္လိုက္ၾကသည္ကလည္း အမွန္။ သို႔ေသာ္ သူႏွင့္ကၽြန္ေတာ္သည္ ညားရန္ ဖူးစာမပါခဲ့ပါ။ သူ႔ရုပ္လွသည္ႏွင့္အမွ် အသက္ကလည္း တိုခဲ့ပါသည္။
၁၉၄၅ ခုႏွစ္၊ မဟာမိတ္တို႔ ေနာက္ဆံုးအႀကိမ္ ရန္ကုန္ၿမိဳ႕ကို ဗံုးႀကဲေသာအခါတြင္ ….
ေအးဥၾသဆြဲသည္ႏွင့္တစ္ၿပိဳင္နက္ ၾကည့္ျမင္တိုင္ဘက္ အလွတို႔ေနေသာ အကြက္ဟု ၾကားသည္ႏွင့္ ကၽြန္ေတာ္သည္ ကိုေသာင္းကိုေခၚကာ ျမင္းလွည္းေမာင္း၍ ထြက္ခဲ့သည္။
အလွတို႔အကြက္ မဟုတ္ပါေစႏွင့္၊ ဟုတ္သည့္တိုင္ေအာင္ အလွေတာ့ လြတ္ကင္းပါေစ။
သို႔ေသာ္ ကၽြန္ေတာ့္ဆုေတာင္း တစ္ခုမွ်မျပည့္ခဲ့ပါ။ မီးေလာင္ဗံုးျဖစ္သည့္အားေလ်ာ္စြာ ေသလိုက္ၾကသည့္လူေတြ အတံုးအရံုး၊ အိမ္ေတြေရာ သစ္ပင္ေတြပါ ငုတ္တိုေတြျဖစ္ေနၾကသည္။ ဘယ္သူ႔အေလာင္း ဘယ္မွမဆိုထားႏွင့္၊ ဘယ္သူ႔အိမ္ဟာ ဘယ္မွာဆိုတာကိုပင္ မခန္႔မွန္းႏိုင္၊ ေညွာ္နံ႕ကလည္း ျပင္းထန္လွပါဘိေတာင္း။
မီးသတ္ကားမ်ားႏွင့္၊ အေလာင္းတင္ရေအာင္လာေသာ ေဆးရံုကားမ်ားႏွင့္၊ ငိုယိုေနၾကေသာ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ေယာက္ယက္ခတ္ေနၾကသည့္အၾကား ကၽြန္ေတာ္ဆင္းသြားေတာ့ အလွ၏အေမက ….။
“ ေအာင္မယ္ေလး ေမာင္ၾကင္ေဆြရဲ႕ ….၊ ေဟာဒီမွာ …. မင္းအလွအေလာင္းကြဲ႕ ”
အလိုေလး ၾကည့္ရက္စရာ မရွိပါလားဗ်ာ။ ဗံုးဆန္လည္းမွန္ထားတယ္။ မီးလည္းေလာင္ထားတယ္။ ညိဳမဲတြန္႔ေခြလို႔ ပါးတစ္ျခမ္းကလည္း ပဲ့ေနေလေတာ့ ….
“ ကၽြန္ေတာ့္ရည္းစား ေပ်ာက္လို႔ရွာ၊ ေတြ႕ရင္ေျပာၾကပါ။ မွတ္မိတာလည္းေသအခ်ာ ပါးစပ္မွာလည္းသြားနဲ႔ပါ…. ”
“ ေမာင္ၾကင္ေဆြရဲ႕ သူက တနဂၤေႏြေန႔မို႔ အိမ္မွာေနတယ္၊ အေမကေတာ့ ေစ်းသြားေနလို႔၊ ေအာင္မယ္ေလး ငါ့သမီးနဲ႔အတူ လုိက္မသြားရဘူးကြဲ႕… ေမာင္ၾကင္ေဆြရဲ႕၊ မင္းကို သူသိပ္ခ်စ္တယ္ကြဲ႕။ မင္းေပးတဲ့ေၾကာင္ေလးကို ဘယ္လိုေခၚတယ္မွတ္လဲ။ ‘ ကိုေဆြ ’ တဲ့၊ မင္းပါးစပ္က ေသြးစသုတ္ေပးရတဲ့ လက္ကိုင္ပ၀ါေလးလည္း သူ တရိုတေသ သိမ္းထားရွာတယ္။ အို… မင္းကို သူ သိပ္ခ်စ္ရွာတယ္ကြယ္၊ ကိုၾကင္ေဆြက အလွကိုဘယ္ေန႔ လက္ထပ္ဖို႔ေျပာမလဲ မသိဘူး၊ တစ္ေန႔ေတာ့ ေျပာမွာပဲ … ေျပာမွာပဲနဲ႔၊ အခုေတာ့ မင္းမေျပာေတာ့ဘူးမဟုတ္လား…. ”
အေမႀကီးသည္ ကၽြန္ေတာ့္အား ဖက္၍ငိုပါေတာ့သည္။ ကၽြန္ေတာ့္မွာ မ်က္ရည္ေတြေတြ က်ရပါသည္။ ကၽြန္ေတာ္ႏွင့္ အဖာ္လိုက္ခဲ့ေသာ ကိုေသာင္းလည္း မ်က္ရည္စို႔ရပါသည္။
ကိုေသာင္းသည္ ၁၉၄၉ ခုႏွစ္၌ အဆုတ္အေအးမိေသာေရာဂါႏွင့္ ရန္ကုန္ေဆးရံုႀကီးတြင္ ကြယ္လြန္ပါသည္။ အလွအေမႀကီးကား သူ႔သမီးဆံုးၿပီး သိပ္မၾကာခဲ့ေခ်။ လွလွၾကည္ဟု နာမည္ေပးထားေသာ ကၽြန္ေတာ့္ျမင္းမလည္း ထိုႏွစ္မွာပင္ ဂ်ပန္ေတြျမင္းသိမ္းမည္ဆို၍ ေမွာ္ဘီလွပဒါးရြာသို႔ေျပးရင္း ဟိုေရာက္ေတာ့ အေမာလြန္ၿပီး ေသရွာပါသည္။ ဟိုေၾကာင္ ေမာင္ၾကင္ေဆြမွာမူ အလွႏွင့္အတူပဲ ဗံုးခ်ရာမွာ မီးေသြးတံုးျဖစ္သြားပါသည္။
ေႀသာ္ …. သတၱ၀ါမွန္သမွ် သခၤါရခ်ည္း။ ကၽြန္ေတာ္လည္း တစ္ေန႔ သူတို႔ေနာက္ လိုက္ရေခ်ေတာ့မည္။
မလိုက္မီ ယခု ဤစာေရးေနခ်ိန္၀ယ္ လြန္ခဲ့ေသာ ၂၄ ႏွစ္ေက်ာ္က အလွ၏ မေသမီ ေခ်ာေမာေသာ ရူပါဣ႒ာရံုကိုလည္းေကာင္း၊ မီးေလာင္ဗံုးထိေသၿပီးေသာ အေလာင္းေကာင္၏ အနိ႒ာရံုကိုလည္းေကာင္း မ်က္စိတြင္ထင္ျမင္၍ ဆင္ျခင္မိေတာ့ အလွကို လြမ္းဆြတ္ တသေသာ စိတ္ႏွင့္ ကၽြန္ေတာ္ အလွကို ရွာေဖြေတြ႕မိေလ၏။
ေႀသာ္ … အလွသည္ အေရျပားေပၚတြင္သာ ရွိ၏ တကား။ အေရျပားေအာက္၌မူ အဆီ၊ အေသြး၊ အေၾကာ၊ အရိုး၊ အရိ၊ အရြဲ စသည့္ ၃၂ ေကာ႒ာသ သာတကား။
ေသာ္တာေဆြ
စႏၵာမဂၢဇင္း၊ ဧၿပီလ၊ ၁၉၆၉

Unicode Version
“ အလှ ဘယ်မှာနည်း ”
ရေးသူ - သော်တာဆွေ

အလှကို ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ ကလေးကင်ပွန်းတပ်ပွဲတွင် တွေ့ရပါသည်။
ကျွန်တော့်ရည်းစားပျောက်လို့ရှာ….၊
တွေ့ရင် ပြောကြပါ။
သူ့မျက်နှာကခင်မင်စရာ၊
မှတ်မိတာလဲသေအချာ။
နှာခေါင်းအောက်မှာလည်း မြင်နိုင်တာ၊
ပါးစပ်မှာလည်းသွားနဲ့ပါ….။
ငွေတစ်ထောင် ပေးပါ့မယ်ဗျာ။
တွေ့ကြရင် လမ်းညွှန်ပါ။
အထက်ပါသီချင်းသွားနှင့် ကျွန်တော် အလှကိုစတင်တွေ့မြင်ရပါသည်။
ဂျပန်ခေတ်ကဖြစ်ပါသည်။ စမ်းချောင်း အရပ်တီးဝိုင်းတစ်ခုနှင့် ကင်ပွန်းတပ်ပွဲကိုဧည့်ခံရာဖော်ပြပါသီချင်းတစ်ပုဒ်ကို ကြားရပါသည်။ ထိုသီချင်းမှာဟာသရသနှင့်ပြည့်စုံပါပေသည်။ ကျွန်တော်မှတ်မိသလောက် တေးသွားမှာအထက်ပါမျှဖြစ်သော်လည်းတစ်ပုဒ်လုံးခြုံလိုက်ပါမူသူ့ရည်းစားမှာမျက်လုံးနှစ်လုံးပါသည်၊ နားရွက်နှစ်ခုပါသည်၊ နှာခေါင်းနှစ်ပေါက်ပါသည် စသည့်ပြက်လုံးများဖြင့် ကြားရသူတို့ကိုရွှင်ပြုံးရယ်မောစေပါသည်။ “ မှတ်မိတာလည်းသေအချာပါးစပ်မှာလည်းသွားနဲ့ပါ ” တေးအချ၌ အလှနှင့်ကျွန်တော် မျက်စိချင်းတွေ့ကြရာအပြုံးချင်းလည်းဆုံမိသည်၌ အထူးသဖြင့်…. သူ့သွားပုလဲလုံးလေးတွေကလှလွန်းပါသည်။ “ အသားဖြူမြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ထွေး ” ဟုဆိုရာထိုဧည့်ခံပွဲမှာအလှနှင့်ကျွန်တော်သည် ကြမ်းတစ်ပြေးမှာပန်းတစ်ပေးမျှသာ လှမ်းဝေးသဖြင့် ဖြူစင်ဝါဝင်းသော သူ့အသားမှာ မြကြောစိမ်းစိမ်းမွေးနုရှိန်းပင် မြင်နေရပါသည်။
ခါး၊ တင်၊ ရင် အတိုင်းအတာနှင့် မယ်ဘွဲ့ဝင်တို့နှင့် ယှဉ်သော် ကိုယ်လုံးကိုယ်ထည် အချိုးအစားချင်းတူညီရန် မခဲယဉ်းသော်လည်းအလှ၏အသားရောင်(ဆိုပါတော့ဗျာ) အရေပြားအလှကိုမီဖို့ကားရှားအံ့ထင်ပါ၏။ ထိုအသားအရောင်ပိုင်ရှင်မျိုးသည် နှုတ်ခမ်းနီ၊ ပါးနီ… မင်ရည်ဆေးတောင့် စသော ‘ မိတ်ကပ် ’ တွေ ကူညီရန်မလို၊ စိမ်းမှောင်သောမျက်ခုံးအောက်တွင် မည်းနက်သောမျက်လုံး၊ ဝါဝင်းသောပါးပြင်၊ နီထွေးသောနှုတ်ခမ်းအသွင်တို့မှာမပြုမပြင်ဘဲနဂိုယဉ်ပြီး၊ လှပြီး၊ ချောပြီး ဖြစ်နေပါ၏။
ရေကြည်သောက်ရင်…. မြင်ရမလောက်ပင် × × အသားတော်ဝင်းလို့ ဝါဝါရီရွှင်… ဆိုသည့် သီချင်းစကားလုံးများမှာနန်းတော်ရှေ့ဆရာတင်သည် ကျွန်တော့် ‘ အလှ ’ကဲ့သို့ အမျိုးသမီးကို မြင်ဖူး၍သာဖွဲ့ဆိုနိုင်ခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
အလှနှင့်ကျွန်တော်သည် တွေ့ကြသောအချိန်မှာ ကျွန်တော့်အသက်သည် ၂၂ နှစ်၊ ပျိုမျစ်နုနယ် ငယ်ရွယ်တုန်းပါ။ အလှအသက်က ၂၀ မျှသာဖြစ်ပါသည်။
အလှ၏အမည်ကိုအလှဟူ၍ မည်သူကမျှမပြောပါဘဲနှင့် အလှကိုမြင်သူတိုင်းကအလှ ဟုခေါ်မိကြမည်ဖြစ်သည်မှာဤမိန်းကလေး၏ ဝမ်းတွင်းပါနာမည်ဟု ဆိုရပါချေမည်။
ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ကလေးကင်ပွန်းတပ်ဧည့်ခံပွဲ၌ အလှ ကိုမြင်ပြီးကတည်းကသူ့အမည်ကိုမည်သူ့အားမျှမမေးတော့ဘဲအလှ ဟုပဲစိတ်ထဲကရည်မှတ်ခဲ့ရာအကယ်ပင် သူ့နာမည်အလှ ဟုဖြစ်နေကြောင်းသီတင်းတစ်ပတ်မျှအကြာတွင် သိရပါတော့သည်။
ထိုနေ့ကဆရာမဒေါ်ရွှေကြည်သည် ရန်ကုန်သွားရန် စမ်းချောင်းမြင်းလှည်းဂိတ်မှ ကျွန်တော့်မြင်းလှည်းပေါ်တက်စီးရင်း….၊
“ ဟေ့… မောင်ကြင်ဆွေ၊ မင်းဟိုနေ့ကအလှ နောက်ကလိုက်ပြီးသီချင်းဆိုတယ်ဆို ”
ကျွန်တော်သည် အလိုလိုစိတ်ထဲကသိပြီးဖြစ်နေလျက်၊ သို့သော် ပိုမိုသေချာအောင်….
“ အလှ ဆိုတာဘယ်သူလဲဆရာမ…. ”
“ ဟေ့…. ငါ့ကလေးကင်ပွန်းတပ်ပွဲတုန်းကမင်းမျက်စိကျနေတဲ့ ကောင်မလေးပေါ့ကွာ… ”
မှန်ပါသည်။ သူ့ကင်ပွန်းတပ်ပွဲအပြီး ၃ ရက်မြောက်၌ ကျွန်တော်သည် စမ်းချောင်းမြင်းလှည်းဂိတ်မှ ဗဟန်းသို့သွားရန် ခရီးသည် ၃ ယောက်နှင့်မြင်းလှည်းကိုတာစူနေစဉ် ကြည့်မြင်တိုင်ဘက်မှလာခဲ့သောရထားတစ်စီးတွင် အလှသည် နောက်ပိုင်းမှ ခြေကလေးတွဲလွဲချစီးလာသည်ကို မြင်ရသည်၌ ကျွန်တော်သည် ကိုယ့်လှည်းလူပြည့်အောင် မစောင့်တော့ဘဲထိုလှည်းနောက်မှ ကပ်လိုက်ကာသူကလေးကြားလောက်ရုံလောက်…..
ကျွန်တော့်ရည်းစားပျောက်လို့ရှာ၊
တွေ့ရင် ပြောကြပါ။
မှတ်မိတာသေအချာ၊
ပါးစပ်မှာလည်းသွားနဲ့ပါ….။
သူကလေးသည် ကင်ပွန်းတပ်ပွဲတုန်းက ပြုံးသည့်နည်းတူ ကျွန်တော့်အားကြည့်၍ ပြုံးလိုက်ပါသည်။ သည်အကြောင်းဆရာမဆီက ကျွန်တော်သိရတော့ လွန်စွာ နှစ်ထောင်းအားရဖြစ်လျက်….
“ ဆရာမကိုဘယ်သူပြောလဲ… ဟင်… ”
“ ဘယ်သူပြောရမှာလဲ… အလှကပြောတာပဲပေါ့ကွ… နောက်မင်းကလမ်းမှာလူတစ်ယောက်ရပ်တင်တော့ ကျန်ရစ်ခဲ့ရောတဲ့၊ အဲဒီအလှစီးတဲ့ မြင်းလှည်းသမားကမင်းကိုစိတ်ဆိုးသတဲ့၊ ဘာကြောင့်လဲဆိုအဲဒီစီးမယ့်လူကပထမရှေ့လှည်းစီးမလို့ဟာမင်းကလည်းအလှတို့လှည်းနောက်ကကပ်ရပ်တော့ ခရီးသည်က ‘ ဟာ…. နောက်လှည်းချောင်တယ် ’ ဆိုပြီးတက်စီးတော့…. ဟိုလူကစိတ်ဆိုးပြီးမင့်မြင်းမမီအောင် သူ့မြင်းရိုက်မောင်းသွားတာတဲ့ကွ ”
“ ဟုတ်တယ်… ဆရာမ၊ အဲဒါ ကျွန်တော့်အမှားပဲ၊ တကယ်ဆိုရှေ့လှည်းကလူရပ်တင်ရင် ကျွန်တော် ကျော်တက်သွားရမယ်၊ ဒါပေမဲ့…. ” ဆိုပြီး ကျွန်တော့်မှာရှေ့စကားမဆက်ဘဲရှိနေရာလူ့သဘောနောကျေနေပြီဖြစ်သောဆရာမက….
“ ဒါပေမဲ့… မင်းကအလှ နောက်ကလျှောက်လိုက်ချင်တာနဲ့ ရပ်လိုက်တယ်ဆိုပါတော့၊ အဲဒါကိုအလှကလည်းသိပါတယ်ကွာ၊ ဟေ့… ဒီမှာမောင်ကြင်ဆွေ၊ အလှကလည်းမင်းကို စိတ်ဝင်စားနေပါတယ်ကွ၊ သူက ငါ့ဘယ်လို စ ပြောသလဲဆိုရင် ဆရာမအိမ်မှာတွေ့ခဲ့ရတဲ့ ကောင်လေးက မြင်းလှည်းမောင်းနေရပါလား…. သနားစရာလေးတဲ့၊ ဒီတော့…ငါကမသနားပါနဲ့ မယ်မင်းကြီးမ၊ သူ့မိဘတွေကတောမှာချမ်းသာပါတယ်…၊ သူ့ဟာသူရန်ကုန်မှာပျော်လို့ လုပ်ချင်တာလုပ်နေတာလို့ ပြောလိုက်တယ်၊ မင်းတို့ချင်းနီးစပ်နိုင်ပါတယ်ကွာ… ”
စင်စစ် ရန်ကုန်မှာအိမ်ထောင်ကျ၍ ကျွန်တော် မြင်းလှည်းမောင်းနေရသည်ကိုဆရာမသည် သိဟန်မတူ၊ သူခုနကပြောသကဲ့သို့ပင် ကျွန်တော်ကအပျော်သက်သက် လုပ်နေသည်ဟုထင်နေပုံပေါ်ပါသည်။ ထို့ကြောင့် အလှ၏ နေရပ် အိမ်နံပါတ်ကိုပြောပြပါသည်။ အလှ၏ နာမည် အပြည့်အစုံမှာလှလှကြည်ဖြစ်ကြောင်းလည်းပြောပြပါသည်။ သို့အတွက် ယင်းသည့်နေ့မှစ၍ ကျွန်တော်မောင်းနေသော ဖောင်းဝတ်မ၏နာမည်သည် ‘ လှလှကြည် ’ ဖြစ်သွားပါသတည်း။
××××××××××××××

လူ့ဘဝ၌ ကံချင်းနီးစပ်မှုရှိပါကတိုက်ဆိုင်မှုတို့ဖြစ်တတ်သည်မှာဓမ္မတာတည်း။
ပြောရဦးမည်။ ဂျပန်ခေတ်တွင် ဗဟန်းသည် ရန်ကုန်မြို့၏ အစည်ကားဆုံးနေရာဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီး၏ ပတ်ဝန်းကျင်ကိုတော့ မဟာမိတ်တို့၏ ဗုံးမချဟုယုံကြည်စွာဖြင့် ဘုရားကြီးပတ်လည်မှာလူများစုရုံးနေထိုင်ကြသည်။ ဈေးဆိုင်ကနားတို့နှင့် လွန်စွာစည်ကားလှ၏။
ကျွန်တော်တို့ စမ်းချောင်းဘက်ကလာပါမူဘောင်ဒရီလမ်းမှ လင့်ခ်လမ်းချိုးလိုက်သည်နှင့် ဗဟန်းရွှေမြို့တော်ထဲ ဝင်ရသည်နှင့် တူချေသည်။ ထိုအချိန်ကလင့်ခ်လမ်းသည် မြို့တော်လမ်းမကြီးနှင့် တူပေသည်။ အဆောက်အဦ ကြီးကြီးမားမားခိုင်ခိုင်ခန့်ခန့်နှင့်တော့မဟုတ်။ ဝါး၊ ဓနိ၊ မြေစိုက်အိမ်များ၊ ဆိုင်များဖြင့် လမ်းနှစ်ဘက်တွင် ပြည့်နှက်လျက်….။ လင့်ခ်ဟိုတယ်၊ ဥက္ကလာဟိုတယ်…. စသည်ဖြင့် တရုတ်တန်းနေရာကိုယူထားပေသည်။
တစ်နေ့သောညနေခင်း၌ ကျွန်တော်သည် လင့်ခ်ဟိုတယ် မျက်နှာစာရှေ့၌ မြင်းလှည်းကိုရပ်လျက် ဟိုတယ်ကထွက်လာမည့် ခရီးသည်ကိုစောင့်နေသည်။ အထူးသဖြင့် အညာသားကုန်သည်များ၊ ထိုစဉ်၌ သူတို့သည် ဂျပန်ငွေစက္ကူထုပ်ကိုသင်အူလျှော်ကြိုးဖြင့် ချည်နှောင်သည်ထိချမ်းသာကြသည်ဖြစ်၍ ရက်ရောစွာသုံးဖြုန်းလေ့ရှိကြပေသည်။ သည်လိုအညာသားများဟိုတယ်ကထွက်၍ မူးလာကြပြီဆိုပါကဇိမ်မယ်အိမ်များကိုပို့ခိုင်းတတ်၍ လှည်းခငွေ မြိုးမြိုးမြက်မြက် ရတတ်သည်။
ယင်းသို့ အမဲမျိုးစောင့်နေစဉ် ကျွန်တော်မမျှော်လင့်သောအဖြစ်မျိုးကြုံရသည်။ လင့်ခ်ဟိုတယ်ထဲမှ အမျိုးသမီးတစ်ယောက်ကခပ်သုတ်သုတ်ကလေးထွက်လာလျက် (အလို… အလှပါလား) ကျွန်တော့်မြင်းလှည်းပေါ် အမြန်တက်ကာ….
“ ကိုကြင်ဆွေ… ကိုကြင်ဆွေ…. မြန်မြန် မောင်းစမ်းပါ၊ မြန်မြန်မောင်းစမ်းပါ… ”
သူ့နောက်ကတစ်စုံတစ်ယောက် လိုက်လာသည့်နှယ် ( ဟာ…. ဟုတ်သပါ့) ဂျပန်စစ်ဗိုလ်တစ်ယောက်၊ ခါးမှာဗြောက်နှင့် ဓားလွယ်ကြီးနှင့်….
“ ဟေး ….. အလ … အလ …. ”
ဘာရမည်နည်း။ ကျွန်တော်က မြင်းကို ကြိမ်နှက်၍ထွက်သည်။
“ ဟေး …. ဘိရမာ …. မာစတာလိုက်မယ်ကဲ …. ”
သူနောက်ကပြေးလိုက်လာသည်။ သူ့မျက်နှာမှာအရက်မူးနေပုံလည်းပေါ်သည်။ အလှမှာလွန်စွာစိုးရွံ့နေပုံပေါ်လျက် ……
“ ကိုကြင်ဆွေ ….. လွတ်အောင်သာမောင်းစမ်းပါ …… ”
“ စိတ်ချပ ….. ” ဆို၍ ကျွန်တော်မြင်းကိုခြေကုန်သုတ်သည်။ ဂျပန်ကလည်းအလျှော့မပေး၊ အပြေးလိုက်သည်။ သို့ရာတွင် ဘွတ်ဖိနပ်ရှည်ကြီးနှင့်ဖြစ်ရကားမီဖို့ခဲယဉ်းသည်။ သို့သော် လင့်ခ်လမ်းမှ ဘယ်ဘက် ဘောင်ဒရီလမ်းချိုးလိုက်သည်၌ မျက်နှာချင်းဆိုင်မှ အပြင်းမောင်းလာသောဂျပန်စစ်ကားကြောင့် ရှေ့က ခပ်ဖြည်းဖြည်းမောင်းနေသော မြင်းလှည်းကို ကျွန်တော်ကျော်မတက်နိုင်၊ ယင်း၌ ကိုရွှေပန် မြင်းလှည်းပေါ်ရောက်လာပြီး မြင်းဇက်ကြိုးကိုင်နေသောကျွန်တော့်လက်ကိုဆွဲကာ မြင်းကိုရပ်စေပြီး ကျွန်တော့်ပါးကိုရိုက်ပါတော့သည်။ ထိုစဉ်၌ ကျွန်တော်တို့ဗမာများသည် ဂျပန်စစ်ဗိုလ်၊ စစ်သားများကိုခုခံရရိုးမရှိပါ။ သူတို့ပြုသမျှ ခံရသည်သာ။
သို့သော် အလှ ….. အလှ ……။
အလှသည် သူ့ဖိနပ်ချွတ်၍ ဂျပန့်ပါးကိုဘယ်ပြန်ညာပြန် တီးတော့သည်။ ယင်းမှ ဂျပန်သည် ကျွန်တော့်ကိုလွှတ်လိုက်ပြီးအလှကိုစေ့စေ့ကြည့်သည်။ မိန်းမသားကိုတော့ ဘာမျှမလုပ်။ အလှကရိုက်ရင်းသူ့အားဆင်းသွားရန် ဂျပန်လိုပြောသည်။ အနီးရှိသူများလည်း ဝိုင်းအုံလာကြသည်။ ယင်း၌ ဂျပန်သည် သူကြမ်း၍မရမှန်းသိပြီးအလှအားဂျပန်လိုကြိမ်းမောင်းပြောဆိုပြီး မြင်းလှည်းပေါ်မှ ဆင်းသွားတော့သည်။
သည်တော့မှ ကျွန်တော်မြင်းလှည်းကိုဆက်မောင်းသည်။ ကျွန်တော့်ပါးစပ်ထဲမှသွေးများကိုထွေးထုတ်လိုက်သည်။ ကျွန်တော့်နှုတ်ခမ်းထောင့်မှ သွေးများစို့နေသည်။ အလှက သူ့လက်ကိုင်ပဝါလေးနှင့် သုတ်ပေးလျက် ……
“ ကိုကြင်ဆွေ ….. တော်တော်နာသွားသလား …… ”
ကျွန်တော်ကသူ့လက်ကလေးကိုဖယ်စေလျက် ပြုံးရယ်ကာ ……
“ ယောက်ျားပဲ၊ ဒါလောက်ကိုနာတယ်ဘယ်ခေါ်မလဲ….. ”
“ ကျွန်မကြောင့် ဒီလိုဖြစ်ရတာ …. စိတ်မကောင်းလိုက်တာရှင် ….. ”
“ အောင်မယ်….. ဒါလောက်များဘာဟုတ်သေးလဲ ….. ကျွန်တော်ကဂျပန်ဒဏ်တော့ ဒီလောက်မကခံဖူးသေးတာပဲ ” ဟုအစချီကာသူစိတ်မကောင်းမှုပြယ်ပျောက်စေရန် ပြုံးရယ်ကာဖြင့် …. “ ဂျပန် စရောက်ခါစနှစ်၊ ကျွန်တော် မြင်းလှည်းစမောင်းခါစတုန်းကပေါ့….၊ ကိုယ်က မြင်းလှည်းလည်းကောင်းကောင်းမမောင်းတတ်သေး၊ မောင်းရတာကလည်း မြင်းသိုးကလေး၊ သိပ်ပြီးတော့ အာမာတယ်၊ တော်ရုံတန်ရုံဆွဲရုံနဲ့ သူမရပ်တတ်ဘူး။ ဒါနဲ့…. တစ်နေ့ စကော့ဈေးရှေ့မှာပေါ့၊ ကိုယ်က မြင်းလှည်းမောင်းအသွား၊ ဓားလွယ်ကြီးတွေနဲ့ ဂျပန်စစ်ဗိုလ်ကြီး ၃ ယောက်ကဖြတ်အလာ …. သူတို့ကရပ်မပေးဘူး။ မြင်းလှည်းကသာရပ်ပေးရမယ်ပေါ့။ ဒါနဲ့ ကျွန်တော်မြင်းကိုဆွဲရပ်တယ်။ ဒါပေမဲ့ မြင်းသိုးလေးကတော်ရုံတန်ရုံဆွဲရုံနဲ့ မရပ်တဲ့ကောင်ပေကလား၊ ဂျပန်တစ်ယောက် ဟောဒီမြင်းလှည်းညာဘက်လက်တံနဲ့ နံစောင်းပိတ်ထိုးလိုက်တာတုံးခနဲလဲပါရော …..၊ ဒီတော့ သူတို့အားလုံးခုရား …. ခါးရား …. ဖြစ်ကြတုန်းလစ်မှပဲဆိုပြီး မြင်းကိုတအားရိုက်မောင်းပါတယ်၊ မလွတ်ဘူးဗျို့၊ မလဲတဲ့ ဂျပန်နှစ်ယောက်က မြင်းလှည်းအမိုးကိုင်းကိုမိနေတော့ ကျွန်တော်ခံရတာပဲ …..။ ”
“ ခံရတာမှ မြင်းလှည်းအောက်ကိုဆင်းပေးရတယ်။ လဲသွားတဲ့ဂျပန်ကြီးက ကျွန်တော့်လက်ထဲကမြင်းရိုက်တဲ့ ထားဝယ်ကြိမ်လုံးလေးယူပြီးတော့ ပါးကိုဘယ်ပြန်ညာပြန် ချတော့တာပါပဲ။ ကျွန်တော်က မြင်းကိုဆွဲသော်လည်းဒီမြင်းကအာမာနေတာမို့ ဒီလိုမတော်တဆ ဖြစ်ရတဲ့အကြောင်းဒင်းတို့နားလည်မလားလို့ အင်္ဂလိပ်လိုပြောဆိုပြီးတောင်းပန်ပါတယ်။ လား …. လားသူတို့ကဘာမှနားမလည်တာလား၊ ကျွန်တော် စကားပြောလေပိုရိုက်လေ…. ဒီတော့ နံဘေးကလူတွေကဘာမှမပြောဘဲ ငြိမ်သာခံနေပါဆိုလို့ သူတို့ရိုက်သမျှ အားရအောင် ခံလိုက်ရပါတယ်ဗျာ။ တကတဲမျက်နှာတစ်ခုလုံးသွေးချင်းချင်းနီကျန်ခဲ့တာပါပဲ … ဟဲ …. ဟဲ…. ”
ကျွန်တော်ကရယ်၍ အဆုံးသတ်လိုက်တော့ အလှသည် ကျွန်တော့်အားအလွန်ကရုဏာသက်စွာဖြင့် ကြည့်လျက် …..
“ ဖြစ်မှဖြစ်ရလေကိုကြင်ဆွေရယ် ”
“ ကိုယ့်ဝဋ်ရှိလို့ခံရတယ် ယူဆရတာပေါ့၊ မြန်မာပြည်ကြီးတစ်ပြည်လုံးတောင် သူတို့လက်အောက်မှာခံနေရတယ်မဟုတ်လား ”
အလှသည် သက်ပြင်းချလျက် …….
“ ဒီဂျပန်ကောင်တွေဟာသိပ်မိုက်ရိုင်းတယ်၊ ဘယ်တော့မှ သူတို့လက်အောက်ကလွတ်မယ်မသိဘူး ”
“ တစ်နေ့လွတ်ရမှာပေါ့လေ၊ ဒါနဲ့ ခုနဂျပန်ကောင်က ….. ”
“ အလှ အလုပ်လုပ်တဲ့စက်ရုံကစစ်ဗိုလ်လေ၊ သြော် …. ကိုကြင်ဆွေ့ပြောရဦးမယ်၊ အလှကသူတို့ရုံးမှာစကားပြန်လုပ်တယ်၊ ဒီကောင်ကအလှကိုကြံနေတာသိသားပဲ၊ ဒီနေ့ သူလုပ်ပုံကကိစ္စတစ်ခုပြောစရာရှိလို့ဆိုပြီးသူ့အထက်အရာရှိကိုခွင့်တောင်းပြီးခေါ်လာတယ်၊ ဒီဟိုတယ်ရောက်တော့ စားသောက်စရာမှာကျွေးရင်းအလှကိုချစ်စကားကြိုက်စကားပြောပြီးခပ်ကြမ်းကြမ်းလုပ်လာတာနဲ့ အလှ ထွက်လာခဲ့တာကိုကြင်ဆွေနဲ့ တွေ့နေတာပဲ၊ ကိုကြင်ဆွေ့နာမည် အလှသိနေတာမအံ့သြဘူးလားဟင် ….. ”
“ မအံ့သြပါဘူး၊ ကျွန်တော်ကလည်းဆရာမဒေါ်ရွှေကြည်ပြောလို့ အလှနာမည် လှလှကြည် ဆိုတာရယ်၊ လမ်းနဲ့ အိမ်နံပါတ်ရယ် သိနေတာပဲ၊ ကဲရှေ့ကလမ်းညာဘက်ချိုးရမယ် မဟုတ်လား ”
သို့နှင့် အလှတို့အိမ်ရှေ့ မြင်းလှည်းရပ်လိုက်သည်။ အလှကသူတို့အိမ်ပေါ်တက်ပါဦးဆို၍ သူ့အမေနှင့် တွေ့ရသည်။ အလှကယခုဖြစ်ပျက်လာခဲ့ပုံကိုသူ့အမေအားပြောပြသည်။ သည်တော့ အမေကသူ့သမီးအတွက် ကျွန်တော် ဤကဲ့သို့ခံခဲ့ရသည်ကိုအလွန်စိတ်မကောင်းကြောင်း …..
“ ဟာကိစ္စမရှိပါဘူးဒေါ်ဒေါ်၊ အလှကအဲဒီဂျပန်ကိုဘယ်ပြန်ညာပြန် ဖိနပ်နဲ့ချလိုက်တာပဲကျေနပ်လှပါပြီ၊ ကျွန်တော် စိုးရိမ်တာကအလှအလုပ်အတွက် ”
ဤတွင် အလှက ……
“ ဒီအတွက်မပူပါနဲ့ ကိုကြင်ဆွေရယ်၊ အလှကဒီဂျပန်ပါးရိုက်ပြီးကတည်းကအလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးသားပါ ”
ထို့နောက် ကျွန်တော်ပြန်မည်ဟု နှုတ်ဆက်သောအခါ အလှက ကျွန်တော့်အား မြင်းလှည်းခပေးမည်အပြု၌ ကျွန်တော်ကမျက်နှာချင်းစေ့စေ့ကြည့်၍ ခပ်တိုးတိုးအသံနှင့် ……
“ မလုပ်ပါနဲ့ အလှရယ်၊ တစ်ယောက်တစ်ယောက် အဖိုးအခမယူတဲ့မိတ်ဆွေဖြစ်ချင်ပါတယ် ”
××××××××××××

“ ကဲ ….. ကိုကြင်ဆွေရေ့…. အလှကိုအဖိုးအခမယူတဲ့ ကူညီမှုတစ်ခုလုပ်ပေးပါဦး ”
နောက်တစ်နေ့ညနေ၌ အလှသည် ကျွန်တော့်အားဗဟန်းမြင်းလှည်းဂိတ်၌ တွေ့၍ ပြောပါသည်။
“ ဘယ်လိုကူညီရမလဲအလှ ”
“ နက်ဖြန်ခါမနက် ၁၀ နာရီလောက်လေအလှတို့ အလုပ်လုပ်တဲ့ရုံးကိုလိုက်ခဲ့စမ်းပါ ”
“ လိုက်နိုင်ပါတယ်၊ ဘာကိစ္စ ”
“ အလှတို့ ဘော့စ် ဂျပန်ကြီးကကိုကြင်ဆွေ့ တွေ့ချင်လို့တဲ့၊ ကြည့်ချင်လို့တဲ့လား ”
အလှကရယ်မောပြီး …….
“ အဲဒီစစ်ဗိုလ်ကိုကိုကြင်ဆွေ့ တောင်းပန်ခိုင်းလိမ့်မယ် ”
“ အောင်မယ် …. ဒါဖြင့် ဒီဂျပန်အရာရှိလိမ္မာသားပဲ ”
“ အက်ဂျူကိတ်တက်ပဲ၊ အင်္ဂလိပ်လိုကောင်းကောင်းတတ်တယ် ကိုကြင်ဆွေ၊ ဂျင်းတယ်လ်မဲင်းပဲ ”
“ ဒါဖြင့် တွေ့ရတာပေါ့ဗျာ ”
“ ဒါပေမဲ့ ကိုကြင်ဆွေ ဒီလိုမြင်းလှည်းသမားစတိုင်ကြီးနှင့် မလုပ်နဲ့၊ ဆရာမကလေးကင်ပွန်းတပ်ပွဲတုန်းကလိုပိုးအကျၤီအနက်ကလေးနဲ့၊ ကာကီရောင်ဘန်ကောက်လုံချည်လေးနဲ့ စတိုင်ကျကျဝတ်ခဲ့နော် ”
“ သည်တော့အလှကလည်း ဟိုနေ့တုန်းကလိုပဲ ဖက်ဖူးရောင်အကျၤီလေးနဲ့ ကြိုးကြီးချိတ်ထမီ အစိမ်းနုဝတ်ခဲ့ပေါ့ ဟုတ်လား ”
ကျွန်တော်တို့နှစ်ယောက်သား တစ်ယောက်တစ်ယောက် ကြည့်၍ သဘောကျစွာ ရယ်ကြသည်။
နောက်တစ်နေ့နံနက်ဝယ် ဖော်ပြပါအဝတ်အစားများနှင့် ကျွန်တော်တို့နှစ်ယောက်သည် အလှတို့ရုံးရှိရာ ဂိုးလ်ဒင်းဘယ်လီသို့ သွားကြသည်။ ကျွန်တော်သည် မြင်းလှည်းကို ကိုယ်တိုင်မမောင်းချေ။ ကျွန်တော့်မိတ်ဆွေ ကိုသောင်းအား မောင်းခိုင်းသည်။
ခမ်းနားသော အိမ်ကြီးအလုပ်ခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက် ဂျပန် အရာရှိကြီးရှေ့ရောက်တော့ အသက် ၆၀ လောက်ရှိမည့် အဘိုးကြီးသည် စာကြည့်နေသော သူ့မျက်မှန်ချွတ်၍ ကျွန်တော်တို့ကို မော့်ကြည့်လိုက်ပြီးနောက် အလှအား ဝမ်းသာသောအသံဖြင့် ….
“ အိုး ယူဝါ ဖီယန်စီ ဖိုင်းဖိုင်း ”
ကျွန်တော့်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၍ စိတ်ထဲမှ ဟိုက်ခနဲမြည်လိုက်မိသည်။ ဂျပန်ကြီးပြောလိုက်သည့် အင်္ဂလိပ်စကားအဓိပ္ပါယ်မှာ “ မင်းနဲ့ လက်ထပ်မယ့်လူ ချောပါတယ် လှပါတယ်…. ” ဟု ဖြစ်နေ၏။
အလှမှာမူ သူ့အကွက် သူဆင်ထားသည်မို့ ဣနြေ္ဒမပျက်ဘဲ ….
“ သိုင်းကျူးဆာ ”
“ ဆစ်ဒေါင်း - ဆစ်ဒေါင်း ” ဟု ဂျပန်ကြီးကဆို၍ ကျွန်တော်တို့ သူ့ရှေ့က ကုလားထိုင်များတွင် ထိုင်ရသည်။
နောက် အဘိုးကြီးက ဂျပန်လိုအော်လိုက်သည်၌ ကျွန်တော့်အားပါးရိုက်သော ဂျပန်စစ်ဗိုလ် ထွက်လာပြီး ကျွန်တော့်ရှေ့မှာ မတ်တတ်ရပ်ရသည်။
အဘိုးကြီးက အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်အား …..
“ မင်းကို ပါးရိုက်တာ သူ ဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ သူ့ကို ပြန်ပြီးတော့ ပါးရိုက်လိုက်ပါ ”
ကျွန်တော်က ခေါင်းခါ၍ ……
“ မရိုက်ချင်ပါဘူး ”
“ ဒါဖြင့် မင်းကိုယ်စား ငါ ရိုက်ပေးရမှာပေါ့ ” ဆိုပြီး ထိုင်ရာမှထ၍ ထိုဂျပန်အား သူတို့ထုံးစံအတိုင်း ဘယ်ပြန်ညာပြန် ၃ ချက်ရိုက်လိုက်သည်။ ပြီးလျှင် ဂျပန်လိုပြောဆိုသည်၌ စစ်ဗိုလ်ဂျပန်က ကျွန်တော်တို့နှစ်ယောက်အား သူတို့ဂျပန်စကား ဂျပန်အမူအရာဖြင့် အလေးပြုလျက် သူမှားကြောင်း၊ ခွင့်လွှတ်ပါရန် တောင်းပန်သည်။ အလှက ဂျပန်လိုပဲ ပြန်ပြောသည်။
သည်နောက် ထိုဂျပန်ထွက်သွားသောအခါ အဘိုးကြီးက အလှအား “ ကောင်းမွန်စွာပဲ အလုပ်ပြန်လုပ်ပါ၊ နောက်ကို ဒီလို မနှောက်ယှက်စေရပါဘူး။ ကျွနု်ပ်တာဝန်ခံပါတယ် ”
ထိုကိစ္စပြီး၍ ကျွန်တော်တို့ဂျပန်ရုံးမှ ပြန်လာခဲ့သောအခါ အလှက ….
“ ကိုကြင်ဆွေ …. ဟိုနေ့က အလှပြောခဲ့တဲ့အတိုင်း မနေ့ကထွက်စာတင်တယ်။ အဘိုးကြီးက ဘာ့ကြောင့်လဲမေးလို့ အကျိုးအကြောင်းပြောပြတော့ အောင်မယ် … သူ့စစ်ဗိုလ်လေး ကောင်းသားပဲ၊ လက်ထပ်လိုက်ပါလားလုပ်နေလို့ အလှလည်း ရုတ်တရက် စိတ်ကူးရရာ အလှမှာ စေ့စပ်ထားတဲ့လူရှိပြီးသားပါလို့ ပြောမိရာက နောက်ကြောင်းခိုင်မာအောင် ကိုကြင်ဆွေကို ခေါ်ပြလိုက်ရတာပဲ။ စိတ်မရှိပါနဲ့နော် ….။ ဒီလို အကူအညီပေးတဲ့အတွက်လည်း ကိုကြင်ဆွေ့ကို သိပ်ပြီး ကျေးဇူးတင်ပါတယ် ”
“ ကျေးဇူးတင်စရာ မဟုတ်ပါဘူး အလှရယ်၊ ကျွန်တော်က တကယ့်ကိုယ့့်ကိစ္စအတွက် လိုက်ပြီးဆောင်ရွက်ရတာလို့ ယူဆလိုက်ချင်ပါတယ် ” ဟု ကျွန်တော့်စိတ်ထဲက ပြောချင်လှသော်လည်း အလှနှင့် ကျွန်တော်အတွေ့က နောက်ကျခဲ့လေပြီ။
ထိုနေ့က ကျွန်တော်တို့သည် အလှအား ကြည့်မြင်တိုင်ရှိ သူ့အိမ်သို့လိုက်ပို့ပြီး ပြန်လာကြသောအခါ မြင်းလှည်းမောင်းသော ကိုသောင်းကမေး၍ ဇာတ်ကြောင်းပြောပြသောအခါ သူက အားမလိုအားမရနှင့် ….
“ ဟာဗျာ…. ခင်ဗျားတို့နှစ်ယောက် ညားရင် သိပ်ရှေ့သွားနောက်လိုက် ညီမှာပဲ၊ တကယ်ညားဖို့ ကောင်းတယ်ဗျာ ”
“ မဖြစ်နိုင်တော့တာပဲ ကိုသောင်းရယ် ”
“ ခင်ဗျားမှာ အိမ်ထောင်ရှိနေမှန်း သူသိပုံမပေါ်သေးဘူးနော် ”
“ ကျွန်တော့်ကို လူပျိုထင်နေတာဗျ ”
“ အေးလေး … ခင်ဗျားကလည်း လူငယ်ကျောင်းသား ရုပ်ကလေးရှိသေးတာပဲ …. ”
မှန်ပါ၏။ အကယ်တိ စစ်မဖြစ် ခေတ်မပျက်ဘဲသာရှိပါက ထိုအရွယ်မှာ ကျွန်တော်သည် ကျောင်းသားပဲရှိပါဦးမည်။
ကိုသောင်းနှင့် ကျွန်တော်မှာ မြင်းလှည်းသမားဘဝကတည်းက နောက်စာရေးဆရာဖြစ်သည်အထိ အလွန်ခင်မင်ကြသည်။ ညနေတိုင်း အတူစားဘော်သောက်ဘက် ဖြစ်သည်။ ကိုသောင်းသည် ဖိနပ်ထောင်ဆရာဖြစ်၍ သူ့ ဖိနပ်မှာ နွားခေါင်းတံဆိပ်ဖြစ်သည်။ သူအားလျှင် ကျွန်တော်မြင်းလှည်းမောင်းရာကို လိုက်တတ်သည်။ အလှ၏ချောမောလှပကြောင်းကို တဖွဖွပြောသည်။ အလှနှင့်ကျွန်တော် တွေ့ကြသေးလား ခဏခဏ မေးသည်။
အလှနှင့် ကျွန်တော်မှာ သူ အလုပ်သွား အလုပ်ပြန်ရာ၌ ကျွန်တော်မြင်းလှည်းနှင့် မကြာခဏ ဆုံတတ်ပါသည်။ နောင်၌ တစ်ဦးနှင့်တစ်ဦးစောင့်သည်၊ ကြိုသည်အထိ ခင်မင်လာကြသည်။
၁၉၄၄ ခုနှစ်၊ နွေရာသီ တစ်နေ့သ၌မူ အလှနှင့် ကျွန်တော်သည် တစ်သက်မမေ့နိုင်သောအဖြစ်ကို ကြုံရသည်။
ထိုနွေမှာ အလှသည် အလုပ်မှခွင့်တစ်လရ၍ ကန်ဘဲ့ရှိ သူ့အဘွားအိမ်သို့ အတော်ကြာ သွားနေရမည်ဖြစ်သောကြောင့် သူ့ပစ္စည်းများကို ကျွန်တော့်မြင်းလှည်းနှင့် တင်ပို့ရသည်။ သူ့မှာ ကြောင်မလေးတစ်ကောင် ပါလာလေသည်။
ကြည့်မြင်တိုင်နှင့် ကန်ဘဲ့ခရီးကို မြင်းလှည်းတစ်ကြိုးတည်းနှင့် မမောင်းနိုင်ပါ။ လမ်းတွင် ခရီးတစ်ထောက် နားရသည်ဖြစ်သောကြာင့် ကုက္ကိုင်းလမ်းမှ ကန်ဘဲ့လမ်း မချိုးမီ တစ်နေရာဝယ် ( အတိအကျတော့ မမှတ်မိတော့ပြီ ) ကုက္ကိုလ်ပင်ကြီး တစ်ပင်အောက်၌ မြင်းလှည်းကိုရပ်လိုက်သည်။
ကျွန်တော် မြင်းလှည်းပေါ်ကဆင်းပြီး မြင်းဘေးရပ်ကာ ထုံးစံအတိုင်း လေချွန်၍ မြင်းကိုသေးပေါက်အောင် ပြုလုပ်နေစဉ် ….
“ အောင်မယ်လေး …. လုပ်ပါဦး ကိုကြင်ဆွေ၊ ကြောင်လေး ခုန်ချပြေးပြီ ” ဆိုသံကြား၍ ကြည့်လိုက်တော့ သူ့ကြောင်လေးသည် လမ်းဘေးရှိခြံဝင်းတစ်ခုထဲသို့ ဝင်ပြေးသည်။ ထိုခြံဝင်းထဲရှိ တိုက်အိမ်ကြီးမှာ ဂျပန်များနေကြသည်။ ထိုအိမ်နံဘေးမှာ ဂိုဒေါင်တန်းလျားကြီး ဆောက်ထားသည်။ စပါးကျီသဖွယ် အဆင့်နှင့်ဖြစ်၍ အမြင့်မှာ လူလေးဖက်ထောက် တွားသွားနိုင်ရုံဖြစ်သည်။
ကြောင်လေးသည် တန်းတန်းမတ်မတ်ပင် ထိုဂိုဒေါင်အောက်ဝင်ပြေးသည်ဖြစ်၍ နောက်မှပြေးလိုက်သွားကြသော အလှနှင့် ကျွန်တော်လည်း နှစ်ယောက်ပြိုင်တူ ယင်းဂိုဒေါင်အောက် လေးဖက်ထောက်ဝင်လိုက်ကြရတော့၏။ ဂိုဒေါင်အလယ်လောက်ရောက်လေ မှောင်လေမို့ ကြောင်လေးကို မျက်ခြည်ပြတ်သွားလေပြီ …။
“ စီစီမာ … စီစီမာ …. လာ - လာ ဘယ်မှာလဲ စီစီမာရယ် ”
ဤနေရာမျိုး၌ ကြောင်သည် ခွေးနှင့်မတူချေ။ ကြောင်သည် ပြေးပြီဆိုပါက ကိုယ့်သခင်မှန်း မသိတော့ချေ။ ဘယ်တော့မှ ခေါ်မရတော့ပေ။ လိုက်လေ … ပြေးလေ ….။
“ စီစီမာ …. စီစီမာ ”
အလှသည် ကြေကွဲသောအသံလေးနှင့် ဟိုဟိုဒီဒီ လေးဖက်ထောက်လျှောက်ရင်း အကြိမ်ကြိမ်ခေါ်သည်။ သို့သော် ကြောင်လေး၏ပြန်ထူးသံလည်းမကြားရ၊ တွေ့လည်း မတွေ့ရချေ။
ကျွန်တော်သည် သူ့နံဘေးက လေးဖက်ထောက်၍ နှစ်ယောက်ယှဉ်ကာ လိုက်သွားသည်။ အမှောင်ထုဖြင့် လူချင်းမှာ ဝါးဝါးသာ မြင်ရလျက် သူ့ကိုယ်ရနံ့သာ ကျွန်တော့်နှာခေါင်းမှာ ကြိုင်ထုံနေသည်။
ဂိုဒေါင်အောက် မှောင်ကြီးမည်းမည်း၌ ကြောင်အတွက် စိတ်ဇောဖြင့် ပါးစပ်က တစာစာခေါ်ရင်း လေးဖက်ထောက်လျှောက်၍ တော်တော်မောသွားမှ သူ ကြောက်ရမှန်းသိလာလျက် ကျွန်တော့်ကို အားကိုးသောအသံနှင့် ….
“ ဟင် … ကိုကြင်ဆွေ …. အလှအနားမှာ ရှိရဲ့လား ”
“ ရှိပါတယ် …. ” ဟု အသံပြုကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတော့မှ ကျွန်တော်၏အရောင်လက်သော မျက်လုံးနှစ်စုံ ဆုံမိကြသည်။
ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာသည်။ သူလည်း ထို့အတူနေလိမ့်မည်သာ။
တစ်ဦးကိုတစ်ဦး စေ့စေ့ကြည့်လျက် ခေတ္တမျှ စကားပြတ်နေပြီးမှ ….
“ ဟင် …. မှောင်လိုက်တာ ကိုကြင်ဆွေရယ် … ”
“ ဟုတ်တယ် …. အလှ …. ”
“ အလှကြောင်လေးတော့ ပြန်ရတော့မှာ မဟုတ်ဘူး။ ဘယ့်နှယ်လုပ်မလဲ …. ”
“ ကြောင်ဟာ ဒီလိုပဲ …. မတတ်နိုင်ဘူး၊ ဒီမှာ ကျွန်တော်တို့ကြာကြာနေလို့လည်း မကောင်းဘူး၊ ဒါ ဂျပန်တွေနေတာ ”
“ ဟင် …. ဟုတ်လား၊ ဒါဖြင့် လာလာ မြန်မြန်ပြန်ထွက်မှ ”
သူကရှေ့မှ၊ ကျွန်တော်ကနောက်မှ ကလေးတွေများ ဆင်လုပ်တမ်းကစားကြသကဲ့သို့ အမြန်လေးဖက်စိုင်းထွက်ခဲ့ကြသည်။ ဒူးတွေ လက်ဖဝါးတွေကိုနာရော။
အပြင်ရောက်၍ မတ်တတ်ရပ်လိုက်ကြသော် ဂျပန်ကြီးတစ်ယောက် ပင်ပင်းတိုးနေသဖြင့် ကျွန်တော်တို့မှာ မျက်လုံးပြူး၍ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
သို့သော် တော်ပါသေး၏။ ထိုဂျပန်မှာ စစ်သားမဟုတ်၊ ကုန်သည်ပိုင်းမှ ယဉ်ကျေးသူဖြစ်၍ အတော်မြန်မာရည်လည်နေရကား ကျွန်တော်တို့နှစ်ယောက်အား စေ့စေ့ကြည့်ပြီး ပြုံးကျဲကျဲမျက်နှာနှင့် …..
“ အား မာစတာ မြင်တယ်က၊ ရည်းစား ဒီမှာ လာတွေ့ကြတယ် …. ကောင်းတယ်ကား ” ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့မှာ သူ့ကိုမည်သို့မျှ မထုချေတော့ဘဲ ခေါင်းငိုက်စိုက်နှင့် လစ်ခဲ့ကြတော့သည်။
ကျွန်တော်တို့ကိုယ်များမှာ ပင့်ကူမြှေးတွေ၊ ဖုန်တွေ၊ ချွေးတွေနှင့် အဝတ်များလည်း နွမ်းကြေနေကြသည်။ ဂျပန်ကား ကျွန်တော်တို့ကိုကြည့်ကာ ကျယ်လောင်စွာရယ်မော၍ ကျန်ခဲ့ပေ၏။
ကျွန်တော်တို့ မြင်းလှည်းပေါ်သို့ ရောက်ကြသော် …. တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်ကြတော့ဘဲ ကျွန်တော်က မြင်းကိုသာ ခပ်မြန်မြန်မောင်းခဲ့တော့၏။ အလှက သူ့ကိုယ်မှ ပင်ကူမြှေးတွေ၊ ဖုန်တွေကို သုတ်သင်သည်။ ကျွန်တော့်ကိုယ်ကိုလည်း သုတ်သင်ပေးသည်။
ထိုစဉ် သူရှိုက်သံကြားရ၍ ကျွန်တော်လှည့်ကြည့်တော့ သူ့မျက်နှာမှာ မျက်ရည်စတွေနှင့် …..
“ ဟင် … အလှ ငိုနေတယ်၊ ငိုပါနဲ့ကွယ် …”
“ အလှကြောင်လေးတော့ ဒုက္ခရောက်တော့မှာပဲ ….. ”
“ သူ့ဟာသူ သွားချင်လို့သွားတာ ဘာလို့ ဒုက္ခရောက်ရမှာတုံး ”
“ သူ့ ဘယ်သူက အစာကျွေးမလဲ ”
“ အောင်မယ်လေး၊ အဲဒီဂိုဒေါင်တွေမှာ ကြွက်တွေအပြည့်ဗျာ …. ”
“ အလှ …. သူ့ကို သိပ်ချစ်တာ၊ ညဆို အတူတူအိပ်တာ …. ”
“ နားမငြီးဘူးလား၊ ကြောင်များအိပ်ရင် တဂွီးဂွီးနဲ့၊ ရေနွေးအိုးဆူသလိုမြည်နေတာ …. ”
“ အလှကြောင်က အဲလို မမြည်ပါဘူး …. ”
“ မညာပါနဲ့၊ ကြောင်မှာ မမြည်တဲ့ကြောင်ရှိမလား၊ ကဲ တိတ်ပါ၊ မျက်ရည်စတွေသုတ်ပစ်၊ ပေါင်ဒါပြန်ရိုက် ပျောက်သောကြောင် ကြာရင်မေ့ပေါ့ ….. ”
သူသည် ကျွန်တော်ပြောသည့်အတိုင်း လက်ပွေ့အိတ်ဖွင့်၍ တို့ဖတ်ရိုက်ရင်း ….
“ မေ့ပါဘူး၊ မေ့ပါဘူး …. အလှကြောင်တော့ ဘယ်တော့မှ မမေ့ဘူး ”
“ ကဲ …. ဒါဖြင့် ကြောင်အစားယူမလား …. ”
“ အလှကြောင်နဲ့ အမွေးအရောင်ချင်း တူတာရှိလို့လား…. ”
“ အလှ လိုချင်တယ်ဆိုင် မတွေ့တွေ့အောင် ရှာပေးမယ်လေ …. ယူမလား … ”
“ ကိုကြင်ဆွေပေးရင် ယူချင်တယ် …. ”
အဆင်သင့်ပင် ကျွန်တော့်မိတ်ဆွေ မြင်းလှည်းသမား ကိုမြတ်သာအိမ်တွင် ဒီအရောင်မျိုး ကြောင်တစ်ကောင်တွေ့ရသည်နှင့် အရက်တစ်ပုလင်းနှင့်လဲပြီး ယူသွား၍ပေးလိုက်သည်။ သို့သော် အလှ ပျောက်သွားသောကြောင်က စီစီမာတဲ့၊ အောင်မလေး။ ကျွန်တော် … ယူသွားတဲ့ကောင်က အထီးဖြစ်နေ၏။ သို့ရာတွင် အလှသည် အထီးလား၊ အမလား မေးမနေဘဲ သူ့ယခင်ကြောင်နှင့် အမွေးရောင်ချင်း တော်တော်တူပါတယ်ဟုဆိုပြီး ဝမ်းသာအားရ ယူထားလိုက်ပါ၏။
ယင်းသည်မှ ၃ - ၄ လအကြာ တစ်နေ့သ၌ အလှသည် ဗဟန်းမှအပြန် ကျွန်တော့်လှည်းပေါ် ပါလာခဲ့သည်။ အားအားရှိ ကျွန်တော့်လှည်းနှင့်လိုက်လေ့ရှိသော ကိုသောင်းက မြင်းကိုမောင်းသည်။ ဤမြင်းမနာမည် ‘ လှလှကြည် ’ ဖြစ်ကြောင်း ကိုသောင်းကသိသည်။ ဘာကြောင့် ဤနာမည်ပေးသည်ကိုလည်း ကျွန်တော်က ပြောထားပါသည်။ သို့ရာတွင် ကိုသောင်းသည် ယခုမြင်းလှည်းပေါ်၌ ၎င်းနာမည်ရှင်ပါလာသည်ကို သတိမေ့လျော့သွားကာ အခြားမြင်းလှည်းတစ်စီးက နောက်မှကျော်တက်မည်ပြုသည်ကို သူက ကျော်တက်မခံဘဲ မြင်းမကျောကို ဇက်ဖျားခတ်လိုက်ကာ ….
“ လှလှကြည်တဲ့ကွ … ဘာရမလဲ လှလှကြည် … သမီးဆွဲလိုက်စမ်း ….. ”
ယင်း၌ ကျွန်တော့်ကျောနောက် ကပ်ထိုင်လာခဲ့သော အလှသည် ကျွန်တော့်အကျၤီလက်မောင်းစကို ဆွဲကာ….
“ ဟင် …. ကိုကြင်ဆွေ့ မြင်းမနာမည်က ….”
အခြားသူများနားမလည်အောင် ကျွန်တော်က အင်္ဂလိပ်ဘာသာဖြင့် “ မင့်နာမည် ယူမှည့်ထားတာပဲ …. ”
သူကလည်း (မျက်လုံးလေးများ တောက်ပကာ ) အင်္ဂလိပ်လို “ ရှင့်နာမည်ကော ဒီလို တိရိစ္ဆာန်ယူမှည့်ရင် စိတ်ဆိုးမှာလား …. ”
“ ကိုယ့်ကိုသဘောကျလို့ မှည့်တယ်ဆိုရင် ဝမ်းတောင် သိပ်သာပစ်လိုက်မှာပေါ့…. ”
“ ဒါဖြင့် သာပေရော့ …. အရင် ရှင်လာပေးတဲ့ ကြောင်လေးနာမည်ဟာလေ …. ”
××××××××××××××

သြော် …. အလှ၊ အလှ၊ ကျွန်တော်နှင့်အလှ။ ကျွန်တော့်မြင်းမကို သူ့နာမည်မှည့်၊ ကျွန်တော့်နာမည်ကို သူ့ကြောင် …..။
သူ့ရုံးက ဂျပန်အရာရှိကြီးကို သူနဲ့ကျွန်တော် လက်ထပ်တော့မယ့် သမီးရည်းစားပါတဲ့။ ကုက္ကိုင်းလမ်းမှာ ဂိုဒေါင်နားတွေ့ခဲ့ရတဲ့ ဂျပန်ကြီးကလည်း ကျွန်တော်တို့ကို ဒီလိုပဲသမုတ်။
တစ်ယောက်တစ်ယောက် ချစ်လိုက်ကြသည်ကလည်း အမှန်။ သို့သော် သူနှင့်ကျွန်တော်သည် ညားရန် ဖူးစာမပါခဲ့ပါ။ သူ့ရုပ်လှသည်နှင့်အမျှ အသက်ကလည်း တိုခဲ့ပါသည်။
၁၉၄၅ ခုနှစ်၊ မဟာမိတ်တို့ နောက်ဆုံးအကြိမ် ရန်ကုန်မြို့ကို ဗုံးကြဲသောအခါတွင် ….
အေးဥသြဆွဲသည်နှင့်တစ်ပြိုင်နက် ကြည့်မြင်တိုင်ဘက် အလှတို့နေသော အကွက်ဟု ကြားသည်နှင့် ကျွန်တော်သည် ကိုသောင်းကိုခေါ်ကာ မြင်းလှည်းမောင်း၍ ထွက်ခဲ့သည်။
အလှတို့အကွက် မဟုတ်ပါစေနှင့်၊ ဟုတ်သည့်တိုင်အောင် အလှတော့ လွတ်ကင်းပါစေ။
သို့သော် ကျွန်တော့်ဆုတောင်း တစ်ခုမျှမပြည့်ခဲ့ပါ။ မီးလောင်ဗုံးဖြစ်သည့်အားလျော်စွာ သေလိုက်ကြသည့်လူတွေ အတုံးအရုံး၊ အိမ်တွေရော သစ်ပင်တွေပါ ငုတ်တိုတွေဖြစ်နေကြသည်။ ဘယ်သူ့အလောင်း ဘယ်မှမဆိုထားနှင့်၊ ဘယ်သူ့အိမ်ဟာ ဘယ်မှာဆိုတာကိုပင် မခန့်မှန်းနိုင်၊ ညှော်နံ့ကလည်း ပြင်းထန်လှပါဘိတောင်း။
မီးသတ်ကားများနှင့်၊ အလောင်းတင်ရအောင်လာသော ဆေးရုံကားများနှင့်၊ ငိုယိုနေကြသော ဆွေမျိုးသားချင်းများနှင့် ယောက်ယက်ခတ်နေကြသည့်အကြား ကျွန်တော်ဆင်းသွားတော့ အလှ၏အမေက ….။
“ အောင်မယ်လေး မောင်ကြင်ဆွေရဲ့ ….၊ ဟောဒီမှာ …. မင်းအလှအလောင်းကွဲ့ ”
အလိုလေး ကြည့်ရက်စရာ မရှိပါလားဗျာ။ ဗုံးဆန်လည်းမှန်ထားတယ်။ မီးလည်းလောင်ထားတယ်။ ညိုမဲတွန့်ခွေလို့ ပါးတစ်ခြမ်းကလည်း ပဲ့နေလေတော့ ….
“ ကျွန်တော့်ရည်းစား ပျောက်လို့ရှာ၊ တွေ့ရင်ပြောကြပါ။ မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်းသွားနဲ့ပါ…. ”
“ မောင်ကြင်ဆွေရဲ့ သူက တနင်္ဂနွေနေ့မို့ အိမ်မှာနေတယ်၊ အမေကတော့ ဈေးသွားနေလို့၊ အောင်မယ်လေး ငါ့သမီးနဲ့အတူ လိုက်မသွားရဘူးကွဲ့… မောင်ကြင်ဆွေရဲ့၊ မင်းကို သူသိပ်ချစ်တယ်ကွဲ့။ မင်းပေးတဲ့ကြောင်လေးကို ဘယ်လိုခေါ်တယ်မှတ်လဲ။ ‘ ကိုဆွေ ’ တဲ့၊ မင်းပါးစပ်က သွေးစသုတ်ပေးရတဲ့ လက်ကိုင်ပဝါလေးလည်း သူ တရိုတသေ သိမ်းထားရှာတယ်။ အို… မင်းကို သူ သိပ်ချစ်ရှာတယ်ကွယ်၊ ကိုကြင်ဆွေက အလှကိုဘယ်နေ့ လက်ထပ်ဖို့ပြောမလဲ မသိဘူး၊ တစ်နေ့တော့ ပြောမှာပဲ … ပြောမှာပဲနဲ့၊ အခုတော့ မင်းမပြောတော့ဘူးမဟုတ်လား…. ”
အမေကြီးသည် ကျွန်တော့်အား ဖက်၍ငိုပါတော့သည်။ ကျွန်တော့်မှာ မျက်ရည်တွေတွေ ကျရပါသည်။ ကျွန်တော်နှင့် အဖာ်လိုက်ခဲ့သော ကိုသောင်းလည်း မျက်ရည်စို့ရပါသည်။
ကိုသောင်းသည် ၁၉၄၉ ခုနှစ်၌ အဆုတ်အအေးမိသောရောဂါနှင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ပါသည်။ အလှအမေကြီးကား သူ့သမီးဆုံးပြီး သိပ်မကြာခဲ့ချေ။ လှလှကြည်ဟု နာမည်ပေးထားသော ကျွန်တော့်မြင်းမလည်း ထိုနှစ်မှာပင် ဂျပန်တွေမြင်းသိမ်းမည်ဆို၍ မှော်ဘီလှပဒါးရွာသို့ပြေးရင်း ဟိုရောက်တော့ အမောလွန်ပြီး သေရှာပါသည်။ ဟိုကြောင် မောင်ကြင်ဆွေမှာမူ အလှနှင့်အတူပဲ ဗုံးချရာမှာ မီးသွေးတုံးဖြစ်သွားပါသည်။
သြော် …. သတ္တဝါမှန်သမျှ သင်္ခါရချည်း။ ကျွန်တော်လည်း တစ်နေ့ သူတို့နောက် လိုက်ရချေတော့မည်။
မလိုက်မီ ယခု ဤစာရေးနေချိန်ဝယ် လွန်ခဲ့သော ၂၄ နှစ်ကျော်က အလှ၏ မသေမီ ချောမောသော ရူပါဣဋ္ဌာရုံကိုလည်းကောင်း၊ မီးလောင်ဗုံးထိသေပြီးသော အလောင်းကောင်၏ အနိဋ္ဌာရုံကိုလည်းကောင်း မျက်စိတွင်ထင်မြင်၍ ဆင်ခြင်မိတော့ အလှကို လွမ်းဆွတ် တသသော စိတ်နှင့် ကျွန်တော် အလှကို ရှာဖွေတွေ့မိလေ၏။
သြော် … အလှသည် အရေပြားပေါ်တွင်သာ ရှိ၏ တကား။ အရေပြားအောက်၌မူ အဆီ၊ အသွေး၊ အကြော၊ အရိုး၊ အရိ၊ အရွဲ စသည့် ၃၂ ကောဋ္ဌာသ သာတကား။

သော်တာဆွေ
စန္ဒာမဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၆၉

ေယာကၡမမို႔ ေၾကာက္ရမွာလားရွင္

Zawgyi Version

ေယာကၡမမို႔ ေၾကာက္ရမွာလားရွင္ (ေဒၚရီႀကိန္)
-----------------------------------------------
ကၽြန္ေတာ္ေတာ့ အိမ္ေထာင္ျပဳမိတာ မွားၿပီ။ လူပ်ိဳဘဝေလာက္ စိတ္ခ်မ္းသာ၊ လြတ္လပ္ ေပ်ာ္ရႊင္ရတာမ်ိဳး မရွိဘူး။ ခုလို ေနာင္တ ရေနေပမယ့္ ျပင္လို႔ မရေတာ့တဲ့ အခ်ိန္ပါ ခင္ဗ်ာ။ ထိုးကြင္းမင္ေၾကာင္ ထိုးၿပီးမွ ဖ်က္လို႔ စင္ပါေတာ့မလား။ အိမ္ေထာင္က်စက အထက္က ေျပာခဲ့သလို ကၽြန္ေတာ္ အျမဲ စိတ္ပ်က္ စိတ္ဓာတ္ က်ခဲ့ရပါတယ္။
ကၽြန္ေတာ့္ အမ်ိဳးသမီးႏွင့္ ကၽြန္ေတာ္ဟာ ဌာန တခုတည္းမွာ အတူတူ အလုပ္ လုပ္ခဲ့သူပါ။ သူက ကၽြန္ေတာ့္ထက္ အသက္ (၇) ႏွစ္ေတာင္ ငယ္တယ္။ ဉာဏ္ပညာ ထက္ျမက္တယ္။ သြက္လက္ခ်က္ခ်ာသူ ျဖစ္ပါတယ္။ ႐ုပ္ကလည္း ေခ်ာေတာ့ ကၽြန္ေတာ့္အဖို႔ ကိုယ့္ဇနီးကို ျမတ္ႏုိးလို႔ မဆုံး၊ ယုယလို႔ မဝ ဆိုတဲ့ အတိုင္းပါပဲ။ သို႔ေသာ္ တကယ္ အိမ္ေထာင္ ျပဳလိုက္ၾကေတာ့ ျပႆနာ တက္လာေတာ့တာပဲ။ ကၽြန္ေတာ္က တဦးတည္းေသာသား ဆိုေတာ့ သူ႔ခမ်ာ အေမႏွင့္ လိုက္ေနရရွာတာေပါ့။ မိခင္ႀကီးကလည္း မုဆိုး မဆိုေတာ့ သားကလြဲၿပီး ခ်စ္စရာ၊ ျမတ္ႏုိးစရာ၊ ျပဳစုစရာ၊ မွီခိုစရာ မရွိ။ သူ႔တဘဝလုံးမွာ သားကေလးသာ တန္ဖိုးအႀကီးမားဆုံး ျဖစ္ေနရွာေတာ့တာေပါ့။
ကၽြန္ေတာ္ လူပ်ိဳဘဝတုန္းကလည္း အေမဟာ ကၽြန္ေတာ့္ကို ကေလးငယ္ တေယာက္လို ျပဳစုယင္းႏွင့္ အခ်ိန္ကုန္ခဲ့တာပဲေလ။ ကၽြန္ေတာ္စားဖို႔ ခ်က္ျပဳတ္၊ ကၽြန္ေတာ့္ အဝတ္ကို ဖြပ္ေလွ်ာ္၊ မီးပူတိုက္၊ စုတ္ျပဲေနျပန္လည္း ေန႔ခင္း ေန႔လယ္မွာ ခ်ဳပ္ဖာထားရွာတယ္။ ကၽြန္ေတာ့္အဖို႔ မွာေတာ့ အလုပ္လုပ္ၿပီး လခထုတ္ယင္ အေမ့လက္ အားလုံး အပ္လိုက္တာပါပဲ။ ၿပီးမွ အေမ့ထံက ခရီးစရိတ္၊ မုန႔္ဖိုး ေန႔စဥ္ ျပန္ယူသုံးပါတယ္။ အေမဟာ သူ႔ကိုယ္ေရးကိုယ္တာကို လုံးဝ ဦးစားမေပးပဲ ကၽြန္ေတာ့္အတြက္ အသက္ရွင္ေနသူ တဦးလို႔ ဆိုလည္း မမွားပါဘူး။ “အေမ့အတြက္ေတာ့ ဘုရားရွိခိုး၊ ပုတီးစိပ္၊ ငါးပါးသီလ လုံေအာင္ ထိန္းတယ္၊ ပိုလွ်ံသမွ်ေလး လွဴဒါန္းတယ္ကြယ္ ေတာ္ေရာေပါ့” လို႔ ေျပာတတ္ပါတယ္။
အေမဟာ အားလုံး ေကာင္းပါတယ္လို႔ ဆိုႏုိင္ေလာက္ပါတယ္။ ဒါေပမယ့္ အေမ့ကို ေရွးေဟာင္း အယူအဆ၊ အစဥ္အလာေတြက တုပ္ေႏွာင္ ခံေနရတယ္လို႔ ကၽြန္ေတာ္ ယူဆမိပါတယ္။ ေကာင္းေတာ့ ေကာင္းပါရဲ႕။ သာမန္ မိသားစုက ေပါက္ပြားလာသူ ဆိုယင္ လိုက္နာႏုိင္ဖို႔ မလြယ္ပါဘူး ခင္ဗ်ာ။ ကၽြန္ေတာ္ မနက္ အလုပ္ သြားခါနီးတိုင္း အေမ့ကို ကန္ေတာ့ရသလို ညဉ့္ အိပ္ရာဝင္တိုင္းလည္း ကန္ေတာ့ရပါတယ္။ အေမက ဘာေျပာေျပာ ခြန္းႀကီး ခြန္းငယ္ ျပန္မေျပာရ ပါဘူး။ စိတ္မေက်နပ္ ေပမယ့္ အသံကို ျမႇင့္မေျပာရပါဘူး။ ေအးေဆးေဆး မေျပာသမွ် သူလက္မခံဘူး ဆိုတာ ကၽြန္ေတာ္ နားလည္ထားရ ပါတယ္။ ညစဥ္ ဘုရား ဝတ္ျပဳရ ပါတယ္။ အိမ္မႈကိစၥ၊ အိမ္သန႔္ရွင္းေရး ကိစၥကိုလည္း ကူညီလုပ္ကိုင္ ရပါတယ္။ တိုတို ေျပာရယင္ေတာ့ ေမေမဟာ ကၽြန္ေတာ့္ကို မဂၤလာ တရားေတာ္ႏွင့္အညီ ေနထိုင္တတ္တဲ့ သားေကာင္းတေယာက္ အျဖစ္ ပုံသြင္းထားရွာတာပဲ။
မိမိ ပတ္ဝန္းက်င္ႏွင့္ ျခားနားတဲ့ ပတ္ဝန္းက်င္က သူစိမ္း အမ်ိဳးသမီး တဦး အိမ္သို႔ ေရာက္လာခဲ့ ပါၿပီ။ ကၽြန္ေတာ္တို႔ သမီးရည္းစား ဘဝက မိခင္ႀကီးႏွင့္ ကၽြန္ေတာ္တို႔ ဆက္ဆံေရးကို တစြန္းတစ ခ်စ္သူကို ေျပာျပဖူးေပမယ့္ ကၽြန္ေတာ့္ခ်စ္သူက ဒါေတြကို သိပ္အေလးအနက္ ထားပုံ မရပါဘူး။ ခ်စ္တာ ပဓာနေပါ့ ခင္ဗ်ာ။ အကယ္၍ ကၽြန္ေတာ့္ အမ်ိဳးသမီးက လိမၼာပါးနပ္တယ္ ဆိုယင္ ကၽြန္ေတာ္ အေမ ကန္ေတာ့ေနခ်ိန္ သူပါ ဝင္ကန္ေတာ့ ပါလား။ ေမေမလည္း စိတ္ခ်မ္းသာ ကၽြန္ေတာ္လည္း စိတ္ခ်မ္းသာမယ့္ ကိစၥပါ။ သူက အေၾကာင္းရွာၿပီး ခပ္ေရွာင္ေရွာင္ ေနခဲ့ပါတယ္။ ကၽြန္ေတာ္လည္း မတိုက္တြန္းပါဘူး။ ေမေမကလည္း ဘယ္လိုမွ ျပစ္တင္ ရွိတ္ခ် မေျပာေတာ့၊ ကၽြန္ေတာ္ စိတ္သက္သာရာ ရပါတယ္။ ဒါေပမယ့္ ရက္ကေန လ ေျပာင္းလာေတာ့ အေမက “သား အမ်ိဳးသမီးက ေနပဲ ေနႏုိင္လြန္းတယ္ကြယ္။ အလုပ္သြားၾကေတာ့မယ္ ဆိုယင္ ‘ေမေမ, ကၽြန္မတို႔ အလုပ္ သြားေတာ့မယ္’ လို႔လည္း ႏႈတ္ဆက္မသြား။ ျပန္လာေတာ့လည္း‘ေမေမ သမီးတို႔ ျပန္လာၿပီ။ ဘာကူ လုပ္ရမလဲ’ လို႔မွ ေလာကြတ္ စကားေလးေတာင္ မဆိုတတ္ပါ ကလား” ဟူေသာ ေဝဖန္ခ်က္ကို ျပဳပါေတာ့တယ္။ “ဪ ေမေမရယ္ ခုမွ တလေက်ာ္ေက်ာ္ ဆိုေတာ့၊ စိမ္းေနေသးတာေပါ့။ သူ ဝင္လုပ္တာ ေမေမ ႀကိဳက္ပါ့ မလားလို႔လည္း စဥ္းစားမိလို႔ ေနမွာေပါ့” လို႔ ကၽြန္ေတာ္က ေလွ်ာက္လဲေတာ့ ေမေမက ျပံဳးၿပီး “အို ဘာပဲျဖစ္ျဖစ္ သား ေက်နပ္ယင္ ေမေမ ေက်နပ္ရမွာေပါ့”လို႔ ျပန္ေျပာ ပါတယ္။ ဒါေပမယ့္ မေက်နပ္တဲ့ ေဝဖန္ခ်က္ကို ၾကားရၿပီးတဲ့ သားကေတာ့ အေနရ ခက္တာေပါ့ ခင္ဗ်ာ။
ကဲ- အလုပ္ဌာနကို အတူတူ သြားရတဲ့ ဇနီးကလည္း သူ႔ ခံစားခ်က္ႏွင့္ သူေလ။ “အစ္ကို႔္ အေမႀကီးက အ႐ုိအေသ ႀကိဳက္တာ လြန္လြန္းပါတယ္။ မ်က္ႏွာထားကလည္း တင္းထားေတာ့ ခင္ျဖင့္ ဘယ္လို ေနရမွန္းေတာင္ မသိေတာ့ဘူး။ လင္ရယ္ မယားရယ္ ျဖစ္လာၿပီး ဘယ္ေနရာမွ ကိုယ့္သေဘာအတိုင္း လုပ္ခြင့္ မရွိေတာ့ စိတ္မလြတ္လပ္ဘူးေပါ့”
“ေမေမက အ႐ုိအေသ ႀကိဳက္လွတယ္ မဟုတ္ပါဘူး။ အစ္ကိုတို႔ ဘိုးဘြား လက္ထက္က ထားရွိလာတဲ့ လူေနမႈစနစ္ အစဥ္အလာကို မပ်က္ေအာင္ ထိန္းထားတာပါ။ ဒါေတြကို ခင္လိုက္လုပ္ဖို႔လည္း မတိုက္တြန္းပါဘူး။ ၿပီးေတာ့ သူ တသက္လုံး လုပ္လာခဲ့တဲ့ အိမ္မႈကိစၥေတြ အစ္ကို မိန္းမရမွ ဘာတခုမွ မလုပ္ရဘူး ဆိုယင္ သူ ဘယ္လို ခံစားရမလဲ။ တျဖည္းျဖည္းေတာ့ အဆင္ေျပသြားရမွာေပါ့” ကၽြန္ေတာ့္ အေျဖကို ဇနီးက မေက်နပ္ပါ။
“ဪ- အစ္ကိုက အေမ ဘယ္လို ခံစားရမယ္ ဆိုတာသာ ေတြးတာကိုး မယား ဘယ္လို ခံစားရမယ္ ဆိုတာေတာ့ မေတြးေတာ့ဘူးေပါ့” လို႔ ေျဖလိုက္ေတာ့ ကၽြန္ေတာ္ ရင္ေမာရျပန္ ပါတယ္။
အခု ေဖာ္ျပခဲ့တာက နမူနာကေလးပဲ ရွိပါေသးတယ္။ အေမကလည္း မိန္းမ၊ ဇနီးကလည္းမိန္းမ၊ ေခတ္ခ်င္းကလည္း ႏွစ္ေပါင္း ၅၀ ေလာက္ ကြာျခားေနတယ္။ မိန္းမဘက္က မိဘေတြက ထုံးတမ္းစဥ္လာ ယဥ္ေက်းမႈေတြကို ထိန္းသိမ္းဖို႔ ဦးစားေပးခဲ့တာ မဟုတ္ေတာ့ အျပင္ သမီးကေလးကို တဦးတည္းမို႔ အလိုလိုက္ လာခဲ့ၾကေတာ့ ကၽြန္ေတာ့္မွာ ၾကားထဲက အလြန္ စိတ္ညစ္ရပါတယ္။
အိမ္ျပန္ ေရာက္တာႏွင့္ မိခင္ကတမ်ိဳး မယားကတဖုံ ကၽြန္ေတာ့္ကို တိုင္ၾက ေျပာၾက၊ ၾကားက ဖ်န္ေျဖျပန္လဲ အေမက “သားတို႔ဘဝ သားတို႔ ထူေထာင္ႏုိင္ၿပီပဲ။ ေမေမ စိတ္ေအးခ်မ္းသာ ရိပ္သာ တခုခု သြားေနပါမယ္။ သီလရွင္ ဝတ္ရေတာင္ ေမေမ့အတြက္ မခဲယဥ္းပါဘူး” လို႔ဆိုေတာ့ ကၽြန္ေတာ္ မၾကားရက္ႏုိင္ပါ။
ဇနီးကေတာ့ “ေမာင့္အေမႏွင့္ ေမာင္ ဘဝ အဆင္ေျပေနပါလ်က္ ခင့္ကို ဘာေၾကာင့္ လက္ထပ္ယူလဲ။ အခုလဲ အခ်ိန္ မေႏွာင္းေသးပါဘူး စဥ္းစားေပါ။ အေမႏွင့္ပဲ ေနမယ္။ အေမ စိတ္ဆင္းရဲတာ မခံႏုိင္ဘူး ဆိုယင္ ခင္ကပဲ ဒီအိမ္ေပၚက ဆင္းေပးပါမယ္” တဲ့။ ကဲ ေကာင္းၾကေသးရဲ႕လား ခင္ဗ်ာ။ တခါတခါ စိတ္ရွိပ္လို႔ အလုပ္ဆင္းယင္ အိမ္ေတာက္ေလွ်ာက္ မျပန္ပဲ ေဘာလုံးပြဲ ၾကည့္ေနလိုက္ လက္ဖက္ရည္ဆိုင္ ခပ္ၾကာၾကာ ထိုင္ေနလိုက္နဲ႔ အခ်ိန္ ျဖဳန္းၿပီးေတာင္ ေနမိပါတယ္။
တေန႔ ကၽြန္ေတာ့္ထက္ အသက္ႀကီးၿပီး ကၽြန္ေတာ္တို႔ အခက္အခဲ ရွိတိုင္း ကူညီတတ္တဲ့ ကၽြန္ေတာ္တို႔ အလုပ္ဌာနက ပုဂၢိဳလ္တဦးဆီ သြားယင္း ကၽြန္ေတာ့္ အိမ္တြင္းေရး ျပႆနာကို တင္ျပမိပါတယ္။ ဘယ္လို ေျဖရွင္းရမယ္ ဆိုတာလဲ အၾကံဉာဏ္ ေတာင္းမိပါတယ္။ ဒီေတာ့ ကၽြန္ေတာ့္ အစ္ကိုႀကီး ဆိုပါေတာ့ဗ်ာ။ သူက “အမွန္ေတာ့ကြာ အိမ္ေထာင္ ျပဳၿပီးယင္ ကိုယ့္အိုးကိုယ့္အိမ္ႏွင့္ ေနတာ အေကာင္းဆုံးေပါ့။ မင္းတို႔ ကိစၥကေတာ့ ခြဲေနဖို႔ အေျခအေန မေပးေတာ့ ႏွစ္ဦးႏွစ္ဘက္ နည္းနည္းစီ ေလွ်ာ့လိုက္ၾကယင္ ေျပလည္ ႏုိင္ပါတယ္ကြယ္။ မင္းက အေမႀကီးကို အျမဲ အိမ္ထဲမွာပဲ မေနေစႏွင့္ကြာ။ မင္းတို႔ စေန၊ တနဂၤေႏြ လူငယ္ေတြ ရွိတဲ့ အိမ္ေတြကို ေခၚသြား။ မိဘေတြႏွင့္ မိတ္ဆက္ေပး။ အဲဒီ အခါမွ ေျပာင္းလဲေနတဲ့ လူမႈေရးစနစ္ေတြ သူ သတိထား ေလ့လာမိလိမ့္မယ္။ ေနာက္တခ်က္က ေခတ္ေဟာင္းက အဘြားႀကီး ျဖစ္ေနပါေစ၊ ေခတ္အေၾကာင္း နားလည္ရေအာင္ ခုေခတ္ စာေရးဆရာေတြရဲ႕ ဝတၳဳတို ေပါင္းခ်ဳပ္ေတြ ဖတ္ခိုင္းကြာ။ ဥပမာ ၾကဴၾကဴသင္း၊ မိုးမိုး (အင္းလ်ား)၊ မစႏၵာတို႔ဆို အိမ္တြင္းေရး၊ လူမႈေရး ဝတၳဳကေလးေတြ ေခတ္ႏွင့္ ထင္ဟပ္ ေရးသားထားတာ ဖတ္သင့္ပါတယ္။ ေအး တခုေတာ့ ရွိတယ္။ ေဆးေကၽြးသလို သြားမေကၽြးနဲ႔။ မင္းက အလ်င္ဖတ္ၿပီးေတာ့ ေမေမ ဒါေလး တိုတိုေလး အားတဲ့အခါ ဖတ္ၾကည့္စမ္းပါ။ ေကာင္းလြန္းလို႔ စသည္တိုက္တြန္းေပါ့ကြာ။ ေနာက္ ဖတ္ယင္း သူ႔ဘာသာ အကင္းပါးၿပီး သေဘာထား မွန္လာမွာေပါ့။
“ဒါျဖင့္ မိန္းမကိုေရာ ဘာတရား ေဟာရမလဲ ဆိုပါဦး” ကၽြန္ေတာ္က ၾကားဝင္ ေမးလိုက္သည့္အခါ-
“မင္းမိန္းမကိုေတာ့ ျမတ္မဂၤလာ၊ ရတနာမြန္ ဆိုတဲ့ စာေစာင္ကေလးေတြ ဝယ္ဖတ္ခိုင္းကြာ။ ဝယ္လို႔လဲ လြယ္ပါတယ္။ ဖတ္လို႔လဲ ေကာင္းတယ္။ နားလည္လြယ္တယ္။ ဗုဒၶဘာသာရဲ႕ အေျခခံ ယဥ္ေက်းမႈကို သြန္သင္ ေပးတာပဲကြ။ တခ်ိဳ႕ မိဘ ေမာင္ဖြားေတြဟာ သားေတြ သမီးေတြကို ဘယ္လို လမ္းျပရမယ္။ ဘာစာ ေရြးဖတ္ရမယ္ ဆိုတာ မသြန္သင္ပဲ ထားေတာ့ ကိုယ့္လူမ်ိဳး ဘာသာဓေလ့ထုံးစံ အစဥ္အလာ ယဥ္ေက်းမႈ ေပ်ာက္ကုန္တာေပါ့ကြာ။ တို႔လင္မယားေတာ့ကြာ တနဂၤေႏြ ဆိုယင္ အဘိဓမၼာသင္တန္း တက္တယ္ကြာ။ အဘိဓမၼာ ဆိုေတာ့ စာလုံး ခပ္ႀကီးႀကီး။ ဒါေပမယ့္ အေျခခံ စိတ္ ေစတသိက္ေတြက စသင္ေတာ့ ကုသိုလ္ အကုသိုလ္ေတြ နားလည္ၿပီး ေဒါသ ေမာဟ ေလာဘေတြ ပါးလ်ား ကုန္တာေပါ့ကြ။ ရန္သိပ္ မျဖစ္ေတာ့ဘူးေလ။
တခု ရွိေသးတယ္။ မင္း အမ်ိဳးသမီးက ေယာကၡမကို အေမလို႔ ေခၚစမ္းပါေစကြာ ။ မင္းမိခင္မွာ သမီး မရွိေတာ့ သူက အေမ သမီး ဘာကူ ေပးရမလဲ ဆိုတဲ့ ေမးခြန္းဟာ သီတာေရစင္ပဲကြယ့္။ ဒါလည္း မင္း ၾကားက ေအာင္သြယ္ ရမွာေပါ့။ မိန္းမကို ေဖ်ာင္းဖ်။ အေမ့ေရွ႕မွာ မိန္းမေရ အေမ့ ကူရေအာင္ လာ။ အေမသားႏွင့္သမီး ဘာလုပ္ရမလဲ ခိုင္းစမ္းပါ။ ကူစမ္းပါရေစ စသည္ ေျပာေပးေပါ့ကြာ။ မင္း ညံ့တာလဲ ပါမွာပဲ။
မင္းတို႔ ျပႆနာက ဘာမွ မဟုတ္ဘူး။ ေခၽြးမကလဲ မာနႏွင့္ လင္ဂုဏ္တက္။ မိခင္ကလည္း သားကို သူသာပိုင္တယ္ ဆိုတဲ့ အစြဲမခၽြတ္၊ သားကလည္း လူႏုံလူအမို႔ ျဖစ္ရတာပါ”
အထက္ပါ စကား နားေထာင္ယင္း ကၽြန္ေတာ္က စရယ္ပါသည္။ သူလည္း လိုက္ရယ္ပါသည္။ ကၽြန္ေတာ္က သူ႔ သုံးသပ္ခ်က္ မွန္၍ ရယ္ျခင္းပါ။ သူက ကၽြန္ေတာ္ သူ႔ စကား လက္ခံသည္ကို ႏွစ္ၿခိဳက္၍ ရယ္သည္။ ကၽြန္ေတာ္က ဟုတ္တယ္ အစ္ကိုရယ္၊ ကၽြန္ေတာ္တို႔ သုံးဦး သုံးဖလွယ္လုံး ဆက္ဆံေရးမွာ ညံ့ေနၾကတာပဲ။ ကိုယ့္ အသိုက္အျမဳံကေလးႏွင့္ ကိုယ္ သာယာၿပီး ပတ္ဝန္းက်င္ကို ေမ့ေနၾကရာက အျပင္က မူမတူတဲ့ သူစိမ္း ဝင္လာလို႔ ျပႆနာ တက္လာ ရတာေပါ့။ အစ္ကို အၾကံေပးတဲ့ အတိုင္း ကၽြန္ေတာ္ ႀကိဳးစားမယ္။
“ဝမ္းသာပါတယ္ကြာ။ အစ္ကိုက ေဟာဒီ ျမတ္မဂၤလာ၊ ရတနာမြန္ စာေစာင္ ၂ ေစာင္စီႏွင့္ ေငြတာရီ ဝတၳဳေပါင္းခ်ဳပ္ လက္ေဆာင္ ေပးလိုက္မယ္ကြာ။ မင္း ျပႆနာကို ကၽြမ္းကၽြမ္းက်င္က်င္ ကိုင္တြယ္လိုက္ယင္ အဆင္ေျပမွာပါ” အစ္ကို႔စကား နားေထာင္ၿပီး ကၽြန္ေတာ္ စည္း႐ုံးေရး စပါေတာ့တယ္။ အစ္ကိုေပးေသာ စာအုပ္မ်ား ယူလာၿပီး ကၽြန္ေတာ္တို႔ အိပ္ခန္း စားပြဲေပၚ တင္ထားသည္။ ကၽြန္ေတာ္ဖတ္ၿပီး ဇနီးကို ဖတ္ပါဟု မတိုက္တြန္းပါ။ သူလဲ စာတတ္ေပတတ္ပဲ။ အေမႏွင့္ ဆက္ဆံေရး မတင္းမာရန္သာ စည္း႐ုံးထား ပါသည္။ တေန႔ အလုပ္က အျပန္ ေမေမ မီးပူတိုက္ ေနသည္ကို ေတြ႕၍ ကၽြန္ေတာ္က မိန္းမေရ အဝတ္ လဲၿပီးယင္ ေမေမ့ မီးပူတိုက္တာ ကူပါလားကြာ” ဟု ဖိတ္ေခၚရာ စိတ္ေကာင္း ဝင္ေနေသာ မိန္းမက “ရပါတယ္ အစ္ကို ခဏကေလး၊ လာမယ္” ဟု ျပန္ထူးေဖာ္ ရရွာသည္။ ေမေမက“အေမ လက္ဖက္ရည္ ေဖ်ာ္ထားတယ္ေလ၊ အေမာေၿပ ေသာက္ၾကဦး”ဟု တုံ႔ျပန္ပါတယ္။
မိန္းမက မရဲတရဲ မီးဖိုေခ်ာင္ထဲ ဝင္ၿပီး ထမင္းစားပြဲေပၚ ပန္းကန္ခ်သံ ျပင္ဆင္သံ ၾကားၿပီး “အစ္ကိုေရ အေမ့ပါ ေခၚခဲ့ပါ။ လက္ဖက္ရည္ ျပင္ၿပီးၿပီ” ဟု အေၾကာင္းၾကား လိုက္ရာ ကၽြန္ေတာ္တို႔ သားအမိ ဝင္သြား ၾကပါသည္။ ကၽြန္ေတာ့္ အေမက အသက္ ၆၀ ဆိုေသာ္လည္း ဖ်တ္ဖ်တ္လတ္လတ္ပါ၊ ေမေမ မုန႔္စိမ္းေပါင္းေလး ဝယ္ထားတယ္။ ေၾကာင္အိမ္ထဲမွာဟု ေျပာ​ေျပာဆိုဆို မုန႔္ပန္းကန္ ခ်ေပးပါသည္။
ေခၽြးမက မိခင္ဘက္ကို လက္ဖက္ရည္ ပန္းကန္ တ႐ုိတေသ ခ်ေပးၿပီး မုန႔္ကို ေမေမ စားပါဟု ပန္းကန္ပါ ေရႊ႕ေပးရာ အေမက တဖဲ့စားၿပီး “သားႏွင့္သမီး စားၾကပါ” ဟု ျပန္တြန္း ေပးပါသည္။ အတိုင္အေဖာက္ ညီ၍ ကၽြန္ေတာ္ စိတ္ခ်မ္းသာရသည္။ ေနာက္မၾကာမီ မိန္းမက “ေမေမ့ လက္ဖက္ေျခာက္ ဘယ္က ဝယ္လဲ။ ေမေမေဖ်ာ္တဲ့ လက္ဖက္ရည္က သိပ္ေကာင္းတာပဲ။ တျခားမွာ ဒီလို ေကာင္းေကာင္းကို မေသာက္ရဘူး” ဟု ခ်ီးက်ဴးစကား ဆိုပါသည္။
ကၽြန္ေတာ့္ အိမ္ေထာင္သက္ (၆) လအတြင္း ယခုတႀကိမ္ ေမေမ့ အျပံဳးမွာ ခ်စ္စရာ အေကာင္းဆုံးဟု ဆိုခ်င္ပါသည္။ ေမေမက “လက္ဖက္ေျခာက္က ေမေမ ေသာက္ေနက် ျမင္းပ်ံပါပဲ။ ဒါေပမယ့္ လက္ဖက္ရည္ ေဖ်ာ္တာမွာ ေရေႏြး အတိုင္းအဆ လက္ဖက္ေျခာက္ အတိုင္းအဆ ႀကိဳတဲ့အခ်ိန္ အတိုင္းအဆ မွန္ယင္ ေကာင္းတာပါပဲ။ သၾကားတို႔ ႏုိ႔တို႔ကေတာ့ ႀကိဳက္သေလာက္ေပါ့။ လက္ဖက္ေျခာက္ မေကာင္းယင္ေတာ့လဲ မေကာင္းႏုိင္ဘူးေပါ့” စိတ္ရွည္ရွည္ ရွင္းျပေနပါသည္။
ေမေမ့ကို ကူညီရသည္ ဆိုေသာ္လည္း တေန႔ခင္းလုံး ေမေမ လုပ္ထားၿပီး ျဖစ္၍ ကၽြန္ေတာ္တို႔ ကူညီမႈက သူ႔အလုပ္ရဲ႕ (၁၀) ရာခိုင္ႏႈန္းေလာက္ပါ။
ကၽြန္ေတာ္က ဇနီးသည္ ေရွ႕တြင္ပင္ “ခုေခတ္က ကုန္ေဈးႏႈန္းေတြ ႀကီးမား၊ အိမ္ခန္းရဖို႔က မလြယ္၊ လင္မယား ႏွစ္ေယာက္စလုံး အလုပ္ လုပ္ေနရေတာ့ ေမေမလို မိခင္ေကာင္း တေယာက္သာ မရွိယင္ ကၽြန္ေတာ္တို႔ဘဝ ဘယ္ေလာက္ ကသီလင္တ ျဖစ္မလဲ။ ဒါေၾကာင့္ ေမေမ့ကို က်န္းမာ ေစခ်င္တယ္။ အိမ္မွာ ေမေမ မရွိတာ တအားပါ။ သိပ္ အပင္ပန္း မခံပါႏွင့္။ သားတို႔ တာဝန္ ေပးသင့္သေလာက္ ေပးပါ။ ေမေမ က်န္းမာေအာင္ ေနပါ။ ေတာ္ေတာ္ၾကာ ေျမးရယင္ ခုထက္ အလုပ္ ပိုဦးမွာ” ဟု ေျပာလိုက္ရာ ေမေမမွာ အျပံဳးပန္းေတြ ေဝၿပီး “အေမ က်န္းမာပါေသးတယ္ေတာ္။ ျမန္ျမန္ ေမြးၾကစမ္းပါ” ဟု ေျမးကို ႀကိဳဆိုပါသည္။ ကၽြန္ေတာ့္ ခ်စ္ဇနီးက ကၽြန္ေတာ့္ကို တိတ္တိတ္ ဆိတ္ဆြဲ ေနပါသည္။
ဆရာသမားမ်ား သင္ၾကား လမ္းျပမႈေၾကာင့္ ကၽြန္ေတာ့္ စည္း႐ုံးေရး ေအာင္ျမင္ လာပါသည္။ ေမေမကလည္း ကၽြန္ေတာ္ ငွားငွားေပးေသာ ဝတၳဳမ်ား ဖတ္ျဖစ္လာသလို၊ ဇနီးကလည္း ဝတၳဳမ်ားအျပင္ ေလာကီ ေလာကုတၱရာ စြယ္စုံပညာ ေပးသည့္ ျမတ္မဂၤလာ၊ ရတနာမြန္ စာအုပ္မ်ား သူကိုယ္တိုင္ ရွာေဖြဝယ္လာ တတ္ပါသည္။ ေမေမလည္း ယူဖတ္၊ သူလည္းဖတ္ “ဒီစာေစာင္ ကေလးေတြက အေတာ္ ေကာင္းတာပဲ” ဟု ေမေမ သုံးသပ္သည္။
ကၽြန္ေတာ္ စိတ္ခ်မ္းေျမ့ရသည့္ တေန႔။ ကၽြန္ေတာ့္ အမ်ိဳးသမီးက သူ႔ အေပါင္းအသင္းမ်ားႏွင့္ ထမင္းစားခ်ိန္တြင္ စကားေျပာေနသည္။ ကၽြန္ေတာ္က အမွတ္တမဲ့ နားစြင့္ေနသည္။ တေယာက္က ေမးသည္။
“ဘယ္လိုလဲ ေယာကၡမႀကီးႏွင့္ ၾကည္ျဖဴေနၾကၿပီလား”
“ကိုယ္က အစက ေယာကၡမႏွင့္ ေနရတာေလ စိတ္က်ဥ္းက်ပ္ ေနတာပဲ။ ခုမွ အျမင္မွန္ရတယ္။ သူရွိေပလို႔ေလ။ တို႔ခ်ည္းဆိုယင္ ႐ုံးအခ်ိန္မွန္ ေရာက္ဖို႔၊ ထမင္းမွန္မွန္ ခ်က္ႏုိင္ဖို႔ေတာင္ မလြယ္ဘူးကြ။ အဘြားႀကီးက ရင္းရင္းႏွီးႏွီး ေပါင္းမွ သိပ္ခ်စ္စရာ ေကာင္းတာ။ သိပ္ အားကိုးရတာ။ ကိုယ္တို႔ႏွစ္ေယာက္ လခထဲက သူ႔ကို ငါးရာ အပ္လိုက္တယ္။ အားလုံး ဖူလုံေနတာ ဘာမွ မပူရဘူး။ တို႔ႏွစ္ေယာက္ေပါင္း လခထဲက ေငြေလးရာ က်န္ေသးတယ္ကြယ္။ သီတင္းကၽြတ္က ေမေမ့ဖို႔ လုံခ်ည္တထည္ႏွင့္ ဖိနပ္တရန္ ကန္ေတာ့လိုက္တာ ဆုေပးလို႔ မဆုံးေတာ့ဘူး။ ကိုယ္က အစတုန္းက ေယာကၡမကို ေယာကၡမလို႔ပဲ ျမင္ေနတာ။ ခု ကိုယ့္ခ်စ္သူကို ကိုယ့္အတြက္ ေမြးေပးတဲ့ အေမ။ ကိုယ့္မိခင္ေပပဲလို႔ ျမင္လာတယ္။ မွန္ၾကည့္သလိုေပါ့ကြယ္။ ကိုယ္က ျပံဳးၾကည့္ေတာ့ ျပံဳးျပံဳးေလး ျမင္ရတာေပါ့။
အမွန္ေတာ့ကြယ္။ ေယာကၡမဟာ ေၾကာက္စရာ မဟုတ္ပါဘူး။ ကိုယ္က မိဘအရာထား ႐ုိေသၿပီး ေလးစားတဲ့အခါ သူကလဲ သမီးေလးလို ေမတၱာတုံ႔ျပန္ လာတာပါပဲ” တဲ့။ ဘယ္ေလာက္ ဝမ္းသာဖို႔ ေကာင္းလဲ ခင္ဗ်။ ဒါပါပဲ ႀကီးႀကီးေရ။ ကၽြန္ေတာ့္ စည္း႐ုံးေရး ေအာင္ျမင္သြားေတာ့ ခု ကၽြန္ေတာ္ဟာ အေပ်ာ္ဆုံး ဖခင္တဦးပါ။ ေမေမက ေျမးကေလး ၾကည့္ယင္း ေရွးကထက္ ပီတိ ျဖစ္ေနေလရဲ႕။
အားလုံးေသာ တူ တူမမ်ား အိမ္ေထာင္ေရး သာယာၾကပါေစ။
------------
ေဒၚရီႀကိန္
သိပၸံ မဂၢဇင္း၊ ေအာက္တိုဘာ၊ ၁၉၈၆။

Unicode Version

ယောက္ခမမို့ ကြောက်ရမှာလားရှင် (ဒေါ်ရီကြိန်)
-----------------------------------------------

ကျွန်တော်တော့ အိမ်ထောင်ပြုမိတာ မှားပြီ။ လူပျိုဘဝလောက် စိတ်ချမ်းသာ၊ လွတ်လပ် ပျော်ရွှင်ရတာမျိုး မရှိဘူး။ ခုလို နောင်တ ရနေပေမယ့် ပြင်လို့ မရတော့တဲ့ အချိန်ပါ ခင်ဗျာ။ ထိုးကွင်းမင်ကြောင် ထိုးပြီးမှ ဖျက်လို့ စင်ပါတော့မလား။ အိမ်ထောင်ကျစက အထက်က ပြောခဲ့သလို ကျွန်တော် အမြဲ စိတ်ပျက် စိတ်ဓာတ် ကျခဲ့ရပါတယ်။

ကျွန်တော့် အမျိုးသမီးနှင့် ကျွန်တော်ဟာ ဌာန တခုတည်းမှာ အတူတူ အလုပ် လုပ်ခဲ့သူပါ။ သူက ကျွန်တော့်ထက် အသက် (၇) နှစ်တောင် ငယ်တယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ သွက်လက်ချက်ချာသူ ဖြစ်ပါတယ်။ ရုပ်ကလည်း ချောတော့ ကျွန်တော့်အဖို့ ကိုယ့်ဇနီးကို မြတ်နိုးလို့ မဆုံး၊ ယုယလို့ မဝ ဆိုတဲ့ အတိုင်းပါပဲ။ သို့သော် တကယ် အိမ်ထောင် ပြုလိုက်ကြတော့ ပြဿနာ တက်လာတော့တာပဲ။ ကျွန်တော်က တဦးတည်းသောသား ဆိုတော့ သူ့ခမျာ အမေနှင့် လိုက်နေရရှာတာပေါ့။ မိခင်ကြီးကလည်း မုဆိုး မဆိုတော့ သားကလွဲပြီး ချစ်စရာ၊ မြတ်နိုးစရာ၊ ပြုစုစရာ၊ မှီခိုစရာ မရှိ။ သူ့တဘဝလုံးမှာ သားကလေးသာ တန်ဖိုးအကြီးမားဆုံး ဖြစ်နေရှာတော့တာပေါ့။

ကျွန်တော် လူပျိုဘဝတုန်းကလည်း အမေဟာ ကျွန်တော့်ကို ကလေးငယ် တယောက်လို ပြုစုယင်းနှင့် အချိန်ကုန်ခဲ့တာပဲလေ။ ကျွန်တော်စားဖို့ ချက်ပြုတ်၊ ကျွန်တော့် အဝတ်ကို ဖွပ်လျှော်၊ မီးပူတိုက်၊ စုတ်ပြဲနေပြန်လည်း နေ့ခင်း နေ့လယ်မှာ ချုပ်ဖာထားရှာတယ်။ ကျွန်တော့်အဖို့ မှာတော့ အလုပ်လုပ်ပြီး လခထုတ်ယင် အမေ့လက် အားလုံး အပ်လိုက်တာပါပဲ။ ပြီးမှ အမေ့ထံက ခရီးစရိတ်၊ မုန့်ဖိုး နေ့စဉ် ပြန်ယူသုံးပါတယ်။ အမေဟာ သူ့ကိုယ်ရေးကိုယ်တာကို လုံးဝ ဦးစားမပေးပဲ ကျွန်တော့်အတွက် အသက်ရှင်နေသူ တဦးလို့ ဆိုလည်း မမှားပါဘူး။ “အမေ့အတွက်တော့ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ငါးပါးသီလ လုံအောင် ထိန်းတယ်၊ ပိုလျှံသမျှလေး လှူဒါန်းတယ်ကွယ် တော်ရောပေါ့” လို့ ပြောတတ်ပါတယ်။

အမေဟာ အားလုံး ကောင်းပါတယ်လို့ ဆိုနိုင်လောက်ပါတယ်။ ဒါပေမယ့် အမေ့ကို ရှေးဟောင်း အယူအဆ၊ အစဉ်အလာတွေက တုပ်နှောင် ခံနေရတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ကောင်းတော့ ကောင်းပါရဲ့။ သာမန် မိသားစုက ပေါက်ပွားလာသူ ဆိုယင် လိုက်နာနိုင်ဖို့ မလွယ်ပါဘူး ခင်ဗျာ။ ကျွန်တော် မနက် အလုပ် သွားခါနီးတိုင်း အမေ့ကို ကန်တော့ရသလို ညဉ့် အိပ်ရာဝင်တိုင်းလည်း ကန်တော့ရပါတယ်။ အမေက ဘာပြောပြော ခွန်းကြီး ခွန်းငယ် ပြန်မပြောရ ပါဘူး။ စိတ်မကျေနပ် ပေမယ့် အသံကို မြှင့်မပြောရပါဘူး။ အေးဆေးဆေး မပြောသမျှ သူလက်မခံဘူး ဆိုတာ ကျွန်တော် နားလည်ထားရ ပါတယ်။ ညစဉ် ဘုရား ဝတ်ပြုရ ပါတယ်။ အိမ်မှုကိစ္စ၊ အိမ်သန့်ရှင်းရေး ကိစ္စကိုလည်း ကူညီလုပ်ကိုင် ရပါတယ်။ တိုတို ပြောရယင်တော့ မေမေဟာ ကျွန်တော့်ကို မင်္ဂလာ တရားတော်နှင့်အညီ နေထိုင်တတ်တဲ့ သားကောင်းတယောက် အဖြစ် ပုံသွင်းထားရှာတာပဲ။

မိမိ ပတ်ဝန်းကျင်နှင့် ခြားနားတဲ့ ပတ်ဝန်းကျင်က သူစိမ်း အမျိုးသမီး တဦး အိမ်သို့ ရောက်လာခဲ့ ပါပြီ။ ကျွန်တော်တို့ သမီးရည်းစား ဘဝက မိခင်ကြီးနှင့် ကျွန်တော်တို့ ဆက်ဆံရေးကို တစွန်းတစ ချစ်သူကို ပြောပြဖူးပေမယ့် ကျွန်တော့်ချစ်သူက ဒါတွေကို သိပ်အလေးအနက် ထားပုံ မရပါဘူး။ ချစ်တာ ပဓာနပေါ့ ခင်ဗျာ။ အကယ်၍ ကျွန်တော့် အမျိုးသမီးက လိမ္မာပါးနပ်တယ် ဆိုယင် ကျွန်တော် အမေ ကန်တော့နေချိန် သူပါ ဝင်ကန်တော့ ပါလား။ မေမေလည်း စိတ်ချမ်းသာ ကျွန်တော်လည်း စိတ်ချမ်းသာမယ့် ကိစ္စပါ။ သူက အကြောင်းရှာပြီး ခပ်ရှောင်ရှောင် နေခဲ့ပါတယ်။ ကျွန်တော်လည်း မတိုက်တွန်းပါဘူး။ မေမေကလည်း ဘယ်လိုမှ ပြစ်တင် ရှိတ်ချ မပြောတော့၊ ကျွန်တော် စိတ်သက်သာရာ ရပါတယ်။ ဒါပေမယ့် ရက်ကနေ လ ပြောင်းလာတော့ အမေက “သား အမျိုးသမီးက နေပဲ နေနိုင်လွန်းတယ်ကွယ်။ အလုပ်သွားကြတော့မယ် ဆိုယင် ‘မေမေ, ကျွန်မတို့ အလုပ် သွားတော့မယ်’ လို့လည်း နှုတ်ဆက်မသွား။ ပြန်လာတော့လည်း‘မေမေ သမီးတို့ ပြန်လာပြီ။ ဘာကူ လုပ်ရမလဲ’ လို့မှ လောကွတ် စကားလေးတောင် မဆိုတတ်ပါ ကလား” ဟူသော ဝေဖန်ချက်ကို ပြုပါတော့တယ်။ “ဪ မေမေရယ် ခုမှ တလကျော်ကျော် ဆိုတော့၊ စိမ်းနေသေးတာပေါ့။ သူ ဝင်လုပ်တာ မေမေ ကြိုက်ပါ့ မလားလို့လည်း စဉ်းစားမိလို့ နေမှာပေါ့” လို့ ကျွန်တော်က လျှောက်လဲတော့ မေမေက ပြုံးပြီး “အို ဘာပဲဖြစ်ဖြစ် သား ကျေနပ်ယင် မေမေ ကျေနပ်ရမှာပေါ့”လို့ ပြန်ပြော ပါတယ်။ ဒါပေမယ့် မကျေနပ်တဲ့ ဝေဖန်ချက်ကို ကြားရပြီးတဲ့ သားကတော့ အနေရ ခက်တာပေါ့ ခင်ဗျာ။

ကဲ- အလုပ်ဌာနကို အတူတူ သွားရတဲ့ ဇနီးကလည်း သူ့ ခံစားချက်နှင့် သူလေ။ “အစ်ကို့် အမေကြီးက အရိုအသေ ကြိုက်တာ လွန်လွန်းပါတယ်။ မျက်နှာထားကလည်း တင်းထားတော့ ခင်ဖြင့် ဘယ်လို နေရမှန်းတောင် မသိတော့ဘူး။ လင်ရယ် မယားရယ် ဖြစ်လာပြီး ဘယ်နေရာမှ ကိုယ့်သဘောအတိုင်း လုပ်ခွင့် မရှိတော့ စိတ်မလွတ်လပ်ဘူးပေါ့”

“မေမေက အရိုအသေ ကြိုက်လှတယ် မဟုတ်ပါဘူး။ အစ်ကိုတို့ ဘိုးဘွား လက်ထက်က ထားရှိလာတဲ့ လူနေမှုစနစ် အစဉ်အလာကို မပျက်အောင် ထိန်းထားတာပါ။ ဒါတွေကို ခင်လိုက်လုပ်ဖို့လည်း မတိုက်တွန်းပါဘူး။ ပြီးတော့ သူ တသက်လုံး လုပ်လာခဲ့တဲ့ အိမ်မှုကိစ္စတွေ အစ်ကို မိန်းမရမှ ဘာတခုမှ မလုပ်ရဘူး ဆိုယင် သူ ဘယ်လို ခံစားရမလဲ။ တဖြည်းဖြည်းတော့ အဆင်ပြေသွားရမှာပေါ့” ကျွန်တော့် အဖြေကို ဇနီးက မကျေနပ်ပါ။

“ဪ- အစ်ကိုက အမေ ဘယ်လို ခံစားရမယ် ဆိုတာသာ တွေးတာကိုး မယား ဘယ်လို ခံစားရမယ် ဆိုတာတော့ မတွေးတော့ဘူးပေါ့” လို့ ဖြေလိုက်တော့ ကျွန်တော် ရင်မောရပြန် ပါတယ်။

အခု ဖော်ပြခဲ့တာက နမူနာကလေးပဲ ရှိပါသေးတယ်။ အမေကလည်း မိန်းမ၊ ဇနီးကလည်းမိန်းမ၊ ခေတ်ချင်းကလည်း နှစ်ပေါင်း ၅၀ လောက် ကွာခြားနေတယ်။ မိန်းမဘက်က မိဘတွေက ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ ဦးစားပေးခဲ့တာ မဟုတ်တော့ အပြင် သမီးကလေးကို တဦးတည်းမို့ အလိုလိုက် လာခဲ့ကြတော့ ကျွန်တော့်မှာ ကြားထဲက အလွန် စိတ်ညစ်ရပါတယ်။

အိမ်ပြန် ရောက်တာနှင့် မိခင်ကတမျိုး မယားကတဖုံ ကျွန်တော့်ကို တိုင်ကြ ပြောကြ၊ ကြားက ဖျန်ဖြေပြန်လဲ အမေက “သားတို့ဘဝ သားတို့ ထူထောင်နိုင်ပြီပဲ။ မေမေ စိတ်အေးချမ်းသာ ရိပ်သာ တခုခု သွားနေပါမယ်။ သီလရှင် ဝတ်ရတောင် မေမေ့အတွက် မခဲယဉ်းပါဘူး” လို့ဆိုတော့ ကျွန်တော် မကြားရက်နိုင်ပါ။

ဇနီးကတော့ “မောင့်အမေနှင့် မောင် ဘဝ အဆင်ပြေနေပါလျက် ခင့်ကို ဘာကြောင့် လက်ထပ်ယူလဲ။ အခုလဲ အချိန် မနှောင်းသေးပါဘူး စဉ်းစားပေါ။ အမေနှင့်ပဲ နေမယ်။ အမေ စိတ်ဆင်းရဲတာ မခံနိုင်ဘူး ဆိုယင် ခင်ကပဲ ဒီအိမ်ပေါ်က ဆင်းပေးပါမယ်” တဲ့။ ကဲ ကောင်းကြသေးရဲ့လား ခင်ဗျာ။ တခါတခါ စိတ်ရှိပ်လို့ အလုပ်ဆင်းယင် အိမ်တောက်လျှောက် မပြန်ပဲ ဘောလုံးပွဲ ကြည့်နေလိုက် လက်ဖက်ရည်ဆိုင် ခပ်ကြာကြာ ထိုင်နေလိုက်နဲ့ အချိန် ဖြုန်းပြီးတောင် နေမိပါတယ်။

တနေ့ ကျွန်တော့်ထက် အသက်ကြီးပြီး ကျွန်တော်တို့ အခက်အခဲ ရှိတိုင်း ကူညီတတ်တဲ့ ကျွန်တော်တို့ အလုပ်ဌာနက ပုဂ္ဂိုလ်တဦးဆီ သွားယင်း ကျွန်တော့် အိမ်တွင်းရေး ပြဿနာကို တင်ပြမိပါတယ်။ ဘယ်လို ဖြေရှင်းရမယ် ဆိုတာလဲ အကြံဉာဏ် တောင်းမိပါတယ်။ ဒီတော့ ကျွန်တော့် အစ်ကိုကြီး ဆိုပါတော့ဗျာ။ သူက “အမှန်တော့ကွာ အိမ်ထောင် ပြုပြီးယင် ကိုယ့်အိုးကိုယ့်အိမ်နှင့် နေတာ အကောင်းဆုံးပေါ့။ မင်းတို့ ကိစ္စကတော့ ခွဲနေဖို့ အခြေအနေ မပေးတော့ နှစ်ဦးနှစ်ဘက် နည်းနည်းစီ လျှော့လိုက်ကြယင် ပြေလည် နိုင်ပါတယ်ကွယ်။ မင်းက အမေကြီးကို အမြဲ အိမ်ထဲမှာပဲ မနေစေနှင့်ကွာ။ မင်းတို့ စနေ၊ တနင်္ဂနွေ လူငယ်တွေ ရှိတဲ့ အိမ်တွေကို ခေါ်သွား။ မိဘတွေနှင့် မိတ်ဆက်ပေး။ အဲဒီ အခါမှ ပြောင်းလဲနေတဲ့ လူမှုရေးစနစ်တွေ သူ သတိထား လေ့လာမိလိမ့်မယ်။ နောက်တချက်က ခေတ်ဟောင်းက အဘွားကြီး ဖြစ်နေပါစေ၊ ခေတ်အကြောင်း နားလည်ရအောင် ခုခေတ် စာရေးဆရာတွေရဲ့ ဝတ္ထုတို ပေါင်းချုပ်တွေ ဖတ်ခိုင်းကွာ။ ဥပမာ ကြူကြူသင်း၊ မိုးမိုး (အင်းလျား)၊ မစန္ဒာတို့ဆို အိမ်တွင်းရေး၊ လူမှုရေး ဝတ္ထုကလေးတွေ ခေတ်နှင့် ထင်ဟပ် ရေးသားထားတာ ဖတ်သင့်ပါတယ်။ အေး တခုတော့ ရှိတယ်။ ဆေးကျွေးသလို သွားမကျွေးနဲ့။ မင်းက အလျင်ဖတ်ပြီးတော့ မေမေ ဒါလေး တိုတိုလေး အားတဲ့အခါ ဖတ်ကြည့်စမ်းပါ။ ကောင်းလွန်းလို့ စသည်တိုက်တွန်းပေါ့ကွာ။ နောက် ဖတ်ယင်း သူ့ဘာသာ အကင်းပါးပြီး သဘောထား မှန်လာမှာပေါ့။

“ဒါဖြင့် မိန်းမကိုရော ဘာတရား ဟောရမလဲ ဆိုပါဦး” ကျွန်တော်က ကြားဝင် မေးလိုက်သည့်အခါ-

“မင်းမိန်းမကိုတော့ မြတ်မင်္ဂလာ၊ ရတနာမွန် ဆိုတဲ့ စာစောင်ကလေးတွေ ဝယ်ဖတ်ခိုင်းကွာ။ ဝယ်လို့လဲ လွယ်ပါတယ်။ ဖတ်လို့လဲ ကောင်းတယ်။ နားလည်လွယ်တယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံ ယဉ်ကျေးမှုကို သွန်သင် ပေးတာပဲကွ။ တချို့ မိဘ မောင်ဖွားတွေဟာ သားတွေ သမီးတွေကို ဘယ်လို လမ်းပြရမယ်။ ဘာစာ ရွေးဖတ်ရမယ် ဆိုတာ မသွန်သင်ပဲ ထားတော့ ကိုယ့်လူမျိုး ဘာသာဓလေ့ထုံးစံ အစဉ်အလာ ယဉ်ကျေးမှု ပျောက်ကုန်တာပေါ့ကွာ။ တို့လင်မယားတော့ကွာ တနင်္ဂနွေ ဆိုယင် အဘိဓမ္မာသင်တန်း တက်တယ်ကွာ။ အဘိဓမ္မာ ဆိုတော့ စာလုံး ခပ်ကြီးကြီး။ ဒါပေမယ့် အခြေခံ စိတ် စေတသိက်တွေက စသင်တော့ ကုသိုလ် အကုသိုလ်တွေ နားလည်ပြီး ဒေါသ မောဟ လောဘတွေ ပါးလျား ကုန်တာပေါ့ကွ။ ရန်သိပ် မဖြစ်တော့ဘူးလေ။

တခု ရှိသေးတယ်။ မင်း အမျိုးသမီးက ယောက္ခမကို အမေလို့ ခေါ်စမ်းပါစေကွာ ။ မင်းမိခင်မှာ သမီး မရှိတော့ သူက အမေ သမီး ဘာကူ ပေးရမလဲ ဆိုတဲ့ မေးခွန်းဟာ သီတာရေစင်ပဲကွယ့်။ ဒါလည်း မင်း ကြားက အောင်သွယ် ရမှာပေါ့။ မိန်းမကို ဖျောင်းဖျ။ အမေ့ရှေ့မှာ မိန်းမရေ အမေ့ ကူရအောင် လာ။ အမေသားနှင့်သမီး ဘာလုပ်ရမလဲ ခိုင်းစမ်းပါ။ ကူစမ်းပါရစေ စသည် ပြောပေးပေါ့ကွာ။ မင်း ညံ့တာလဲ ပါမှာပဲ။

မင်းတို့ ပြဿနာက ဘာမှ မဟုတ်ဘူး။ ချွေးမကလဲ မာနနှင့် လင်ဂုဏ်တက်။ မိခင်ကလည်း သားကို သူသာပိုင်တယ် ဆိုတဲ့ အစွဲမချွတ်၊ သားကလည်း လူနုံလူအမို့ ဖြစ်ရတာပါ”

အထက်ပါ စကား နားထောင်ယင်း ကျွန်တော်က စရယ်ပါသည်။ သူလည်း လိုက်ရယ်ပါသည်။ ကျွန်တော်က သူ့ သုံးသပ်ချက် မှန်၍ ရယ်ခြင်းပါ။ သူက ကျွန်တော် သူ့ စကား လက်ခံသည်ကို နှစ်ခြိုက်၍ ရယ်သည်။ ကျွန်တော်က ဟုတ်တယ် အစ်ကိုရယ်၊ ကျွန်တော်တို့ သုံးဦး သုံးဖလှယ်လုံး ဆက်ဆံရေးမှာ ညံ့နေကြတာပဲ။ ကိုယ့် အသိုက်အမြုံကလေးနှင့် ကိုယ် သာယာပြီး ပတ်ဝန်းကျင်ကို မေ့နေကြရာက အပြင်က မူမတူတဲ့ သူစိမ်း ဝင်လာလို့ ပြဿနာ တက်လာ ရတာပေါ့။ အစ်ကို အကြံပေးတဲ့ အတိုင်း ကျွန်တော် ကြိုးစားမယ်။

“ဝမ်းသာပါတယ်ကွာ။ အစ်ကိုက ဟောဒီ မြတ်မင်္ဂလာ၊ ရတနာမွန် စာစောင် ၂ စောင်စီနှင့် ငွေတာရီ ဝတ္ထုပေါင်းချုပ် လက်ဆောင် ပေးလိုက်မယ်ကွာ။ မင်း ပြဿနာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်လိုက်ယင် အဆင်ပြေမှာပါ” အစ်ကို့စကား နားထောင်ပြီး ကျွန်တော် စည်းရုံးရေး စပါတော့တယ်။ အစ်ကိုပေးသော စာအုပ်များ ယူလာပြီး ကျွန်တော်တို့ အိပ်ခန်း စားပွဲပေါ် တင်ထားသည်။ ကျွန်တော်ဖတ်ပြီး ဇနီးကို ဖတ်ပါဟု မတိုက်တွန်းပါ။ သူလဲ စာတတ်ပေတတ်ပဲ။ အမေနှင့် ဆက်ဆံရေး မတင်းမာရန်သာ စည်းရုံးထား ပါသည်။ တနေ့ အလုပ်က အပြန် မေမေ မီးပူတိုက် နေသည်ကို တွေ့၍ ကျွန်တော်က မိန်းမရေ အဝတ် လဲပြီးယင် မေမေ့ မီးပူတိုက်တာ ကူပါလားကွာ” ဟု ဖိတ်ခေါ်ရာ စိတ်ကောင်း ဝင်နေသော မိန်းမက “ရပါတယ် အစ်ကို ခဏကလေး၊ လာမယ်” ဟု ပြန်ထူးဖော် ရရှာသည်။ မေမေက“အမေ လက်ဖက်ရည် ဖျော်ထားတယ်လေ၊ အမောပြေ သောက်ကြဦး”ဟု တုံ့ပြန်ပါတယ်။

မိန်းမက မရဲတရဲ မီးဖိုချောင်ထဲ ဝင်ပြီး ထမင်းစားပွဲပေါ် ပန်းကန်ချသံ ပြင်ဆင်သံ ကြားပြီး “အစ်ကိုရေ အမေ့ပါ ခေါ်ခဲ့ပါ။ လက်ဖက်ရည် ပြင်ပြီးပြီ” ဟု အကြောင်းကြား လိုက်ရာ ကျွန်တော်တို့ သားအမိ ဝင်သွား ကြပါသည်။ ကျွန်တော့် အမေက အသက် ၆၀ ဆိုသော်လည်း ဖျတ်ဖျတ်လတ်လတ်ပါ၊ မေမေ မုန့်စိမ်းပေါင်းလေး ဝယ်ထားတယ်။ ကြောင်အိမ်ထဲမှာဟု ပြောပြောဆိုဆို မုန့်ပန်းကန် ချပေးပါသည်။

ချွေးမက မိခင်ဘက်ကို လက်ဖက်ရည် ပန်းကန် တရိုတသေ ချပေးပြီး မုန့်ကို မေမေ စားပါဟု ပန်းကန်ပါ ရွှေ့ပေးရာ အမေက တဖဲ့စားပြီး “သားနှင့်သမီး စားကြပါ” ဟု ပြန်တွန်း ပေးပါသည်။ အတိုင်အဖောက် ညီ၍ ကျွန်တော် စိတ်ချမ်းသာရသည်။ နောက်မကြာမီ မိန်းမက “မေမေ့ လက်ဖက်ခြောက် ဘယ်က ဝယ်လဲ။ မေမေဖျော်တဲ့ လက်ဖက်ရည်က သိပ်ကောင်းတာပဲ။ တခြားမှာ ဒီလို ကောင်းကောင်းကို မသောက်ရဘူး” ဟု ချီးကျူးစကား ဆိုပါသည်။

ကျွန်တော့် အိမ်ထောင်သက် (၆) လအတွင်း ယခုတကြိမ် မေမေ့ အပြုံးမှာ ချစ်စရာ အကောင်းဆုံးဟု ဆိုချင်ပါသည်။ မေမေက “လက်ဖက်ခြောက်က မေမေ သောက်နေကျ မြင်းပျံပါပဲ။ ဒါပေမယ့် လက်ဖက်ရည် ဖျော်တာမှာ ရေနွေး အတိုင်းအဆ လက်ဖက်ခြောက် အတိုင်းအဆ ကြိုတဲ့အချိန် အတိုင်းအဆ မှန်ယင် ကောင်းတာပါပဲ။ သကြားတို့ နို့တို့ကတော့ ကြိုက်သလောက်ပေါ့။ လက်ဖက်ခြောက် မကောင်းယင်တော့လဲ မကောင်းနိုင်ဘူးပေါ့” စိတ်ရှည်ရှည် ရှင်းပြနေပါသည်။

မေမေ့ကို ကူညီရသည် ဆိုသော်လည်း တနေ့ခင်းလုံး မေမေ လုပ်ထားပြီး ဖြစ်၍ ကျွန်တော်တို့ ကူညီမှုက သူ့အလုပ်ရဲ့ (၁၀) ရာခိုင်နှုန်းလောက်ပါ။

ကျွန်တော်က ဇနီးသည် ရှေ့တွင်ပင် “ခုခေတ်က ကုန်ဈေးနှုန်းတွေ ကြီးမား၊ အိမ်ခန်းရဖို့က မလွယ်၊ လင်မယား နှစ်ယောက်စလုံး အလုပ် လုပ်နေရတော့ မေမေလို မိခင်ကောင်း တယောက်သာ မရှိယင် ကျွန်တော်တို့ဘဝ ဘယ်လောက် ကသီလင်တ ဖြစ်မလဲ။ ဒါကြောင့် မေမေ့ကို ကျန်းမာ စေချင်တယ်။ အိမ်မှာ မေမေ မရှိတာ တအားပါ။ သိပ် အပင်ပန်း မခံပါနှင့်။ သားတို့ တာဝန် ပေးသင့်သလောက် ပေးပါ။ မေမေ ကျန်းမာအောင် နေပါ။ တော်တော်ကြာ မြေးရယင် ခုထက် အလုပ် ပိုဦးမှာ” ဟု ပြောလိုက်ရာ မေမေမှာ အပြုံးပန်းတွေ ဝေပြီး “အမေ ကျန်းမာပါသေးတယ်တော်။ မြန်မြန် မွေးကြစမ်းပါ” ဟု မြေးကို ကြိုဆိုပါသည်။ ကျွန်တော့် ချစ်ဇနီးက ကျွန်တော့်ကို တိတ်တိတ် ဆိတ်ဆွဲ နေပါသည်။

ဆရာသမားများ သင်ကြား လမ်းပြမှုကြောင့် ကျွန်တော့် စည်းရုံးရေး အောင်မြင် လာပါသည်။ မေမေကလည်း ကျွန်တော် ငှားငှားပေးသော ဝတ္ထုများ ဖတ်ဖြစ်လာသလို၊ ဇနီးကလည်း ဝတ္ထုများအပြင် လောကီ လောကုတ္တရာ စွယ်စုံပညာ ပေးသည့် မြတ်မင်္ဂလာ၊ ရတနာမွန် စာအုပ်များ သူကိုယ်တိုင် ရှာဖွေဝယ်လာ တတ်ပါသည်။ မေမေလည်း ယူဖတ်၊ သူလည်းဖတ် “ဒီစာစောင် ကလေးတွေက အတော် ကောင်းတာပဲ” ဟု မေမေ သုံးသပ်သည်။

ကျွန်တော် စိတ်ချမ်းမြေ့ရသည့် တနေ့။ ကျွန်တော့် အမျိုးသမီးက သူ့ အပေါင်းအသင်းများနှင့် ထမင်းစားချိန်တွင် စကားပြောနေသည်။ ကျွန်တော်က အမှတ်တမဲ့ နားစွင့်နေသည်။ တယောက်က မေးသည်။

“ဘယ်လိုလဲ ယောက္ခမကြီးနှင့် ကြည်ဖြူနေကြပြီလား”

“ကိုယ်က အစက ယောက္ခမနှင့် နေရတာလေ စိတ်ကျဉ်းကျပ် နေတာပဲ။ ခုမှ အမြင်မှန်ရတယ်။ သူရှိပေလို့လေ။ တို့ချည်းဆိုယင် ရုံးအချိန်မှန် ရောက်ဖို့၊ ထမင်းမှန်မှန် ချက်နိုင်ဖို့တောင် မလွယ်ဘူးကွ။ အဘွားကြီးက ရင်းရင်းနှီးနှီး ပေါင်းမှ သိပ်ချစ်စရာ ကောင်းတာ။ သိပ် အားကိုးရတာ။ ကိုယ်တို့နှစ်ယောက် လခထဲက သူ့ကို ငါးရာ အပ်လိုက်တယ်။ အားလုံး ဖူလုံနေတာ ဘာမှ မပူရဘူး။ တို့နှစ်ယောက်ပေါင်း လခထဲက ငွေလေးရာ ကျန်သေးတယ်ကွယ်။ သီတင်းကျွတ်က မေမေ့ဖို့ လုံချည်တထည်နှင့် ဖိနပ်တရန် ကန်တော့လိုက်တာ ဆုပေးလို့ မဆုံးတော့ဘူး။ ကိုယ်က အစတုန်းက ယောက္ခမကို ယောက္ခမလို့ပဲ မြင်နေတာ။ ခု ကိုယ့်ချစ်သူကို ကိုယ့်အတွက် မွေးပေးတဲ့ အမေ။ ကိုယ့်မိခင်ပေပဲလို့ မြင်လာတယ်။ မှန်ကြည့်သလိုပေါ့ကွယ်။ ကိုယ်က ပြုံးကြည့်တော့ ပြုံးပြုံးလေး မြင်ရတာပေါ့။

အမှန်တော့ကွယ်။ ယောက္ခမဟာ ကြောက်စရာ မဟုတ်ပါဘူး။ ကိုယ်က မိဘအရာထား ရိုသေပြီး လေးစားတဲ့အခါ သူကလဲ သမီးလေးလို မေတ္တာတုံ့ပြန် လာတာပါပဲ” တဲ့။ ဘယ်လောက် ဝမ်းသာဖို့ ကောင်းလဲ ခင်ဗျ။ ဒါပါပဲ ကြီးကြီးရေ။ ကျွန်တော့် စည်းရုံးရေး အောင်မြင်သွားတော့ ခု ကျွန်တော်ဟာ အပျော်ဆုံး ဖခင်တဦးပါ။ မေမေက မြေးကလေး ကြည့်ယင်း ရှေးကထက် ပီတိ ဖြစ်နေလေရဲ့။

အားလုံးသော တူ တူမများ အိမ်ထောင်ရေး သာယာကြပါစေ။

------------
ဒေါ်ရီကြိန်
သိပ္ပံ မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၈၆။