Apr 8, 2017

ေဇာ္ဂ်ီျမစ္ကို သက္ေသတည္

Zawgyi Version

ေဇာ္ဂ်ီျမစ္ကို သက္ေသတည္
Written by#ဟမ္စိုင္း(ေဆး\မန္း)
Youth Magazine
March,2016
"တစ္ခ်ိန္ခ်ိန္မွာ မမေနာင္တ မရပါေစနဲ႔"တဲ့လား ကေလးရယ္။ အခု မမရဲ႕ ရင္ထဲမွာ ေနဆယ္စင္းတစ္ၿပိဳင္နက္တည္း ထြန္းလင္းထားသလို ပူေလာင္ေနတာ ကေလးသိရဲ႕လား။ ကတိသစၥာတရားကို မ်က္ကြယ္ျပဳခဲ့လို႔ ဒဏ္ခတ္ခံခဲ့ရတာလား ကေလးရယ္။
##################
"ဆရာမ စာသင္ေပးရမွာ ဒီကေလးပဲ။ အစစအရာရာ အပ္ပါတယ္"
ကေလးရဲ႕အေဖက မိတ္ဆက္ ေပးေနေပမယ့္ ကေလးက အိပ္ရာေပၚမွာ မလႈပ္မယွက္ ထိုင္ေနၿပီး ကေလး ရဲ႕ မ်က္၀န္းေတြက နံရံကို ေငးေနတယ္။ ကြၽန္မကို အသိမွတ္ျပဳတဲ့ အၾကည့္ေလး တစ္ခ်က္ေတာင္ ကေလးက မတုန္႔ျပန္ခဲ့ပါဘူး။
"သားေလး ဆယ္တန္းႏွစ္မွာ ကြၽန္ေတာ္နဲ႔ သူ႔အေမ တရား၀င္ကြာ႐ွင္းၿပီး ေနာက္အိမ္ေထာင္ အသီးသီး ထူခဲ့ၾကတာ ဆရာမ။ အဲတာေၾကာင့္လားမသိဘူး။ ငယ္ကတည္းက အတန္းတိုင္း ပထမ ရခဲ့တဲ့သားေလးက ဆယ္တန္းကို က်ခဲ့ တယ္ေလ။ ဒီႏွစ္လည္း Guideေတြ အိမ္ေခၚသင္ေပးေပမယ့္ သားေလးက စာထဲ စိတ္မ၀င္စားေတာ့ဘူး။ စာသင္လို႔ မရဘူးဆိုၿပီး ဆရာေတြ ဆရာမေတြတစ္ေယာက္ၿပီး တစ္ေယာက္ လက္ေလ်ာ့သြားၾကတယ္။ သားေလးက စကား သိပ္ မေျပာေတာ့ဘူး။ အျမဲတမ္း ေတြးေနေငးေနတာ"
ကြၽန္မ အလုပ္လာေလ်ွာက္တုန္းက ကေလးရဲ႕အေဖ ေျပာခဲ့တဲ့စကားေတြအရ ကေလးက စိတ္ဒဏ္ရာ ရေန တယ္ဆိုတာ သိခဲ့ရတယ္။
"သား။ ဒီဆရာမက သားကို စာသင္ေပးလိမ့္မယ္။ ဆယ္တန္းေတာ့ ေအာင္ေအာင္ေျဖပါသားရယ္..ေနာ္။ ဆယ္တန္းေအာင္ရင္ သားလိုခ်င္တာအားလံုး အေဖ ၀ယ္ေပးမယ္။ အေဖ အလုပ္ သြားေတာ့မယ္"
ကေလးရဲ႕အေဖက ျပံဳးျပံဳးရႊင္ရႊင္ စကားေျပာေနေပမယ့္ ကေလးက အင္းမလုပ္ အဲ မလုပ္နဲ႔ မ်က္ႏွာက မႈန္ကုပ္ ေနတယ္။
"ဆရာမ ကြၽန္ေတာ္ အလုပ္သြားလိုက္ဦး မယ္။ သားေလးကို ဂ႐ုစိုက္ေပးပါဗ်ာ"
"ဟုတ္ကဲ့႐ွင့္။စိတ္ခ် လက္ခ်သြားပါ"
ကေလးရဲ႕အေဖထြက္သြားတာနဲ႔ ကေလးရဲ႕အိပ္ရာေပၚ ၀င္ထိုင္ၿပီး ကေလးရဲ႕လက္ကို ကြၽန္မ ကိုင္လိုက္တယ္။
"ကေလး။စာ မသင္ခင္ မမရဲ႕ အေၾကာင္း နည္းနည္းေလာက္ ေျပာပါရေစေနာ္"
ကေလးရဲ႕ မွိန္ေဖ်ာ့ေဖ်ာ့ မ်က္၀န္း။ ေျပာရရင္ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနတဲ့ မ်က္၀န္းေတြက နံရံကိုေငးေနေပမယ့္ ကေလးက ေခါင္းတစ္ခ်က္ ညိတ္ျပတယ္။ ကေလးနဲ႔ပိုၿပီးရင္းနီးေအာင္လို႔ "ဆရာမ"ဆိုတဲ့ နာမ္စားကို မသံုးဘဲ "မမ" ဆိုတဲ့နာမ္စားပဲ သံုးျဖစ္ခဲ့တယ္။
"မမမွာ အေမမ႐ွိေတာ့ပါဘူး။ မမက ေက်ာက္ဆည္ၿမိဳ႕၊အထက(၁)က အထက္တန္းျပ ေက်ာင္းဆရာမပါ။ ဒီႏွစ္ထဲ မမရဲ႕အေဖ ေသြးတိုးေၾကာင့္ေလျဖတ္ျပီး မမ အလုပ္ထြက္ခဲ့ရတယ္။ ျပင္ပဆရာမအျဖစ္ ရပ္တည္ခဲ့ရတယ္။ ျပင္ပက်ဴ႐ွင္ေတြ လိုက္သင္လို႔ရတဲ့၀င္ေငြက အစိုးရလစာထက္ ပိုမ်ားေတာ့ မမအတြက္ အဆင္ေျပတယ္ေလ။ အေဖ့ေဆးဖိုးေတြနဲ႔ မမေအာက္က ညီမနဲ႔ေမာင္ေလး ေက်ာင္းစရိတ္ေတြအတြက္ ကေလးတို႔ အေဖေပးမယ့္လစာနဲ႔မွ ေလာက္ငမွာမို႔ ဒီအလုပ္ကို လာေလ်ွာက္ခဲ့တာပါ။ ကေလးသာ စာကိုႀကိဳးစားသင္ခဲ့ရင္ လစာ ပိုတိုးေပးမယ္လို႔ ကေလးရဲ႕အေဖက ေျပာတယ္။ ကေလးသာ မမ စာသင္တာ လက္ခံၿပီး စာႀကိဳးစားခဲ့ရင္ မမတို႔မိသားစုဘ၀ကို ကယ္တင္ရာ ေရာက္ပါတယ္။ စာႀကိဳးစားပါလို႔ မမ ႀကိဳတင္ၿပီး ေတာင္းပန္ပါတယ္ေနာ္။ လူသားေလးဦးဘ၀ကို ကယ္တင္တာ ကုသိုလ္ရပါတယ္ ကေလးရယ္"
ကြၽန္မရဲ႕စကား႐ွည္ႀကီးအဆံုးမွာ ကေလးမ်က္၀န္းက ကြၽန္မမ်က္ႏွာဘက္ လွည့္လာခဲ့တယ္။ ကေလးရဲ႕ မ်က္၀န္းထဲမွာ ကြၽန္မကို သနားတဲ့ေရာင္ျခည္ေတြ ျပည့္ႏွက္ေနတယ္။ ကေလးရဲ႕အေဖ ေျပာျပခ်က္ေတြအရ ကေလးက လူတစ္ဖက္သားကို အရမ္းသနားတတ္တဲ့ အေၾကာင္းသိခဲ့ရေတာ့ ကြၽန္မဘ၀ရဲ႕ ျဖစ္ရပ္မွန္ကို အမွန္ တိုင္းပဲ ဖြင့္ေျပာလိုက္တယ္။ ေအာင္ျမင္မႈအျဖစ္ ကေလး႐ဲ႕ အၾကည့္ေတြက စာၾကည့္စားပြဲဆီ ေရာက္သြားခဲ့တယ္။
#################
ကေလးကို စာသင္တာသာမက အစားအေသာက္နဲ႔ တျခားအစစအရာရာကို ကြၽန္မရဲ႕ေမာင္ငယ္ေလးလို၊ သားတစ္ဦးလို ဂ႐ုစိုက္ခဲ့တယ္။ ေမတၱာငတ္မြတ္ေနတဲ့ ကေလးကို ေႏြးေထြးတဲ့ ေမတၱာနဲ႔ ျကင္နာယုယမႈေတြ ေပးခဲ့ တယ္။ ကေလးက သူ႔အေဖအေ႐ွ႕သာ စာကို စိတ္မ၀င္စားသလို ေနျပေပမယ့္ သူ႔အေဖ အိမ္ကထြက္သြားတာနဲ႔ စာ ကို ႀကိဳးႀကိဳးစားစား သင္ယူတယ္။ ကြၽန္မကိုလည္း အေမလိုအစ္မလို ခင္တြယ္သြားၿပီး သူ႔ရဲ႕ရင္တြင္းခံစားမႈေတြကို ဖြင့္ဟ လာခဲ့တယ္။
"မမ..လူေတြက ဘာလို႔ ကတိတစ္လံုးကို တန္ဖိုးမထားၾကတာလဲ။ ကတိေပးတယ္ဆိုတာ လိမ္ညာလွည့္ျဖားနည္း တစ္မ်ိဳးလား"
စာသင္တာ ခဏနားတဲ့အခ်ိန္ ကေလးက ကြၽန္မမ်က္၀န္းကို တည့္တည့္ႀကည့္ၿပီးေမးလာတယ္။
"ဟမ္....ဘာျဖစ္လို႔လဲကေလးရ"
"ကြၽန္ေတာ္ ဆယ္တန္းကို စတက္ခါစမွာ အေဖနဲ႔အေမရယ္ေလ..။ ကြာ႐ွင္းၾကေတာ့မယ္တဲ့။ သူတို႔ကြာ႐ွင္းၾကမယ္ဆိုေတာ့ ကြၽန္ေတာ္ငိုယိုၿပီး မကြာ႐ွင္းဖို႔ေတာင္း ပန္တယ္။ အေဖနဲ႔အေမသာ ကြာ႐ွင္းရင္ ကြၽန္ေတာ္ ဆယ္တန္းကို မေျဖေတာ့ဘူးလို႔ေျပာခဲ့တာ။ အဲဒီတုန္းက အေဖေရာ အေမေရာ မကြာ႐ွင္းေတာ့ဘူးလို႔ ကတိေပးခဲ့ၾကတာ။ ဒါေပ မယ့္..."
ကေလးက မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ လုပ္ရင္း စကားဆက္ေျပာတယ္။
"အေဖနဲ႔အေမ ကြာ႐ွင္းခဲ့ၾကတယ္။ အိမ္ကေန အေမထြက္သြားခါနီးမွာ အေဖက`နင္ ငါ့ကို မခ်စ္လို႔ထြက္သြားတာ ငါ၀မ္းမနည္းဘူး။ ငါ့ဘ၀မွာ ငါ့သားတစ္ေယာက္လံုး ႐ွိေသးတယ္။ ငါ့ဘ၀က သားအတြက္ပဲ ျဖစ္ေစရမယ္´လို႔ ေျပာ ခဲ့တာ။ ႐ွစ္လေတာင္ မၾကာပါဘူး။ ေနာက္အိမ္ေထာင္ျပဳတယ္။ အေဖက သူ႔ရဲ႕ ပြဲ႐ုံလုပ္ငန္းေတြနဲ႔ မိုးလင္းမိုးခ်ဳပ္ အိမ္ကပ္တယ္ မ႐ွိဘူး။ ညျပန္လာရင္လည္း သူ႔ေနာက္မိ္န္းမနားမွာပဲ။ ကြၽန္ေတာ့္အတြက္ အေဖ့မွာ အခ်ိန္မ႐ွိဘူး။ ဖုန္းေန႔တိုင္း ဆက္မယ္လို႔ ကတိေပးသြားတဲ့ အေမက လည္း စင္ကာပူကေန တစ္လေနလို႔ ဖုန္းတစ္ခါ မဆက္ဘူး"
အို..ကေလးမ်က္၀န္းမွာ မ်က္ရည္စေတြ တြဲလြဲခိုေနပါလား။ မိဘေတြဆိုတာ သားသမီးေတြအတြက္ ျမင္းမိုရ္ေတာင္ဆိုေပမယ့္ အဲ့ဒီျမင္းမိုရ္ေတာင္ ၿပိဳလဲေတာ့ ေတာင္ေအာက္ေျခက ကေလးပဲ အပိခံရၿပီး မခ်ိမဆန္႔ ခံစားရ တယ္မို႔လား။ ကတိမတည္တဲ့ ကေလးရဲ႕မိဘေတြကို ကြၽန္မ မုန္းလိုက္တာ။ ကေလးအတြက္လည္း ကြၽန္မ စိတ္မေကာင္းဘူး။ ဒီေလာက္ လိမၼာေရးျခား႐ွိတဲ့ ကေလးရဲ႕ ဘ၀ကို ဘယ္ကံၾကမၼာ နတ္မင္းက ဒီလို္ျဖစ္ေအာင္ ေရးဆြဲ လိုက္တာလဲ။ အဲဒီကံၾကမၼာနတ္မင္းသာ ကြၽန္မအေ႐ွ႕ေရာက္လာရင္ စိတ္႐ွိလက္႐ွိ ဆြဲကုပ္ပစ္လိုက္မယ္။ ကေလး ကို ဘယ္လို စကားေတြနဲ႔ ေၿဖသိမ့္ေပးရမလဲ စဥ္းစားေနတုန္း ကြၽန္မပါးမွာ မ်က္ရည္ေတြ စီးက်လာတယ္။ ကြၽန္မရဲ႕ ဘယ္ဘက္ရင္အံုက စူးနစ္နာက်င္ လာၿပီး အသက္႐ွဴၾကပ္လာ ခဲ့တယ္။ ေခါင္းထဲမွာ တရိပ္ရိပ္ျဖစ္ၿပီး မူးလာတယ္။
"ဒါေပမယ့္ မမနဲ႔ ဆံုေတြ႕ခြင့္ေပးတဲ့ ဘုရား သခင္ကို ကြၽန္ေတာ္ ေက်းဇူးတင္တယ္။ မမကကြၽန္ေတာ့္ ဘ၀ကႏၱာရ ရဲ႕အိုေအစစ္ ပဲ။ မမကို ေက်းဇူးအရမ္းတင္တယ္"
#######################
ကေလးက ဒီေန႔စာမသင္ဘဲ ေက်ာက္ဆည္ၿမိဳ႕ထဲ ေလ်ွာက္လည္ခ်င္တယ္ဆိုလို႔ သူ႔အေဖကို ကြၽန္မ ဖုန္း ဆက္ေတာ့
"ရပါတယ္ဆရာမ။ ေန႔တိုင္း စာသင္ေနရင္ ၿငီးေငြ႔ေနမွာေပါ့။ ကြၽန္ေတာ္ ကားဒ႐ိုက္ဘာနဲကားတစ္စီး အျမန္လႊတ္ လိုက္မယ္"
ဒီလိုနဲ႔ ကေလးသြားခ်င္တဲ့ ေဇာ္ဂ်ီ ျမစ္ေဘးကို ေရာက္ခဲ့ရတယ္။ ေဇာ္ဂ်ီျမစ္ေရေတြက တသြင္သြင္ စီးဆင္းေနတယ္။ ျမစ္ကမ္းေဘးမွာ အတူတူထိုင္ေနတဲ့ အတြဲေတြကိုလည္း ေတြ႕ရတယ္။ ျမစ္ေရကို ျဖတ္ၿပီးတိုက္ခတ္လာ တဲ့ ေလျပည္ေလညင္းေတြေၾကာင့္ ကြၽန္မရဲ႕ ဆံစေတြက ေလထဲမွာ ၀ဲေနတယ္။
"ကဲ ေျပာပါဦး။ ေရႊသာေလ်ာင္းေတာင္ မတက္ဘဲ ဘာလို႔ ေဇာ္ဂ်ီျမစ္ေဘးကို လာခ်င္ရတာလဲ"
ကေလးရဲ႕မ်က္၀န္းေတြက တစ္ခုခုကို စိုးရြံ႕ေနသလိုပဲ။တစ္ခုခုကို ေျပာဖို႔ အားယူေနပံုရတယ္။ သက္ျပင္းေတြလည္း ခဏခဏ ခ်ေနတယ္။ ကေလးက အသက္ကို ၀၀႐ွဴသြင္းၿပီး
"မမ...ကြၽန္ေတာ့္ကို စိတ္မဆိုးပါနဲ႔။ မမကို ကြၽန္ေတာ္ ခ်စ္တယ္။ ဆယ္တန္းေအာင္ၿပီးမွ ဖြင့္ေျပာရင္ ေနာက္က်သြား မွာ စိုးလို႔ပါ။ စိတ္မဆိုးပါနဲ႔ေနာ္"
ကြၽန္မ လံုး၀ထင္မွတ္မထားတဲ့ စကားေတြပါ။ ကေလးအေပၚ အစ္မတစ္ေယာက္လို၊ မိခင္အရင္းတစ္ ေယာက္လို ၾကင္နာမႈေတြ ေပးခဲ့တဲ့အေပၚ ကေလးက သာယာသြားတာလား။ သူ႔ထက္ အသက္ ဆယ္ႏွစ္ ေက်ာ္ႀကီး တဲ့ ကြၽန္မကို ကေလးက ခ်စ္တယ္တဲ့လား။
"မမ စိတ္ဆိုးသြားၿပီလား။ စိတ္မဆိုးပါနဲ႔ေနာ္။ ကြၽန္ေတာ္ကို ျပန္ခ်စ္ပါမမရာ။ မမက ကြၽန္ေတာ့္ဘ၀ပါ"
ကြၽန္မလက္ကို ကိုင္ၿပီး သူလိုခ်င္တဲ့ အရာအတြက္ ကေလးက တတြတ္တြတ္ ေတာင္းဆိုေနတယ္။ ကေလး ရဲ႕မ်က္၀န္းေတြနဲ႔ ဆံုေတြ႔ခိုက္ ကြၽန္မ တစ္စံုတစ္ရာကို သတိထားမိလိုက္တယ္။ အိုး...ဘုရားသခင္။ အသက္သံုး ဆယ္အရြယ္ ကြၽန္မရဲ႕ရင္ေတြက ခုန္ေနပါလား။ ကြၽန္မကေရာ ကေလးကို ခ်စ္ေနတာလား။ ေလတိုက္တာ၊ သစ္ ရြက္ လႈပ္တာေတာင္ ရင္ခုန္တတ္တဲ့ ကေလးအရြယ္က ကြၽန္မကို ခ်စ္တယ္လို႔ ေျပာတာ အျပစ္မဟုတ္ေပမယ့္ ကြၽန္မလို အသက္သံုးဆယ္အရြယ္ ဆရာမက လူ႔က်င့္၀တ္ေတြကို ေစာင့္ထိန္း ရမယ္မို႔လား။
"ေျပာပါမမရဲ႕။ ကြၽန္ေတာ့္ကို ခ်စ္တယ္မို႔လား"
ကြၽန္မ ဘာျပန္ေျပာရမလဲကြယ္။ ေခါင္းထဲမွာ မိုက္ခနဲ ျဖစ္သြားေပမဲ့ ဆံုးျဖတ္ခ်က္ တစ္ခုကို အျမန္ခ်လိုက္တယ္။
"ကေလး ဆယ္တန္းကို ဂုဏ္ထူးေတြ နဲ႔ေအာင္တဲ့ေန႔ ကေလးလိုခ်င္တဲ့ အေျဖကို မမေပးပါ့မယ္"
ကေလးမ်က္ႏွာမွာ အေပ်ာ္ေတြက ဖံုးမရဖိမရ ေပၚလြင္လာတယ္။
"တကယ္ေနာ္မမ။မမ မညာရဘူးေနာ္။ မညာဘူးလို႔ ကတိေပး။ လာ လက္သန္းခ်င္း ခ်ိတ္မယ္"
လက္သန္းေလး ေကြးကာေပးလာတဲ့ ကေလးရဲ႕လက္သန္းနဲ႔ကြၽန္မရဲ႕လက္သန္းကိုခ်ိတ္လိုက္ၿပီး
"ဒီေဇာ္ဂ်ီျမစ္ႀကီးကို မမ သက္ေသ တည္မယ္။ စိတ္ခ် ကေလး။ ဒီျမစ္ေရေတြ မခန္းေျခာက္သ၍ မမရဲ႕ကတိ မပ်က္ေစရဘူး"
##############
"မမမွာ ခ်စ္သူ႐ွိတယ္။ ကေလး ဆယ္တန္းကို ေျဖျဖစ္ေအာင္လို႔ မမလိမ္ခဲ့ရတာ"
ကြၽန္မရဲ႕စကားေတြက ဆယ္တန္းကို ဂုဏ္ထူးသံုးခုနဲ႔ေအာင္လို႔ ကြၽန္မဆီ ၀မ္းသာအားရ ေျပးလာတဲ့ ကေလးရင္ခြင္ကို ေဆာင့္ကန္လိုက္သလို ျဖစ္မွာ ကြၽန္မ သိပါတယ္။ ဒါေပမယ့္ ကေလးကို ေနျမင့္ေလ အ႐ူးရင့္ေလ မျဖစ္ေစခ်င္ပါဘူး။ ကေလးမ်က္၀န္းက မႈန္မိႈင္းသြားတယ္။
"မမ ကြၽန္ေတာ္ကို က်ီစားေနတာမို႔လား။ မမ ကြၽန္ေတာ့္ကို ေနာက္ေနတာမို႔လား။ ဟင္..ေျပာပါ မမရဲ႕။ ဒါ အမွန္ မဟုတ္ဘူး မို႔လား"
"ဒါ အမွန္တရားပဲကေလး။ မမ မလိမ္ဘူး"
ကေလးက ေခါင္းထပ္ခါထပ္ခါ ခါရင္း
"ဘာလဲ။ အေဖက သေဘာ မတူမွာ ေၾကာက္လို႔လား။ စိတ္ခ်ပါ မမရဲ႕။ ဆယ္တန္းေျဖၿပီးကတည္းက အေဖ့ကို ဒီကိစၥ ေျပာျပထားတာ။ ဆယ္တန္းေအာင္ရင္ သားသေဘာလို႔ အေဖကေျပာၿပီးသား"
"မဟုတ္ဘူးကေလး။မမက မမရဲ႕ခ်စ္သူနဲ႔ မၾကာခင္ လက္ထပ္ေတာ့မွာ"
ကေလးရဲ႕ မ်က္၀န္းက မ်က္ရည္ေတြ စီးက်လာတယ္။ကေလးက လက္ႏွစ္ဘက္ကို က်စ္ေနေအာက္ဆုပ္ရင္း တအိအိ ႐ိႈက္ငိုတယ္။
"မမေျပာေတာ့ ကြၽန္ေတာ္ ဆယ္တန္းေအာင္ရင္ ကြၽန္ေတာ္လိုခ်င္တဲ့ အေျဖေပးမယ္ဆို။ မမရဲ႕ကတိေတြက ေဇာ္ဂ်ီ ျမစ္ေရေတြ ခန္းေျခာက္သြားမွ ေပ်ာက္ကြယ္မယ္ဆို။ လူအားလံုးက ဒီလို္ခ်ည္းပဲလား။ ဘာလို႔ ကြၽန္ေတာ့္ယံုၾကည္မႈကို အလြဲသံုးစား လုပ္ရတာလဲ။ ကြၽန္ေတာ့္အေပၚကို ဘာလို႔ ဒီလိုလုပ္ရတာလဲ။ အီး...ဟီး...ဟီး...။ မမ သိပ္ရက္စက္တယ္"
အျပစ္႐ွိသူမို႔ကေလး႐ဲ ႕မ်က္၀န္း ေတြကို ကြၽန္မ ရင္မဆိုင္ရဲခဲ့ဘူး။
"အေဖနဲ႔အေမ။ ၿပီးေတာ့ မမ။ အားလံုးက လူလိမ္ေတြ။ လုပ္ရက္လိုက္တာဗ်ာ။”
"မမ စိတ္မေကာင္းပါဘူး။ မမကို ခြင့္လႊတ္ပါကေလး။ မမကို တကယ္ ခ်စ္တယ္ဆိုရင္ ကေလးရဲ႕ဘ၀ကို တိုးတက္ေအာင္ ႀကိဳးစားပါ။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ။ အဲဒီ ကတိေတာ့ မမကိုေပးပါ"
ကေလးက နာက်ဥ္ေနတဲ့ မ်က္၀န္းေတြနဲ႔ ကြၽန္မကို ၾကည့္လာတယ္။
"ကြၽန္ေတာ္ ေခါင္းညိတ္လိုက္ရင္ မမ ေပ်ာ္မယ္မို႔လား။ကြၽန္ေတာ့္ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေ႐ွ့ဆက္ပါ့မယ္လို႔ ကတိ သစၥာျပဳရဦးမွာလား။ ကတိေတြကေရာ ယံုၾကည္ရလို႔လား။ ဒီကိစၥအတြက္ တစ္ခ်ိန္ခ်ိန္မွာ မမ ေနာင္တ မရပါေစနဲ႔"
####################
"တစ္ခ်ိန္ခ်ိန္မွာ မမ ေနာင္တ မရပါေစနဲ႔"တဲ့လား ကေလးရယ္။ အခု မမရဲ႕ ရင္ထဲမွာ ေနဆယ္စင္း တစ္ၿပိဳင္နက္တည္း ထြန္းလင္းထားသလို ပူေလာင္ေနတာ ကေလးသိရဲ႕လား။ ကတိသစၥာတရားကို မ်က္ကြယ္ျပဳခဲ့လို႔ ဒဏ္ခတ္ခံခဲ့ရတာလား ကေလးရယ္။
"ဆရာမ စာသင္ေပးေနတဲ့ ကေလးေလးေလ။ ေဇာ္ဂ်ီ ျမစ္ထဲမွာ သူ႔ကိုယ္သူ ေရႏွစ္ၿပီး သတ္ေသသြားတယ္တဲ့။"မမ၊အေဖနဲ႔ အေမ ေပ်ာ္ရႊင္ပါေစ"ဆိုတဲ့ စာနဲ႔အတူ သူ႔ကိုယ္သူသတ္ေသေၾကာင္း စာကို ေရးထားခဲ့သတဲ့။ သူ႔အေဖက စာကိုေတြ႕ေတာ့ အျမန္လိုက္သြားေပမယ့္ အခ်ိန္ေႏွာင္းသြားတယ္တဲ့။ ျမစ္ကမ္းေဘး ေအာက္ေျခက ေက်ာက္တံုးမွာ သူ႔ကိုယ္သူ ႀကိဳးနဲ႔တုပ္ၿပီး သတ္ေသ သြားတာတဲ့"
ရပ္ကြက္ထဲက လူတစ္ဦး သယ္ယူလာတဲ့ အဲ့ဒီသတင္းဆိုးကို ျကားရေတာ့ ကြၽန္မ မူးလဲသြားခဲ့တယ္။ ကြၽန္မ သတိရလာေတာ့ ေဆးရံုေပၚ ေရာက္ေနၿပီ။ ကြၽန္မရဲ႕ေဘးမွာ အေဖရယ္ ညီမေလးရယ္ ေမာင္ေလးရယ္က ငိုေနၾက တယ္။
"ႏွလံုးေရာဂါသည္ ငါ့သမီးေလး။ မိသားစုကို လုပ္ေကြၽးေနတဲ့ ငါ့သမီးေလး အျဖစ္ဆိုးလွခ်ည္လား"
"ေမာင္ေလးနဲ႔ ညီမေလးကို ထၾကည့္ပါဦးလားမမရဲ႕။ ေမာင္ေလးနဲ႔ညီမေလးကို ထၾကည့္ပါဦးလား၊ အီး...ဟီး..ဟီး.."
ကြၽန္မလက္နဲ႔ သူတို႔မ်က္ရည္ေတြကို သုတ္ေပးလိုက္ေပမယ့္ သူတို႔ပါးကို ထိလို႔မရဘူး။ ကြၽန္မ ေသဆံုးသြား တာလား။ ဟင့္အင္း။ ဒီကိစၥက ကြၽန္မအတြက္ သိပ္ၿပီး အေရးမႀကီးပါဘူး။ ဒီအခ်ိန္မွာ ကြၽန္မအလိုခ်င္ဆံုးက အခ်ိန္ေတြ ေနာက္ျပန္လွည့္ဖို႔ပဲ။ အခ်ိန္ေတြသာ ေနာက္ျပန္လွည့္ခြင့္ရခဲ့ရင္ေလ...။ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘဲ ကေလးလို ခ်င္တဲ့ အေျဖကို ကြၽန္မ ေပးလိုက္မယ္။ အသက္သံုးဆယ္အထိ မိသားစု တာ၀န္ေတြပိေနလို႔ ရင္ခုန္ဖို႔ အခ်ိန္ မ႐ွိခဲ့ တာ။ ယင္ဖိုေတာင္ မသန္းဖူးတာေတြ ကေလးကို ေျပာျပရမယ္။ ၿပီးေတာ့ ကေလးကို သိပ္ခ်စ္ေၾကာင္း ေျပာျပလိုက္ မယ္။ အခုအခ်ိန္မွာ ကေလးနဲ႔ အျမန္ေတြ႕ခ်င္တယ္။ ကေလး မသိတဲ့ အေၾကာင္းအရာေတြကို ကြၽန္မ ေျပာျပခ်င္ ေသးတယ္။
ဆယ္တန္းေအာင္စာရင္း မထြက္ခင္ညက ကေလးရဲ႕ အေဖ မမဆီလာသြားတာ ကေလးသိရဲ႕လား။အသက္အရြယ္ အရမ္းကြာတဲ့အျပင္ ဆင္းရဲတဲ့မမနဲ႔ ကေလးကို သေဘာမတူေၾကာင္း ေျပာသြားတာ ကေလးသိရဲ႕လား။ မမက အႀကီးပီပီ ဆင္ျခင္တံု တရားနဲ႔ ေနာက္ဆုတ္ေပးဖို႔ ေတာင္းဆိုသြားတာ ကေလးသိရဲ႕လား။ ကေလးကို စာသင္ၿပီး ငါးလအၾကာမွာ ေလျဖတ္ေနတဲ့ မမရဲ႕အေဖ အေရးေပၚျဖစ္လို႔ ကေလးရဲ႕အေဖက ေငြမ်ားစြာ ထုတ္ေပးခဲ့ရတာကိုေရာ ကေလးသိရဲ႕လား။ ကေလးက မမကိုခ်စ္တယ္လို႔ ေျပာတဲ့ေန႔က မမရင္ေတြတုန္လာၿပီး သတိ လစ္မလို ျဖစ္သြားခဲ့တာေရာ ကေလးသတိထားမိခဲ့ရဲ႕လား။ မမက ေန႔တိုင္းေန႔တိုင္း ႏွလံုးအားေဆးေတြ ေသာက္ေနရတဲ့ ႏွလံုးေရာဂါသည္ ဆိုတာေရာ ကေလးသိရဲ႕လား။ ဒီစကားေတြကို ကေလးသိေအာင္ ေျပာျပခ်င္လိုက္တာ။ ဒီအခ်ိန္ ကေလး ေဇာ္ဂ်ီျမစ္ေဘးမွာ ႐ွိမယ္မို႔လား။ ကေလးကို မမ ဘယ္ေလာက္ခ်စ္ေၾကာင္း ေဇာ္ဂ်ီျမစ္ႀကီးကို သက္ေသတည္ၿပီး ေျပာျပမယ္ေနာ္။
ေဇာ္ဂ်ီျမစ္ေဘးကို မမ ေျပးလာေနၿပီ။
ဟမ္စိုင္း(ေဆး\မန္း)
Youth Magazine
March,2016

Unicode Version

ဇော်ဂျီမြစ်ကို သက်သေတည်

Written by#ဟမ်စိုင်း(ဆေး\မန်း)
Youth Magazine
March,2016

"တစ်ချိန်ချိန်မှာ မမနောင်တ မရပါစေနဲ့"တဲ့လား ကလေးရယ်။ အခု မမရဲ့ ရင်ထဲမှာ နေဆယ်စင်းတစ်ပြိုင်နက်တည်း ထွန်းလင်းထားသလို ပူလောင်နေတာ ကလေးသိရဲ့လား။ ကတိသစ္စာတရားကို မျက်ကွယ်ပြုခဲ့လို့ ဒဏ်ခတ်ခံခဲ့ရတာလား ကလေးရယ်။
##################
"ဆရာမ စာသင်ပေးရမှာ ဒီကလေးပဲ။ အစစအရာရာ အပ်ပါတယ်"
ကလေးရဲ့အဖေက မိတ်ဆက် ပေးနေပေမယ့် ကလေးက အိပ်ရာပေါ်မှာ မလှုပ်မယှက် ထိုင်နေပြီး ကလေး ရဲ့ မျက်ဝန်းတွေက နံရံကို ငေးနေတယ်။ ကျွန်မကို အသိမှတ်ပြုတဲ့ အကြည့်လေး တစ်ချက်တောင် ကလေးက မတုန့်ပြန်ခဲ့ပါဘူး။
"သားလေး ဆယ်တန်းနှစ်မှာ ကျွန်တော်နဲ့ သူ့အမေ တရားဝင်ကွာရှင်းပြီး နောက်အိမ်ထောင် အသီးသီး ထူခဲ့ကြတာ ဆရာမ။ အဲတာကြောင့်လားမသိဘူး။ ငယ်ကတည်းက အတန်းတိုင်း ပထမ ရခဲ့တဲ့သားလေးက ဆယ်တန်းကို ကျခဲ့ တယ်လေ။ ဒီနှစ်လည်း Guideတွေ အိမ်ခေါ်သင်ပေးပေမယ့် သားလေးက စာထဲ စိတ်မဝင်စားတော့ဘူး။ စာသင်လို့ မရဘူးဆိုပြီး ဆရာတွေ ဆရာမတွေတစ်ယောက်ပြီး တစ်ယောက် လက်လျော့သွားကြတယ်။ သားလေးက စကား သိပ် မပြောတော့ဘူး။ အမြဲတမ်း တွေးနေငေးနေတာ"
ကျွန်မ အလုပ်လာလျှောက်တုန်းက ကလေးရဲ့အဖေ ပြောခဲ့တဲ့စကားတွေအရ ကလေးက စိတ်ဒဏ်ရာ ရနေ တယ်ဆိုတာ သိခဲ့ရတယ်။
"သား။ ဒီဆရာမက သားကို စာသင်ပေးလိမ့်မယ်။ ဆယ်တန်းတော့ အောင်အောင်ဖြေပါသားရယ်..နော်။ ဆယ်တန်းအောင်ရင် သားလိုချင်တာအားလုံး အဖေ ဝယ်ပေးမယ်။ အဖေ အလုပ် သွားတော့မယ်"
ကလေးရဲ့အဖေက ပြုံးပြုံးရွှင်ရွှင် စကားပြောနေပေမယ့် ကလေးက အင်းမလုပ် အဲ မလုပ်နဲ့ မျက်နှာက မှုန်ကုပ် နေတယ်။
"ဆရာမ ကျွန်တော် အလုပ်သွားလိုက်ဦး မယ်။ သားလေးကို ဂရုစိုက်ပေးပါဗျာ"
"ဟုတ်ကဲ့ရှင့်။စိတ်ချ လက်ချသွားပါ"
ကလေးရဲ့အဖေထွက်သွားတာနဲ့ ကလေးရဲ့အိပ်ရာပေါ် ဝင်ထိုင်ပြီး ကလေးရဲ့လက်ကို ကျွန်မ ကိုင်လိုက်တယ်။
"ကလေး။စာ မသင်ခင် မမရဲ့ အကြောင်း နည်းနည်းလောက် ပြောပါရစေနော်"
ကလေးရဲ့ မှိန်ဖျော့ဖျော့ မျက်ဝန်း။ ပြောရရင် ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ မျက်ဝန်းတွေက နံရံကိုငေးနေပေမယ့် ကလေးက ခေါင်းတစ်ချက် ညိတ်ပြတယ်။ ကလေးနဲ့ပိုပြီးရင်းနီးအောင်လို့ "ဆရာမ"ဆိုတဲ့ နာမ်စားကို မသုံးဘဲ "မမ" ဆိုတဲ့နာမ်စားပဲ သုံးဖြစ်ခဲ့တယ်။
"မမမှာ အမေမရှိတော့ပါဘူး။ မမက ကျောက်ဆည်မြို့၊အထက(၁)က အထက်တန်းပြ ကျောင်းဆရာမပါ။ ဒီနှစ်ထဲ မမရဲ့အဖေ သွေးတိုးကြောင့်လေဖြတ်ပြီး မမ အလုပ်ထွက်ခဲ့ရတယ်။ ပြင်ပဆရာမအဖြစ် ရပ်တည်ခဲ့ရတယ်။ ပြင်ပကျူရှင်တွေ လိုက်သင်လို့ရတဲ့ဝင်ငွေက အစိုးရလစာထက် ပိုများတော့ မမအတွက် အဆင်ပြေတယ်လေ။ အဖေ့ဆေးဖိုးတွေနဲ့ မမအောက်က ညီမနဲ့မောင်လေး ကျောင်းစရိတ်တွေအတွက် ကလေးတို့ အဖေပေးမယ့်လစာနဲ့မှ လောက်ငမှာမို့ ဒီအလုပ်ကို လာလျှောက်ခဲ့တာပါ။ ကလေးသာ စာကိုကြိုးစားသင်ခဲ့ရင် လစာ ပိုတိုးပေးမယ်လို့ ကလေးရဲ့အဖေက ပြောတယ်။ ကလေးသာ မမ စာသင်တာ လက်ခံပြီး စာကြိုးစားခဲ့ရင် မမတို့မိသားစုဘဝကို ကယ်တင်ရာ ရောက်ပါတယ်။ စာကြိုးစားပါလို့ မမ ကြိုတင်ပြီး တောင်းပန်ပါတယ်နော်။ လူသားလေးဦးဘဝကို ကယ်တင်တာ ကုသိုလ်ရပါတယ် ကလေးရယ်"
ကျွန်မရဲ့စကားရှည်ကြီးအဆုံးမှာ ကလေးမျက်ဝန်းက ကျွန်မမျက်နှာဘက် လှည့်လာခဲ့တယ်။ ကလေးရဲ့ မျက်ဝန်းထဲမှာ ကျွန်မကို သနားတဲ့ရောင်ခြည်တွေ ပြည့်နှက်နေတယ်။ ကလေးရဲ့အဖေ ပြောပြချက်တွေအရ ကလေးက လူတစ်ဖက်သားကို အရမ်းသနားတတ်တဲ့ အကြောင်းသိခဲ့ရတော့ ကျွန်မဘဝရဲ့ ဖြစ်ရပ်မှန်ကို အမှန် တိုင်းပဲ ဖွင့်ပြောလိုက်တယ်။ အောင်မြင်မှုအဖြစ် ကလေးရဲ့ အကြည့်တွေက စာကြည့်စားပွဲဆီ ရောက်သွားခဲ့တယ်။
#################
ကလေးကို စာသင်တာသာမက အစားအသောက်နဲ့ တခြားအစစအရာရာကို ကျွန်မရဲ့မောင်ငယ်လေးလို၊ သားတစ်ဦးလို ဂရုစိုက်ခဲ့တယ်။ မေတ္တာငတ်မွတ်နေတဲ့ ကလေးကို နွေးထွေးတဲ့ မေတ္တာနဲ့ ကြင်နာယုယမှုတွေ ပေးခဲ့ တယ်။ ကလေးက သူ့အဖေအရှေ့သာ စာကို စိတ်မဝင်စားသလို နေပြပေမယ့် သူ့အဖေ အိမ်ကထွက်သွားတာနဲ့ စာ ကို ကြိုးကြိုးစားစား သင်ယူတယ်။ ကျွန်မကိုလည်း အမေလိုအစ်မလို ခင်တွယ်သွားပြီး သူ့ရဲ့ရင်တွင်းခံစားမှုတွေကို ဖွင့်ဟ လာခဲ့တယ်။
"မမ..လူတွေက ဘာလို့ ကတိတစ်လုံးကို တန်ဖိုးမထားကြတာလဲ။ ကတိပေးတယ်ဆိုတာ လိမ်ညာလှည့်ဖြားနည်း တစ်မျိုးလား"
စာသင်တာ ခဏနားတဲ့အချိန် ကလေးက ကျွန်မမျက်ဝန်းကို တည့်တည့်ကြည့်ပြီးမေးလာတယ်။
"ဟမ်....ဘာဖြစ်လို့လဲကလေးရ"
"ကျွန်တော် ဆယ်တန်းကို စတက်ခါစမှာ အဖေနဲ့အမေရယ်လေ..။ ကွာရှင်းကြတော့မယ်တဲ့။ သူတို့ကွာရှင်းကြမယ်ဆိုတော့ ကျွန်တော်ငိုယိုပြီး မကွာရှင်းဖို့တောင်း ပန်တယ်။ အဖေနဲ့အမေသာ ကွာရှင်းရင် ကျွန်တော် ဆယ်တန်းကို မဖြေတော့ဘူးလို့ပြောခဲ့တာ။ အဲဒီတုန်းက အဖေရော အမေရော မကွာရှင်းတော့ဘူးလို့ ကတိပေးခဲ့ကြတာ။ ဒါပေ မယ့်..."
ကလေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စကားဆက်ပြောတယ်။
"အဖေနဲ့အမေ ကွာရှင်းခဲ့ကြတယ်။ အိမ်ကနေ အမေထွက်သွားခါနီးမှာ အဖေက`နင် ငါ့ကို မချစ်လို့ထွက်သွားတာ ငါဝမ်းမနည်းဘူး။ ငါ့ဘဝမှာ ငါ့သားတစ်ယောက်လုံး ရှိသေးတယ်။ ငါ့ဘဝက သားအတွက်ပဲ ဖြစ်စေရမယ်´လို့ ပြော ခဲ့တာ။ ရှစ်လတောင် မကြာပါဘူး။ နောက်အိမ်ထောင်ပြုတယ်။ အဖေက သူ့ရဲ့ ပွဲရုံလုပ်ငန်းတွေနဲ့ မိုးလင်းမိုးချုပ် အိမ်ကပ်တယ် မရှိဘူး။ ညပြန်လာရင်လည်း သူ့နောက်မိန်းမနားမှာပဲ။ ကျွန်တော့်အတွက် အဖေ့မှာ အချိန်မရှိဘူး။ ဖုန်းနေ့တိုင်း ဆက်မယ်လို့ ကတိပေးသွားတဲ့ အမေက လည်း စင်ကာပူကနေ တစ်လနေလို့ ဖုန်းတစ်ခါ မဆက်ဘူး"
အို..ကလေးမျက်ဝန်းမှာ မျက်ရည်စတွေ တွဲလွဲခိုနေပါလား။ မိဘတွေဆိုတာ သားသမီးတွေအတွက် မြင်းမိုရ်တောင်ဆိုပေမယ့် အဲ့ဒီမြင်းမိုရ်တောင် ပြိုလဲတော့ တောင်အောက်ခြေက ကလေးပဲ အပိခံရပြီး မချိမဆန့် ခံစားရ တယ်မို့လား။ ကတိမတည်တဲ့ ကလေးရဲ့မိဘတွေကို ကျွန်မ မုန်းလိုက်တာ။ ကလေးအတွက်လည်း ကျွန်မ စိတ်မကောင်းဘူး။ ဒီလောက် လိမ္မာရေးခြားရှိတဲ့ ကလေးရဲ့ ဘဝကို ဘယ်ကံကြမ္မာ နတ်မင်းက ဒီလိုဖြစ်အောင် ရေးဆွဲ လိုက်တာလဲ။ အဲဒီကံကြမ္မာနတ်မင်းသာ ကျွန်မအရှေ့ရောက်လာရင် စိတ်ရှိလက်ရှိ ဆွဲကုပ်ပစ်လိုက်မယ်။ ကလေး ကို ဘယ်လို စကားတွေနဲ့ ဖြေသိမ့်ပေးရမလဲ စဉ်းစားနေတုန်း ကျွန်မပါးမှာ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်မရဲ့ ဘယ်ဘက်ရင်အုံက စူးနစ်နာကျင် လာပြီး အသက်ရှူကြပ်လာ ခဲ့တယ်။ ခေါင်းထဲမှာ တရိပ်ရိပ်ဖြစ်ပြီး မူးလာတယ်။
"ဒါပေမယ့် မမနဲ့ ဆုံတွေ့ခွင့်ပေးတဲ့ ဘုရား သခင်ကို ကျွန်တော် ကျေးဇူးတင်တယ်။ မမကကျွန်တော့် ဘဝကန္တာရ ရဲ့အိုအေစစ် ပဲ။ မမကို ကျေးဇူးအရမ်းတင်တယ်"
#######################
ကလေးက ဒီနေ့စာမသင်ဘဲ ကျောက်ဆည်မြို့ထဲ လျှောက်လည်ချင်တယ်ဆိုလို့ သူ့အဖေကို ကျွန်မ ဖုန်း ဆက်တော့
"ရပါတယ်ဆရာမ။ နေ့တိုင်း စာသင်နေရင် ငြီးငွေ့နေမှာပေါ့။ ကျွန်တော် ကားဒရိုက်ဘာနဲကားတစ်စီး အမြန်လွှတ် လိုက်မယ်"
ဒီလိုနဲ့ ကလေးသွားချင်တဲ့ ဇော်ဂျီ မြစ်ဘေးကို ရောက်ခဲ့ရတယ်။ ဇော်ဂျီမြစ်ရေတွေက တသွင်သွင် စီးဆင်းနေတယ်။ မြစ်ကမ်းဘေးမှာ အတူတူထိုင်နေတဲ့ အတွဲတွေကိုလည်း တွေ့ရတယ်။ မြစ်ရေကို ဖြတ်ပြီးတိုက်ခတ်လာ တဲ့ လေပြည်လေညင်းတွေကြောင့် ကျွန်မရဲ့ ဆံစတွေက လေထဲမှာ ဝဲနေတယ်။
"ကဲ ပြောပါဦး။ ရွှေသာလျောင်းတောင် မတက်ဘဲ ဘာလို့ ဇော်ဂျီမြစ်ဘေးကို လာချင်ရတာလဲ"
ကလေးရဲ့မျက်ဝန်းတွေက တစ်ခုခုကို စိုးရွံ့နေသလိုပဲ။တစ်ခုခုကို ပြောဖို့ အားယူနေပုံရတယ်။ သက်ပြင်းတွေလည်း ခဏခဏ ချနေတယ်။ ကလေးက အသက်ကို ၀၀ရှူသွင်းပြီး
"မမ...ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။ မမကို ကျွန်တော် ချစ်တယ်။ ဆယ်တန်းအောင်ပြီးမှ ဖွင့်ပြောရင် နောက်ကျသွား မှာ စိုးလို့ပါ။ စိတ်မဆိုးပါနဲ့နော်"
ကျွန်မ လုံးဝထင်မှတ်မထားတဲ့ စကားတွေပါ။ ကလေးအပေါ် အစ်မတစ်ယောက်လို၊ မိခင်အရင်းတစ် ယောက်လို ကြင်နာမှုတွေ ပေးခဲ့တဲ့အပေါ် ကလေးက သာယာသွားတာလား။ သူ့ထက် အသက် ဆယ်နှစ် ကျော်ကြီး တဲ့ ကျွန်မကို ကလေးက ချစ်တယ်တဲ့လား။
"မမ စိတ်ဆိုးသွားပြီလား။ စိတ်မဆိုးပါနဲ့နော်။ ကျွန်တော်ကို ပြန်ချစ်ပါမမရာ။ မမက ကျွန်တော့်ဘဝပါ"
ကျွန်မလက်ကို ကိုင်ပြီး သူလိုချင်တဲ့ အရာအတွက် ကလေးက တတွတ်တွတ် တောင်းဆိုနေတယ်။ ကလေး ရဲ့မျက်ဝန်းတွေနဲ့ ဆုံတွေ့ခိုက် ကျွန်မ တစ်စုံတစ်ရာကို သတိထားမိလိုက်တယ်။ အိုး...ဘုရားသခင်။ အသက်သုံး ဆယ်အရွယ် ကျွန်မရဲ့ရင်တွေက ခုန်နေပါလား။ ကျွန်မကရော ကလေးကို ချစ်နေတာလား။ လေတိုက်တာ၊ သစ် ရွက် လှုပ်တာတောင် ရင်ခုန်တတ်တဲ့ ကလေးအရွယ်က ကျွန်မကို ချစ်တယ်လို့ ပြောတာ အပြစ်မဟုတ်ပေမယ့် ကျွန်မလို အသက်သုံးဆယ်အရွယ် ဆရာမက လူ့ကျင့်ဝတ်တွေကို စောင့်ထိန်း ရမယ်မို့လား။
"ပြောပါမမရဲ့။ ကျွန်တော့်ကို ချစ်တယ်မို့လား"
ကျွန်မ ဘာပြန်ပြောရမလဲကွယ်။ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားပေမဲ့ ဆုံးဖြတ်ချက် တစ်ခုကို အမြန်ချလိုက်တယ်။
"ကလေး ဆယ်တန်းကို ဂုဏ်ထူးတွေ နဲ့အောင်တဲ့နေ့ ကလေးလိုချင်တဲ့ အဖြေကို မမပေးပါ့မယ်"
ကလေးမျက်နှာမှာ အပျော်တွေက ဖုံးမရဖိမရ ပေါ်လွင်လာတယ်။
"တကယ်နော်မမ။မမ မညာရဘူးနော်။ မညာဘူးလို့ ကတိပေး။ လာ လက်သန်းချင်း ချိတ်မယ်"
လက်သန်းလေး ကွေးကာပေးလာတဲ့ ကလေးရဲ့လက်သန်းနဲ့ကျွန်မရဲ့လက်သန်းကိုချိတ်လိုက်ပြီး
"ဒီဇော်ဂျီမြစ်ကြီးကို မမ သက်သေ တည်မယ်။ စိတ်ချ ကလေး။ ဒီမြစ်ရေတွေ မခန်းခြောက်သ၍ မမရဲ့ကတိ မပျက်စေရဘူး"
##############
"မမမှာ ချစ်သူရှိတယ်။ ကလေး ဆယ်တန်းကို ဖြေဖြစ်အောင်လို့ မမလိမ်ခဲ့ရတာ"
ကျွန်မရဲ့စကားတွေက ဆယ်တန်းကို ဂုဏ်ထူးသုံးခုနဲ့အောင်လို့ ကျွန်မဆီ ဝမ်းသာအားရ ပြေးလာတဲ့ ကလေးရင်ခွင်ကို ဆောင့်ကန်လိုက်သလို ဖြစ်မှာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကလေးကို နေမြင့်လေ အရူးရင့်လေ မဖြစ်စေချင်ပါဘူး။ ကလေးမျက်ဝန်းက မှုန်မှိုင်းသွားတယ်။
"မမ ကျွန်တော်ကို ကျီစားနေတာမို့လား။ မမ ကျွန်တော့်ကို နောက်နေတာမို့လား။ ဟင်..ပြောပါ မမရဲ့။ ဒါ အမှန် မဟုတ်ဘူး မို့လား"
"ဒါ အမှန်တရားပဲကလေး။ မမ မလိမ်ဘူး"
ကလေးက ခေါင်းထပ်ခါထပ်ခါ ခါရင်း
"ဘာလဲ။ အဖေက သဘော မတူမှာ ကြောက်လို့လား။ စိတ်ချပါ မမရဲ့။ ဆယ်တန်းဖြေပြီးကတည်းက အဖေ့ကို ဒီကိစ္စ ပြောပြထားတာ။ ဆယ်တန်းအောင်ရင် သားသဘောလို့ အဖေကပြောပြီးသား"
"မဟုတ်ဘူးကလေး။မမက မမရဲ့ချစ်သူနဲ့ မကြာခင် လက်ထပ်တော့မှာ"
ကလေးရဲ့ မျက်ဝန်းက မျက်ရည်တွေ စီးကျလာတယ်။ကလေးက လက်နှစ်ဘက်ကို ကျစ်နေအောက်ဆုပ်ရင်း တအိအိ ရှိုက်ငိုတယ်။
"မမပြောတော့ ကျွန်တော် ဆယ်တန်းအောင်ရင် ကျွန်တော်လိုချင်တဲ့ အဖြေပေးမယ်ဆို။ မမရဲ့ကတိတွေက ဇော်ဂျီ မြစ်ရေတွေ ခန်းခြောက်သွားမှ ပျောက်ကွယ်မယ်ဆို။ လူအားလုံးက ဒီလိုချည်းပဲလား။ ဘာလို့ ကျွန်တော့်ယုံကြည်မှုကို အလွဲသုံးစား လုပ်ရတာလဲ။ ကျွန်တော့်အပေါ်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ။ အီး...ဟီး...ဟီး...။ မမ သိပ်ရက်စက်တယ်"
အပြစ်ရှိသူမို့ကလေးရဲ့မျက်ဝန်း တွေကို ကျွန်မ ရင်မဆိုင်ရဲခဲ့ဘူး။
"အဖေနဲ့အမေ။ ပြီးတော့ မမ။ အားလုံးက လူလိမ်တွေ။ လုပ်ရက်လိုက်တာဗျာ။”
"မမ စိတ်မကောင်းပါဘူး။ မမကို ခွင့်လွှတ်ပါကလေး။ မမကို တကယ် ချစ်တယ်ဆိုရင် ကလေးရဲ့ဘဝကို တိုးတက်အောင် ကြိုးစားပါ။ ပျော်ပျော်ရွှင်ရွှင်နေပါ။ အဲဒီ ကတိတော့ မမကိုပေးပါ"
ကလေးက နာကျဉ်နေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်မကို ကြည့်လာတယ်။
"ကျွန်တော် ခေါင်းညိတ်လိုက်ရင် မမ ပျော်မယ်မို့လား။ကျွန်တော့်ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်ပါ့မယ်လို့ ကတိ သစ္စာပြုရဦးမှာလား။ ကတိတွေကရော ယုံကြည်ရလို့လား။ ဒီကိစ္စအတွက် တစ်ချိန်ချိန်မှာ မမ နောင်တ မရပါစေနဲ့"
####################
"တစ်ချိန်ချိန်မှာ မမ နောင်တ မရပါစေနဲ့"တဲ့လား ကလေးရယ်။ အခု မမရဲ့ ရင်ထဲမှာ နေဆယ်စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းထားသလို ပူလောင်နေတာ ကလေးသိရဲ့လား။ ကတိသစ္စာတရားကို မျက်ကွယ်ပြုခဲ့လို့ ဒဏ်ခတ်ခံခဲ့ရတာလား ကလေးရယ်။
"ဆရာမ စာသင်ပေးနေတဲ့ ကလေးလေးလေ။ ဇော်ဂျီ မြစ်ထဲမှာ သူ့ကိုယ်သူ ရေနှစ်ပြီး သတ်သေသွားတယ်တဲ့။"မမ၊အဖေနဲ့ အမေ ပျော်ရွှင်ပါစေ"ဆိုတဲ့ စာနဲ့အတူ သူ့ကိုယ်သူသတ်သေကြောင်း စာကို ရေးထားခဲ့သတဲ့။ သူ့အဖေက စာကိုတွေ့တော့ အမြန်လိုက်သွားပေမယ့် အချိန်နှောင်းသွားတယ်တဲ့။ မြစ်ကမ်းဘေး အောက်ခြေက ကျောက်တုံးမှာ သူ့ကိုယ်သူ ကြိုးနဲ့တုပ်ပြီး သတ်သေ သွားတာတဲ့"
ရပ်ကွက်ထဲက လူတစ်ဦး သယ်ယူလာတဲ့ အဲ့ဒီသတင်းဆိုးကို ကြားရတော့ ကျွန်မ မူးလဲသွားခဲ့တယ်။ ကျွန်မ သတိရလာတော့ ဆေးရုံပေါ် ရောက်နေပြီ။ ကျွန်မရဲ့ဘေးမှာ အဖေရယ် ညီမလေးရယ် မောင်လေးရယ်က ငိုနေကြ တယ်။
"နှလုံးရောဂါသည် ငါ့သမီးလေး။ မိသားစုကို လုပ်ကျွေးနေတဲ့ ငါ့သမီးလေး အဖြစ်ဆိုးလှချည်လား"
"မောင်လေးနဲ့ ညီမလေးကို ထကြည့်ပါဦးလားမမရဲ့။ မောင်လေးနဲ့ညီမလေးကို ထကြည့်ပါဦးလား၊ အီး...ဟီး..ဟီး.."
ကျွန်မလက်နဲ့ သူတို့မျက်ရည်တွေကို သုတ်ပေးလိုက်ပေမယ့် သူတို့ပါးကို ထိလို့မရဘူး။ ကျွန်မ သေဆုံးသွား တာလား။ ဟင့်အင်း။ ဒီကိစ္စက ကျွန်မအတွက် သိပ်ပြီး အရေးမကြီးပါဘူး။ ဒီအချိန်မှာ ကျွန်မအလိုချင်ဆုံးက အချိန်တွေ နောက်ပြန်လှည့်ဖို့ပဲ။ အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရခဲ့ရင်လေ...။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကလေးလို ချင်တဲ့ အဖြေကို ကျွန်မ ပေးလိုက်မယ်။ အသက်သုံးဆယ်အထိ မိသားစု တာဝန်တွေပိနေလို့ ရင်ခုန်ဖို့ အချိန် မရှိခဲ့ တာ။ ယင်ဖိုတောင် မသန်းဖူးတာတွေ ကလေးကို ပြောပြရမယ်။ ပြီးတော့ ကလေးကို သိပ်ချစ်ကြောင်း ပြောပြလိုက် မယ်။ အခုအချိန်မှာ ကလေးနဲ့ အမြန်တွေ့ချင်တယ်။ ကလေး မသိတဲ့ အကြောင်းအရာတွေကို ကျွန်မ ပြောပြချင် သေးတယ်။
ဆယ်တန်းအောင်စာရင်း မထွက်ခင်ညက ကလေးရဲ့ အဖေ မမဆီလာသွားတာ ကလေးသိရဲ့လား။အသက်အရွယ် အရမ်းကွာတဲ့အပြင် ဆင်းရဲတဲ့မမနဲ့ ကလေးကို သဘောမတူကြောင်း ပြောသွားတာ ကလေးသိရဲ့လား။ မမက အကြီးပီပီ ဆင်ခြင်တုံ တရားနဲ့ နောက်ဆုတ်ပေးဖို့ တောင်းဆိုသွားတာ ကလေးသိရဲ့လား။ ကလေးကို စာသင်ပြီး ငါးလအကြာမှာ လေဖြတ်နေတဲ့ မမရဲ့အဖေ အရေးပေါ်ဖြစ်လို့ ကလေးရဲ့အဖေက ငွေများစွာ ထုတ်ပေးခဲ့ရတာကိုရော ကလေးသိရဲ့လား။ ကလေးက မမကိုချစ်တယ်လို့ ပြောတဲ့နေ့က မမရင်တွေတုန်လာပြီး သတိ လစ်မလို ဖြစ်သွားခဲ့တာရော ကလေးသတိထားမိခဲ့ရဲ့လား။ မမက နေ့တိုင်းနေ့တိုင်း နှလုံးအားဆေးတွေ သောက်နေရတဲ့ နှလုံးရောဂါသည် ဆိုတာရော ကလေးသိရဲ့လား။ ဒီစကားတွေကို ကလေးသိအောင် ပြောပြချင်လိုက်တာ။ ဒီအချိန် ကလေး ဇော်ဂျီမြစ်ဘေးမှာ ရှိမယ်မို့လား။ ကလေးကို မမ ဘယ်လောက်ချစ်ကြောင်း ဇော်ဂျီမြစ်ကြီးကို သက်သေတည်ပြီး ပြောပြမယ်နော်။
ဇော်ဂျီမြစ်ဘေးကို မမ ပြေးလာနေပြီ။

ဟမ်စိုင်း(ဆေး\မန်း)
Youth Magazine
March,2016

No comments:

Post a Comment