Zawgyi Version
“ အခ်စ္ေရ႕ ”
(၁)
ကၽြန္ေတာ္ ေက်ာင္းမေနရေသး။ ရြာထဲက သက္တူရြယ္တူေတြ၊
ေက်ာင္းတက္ေနသူေတြႏွင့္ ရြာရိုးကိုးေပါက္ လည္တတ္ၿပီ။ အလည္လြန္လွ်င္
အေမရိုက္သည္ကို မၾကာခဏ ခံရသည္။ ကုလားမန္က်ည္းသီးႏွင့္
ေရသဖန္းပင္ႀကီးေပၚသို႔ တက္ေသာေၾကာင့္ အေဖ့ႀကိမ္ခ်က္ ခဏခဏမိသည္။
ေရသဖန္းသီးမွည့္ကို ကၽြန္ေတာ္ႀကိဳက္သည္။ မျပတ္သီး၊ မျပတ္မွည့္တတ္၍
ေရသဖန္းပင္ႀကီးရွိရာသို႔ မၾကာခဏေရာက္သည္။ လက္တစ္ကမ္းမွစ၍
အကိုင္းႀကီးေတြျဖာေနသျဖင့္ တက္ရသည္မွာ ေလွကားနင္းရသလို အရသာရွိသည္။
အခက္အလက္ အရြက္ေတြအုပ္ဆိုင္းကာ ပင္စည္အလယ္ခြၾကားကိုင္းဖ်ားအထိ
အသီးေတြခဲေန၏။ သီးကင္းေတြ၊ သီးစိမ္းေတြ၊ ၀င္းေရာင္ေတြ၊ အမွည့္ေတြ
ကၽြန္ေတာ္တို႔အတြက္ ရတနာသိုက္။
ေရသဖန္းပင္ႀကီးေပၚတြင္ ထိုင္ကာ ဆြတ္စားသည္။ ထိုအခ်ိန္တြင္ အပင္ႏွင့္ စည္းရိုးကပ္ေနေသာ အိမ္မွအသံကို နားယဥ္စျပဳေနေပၿပီ။ ဘႀကီး ဦးဘၾကင္ ေဒါပြေနၿပီ။ ႀကီးႀကီးေဒၚေရႊက ျပန္ေဟာက္ေနၿပီဟု သိေနက်။ ဘႀကီး ဦးဘၾကင္သည္ ငါးမိုင္ေလာက္ေ၀းေသာ ဘူတာတြင္ အလုပ္ဆင္းရသည္။ ရထားသံလမ္း အလုပ္သမား။ ႀကီးႀကီးေဒၚေရႊက ျခံထြက္ပစၥည္း ကုန္စိမ္းေရာင္းသည္။ ထိုႏွစ္ေယာက္သည္ တက်က္က်က္။

(၂)
ကၽြန္ေတာ္ေလးတန္းေအာင္ေသာအခါ ဘူတာရံုအေရွ႕ဘက္ အစိုးရေက်ာင္းတြင္
ေက်ာင္းဆက္တက္ရသည္။ ငါးတန္းသမား ေလးငါးေယာက္ႏွင့္အတူ
ငါးနာရီေက်ာ္ေက်ာ္ေလာက္တြင္ ရြာမွထြက္ရသည္။ ထိုသို႔ ေက်ာင္းသြားရတိုင္း
ဘႀကီး ဦးဘၾကင္တို႔အိမ္ေရွ႕မွ ျဖတ္၍ ေလွ်ာက္ရသည္။ “ ေဟ့…မယ္ေရႊ၊
ေရေႏြးၾကမ္းက ဘယ္ကမၻာက်မွရမွာလဲ။ အိုးထဲထည့္ထားတာ ၾကာလွပေကာ ” “
ရွင္လာယူေတာ့ ဘာျဖစ္မလဲ ” “ ငါခူးေပးထားတဲ့ ဒန္႔ဒလြန္သီးေတြ စည္းေတာ့ေလ၊
ဘယ္အခ်ိန္ေရာင္းမွာလဲ ” “ ညကတည္းက သင္အူနဲ႔ စည္းထားတာ ရွင္မျမင္ဘူးလား ” “
ရွင့္ဘာသာရွင္ ညက ဘုတ္အုပ္ဖတ္ၿပီး ဘုရားစင္တင္ထားတာ က်ဳပ္ကို
ဘာလို႔ေမးေနရသတုန္း ” အခ်ီအခ်သံေတြ ၾကားေနက်။
(၃)
ဆယ္တန္းေအာင္စာရင္း ေမွ်ာ္ရစဥ္အတြင္း သံေခ်ာင္းႏွင့္
ညိဳႀကီးတို႔၏အိမ္သို႔ ကၽြန္ေတာ္သြားသည္။ ကၽြန္ေတာ္၏သူငယ္ခ်င္းေတြက
ေက်ာင္းဆက္မေနၾက။ သံေခ်ာင္းက ကၽြန္ေတာ္ ကိုးတန္းအေရာက္တြင္
မိေခ်ာင္းအိုင္ရြာမွ အမ်ိဳးသမီးႏွင့္ အိမ္ေထာင္ျပဳလိုက္သည္။ မိဘရိုးရာ
လယ္ယာကိုင္းကၽြန္း လုပ္ကိုင္ေနသည္။ ညိဳႀကီးက မီးရထားသံလမ္းဘက္တြင္
အလုပ္၀င္သည္။ ညိဳႀကီး အိမ္ေထာင္မက်ေသး။ ညိဳႀကီးကိုေခၚကာ
သံေခ်ာင္း၏လယ္တဲသို႔သြားသည္။ ေရာက္ရာရာ စကားေျပာၾကသည္။
ကေလးဘ၀ကအေၾကာင္းေတြေျပာၾကရင္း ေရသဖန္းသီး၊ ကုလားမန္က်ည္းသီးႏွင့္
ပုတ္သင္ညိဳတို႔အေၾကာင္း စကားေရာက္သည္။ ဘႀကီး ဦးဘၾကင္တို႔
လင္မယားအေၾကာင္းကို စကားဆိုက္လာသည္။ ညိဳႀကီးက ….
“ သူတို႔ၾကည့္ရတာ မတည့္အတူေနကြ ေနာ္ … ငပါ ”
ကၽြန္ေတာ့္ကိုေျပာသည္။ “ အင္း ” ဟု ကၽြန္ေတာ္ေျပာသည္။ သံေခ်ာင္းက ….
“ အသြင္မတူ အိမ္သူမျဖစ္တဲ့ ”
သံေခ်ာင္း၏ စကားပံုသည္လည္း မွန္သည္။ ကၽြန္ေတာ္က ….
“ ငါတို႔ ကေလးေပါက္စကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းမဆိုင္နဲ႔၊ ဆိုင္တာနဲ႔ ဗ်စ္ေတာက္ ဗ်စ္ေတာက္၊ နားေရာ ပါးစပ္ေရာ မသက္သာလိုက္တာ။ သူတို႔လင္မယားၾကည့္ၿပီး အိမ္ေထာင္ျပဳရမွာ ေၾကာက္ေတာင္ေၾကာက္လာတယ္။ လင္မယားဆိုတာ လင္က မယားကိုဆူ၊ မယားက လင္ကိုမာန္၊ စိတ္ညစ္စရာႀကီး …. ”
သံေခ်ာင္းက ေခါင္းခါသည္။ မည္းခ်ိပ္ခ်ိပ္မ်က္ႏွာကို ရႈံ႕ၿပီး ….
“ ငါလည္း မိန္းမယူမယ့္သာ ယူရတာ၊ ဘႀကီး ဦးၾကင္တို႔ လင္မယားလိုဆို ဒုကၡပဲလို႔ တစ္ခါတစ္ခါ ေတြးမိတယ္ဟ ”
ညိဳႀကီးက ေကာက္ေကြးေနေသာ ဆံပင္ကိုကုတ္ကာ တဟားဟားရယ္၏။

(၄)
ဥပစာအပိုင္း(ခ) စာေမးပြဲကို ဇြန္လတြင္ ျပန္မေျဖရေအာင္ ကိစၥျဖတ္ခဲ့ၿပီး
ရြာမွာျပန္ေနသည္။ ရြာမွာ အေျပာင္းအလဲေတြ ျဖစ္စျပဳေန၏။
ဘုန္းေတာ္ႀကီးေက်ာင္းသည္ ကၽြန္ေတာ္ စာသင္ရာေက်ာင္း ျဖစ္ခဲ့ေသာ္လည္း ယခုအခါ
မူလတန္းေက်ာင္းတစ္ေက်ာင္း ေဆာက္ၿပီးေပၿပီ။ ဆရာေတာ္ႀကီးေက်ာင္း၀င္းထဲ၌
လက္ဆြဲတံုကင္ေရစက္ တပ္ၿပီးေပၿပီ။ စူဠာမဏိေစတီေတာ္ႏွင့္
ဆရာေတာ္ႀကီးေက်ာင္းတြင္ လွ်ပ္စစ္မီးစက္ ရွိေနေပၿပီ။ ကားလမ္းႏွင့္
ရထားလမ္းသို႔သြားရာ လွည္းလမ္းသည္ ေက်ာက္ခင္းလမ္း ျဖစ္ေနေပၿပီ။
မီးျခစ္ဆန္ ႀကဲထားသလိုျဖစ္ေနေသာ အိမ္ႏွင့္လမ္းကို အကြက္ျပန္ရိုက္သည္။ တံုးကုလားျဖင့္ အိမ္ေရႊ႕ၾကသည္။ လမ္းသည္ အေရွ႕ အေနာက္ ေတာင္ ေျမာက္ တည့္တည့္။ အိမ္ေတြ ညီညီညာညာ။ က်ားလန္၀ါးခၽြန္စည္းရိုးေတြ သပ္သပ္ရပ္ရပ္။ လမ္းေဖာက္လိုက္ေသာေၾကာင့္ ကုလားမန္က်ည္းသီးပင္ကား မရွိေတာ့။ ေရသဖန္းပင္ႀကီးသည္ ဘႀကီး ဦးဘၾကင္တို႔၏ အိ္မ္၀ိုင္းထဲသို႔ ေရာက္သြား၏။
“ ေရွ႕ႏွစ္ဆို ဒီမွာ အလယ္တန္းေက်ာင္း ရမယ္ကြ ”
အေဖက ၀မ္းသာအားရ ေျပာသည္။ အေမက ….
“ ေျမပဲႏွင့္ ႏွမ္း အစမ္းခ်ၾကည့္တာ ေအာင္တယ္ သားေရ႕ ”
အေမက စိုက္ပ်ိဳးေရးအေၾကာင္း ေျပာသည္။ ညိဳႀကီးက အေဖ့ကို ….
“ ဒါေပမဲ့ ဦးရီးရ၊ မေျပာင္းလဲတာကေတာ့ ဦးဘၾကင္တို႔ လင္မယားပဲဗ်ေနာ္ ”
ကၽြန္ေတာ္ ရယ္လိုက္သည္။ အေမက …..
“ အစ္မေဒၚေရႊက ျခံထဲမွာ စုိက္ထားတာေတြ႕လား၊ ဒန္႔ဒလြန္ပင္ အပင္သံုးဆယ္ေက်ာ္။ မႏွစ္ကစၿပီး ငွက္စာေဆာ္ၿပီ။ စားပင္သီးပင္ေတြလည္း မနည္းပါဘူး။ အစ္ကိုဘၾကင္ ပင္စင္နဲ႔က ဘယ္စားေလာက္မွာလဲ။ အစ္ကိုဘၾကင္က တရားစာအုပ္ေတြဖတ္၊ ဆရာေတာ္ေလးနဲ႔ တရားေဆြးေႏြး။ အင္း…ၿပီးေတာ့ အစ္မေဒၚေရႊနဲ႔ ဆူညံဆူညံလုပ္၊ ဒါပဲေလ ”
အေဖက ေဆးငံုသံျဖင့္ ရယ္သည္။

(၅)
ကၽြန္ေတာ္ စိတ္၀င္စားေသာ အမ်ိဳးသမီး၏အမည္ကို ကၽြန္ေတာ္ မသိရေသး။
အင္းလ်ားေဆာင္မွာေနသည္ဟုေလာက္သာ ကၽြန္ေတာ္သိရသည္။ သူငယ္ခ်င္းတစ္ေယာက္က
စံုစမ္းေပးသည္။ ‘ ဒီပဲယင္းသူ ’ ဟု ေျပာသည္။ နာမည္က မေသခ်ာ။ စိန္စိန္လား၊
ခင္ခင္စိန္လား၊ ရင္ရင္စိန္လား မသိ။ ပဲခူးေဆာင္သား သူငယ္ခ်င္းက “
က်ားခင္စိန္၊ ဓားခင္စိန္၊ ဒါမွမဟုတ္ ကန္ေတာ္မင္ မမင္းစိန္ပဲ ျဖစ္မယ္ ”
ေျပာ၏။ သူသည္ အရပ္ေကာင္းသည္။ ဆံဖ်ား ဖ၀ါးထိသည္။ ညိဳေခ်ာ။ ကၽြန္ေတာ္က
၀လာသည္။ အသားပိုျဖဴလာသည္။ ဦးစြန္းဆံပင္ ပါးသည္ထက္ပါးလာသည္။ ထို႔ေၾကာင့္ “
လိုက္ပါ့ကြာ ” ဟု ဒကၡိဏအေဆာင္ေန အခန္းေဖာ္ သူငယ္ခ်င္းကေျပာသည္။ “ ေနပါဦး
တင့္လြင္ရာ၊ မင္းကစကားေျပာရင္ ေလသံေလး ဖေယာင္းေပၚဂြမ္းတင္ထားသလို၊
သြားတာလာတာကအစ နမ္းမေတာ္မယ္ႏု။ က်ားခင္စိန္က စစ္သမီးလား ထင္ရတယ္၊
ဆတ္ဆတ္ႀကဲ။ ေျပာင္းျပန္ႀကီး၊ မင္းေျပာဖူးတဲ့ မင္းတို႔ရြာက ဘႀကီးဦးဘၾကင္
လင္မယားလက္သစ္ ျဖစ္ေနပါဦးမယ္ ” ဟု ေျပာသည္။
မၾကာမီ စိန္ႏွင့္ ကၽြန္ေတာ္ သိသည္၊ ခင္သည္၊ ရင္းသည္။
အခ်စ္ကို ကၽြန္ေတာ္ ေတြးေတာရေပၿပီ။

(၆)
ဂုဏ္ထူးတန္းတက္ခြင့္ရသည္။
ပါေမာကၡက ႀကိဳးစားရန္ အလားအလာရွိသည့္စကား ေခၚေျပာသည္။
တကၠသိုလ္၏ စိန္ပန္းပြင့္ေတြကို စတုတၳအႀကိမ္ ျမင္ရမည့္ႏွစ္တြင္ ရြာသို႔ ကၽြန္ေတာ္ျပန္ျဖစ္သည္။ သံေခ်ာင္းက ဘူတာတြင္ ႏြားလွည္းျဖင့္ ဆင္းႀကိဳသည္။ ရြာတြင္ အုန္းပင္ေတြ၊ ကြမ္းသီးပင္ေတြ အုပ္ဆိုင္းေန၏။ အိမ္ေခါင္အျမင့္ မကေတာ့။ ေသြ႕ေျခာက္ေသာအဆင္း ရြာတြင္မရွိေတာ့။ ရြာ၏ စည္ကားေသာလကၡဏာတြင္ အိမ္ႀကီးအိမ္ေကာင္း၊ သစ္ရိပ္၀ါးရိပ္သာမက ေရာင္းေရး၀ယ္တာပါ ဖြ႔ံလာေလ၏။
“ ဒါထက္ ဘႀကီး ဦးဘၾကင္ျခံထဲက သဖန္းသီးေကာမွည့္ေလာက္ၿပီ သံေခ်ာင္း ”
“ မင္း စားမလို႔လား ငပါ ”
“ ေအး…. ”
“ သဖန္းလည္း မွည့္ပါ့၊ ဘႀကီးတို႔လင္မယားလည္း ခုထိ ဆူပါ့ပူပါ့ ”
ခုႏွစ္ဆယ္ေက်ာ္၊ ရွစ္ဆယ္တြင္းေတာ့ ရွိမည္ဟု ဘႀကီး ဦးဘၾကင္တို႔ လင္မယား၏အသက္ကို မွန္းသည္။
“ ညေနက်ရင္ သြားလည္ရေအာင္ သံေခ်ာင္း ”
“ ညိဳႀကီး အလုပ္ျပန္တဲ့အထိေစာင့္ၿပီး သူ႔ပါ ေခၚသြားရေအာင္ ”
“ အပင္ႀကီးက အေတာ္အိုၿပီ ”
“ မႏွစ္က ေသမလို ရြက္ဖ်ားေတြ ေျခာက္လာတယ္။ ႀကီးႀကီးေဒၚေရႊက ဓာတ္ေျမၾသဇာထည့္၊ ႏွမ္းဖတ္ ၾကက္ေခ်းထည့္၊ ေရမွန္မွန္ေလာင္းလို႔ ဒီႏွစ္ ကိုင္းသစ္ေတြ တအားထြက္လာတယ္။ သီးတာမွ အကိုင္းက်ိဳးမတတ္ပဲ ”
ကၽြန္ေတာ္က ႏႈတ္ခမ္းပါးနား လွ်ာသိမ္းသံျပဳၿပီး …
“ ေျပာတာနဲ႔ သြားရည္ေတာင္ယိုၿပီ သံေခ်ာင္းရာ ”
သံေခ်ာင္း ရယ္သည္။ ရယ္သံႏွင့္အတူ ….
“ အဲဒီအပင္က ဘႀကီးတို႔ အိမ္ေထာင္က်စ အဲဒီိကို ေျပာင္းလာတဲ့ႏွစ္ စိုက္ထားတာ ”
“ ေဟ….ဟုတ္လား ”
“ မႏွစ္က အပင္ျပဳျပင္ေနတုန္း ငါေမးေတာ့မွ သိရတာ ”

(၇)
ခ်ိန္ေတာ့ ခ်ိန္ဆရသည္။ ေမးလည္း ေမးခ်င္၏။ ဆဲလႊတ္မွာလည္း စိုးရ၏။ မသိလ်က္လည္း မေနႏိုင္။
ႀကီးႀကီးေဒၚေရႊက ထန္းလ်က္ပုလင္းႏွင့္ လက္ဖက္ရည္ၾကမ္းဗန္း လာေရာက္ခ်ေပးၿပီး “ ငပါ…မင္း တယ္၀ေနပါလား ” ဟုေျပာ၏။ “ ႀကီးႀကီးေရႊ စိုက္တဲ့ သဖန္းသီးတန္ခိုးေပါ့ဗ်ာ ” ဟု ကၽြန္ေတာ္ ေျပာလိုက္၏။ ဘႀကီး ဦးဘၾကင္ကပါ ရယ္ေလသည္။ သူတို႔ႏွစ္ေယာက္၏ ရယ္ေမာသံတြင္ သြားၾကားေလထြက္သံ၊ ပါးေစာင္ပ်ဥ္းက်သံေတြပါေန၏။ အဘိုးႀကီးႏွင့္ အဘြားႀကီးသည္ ႏွစ္ဦးစလံုး ခါးကိုင္းကိုင္း၊ မ်က္လံုးမြဲမြဲ၊ ပါးရည္နားရည္ ခပ္တြဲတြဲ၊ ဆံပင္ျဖဴ ထြက္မစဲ။
“ ကၽြန္ေတာ္ ေမးခ်င္လို႔ ”
ဘႀကီး ဦးဘၾကင္က သံကြမ္းဆံုအေထာင္းရပ္ၿပီး “ ဆိုေလကြာ ” ဟုေျပာ၏။
“ ဘႀကီးတို႔က မိဘ ေပးစားတာလား ”
သြားက်ိဳးေတြေပၚေအာင္ ရယ္ကာ “ ဘယ္ဟုတ္ပါ့မလဲကြာ၊ တို႔ခ်င္းႀကိဳက္လို႔ေပါ့ ငပါရ။ မင္းႏွယ္…ျပာသိုလႀကီး ညေနရြာထိပ္ေရတြင္း သူ ေရခပ္ဆင္းတုန္း ငါက လက္တင္ၿပီး ခိုးေျပးတာ ” ဟုေျပာ၏။ “ အို ရွင္…ကေလးေတြကို ” ဟု ႀကီးႀကီးေဒၚေရႊက ဟန္႕၏။ ညိဳႀကီးက …
“ ဘာတုန္းဗ်၊ လက္တင္ၿပီး ခိုးေျပးတယ္ဆိုတာ…. ”
ကၽြန္ေတာ္ပါ နားမရွင္း။ ဘႀကီးဦးဘၾကင္က ဦးျပည္းေခါင္းေပၚမွ မ်က္ႏွာသုတ္ပ၀ါကို ေျဖခ်ၿပီး ….
“ ဒီမွာ ကားမရွိဘူးေလကြာ။ ႏြားလွည္းနဲ႔လာလည္း လူျမင္တယ္။ သူ႔မိဘေတြက ၿမိဳ႕ပိုင္ရံုးက ယပ္ဆြဲနဲ႔ ေပးစားေတာ့မွာ၊ ကပ္ေနၿပီ။ ဒါနဲ႔ ေပြ႕ၿပီး ထမ္းေျပးရတာ။ ေနာက္ေၾကာင္းလွည့္မၾကည့္ဘဲ ေျပးတာ၊ မင္းႏွယ္ က်ိဳကၠလိရြာကို ေရာက္ေရာ။ ေလးမိုင္ေက်ာ္ ေ၀းတာဟ ”
ႀကီးႀကီးေဒၚေရႊက ရွက္ကိုးရွက္ကန္း မ်က္ႏွာႏွင့္….
“ ကဖိုးၾကင္…ရွင္ အရွက္မရွိဘူးလား ”
ဘႀကီး ဦးဘၾကင္က တဟားဟားရယ္ၿပီး….
“ မတီးဘဲျမည္တာ မဟုတ္ဘူး၊ တီးလို႔ျမည္တာ။ မျမည္ရင္ စည္အ,ႀကီး ျဖစ္မယ္။ ႏို႔ ေနစမ္းပါဦး၊ ေအးေမာင္သားရဲ႕ … ဘာလို႔ ေမးတာလဲဟ ”
ကၽြန္ေတာ္ အစဥ္းစားရ က်ပ္သြားသည္။ “ ေျပာေလကြာ ” ဟု သံေခ်ာင္းက တံေတာင္ျဖင့္ တြက္ၿပီး ကၽြန္ေတာ့္ကို ဆို၏။
“ ဘႀကီးတို႔လင္မယား ဘာလို႔ ေန႔တိုင္း တက်က္က်က္ ျဖစ္ရတာတုန္း ”
“ ေၾသာ…. ” ဟု ရင္ေခါင္းသံႀကီးျဖင့္ ဘႀကီး ဦးဘၾကင္ ျမည္သည္။ ထို႔ေနာက္ ေခါင္းတံုးကို လက္ဖ၀ါးျဖင့္ ပြတ္ၿပီး…..
“ ငါတို႔လင္မယားက ရန္ျဖစ္တာ မဟုတ္ဘူး ငပါ ”
ကၽြန္ေတာ္တို႔ အံ့ၾသရ၏။ ကြမ္းဆံုထဲမွ ကြမ္းကို လက္ဖ၀ါးထဲသို႔ သြန္သည္။ ႏွီးဖ်ားျဖင့္ျခစ္ၿပီး အက်န္မထား။ ကြမ္းကို ဘယ္မွ ညာပါးေစာင္သို႔ လွ်ာျဖင့္လွိမ့္ရင္း … “ အင္း…. ” ဟု သံရွည္ျမည္၏။
“ မင္းသိတဲ့အတိုင္း ငါတို႔မွာက သားေထာက္သမီးခံ မရွိဘူးကြ။ အရင္က ငါက အစိုးရအလုပ္သမား၊ လင္မယား ဆံုရတယ္မရွိဘူး။ မင္းတို႔ႀကီးေတာ္ကလည္း အိမ္ဆိုင္နဲ႔။ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္လတစ္ခါ၊ ႏွစ္လတစ္ခါ ထမင္းလက္ဆံု စားရတယ္မရွိဘူး။ ေနာက္ ငါက တရားစာအုပ္ဖတ္၊ ပင္စင္ယူၿပီးေတာ့ ရပ္ေရးရြာေရးဘက္လည္း တတ္အားသေရြ႕ ၀င္ကူရတယ္။ မင္းစဥ္းစားၾကည့္ ငပါ ”
ေလေၾကာက ေလ်ာ့လာ၍ ခဏနားသည္။ ႀကီးႀကီးေဒၚေရႊက အၾကမ္းပန္းကန္ေတြထဲသို႔ လက္ဖက္ရည္ၾကမ္း ငွဲ႕ထည့္ေပးသည္။
“ ငါတို႔လင္မယား မ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ မျပဳဖူးဘူး။ ရွာရသမွ် သူ႔လက္အပ္တာ။ သူလည္း ခ်က္ျပဳတ္ေကၽြးေမြး၊ တစ္ဖက္က ရွာရေသးတယ္။ တစ္ခါတေလ မင္းေတြးၾကည့္ေလကြာ။ စကားထုိင္ေျပာရတယ္ မရွိဘူး။ အိမ္က တိတ္ေနတာ၊ ေမြးထားတဲ့ ေခြးေဟာင္သံက လြဲရင္။ ဒီေတာ့ ‘ ငါရွိမွရွိရဲ႕လား၊ သူေရာ၊ ႏွစ္ေယာက္စလံုး ေသလို႔ တေစၦျပည္မွာ ေသမွန္းမသိဘဲ ေနေနၾကသလား ’ လို႔ ထင္ထင္လာတယ္ကြ။ မင္းတို႔ႀကီးေတာ္လည္း ဒီလိုပဲ သိလား ”
ကၽြန္ေတာ္ ေခါင္းညိတ္လိုက္သည္။ ဘႀကီး ဦးဘၾကင္က ကြမ္းေသြးကို ေထြးခံထဲသို႔ လွမ္းေထြးသည္။ စြပ္က်ယ္စုတ္အ၀တ္စျဖင့္ ႏႈတ္ခမ္းကို သုတ္သည္။
“ ငါ တကယ္မေက်နပ္စရာရွိလို႔၊ သူကလည္း တကယ္ သေဘာမက်လို႔ ဇြန္းေဆာင့္ခ်၊ စေလာင္းဖံုးပစ္ခ်တာ မဟုတ္ပါဘူးကြာ။ ငါ့အသံ သူၾကားေတာ့ ငါရွိေနတာေရာ၊ သူလည္းရွိေနတာေရာ သူသိတာေပါ့။ ငါလည္းဒီလိုပဲ။ ငါ့အသံ ငါၾကားေတာ့ ‘ ငါရွိေနေသးတယ္။ သူလည္း ငါနဲ႔အတူ ရွိေနပါလား ’ လို႔ ငါတို႔ႏွစ္ေယာက္စလံုး စိတ္ေအးၾကရတာေပါ့ ငပါ ”
ကၽြန္ေတာ္ စကားမတုံ႕ျပန္ႏိုင္။ အသိရခက္ေသာ ဘာသာစကားတစ္ခုကို စူးစမ္းၿပီး သိလိုက္ရဘိသို႔ရွိ၏။ ကၽြန္ေတာ့္ရင္ထဲတြင္ ေလးနက္စြာ ဖိစီးေသာ ေ၀ဒနာသစ္တစ္ခုကို ခံစားလုိက္ရသည္။
“ ငါ့မိန္းမ ငါ ခ်စ္တာေပါ့ကြ ”
“ အို…ကဖိုးၾကင္….ကေလးေတြေရွ႕….” ဟုဆိုကာ ႀကီးႀကီးေဒၚေရႊက ခင္ပြန္းသည္၏ ရင္ဘတ္ဆီသို႔ ထန္းလ်က္ခဲတစ္ခဲျဖင့္ လွမ္းပစ္လိုက္ေလသည္။ ။

ၿငိမ္းေက်ာ္
ခ်ယ္ရီမဂၢဇင္း အမွတ္(၇)၊ ေဖေဖာ္၀ါရီလ၊ ၁၉၈၅ ခုႏွစ္

Unicode Version
“ အချစ်ရေ့ ”
(၁)
ကျွန်တော် ကျောင်းမနေရသေး။ ရွာထဲက သက်တူရွယ်တူတွေ၊ ကျောင်းတက်နေသူတွေနှင့် ရွာရိုးကိုးပေါက် လည်တတ်ပြီ။ အလည်လွန်လျှင် အမေရိုက်သည်ကို မကြာခဏ ခံရသည်။ ကုလားမန်ကျည်းသီးနှင့် ရေသဖန်းပင်ကြီးပေါ်သို့ တက်သောကြောင့် အဖေ့ကြိမ်ချက် ခဏခဏမိသည်။ ရေသဖန်းသီးမှည့်ကို ကျွန်တော်ကြိုက်သည်။ မပြတ်သီး၊ မပြတ်မှည့်တတ်၍ ရေသဖန်းပင်ကြီးရှိရာသို့ မကြာခဏရောက်သည်။ လက်တစ်ကမ်းမှစ၍ အကိုင်းကြီးတွေဖြာနေသဖြင့် တက်ရသည်မှာ လှေကားနင်းရသလို အရသာရှိသည်။ အခက်အလက် အရွက်တွေအုပ်ဆိုင်းကာ ပင်စည်အလယ်ခွကြားကိုင်းဖျားအထိ အသီးတွေခဲနေ၏။ သီးကင်းတွေ၊ သီးစိမ်းတွေ၊ ဝင်းရောင်တွေ၊ အမှည့်တွေ ကျွန်တော်တို့အတွက် ရတနာသိုက်။
ရေသဖန်းပင်ကြီးပေါ်တွင် ထိုင်ကာ ဆွတ်စားသည်။ ထိုအချိန်တွင် အပင်နှင့် စည်းရိုးကပ်နေသော အိမ်မှအသံကို နားယဉ်စပြုနေပေပြီ။ ဘကြီး ဦးဘကြင် ဒေါပွနေပြီ။ ကြီးကြီးဒေါ်ရွှေက ပြန်ဟောက်နေပြီဟု သိနေကျ။ ဘကြီး ဦးဘကြင်သည် ငါးမိုင်လောက်ဝေးသော ဘူတာတွင် အလုပ်ဆင်းရသည်။ ရထားသံလမ်း အလုပ်သမား။ ကြီးကြီးဒေါ်ရွှေက ခြံထွက်ပစ္စည်း ကုန်စိမ်းရောင်းသည်။ ထိုနှစ်ယောက်သည် တကျက်ကျက်။
(၂)
ကျွန်တော်လေးတန်းအောင်သောအခါ ဘူတာရုံအရှေ့ဘက် အစိုးရကျောင်းတွင် ကျောင်းဆက်တက်ရသည်။ ငါးတန်းသမား လေးငါးယောက်နှင့်အတူ ငါးနာရီကျော်ကျော်လောက်တွင် ရွာမှထွက်ရသည်။ ထိုသို့ ကျောင်းသွားရတိုင်း ဘကြီး ဦးဘကြင်တို့အိမ်ရှေ့မှ ဖြတ်၍ လျှောက်ရသည်။ “ ဟေ့…မယ်ရွှေ၊ ရေနွေးကြမ်းက ဘယ်ကမ္ဘာကျမှရမှာလဲ။ အိုးထဲထည့်ထားတာ ကြာလှပကော ” “ ရှင်လာယူတော့ ဘာဖြစ်မလဲ ” “ ငါခူးပေးထားတဲ့ ဒန့်ဒလွန်သီးတွေ စည်းတော့လေ၊ ဘယ်အချိန်ရောင်းမှာလဲ ” “ ညကတည်းက သင်အူနဲ့ စည်းထားတာ ရှင်မမြင်ဘူးလား ” “ ရှင့်ဘာသာရှင် ညက ဘုတ်အုပ်ဖတ်ပြီး ဘုရားစင်တင်ထားတာ ကျုပ်ကို ဘာလို့မေးနေရသတုန်း ” အချီအချသံတွေ ကြားနေကျ။
(၃)
ဆယ်တန်းအောင်စာရင်း မျှော်ရစဉ်အတွင်း သံချောင်းနှင့် ညိုကြီးတို့၏အိမ်သို့ ကျွန်တော်သွားသည်။ ကျွန်တော်၏သူငယ်ချင်းတွေက ကျောင်းဆက်မနေကြ။ သံချောင်းက ကျွန်တော် ကိုးတန်းအရောက်တွင် မိချောင်းအိုင်ရွာမှ အမျိုးသမီးနှင့် အိမ်ထောင်ပြုလိုက်သည်။ မိဘရိုးရာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်နေသည်။ ညိုကြီးက မီးရထားသံလမ်းဘက်တွင် အလုပ်ဝင်သည်။ ညိုကြီး အိမ်ထောင်မကျသေး။ ညိုကြီးကိုခေါ်ကာ သံချောင်း၏လယ်တဲသို့သွားသည်။ ရောက်ရာရာ စကားပြောကြသည်။ ကလေးဘဝကအကြောင်းတွေပြောကြရင်း ရေသဖန်းသီး၊ ကုလားမန်ကျည်းသီးနှင့် ပုတ်သင်ညိုတို့အကြောင်း စကားရောက်သည်။ ဘကြီး ဦးဘကြင်တို့ လင်မယားအကြောင်းကို စကားဆိုက်လာသည်။ ညိုကြီးက ….
“ သူတို့ကြည့်ရတာ မတည့်အတူနေကွ နော် … ငပါ ”
ကျွန်တော့်ကိုပြောသည်။ “ အင်း ” ဟု ကျွန်တော်ပြောသည်။ သံချောင်းက ….
“ အသွင်မတူ အိမ်သူမဖြစ်တဲ့ ”
သံချောင်း၏ စကားပုံသည်လည်း မှန်သည်။ ကျွန်တော်က ….
“ ငါတို့ ကလေးပေါက်စကတည်းက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်နဲ့၊ ဆိုင်တာနဲ့ ဗျစ်တောက် ဗျစ်တောက်၊ နားရော ပါးစပ်ရော မသက်သာလိုက်တာ။ သူတို့လင်မယားကြည့်ပြီး အိမ်ထောင်ပြုရမှာ ကြောက်တောင်ကြောက်လာတယ်။ လင်မယားဆိုတာ လင်က မယားကိုဆူ၊ မယားက လင်ကိုမာန်၊ စိတ်ညစ်စရာကြီး …. ”
သံချောင်းက ခေါင်းခါသည်။ မည်းချိပ်ချိပ်မျက်နှာကို ရှုံ့ပြီး ….
“ ငါလည်း မိန်းမယူမယ့်သာ ယူရတာ၊ ဘကြီး ဦးကြင်တို့ လင်မယားလိုဆို ဒုက္ခပဲလို့ တစ်ခါတစ်ခါ တွေးမိတယ်ဟ ”
ညိုကြီးက ကောက်ကွေးနေသော ဆံပင်ကိုကုတ်ကာ တဟားဟားရယ်၏။
(၄)
ဥပစာအပိုင်း(ခ) စာမေးပွဲကို ဇွန်လတွင် ပြန်မဖြေရအောင် ကိစ္စဖြတ်ခဲ့ပြီး ရွာမှာပြန်နေသည်။ ရွာမှာ အပြောင်းအလဲတွေ ဖြစ်စပြုနေ၏။ ဘုန်းတော်ကြီးကျောင်းသည် ကျွန်တော် စာသင်ရာကျောင်း ဖြစ်ခဲ့သော်လည်း ယခုအခါ မူလတန်းကျောင်းတစ်ကျောင်း ဆောက်ပြီးပေပြီ။ ဆရာတော်ကြီးကျောင်းဝင်းထဲ၌ လက်ဆွဲတုံကင်ရေစက် တပ်ပြီးပေပြီ။ စူဠာမဏိစေတီတော်နှင့် ဆရာတော်ကြီးကျောင်းတွင် လျှပ်စစ်မီးစက် ရှိနေပေပြီ။ ကားလမ်းနှင့် ရထားလမ်းသို့သွားရာ လှည်းလမ်းသည် ကျောက်ခင်းလမ်း ဖြစ်နေပေပြီ။
မီးခြစ်ဆန် ကြဲထားသလိုဖြစ်နေသော အိမ်နှင့်လမ်းကို အကွက်ပြန်ရိုက်သည်။ တုံးကုလားဖြင့် အိမ်ရွှေ့ကြသည်။ လမ်းသည် အရှေ့ အနောက် တောင် မြောက် တည့်တည့်။ အိမ်တွေ ညီညီညာညာ။ ကျားလန်ဝါးချွန်စည်းရိုးတွေ သပ်သပ်ရပ်ရပ်။ လမ်းဖောက်လိုက်သောကြောင့် ကုလားမန်ကျည်းသီးပင်ကား မရှိတော့။ ရေသဖန်းပင်ကြီးသည် ဘကြီး ဦးဘကြင်တို့၏ အိမ်ဝိုင်းထဲသို့ ရောက်သွား၏။
“ ရှေ့နှစ်ဆို ဒီမှာ အလယ်တန်းကျောင်း ရမယ်ကွ ”
အဖေက ဝမ်းသာအားရ ပြောသည်။ အမေက ….
“ မြေပဲနှင့် နှမ်း အစမ်းချကြည့်တာ အောင်တယ် သားရေ့ ”
အမေက စိုက်ပျိုးရေးအကြောင်း ပြောသည်။ ညိုကြီးက အဖေ့ကို ….
“ ဒါပေမဲ့ ဦးရီးရ၊ မပြောင်းလဲတာကတော့ ဦးဘကြင်တို့ လင်မယားပဲဗျနော် ”
ကျွန်တော် ရယ်လိုက်သည်။ အမေက …..
“ အစ်မဒေါ်ရွှေက ခြံထဲမှာ စိုက်ထားတာတွေ့လား၊ ဒန့်ဒလွန်ပင် အပင်သုံးဆယ်ကျော်။ မနှစ်ကစပြီး ငှက်စာဆော်ပြီ။ စားပင်သီးပင်တွေလည်း မနည်းပါဘူး။ အစ်ကိုဘကြင် ပင်စင်နဲ့က ဘယ်စားလောက်မှာလဲ။ အစ်ကိုဘကြင်က တရားစာအုပ်တွေဖတ်၊ ဆရာတော်လေးနဲ့ တရားဆွေးနွေး။ အင်း…ပြီးတော့ အစ်မဒေါ်ရွှေနဲ့ ဆူညံဆူညံလုပ်၊ ဒါပဲလေ ”
အဖေက ဆေးငုံသံဖြင့် ရယ်သည်။
(၅)
ကျွန်တော် စိတ်ဝင်စားသော အမျိုးသမီး၏အမည်ကို ကျွန်တော် မသိရသေး။ အင်းလျားဆောင်မှာနေသည်ဟုလောက်သာ ကျွန်တော်သိရသည်။ သူငယ်ချင်းတစ်ယောက်က စုံစမ်းပေးသည်။ ‘ ဒီပဲယင်းသူ ’ ဟု ပြောသည်။ နာမည်က မသေချာ။ စိန်စိန်လား၊ ခင်ခင်စိန်လား၊ ရင်ရင်စိန်လား မသိ။ ပဲခူးဆောင်သား သူငယ်ချင်းက “ ကျားခင်စိန်၊ ဓားခင်စိန်၊ ဒါမှမဟုတ် ကန်တော်မင် မမင်းစိန်ပဲ ဖြစ်မယ် ” ပြော၏။ သူသည် အရပ်ကောင်းသည်။ ဆံဖျား ဖဝါးထိသည်။ ညိုချော။ ကျွန်တော်က ဝလာသည်။ အသားပိုဖြူလာသည်။ ဦးစွန်းဆံပင် ပါးသည်ထက်ပါးလာသည်။ ထို့ကြောင့် “ လိုက်ပါ့ကွာ ” ဟု ဒက္ခိဏအဆောင်နေ အခန်းဖော် သူငယ်ချင်းကပြောသည်။ “ နေပါဦး တင့်လွင်ရာ၊ မင်းကစကားပြောရင် လေသံလေး ဖယောင်းပေါ်ဂွမ်းတင်ထားသလို၊ သွားတာလာတာကအစ နမ်းမတော်မယ်နု။ ကျားခင်စိန်က စစ်သမီးလား ထင်ရတယ်၊ ဆတ်ဆတ်ကြဲ။ ပြောင်းပြန်ကြီး၊ မင်းပြောဖူးတဲ့ မင်းတို့ရွာက ဘကြီးဦးဘကြင် လင်မယားလက်သစ် ဖြစ်နေပါဦးမယ် ” ဟု ပြောသည်။
မကြာမီ စိန်နှင့် ကျွန်တော် သိသည်၊ ခင်သည်၊ ရင်းသည်။
အချစ်ကို ကျွန်တော် တွေးတောရပေပြီ။
(၆)
ဂုဏ်ထူးတန်းတက်ခွင့်ရသည်။
ပါမောက္ခက ကြိုးစားရန် အလားအလာရှိသည့်စကား ခေါ်ပြောသည်။
တက္ကသိုလ်၏ စိန်ပန်းပွင့်တွေကို စတုတ္ထအကြိမ် မြင်ရမည့်နှစ်တွင် ရွာသို့ ကျွန်တော်ပြန်ဖြစ်သည်။ သံချောင်းက ဘူတာတွင် နွားလှည်းဖြင့် ဆင်းကြိုသည်။ ရွာတွင် အုန်းပင်တွေ၊ ကွမ်းသီးပင်တွေ အုပ်ဆိုင်းနေ၏။ အိမ်ခေါင်အမြင့် မကတော့။ သွေ့ခြောက်သောအဆင်း ရွာတွင်မရှိတော့။ ရွာ၏ စည်ကားသောလက္ခဏာတွင် အိမ်ကြီးအိမ်ကောင်း၊ သစ်ရိပ်ဝါးရိပ်သာမက ရောင်းရေးဝယ်တာပါ ဖွံ့လာလေ၏။
“ ဒါထက် ဘကြီး ဦးဘကြင်ခြံထဲက သဖန်းသီးကောမှည့်လောက်ပြီ သံချောင်း ”
“ မင်း စားမလို့လား ငပါ ”
“ အေး…. ”
“ သဖန်းလည်း မှည့်ပါ့၊ ဘကြီးတို့လင်မယားလည်း ခုထိ ဆူပါ့ပူပါ့ ”
ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်တွင်းတော့ ရှိမည်ဟု ဘကြီး ဦးဘကြင်တို့ လင်မယား၏အသက်ကို မှန်းသည်။
“ ညနေကျရင် သွားလည်ရအောင် သံချောင်း ”
“ ညိုကြီး အလုပ်ပြန်တဲ့အထိစောင့်ပြီး သူ့ပါ ခေါ်သွားရအောင် ”
“ အပင်ကြီးက အတော်အိုပြီ ”
“ မနှစ်က သေမလို ရွက်ဖျားတွေ ခြောက်လာတယ်။ ကြီးကြီးဒေါ်ရွှေက ဓာတ်မြေသြဇာထည့်၊ နှမ်းဖတ် ကြက်ချေးထည့်၊ ရေမှန်မှန်လောင်းလို့ ဒီနှစ် ကိုင်းသစ်တွေ တအားထွက်လာတယ်။ သီးတာမှ အကိုင်းကျိုးမတတ်ပဲ ”
ကျွန်တော်က နှုတ်ခမ်းပါးနား လျှာသိမ်းသံပြုပြီး …
“ ပြောတာနဲ့ သွားရည်တောင်ယိုပြီ သံချောင်းရာ ”
သံချောင်း ရယ်သည်။ ရယ်သံနှင့်အတူ ….
“ အဲဒီအပင်က ဘကြီးတို့ အိမ်ထောင်ကျစ အဲဒီကို ပြောင်းလာတဲ့နှစ် စိုက်ထားတာ ”
“ ဟေ….ဟုတ်လား ”
“ မနှစ်က အပင်ပြုပြင်နေတုန်း ငါမေးတော့မှ သိရတာ ”
(၇)
ချိန်တော့ ချိန်ဆရသည်။ မေးလည်း မေးချင်၏။ ဆဲလွှတ်မှာလည်း စိုးရ၏။ မသိလျက်လည်း မနေနိုင်။
ကြီးကြီးဒေါ်ရွှေက ထန်းလျက်ပုလင်းနှင့် လက်ဖက်ရည်ကြမ်းဗန်း လာရောက်ချပေးပြီး “ ငပါ…မင်း တယ်ဝနေပါလား ” ဟုပြော၏။ “ ကြီးကြီးရွှေ စိုက်တဲ့ သဖန်းသီးတန်ခိုးပေါ့ဗျာ ” ဟု ကျွန်တော် ပြောလိုက်၏။ ဘကြီး ဦးဘကြင်ကပါ ရယ်လေသည်။ သူတို့နှစ်ယောက်၏ ရယ်မောသံတွင် သွားကြားလေထွက်သံ၊ ပါးစောင်ပျဉ်းကျသံတွေပါနေ၏။ အဘိုးကြီးနှင့် အဘွားကြီးသည် နှစ်ဦးစလုံး ခါးကိုင်းကိုင်း၊ မျက်လုံးမွဲမွဲ၊ ပါးရည်နားရည် ခပ်တွဲတွဲ၊ ဆံပင်ဖြူ ထွက်မစဲ။
“ ကျွန်တော် မေးချင်လို့ ”
ဘကြီး ဦးဘကြင်က သံကွမ်းဆုံအထောင်းရပ်ပြီး “ ဆိုလေကွာ ” ဟုပြော၏။
“ ဘကြီးတို့က မိဘ ပေးစားတာလား ”
သွားကျိုးတွေပေါ်အောင် ရယ်ကာ “ ဘယ်ဟုတ်ပါ့မလဲကွာ၊ တို့ချင်းကြိုက်လို့ပေါ့ ငပါရ။ မင်းနှယ်…ပြာသိုလကြီး ညနေရွာထိပ်ရေတွင်း သူ ရေခပ်ဆင်းတုန်း ငါက လက်တင်ပြီး ခိုးပြေးတာ ” ဟုပြော၏။ “ အို ရှင်…ကလေးတွေကို ” ဟု ကြီးကြီးဒေါ်ရွှေက ဟန့်၏။ ညိုကြီးက …
“ ဘာတုန်းဗျ၊ လက်တင်ပြီး ခိုးပြေးတယ်ဆိုတာ…. ”
ကျွန်တော်ပါ နားမရှင်း။ ဘကြီးဦးဘကြင်က ဦးပြည်းခေါင်းပေါ်မှ မျက်နှာသုတ်ပဝါကို ဖြေချပြီး ….
“ ဒီမှာ ကားမရှိဘူးလေကွာ။ နွားလှည်းနဲ့လာလည်း လူမြင်တယ်။ သူ့မိဘတွေက မြို့ပိုင်ရုံးက ယပ်ဆွဲနဲ့ ပေးစားတော့မှာ၊ ကပ်နေပြီ။ ဒါနဲ့ ပွေ့ပြီး ထမ်းပြေးရတာ။ နောက်ကြောင်းလှည့်မကြည့်ဘဲ ပြေးတာ၊ မင်းနှယ် ကျိုက္ကလိရွာကို ရောက်ရော။ လေးမိုင်ကျော် ဝေးတာဟ ”
ကြီးကြီးဒေါ်ရွှေက ရှက်ကိုးရှက်ကန်း မျက်နှာနှင့်….
“ ကဖိုးကြင်…ရှင် အရှက်မရှိဘူးလား ”
ဘကြီး ဦးဘကြင်က တဟားဟားရယ်ပြီး….
“ မတီးဘဲမြည်တာ မဟုတ်ဘူး၊ တီးလို့မြည်တာ။ မမြည်ရင် စည်အ,ကြီး ဖြစ်မယ်။ နို့ နေစမ်းပါဦး၊ အေးမောင်သားရဲ့ … ဘာလို့ မေးတာလဲဟ ”
ကျွန်တော် အစဉ်းစားရ ကျပ်သွားသည်။ “ ပြောလေကွာ ” ဟု သံချောင်းက တံတောင်ဖြင့် တွက်ပြီး ကျွန်တော့်ကို ဆို၏။
“ ဘကြီးတို့လင်မယား ဘာလို့ နေ့တိုင်း တကျက်ကျက် ဖြစ်ရတာတုန်း ”
“ သြော…. ” ဟု ရင်ခေါင်းသံကြီးဖြင့် ဘကြီး ဦးဘကြင် မြည်သည်။ ထို့နောက် ခေါင်းတုံးကို လက်ဖဝါးဖြင့် ပွတ်ပြီး…..
“ ငါတို့လင်မယားက ရန်ဖြစ်တာ မဟုတ်ဘူး ငပါ ”
ကျွန်တော်တို့ အံ့သြရ၏။ ကွမ်းဆုံထဲမှ ကွမ်းကို လက်ဖဝါးထဲသို့ သွန်သည်။ နှီးဖျားဖြင့်ခြစ်ပြီး အကျန်မထား။ ကွမ်းကို ဘယ်မှ ညာပါးစောင်သို့ လျှာဖြင့်လှိမ့်ရင်း … “ အင်း…. ” ဟု သံရှည်မြည်၏။
“ မင်းသိတဲ့အတိုင်း ငါတို့မှာက သားထောက်သမီးခံ မရှိဘူးကွ။ အရင်က ငါက အစိုးရအလုပ်သမား၊ လင်မယား ဆုံရတယ်မရှိဘူး။ မင်းတို့ကြီးတော်ကလည်း အိမ်ဆိုင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် တစ်လတစ်ခါ၊ နှစ်လတစ်ခါ ထမင်းလက်ဆုံ စားရတယ်မရှိဘူး။ နောက် ငါက တရားစာအုပ်ဖတ်၊ ပင်စင်ယူပြီးတော့ ရပ်ရေးရွာရေးဘက်လည်း တတ်အားသရွေ့ ဝင်ကူရတယ်။ မင်းစဉ်းစားကြည့် ငပါ ”
လေကြောက လျော့လာ၍ ခဏနားသည်။ ကြီးကြီးဒေါ်ရွှေက အကြမ်းပန်းကန်တွေထဲသို့ လက်ဖက်ရည်ကြမ်း ငှဲ့ထည့်ပေးသည်။
“ ငါတို့လင်မယား မျက်ရည်ပေါက်ကြီးငယ်ကျအောင် တစ်ယောက်ကိုတစ်ယောက် မပြုဖူးဘူး။ ရှာရသမျှ သူ့လက်အပ်တာ။ သူလည်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ရှာရသေးတယ်။ တစ်ခါတလေ မင်းတွေးကြည့်လေကွာ။ စကားထိုင်ပြောရတယ် မရှိဘူး။ အိမ်က တိတ်နေတာ၊ မွေးထားတဲ့ ခွေးဟောင်သံက လွဲရင်။ ဒီတော့ ‘ ငါရှိမှရှိရဲ့လား၊ သူရော၊ နှစ်ယောက်စလုံး သေလို့ တစ္ဆေပြည်မှာ သေမှန်းမသိဘဲ နေနေကြသလား ’ လို့ ထင်ထင်လာတယ်ကွ။ မင်းတို့ကြီးတော်လည်း ဒီလိုပဲ သိလား ”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ဘကြီး ဦးဘကြင်က ကွမ်းသွေးကို ထွေးခံထဲသို့ လှမ်းထွေးသည်။ စွပ်ကျယ်စုတ်အဝတ်စဖြင့် နှုတ်ခမ်းကို သုတ်သည်။
“ ငါ တကယ်မကျေနပ်စရာရှိလို့၊ သူကလည်း တကယ် သဘောမကျလို့ ဇွန်းဆောင့်ချ၊ စလောင်းဖုံးပစ်ချတာ မဟုတ်ပါဘူးကွာ။ ငါ့အသံ သူကြားတော့ ငါရှိနေတာရော၊ သူလည်းရှိနေတာရော သူသိတာပေါ့။ ငါလည်းဒီလိုပဲ။ ငါ့အသံ ငါကြားတော့ ‘ ငါရှိနေသေးတယ်။ သူလည်း ငါနဲ့အတူ ရှိနေပါလား ’ လို့ ငါတို့နှစ်ယောက်စလုံး စိတ်အေးကြရတာပေါ့ ငပါ ”
ကျွန်တော် စကားမတုံ့ပြန်နိုင်။ အသိရခက်သော ဘာသာစကားတစ်ခုကို စူးစမ်းပြီး သိလိုက်ရဘိသို့ရှိ၏။ ကျွန်တော့်ရင်ထဲတွင် လေးနက်စွာ ဖိစီးသော ဝေဒနာသစ်တစ်ခုကို ခံစားလိုက်ရသည်။
“ ငါ့မိန်းမ ငါ ချစ်တာပေါ့ကွ ”
“ အို…ကဖိုးကြင်….ကလေးတွေရှေ့….” ဟုဆိုကာ ကြီးကြီးဒေါ်ရွှေက ခင်ပွန်းသည်၏ ရင်ဘတ်ဆီသို့ ထန်းလျက်ခဲတစ်ခဲဖြင့် လှမ်းပစ်လိုက်လေသည်။ ။
ငြိမ်းကျော်
ချယ်ရီမဂ္ဂဇင်း အမှတ်(၇)၊ ဖေဖော်ဝါရီလ၊ ၁၉၈၅ ခုနှစ်

No comments:
Post a Comment