Apr 8, 2017

ေအးအိုး

Zawgyi version

" ေအးအိုး "
=======

                                               #ခင္ခင္ထူး

(၁)
ကၽြန္မတို႔ အညာမွာေတာ့ ေတာင္ေလကေလးျပက္၊ ျမဴေငြ႕ကေလးဆုိင္း၊ သစ္ရြက္ေတြေၾကြၿပီဆိုသည္ႏွင့္ ေႏြဦးေပါက္ နိမိတ္ လကၡဏာအျဖစ္ ခံစားႏိုင္ပါၿပီ။ ကၽြန္မတို႔အိမ္ေထာင္ဦးေန႕ရက္ေတြတုန္းက မႏၱေလး ျမစ္ကမ္းနား တုိက္တန္းမွာ ေလးငါးႏွစ္ ေနခဲ့ဖူးပါသည္။ ျမစ္ကမ္းနားလမ္း အတုိင္း ေတာင္ဘက္ထုိထုိ ေလွ်ာက္လွ်င္ ရွမ္းကေလးကၽြန္းရြာ မေရာက္တေရာက္ကတည္းက လက္ပံေတြပြင့္ခ်င္ၾကၿပီ။ သူတကာထက္ စြာခ်င္ေသာ လက္ပံေတြက ေတာင္ေလမျပက္ခင္ကပင္ ရဲရဲႀကီးမွည့္ႏွင့္ၾကၿပီ။ လက္ပံပင္ တစ္တန္းလုံး ညီညီညာညာ ပြင့္ၾကၿပီဆုိလွ်င္ေတာ့ ေျမတလင္းမွာ လက္ပံပင္ေတြ ခဲခဲလႈပ္ ေၾကြတာကေၾကြ၊ ပင္ထက္ ဆီက ၀ဲကာ၀ဲကာ ဆင္းတာကဆင္း၊ အရြက္ေတြ ေျခြထားလို႔ ေငါင္းစင္းစင္း၊ ရုိးတံမည္းမည္း အပင္အုိႀကီး ေတြ ဆိုေတာ့ အက်ည္းတန္သလိုလိုေတာ့ရွိသား။
သို႔ေသာ္ တစ္ပင္လုံးအပြင့္နီနီေတြ ျမင္မေကာင္းေအာင္ ပန္ထားၾကျမဲပင္။ ပြင့္သမွ် ေၾကြၾကေရာ့လား။ ပင္ေျခေအာက္ မွာ ပန္းဖ်ာၾကီးခင္းထားသလိုရွိတတ္ပါ၏။ ၿမိဳ႕မွာဆိုေတာ့ လက္ပံပြင့္ေကာက္သည့္အေလ့ နည္းၾကတာ သတိထားမိပါသည္။ ရြာမွာဆိုရင္ေတာ့ မိုးတြင္းစာလက္ပံပြင့္ေကာက္ၾကရသည္။ ပြင့္ဖတ္ မ်က္သီးဆံေတြေျခြၿပီး အေျခာက္လွမ္းၾကရသည္။ မိုးတြင္းစာ၊ လက္ပံေခါင္းေျခာက္က်ဳိႏိုင္ဖို႔ ရာ ေႏြဦး ကတည္းက စုႏွင့္ၾကရသည္။ ေႏြဦးေပါက္ျပန္ေပါ့ . . .။
ရြာေတာင္လြမ္းမိေသးေတာ္ . . .။

''အိမ္ကေသာက္ေရအိုးေတြ လဲၾကရေအာင္ . . . ရြာကို ျပာသိုအိုးေကာင္းေကာင္း မွာရဦးမယ္...''
လက္ပံေတြပြင့္ ေႏြကေလးေပါက္ၿပီဆိုလွ်င္ အိမ္ကေရအိုးေတြ လဲေနက်။ သၾကၤန္အခါေတာ္ရက္ နီးၿပီ မဟုတ္လား။ သၾကၤန္ရက္ေတြ မတုိင္ခင္ ေရအိုး၊ ခ်က္အိုးေတြ လဲရျပဳရတာကလည္း ရိုးရာဓေလ့ပင္။ မိဘဘိုးဘြား ေတြဆီကလာေသာ သည္ဓေလ့ကို ကၽြန္မျမတ္ႏိုးပါသည္။ ကၽြန္မတို႔ငယ္ငယ္က ရြာေတာင္ဘက္ ေတာ္ေတာ္ေလးလွမ္းေသာ ရ ႏၲပိုရြာကို ေရအိုးသြား၀ယ္ၾကရသည္။ တစ္ရြာလုံးလိုလို ၀ယ္ၾကတာ ဆိုေတာ့ ေရအိုး၀ယ္ဓေလ့ပင္ျဖစ္ေနၾကၿပီ။
လက္ေလွာ္ေလွ၊ စက္ေလွမ်ားႏွင့္စုန္လွ်င္ေတာ့ ရႏၲပိုရြာကို သိပ္ၾကာၾကာမသြား ရပါ။ ကၽြန္မတို႔ ရြာေတြမွာေတာ့ ေျခက်င္ႏွင့္ကုန္းေၾကာင္း "ေ
ျခကုန္ေအာင္သြားရေသာ္လည္း ပန္းၾကသည္မထင္။ စကားတေျပာေျပာ သီခ်င္း တေၾကာ္ေၾကာ္။ ကၽြန္မမိဘမ်ားကေတာ့ ရ ႏၲပိုရြာမွာညအိပ္ေလ့ရွိသည္။ ေဆြေတြ၊ မ်ဳိးေတြက ခ်က္ခ်င္းျပန္ၾကေရာ႕မရွိ။ အိုး၀ယ္ဆိုေသာ္လည္း ေငြႏွင့္ေၾကးႏွင့္ ၀ယ္ခဲ့ရတာမ်ဳိး မရွိပါ။ ေမတၱာျဖင့္ ေပးလုိက္တာ မ်ားပါ၏။ အိုးလုံးညီညီ၊ ပါးပါးလ်ားလ်ား၊ ေက်ာက္ျပဳတ္သဲျပဳတ္ ကေလးေတြ ထုိးေသာ အိုးကို အေမေရြးတတ္တာကိုလည္း မွတ္မိပါ၏။
''ေက်ာက္ျပဳတ္သဲျပဳတ္ကေလးပါေတာ့ ေရစိမ့္သယ္... ေရစိမ့္မွေအးသယ္... ေရစိမ့္ေတာ့ အိုးတစ္အုိးလုံး ေရစိမ္ ထားသလို စိုဖန္႔ေနသာေပါ့ သမီးရဲ႕... အိုးထဲေရေလ်ာ့သာ ျဖည့္လို႔႔ရသယ္... အိုးေလွာင္ေနရင္ မေအးေတာ့ဘူး..."
အေမက အိုးေခါက္တုတ္ကေလးႏွင့္ တင္တင္ေတာင္ေတာင္ေခါက္ၾကည့္သည္။ အိုးႏႈတ္ခမ္းကိုၾကည့္သည္။ ႏႈတ္ခမ္းပန္းတြန္႔ ပါလွ်င္ မႀကိဳက္။ ႏႈတ္ခမ္းညီညီလုံးလုံးမွ။
"ႏႈတ္ခမ္းပန္းတြန္႕ကလွသာရွိသာ.. ပိုးေကာင္မႊားေကာင္ ၀င္တတ္သယ္ ႏႈတ္ခမ္းလုံးေတာ့ အိုးဖုံးနဲ႕အံက် ပုရြက္ဆိတ္ေတာင္မသီႏုိင္ဘူး"
လို႔ ကၽြန္မတို႕ကို အုိး၀ယ္နည္းကိုပါ တစ္ပါတည္း သင္ေပးတတ္ပါသည္။ အလကားေပးသည့္ အိုးေတြကို တစ္လုံးခ်င္းေရြးေနေသာ အေမ့ကို ရ ႏၲပိုရြာက အမ်ဳိးေတြက သည္းခံ ေနက်။ အေမ့အေၾကာင္းသိတာကိုး။
"ညည္း အေမတို႔မ်ား မထူးရယ္... အလကားေပးသာကို ဂ်ိေညာင္ပေညာင္ မ်ားေနသာၾကည့္ေတာ့... ေျပာသာ ေျပာရသာပါေအ... တို႔အမ်ဳိးထဲ သူေလာက္ရွိေတာ့သာ... သည္လို သည္းခံရသာပဲ..."
ရ ႏၲပိုရြာသူ ႀကီးေတာ္ ေဒၚမွန္ကူက အေမအိုးေရြးတာကို ၾကည့္ရင္း အျမဲေျပာတတ္သည့္စကားျဖစ္သည္။ ဂ်ိေညာင္ပေညာင္  ဆိုတာက ေၾကးထူတာကို ေျပာျခင္းျဖစ္သည္။ အေမက ျမင္းျခံေစ်းမွာ အိုးေရာင္း လာသူ ဆိုေတာ့ အိုးေပါင္းစုံကို ေနာေက်လွၿပီ။ ရ ႏၲပိုအိုး၊ နဘက္အိုး၊ ကေတာအိုး၊ ရသာအိုး၊ ႏြယ္ၿငိမ္းအိုး၊ စစ္ကုိင္းအိုး ...၊ အေမက အိုးညိဳညိဳကိုေရြးသည္။ အသံေကာင္းတာကို ေရြးသည္။ ေဒါင္ေဒါင္ မည္မွ အိုး မဟုတ္ဘူးေအ့ ... ေတာင္ေတာင္ျမည္မွအိုး လို႔ဆိုလုိက္ပါေသးသည္။ အိုးညိဳေတာ့ အုိးက်က္ညီသည္။ အိုးသံ ေကာင္းေတာ့ အအက္ အေက် ကင္းသည္။ ကၽြန္မသတိထားမိသေလာက္ ေျဗာင္အုိးေတြကို အေမႀကိဳက္ပုံ ရပါ၏။ အိုးပန္းမပါေတာ့ ေၾကးေညွာ္အတင္အျပဳနည္းလို႔ ျဖစ္ပါလိမ့္မည္။

"ညည္းတို႕အိုးက ျပာသိုအိုး ဟုတ္ကဲ့လားေအ ... ညည္းတို႔ဟာ အုိးတစ္ဖိုလုံး ျပာသိုအိုးလို႔ ေရးထားလုိ႔ ေမးရသာ..."
"ျပာသိုအိုး အစစ္ပါႀကီးေတာ္ရယ္... မဟုတ္သာလုပ္ပါ့မလား... အိုးကုန္သည္က ႀကီးေတာ္ ထက္ေတာင္ ေသခ်ာေသး ဖုိ၀ က ေစာင့္ယူသာေတာ့္ ... ျပာသိုေျမတူးကတည္းက ေစာင့္ယူသာရယ္..."
အိုးလုပ္ငန္းေတြမွာ ျပာသိုလတြင္ ဖုတ္သည့္အိုးေတြကို မွတ္မွတ္သားသားရွိေစရန္ အိုးပခုံးမွာ "ျပာသိုလ္" လို႔ ေရးထားေလ့ရွိသည္။  ျပာသိုလ မွာ ေျမေအးသည္။ ေစးေစးပုိင္ပုိင္ရွိသည္။ အေအးဓာတ္ ျမဲသည္။ ၀ယ္သူ ေတြက ျပာသိုအိုးကို မက္သည္။ ဒါကို အေမေမးျခင္းျဖစ္ ပါသည္။ သဲအိုး၊ ေက်ာက္အိုး၊ ေျမအိုးေတြ ဖုတ္သမွ် မႏုိင္။ ေရာင္းလို႔မေလာက္။ ျမန္မာအိမ္မွန္လွ်င္ ေသာက္ေရအုိးရွိစျမဲ။
၀ါတာကူလာ ေခတ္ေရာက္သည့္တုိင္ ေသာက္ေရအိုးစိုဖန္႕ဖန္ကို မက္ၾကတုန္း။ ေျပာသာေျပာရတာပါ။ ကၽြန္မ သတိထားမိသေလာက္ ေရသန္႔ဘူးႀကီးေတြ ေမွာက္ခ်ထားေသာ ၀ါတာကူလာ ယဥ္ေက်းမႈကၿမိဳ႕မွာ ေတာ္ေတာ္ တြင္က်ယ္ေနပါၿပီ။  အေမက ၀ါတာကူလာက ေရကို"လတ္ဆတ္သယ္ထင္ေပါင္"ဟု ေျပာတတ္ ပါသည္။ လွ်ပ္စစ္ႏွင့္အေအးဓာတ္ေပးထားတာကို သဘာ၀အေအးဓာတ္ေလာက္ မလတ္ဆတ္တာကို ေျပာခ်င္ပုံရပါသည္။
ကၽြန္မတို႔အိမ္မွာလည္း ေသာက္ေရအိုးပဲရွိသည္။ ေသာက္ေရအိုးယဥ္ေက်းမႈကို ေခတ္မမီဘူး ဆုိခ်င္ ဆိုၾကပါေစေတာ့၊ ေရအိုးထဲက ေရတစ္ဖလား ခပ္ေသာက္ရသည့္ အရသာေလးေလးပင္ပင္ကို ကၽြန္မ ပိုၾကိဳက္သည္။ အိုးေရတစ္ခြက္ကလည္း ခံစားမႈကိုေပးတာပါလား။ အေမကေတာ့ ၀ါတာကူလာကိုျမင္တုိင္း "ေသာက္ေရအိုး ေခတ္ ကုန္ ခ်က္ကေတာ့ေအ..." လို႔ေျပာတတ္ပါသည္။

(၂)
ကၽြန္မစာေတြထဲ ဖတ္ဖူးသေလာက္ ေရွးတုန္းကေတာ့ ကၽြဲႏြားသားေရမ်ားႏွင့္ ေရသယ္ေလ့ရွိၾကသည္။ ၀ါးက်ည္ေတာက္ ေတြ ကိုသုံးကာ ေရကဲ့ေရငင္ရွိၾကသည္။ ဘူးသီးေျခာက္လုိ အသီးေတြကို အစာထုတ္ ထိပ္ဖြင့္ၿပီး ေရသယ္ေရခပ္ရွိခဲ့ၾကသည္။ အိုးေတြဘယ္တုံးက ေပၚခဲ့တာလဲ...။ ဆရာႀကီး ေဒါက္တာသန္းထြန္း ၏ အိုးသမုိင္းကို ကၽြန္မဖတ္ၾကည့္ပါသည္။ အုိးႏွင့္ပတ္သက္လို႔ စိတ္ခ်လက္ခ်ေျပာႏုိင္သည့္ ႏွစ္ကာလ သည္ပင္ အေစာဆုံးႏွစ္တစ္ေသာင္းရွိၿပီလို႔ ဖတ္ရပါသည္။ အေနာက္အာရွမွာ လြန္ခဲ့ေသာ ႏွစ္ကိုးေထာင္ အထိ အိုးမရွိ။ မီးဖုတ္ထားေသာ ရြံ႕ရုပ္ကေလးေတြကေတာ့ လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေသာင္း ကပင္ ရွိခဲ့ သတဲ့...။
ယိုးဒယားနတ္အိုးကြဲတစ္ကြဲကို  သိပၸံ နည္းက်စစ္ေဆးေတာ့ လြန္ခဲ့ေသာ ႏွစ္ရွစ္ေထာင္ကလို႔ အေျဖ ေပး သတဲ့...။ ေျမအိုးေတြက ေက်းရြာေတြမွာ လြယ္လင့္တကူဖုတ္ႏုိင္လို႔ အသံုးအစြဲ မေပ်ာက္ဘဲ အိုးယဥ္ေက်းမႈဆက္ရွိပါတယ္လို႔  ဆရာႀကီးက မွတ္ခ်က္ျပဳတာကိုလည္း ဖတ္ရပါသည္။ ဆရာႀကီးေရးသည့္ အိုးသမိုင္းမွာ အိုးေပၚမွာေရးဆြဲေလ့ရွိၾကသည့္ ဒီဇုိင္းဆန္း ကႏုတ္ဆန္း အရုပ္ဆန္းေတြအေၾကာင္းဖတ္ရပါသည္။ ရ ႏၲပိုရြာက ကၽြန္မႀကီးေတာ္ေတြကေတာ့ ရြ႕ံအိုးဘ၀မွာ ၀ါးဘီးက်ဳိးႏွင့္ျခစ္ကာျခစ္ကာ ဒီဇုိင္းေဖာ္တာကုိ ျမင္ခဲ့ရသည္။
"ႀကီးေတာ္ တို႕ ကေတာ့ ၀ါးဘီးက်ဳိးနဲ႕ ဟိုဘက္သည္ဘက္ ဆြဲျခစ္ျခစ္လုိက္သာပဲ... ၀ါးဘီးက ဘီးသြား ညီေတာ့ ပုံေပၚသာပါပဲ ေအ... နဂါးပုံ ဂဠဳန္ပုံ လုပ္ေနသာမွတ္လို႔... ေရအိုးဆိုမွေတာ့ ေရထည့္ဖို႔လုိသာ..."
ဟုတ္ေတာ့လည္း ဟုတ္သား။ ႀကီးေတာ္က ၀ါးဘီးက်ဳိးႏွင့္ ကန္႔လန္႔စင္း။ ေဒါင္လုိက္စင္း၊ လႈိင္းတြန္႔စင္း၊ ၾကက္ေျခခတ္စင္း ေတြကိုပုံေဖာ္သည္။ ကၽြမ္းက်င္ေနေတာ့လည္း လွသားပင္...။

(၃)
ကၽြန္မတို႔မိသားစုဘ၀တစ္ေကြ႕မွာ အိ္ုးမ်ားစြာႏွင့္အတူ ရွိခဲ့ရေသာာႏွစ္ကာလေတြရွိခဲ့ပါသည္။ ကၽြန္မ အေဖက ေရွးေလွႀကီးမွာ ေလွသူႀကီး၊ အေမက ေလွသူႀကီးကေတာ္...။ အေမ ဆယ့္ႏွစ္ပြဲ ေစ်းလည္ေရာင္းေတာ ့ အေဖက အိုးေတြ ပြဲေတာ္ကြင္းအေရာက္ပို႔ရတာ ပင္ပန္းလွသည္။ ဆိပ္ကမ္းက ပြဲခင္းကို ကား ေခါက္တို ငွားခ်င္ငွား၊ လွည္းႏွင့္တုိက္ခ်င္တုိက္။ ေျမတစ္အိုး၊ အင္တစ္ပ်စ္မကြဲပါမွ။ ျမစ္ဆိပ္ကမ္းပါး ေမာ့ေမာ့ကိုေတာ့ လူအား ႏွင့္တင္ရသည္။
ေျမအိုးအမ်ဳိးမ်ဳိး၊ စဥ့္အိုးအမ်ဳိးမ်ဳိး၊ အိုးပ်စ္အင္ပ်စ္၊ အင္တုံကအစ ေဆးလိပ္ခြက္၊ ဘုရားေညာင္ ေရအိုး၊ နတ္အိုး၊အိုးပုတ္၊ ခ်ဳိးရုပ္အဆုံး ေ၀ေ၀ဆာဆာခင္းႏိုင္ဖုိ႔ လူ႕လုပ္အားေတြ မ်ားမ်ားလုိသည္။ သည္တာ၀န္ကို အေဖ ယူရရွာသည္။ အေမကေရာင္း...၊ ကြၽန္မတို႔ေမာင္နွမေတြက အေမ့ကိုကူ...။ ေ
ျမာင္ဘုရားပြဲ၊ ေက်ာက္ရစ္ဘုရားပြဲ၊ ေ
ပါင္းဝ႐ြာဘုရားပြဲ...။
အေမတို႔ေခတ္ေတြတုန္းက ထမင္းခ်က္ေတာ့လည္း ေျမအုိး ဟင္းခ်က္ ေတာ့လည္း ေျမအိုး၊ ငါးပိက်ဳိေတာ့လည္း ငပိေရက်ဳိအိုးေတြက သုံးတြင္လွပါ၏။ အရြာရြာက ပြဲေတာ္ကြင္း ေရာက္ရသူမ်ားက ပြဲတစ္ေခါက္ အိုးတစ္လုံးေတာ့ ၀ယ္သူခ်ည္းပင္။ ဖ်ာေပၚပုံ ခ်ထားေသာ ဆီမီးခြက္ အရာအေထာင္ေတြၾကားမွာ ကၽြန္မႀကီးျပင္းခဲ့ရသည္။ အေမကေသာက္ေရအိုးေတြကို တုတ္တို ဆစ္ပိတ္ ကေလး တစ္ေခ်ာင္းႏွင့္ ေခါက္ျပတီးျပရသည္။ အေမ့အိုးဆုိင္ မွာ ေတာင္ေတာင္တင္တင္ အသံေတြ ၾကားရတုိင္း ကၽြန္မတို႔ဆုိင္ေငြ၀င္သည္။
"အိုးေရာင္းရတာ ျမတ္သာေတာ့ျမတ္ပါရဲ႕... အိုးရြာကေန ပြဲေတာ္ကြင္းေရာက္ဖို႔ မသက္သာဘူး... ညည္းတုိ႔ အေဖမ်ား ကူသယ္ ေခါက္သယ္ နဲ႕... ကိုယ့္မွာေလွရွိလို႔ေတာ္ေတာ့သာ... ညည္းအေဖ အိုးညံ့ေတြ ယူခဲ့ရပါ့မလား လို႔ အေမကရန္လုပ္ေသးသာ....တို႔လူမ်ဳိးမ်ား တစ္က်ပ္ငါးမူး သုံးဖို႔ ရာေတာင္ ဆင္းရဲ ပါသယ္ေအ... အိုးေကာင္းမသုံးႏိုင္သူ က ထိပ္ပဲ့ႏႈတ္ခမ္းပဲ့ေစ်းေခ်ာင္ေခ်ာင္၀ယ္ၾကရေသးသာ..."
တစ္ခါက အိုးသည္ဘ၀ကို စိတ္ေရာက္တုိင္း အေမေျပာျပတတ္ပါသည္။ ကၽြန္မက ဆီမီးခြက္ တစ္က်ပ္ဖိုး ေလးခြက္ ဆိုလွ်င္ ငါးခြက္ မေပးခ်င္။ အေမကယူသြားပါ... ဟုဆုိလွ်င္ ကၽြန္မက ႏႈတ္ခမ္းစူတတ္သည္ ဆုိပါ၏။
"ေစ်းဆုိတာ ေလွ်ာ့ႏုိင္သေရြ႕ ေစ်းေလွ်ာ့ေရာင္းရသယ္ သမီးရဲ႕ အေမတို႕က သူတို႔ဆစ္သယ့္ေစ်း ေရာင္းလို႔ ရပါသယ္ေအ့... အိုးသည္မ်ား ၀ါးတစ္ျပန္စာရုိက္ခြဲေတာင္ အျမတ္ေတာ့က်န္ပါသယ္" လို႔ ေျပာတာကိုလည္း ကၽြန္မမွတ္မိေနပါသည္။ တကယ္ျမတ္မျမတ္ေတာ့ကၽြန္မလည္း မသိ။ အေမက ေရာင္းရသမွ် စကၠဴပိုက္ဆံ၊ အႏုတ္ ပုိက္ဆံေတြကို အိုးကေလးတစ္လုံးထဲ ထည့္ထားတတ္သည္။ "ေငြအုိုး" လို႔ ေခၚေလ့ရွိသည္။
"အိုးေရာင္းရသာ ဂုဏ္မငယ္ဘူးသမီးရဲ႕... ေရထည့္သာဆိုေတာ့ အေအးဓာတ္မ်ားေရာင္းရသယ္မွတ္... ေရခ်မ္းစင္ ေရခ်မ္းအိုး နာမည္ၾကားရုံနဲ႕ ေအးရသာ... ရင္ထဲလည္းေအး၊ ႏွလုံးလည္းေအး ... ကုသိုလ္ ရပါ့ေအ..."
ဟုတ္ေပသားပဲ။ အေမေျပာျပမွ ေအးျမျခင္းကို ခံစားရသည္။ ကၽြန္မတို႔အညာမွာ ေႏြေပါက္ၿပီဆိုသည္ႏွင့္ ေရခ်မ္းစင္ေတြမွာ အုိးသစ္ေတြလဲၾကသည္။ ေအာက္ကသဲခံကာ ေရစိုေအာင္ေလာင္း၊ စပါးေစ့ေတြ ျဖဴး လုိက္ေတာ့ စပါးပင္ကေလးေတြ စိမ္းစိမ္းစိုစို...။ အေ၀းရြာက ကူးၾကလူးၾကသူေတြ၊ လွည္းသမားေတြ ေရအိုးစိုစို ေတြ႕ေတာ့ မေသာက္ဘဲမေနႏိုင္။ ေရတ၀ေသာက္ၿပီး အမွ်ေ၀တတ္ၾကသည္။ သာဓု ေခၚတတ္ ၾကသည္။ ေရအက်ဳိးဆယ္ပါး ေတာင္းစရာ မလိုဘဲ ျပည့္သည္။
အခုေတာ့ ေႏြဦးေပါက္ၿပီဆုိသည္ႏွင့္ ကၽြန္မတို႔ကိုယ္တုိင္ ေရအုိးေတြ၀ယ္ၾကရပါၿပီ။ အေမ့အိမ္ဖို႕ႏွစ္လုံး၊ ကၽြန္မတို႔ အိမ္ဖို႔ ႏွစ္လုံး။ ဧရာ၀တီျမစ္ကမ္းပါး ေဂါ၀န္မွာေရအိုးေရာင္းသည့္ဆိုင္ေတြရွိပါသည္။
"ဘယ္ရြာက ထြက္တဲ့အိုးေတြလဲ"
ကၽြန္မကေမးေတာ့ အုိးသည္က ျမင္းျခံအိုးေတြပါလို႔ေျဖသည္။ နဘက္အိုး၊ ရ ႏၱပိုအိုး၊ ကေတာအိုး...။ ျမင္းျခံနယ္အိုးရြာေတြက ထြက္တာပါလို႔ ေျဖျခင္းျဖစ္ပါ၏။ သၾကၤန္အခါေတာ္ ရက္နီးၿပီဆိုေတာ့ ပရိတ္အိုးကေလးလည္း၀ယ္ရသည္။ သိၾကားမင္းႀကိဳသည့္ ေရစင္ေတာ္အိုးလည္း ၀ယ္ရသည္။
အိုးသစ္၀ယ္တုိင္း အိုးေရာင္းခဲ့ရသည့္ ဘ၀ကို ကၽြန္မသတိရျမဲပင္။

(၄)
မၾကာခင္က စာေပေဟာေျပာပြဲေတြထြက္ရင္း ၿမိဳ႕ေက်းရြာေဒသ အေတာ္မ်ားမ်ားဆီ ေရာက္ခဲ့ ပါသည္။ဘုရားပြဲေတာ္ေတြလည္း မလြတ္ပါ။ အရာေတာ္ၿမိဳ႕က ေျခရာေတာ္ဘုရားပြဲ (ေျခေတာ္ရာ မဟုတ္ပါ) ကို ေရာက္ခဲ့ရပါသည္။ ပခန္းကိုႀကီးေက်ာ္နတ္နန္းရွိရာ ကူနီနတ္နန္း ပြဲေတာ္ခင္းကို ေရာက္ခဲ့ရသည္။ ထို ပြဲေတာ္ ေတြမွာလည္း အိုးခင္းေစ်းသည္ေတြ ေတြ႕ခဲ့ရသည္။ ဘယ္ရြာေတြကလာေရာင္းတာလဲဆိုေတာ့ ေက်ာက္ေျမာင္းနယ္ ႏြယ္ၿငိမ္းရြာေတြဘက္ကလို႔ဆိုသည္။ ပခန္းအိုးေတြလည္း နာမည္ရပါ၏။ မလႈိင္ၿမိဳ႕ကိုေရာက္ေတာ့ မလိႈင္ပန္းအုိင္ ေစတီေတာ္ကို ဖူးၾကသည္။ ပြဲေတာ္ရက္မဟုတ္ေသးေသာ္လည္း အိုးသည္ေတြ ေရာက္ၾကပါၿပီ။ ႏြားထိုးႀကီးၿမိဳ႕မွာေတာ့ ပြဲေတြ၊ ဆုိင္ခန္းေတြ ေနရာခ်တုန္း၊ အိုးသည္ေတြက ေစ်းခင္းႏွင့္ၾကၿပီ။ ၀ယ္ၾကျခမ္းၾက။ မလိႈ္င္ေစ်းထဲကို ေစ်း၀ယ္လည္ေတာ့ အိုးသည္ကအိုး၀ယ္ပါဦး ေျပာလာ လို႔ ေမးၾကည့္ရျပန္သည္။
"လိႈင္းတက္အိုးေတြေလ ညီမရဲ႕... သာစည္အေရွ႕ဘက္ကလာတာ... ေႏြေသာက္အိုးေတြေပါ့... ေအးအိုး ေခၚၾကတယ္... ျပာသိုလ လုပ္တဲ့အိုးေလ... ေအးလုိက္တာစက္လို႔...သည္ဘက္ကအိုးေတြက အိုးပါး ...ရြက္အိုး ေပါ့... မိတၳီလာအေနာက္က သီတက္ကန္ရြာကထြက္ တာ...၀ယ္ဦးေလ..."
ကၽြန္မ ၀ယ္ခ်င္သည္။ ကၽြန္မတို႔ ျပန္ၾကမည့္ကားက အိုးမဆ့ံသည့္ကားကေလးျဖစ္သည္။ ၿပီးေတာ့ မႏုိင္ရင္ကန္ ၀ယ္ရမွာဆိုေတာ့ ကားရွင္ကို အားနာရျပန္သည္။ ေဂါ၀န္ျမစ္ကမ္းနားက ျမင္းျခံအိုးေတြ ၀ယ္ပါေတာ့မယ္ေလ လို႕သာ စိတ္ကိုခ်ိဳးလုိက္ရသည္။ အိုးေတြေရာင္းရဲ႕ လား...။ သိခ်င္သည္။
"ကၽြန္မ တစ္ဆုိင္ တည္းတင္ တစ္ႏွစ္အိုးအလုံးေရ ႏွစ္ေသာင္းေလာက္ေရာင္းရတယ္ ... ေရာင္းလို႔ မေလာက္ဘူး... ကၽြန္မတို႔ ဒါနဲ႕စားၾကတာပဲ..."
အိုးယဥ္ေက်းမႈေလး မေပ်ာက္လို႔ ၀မ္းသာရသည္။ အိုးသည္ကိုေတြ႕ေတာ့ ျမင္းျခံေစ်း၊ ဆယ့္ႏွစ္ပြဲေစ်းေတြမွာ အိုးေရာင္းခဲ့သည့္ အေမ့ကိုသတိရသည္။ ပင္ပန္းတႀကီးရွိခဲ့ရွာေသာ အေဖ့ကို သတိရသည္။ ေစ်းထဲ လုိက္ပို႕ေသာ စာေပေကာ္မတီ၀င္တစ္ေယာက္ကလည္း သူတို႔ရြာဘက္ဆီက ထေနာင္းကိုင္းအိုး ေတြေကာင္းလွေၾကာင္း ေျပာျပသည္။
တစ္ေယာက္ကေတာ့ ေျမအိုးေတြေခတ္စားလာျပန္ၿပီ ဆရာမရဲ႕ ဟုဆိုပါ၏။ ကၽြန္မကေမးၾကည့္ေတာ့ မႏၱေလးက တရုတ္ဆုိင္ ေတြမွာ ေျမအိုးငါးရွဥ္႔ခ်က္၊ ေျမအိုးၿမီးရွည္၊ ေျမအိုးငါးေပါင္းဟင္းေတြ ေစ်းႀကီး ေၾကာင္း ေျပာျပသည္။ ျမန္မာေျမအိုးဟုတ္ရဲ႕လား။ တရုတ္ေျမအိုးေတြမ်ားလား။ ေျမအိုးႏွင့္ခ်က္တာပဲလား။ ခ်က္ၿပီး မွ ေျမအိုးထဲထည့္တာ လား။ ေျဖသူက မေျဖႏိုင္။ ဘာပဲျဖစ္ျဖစ္ ေျမထည္ေတြ စားပြဲေပၚ ေရာက္ရ ျပန္ၿပီ။ ခရီးအျပန္လမ္းမွာေတာ့ အေဖေျပာဖူးသည့္ စကားကို တစ္လမ္းလုံး ကၽြန္မသတိရေနခဲ့ပါသည္။

"ငါ့သမီးရဲ႕… လူျဖစ္ျဖစ္ တုိင္းျပည္ျဖစ္ျဖစ္ ေရျပည့္အိုး လို က်င့္ရသယ္… ေရျပည့္အိုးမ်ားဟာ တည္ၿငိမ္ သယ္… ေဘာင္ဘင္ မခတ္ဘူးေပါ့… ရွင္နာဂသိန္ မိန္႔သလိုပဲ…ေရျပည့္အိုးမ်ားဟာ မေထာင္လႊားဘူး မက်ဳံး၀ါးဘူး အသံမျပဳဘူး… ေရခ်မ္းအိုး ေအးအုိးမ်ားဆီ ေရငတ္သူတုိင္းေရာက္ၾကရသယ္…"

ေႏြေပါက္ျပန္ပါၿပီ။ ေတာင္ေလကေလးျပက္၊ ျမဴေငြ႕ကေလးဆုိင္းျပန္ပါၿပီ။ သည္ႏွစ္တြင္လည္း ထုံးတမ္း မပ်က္ ေအးအိုး ကေလး ေတြ၀ယ္ရပါဦးမည္။ ေအးအိုး ကုသိုလ္ ယူရပါဦးမည္။     ။

                                             ခင္ခင္ထူး

                                (ေက်းတစ္ရာ ရသစာစုမ်ား)
.

Unicode version
" အေးအိုး "
=======

                                               #ခင်ခင်ထူး

(၁)
ကျွန်မတို့ အညာမှာတော့ တောင်လေကလေးပြက်၊ မြူငွေ့ကလေးဆိုင်း၊ သစ်ရွက်တွေကြွေပြီဆိုသည်နှင့် နွေဦးပေါက် နိမိတ် လက္ခဏာအဖြစ် ခံစားနိုင်ပါပြီ။ ကျွန်မတို့အိမ်ထောင်ဦးနေ့ရက်တွေတုန်းက မန္တလေး မြစ်ကမ်းနား တိုက်တန်းမှာ လေးငါးနှစ် နေခဲ့ဖူးပါသည်။ မြစ်ကမ်းနားလမ်း အတိုင်း တောင်ဘက်ထိုထို လျှောက်လျှင် ရှမ်းကလေးကျွန်းရွာ မရောက်တရောက်ကတည်းက လက်ပံတွေပွင့်ချင်ကြပြီ။ သူတကာထက် စွာချင်သော လက်ပံတွေက တောင်လေမပြက်ခင်ကပင် ရဲရဲကြီးမှည့်နှင့်ကြပြီ။ လက်ပံပင် တစ်တန်းလုံး ညီညီညာညာ ပွင့်ကြပြီဆိုလျှင်တော့ မြေတလင်းမှာ လက်ပံပင်တွေ ခဲခဲလှုပ် ကြွေတာကကြွေ၊ ပင်ထက် ဆီက ဝဲကာဝဲကာ ဆင်းတာကဆင်း၊ အရွက်တွေ ခြွေထားလို့ ငေါင်းစင်းစင်း၊ ရိုးတံမည်းမည်း အပင်အိုကြီး တွေ ဆိုတော့ အကျည်းတန်သလိုလိုတော့ရှိသား။
သို့သော် တစ်ပင်လုံးအပွင့်နီနီတွေ မြင်မကောင်းအောင် ပန်ထားကြမြဲပင်။ ပွင့်သမျှ ကြွေကြရော့လား။ ပင်ခြေအောက် မှာ ပန်းဖျာကြီးခင်းထားသလိုရှိတတ်ပါ၏။ မြို့မှာဆိုတော့ လက်ပံပွင့်ကောက်သည့်အလေ့ နည်းကြတာ သတိထားမိပါသည်။ ရွာမှာဆိုရင်တော့ မိုးတွင်းစာလက်ပံပွင့်ကောက်ကြရသည်။ ပွင့်ဖတ် မျက်သီးဆံတွေခြွေပြီး အခြောက်လှမ်းကြရသည်။ မိုးတွင်းစာ၊ လက်ပံခေါင်းခြောက်ကျိုနိုင်ဖို့ ရာ နွေဦး ကတည်းက စုနှင့်ကြရသည်။ နွေဦးပေါက်ပြန်ပေါ့ . . .။
ရွာတောင်လွမ်းမိသေးတော် . . .။

''အိမ်ကသောက်ရေအိုးတွေ လဲကြရအောင် . . . ရွာကို ပြာသိုအိုးကောင်းကောင်း မှာရဦးမယ်...''
လက်ပံတွေပွင့် နွေကလေးပေါက်ပြီဆိုလျှင် အိမ်ကရေအိုးတွေ လဲနေကျ။ သင်္ကြန်အခါတော်ရက် နီးပြီ မဟုတ်လား။ သင်္ကြန်ရက်တွေ မတိုင်ခင် ရေအိုး၊ ချက်အိုးတွေ လဲရပြုရတာကလည်း ရိုးရာဓလေ့ပင်။ မိဘဘိုးဘွား တွေဆီကလာသော သည်ဓလေ့ကို ကျွန်မမြတ်နိုးပါသည်။ ကျွန်မတို့ငယ်ငယ်က ရွာတောင်ဘက် တော်တော်လေးလှမ်းသော ရ န္တပိုရွာကို ရေအိုးသွားဝယ်ကြရသည်။ တစ်ရွာလုံးလိုလို ဝယ်ကြတာ ဆိုတော့ ရေအိုးဝယ်ဓလေ့ပင်ဖြစ်နေကြပြီ။
လက်လှော်လှေ၊ စက်လှေများနှင့်စုန်လျှင်တော့ ရန္တပိုရွာကို သိပ်ကြာကြာမသွား ရပါ။ ကျွန်မတို့ ရွာတွေမှာတော့ ခြေကျင်နှင့်ကုန်းကြောင်း "ေ
ခြကုန်အောင်သွားရသော်လည်း ပန်းကြသည်မထင်။ စကားတပြောပြော သီချင်း တကြော်ကြော်။ ကျွန်မမိဘများကတော့ ရ န္တပိုရွာမှာညအိပ်လေ့ရှိသည်။ ဆွေတွေ၊ မျိုးတွေက ချက်ချင်းပြန်ကြရော့မရှိ။ အိုးဝယ်ဆိုသော်လည်း ငွေနှင့်ကြေးနှင့် ဝယ်ခဲ့ရတာမျိုး မရှိပါ။ မေတ္တာဖြင့် ပေးလိုက်တာ များပါ၏။ အိုးလုံးညီညီ၊ ပါးပါးလျားလျား၊ ကျောက်ပြုတ်သဲပြုတ် ကလေးတွေ ထိုးသော အိုးကို အမေရွေးတတ်တာကိုလည်း မှတ်မိပါ၏။
''ကျောက်ပြုတ်သဲပြုတ်ကလေးပါတော့ ရေစိမ့်သယ်... ရေစိမ့်မှအေးသယ်... ရေစိမ့်တော့ အိုးတစ်အိုးလုံး ရေစိမ် ထားသလို စိုဖန့်နေသာပေါ့ သမီးရဲ့... အိုးထဲရေလျော့သာ ဖြည့်လို့ရသယ်... အိုးလှောင်နေရင် မအေးတော့ဘူး..."
အမေက အိုးခေါက်တုတ်ကလေးနှင့် တင်တင်တောင်တောင်ခေါက်ကြည့်သည်။ အိုးနှုတ်ခမ်းကိုကြည့်သည်။ နှုတ်ခမ်းပန်းတွန့် ပါလျှင် မကြိုက်။ နှုတ်ခမ်းညီညီလုံးလုံးမှ။
"နှုတ်ခမ်းပန်းတွန့်ကလှသာရှိသာ.. ပိုးကောင်မွှားကောင် ဝင်တတ်သယ် နှုတ်ခမ်းလုံးတော့ အိုးဖုံးနဲ့အံကျ ပုရွက်ဆိတ်တောင်မသီနိုင်ဘူး"
လို့ ကျွန်မတို့ကို အိုးဝယ်နည်းကိုပါ တစ်ပါတည်း သင်ပေးတတ်ပါသည်။ အလကားပေးသည့် အိုးတွေကို တစ်လုံးချင်းရွေးနေသော အမေ့ကို ရ န္တပိုရွာက အမျိုးတွေက သည်းခံ နေကျ။ အမေ့အကြောင်းသိတာကိုး။
"ညည်း အမေတို့များ မထူးရယ်... အလကားပေးသာကို ဂျိညောင်ပညောင် များနေသာကြည့်တော့... ပြောသာ ပြောရသာပါအေ... တို့အမျိုးထဲ သူလောက်ရှိတော့သာ... သည်လို သည်းခံရသာပဲ..."
ရ န္တပိုရွာသူ ကြီးတော် ဒေါ်မှန်ကူက အမေအိုးရွေးတာကို ကြည့်ရင်း အမြဲပြောတတ်သည့်စကားဖြစ်သည်။ ဂျိညောင်ပညောင်  ဆိုတာက ကြေးထူတာကို ပြောခြင်းဖြစ်သည်။ အမေက မြင်းခြံဈေးမှာ အိုးရောင်း လာသူ ဆိုတော့ အိုးပေါင်းစုံကို နောကျေလှပြီ။ ရ န္တပိုအိုး၊ နဘက်အိုး၊ ကတောအိုး၊ ရသာအိုး၊ နွယ်ငြိမ်းအိုး၊ စစ်ကိုင်းအိုး ...၊ အမေက အိုးညိုညိုကိုရွေးသည်။ အသံကောင်းတာကို ရွေးသည်။ ဒေါင်ဒေါင် မည်မှ အိုး မဟုတ်ဘူးအေ့ ... တောင်တောင်မြည်မှအိုး လို့ဆိုလိုက်ပါသေးသည်။ အိုးညိုတော့ အိုးကျက်ညီသည်။ အိုးသံ ကောင်းတော့ အအက် အကျေ ကင်းသည်။ ကျွန်မသတိထားမိသလောက် ဗြောင်အိုးတွေကို အမေကြိုက်ပုံ ရပါ၏။ အိုးပန်းမပါတော့ ကြေးညှော်အတင်အပြုနည်းလို့ ဖြစ်ပါလိမ့်မည်။

"ညည်းတို့အိုးက ပြာသိုအိုး ဟုတ်ကဲ့လားအေ ... ညည်းတို့ဟာ အိုးတစ်ဖိုလုံး ပြာသိုအိုးလို့ ရေးထားလို့ မေးရသာ..."
"ပြာသိုအိုး အစစ်ပါကြီးတော်ရယ်... မဟုတ်သာလုပ်ပါ့မလား... အိုးကုန်သည်က ကြီးတော် ထက်တောင် သေချာသေး ဖို၀ က စောင့်ယူသာတော့် ... ပြာသိုမြေတူးကတည်းက စောင့်ယူသာရယ်..."
အိုးလုပ်ငန်းတွေမှာ ပြာသိုလတွင် ဖုတ်သည့်အိုးတွေကို မှတ်မှတ်သားသားရှိစေရန် အိုးပခုံးမှာ "ပြာသိုလ်" လို့ ရေးထားလေ့ရှိသည်။  ပြာသိုလ မှာ မြေအေးသည်။ စေးစေးပိုင်ပိုင်ရှိသည်။ အအေးဓာတ် မြဲသည်။ ဝယ်သူ တွေက ပြာသိုအိုးကို မက်သည်။ ဒါကို အမေမေးခြင်းဖြစ် ပါသည်။ သဲအိုး၊ ကျောက်အိုး၊ မြေအိုးတွေ ဖုတ်သမျှ မနိုင်။ ရောင်းလို့မလောက်။ မြန်မာအိမ်မှန်လျှင် သောက်ရေအိုးရှိစမြဲ။
ဝါတာကူလာ ခေတ်ရောက်သည့်တိုင် သောက်ရေအိုးစိုဖန့်ဖန်ကို မက်ကြတုန်း။ ပြောသာပြောရတာပါ။ ကျွန်မ သတိထားမိသလောက် ရေသန့်ဘူးကြီးတွေ မှောက်ချထားသော ဝါတာကူလာ ယဉ်ကျေးမှုကမြို့မှာ တော်တော် တွင်ကျယ်နေပါပြီ။  အမေက ဝါတာကူလာက ရေကို"လတ်ဆတ်သယ်ထင်ပေါင်"ဟု ပြောတတ် ပါသည်။ လျှပ်စစ်နှင့်အအေးဓာတ်ပေးထားတာကို သဘာဝအအေးဓာတ်လောက် မလတ်ဆတ်တာကို ပြောချင်ပုံရပါသည်။
ကျွန်မတို့အိမ်မှာလည်း သောက်ရေအိုးပဲရှိသည်။ သောက်ရေအိုးယဉ်ကျေးမှုကို ခေတ်မမီဘူး ဆိုချင် ဆိုကြပါစေတော့၊ ရေအိုးထဲက ရေတစ်ဖလား ခပ်သောက်ရသည့် အရသာလေးလေးပင်ပင်ကို ကျွန်မ ပိုကြိုက်သည်။ အိုးရေတစ်ခွက်ကလည်း ခံစားမှုကိုပေးတာပါလား။ အမေကတော့ ဝါတာကူလာကိုမြင်တိုင်း "သောက်ရေအိုး ခေတ် ကုန် ချက်ကတော့အေ..." လို့ပြောတတ်ပါသည်။

(၂)
ကျွန်မစာတွေထဲ ဖတ်ဖူးသလောက် ရှေးတုန်းကတော့ ကျွဲနွားသားရေများနှင့် ရေသယ်လေ့ရှိကြသည်။ ဝါးကျည်တောက် တွေ ကိုသုံးကာ ရေကဲ့ရေငင်ရှိကြသည်။ ဘူးသီးခြောက်လို အသီးတွေကို အစာထုတ် ထိပ်ဖွင့်ပြီး ရေသယ်ရေခပ်ရှိခဲ့ကြသည်။ အိုးတွေဘယ်တုံးက ပေါ်ခဲ့တာလဲ...။ ဆရာကြီး ဒေါက်တာသန်းထွန်း ၏ အိုးသမိုင်းကို ကျွန်မဖတ်ကြည့်ပါသည်။ အိုးနှင့်ပတ်သက်လို့ စိတ်ချလက်ချပြောနိုင်သည့် နှစ်ကာလ သည်ပင် အစောဆုံးနှစ်တစ်သောင်းရှိပြီလို့ ဖတ်ရပါသည်။ အနောက်အာရှမှာ လွန်ခဲ့သော နှစ်ကိုးထောင် အထိ အိုးမရှိ။ မီးဖုတ်ထားသော ရွံ့ရုပ်ကလေးတွေကတော့ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်း ကပင် ရှိခဲ့ သတဲ့...။
ယိုးဒယားနတ်အိုးကွဲတစ်ကွဲကို  သိပ္ပံ နည်းကျစစ်ဆေးတော့ လွန်ခဲ့သော နှစ်ရှစ်ထောင်ကလို့ အဖြေ ပေး သတဲ့...။ မြေအိုးတွေက ကျေးရွာတွေမှာ လွယ်လင့်တကူဖုတ်နိုင်လို့ အသုံးအစွဲ မပျောက်ဘဲ အိုးယဉ်ကျေးမှုဆက်ရှိပါတယ်လို့  ဆရာကြီးက မှတ်ချက်ပြုတာကိုလည်း ဖတ်ရပါသည်။ ဆရာကြီးရေးသည့် အိုးသမိုင်းမှာ အိုးပေါ်မှာရေးဆွဲလေ့ရှိကြသည့် ဒီဇိုင်းဆန်း ကနုတ်ဆန်း အရုပ်ဆန်းတွေအကြောင်းဖတ်ရပါသည်။ ရ န္တပိုရွာက ကျွန်မကြီးတော်တွေကတော့ ရွံ့အိုးဘဝမှာ ဝါးဘီးကျိုးနှင့်ခြစ်ကာခြစ်ကာ ဒီဇိုင်းဖော်တာကို မြင်ခဲ့ရသည်။
"ကြီးတော် တို့ ကတော့ ဝါးဘီးကျိုးနဲ့ ဟိုဘက်သည်ဘက် ဆွဲခြစ်ခြစ်လိုက်သာပဲ... ဝါးဘီးက ဘီးသွား ညီတော့ ပုံပေါ်သာပါပဲ အေ... နဂါးပုံ ဂဠုန်ပုံ လုပ်နေသာမှတ်လို့... ရေအိုးဆိုမှတော့ ရေထည့်ဖို့လိုသာ..."
ဟုတ်တော့လည်း ဟုတ်သား။ ကြီးတော်က ဝါးဘီးကျိုးနှင့် ကန့်လန့်စင်း။ ဒေါင်လိုက်စင်း၊ လှိုင်းတွန့်စင်း၊ ကြက်ခြေခတ်စင်း တွေကိုပုံဖော်သည်။ ကျွမ်းကျင်နေတော့လည်း လှသားပင်...။

(၃)
ကျွန်မတို့မိသားစုဘဝတစ်ကွေ့မှာ အိုးများစွာနှင့်အတူ ရှိခဲ့ရသောာနှစ်ကာလတွေရှိခဲ့ပါသည်။ ကျွန်မ အဖေက ရှေးလှေကြီးမှာ လှေသူကြီး၊ အမေက လှေသူကြီးကတော်...။ အမေ ဆယ့်နှစ်ပွဲ ဈေးလည်ရောင်းတော့ အဖေက အိုးတွေ ပွဲတော်ကွင်းအရောက်ပို့ရတာ ပင်ပန်းလှသည်။ ဆိပ်ကမ်းက ပွဲခင်းကို ကား ခေါက်တို ငှားချင်ငှား၊ လှည်းနှင့်တိုက်ချင်တိုက်။ မြေတစ်အိုး၊ အင်တစ်ပျစ်မကွဲပါမှ။ မြစ်ဆိပ်ကမ်းပါး မော့မော့ကိုတော့ လူအား နှင့်တင်ရသည်။
မြေအိုးအမျိုးမျိုး၊ စဥ့်အိုးအမျိုးမျိုး၊ အိုးပျစ်အင်ပျစ်၊ အင်တုံကအစ ဆေးလိပ်ခွက်၊ ဘုရားညောင် ရေအိုး၊ နတ်အိုး၊အိုးပုတ်၊ ချိုးရုပ်အဆုံး ဝေေ၀ဆာဆာခင်းနိုင်ဖို့ လူ့လုပ်အားတွေ များများလိုသည်။ သည်တာဝန်ကို အဖေ ယူရရှာသည်။ အမေကရောင်း...၊ ကျွန်မတို့မောင်နှမတွေက အမေ့ကိုကူ...။ ေ
မြာင်ဘုရားပွဲ၊ ကျောက်ရစ်ဘုရားပွဲ၊ ေ
ပါင်းဝရွာဘုရားပွဲ...။
အမေတို့ခေတ်တွေတုန်းက ထမင်းချက်တော့လည်း မြေအိုး ဟင်းချက် တော့လည်း မြေအိုး၊ ငါးပိကျိုတော့လည်း ငပိရေကျိုအိုးတွေက သုံးတွင်လှပါ၏။ အရွာရွာက ပွဲတော်ကွင်း ရောက်ရသူများက ပွဲတစ်ခေါက် အိုးတစ်လုံးတော့ ဝယ်သူချည်းပင်။ ဖျာပေါ်ပုံ ချထားသော ဆီမီးခွက် အရာအထောင်တွေကြားမှာ ကျွန်မကြီးပြင်းခဲ့ရသည်။ အမေကသောက်ရေအိုးတွေကို တုတ်တို ဆစ်ပိတ် ကလေး တစ်ချောင်းနှင့် ခေါက်ပြတီးပြရသည်။ အမေ့အိုးဆိုင် မှာ တောင်တောင်တင်တင် အသံတွေ ကြားရတိုင်း ကျွန်မတို့ဆိုင်ငွေဝင်သည်။
"အိုးရောင်းရတာ မြတ်သာတော့မြတ်ပါရဲ့... အိုးရွာကနေ ပွဲတော်ကွင်းရောက်ဖို့ မသက်သာဘူး... ညည်းတို့ အဖေများ ကူသယ် ခေါက်သယ် နဲ့... ကိုယ့်မှာလှေရှိလို့တော်တော့သာ... ညည်းအဖေ အိုးညံ့တွေ ယူခဲ့ရပါ့မလား လို့ အမေကရန်လုပ်သေးသာ....တို့လူမျိုးများ တစ်ကျပ်ငါးမူး သုံးဖို့ ရာတောင် ဆင်းရဲ ပါသယ်အေ... အိုးကောင်းမသုံးနိုင်သူ က ထိပ်ပဲ့နှုတ်ခမ်းပဲ့ဈေးချောင်ချောင်ဝယ်ကြရသေးသာ..."
တစ်ခါက အိုးသည်ဘဝကို စိတ်ရောက်တိုင်း အမေပြောပြတတ်ပါသည်။ ကျွန်မက ဆီမီးခွက် တစ်ကျပ်ဖိုး လေးခွက် ဆိုလျှင် ငါးခွက် မပေးချင်။ အမေကယူသွားပါ... ဟုဆိုလျှင် ကျွန်မက နှုတ်ခမ်းစူတတ်သည် ဆိုပါ၏။
"ဈေးဆိုတာ လျှော့နိုင်သရွေ့ ဈေးလျှော့ရောင်းရသယ် သမီးရဲ့ အမေတို့က သူတို့ဆစ်သယ့်ဈေး ရောင်းလို့ ရပါသယ်အေ့... အိုးသည်များ ဝါးတစ်ပြန်စာရိုက်ခွဲတောင် အမြတ်တော့ကျန်ပါသယ်" လို့ ပြောတာကိုလည်း ကျွန်မမှတ်မိနေပါသည်။ တကယ်မြတ်မမြတ်တော့ကျွန်မလည်း မသိ။ အမေက ရောင်းရသမျှ စက္ကူပိုက်ဆံ၊ အနုတ် ပိုက်ဆံတွေကို အိုးကလေးတစ်လုံးထဲ ထည့်ထားတတ်သည်။ "ငွေအိုး" လို့ ခေါ်လေ့ရှိသည်။
"အိုးရောင်းရသာ ဂုဏ်မငယ်ဘူးသမီးရဲ့... ရေထည့်သာဆိုတော့ အအေးဓာတ်များရောင်းရသယ်မှတ်... ရေချမ်းစင် ရေချမ်းအိုး နာမည်ကြားရုံနဲ့ အေးရသာ... ရင်ထဲလည်းအေး၊ နှလုံးလည်းအေး ... ကုသိုလ် ရပါ့အေ..."
ဟုတ်ပေသားပဲ။ အမေပြောပြမှ အေးမြခြင်းကို ခံစားရသည်။ ကျွန်မတို့အညာမှာ နွေပေါက်ပြီဆိုသည်နှင့် ရေချမ်းစင်တွေမှာ အိုးသစ်တွေလဲကြသည်။ အောက်ကသဲခံကာ ရေစိုအောင်လောင်း၊ စပါးစေ့တွေ ဖြူး လိုက်တော့ စပါးပင်ကလေးတွေ စိမ်းစိမ်းစိုစို...။ အဝေးရွာက ကူးကြလူးကြသူတွေ၊ လှည်းသမားတွေ ရေအိုးစိုစို တွေ့တော့ မသောက်ဘဲမနေနိုင်။ ရေတဝသောက်ပြီး အမျှဝေတတ်ကြသည်။ သာဓု ခေါ်တတ် ကြသည်။ ရေအကျိုးဆယ်ပါး တောင်းစရာ မလိုဘဲ ပြည့်သည်။
အခုတော့ နွေဦးပေါက်ပြီဆိုသည်နှင့် ကျွန်မတို့ကိုယ်တိုင် ရေအိုးတွေဝယ်ကြရပါပြီ။ အမေ့အိမ်ဖို့နှစ်လုံး၊ ကျွန်မတို့ အိမ်ဖို့ နှစ်လုံး။ ဧရာဝတီမြစ်ကမ်းပါး ဂေါဝန်မှာရေအိုးရောင်းသည့်ဆိုင်တွေရှိပါသည်။
"ဘယ်ရွာက ထွက်တဲ့အိုးတွေလဲ"
ကျွန်မကမေးတော့ အိုးသည်က မြင်းခြံအိုးတွေပါလို့ဖြေသည်။ နဘက်အိုး၊ ရ န္တပိုအိုး၊ ကတောအိုး...။ မြင်းခြံနယ်အိုးရွာတွေက ထွက်တာပါလို့ ဖြေခြင်းဖြစ်ပါ၏။ သင်္ကြန်အခါတော် ရက်နီးပြီဆိုတော့ ပရိတ်အိုးကလေးလည်းဝယ်ရသည်။ သိကြားမင်းကြိုသည့် ရေစင်တော်အိုးလည်း ဝယ်ရသည်။
အိုးသစ်ဝယ်တိုင်း အိုးရောင်းခဲ့ရသည့် ဘဝကို ကျွန်မသတိရမြဲပင်။

(၄)
မကြာခင်က စာပေဟောပြောပွဲတွေထွက်ရင်း မြို့ကျေးရွာဒေသ အတော်များများဆီ ရောက်ခဲ့ ပါသည်။ဘုရားပွဲတော်တွေလည်း မလွတ်ပါ။ အရာတော်မြို့က ခြေရာတော်ဘုရားပွဲ (ခြေတော်ရာ မဟုတ်ပါ) ကို ရောက်ခဲ့ရပါသည်။ ပခန်းကိုကြီးကျော်နတ်နန်းရှိရာ ကူနီနတ်နန်း ပွဲတော်ခင်းကို ရောက်ခဲ့ရသည်။ ထို ပွဲတော် တွေမှာလည်း အိုးခင်းဈေးသည်တွေ တွေ့ခဲ့ရသည်။ ဘယ်ရွာတွေကလာရောင်းတာလဲဆိုတော့ ကျောက်မြောင်းနယ် နွယ်ငြိမ်းရွာတွေဘက်ကလို့ဆိုသည်။ ပခန်းအိုးတွေလည်း နာမည်ရပါ၏။ မလှိုင်မြို့ကိုရောက်တော့ မလှိုင်ပန်းအိုင် စေတီတော်ကို ဖူးကြသည်။ ပွဲတော်ရက်မဟုတ်သေးသော်လည်း အိုးသည်တွေ ရောက်ကြပါပြီ။ နွားထိုးကြီးမြို့မှာတော့ ပွဲတွေ၊ ဆိုင်ခန်းတွေ နေရာချတုန်း၊ အိုးသည်တွေက ဈေးခင်းနှင့်ကြပြီ။ ဝယ်ကြခြမ်းကြ။ မလှိုင်ဈေးထဲကို ဈေးဝယ်လည်တော့ အိုးသည်ကအိုးဝယ်ပါဦး ပြောလာ လို့ မေးကြည့်ရပြန်သည်။
"လှိုင်းတက်အိုးတွေလေ ညီမရဲ့... သာစည်အရှေ့ဘက်ကလာတာ... နွေသောက်အိုးတွေပေါ့... အေးအိုး ခေါ်ကြတယ်... ပြာသိုလ လုပ်တဲ့အိုးလေ... အေးလိုက်တာစက်လို့...သည်ဘက်ကအိုးတွေက အိုးပါး ...ရွက်အိုး ပေါ့... မိတ္ထီလာအနောက်က သီတက်ကန်ရွာကထွက် တာ...ဝယ်ဦးလေ..."
ကျွန်မ ဝယ်ချင်သည်။ ကျွန်မတို့ ပြန်ကြမည့်ကားက အိုးမဆံ့သည့်ကားကလေးဖြစ်သည်။ ပြီးတော့ မနိုင်ရင်ကန် ဝယ်ရမှာဆိုတော့ ကားရှင်ကို အားနာရပြန်သည်။ ဂေါဝန်မြစ်ကမ်းနားက မြင်းခြံအိုးတွေ ဝယ်ပါတော့မယ်လေ လို့သာ စိတ်ကိုချိုးလိုက်ရသည်။ အိုးတွေရောင်းရဲ့ လား...။ သိချင်သည်။
"ကျွန်မ တစ်ဆိုင် တည်းတင် တစ်နှစ်အိုးအလုံးရေ နှစ်သောင်းလောက်ရောင်းရတယ် ... ရောင်းလို့ မလောက်ဘူး... ကျွန်မတို့ ဒါနဲ့စားကြတာပဲ..."
အိုးယဉ်ကျေးမှုလေး မပျောက်လို့ ဝမ်းသာရသည်။ အိုးသည်ကိုတွေ့တော့ မြင်းခြံဈေး၊ ဆယ့်နှစ်ပွဲဈေးတွေမှာ အိုးရောင်းခဲ့သည့် အမေ့ကိုသတိရသည်။ ပင်ပန်းတကြီးရှိခဲ့ရှာသော အဖေ့ကို သတိရသည်။ ဈေးထဲ လိုက်ပို့သော စာပေကော်မတီဝင်တစ်ယောက်ကလည်း သူတို့ရွာဘက်ဆီက ထနောင်းကိုင်းအိုး တွေကောင်းလှကြောင်း ပြောပြသည်။
တစ်ယောက်ကတော့ မြေအိုးတွေခေတ်စားလာပြန်ပြီ ဆရာမရဲ့ ဟုဆိုပါ၏။ ကျွန်မကမေးကြည့်တော့ မန္တလေးက တရုတ်ဆိုင် တွေမှာ မြေအိုးငါးရှဥ့်ချက်၊ မြေအိုးမြီးရှည်၊ မြေအိုးငါးပေါင်းဟင်းတွေ ဈေးကြီး ကြောင်း ပြောပြသည်။ မြန်မာမြေအိုးဟုတ်ရဲ့လား။ တရုတ်မြေအိုးတွေများလား။ မြေအိုးနှင့်ချက်တာပဲလား။ ချက်ပြီး မှ မြေအိုးထဲထည့်တာ လား။ ဖြေသူက မဖြေနိုင်။ ဘာပဲဖြစ်ဖြစ် မြေထည်တွေ စားပွဲပေါ် ရောက်ရ ပြန်ပြီ။ ခရီးအပြန်လမ်းမှာတော့ အဖေပြောဖူးသည့် စကားကို တစ်လမ်းလုံး ကျွန်မသတိရနေခဲ့ပါသည်။

"ငါ့သမီးရဲ့… လူဖြစ်ဖြစ် တိုင်းပြည်ဖြစ်ဖြစ် ရေပြည့်အိုး လို ကျင့်ရသယ်… ရေပြည့်အိုးများဟာ တည်ငြိမ် သယ်… ဘောင်ဘင် မခတ်ဘူးပေါ့… ရှင်နာဂသိန် မိန့်သလိုပဲ…ရေပြည့်အိုးများဟာ မထောင်လွှားဘူး မကျုံးဝါးဘူး အသံမပြုဘူး… ရေချမ်းအိုး အေးအိုးများဆီ ရေငတ်သူတိုင်းရောက်ကြရသယ်…"

နွေပေါက်ပြန်ပါပြီ။ တောင်လေကလေးပြက်၊ မြူငွေ့ကလေးဆိုင်းပြန်ပါပြီ။ သည်နှစ်တွင်လည်း ထုံးတမ်း မပျက် အေးအိုး ကလေး တွေဝယ်ရပါဦးမည်။ အေးအိုး ကုသိုလ် ယူရပါဦးမည်။     ။

                                             ခင်ခင်ထူး

                                (ကျေးတစ်ရာ ရသစာစုများ)
.

No comments:

Post a Comment