Zawgyi Version
ေမာ္ေမာ္သည္ စိတ္ပ်က္လက္ပ်က္ႏွင့္သာ လုိက္ခဲ့ေလသည္။ ျပပြဲႀကီးမွာ လူေတြေရာ ဆုိင္ေတြေရာ စည္လွပါသည္။ ဓာတ္မီးေတြ ပြင့္ေနလုိက္ၾကသည္မွာ
မုိးေပၚက ၾကယ္ေတြ ျပဳံၿပီး ဆင္းလာနားေနသလား ေအာက္ေမ့ရေပသည္။ ပုိးဖဲ
စိန္ေရႊအေရာင္မ်ားေၾကာင့္ လူတုိင္း၏ဟန္သည္ လွပေမာ္ႂကြားကာ ေနေပသည္။
အားလုံးၾကည့္၍ ေကာင္းလွသည္။ အုိ တစ္ေထာင့္ကေန ထုိင္ၿပီး တေမ့တေမာ
ၾကည့္ေနဖုိ႔သာ ေကာင္းေတာ့သည္။
ေမာ္ေမာ္ကေတာ့ အားလုံးႏွင့္ဆန္႔က်င္ကာ မေက်မနပ္ျဖစ္ေလသည္။ ေမာ္ေမာ္သည္
သြားစရာလည္စရာရွိလွ်င္ သူငယ္ခ်င္း အေပါင္းအေဖာ္မ်ားႏွင့္သာ
သြားၿမဲျဖစ္ေပသည္။ မိဘမ်ားႏွင့္သြားရသည္မွာ အင္မတန္႐ႈပ္သည္။ နည္းနည္းမွ
မလြတ္လပ္ေပ။ အရာရာမွာ သူတုိ႔မ်က္ႏွာထားတာကိုပဲ ၾကည့္ၾကည့္ၿပီး ေနရသည္။
ယခုျပပြဲကိုကား အိမ္သားေတြ သြားလ်က္ႏွင့္ မလုိက္ဘဲ သူငယ္ခ်င္းမ်ားႏွင့္
သြားမည္ဆိုက ဆူပူမည္ကိုေၾကာက္၍ လုိက္ခဲ့ရသည္။
သူသိသည့္အတုိင္း လုိက္လာၿပီး နည္းနည္းမွ မေပ်ာ္သည္ကို ေတြ႔ရသည္။ မေပ်ာ္သည့္အျပင္ စိတ္ေတာင္ ညစ္ရေသးသည္။ သူ႔ေမေမႏွင့္ ေဖေဖတုိ႔သည္ ေရွးလည္းဆန္၍ ကပ္ေစလည္းနည္းသျဖင့္ အလြန္အမင္း ခြက်ေလသည္။ ခုၾကည့္ပါလား၊ ျပပြဲကို ကေလးေတြ တန္းလန္းတန္းလန္းႏွင့္ လာသည္။ ဟုိဟာလုိခ်င္ ဒီဟာလုိခ်င္ ပူဆာသည့္ကေလးက ပူဆာ၊ ငုိသည့္ကေလးက ငုိ၊ သူတုိ႔ကိုေပ်ာက္မွာ စုိး၍ လက္မလႊတ္တမ္း ဆြဲထားရေသးသည္။
ေမာ္ေမာ့္ညီမေလး အနီကေတာ့ တစ္မ်ဳိးျဖစ္သည္။ ခြက်လုိက္သည္မွာလည္း သူ႔အျပင္ မရွိဘူး။ ေမာ္ေမာ္ထက္ ထြားက်ဳိင္းေသာ္လည္း ကေလးဆန္သည့္အနီကို မိဘမ်ားထက္ ေမာ္ေမာ္ေၾကာက္ေလသည္။ အနီသည္ ေအးစက္စက္ႏွင့္ ထိေအာင္ ထိေအာင္ ထုႏွက္တတ္သည္။ အနီသည္ ကေလးအငယ္ဆုံးကို တစ္ခ်ိန္လုံး ခ်ိီလာသည္။ ေမာ္ေမာ္ေလာက္ လွလွပပ ဝတ္စားမလာေသာ္လည္း အေတာ္သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားသျဖင့္ ကေလးခ်ီထားသည္ႏွင့္ မလုိက္ဘဲျဖစ္ကာ အပ်ဳိလုပ္လြန္းေသာ သားသည္အေမေပါက္စႏွင့္ တူေနေပသည္။ ေမာ္ေမာ္က သူလက္ေညာင္းသည္ကို သနားေသာ္လည္း ကူခ်ီရမွာ ရွက္သျဖင့္ မသိခ်င္ေယာင္ေဆာင္ကာ လမ္းေလွ်ာက္နုိင္ေသာကေလးကိုသာ လက္တြဲ၍ ထိမ္း၏။
ပြဲခင္းထဲ ႏွစ္ပတ္ေလာက္ အႏွံ႔ေလွ်ာက္ၿပီးေသာ္ ေမာလာသျဖင့္ လက္ေဝွ႔ထုိးပြဲတစ္ခုေရွ႕မွာ ျမက္ခင္းေပၚထုိင္ၿပီး အပန္းေျဖၾကေလသည္။ ေမာ္ေမာ္က မတ္တတ္သာရပ္ေန၏။ သူ႔စိတ္ကို ရိပ္မိေသာအနီက တစ္ခ်က္ရယ္ကာ " တုိ႔ကေတာ့ ေညာင္းရင္ ထုိင္တာပဲ၊ ဘယ္သူ႔မွ ဂ႐ုမစုိက္ဘူး "ဟု ဆုိကာ ေျခဆင္းၿပီး ပစ္ထုိင္ေလသည္။ သူတုိ႔ထုိင္ေသာေနရာႏွင့္ ခပ္နီးနီးမွာ ဂ်င္းသုပ္ဆုိင္တစ္ဆုိင္ရွိသည္။ ဆုိင္မွာ ဂ်င္းသုပ္ထက္ စားပြဲ၊ ကုလားထုိင္တို႔ကုိ ေရာင္းျခင္းျဖစ္ေပသည္။ ဂ်င္းသုပ္ကို မစားရက္ေအာင္ အလွဆုံးျပင္ကာ သုပ္သူက နယ္ေပးၿပီး၊ လက္မေပေအာင္ ဇြန္းျဖင့္ စားေစျခင္းျဖင့္ အျပင္မွာ တစ္မူးေလာက္ကို တစ္က်ပ္ႏွင့္ ေရာင္းေနေလသည္။ ပုိက္ဆံအရမ္းမဲ့ ေပါသူမ်ားႏွင့္ မိန္းမပ်ဳိမ်ားကို ျပပြဲေခၚလာသည့္ ငနဲစေသာ သူမ်ားသာ ထုိင္စားေနသည္။ ေအာက္လင္း လက္ဆြဲဓာတ္မီးႀကီးမွာ လင္းလြန္းလွ၍ ေမာ္ေမာ္တုိ႔တစ္သုိက္ထုိင္ေနသည္မွာ သူတုိ႔ေျခရင္းမွာ အလိုလုိျဖစ္ေအာင္ ထင္ေပၚေနေလသည္။
အေမာေျပၾကသည့္အခါ ကေလးတုိ႔မွာ ဂ်င္းသုပ္ဆုိင္ကို ျမင္လာေလ၏။ ေအာ္ႀကီးဟစ္က်ယ္ ပူဆာၾကျပန္သည္။ ေမေမ ေဖေဖတုိ႔သည္ ကေလးမ်ားကို လက္ဆြဲကာ မတန္မရာေရာင္းေသာ ဆုိင္ေရွ႕မွ ထြက္လာသည္။ ထုိ႔ေနာက္ ပြဲေစ်းတန္းသုိ႔ေလွ်ာက္ကာ တစ္မတ္ဖုိးေရာင္းေသာမုန္႔ဟင္းခါးဆုိင္မွ တစ္ထြာသာသာ ျဗက္က်ယ္သည့္ ထုိင္ခုံကေလးမ်ားမွာ ငုတ္တုတ္ထုိင္ၾကေလသည္။ ေမာ္ေမာ္က ထုိင္လည္းမထုိင္၊ မုန္႔လည္းမစားဘဲ မီးေရာင္ကို ေက်ာေပးၿပီး ရပ္သည္။ ေမေမ၊ ေဖေဖတုိ႔မွာ ေမာ္ေမာ့္ကို စားမလားတစ္ခြန္းသာေမးၿပီး သူတို႔ဟာသူတုိ႔ စားၾကသည္။ အနီမွာ ပထမက မစားဘဲေနေသာ္လည္း ေမာ္ေမာ့္ကိုခြတုိက္ကာ တ႐ႈး႐ႈးတရွဲရွဲ ဝင္စားေလ၏။
အနီမုန္႔စားသျဖင့္ သူခ်ီထားသည့္ကေလးကို ေမာ္ေမာ္ခ်ီရ၏။ အက်ႌေၾကမည္လည္းစုိး၊ ခ်ီလည္း မခ်ီခ်င္သျဖင့္ တြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနမိကာ အနီက သူ မ်က္လုံးသြားရာကို လုိက္ၾကည့္ၿပီး သေရာေသာမ်က္ႏွာျဖင့္ “ဟုိလူေတြက မမကုိ အပ်ဳိမွန္းသိပါတယ္” ဟုေျပာလိုက္ေလသည္။ ေမာ္ေမာ္ကို ျမင္သျဖင့္ တေကာက္ေကာက္ လုိက္လာေသာ ထုိလူသုံးေယာက္ကို အနီက ဆုိလုိသည္။ ေမာ္ေမာ္ ရွက္လည္းရွက္၊ နာလည္းနာကာ မ်က္ရည္မ်ားေဝ့လာၿပီး ဘာမွ်မေျပာဘဲ ႏႈတ္ခမ္းကို ကုိက္၍ေနေလသည္။
ေမာ္ေမာ္သည္ သူ႔တစ္အိမ္သားလုံးကို မုန္းတီးသည္။ တစ္ခါတစ္ရံ ေမေမ့ကိုေတာ့ ခ်စ္စိတ္ဝင္သည္။ သူ႔ကို ဘယ္သူကမွ် မခ်စ္၊ ဂ႐ုမစုိက္ဟု ယုံၾကည္သည္။ တစ္ေန႔ေန႔ေတာ့ ငါနဲ႔ ေတြ႔ၾကဦးမွာေပါ့ေလဟု ေတးထားသည္မွာၾကာၿပီ။ သူ႔အိမ္သားမ်ားသည္ သူ႔အား ဂ႐ုမစုိက္သည္ကေတာ့ မွန္သည္။ ေမေမႏွင့္ ေဖေဖသည္ ေငြ ေငြ ေငြ ေနာက္သာ လုိက္ကာ တစ္ေန႔တစ္ေန႔ ကုန္ေစ်းတန္းက အထည္ဂိုေဒါင္မ်ား၌သာ အခ်ိန္ကုန္သည္။ ထုိ႔ေၾကာင့္ သားသမီးမ်ားသည္ ကုိယ့္ဟာကုိယ္ ေနတတ္သလုိ ေနၾကရသည္။ ေမာ္ေမာ္သည္ သူ႔အိမ္သားမ်ားကဲ့သုိ႔ မဟုတ္ဘဲ အေပါင္းအသင္းမ်ားေပသည္။ ဘယ္သြားသြား တစ္ေယာက္တည္း သြားရဲသည္။ မိဘမ်ား ေခ်ာင္လည္ေသာ္လည္း ေမာ္ေမာ္က အိမ္မွာ မလြတ္မလပ္ ကုပ္ၿပီး မေနခ်င္သျဖင့္ ႐ုံးတြင္ စာေရးဝင္လုပ္ရာ သူ႔စိတ္ႏွင့္ သူ႔ကိုယ္ ေနခ်င္သေလာက္ ေနနုိင္ပါသည္။
မုန္႔ဟင္းခါးစားၿပီးသည့္အခ်ိန္မွာ ေမာ္ေမာ္သည္ သူတုိ႔ကို ဘယ္လုိခြာထုတ္ရမည္ကို စဥ္းစားၿပီးသားျဖစ္၏။ ထုိ႔ေၾကာင့္ “ေမေမ ေဟာဟုိ ဘုိင္စကုတ္ျပတဲ့ဆီကုိ သြားရေအာင္” ဟုဆုိလုိက္သည္။ သူသြားခ်င္သည္ဆုိေသာ ေနရာမွာ ျပပြဲတစ္ခုလုံး၌ အေမွာင္ဆုံးျဖစ္၏။ ဘုိင္စကုတ္မွာ ႐ုံမေဆာက္ဘဲ လဟာျပင္မွာ အခမဲ့ျပသျဖင့္ မီးေရာင္အနည္းဆုံးေနရာကို ေရြးရေပသည္။ ေမေမသည္ သူတို႔ညီအစ္မ စိတ္ေကာက္ေနၾကမွန္းသိ၍ အလုိလုိက္ေခ်ာ့ေမာ့ဖုိ႔ စိတ္ရွိကာ “ကိုင္း … လာ ဘုိင္စကုတ္ၾကည့္ရေအာင္ေဟ့” ဟု ကေလးတုိ႔ကို ေခၚရင္း အိမ္ျပန္ေတာ့မည္ျပင္ေသာ ေဖေဖ့ကို လက္ေမာင္းမွ ကုိင္ဆြဲလာေလသည္။
ဘုိင္စကုတ္ၾကည့္၍ တစ္ပုိင္းေတာင္မကုန္ခင္ ေမာ္ေမာ္သည္သည္ ေရွ႕တုိးရင္း တုိးရင္း ေပ်ာက္ကြယ္သြား၏။ မိဘတုိ႔သည္ “ေမာ္ေမာ္ … ေမာ္ေမာ္” ႏွင့္ တေၾကာ္ေၾကာ္ ေအာ္ေအာ္ၿပီး ေခၚေသးသည္။ မေတြ႔ရေပ။ သူတုိ႔သည္ ျပပြဲကို တစ္ပတ္ပတ္ကာ ရွာေသးသည္။ ဘုိင္စကုတ္ျပသည့္ေနရာသို႔ ျပန္ေရာက္ေသာ္ ကေလးတုိ႔သည္ ေမာပန္းေနၾကၿပီး အငယ္ဆုံးကေလး ႏွစ္ေယာက္မွာ ေမေမႏွင့္ ေဖေဖတုိ႔၏ လက္ေမာင္းေပၚဝယ္ ကုိယ္စီ အိပ္ေပ်ာ္ေနၾကသည္။ မိဘတုိ႔သည္ ကုိယ္လက္ နာေနၾကေလၿပီ။
“စိန္ဂၽြန္းသူနာျပဳတပ္ကုိ သြားတုိင္မလား၊ ကေလးေပ်ာက္တယ္ဆုိရင္ေတာ့ ေအာ္လန္ႀကီးနဲ႔ ေအာ္ေပးတာပဲ” ဟု ေမေမက ေျပာသည္။ အနီက စိတ္မေကာင္းျဖစ္မိသျဖင့္ “ရွက္စရာႀကီးပါ ေမေမရယ္၊ မမဟာ ကေလးမွ မဟုတ္ဘဲ။ သူ စိတ္ဆုိးေနဦးမယ္” ဟု ေမာ္ေမာ္ဘက္က ေျပာ၏။ ေဖေဖက ေတြေဝေနရာမွ “သူလည္း ကေလးမွ မဟုတ္ဘဲေလ။ ျပန္တတ္သားပဲ၊ တုိ႔ကိုရွာမေတြ႔ရင္ အိမ္ျပန္မွာေပါ့၊ ခါတုိင္းလည္း သူတစ္ေယာက္တည္း သြားေနက်ဟာ၊ ပူစရာမရွိပါဘူး” ဟု ေျဖေျပာေျပာ၏။ ေနာက္ဆုံးတြင္ သူတုိ႔ အိမ္ျပန္ၾကေလသည္။ ကုိးနာရီေတာ့ ခြဲၿပီ။ သုိ႔ေသာ္ ျပပြဲမွာ ယခုမွ စည္၍ေကာင္းစ ရွိေသးသည္။ သူတုိ႔မွာ လူရွင္းသည့္ ခုႏွစ္နာရီေလာက္ကတည္းက လာခဲ့ၾကျခင္းျဖစ္သည္။
ေမာ္ေမာ္သည္ သူ႔မိဘမ်ားေခၚသံက အတင္းလြတ္ေအာင္ တုိးရင္း သူ႔နာမည္ကို လူေတြအလယ္မွာ ေအာ္ေနသည့္႐ုိင္းစုိင္းမႈကို စိတ္ဆုိးေနေသးသည္။ ထုိ႔ေနာက္ သူခုိးမ်က္စိျဖင့္ မိဘမ်ားကို ရွာရင္း ေလွ်ာက္သည္။ မိဘမ်ားကို ေတြ႔လုိသည္ထက္ ေရွာင္ေျပးရေအာင္ သူက အရင္ရွာေတြ႔မွ ျဖစ္ေပမည္။ ေမာ္ေမာ္သည္ အတင့္ရဲကာ မီးေရာင္မွာ ခပ္ေက်ာ့ေက်ာ့ ေလွ်ာက္လာသည္။ ေမေမ၊ ေဖေဖတုိ႔ ခုေလာက္ဆုိ ျပန္ၿပီ။
ေနာက္ဆုံးမွာ ေဟာခနဲ ေယာင္မိသည္။ လူသုံးေယာက္ႏွင့္ သြားတုိးေလသည္။ သူတုိ႔ကို သိတယ္လည္း ဆုိ္နုိင္သည္။ မသိဘူးလည္း ဆုိနုိင္သည္။ ထုိလူသုံးေယာက္မွာ ဘုိင္စကုတ္ၾကမ္းပုိး မည္မွ်က်သည္ကိုေတာ့ မသိေပ။ ေမာ္ေမာ္ၾကည့္သမွ် ဘယ္႐ုံမွာမဆုိ အၿမဲေတြ႔သည္။ စေန၊ တနဂၤေႏြ ၾကည့္သူခ်င္းခ်င္း ျဖစ္သမုိ႔လားေတာ့ မဆုိနုိင္၊ ဆုံမိတတ္သည္မွာကား ေမာ္ေမာ္တုိ႔က ႏွစ္က်ပ္ခြဲတန္း ေရွ႕ဆုံးက ၾကည့္ၿမဲမွာ သူတုိ႔က ႏွစ္က်ပ္တန္း ေနာက္ဆုံးမွာခ်ည္း ရွိေလသည္။
သူတို႔မွတ္မိသည္မွာလည္း အၿမဲတမ္း သည္လူ, သည္လူခ်ည္း သုံးေယာက္တည္း တြဲတတ္ေသာေၾကာင့္ ျဖစ္သည္။ ဘုိင္စကုတ္ျပ၍ ရယ္စရာရွိလွ်င္ သူတုိ႔က ပထမဆုံးနင္းကန္ၿပီး ရယ္တတ္၏။ တျခားလူမ်ားလည္း သည္ေတာ့မွ နားလည္သူကလည္ မလည္သူက မလည္ႏွင့္ ေရာေယာင္ လုိက္ရယ္ၾကေလသည္။ ေမာ္ေမာ္ေတာင္ နားမလည္ဘဲ သူတို႔ရယ္သျဖင့္ ရယ္ရသည့္အခါမ်ဳိးရွိေသးသည္။ သူတုိ႔လည္း စေန၊ တနဂၤေႏြတုိင္း ပြဲဆက္ၾကည့္သူေမာ္ေမာ္ကို မွတ္မိသည္။ ဘုိင္စကုတ္မျပခင္ႏွင့္ အားလပ္ခ်ိန္မွာ သမင္လည္ျပန္ၾကည့္တတ္သည္။ သူတုိ႔အေၾကာင္းသိသမွ် ဒါပဲ ျဖစ္သည္။ သုိ႔ေသာ္ ေမာ္ေမာ္သည္ သူတိုိ႔အား အဂၤလိပ္ ဘုိင္စကုတ္ၾကည့္သူ၊ နားလည္သူမ်ားျဖစ္၍ ေခတ္ပညာတတ္သူမ်ားမွန္း သိကာ အထင္ႀကီးေလသည္။
ေမာ္ေမာ္သည္ ခဏမွ် ေျခလွမ္းတုံ႔ေနစဥ္ သူတို႔အထဲမွ တစ္ေယာက္က လာကာ “ေၾသာ္... တစ္ေယာက္တည္း အေဖာ္ကြဲလာသလား” ဟု သိကၽြမ္းဖူးသလုိ ေမးသည္။
“ဟုတ္… ဟုတ္ကဲ့”
“ကၽြန္ေတာ္တုိ႔ ကူရွာေပးပါ့မယ္၊ မိန္းကေလးတစ္ေယာက္တည္း မေကာင္းပါဘူး၊ လာပါ။ မေတြ႔မခ်င္း ေစာင့္ေရွာက္ပါ့မယ္၊ မေတြ႔လည္း အိမ္လုိက္ပုိ႔ပါ့မယ္”
ဤသုိ႔ ႏွစ္ေယာက္သား ေလွ်ာက္ခဲ့သည္။ က်န္သည့္ႏွစ္ေယာက္ကား လစ္ၾကေလၿပီ။ ေမာ္ေမာ္သည္ ျပပြဲႀကီး ေပ်ာ္စရာေကာင္းပုံကို သိလာေလသည္။ ႏွစ္ေယာက္သား ရင္းႏွီးလာကာ စကားေတြ ႂကြယ္ၾကေလ၏။ ထုိသူကလည္း သူ႔ကုိယ္သူ “ကုိျမထြန္းကေလ” ဘာညာႏွင့္ ေျပာသျဖင့္ နာမည္သိရသည္။
ကုိျမထြန္းသည္ ေမာ္ေမာ္က ကြဲသည့္အေဖာ္မ်ားကို ဟုိသည္ ဝင္ၾကည့္ဖုိ႔ထက္ ဂ႐ုမစုိက္သည္ကို ေတြ႔ရသျဖင့္ ရွာဖို႔ ဘာမွ မေျပာေတာ့ေခ်။ သူတို႔ႏွစ္ေယာက္သည္ လူၾကပ္သည့္ေနရာမ်ားတြင္ ေရွာင္ရင္းတိမ္းရင္း တစ္ေယာက္ႏွစ္တစ္ေယာက္ ေပြ႔ဖက္မိလ်က္သား ျဖစ္ရေခ်သည္။ လူရွင္းသည့္အခါ ေမာ္ေမာ္သည္ ကုိျမထြန္း၏ခါးကို ကုိင္ထားသည့္ မိမိလက္မ်ားကို ႐ုတ္လုိက္ေသာ္လည္း သူ႔ပခုံးေပၚက ကုိျမထြန္း၏လက္မ်ားကား မေလ်ာ့ေျပေခ်။ သူတုိ႔သည္ လူေတာထဲ မတုိးေတာ့ဘဲ အေမွာင္ခုိလာကာ ေနာက္ဆုံးတြင္ ထြက္ေပါက္ဝင္ေပါက္လည္း မဟုတ္ဘဲ တစ္ဖက္က မည္းေမွာင္သည့္ကြင္းျပင္ကို ေရာက္သည့္ေနရာေလးသုိ႔ ေရာက္ကာ ျမက္ခင္းေပၚ ထုိင္ၾကသည္။ သည္ေနရာမွာ လူလည္းမရွိ။ မီးေရာင္လည္း မလင္းသျဖင့္ ေမာ္ေမာ္သည္ ေျမႀကီးေပၚ ထုိင္ရမွာ မရွက္ေတာ့ေခ်။
ျပပြဲထဲမွာ အလင္းေရာင္ႏွင့္ လူေတြ။ သည္မွာေတာ့ အေမွာင္၊ ေမာ္ေမာ္ႏွင့္ကိုျမထြန္း။ ျပပြဲမွာ အသံဗလံႏွင့္ ေလညစ္။ သည္မွာေတာ့ တိတ္ဆိတ္ျခင္းႏွင့္ သန္႔ရွင္းလတ္ဆတ္သည့္ေလ။ သည္ဆန္႔က်င္ဘက္ ႏွစ္ခုဟာ ခုလုိ နီးကပ္စြာ တစ္ဆက္တည္း တစ္ေျမရာကြက္တည္းမွာ ရွိလိမ့္မည္လုိ႔ ဘယ္သူက ေတြးမိပါ့မလဲ။ ေမာ္ေမာ္သည္ ေၾကာက္သလုိုလို ေပ်ာ္သလုိလုိ စြန္႔စားခန္းေတြ ရင္ဆုိင္တုိးေနရသလုိ ျဖစ္မိသည္။ ေမာ္ေမာ္သည္ အသက္ငယ္ေသာ္လည္း သည္ေနရာ၏အဓိပၸါယ္ကို ရိပ္မိနားလည္ေပသည္။
သူတို႔ေနရာေလးမွာ ေလတင္ကျဖစ္၍ တစ္ခါ တစ္ရံ ေလျပန္ေဝွ႔လာမွ ဓာတ္စက္သံ၊ သီခ်င္းသံ၊ လူသံ သူသံတို႔ကို ၾကားရသည္။ ကိုျမထြန္းသည္ စီးကရက္တစ္လိပ္ကို ညႇိ၍ေသာက္ရာ သူ႔မ်က္လုံးမ်ားကို လက္ခနဲ ျမင္ရသည္။ ေမာ္ေမာ္သည္ သူ႔မ်က္လုံးထဲက တစ္ခုခု၊ ဘာမွန္းမသိေသာ တစ္ခုခုကို ၾကည့္ရင္း ခ်မ္းတုန္မိသလုိ ျဖစ္လာေလ၏။ “ကေလးရယ္” ဟု ကုိျမထြန္းက ေပ်ာ့ေပ်ာင္းေခ်ာ့ေမာ့စြာ ေခၚသည္။ သူသည္ တစ္ေမာ္တည္း ေမာ္ရာက ကေလး… ကေလးႏွင့္ ျဖစ္လာသည္ကို ေမာ္ေမာ္ သတိထားမိခဲ့သည္။ ေမာ္ေမာ္ကလည္း ကုိျမထြန္းကိုျဖင့္ အႏွစ္ႏွစ္ အလလက ခ်စ္ႀကိဳက္လာသူလုိ ခင္မင္ ရင္းႏွီးမိေလသည္။ ကိုျမထြန္းက ျမက္ခင္းေပၚ ေက်ာခ်၍လွဲလုိက္ကာ ေမာ္ေမာ္ကို ေပြ႔လုိက္ေလသည္။
ေမာ္ေမာ္အိမ္ျပန္ေရာက္ေသာ္ ၁၁-နာရီ ခြဲၿပီးေပၿပီ။ ေမေမက မအိပ္ဘဲ ေစာင့္ေနသည္။ ေဖေဖကမူ တေရးရ၍ ေဆးျပင္းလိပ္ ထေသာက္သည္။ အိမ္တြင္းသုိ႔ ေရာက္သည္ႏွင့္ အေပ်ာ္စိတ္ေပ်ာက္ကာ ဝမ္းသာေျပာင္ေလွာင္ခ်င္စိတ္ ေပါက္လာေလသည္။
“ယခုမွ ေမေမတုိ႔ ေဖေဖတုိ႔ကို နုိ္င္ၿပီ၊ ငါမွန္း သိၿပီလား ကုိင္း… မွတ္” ဟု စိတ္တြင္းမွ အေျခာက္တုိက္ ႀကိမ္းလုိက္သည္။ သုိ႔ေသာ္ သူျပဳခဲ့သည့္ အမႈသည္ သူ႔မိဘမ်ားထက္ သူ႔ကုိ ပုိ၍ မွတ္ေစမည္လား ဘာလားေတာ့ မေသခ်ာေခ်။
သူ႔ေဖေဖက ဆူမလုိ႔လား မသိ၊ စကားေျပာရန္ ပါးစပ္ဟလုိက္သည္ႏွင့္ တၿပိဳင္နက္ “သိပ္ေတာ္တဲ့ ေမေမနဲ႔ ေဖေဖ၊ သမီးကေလးတစ္ေယာက္တည္း ပစ္ထားၿပီး အိမ္ျပန္အိပ္ၾကတယ္”
ဦးေအာင္ေျပာလုိက္ကာ သူ႔အခန္းတြင္းသုိ႔ ဝင္၍ ေျပးေလသည္။ သူ႔ေမေမက သမီးေလးသည္ ငိုယုိရန္ ေျပးဝင္သည္ဟု ထင္ေလသည္။ သူ႔ေဖေဖက သမီးေလး အိပ္ခ်င္၍ ေျပးဝင္သည္ဟု ထင္ေလသည္။ ေမာ္ေမာ္ကေတာ့ မွန္ထဲက ပန္းလ်စြာ ျပက္ရယ္ျပဳ၍ ျပဳံးေနေသာ ေမာ္ေမာ္ကို တစ္ခ်က္ၾကည့္ကာ အဝတ္အစားမလဲဘဲ စားပြဲတြင္ထုိင္၍ ေတြးေနေလသည္။
-------------------------------
(ၾကည္ေအး)
တာရာမဂၢဇင္း၊ အတြဲ - ၂၊ အမွတ္ - ၃။
Unicode Version
လက်စားချေခြင်း
______________________
#ကြည်အေး
မော်မော်သည် စိတ်ပျက်လက်ပျက်နှင့်သာ လိုက်ခဲ့လေသည်။ ပြပွဲကြီးမှာ လူတွေရော ဆိုင်တွေရော စည်လှပါသည်။ ဓာတ်မီးတွေ ပွင့်နေလိုက်ကြသည်မှာ မိုးပေါ်က ကြယ်တွေ ပြုံပြီး ဆင်းလာနားနေသလား အောက်မေ့ရပေသည်။ ပိုးဖဲ စိန်ရွှေအရောင်များကြောင့် လူတိုင်း၏ဟန်သည် လှပမော်ကြွားကာ နေပေသည်။ အားလုံးကြည့်၍ ကောင်းလှသည်။ အို တစ်ထောင့်ကနေ ထိုင်ပြီး တမေ့တမော ကြည့်နေဖို့သာ ကောင်းတော့သည်။
မော်မော်ကတော့ အားလုံးနှင့်ဆန့်ကျင်ကာ မကျေမနပ်ဖြစ်လေသည်။ မော်မော်သည် သွားစရာလည်စရာရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များနှင့်သာ သွားမြဲဖြစ်ပေသည်။ မိဘများနှင့်သွားရသည်မှာ အင်မတန်ရှုပ်သည်။ နည်းနည်းမှ မလွတ်လပ်ပေ။ အရာရာမှာ သူတို့မျက်နှာထားတာကိုပဲ ကြည့်ကြည့်ပြီး နေရသည်။ ယခုပြပွဲကိုကား အိမ်သားတွေ သွားလျက်နှင့် မလိုက်ဘဲ သူငယ်ချင်းများနှင့် သွားမည်ဆိုက ဆူပူမည်ကိုကြောက်၍ လိုက်ခဲ့ရသည်။
သူသိသည့်အတိုင်း လိုက်လာပြီး နည်းနည်းမှ မပျော်သည်ကို တွေ့ရသည်။ မပျော်သည့်အပြင် စိတ်တောင် ညစ်ရသေးသည်။ သူ့မေမေနှင့် ဖေဖေတို့သည် ရှေးလည်းဆန်၍ ကပ်စေလည်းနည်းသဖြင့် အလွန်အမင်း ခွကျလေသည်။ ခုကြည့်ပါလား၊ ပြပွဲကို ကလေးတွေ တန်းလန်းတန်းလန်းနှင့် လာသည်။ ဟိုဟာလိုချင် ဒီဟာလိုချင် ပူဆာသည့်ကလေးက ပူဆာ၊ ငိုသည့်ကလေးက ငို၊ သူတို့ကိုပျောက်မှာ စိုး၍ လက်မလွှတ်တမ်း ဆွဲထားရသေးသည်။
မော်မော့်ညီမလေး အနီကတော့ တစ်မျိုးဖြစ်သည်။ ခွကျလိုက်သည်မှာလည်း သူ့အပြင် မရှိဘူး။ မော်မော်ထက် ထွားကျိုင်းသော်လည်း ကလေးဆန်သည့်အနီကို မိဘများထက် မော်မော်ကြောက်လေသည်။ အနီသည် အေးစက်စက်နှင့် ထိအောင် ထိအောင် ထုနှက်တတ်သည်။ အနီသည် ကလေးအငယ်ဆုံးကို တစ်ချိန်လုံး ချီလာသည်။ မော်မော်လောက် လှလှပပ ဝတ်စားမလာသော်လည်း အတော်သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသဖြင့် ကလေးချီထားသည်နှင့် မလိုက်ဘဲဖြစ်ကာ အပျိုလုပ်လွန်းသော သားသည်အမေပေါက်စနှင့် တူနေပေသည်။ မော်မော်က သူလက်ညောင်းသည်ကို သနားသော်လည်း ကူချီရမှာ ရှက်သဖြင့် မသိချင်ယောင်ဆောင်ကာ လမ်းလျှောက်နိုင်သောကလေးကိုသာ လက်တွဲ၍ ထိမ်း၏။
ပွဲခင်းထဲ နှစ်ပတ်လောက် အနှံ့လျှောက်ပြီးသော် မောလာသဖြင့် လက်ဝှေ့ထိုးပွဲတစ်ခုရှေ့မှာ မြက်ခင်းပေါ်ထိုင်ပြီး အပန်းဖြေကြလေသည်။ မော်မော်က မတ်တတ်သာရပ်နေ၏။ သူ့စိတ်ကို ရိပ်မိသောအနီက တစ်ချက်ရယ်ကာ " တို့ကတော့ ညောင်းရင် ထိုင်တာပဲ၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး "ဟု ဆိုကာ ခြေဆင်းပြီး ပစ်ထိုင်လေသည်။ သူတို့ထိုင်သောနေရာနှင့် ခပ်နီးနီးမှာ ဂျင်းသုပ်ဆိုင်တစ်ဆိုင်ရှိသည်။ ဆိုင်မှာ ဂျင်းသုပ်ထက် စားပွဲ၊ ကုလားထိုင်တို့ကို ရောင်းခြင်းဖြစ်ပေသည်။ ဂျင်းသုပ်ကို မစားရက်အောင် အလှဆုံးပြင်ကာ သုပ်သူက နယ်ပေးပြီး၊ လက်မပေအောင် ဇွန်းဖြင့် စားစေခြင်းဖြင့် အပြင်မှာ တစ်မူးလောက်ကို တစ်ကျပ်နှင့် ရောင်းနေလေသည်။ ပိုက်ဆံအရမ်းမဲ့ ပေါသူများနှင့် မိန်းမပျိုများကို ပြပွဲခေါ်လာသည့် ငနဲစသော သူများသာ ထိုင်စားနေသည်။ အောက်လင်း လက်ဆွဲဓာတ်မီးကြီးမှာ လင်းလွန်းလှ၍ မော်မော်တို့တစ်သိုက်ထိုင်နေသည်မှာ သူတို့ခြေရင်းမှာ အလိုလိုဖြစ်အောင် ထင်ပေါ်နေလေသည်။
အမောပြေကြသည့်အခါ ကလေးတို့မှာ ဂျင်းသုပ်ဆိုင်ကို မြင်လာလေ၏။ အော်ကြီးဟစ်ကျယ် ပူဆာကြပြန်သည်။ မေမေ ဖေဖေတို့သည် ကလေးများကို လက်ဆွဲကာ မတန်မရာရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။ ထို့နောက် ပွဲဈေးတန်းသို့လျှောက်ကာ တစ်မတ်ဖိုးရောင်းသောမုန့်ဟင်းခါးဆိုင်မှ တစ်ထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ်ထိုင်ကြလေသည်။ မော်မော်က ထိုင်လည်းမထိုင်၊ မုန့်လည်းမစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ၊ ဖေဖေတို့မှာ မော်မော့်ကို စားမလားတစ်ခွန်းသာမေးပြီး သူတို့ဟာသူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲနေသော်လည်း မော်မော့်ကိုခွတိုက်ကာ တရှုးရှုးတရှဲရှဲ ဝင်စားလေ၏။
အနီမုန့်စားသဖြင့် သူချီထားသည့်ကလေးကို မော်မော်ချီရ၏။ အကျႌကြေမည်လည်းစိုး၊ ချီလည်း မချီချင်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမိကာ အနီက သူ မျက်လုံးသွားရာကို လိုက်ကြည့်ပြီး သရောသောမျက်နှာဖြင့် “ဟိုလူတွေက မမကို အပျိုမှန်းသိပါတယ်” ဟုပြောလိုက်လေသည်။ မော်မော်ကို မြင်သဖြင့် တကောက်ကောက် လိုက်လာသော ထိုလူသုံးယောက်ကို အနီက ဆိုလိုသည်။ မော်မော် ရှက်လည်းရှက်၊ နာလည်းနာကာ မျက်ရည်များဝေ့လာပြီး ဘာမျှမပြောဘဲ နှုတ်ခမ်းကို ကိုက်၍နေလေသည်။
မော်မော်သည် သူ့တစ်အိမ်သားလုံးကို မုန်းတီးသည်။ တစ်ခါတစ်ရံ မေမေ့ကိုတော့ ချစ်စိတ်ဝင်သည်။ သူ့ကို ဘယ်သူကမျှ မချစ်၊ ဂရုမစိုက်ဟု ယုံကြည်သည်။ တစ်နေ့နေ့တော့ ငါနဲ့ တွေ့ကြဦးမှာပေါ့လေဟု တေးထားသည်မှာကြာပြီ။ သူ့အိမ်သားများသည် သူ့အား ဂရုမစိုက်သည်ကတော့ မှန်သည်။ မေမေနှင့် ဖေဖေသည် ငွေ ငွေ ငွေ နောက်သာ လိုက်ကာ တစ်နေ့တစ်နေ့ ကုန်ဈေးတန်းက အထည်ဂိုဒေါင်များ၌သာ အချိန်ကုန်သည်။ ထို့ကြောင့် သားသမီးများသည် ကိုယ့်ဟာကိုယ် နေတတ်သလို နေကြရသည်။ မော်မော်သည် သူ့အိမ်သားများကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်းများပေသည်။ ဘယ်သွားသွား တစ်ယောက်တည်း သွားရဲသည်။ မိဘများ ချောင်လည်သော်လည်း မော်မော်က အိမ်မှာ မလွတ်မလပ် ကုပ်ပြီး မနေချင်သဖြင့် ရုံးတွင် စာရေးဝင်လုပ်ရာ သူ့စိတ်နှင့် သူ့ကိုယ် နေချင်သလောက် နေနိုင်ပါသည်။
မုန့်ဟင်းခါးစားပြီးသည့်အချိန်မှာ မော်မော်သည် သူတို့ကို ဘယ်လိုခွာထုတ်ရမည်ကို စဉ်းစားပြီးသားဖြစ်၏။ ထို့ကြောင့် “မေမေ ဟောဟို ဘိုင်စကုတ်ပြတဲ့ဆီကို သွားရအောင်” ဟုဆိုလိုက်သည်။ သူသွားချင်သည်ဆိုသော နေရာမှာ ပြပွဲတစ်ခုလုံး၌ အမှောင်ဆုံးဖြစ်၏။ ဘိုင်စကုတ်မှာ ရုံမဆောက်ဘဲ လဟာပြင်မှာ အခမဲ့ပြသဖြင့် မီးရောင်အနည်းဆုံးနေရာကို ရွေးရပေသည်။ မေမေသည် သူတို့ညီအစ်မ စိတ်ကောက်နေကြမှန်းသိ၍ အလိုလိုက်ချော့မော့ဖို့ စိတ်ရှိကာ “ကိုင်း … လာ ဘိုင်စကုတ်ကြည့်ရအောင်ဟေ့” ဟု ကလေးတို့ကို ခေါ်ရင်း အိမ်ပြန်တော့မည်ပြင်သော ဖေဖေ့ကို လက်မောင်းမှ ကိုင်ဆွဲလာလေသည်။
ဘိုင်စကုတ်ကြည့်၍ တစ်ပိုင်းတောင်မကုန်ခင် မော်မော်သည်သည် ရှေ့တိုးရင်း တိုးရင်း ပျောက်ကွယ်သွား၏။ မိဘတို့သည် “မော်မော် … မော်မော်” နှင့် တကြော်ကြော် အော်အော်ပြီး ခေါ်သေးသည်။ မတွေ့ရပေ။ သူတို့သည် ပြပွဲကို တစ်ပတ်ပတ်ကာ ရှာသေးသည်။ ဘိုင်စကုတ်ပြသည့်နေရာသို့ ပြန်ရောက်သော် ကလေးတို့သည် မောပန်းနေကြပြီး အငယ်ဆုံးကလေး နှစ်ယောက်မှာ မေမေနှင့် ဖေဖေတို့၏ လက်မောင်းပေါ်ဝယ် ကိုယ်စီ အိပ်ပျော်နေကြသည်။ မိဘတို့သည် ကိုယ်လက် နာနေကြလေပြီ။
“စိန်ဂျွန်းသူနာပြုတပ်ကို သွားတိုင်မလား၊ ကလေးပျောက်တယ်ဆိုရင်တော့ အော်လန်ကြီးနဲ့ အော်ပေးတာပဲ” ဟု မေမေက ပြောသည်။ အနီက စိတ်မကောင်းဖြစ်မိသဖြင့် “ရှက်စရာကြီးပါ မေမေရယ်၊ မမဟာ ကလေးမှ မဟုတ်ဘဲ။ သူ စိတ်ဆိုးနေဦးမယ်” ဟု မော်မော်ဘက်က ပြော၏။ ဖေဖေက တွေဝေနေရာမှ “သူလည်း ကလေးမှ မဟုတ်ဘဲလေ။ ပြန်တတ်သားပဲ၊ တို့ကိုရှာမတွေ့ရင် အိမ်ပြန်မှာပေါ့၊ ခါတိုင်းလည်း သူတစ်ယောက်တည်း သွားနေကျဟာ၊ ပူစရာမရှိပါဘူး” ဟု ဖြေပြောပြော၏။ နောက်ဆုံးတွင် သူတို့ အိမ်ပြန်ကြလေသည်။ ကိုးနာရီတော့ ခွဲပြီ။ သို့သော် ပြပွဲမှာ ယခုမှ စည်၍ကောင်းစ ရှိသေးသည်။ သူတို့မှာ လူရှင်းသည့် ခုနှစ်နာရီလောက်ကတည်းက လာခဲ့ကြခြင်းဖြစ်သည်။
မော်မော်သည် သူ့မိဘများခေါ်သံက အတင်းလွတ်အောင် တိုးရင်း သူ့နာမည်ကို လူတွေအလယ်မှာ အော်နေသည့်ရိုင်းစိုင်းမှုကို စိတ်ဆိုးနေသေးသည်။ ထို့နောက် သူခိုးမျက်စိဖြင့် မိဘများကို ရှာရင်း လျှောက်သည်။ မိဘများကို တွေ့လိုသည်ထက် ရှောင်ပြေးရအောင် သူက အရင်ရှာတွေ့မှ ဖြစ်ပေမည်။ မော်မော်သည် အတင့်ရဲကာ မီးရောင်မှာ ခပ်ကျော့ကျော့ လျှောက်လာသည်။ မေမေ၊ ဖေဖေတို့ ခုလောက်ဆို ပြန်ပြီ။
နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည်။ လူသုံးယောက်နှင့် သွားတိုးလေသည်။ သူတို့ကို သိတယ်လည်း ဆိုနိုင်သည်။ မသိဘူးလည်း ဆိုနိုင်သည်။ ထိုလူသုံးယောက်မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှကျသည်ကိုတော့ မသိပေ။ မော်မော်ကြည့်သမျှ ဘယ်ရုံမှာမဆို အမြဲတွေ့သည်။ စနေ၊ တနင်္ဂနွေ ကြည့်သူချင်းချင်း ဖြစ်သမို့လားတော့ မဆိုနိုင်၊ ဆုံမိတတ်သည်မှာကား မော်မော်တို့က နှစ်ကျပ်ခွဲတန်း ရှေ့ဆုံးက ကြည့်မြဲမှာ သူတို့က နှစ်ကျပ်တန်း နောက်ဆုံးမှာချည်း ရှိလေသည်။
သူတို့မှတ်မိသည်မှာလည်း အမြဲတမ်း သည်လူ, သည်လူချည်း သုံးယောက်တည်း တွဲတတ်သောကြောင့် ဖြစ်သည်။ ဘိုင်စကုတ်ပြ၍ ရယ်စရာရှိလျှင် သူတို့က ပထမဆုံးနင်းကန်ပြီး ရယ်တတ်၏။ တခြားလူများလည်း သည်တော့မှ နားလည်သူကလည် မလည်သူက မလည်နှင့် ရောယောင် လိုက်ရယ်ကြလေသည်။ မော်မော်တောင် နားမလည်ဘဲ သူတို့ရယ်သဖြင့် ရယ်ရသည့်အခါမျိုးရှိသေးသည်။ သူတို့လည်း စနေ၊ တနင်္ဂနွေတိုင်း ပွဲဆက်ကြည့်သူမော်မော်ကို မှတ်မိသည်။ ဘိုင်စကုတ်မပြခင်နှင့် အားလပ်ချိန်မှာ သမင်လည်ပြန်ကြည့်တတ်သည်။ သူတို့အကြောင်းသိသမျှ ဒါပဲ ဖြစ်သည်။ သို့သော် မော်မော်သည် သူတို့အား အင်္ဂလိပ် ဘိုင်စကုတ်ကြည့်သူ၊ နားလည်သူများဖြစ်၍ ခေတ်ပညာတတ်သူများမှန်း သိကာ အထင်ကြီးလေသည်။
မော်မော်သည် ခဏမျှ ခြေလှမ်းတုံ့နေစဉ် သူတို့အထဲမှ တစ်ယောက်က လာကာ “သြော်... တစ်ယောက်တည်း အဖော်ကွဲလာသလား” ဟု သိကျွမ်းဖူးသလို မေးသည်။
“ဟုတ်… ဟုတ်ကဲ့”
“ကျွန်တော်တို့ ကူရှာပေးပါ့မယ်၊ မိန်းကလေးတစ်ယောက်တည်း မကောင်းပါဘူး၊ လာပါ။ မတွေ့မချင်း စောင့်ရှောက်ပါ့မယ်၊ မတွေ့လည်း အိမ်လိုက်ပို့ပါ့မယ်”
ဤသို့ နှစ်ယောက်သား လျှောက်ခဲ့သည်။ ကျန်သည့်နှစ်ယောက်ကား လစ်ကြလေပြီ။ မော်မော်သည် ပြပွဲကြီး ပျော်စရာကောင်းပုံကို သိလာလေသည်။ နှစ်ယောက်သား ရင်းနှီးလာကာ စကားတွေ ကြွယ်ကြလေ၏။ ထိုသူကလည်း သူ့ကိုယ်သူ “ကိုမြထွန်းကလေ” ဘာညာနှင့် ပြောသဖြင့် နာမည်သိရသည်။
ကိုမြထွန်းသည် မော်မော်က ကွဲသည့်အဖော်များကို ဟိုသည် ဝင်ကြည့်ဖို့ထက် ဂရုမစိုက်သည်ကို တွေ့ရသဖြင့် ရှာဖို့ ဘာမှ မပြောတော့ချေ။ သူတို့နှစ်ယောက်သည် လူကြပ်သည့်နေရာများတွင် ရှောင်ရင်းတိမ်းရင်း တစ်ယောက်နှစ်တစ်ယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည်။ လူရှင်းသည့်အခါ မော်မော်သည် ကိုမြထွန်း၏ခါးကို ကိုင်ထားသည့် မိမိလက်များကို ရုတ်လိုက်သော်လည်း သူ့ပခုံးပေါ်က ကိုမြထွန်း၏လက်များကား မလျော့ပြေချေ။ သူတို့သည် လူတောထဲ မတိုးတော့ဘဲ အမှောင်ခိုလာကာ နောက်ဆုံးတွင် ထွက်ပေါက်ဝင်ပေါက်လည်း မဟုတ်ဘဲ တစ်ဖက်က မည်းမှောင်သည့်ကွင်းပြင်ကို ရောက်သည့်နေရာလေးသို့ ရောက်ကာ မြက်ခင်းပေါ် ထိုင်ကြသည်။ သည်နေရာမှာ လူလည်းမရှိ။ မီးရောင်လည်း မလင်းသဖြင့် မော်မော်သည် မြေကြီးပေါ် ထိုင်ရမှာ မရှက်တော့ချေ။
ပြပွဲထဲမှာ အလင်းရောင်နှင့် လူတွေ။ သည်မှာတော့ အမှောင်၊ မော်မော်နှင့်ကိုမြထွန်း။ ပြပွဲမှာ အသံဗလံနှင့် လေညစ်။ သည်မှာတော့ တိတ်ဆိတ်ခြင်းနှင့် သန့်ရှင်းလတ်ဆတ်သည့်လေ။ သည်ဆန့်ကျင်ဘက် နှစ်ခုဟာ ခုလို နီးကပ်စွာ တစ်ဆက်တည်း တစ်မြေရာကွက်တည်းမှာ ရှိလိမ့်မည်လို့ ဘယ်သူက တွေးမိပါ့မလဲ။ မော်မော်သည် ကြောက်သလိုလို ပျော်သလိုလို စွန့်စားခန်းတွေ ရင်ဆိုင်တိုးနေရသလို ဖြစ်မိသည်။ မော်မော်သည် အသက်ငယ်သော်လည်း သည်နေရာ၏အဓိပ္ပါယ်ကို ရိပ်မိနားလည်ပေသည်။
သူတို့နေရာလေးမှာ လေတင်ကဖြစ်၍ တစ်ခါ တစ်ရံ လေပြန်ဝှေ့လာမှ ဓာတ်စက်သံ၊ သီချင်းသံ၊ လူသံ သူသံတို့ကို ကြားရသည်။ ကိုမြထွန်းသည် စီးကရက်တစ်လိပ်ကို ညှိ၍သောက်ရာ သူ့မျက်လုံးများကို လက်ခနဲ မြင်ရသည်။ မော်မော်သည် သူ့မျက်လုံးထဲက တစ်ခုခု၊ ဘာမှန်းမသိသော တစ်ခုခုကို ကြည့်ရင်း ချမ်းတုန်မိသလို ဖြစ်လာလေ၏။ “ကလေးရယ်” ဟု ကိုမြထွန်းက ပျော့ပျောင်းချော့မော့စွာ ခေါ်သည်။ သူသည် တစ်မော်တည်း မော်ရာက ကလေး… ကလေးနှင့် ဖြစ်လာသည်ကို မော်မော် သတိထားမိခဲ့သည်။ မော်မော်ကလည်း ကိုမြထွန်းကိုဖြင့် အနှစ်နှစ် အလလက ချစ်ကြိုက်လာသူလို ခင်မင် ရင်းနှီးမိလေသည်။ ကိုမြထွန်းက မြက်ခင်းပေါ် ကျောချ၍လှဲလိုက်ကာ မော်မော်ကို ပွေ့လိုက်လေသည်။
မော်မော်အိမ်ပြန်ရောက်သော် ၁၁-နာရီ ခွဲပြီးပေပြီ။ မေမေက မအိပ်ဘဲ စောင့်နေသည်။ ဖေဖေကမူ တရေးရ၍ ဆေးပြင်းလိပ် ထသောက်သည်။ အိမ်တွင်းသို့ ရောက်သည်နှင့် အပျော်စိတ်ပျောက်ကာ ဝမ်းသာပြောင်လှောင်ချင်စိတ် ပေါက်လာလေသည်။
“ယခုမှ မေမေတို့ ဖေဖေတို့ကို နိုင်ပြီ၊ ငါမှန်း သိပြီလား ကိုင်း… မှတ်” ဟု စိတ်တွင်းမှ အခြောက်တိုက် ကြိမ်းလိုက်သည်။ သို့သော် သူပြုခဲ့သည့် အမှုသည် သူ့မိဘများထက် သူ့ကို ပို၍ မှတ်စေမည်လား ဘာလားတော့ မသေချာချေ။
သူ့ဖေဖေက ဆူမလို့လား မသိ၊ စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် “သိပ်တော်တဲ့ မေမေနဲ့ ဖေဖေ၊ သမီးကလေးတစ်ယောက်တည်း ပစ်ထားပြီး အိမ်ပြန်အိပ်ကြတယ်”
ဦးအောင်ပြောလိုက်ကာ သူ့အခန်းတွင်းသို့ ဝင်၍ ပြေးလေသည်။ သူ့မေမေက သမီးလေးသည် ငိုယိုရန် ပြေးဝင်သည်ဟု ထင်လေသည်။ သူ့ဖေဖေက သမီးလေး အိပ်ချင်၍ ပြေးဝင်သည်ဟု ထင်လေသည်။ မော်မော်ကတော့ မှန်ထဲက ပန်းလျစွာ ပြက်ရယ်ပြု၍ ပြုံးနေသော မော်မော်ကို တစ်ချက်ကြည့်ကာ အဝတ်အစားမလဲဘဲ စားပွဲတွင်ထိုင်၍ တွေးနေလေသည်။
-------------------------------
(ကြည်အေး)
တာရာမဂ္ဂဇင်း၊ အတွဲ - ၂၊ အမှတ် - ၃။

No comments:
Post a Comment