Zawgyi version
" ျခင္းထဲက ၾကက္ "
===========
#ေငြဇင္ေယာ္ဦး(မိုးကုတ္)
" တို႕ကေတာ့ ေပးၿပီးသားဆိုတာ ေသခ်ာတယ္။ ဒါေပမယ့္ ထားလိုက္ပါ။ ပိုက္ဆံေလး ဒီေလာက္နဲ႔ေတာ့ ဘာမွ ထိခိုက္မသြားပါဘူး ”
စကားအဆံုးမွာ ေထာင္းခနဲထလာေသာ မာနစိတ္သည္ ေကာင္တာေပၚ လြင့္ခနဲက်လာသည့္ ေငြစကၠဴတစ္ရြက္။ ကၽြန္မဘာသာပင္ ေ၀ခြဲမရခင္ ထိုအမ်ိဳးသမီးေရွ႕ ခ်က္ခ်င္းျပန္တြန္းေရႊ႕ေပးလိုက္မိၿပီး ျဖစ္ေနခဲ့သည္။ ‘ မေျပာနဲ႔ ’ ဟု ကိုယ့္စိတ္ကိုယ္ အျမန္ခ်ဳပ္တီးလိုက္ေပမယ့္ မမီေတာ့။
“ ဟုတ္ကဲ့ အစ္မသိေအာင္ေျပာရရင္ ကၽြန္မအေနနဲ႔လည္း ကိုယ့္ဘက္က မွားမွားမွန္မွန္ သူတစ္ပါးမၾကည္ျဖဴဘဲ ေပးလာမယ့္ပိုက္ဆံမ်ိဳးေတာ့ လံုး၀မမက္တာ အမွန္ပါပဲ။ အခု အစ္မစိတ္ထဲမွာ တကယ္ေပးၿပီးသားလို႔ ယံုေနရင္ ေပးစရာမလိုပါဘူး။ အားေပးမႈအတြက္ တကယ္ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ အစ္မပိုက္ဆံကို ျပန္ယူသြားလိုက္ပါ ”
“ တို႔က လူႀကီးတစ္ေယာက္ပါ။ ဘာမဟုတ္တဲ့ပိုက္ဆံေလး တစ္ပဲေျခာက္ျပားနဲ႕ မင္းကိုမလိမ္ပါဘူး။ ခုလိုအေခ်အတင္ ေျပာေနရတာကိုက အလုပ္မဟုတ္ေတာ့ဘူး ”
ေျပာေျပာဆိုဆို ပိုက္ဆံကို ဆတ္ခနဲ ျပန္ေကာက္ယူကာ တင္းမာေသာမ်က္ႏွာထားျဖင့္ လွည့္ထြက္သြားေသာ အမ်ိဳးသမီးကို ကၽြန္မ ၿပံဳးရံုသာၿပံဳးၾကည့္ က်န္ရစ္ခဲ့ပါသည္။ နံေဘးမွ မသိမသာ အကဲခတ္ေနၾကေသာ အျခား ေခြငွားသမားေတြကေတာ့ ကၽြန္မတို႔ႏွစ္ေယာက္အေပၚ ဘယ္လိုျမင္ၾက မည္မသိ။ “ ဆက္ဆံေရးညံ့လိုက္တာ ” ဟု ကၽြန္မအေပၚ ေ၀ဖန္သူလည္း ပါေကာင္းပါမည္ပင္။ ၿပီးလွ်င္ သံသယ။ ကၽြန္မႏွင့္ ထိုအမ်ိဳးသမီးသာ အမွန္အတိုင္း သိႏိုင္ၾကေသာ ျပႆနာတစ္ခုအေပၚ ေဘးလူေတြက ဘယ္လိုအေတြးမ်ိဳးေတြးၿပီး ဘယ္သူ႔ဘက္ ရပ္တည္လိုက္ၾကမလဲ။
တစ္ခါတေလက်ေတာ့လည္း သက္ေသျပခြင့္မရသည့္ အမွန္တရားဆိုတာ တစ္ဆိတ္ေတာ့ လူကို ေအာင့္သက္သက္ျဖစ္ေစသလားဟု ထင္သည္။ ကိုယ့္ဘက္မွ မွန္ေနတာကို သိသည္။ ထိုမွန္ေနသည့္အေၾကာင္းသည္ တစ္ဖက္သာအတြက္ အမွားျဖစ္ေနေသာအခါ တစ္ဖက္သား လက္မခံသည့္ ကိုယ္တင္ျပခ်င္ေသာ ‘ အမွန္တရား ’ က မရိုးသားေသာ သံသယအျဖစ္ ခံရေကာ။ ထင္ခ်င္သလိုထင္ၾကပါေစေလ။ လူဆိုတာ ကိုယ့္လိပ္ျပာ ကိုယ္သိသည္။ ကိုယ့္သိကၡာကိုယ္ ၾကည့္မိေနသည္ပင္။ ဆိုင္ဖြင့္သက္တမ္းလည္း အတန္အသင့္ရွိၿပီမို႕ ခံႏိုင္ရည္က ထူသင့္သေလာက္ ထူေနပါၿပီ။ ႀကံဳဖူးခဲ့သမွ် အေတြ႕အႀကံဳေတြက ကၽြန္မ၏စိတ္ကို ရင့္က်က္သင့္သေလာက္လည္း ရင့္က်က္ေစခဲ့ၿပီ။ လူဆိုတာ အမွားႏွင့္မကင္းသည္မို႕ ကိုယ့္ဘက္က မွားသည့္အခါလည္း ရွိတတ္ေပမယ့္ ကိုယ္မွန္သည့္အခါေတြမွာ ကိုယ့္အမွားမဟုတ္မွန္း သိပါလ်က္ႏွင့္ ဆိုင္၏ ေရရွည္အက်ိဳးကို ေမွ်ာ္ကိုးၿပီး မ်ိဳသိပ္ေခါင္းငံု႕ေနခဲ့ရသည့္အႀကိမ္က ပိုမ်ားလွသည္ ထင္သည္။ မွန္သည္ထင္လွ်င္ တစ္စက္ကေလးမွ ေခါင္းမငံု႕တတ္ေသာ ငယ္စိတ္သည္လည္း ဆိုင္ဖြင့္သက္တမ္းတစ္ေလွ်ာက္ ဘယ္အခ်ိန္ကတည္းက က်ေပ်ာက္သြားခဲ့မွန္း မသိလိုက္ေတာ့။ လုပ္ရင္းႏွင့္ သိလာရတာကေတာ့ မာနက မာနသက္သက္။ အလုပ္က အလုပ္သတ္သတ္။ ေလွ်ာ့သင့္သည္ထင္လွ်င္ ေလွ်ာ့။ မေလွ်ာ့လွ်င္ေကာ။ ဘာမွေတာ့ မျဖစ္ပါ။ တစ္ဦးႏွင့္တစ္ဦး အၿပိဳင္အဆိုင္ လုပ္ကိုင္ေနၾကရေသာ အေနအထားတစ္ခုမွာ ကိုယ့္ဆိုင္က ၀န္ေဆာင္မႈအားနည္းလွ်င္ ကုိယ့္ထက္ ၀န္ေဆာင္မႈပိုသာေသာ အျခားတေနရာကို လူေတြ ေရာက္သြားၾကမည္သာ။ ကိုယ္က မွန္တယ္ထင္၍ ခံစားတံု႕ျပန္လိုက္ျခင္းက ေဘးလူေတြအျမင္၌ “ ဒီဆိုင္က ဆက္ဆံေရးက်ဲတယ္ ” ဆိုတာမ်ိဳး ျဖစ္ျဖစ္သြားတတ္ေတာ့ ဆိုင္ကို ထိခိုက္သည္။
သို႔ႏွင့္ ေတာ္ရံုခံစားခ်က္ဆိုလွ်င္ အျပင္ေရာက္မခံေတာ့ဘဲ ရင္ထဲမ်ိဳသိပ္ပစ္လိုက္တတ္သည့္အက်င့္ ရလာသည္။ မ်ိဳသိပ္ပါမ်ားေတာ့ စိတ္တင္းက်ပ္လာသည္။ ထစ္ခနဲဆို အထိအရွမခံႏိုင္သလို ျဖစ္လာသည္။ မျဖစ္ေသးပါဘူး။ လာမည့္တစ္ရက္မွာ သူငယ္ခ်င္းတစ္ေယာက္ထံ စိတ္ေျပလက္ေပ်ာက္ အလည္အပတ္ သြားဦးမည္ဟု အေတြးေရာက္သည္။ မိုးလင္းမိုးခ်ဳပ္ ဒီအလုပ္ထဲမွာ နစ္ျမဳပ္ အခ်ိန္ကုန္ရင္း ဘယ္ကိုမွ မေရာက္ျဖစ္ခဲ့တာေတာင္ အေတာ္ၾကာၿပီ မဟုတ္လား။
(၂)
ေလာေလာဆယ္ ကိုယ့္အနီးအပါးမွာ သူငယ္ခ်င္းရယ္လို႔ မ်ားမ်ားစားစားမရွိလွေသာ ကၽြန္မအတြက္ အေထြအထူး ေခါင္းစားေနစရာပင္ မလို ေက်ာင္းၿပီးကတည္းက အေ၀းမွာ အလုပ္သြားလုပ္သူက လုပ္၊ အျပင္အၿမဲထြက္လုပ္ေနသူက လုပ္ႏွင့္ တစ္ကြဲတစ္ျပားစီ ျဖစ္ကုန္ေသာ ကၽြန္မတို႔အုပ္စုထဲမွာ ကၽြန္မလိုပဲ မနက္မိုးလင္းတာႏွင့္ ဆိုင္အပါးက တစ္ဖ၀ါးမွ မခြာစတမ္း ေက်ာက္ခ်ထိုင္ေနရေသာ သူငယ္ခ်င္းေမသက္ထံ ေရာက္ျဖစ္ခဲ့သည္။ သူ႔ဆိုင္က ေက်ာင္းသံုးပစၥည္းႏွင့္ မုန္႔ပဲသေရစာေတြအျပင္ အလွကုန္ပစၥည္း တိုလီမုတ္စေတြပါ တင္ထားသျဖင့္ စံုစံုလင္လင္ရွိလွသည္။ ပစၥည္းပံုေတြၾကားမွာ ေမွာင္ရိပ္ထဲ စာရင္းထုိင္တြက္ေနေသာ သူငယ္ခ်င္းကို အျပင္ကေနျမင္ေအာင္ မနည္း ရွာၾကည့္ယူရသည္။
“ ဟယ္….လာ လာ ေပၚေတာ္မူႀကီး ”
သူကလည္း ရွားရွားပါးပါး ကၽြန္မအလည္ေရာက္လာ၍ ၀မ္းသာမဆံုးျဖစ္ေနသည္။ ေက်ာင္းၿပီးကတည္းက သူ႔အလုပ္ႏွင့္သူ၊ ကိုယ့္အလုပ္ႏွင့္ကိုယ္ ရႈပ္ေနသျဖင့္ ကၽြန္မတို႕ သိပ္မေတြ႕ျဖစ္ခဲ့ၾကတာ ၾကာၿပီမို႕ျဖစ္သည္။
“ ဘာ…ေပၚေတာ္မူႀကီးလဲ။ သူေကာ ဘယ္တုန္းက လာတာမွတ္လို႔ ”
ကၽြန္မထိုင္ဖို႔ရာ ခံုတစ္လံုးခ်ဖို႕ ၾကမ္းေပၚပံုေနေသာ ပစၥည္းပစၥယေတြကို တစ္ေနရာ ေရႊ႕ကပ္ေပးေနေသာ ေမသက္ကရယ္ရင္း “ ေအးဟာ စိတ္ကေတာ့ အၿမဲေရာက္ေနပါတယ္။ လူကသာ မလာအားတာ ” ဟု ဆိုသည္။ ဒါလည္းဟုတ္သည္။ ကၽြန္မလည္း အဲဒီလိုပင္။ အရင္တုန္းကမ်ား တစ္ရပ္ကြက္ျခားသည့္ ေမသက္တို႔အိမ္ႏွင့္ ကၽြန္မတို႔အိမ္ကို အိမ္ဦးႏွင့္ၾကမ္းျပင္လို တစ္ရက္ဘယ္ႏွေခါက္ ဘယ္ႏွခါ ကူးေနၾကမွန္းမသိ။ ဘယ္သြားမယ္ေဟ့ ဆိုလွ်င္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္ ခ်ိတ္ဆက္ ခ်ိန္းဆိုထားႏွင့္စရာမလို။ အခ်ိန္မေရြး ေကာက္ခနဲထသြားၾကရံုသာ။ ယခုေတာ့ျဖင့္ ဘ၀ကိုယ္စီမွာ ကိုယ့္အလုပ္ႏွင့္ကိုယ္ ရုန္းကန္က်င္လည္ေနၾကရင္း သူငယ္ခ်င္းေတြကိုပင္ အခ်ိန္မေပးႏိုင္ၾကေတာ့။ ကိစၥ၀ိစၥရွိလွ်င္ေတာင္ သြားသြားျပန္ျပန္ တက္သုတ္ရိုက္ေနရသည္။ အလုပ္ေတြကို ေနာက္ဆံတင္းေနရသည္။
“ ဆိုင္ကို ဘယ္သူနဲ႔ ထားခဲ့တာလဲ ”
“ ငါ့ ညီမေလးနဲ႕ ”
“ လႊဲလို႔ရၿပီေပါ့ ”
အေၾကာင္းသိပီပီ ေမသက္ ေမးျခင္းျဖစ္သည္။ ကၽြန္မက ဘာမွမေျဖဘဲ ႏွာေခါင္းတစ္ခ်က္သာ ရႈံ႕ျပေတာ့ သူရယ္ရင္းႏွင့္ ျပန္ညည္းျပပါသည္။
“ ေအး….၊ ငါလည္း တစ္ခါ တစ္ခါ အဲ့ဒါ သိပ္စိတ္ညစ္တာပဲ၊ ငါ့ဆိုင္အေၾကာင္း ငါတစ္ေယာက္တည္းပဲသိေနရတယ္၊ အျပင္ခဏတစ္ျဖဳတ္ထြက္ဖို႔ရာေတာင္ အိမ္ကလူေတြနဲ႕ ထားခဲ့ရတာ စိတ္မခ်ရဘူး၊ ပိုက္ဆံမွားအမ္းရတာနဲ႔၊ တစ္ရာတန္ပစၥည္းကို ႏွစ္ရာမွားေရာင္းလို႔ေရာင္းရတာနဲ႔၊ သူမ်ား ပစၥည္းလာစပ္ရင္လည္း ဆိုင္နဲ႔အဆင္ေျပ သင့္ေတာ္မယ့္ ပစၥည္းေလးေတြၾကည့္က်က္ ေရြးမ၀ယ္တတ္ၾကဘူး၊ ေျပာလိုက္ရင္လည္း “ ငါတို႔မွ မသိတာ ” ခ်ည္းပဲ၊ မသိရင္လည္း သိေအာင္လုပ္ၾကမယ္ စိတ္မကူးၾကဘူး၊ ငါ့ေခါင္းေပၚခ်ည္းပဲ အကုန္တင္ထားေပးၾကတာေလ၊ ငါ့မွာဟယ္၊ အခုမွ တကယ္ေျခခ်ဳပ္မိေနေတာ့တာ၊ ထမင္းစားဖို႔ရာေတာင္ ထမင္းစားခန္းထဲ ၀င္မစားရဘူး၊ ဆိုင္ထဲအထိ ခူးခပ္လာ စားရတယ္၊ မရိုေသ့စကားေျပာရရင္ အိမ္သာတက္ခ်င္တာေတာင္ အေျပးအလႊားျဖစ္ေနတာ၊ ဆယ္တန္းတုန္းကမ်ား ေက်ာင္းစာကို ဒီလိုႏႈန္းနဲ႕ မခြဲမခြာ တြယ္ကပ္ခဲ့ရရင္ ခုဆို ေဒါက္တာမႀကီး ျဖစ္ေနေလာက္ၿပီ ”
အျဖစ္ကတူလြန္း၍ ကၽြန္မႏွင့္လည္း ဘာမွမထူးဘူး မဟုတ္လား။
“ ငါလည္း အဲဒီ့အတိုင္းပါပဲ ေမသက္ရယ္၊ ဆိုင္စဖြင့္ကတည္းက ငါ့ေျခ၊ ငါ့လက္နဲ႕ ေတာက္ေလွ်ာက္လုပ္ကိုင္လာတာဆိုေတာ့ ဆိုင္ရဲ႕အထာကို ငါပဲသိတယ္ေလ၊ ကိစၥရွိလို႕ အျပင္ခဏထြက္ေနတုန္း သူမ်ား ေခြလာေရာင္းရင္ အိမ္ကလူ ပ်ာေနၿပီ၊ ၿပီးေတာ့ ေခြငွားတဲ့လူေတြကလည္း သူတို႔အထာနဲ႕သူတို႔၊ တခ်ိဳ႕ ဒရာမာႀကိဳက္တယ္၊ တခ်ိဳ႕က မႀကိဳက္ဘူး၊ ကိုယ့္စိတ္ကူးနဲ႔ကိုယ္ စိတ္တိုင္းက် ေရြးခ်င္တာ၊ ဘယ္သူကျဖင့္ ေခြအသစ္မွ ၾကည့္တာ၊ ဘယ္သူကျဖင့္ ဇာတ္လမ္းအက်ဥ္းကို ရွင္းျပမွ၊ တခ်ိဳ႕ ‘ အဲဒီေခြ ေကာင္းတယ္ ’ လို႔ ေျပာရံုနဲ႕ ဟုတ္လားဆိုၿပီး ေရွာေရွာရွဴရွဴ ယူသြားေပမယ့္ တခ်ိဳ႕က်ေတာ့ ဘယ္လိုေကာင္းတာလဲဆိုၿပီး စစ္စစ္ေပါက္ေပါက္ ေမးတာ၊ အမွန္အတိုင္းေျပာရရင္ ေခြငွားဆိုင္သာဖြင့္တာ ငါလည္း အဲ့ဒီေလာက္အထိ ရွိသမွ်ေခြ အကုန္ ဘယ္ၾကည့္ထားႏိုင္ပါ့မလဲ၊ ဒီေတာ့ မဂၢဇင္းထဲမွာပါလာတဲ့ ဇာတ္လမ္းအက်ဥ္းေတြ မွတ္ထားတန္ မွတ္ထား၊ ဒါမွမဟုတ္ ေခြငွားသမားေတြကို ဇာတ္လမ္းသေဘာတရား ျပန္ေမးၿပီး ေနာက္လူကို ညႊန္းတာမ်ိဳး လုပ္ရတာေပါ့၊ တခ်ိဳ့က်ေတာ့ ‘ ဒါေကာင္းတယ္၊ ဒါမေကာင္းဘူး ’ လို႔ မညႊန္းရဘူး၊ ကိုယ္ကေတာ့ တကယ္ႀကိဳက္လို႔ ညႊန္းတာျဖစ္ေပမယ့္ လူဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္မတူတတ္ၾကေတာ့ လာပို႔တဲ့အခါ ေကာင္းတယ္ဆိုလို႔ ယူသြားတာ၊ ေကာင္းလည္း မေကာင္းဘဲနဲ႔ဆိုၿပီး ပိုက္ဆံမေပးခ်င္ၾကတာမ်ိဳးလည္း ႀကံဳရတယ္ ”
“ မလြယ္ဘူးေတာ္၊ နင့္အလုပ္လည္း ” ေမသက္က ေတြးေတြးဆဆႏွင့္ ၀င္ေျပာသည္။
“ အံမယ္ေလး အဟုတ္ကိုမလြယ္တာ ေမသက္ေရ၊ အစတုန္းကေတာ့ အဲ့ဒီလို စာအုပ္အငွားဆိုင္တို႔၊ အေခြငွားဆိုင္အလုပ္တို႔ဆိုတာ ဆိုင္ထဲ ေအးေအးေဆးေဆးထိုင္ၿပီး သက္ေသာင့္သက္သာ ရွိလွတဲ့အလုပ္ေတြလို႕ ထင္ခဲ့တာ၊ ခုလို တကယ္ကိုယ္လုပ္ၾကည့္ဖူးေတာ့မွ ဘယ္ေလာက္ စိတ္ရႈပ္ရတဲ့ အလုပ္မွန္း သိတယ္ ”
“ ဟုတ္မွာ ဟုတ္မွာ၊ ငါဆိုရင္လည္း….. ”
ေျပာေနတုန္းတန္းလန္း ေစ်း၀ယ္သူေရာက္လာ၍ “ ခဏေနာ္ မိလြန္း ” ဆိုၿပီး ေမသက္ ခဏထသြားသည္။ ၀ယ္သူ ခ်ာတိတ္မေလးက ေကာ္ဖီမစ္ တစ္ထုပ္တဲ့။ ႏွစ္ရာတန္တစ္ရြက္ ထုတ္ေပးသည္။ ေမသက္က ပိုက္ဆံေသတၱာနား ေလွ်ာက္လာသျဖင့္ ပိုက္ဆံအမ္းရမည္ဟု ထင္ၿပီး ကၽြန္မက အလိုက္တသိႏွင့္ ေသတၱာေလးကို သူ႔ဘက္ တြန္းေရႊ႕ေပးေတာ့ ေမသက္က “ အသာေန ” ဟု မ်က္ရိပ္ျပကာ ေကာင္တာေပၚတင္ထားေသာ စာအုပ္တစ္အုပ္ကို လွမ္းယူသည္။ ထိုစာအုပ္ကို ဖြင့္လိုက္ေတာ့ ေဟာင္းႏြမ္းေပမယ့္ ျပန္႔ရန္႔ေနေသာ ပိုက္ဆံေတြ၊ ေမသက္က ထိုပိုက္ဆံေတြထဲမွ ရာတန္တစ္ရြက္ကို အေသအခ်ာေရြးကာ ခ်ာတိတ္မေလးကို သြားအမ္းသည္။ ထိုပိုက္ဆံကိုၾကည့္ၿပီး ခ်ာတိတ္မေလးမ်က္ႏွာ မဲ့သြားကာ ေတြ႕ရသည္။
“ ဟင္…အစ္မပိုက္ဆံႀကီးကလည္းေနာ္ ဒီထက္ေကာင္းတာေလး မရွိေတာ့ဘူးလား ”
“ အဲ့ဒါ ၿပီးခဲ့တဲ့စေနေန႔က ညီမေလး လာ၀ယ္သြားတဲ့ ပိုက္ဆံပဲေလ ”
ခ်ာတိတ္မေလး အိုးတိုးအမ္းတမ္းႏွင့္ ဘာေျပာရမွန္းမသိ ျဖစ္သြားကာ ‘ ေၾသာ္ ’ ဟု မပီမသ ေရရြတ္ရင္း ျပန္လွည့္ထြက္သြားသည္။ ေမသက္က ကၽြန္မကို ပခံုးတြန္႔၍ လက္၀ါးႏွစ္ဖက္ ျဖန္႔ျပသည္။
“ မတတ္ႏိုင္ဘူးဟ၊ တစ္ခါတေလက်ေတာ့လည္း လူေတြက အဲ့ဒီလို ျပန္မလုပ္ခ်င္လို႔ကို မရေတာ့ဘူး၊ ကိုယ့္ဆီလာ၀ယ္ေတာ့ ပိုက္ဆံအစုတ္ေတြနဲ႕ လာ၀ယ္ႀကၿပီး ကိုယ္ျပန္အမ္းေတာ့ ဘယ္သူမွ ျပန္မယူခ်င္ၾကေတာ့ဘူး၊ ငါလည္း ရလာတဲ့ပိုက္ဆံနဲ႕ ပစၥည္းေတြ ျပန္၀ယ္ျခမ္း၊ အရင္းအႏွီးျပန္ လုပ္ရတဲ့ဥစၥာ၊ ဆုိင္ႀကီးေတြက လက္မခံေတာ့ ငါအားနာလို႕ လက္ခံထားသမွ် ပိုက္ဆံအစုတ္ေတြက ငါ့လက္ထဲမွာ ပံုေနေရာ၊ စားရမယ့္အျမတ္က မစားရေတာ့ဘူး၊ ၾကာေတာ့ ငါလည္း ဘယ္ေတာင့္ခံႏို္င္ေတာ့မွာလဲ၊ မရွိလို႕ ဆိုင္ဖြင့္စားတာႀကီးကို ”
ေမသက္ စိတ္တိုခ်င္ေနပံုကိုၾကည့္ၿပီး ကၽြန္မ ရယ္ခ်င္ေနသည္။ ေက်ာင္းတုန္းကမ်ား ေမသက္ေလာက္ သေဘာမေနာေကာင္းၿပီး စိတ္ရွည္တာ ေမသက္ပဲရွိတာေလ။ ဘယ္သူႏွင့္ပဲျဖစ္ျဖစ္ တည့္ေအာင္ေပါင္းသည္။ သူငယ္ခ်င္းေတြအေပၚလည္း အလြန္သည္းခံႏိုင္လြန္းသူ။
“ နင္က ဘယ္သူ၀ယ္တဲ့ပိုက္ဆံဆိုတာေကာ မွတ္မိလို႔လား ”
“ တကယ္ကို မရွိလို႔ ရွိတာေလးနဲ႕ လာ၀ယ္ရသူေတြကိုေတာ့ ငါ မေျပာလိုပါဘူး၊ ေနာက္ဆံုး အလကားေပးႏိုင္ရင္ေတာင္ ေပးလိုက္ဦးမယ္၊ နင္ ငါ့စိတ္ကို သိပါတယ္၊ ရွိရက္သားနဲ႔ တမင္တကာ ပိုက္ဆံအစုတ္နဲ႕ လာ၀ယ္တာကို စိတ္ညစ္တာ၊ ၀ယ္တဲ့သူနာမည္ကို ခဲတံနဲ႕ဖြဖြျခစ္ထားၿပီး ႀကံဳတဲ့အခါ ျပန္အမ္းေပးလိုက္ေတာ့ သူတို႔လည္း ျငင္းလို႔မရေတာ့ဘူးေလ ”
“ ေဟာေတာ္ ” ေမသက္အႀကံကို ကၽြန္မရယ္မိေတာ့သည္။
“ ေျပာလို႔ေျပာတာမဟုတ္ဘူး၊ ငါတို႕လိုေစ်းဆိုင္ဖြင့္ ေစ်းေရာင္းစားရတဲ့ အလုပ္က သိပ္သည္းညည္းခံရတာပဲေနာ္၊ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြဆိုတဲ့အတိုင္းပဲ၊ စဥ္းစားၾကည့္ေလ အိမ္တစ္အိမ္မွာ မိသားစုတစ္စုတည္း ရွိတာေတာင္ အခန္႔မသင့္ရင္ တစ္ေယာက္တစ္ေပါက္ ျဖစ္ၾကေသးတာ၊ ငါတို႔မွာက တစ္ရက္ကို လူေလးငါးေျခာက္ဆယ္ေလာက္နဲ႔ ေျပာဆိုဆက္ဆံရတာ၊ ပ်မ္းမွ် လူသံုးဆယ္ပဲထားဦး၊ စိတ္ေပါင္းသံုးဆယ္၊ ၀ယ္သူဘက္က အၿမဲ မွန္၏ ဆိုတဲ့ ေဆာင္ပုဒ္က အထင္အရွားရွိေနေတာ့ အဲ့ဒီ့သံုးဆယ္လံုးနဲ႕ အဆင္ ေျပေအာင္ႀကိဳးစားရမွာက ကိုယ့္၀တၱရား၊ ၀ယ္သူေတြအေနနဲ႕ကေတာ့ ကိုယ့္ တစ္ေယာက္တည္းကို ေျပာဆိုဆက္ဆံရတာ၊ ကိုယ္ကေတာ့ အပူအေအးစံုတဲ့ စိတ္အမ်ိဳးမ်ိဳးနဲ႔ လုိက္ေလ်ာညီေထြျဖစ္ေအာင္ ဆက္ဆံရတယ္၊ ႏွစ္ဆယ့္ကိုးေယာက္နဲ႕ အဆင္ေျပတာကို “ ဒီဆိုင္ ဆက္ဆံေရးေကာင္းတယ္ ” လို႔ အသံထြက္ ဖို႔ မေသခ်ာေပမယ့္ တစ္ေယာက္နဲ႔အဆင္မေျပရင္ “ ဒီဆိုင္ ဆက္ဆံေရး ညံ့တယ္ ” ဆိုတဲ့အသံ ထြက္သြားဖို႔ကေတာ့ က်ိန္းေသတယ္ ”
ကၽြန္မစကားကို ေမသက္ ေထာက္ခံသည္။
“ ဟုတ္တယ္ေနာ္၊ လူဆိုတာကလည္း အမ်ိဳးမ်ိဳးရွိတာကိုး၊ ကိုယ္မလုပ္ဖူးေပမယ့္ အဲ့ဒီအလုပ္အေပၚ ကိုယ္ခ်င္းစာနားလည္ေပးတတ္တဲ့ လူေတြရွိသလို ကိုယ္မလုပ္ဖူးတိုင္း အဲ့ဒီအလုပ္အေပၚ ကိုယ္ခ်င္းမစာေပးတတ္တဲ့ လူမ်ိဳးေတြလည္း တစ္ခါတေလႀကံဳရတာပဲ၊ လူတိုင္းကို ကိုယ့္အလုပ္နဲ႕ပတ္သက္ၿပီး အစအဆံုး တစ္ေယာက္ခ်င္းစီ လိုက္ရွင္းျပေနဖို႔ဆိုတာလည္းမျဖစ္ႏို္င္ေတာ့ မ်ိဳသိပ္ပါမ်ားတဲ့ ရင္ဘတ္ထဲက မြန္းက်ပ္ပိတ္ေလွာင္ခံေနရသလို ျဖစ္လာေရာ၊ ၀ယ္သူ၊ အားေပးသူေတြရွိလို႕ ကိုယ္ေနရာရ ရပ္တည္ေနႏိုင္တာဆိုၿပီး ေက်းဇူးသိတတ္နားလည္မိေပမယ့္ စိတ္ထဲ သိပ္ထိခိုက္စရာႀကံဳရေတာ့လည္း တရားမရႏိုင္ေသးတဲ့ ပုထုဇဥ္ပီပီ ကိုယ္ေပးဆပ္လိုက္ရတဲ့ ခံစားခ်က္နဲ႕ ကိုယ္ျပန္ရတဲ့တန္ဖိုး မညီမွ်တာကို ခ်ိန္ထိုးမိတဲ့အခါ စိတ္ထဲ တျမည့္ျမည့္ ျဖစ္မိတာ ရွိတာေပါ့……..
‘ ဒီေလာက္ေလးနဲ႕ မေျပာေတာ့ပါဘူး။ ေရရွည္အတြက္ ၾကည့္ရဦးမယ္’ ဆိုၿပီး ငံု႕ခံ။ ေျပာခြင့္မသာတဲ့ ေ၀ဒနာေတြက ရင္ထဲ တျဖည္းျဖည္းအံုခဲျပည့္သိပ္လာ။ တစ္ခါတစ္ခါ မေအာင့္ႏိုင္လို႕ ျဗဳန္းခနဲ ေျပာထြက္မိရင္ေတာ့ ခံရတဲ့သူအဖို႕ မသက္သာဘူး။ ပိႆေလး ေဘးပစ္ျဖစ္ကုန္ေရာ ”
တူလိုက္တာ၊ အတူတူပါပဲလား။
“ အင္းေလ ေမသက္ရယ္၊ ငါ့ကိုဆိုရင္ အခုေနာက္ပိုင္းမွာ အိမ္ကလူေတြက သိပ္ေျပာတာပဲ၊ ‘ မိလြန္းတစ္ေယာက္ အခုမွ ပိုစိတ္တိုတတ္ လာသလိုပဲ၊ အိမ္သားေတြအေပၚမွာလည္း စိတ္မရွည္ဘဲ ထစ္ခနဲရွိ ေအာ္ခ်င္၊ ေငါက္ခ်င္၊ ဘုကလန္႔တိုက္ခ်င္ေနတာ ဘာသေဘာမွန္းကို မသိဘူး’ တဲ့၊ ငါလည္း ကိုယ့္ကိုယ္ကို သတိထားမိလို႕ နည္းနည္းျပန္ဆင္ျခင္ေနရတယ္၊ တကယ္ေတာ့ ကိုယ့္စိတ္နဲ႕ကိုယ့္ကုိယ္ အဆင္မေျပတာၾကာေတာ့ ထြက္ေပါက္ ပိတ္ၿပီး မဆုိင္တဲ့လူေတြအေပၚ ေလွ်ာက္မဲမိတာမ်ိဳး ျဖစ္ျဖစ္ သြားတတ္တာ၊ စိတ္ထဲမွာ ဘယ္သူဘယ္၀ါကို မေက်နပ္တာ ဆိုတာမ်ိဳးရယ္လို႔ေတာ့ မဟုတ္ဘူး၊ ဘယ္သူကမွ ကိုယ့္အေပၚ ထိခိုက္နစ္နာေအာင္ တမင္တကာ ထိုးဆြေနၾက လို႔မွလည္း မဟုတ္ဘူး၊ ၀ယ္သူဘက္ကေတာ့ သူတိို႔အလုပ္ သူတို႔လုပ္မွာပဲ၊ ငါတို႔လည္း ၀ယ္သူဆိုရင္ ကိုယ္ေပးလုိက္ရတဲ့ေငြနဲ႕ ထိုက္တန္တဲ့ ၀န္ေဆာင္မႈကို ရခ်င္မွာပဲ။ အခုေျပာခ်င္တာက ဘယ္သူမွားတယ္၊ ဘယ္သူမွန္တယ္ ဆိုတဲ့ကိစၥ မဟုတ္ဘူး၊ နိစၥဓူ၀ ကိုယ့္စိတ္ကိုယ္ ပိတ္ေလွာင္ၿပီး လူအမ်ား စိတ္နဲ႔တည့္ေအာင္ ႀကိဳးစားေနရတာ ၾကာေတာ့ စိတ္အဆင္မေျပ ျဖစ္လာတာကို ဆိုလိုခ်င္တာ ”
“ သိတယ္…သိတယ္၊ နင္ေျပာခ်င္တာကို ”
“ အလုပ္က စိတ္ခ်လက္ခ် ပစ္ထားခဲ့လုိ႔မရေတာ့ တစ္ေန႔တစ္ေန႕ ဒီဆိုင္ထဲမွာပဲ ေထာင္က်သလို ေျခခ်ဳပ္မိေနေတာ့ လူက ၿငီးေငြ႕လာေရာ၊ အေပါင္းအသင္းေတြနဲ႔လည္း အဆက္ျပတ္၊ အျပင္ေလာကလည္း မထြက္ျဖစ္၊ ဒီေတာ့ အဆင္မေျပမႈတစ္ခုခုႀကံဳရင္ စိတ္က ပံုမွန္ထက္ပိုၿပီး ထိရွတံု႕ျပန္ခံစားလြယ္တဲ့ သေဘာမ်ိဳး ျဖစ္ေနတယ္၊ ဘယ္လိုေျပာရမလဲ စိတ္အခ်ဥ္ေပါက္ေနတာလို႔ပဲ ဆိုရမလား မေျပာတတ္ဘူး ”
ထိုေနရာအေရာက္မွာ ေမသက္က ဘာကိုေတြးသည္မသိ ‘ ခြိ ’ ခနဲ ရုတ္တရက္ ထရယ္သည္။
“ ဘာရယ္တာလဲ နင္က ”
“ ေႀသာ္ ငါ့အေဖေျပာဖူးတဲ့အေၾကာင္းေလးတစ္ခု ျပန္စဥ္းစားမိလို႔ပါ၊ ဒီလိုဟ အေဖတို႔ငယ္ငယ္တုန္းက အေဖတို႔ရြာထိပ္မွာ ကုန္စံုဆိုင္ဖြင့္တဲ့ တရုတ္ႀကီးတစ္ေယာက္ ရွိတယ္တဲ့၊ အဲ့ဒီတရုတ္ႀကီးက ဆက္ဆံေရးသိပ္က်ဲတယ္၊ ဘယ္သူ႔ကိုမွ စိတ္မရွည္ဘူး၊ သူနဲ႔အဆင္ေျပတဲ့ ေစ်း၀ယ္သူဆိုလို႔ ရွားတယ္၊ မ၀ယ္ရေအာင္ကလည္း တစ္ရြာလံုးမွာ သူ႔တစ္ဆိုင္ပဲ ေလာက္ေလာက္လားလားရွိေတာ့ မတတ္ႏိုင္ၾကဘူး၊ အၿမဲ ရွစ္ေခါက္ခ်ိဳးေနတဲ့မ်က္ႏွာကို မၾကည့္ခ်င္လ်က္နဲ႔ပဲ ၀ယ္ေနၾကရတယ္၊ အဲ့ဒါ တစ္ရက္က်ေတာ့ သူႀကီးက ေစ်းသြား၀ယ္ရင္း ေမးတယ္တဲ့၊ ‘ အရင္တုန္းကဆို မင္းေလာက္သေဘာေကာင္းၿပီး မင္းေလာက္ စိတ္ရွည္တဲ့သူ မင္းပဲရွိတာ။ အခုလို ဆိုင္ဖြင့္ၿပီးမွ ဒီေလာက္ေဒါသႀကီးၿပီး စိတ္တိုတတ္လာတာ ဘာေၾကာင့္လဲ တရုတ္ႀကီးရယ္ ’ ေပါ့၊ တရုတ္ႀကီးက ခ်က္ျခင္းမေျဖပဲ ခဏစဥ္းစားေနၿပီးေတာ့ ‘ သိခ်င္ရင္ က်ဳပ္ ေနာက္လိုက္ခဲ့သူႀကီး ’ ဆိုၿပီး သူ႔ျခံေနာက္ထဲ ေခၚသြားတယ္။ ျခံထဲမွာက နတ္တင္ဖို႔ဆိုၿပီး ျခင္းထဲ ၀ယ္ထည့္ထားတဲ့ ၾကက္တစ္ေကာင္ရွိတယ္။ ၀ါးခပ္ က်ဲက်ဲနဲ႕ရက္ထားတဲ့ ၾကက္ျခင္းကို နင္ျမင္ဖူးတယ္မလား ”
ကၽြန္မမ်က္စိထဲ ပံုေဖာ္ၾကည့္မိရင္း ေခါင္းညိတ္မိသည္။
“ အဲဒါ တရုတ္ႀကီးက သူ႔ၾကက္ျခင္းထဲက ၾကက္ကို လက္ညိွဳးထုိးျပၿပီးေတာ့ ‘ သူႀကီး….ေဟာ့ဒီျခင္းထဲကၾကက္ကို ျခင္းပတ္လည္အေပါက္ေလးေတြကေန တုတ္တစ္ေယာက္တစ္ေခ်ာင္းစီနဲ႕ ၀ိုင္းထိုးၾကည့္ၾကစမ္းပါ၊ ဒီၾကက္ ဘယ့္ႏွယ္ျဖစ္လာမယ္ ထင္တံုး ’ တဲ့၊ ဒီေတာ့ သူႀကီးက ‘ ဟ….ျခင္းထဲမွာ ထြက္ေပါက္မရွိဘဲ ပိတ္ေလွာင္ခံထားေနရတဲ့ၾကားထဲ ေဘးပတ္လည္ကေန တုတ္ေတြနဲ႕ ၀ိုင္းထိုးတာပါ ခံေနရဦးမယ္ဆိုရင္ ဒီၾကက္ ေဒါကန္ၿပီး ကေတာ္ကေတာ္နဲ႕ ေအာ္ေတာ့မွာေပါ့ တရုတ္ႀကီးရ ’ လို႔ ျပန္ေျဖလိုက္ေတာ့ တရုတ္ႀကီးက ဘာျပန္ေျပာတယ္မွတ္သလဲ ”
“ အင္း….၊ ဘာတဲ့လဲ ”
“ က်ဳပ္ စိတ္တိုတတ္လာတာလည္း အဲ့ဒီလိုေၾကာင့္ပဲေပါ့ သူႀကီးရာ” တဲ့ ။
“ ေဟာေတာ္ ”
ေမသက္စကားအဆံုးမွာ ကၽြန္မ ရယ္မိေတာ့သည္။ တရုတ္ႀကီး၏ ေျပာင္ေျမာက္ေသာ ဥပမာကို သေဘာက်လြန္း၍ျဖစ္သည္။ ရယ္ရင္းႏွင့္ နာရီငံု႕ၾကည့္ေတာ့ ကၽြန္မထြက္လာတာ အေတာ္ၾကာသြားၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။
“ စကားေျပာရတာေတာ့ ေကာင္းပါရဲ႕ ေမသက္ရယ္….၊ အိမ္ကို ျပန္ၾကည့္ဦးမွ၊ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ထြက္လာလုိက္တာ၊ အခ်ိန္က သိတဲ့အတိုင္းပဲ ”
“ စိတ္ေျပလက္ေပ်ာက္ လာလည္တဲ့လူကိုမွ ငါကလည္း ဒီကေန စိတ္ရႈပ္စရာ အခက္အခဲေတြ ဆီးႀကိဳေျပာျပေနမိတယ္ေဟ့ ”
“ ေႀသာ္….အဲ့ဒီလိုေျပာခ်င္တာေျပာခြင့္ရလုိက္ေတာ့လည္း ရင္ေပါ့သြားတာေပါ့၊ ငါတို႔မွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အႀကာႀကီးေနလို႕မွ တစ္ရက္ နာရီ၀က္ေလာက္ေလး ေျပာဆိုေတြ႕ဆံုဖို႔ရာေတာင္ အလုပ္ေတြက ေနာက္ဆံငင္ေနတယ္၊ ထြက္ေျပးရေအာင္ကလည္း ျခင္းနဲ႔ အပိတ္ခံထားရတဲ့ ၾကက္လိုျဖစ္ေနေတာ့ ေျပာလို႔ေျပာတာမဟုတ္ဘူး၊ ငါတို႔ေဘးနားပတ္လည္၀ိုင္းေနတဲ့ တာ၀န္ေတြက ဘယ္အခ်ိန္ကဘယ္လို ငါတို႔နား ေရာက္လာမွန္း သိကို မသိလိုက္သလိုပဲေနာ္၊ သိပ္ျမန္တာပဲ၊ အခု သတိထားၾကည့္မိခ်ိန္က်ေတာ့ ေျခေကာ လက္ေကာ တစ္ေနရာမွ မလြတ္ေတာ့ဘူး၊ ဘ၀ဆိုတာ အဲ့ဒါပဲေနမွာပဲေနာ္ ”
ေျပာေျပာဆိုဆိုႏွင့္ပင္ အိမ္ျပန္ဖို႕ရာ ထရပ္ရပါသည္။ ႏို႔ဆို စကားစက ျဖတ္ဖို႔ရာ မလြယ္။
(၃)
ေမသက္အိမ္မွ ျပန္လာၿပီးေနာက္ပိုင္း မနက္အိပ္ရာထ၍ မွန္ၾကည့္ျဖစ္တိုင္း ကၽြန္မ၌ သတိထားၾကည့္မိစရာ အလုပ္တစ္ခု ပိုလာသည္။
ဘာရယ္ေတာ့မဟုတ္။ ကိုယ့္ကိုယ္ကို ျခင္းထဲကၾကက္ႏွင့္မ်ား တူလာၿပီလားဟု….။
ေငြဇင္ေယာ္ဦး(မိုးကုတ္)
ေရႊအျမဳေတမဂၢဇင္း၊ ဇန္န၀ါရီလ ၊ ၂၀၀၉
Unicode version
" ခြင်းထဲက ကြက် "
===========
#ငွေဇင်ယော်ဦး(မိုးကုတ်)
" တို့ကတော့ ပေးပြီးသားဆိုတာ သေချာတယ်။ ဒါပေမယ့် ထားလိုက်ပါ။ ပိုက်ဆံလေး ဒီလောက်နဲ့တော့ ဘာမှ ထိခိုက်မသွားပါဘူး ”
စကားအဆုံးမှာ ထောင်းခနဲထလာသော မာနစိတ်သည် ကောင်တာပေါ် လွင့်ခနဲကျလာသည့် ငွေစက္ကူတစ်ရွက်။ ကျွန်မဘာသာပင် ဝေခွဲမရခင် ထိုအမျိုးသမီးရှေ့ ချက်ချင်းပြန်တွန်းရွှေ့ပေးလိုက်မိပြီး ဖြစ်နေခဲ့သည်။ ‘ မပြောနဲ့ ’ ဟု ကိုယ့်စိတ်ကိုယ် အမြန်ချုပ်တီးလိုက်ပေမယ့် မမီတော့။
“ ဟုတ်ကဲ့ အစ်မသိအောင်ပြောရရင် ကျွန်မအနေနဲ့လည်း ကိုယ့်ဘက်က မှားမှားမှန်မှန် သူတစ်ပါးမကြည်ဖြူဘဲ ပေးလာမယ့်ပိုက်ဆံမျိုးတော့ လုံးဝမမက်တာ အမှန်ပါပဲ။ အခု အစ်မစိတ်ထဲမှာ တကယ်ပေးပြီးသားလို့ ယုံနေရင် ပေးစရာမလိုပါဘူး။ အားပေးမှုအတွက် တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစ်မပိုက်ဆံကို ပြန်ယူသွားလိုက်ပါ ”
“ တို့က လူကြီးတစ်ယောက်ပါ။ ဘာမဟုတ်တဲ့ပိုက်ဆံလေး တစ်ပဲခြောက်ပြားနဲ့ မင်းကိုမလိမ်ပါဘူး။ ခုလိုအချေအတင် ပြောနေရတာကိုက အလုပ်မဟုတ်တော့ဘူး ”
ပြောပြောဆိုဆို ပိုက်ဆံကို ဆတ်ခနဲ ပြန်ကောက်ယူကာ တင်းမာသောမျက်နှာထားဖြင့် လှည့်ထွက်သွားသော အမျိုးသမီးကို ကျွန်မ ပြုံးရုံသာပြုံးကြည့် ကျန်ရစ်ခဲ့ပါသည်။ နံဘေးမှ မသိမသာ အကဲခတ်နေကြသော အခြား ခွေငှားသမားတွေကတော့ ကျွန်မတို့နှစ်ယောက်အပေါ် ဘယ်လိုမြင်ကြ မည်မသိ။ “ ဆက်ဆံရေးညံ့လိုက်တာ ” ဟု ကျွန်မအပေါ် ဝေဖန်သူလည်း ပါကောင်းပါမည်ပင်။ ပြီးလျှင် သံသယ။ ကျွန်မနှင့် ထိုအမျိုးသမီးသာ အမှန်အတိုင်း သိနိုင်ကြသော ပြဿနာတစ်ခုအပေါ် ဘေးလူတွေက ဘယ်လိုအတွေးမျိုးတွေးပြီး ဘယ်သူ့ဘက် ရပ်တည်လိုက်ကြမလဲ။
တစ်ခါတလေကျတော့လည်း သက်သေပြခွင့်မရသည့် အမှန်တရားဆိုတာ တစ်ဆိတ်တော့ လူကို အောင့်သက်သက်ဖြစ်စေသလားဟု ထင်သည်။ ကိုယ့်ဘက်မှ မှန်နေတာကို သိသည်။ ထိုမှန်နေသည့်အကြောင်းသည် တစ်ဖက်သာအတွက် အမှားဖြစ်နေသောအခါ တစ်ဖက်သား လက်မခံသည့် ကိုယ်တင်ပြချင်သော ‘ အမှန်တရား ’ က မရိုးသားသော သံသယအဖြစ် ခံရကော။ ထင်ချင်သလိုထင်ကြပါစေလေ။ လူဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်သိသည်။ ကိုယ့်သိက္ခာကိုယ် ကြည့်မိနေသည်ပင်။ ဆိုင်ဖွင့်သက်တမ်းလည်း အတန်အသင့်ရှိပြီမို့ ခံနိုင်ရည်က ထူသင့်သလောက် ထူနေပါပြီ။ ကြုံဖူးခဲ့သမျှ အတွေ့အကြုံတွေက ကျွန်မ၏စိတ်ကို ရင့်ကျက်သင့်သလောက်လည်း ရင့်ကျက်စေခဲ့ပြီ။ လူဆိုတာ အမှားနှင့်မကင်းသည်မို့ ကိုယ့်ဘက်က မှားသည့်အခါလည်း ရှိတတ်ပေမယ့် ကိုယ်မှန်သည့်အခါတွေမှာ ကိုယ့်အမှားမဟုတ်မှန်း သိပါလျက်နှင့် ဆိုင်၏ ရေရှည်အကျိုးကို မျှော်ကိုးပြီး မျိုသိပ်ခေါင်းငုံ့နေခဲ့ရသည့်အကြိမ်က ပိုများလှသည် ထင်သည်။ မှန်သည်ထင်လျှင် တစ်စက်ကလေးမှ ခေါင်းမငုံ့တတ်သော ငယ်စိတ်သည်လည်း ဆိုင်ဖွင့်သက်တမ်းတစ်လျှောက် ဘယ်အချိန်ကတည်းက ကျပျောက်သွားခဲ့မှန်း မသိလိုက်တော့။ လုပ်ရင်းနှင့် သိလာရတာကတော့ မာနက မာနသက်သက်။ အလုပ်က အလုပ်သတ်သတ်။ လျှော့သင့်သည်ထင်လျှင် လျှော့။ မလျှော့လျှင်ကော။ ဘာမှတော့ မဖြစ်ပါ။ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် လုပ်ကိုင်နေကြရသော အနေအထားတစ်ခုမှာ ကိုယ့်ဆိုင်က ဝန်ဆောင်မှုအားနည်းလျှင် ကိုယ့်ထက် ဝန်ဆောင်မှုပိုသာသော အခြားတနေရာကို လူတွေ ရောက်သွားကြမည်သာ။ ကိုယ်က မှန်တယ်ထင်၍ ခံစားတုံ့ပြန်လိုက်ခြင်းက ဘေးလူတွေအမြင်၌ “ ဒီဆိုင်က ဆက်ဆံရေးကျဲတယ် ” ဆိုတာမျိုး ဖြစ်ဖြစ်သွားတတ်တော့ ဆိုင်ကို ထိခိုက်သည်။
သို့နှင့် တော်ရုံခံစားချက်ဆိုလျှင် အပြင်ရောက်မခံတော့ဘဲ ရင်ထဲမျိုသိပ်ပစ်လိုက်တတ်သည့်အကျင့် ရလာသည်။ မျိုသိပ်ပါများတော့ စိတ်တင်းကျပ်လာသည်။ ထစ်ခနဲဆို အထိအရှမခံနိုင်သလို ဖြစ်လာသည်။ မဖြစ်သေးပါဘူး။ လာမည့်တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်ထံ စိတ်ပြေလက်ပျောက် အလည်အပတ် သွားဦးမည်ဟု အတွေးရောက်သည်။ မိုးလင်းမိုးချုပ် ဒီအလုပ်ထဲမှာ နစ်မြုပ် အချိန်ကုန်ရင်း ဘယ်ကိုမှ မရောက်ဖြစ်ခဲ့တာတောင် အတော်ကြာပြီ မဟုတ်လား။
(၂)
လောလောဆယ် ကိုယ့်အနီးအပါးမှာ သူငယ်ချင်းရယ်လို့ များများစားစားမရှိလှသော ကျွန်မအတွက် အထွေအထူး ခေါင်းစားနေစရာပင် မလို ကျောင်းပြီးကတည်းက အဝေးမှာ အလုပ်သွားလုပ်သူက လုပ်၊ အပြင်အမြဲထွက်လုပ်နေသူက လုပ်နှင့် တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်သော ကျွန်မတို့အုပ်စုထဲမှာ ကျွန်မလိုပဲ မနက်မိုးလင်းတာနှင့် ဆိုင်အပါးက တစ်ဖဝါးမှ မခွာစတမ်း ကျောက်ချထိုင်နေရသော သူငယ်ချင်းမေသက်ထံ ရောက်ဖြစ်ခဲ့သည်။ သူ့ဆိုင်က ကျောင်းသုံးပစ္စည်းနှင့် မုန့်ပဲသရေစာတွေအပြင် အလှကုန်ပစ္စည်း တိုလီမုတ်စတွေပါ တင်ထားသဖြင့် စုံစုံလင်လင်ရှိလှသည်။ ပစ္စည်းပုံတွေကြားမှာ မှောင်ရိပ်ထဲ စာရင်းထိုင်တွက်နေသော သူငယ်ချင်းကို အပြင်ကနေမြင်အောင် မနည်း ရှာကြည့်ယူရသည်။
“ ဟယ်….လာ လာ ပေါ်တော်မူကြီး ”
သူကလည်း ရှားရှားပါးပါး ကျွန်မအလည်ရောက်လာ၍ ဝမ်းသာမဆုံးဖြစ်နေသည်။ ကျောင်းပြီးကတည်းက သူ့အလုပ်နှင့်သူ၊ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသဖြင့် ကျွန်မတို့ သိပ်မတွေ့ဖြစ်ခဲ့ကြတာ ကြာပြီမို့ဖြစ်သည်။
“ ဘာ…ပေါ်တော်မူကြီးလဲ။ သူကော ဘယ်တုန်းက လာတာမှတ်လို့ ”
ကျွန်မထိုင်ဖို့ရာ ခုံတစ်လုံးချဖို့ ကြမ်းပေါ်ပုံနေသော ပစ္စည်းပစ္စယတွေကို တစ်နေရာ ရွှေ့ကပ်ပေးနေသော မေသက်ကရယ်ရင်း “ အေးဟာ စိတ်ကတော့ အမြဲရောက်နေပါတယ်။ လူကသာ မလာအားတာ ” ဟု ဆိုသည်။ ဒါလည်းဟုတ်သည်။ ကျွန်မလည်း အဲဒီလိုပင်။ အရင်တုန်းကများ တစ်ရပ်ကွက်ခြားသည့် မေသက်တို့အိမ်နှင့် ကျွန်မတို့အိမ်ကို အိမ်ဦးနှင့်ကြမ်းပြင်လို တစ်ရက်ဘယ်နှခေါက် ဘယ်နှခါ ကူးနေကြမှန်းမသိ။ ဘယ်သွားမယ်ဟေ့ ဆိုလျှင်လည်း တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက် ချိန်းဆိုထားနှင့်စရာမလို။ အချိန်မရွေး ကောက်ခနဲထသွားကြရုံသာ။ ယခုတော့ဖြင့် ဘဝကိုယ်စီမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရုန်းကန်ကျင်လည်နေကြရင်း သူငယ်ချင်းတွေကိုပင် အချိန်မပေးနိုင်ကြတော့။ ကိစ္စဝိစ္စရှိလျှင်တောင် သွားသွားပြန်ပြန် တက်သုတ်ရိုက်နေရသည်။ အလုပ်တွေကို နောက်ဆံတင်းနေရသည်။
“ ဆိုင်ကို ဘယ်သူနဲ့ ထားခဲ့တာလဲ ”
“ ငါ့ ညီမလေးနဲ့ ”
“ လွှဲလို့ရပြီပေါ့ ”
အကြောင်းသိပီပီ မေသက် မေးခြင်းဖြစ်သည်။ ကျွန်မက ဘာမှမဖြေဘဲ နှာခေါင်းတစ်ချက်သာ ရှုံ့ပြတော့ သူရယ်ရင်းနှင့် ပြန်ညည်းပြပါသည်။
“ အေး….၊ ငါလည်း တစ်ခါ တစ်ခါ အဲ့ဒါ သိပ်စိတ်ညစ်တာပဲ၊ ငါ့ဆိုင်အကြောင်း ငါတစ်ယောက်တည်းပဲသိနေရတယ်၊ အပြင်ခဏတစ်ဖြုတ်ထွက်ဖို့ရာတောင် အိမ်ကလူတွေနဲ့ ထားခဲ့ရတာ စိတ်မချရဘူး၊ ပိုက်ဆံမှားအမ်းရတာနဲ့၊ တစ်ရာတန်ပစ္စည်းကို နှစ်ရာမှားရောင်းလို့ရောင်းရတာနဲ့၊ သူများ ပစ္စည်းလာစပ်ရင်လည်း ဆိုင်နဲ့အဆင်ပြေ သင့်တော်မယ့် ပစ္စည်းလေးတွေကြည့်ကျက် ရွေးမဝယ်တတ်ကြဘူး၊ ပြောလိုက်ရင်လည်း “ ငါတို့မှ မသိတာ ” ချည်းပဲ၊ မသိရင်လည်း သိအောင်လုပ်ကြမယ် စိတ်မကူးကြဘူး၊ ငါ့ခေါင်းပေါ်ချည်းပဲ အကုန်တင်ထားပေးကြတာလေ၊ ငါ့မှာဟယ်၊ အခုမှ တကယ်ခြေချုပ်မိနေတော့တာ၊ ထမင်းစားဖို့ရာတောင် ထမင်းစားခန်းထဲ ဝင်မစားရဘူး၊ ဆိုင်ထဲအထိ ခူးခပ်လာ စားရတယ်၊ မရိုသေ့စကားပြောရရင် အိမ်သာတက်ချင်တာတောင် အပြေးအလွှားဖြစ်နေတာ၊ ဆယ်တန်းတုန်းကများ ကျောင်းစာကို ဒီလိုနှုန်းနဲ့ မခွဲမခွာ တွယ်ကပ်ခဲ့ရရင် ခုဆို ဒေါက်တာမကြီး ဖြစ်နေလောက်ပြီ ”
အဖြစ်ကတူလွန်း၍ ကျွန်မနှင့်လည်း ဘာမှမထူးဘူး မဟုတ်လား။
“ ငါလည်း အဲဒီ့အတိုင်းပါပဲ မေသက်ရယ်၊ ဆိုင်စဖွင့်ကတည်းက ငါ့ခြေ၊ ငါ့လက်နဲ့ တောက်လျှောက်လုပ်ကိုင်လာတာဆိုတော့ ဆိုင်ရဲ့အထာကို ငါပဲသိတယ်လေ၊ ကိစ္စရှိလို့ အပြင်ခဏထွက်နေတုန်း သူများ ခွေလာရောင်းရင် အိမ်ကလူ ပျာနေပြီ၊ ပြီးတော့ ခွေငှားတဲ့လူတွေကလည်း သူတို့အထာနဲ့သူတို့၊ တချို့ ဒရာမာကြိုက်တယ်၊ တချို့က မကြိုက်ဘူး၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် စိတ်တိုင်းကျ ရွေးချင်တာ၊ ဘယ်သူကဖြင့် ခွေအသစ်မှ ကြည့်တာ၊ ဘယ်သူကဖြင့် ဇာတ်လမ်းအကျဉ်းကို ရှင်းပြမှ၊ တချို့ ‘ အဲဒီခွေ ကောင်းတယ် ’ လို့ ပြောရုံနဲ့ ဟုတ်လားဆိုပြီး ရှောရှောရှူရှူ ယူသွားပေမယ့် တချို့ကျတော့ ဘယ်လိုကောင်းတာလဲဆိုပြီး စစ်စစ်ပေါက်ပေါက် မေးတာ၊ အမှန်အတိုင်းပြောရရင် ခွေငှားဆိုင်သာဖွင့်တာ ငါလည်း အဲ့ဒီလောက်အထိ ရှိသမျှခွေ အကုန် ဘယ်ကြည့်ထားနိုင်ပါ့မလဲ၊ ဒီတော့ မဂ္ဂဇင်းထဲမှာပါလာတဲ့ ဇာတ်လမ်းအကျဉ်းတွေ မှတ်ထားတန် မှတ်ထား၊ ဒါမှမဟုတ် ခွေငှားသမားတွေကို ဇာတ်လမ်းသဘောတရား ပြန်မေးပြီး နောက်လူကို ညွှန်းတာမျိုး လုပ်ရတာပေါ့၊ တချို့ကျတော့ ‘ ဒါကောင်းတယ်၊ ဒါမကောင်းဘူး ’ လို့ မညွှန်းရဘူး၊ ကိုယ်ကတော့ တကယ်ကြိုက်လို့ ညွှန်းတာဖြစ်ပေမယ့် လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူတတ်ကြတော့ လာပို့တဲ့အခါ ကောင်းတယ်ဆိုလို့ ယူသွားတာ၊ ကောင်းလည်း မကောင်းဘဲနဲ့ဆိုပြီး ပိုက်ဆံမပေးချင်ကြတာမျိုးလည်း ကြုံရတယ် ”
“ မလွယ်ဘူးတော်၊ နင့်အလုပ်လည်း ” မေသက်က တွေးတွေးဆဆနှင့် ဝင်ပြောသည်။
“ အံမယ်လေး အဟုတ်ကိုမလွယ်တာ မေသက်ရေ၊ အစတုန်းကတော့ အဲ့ဒီလို စာအုပ်အငှားဆိုင်တို့၊ အခွေငှားဆိုင်အလုပ်တို့ဆိုတာ ဆိုင်ထဲ အေးအေးဆေးဆေးထိုင်ပြီး သက်သောင့်သက်သာ ရှိလှတဲ့အလုပ်တွေလို့ ထင်ခဲ့တာ၊ ခုလို တကယ်ကိုယ်လုပ်ကြည့်ဖူးတော့မှ ဘယ်လောက် စိတ်ရှုပ်ရတဲ့ အလုပ်မှန်း သိတယ် ”
“ ဟုတ်မှာ ဟုတ်မှာ၊ ငါဆိုရင်လည်း….. ”
ပြောနေတုန်းတန်းလန်း ဈေးဝယ်သူရောက်လာ၍ “ ခဏနော် မိလွန်း ” ဆိုပြီး မေသက် ခဏထသွားသည်။ ဝယ်သူ ချာတိတ်မလေးက ကော်ဖီမစ် တစ်ထုပ်တဲ့။ နှစ်ရာတန်တစ်ရွက် ထုတ်ပေးသည်။ မေသက်က ပိုက်ဆံသေတ္တာနား လျှောက်လာသဖြင့် ပိုက်ဆံအမ်းရမည်ဟု ထင်ပြီး ကျွန်မက အလိုက်တသိနှင့် သေတ္တာလေးကို သူ့ဘက် တွန်းရွှေ့ပေးတော့ မေသက်က “ အသာနေ ” ဟု မျက်ရိပ်ပြကာ ကောင်တာပေါ်တင်ထားသော စာအုပ်တစ်အုပ်ကို လှမ်းယူသည်။ ထိုစာအုပ်ကို ဖွင့်လိုက်တော့ ဟောင်းနွမ်းပေမယ့် ပြန့်ရန့်နေသော ပိုက်ဆံတွေ၊ မေသက်က ထိုပိုက်ဆံတွေထဲမှ ရာတန်တစ်ရွက်ကို အသေအချာရွေးကာ ချာတိတ်မလေးကို သွားအမ်းသည်။ ထိုပိုက်ဆံကိုကြည့်ပြီး ချာတိတ်မလေးမျက်နှာ မဲ့သွားကာ တွေ့ရသည်။
“ ဟင်…အစ်မပိုက်ဆံကြီးကလည်းနော် ဒီထက်ကောင်းတာလေး မရှိတော့ဘူးလား ”
“ အဲ့ဒါ ပြီးခဲ့တဲ့စနေနေ့က ညီမလေး လာဝယ်သွားတဲ့ ပိုက်ဆံပဲလေ ”
ချာတိတ်မလေး အိုးတိုးအမ်းတမ်းနှင့် ဘာပြောရမှန်းမသိ ဖြစ်သွားကာ ‘ သြော် ’ ဟု မပီမသ ရေရွတ်ရင်း ပြန်လှည့်ထွက်သွားသည်။ မေသက်က ကျွန်မကို ပခုံးတွန့်၍ လက်ဝါးနှစ်ဖက် ဖြန့်ပြသည်။
“ မတတ်နိုင်ဘူးဟ၊ တစ်ခါတလေကျတော့လည်း လူတွေက အဲ့ဒီလို ပြန်မလုပ်ချင်လို့ကို မရတော့ဘူး၊ ကိုယ့်ဆီလာဝယ်တော့ ပိုက်ဆံအစုတ်တွေနဲ့ လာဝယ်ကြပြီး ကိုယ်ပြန်အမ်းတော့ ဘယ်သူမှ ပြန်မယူချင်ကြတော့ဘူး၊ ငါလည်း ရလာတဲ့ပိုက်ဆံနဲ့ ပစ္စည်းတွေ ပြန်ဝယ်ခြမ်း၊ အရင်းအနှီးပြန် လုပ်ရတဲ့ဥစ္စာ၊ ဆိုင်ကြီးတွေက လက်မခံတော့ ငါအားနာလို့ လက်ခံထားသမျှ ပိုက်ဆံအစုတ်တွေက ငါ့လက်ထဲမှာ ပုံနေရော၊ စားရမယ့်အမြတ်က မစားရတော့ဘူး၊ ကြာတော့ ငါလည်း ဘယ်တောင့်ခံနိုင်တော့မှာလဲ၊ မရှိလို့ ဆိုင်ဖွင့်စားတာကြီးကို ”
မေသက် စိတ်တိုချင်နေပုံကိုကြည့်ပြီး ကျွန်မ ရယ်ချင်နေသည်။ ကျောင်းတုန်းကများ မေသက်လောက် သဘောမနောကောင်းပြီး စိတ်ရှည်တာ မေသက်ပဲရှိတာလေ။ ဘယ်သူနှင့်ပဲဖြစ်ဖြစ် တည့်အောင်ပေါင်းသည်။ သူငယ်ချင်းတွေအပေါ်လည်း အလွန်သည်းခံနိုင်လွန်းသူ။
“ နင်က ဘယ်သူဝယ်တဲ့ပိုက်ဆံဆိုတာကော မှတ်မိလို့လား ”
“ တကယ်ကို မရှိလို့ ရှိတာလေးနဲ့ လာဝယ်ရသူတွေကိုတော့ ငါ မပြောလိုပါဘူး၊ နောက်ဆုံး အလကားပေးနိုင်ရင်တောင် ပေးလိုက်ဦးမယ်၊ နင် ငါ့စိတ်ကို သိပါတယ်၊ ရှိရက်သားနဲ့ တမင်တကာ ပိုက်ဆံအစုတ်နဲ့ လာဝယ်တာကို စိတ်ညစ်တာ၊ ဝယ်တဲ့သူနာမည်ကို ခဲတံနဲ့ဖွဖွခြစ်ထားပြီး ကြုံတဲ့အခါ ပြန်အမ်းပေးလိုက်တော့ သူတို့လည်း ငြင်းလို့မရတော့ဘူးလေ ”
“ ဟောတော် ” မေသက်အကြံကို ကျွန်မရယ်မိတော့သည်။
“ ပြောလို့ပြောတာမဟုတ်ဘူး၊ ငါတို့လိုဈေးဆိုင်ဖွင့် ဈေးရောင်းစားရတဲ့ အလုပ်က သိပ်သည်းညည်းခံရတာပဲနော်၊ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်းပဲ၊ စဉ်းစားကြည့်လေ အိမ်တစ်အိမ်မှာ မိသားစုတစ်စုတည်း ရှိတာတောင် အခန့်မသင့်ရင် တစ်ယောက်တစ်ပေါက် ဖြစ်ကြသေးတာ၊ ငါတို့မှာက တစ်ရက်ကို လူလေးငါးခြောက်ဆယ်လောက်နဲ့ ပြောဆိုဆက်ဆံရတာ၊ ပျမ်းမျှ လူသုံးဆယ်ပဲထားဦး၊ စိတ်ပေါင်းသုံးဆယ်၊ ဝယ်သူဘက်က အမြဲ မှန်၏ ဆိုတဲ့ ဆောင်ပုဒ်က အထင်အရှားရှိနေတော့ အဲ့ဒီ့သုံးဆယ်လုံးနဲ့ အဆင် ပြေအောင်ကြိုးစားရမှာက ကိုယ့်ဝတ္တရား၊ ဝယ်သူတွေအနေနဲ့ကတော့ ကိုယ့် တစ်ယောက်တည်းကို ပြောဆိုဆက်ဆံရတာ၊ ကိုယ်ကတော့ အပူအအေးစုံတဲ့ စိတ်အမျိုးမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံရတယ်၊ နှစ်ဆယ့်ကိုးယောက်နဲ့ အဆင်ပြေတာကို “ ဒီဆိုင် ဆက်ဆံရေးကောင်းတယ် ” လို့ အသံထွက် ဖို့ မသေချာပေမယ့် တစ်ယောက်နဲ့အဆင်မပြေရင် “ ဒီဆိုင် ဆက်ဆံရေး ညံ့တယ် ” ဆိုတဲ့အသံ ထွက်သွားဖို့ကတော့ ကျိန်းသေတယ် ”
ကျွန်မစကားကို မေသက် ထောက်ခံသည်။
“ ဟုတ်တယ်နော်၊ လူဆိုတာကလည်း အမျိုးမျိုးရှိတာကိုး၊ ကိုယ်မလုပ်ဖူးပေမယ့် အဲ့ဒီအလုပ်အပေါ် ကိုယ်ချင်းစာနားလည်ပေးတတ်တဲ့ လူတွေရှိသလို ကိုယ်မလုပ်ဖူးတိုင်း အဲ့ဒီအလုပ်အပေါ် ကိုယ်ချင်းမစာပေးတတ်တဲ့ လူမျိုးတွေလည်း တစ်ခါတလေကြုံရတာပဲ၊ လူတိုင်းကို ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး အစအဆုံး တစ်ယောက်ချင်းစီ လိုက်ရှင်းပြနေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ မျိုသိပ်ပါများတဲ့ ရင်ဘတ်ထဲက မွန်းကျပ်ပိတ်လှောင်ခံနေရသလို ဖြစ်လာရော၊ ဝယ်သူ၊ အားပေးသူတွေရှိလို့ ကိုယ်နေရာရ ရပ်တည်နေနိုင်တာဆိုပြီး ကျေးဇူးသိတတ်နားလည်မိပေမယ့် စိတ်ထဲ သိပ်ထိခိုက်စရာကြုံရတော့လည်း တရားမရနိုင်သေးတဲ့ ပုထုဇဉ်ပီပီ ကိုယ်ပေးဆပ်လိုက်ရတဲ့ ခံစားချက်နဲ့ ကိုယ်ပြန်ရတဲ့တန်ဖိုး မညီမျှတာကို ချိန်ထိုးမိတဲ့အခါ စိတ်ထဲ တမြည့်မြည့် ဖြစ်မိတာ ရှိတာပေါ့……..
‘ ဒီလောက်လေးနဲ့ မပြောတော့ပါဘူး။ ရေရှည်အတွက် ကြည့်ရဦးမယ်’ ဆိုပြီး ငုံ့ခံ။ ပြောခွင့်မသာတဲ့ ဝေဒနာတွေက ရင်ထဲ တဖြည်းဖြည်းအုံခဲပြည့်သိပ်လာ။ တစ်ခါတစ်ခါ မအောင့်နိုင်လို့ ဗြုန်းခနဲ ပြောထွက်မိရင်တော့ ခံရတဲ့သူအဖို့ မသက်သာဘူး။ ပိဿလေး ဘေးပစ်ဖြစ်ကုန်ရော ”
တူလိုက်တာ၊ အတူတူပါပဲလား။
“ အင်းလေ မေသက်ရယ်၊ ငါ့ကိုဆိုရင် အခုနောက်ပိုင်းမှာ အိမ်ကလူတွေက သိပ်ပြောတာပဲ၊ ‘ မိလွန်းတစ်ယောက် အခုမှ ပိုစိတ်တိုတတ် လာသလိုပဲ၊ အိမ်သားတွေအပေါ်မှာလည်း စိတ်မရှည်ဘဲ ထစ်ခနဲရှိ အော်ချင်၊ ငေါက်ချင်၊ ဘုကလန့်တိုက်ချင်နေတာ ဘာသဘောမှန်းကို မသိဘူး’ တဲ့၊ ငါလည်း ကိုယ့်ကိုယ်ကို သတိထားမိလို့ နည်းနည်းပြန်ဆင်ခြင်နေရတယ်၊ တကယ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အဆင်မပြေတာကြာတော့ ထွက်ပေါက် ပိတ်ပြီး မဆိုင်တဲ့လူတွေအပေါ် လျှောက်မဲမိတာမျိုး ဖြစ်ဖြစ် သွားတတ်တာ၊ စိတ်ထဲမှာ ဘယ်သူဘယ်ဝါကို မကျေနပ်တာ ဆိုတာမျိုးရယ်လို့တော့ မဟုတ်ဘူး၊ ဘယ်သူကမှ ကိုယ့်အပေါ် ထိခိုက်နစ်နာအောင် တမင်တကာ ထိုးဆွနေကြ လို့မှလည်း မဟုတ်ဘူး၊ ဝယ်သူဘက်ကတော့ သူတို့အလုပ် သူတို့လုပ်မှာပဲ၊ ငါတို့လည်း ဝယ်သူဆိုရင် ကိုယ်ပေးလိုက်ရတဲ့ငွေနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုကို ရချင်မှာပဲ။ အခုပြောချင်တာက ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတဲ့ကိစ္စ မဟုတ်ဘူး၊ နိစ္စဓူ၀ ကိုယ့်စိတ်ကိုယ် ပိတ်လှောင်ပြီး လူအများ စိတ်နဲ့တည့်အောင် ကြိုးစားနေရတာ ကြာတော့ စိတ်အဆင်မပြေ ဖြစ်လာတာကို ဆိုလိုချင်တာ ”
“ သိတယ်…သိတယ်၊ နင်ပြောချင်တာကို ”
“ အလုပ်က စိတ်ချလက်ချ ပစ်ထားခဲ့လို့မရတော့ တစ်နေ့တစ်နေ့ ဒီဆိုင်ထဲမှာပဲ ထောင်ကျသလို ခြေချုပ်မိနေတော့ လူက ငြီးငွေ့လာရော၊ အပေါင်းအသင်းတွေနဲ့လည်း အဆက်ပြတ်၊ အပြင်လောကလည်း မထွက်ဖြစ်၊ ဒီတော့ အဆင်မပြေမှုတစ်ခုခုကြုံရင် စိတ်က ပုံမှန်ထက်ပိုပြီး ထိရှတုံ့ပြန်ခံစားလွယ်တဲ့ သဘောမျိုး ဖြစ်နေတယ်၊ ဘယ်လိုပြောရမလဲ စိတ်အချဉ်ပေါက်နေတာလို့ပဲ ဆိုရမလား မပြောတတ်ဘူး ”
ထိုနေရာအရောက်မှာ မေသက်က ဘာကိုတွေးသည်မသိ ‘ ခွိ ’ ခနဲ ရုတ်တရက် ထရယ်သည်။
“ ဘာရယ်တာလဲ နင်က ”
“ သြော် ငါ့အဖေပြောဖူးတဲ့အကြောင်းလေးတစ်ခု ပြန်စဉ်းစားမိလို့ပါ၊ ဒီလိုဟ အဖေတို့ငယ်ငယ်တုန်းက အဖေတို့ရွာထိပ်မှာ ကုန်စုံဆိုင်ဖွင့်တဲ့ တရုတ်ကြီးတစ်ယောက် ရှိတယ်တဲ့၊ အဲ့ဒီတရုတ်ကြီးက ဆက်ဆံရေးသိပ်ကျဲတယ်၊ ဘယ်သူ့ကိုမှ စိတ်မရှည်ဘူး၊ သူနဲ့အဆင်ပြေတဲ့ ဈေးဝယ်သူဆိုလို့ ရှားတယ်၊ မဝယ်ရအောင်ကလည်း တစ်ရွာလုံးမှာ သူ့တစ်ဆိုင်ပဲ လောက်လောက်လားလားရှိတော့ မတတ်နိုင်ကြဘူး၊ အမြဲ ရှစ်ခေါက်ချိုးနေတဲ့မျက်နှာကို မကြည့်ချင်လျက်နဲ့ပဲ ဝယ်နေကြရတယ်၊ အဲ့ဒါ တစ်ရက်ကျတော့ သူကြီးက ဈေးသွားဝယ်ရင်း မေးတယ်တဲ့၊ ‘ အရင်တုန်းကဆို မင်းလောက်သဘောကောင်းပြီး မင်းလောက် စိတ်ရှည်တဲ့သူ မင်းပဲရှိတာ။ အခုလို ဆိုင်ဖွင့်ပြီးမှ ဒီလောက်ဒေါသကြီးပြီး စိတ်တိုတတ်လာတာ ဘာကြောင့်လဲ တရုတ်ကြီးရယ် ’ ပေါ့၊ တရုတ်ကြီးက ချက်ခြင်းမဖြေပဲ ခဏစဉ်းစားနေပြီးတော့ ‘ သိချင်ရင် ကျုပ် နောက်လိုက်ခဲ့သူကြီး ’ ဆိုပြီး သူ့ခြံနောက်ထဲ ခေါ်သွားတယ်။ ခြံထဲမှာက နတ်တင်ဖို့ဆိုပြီး ခြင်းထဲ ဝယ်ထည့်ထားတဲ့ ကြက်တစ်ကောင်ရှိတယ်။ ဝါးခပ် ကျဲကျဲနဲ့ရက်ထားတဲ့ ကြက်ခြင်းကို နင်မြင်ဖူးတယ်မလား ”
ကျွန်မမျက်စိထဲ ပုံဖော်ကြည့်မိရင်း ခေါင်းညိတ်မိသည်။
“ အဲဒါ တရုတ်ကြီးက သူ့ကြက်ခြင်းထဲက ကြက်ကို လက်ညှိုးထိုးပြပြီးတော့ ‘ သူကြီး….ဟော့ဒီခြင်းထဲကကြက်ကို ခြင်းပတ်လည်အပေါက်လေးတွေကနေ တုတ်တစ်ယောက်တစ်ချောင်းစီနဲ့ ဝိုင်းထိုးကြည့်ကြစမ်းပါ၊ ဒီကြက် ဘယ့်နှယ်ဖြစ်လာမယ် ထင်တုံး ’ တဲ့၊ ဒီတော့ သူကြီးက ‘ ဟ….ခြင်းထဲမှာ ထွက်ပေါက်မရှိဘဲ ပိတ်လှောင်ခံထားနေရတဲ့ကြားထဲ ဘေးပတ်လည်ကနေ တုတ်တွေနဲ့ ဝိုင်းထိုးတာပါ ခံနေရဦးမယ်ဆိုရင် ဒီကြက် ဒေါကန်ပြီး ကတော်ကတော်နဲ့ အော်တော့မှာပေါ့ တရုတ်ကြီးရ ’ လို့ ပြန်ဖြေလိုက်တော့ တရုတ်ကြီးက ဘာပြန်ပြောတယ်မှတ်သလဲ ”
“ အင်း….၊ ဘာတဲ့လဲ ”
“ ကျုပ် စိတ်တိုတတ်လာတာလည်း အဲ့ဒီလိုကြောင့်ပဲပေါ့ သူကြီးရာ” တဲ့ ။
“ ဟောတော် ”
မေသက်စကားအဆုံးမှာ ကျွန်မ ရယ်မိတော့သည်။ တရုတ်ကြီး၏ ပြောင်မြောက်သော ဥပမာကို သဘောကျလွန်း၍ဖြစ်သည်။ ရယ်ရင်းနှင့် နာရီငုံ့ကြည့်တော့ ကျွန်မထွက်လာတာ အတော်ကြာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ စကားပြောရတာတော့ ကောင်းပါရဲ့ မေသက်ရယ်….၊ အိမ်ကို ပြန်ကြည့်ဦးမှ၊ စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွက်လာလိုက်တာ၊ အချိန်က သိတဲ့အတိုင်းပဲ ”
“ စိတ်ပြေလက်ပျောက် လာလည်တဲ့လူကိုမှ ငါကလည်း ဒီကနေ စိတ်ရှုပ်စရာ အခက်အခဲတွေ ဆီးကြိုပြောပြနေမိတယ်ဟေ့ ”
“ သြော်….အဲ့ဒီလိုပြောချင်တာပြောခွင့်ရလိုက်တော့လည်း ရင်ပေါ့သွားတာပေါ့၊ ငါတို့မှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြာကြီးနေလို့မှ တစ်ရက် နာရီဝက်လောက်လေး ပြောဆိုတွေ့ဆုံဖို့ရာတောင် အလုပ်တွေက နောက်ဆံငင်နေတယ်၊ ထွက်ပြေးရအောင်ကလည်း ခြင်းနဲ့ အပိတ်ခံထားရတဲ့ ကြက်လိုဖြစ်နေတော့ ပြောလို့ပြောတာမဟုတ်ဘူး၊ ငါတို့ဘေးနားပတ်လည်ဝိုင်းနေတဲ့ တာဝန်တွေက ဘယ်အချိန်ကဘယ်လို ငါတို့နား ရောက်လာမှန်း သိကို မသိလိုက်သလိုပဲနော်၊ သိပ်မြန်တာပဲ၊ အခု သတိထားကြည့်မိချိန်ကျတော့ ခြေကော လက်ကော တစ်နေရာမှ မလွတ်တော့ဘူး၊ ဘဝဆိုတာ အဲ့ဒါပဲနေမှာပဲနော် ”
ပြောပြောဆိုဆိုနှင့်ပင် အိမ်ပြန်ဖို့ရာ ထရပ်ရပါသည်။ နို့ဆို စကားစက ဖြတ်ဖို့ရာ မလွယ်။
(၃)
မေသက်အိမ်မှ ပြန်လာပြီးနောက်ပိုင်း မနက်အိပ်ရာထ၍ မှန်ကြည့်ဖြစ်တိုင်း ကျွန်မ၌ သတိထားကြည့်မိစရာ အလုပ်တစ်ခု ပိုလာသည်။
ဘာရယ်တော့မဟုတ်။ ကိုယ့်ကိုယ်ကို ခြင်းထဲကကြက်နှင့်များ တူလာပြီလားဟု….။
ငွေဇင်ယော်ဦး(မိုးကုတ်)
ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်နဝါရီလ ၊ ၂၀၀၉
No comments:
Post a Comment