Apr 5, 2017

အပုတ္အသိုးအမွိုက္ေတာင္းပါတီမျဖစ္ဖို

Zawgyi version

အပုတ္အသိုးအမွိုက္ေတာင္းပါတီမျဖစ္ဖို ့

သရ၀ဏ္(ျပည္)

သို ့ကိုကိုၾကီးေရ .....
ကိုယ့္ထက္အသက္ၾကီးေပမယ့္ ဦးကိုကိုၾကီးေခါ ္ရတာေထာင့္ေတာင့္ေတာင့္ရွိတာနဲ့ ကိုကိုၾကီးလို ့ပဲ ရင္းရင္းနွီးနွီးေခါ ္ခြင့္ျပဳပါ ။ ခင္ဗ်ားနဲ့က်ြန္ေတာ္လဲ စာေပေဟာေျပာပြဲေတြမွာ မၾကာခနတြဲေဟာခြင့္ရခဲ့ေပမယ့္ ေအးေအးေဆးေဆးကိုစကားမေျပာျဖစ္ပါဘူး ။ဟိုတေလာက က်ိဳက္ေကာ္ သိမ္ဆိပ္ ( သု၀ဏၠ၀တီျမိဳ ့) မွာစာေပေဟာေျပာပြဲ သြားတုန္းကေတာ့ တစ္လမ္းလံုး ကားေပါ ္မွာေအးေအးေဆးေဆးစကားေျပာခြင့္ရခဲ့တယ္ ။ ဒါေပမယ့္ ေျပာစရာေတြကမ်ားလြန္းေတာ့ အေၾကာင္းအရာေတြကုန္ေအာင္ေတာ့ တစ္ညထဲဘယ္ေျပာနိုင္မလဲေနာ္ ။ ခင္ဗ်ားတို ့၈၈ အဖြဲ့က ကိုမင္းကိုနိုင္တို ့ ကိုကိုၾကီးတို့လို စာေပေဟာေျပာပြဲေတြ မွာေဟာေနသူေတြနဲ့ေတာ့ အခါအားေလ်ွာ္စြာ ေဟာရင္းေျပာရင္းေတြ ့ ဆံုေနျဖစ္တာကိုက မဂၤလာပါ ။ ခင္ဗ်ားတို ့အဖြဲ့သားေတြအားလံုး က်န္းမာ စိတ္ေပ်ာ္ျပီး နိုင္ငံအက်ိဳးေတြေဆာင္ရြက္နိုင္ပါေစ ။ ခုတေလာ သတင္းေတြမွာေရာ အရင္က သိထားခဲ့ရတာေတြေရာ မၾကာခနေတြ ့ရတာက ခင္ဗ်ားတို့အဖြဲ ့ လာမယ့္ ၂၀၁၈ နွစ္ဆန္းမွာ နိုင္ငံေရးပါတီတစ္ခုထူေထာင္ေတာ့မယ္ဆိုတဲ့သတင္းပါပဲ ။ မဂၤလာသတင္းလို့က်ြန္ေတာ္က ၀မ္းေျမာက္၀မ္းသာၾကိဳဆိုပါတယ္ ။ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေတြကို နိုင္ငံေရးပါတီေထာင္ျပီး နိုင္ငံေရးမွာ အရွိန္ျမွင့္ၾကဖို ့ ၊ အခုေရာက္ေနတဲ့ေနရာေလးမွာပဲ သာယာမေနၾကဖို ့က်ြန္ေတာ္အၾကိမ္ၾကိမ္တိုက္တြန္းတဲ့ေဆာင္းပါးေတြေရးခဲ့ပါတယ္ ။ နိုင္ငံေရးလုပ္တယ္ဆိုတာ အာဏာရဖို ့လည္းအေရးၾကီးတယ္ ။ အာဏာဟာလုပ္ပိုင္ခြင့္မို ့လို ့အာဏာလို ့ေခါ ္တဲ့လုပ္ပိုင္ခြင့္ရွိမွ သီအိုရီေတြ(စာေတြ ့)ေတြဟာ ပရက္တီကယ္ (လက္ေတြ ့)ျဖစ္လာမယ္ဆိုတာ က်ြန္ေတာ္အၾကိမ္ၾကိမ္ေရးခဲ့ဖူးပါတယ္ ။ တိုင္းျပည္ကိုလက္ေတြ ့အက်ိဳးျပဳခ်င္ရင္ေတာ့ ပါတီေထာင္ ၊ေရြးေကာက္ပြဲ ၀င္တဲ့နည္းအတိုင္းသြားၾကရမွာပါ ။ အဲဒိနည္းကိုမွမယံုၾကည္ရင္ လက္နက္ကိုင္လမ္းစဥ္နည္းပဲ ရွိပါေတာ့တယ္ ။ ဒါေပမယ့္ ကိုကိုၾကီးတို ့လို ၈၈ မ်ိဳးဆက္ေက်ာင္းသားေတြဟာ လက္နက္ကိုင္နိုင္ငံေရးလမ္းစဥ္ကိုေတာ့ ယံုၾကည္မွာလံုး၀မဟုတ္ပါဘူး ။ ဒါ့ေၾကာင့္ ပါတီေထာင္ ၊ ေရြးေကာက္ပြဲ၀င္မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ဟာအလြန္ကိုမွန္ကန္သင့္ေတာ္တဲ့ ဆံုးျဖတ္ခ်က္ပါ ။

    ျမန္မာနိုင္ငံမွာ အဓိကပါတီၾကီးနွစ္ခုရွိပါတယ္ ။အားလံုးသိၾကတဲ့အတိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ့ခ်ဳပ္ ( NLD ) ရယ္ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ့ဖြံ ့ျဖိဳးေရးပါတီ ရယ္ပါ ။ ဒီပါတီနွစ္ခုဟာ အင္အားအေကာင္းဆံုးပါတီၾကီးနွစ္ခုျဖစ္ျပီး ၂၀၁၀ ေရြးေကာက္ပြဲနဲ့ ၂၀၁၅ ေရြးေကာက္ပြဲေတြမွာ တလွည့္စီအနိုင္ရျပီး အစိုးရဖြဲ့နိုင္တဲ့အထိ နိုင္ငံေတာ္အာဏာကိုရယူနိုင္ခဲ့တဲ့ပါတီ နွစ္ခုျဖစ္ပါတယ္ ။ ဒီၾကားထဲမွာ တိုင္းရင္းသားပါတီေတြ ေပါ ္ေပါက္လာေပမယ့္ လူမ်ိဳးစုတစ္ခုကိုပဲ ကိုယ္စားျပဳဖြဲ့စည္းထားတဲ့ပါတီျဖစ္တာေၾကာင့္ သူတို့သက္ဆိုင္ရာလူမ်ိဳး ကလြဲရင္ က်န္တုိင္းရင္းသားလူမ်ိဳးမ်ားနဲ့မဆိုင္လိုျဖစ္ေနတတ္ပါတယ္ ။ အဲဒါေၾကာင့္လူမ်ားစုၾကီးအတြက္ အစိမ္းေရာင္လားအနီေရာင္လားဆိုျပီးေရြးခ်ယ္စရာ ပါတီၾကီးနွစ္ခုပဲ အဓိကေတြ ့ရမွာျဖစ္ပါတယ္ ။ အစိမ္းကိုလဲမၾကိဳက္ဘူး ၊အနီကိုလဲအားမရဘူးဆိုသူမ်ားအတြက္ေတာ့ အျခာေရြးခ်ယ္စရာ တတိယေျမာက္အင္အားစုဟာ ေလာက္ေလာက္လားလားမရွိၾကပါဘူး ။ သမၼတအၾကံေပးေဟာင္းတစ္ေယာက္ဦးေဆာင္ဖြဲ့စည္းထားတဲ့ ပါတီတစ္ခုေပါ ္လာေသာ္လည္း တကယ့္တတိယအင္အားစုစစ္စစ္မွန္မွန္မဟုတ္တဲ့အခါမွ လူထုရဲ့ စိတ္၀င္စားမွုေထာက္ခံမွု မယ္မယ္ရရမရွိပါဘူး ။ အဲဒါေၾကာင့္ ေျပာရရင္ ျမန္မာနိုင္ငံမွာ အစိမ္းလဲမဟုတ္ အနီလဲမဟုတ္တဲ့ ၾကားအင္အားစုၾကီးတစ္ခုေပါ ္ေပါက္လာဖို့ လူေတြကေတာင့္တၾကပါတယ္ ။ ဒါေပမယ့္ေတာင့္တပံုေတာင့္တနည္းေတာ့ကြဲလြဲၾကမယ္ထင္ပါတယ္ ။ က်ြန္ေတာ့္အယူအဆကိုရွင္းေအာင္ပဲေျပာပါ့မယ္ ။

    က်ြန္ေတာ္တို့ဟာ ကိုကိုၾကီးတို ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေတြပါတီေထာင္ရင္အားေပးၾကမယ္ဆိုတာ ေဒါ ္ေအာင္ဆန္းစုၾကည္ကို မုန္းလို့မဟုတ္ဘူး ။ NLD ရဲ ့ျပိဳင္ဘက္ဂိုဏ္းသားေတြနဲ့ မဟာမိတ္ဖြဲ့ခ်င္လို့မဟုတ္ဘူး ။ ၈၈ အဖြဲ ့ပါတီေထာင္ရင္ေထာက္ခံတယ္ဆိုတာက NLDနဲ့မတူတဲ့ နိုင္ငံေရးလုပ္နည္းကိုင္နည္းေလးေတြနဲ့ တိုင္းျပည္အက်ိဳးကိုတဖက္တလမ္းကလုပ္နိုင္ကိုင္နိုင္မယ့္လူေတြလို့ျမင္တာေၾကာင့္ပဲျဖစ္တယ္ ဥပမာလက္ဘက္ရည္ရယ္ ၊ေကာ္ဖီရယ္ ရွိတယ္ဆိုပါစို ့ ၊ တတိယေျမာက္ေရြးခ်ယ္မွုအျဖစ္ ႏြားနို ့ကိုေသာက္ခ်င္ေသာက္မယ္ အဲဒါဟာ လက္ဘက္ရည္ကိုပုန္ကန္ျပီး ေကာ္ဖီအဖြဲ ့နဲ့ေပါင္းတာမဟုတ္ဘူး ။ဒါကိုေတာ့ရွင္းရွင္းလင္းလင္း သိထားေစခ်င္တယ္  ။ဘာ့ေၾကာင့္လဲဆိုေတာ့ နိုင္ငံေရးမွာမရိုးသားတဲ့လူေတြရွိတယ္ ။ ေဒါ ္ေအာင္ဆန္းစုၾကည္ရဲ့အရွိန္အ၀ါကို ဘယ္လိုမွမယွဥ္နိုင္လို့ ၾကိတ္ျပီးမစၧရိယပြားေနတဲ့ ပါတီေတြရွိတယ္ ။လူပုဂၢိဳလ္ေတြရွိတယ္ ။ကိုကိုၾကီးတို့အဖြဲ့ကလည္းပါတီေထာင္မယ္ဆိုျပီး အဖြဲ ့ေပါင္းစံုနဲ့ ေဆြးေနြးပြဲေတြလုပ္ ပူးပါင္းပါ၀င္ဖို့ဖိတ္ေခါ ္တာေတြလုပ္ေနတာေတြ ့ရတယ္ ။ ၆၂ နိုင္ငံေရးမ်ိဳးဆက္ ၊ ၇၄ မ်ိဳးဆက္ ၊ ၈၈ မ်ိဳဆက္အျပင္ နိုင္ငံေရးအယူအဆအမ်ိဳးမ်ိဳး ၊ခံယူခ်က္အမ်ိဳးမ်ိဳးရွိသူေတြနဲ့ဆက္တိုက္ေတြ ့ဆံုျပီး အၾကံဥာဏ္ယူေနတာေတြရွိတယ္ ။ မတ္လ ၃၀ နဲ့ ၃၁ ရက္ေန့ကပဲ UMFCCI မွာ ေတြ ့ဆံုေဆြးေႏြးပြဲတစ္ရပ္က်င္းပခဲ့ေသးတယ္ ။ ဒါေပမယ့္ကိုကိုၾကီးေရ ငါးသိုင္းမ်ားဟင္းဟုန္သတဲ့ ။ဆရာမ်ားသားေသသတဲ့ ။ ေလာကမွာ လူေတြအကုန္ေထာက္ခံတဲ့၀ါဒ ၊ လူေတြအကုန္ေထာက္ခံတဲ့ပါတီဆိုတာမရွိပါဘူး ။ မတူညီတဲ့အဖြဲ ့ေတြေပါင္းရင္အားျဖစ္မယ္ထင္ျပီး ေအာင္စုတင္(ဗိုလ္ခ်ဳပ္ေအာင္ၾကီး ၊ ေဒါ ္ေအာင္ဆန္းစုၾကည္၊ ဦးတင္ဦး)  အဖြဲ့ ့ေပါင္းလိုက္တာ ေနာက္ဆံုး ကြဲတာျပဲတာပဲအဖတ္တင္တယ္မို ့လား ။

ေပါင္းတာၾကည့္ေပါင္း၊တြဲတာၾကည့္တြဲပါ ။ အခ်ိဳ့ေသာသူမ်ားက ေဒါ ္ေအာင္ဆန္းစုၾကည္အေပါ ္မွာ မနာလို၀န္တိုေနတဲ့ဓာတ္အခံရွိတယ္ ။ ခင္ဗ်ားတို့ကရိုးရိုးသားသား သြားပူးေပါင္းတာ ။ အခ်ိဳ့ေသာစားဖားၾကီးမ်ားက အကြက္ဆိုက္ျပီဆိုျပီး ေဒါ ္ေအာင္ဆန္းစုၾကည္မပါေသာနိုင္ငံေရးအခင္းအက်င္းဆိုတာၾကီးကို အျမဲတမ္း ပုဆိုးျခံဳထဲကလက္သီးပံုးျပျပီး ၾကိတ္ေမ်ွာ္လင့္ေနခဲ့တာ ။ ၈၈ မ်ိဳးဆက္ကို ေစတနာရွိလြနး္လို ့မဟုတ္ပဲ ကိုယ့္အတၱေတြကိုအေကာင္အထည္ေဖာ္ဖို ့ ၀င္လာတဲ့ နိုင္ငံေရးစားဖားၾကီးေတြခင္ဗ်ားတို့အဖြဲ ့ထဲ၀င္လာရင္ခင္ဗ်ားတို့အဖြဲ့ပ်က္မွာပဲ ။ ၾကားထဲက ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေတြနာလိမ့္မယ္ ။ လူတကာပါဖို ့လိုက္ဖိတ္ေခါ ္ေနတာေတြရပ္ပါေတာ့ ။ ကိုယ့္ကိုယ္ကိုယံုၾကည္မွုရွိရွိနဲ့ ရဲရဲ၀ံ့၀ံ့ဆက္ေလ်ွာက္ပါ ။ ကိုယ့္ယံုၾကည္ခ်က္ အတိုင္းပါတီေထာင္ပါ ။က်ြန္ေတာ္တို့တတ္နိုင္သေလာက္၀န္းရံအားေပးမယ္။  စားဖားၾကီးေတြ ၊ နိုင္ငံေရးမွာ အပုတ္အသိုးျဖစ္ေနသူေတြနဲ့ေ၀းေ၀းေနပါ ။ အဲဒိနိုင္ငံေရးက်ားေသေတြ ၀င္ခ်င္သလို၀င္ထြက္ခ်င္သလိုထြက္လာလုပ္မယ္ဆိုရင္ေတာ့ ခင္ဗ်ားတို့ပါတီဟာ လူထုကမသံုးတဲ့အမွိုက္ေတြစုေနတဲ့ အမွိုက္ပံုးပါတီျဖစ္သြားမယ္ ။ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေတြဟာ ဒီေလာက္မညံ့ဘူးလို့က်ြန္ေတာ္ယံုၾကည္တယ္ ။ အပုတ္အသိုးအမွိုက္ေတာင္းပါတီအျဖစ္ကိုေတာ့ဘယ္ေတာ့မွအေရာက္မခံပါနဲ့ ။ သန့္ရွင္းစင္ၾကယ္ေသာ ဒီမိုကေရစီဘက္ေတာ္သားမ်ားကိုကိုယ္စားျပဳေသာ တတိယအင္အားစုပါတီ အျဖစ္ ဂုဏ္သိကၡာရွိရွိ လြတ္လြတ္လပ္လပ္ရပ္တည္နိုင္ပါေစခင္ဗ်ား ။

သရ၀ဏ္(ျပည္)

Unicode version

အပုတ်အသိုးအမှိုက်တောင်းပါတီမဖြစ်ဖို့

သရဝဏ်(ပြည်)

သို့ကိုကိုကြီးရေ .....
ကိုယ့်ထက်အသက်ကြီးပေမယ့် ဦးကိုကိုကြီးခေါ ်ရတာထောင့်တောင့်တောင့်ရှိတာနဲ့ ကိုကိုကြီးလို့ပဲ ရင်းရင်းနှီးနှီးခေါ ်ခွင့်ပြုပါ ။ ခင်ဗျားနဲ့ကျွန်တော်လဲ စာပေဟောပြောပွဲတွေမှာ မကြာခနတွဲဟောခွင့်ရခဲ့ပေမယ့် အေးအေးဆေးဆေးကိုစကားမပြောဖြစ်ပါဘူး ။ဟိုတလောက ကျိုက်ကော် သိမ်ဆိပ် ( သုဝဏ္ကဝတီမြို့) မှာစာပေဟောပြောပွဲ သွားတုန်းကတော့ တစ်လမ်းလုံး ကားပေါ ်မှာအေးအေးဆေးဆေးစကားပြောခွင့်ရခဲ့တယ် ။ ဒါပေမယ့် ပြောစရာတွေကများလွန်းတော့ အကြောင်းအရာတွေကုန်အောင်တော့ တစ်ညထဲဘယ်ပြောနိုင်မလဲနော် ။ ခင်ဗျားတို့၈၈ အဖွဲ့က ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့လို စာပေဟောပြောပွဲတွေ မှာဟောနေသူတွေနဲ့တော့ အခါအားလျှော်စွာ ဟောရင်းပြောရင်းတွေ့ ဆုံနေဖြစ်တာကိုက မင်္ဂလာပါ ။ ခင်ဗျားတို့အဖွဲ့သားတွေအားလုံး ကျန်းမာ စိတ်ပျော်ပြီး နိုင်ငံအကျိုးတွေဆောင်ရွက်နိုင်ပါစေ ။ ခုတလော သတင်းတွေမှာရော အရင်က သိထားခဲ့ရတာတွေရော မကြာခနတွေ့ရတာက ခင်ဗျားတို့အဖွဲ့ လာမယ့် ၂၀၁၈ နှစ်ဆန်းမှာ နိုင်ငံရေးပါတီတစ်ခုထူထောင်တော့မယ်ဆိုတဲ့သတင်းပါပဲ ။ မင်္ဂလာသတင်းလို့ကျွန်တော်က ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးမှာ အရှိန်မြှင့်ကြဖို့ ၊ အခုရောက်နေတဲ့နေရာလေးမှာပဲ သာယာမနေကြဖို့ကျွန်တော်အကြိမ်ကြိမ်တိုက်တွန်းတဲ့ဆောင်းပါးတွေရေးခဲ့ပါတယ် ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာရဖို့လည်းအရေးကြီးတယ် ။ အာဏာဟာလုပ်ပိုင်ခွင့်မို့လို့အာဏာလို့ခေါ ်တဲ့လုပ်ပိုင်ခွင့်ရှိမှ သီအိုရီတွေ(စာတွေ့)တွေဟာ ပရက်တီကယ် (လက်တွေ့)ဖြစ်လာမယ်ဆိုတာ ကျွန်တော်အကြိမ်ကြိမ်ရေးခဲ့ဖူးပါတယ် ။ တိုင်းပြည်ကိုလက်တွေ့အကျိုးပြုချင်ရင်တော့ ပါတီထောင် ၊ရွေးကောက်ပွဲ ဝင်တဲ့နည်းအတိုင်းသွားကြရမှာပါ ။ အဲဒိနည်းကိုမှမယုံကြည်ရင် လက်နက်ကိုင်လမ်းစဉ်နည်းပဲ ရှိပါတော့တယ် ။ ဒါပေမယ့် ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသားတွေဟာ လက်နက်ကိုင်နိုင်ငံရေးလမ်းစဉ်ကိုတော့ ယုံကြည်မှာလုံးဝမဟုတ်ပါဘူး ။ ဒါ့ကြောင့် ပါတီထောင် ၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာအလွန်ကိုမှန်ကန်သင့်တော်တဲ့ ဆုံးဖြတ်ချက်ပါ ။

    မြန်မာနိုင်ငံမှာ အဓိကပါတီကြီးနှစ်ခုရှိပါတယ် ။အားလုံးသိကြတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ရယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရယ်ပါ ။ ဒီပါတီနှစ်ခုဟာ အင်အားအကောင်းဆုံးပါတီကြီးနှစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တလှည့်စီအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ငံတော်အာဏာကိုရယူနိုင်ခဲ့တဲ့ပါတီ နှစ်ခုဖြစ်ပါတယ် ။ ဒီကြားထဲမှာ တိုင်းရင်းသားပါတီတွေ ပေါ ်ပေါက်လာပေမယ့် လူမျိုးစုတစ်ခုကိုပဲ ကိုယ်စားပြုဖွဲ့စည်းထားတဲ့ပါတီဖြစ်တာကြောင့် သူတို့သက်ဆိုင်ရာလူမျိုး ကလွဲရင် ကျန်တိုင်းရင်းသားလူမျိုးများနဲ့မဆိုင်လိုဖြစ်နေတတ်ပါတယ် ။ အဲဒါကြောင့်လူများစုကြီးအတွက် အစိမ်းရောင်လားအနီရောင်လားဆိုပြီးရွေးချယ်စရာ ပါတီကြီးနှစ်ခုပဲ အဓိကတွေ့ရမှာဖြစ်ပါတယ် ။ အစိမ်းကိုလဲမကြိုက်ဘူး ၊အနီကိုလဲအားမရဘူးဆိုသူများအတွက်တော့ အခြာရွေးချယ်စရာ တတိယမြောက်အင်အားစုဟာ လောက်လောက်လားလားမရှိကြပါဘူး ။ သမ္မတအကြံပေးဟောင်းတစ်ယောက်ဦးဆောင်ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုပေါ ်လာသော်လည်း တကယ့်တတိယအင်အားစုစစ်စစ်မှန်မှန်မဟုတ်တဲ့အခါမှ လူထုရဲ့ စိတ်ဝင်စားမှုထောက်ခံမှု မယ်မယ်ရရမရှိပါဘူး ။ အဲဒါကြောင့် ပြောရရင် မြန်မာနိုင်ငံမှာ အစိမ်းလဲမဟုတ် အနီလဲမဟုတ်တဲ့ ကြားအင်အားစုကြီးတစ်ခုပေါ ်ပေါက်လာဖို့ လူတွေကတောင့်တကြပါတယ် ။ ဒါပေမယ့်တောင့်တပုံတောင့်တနည်းတော့ကွဲလွဲကြမယ်ထင်ပါတယ် ။ ကျွန်တော့်အယူအဆကိုရှင်းအောင်ပဲပြောပါ့မယ် ။

    ကျွန်တော်တို့ဟာ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားတွေပါတီထောင်ရင်အားပေးကြမယ်ဆိုတာ ဒေါ ်အောင်ဆန်းစုကြည်ကို မုန်းလို့မဟုတ်ဘူး ။ NLD ရဲ့ပြိုင်ဘက်ဂိုဏ်းသားတွေနဲ့ မဟာမိတ်ဖွဲ့ချင်လို့မဟုတ်ဘူး ။ ၈၈ အဖွဲ့ပါတီထောင်ရင်ထောက်ခံတယ်ဆိုတာက NLDနဲ့မတူတဲ့ နိုင်ငံရေးလုပ်နည်းကိုင်နည်းလေးတွေနဲ့ တိုင်းပြည်အကျိုးကိုတဖက်တလမ်းကလုပ်နိုင်ကိုင်နိုင်မယ့်လူတွေလို့မြင်တာကြောင့်ပဲဖြစ်တယ် ဥပမာလက်ဘက်ရည်ရယ် ၊ကော်ဖီရယ် ရှိတယ်ဆိုပါစို့ ၊ တတိယမြောက်ရွေးချယ်မှုအဖြစ် နွားနို့ကိုသောက်ချင်သောက်မယ် အဲဒါဟာ လက်ဘက်ရည်ကိုပုန်ကန်ပြီး ကော်ဖီအဖွဲ့နဲ့ပေါင်းတာမဟုတ်ဘူး ။ဒါကိုတော့ရှင်းရှင်းလင်းလင်း သိထားစေချင်တယ်  ။ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးမှာမရိုးသားတဲ့လူတွေရှိတယ် ။ ဒေါ ်အောင်ဆန်းစုကြည်ရဲ့အရှိန်အဝါကို ဘယ်လိုမှမယှဉ်နိုင်လို့ ကြိတ်ပြီးမစ္ဆရိယပွားနေတဲ့ ပါတီတွေရှိတယ် ။လူပုဂ္ဂိုလ်တွေရှိတယ် ။ကိုကိုကြီးတို့အဖွဲ့ကလည်းပါတီထောင်မယ်ဆိုပြီး အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးပွဲတွေလုပ် ပူးပါင်းပါဝင်ဖို့ဖိတ်ခေါ ်တာတွေလုပ်နေတာတွေ့ရတယ် ။ ၆၂ နိုင်ငံရေးမျိုးဆက် ၊ ၇၄ မျိုးဆက် ၊ ၈၈ မျိုဆက်အပြင် နိုင်ငံရေးအယူအဆအမျိုးမျိုး ၊ခံယူချက်အမျိုးမျိုးရှိသူတွေနဲ့ဆက်တိုက်တွေ့ဆုံပြီး အကြံဉာဏ်ယူနေတာတွေရှိတယ် ။ မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့ကပဲ UMFCCI မှာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သေးတယ် ။ ဒါပေမယ့်ကိုကိုကြီးရေ ငါးသိုင်းများဟင်းဟုန်သတဲ့ ။ဆရာများသားသေသတဲ့ ။ လောကမှာ လူတွေအကုန်ထောက်ခံတဲ့ဝါဒ ၊ လူတွေအကုန်ထောက်ခံတဲ့ပါတီဆိုတာမရှိပါဘူး ။ မတူညီတဲ့အဖွဲ့တွေပေါင်းရင်အားဖြစ်မယ်ထင်ပြီး အောင်စုတင်(ဗိုလ်ချုပ်အောင်ကြီး ၊ ဒေါ ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး)  အဖွဲ့ပေါင်းလိုက်တာ နောက်ဆုံး ကွဲတာပြဲတာပဲအဖတ်တင်တယ်မို့လား ။

ပေါင်းတာကြည့်ပေါင်း၊တွဲတာကြည့်တွဲပါ ။ အချို့သောသူများက ဒေါ ်အောင်ဆန်းစုကြည်အပေါ ်မှာ မနာလိုဝန်တိုနေတဲ့ဓာတ်အခံရှိတယ် ။ ခင်ဗျားတို့ကရိုးရိုးသားသား သွားပူးပေါင်းတာ ။ အချို့သောစားဖားကြီးများက အကွက်ဆိုက်ပြီဆိုပြီး ဒေါ ်အောင်ဆန်းစုကြည်မပါသောနိုင်ငံရေးအခင်းအကျင်းဆိုတာကြီးကို အမြဲတမ်း ပုဆိုးခြုံထဲကလက်သီးပုံးပြပြီး ကြိတ်မျှော်လင့်နေခဲ့တာ ။ ၈၈ မျိုးဆက်ကို စေတနာရှိလွန်းလို့မဟုတ်ပဲ ကိုယ့်အတ္တတွေကိုအကောင်အထည်ဖော်ဖို့ ဝင်လာတဲ့ နိုင်ငံရေးစားဖားကြီးတွေခင်ဗျားတို့အဖွဲ့ထဲဝင်လာရင်ခင်ဗျားတို့အဖွဲ့ပျက်မှာပဲ ။ ကြားထဲက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနာလိမ့်မယ် ။ လူတကာပါဖို့လိုက်ဖိတ်ခေါ ်နေတာတွေရပ်ပါတော့ ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ ရဲရဲဝံ့ဝံ့ဆက်လျှောက်ပါ ။ ကိုယ့်ယုံကြည်ချက် အတိုင်းပါတီထောင်ပါ ။ကျွန်တော်တို့တတ်နိုင်သလောက်ဝန်းရံအားပေးမယ်။  စားဖားကြီးတွေ ၊ နိုင်ငံရေးမှာ အပုတ်အသိုးဖြစ်နေသူတွေနဲ့ဝေးဝေးနေပါ ။ အဲဒိနိုင်ငံရေးကျားသေတွေ ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လာလုပ်မယ်ဆိုရင်တော့ ခင်ဗျားတို့ပါတီဟာ လူထုကမသုံးတဲ့အမှိုက်တွေစုနေတဲ့ အမှိုက်ပုံးပါတီဖြစ်သွားမယ် ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီလောက်မညံ့ဘူးလို့ကျွန်တော်ယုံကြည်တယ် ။ အပုတ်အသိုးအမှိုက်တောင်းပါတီအဖြစ်ကိုတော့ဘယ်တော့မှအရောက်မခံပါနဲ့ ။ သန့်ရှင်းစင်ကြယ်သော ဒီမိုကရေစီဘက်တော်သားများကိုကိုယ်စားပြုသော တတိယအင်အားစုပါတီ အဖြစ် ဂုဏ်သိက္ခာရှိရှိ လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ပါစေခင်ဗျား ။

သရဝဏ်(ပြည်)

No comments:

Post a Comment