Apr 8, 2017

ပုိ႔စကတ္ေလးတစ္ေစာင္

Zawgyi Version

ပုိ႔စကတ္ေလးတစ္ေစာင္ (မုိးမုိး (အင္းလ်ား))
---------------------------------------------------------
အျဖစ္ေဟာင္းဟူသည္ လူတိုင္းကုိယ္စီရွိၾကစျမဲ ။ အခ်စ္ေဟာင္းဆိုသည္မွာလည္း မ်ားေသာအားျဖင့္ ရွိခဲ့ၾကစျမဲ။ ထို႔ေၾကာင့္လည္း ေမာင့္တြင္ အခ်စ္ေဟာင္း ရွိခဲ့ဖူးသည္ႏွင့္ ပတ္သက္၍ ကၽြန္မစိတ္မွာ အထူးအေထြ မျဖစ္မိ။ ကၽြန္မတြင္လည္း ရွိခဲ့သည္သာ။
ငယ္ကအခ်စ္ အႏွစ္တစ္ရာဆိုေသာ္လည္း ေမာင္ႏွင့္လက္ထပ္ၿပီးသည့္ အခ်ိန္မွစ၍ ကၽြန္မသည္ အခ်စ္ေဟာင္းေရာ၊ အခ်စ္ေႏွာင္းပါ ေမ့ၿပီတည္း။ ကၽြန္မဘဝတြင္ ေမာင္သာရွိသည္။ ကၽြန္မအခ်စ္သည္ ေမာင့္ဆီမွာသာ တည္သည္။ ေမာင့္ကိုလည္း ထိုသို႔ပင္ျဖစ္ေစခ်င္သည္။ သို႔ေသာ္ ေမာင္က သည္ႏွယ္မဟုတ္။
ကၽြန္မတို႔ လက္ထပ္ၿပီးသည့္ေနာက္ ေမာင့္အိမ္မွာပင္ ကၽြန္မလိုက္ေနရသည္။ ေမာင့္အိပ္ရာ၊ ေမာင့္စားပြဲ၊ ေမာင့္စာအုပ္စင္တို႔သည္ ယခင္လူပ်ိဳဘဝအတိုင္း ေနရာမပ်က္ရွိေနသည္။ ေမာင့္ရည္းစားစာ တစ္ထပ္ႀကီးကလည္း ေမာင့္စာအုပ္စင္မွ စာအုပ္ၾကားတြင္ ေနရာမပ်က္။ ကၽြန္မစာမ်ားက အေပၚဆံုးမွာ ဆိုပါေတာ့။ ေနာက္ဆံုးရည္းစားစာေပကိုး။
ကၽြန္မက ကၽြန္မစာမ်ားမွလြဲ၍ က်န္ေသာစာမ်ားကို ထီးနန္းခ်လိုက္သည္။ သြားေလေရာ အခ်စ္ေဟာင္းမ်ား၊ သြားေလေရာ အျဖစ္ေဟာင္းမ်ား။ ကၽြန္မတို႔သည္ အခ်စ္သစ္ႏွင့္ ဘဝသစ္ထူေထာင္မည့္သူမ်ား မဟုတ္ပါလား။ ကၽြန္မ လုပ္သည္ကို မတရားပါဟု မည္သူေျပာမည္နည္း။ ေမာင့္ဘဝတြင္ ကၽြန္မျခယ္လွယ္ပိုင္ခြင့္ရွိၿပီ။
သို႔ေသာ္ ကၽြန္မစိတ္ကို တစ္စံုတစ္ခုသည္ အေႏွာင့္အယွက္ေပးလ်က္ရွိသည္။ ေမာင့္စာမ်ားထဲတြင္ အထင္ရွားဆံုး၊ အမ်ားဆံုးေနရာယူထားေသာ စာရြက္ျပာျပာေလးမ်ားပါတည္း။ သူမကို ေမာင္အခ်စ္ခဲ့ဆံုး ထင္သည္။ သူမကလည္း ေမာင့္ကို အေတာ္ေလးခ်စ္ခဲ့ပံုရသည္။ သူမ၏ လက္ေရးက လွပသည္။ အေရးအသားက ခၽြဲႏြဲ႕သည္။ သူ႔အမည္က “စံပယ္”။ နာမည္ရင္းေတာ့ မဟုတ္တန္ရာ။ ေမာင္တင္စားေပးထားေသာ နာမည္ျဖစ္ေကာင္းျဖစ္မည္။ ေမာင့္ကို ကၽြန္မ ဘာမွ်မေမး။ ကၽြန္မတစ္ေယာက္လံုး အနားမွာ ရွိလ်က္ အတိတ္ကခ်စ္သူကို တမ္းတသတိရေစမည့္အျဖစ္မ်ိဳး ကၽြန္မ မလိုလား။ ထို႔ေၾကာင့္ သတိရစရာအေၾကာင္းကို ကၽြန္မဖန္တီးမေပး။ ဒါမ်ိဳးဆိုတာ ၾကာရင္ေမ့ျမဲ။ ေမ့လည္း ေမ့ေစရမည္။ မေမ့ဘဲ ရွိေနေသးသည္ဆိုလ်င္ေတာ့ ကၽြန္မညံ့လို႔ပဲ။
“စာ ခင္ဗ်”
စာပို႔လုလင္ထံမွ စာတစ္ေစာင္ကို ကၽြန္မလွမ္းယူလိုက္သည္။ သို႔ေသာ္ စာမဟုတ္၊ ပို႔စကတ္ေလးတစ္ခုျဖစ္သည္။ ေမာင့္အမည္ကို လိပ္တပ္ထားသည္။ မွ ဟူေသာ ဘက္တြင္ ဘာမွ်မေရးထား။ သည္လက္ေရးကို ျမင္ဖူးသည္။ ကၽြန္မေကာင္းေကာင္းမွတ္မိသည္။ ေမာင့္ဆီမွာ အမ်ားဆံုးေတြ႕ရေသာ စာရြက္ျပာျပာေလးမ်ားထဲမွ သည္လက္ေရး။ ႐ုပ္ပံုရွိရာဘက္သို႔ လွန္၍ ၾကည့္လိုက္သည္။ အမယ္ အမယ္၊ အဓိပၸါယ္ကလည္း အျပည့္အဝပါလား။ ျပာေသာေကာင္းကင္ေနာက္ခံတြင္ သစ္ကိုင္းေလးတစ္ခု ထိုးက်ေနသည္။ ရြက္ဝါေလးမ်ား ေလတြင္ လြင့္ဝဲေနသည္။ သစ္ကိုင္းေပၚတြင္ ငွက္ကေလးတစ္ေကာင္တည္းမွ တစ္ေကာင္တည္း။ ေဖာ္ကြဲတဲ့ငွက္ငယ္အသြင္။
စာဆိုရင္ေတာ့ ကၽြန္မေဖာက္ဖတ္မိမည္ မဟုတ္။ ခုေတာ့ ပုိ႕စကတ္ျဖစ္ေန၍ မေဖာက္ဘဲနဲ႔ ျမင္ရသည္။ မစူးစမ္းဘဲနဲ႔ သိရသည္။ ဘာပဲျဖစ္ျဖစ္ ကာယကံရွင္ ေမာင့္ကိုေတာ့ ကၽြန္မေပးလိုက္ရသည္။ ေမာင္က အမွတ္တမဲ့ၾကည့္ၿပီး စားပြဲေပၚပစ္တင္လိုက္သည္။ ဘာမွ် အေလးမထားသည့္ သေဘာ။ သို႔ေသာ္ ကၽြန္မေရွ႕မို႔ ဟန္ေဆာင္သည္လား မသိႏုိင္ေခ်။
“ပို႔စကတ္ပို႔တာ ဘယ္သူလဲဟင္”
ကၽြန္မကသိလ်က္နဲ႔ ေမးလိုက္သည္။ ဘာမွ်မေမးဘဲ ေနမည္ဟူေသာ ကၽြန္မဆံုးျဖတ္ခ်က္ကိုလည္း ႐ုတ္တရက္ ေမ့သြားသည္။
“ဟိုေလ စံပယ္ပါ”
“ဪ နာမည္လဲ မထိုးထားဘူးေနာ္။ သူ႔လက္ေရးကို ေမာင္မွတ္မိလိမ့္မယ္လို႔ ယံုၾကည္ၿပီးသားထင္ပါရဲ႕”
ကၽြန္မအသံက ခနဲ႔သံပါသြားသည္။ သို႔ေသာ္မတတ္ႏိုင္ၿပီ။
“အလကားပါ ထားရယ္။ ဘာမွ စိတ္အေႏွာင့္အယွက္ ျဖစ္မေနပါနဲ႔။ ေမာင္ သူ႔ကိုေမ့ေနတာ ၾကာပါၿပီ။ လာကြာ ထမင္းစားၾကစို႔”
ဟုတ္ပါရဲ႕။ ေမာင္အေလးမထားတာကို ဘာေၾကာင့္မ်ား အေရးတယူလုပ္ၿပီး အစေဖာ္ေပးေနမိပါလိမ့္။ စိတ္ထဲကမူ “ေမာင့္ကိုေတာ့ သူ မေမ့ေသးဘူး”ဟု ေျပာေနမိသည္။
သည္ဇတ္လမ္းက သည္တြင္ တစ္ခန္းရပ္လိုက္လ်င္ ေကာင္းမည္။ ျပည္ဖံုးကားခ်လိုက္ဖို႔ သင့္သည္။ သို႔ေသာ္ မဆံုးႏိုင္ေသးေသာ ေတးတစ္ပုဒ္သဖြယ္ မစံပယ္က ဆက္လက္သီဆိုေနေခ်သည္။ စံပယ္ထံမွ ပုိ႔စကတ္မ်ားကား ေရာက္လာမစဲ တသဲသဲတည္း။ အဓိပၸါယ္ကလည္း ထပ္တူသာပင္။ ငါးေလးတစ္ေကာင္တည္း ေဖာ္ကြဲေနပံု၊ သမင္မေလး တစ္ေကာင္တည္း ေတာလမ္းထဲမွာ လမ္းမွားေနပံု၊ သစ္ေျခာက္ပင္ႀကီး တစ္ပင္တည္း ေႏြအထီးတည္း ကႏၲာရမွာ မားမားႀကီး ရပ္တည္ေနရပံု စသည္ စသည္တို႔တည္း။
မစံပယ္ ဘယ္လိုရည္ရြယ္ေလသလဲ၊ ဘာကိုဆိုလိုသလဲ။ ဘာကိုျဖစ္ေစခ်င္သလဲ။ ကၽြန္မ သံသယ မကင္းႏိုင္ပါ။ ေမာင္ႏွင့္မစံပယ္ ဘယ္သို႔အေျခေရာက္ခဲ့ပါသနည္း။
ဒုတိယအႀကိမ္ ေမာင့္ကို ကၽြန္မရင္ဆိုင္ရပါၿပီ။ သည္တစ္ခါ ပဋိပကၡ အစပ်ိဳးမိၿပီ။
“ေမာင္ ထားတစ္ခုေမးမယ္။ မွန္မွန္ေျဖမလား”
“ဘာမ်ားလဲ ထားရယ္”
“ေမာင္နဲ႔စံပယ္ကဘယ္လိုလဲ”
“ဘယ္လိုမွ မလဲပါဘူး ထားရဲ႕။ ေမာင္တို႔ခ်င္း ခ်စ္ခဲ့ၾကတာ သာမန္ပါပဲ။ ထားနဲ႔မေတြ႕ခင္ သူနဲ႔ျပတ္သြားတယ္။ သေဘာခ်င္း မတုိက္ဆိုင္လို႔ ဆိုပါေတာ့။ လမ္းေတြ႕ရင္ေတာင္ မေခၚေတာ့ပါဘူး။ ထားနဲ႔ေတြ႕ၿပီးမွ လံုးဝေတာင္ မေတြ႕ေတာ့ပါဘူး”
“ဒါေပမယ့္ သူက အျမဲ ပို႔စကတ္ေတြ ပို႔ေနတာက ဘာသေဘာလဲ ေမာင္။ ေမာင္လက္ထပ္လိုက္တဲ့အတြက္ သူ႔မွာ သိပ္စိတ္ထိခိုက္ေနရပါၿပီ။ သူ႔ဘဝဟာ ေမာင့္ကို ဆံုးရံႈးရလုိ႔ အထီးက်န္ျဖစ္ေနရပါၿပီလို႔ ေမာင့္ကို တိုင္တည္ေနတာေပါ့ ဟုတ္လား”
“ေမာင္ ဘယ္သိပါ့မလဲ ထားရယ္။ ေမာင္ သူ႔ကို လံုးဝျပတ္ၿပီးသားပါ။ ဒါေတြအတြက္ ေမာင့္ရင္ကို ဘာမွ မထိခိုက္ေစေတာ့ပါဘူး။ ေမာင္ခ်စ္တာ ထားပါပဲ။ ထားလဲ ဒါကို လ်စ္လ်ဴရႈထားလိုက္ပါ ထားရယ္ ... ေနာ္ေနာ္”
ေမာင္က ေတာင္းပန္တိုးလွ်ိဳးသံျဖင့္ ေျပာပါသည္။ ေမာင့္အမူအရာသည္လည္း ေမာင္အမွန္တကယ္ ေျပာေနသည္ဟု ယံုၾကည္ေလာက္ပါသည္။ ေမာင့္ကုိ ယံုၾကည္လုိ႔သာ လက္ထပ္ခဲ့သည္ပဲ။
“ေမာင္နဲ႔စံပယ္ လမ္းမွာတစ္ခါမွ မဆံုဘူးလား” ဟု ေမးလွ်င္ ေမာင္က မ်က္ႏွာထားမွန္မွန္ျဖင့္ ေခါင္းကို တြင္တြင္ယမ္းသည္။ “ေတြ႕လဲ ေျပာခ်င္မွ ေျပာမွာေပါ့” ဟု စိတ္ထဲက ထင္လိုက္ေသာ္လည္း ဘာမွ် ဆက္မေမးေတာ့။ သည္အေျဖကိုပဲ လိုခ်င္တာ။ သည္အေျဖရရင္ ေက်နပ္ေရာေပါ့ဟု ကုိယ့္ကိုယ္ကုိယ္ ႏွစ္သိမ့္လိုက္ရသည္။
ပို႔စကတ္မ်ား အလာက်ဲသြားသည္။ အထီးက်န္ဆန္ေသာ ပံုေလးမ်ား ေရာက္မလာေတာ့ဘဲ၊ ဝါဆိုလျပည့္၊ သီတင္းကၽြတ္ပြဲေတာ္၊ ျပည္ေထာင္စုေန႔ စသည္ျဖင့္ ပို႔စကတ္ အထူးထုတ္ေဝခ်ိန္တြင္ ထိုအထူးထုတ္ ပို႔စကတ္ေလးမ်ား ေရာက္လာတတ္သည္။ အစဥ္မေမ့ေၾကာင္းကို ျပသည့္သေဘာပင္ျဖစ္၏။ တစ္ခါတစ္ရံ ကၽြန္မက ေမာင့္ကိုစတတ္သည္။
“လြတ္လပ္ေရးေန႔ကို ႏွစ္ရက္ေတာင္ လြန္လာၿပီ ေမာင္”
“ဘာျဖစ္လို႔လဲ ထားရဲ႕”
“ဪ လြတ္လပ္ေရးေန႔ ပို႔စကတ္လဲ မေရာက္ေသးပါလားလို႔”
“ထားကလဲကြာ”
ေမာင္က ရယ္ေမာပစ္တတ္သည္။ အင္း လုပ္လိုက္ဦးေပါ့ မစံပယ္ေရ။
ေမာင့္ အေပါင္းအသင္းဆိုလွ်င္ ကၽြန္မ မသိသူ နည္းသည္။ တစ္ခါမွ်ေတာ့ျဖင့္ ျမင္ဖူးသည္သာ။ သို႔ေသာ္ ယေန႔လာေသာ သူကို ကၽြန္မ မျမင္ဖူး။ သူ႔အသားက ျဖဴသည္။ ပိန္ပိန္သြယ္သြယ္ျဖစ္သည္။ ေမာင္ႏွင့္ တိုက္ရိုက္ေတြ႕သြားသည္။
ဧည့္သည္က ကၽြန္မကို သာမန္မွ်သာ တစ္ခ်က္ေဝ့ၾကည့္ကာ ေမာင္ႏွင့္ အျပင္ျပန္ထြက္သြားသည္။ ကၽြန္မက ခါတိုင္းလို “လက္ဖက္ရည္ဆုိင္ သြားလိုက္ဦးမယ္ ထားေရ” လို႔ပင္ ေျပာမသြားႏိုင္ေသာ ေမာင့္ကို မေက်မနပ္ျဖစ္မိသည္။ ခါတိုင္းလည္း ေယာက်္ားဧည့္သည္လာလွ်င္ ေမာင္က ကၽြန္မကို ဒုကၡမေပးတတ္။ လက္ဖက္ရည္ဆိုင္သို႔ ေခၚသြားကာ သူ႔ဘာသာ ဧည့္ခံတတ္သည္။ ယေန႔ေတာ့ ည၉နာရီေက်ာ္ၿပီမို႔ မသြားသင့္ေတာ့ဟု ကၽြန္မထင္သည္။ ဧည့္သည္ကလည္း ဒီအခ်ိန္ႀကီးမွာ ဘာကိစၥမ်ား ရွိလို႔ပါလိမ့္။ ရန္ကုန္ၿမိဳ႕လယ္ေခါင္ဆိုေတာ့ ညဥ့္နက္ၿပီဟု မဆိုသာ။
“ေစာေစာက ဧည့္သည္ကိုသိလားဟင္”
“၁၀နာရီပင္ ရွိၿပီမို႔ ကၽြန္မက ေမာင့္ညီငယ္ အေထြးကို လွမ္းေမးလိုက္သည္။
“သိတာေပါ့ ကိုကို႔ရည္းစားရဲ႕ေမာင္ေလ”
အနားမွ အစ္မ အႀကီးျဖစ္သူက လွမ္း၍ လက္ကုပ္လိုက္ေသာ္လည္း အေထြးက ဒါမ်ိဳးဆိုလွ်င္ ေျပာခ်င္သူပီပီ ေျပာျဖစ္ေအာင္ လွမ္းေျပာလိုက္သည္။ ကၽြန္မ မ်က္ႏွာပ်က္သြားမိ၏။
“အေထြးတို႔ ကိုကိုက ရည္းစားက မ်ားမ်ားရယ္၊ ဘယ္ရည္းစားလဲ အေထြးရဲ႕။ ဟို စံပယ္ဆိုတာလား”
ကၽြန္မက ဘာမွ် အေလးအနက္ မထားသလို ရယ္ရယ္ေမာေမာျဖင့္ ေျပာလိုက္၏။ ကၽြန္မ အကုန္သိၿပီးသားပါ။ ကိစၥမရွိပါဘူးဟူေသာ မ်က္ႏွာထားမ်ိဳးလည္း ေနျပလိုက္သည္။
“အလကားပါ ထားရယ္ .. ဒီေကာင္က ဘာရယ္မဟုတ္ပါဘူး။ ဟဲ့ အေထြး အိပ္ရာေတြ ျပင္ေခ်ေလ။ ေတာ္ၾကာ ဟုိနားလွဲအိပ္၊ ဒီနားလွဲအိပ္နဲ႔”
မမႀကီးက စကားေရာေဖာေရာျဖင့္ အေထြးကိုႏွင္လိုက္ပါသည္။ သို႔ေသာ္ အေထြးက ဂ႐ုမစိုက္၊ ကၽြန္မကို လွည့္ၾကည့္ကာ ေျပာလိုက္ေသးသည္။
“ဟုတ္တယ္ ဟုတ္တယ္။ သူပဲ ။ သူပဲ ပို႔စကတ္ေတြ ပို႔ပို႔ေနတာေလ။ အရင္က အိမ္ေတာင္လာဖူးေသးတယ္”
မမႀကီးက အေထြးကိုလွမ္း၍ ေခါင္းေခါက္လိုက္သည္။ ကၽြန္မက ဟန္လုပ္၍ ရယ္ေနရ၏။
* * *
လူေခၚေခါင္းေလာင္းသံက ညင္ညင္သာသာေလး ျမည္လာသည္။ ခပ္ဖြဖြေလး ႏွိပ္လိုက္ဟန္ တူ၏။ ကၽြန္မ နာရီကို လွမ္းၾကည့္မိရာ ၁၂နာရီ ထိုးေတာ့မည္ကို ေတြ႕ရသည္။ တံခါးကို ကၽြန္မကပင္ ဖြင့္လိုက္သည္။ ကၽြန္မ ေစာင့္မည္ဟု မမႀကီးကိုေျပာ၍ အိပ္ခိုင္းခဲ့ရ၏။ ခါတိုင္းဆိုလွ်င္ မမႀကီးသာ ေနာက္ဆံုးမွ အိပ္တတ္သည္။
“ထား မအိပ္ေသးဘူးလား”
“ဘယ္အိပ္ႏိုင္ပါ့မလဲ”
ကၽြန္မက ေတြ႕ေတြ႕ခ်င္း အေငၚတူးလိုက္မိသည္။ အိပ္ခန္းတံခါး ပိတ္ၿပီးသည္ႏွင့္ ျပႆနာကို ကၽြန္မက စလိုက္သည္။
“မေတာ္လိုက္ရတဲ့ ေယာက္ဖက ဘယ္ေခၚသြားၿပီး ဘာေတြမ်ား ေျပာေနလို႔ ဒါေလာက္ၾကာေနရတာလဲ ေျပာစမ္းပါဦး”
ေမာင္မ်က္ႏွာပ်က္သြားသည္။ ေမာင္က စကားစကို ရွာေနသည္။ ေမာင့္ကို ေစ့ေစ့ၾကည့္ေမးလွ်င္ ဖံုးကြယ္ႏိုင္စြမ္း ရွိသူ မဟုတ္။
“စံပယ့္အေၾကာင္း လာေျပာတာပါ”
“စံပယ္က ဘာေျပာခိုင္းလိုက္လို႔လဲ”
ကၽြန္မက ဒက္ခနဲ ျပန္ေမးလိုက္သည္။
“ဪ ဟို ဟိုဒင္းပါ။ သူက ေမာင္တို႔ကို အခင္မင္မပ်က္ ဆက္ဆံခ်င္တဲ့အေၾကာင္း။ မိတ္ရင္းေဆြရင္းေတြလုိပါ။ အိမ္နဲ႔ကလည္း အစကတည္းက ခင္ေနခဲ့တာကိုး။ ဒါပါပဲ ေမာင္တို႔ တျခားအေၾကာင္းေတြေျပာရင္းနဲ႔ ၾကာသြားၾကတာ”
“ဘယ္မွာမ်ား သြားေျပာေနသလဲ ေမာင္ရယ္။ ဒီအခ်ိန္ထိေအာင္”
“ပန္းျခံမွာ”
“ပန္းျခံမွာဟုတ္လား ။ သူ႔ေမာင္တစ္ေယာက္တည္း လာတာဟုတ္ရဲ႕လားေမာင္ရယ္”
ေမာင္က ဆတ္ခနဲ ကၽြန္မကို လွမ္းၾကည့္သည္။ စိတ္ဆိုးသြားပံုရ၏။
“တစ္ေယာက္တည္းမလာလို႔ ဘယ္သူပါလာရဦးမွာလဲ ထား။ ေမာင္ဒီေလာက္ သစၥာမမဲ့ပါဘူး။ ထား ေမာင့္ကို မယံုဘူးလား။ ေမာင္ ဒါမ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး”
“ေမာင့္ကို မယံုလို႔မဟုတ္ဘူး။ သူ႔ကိုမယံုလို႔။ သူ ဘာလို႔ ဒီေလာက္ သဲသဲမဲမဲ ျဖစ္ေနရသလဲ။ ဘာလို႔ ဒီေလာက္ အေႏွာင့္အယွက္ေပးေနရသလဲ”
“ဒါေတာ့ ေမာင္မသိဘူး။ ေမာင့္ဘက္က ဘာမွ ခံစားမႈမရွိေတာ့တာကေတာ့ အမွန္ပဲ။ သူကလဲ တစ္ခ်ိန္က သူ ပစ္ပစ္ခါခါ လုပ္ခဲ့တာကို ျပန္ေတာင္းပန္တဲ့သေဘာပါ။ သူေကာင္းေကာင္းလဲ ေနမေကာင္းဘူး”
ေမာင့္အသံက သူ႔အေပၚ ၾကင္နာဟန္ပါသြားသည္ဟု ထင္မိသည္။
“ဒီမွာ ေမာင္၊ ေမာင္တို႔ႏွစ္ေယာက္ရဲ႕ ေမတၱာဇတ္လမ္းမွာ ထားဟာ လူဆိုးတစ္ေယာက္ေနရာမ်ား ေရာက္ေနပလားဟင္”
“အို မဟုတ္တာဘဲ ။ သူနဲ႔ေမာင္ ကင္းကင္းျပတ္ျပတ္ ျဖစ္ခဲ့ၿပီးသားလို႔ ေမာင္ေျပာခဲ့ပါပေကာ”
“ဒါနဲ႔ေတာင္ သူက ဒီေလာက္စြဲစြဲလမ္းလမ္း ျဖစ္ေနတာ ေမာင္ ထားကိုကြာၿပီး သူ႔ကိုပဲယူလိုက္ပါေတာ့”
ကၽြန္မစကားက ရင့္သီးသြားသည္လားမသိ။ ေမာင္ ကၽြန္မပါးစပ္ကို လွမ္းပိတ္လိုက္သည္။
“ေတာ္ေတာ့ ထား ။ ေနာက္ကို ဒီလိုစကားမ်ိဳးမေျပာနဲ႔”
ေမာင္ စံပယ့္ဘက္ကပဲ နာသည္လား၊ ကၽြန္မဘက္ကပဲ စိတ္ထိခိုက္သည္လားမသိ။ ေမာင့္လက္က ၾကမ္းတမ္းျပင္းထန္လွသျဖင့္ ကၽြန္မပါးႏွစ္ဖက္ နာက်င္သြားသည္။ ရင္ထဲက ပိုလို႔သာ နာမိပါ၏။ ရက္စက္ေပဦးေတာ့ မစံပယ္။
* * *
ကၽြန္မ သတင္းစာဖတ္လွ်င္ ေနာက္ေက်ာဘက္မွ စ၍ ဖတ္ေလ့ရွိသည္။ သာေရး၊ နာေရးသတင္းမ်ား၊ စာအုပ္ေၾကာ္ျငာမ်ား၊ ႐ုပ္ရွင္ေၾကာ္ျငာမ်ားကို ကၽြန္မစိတ္ဝင္စားသည္။ သူငယ္ခ်င္းေတြထဲက ဘယ္သူေတြ လက္ထပ္သြားၿပီလဲ ကၽြန္မ အျမဲရွာ၏။ တစ္ေန႔တြင္ သတင္းတစ္ပုဒ္ကို ကၽြန္မေတြ႕သည္။
“ကိုၾကည္ေမာင္ႏွင့္ျဖဴႏွင္းလြင္”
လက္ထပ္ၿပီးစီးျခင္း သတင္းတစ္ပုဒ္ျဖစ္၏။ ျဖဴႏွင္းလြင္ဆုိေသာ နာမည္ကို ကၽြန္မသိသည္။ ႐ုတ္တရက္ လူပံုပန္းကို စဥ္းစား၍မရ။ အတန္ၾကာမွ ဖ်က္ခနဲသတိရလိုက္သည္။ ဟုတ္ၿပီ။ စံပယ္ .. စံပယ္ … ေမာင့္အခ်စ္ စံပယ္။ အေထြးေျပာျပ၍ သိရဖူးသည္က တကၠသိုလ္ေရာက္မွ ေျပာင္းသည့္နာမည္က ျဖဴႏွင္းလြင္။ ဒါကလည္း ေမာင့္အမည္ကို အစြဲျပဳ၍ ေျပာင္းျခင္းျဖစ္သည္။ ေမာင့္အမည္က ကိုေအာင္လြင္။
သူ လက္ထပ္လိုက္ၿပီကိုး။ ေမာင့္ဆီကို ပို႔စကတ္ေတြ မေရာက္တာေတာင္ အေတာ္ၾကာၿပီပဲ။ ေမာင္ႏွင့္ ရန္ျဖစ္ရသည့္ေန႔ကစ၍ပဲ ထင္သည္။ ေမာင္ဘယ္လိုစီစဥ္ခဲ့သည္မသိ။ ခုေတာ့ သူလက္ထပ္လိုက္ၿပီ။ ကၽြန္မ ေမွ်ာ္လင့္သည့္ေန႔ကို ေရာက္ခဲ့ၿပီ။
သိၾကေရာေပါ့ စံပယ္ရယ္။
သည္အပတ္ ဗိုလ္ခ်ဳပ္ေစ်းကို ကၽြန္မသြားသည္။ ကၽြန္မမွာ ဝယ္စရာ ေထြေထြထူးထူးမရွိ။ ပို႔စကတ္လွလွေလးေတြ ေရာင္းေသာ ဆိုင္မ်ားကိုသာ သြားသည္။ ကၽြန္မလိုခ်င္ေသာပံုကို ရွာသည္။ ေတာ္ေတာ္ႏွင့္ စိတ္ႀကိဳက္မေတြ႕ႏိုင္။ ေနာက္ဆံုး အေကာင္းဆံုး ျဖစ္မည္ထင္ရေသာ ပံုတစ္ပံုကို ေရြးခ်ယ္လုိက္ရသည္။ သာယာလြမ္းေမာဖြယ္ေကာင္းေသာ ရႈေမွ်ာ္ခင္းကို ေနာက္ခံထား၍ အမ်ိဳးသမီးေလးတစ္ေယာက္ မတ္ကပ္ရပ္ေနသည္။ သူ႔ဟန္က ႏြမ္းလ်လ်ျဖစ္သည္။ အနီးရွိ ေရျပင္က်ယ္ဝယ္ ဘဲငန္းေလးႏွစ္ေကာင္ ေရကူးေနသည္။ ေမာင္ႏွံျဖစ္၏။ အမ်ိဳးသမီးငယ္သည္ တူစံုေမာင္ႏွံ ဘဲငန္းေလးႏွစ္ေကာင္ကို ၾကည့္၍ စိတ္မေကာင္းျဖစ္ဟန္ျဖစ္၏။
ဟန္ေတာ့က်ၿပီ။ ဒါေတာင္ စိတ္ႀကိဳက္မေတြ႕လွေသး။ ပို႔စကတ္မွာ တစ္မတ္တန္ အညံ့စားျဖစ္၏။ ပန္းခ်ီကလည္း ည့့့ံသည္။ လူျပိန္းႀကိဳက္၊ ကေလးႀကိဳက္ျဖစ္သည္။ သို႔ေသာ္ မတတ္ႏိုင္။
ပို႔စကတ္ေပၚတြင္ ဦးၾကည္ေမာင္၏ ရံုးလိပ္စာကို အလွပဆံုး ျဖစ္ေအာင္ႀကိဳးစား၍ ေရးလိုက္သည္။ သူတုိ႕ႏွစ္ေယာက္ ရာထူးႏွင့္ ဌာနမ်ားကို မဂၤလာသတင္းထဲမွ ကၽြန္မကူးယူထားသည္။ ႏွစ္ေယာက္လံုး တစ္ရံုးတည္း၊ တစ္ဌာနတည္းျဖစ္၏။
ေပးပို႔သူေနရာမွာ မည္သည့္အမွတ္အသားမွ် မေရးဘဲ စာတိုက္မွ ကုိယ္တိုင္အေသအခ်ာ ထည့္လိုက္သည္။ သို႔ေသာ္ ကၽြန္မ ေရာက္ေစခ်င္သည္မွာ ဦးၾကည္ေမာင္ဆီသို႔မဟုတ္၊ ကံေကာင္းေထာက္မ၍ ဤပို႔စကတ္ေလးသည္ မစံပယ္လက္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ပါေစသား။
ကၽြန္မသည္ သေဘာထားႀကီးသူ မဟုတ္ပါ။ သာမန္မိန္းမမ်ားမွ မိန္းမတစ္ေယာက္ပင္ ျဖစ္ပါ၏။ ဝန္တိုတတ္သည္။ နာၾကည္းတတ္သည္။ တံု႔ျပန္တတ္သည္။ လုပ္ခ်င္တာ လုပ္လိုက္ၿပီးမွ ကၽြန္မစိတ္ မၿငိမ္မသက္ ျဖစ္ေနသည္။ ခုေလာက္ဆိုရင္ ဦးၾကည္ေမာင္ထံသို႔ ထည့္လိုက္ေသာ မိန္းမ လက္ေရးႏွင့္ ပို႔စကတ္ေလးသည္ မစံပယ္လက္ဝယ္သို႔ ေရာက္ေလာက္ၿပီ။ သူမလက္ထဲမွ ေရာက္ပါ့မလား။ ေရာက္ပါေစဟု ဆုေတာင္းေနမိ၏။ မစံပယ္စိတ္ဝယ္ သို႔ေလာ သို႔ေလာ စေနာင့္စနင္းျဖစ္ပါေစ၊ အေႏွာင့္အယွက္ျဖစ္ပါေစ။
ညေန ၃နာရီ ထိုးၿပီ ။ မစံပယ္ မည္သို႔ျဖစ္မည္ ကၽြန္မ မသိ။ ျဖစ္ေစဥိးေတာ့ ရံုးမွာပဲ ရွိေသးသည္မို႔ ေအာင့္အည္း ေနရေပမည္။ အိမ္ေရာက္မွသာ ျပႆနာျဖစ္ရေပမည္။
ကၽြန္မသည္ တယ္လီဖုန္းလမ္းညႊန္မွ နံပါတ္တစ္ခုကို ရွာကာ လွည့္လိုက္သည္။ ျဖဴႏွင္းလြင္ႏွင့္ စကားေျပာခြင့္ ေတာင္းလိုက္၏။
“ဟုတ္ကဲ့ ေျပာပါရွင္”
တစ္ဘက္မွအသံသာသာေလးကို ၾကားရသည္။
“ေဒၚျဖဴႏွင္းလြင္လား”
ကၽြန္မကလည္း အသံကို အၾကည္ဆံုး၊ အသာဆံုးျဖစ္ေအာင္ ႀကိဳးစားကာ ေမးလိုက္သည္။
“ဟုတ္ပါတယ္”
“ကၽြန္မ မိုးသူဇာပါ”
အမည္ရင္းကို မေျပာလိုေသးသျဖင့္ စိတ္ကူးရရာ နာမည္လွလွေလးတစ္ခုကို အားက်မခံ သံုးလိုက္၏။
“ရွင္”
တစ္ဘက္မွ အံ့ဩသံေလး ထြက္လာသည္။
“ဟိုေလ အဲ ကိုၾကည္ေမာင္”
ကၽြန္မက ႐ုတ္တရက္ ဘာေျပာရမွန္း မသိဟန္ျဖင့္ ေလသံကို ဆြဲထားလိုက္သည္။ သူမကို “ေဒၚ” တပ္ေခၚပါလ်က္ ဦးၾကည္ေမာင္ကို ရင္းႏွီးသူတစ္ေယာက္ ဟန္ပန္ျဖင့္ “ဦး” မတပ္ဘဲ ေခၚလိုက္၏။
“အစ္ကိုေမာင့္ မိတ္ေဆြလား”
သူကလည္း အလာႀကီးပဲ။
“အို အို မိတ္ေဆြေတာ့ မဟုတ္ပါဘူး။ ဒီလိုပါပဲ။ မိုး သူ႔ဆီကို ထည့္လိုက္တဲ့ ပို႔စကတ္ေလးေလ”
“ဪ ေဒၚမိုးသူဇာ ထည့္လိုက္တာလား ။ ေနပါဦး ။ သူနဲ႔ ေဒၚမိုးသူဇာနဲ႔က”
တစ္ဘက္မွ အသံမာလာသည္။ ကၽြန္မ က်ိတ္၍ျပံဳးလိုက္၏။
“ပို႔စကတ္ေတာ့ သူ႔ဆီ မေရာက္ေတာ့ဘူး ထင္ပါရဲ႕”
“ဒီမွာ ဒီမွာ ေဒၚမိုးသူဇာ။ ဘာသေဘာနဲ႔ ဒီပို႔စကတ္ကို သူ႔ဆီ ေရာက္ေစခ်င္ရတာလဲ။ ရွင္နဲ႔သူနဲ႔ ဘယ္လိုပတ္သတ္ေနလို႔လဲ”
အမ်ိဳးသမီးရန္ေတြ႕ေခ်ၿပီ။
“အို ဘာသေဘာနဲ႔ ပို႔စကတ္ပို႔တယ္ဆိုတာေတာ့ ေဒၚျဖဴႏွင္းလြင္ အသိဆံုးေနမွာေပါ့။ ဘယ္လိုပတ္သတ္တယ္ ဆိုတာလဲ ျဖဴႏွင္းလြင္ သိႏုိင္ပါတယ္”
“ဘယ္လိုလဲ ကၽြန္မကို .. အဲ ျဖဴ႕ကို ရွင္းရွင္းေျပာစမ္းပါ ေဒၚမိုးသူဇာ”
သူမ၏အသံမ်ား မသိမသာတုန္ေနသည္။ ကၽြန္မအသံလည္း မသိမသာ တုန္လာသည္။
“အခ်စ္နဲ႔ေရာ ဘဝနဲ႔ပါရင္းၿပီး တည္ေဆာက္ရတဲ့ အိမ္ေထာင္တစ္ခုကို ဘယ္လို အေႏွာင့္အယွက္မ်ိဳးမွ မဝင္ေစ့ခ်င္ၾကတာ ဓမၼတာပါပဲ ေဒၚျဖဴႏွင္းလြင္”
“ဘာေတြေျပာေနတာလဲ။ ရွင္းရွင္းေျပာစမ္းပါ”
“ဒီေလာက္လဲ ေဒါသမႀကီးပါနဲ႔။ တကယ္ေတာ့ ကၽြန္မဟာ ဦးၾကည္ေမာင္နဲ႔ ဘယ္လိုမွ မပတ္သက္ပါဘူး။ မိုးသူဇာလဲ မဟုတ္ပါဘူး။ ဦးေအာင္လြင္ရဲ႕ ဇနီး ခင္ထားထားပါ မစံပယ္”
ေနာက္ဆံုးစကားလံုးမ်ားကို သူမျပတ္ျပတ္သားသား ၾကားႏိုင္ရန္ ကၽြန္မက ပီပီသသႀကီး ေျပာခ်လိုက္ၿပီး တယ္လီဖုန္းကိုလည္း အျမန္ဆံုးခ်ပစ္လိုက္ပါသည္။
ကၽြန္မရင္ထဲမွာ ေပါ့သြားသည္။ အႏွစ္ႏွစ္အလလက တင္ရွိေနေသာ ရာဇဝင္အေႂကြးကို ေပးဆပ္လိုက္ရသကဲ့သို႔ပင္ ျဖစ္၏။
သို႔ေသာ္ ကၽြန္မသည္ ဖူးသစ္စ အိမ္ေထာင္တစ္ခုကို သံသယေတြ ပဋိပကၡေတြျဖင့္ ထိခိုက္နစ္နာသြားေစႏိုင္ေလာက္ေအာင္ ရည္ရြယ္တံု႔ျပန္ျခင္း မရွိခဲ့ပါ ဆိုသည္ကိုေတာ့ ျဖဴႏွင္းလြင္ေခၚ မစံပယ္တစ္ေယာက္ သိနားလည္တန္ ေကာင္းပါရဲ႕။
---------------
မုိးမုိး (အင္းလ်ား)
တုိင္းရင္းေမ၊ ၁၉၇၄။ 

Unicode Version
 ပို့စကတ်လေးတစ်စောင် (မိုးမိုး (အင်းလျား))
---------------------------------------------------------

အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့် ပတ်သက်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။

ငယ်ကအချစ် အနှစ်တစ်ရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော၊ အချစ်နှောင်းပါ မေ့ပြီတည်း။ ကျွန်မဘဝတွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။

ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ၊ မောင့်စားပွဲ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘဝအတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တစ်ထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။

ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘဝသစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘဝတွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။

သို့သော် ကျွန်မစိတ်ကို တစ်စုံတစ်ခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က “စံပယ်”။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတစ်ယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။

“စာ ခင်ဗျ”

စာပို့လုလင်ထံမှ စာတစ်စောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ်၊ ပို့စကတ်လေးတစ်ခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ်၊ အဓိပ္ပါယ်ကလည်း အပြည့်အဝပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတစ်ခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်တည်းမှ တစ်ကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။

စာဆိုရင်တော့ ကျွန်မဖောက်ဖတ်မိမည် မဟုတ်။ ခုတော့ ပို့စကတ်ဖြစ်နေ၍ မဖောက်ဘဲနဲ့ မြင်ရသည်။ မစူးစမ်းဘဲနဲ့ သိရသည်။ ဘာပဲဖြစ်ဖြစ် ကာယကံရှင် မောင့်ကိုတော့ ကျွန်မပေးလိုက်ရသည်။ မောင်က အမှတ်တမဲ့ကြည့်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။ ဘာမျှ အလေးမထားသည့် သဘော။ သို့သော် ကျွန်မရှေ့မို့ ဟန်ဆောင်သည်လား မသိနိုင်ချေ။

“ပို့စကတ်ပို့တာ ဘယ်သူလဲဟင်”

ကျွန်မကသိလျက်နဲ့ မေးလိုက်သည်။ ဘာမျှမမေးဘဲ နေမည်ဟူသော ကျွန်မဆုံးဖြတ်ချက်ကိုလည်း ရုတ်တရက် မေ့သွားသည်။

“ဟိုလေ စံပယ်ပါ”
“ဪ နာမည်လဲ မထိုးထားဘူးနော်။ သူ့လက်ရေးကို မောင်မှတ်မိလိမ့်မယ်လို့ ယုံကြည်ပြီးသားထင်ပါရဲ့”

ကျွန်မအသံက ခနဲ့သံပါသွားသည်။ သို့သော်မတတ်နိုင်ပြီ။

“အလကားပါ ထားရယ်။ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့။ မောင် သူ့ကိုမေ့နေတာ ကြာပါပြီ။ လာကွာ ထမင်းစားကြစို့”

ဟုတ်ပါရဲ့။ မောင်အလေးမထားတာကို ဘာကြောင့်များ အရေးတယူလုပ်ပြီး အစဖော်ပေးနေမိပါလိမ့်။ စိတ်ထဲကမူ “မောင့်ကိုတော့ သူ မမေ့သေးဘူး”ဟု ပြောနေမိသည်။

သည်ဇတ်လမ်းက သည်တွင် တစ်ခန်းရပ်လိုက်လျင် ကောင်းမည်။ ပြည်ဖုံးကားချလိုက်ဖို့ သင့်သည်။ သို့သော် မဆုံးနိုင်သေးသော တေးတစ်ပုဒ်သဖွယ် မစံပယ်က ဆက်လက်သီဆိုနေချေသည်။ စံပယ်ထံမှ ပို့စကတ်များကား ရောက်လာမစဲ တသဲသဲတည်း။ အဓိပ္ပါယ်ကလည်း ထပ်တူသာပင်။ ငါးလေးတစ်ကောင်တည်း ဖော်ကွဲနေပုံ၊ သမင်မလေး တစ်ကောင်တည်း တောလမ်းထဲမှာ လမ်းမှားနေပုံ၊ သစ်ခြောက်ပင်ကြီး တစ်ပင်တည်း နွေအထီးတည်း ကန္တာရမှာ မားမားကြီး ရပ်တည်နေရပုံ စသည် စသည်တို့တည်း။

မစံပယ် ဘယ်လိုရည်ရွယ်လေသလဲ၊ ဘာကိုဆိုလိုသလဲ။ ဘာကိုဖြစ်စေချင်သလဲ။ ကျွန်မ သံသယ မကင်းနိုင်ပါ။ မောင်နှင့်မစံပယ် ဘယ်သို့အခြေရောက်ခဲ့ပါသနည်း။

ဒုတိယအကြိမ် မောင့်ကို ကျွန်မရင်ဆိုင်ရပါပြီ။ သည်တစ်ခါ ပဋိပက္ခ အစပျိုးမိပြီ။

“မောင် ထားတစ်ခုမေးမယ်။ မှန်မှန်ဖြေမလား”
“ဘာများလဲ ထားရယ်”
“မောင်နဲ့စံပယ်ကဘယ်လိုလဲ”
“ဘယ်လိုမှ မလဲပါဘူး ထားရဲ့။ မောင်တို့ချင်း ချစ်ခဲ့ကြတာ သာမန်ပါပဲ။ ထားနဲ့မတွေ့ခင် သူနဲ့ပြတ်သွားတယ်။ သဘောချင်း မတိုက်ဆိုင်လို့ ဆိုပါတော့။ လမ်းတွေ့ရင်တောင် မခေါ်တော့ပါဘူး။ ထားနဲ့တွေ့ပြီးမှ လုံးဝတောင် မတွေ့တော့ပါဘူး”
“ဒါပေမယ့် သူက အမြဲ ပို့စကတ်တွေ ပို့နေတာက ဘာသဘောလဲ မောင်။ မောင်လက်ထပ်လိုက်တဲ့အတွက် သူ့မှာ သိပ်စိတ်ထိခိုက်နေရပါပြီ။ သူ့ဘဝဟာ မောင့်ကို ဆုံးရှုံးရလို့ အထီးကျန်ဖြစ်နေရပါပြီလို့ မောင့်ကို တိုင်တည်နေတာပေါ့ ဟုတ်လား”
“မောင် ဘယ်သိပါ့မလဲ ထားရယ်။ မောင် သူ့ကို လုံးဝပြတ်ပြီးသားပါ။ ဒါတွေအတွက် မောင့်ရင်ကို ဘာမှ မထိခိုက်စေတော့ပါဘူး။ မောင်ချစ်တာ ထားပါပဲ။ ထားလဲ ဒါကို လျစ်လျူရှုထားလိုက်ပါ ထားရယ် ... နော်နော်”

မောင်က တောင်းပန်တိုးလျှိုးသံဖြင့် ပြောပါသည်။ မောင့်အမူအရာသည်လည်း မောင်အမှန်တကယ် ပြောနေသည်ဟု ယုံကြည်လောက်ပါသည်။ မောင့်ကို ယုံကြည်လို့သာ လက်ထပ်ခဲ့သည်ပဲ။

“မောင်နဲ့စံပယ် လမ်းမှာတစ်ခါမှ မဆုံဘူးလား” ဟု မေးလျှင် မောင်က မျက်နှာထားမှန်မှန်ဖြင့် ခေါင်းကို တွင်တွင်ယမ်းသည်။ “တွေ့လဲ ပြောချင်မှ ပြောမှာပေါ့” ဟု စိတ်ထဲက ထင်လိုက်သော်လည်း ဘာမျှ ဆက်မမေးတော့။ သည်အဖြေကိုပဲ လိုချင်တာ။ သည်အဖြေရရင် ကျေနပ်ရောပေါ့ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရသည်။

ပို့စကတ်များ အလာကျဲသွားသည်။ အထီးကျန်ဆန်သော ပုံလေးများ ရောက်မလာတော့ဘဲ၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်ပွဲတော်၊ ပြည်ထောင်စုနေ့ စသည်ဖြင့် ပို့စကတ် အထူးထုတ်ဝေချိန်တွင် ထိုအထူးထုတ် ပို့စကတ်လေးများ ရောက်လာတတ်သည်။ အစဉ်မမေ့ကြောင်းကို ပြသည့်သဘောပင်ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်မက မောင့်ကိုစတတ်သည်။

“လွတ်လပ်ရေးနေ့ကို နှစ်ရက်တောင် လွန်လာပြီ မောင်”
“ဘာဖြစ်လို့လဲ ထားရဲ့”
“ဪ လွတ်လပ်ရေးနေ့ ပို့စကတ်လဲ မရောက်သေးပါလားလို့”
“ထားကလဲကွာ”

မောင်က ရယ်မောပစ်တတ်သည်။ အင်း လုပ်လိုက်ဦးပေါ့ မစံပယ်ရေ။

မောင့် အပေါင်းအသင်းဆိုလျှင် ကျွန်မ မသိသူ နည်းသည်။ တစ်ခါမျှတော့ဖြင့် မြင်ဖူးသည်သာ။ သို့သော် ယနေ့လာသော သူကို ကျွန်မ မမြင်ဖူး။ သူ့အသားက ဖြူသည်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ မောင်နှင့် တိုက်ရိုက်တွေ့သွားသည်။

ဧည့်သည်က ကျွန်မကို သာမန်မျှသာ တစ်ချက်ဝေ့ကြည့်ကာ မောင်နှင့် အပြင်ပြန်ထွက်သွားသည်။ ကျွန်မက ခါတိုင်းလို “လက်ဖက်ရည်ဆိုင် သွားလိုက်ဦးမယ် ထားရေ” လို့ပင် ပြောမသွားနိုင်သော မောင့်ကို မကျေမနပ်ဖြစ်မိသည်။ ခါတိုင်းလည်း ယောကျ်ားဧည့်သည်လာလျှင် မောင်က ကျွန်မကို ဒုက္ခမပေးတတ်။ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ သူ့ဘာသာ ဧည့်ခံတတ်သည်။ ယနေ့တော့ ည၉နာရီကျော်ပြီမို့ မသွားသင့်တော့ဟု ကျွန်မထင်သည်။ ဧည့်သည်ကလည်း ဒီအချိန်ကြီးမှာ ဘာကိစ္စများ ရှိလို့ပါလိမ့်။ ရန်ကုန်မြို့လယ်ခေါင်ဆိုတော့ ညဉ့်နက်ပြီဟု မဆိုသာ။

“စောစောက ဧည့်သည်ကိုသိလားဟင်”

“၁၀နာရီပင် ရှိပြီမို့ ကျွန်မက မောင့်ညီငယ် အထွေးကို လှမ်းမေးလိုက်သည်။

“သိတာပေါ့ ကိုကို့ရည်းစားရဲ့မောင်လေ”

အနားမှ အစ်မ အကြီးဖြစ်သူက လှမ်း၍ လက်ကုပ်လိုက်သော်လည်း အထွေးက ဒါမျိုးဆိုလျှင် ပြောချင်သူပီပီ ပြောဖြစ်အောင် လှမ်းပြောလိုက်သည်။ ကျွန်မ မျက်နှာပျက်သွားမိ၏။

“အထွေးတို့ ကိုကိုက ရည်းစားက များများရယ်၊ ဘယ်ရည်းစားလဲ အထွေးရဲ့။ ဟို စံပယ်ဆိုတာလား”

ကျွန်မက ဘာမျှ အလေးအနက် မထားသလို ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ကျွန်မ အကုန်သိပြီးသားပါ။ ကိစ္စမရှိပါဘူးဟူသော မျက်နှာထားမျိုးလည်း နေပြလိုက်သည်။

“အလကားပါ ထားရယ် .. ဒီကောင်က ဘာရယ်မဟုတ်ပါဘူး။ ဟဲ့ အထွေး အိပ်ရာတွေ ပြင်ချေလေ။ တော်ကြာ ဟိုနားလှဲအိပ်၊ ဒီနားလှဲအိပ်နဲ့”

မမကြီးက စကားရောဖောရောဖြင့် အထွေးကိုနှင်လိုက်ပါသည်။ သို့သော် အထွေးက ဂရုမစိုက်၊ ကျွန်မကို လှည့်ကြည့်ကာ ပြောလိုက်သေးသည်။

“ဟုတ်တယ် ဟုတ်တယ်။ သူပဲ ။ သူပဲ ပို့စကတ်တွေ ပို့ပို့နေတာလေ။ အရင်က အိမ်တောင်လာဖူးသေးတယ်”

မမကြီးက အထွေးကိုလှမ်း၍ ခေါင်းခေါက်လိုက်သည်။ ကျွန်မက ဟန်လုပ်၍ ရယ်နေရ၏။

* * *

လူခေါ်ခေါင်းလောင်းသံက ညင်ညင်သာသာလေး မြည်လာသည်။ ခပ်ဖွဖွလေး နှိပ်လိုက်ဟန် တူ၏။ ကျွန်မ နာရီကို လှမ်းကြည့်မိရာ ၁၂နာရီ ထိုးတော့မည်ကို တွေ့ရသည်။ တံခါးကို ကျွန်မကပင် ဖွင့်လိုက်သည်။ ကျွန်မ စောင့်မည်ဟု မမကြီးကိုပြော၍ အိပ်ခိုင်းခဲ့ရ၏။ ခါတိုင်းဆိုလျှင် မမကြီးသာ နောက်ဆုံးမှ အိပ်တတ်သည်။

“ထား မအိပ်သေးဘူးလား”
“ဘယ်အိပ်နိုင်ပါ့မလဲ”

ကျွန်မက တွေ့တွေ့ချင်း အငေါ်တူးလိုက်မိသည်။ အိပ်ခန်းတံခါး ပိတ်ပြီးသည်နှင့် ပြဿနာကို ကျွန်မက စလိုက်သည်။

“မတော်လိုက်ရတဲ့ ယောက်ဖက ဘယ်ခေါ်သွားပြီး ဘာတွေများ ပြောနေလို့ ဒါလောက်ကြာနေရတာလဲ ပြောစမ်းပါဦး”

မောင်မျက်နှာပျက်သွားသည်။ မောင်က စကားစကို ရှာနေသည်။ မောင့်ကို စေ့စေ့ကြည့်မေးလျှင် ဖုံးကွယ်နိုင်စွမ်း ရှိသူ မဟုတ်။

“စံပယ့်အကြောင်း လာပြောတာပါ”
“စံပယ်က ဘာပြောခိုင်းလိုက်လို့လဲ”

ကျွန်မက ဒက်ခနဲ ပြန်မေးလိုက်သည်။

“ဪ ဟို ဟိုဒင်းပါ။ သူက မောင်တို့ကို အခင်မင်မပျက် ဆက်ဆံချင်တဲ့အကြောင်း။ မိတ်ရင်းဆွေရင်းတွေလိုပါ။ အိမ်နဲ့ကလည်း အစကတည်းက ခင်နေခဲ့တာကိုး။ ဒါပါပဲ မောင်တို့ တခြားအကြောင်းတွေပြောရင်းနဲ့ ကြာသွားကြတာ”
“ဘယ်မှာများ သွားပြောနေသလဲ မောင်ရယ်။ ဒီအချိန်ထိအောင်”
“ပန်းခြံမှာ”
“ပန်းခြံမှာဟုတ်လား ။ သူ့မောင်တစ်ယောက်တည်း လာတာဟုတ်ရဲ့လားမောင်ရယ်”

မောင်က ဆတ်ခနဲ ကျွန်မကို လှမ်းကြည့်သည်။ စိတ်ဆိုးသွားပုံရ၏။

“တစ်ယောက်တည်းမလာလို့ ဘယ်သူပါလာရဦးမှာလဲ ထား။ မောင်ဒီလောက် သစ္စာမမဲ့ပါဘူး။ ထား မောင့်ကို မယုံဘူးလား။ မောင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး”
“မောင့်ကို မယုံလို့မဟုတ်ဘူး။ သူ့ကိုမယုံလို့။ သူ ဘာလို့ ဒီလောက် သဲသဲမဲမဲ ဖြစ်နေရသလဲ။ ဘာလို့ ဒီလောက် အနှောင့်အယှက်ပေးနေရသလဲ”
“ဒါတော့ မောင်မသိဘူး။ မောင့်ဘက်က ဘာမှ ခံစားမှုမရှိတော့တာကတော့ အမှန်ပဲ။ သူကလဲ တစ်ချိန်က သူ ပစ်ပစ်ခါခါ လုပ်ခဲ့တာကို ပြန်တောင်းပန်တဲ့သဘောပါ။ သူကောင်းကောင်းလဲ နေမကောင်းဘူး”

မောင့်အသံက သူ့အပေါ် ကြင်နာဟန်ပါသွားသည်ဟု ထင်မိသည်။

“ဒီမှာ မောင်၊ မောင်တို့နှစ်ယောက်ရဲ့ မေတ္တာဇတ်လမ်းမှာ ထားဟာ လူဆိုးတစ်ယောက်နေရာများ ရောက်နေပလားဟင်”
“အို မဟုတ်တာဘဲ ။ သူနဲ့မောင် ကင်းကင်းပြတ်ပြတ် ဖြစ်ခဲ့ပြီးသားလို့ မောင်ပြောခဲ့ပါပကော”
“ဒါနဲ့တောင် သူက ဒီလောက်စွဲစွဲလမ်းလမ်း ဖြစ်နေတာ မောင် ထားကိုကွာပြီး သူ့ကိုပဲယူလိုက်ပါတော့”

ကျွန်မစကားက ရင့်သီးသွားသည်လားမသိ။ မောင် ကျွန်မပါးစပ်ကို လှမ်းပိတ်လိုက်သည်။

“တော်တော့ ထား ။ နောက်ကို ဒီလိုစကားမျိုးမပြောနဲ့”

မောင် စံပယ့်ဘက်ကပဲ နာသည်လား၊ ကျွန်မဘက်ကပဲ စိတ်ထိခိုက်သည်လားမသိ။ မောင့်လက်က ကြမ်းတမ်းပြင်းထန်လှသဖြင့် ကျွန်မပါးနှစ်ဖက် နာကျင်သွားသည်။ ရင်ထဲက ပိုလို့သာ နာမိပါ၏။ ရက်စက်ပေဦးတော့ မစံပယ်။

* * *

ကျွန်မ သတင်းစာဖတ်လျှင် နောက်ကျောဘက်မှ စ၍ ဖတ်လေ့ရှိသည်။ သာရေး၊ နာရေးသတင်းများ၊ စာအုပ်ကြော်ငြာများ၊ ရုပ်ရှင်ကြော်ငြာများကို ကျွန်မစိတ်ဝင်စားသည်။ သူငယ်ချင်းတွေထဲက ဘယ်သူတွေ လက်ထပ်သွားပြီလဲ ကျွန်မ အမြဲရှာ၏။ တစ်နေ့တွင် သတင်းတစ်ပုဒ်ကို ကျွန်မတွေ့သည်။

“ကိုကြည်မောင်နှင့်ဖြူနှင်းလွင်”

လက်ထပ်ပြီးစီးခြင်း သတင်းတစ်ပုဒ်ဖြစ်၏။ ဖြူနှင်းလွင်ဆိုသော နာမည်ကို ကျွန်မသိသည်။ ရုတ်တရက် လူပုံပန်းကို စဉ်းစား၍မရ။ အတန်ကြာမှ ဖျက်ခနဲသတိရလိုက်သည်။ ဟုတ်ပြီ။ စံပယ် .. စံပယ် … မောင့်အချစ် စံပယ်။ အထွေးပြောပြ၍ သိရဖူးသည်က တက္ကသိုလ်ရောက်မှ ပြောင်းသည့်နာမည်က ဖြူနှင်းလွင်။ ဒါကလည်း မောင့်အမည်ကို အစွဲပြု၍ ပြောင်းခြင်းဖြစ်သည်။ မောင့်အမည်က ကိုအောင်လွင်။

သူ လက်ထပ်လိုက်ပြီကိုး။ မောင့်ဆီကို ပို့စကတ်တွေ မရောက်တာတောင် အတော်ကြာပြီပဲ။ မောင်နှင့် ရန်ဖြစ်ရသည့်နေ့ကစ၍ပဲ ထင်သည်။ မောင်ဘယ်လိုစီစဉ်ခဲ့သည်မသိ။ ခုတော့ သူလက်ထပ်လိုက်ပြီ။ ကျွန်မ မျှော်လင့်သည့်နေ့ကို ရောက်ခဲ့ပြီ။

သိကြရောပေါ့ စံပယ်ရယ်။

သည်အပတ် ဗိုလ်ချုပ်ဈေးကို ကျွန်မသွားသည်။ ကျွန်မမှာ ဝယ်စရာ ထွေထွေထူးထူးမရှိ။ ပို့စကတ်လှလှလေးတွေ ရောင်းသော ဆိုင်များကိုသာ သွားသည်။ ကျွန်မလိုချင်သောပုံကို ရှာသည်။ တော်တော်နှင့် စိတ်ကြိုက်မတွေ့နိုင်။ နောက်ဆုံး အကောင်းဆုံး ဖြစ်မည်ထင်ရသော ပုံတစ်ပုံကို ရွေးချယ်လိုက်ရသည်။ သာယာလွမ်းမောဖွယ်ကောင်းသော ရှုမျှော်ခင်းကို နောက်ခံထား၍ အမျိုးသမီးလေးတစ်ယောက် မတ်ကပ်ရပ်နေသည်။ သူ့ဟန်က နွမ်းလျလျဖြစ်သည်။ အနီးရှိ ရေပြင်ကျယ်ဝယ် ဘဲငန်းလေးနှစ်ကောင် ရေကူးနေသည်။ မောင်နှံဖြစ်၏။ အမျိုးသမီးငယ်သည် တူစုံမောင်နှံ ဘဲငန်းလေးနှစ်ကောင်ကို ကြည့်၍ စိတ်မကောင်းဖြစ်ဟန်ဖြစ်၏။

ဟန်တော့ကျပြီ။ ဒါတောင် စိတ်ကြိုက်မတွေ့လှသေး။ ပို့စကတ်မှာ တစ်မတ်တန် အညံ့စားဖြစ်၏။ ပန်းချီကလည်း ည့ံ့သည်။ လူပြိန်းကြိုက်၊ ကလေးကြိုက်ဖြစ်သည်။ သို့သော် မတတ်နိုင်။

ပို့စကတ်ပေါ်တွင် ဦးကြည်မောင်၏ ရုံးလိပ်စာကို အလှပဆုံး ဖြစ်အောင်ကြိုးစား၍ ရေးလိုက်သည်။ သူတို့နှစ်ယောက် ရာထူးနှင့် ဌာနများကို မင်္ဂလာသတင်းထဲမှ ကျွန်မကူးယူထားသည်။ နှစ်ယောက်လုံး တစ်ရုံးတည်း၊ တစ်ဌာနတည်းဖြစ်၏။

ပေးပို့သူနေရာမှာ မည်သည့်အမှတ်အသားမျှ မရေးဘဲ စာတိုက်မှ ကိုယ်တိုင်အသေအချာ ထည့်လိုက်သည်။ သို့သော် ကျွန်မ ရောက်စေချင်သည်မှာ ဦးကြည်မောင်ဆီသို့မဟုတ်၊ ကံကောင်းထောက်မ၍ ဤပို့စကတ်လေးသည် မစံပယ်လက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါစေသား။

ကျွန်မသည် သဘောထားကြီးသူ မဟုတ်ပါ။ သာမန်မိန်းမများမှ မိန်းမတစ်ယောက်ပင် ဖြစ်ပါ၏။ ဝန်တိုတတ်သည်။ နာကြည်းတတ်သည်။ တုံ့ပြန်တတ်သည်။ လုပ်ချင်တာ လုပ်လိုက်ပြီးမှ ကျွန်မစိတ် မငြိမ်မသက် ဖြစ်နေသည်။ ခုလောက်ဆိုရင် ဦးကြည်မောင်ထံသို့ ထည့်လိုက်သော မိန်းမ လက်ရေးနှင့် ပို့စကတ်လေးသည် မစံပယ်လက်ဝယ်သို့ ရောက်လောက်ပြီ။ သူမလက်ထဲမှ ရောက်ပါ့မလား။ ရောက်ပါစေဟု ဆုတောင်းနေမိ၏။ မစံပယ်စိတ်ဝယ် သို့လော သို့လော စနောင့်စနင်းဖြစ်ပါစေ၊ အနှောင့်အယှက်ဖြစ်ပါစေ။

ညနေ ၃နာရီ ထိုးပြီ ။ မစံပယ် မည်သို့ဖြစ်မည် ကျွန်မ မသိ။ ဖြစ်စေဥိးတော့ ရုံးမှာပဲ ရှိသေးသည်မို့ အောင့်အည်း နေရပေမည်။ အိမ်ရောက်မှသာ ပြဿနာဖြစ်ရပေမည်။

ကျွန်မသည် တယ်လီဖုန်းလမ်းညွှန်မှ နံပါတ်တစ်ခုကို ရှာကာ လှည့်လိုက်သည်။ ဖြူနှင်းလွင်နှင့် စကားပြောခွင့် တောင်းလိုက်၏။

“ဟုတ်ကဲ့ ပြောပါရှင်”

တစ်ဘက်မှအသံသာသာလေးကို ကြားရသည်။

“ဒေါ်ဖြူနှင်းလွင်လား”

ကျွန်မကလည်း အသံကို အကြည်ဆုံး၊ အသာဆုံးဖြစ်အောင် ကြိုးစားကာ မေးလိုက်သည်။

“ဟုတ်ပါတယ်”
“ကျွန်မ မိုးသူဇာပါ”

အမည်ရင်းကို မပြောလိုသေးသဖြင့် စိတ်ကူးရရာ နာမည်လှလှလေးတစ်ခုကို အားကျမခံ သုံးလိုက်၏။

“ရှင်”

တစ်ဘက်မှ အံ့ဩသံလေး ထွက်လာသည်။

“ဟိုလေ အဲ ကိုကြည်မောင်”

ကျွန်မက ရုတ်တရက် ဘာပြောရမှန်း မသိဟန်ဖြင့် လေသံကို ဆွဲထားလိုက်သည်။ သူမကို “ဒေါ်” တပ်ခေါ်ပါလျက် ဦးကြည်မောင်ကို ရင်းနှီးသူတစ်ယောက် ဟန်ပန်ဖြင့် “ဦး” မတပ်ဘဲ ခေါ်လိုက်၏။

“အစ်ကိုမောင့် မိတ်ဆွေလား”

သူကလည်း အလာကြီးပဲ။

“အို အို မိတ်ဆွေတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မိုး သူ့ဆီကို ထည့်လိုက်တဲ့ ပို့စကတ်လေးလေ”
“ဪ ဒေါ်မိုးသူဇာ ထည့်လိုက်တာလား ။ နေပါဦး ။ သူနဲ့ ဒေါ်မိုးသူဇာနဲ့က”

တစ်ဘက်မှ အသံမာလာသည်။ ကျွန်မ ကျိတ်၍ပြုံးလိုက်၏။

“ပို့စကတ်တော့ သူ့ဆီ မရောက်တော့ဘူး ထင်ပါရဲ့”
“ဒီမှာ ဒီမှာ ဒေါ်မိုးသူဇာ။ ဘာသဘောနဲ့ ဒီပို့စကတ်ကို သူ့ဆီ ရောက်စေချင်ရတာလဲ။ ရှင်နဲ့သူနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ”

အမျိုးသမီးရန်တွေ့ချေပြီ။

“အို ဘာသဘောနဲ့ ပို့စကတ်ပို့တယ်ဆိုတာတော့ ဒေါ်ဖြူနှင်းလွင် အသိဆုံးနေမှာပေါ့။ ဘယ်လိုပတ်သတ်တယ် ဆိုတာလဲ ဖြူနှင်းလွင် သိနိုင်ပါတယ်”
“ဘယ်လိုလဲ ကျွန်မကို .. အဲ ဖြူ့ကို ရှင်းရှင်းပြောစမ်းပါ ဒေါ်မိုးသူဇာ”

သူမ၏အသံများ မသိမသာတုန်နေသည်။ ကျွန်မအသံလည်း မသိမသာ တုန်လာသည်။

“အချစ်နဲ့ရော ဘဝနဲ့ပါရင်းပြီး တည်ဆောက်ရတဲ့ အိမ်ထောင်တစ်ခုကို ဘယ်လို အနှောင့်အယှက်မျိုးမှ မဝင်စေ့ချင်ကြတာ ဓမ္မတာပါပဲ ဒေါ်ဖြူနှင်းလွင်”
“ဘာတွေပြောနေတာလဲ။ ရှင်းရှင်းပြောစမ်းပါ”
“ဒီလောက်လဲ ဒေါသမကြီးပါနဲ့။ တကယ်တော့ ကျွန်မဟာ ဦးကြည်မောင်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ မိုးသူဇာလဲ မဟုတ်ပါဘူး။ ဦးအောင်လွင်ရဲ့ ဇနီး ခင်ထားထားပါ မစံပယ်”

နောက်ဆုံးစကားလုံးများကို သူမပြတ်ပြတ်သားသား ကြားနိုင်ရန် ကျွန်မက ပီပီသသကြီး ပြောချလိုက်ပြီး တယ်လီဖုန်းကိုလည်း အမြန်ဆုံးချပစ်လိုက်ပါသည်။

ကျွန်မရင်ထဲမှာ ပေါ့သွားသည်။ အနှစ်နှစ်အလလက တင်ရှိနေသော ရာဇဝင်အကြွေးကို ပေးဆပ်လိုက်ရသကဲ့သို့ပင် ဖြစ်၏။

သို့သော် ကျွန်မသည် ဖူးသစ်စ အိမ်ထောင်တစ်ခုကို သံသယတွေ ပဋိပက္ခတွေဖြင့် ထိခိုက်နစ်နာသွားစေနိုင်လောက်အောင် ရည်ရွယ်တုံ့ပြန်ခြင်း မရှိခဲ့ပါ ဆိုသည်ကိုတော့ ဖြူနှင်းလွင်ခေါ် မစံပယ်တစ်ယောက် သိနားလည်တန် ကောင်းပါရဲ့။

---------------
မိုးမိုး (အင်းလျား)
တိုင်းရင်းမေ၊ ၁၉၇၄။
 

No comments:

Post a Comment