Zawgyi version
ေယာေဒသကိုခုတ္ေမာင္းလာတဲ့ အာဏာရွင္ရထား
ဖိုးေမာင္(ျမန္မာစာ)
ကၽြန္ေတာ္ႏွစ္တန္းႏွစ္မွာ ဂန္႔ေဂါ- ကေလးရထားလမ္းစတင္ေဖာက္လုပ္တယ္လို႔မွတ္မိေနပါတယ္။ ဂန္႔ေဂါ ကေလးရထားလမ္းေဖာက္ေတာ့ ကၽြန္ေတာ္တို႔ေဒသက လူေတြအခမဲ့ေန႔စဥ္လုပ္အားေပးၾကရတယ္။ တစ္ရက္ႏွစ္ရက္မဟုတ္ပါဘူး။ ေန႔စဥ္ရက္ဆက္ပါ။ တစ္လႏွစ္လ မဟုတ္ပါဘူး။ ရထားလမ္းမၿပီးမခ်င္းပါ။ ကိုယ့္ ထမင္းကိုယ္စားၿပီး တစ္အိမ္တစ္ေယာက္အခမဲ့လုပ္အားေပးၾကရပါတယ္။ အိမ္ေထာင္ဦးစီးတစ္ေယာက္ထဲ လုပ္မယ့္ကိုင္မယ့္သူရွိတဲ့ အိမ္ေထာင္စုေတြဟာ ဒုကၡတြင္းဆံုးက်ၾကပါတယ္။ ရထားလမ္းလုပ္ဖို႔ လူငွားထည့္မယ္ ဆိုရင္လည္း လုပ္အားခကတစ္ရက္ကိုတစ္ရာပါ။ ဝန္ထမ္းလစာမွ တစ္ေထာင္ေက်ာ္ေလးရတဲ့ အဲဒီခ်ိန္ခါမွာ ေန႔စဥ္ရက္ဆက္လူငွားၿပီးထည့္ဖို႔ဆိုတာမလြယ္လွပါဘူး။ ကၽြဲႏြားေတြျပဳတ္ကုန္ၾကတယ္။ ယာခင္းေတြျပဳတ္ကုန္ ၾကတယ္။ ဘယ္လိုမွမတတ္ႏိုင္တဲ့ မိသားစုေတြကေတာ့ အေဝးကိုေျပာင္းေျပးကုန္ၾကတယ္။ ဒီလိုေျပာင္းေျပးတဲ့ ထဲမွာ အေဖ့ရဲ႕အစ္ကိုတစ္ေယာက္လည္းပါပါတယ္။ ရထားလမ္းၿပီးရြာကိုျပန္ေရာက္လာေတာ့ သူ႔ခင္မ်ာစီးပြား ေရးကိုတစ္ကျပန္စရတာပါပဲ။ ကၽြန္ေတာ့္အေဖက ေက်ာင္းဆရာမို႔ လုပ္အားေပးမလိုက္ရပါဘူး။ လိုက္ရရင္လည္း ေဖေဖ့လစာက လူငွားဆယ့္ႏွစ္ရက္စာပဲရွိတာေလ။
ရထားလမ္းလုပ္အားေပးမွာ ႀကီးၾကပ္တဲ့သူေတြက စစ္သားေတြျဖစ္ပါတယ္။ ႐ိုးသားတဲ့ေတာသူေတာင္သားေတြ ဟာ ႀကီးၾကပ္တဲ့စစ္သားတစ္ခ်ိဳ႕ရဲ႕ ရင့္သီးတဲ့အေျပာအဆိုေတြ၊ဆူဆဲမူေတြကိုခံၾကရပါတယ္။ ဒီလိုဆူဆဲခံရတဲ့ အေၾကာင္း ျပန္ေျပာတာေတြကို ရြာထဲမွာကၽြန္ေတာ္တို႔ျပန္ၾကားရတာခဏခဏပါပဲ။ တစ္ခ်ိဳ႕ကိစၥေတြက ရယ္စရာ။ တစ္ခ်ိဳ႕ကိစၥေတြက ေမာစရာ၊ နာစရာေတြပါ။ ႐ိုင္းစိုင္းတဲ့ႀကီးၾကပ္သူေတြကို ပါးစပ္က ဆရာ ဆရာ ေခၚၿပီး ႐ို႐ိုေသေသဆက္ဆံေနၾကေပမယ့္ စိတ္ထဲကေအာ့ႏွလံုးနာၿပီး မုန္းၾကပါတယ္။ ေတာသူေတာင္သားဆို တာက အနီးကပ္ရင္ဆိုင္ရတဲ့ကိစၥပဲသိတာကိုး။ စနစ္အေၾကာင္းေတြ၊ စနစ္သာတရားခံဆိုတာေတြ ဘယ္သူသိပါ့ မလဲ။ အသိပညာအေမွာင္ခ်ထားခံရတဲ့အေမွာင္ေခတ္ႀကီးေလ။ လက္ေတြ႕မွာတရားလား၊မတရားလားဆိုတာေတာ့ အားလံုးသိၾကပါတယ္။ ဒါေပမယ့္ စိုးတထိတ္ထိတ္နဲ႔ ထိတ္လန္႔ေနရတဲ့ ေၾကာက္ရြံ႕မူ ေခတ္ႀကီးေလ။ အဲဒီလိုေခတ္ႀကီးထဲမွာ ရဲေတြ၊စစ္သားေတြဟာ တသီးတျခားဆန္တဲ့လူေတြျဖစ္ခဲ့ရပါတယ္။ အခုလို သိတတ္တဲ့အရြယ္မွာ သူတို႔ကိုလည္း ဂ႐ုဏာသက္မိပါတယ္။ ကၽြန္ေတာ္က ေတာထဲသြားရတာ တေစၧေၾကာက္တဲ့ အေၾကာင္းကၽြန္ေတာ့္ဖႀကီးဝမ္းကြဲကိုေျပာေတာ့ သူျပန္ေျပာတဲ့စကားကိုၾကားေယာင္ၿပီး ျပံဳးမိပါ ရဲ႕။ တေစၧကိုမေၾကာက္နဲ႔။ ရဲနဲ႔ေခြးကိုပဲေၾကာက္။ ရဲကဖမ္းတတ္တယ္။ေခြးကကိုက္တတ္တယ္တဲ့။ သူကေတာထဲ မွာလႊစင္ေထာင္ၿပီးလႊဆြဲေတာ့ ေၾကာက္ရေပတာကိုး။
ကၽြန္ေတာ္တို႔ရြာကိုလာရင္ အၿမဲအရက္မူးေနတဲ့ရဲသားႀကီးတစ္ေယာက္ကိုလည္းမွတ္မိပါေသးတယ္။ သူကရဲဆိုေတာ့ ရြာကအရက္ဆိုင္မွာ အရက္အလကားေသာက္ရပါတယ္။ ညအခ်ိန္အရက္ေသာက္ၿပီးျပန္လာ ၿပီဆို ေခြးေတြကသူ႔ကိုေဟာင္၊ သူကေခြးေတြကိုေအာ္ဆဲနဲ႔ ရြာရဲ႕တစ္ခုတည္းေသာလမ္းဟာ ဆူညံေနေတာ့ တာပါပဲ။ ဘယ္ေလာက္ပဲဆူညံေနဆူညံေန တစ္ရြာလံုးကသူ႔ကိုအလစ္မလုပ္ၾကပါဘူး။ သူလူမွန္းသူမွန္းမသိမူး ၿပီးျပန္လာတဲ့ညေတြဆို ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္အစ္ကိုဝမ္းကြဲ မင္းႀကိဳင္ဟာ သူ႔ေနာက္ဘက္ခပ္လွမ္းလွမ္းကေန ေမွာင္ရိပ္ခိုလိုက္ရင္း သူ႔ကိုေလွာင္ေျပာင္ၾကတာေပါ့။
ေဆာင္းရာသီညတစ္ညမွာ ကၽြန္ေတာ္ရယ္၊ကၽြန္ေတာ့္အရီးရယ္မီးဖိုေဘးမွာ မီးလႈံေနၾကပါတယ္။ ကၽြန္ေတာ္တို႔မီး လံူေနတုန္း ရြာထဲကကၽြန္ေတာ့္ဖႀကီးဝမ္းကြဲတစ္ေယာက္ ေရာက္လာပါတယ္။ သူ႔လက္ထဲမွာစစ္ေျခအိတ္ တစ္စံုလည္းပါရဲ႕။ အရီးနဲ႔သူ ႏွစ္ေယာက္သားမဲႏိူက္ၾကပါတယ္။ သူမဲေပါက္သြားလို႔ စစ္ေျခအိတ္ကိုယူၿပီး ျပန္သြားပါတယ္။ စစ္ေျခအိတ္ကိုသူရသြားၿပီေပါ့။ ေျခအိတ္ဖိုးကိုေတာ့ စစ္သားေတြကိုသူေပးရမွာပါ။ စစ္ျခင္ေထာင္၊ တီရွပ္၊ ေျခအိတ္တို႔ကို ရြာအလိုက္ခြဲတမ္းခ်ပါတယ္။ ရြာထဲကလူေတြမဲႏိူက္ၿပီး မဲေပါက္တဲ့သူက ဝယ္ၾကရပါတယ္။ ႐ိုး႐ိုးစစ္သားေတြခင္ဗ်ာ သူတို႔ရတဲ့လခနဲ႔ မလံုေလာက္လို႔ သူတို႔ရတဲ့ပစၥည္းေတြကို ေရာင္းစား ၾကတာေနမွာပါ။
ဂန္႔ေဂါ-ကေလး မီးရထားလမ္းဖြင့္ပြဲဟာ ကၽြန္ေတာ့္ငယ္ဘဝရဲ႕အမွတ္တရေတြထဲကတစ္ခုေပါ့။ ကၽြန္ေတာ္ရယ္၊ ကၽြန္ေတာ့္ညီေလးရယ္၊ အရီးရယ္ တူဝရီးသံုးေယာက္ေတာင္ခင္ရမ္းဘူတာကိုလွည္းနဲ႔သြားခဲ့ၾကတာေပါ့။ ကၽြန္ေတာ္တို႔က ကေလးဆိုေတာ့ေပ်ာ္တာေပါ့။ တစ္ရြာကို အကအဖြဲ႕တစ္ခုစီထြက္ၾကေတာ့ အကေပါင္းစံုကို အားရပါးရၾကည့္ရတယ္။ မတရားလုပ္အားေပးခိုင္းေစထားတဲ့ လမ္းဖြင့္ပြဲမွာ မတရားခိုင္းခံရတဲ့သူေတြကို ႔မျဖစ္မေနမီးရထားကိုအကနဲ႔ႀကိဳၾကရမယ္လို႔ အမိန္႔ေပးထားတာကိုမွမသိဘဲ။ လူေတြအမ်ားႀကီးစည္ကားတာသာ သိၿပီး တစ္အိမ္တစ္ေယာက္မျဖစ္မေနလာရမယ္လို႔ အတင္းေခၚထားတာကိုမွမသိဘဲ။ ရထားႀကီးဘူတာကို ဝင္လာေတာ့ ကၽြန္ေတာ္တို႔ေတြအလံေလးေတြေဝွ႕ၿပီးႀကိဳၾကရပါတယ္။ ဂန္႔ေဂါ-ကေလးရထားဟာ ဘာမွမေျပာပ ေလာက္ေပမယ့္ အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္အတြက္ေတာ့ ဧရာမရထားႀကီးပါပဲ။ ရထားေပၚမွာ မီးရထားဝန္ ႀကီးပါလာသတဲ့။ ဝန္ႀကီးဆိုတာကိုတစ္ခါမွ မျမင္ဘူးလို႔ရထားေပၚေသေသခ်ာခ်ာၾကည့္ခဲ့ေပမယ့္ ဘယ္သူဟာ ဝန္ႀကီးမွန္းကၽြန္ေတာ္မသိလိုက္ပါဘူး။
ဂန္႔ေဂါ-ကေလး ရထားလမ္းဖြင့္ပြဲၿပီးေတာ့လည္း ရထားလမ္းလုပ္အားေပးကိစၥကျပတ္မသြားေသးပါဘူး။ စစ္အစိုး ရက ဂန္႔ေဂါ-ေရမ်က္နီ-ပခုကၠဴ ရထားလမ္းကိုဆက္ေဖာက္ပါတယ္။ ဒါေပမယ့္ ဂန္႔ေဂါ-ေရမ်က္နီ-ပခုကၠဴ ရထားလမ္းဟာ ေဖာက္သာေဖါက္ၿပီး ရထားေျပးဆြဲျခင္းမရွိေတာ့တာၾကာပါၿပီ။ ကၽြန္ေတာ္တို႔ေယာသူေယာသား ေတြရဲ႕ေသြးေခၽြးေတြကို အလာဟသျဖဳန္းတီးပစ္ခဲ့တဲ့လမ္းမွ်သာျဖစ္ပါတယ္။ ရထားလမ္းေၾကာင့္ေယာေဒသ ဖြတ္ဖြတ္ေက်ခဲ့သလို အက်ိဳးရွိတဲ့ကိစၥရပ္ေတြလည္းရွိပါတယ္။ ဟိုအရင္တုန္းက တစ္ရြာနဲ႔တစ္ရြာ ေျခလ်င္၊လွည္း တို႔နဲ႔သြားလာခဲ့ၾကရာက အခ်ိန္တိုတိုအတြင္းမီးရထားနဲ႔သြားလာႏိုင္လာၾကတယ္။ ဒါေပမယ့္ ရထားကမိုးရာသီဆို လမ္းပ်က္လို႔အခ်ိန္မွန္မေျပးဆြဲႏိုင္တာကမ်ားၿပီး ပြင့္လင္းရာသီမွာ လူအဆမတန္ၾကပ္လြန္းပါတယ္။ ရထားၾကမ္းျပင္ကို ေျခတစ္ဖက္ထဲေထာက္မိတဲ့အထိၾကပ္တာကို ကၽြန္ေတာ္ၾကံဳဖူးခဲ့တယ္။ ဒါေပမယ့္ ဂန္႔ေဂါ-ကေလး မီးရထားဟာအရံူးေပၚတယ္ဆိုတဲ့သတင္းေတြထြက္ခဲ့တယ္။ ရထားဝန္ထမ္းေတာ္ေတာ္မ်ားမ်ားအျဖဳတ္ ခံလိုက္ရတယ္။ ကၽြန္ေတာ္ ဂန္႔ေဂါ-ကေလး ရထားကိုအႀကိမ္ေပါင္းမ်ားစြာစီးခဲ့ဖူးပါတယ္။ အျဖဳတ္ခံလိုက္ရတဲ့ မီးရထားဝန္ထမ္းေတြထဲမွာ ကၽြန္ေတာ္နဲ႔သိတဲ့မီးရထားဝန္ထမ္းဦးေလးႀကီးတစ္ခ်ိဳ႕လည္းပါသြားၾကတယ္။ အဲဒီပါသြားတဲ့ထဲကမွ ဝဝျပည့္ျပည့္ကေလးမ်က္ႏွာနဲ႔ဦးေနေအာင္ဆိုတဲ့ဦးေလးႀကီးကို သတိရမိတယ္။ သူ႔မွာေျခတစ္ဖက္ကအတုႀကီးနဲ႔။
ဂန္႔ေဂါ-ကေလး ရထားလမ္းဟာ ေယာေဒသအဖို႔မတန္မရာေပးလိုက္ရတဲ့လမ္းတစ္ခုပါ။ ဘဝေပါင္းမွားစြာ၊ မိသားစုေပါင္းမ်ားစြာကို ျဖတ္နင္းသြားခဲ့တဲ့လမ္းပါ။ မတန္တဆေလးပဲျပန္ရလိုက္တဲ့လမ္းပါ။ ဂန္႔ေဂါ-ကေလး ရထားဟာ ႐ိုး႐ိုးသားသားေအးေအးေဆးေဆးေနထိုင္တတ္ၾကတဲ့ေယာေဒသကို အဏာရွင္ရဲ႕ျပယုဂ္ေတြ၊ လကၡဏာေတြ အျပည့္တင္ေဆာင္လာတဲ့ ရထားတစ္စင္းလို႔ဆိုႏိုင္ပါတယ္။
Unicode version
ယောဒေသကိုခုတ်မောင်းလာတဲ့ အာဏာရှင်ရထား
ဖိုးမောင်(မြန်မာစာ)
ကျွန်တော်နှစ်တန်းနှစ်မှာ ဂန့်ဂေါ- ကလေးရထားလမ်းစတင်ဖောက်လုပ်တယ်လို့မှတ်မိနေပါတယ်။ ဂန့်ဂေါ ကလေးရထားလမ်းဖောက်တော့ ကျွန်တော်တို့ဒေသက လူတွေအခမဲ့နေ့စဉ်လုပ်အားပေးကြရတယ်။ တစ်ရက်နှစ်ရက်မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက်ပါ။ တစ်လနှစ်လ မဟုတ်ပါဘူး။ ရထားလမ်းမပြီးမချင်းပါ။ ကိုယ့် ထမင်းကိုယ်စားပြီး တစ်အိမ်တစ်ယောက်အခမဲ့လုပ်အားပေးကြရပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ထဲ လုပ်မယ့်ကိုင်မယ့်သူရှိတဲ့ အိမ်ထောင်စုတွေဟာ ဒုက္ခတွင်းဆုံးကျကြပါတယ်။ ရထားလမ်းလုပ်ဖို့ လူငှားထည့်မယ် ဆိုရင်လည်း လုပ်အားခကတစ်ရက်ကိုတစ်ရာပါ။ ဝန်ထမ်းလစာမှ တစ်ထောင်ကျော်လေးရတဲ့ အဲဒီချိန်ခါမှာ နေ့စဉ်ရက်ဆက်လူငှားပြီးထည့်ဖို့ဆိုတာမလွယ်လှပါဘူး။ ကျွဲနွားတွေပြုတ်ကုန်ကြတယ်။ ယာခင်းတွေပြုတ်ကုန် ကြတယ်။ ဘယ်လိုမှမတတ်နိုင်တဲ့ မိသားစုတွေကတော့ အဝေးကိုပြောင်းပြေးကုန်ကြတယ်။ ဒီလိုပြောင်းပြေးတဲ့ ထဲမှာ အဖေ့ရဲ့အစ်ကိုတစ်ယောက်လည်းပါပါတယ်။ ရထားလမ်းပြီးရွာကိုပြန်ရောက်လာတော့ သူ့ခင်မျာစီးပွား ရေးကိုတစ်ကပြန်စရတာပါပဲ။ ကျွန်တော့်အဖေက ကျောင်းဆရာမို့ လုပ်အားပေးမလိုက်ရပါဘူး။ လိုက်ရရင်လည်း ဖေဖေ့လစာက လူငှားဆယ့်နှစ်ရက်စာပဲရှိတာလေ။
ရထားလမ်းလုပ်အားပေးမှာ ကြီးကြပ်တဲ့သူတွေက စစ်သားတွေဖြစ်ပါတယ်။ ရိုးသားတဲ့တောသူတောင်သားတွေ ဟာ ကြီးကြပ်တဲ့စစ်သားတစ်ချို့ရဲ့ ရင့်သီးတဲ့အပြောအဆိုတွေ၊ဆူဆဲမူတွေကိုခံကြရပါတယ်။ ဒီလိုဆူဆဲခံရတဲ့ အကြောင်း ပြန်ပြောတာတွေကို ရွာထဲမှာကျွန်တော်တို့ပြန်ကြားရတာခဏခဏပါပဲ။ တစ်ချို့ကိစ္စတွေက ရယ်စရာ။ တစ်ချို့ကိစ္စတွေက မောစရာ၊ နာစရာတွေပါ။ ရိုင်းစိုင်းတဲ့ကြီးကြပ်သူတွေကို ပါးစပ်က ဆရာ ဆရာ ခေါ်ပြီး ရိုရိုသေသေဆက်ဆံနေကြပေမယ့် စိတ်ထဲကအော့နှလုံးနာပြီး မုန်းကြပါတယ်။ တောသူတောင်သားဆို တာက အနီးကပ်ရင်ဆိုင်ရတဲ့ကိစ္စပဲသိတာကိုး။ စနစ်အကြောင်းတွေ၊ စနစ်သာတရားခံဆိုတာတွေ ဘယ်သူသိပါ့ မလဲ။ အသိပညာအမှောင်ချထားခံရတဲ့အမှောင်ခေတ်ကြီးလေ။ လက်တွေ့မှာတရားလား၊မတရားလားဆိုတာတော့ အားလုံးသိကြပါတယ်။ ဒါပေမယ့် စိုးတထိတ်ထိတ်နဲ့ ထိတ်လန့်နေရတဲ့ ကြောက်ရွံ့မူ ခေတ်ကြီးလေ။ အဲဒီလိုခေတ်ကြီးထဲမှာ ရဲတွေ၊စစ်သားတွေဟာ တသီးတခြားဆန်တဲ့လူတွေဖြစ်ခဲ့ရပါတယ်။ အခုလို သိတတ်တဲ့အရွယ်မှာ သူတို့ကိုလည်း ဂရုဏာသက်မိပါတယ်။ ကျွန်တော်က တောထဲသွားရတာ တစ္ဆေကြောက်တဲ့ အကြောင်းကျွန်တော့်ဖကြီးဝမ်းကွဲကိုပြောတော့ သူပြန်ပြောတဲ့စကားကိုကြားယောင်ပြီး ပြုံးမိပါ ရဲ့။ တစ္ဆေကိုမကြောက်နဲ့။ ရဲနဲ့ခွေးကိုပဲကြောက်။ ရဲကဖမ်းတတ်တယ်။ခွေးကကိုက်တတ်တယ်တဲ့။ သူကတောထဲ မှာလွှစင်ထောင်ပြီးလွှဆွဲတော့ ကြောက်ရပေတာကိုး။
ကျွန်တော်တို့ရွာကိုလာရင် အမြဲအရက်မူးနေတဲ့ရဲသားကြီးတစ်ယောက်ကိုလည်းမှတ်မိပါသေးတယ်။ သူကရဲဆိုတော့ ရွာကအရက်ဆိုင်မှာ အရက်အလကားသောက်ရပါတယ်။ ညအချိန်အရက်သောက်ပြီးပြန်လာ ပြီဆို ခွေးတွေကသူ့ကိုဟောင်၊ သူကခွေးတွေကိုအော်ဆဲနဲ့ ရွာရဲ့တစ်ခုတည်းသောလမ်းဟာ ဆူညံနေတော့ တာပါပဲ။ ဘယ်လောက်ပဲဆူညံနေဆူညံနေ တစ်ရွာလုံးကသူ့ကိုအလစ်မလုပ်ကြပါဘူး။ သူလူမှန်းသူမှန်းမသိမူး ပြီးပြန်လာတဲ့ညတွေဆို ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုဝမ်းကွဲ မင်းကြိုင်ဟာ သူ့နောက်ဘက်ခပ်လှမ်းလှမ်းကနေ မှောင်ရိပ်ခိုလိုက်ရင်း သူ့ကိုလှောင်ပြောင်ကြတာပေါ့။
ဆောင်းရာသီညတစ်ညမှာ ကျွန်တော်ရယ်၊ကျွန်တော့်အရီးရယ်မီးဖိုဘေးမှာ မီးလှုံနေကြပါတယ်။ ကျွန်တော်တို့မီး လူံနေတုန်း ရွာထဲကကျွန်တော့်ဖကြီးဝမ်းကွဲတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာစစ်ခြေအိတ် တစ်စုံလည်းပါရဲ့။ အရီးနဲ့သူ နှစ်ယောက်သားမဲနိူက်ကြပါတယ်။ သူမဲပေါက်သွားလို့ စစ်ခြေအိတ်ကိုယူပြီး ပြန်သွားပါတယ်။ စစ်ခြေအိတ်ကိုသူရသွားပြီပေါ့။ ခြေအိတ်ဖိုးကိုတော့ စစ်သားတွေကိုသူပေးရမှာပါ။ စစ်ခြင်ထောင်၊ တီရှပ်၊ ခြေအိတ်တို့ကို ရွာအလိုက်ခွဲတမ်းချပါတယ်။ ရွာထဲကလူတွေမဲနိူက်ပြီး မဲပေါက်တဲ့သူက ဝယ်ကြရပါတယ်။ ရိုးရိုးစစ်သားတွေခင်ဗျာ သူတို့ရတဲ့လခနဲ့ မလုံလောက်လို့ သူတို့ရတဲ့ပစ္စည်းတွေကို ရောင်းစား ကြတာနေမှာပါ။
ဂန့်ဂေါ-ကလေး မီးရထားလမ်းဖွင့်ပွဲဟာ ကျွန်တော့်ငယ်ဘဝရဲ့အမှတ်တရတွေထဲကတစ်ခုပေါ့။ ကျွန်တော်ရယ်၊ ကျွန်တော့်ညီလေးရယ်၊ အရီးရယ် တူဝရီးသုံးယောက်တောင်ခင်ရမ်းဘူတာကိုလှည်းနဲ့သွားခဲ့ကြတာပေါ့။ ကျွန်တော်တို့က ကလေးဆိုတော့ပျော်တာပေါ့။ တစ်ရွာကို အကအဖွဲ့တစ်ခုစီထွက်ကြတော့ အကပေါင်းစုံကို အားရပါးရကြည့်ရတယ်။ မတရားလုပ်အားပေးခိုင်းစေထားတဲ့ လမ်းဖွင့်ပွဲမှာ မတရားခိုင်းခံရတဲ့သူတွေကို့မဖြစ်မနေမီးရထားကိုအကနဲ့ကြိုကြရမယ်လို့ အမိန့်ပေးထားတာကိုမှမသိဘဲ။ လူတွေအများကြီးစည်ကားတာသာ သိပြီး တစ်အိမ်တစ်ယောက်မဖြစ်မနေလာရမယ်လို့ အတင်းခေါ်ထားတာကိုမှမသိဘဲ။ ရထားကြီးဘူတာကို ဝင်လာတော့ ကျွန်တော်တို့တွေအလံလေးတွေဝှေ့ပြီးကြိုကြရပါတယ်။ ဂန့်ဂေါ-ကလေးရထားဟာ ဘာမှမပြောပ လောက်ပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော့်အတွက်တော့ ဧရာမရထားကြီးပါပဲ။ ရထားပေါ်မှာ မီးရထားဝန် ကြီးပါလာသတဲ့။ ဝန်ကြီးဆိုတာကိုတစ်ခါမှ မမြင်ဘူးလို့ရထားပေါ်သေသေချာချာကြည့်ခဲ့ပေမယ့် ဘယ်သူဟာ ဝန်ကြီးမှန်းကျွန်တော်မသိလိုက်ပါဘူး။
ဂန့်ဂေါ-ကလေး ရထားလမ်းဖွင့်ပွဲပြီးတော့လည်း ရထားလမ်းလုပ်အားပေးကိစ္စကပြတ်မသွားသေးပါဘူး။ စစ်အစိုး ရက ဂန့်ဂေါ-ရေမျက်နီ-ပခုက္ကူ ရထားလမ်းကိုဆက်ဖောက်ပါတယ်။ ဒါပေမယ့် ဂန့်ဂေါ-ရေမျက်နီ-ပခုက္ကူ ရထားလမ်းဟာ ဖောက်သာဖေါက်ပြီး ရထားပြေးဆွဲခြင်းမရှိတော့တာကြာပါပြီ။ ကျွန်တော်တို့ယောသူယောသား တွေရဲ့သွေးချွေးတွေကို အလာဟသဖြုန်းတီးပစ်ခဲ့တဲ့လမ်းမျှသာဖြစ်ပါတယ်။ ရထားလမ်းကြောင့်ယောဒေသ ဖွတ်ဖွတ်ကျေခဲ့သလို အကျိုးရှိတဲ့ကိစ္စရပ်တွေလည်းရှိပါတယ်။ ဟိုအရင်တုန်းက တစ်ရွာနဲ့တစ်ရွာ ခြေလျင်၊လှည်း တို့နဲ့သွားလာခဲ့ကြရာက အချိန်တိုတိုအတွင်းမီးရထားနဲ့သွားလာနိုင်လာကြတယ်။ ဒါပေမယ့် ရထားကမိုးရာသီဆို လမ်းပျက်လို့အချိန်မှန်မပြေးဆွဲနိုင်တာကများပြီး ပွင့်လင်းရာသီမှာ လူအဆမတန်ကြပ်လွန်းပါတယ်။ ရထားကြမ်းပြင်ကို ခြေတစ်ဖက်ထဲထောက်မိတဲ့အထိကြပ်တာကို ကျွန်တော်ကြုံဖူးခဲ့တယ်။ ဒါပေမယ့် ဂန့်ဂေါ-ကလေး မီးရထားဟာအရူံးပေါ်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့တယ်။ ရထားဝန်ထမ်းတော်တော်များများအဖြုတ် ခံလိုက်ရတယ်။ ကျွန်တော် ဂန့်ဂေါ-ကလေး ရထားကိုအကြိမ်ပေါင်းများစွာစီးခဲ့ဖူးပါတယ်။ အဖြုတ်ခံလိုက်ရတဲ့ မီးရထားဝန်ထမ်းတွေထဲမှာ ကျွန်တော်နဲ့သိတဲ့မီးရထားဝန်ထမ်းဦးလေးကြီးတစ်ချို့လည်းပါသွားကြတယ်။ အဲဒီပါသွားတဲ့ထဲကမှ ဝဝပြည့်ပြည့်ကလေးမျက်နှာနဲ့ဦးနေအောင်ဆိုတဲ့ဦးလေးကြီးကို သတိရမိတယ်။ သူ့မှာခြေတစ်ဖက်ကအတုကြီးနဲ့။
ဂန့်ဂေါ-ကလေး ရထားလမ်းဟာ ယောဒေသအဖို့မတန်မရာပေးလိုက်ရတဲ့လမ်းတစ်ခုပါ။ ဘဝပေါင်းမှားစွာ၊ မိသားစုပေါင်းများစွာကို ဖြတ်နင်းသွားခဲ့တဲ့လမ်းပါ။ မတန်တဆလေးပဲပြန်ရလိုက်တဲ့လမ်းပါ။ ဂန့်ဂေါ-ကလေး ရထားဟာ ရိုးရိုးသားသားအေးအေးဆေးဆေးနေထိုင်တတ်ကြတဲ့ယောဒေသကို အဏာရှင်ရဲ့ပြယုဂ်တွေ၊ လက္ခဏာတွေ အပြည့်တင်ဆောင်လာတဲ့ ရထားတစ်စင်းလို့ဆိုနိုင်ပါတယ်။
No comments:
Post a Comment