Zawgyi Version
ေဒြြးႀကီး
~~~~~
ေဝယံ(ရမည္းသင္း)
~~~~~
ေဝယံ(ရမည္းသင္း)
ေဒြးႀကီးသည္ ႐ုပ္႐ွင္မင္းသား 'ေဒြး ' အား ဆိုလိုျခင္းမဟုတ္ပါ။
ထို႔အတူူူေဒြးႀကီးသည္ေယာက်္ားတစ္ေယာက္
လည္းမဟုတ္ပါ။ ေဒြးႀကီးသည္ မိန္းမတစ္ေယာက္။
အတိအက်ဆိုရေသာ္ အသက္ ၆၅ ႏွစ္ခန္႔႐ွိအဘြားႀကီး
တစ္ဦးသာ ျဖစ္ပါသည္။ ထို႔အျပင္ ေဒြးႀကီးသည္
လူႀကီးတစ္ေယာက္ျဖစ္သလို ကေလးတစ္ေယာက္လည္း
ျဖစ္သည္။ အေၾကာင္းမွာ ေဒြးႀကီးသည္ သူငယ္ျပန္သည့္
စိတ္ေရာဂါ႐ွိေသာ အဘြားႀကီးတစ္ဦးပင္ ျဖစ္ေပေတာ့၏။
ေဒြးႀကီးသည္ က်ြန္ေတာ္တို႔ကဲ့သို႔ ေခြလွိမ့္သည္။
ေမ်ွာ႔ကြင္း ( သားေရကြင္း ) ပစ္သည္။ ေသနတ္ပစ္တမ္း၊
ေျပးတမ္းလိုက္တမ္းကစားသည္။ ေခါင္းပန္းလွန္လည္း
ပါသည္။ ႐ုပ္႐ွင္ဝွက္တမ္း ကစားလ်ွင္လည္း က်န္မေန။
ဒိုးထိုးလ်ွင္ေတာ့ ေဘးမွ ထိုင္ၾကည့္ေနတတ္၏။ အေၾကာင္းမွာ ေဒြးႀကီးသည္ ဒိုးမထိုးတတ္၍ ျဖစ္သည္။
ဒါ့အျပင္ က်ြန္ေတာ္တို႔ကဲ့သို႔ပင္ႏွပ္ေခ်းတြဲြဲေလာင္း
အား လက္ခံုျဖင့္ သုတ္ေလ့႐ွိသည္။သို႔ေသာ္ က်ြန္ေတာ္
တို႔ကဲ့သို႔ စြပ္က်ယ္အ႐ွည္ႀကီးမ်ားမဝတ္ပါ။
ေဒြးႀကီးအိမ္က ေပးမဝတ္၍ ျဖစ္ေခ်မည္။
ေဒြးႀကီးဆိုသည္မွာ သူမ၏ အမည္ရင္း မဟုတ္ပါ။ က်ြန္ေတာ္တို႔ ကေလးတစ္သိုက္ ေနာက္ေျပာင္ေခၚရာမွ
' ေဒြးႀကီး' ဟုအမည္တြင္ခဲ့ျခင္း ျဖစ္ပါသည္။အေၾကာင္းမွာ
ေဒြးႀကီးက စကားေျပာလ်ွင္ အၿမဲလိုလို ေျပာင္းျပန္ေျပာ
ေလ့႐ွိသည္။ ဥပမာ- က်ြန္ေတာ့္နံမည္ ' ဖိုးသား' အား သူက
' သားဖိုး' ဟုေခၚသည္။ ထို႔ေၾကာင့္ က်ြန္ေတာ့္ သူငယ္ခ်င္းမ်ား ျဖစ္ေသာ ဖိုးေထာင္၊ဖိုးေမာင္၊မင္းေအာင္၊
ေအးေအးေထြး၊ ႏွင္းေမာင္တို႔သည္ ေဒြးႀကီးေၾကာင့္
ေထာင္ဖိုး၊ ေမာင္ဖိုး၊ ေအာင္မင္း၊ေထြးေအးေအး၊
ေမာင္ႏွင္းတို႔ ျဖစ္ကုန္ရေတာ့သည္။
ယုတ္စြအဆံုး က်ြန္ေတာ္တို႔ ခ်က္ေပၚလ်ွင္ပင္
' ေပၚခ်က္' ၊'ေပၚခ်က္' ဟုဆိုကာ ေျပာင္းျပန္ေျပာၿပီးမွ
စေနာက္တတ္၏။ သူ႔တစ္အိမ္လံုးက ေဒြးႀကီးအား ႀကီးေဒြး ( ဂ်ီးေဒြး ) ဟုေခၚဆိုျခင္းအား က်ြန္ေတာ္တို႔ကလည္း အားက်မခံ ' ေဒြးႀကီး' ဟုေခၚဆိုရာမွ ေဒြးႀကီးဟုသာ ႏႈတ္က်ိဳး
ေတာ့သည္။
× × × × × ×ထို႔အတူူူေဒြးႀကီးသည္ေယာက်္ားတစ္ေယာက္

ေဒြးႀကီးတြင္ ေယာက်္ားမ႐ွိေတာ့ေပ။သူ႔အိမ္တြင္ ေဒြးႀကီးက
အသက္အႀကီးဆံုးျဖစ္၍ အရီးေ႐ႊတို႔ လင္မယားႏွင့္ အတူေနပါသည္။ အရီးေ႐ႊ၌
သားသမီးငါးေယာက္႐ွိသည္။
အရီးေ႐ႊသည္ ေဒြးႀကီး၏ တူမျဖစ္၍ အရီးေ႐ႊ၏ သားသမီးမ်ားႏွင့္ ေဒြးႀကီးသည္ ေျမအဘြားေတာ္စပ္သည္ဟုေတာ့
က်ြန္ေတာ့အေမ ေျပာဖူးသည္။ ေဒြးႀကီး၏ ေျမးအငယ္
ဆံုး မႀကီးဥပင္ အသက္ ( ၁၃ ) ႏွစ္ခန္႔႐ွိသည္။ မႀကီး
ဥကလည္း က်ြန္ေတာ္တို႔ကဲ့သို႔ ေဒြးႀကီးအား ေဒြးႀကီး
ဟုပင္ ေခၚသည္။ အလားတူ မႀကီးဥ အထက္မွ အကုိ
ႀကီး အမႀကီးမ်ားလည္း ဤသု႔ိပင္ ေခၚၾကသည္။ အရီး
ေ႐ႊကေတာ့ ေဒြးႀကီိးအား အရီးဟုေခၚသည္။ ရံဖန္ရံခါ
ေဒြးႀကီးဟုလည္း ေခၚတတ္သည္။
အရီးေ႐ႊ၏ ေျပာျပခ်က္အရ ေဒြးႀကီးတြင္ သားသမီး မ႐ွိဟု သိရသည္။ ေဒြးႀကီးအား ေတာက ေဆြမ်ိဳးမ်ားထံမွ
ေခၚလာခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပသည္။ ထို႔ေၾကာင့္
က်ြန္ေတာ္တို႔ ကေလးတစ္သိုက္ထဲတြင္ ေဒြးႀကီးပါတိုး
လာခဲ့သည္။ ေဒြးႀကီးက အလြန္ရယ္ရသည္။ အစပိုင္း
ေတာ့ ေဒြးႀကီးကို အနည္းငယ္ေၾကာက္မိသည္။ မေတာ္
တစ္ခုခုထလုပ္လိုက္မွျဖင့္ဟု စိုး႐ြံ႕မိသည္။ သို႔ေသာ္ ေဒြးႀကီးကမည္သည့္အခါမ်ွ ျပန္မလုပ္ေၾကာင္း ေနာက္မွ
တျဖည္းျဖည္း သိလာရသည္။ေဒြးႀကီးက က်ြန္ေတာ္တို႔
ႏွင့္အတူ ေခြလိွမ့္သည္။သူကမေျပးႏိုင္၍ က်ြန္ေတာ္တို႔
ို႔က အေက်ာေပးရ၏။ ေခြလွိမ့္ၿပိဳင္တုိင္း သူပဲ ႐ႈံးသည္။
က်ြန္ေတာ္တို႔ကဲ့သို႔ မေျပးႏိုင္။ေခြလွိမ့္ေနစဥ္ ပါးစပ္မွ
လည္း ' လွိမ့္ေခြ လွိမ့္ေခြ' ဟု ေအာ္ေနေသးသည္။
က်ြန္ေတာ္တို႔ တူတူပုန္းတမ္းကစားလ်ွင္ ေဒြးႀကီးပါ
သည္။ ေသနတ္ပစ္တမ္းကစားလ်ွင္လည္း ပါသည္။
ေသနတ္ပစ္တမ္းကစားတိုင္း အၿမဲၿမဲလိုလိုပင္ အျငင္းသန္
သည္။ က်ြန္ေတာ္တို႔ဘက္မွ သူ႔အား ပါးစပ္ေသနတ္ျဖင့္
' ဒိုင္း....ဒိုင္း....ဒိုင္း ေဒြးႀကီးေသၿပီ ' ဟုဆိုလ်ွင္ ' ဘူးေသ.. ဘူးေသေဟ့ ' ' ဘူးေသ.. ဘူးေသ ' ဟု
ေအာ္၍ ျငင္းေလ့႐ွိသည္။
ေဒြးႀကီးက အဲဒီလို အျငင္းသန္၏။ က်ြန္ေတာ္တို႔သာ တစ္ေယာက္ၿပီးတစ္ေယာက္ ေသေပးရေပမယ့္ သူက
ဘယ္ေတာ့မွ မေသ။ အၿမဲတမ္းက်ည္ၿပီး၍ အၿမဲတမ္း
ကုိယ္ေပ်ာက္ခဲ့ေလသည္။
တစ္ပြဲတစ္ေလေလာက္ ျငင္းတယ္ဆိုလ်ွင္ လက္ခံေပးလို႔ရပါသည္။ ပြဲတုိင္း ဒီလိုခ်ည္းပဲဆိုေတာ့ က်ြန္ေတာ္တို႔
လည္း သည္းမခံႏိုင္ၾကေတာ့ဘဲ သူငယ္
္ခ်င္းမ်ားက ေဒြးႀကီးကို ကစားဝိုင္းမွ ဖယ္လိုက္ၾက၏။
ယင္းသို႔ ကစားဝိုင္းမွ အပယ္ခံရလ်ွင္ ေဒြးႀကီးမွာ မ်က္ရည္ကေလး ကလယ္ကလယ္ျဖင့္ ႐ွိေနတတ္၏။ ငိုကားမငို။
လည္ေခ်ာင္းအရင္းမွ ထြက္ေသာအသံျဖင့္ ' အစ္.. အစ္ ' ဟုသာ ႐ႈိက္၏။
က်ြန္ေတာ္လည္း ႏွင္းေမာင္တို႔၊ ေအးေအးေထြးတို႔
ကဲ့သို႔ ေဒြးႀကီးအား ပညာေပးလိုက္ခ်င္ပါသည္။ သို႔ေသာ္
က်ြန္ေတာ္ မလုပ္ခဲ့ပါ။ေဒြးႀကီးကို သနား၍ မဟုတ္ပါ။
က်ြန္ေတာ့္အေမက တားျမစ္ထား၍ ျဖစ္သည္။အေမက-

' တကယ္ဆို ေဒြးႀကီးက အေမတို႔ကေတာင္ အေမ
ေခၚရမယ့္ အ႐ြယ္ပါ သားရယ္ ၊ ဒါေပမယ့္ ေဒြးႀကီးခမ်ာ'

ဟု အစခ်ီၿပီး က်ြန္ေတာ့ကို စိတ္႐ွည္လက္႐ွည္ႏွင့္ ႐ွင္းျပကာ
တားျမစ္ခဲ့ပါသည္။ အေမ႐ွင္းျပသည္ကို ေကာင္းေကာင္းနားမလည္ေသာ္လည္း
ဒီလိုလုပ္လ်ွင္ အေမမႀကိဳက္မွန္းသိ၍ က်ြန္ေတာ္ ဘာမ်ွ မလုပ္ခဲ့ပါ။
အသို႔ေၾကာင့္ ျဖစ္မည္ထင္သည္။ ေဒြးႀကီးက သူ႔ကို အျခားသူငယ္ခ်င္းမ်ားကဲ့သို႔ ရန္မ႐ွာေသာက်ြန္ေတာ့္ကို
အေတာ္ပင္ ခင္မင္၏၊ အားကိုး၏၊ ခ်စ္ခင္တြယ္တာ၏။
သည္လို ျဖစ္တာကိုသိပ္မႏွစ္ၿမိဳ႕ေသာ္လည္း အက်ိဳးေက်းဇူးတစ္ခုေတာ့ရ၏။၄င္းမွာ ေဒြးႀကီးက က်ြန္ေတာ့ေျပာစကားကို နားေထာင္ျခင္းပင္။
က်ြန္ေတာ္က ထိုင္ဆိုထိုင္၊ ထဆိုထ။မပါႏွင့္၊ မကစား
နဲ႔ေတာ့ဆိုလ်ွင္ ေဘးထြက္ထိုင္ရ၏။ျပန္ေတာ့ဆိုိုလ်ွင္
လည္း ျပန္ရ႐ွာ၏။ေဒြးႀကီးကား က်ြန္ေတာ့္မ်က္ႏွာကို
ိုၾကည့္ေနရ႐ွာသူပင္ ျဖစ္သည္။
ေဒြးႀကီးသည္ သူ႔အိမ္ထက္ပင္ က်ြန္ေတာ့္ကို အားကိုးခ်စ္ခင္႐ွာ၏။သူ႔အိမ္မွထမင္းေက်ြးမရလ်ွင္

္ ' သားဖိုးကစားခိုင္းတာ၊ ထမင္းမစားလ်ွင္ မေခၚေတာ့ဘူးလို႔ေျပာတယ္'
ဟု ဆိုလိုက္တာႏွင့္ ကိစၥျပတ္ စားၿပီးသားပင္။
ဖိုးေမာင္တို႔၊ ႏွင္းေမာင္တို႔က ရန္႐ွာသည္ႏွင့္
က်ြန္ေတာ့္ထံ အေျပးကေလးလာ၍ တိုင္တန္းေလ့
့႐ွိေနၿပီ။သူ အားကိုးရေနၿပီေလ။သည္လိုအခါတိုင္း
လည္း က်ြန္ေတာ္ ' ပြႀကီး' ျဖစ္ခဲ့ရပါသည္။သူငယ္ခ်င္း
ေတြကေတာ့ သိပ္မၾကည္ၾက။အဆိုးဆံုးက ေအးေအးေထြး
ပင္။အငယ္ဆံုးလည္းျဖစ္၊မိန္းကေလး လည္းျဖစ္သည့္အျပင္
ထိုအခြင့္အေရးမ်ားက အရင္ သူတစ္ဦးတည္း မူပိုင္ျဖစ္သည္။သို႔ေသာ္ေနာက္ပိုင္း သူက်ြန္ေတာ့္ကို စိတ္ေကာက္ေတာ့ပါ။ေကာက္၍ မရေတာ့၍ ျဖစ္ပါသည္။

ဤသို႔ဤႏွယ္ အဖြယ္ဖြယ္ေသာ အေၾကာင္းအခ်က္
္တို႔ေၾကာင့္ ေဒြးႀကီး၏ သူငယ္ျပန္ေနေသာ ကေလးဘဝ
ေလးတြင္ က်ြန္ေတာ္သည္သာသူ႔ဘဝ၏ တစ္ဦးတည္း
ေသာသူငယ္ခ်င္း၊ တစ္ဦးတည္းေသာ တြယ္တာစရာ၊
တစ္ဦးတည္းေသာကိုးကြယ္ရာပင္ ျဖစ္ေပေတာ့သည္။
× × × × × × × × × × ္တို႔ေၾကာင့္ ေဒြးႀကီး၏ သူငယ္ျပန္ေနေသာ ကေလးဘဝ
ေလးတြင္ က်ြန္ေတာ္သည္သာသူ႔ဘဝ၏ တစ္ဦးတည္း
ေသာသူငယ္ခ်င္း၊ တစ္ဦးတည္းေသာ တြယ္တာစရာ၊
တစ္ဦးတည္းေသာကိုးကြယ္ရာပင္ ျဖစ္ေပေတာ့သည္။
က်ြန္ေတာ္ သိမ္ကုန္း႐ြာေရာက္ေနသည္မွာ ယေန႔ႏွင့္
ဆိုလ်ွင္ ( ၃ ) ရက္ေျမာက္ပါၿပီ။အစကေတာ့အဘိုး၊
အဘြားမ်ားႏွင့္ေတြ႕ရၿပီး မုန္႔ေကာင္းေကာင္းစားရ၍
ေပ်ာ္၏။အားလံုး၏ ဝိုင္းဂ႐ုစိုက္ျခင္းကို ခံရ၍လည္း
ေက်နပ္မိသည္။
တစ္ရက္၊ ႏွစ္ရက္ေတာ့ ေန၍ေကာင္္း၏။ ( ၃ )
ရက္ေျမာက္လာေတာ့ၿငီးေငြ႕လာ၏။ အေဖႏွင့္ အေမ
ကို ပူဆာလိုက္၍ မနက္ျဖန္ျပန္ၾကမည္တဲ့။
ျပန္ပင္မျပန္ရေသးဘဲအိမ္မွာေနရင္းႏွင့္ မန္က်ည္းပင္႐ိပ္က ဒိုးဝိုင္းကုိ သတိရရမိ၏။သူငယ္ခ်င္းမ်ားကို ေအာက္
ေမ့၏။ အထူးသတိရမိသူကား ေဒြးႀကီးပင္။
ေနာက္ဆံုးေတြ႕ရေသာအခ်ိန္ကက်ြၽန္ေတာ္သူ႔ကို
အေတာ္ေလး ဆူေငါက္မိခဲ့သည္။ က်ြန္ေတာ္လည္း
အေတာ္ေလးလြန္သြားမွန္းသိသည္။
ျဖစ္ပံုက ဒီလိုပါ ။
ထိုေန႔က သူငယ္ခ်င္းမ်ားႏွင့္ ဒိုးထိုးေန၏။
ထိုေန႔ေလာက္ ဒိုး႐ႈံးတဲ့ေန႔ တစ္ခါမ်ွ မႀကံဳဘူးပါ။
အႀကိမ္တိုင္းလိုလို ႐ႈံး၏။ပါလာသည့္အေႂကြေတြလည္း
ကုန္သေလာက္ျဖစ္ေနၿပီ။
က်ြန္ေတာ္က ဒုိးပစ္ေခသူတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။သို႔ေသာ္ အဲဒီေန႔က မ႐ႈမလွႀကီးကို ႐ႈံးေန၏။
ခုႏွစ္ေပါက္ရလ်ွင္ ႐ွစ္ေပါက္ႏွင့္ အစားခံရ၏။
႐ွစ္ေပါက္ရလို႔ ဟုတ္လွၿပီထင္တာ ကိုးေပါက္ႏွင့္အစားခံ
ရျပန္သည္။လမိုင္းက တစ္ဘက္မွာကပ္ေနၿပီထင္သည္။
ႏိုင္လ်ွင္ဇီးျပားဝယ္စားရန္အႀကံလည္းၾကက္
ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ရၿပီ။ယခင္က ႏိုင္လ်ွင္ ဝယ္စားေနၿမဲ။ေဒြးႀကီးလည္း စားရၿမဲ။မုန္႔ဖိုးလည္း အၿမဲေတာင္းသျဖင့္ အၿမဲလည္းေပးခဲ့၏။ေန႔စဥ္ ငါးျပား သို႔မဟုတ္
ဆယ္ျပားခန္႔ရသြားတတ္သည္။
အိပ္ကပ္ထဲမွ အေႂကြလက္က်န္ကို ေရတြက္မိ၏။
ဆယ့္ငါးျပား႐ွိ၍ ဆီးျပားဝယ္စားၿပီးျပန္လ်ွင္ ေကာင္းမလား စဥ္းစားမိ၏။

' ေဟ့ေကာင္.....ေတာ္ၿပီလား ' ဟု ဒိုင္ျဖစ္သူက
ရိသဲ့သဲ့ေမးသည္ကို မခံခ်င္၍ " ခ်တယ္ကြာ " ဟုေျပာ
ကာ လက္ထဲက ဆယ့္ငါးျပားလံုး ထပ္၍ ထိုးပစ္သည္။
ယခင္အႀကိမ္မ်ားထက္ ပိုမိုစိတ္လႈပ္႐ွားမိသည္။
႐ႈံးသည္။ ဆီးျပားပင္ ဝယ္မစားႏိုင္ေတာ့။ အိမ္ျပန္
ရန္ျပင္သည္။ အိမ္ျပန္ၿပီးအေမ့ထံမွ မုန္႔ဖိုးထပ္မံေတာင္း
ဖို႔ကလည္း ယေန႔အဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့။ နံနက္က
တည္းက ယေန႔အတြက္မုန္႔ဖုိးကိုေပးထားၿပီးျဖစ္၍
ျဖစ္သည္။
မၾကာပါ။ ေဒြးႀကီးေရာက္လာကာ ထံုးစံအတိုင္း
မုန္႔ဖိုးေတာင္း၏။ ဒိုးပစ္႐ႈံးေနေသာ က်ြန္ေတာ္ ေဒါသ
ေထာင္းကနဲထြက္သြား၏။
ႏိုင္ေနေသာကာလဆိုလ်ွင္ ဘာမ်ွမျဖစ္ေသာ္လည္း ယခုလိုအေျခအေနမွာ မုန္႔ဖိုးလာေတာင္းသည္ကိုေတာ့ က်ြန္ေတာ္သည္းမခံႏိုင္ေတာ့။ဒိုး႐ႈံးျခင္းအား ေဒြးႀကီးဆီသို႔ ျမားဦး
လွည့္၍ ႐ႈံးမဲမဲမိေတာ့သည္။
က်ြန္ေတာ္ေဒြးႀကီးကို ေဒါသတႀကီး ေအာ္ဟစ္၏။
က်ြန္ေတာ္ႏွင့္ေနာက္ေနာင္ ဘယ္ေတာ့မွ အေပါင္းအ
သင္းမလုပ္ရန္ေျပာဆို၏။ရက္စက္စြာ ေငါက္ငန္း၏။
သူ႔ေၾကာင့္ အေပါင္းအသင္းမ်ားႏွင့္ အခင္အမင္ပ်က္
္ရေၾကာင္း၊ သူ႔အတြက္ ဆီးျပားဝယ္ေက်ြးခဲ့ရ၍ ၊ မုန္႔ဖုုိုး
ေတြေပးခဲ့ရ၍ယခုလိုေစာေစာစီးစီးကုန္ခဲ့ရျခင္းျဖစ္
္ေၾကာင္းႏွင့္ ေနာက္ဆံုး ေဒြးႀကီးကက်ြန္ေတာ့္အတြက္
ဒုကၡေတြသာေပးခဲ့သူျဖစ္ေၾကာင္း သာသာထုိးထိုးႏွင့္
နင့္နင့္သီးသီးေျပာဆိုမိခဲ့သည္။
က်ြန္ေတာ္၏ ႐ုတ္တရက္ေျပာင္းလဲမႈေၾကာင့္ သူမ
ယံုႏိုင္ဖြယ္ျဖစ္ေနပံုရသည္။အံ့ၾသျခင္း၊ ဝမ္းနည္းျခင္း၊
မယံုႏိုင္ျခင္း၊ ေၾကာက္႐ြံ႕ျခင္းတို႔ကို သူမမ်က္ဝန္းတြင္
အတိုင္းသားေတြ႕ျမင္ေနရ၏။ႏႈတ္ခမ္းမ်ားကတဆတ္
ဆတ္တုန္ေန႐ံုမ်ွမက ေျခလက္ေတြပါတုန္ေနခဲ့ၿပီး ဆီး
မ်ားပါေပါက္ခ်ေတာ့သည္။
ထိုအခ်ိန္တြင္ အရင္ကတည္းကေဒြးႀကီးကို ၾကည့္
မရသူမ်ားက ႀကံဳလာေသာအခြင့္အေရးကို ေကာင္းစြာ အသံုးခ်ၾကေတာ့သည္။ ဆြဲဆိတ္ၾကသည္။ ကန္
ေက်ာက္ၾကသည္။ တြန္းထိုးၾကေတာ့သည္။
ယခင္ကက်ြန္ေတာ္ေဒြးႀကီးကို အကာအကြယ္ေပး
ေနျခင္းေၾကာင့္ လက္ေရွာင္ေနၾကသူမ်ားသည္ ယခုလို
ေဒြးႀကီးႏွင့္က်ြန္ေတာ္ အဆင္မေျပေသာအခါေရွးကသို႔
တစ္္ေယာက္တစ္ေပါက္ဝင္ေျပာၾကသည္။က်ြန္ေတာ္
သူတို႔ကို ဒီလိုမလုပ္ၾကရန္ တားျမစ္ခ်င္မိ၏။ သို႔ေသာ္
က်ြန္ေတာ္ မတားျမစ္မိခဲ့။ေဒြးႀကီးကေတာ့ က်ြန္ေတာ့္ကို အားကိုးတႀကီးၾကည့္ေန႐ွာ၏။
" ဒီေန႔ေတာ့ သူ႔ကို ငါမကူညီေတာ့ဘူး၊ ေနာက္ေန႔မွ ကူညီမယ္၊ သူ႔အျပစ္နဲ႔သူ ႐ွိေစေတာ့" ဟု သေဘာထား
လိုက္ေတာ့၏။
ေဒြးႀကီးလည္း အဲဒီေန ႔အတြက္ က်ြန္ေတာ့္ထံမွ မုန္႔ဖိုးမရခဲ့ပါ။ထို႔အတူ က်ြန္ေတာ့္ကိုလည္း " သားဖိုး " ဟုမေခၚ
ေတာ့ဘဲ ေတြကနဲတစ္ခ်က္မ်ွလွည့္ၾကည့္၍သာ ျပန္သြား
ေတာ့သည္။
ေဒြးႀကီးအဲ့လိုျဖစ္တာ က်ြန္ေတာ္ မျမင္ဘူးခဲ့ပါ။
သို႔ေသာ္ က်ြန္ေတာ္ေခ်ာ့လိုက္လ်ွင္ေတာ့ ေဒြးႀကီး ၿပံဳးေနမွာ ေသခ်ာပါသည္။ ေဒြးႀကီးၿပံဳးလ်ွင္ က်ြန္ေတာ္လည္း ေပ်ာ္
သည္။အေတြးျဖင့္ပင္ က်ြန္ေတာ္ ၾကည္ႏူးရ၏။
× × × × × × × × × × ရိသဲ့သဲ့ေမးသည္ကို မခံခ်င္၍ " ခ်တယ္ကြာ " ဟုေျပာ

မနက္ျဖန္ အျမန္ေရာက္ေစခ်င္ၿပီ။ညစာစားၿပီးေတာ့
ေစာေစာအိပ္ယာဝင္ခဲ့၏။အိပ္မက္ေတြေတာင္မက္၏။
အိပ္မက္ထဲမွာ ေဒြးႀကီးက ပါးကြက္ႀကီး အေဖြးသားႏွင့္။
ေခါင္းကိုလည္း အုန္းဆီအ႐ႊဲလိမ္းထားကာ ဝတ္ေကာင္း
စားလွႏွင့္ ၿပံဳးလို႔ေပ်ာ္လို႔။ထူးထူးဆန္းဆန္းဆန္း
က်ြန္ေတာ့္ကို ဆီးျပားေတြဝယ္ေက်ြးေန၏။ဦးေလး
တိုးေမာင္၏ လွည္းက ဒီေန႔ အေတာ္ေႏွးသလို ထင္မိ၏။

" ျမန္ျမန္ေမာင္းပါ ဦးေလးတိုးေမာင္ရယ္၊ ႏြားလွည္းက လိပ္လွည္းစီးရသလိုပဲ "
ဟု က်ြန္ေတာ္ကေျပာေတာ့အေဖ၊အေမႏွင့္ ဦးေလး
တိုးေမာင္တို႔က တဟားဟားႏွင့္ ရယ္၏။ထို႔ေနာက္ အေမက က်ြန္ေတာ့နဖူးကို ဖြဖြနမ္း၍ -

" ေရာက္ေတာ့မွာပါသားရဲ႕ သားကေရာက္ခ်င္လြန္းလို႔ ေႏွးတယ္ထင္ေနတာပါကြယ္ ဟင္း ဟင္း "
႐ြာေရာက္ၿပီ။ ႐ြာအျပန္လက္ေဆာင္ေတြေတာင္ သယ္မေပအားေတာ့။
အေမ့ထံခြင့္ေတာင္းၿပီး ႐ြာလယ္ကဒိုးဝိုင္း႐ွိရာ မန္က်ည္းပင္ေအာက္သို႔
အေျပးႏွင္္၏။ဒိုးဝို္င္း႐ွိ္မေန။
ရံဖန္ရံခါ အ႐ီးေ႐ႊေက်ြးေသာ ဆီးယိုစားရန္
သူငယ္ခ်င္းတစ္သိုက္ အရီးေ႐ႊတို႔အိမ္ကို သြားေလ့႐ွိသည္ကို သတိရ၍ ထိုေနရာသို႔ အေျပးသြားမိသည္။
ေဒြးႀကီးလည္း သူတို႔ႏွင့္အတူ ႐ွိေနေလာက္ၿပီ။
အိမ္ေရွ႕ေရာက္ေတာ့ေျခလွမ္းတုံ႔မိ၏။
လူေတြမ်ားလွခ်ည့္လား။ဘာျဖစ္လို႔ပါလိမ့္ဟု
ေတြးမိ၏။လူတစ္ခ်ိဳ႕က က်ြန္ေတာ့္ကို ဝိုင္းၾကည့္၏။
ဘာေတြျဖစ္ေနတာလဲကို စဥ္းစားမေနဘဲ အိမ္ေပၚ
တက္လိုက္ေသာအခါ -

" အမေလး အရီးရဲ႕ ဟိုမွာ သားဖိုးလာေနၿပီေလ
ေတာ္ပဲေတြ႕ခ်င္လွေခ်ရဲ႕ဆို ထၾကည့္ပါဦးေတာ့ အဟီး ဟီး "

ဟူ၍ ေအာ္ဟစ္ငိုယို၏။
က်ြန္ေတာ္ တခဏတာမ်ွ အသက္႐ွဴရန္ေမ့သြား၏။
ရင္ဘတ္အားတစ္စံုတစ္ေယာက္က ထန္းလက္ႏွင့္
႐ိုက္ဘိသကဲ့သို႔ " ျဗန္း " ကနဲ ခံစားရ၏။
ဒူးတဆတ္ဆတ္တုန္၍ ေျခလက္တို႔ မၿမဲၿပီ။
အာေခါင္တို႔ေသြ႕ေျခာက္လာ၏။
ပါးျပင္ႏွစ္ဘက္မွ ပူေႏြးေသာမ်က္ရည္စီးေၾကာင္း
တို႔၏ အေတာမသတ္ စီးဆင္းမႈကို ခံစားသိ၏။
မ်က္ဝန္းအတြင္းမွ ျပည့္လႊမ္းေသာ မ်က္ရည္တို႔ေၾကာင့္
ျမင္ျမင္ရာသည္ မၾကည္လင္ၿပီ။
ေနာင္တအသိတို႔အတြက္ ျပန္လည္ေပးဆပ္ရန္ အခ်ိန္လြန္ၿပီမို႔ အလြမ္းျဖင့္သာ ျပည္ဖံုးကားခ်ေလၿပီတကား။
× × × × × ×က်ြန္ေတာ္ တခဏတာမ်ွ အသက္႐ွဴရန္ေမ့သြား၏။
ရင္ဘတ္အားတစ္စံုတစ္ေယာက္က ထန္းလက္ႏွင့္
႐ိုက္ဘိသကဲ့သို႔ " ျဗန္း " ကနဲ ခံစားရ၏။
ဒူးတဆတ္ဆတ္တုန္၍ ေျခလက္တို႔ မၿမဲၿပီ။
အာေခါင္တို႔ေသြ႕ေျခာက္လာ၏။
ပါးျပင္ႏွစ္ဘက္မွ ပူေႏြးေသာမ်က္ရည္စီးေၾကာင္း
တို႔၏ အေတာမသတ္ စီးဆင္းမႈကို ခံစားသိ၏။
မ်က္ဝန္းအတြင္းမွ ျပည့္လႊမ္းေသာ မ်က္ရည္တို႔ေၾကာင့္
ျမင္ျမင္ရာသည္ မၾကည္လင္ၿပီ။
ေနာင္တအသိတို႔အတြက္ ျပန္လည္ေပးဆပ္ရန္ အခ်ိန္လြန္ၿပီမို႔ အလြမ္းျဖင့္သာ ျပည္ဖံုးကားခ်ေလၿပီတကား။
ရက္ လတို႔ အလီလီေျပာင္း၍ ႏွစ္ေတြလည္း
ၾကာေညာင္းခဲ့ၿပီ။အစိုးရဝန္ထမ္းအျဖစ္ အမႈထမ္း
ခဲ့ေသာက်ြန္ေတာ္ပင္လုပ္သက္ ၇ ႏွစ္ခန္႔ရေနပါၿပီ။
အသက္အ႐ြယ္အားျဖင့္လည္း လူလတ္ပိုင္းအ႐ြယ္သို႔
ခ်ည္းနင္းဝင္ေရာက္ခဲ့ပါၿပီ ျပသနာရပ္တိုင္းအား စဥ္းစား
ေဝဖန္ပိုင္းျခား၍ အမွန္ကန္ႏိုင္ဆံုး သံုးသပ္ဆံုးျဖတ္
္တတ္ေနၿပီ။စိတ္လိုက္မာန္ပါအမႈတို႔လည္း တစ္စတစ္စ
ေလ်ာ့ပါးခဲ့ရသည္။
အစိုးရဝန္ထမ္းဘဝမို႔ ႐ြာကိုေတာ့ အၿမဲျပန္မေရာက္
ႏိုင္ေတာ့။ေရာက္ခဲ့လ်ွင္လည္း ငယ္စဥ္က ဒိုးဝိုင္းကေလး
႐ွိရာ မန္က်ည္းပင္ေအာက္သို႔ အေရာက္သြားမိသည္။
႐ြာမွာအိမ္ေတာ္ေတာ္မ်ားမ်ားကသြပ္မိုးျဖဴျဖဴ ႏွင့္
တီဗြီတိုင္မ်ားေၾကာင့္ အျမင္ေျပာင္းသြားေပမယ့္ ထိုေနရာ
ေလးကေတာ့ ထူးထူးျခားျခားေျပာင္းလဲမသြားေသးေပ။
မန္က်ည္းရိပ္ေအးေအး၊ သဲေဖြးေဖြးႏွင့္ ေအးျမၿမဲ၊လတ္
ဆတ္ဆဲ၊ ဆြတ္ပ်ံ့ၿမဲပင္။ၿပီးေတာ့ ငယ္စဥ္ကေလးဘဝကို
ျမင္ေယာင္မိ၊ ၾကားေယာင္မိသည္။
ဟုတ္သည္။ ထိုေနရာေလးကိုေရာက္လ်ွင္ တခ်ိန္က
ေဒြးႀကီး၏ အသုဘတြင္ အရီးေ႐ႊ၏ စကားသံေတြကို
ျပန္လည္၍ ၾကားေယာင္မိျပန္၏။

" တစ္ညက မိုးေတြအရမ္း႐ြာတယ္ေလ၊
မင္းတို႔အမ မႀကီးဥ ေနမေကာင္းျဖစ္ေနတာနဲ႔ ေဒြးႀကီးကို
ဘယ္သူမွသတိမထားမိၾကဘူး၊ ေနာက္မွ ေပ်ာက္ေန
မွန္းသိတာနဲ႔ အရီးတို႔လည္း လိုက္႐ွာၾကတာ၊ အဲဒီ
ညမွာပဲ မင္းတို႔ကစားေနက် မန္က်ည္းပင္ေအာက္မွာပဲ
႐ွာေတြ႕ခဲ့တယ္၊ မိုးေရေတြ စို႐ႊဲၿပီး ခိုက္ခိုက္တုန္လို႔ေပါ့၊
အိမ္ကို မနည္းျပန္ေခၚလာခဲ့ရတယ္၊ကိုယ္ေတြခ်စ္ခ်စ္
္ေတာက္ပူၿပီး " သားဖိုး သားဖိုးနဲ႔ " ေယာင္ၿပီးတေနတယ္၊
ဆံုးခါနီးမွာ ေခ်ြးခံအက်ႌထဲက အေႂကြေစ့ေတြထုတ္ၿပီး သားဖိုးအတြက္ စုထားတာ၊ သားဖိုးကိုေပးလိုက္ပါဆိုၿပီး မင္းတို႔
ေဒြးႀကီးရယ္ေလ မင္းတို႔ကို ႏႈတ္ဆက္သြားၿပီသားတို႔ရဲ႕
အဟီး ဟီး ဟီး "

ကေလးမ်ားေခြလွိမ့္ေနလ်ွင္ေဒြးႀကီးကိုသတိရသည္။
ေသနတ္ပစ္တမ္း ကစားေနၾကသည္ကိုေတြ႕လ်ွင္လည္း
ျမင္ေယာင္ရျပန္သည္။တူတူပုန္းလ်ွင္လည္းထို႔အတူပင္။
ဒိုးထိုးေနၾကလ်ွင္လည္း ေအာက္ေမ့ရျပန္သည္။
ဘုရားေရာက္တိုင္း ပန္း၊ေရခ်မ္းကပ္လွဴ ၍ ေဒြးႀကီး
အားအမ်ွေပးေဝကာ ေမတၱာပို႔ပါ၏။ေဒြးႀကီးေပးခဲ့ေသာ
အေႂကြေစ့ကေလးမ်ားကယေန႔တိုင္ေျခာက္လွန္႔ေနဆဲမို႔
ဘုရားေပၚ႐ွိ အေႂကြေစ့မ်ားပစ္ထည့္ရသည့္ ေနရာသို႔
ေရာက္လ်ွင္ ေ႐ွာင္႐ွားသြားေလ့႐ွိသည္ကိုေတာ့
ခြင့္လႊတ္ေပးၾကေစလိုပါသည္။

Unicode Version
ဒွေးကြီး
~~~~~
ဝေယံ(ရမည်းသင်း)
ဒွေးကြီးသည် ရုပ်ရှင်မင်းသား 'ဒွေး ' အား ဆိုလိုခြင်းမဟုတ်ပါ။
ထို့အတူူူဒွေးကြီးသည်ယောကျ်ားတစ်ယောက်
လည်းမဟုတ်ပါ။ ဒွေးကြီးသည် မိန်းမတစ်ယောက်။
အတိအကျဆိုရသော် အသက် ၆၅ နှစ်ခန့်ရှိအဘွားကြီး
တစ်ဦးသာ ဖြစ်ပါသည်။ ထို့အပြင် ဒွေးကြီးသည်
လူကြီးတစ်ယောက်ဖြစ်သလို ကလေးတစ်ယောက်လည်း
ဖြစ်သည်။ အကြောင်းမှာ ဒွေးကြီးသည် သူငယ်ပြန်သည့်
စိတ်ရောဂါရှိသော အဘွားကြီးတစ်ဦးပင် ဖြစ်ပေတော့၏။
ဒွေးကြီးသည် ကျွန်တော်တို့ကဲ့သို့ ခွေလှိမ့်သည်။
မျှော့ကွင်း ( သားရေကွင်း ) ပစ်သည်။ သေနတ်ပစ်တမ်း၊
ပြေးတမ်းလိုက်တမ်းကစားသည်။ ခေါင်းပန်းလှန်လည်း
ပါသည်။ ရုပ်ရှင်ဝှက်တမ်း ကစားလျှင်လည်း ကျန်မနေ။
ဒိုးထိုးလျှင်တော့ ဘေးမှ ထိုင်ကြည့်နေတတ်၏။ အကြောင်းမှာ ဒွေးကြီးသည် ဒိုးမထိုးတတ်၍ ဖြစ်သည်။
ဒါ့အပြင် ကျွန်တော်တို့ကဲ့သို့ပင်နှပ်ချေးတွဲလောင်း
အား လက်ခုံဖြင့် သုတ်လေ့ရှိသည်။သို့သော် ကျွန်တော်
တို့ကဲ့သို့ စွပ်ကျယ်အရှည်ကြီးများမဝတ်ပါ။
ဒွေးကြီးအိမ်က ပေးမဝတ်၍ ဖြစ်ချေမည်။
ဒွေးကြီးဆိုသည်မှာ သူမ၏ အမည်ရင်း မဟုတ်ပါ။ ကျွန်တော်တို့ ကလေးတစ်သိုက် နောက်ပြောင်ခေါ်ရာမှ
' ဒွေးကြီး' ဟုအမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။အကြောင်းမှာ
ဒွေးကြီးက စကားပြောလျှင် အမြဲလိုလို ပြောင်းပြန်ပြော
လေ့ရှိသည်။ ဥပမာ- ကျွန်တော့်နံမည် ' ဖိုးသား' အား သူက
' သားဖိုး' ဟုခေါ်သည်။ ထို့ကြောင့် ကျွန်တော့် သူငယ်ချင်းများ ဖြစ်သော ဖိုးထောင်၊ဖိုးမောင်၊မင်းအောင်၊
အေးအေးထွေး၊ နှင်းမောင်တို့သည် ဒွေးကြီးကြောင့်
ထောင်ဖိုး၊ မောင်ဖိုး၊ အောင်မင်း၊ထွေးအေးအေး၊
မောင်နှင်းတို့ ဖြစ်ကုန်ရတော့သည်။
ယုတ်စွအဆုံး ကျွန်တော်တို့ ချက်ပေါ်လျှင်ပင်
' ပေါ်ချက်' ၊'ပေါ်ချက်' ဟုဆိုကာ ပြောင်းပြန်ပြောပြီးမှ
စနောက်တတ်၏။ သူ့တစ်အိမ်လုံးက ဒွေးကြီးအား ကြီးဒွေး ( ဂျီးဒွေး ) ဟုခေါ်ဆိုခြင်းအား ကျွန်တော်တို့ကလည်း အားကျမခံ ' ဒွေးကြီး' ဟုခေါ်ဆိုရာမှ ဒွေးကြီးဟုသာ နှုတ်ကျိုး
တော့သည်။
× × × × × ×
ဒွေးကြီးတွင် ယောကျ်ားမရှိတော့ပေ။သူ့အိမ်တွင် ဒွေးကြီးက အသက်အကြီးဆုံးဖြစ်၍ အရီးရွှေတို့ လင်မယားနှင့် အတူနေပါသည်။ အရီးရွှေ၌ သားသမီးငါးယောက်ရှိသည်။
အရီးရွှေသည် ဒွေးကြီး၏ တူမဖြစ်၍ အရီးရွှေ၏ သားသမီးများနှင့် ဒွေးကြီးသည် မြေအဘွားတော်စပ်သည်ဟုတော့
ကျွန်တော့အမေ ပြောဖူးသည်။ ဒွေးကြီး၏ မြေးအငယ်
ဆုံး မကြီးဥပင် အသက် ( ၁၃ ) နှစ်ခန့်ရှိသည်။ မကြီး
ဥကလည်း ကျွန်တော်တို့ကဲ့သို့ ဒွေးကြီးအား ဒွေးကြီး
ဟုပင် ခေါ်သည်။ အလားတူ မကြီးဥ အထက်မှ အကို
ကြီး အမကြီးများလည်း ဤသု့ိပင် ခေါ်ကြသည်။ အရီး
ရွှေကတော့ ဒွေးကြီးအား အရီးဟုခေါ်သည်။ ရံဖန်ရံခါ
ဒွေးကြီးဟုလည်း ခေါ်တတ်သည်။
အရီးရွှေ၏ ပြောပြချက်အရ ဒွေးကြီးတွင် သားသမီး မရှိဟု သိရသည်။ ဒွေးကြီးအား တောက ဆွေမျိုးများထံမှ
ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။ ထို့ကြောင့်
ကျွန်တော်တို့ ကလေးတစ်သိုက်ထဲတွင် ဒွေးကြီးပါတိုး
လာခဲ့သည်။ ဒွေးကြီးက အလွန်ရယ်ရသည်။ အစပိုင်း
တော့ ဒွေးကြီးကို အနည်းငယ်ကြောက်မိသည်။ မတော်
တစ်ခုခုထလုပ်လိုက်မှဖြင့်ဟု စိုးရွံ့မိသည်။ သို့သော် ဒွေးကြီးကမည်သည့်အခါမျှ ပြန်မလုပ်ကြောင်း နောက်မှ
တဖြည်းဖြည်း သိလာရသည်။ဒွေးကြီးက ကျွန်တော်တို့
နှင့်အတူ ခွေလှိမ့်သည်။သူကမပြေးနိုင်၍ ကျွန်တော်တို့
ို့က အကျောပေးရ၏။ ခွေလှိမ့်ပြိုင်တိုင်း သူပဲ ရှုံးသည်။
ကျွန်တော်တို့ကဲ့သို့ မပြေးနိုင်။ခွေလှိမ့်နေစဉ် ပါးစပ်မှ
လည်း ' လှိမ့်ခွေ လှိမ့်ခွေ' ဟု အော်နေသေးသည်။
ကျွန်တော်တို့ တူတူပုန်းတမ်းကစားလျှင် ဒွေးကြီးပါ
သည်။ သေနတ်ပစ်တမ်းကစားလျှင်လည်း ပါသည်။
သေနတ်ပစ်တမ်းကစားတိုင်း အမြဲမြဲလိုလိုပင် အငြင်းသန်
သည်။ ကျွန်တော်တို့ဘက်မှ သူ့အား ပါးစပ်သေနတ်ဖြင့်
' ဒိုင်း....ဒိုင်း....ဒိုင်း ဒွေးကြီးသေပြီ ' ဟုဆိုလျှင် ' ဘူးသေ.. ဘူးသေဟေ့ ' ' ဘူးသေ.. ဘူးသေ ' ဟု
အော်၍ ငြင်းလေ့ရှိသည်။
ဒွေးကြီးက အဲဒီလို အငြင်းသန်၏။ ကျွန်တော်တို့သာ တစ်ယောက်ပြီးတစ်ယောက် သေပေးရပေမယ့် သူက
ဘယ်တော့မှ မသေ။ အမြဲတမ်းကျည်ပြီး၍ အမြဲတမ်း
ကိုယ်ပျောက်ခဲ့လေသည်။
တစ်ပွဲတစ်လေလောက် ငြင်းတယ်ဆိုလျှင် လက်ခံပေးလို့ရပါသည်။ ပွဲတိုင်း ဒီလိုချည်းပဲဆိုတော့ ကျွန်တော်တို့
လည်း သည်းမခံနိုင်ကြတော့ဘဲ သူငယ်
်ချင်းများက ဒွေးကြီးကို ကစားဝိုင်းမှ ဖယ်လိုက်ကြ၏။
ယင်းသို့ ကစားဝိုင်းမှ အပယ်ခံရလျှင် ဒွေးကြီးမှာ မျက်ရည်ကလေး ကလယ်ကလယ်ဖြင့် ရှိနေတတ်၏။ ငိုကားမငို။
လည်ချောင်းအရင်းမှ ထွက်သောအသံဖြင့် ' အစ်.. အစ် ' ဟုသာ ရှိုက်၏။
ကျွန်တော်လည်း နှင်းမောင်တို့၊ အေးအေးထွေးတို့
ကဲ့သို့ ဒွေးကြီးအား ပညာပေးလိုက်ချင်ပါသည်။ သို့သော်
ကျွန်တော် မလုပ်ခဲ့ပါ။ဒွေးကြီးကို သနား၍ မဟုတ်ပါ။
ကျွန်တော့်အမေက တားမြစ်ထား၍ ဖြစ်သည်။အမေက-
' တကယ်ဆို ဒွေးကြီးက အမေတို့ကတောင် အမေ
ခေါ်ရမယ့် အရွယ်ပါ သားရယ် ၊ ဒါပေမယ့် ဒွေးကြီးခမျာ'
ဟု အစချီပြီး ကျွန်တော့ကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြကာ တားမြစ်ခဲ့ပါသည်။ အမေရှင်းပြသည်ကို ကောင်းကောင်းနားမလည်သော်လည်း ဒီလိုလုပ်လျှင် အမေမကြိုက်မှန်းသိ၍ ကျွန်တော် ဘာမျှ မလုပ်ခဲ့ပါ။
အသို့ကြောင့် ဖြစ်မည်ထင်သည်။ ဒွေးကြီးက သူ့ကို အခြားသူငယ်ချင်းများကဲ့သို့ ရန်မရှာသောကျွန်တော့်ကို
အတော်ပင် ခင်မင်၏၊ အားကိုး၏၊ ချစ်ခင်တွယ်တာ၏။
သည်လို ဖြစ်တာကိုသိပ်မနှစ်မြို့သော်လည်း အကျိုးကျေးဇူးတစ်ခုတော့ရ၏။၎င်းမှာ ဒွေးကြီးက ကျွန်တော့ပြောစကားကို နားထောင်ခြင်းပင်။
ကျွန်တော်က ထိုင်ဆိုထိုင်၊ ထဆိုထ။မပါနှင့်၊ မကစား
နဲ့တော့ဆိုလျှင် ဘေးထွက်ထိုင်ရ၏။ပြန်တော့ဆိုလျှင်
လည်း ပြန်ရရှာ၏။ဒွေးကြီးကား ကျွန်တော့်မျက်နှာကို
ိုကြည့်နေရရှာသူပင် ဖြစ်သည်။
ဒွေးကြီးသည် သူ့အိမ်ထက်ပင် ကျွန်တော့်ကို အားကိုးချစ်ခင်ရှာ၏။သူ့အိမ်မှထမင်းကျွေးမရလျှင်
် ' သားဖိုးကစားခိုင်းတာ၊ ထမင်းမစားလျှင် မခေါ်တော့ဘူးလို့ပြောတယ်'
ဟု ဆိုလိုက်တာနှင့် ကိစ္စပြတ် စားပြီးသားပင်။
ဖိုးမောင်တို့၊ နှင်းမောင်တို့က ရန်ရှာသည်နှင့်
ကျွန်တော့်ထံ အပြေးကလေးလာ၍ တိုင်တန်းလေ့
့ရှိနေပြီ။သူ အားကိုးရနေပြီလေ။သည်လိုအခါတိုင်း
လည်း ကျွန်တော် ' ပွကြီး' ဖြစ်ခဲ့ရပါသည်။သူငယ်ချင်း
တွေကတော့ သိပ်မကြည်ကြ။အဆိုးဆုံးက အေးအေးထွေး
ပင်။အငယ်ဆုံးလည်းဖြစ်၊မိန်းကလေး လည်းဖြစ်သည့်အပြင်
ထိုအခွင့်အရေးများက အရင် သူတစ်ဦးတည်း မူပိုင်ဖြစ်သည်။သို့သော်နောက်ပိုင်း သူကျွန်တော့်ကို စိတ်ကောက်တော့ပါ။ကောက်၍ မရတော့၍ ဖြစ်ပါသည်။
ဤသို့ဤနှယ် အဖွယ်ဖွယ်သော အကြောင်းအချက်
်တို့ကြောင့် ဒွေးကြီး၏ သူငယ်ပြန်နေသော ကလေးဘဝ
လေးတွင် ကျွန်တော်သည်သာသူ့ဘဝ၏ တစ်ဦးတည်း
သောသူငယ်ချင်း၊ တစ်ဦးတည်းသော တွယ်တာစရာ၊
တစ်ဦးတည်းသောကိုးကွယ်ရာပင် ဖြစ်ပေတော့သည်။
× × × × × × × × × ×
ကျွန်တော် သိမ်ကုန်းရွာရောက်နေသည်မှာ ယနေ့နှင့်
ဆိုလျှင် ( ၃ ) ရက်မြောက်ပါပြီ။အစကတော့အဘိုး၊
အဘွားများနှင့်တွေ့ရပြီး မုန့်ကောင်းကောင်းစားရ၍
ပျော်၏။အားလုံး၏ ဝိုင်းဂရုစိုက်ခြင်းကို ခံရ၍လည်း
ကျေနပ်မိသည်။
တစ်ရက်၊ နှစ်ရက်တော့ နေ၍ကောင်း၏။ ( ၃ )
ရက်မြောက်လာတော့ငြီးငွေ့လာ၏။ အဖေနှင့် အမေ
ကို ပူဆာလိုက်၍ မနက်ဖြန်ပြန်ကြမည်တဲ့။
ပြန်ပင်မပြန်ရသေးဘဲအိမ်မှာနေရင်းနှင့် မန်ကျည်းပင်ရိပ်က ဒိုးဝိုင်းကို သတိရရမိ၏။သူငယ်ချင်းများကို အောက်
မေ့၏။ အထူးသတိရမိသူကား ဒွေးကြီးပင်။
နောက်ဆုံးတွေ့ရသောအချိန်ကကျျွန်တော်သူ့ကို
အတော်လေး ဆူငေါက်မိခဲ့သည်။ ကျွန်တော်လည်း
အတော်လေးလွန်သွားမှန်းသိသည်။
ဖြစ်ပုံက ဒီလိုပါ ။
ထိုနေ့က သူငယ်ချင်းများနှင့် ဒိုးထိုးနေ၏။
ထိုနေ့လောက် ဒိုးရှုံးတဲ့နေ့ တစ်ခါမျှ မကြုံဘူးပါ။
အကြိမ်တိုင်းလိုလို ရှုံး၏။ပါလာသည့်အကြွေတွေလည်း
ကုန်သလောက်ဖြစ်နေပြီ။
ကျွန်တော်က ဒိုးပစ်ခေသူတစ်ယောက်တော့ မဟုတ်ပါဘူး။သို့သော် အဲဒီနေ့က မရှုမလှကြီးကို ရှုံးနေ၏။
ခုနှစ်ပေါက်ရလျှင် ရှစ်ပေါက်နှင့် အစားခံရ၏။
ရှစ်ပေါက်ရလို့ ဟုတ်လှပြီထင်တာ ကိုးပေါက်နှင့်အစားခံ
ရပြန်သည်။လမိုင်းက တစ်ဘက်မှာကပ်နေပြီထင်သည်။
နိုင်လျှင်ဇီးပြားဝယ်စားရန်အကြံလည်းကြက်
ပျောက်ငှက်ပျောက် ပျောက်ရပြီ။ယခင်က နိုင်လျှင် ဝယ်စားနေမြဲ။ဒွေးကြီးလည်း စားရမြဲ။မုန့်ဖိုးလည်း အမြဲတောင်းသဖြင့် အမြဲလည်းပေးခဲ့၏။နေ့စဉ် ငါးပြား သို့မဟုတ်
ဆယ်ပြားခန့်ရသွားတတ်သည်။
အိပ်ကပ်ထဲမှ အကြွေလက်ကျန်ကို ရေတွက်မိ၏။
ဆယ့်ငါးပြားရှိ၍ ဆီးပြားဝယ်စားပြီးပြန်လျှင် ကောင်းမလား စဉ်းစားမိ၏။
' ဟေ့ကောင်.....တော်ပြီလား ' ဟု ဒိုင်ဖြစ်သူက
ရိသဲ့သဲ့မေးသည်ကို မခံချင်၍ " ချတယ်ကွာ " ဟုပြော
ကာ လက်ထဲက ဆယ့်ငါးပြားလုံး ထပ်၍ ထိုးပစ်သည်။
ယခင်အကြိမ်များထက် ပိုမိုစိတ်လှုပ်ရှားမိသည်။
ရှုံးသည်။ ဆီးပြားပင် ဝယ်မစားနိုင်တော့။ အိမ်ပြန်
ရန်ပြင်သည်။ အိမ်ပြန်ပြီးအမေ့ထံမှ မုန့်ဖိုးထပ်မံတောင်း
ဖို့ကလည်း ယနေ့အဖို့တော့ မဖြစ်နိုင်တော့။ နံနက်က
တည်းက ယနေ့အတွက်မုန့်ဖိုးကိုပေးထားပြီးဖြစ်၍
ဖြစ်သည်။
မကြာပါ။ ဒွေးကြီးရောက်လာကာ ထုံးစံအတိုင်း
မုန့်ဖိုးတောင်း၏။ ဒိုးပစ်ရှုံးနေသော ကျွန်တော် ဒေါသ
ထောင်းကနဲထွက်သွား၏။
နိုင်နေသောကာလဆိုလျှင် ဘာမျှမဖြစ်သော်လည်း ယခုလိုအခြေအနေမှာ မုန့်ဖိုးလာတောင်းသည်ကိုတော့ ကျွန်တော်သည်းမခံနိုင်တော့။ဒိုးရှုံးခြင်းအား ဒွေးကြီးဆီသို့ မြားဦး
လှည့်၍ ရှုံးမဲမဲမိတော့သည်။
ကျွန်တော်ဒွေးကြီးကို ဒေါသတကြီး အော်ဟစ်၏။
ကျွန်တော်နှင့်နောက်နောင် ဘယ်တော့မှ အပေါင်းအ
သင်းမလုပ်ရန်ပြောဆို၏။ရက်စက်စွာ ငေါက်ငန်း၏။
သူ့ကြောင့် အပေါင်းအသင်းများနှင့် အခင်အမင်ပျက်
်ရကြောင်း၊ သူ့အတွက် ဆီးပြားဝယ်ကျွေးခဲ့ရ၍ ၊ မုန့်ဖိုုး
တွေပေးခဲ့ရ၍ယခုလိုစောစောစီးစီးကုန်ခဲ့ရခြင်းဖြစ်
်ကြောင်းနှင့် နောက်ဆုံး ဒွေးကြီးကကျွန်တော့်အတွက်
ဒုက္ခတွေသာပေးခဲ့သူဖြစ်ကြောင်း သာသာထိုးထိုးနှင့်
နင့်နင့်သီးသီးပြောဆိုမိခဲ့သည်။
ကျွန်တော်၏ ရုတ်တရက်ပြောင်းလဲမှုကြောင့် သူမ
ယုံနိုင်ဖွယ်ဖြစ်နေပုံရသည်။အံ့သြခြင်း၊ ဝမ်းနည်းခြင်း၊
မယုံနိုင်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို သူမမျက်ဝန်းတွင်
အတိုင်းသားတွေ့မြင်နေရ၏။နှုတ်ခမ်းများကတဆတ်
ဆတ်တုန်နေရုံမျှမက ခြေလက်တွေပါတုန်နေခဲ့ပြီး ဆီး
များပါပေါက်ချတော့သည်။
ထိုအချိန်တွင် အရင်ကတည်းကဒွေးကြီးကို ကြည့်
မရသူများက ကြုံလာသောအခွင့်အရေးကို ကောင်းစွာ အသုံးချကြတော့သည်။ ဆွဲဆိတ်ကြသည်။ ကန်
ကျောက်ကြသည်။ တွန်းထိုးကြတော့သည်။
ယခင်ကကျွန်တော်ဒွေးကြီးကို အကာအကွယ်ပေး
နေခြင်းကြောင့် လက်ရှောင်နေကြသူများသည် ယခုလို
ဒွေးကြီးနှင့်ကျွန်တော် အဆင်မပြေသောအခါရှေးကသို့
တစ်ယောက်တစ်ပေါက်ဝင်ပြောကြသည်။ကျွန်တော်
သူတို့ကို ဒီလိုမလုပ်ကြရန် တားမြစ်ချင်မိ၏။ သို့သော်
ကျွန်တော် မတားမြစ်မိခဲ့။ဒွေးကြီးကတော့ ကျွန်တော့်ကို အားကိုးတကြီးကြည့်နေရှာ၏။
" ဒီနေ့တော့ သူ့ကို ငါမကူညီတော့ဘူး၊ နောက်နေ့မှ ကူညီမယ်၊ သူ့အပြစ်နဲ့သူ ရှိစေတော့" ဟု သဘောထား
လိုက်တော့၏။
ဒွေးကြီးလည်း အဲဒီနေ့အတွက် ကျွန်တော့်ထံမှ မုန့်ဖိုးမရခဲ့ပါ။ထို့အတူ ကျွန်တော့်ကိုလည်း " သားဖိုး " ဟုမခေါ်
တော့ဘဲ တွေကနဲတစ်ချက်မျှလှည့်ကြည့်၍သာ ပြန်သွား
တော့သည်။
ဒွေးကြီးအဲ့လိုဖြစ်တာ ကျွန်တော် မမြင်ဘူးခဲ့ပါ။
သို့သော် ကျွန်တော်ချော့လိုက်လျှင်တော့ ဒွေးကြီး ပြုံးနေမှာ သေချာပါသည်။ ဒွေးကြီးပြုံးလျှင် ကျွန်တော်လည်း ပျော်
သည်။အတွေးဖြင့်ပင် ကျွန်တော် ကြည်နူးရ၏။
× × × × × × × × × ×
မနက်ဖြန် အမြန်ရောက်စေချင်ပြီ။ညစာစားပြီးတော့
စောစောအိပ်ယာဝင်ခဲ့၏။အိပ်မက်တွေတောင်မက်၏။
အိပ်မက်ထဲမှာ ဒွေးကြီးက ပါးကွက်ကြီး အဖွေးသားနှင့်။
ခေါင်းကိုလည်း အုန်းဆီအရွှဲလိမ်းထားကာ ဝတ်ကောင်း
စားလှနှင့် ပြုံးလို့ပျော်လို့။ထူးထူးဆန်းဆန်းဆန်း
ကျွန်တော့်ကို ဆီးပြားတွေဝယ်ကျွေးနေ၏။ဦးလေး
တိုးမောင်၏ လှည်းက ဒီနေ့ အတော်နှေးသလို ထင်မိ၏။
" မြန်မြန်မောင်းပါ ဦးလေးတိုးမောင်ရယ်၊ နွားလှည်းက လိပ်လှည်းစီးရသလိုပဲ "
ဟု ကျွန်တော်ကပြောတော့အဖေ၊အမေနှင့် ဦးလေး
တိုးမောင်တို့က တဟားဟားနှင့် ရယ်၏။ထို့နောက် အမေက ကျွန်တော့နဖူးကို ဖွဖွနမ်း၍ -
" ရောက်တော့မှာပါသားရဲ့ သားကရောက်ချင်လွန်းလို့ နှေးတယ်ထင်နေတာပါကွယ် ဟင်း ဟင်း "
ရွာရောက်ပြီ။ ရွာအပြန်လက်ဆောင်တွေတောင် သယ်မပေအားတော့။ အမေ့ထံခွင့်တောင်းပြီး ရွာလယ်ကဒိုးဝိုင်းရှိရာ မန်ကျည်းပင်အောက်သို့ အပြေးနှင်၏။ဒိုးဝိုင်းရှိမနေ။
ရံဖန်ရံခါ အရီးရွှေကျွေးသော ဆီးယိုစားရန်
သူငယ်ချင်းတစ်သိုက် အရီးရွှေတို့အိမ်ကို သွားလေ့ရှိသည်ကို သတိရ၍ ထိုနေရာသို့ အပြေးသွားမိသည်။
ဒွေးကြီးလည်း သူတို့နှင့်အတူ ရှိနေလောက်ပြီ။
အိမ်ရှေ့ရောက်တော့ခြေလှမ်းတုံ့မိ၏။
လူတွေများလှချည့်လား။ဘာဖြစ်လို့ပါလိမ့်ဟု
တွေးမိ၏။လူတစ်ချို့က ကျွန်တော့်ကို ဝိုင်းကြည့်၏။
ဘာတွေဖြစ်နေတာလဲကို စဉ်းစားမနေဘဲ အိမ်ပေါ်
တက်လိုက်သောအခါ -
" အမလေး အရီးရဲ့ ဟိုမှာ သားဖိုးလာနေပြီလေ
တော်ပဲတွေ့ချင်လှချေရဲ့ဆို ထကြည့်ပါဦးတော့ အဟီး ဟီး "
ဟူ၍ အော်ဟစ်ငိုယို၏။
ကျွန်တော် တခဏတာမျှ အသက်ရှူရန်မေ့သွား၏။
ရင်ဘတ်အားတစ်စုံတစ်ယောက်က ထန်းလက်နှင့်
ရိုက်ဘိသကဲ့သို့ " ဗြန်း " ကနဲ ခံစားရ၏။
ဒူးတဆတ်ဆတ်တုန်၍ ခြေလက်တို့ မမြဲပြီ။
အာခေါင်တို့သွေ့ခြောက်လာ၏။
ပါးပြင်နှစ်ဘက်မှ ပူနွေးသောမျက်ရည်စီးကြောင်း
တို့၏ အတောမသတ် စီးဆင်းမှုကို ခံစားသိ၏။
မျက်ဝန်းအတွင်းမှ ပြည့်လွှမ်းသော မျက်ရည်တို့ကြောင့်
မြင်မြင်ရာသည် မကြည်လင်ပြီ။
နောင်တအသိတို့အတွက် ပြန်လည်ပေးဆပ်ရန် အချိန်လွန်ပြီမို့ အလွမ်းဖြင့်သာ ပြည်ဖုံးကားချလေပြီတကား။
× × × × × ×
ရက် လတို့ အလီလီပြောင်း၍ နှစ်တွေလည်း
ကြာညောင်းခဲ့ပြီ။အစိုးရဝန်ထမ်းအဖြစ် အမှုထမ်း
ခဲ့သောကျွန်တော်ပင်လုပ်သက် ၇ နှစ်ခန့်ရနေပါပြီ။
အသက်အရွယ်အားဖြင့်လည်း လူလတ်ပိုင်းအရွယ်သို့
ချည်းနင်းဝင်ရောက်ခဲ့ပါပြီ ပြသနာရပ်တိုင်းအား စဉ်းစား
ဝေဖန်ပိုင်းခြား၍ အမှန်ကန်နိုင်ဆုံး သုံးသပ်ဆုံးဖြတ်
်တတ်နေပြီ။စိတ်လိုက်မာန်ပါအမှုတို့လည်း တစ်စတစ်စ
လျော့ပါးခဲ့ရသည်။
အစိုးရဝန်ထမ်းဘဝမို့ ရွာကိုတော့ အမြဲပြန်မရောက်
နိုင်တော့။ရောက်ခဲ့လျှင်လည်း ငယ်စဉ်က ဒိုးဝိုင်းကလေး
ရှိရာ မန်ကျည်းပင်အောက်သို့ အရောက်သွားမိသည်။
ရွာမှာအိမ်တော်တော်များများကသွပ်မိုးဖြူဖြူ နှင့်
တီဗွီတိုင်များကြောင့် အမြင်ပြောင်းသွားပေမယ့် ထိုနေရာ
လေးကတော့ ထူးထူးခြားခြားပြောင်းလဲမသွားသေးပေ။
မန်ကျည်းရိပ်အေးအေး၊ သဲဖွေးဖွေးနှင့် အေးမြမြဲ၊လတ်
ဆတ်ဆဲ၊ ဆွတ်ပျံ့မြဲပင်။ပြီးတော့ ငယ်စဉ်ကလေးဘဝကို
မြင်ယောင်မိ၊ ကြားယောင်မိသည်။
ဟုတ်သည်။ ထိုနေရာလေးကိုရောက်လျှင် တချိန်က
ဒွေးကြီး၏ အသုဘတွင် အရီးရွှေ၏ စကားသံတွေကို
ပြန်လည်၍ ကြားယောင်မိပြန်၏။
" တစ်ညက မိုးတွေအရမ်းရွာတယ်လေ၊
မင်းတို့အမ မကြီးဥ နေမကောင်းဖြစ်နေတာနဲ့ ဒွေးကြီးကို
ဘယ်သူမှသတိမထားမိကြဘူး၊ နောက်မှ ပျောက်နေ
မှန်းသိတာနဲ့ အရီးတို့လည်း လိုက်ရှာကြတာ၊ အဲဒီ
ညမှာပဲ မင်းတို့ကစားနေကျ မန်ကျည်းပင်အောက်မှာပဲ
ရှာတွေ့ခဲ့တယ်၊ မိုးရေတွေ စိုရွှဲပြီး ခိုက်ခိုက်တုန်လို့ပေါ့၊
အိမ်ကို မနည်းပြန်ခေါ်လာခဲ့ရတယ်၊ကိုယ်တွေချစ်ချစ်
်တောက်ပူပြီး " သားဖိုး သားဖိုးနဲ့ " ယောင်ပြီးတနေတယ်၊
ဆုံးခါနီးမှာ ချွေးခံအကျႌထဲက အကြွေစေ့တွေထုတ်ပြီး သားဖိုးအတွက် စုထားတာ၊ သားဖိုးကိုပေးလိုက်ပါဆိုပြီး မင်းတို့
ဒွေးကြီးရယ်လေ မင်းတို့ကို နှုတ်ဆက်သွားပြီသားတို့ရဲ့
အဟီး ဟီး ဟီး "
ကလေးများခွေလှိမ့်နေလျှင်ဒွေးကြီးကိုသတိရသည်။
သေနတ်ပစ်တမ်း ကစားနေကြသည်ကိုတွေ့လျှင်လည်း
မြင်ယောင်ရပြန်သည်။တူတူပုန်းလျှင်လည်းထို့အတူပင်။
ဒိုးထိုးနေကြလျှင်လည်း အောက်မေ့ရပြန်သည်။
ဘုရားရောက်တိုင်း ပန်း၊ရေချမ်းကပ်လှူ ၍ ဒွေးကြီး
အားအမျှပေးဝေကာ မေတ္တာပို့ပါ၏။ဒွေးကြီးပေးခဲ့သော
အကြွေစေ့ကလေးများကယနေ့တိုင်ခြောက်လှန့်နေဆဲမို့
ဘုရားပေါ်ရှိ အကြွေစေ့များပစ်ထည့်ရသည့် နေရာသို့
ရောက်လျှင် ရှောင်ရှားသွားလေ့ရှိသည်ကိုတော့
ခွင့်လွှတ်ပေးကြစေလိုပါသည်။
ဝေယံ ( ရမည်းသင်း )

No comments:
Post a Comment