Zawgyi version
" သဘာဝအုပ္စု "
=========
#သုေမာင္
အထက္ပါ အမည္မွာ ကြ်န္ေတာ့္ ဖခင္ႀကီး၏ ႐ုပ္ရွင္ ကုမၸဏီအမည္ ျဖစ္ပါသည္။ မူလ ကုမၸဏီ ထူေထာင္ကာစကမူ "သာဓု႐ုပ္ရွင္ " ဟူ၍ အမည္ ပညတ္ခဲ့ေသာ္လည္း ေနာင္ ကြ်န္ေတာ့္အစ္ကို ေမာင္ဝဏၰ ဒါ႐ုိက္တာလုပ္၊ ေနာက္ ကြ်န္ေတာ္ ဒါ႐ုိက္တာလုပ္ စသျဖင့္ ျဖစ္လာေသာအခါ ေခတ္အေလ်ာက္ ဓာတ္ပံု႐ုိက္နည္း ႐ုိက္ခ်က္မ်ား ကြာျခားလာသျဖင့္ "မင္းတို႔လုပ္တာ ငါ့မူ ေပ်ာက္တယ္။ ဒီေတာ့ ကုမၸဏီ နာမည္ကို ငါ့နာမည္ မထည့္ေတာ့ဘူး။ ေျပာင္းပစ္မယ္။ ေအး ... တစ္ခုရွိတာက မင္းတို႔လည္း သဘာဝက်တဲ့ ဇာတ္လမ္း ဇာတ္ကြက္ေတြ ဖန္တီးတဲ့ ေနရာမွာေတာ့ ငါနဲ႔ တူတဲ့အတြက္ ..." ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ သာဓု႐ုပ္ရွင္မွ သဘာဝအုပ္စု ဟူ၍ ျဖစ္သြားရပါသတည္း။
ကြ်န္ေတာ္ ေျပာလိုသည္မွာ ႐ုပ္ရွင္ကုမၸဏီ နာမည္ကိစၥ မဟုတ္ပါ။ သဘာဝက်ေသာ ကြ်န္ေတာ္တို႔ မိသားစု အေၾကာင္းထဲမွ တစ္စိတ္တစ္ေဒသ ျဖစ္ေသာ ကြ်န္ေတာ္တို႔ ညီအစ္ကို ေလးေယာက္၏ စ႐ုိက္သဘာဝ အေၾကာင္းကေလးမွ်သာ ျဖစ္ပါသည္။ ထို႔ထက္ကား လူတစ္ေယာက္၏ ဘဝတစ္ခုလံုးႏွင့္ သက္ဆိုင္ေသာ စ႐ိုက္သဘာဝ မဟုတ္ဘဲ အလြန္ေသးဖြဲေသာ စ႐ုိက္သဘာဝေလး တစ္ခု အေၾကာင္းမွ်သာ။ သို႔ရာတြင္ ထိုသဘာဝ အေသးစားကေလးသည္ လူတစ္ေယာက္၏ စိတ္ေန သေဘာထား၊ အမူအက်င့္ စ႐ုိက္ကို ခ်ဲ႕လွ်င္ ခ်ဲ႕သလို ေဖာ္က်ဴးေနျပန္ပါသည္။
ကြ်န္ေတာ္ ေျပာျပပါမည္။ ထူးဆန္းသည္ဟု ေျပာလွ်င္လည္း ရတန္သေလာက္ ရပါသည္။ ကြ်န္ေတာ္တို႔ ညီအစ္ကို ေလးေယာက္စလံုးသည္ တစ္ႀကိမ္စီ ခါးပိုက္ႏႈိက္ခံရျခင္းပင္ ျဖစ္ပါသည္။ ထူးဆန္းသည္ဟု ေျပာရျခင္းမွာ ေဖာင္တိန္မ်ားခ်ည္း အႏႈိက္ခံရေသာေၾကာင့္ပင္။
* * *
ထိုစဥ္ (၁၉၆၉ ခန္႔) က ကြ်န္ေတာ့္ အစ္ကိုက တကၠသိုလ္ ေနာက္ဆံုးႏွစ္ ေက်ာင္းသား၊ ဒႆနိကေဗဒ ပညာရပ္ သင္ယူေနသူ။ ကြ်န္ေတာ္က စက္မႈလက္မႈ အထက္တန္းေက်ာင္း ေနာက္ဆံုးႏွစ္ ေက်ာင္းသား။ အငယ္ႏွစ္ေကာင္ ေမာင္႐ူပ၊ ေမာင္ဥာဏ္ေပၚတို႔က ရွစ္တန္းေခၚ အ႒မတန္း။
ကြ်န္ေတာ္တို႔ အငယ္ သံုးေယာက္စလံုးသည္ အစ္ကိုႀကီး ေမာင္ဝဏၰကို အားကိုးၾကသည္။ ထိုစဥ္က သူသည္ ေက်ာင္းတစ္ဖက္ တက္ရင္း 'ကတၱီပါဖိနပ္စီး ေ႐ႊထီးေဆာင္း' ဇာတ္ကားကို တစ္ဖက္က ႐ုိက္ကူးေနသည္။ ဥာဏ္ေကာင္းသည္။ အလုပ္လုပ္သည္။ သည္းညည္းခံသည္။ ညႇာတာသည္။ မိဘကို လုပ္ေကြ်းရင္း ကြ်န္ေတာ္တို႔ကိုလည္း အသိပညာ တိုးတက္ေအာင္ လမ္းျပသည္။ သူသည္ အေဖၿပီးလွ်င္ အိမ္မွာ အားအကိုးရဆံုး ျဖစ္သည္။ ထို႔ေၾကာင့္ အစ္ကိုႀကီး၏ အက်င့္မ်ား ကြ်န္ေတာ္တို႔ထံသို႔ အလိုလို ပူးကပ္ လာၾကေတာ့သည္။
အထူးသျဖင့္မူ ဘတ္စ္ကား တိုးစီးရျခင္း၌ အေၾကာင္းမဲ့ ဝါသနာထံုျခင္းပင္။ ထိုစဥ္က ကြ်န္ေတာ့္ ဖခင္ႀကီးသည္ ေငြေၾကး ခ်မ္းသာသူ တစ္ေယာက္အျဖစ္ သတ္မွတ္ႏိုင္ေလာက္ ပါသည္။ ေမာ္ေတာ္ကား သံုးစီး ပိုင္ပါသည္။ သို႔ေသာ္ ကြ်န္ေတာ္တို႔သည္ မည္သည့္ ဒႆနမွန္း မသိေသာ ဘတ္စ္ကားစီး ခ်င္ျခင္းတပ္မႈကို သံေယာင္လိုက္ ေနခဲ့ၾကပါသည္။ အေဖ့ကားမ်ားကို သိပ္မစီးျဖစ္။ ထိုစဥ္က ဘတ္စ္ကားမ်ားသည္ ယခုေလာက္ မက်ပ္ေသာ္လည္း မတ္တတ္ကေတာ့ မ်ားေသာအားျဖင့္ ရပ္ရပါသည္။ အထူးသျဖင့္ ေက်ာင္းဆင္းခ်ိန္၊ ႐ုံးဆင္းခ်ိန္မ်ားတြင္ တိုးေဝွ႔ တက္ရျခင္း၊ အလယ္ လူသြားလမ္းမွာပင္ ႐ုပ္ရွင္ကားေကာင္း တစ္ကားၾကည့္ရန္ တန္းစီရသလိုမ်ိဳး ကားတိုးစီးရျခင္းမ်ား ရွိတတ္ပါသည္။
ျပီးေတာ့ အဲသည္အခ်ိန္က ခါးပိုက္ႏႈိက္မ်ား အလြန္ ေခတ္ထခဲ့ၾက ပါသည္။ အထူးသျဖင့္ မ်က္မွန္ကို တပ္ထားလွ်က္က ျဖဳတ္၍ ဆင္းေျပးေသာ ခါးပိုက္ႏႈိက္မ်ား စူပါစတား ျဖစ္ေနခ်ိန္ ျဖစ္သည္ကို ကြ်န္ေတာ္ မွတ္မိေနေသးသည္။ အေၾကာင္းမွာ ထိုစဥ္က ကြ်န္ေတာ္ မ်က္မွန္ တပ္ရေသာေၾကာင့္ ျဖစ္ပါသည္။
* * *
ကိုင္း ... ေဖာင္တိန္ကိစၥ ဆက္ၾကရေအာင္ပါ။ ကြ်န္ေတာ္တို႔ ေလးေယာက္စလံုး ေဖာင္တိန္အကိုင္ ဝါသနာႀကီးၾက ပါသည္။ ေက်ာင္းသားေတြမို႔ရယ္ မဟုတ္ပါ။ စာေရးဆရာ ျဖစ္ခ်င္ေသာ ဗီဇက ကြ်န္ေတာ္၊ ကိုကို ေမာင္ဝဏၰ၊ ေမာင္ဥာဏ္ေပၚႏွင့္ စာရင္းအင္း လုပ္တာ ဝါသနာပါေသာ ေမာင္႐ူပတို႔တြင္ ပါလာေသာေၾကာင့္ ျဖစ္ပါသည္။
ထို႔ေၾကာင့္ ကြ်န္ေတာ္တို႔သည္ ဘယ္သြားသြား ဘယ္လာလာ ေဖာင္တိန္ကို အိပ္ကပ္ထဲမွာ အျမဲ ခ်ိတ္ထားၾက ေလသည္။ ၿပီးေတာ့ စာေရးဆရာ ျဖစ္ခ်င္သူမ်ားပီပီ ခရီးယာယီကလည္း အလြန္မ်ားသည္။ အခ်ိန္အားရလွ်င္ ရသလို အေၾကာင္းရွိရွိ မရွိရွိ ၿမိဳ႕ထဲသို႔ ထြက္ၾကသည္။ ေဖေဖ့ကဲ့သို႔ပင္ လြယ္အိတ္ တစ္ေယာက္တစ္လံုး လြယ္၍ စာေရးဆရာမ်ား ေပါမ်ားေသာ ၃၃လမ္းလို ေနရာမ်ဳိးသို႔ လည္းေကာင္း၊ ပုဂံ စာအုပ္တိုက္ (ထိုစဥ္က စာေရးဆရာမ်ား စတည္းခ်ရာ) သို႔ လည္းေကာင္း၊ မဂၢဇင္းတိုက္မ်ားသို႔ လည္းေကာင္း ...။ ဤသို႔အားျဖင့္ ကြ်န္ေတာ္တို႔ ေလးေယာက္စလံုး ခါးပိုက္ အႏႈိက္ခံၾကရသည္တြင္ ႀကီးစဥ္ငယ္လိုက္ အႏႈိက္ခံရပံုကို ကြ်န္ေတာ္ မေျပာပါ။ စိတ္ဝင္စားဖြယ္ ေကာင္းေသာ စ႐ုိက္သဘာဝကို တတ္ႏိုင္သမွ် ေနာက္ပိုင္းထား၍ ေျပာလိုပါသည္။ ထို႔ေၾကာင့္ သိပ္မထူးျခားလွေသာ ကြ်န္ေတာ့္ အျဖစ္ကို စတင္ ေျပာျပပါမည္။
တစ္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕မွ ကြ်န္ေတာ့္ဘႀကီး ဆရာဝန္ ရန္ကုန္သို႔ ေဆးအဝယ္ ေရာက္လာသည္။ ထိုစဥ္က ရန္ကုန္မွာက ေဆးပိုေပါ ပါသည္။ ျပည္သူဆိုင္မွ ေဆးကို ေဈး သက္သက္သာသာျဖင့္ ရႏိုင္၏။ ဘႀကီးက ကြ်န္ေတာ့္ကို ၿမိဳ႕ထဲမွ ျပည္သူ႔ေဆးဆိုင္ တစ္ဆိုင္သို႔ ေဆးအဝယ္ လႊတ္၏။ ဝယ္ခဲ့ေသာ ထိုးေဆး၊ ေသာက္ေဆး၊ လိမ္းေဆးမ်ား စံုလင္သျဖင့္ စာအုပ္စာတမ္းမ်ားျဖင့္ ျပည့္ႏွက္ေနေသာ ကြ်န္ေတာ့္ လြယ္အိတ္ထဲ ထည့္၍ မျဖစ္။ ကြဲမည္ျပဳမည္ စိုးရ၏။ ထို႔ေၾကာင့္ လက္တစ္ဖက္ျဖင့္ပင္ ေဆးအိတ္ထုပ္ကို ကိုင္ရ၏။
ဘတ္စ္ကား က်ပ္သျဖင့္ မတ္တတ္ရပ္ စီးရေသာေၾကာင့္ ကြ်န္ေတာ့္ လက္တစ္ဖက္က ေခါင္မိုး လက္တန္းကို ကိုင္ထားရ၏။ ထိုအခ်ိန္တြင္ ကြ်န္ေတာ္ သတိႀကီးစြာ ထားေနရသည္မွာ ေဆးအိတ္ထဲမွ ပုလင္းမ်ား မကြဲေစရန္ႏွင့္ ကြ်န္ေတာ္ တပ္ထားေသာ မ်က္မွန္ အလစ္သုတ္ မခံရေစရန္သာ ျဖစ္၏။ ရွပ္အကႌ်တြင္ အျမဲ ခ်ိတ္ထားေသာ ေဖာင္တိန္ကို သတိမထားမိ။ ရပ္ေနသည့္ ေနရာက အဆင္းအတက္ အေပါက္ဝနားတြင္၊ မည္သို႔ပင္ရွိေစ ခါးပိုက္ႏႈိက္ကိုေတာ့ ကြ်န္ေတာ္ သတိထားသည္။ အထူးသျဖင့္ ကြ်န္ေတာ္ကဲ့သို႔ ေျခမလြတ္ လက္မလြတ္ ျဖစ္ေနသူမ်ားသည္ သူတို႔၏ သားေကာင္ မဟုတ္လား။
ကြ်န္ေတာ္က လူေတြ၏ မ်က္ႏွာ အမူအရာကို အကဲခတ္ ေကာင္းပါသည္။ ထင္သည့္ အတိုင္းပင္ ကြ်န္ေတာ့္ထက္ အသက္ အနည္းငယ္ ႀကီးပံုရေသာ ငနဲတစ္ေကာင္ ကြ်န္ေတာ့္နား ကပ္လာသည္။ ကြ်န္ေတာ္က မ်က္မွန္ကို ဂ႐ုစိုက္သည္။ သို႔ေသာ္ သူက အမွတ္မထင္ ကြ်န္ေတာ့္ ေဖာင္တိန္ကို ဆတ္ခနဲ ဆြဲျဖဳတ္ၿပီး ကားေပၚမွ ခုန္ခ်မည္ၾကံသည္။ ကားကလည္း မွတ္တိုင္နား နီးေနၿပီမို႔ အရွိန္ေလွ်ာ့ေနၿပီ။ ကြ်န္ေတာ္ စဥ္းစားၾကည့္သည္။ ေအာ္လိုက္လွ်င္ သူ ကြ်န္ေတာ့္ကို ရန္ျပဳႏိုင္သည္။ ထို႔ေၾကာင့္ ကြ်န္ေတာ္ အေကာင္းဆံုးနည္းကို အသံုးခ်လိုက္သည္။ သူ ခုန္ခ်ဆဲဆဲတြင္ သူ႔ဖင္ကို ကြ်န္ေတာ္ ပိတ္ကန္ခ်လိုက္သည္။ ငနဲသား ဒလိမ့္ေခါက္ေကြး ျပဳတ္က်သြားသည္။ ကားရပ္လိုက္ခ်ိန္တြင္ သူ ေျမႀကီးေပၚမွ မထႏိုင္ေသး။
ကြ်န္ေတာ့္ ေဖာင္တိန္ ျပန္ရသည္။ သူ အဖမ္းခံရသည္။
* * *
ဒုတိယ ႏို႔ညႇာေကာင္ ေမာင္႐ူပ။
သည္တုန္းက ရွစ္တန္းမွာ။ တစ္ေန႔ ေက်ာင္းကအျပန္ အိမ္ေပၚ တက္လာေတာ့ မ်က္စိမ်က္ႏွာ မေကာင္း ျဖစ္လာသည္ကို သတိထားမိသည္။ ထိုေန႔သည္ သူ သံုးလပတ္ စာေမးပြဲ ပထမဆံုး ေျဖရသည့္ေန႔ ျဖစ္၏။ သူသည္ ငယ္စဥ္က အလြန္ ခ်ဴခ်ာသူ၊ ေရာဂါထူသူ ျဖစ္သည္။ ထို႔ေၾကာင့္ ဦးေႏွာက္ပိုင္း ဆိုင္ရာ၌ အားနည္းေနသည္။ ဥာဏ္ထိုင္းသည္ဟု မဆိုႏိုင္ေသာ္လည္း ကြ်န္ေတာ္တို႔ ညီအစ္ကို ေလးေယာက္ထဲတြင္ေတာ့ ပညာေရးပိုင္း၌ နံပါတ္ (၄) ေနရာ၌ ေရာက္ေနရွာသည္။ ေက်ာင္းမွာေတာ့ သာမန္ အဆင့္မွ် ရွိပါသည္။ သည္အတြက္ အားငယ္တတ္ျခင္းေၾကာင့္ ေပေလာ။ သို႔တည္းမဟုတ္ ပင္ကိုမူလ (ႏို႔ညႇာ) စ႐ုိက္ေၾကာင့္ ေပေလာမသိ။ ေမာင္႐ူပသည္ ကြ်န္ေတာ္တို႔ အားလံုးထဲတြင္ သည္းညည္း အခံႏိုင္ဆံုး၊ ခြင့္အလႊတ္ႏိုင္ဆံုး၊ အ႐ုိးသားဆံုး လူတစ္ေယာက္ ျဖစ္လာခဲ့သည္။
ဆိုပါစို႔ ...။ မည္သူ႔ဘက္က မွားမွား အစ္ကိုေတြ ေငါက္လွ်င္၊ ညီျဖစ္သူက ခံပက္လွ်င္ ဘာမွ် ျပန္မေျပာဘဲ မေထ့တေထ့ ျပံဳးရႊင္၍သာ ေနတတ္သည္။ သို႔ေသာ္ ဘယ္သူမွ် မျမင္ေသာ ကြယ္ရာက်မွ သူ႔ေခါင္းကိုသူ တိုင္ႏွင့္ ေဆာင့္ခ်င္ ေဆာင့္တတ္သည္။
ေစာေစာက ေျပာသလို သံုးလပတ္ စာေမးပြဲ ပထမေန႔ အိမ္အျပန္ မ်က္ႏွာ မေကာင္းသျဖင့္ ကြ်န္ေတာ္က စာေမးပြဲ မေျဖႏိုင္လို႔ဘဲဟု ေပါ့ေပါ့ေတြးကာ ... "အဆင့္ တစ္ ႏွစ္ သံုး ထြက္မွ မဟုတ္ပါဘူးကြာ။ စာေမးပြဲ ဝင္ေျဖတယ္ ဆိုတာကိုက လူတစ္ေယာက္ရဲ႕ သတၱိနဲ႔ စြမ္းရည္ပါပဲ" ဟု အားေပးစကား ေျပာရပါသည္။
သို႔ေသာ္ သူက ေခါင္းခါသည္။ "ဒါျဖင့္ ဘာျဖစ္လို႔လဲ" ဟု ေမးေသာအခါ "ေဖာင္တိန္ ခါးပိုက္ႏႈိက္ ခံရလို႔ ကိုကို" တဲ့။
"ေဟ့ ... မင္း မသိလိုက္ဘူးလား"
"သိလိုက္ပါတယ္ ကိုကို"
"ဟေကာင္ရ၊ မင္း အားကစားသမား တစ္ေယာက္ လုပ္ေနၿပီး (သူသည္ အားလံုးထဲတြင္ အားကစား အလိုက္စားဆံုး၊ ကိုယ္လံုးကိုယ္ထည္ အေတာင့္တင္းဆံုး) ဆြဲတီးပစ္လိုက္ ပါလား။ ဒါမွမဟုတ္ ေအာ္ခ်င္ေအာ္၊ ဒ႐ုိင္ဘာကို တိုးတိုးတိတ္တိတ္ အေၾကာင္းၾကားၿပီး ရဲစခန္း တန္းေမာင္းခိုင္းေပါ့ ...''
သူ ဘာမွ်မေျပာဘဲ တစ္စံုတစ္ရာကို ေလးေလးနက္နက္ စဥ္းစားေနသည္မွာ ကြ်န္ေတာ့္စိတ္အထင္ တစ္မိနစ္ခန္႔ ၾကာလိမ့္မည္။ ၿပီးေတာ့မွ သက္ျပင္းရွည္ႀကီး တစ္ခ်က္ မႈတ္ထုတ္ၿပီး ေအာက္ပါအတိုင္း ေျပာပါသည္။
"မဟုတ္ဘူး ကိုကို၊ ကြ်န္ေတာ္က တစ္ခုခု လုပ္လိုက္လို႔ သူ႔ကို လူမိသြားရင္ ဝိုင္းတြယ္ၾကမွာ။ ၿပီးေတာ့ သူ႔ခမ်ာ လူၾကားသူၾကား ရွက္သြားမွာေပါ့"
* * *
ကြ်န္ေတာ့္အစ္ကို ေမာင္ဝဏၰသည္ ဆယ္တန္း ေအာင္စဥ္က ေဆးတကၠသိုလ္ တက္ႏိုင္သည့္ အမွတ္ကိုမီသူ ျဖစ္ေသာ္လည္း သူသည္ တကၠသိုလ္တြင္ လူႀကိဳက္နည္းေသာ ဘာသာေဗဒတစ္ခု ျဖစ္သည့္ ဒႆနိကေဗဒ ဘာသာရပ္ကို ယူခဲ့သည္။ သူသည္ ငယ္စဥ္ကပင္ အလြန္ စဥ္းစားသူ ျဖစ္၏။ စကားနည္းၿပီး အခ်ိန္အားရတိုင္း ေတြးေတာ ေနတတ္သည္။ ဆိုပါစို႔ ... ငယ္စဥ္က ကြ်န္ေတာ္တို႔တေတြ စက္ဘီးစီး၊ ေဂၚလီ႐ုိက္၊ ဂ်င္ေပါက္ စသည္ျဖင့္ ကေလးတို႔ဘာဝ ေဆာ့ကစား ေနခ်ိန္မ်ဳိးတြင္ သူသည္ အိမ္ၾကမ္းျပင္ လွ်ာထိုးမွ သဲမ်ားကို ကေလာ္ ထုတ္လိုက္၊ လက္ျဖင့္ ျပန္ဖိသြင္း ထည့္လိုက္ လုပ္ေနတတ္သည္။ သည္ေလာက္ဆို သူ႔ဗီဇကို သိေလာက္ပါၿပီ။
တစ္ေန႔မွာ ေမွာင္ရီပ်ဳိးစ အခ်ိန္ ထံုးစံအတိုင္း အိမ္ျပန္လာေသာ အခါ သူ႔ ဘယ္ဘက္ မ်က္လံုးတစ္ဖက္ကို လက္ျဖင့္အုပ္လွ်က္ အိပ္ခန္းတြင္းသို႔ ခပ္သုတ္သုတ္ ဝင္လာသည္။ ထိုစဥ္က ကြ်န္ေတာ္တို႔ အားလံုး လူပ်ဳိလူလြတ္ခ်ည္း ျဖစ္သျဖင့္ သူႏွင့္ ကြ်န္ေတာ္က တစ္ခန္းတည္း အတူအိပ္ပါသည္။ သူဝင္လာခ်ိန္တြင္ ကြ်န္ေတာ္ စာေရးေနပါသည္။ ေျခသံၾကား၍ သူ႔ကို ၾကည့္လိုက္ေသာအခါ မ်က္စိမ်က္ႏွာ မေကာင္းဘဲ ေစာေစာက ေျပာသလို မ်က္စိတစ္ဖက္ လက္ဝါးျဖင့္ အုပ္ထားသည္ကို ခ်က္ခ်င္း သတိထားမိလိုက္သည္ႏွင့္ ... "ကိုကို ဘာျဖစ္လာသလဲ" ဟု ပ်ာပ်ာသလဲ ေမးရပါသည္။ ကြ်န္ေတာ္ ထင္တာက သူသည္ ပိန္ပိန္ေညႇာင္ေညႇာင္ ခႏိုးခနဲ႔မို႔ ဘတ္စ္ကား အဆင္းအတက္မ်ား လိမ္႔က်လာ သလားလို႔။
သူကေတာ့ ကြ်န္ေတာ့္ကို ဘာမွ် ျပန္မေျပာဘဲ သူ႔ခုတင္ေပၚတက္၊ ေမွာက္လ်က္ႀကီး လုပ္ေနပါေတာ့သည္။ ကြ်န္ေတာ္က စိတ္ပူသျဖင့္ အတန္တန္ ေမးေသာ္လည္း တုတ္တုတ္မွ် မလႈပ္။ ေနာက္ဆံုး အေမ႔ကို သြားေျပာ အကူအညီ ေတာင္းမွ သူ ဘတ္စ္ကား မွတ္တိုင္တြင္ ေနာက္ေပါက္က ခိုစီးလာစဥ္ အလစ္သမားက သူ႔ေဖာင္တိန္ကို ႏႈိက္၍ ဆင္းေျပးေၾကာင္း၊ သူကလည္း ဆင္းလိုက္ေၾကာင္း၊ ထိုငနဲကို မိေသာအခါ ငနဲက သူ႔ကို ဆြဲထိုးသြားေၾကာင္း သိရပါေတာ့သည္။
ကြ်န္ေတာ္ ေထာင္းကနဲ ေဒါသ ျဖစ္သြား၏။ သို႔ျဖင့္ ေဖေဖ့ သားတပည့္ အစ္ကိုသက္ေနာင္ (ယခု ဒါ႐ုိက္တာ သက္ေနာင္) အား အေၾကာင္းၾကားၿပီး တာေမြ ရဲစခန္းသို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ထြက္ခဲ့ၾကေတာ့သည္။ ေဖာင္တိန္ အႏႈိက္ခံရျခင္းထက္ ကြ်န္ေတာ့္အစ္ကို အထိုးခံရျခင္းကို ပို၍ ေဒါသျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။
ဟိုေရာက္ေတာ့ အလ်ဥ္းသင့္ပင္ စခန္းမႉးႏွင့္ အစ္ကိုသက္ေနာင္တို႔မွာ သူငယ္ခ်င္းမ်ား ျဖစ္ေနၾကသျဖင့္ ခါးပိုက္ႏႈိက္ စာရင္းဝင္မ်ားကို ဖမ္းခိုင္းေလသည္။ ကြ်န္ေတာ့္အစ္ကိုထံမွ ႏႈိက္သြားေသာ ငနဲကိုလည္း မိပါသည္။ သူကလည္း ဝန္ခံပါသည္။ သို႔ရာတြင္ ထိုငနဲ အစစ္ခံသည့္ စကားမ်ားကို ၾကားရေသာအခါ လက္ယားေနေသာ ကြ်န္ေတာ့္မွာ ငိုရမလို ရယ္ရမလို ျဖစ္ရပါေတာ့သည္။
"ဗ်ာ ... အဲဒါ ဒါ႐ုိက္တာ ေမာင္ဝဏၰ ဟုတ္လား။ ဒီလိုမွန္း သိရင္ ကြ်န္ေတာ္ ႏႈိက္ေတာင္ ႏႈိက္ျဖစ္မွာ မဟုတ္ပါဘူးဗ်ာ။ ကြ်န္ေတာ္ ရွိခိုးမိမွာပါ။ သူ႐ုိက္တဲ့ ကတၱီပါဖိနပ္စီး ေ႐ႊထီးေဆာင္း ဇာတ္ကားဆိုရင္ ကြ်န္ေတာ္ သံုးခါျပန္ေတာင္ ၾကည့္ျဖစ္ပါတယ္။ (ထိုစဥ္က ကိုကိုသည္ ထိုဇာတ္ကားျဖင့္ အကယ္ဒမီပင္ ရၿပီးပါၿပီ) ခုဟာက ..."
သူ အတန္ငယ္ ျပံဳးတံု႔တံု႔ လုပ္ၿပီး ...
"ကြ်န္ေတာ္ ကားေပၚက ခုန္ဆင္းလိုက္ေတာ့ သူက ေနာက္က ခုန္ဆင္းၿပီး လိုက္လာတယ္။ ကြ်န္ေတာ္က ခပ္သုတ္သုတ္ကေလး ေလွ်ာက္သြားေတာ့ သူလည္း ကြ်န္ေတာ့္ကို အမီ လိုက္လာတယ္။ ဒါေပမယ္႔ ေအာ္လည္း မေအာ္ဘူး ခင္ဗ်။ ကြ်န္ေတာ့္ကို မီလာေတာ့ ကြ်န္ေတာ့္ ပခံုးကို ပုတ္တယ္။ ကြ်န္ေတာ္က ကြ်န္ေတာ့္ကို ရန္မူမယ္ ထင္လို႔ အသင့္ အေနအထားနဲ႔ သူ႔ဘက္ လွည့္လိုက္ေတာ့ သူက (ညီေလး မင္းနဲ႔ ငါ စကားနည္းနည္း ေျပာခ်င္တယ္ကြာ) တဲ့။ ကြ်န္ေတာ္လည္း သူ႔စကားကိုၾကားေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိဘဲ ေၾကာင္သြားတာေပါ့။ ဒီမွာတင္ သူက ဆက္ေျပာတယ္။ (ညီေလးရာ လူတစ္ေယာက္ရဲ႕ ဘဝကို တည္ေဆာက္တဲ့ ေနရာမွာ လုပ္နည္းလုပ္ဟန္ေတြ အမ်ားႀကီး ရွိပါတယ္။ တကယ္ေတာ့ ဘဝဆိုတာ ...) ဆိုလား၊ ဘာဆိုလား ကြ်န္ေတာ္လည္း မမွတ္မိေတာ့ဘူး။ သူ႔စကားေတြ ကြ်န္ေတာ္ နားမလည္ဘူး ခင္ဗ်။ ကြ်န္ေတာ္တို႔ အလုပ္ ဆိုတာကလည္း လူၾကားသူၾကား ၾကာၾကာေနလို႔ မျဖစ္တဲ့ အလုပ္။ ၿပီးေတာ့ သူက ကြ်န္ေတာ့္ကို အခ်ိန္ဆြဲထားၿပီး ဝိုင္းဖမ္းဖို႔ လူလည္က်တယ္ ထင္ၿပီး တစ္ခ်က္တည္း ဆြဲထိုးၿပီး ေျပးတာပါပဲ။ သူ မွန္းသာသိရင္ အဲဒီေနရာမွာတင္ ကြ်န္ေတာ္ ထိုင္ကန္ေတာ့ ပါတယ္ဗ်ာ။ ကြ်န္ေတာ္ အလြန္ႀကိဳက္တဲ့ ဒါ႐ုိက္တာပါ" စသျဖင့္ ... အထက္ပါ အဓိပၸါယ္ရေသာ စကားမ်ားကို ကေဘာက္ခ်ိ ကေဘာက္ခ်ာ ေျပာရင္း စခန္းမႉးကို ေတာင္းပန္ပါသည္။ သို႔ရာတြင္ သူ႔ကို အခ်ဳပ္ခန္းထဲ ထည့္လိုက္ၾကပါ၏။ ပစၥည္းလည္း ျပန္ရပါသည္။ ေဘာလ္ပင္မွ်သာပါ။
ကြ်န္ေတာ္၊ ဦးသက္ေနာင္ႏွင့္ စခန္းမႉးတို႔ ရယ္ေမာၾကရေလ၏။
* * *
အငယ္ဆံုးေကာင္ ေမာင္ဥာဏ္ေပၚ ...။
သူကေတာ့ တစ္မ်ဳိး။ ငယ္စဥ္ကတည္းက စကားႂကြယ္သည္။ အားလံုးထဲတြင္ ဥာဏ္အေကာင္းဆံုး ျဖစ္သည္။ ေပကတ္ကတ္ ဂ်စ္ကန္ကန္ ေနတတ္သည္။ မွားမွား မွန္မွန္ သူမွန္တယ္ ထင္ရာ ဇြတ္လုပ္သည္။ စည္းကမ္းႀကီးသည္။ ကတ္သီးကတ္သတ္ လုပ္တတ္သည္။ ကတ္သီးကတ္သတ္ ဆိုရာ၌ သူမ်ားေတြ အမႈမဲ့ အမွတ္မဲ့ ထားတတ္ေသာ ကိစၥမ်ဳိးကို သူျမင္တတ္၊ လုပ္တတ္ျခင္း၌ကား ရွာမွရွားေသာ လူေတာ္တစ္ေယာက္ ျဖစ္သည္။
ဥပမာ ... အလြန္ အေရးႀကီးေသာ ပြဲလမ္းသဘင္မ်ဳိးသို႔ တက္ေရာက္ျခင္း မရွိတတ္ေသာ္လည္း ရပ္ကြက္ထဲမွ ပဲျပဳတ္သည္ အသုဘတြင္ သြားေရာက္ ကူညီခ်င္ ကူညီေနတတ္သည္။ အစ္ကိုမ်ားကို ဖယ္ထား၊ အေဖႏွင့္ အေမကိုပင္လွ်င္ သူ႔စိတ္ႏွင့္ မကိုက္လွ်င္ ေဝဖန္ေျပာဆို တတ္ေသာ္လည္း ေဟာ ... သူငယ္ခ်င္းမ်ားႏွင့္ က်ျပန္ေတာ့ ေဆြးေဆြးေႏြးေႏြး တိုင္တိုင္ပင္ပင္ လုပ္ေနတတ္ ျပန္သည္။
ယခု သူ႔၌ ရွိေနေသာ သမီးေလး၏ အမည္ေပးပုံကိုပင္ ၾကည့္ဦး။ 'သူမ' တဲ့။ ဘယ္သူမွ မစဥ္းစားမိေသာ နာမည္။ ဘာပဲျဖစ္ျဖစ္ သူ၏ အရည္အခ်င္းမ်ား (လူအမ်ားစုႏွင့္ လိုက္ေလ်ာ ညီေထြတာေရာ မညီေထြတာေရာ) ေပါင္းလိုက္ေတာ့ သူ႔တြင္ အလြန္ အေရးပါေသာ အရည္အခ်င္းတစ္ရပ္ ေပၚေပါက္ လာေတာ့သည္။ ျဖတ္ထိုးဥာဏ္ ေကာင္းျခင္းႏွင့္ သတၱိေကာင္းျခင္းပင္ ျဖစ္ေတာ့၏။
ကိုင္း ... သင္း ခါးပိုက္ႏႈိက္ခံရပံုကို ဆက္ပါေတာ့မည္။ သူ ရွစ္တန္းေအာင္ေသာ ႏွစ္က ကြ်န္ေတာ္ သူ႔ကို လက္ေဆာင္တစ္ခု ေပးခဲ့သည္။ ကြ်န္ေတာ္ ရွစ္တန္းတုန္းက ျမန္မာစာ စာစီစာကုံုး ၿပိဳင္ပြဲတြင္ ပထမဆု ရခဲ့ေသာ ပတ္ကား ၄၅ မိန္းမကိုင္ ေဖာင္တိန္ကေလး တစ္လက္။
တစ္ေန႔ သူ ေက်ာင္းကအျပန္ ဘတ္စ္ကားေပၚတြင္ သူႏွင့္ကပ္လွ်က္ ႐ြယ္တူငနဲ တစ္ေကာင္သည္ ထိုေဖာင္တိန္ကို သူ႔အိတ္ကပ္ထဲမွ ဆတ္ကနဲ ႏႈိက္ယူလိုက္ပါသတဲ့။ သို႔ေသာ္ ေဖာင္တိန္မွာ အရစ္ဖံုး မဟုတ္ဘဲ အစြပ္ဖံုး ျဖစ္သျဖင့္ ေဖာင္တိန္ တစ္ေခ်ာင္းလံုး ပါမသြားဘဲ အဖံုးခ်ည္း သက္သက္ ပါသြား၏။ အႏႈိက္ခံရသည္ကို သူသိသလို ခါးပိုက္ႏႈိက္ ငနဲမွာလည္း ေဖာင္တိန္ အဖံုးခ်ည္း သက္သက္သာ ရလိုက္သျဖင့္ ကိုးကန္႔လန္႔ႀကီး ျဖစ္သြားရ၏။ ထိုအခ်ိန္မွာပင္ ျဖတ္ထိုးဥာဏ္ ေကာင္းေသာ ဥာဏ္ေပၚသည္ ခါးပိုက္ႏႈိက္ ငနဲကို ေအာက္ပါအတိုင္း တိုးတိတ္စြာ ကပ္၍ ေျပာလိုက္ပါသတဲ့။
"ဒီမယ္ ... ေဘာ္ဒါ အခ်င္းခ်င္းေတြပဲကြာ။ လုပ္ဖို႔ မေကာင္းပါဘူး။ ေဘးလူေတြ မသိခင္ အသာေလး ျပန္ၿပီး ငါ႔ေဖာင္တိန္ အဖံုးကို ျပန္စြပ္ေပးလိုက္ပါ" တဲ့။
ခါးပိုက္ႏႈိက္ ငနဲလည္း ႐ုတ္တရက္ ေၾကာင္သြားၿပီးမွ ေဘးဘီ အေျခအေနကို ၾကည့္ၿပီး ေဖာင္တိန္ အဖံုးကို ဥာဏ္ေပၚ၏ အိတ္ကပ္ထဲ ေထာင္ထြက္ေနေသာ ေဖာင္တိန္ပင္မကိုယ္တြင္ လွစ္ကနဲ ျပန္စြပ္ေပးရင္း ...
"မင္းက ဘယ္အဖြဲ႕ကလဲ"
"ႏွင္းဆီကုန္း"
"ငါက မိေက်ာင္းကန္"
"ေအး လမ္းေတြ႕ရင္ ေခၚေပါ့ကြာ။ အကူအညီလိုလည္း အခ်က္ျပလိုက္ေပါ့။ သိတယ္ မဟုတ္လား"
"ကြ်မ္းပါတယ္ကြာ"
ဤသို႔အားျဖင့္ ဥာဏ္ေပၚ အိမ္အျပန္တြင္ သူ႔ဇာတ္လမ္းကို ေျပာျပရင္း ကြ်န္ေတာ္တို႔ မိသားစု ေပ်ာ္ရႊင္ရယ္ေမာ ပါသည္။
* * *
ဇာတ္ေပါင္းေသာ္ ကြ်န္ေတာ္သည္ ႐ုပ္ရွင္မင္းသား ျဖစ္လာ၏။ ေမာင္႐ူပသည္ လက္ဖက္ရည္ဆိုင္ ဖြင့္သည္။ အစ္ကို ေမာင္ဝဏၰသည္ ႐ုပ္ရွင္ဒါ႐ုိက္တာ ျဖစ္လာ၏။ ညီငယ္ ေမာင္ဥာဏ္ေပၚသည္ စာေရးဆရာ မင္းလူ ...။ ကြ်န္ေတာ္ ေျပာခ်င္သည္ကို စာဖတ္သူ နားလည္ပါလိမ့္မည္။
မွတ္ခ်က္။ ။ အထက္ပါ အေၾကာင္းအရာကို ကြ်န္ေတာ္၏ ဖခင္ႀကီးအား ေျပာျပၿပီး ...
"ေဖေဖ ... ေဖေဖ ကြ်န္ေတာ္တို႔ အရြယ္ေလာက္တုန္းကေရာ အဲသလိုပဲ ေဖာင္တိန္ ခါးပိုက္ႏႈိက္ ခံရဖူးသလား ... ဟင္" ဟု ေမးမိသည္။
ထိုအခါ ေဖေဖက ေအာက္ပါအတိုင္း သက္ျပင္းရွည္ႀကီး ခ်လ်က္ ျပန္ေျပာပါသည္။
''သားရယ္ ခါးပိုက္ႏႈိက္ ခံရဖို႔ ေဝးလို႔ ေဖေဖ သားတို႔ အ႐ြယ္တုန္းက ေက်ာင္းတက္တာ ေဖာင္တိန္ မကိုင္ႏိုင္ဘူး သား။ ေဖေဖတို႔ ေခတ္တုန္းက အေပါင္ဆံုးဆိုင္မွာ သြားဝယ္ရင္ ေဖာင္တိန္ တစ္လက္ကို ငါးမတ္ပဲ ေပးရတယ္။ အသစ္ဆိုရင္ ႏွစ္က်ပ္ေပါ့ကြာ။ ဒါေတာင္ ေဖေဖ မဝယ္ႏိုင္ခဲ့ဘူး။ ဒီေတာ့ တစ္ေခ်ာင္း ႏွစ္ျပားတန္ ကေလာင္ကေလး တစ္ေခ်ာင္း ဝယ္၊ ငါးျပားတန္ မင္အိုး ဝယ္၊ မင္ တို႔လို႔ ေက်ာင္းစာေတြ ေရးခဲ့ရတယ္" ဟု ဘယ္လို အဓိပၸါယ္မွန္း ကြ်န္ေတာ္ မသိႏိုင္ေသာ မ်က္ႏွာထားျဖင့္ ျပန္ေျပာပါသည္။
သုေမာင္
ကလ်ာမဂၢဇင္း၊ စက္တင္ဘာ၊ ၁၉၈၉။
Unicode version
" သဘာဝအုပ်စု "
=========
#သုမောင်
အထက်ပါ အမည်မှာ ကျွန်တော့် ဖခင်ကြီး၏ ရုပ်ရှင် ကုမ္ပဏီအမည် ဖြစ်ပါသည်။ မူလ ကုမ္ပဏီ ထူထောင်ကာစကမူ "သာဓုရုပ်ရှင် " ဟူ၍ အမည် ပညတ်ခဲ့သော်လည်း နောင် ကျွန်တော့်အစ်ကို မောင်ဝဏ္ဏ ဒါရိုက်တာလုပ်၊ နောက် ကျွန်တော် ဒါရိုက်တာလုပ် စသဖြင့် ဖြစ်လာသောအခါ ခေတ်အလျောက် ဓာတ်ပုံရိုက်နည်း ရိုက်ချက်များ ကွာခြားလာသဖြင့် "မင်းတို့လုပ်တာ ငါ့မူ ပျောက်တယ်။ ဒီတော့ ကုမ္ပဏီ နာမည်ကို ငါ့နာမည် မထည့်တော့ဘူး။ ပြောင်းပစ်မယ်။ အေး ... တစ်ခုရှိတာက မင်းတို့လည်း သဘာဝကျတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ ဖန်တီးတဲ့ နေရာမှာတော့ ငါနဲ့ တူတဲ့အတွက် ..." ဟူသော အကြောင်းပြချက်ဖြင့် သာဓုရုပ်ရှင်မှ သဘာဝအုပ်စု ဟူ၍ ဖြစ်သွားရပါသတည်း။
ကျွန်တော် ပြောလိုသည်မှာ ရုပ်ရှင်ကုမ္ပဏီ နာမည်ကိစ္စ မဟုတ်ပါ။ သဘာဝကျသော ကျွန်တော်တို့ မိသားစု အကြောင်းထဲမှ တစ်စိတ်တစ်ဒေသ ဖြစ်သော ကျွန်တော်တို့ ညီအစ်ကို လေးယောက်၏ စရိုက်သဘာဝ အကြောင်းကလေးမျှသာ ဖြစ်ပါသည်။ ထို့ထက်ကား လူတစ်ယောက်၏ ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သော စရိုက်သဘာဝ မဟုတ်ဘဲ အလွန်သေးဖွဲသော စရိုက်သဘာဝလေး တစ်ခု အကြောင်းမျှသာ။ သို့ရာတွင် ထိုသဘာဝ အသေးစားကလေးသည် လူတစ်ယောက်၏ စိတ်နေ သဘောထား၊ အမူအကျင့် စရိုက်ကို ချဲ့လျှင် ချဲ့သလို ဖော်ကျူးနေပြန်ပါသည်။
ကျွန်တော် ပြောပြပါမည်။ ထူးဆန်းသည်ဟု ပြောလျှင်လည်း ရတန်သလောက် ရပါသည်။ ကျွန်တော်တို့ ညီအစ်ကို လေးယောက်စလုံးသည် တစ်ကြိမ်စီ ခါးပိုက်နှိုက်ခံရခြင်းပင် ဖြစ်ပါသည်။ ထူးဆန်းသည်ဟု ပြောရခြင်းမှာ ဖောင်တိန်များချည်း အနှိုက်ခံရသောကြောင့်ပင်။
* * *
ထိုစဉ် (၁၉၆၉ ခန့်) က ကျွန်တော့် အစ်ကိုက တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ဒဿနိကဗေဒ ပညာရပ် သင်ယူနေသူ။ ကျွန်တော်က စက်မှုလက်မှု အထက်တန်းကျောင်း နောက်ဆုံးနှစ် ကျောင်းသား။ အငယ်နှစ်ကောင် မောင်ရူပ၊ မောင်ဉာဏ်ပေါ်တို့က ရှစ်တန်းခေါ် အဋ္ဌမတန်း။
ကျွန်တော်တို့ အငယ် သုံးယောက်စလုံးသည် အစ်ကိုကြီး မောင်ဝဏ္ဏကို အားကိုးကြသည်။ ထိုစဉ်က သူသည် ကျောင်းတစ်ဖက် တက်ရင်း 'ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း' ဇာတ်ကားကို တစ်ဖက်က ရိုက်ကူးနေသည်။ ဉာဏ်ကောင်းသည်။ အလုပ်လုပ်သည်။ သည်းညည်းခံသည်။ ညှာတာသည်။ မိဘကို လုပ်ကျွေးရင်း ကျွန်တော်တို့ကိုလည်း အသိပညာ တိုးတက်အောင် လမ်းပြသည်။ သူသည် အဖေပြီးလျှင် အိမ်မှာ အားအကိုးရဆုံး ဖြစ်သည်။ ထို့ကြောင့် အစ်ကိုကြီး၏ အကျင့်များ ကျွန်တော်တို့ထံသို့ အလိုလို ပူးကပ် လာကြတော့သည်။
အထူးသဖြင့်မူ ဘတ်စ်ကား တိုးစီးရခြင်း၌ အကြောင်းမဲ့ ဝါသနာထုံခြင်းပင်။ ထိုစဉ်က ကျွန်တော့် ဖခင်ကြီးသည် ငွေကြေး ချမ်းသာသူ တစ်ယောက်အဖြစ် သတ်မှတ်နိုင်လောက် ပါသည်။ မော်တော်ကား သုံးစီး ပိုင်ပါသည်။ သို့သော် ကျွန်တော်တို့သည် မည်သည့် ဒဿနမှန်း မသိသော ဘတ်စ်ကားစီး ချင်ခြင်းတပ်မှုကို သံယောင်လိုက် နေခဲ့ကြပါသည်။ အဖေ့ကားများကို သိပ်မစီးဖြစ်။ ထိုစဉ်က ဘတ်စ်ကားများသည် ယခုလောက် မကျပ်သော်လည်း မတ်တတ်ကတော့ များသောအားဖြင့် ရပ်ရပါသည်။ အထူးသဖြင့် ကျောင်းဆင်းချိန်၊ ရုံးဆင်းချိန်များတွင် တိုးဝှေ့ တက်ရခြင်း၊ အလယ် လူသွားလမ်းမှာပင် ရုပ်ရှင်ကားကောင်း တစ်ကားကြည့်ရန် တန်းစီရသလိုမျိုး ကားတိုးစီးရခြင်းများ ရှိတတ်ပါသည်။
ပြီးတော့ အဲသည်အချိန်က ခါးပိုက်နှိုက်များ အလွန် ခေတ်ထခဲ့ကြ ပါသည်။ အထူးသဖြင့် မျက်မှန်ကို တပ်ထားလျှက်က ဖြုတ်၍ ဆင်းပြေးသော ခါးပိုက်နှိုက်များ စူပါစတား ဖြစ်နေချိန် ဖြစ်သည်ကို ကျွန်တော် မှတ်မိနေသေးသည်။ အကြောင်းမှာ ထိုစဉ်က ကျွန်တော် မျက်မှန် တပ်ရသောကြောင့် ဖြစ်ပါသည်။
* * *
ကိုင်း ... ဖောင်တိန်ကိစ္စ ဆက်ကြရအောင်ပါ။ ကျွန်တော်တို့ လေးယောက်စလုံး ဖောင်တိန်အကိုင် ဝါသနာကြီးကြ ပါသည်။ ကျောင်းသားတွေမို့ရယ် မဟုတ်ပါ။ စာရေးဆရာ ဖြစ်ချင်သော ဗီဇက ကျွန်တော်၊ ကိုကို မောင်ဝဏ္ဏ၊ မောင်ဉာဏ်ပေါ်နှင့် စာရင်းအင်း လုပ်တာ ဝါသနာပါသော မောင်ရူပတို့တွင် ပါလာသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဘယ်သွားသွား ဘယ်လာလာ ဖောင်တိန်ကို အိပ်ကပ်ထဲမှာ အမြဲ ချိတ်ထားကြ လေသည်။ ပြီးတော့ စာရေးဆရာ ဖြစ်ချင်သူများပီပီ ခရီးယာယီကလည်း အလွန်များသည်။ အချိန်အားရလျှင် ရသလို အကြောင်းရှိရှိ မရှိရှိ မြို့ထဲသို့ ထွက်ကြသည်။ ဖေဖေ့ကဲ့သို့ပင် လွယ်အိတ် တစ်ယောက်တစ်လုံး လွယ်၍ စာရေးဆရာများ ပေါများသော ၃၃လမ်းလို နေရာမျိုးသို့ လည်းကောင်း၊ ပုဂံ စာအုပ်တိုက် (ထိုစဉ်က စာရေးဆရာများ စတည်းချရာ) သို့ လည်းကောင်း၊ မဂ္ဂဇင်းတိုက်များသို့ လည်းကောင်း ...။ ဤသို့အားဖြင့် ကျွန်တော်တို့ လေးယောက်စလုံး ခါးပိုက် အနှိုက်ခံကြရသည်တွင် ကြီးစဉ်ငယ်လိုက် အနှိုက်ခံရပုံကို ကျွန်တော် မပြောပါ။ စိတ်ဝင်စားဖွယ် ကောင်းသော စရိုက်သဘာဝကို တတ်နိုင်သမျှ နောက်ပိုင်းထား၍ ပြောလိုပါသည်။ ထို့ကြောင့် သိပ်မထူးခြားလှသော ကျွန်တော့် အဖြစ်ကို စတင် ပြောပြပါမည်။
တစ်နေ့တွင် မော်လမြိုင်မြို့မှ ကျွန်တော့်ဘကြီး ဆရာဝန် ရန်ကုန်သို့ ဆေးအဝယ် ရောက်လာသည်။ ထိုစဉ်က ရန်ကုန်မှာက ဆေးပိုပေါ ပါသည်။ ပြည်သူဆိုင်မှ ဆေးကို ဈေး သက်သက်သာသာဖြင့် ရနိုင်၏။ ဘကြီးက ကျွန်တော့်ကို မြို့ထဲမှ ပြည်သူ့ဆေးဆိုင် တစ်ဆိုင်သို့ ဆေးအဝယ် လွှတ်၏။ ဝယ်ခဲ့သော ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေးများ စုံလင်သဖြင့် စာအုပ်စာတမ်းများဖြင့် ပြည့်နှက်နေသော ကျွန်တော့် လွယ်အိတ်ထဲ ထည့်၍ မဖြစ်။ ကွဲမည်ပြုမည် စိုးရ၏။ ထို့ကြောင့် လက်တစ်ဖက်ဖြင့်ပင် ဆေးအိတ်ထုပ်ကို ကိုင်ရ၏။
ဘတ်စ်ကား ကျပ်သဖြင့် မတ်တတ်ရပ် စီးရသောကြောင့် ကျွန်တော့် လက်တစ်ဖက်က ခေါင်မိုး လက်တန်းကို ကိုင်ထားရ၏။ ထိုအချိန်တွင် ကျွန်တော် သတိကြီးစွာ ထားနေရသည်မှာ ဆေးအိတ်ထဲမှ ပုလင်းများ မကွဲစေရန်နှင့် ကျွန်တော် တပ်ထားသော မျက်မှန် အလစ်သုတ် မခံရစေရန်သာ ဖြစ်၏။ ရှပ်အင်္ကီျတွင် အမြဲ ချိတ်ထားသော ဖောင်တိန်ကို သတိမထားမိ။ ရပ်နေသည့် နေရာက အဆင်းအတက် အပေါက်ဝနားတွင်၊ မည်သို့ပင်ရှိစေ ခါးပိုက်နှိုက်ကိုတော့ ကျွန်တော် သတိထားသည်။ အထူးသဖြင့် ကျွန်တော်ကဲ့သို့ ခြေမလွတ် လက်မလွတ် ဖြစ်နေသူများသည် သူတို့၏ သားကောင် မဟုတ်လား။
ကျွန်တော်က လူတွေ၏ မျက်နှာ အမူအရာကို အကဲခတ် ကောင်းပါသည်။ ထင်သည့် အတိုင်းပင် ကျွန်တော့်ထက် အသက် အနည်းငယ် ကြီးပုံရသော ငနဲတစ်ကောင် ကျွန်တော့်နား ကပ်လာသည်။ ကျွန်တော်က မျက်မှန်ကို ဂရုစိုက်သည်။ သို့သော် သူက အမှတ်မထင် ကျွန်တော့် ဖောင်တိန်ကို ဆတ်ခနဲ ဆွဲဖြုတ်ပြီး ကားပေါ်မှ ခုန်ချမည်ကြံသည်။ ကားကလည်း မှတ်တိုင်နား နီးနေပြီမို့ အရှိန်လျှော့နေပြီ။ ကျွန်တော် စဉ်းစားကြည့်သည်။ အော်လိုက်လျှင် သူ ကျွန်တော့်ကို ရန်ပြုနိုင်သည်။ ထို့ကြောင့် ကျွန်တော် အကောင်းဆုံးနည်းကို အသုံးချလိုက်သည်။ သူ ခုန်ချဆဲဆဲတွင် သူ့ဖင်ကို ကျွန်တော် ပိတ်ကန်ချလိုက်သည်။ ငနဲသား ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။ ကားရပ်လိုက်ချိန်တွင် သူ မြေကြီးပေါ်မှ မထနိုင်သေး။
ကျွန်တော့် ဖောင်တိန် ပြန်ရသည်။ သူ အဖမ်းခံရသည်။
* * *
ဒုတိယ နို့ညှာကောင် မောင်ရူပ။
သည်တုန်းက ရှစ်တန်းမှာ။ တစ်နေ့ ကျောင်းကအပြန် အိမ်ပေါ် တက်လာတော့ မျက်စိမျက်နှာ မကောင်း ဖြစ်လာသည်ကို သတိထားမိသည်။ ထိုနေ့သည် သူ သုံးလပတ် စာမေးပွဲ ပထမဆုံး ဖြေရသည့်နေ့ ဖြစ်၏။ သူသည် ငယ်စဉ်က အလွန် ချူချာသူ၊ ရောဂါထူသူ ဖြစ်သည်။ ထို့ကြောင့် ဦးနှောက်ပိုင်း ဆိုင်ရာ၌ အားနည်းနေသည်။ ဉာဏ်ထိုင်းသည်ဟု မဆိုနိုင်သော်လည်း ကျွန်တော်တို့ ညီအစ်ကို လေးယောက်ထဲတွင်တော့ ပညာရေးပိုင်း၌ နံပါတ် (၄) နေရာ၌ ရောက်နေရှာသည်။ ကျောင်းမှာတော့ သာမန် အဆင့်မျှ ရှိပါသည်။ သည်အတွက် အားငယ်တတ်ခြင်းကြောင့် ပေလော။ သို့တည်းမဟုတ် ပင်ကိုမူလ (နို့ညှာ) စရိုက်ကြောင့် ပေလောမသိ။ မောင်ရူပသည် ကျွန်တော်တို့ အားလုံးထဲတွင် သည်းညည်း အခံနိုင်ဆုံး၊ ခွင့်အလွှတ်နိုင်ဆုံး၊ အရိုးသားဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
ဆိုပါစို့ ...။ မည်သူ့ဘက်က မှားမှား အစ်ကိုတွေ ငေါက်လျှင်၊ ညီဖြစ်သူက ခံပက်လျှင် ဘာမျှ ပြန်မပြောဘဲ မထေ့တထေ့ ပြုံးရွှင်၍သာ နေတတ်သည်။ သို့သော် ဘယ်သူမျှ မမြင်သော ကွယ်ရာကျမှ သူ့ခေါင်းကိုသူ တိုင်နှင့် ဆောင့်ချင် ဆောင့်တတ်သည်။
စောစောက ပြောသလို သုံးလပတ် စာမေးပွဲ ပထမနေ့ အိမ်အပြန် မျက်နှာ မကောင်းသဖြင့် ကျွန်တော်က စာမေးပွဲ မဖြေနိုင်လို့ဘဲဟု ပေါ့ပေါ့တွေးကာ ... "အဆင့် တစ် နှစ် သုံး ထွက်မှ မဟုတ်ပါဘူးကွာ။ စာမေးပွဲ ဝင်ဖြေတယ် ဆိုတာကိုက လူတစ်ယောက်ရဲ့ သတ္တိနဲ့ စွမ်းရည်ပါပဲ" ဟု အားပေးစကား ပြောရပါသည်။
သို့သော် သူက ခေါင်းခါသည်။ "ဒါဖြင့် ဘာဖြစ်လို့လဲ" ဟု မေးသောအခါ "ဖောင်တိန် ခါးပိုက်နှိုက် ခံရလို့ ကိုကို" တဲ့။
"ဟေ့ ... မင်း မသိလိုက်ဘူးလား"
"သိလိုက်ပါတယ် ကိုကို"
"ဟကောင်ရ၊ မင်း အားကစားသမား တစ်ယောက် လုပ်နေပြီး (သူသည် အားလုံးထဲတွင် အားကစား အလိုက်စားဆုံး၊ ကိုယ်လုံးကိုယ်ထည် အတောင့်တင်းဆုံး) ဆွဲတီးပစ်လိုက် ပါလား။ ဒါမှမဟုတ် အော်ချင်အော်၊ ဒရိုင်ဘာကို တိုးတိုးတိတ်တိတ် အကြောင်းကြားပြီး ရဲစခန်း တန်းမောင်းခိုင်းပေါ့ ...''
သူ ဘာမျှမပြောဘဲ တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေသည်မှာ ကျွန်တော့်စိတ်အထင် တစ်မိနစ်ခန့် ကြာလိမ့်မည်။ ပြီးတော့မှ သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်ပြီး အောက်ပါအတိုင်း ပြောပါသည်။
"မဟုတ်ဘူး ကိုကို၊ ကျွန်တော်က တစ်ခုခု လုပ်လိုက်လို့ သူ့ကို လူမိသွားရင် ဝိုင်းတွယ်ကြမှာ။ ပြီးတော့ သူ့ခမျာ လူကြားသူကြား ရှက်သွားမှာပေါ့"
* * *
ကျွန်တော့်အစ်ကို မောင်ဝဏ္ဏသည် ဆယ်တန်း အောင်စဉ်က ဆေးတက္ကသိုလ် တက်နိုင်သည့် အမှတ်ကိုမီသူ ဖြစ်သော်လည်း သူသည် တက္ကသိုလ်တွင် လူကြိုက်နည်းသော ဘာသာဗေဒတစ်ခု ဖြစ်သည့် ဒဿနိကဗေဒ ဘာသာရပ်ကို ယူခဲ့သည်။ သူသည် ငယ်စဉ်ကပင် အလွန် စဉ်းစားသူ ဖြစ်၏။ စကားနည်းပြီး အချိန်အားရတိုင်း တွေးတော နေတတ်သည်။ ဆိုပါစို့ ... ငယ်စဉ်က ကျွန်တော်တို့တတွေ စက်ဘီးစီး၊ ဂေါ်လီရိုက်၊ ဂျင်ပေါက် စသည်ဖြင့် ကလေးတို့ဘာဝ ဆော့ကစား နေချိန်မျိုးတွင် သူသည် အိမ်ကြမ်းပြင် လျှာထိုးမှ သဲများကို ကလော် ထုတ်လိုက်၊ လက်ဖြင့် ပြန်ဖိသွင်း ထည့်လိုက် လုပ်နေတတ်သည်။ သည်လောက်ဆို သူ့ဗီဇကို သိလောက်ပါပြီ။
တစ်နေ့မှာ မှောင်ရီပျိုးစ အချိန် ထုံးစံအတိုင်း အိမ်ပြန်လာသော အခါ သူ့ ဘယ်ဘက် မျက်လုံးတစ်ဖက်ကို လက်ဖြင့်အုပ်လျှက် အိပ်ခန်းတွင်းသို့ ခပ်သုတ်သုတ် ဝင်လာသည်။ ထိုစဉ်က ကျွန်တော်တို့ အားလုံး လူပျိုလူလွတ်ချည်း ဖြစ်သဖြင့် သူနှင့် ကျွန်တော်က တစ်ခန်းတည်း အတူအိပ်ပါသည်။ သူဝင်လာချိန်တွင် ကျွန်တော် စာရေးနေပါသည်။ ခြေသံကြား၍ သူ့ကို ကြည့်လိုက်သောအခါ မျက်စိမျက်နှာ မကောင်းဘဲ စောစောက ပြောသလို မျက်စိတစ်ဖက် လက်ဝါးဖြင့် အုပ်ထားသည်ကို ချက်ချင်း သတိထားမိလိုက်သည်နှင့် ... "ကိုကို ဘာဖြစ်လာသလဲ" ဟု ပျာပျာသလဲ မေးရပါသည်။ ကျွန်တော် ထင်တာက သူသည် ပိန်ပိန်ညှောင်ညှောင် ခနိုးခနဲ့မို့ ဘတ်စ်ကား အဆင်းအတက်များ လိမ့်ကျလာ သလားလို့။
သူကတော့ ကျွန်တော့်ကို ဘာမျှ ပြန်မပြောဘဲ သူ့ခုတင်ပေါ်တက်၊ မှောက်လျက်ကြီး လုပ်နေပါတော့သည်။ ကျွန်တော်က စိတ်ပူသဖြင့် အတန်တန် မေးသော်လည်း တုတ်တုတ်မျှ မလှုပ်။ နောက်ဆုံး အမေ့ကို သွားပြော အကူအညီ တောင်းမှ သူ ဘတ်စ်ကား မှတ်တိုင်တွင် နောက်ပေါက်က ခိုစီးလာစဉ် အလစ်သမားက သူ့ဖောင်တိန်ကို နှိုက်၍ ဆင်းပြေးကြောင်း၊ သူကလည်း ဆင်းလိုက်ကြောင်း၊ ထိုငနဲကို မိသောအခါ ငနဲက သူ့ကို ဆွဲထိုးသွားကြောင်း သိရပါတော့သည်။
ကျွန်တော် ထောင်းကနဲ ဒေါသ ဖြစ်သွား၏။ သို့ဖြင့် ဖေဖေ့ သားတပည့် အစ်ကိုသက်နောင် (ယခု ဒါရိုက်တာ သက်နောင်) အား အကြောင်းကြားပြီး တာမွေ ရဲစခန်းသို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခဲ့ကြတော့သည်။ ဖောင်တိန် အနှိုက်ခံရခြင်းထက် ကျွန်တော့်အစ်ကို အထိုးခံရခြင်းကို ပို၍ ဒေါသဖြစ်သောကြောင့် ဖြစ်ပါသည်။
ဟိုရောက်တော့ အလျဉ်းသင့်ပင် စခန်းမှူးနှင့် အစ်ကိုသက်နောင်တို့မှာ သူငယ်ချင်းများ ဖြစ်နေကြသဖြင့် ခါးပိုက်နှိုက် စာရင်းဝင်များကို ဖမ်းခိုင်းလေသည်။ ကျွန်တော့်အစ်ကိုထံမှ နှိုက်သွားသော ငနဲကိုလည်း မိပါသည်။ သူကလည်း ဝန်ခံပါသည်။ သို့ရာတွင် ထိုငနဲ အစစ်ခံသည့် စကားများကို ကြားရသောအခါ လက်ယားနေသော ကျွန်တော့်မှာ ငိုရမလို ရယ်ရမလို ဖြစ်ရပါတော့သည်။
"ဗျာ ... အဲဒါ ဒါရိုက်တာ မောင်ဝဏ္ဏ ဟုတ်လား။ ဒီလိုမှန်း သိရင် ကျွန်တော် နှိုက်တောင် နှိုက်ဖြစ်မှာ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ရှိခိုးမိမှာပါ။ သူရိုက်တဲ့ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ဇာတ်ကားဆိုရင် ကျွန်တော် သုံးခါပြန်တောင် ကြည့်ဖြစ်ပါတယ်။ (ထိုစဉ်က ကိုကိုသည် ထိုဇာတ်ကားဖြင့် အကယ်ဒမီပင် ရပြီးပါပြီ) ခုဟာက ..."
သူ အတန်ငယ် ပြုံးတုံ့တုံ့ လုပ်ပြီး ...
"ကျွန်တော် ကားပေါ်က ခုန်ဆင်းလိုက်တော့ သူက နောက်က ခုန်ဆင်းပြီး လိုက်လာတယ်။ ကျွန်တော်က ခပ်သုတ်သုတ်ကလေး လျှောက်သွားတော့ သူလည်း ကျွန်တော့်ကို အမီ လိုက်လာတယ်။ ဒါပေမယ့် အော်လည်း မအော်ဘူး ခင်ဗျ။ ကျွန်တော့်ကို မီလာတော့ ကျွန်တော့် ပခုံးကို ပုတ်တယ်။ ကျွန်တော်က ကျွန်တော့်ကို ရန်မူမယ် ထင်လို့ အသင့် အနေအထားနဲ့ သူ့ဘက် လှည့်လိုက်တော့ သူက (ညီလေး မင်းနဲ့ ငါ စကားနည်းနည်း ပြောချင်တယ်ကွာ) တဲ့။ ကျွန်တော်လည်း သူ့စကားကိုကြားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ကြောင်သွားတာပေါ့။ ဒီမှာတင် သူက ဆက်ပြောတယ်။ (ညီလေးရာ လူတစ်ယောက်ရဲ့ ဘဝကို တည်ဆောက်တဲ့ နေရာမှာ လုပ်နည်းလုပ်ဟန်တွေ အများကြီး ရှိပါတယ်။ တကယ်တော့ ဘဝဆိုတာ ...) ဆိုလား၊ ဘာဆိုလား ကျွန်တော်လည်း မမှတ်မိတော့ဘူး။ သူ့စကားတွေ ကျွန်တော် နားမလည်ဘူး ခင်ဗျ။ ကျွန်တော်တို့ အလုပ် ဆိုတာကလည်း လူကြားသူကြား ကြာကြာနေလို့ မဖြစ်တဲ့ အလုပ်။ ပြီးတော့ သူက ကျွန်တော့်ကို အချိန်ဆွဲထားပြီး ဝိုင်းဖမ်းဖို့ လူလည်ကျတယ် ထင်ပြီး တစ်ချက်တည်း ဆွဲထိုးပြီး ပြေးတာပါပဲ။ သူ မှန်းသာသိရင် အဲဒီနေရာမှာတင် ကျွန်တော် ထိုင်ကန်တော့ ပါတယ်ဗျာ။ ကျွန်တော် အလွန်ကြိုက်တဲ့ ဒါရိုက်တာပါ" စသဖြင့် ... အထက်ပါ အဓိပ္ပါယ်ရသော စကားများကို ကဘောက်ချိ ကဘောက်ချာ ပြောရင်း စခန်းမှူးကို တောင်းပန်ပါသည်။ သို့ရာတွင် သူ့ကို အချုပ်ခန်းထဲ ထည့်လိုက်ကြပါ၏။ ပစ္စည်းလည်း ပြန်ရပါသည်။ ဘောလ်ပင်မျှသာပါ။
ကျွန်တော်၊ ဦးသက်နောင်နှင့် စခန်းမှူးတို့ ရယ်မောကြရလေ၏။
* * *
အငယ်ဆုံးကောင် မောင်ဉာဏ်ပေါ် ...။
သူကတော့ တစ်မျိုး။ ငယ်စဉ်ကတည်းက စကားကြွယ်သည်။ အားလုံးထဲတွင် ဉာဏ်အကောင်းဆုံး ဖြစ်သည်။ ပေကတ်ကတ် ဂျစ်ကန်ကန် နေတတ်သည်။ မှားမှား မှန်မှန် သူမှန်တယ် ထင်ရာ ဇွတ်လုပ်သည်။ စည်းကမ်းကြီးသည်။ ကတ်သီးကတ်သတ် လုပ်တတ်သည်။ ကတ်သီးကတ်သတ် ဆိုရာ၌ သူများတွေ အမှုမဲ့ အမှတ်မဲ့ ထားတတ်သော ကိစ္စမျိုးကို သူမြင်တတ်၊ လုပ်တတ်ခြင်း၌ကား ရှာမှရှားသော လူတော်တစ်ယောက် ဖြစ်သည်။
ဥပမာ ... အလွန် အရေးကြီးသော ပွဲလမ်းသဘင်မျိုးသို့ တက်ရောက်ခြင်း မရှိတတ်သော်လည်း ရပ်ကွက်ထဲမှ ပဲပြုတ်သည် အသုဘတွင် သွားရောက် ကူညီချင် ကူညီနေတတ်သည်။ အစ်ကိုများကို ဖယ်ထား၊ အဖေနှင့် အမေကိုပင်လျှင် သူ့စိတ်နှင့် မကိုက်လျှင် ဝေဖန်ပြောဆို တတ်သော်လည်း ဟော ... သူငယ်ချင်းများနှင့် ကျပြန်တော့ ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင် လုပ်နေတတ် ပြန်သည်။
ယခု သူ့၌ ရှိနေသော သမီးလေး၏ အမည်ပေးပုံကိုပင် ကြည့်ဦး။ 'သူမ' တဲ့။ ဘယ်သူမှ မစဉ်းစားမိသော နာမည်။ ဘာပဲဖြစ်ဖြစ် သူ၏ အရည်အချင်းများ (လူအများစုနှင့် လိုက်လျော ညီထွေတာရော မညီထွေတာရော) ပေါင်းလိုက်တော့ သူ့တွင် အလွန် အရေးပါသော အရည်အချင်းတစ်ရပ် ပေါ်ပေါက် လာတော့သည်။ ဖြတ်ထိုးဉာဏ် ကောင်းခြင်းနှင့် သတ္တိကောင်းခြင်းပင် ဖြစ်တော့၏။
ကိုင်း ... သင်း ခါးပိုက်နှိုက်ခံရပုံကို ဆက်ပါတော့မည်။ သူ ရှစ်တန်းအောင်သော နှစ်က ကျွန်တော် သူ့ကို လက်ဆောင်တစ်ခု ပေးခဲ့သည်။ ကျွန်တော် ရှစ်တန်းတုန်းက မြန်မာစာ စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု ရခဲ့သော ပတ်ကား ၄၅ မိန်းမကိုင် ဖောင်တိန်ကလေး တစ်လက်။
တစ်နေ့ သူ ကျောင်းကအပြန် ဘတ်စ်ကားပေါ်တွင် သူနှင့်ကပ်လျှက် ရွယ်တူငနဲ တစ်ကောင်သည် ထိုဖောင်တိန်ကို သူ့အိတ်ကပ်ထဲမှ ဆတ်ကနဲ နှိုက်ယူလိုက်ပါသတဲ့။ သို့သော် ဖောင်တိန်မှာ အရစ်ဖုံး မဟုတ်ဘဲ အစွပ်ဖုံး ဖြစ်သဖြင့် ဖောင်တိန် တစ်ချောင်းလုံး ပါမသွားဘဲ အဖုံးချည်း သက်သက် ပါသွား၏။ အနှိုက်ခံရသည်ကို သူသိသလို ခါးပိုက်နှိုက် ငနဲမှာလည်း ဖောင်တိန် အဖုံးချည်း သက်သက်သာ ရလိုက်သဖြင့် ကိုးကန့်လန့်ကြီး ဖြစ်သွားရ၏။ ထိုအချိန်မှာပင် ဖြတ်ထိုးဉာဏ် ကောင်းသော ဉာဏ်ပေါ်သည် ခါးပိုက်နှိုက် ငနဲကို အောက်ပါအတိုင်း တိုးတိတ်စွာ ကပ်၍ ပြောလိုက်ပါသတဲ့။
"ဒီမယ် ... ဘော်ဒါ အချင်းချင်းတွေပဲကွာ။ လုပ်ဖို့ မကောင်းပါဘူး။ ဘေးလူတွေ မသိခင် အသာလေး ပြန်ပြီး ငါ့ဖောင်တိန် အဖုံးကို ပြန်စွပ်ပေးလိုက်ပါ" တဲ့။
ခါးပိုက်နှိုက် ငနဲလည်း ရုတ်တရက် ကြောင်သွားပြီးမှ ဘေးဘီ အခြေအနေကို ကြည့်ပြီး ဖောင်တိန် အဖုံးကို ဉာဏ်ပေါ်၏ အိတ်ကပ်ထဲ ထောင်ထွက်နေသော ဖောင်တိန်ပင်မကိုယ်တွင် လှစ်ကနဲ ပြန်စွပ်ပေးရင်း ...
"မင်းက ဘယ်အဖွဲ့ကလဲ"
"နှင်းဆီကုန်း"
"ငါက မိကျောင်းကန်"
"အေး လမ်းတွေ့ရင် ခေါ်ပေါ့ကွာ။ အကူအညီလိုလည်း အချက်ပြလိုက်ပေါ့။ သိတယ် မဟုတ်လား"
"ကျွမ်းပါတယ်ကွာ"
ဤသို့အားဖြင့် ဉာဏ်ပေါ် အိမ်အပြန်တွင် သူ့ဇာတ်လမ်းကို ပြောပြရင်း ကျွန်တော်တို့ မိသားစု ပျော်ရွှင်ရယ်မော ပါသည်။
* * *
ဇာတ်ပေါင်းသော် ကျွန်တော်သည် ရုပ်ရှင်မင်းသား ဖြစ်လာ၏။ မောင်ရူပသည် လက်ဖက်ရည်ဆိုင် ဖွင့်သည်။ အစ်ကို မောင်ဝဏ္ဏသည် ရုပ်ရှင်ဒါရိုက်တာ ဖြစ်လာ၏။ ညီငယ် မောင်ဉာဏ်ပေါ်သည် စာရေးဆရာ မင်းလူ ...။ ကျွန်တော် ပြောချင်သည်ကို စာဖတ်သူ နားလည်ပါလိမ့်မည်။
မှတ်ချက်။ ။ အထက်ပါ အကြောင်းအရာကို ကျွန်တော်၏ ဖခင်ကြီးအား ပြောပြပြီး ...
"ဖေဖေ ... ဖေဖေ ကျွန်တော်တို့ အရွယ်လောက်တုန်းကရော အဲသလိုပဲ ဖောင်တိန် ခါးပိုက်နှိုက် ခံရဖူးသလား ... ဟင်" ဟု မေးမိသည်။
ထိုအခါ ဖေဖေက အောက်ပါအတိုင်း သက်ပြင်းရှည်ကြီး ချလျက် ပြန်ပြောပါသည်။
''သားရယ် ခါးပိုက်နှိုက် ခံရဖို့ ဝေးလို့ ဖေဖေ သားတို့ အရွယ်တုန်းက ကျောင်းတက်တာ ဖောင်တိန် မကိုင်နိုင်ဘူး သား။ ဖေဖေတို့ ခေတ်တုန်းက အပေါင်ဆုံးဆိုင်မှာ သွားဝယ်ရင် ဖောင်တိန် တစ်လက်ကို ငါးမတ်ပဲ ပေးရတယ်။ အသစ်ဆိုရင် နှစ်ကျပ်ပေါ့ကွာ။ ဒါတောင် ဖေဖေ မဝယ်နိုင်ခဲ့ဘူး။ ဒီတော့ တစ်ချောင်း နှစ်ပြားတန် ကလောင်ကလေး တစ်ချောင်း ဝယ်၊ ငါးပြားတန် မင်အိုး ဝယ်၊ မင် တို့လို့ ကျောင်းစာတွေ ရေးခဲ့ရတယ်" ဟု ဘယ်လို အဓိပ္ပါယ်မှန်း ကျွန်တော် မသိနိုင်သော မျက်နှာထားဖြင့် ပြန်ပြောပါသည်။
သုမောင်
ကလျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၉။
No comments:
Post a Comment