Zawgyi Version
မၿငိမ္းေသာ ၿငိမ္း
-----------------
-----------------
ေအာက္ပါ စာစုႏွစ္ခုသည္ သန္းေအာင္ခိုင္ စုစည္းေသာ “ၿမိဳ႕မၿငိမ္း ႏွင့္ သူ႔အႏုပညာ” စာအုပ္မွ ေကာက္ႏုတ္ထားျခင္း ျဖစ္ပါသည္။
=============
=============
ဪ ... ဆရာၿငိမ္း (သုခ တမ္းတသည္)
-----------------------------------------

လူ ျဖဴျဖဴႏြဲ႕ႏြဲ႕ ေျခတံလက္တံ သြယ္လ်လ် ေခါင္းတုံးဆံပင္ေပါက္ ပါးပါးတြင္
နားထင္နားရင္းမ်ားက ျဖဴလြလြျဖင့္ သေဘာေကာင္းပုံရေသာ အသက္ ေလးဆယ္ခန႔္
ပုဂၢိဳလ္ကား ဆရာ ၿမိဳ႕မၿငိမ္း ေပတည္းဟု ျမင္လွ်င္ျမင္ျခင္း သိလိုက္ပါသည္။
အခ်ိန္ကား ကြၽန္ေတာ္ ေအဝမ္း႐ုပ္ရွင္သို႔ ေရာက္စ ၁၉၃၇- ခုႏွစ္၊ ေနရာမွာ
ေအဝမ္း႐ုပ္ရွင္ျခံ အတြင္း သီးသန႔္ ေဆာက္လုပ္ထားေသာ ဂီတရိပ္ျမံဳ
အေဆာက္အဦကေလး အတြင္းဝယ္ “နတ္သွ်င္ေနာင္” ႏွင့္ “သက္ေဝ” ဓာတ္ျပားသီခ်င္းမ်ား
တိုက္ေပးေနသည့္ ဌာန ျဖစ္ပါသည္။ ေအဝမ္းဓာတ္ျပား ေခတ္စားခ်ိန္ဝယ္
ေအဝမ္းခင္ေမာင္ ေခါင္းေဆာင္ေသာ ေအဝမ္းတူရိယာအဖြဲ႕က လက္ညီတက္ညီ ထႂကြႀကိဳးစား
ၾကသကဲ့သို႔ ျပည္လွေဖ၊ ေမရွင္တို႔ ႏွစ္ဦးမွာလည္း တုဘက္ၿပိဳင္ကင္းေသာ
အဆိုေက်ာ္ ျပည္သူ႔အခ်စ္ေတာ္မ်ား ေပတည္း။ အဆိုေက်ာ္၊ ဝိုင္းေက်ာ္တို႔ အတြက္
သီခ်င္းေရးဆရာ အေက်ာ္အေမာ္ဟူ၍ မန္းေ႐ႊၿမိဳ႕ေတာ္မွ တသီးပုဂၢလ ေခၚယူ
ပင့္ေဆာင္ခံရသည့္ ဆရာႏွစ္ဦးကား ၿမိဳ႕မၿငိမ္းႏွင့္ ေအဝမ္း ဆရာညွာ
တို႔သာတည္း။ “တပ္ေတာ္ဦးဆီ ေမွ်ာ္လိုက္ျပန္ေတာ့ ရဲတံခြန္ေတြ ေလကစား
ႂကြားတလူလူေဝ တပ္ဦးဆီ ေမွ်ာ္လိုက္ျပန္ေတာ့ တံခြန္ေတြ အလံေတြ
ရဲမာန္ပြါးေလာက္ေပ”
ဆရာၿငိမ္းက မယ္ဒလင္ကို ညင္ညင္သာသာ တီး၍
သူ႔ႏႈတ္ဖ်ားမွ တိုးတိုးကေလး ဆိုျပေနခ်ိန္ဝယ္ သူ႔မ်က္စိအစုံမွာ
မွိုင္းမႈန္စြာ အေဝးေျမသို႔ ေငးေနေတာ့သေယာင္ လည္တိုင္ေက်ာ့ေက်ာ့တြင္
မ်က္ႏွာကေလး ခပ္ေမာ့ေမာ့ ရွိလွသည္။ သူ႔သီခ်င္းကို ျပည္လွေဖ သံေနသံထား
လိုက္စမ္းရင္း ဆိုၾကည့္ေနသည္။ ကြၽန္ေတာ့္ ႏႈတ္ဖ်ားမွလည္း သံေယာင္လိုက္၍
ဆိုေနမိသည္။
စင္စစ္မွာကား ကြၽန္ေတာ့္အဖို႔ ဇာတ္ၫႊန္းေရးသမား
တစ္ေယာက္သာ ျဖစ္ေခ်သည္။ ကြၽန္ေတာ့္ အလုပ္မွာ စကၠဴေပၚတြင္ ဇာတ္လမ္း
ေရးခ်ဖို႔သာ ျဖစ္လ်က္ ကြၽန္ေတာ္၏ အလုပ္ခြင္မွာလည္း ထိုဂီတစံအိမ္ႏွင့္
အလွမ္းကြာလွေသာ စတူဒီယိုထဲက အခန္းက်ဥ္းကေလး တစ္ခုပင္ ျဖစ္ေခ်၏။ သို႔ေသာ္
ဝါသနာ၏ စြဲေဆာင္ရာကို ေတာ္လွန္ႏုိင္စြမ္း မရွိခဲ့။
က်ိဳက္လတ္ၿမိဳ႕ဇာတိ မဟာဂီတ ဦးျပံဳးခ်ိဳ၏ ဆရာ ေစာင္းဆရာႀကီး ဦးတုတ္ေပါ
ဆိုသူကား ကြၽန္ေတာ္၏ အဖိုးအရင္း ပါတည္း။ ကြၽန္ေတာ့္ အဖိုး၏ ဆရာကား ေဒဝဣႏၵာ
ဆရာႀကီးဟု သိလိုက္ရသည္။ ဆယ္ႏွစ္သားေလာက္က အဖိုး ကြယ္လြန္ သြားျခင္းေၾကာင့္
အတီးပညာကို စည္းႏွင့္ဝါးမွ်သာ ရလိုက္ရေသာ္လည္း မေတာက္တစ္ေခါက္ ဆိုခ်င္သည့္
ဝါသနာမွာ အဖိုး၏ မ်ိဳးရိုးဗီဇဟုပင္ ဆိုရမည္လား မသိ၊ ဆရာ ၿမိဳ႕မၿငိမ္းကို
ျမင္ဖူးခ်င္၍ သြားၾကည့္ရာဝယ္ သူ၏ သီခ်င္းသံက ကြၽန္ေတာ္၏ ဘဝင္၌ တလွပ္လွပ္
ခံစားရေအာင္ စြမ္းေဆာင္ ေနျပန္ေတာ့သည္။
“ပိေတာက္ေတြ ေ႐ႊရည္
လူးခဲ့ေပါ့ေလ ပုလဲငုံ စံပယ္ျဖဴ ဖူးခိုက္ေဝေဝ ပန္းမ်ိဳးစုံ ရာသီစုံ
ကူးခဲ့ေပါ့ေလ ခ်စ္သူကို ရည္စူး ခူးတယ္လို႔ေခြၽ ကိုယ္တိုင္ လွရာရာေရြးလို႔
ဆင္မေပးရ ဆံျမညႇာေက စစ္ေျမမွာ ၾကာေညာင္းရက္ရွည္ ေရာက္မယ္အထင္နဲ႔
ေမွ်ာ္တဲ့သူ ဗ်ာပါေႂကြ တေတြးေတြး ေဆြးရွာေရာ့မယ္ေလ”
အမယ္ေလး
ကဗ်ာဆန္လိုက္တဲ့ ဂီတႏွယ္ေနာ္၊ သို႔ကလိုပင္ ကြၽန္ေတာ္ ၿငီးလိုက္မိသည္။
ဟုတ္ပါသည္၊ ဂီတတိုင္း သီခ်င္းတိုင္း ကဗ်ာဆန္သည္ဟု မဆိုႏုိင္ပါ၊
ေဝါဟာရဆန္ေသာ သီခ်င္းမ်ိဳးကား မ်ားျပားလွစြာ၏၊ ယခုေတာ့ ၾကည့္စမ္းပါ့။
ပိေတာက္ပန္းကေလးေတြ ေ႐ႊေရာင္ေတာက္သလို ဝါဝါထိန္ထိန္ ပြင့္ေနျခင္းကို
ဆရာၿငိမ္းက ေ႐ႊရည္ လူးထားလိုက္သည္၊ ရာသီမသိ ပန္းႏွင့္ညႇိ ဆိုဘိသကဲ့သို႔
ပန္းမ်ိဳးစုံ ပြင့္ျခင္းေၾကာင့္ ရာသီေတြေျပာင္းကာ ႏွစ္ကာလ ေဟာင္းခဲ့ရသည့္
ကာလကို ပန္းမ်ိဳးစုံ ရာသီစုံ ကူးခဲ့သည္ဟု သူ ဆိုသည္။ ထို႔ထက္ ဓာတုကလ်ာ
ခ်စ္သူ၏ ဆံပင္တြင္ လွႏုိးလွရာ ပန္းေတြထဲက ေရြး၍ သူကိုယ္တိုင္
ပန္ေပးခ်င္သည္ကို ဆိုရာ၌ ဆံပင္ကေလးကို ဆံျမညႇာေကဟု သူ ဖြဲ႕ႏြဲ႕ထားပုံမွာ
ကယုကယင္ ႏုိင္လွသည္။ ကဗ်ာဆန္လွသည္၊ ခ်စ္ဖြယ္လိလိ ရွိလွသည္။
သူ႔
ဂီတကဗ်ာကို ခ်စ္လွ၍ သူ႔ကိုပါ ခ်စ္လာရသည္။ တိုးတိုးသက္သာ စကားေျပာပုံ အားနာ
လိုက္ေလ်ာျခင္း အျပည့္ႏွင့္ ျပံဳးျပလိုက္ပုံကေလးမ်ား ကလည္း သူ႔ ဂီတ
ကဗ်ာဆန္သလို သူ၏ စိတၱဳပၸါဒ္ကပါ ကဗ်ာဆန္ေနပါသည္။ စာသားႏူးညံ့သေလာက္ သေဘာထား
ႏူးညံ့၏။
ကြၽန္ေတာ္၏ အလုပ္ခြင္ကို စြန႔္ခြါ၍ သီခ်င္းတိုက္တိုင္း
သူ႔အနားသို႔ ေရာက္ေနသည္မွာ တာဝန္ဝတၱရား ရွိေနသလားဟု ကိုယ့္ကိုယ္ကို
ထင္မွားေနေသာ ကြၽန္ေတာ္ပင္ ျဖစ္ပါသည္။ ေနာက္တစ္ႀကိမ္ ၾကားရေသာ
သီခ်င္းသားကား-
“သက္ေဝ”
“လွသထက္ လွမယ္ဆိုရင္ ေဆးဖက္
ဝင္ပါသလား ေမာင့္ အသားေတြ ေမာင့္ အေသြးေတြ ေမာင့္ အသည္းေတြ ေမာင့္
ႏွလုံးေတြ အသုံးျပဳပါေလ ၾကည္ျဖဴပါတယ္ လိုရာကိုယူေစ” -
အခ်စ္ကို
ဖြဲ႕ေသာ သီခ်င္းမ်ားတြင္ ခ်စ္သမွ်ကို ပတ္ပ်ိဳးကို စံထားခဲ့ၾကရသည္။
ၿမိဳ႕မၿငိမ္းက “ခ်စ္သမွ်ကို” ထက္ပို၍ ခ်စ္ျပလိုက္ၿပီဟု ထင္ရသည္။ ဤစကားသည္
ယုတၱိရွိပါသည္။ ခ်စ္သမွ်ကို ပတ္ပ်ိဳး စာသားမွာ ျမင္းမိုရ္ေတာင္ႀကီးႏွင့္
ႏႈိင္း၍သာ အခ်စ္ကို ျပသည္၊ မဟာပထဝီ ေျမႀကီးကိုသာ သက္ေသျပဳသည္။ တကယ္
ဆိုရလွ်င္ ကိုယ့္ဖက္က ကိုယ္ခ်စ္ေၾကာင္းသာ ဝန္ခံ႐ုံရွိသည္။
ၿမိဳ႕မၿငိမ္းကမူကား မိမိ၏ ခ်စ္သူဟာ လွေနၿပီး ျဖစ္ပါလ်က္ႏွင့္ ထို႔ထက္ပို၍
လွလာႏုိင္စြမ္းရွိေသာ ဒဗၺဂုဏပရ ေဆးဘက္ဝင္မ်ားမွာ မိမိ၏ အေသြးအသား
အသည္းႏွလုံး ျဖစ္သည္ဟု ဆိုျငားအံ့၊ အလွေဆး ေဖာ္ရေအာင္ ၾကည္ၾကည္ျဖဴျဖဴ
ေပးရက္ပါသည္ ဟူေသာ ေဝါဟာရမွာ တစ္ကိုယ္ေကာင္း မဆန္၊ ခ်စ္သူအတြက္
အနစ္နာခံေတာ့မည့္ အႏုပီယကထာ စကားကေလးမ်ိဳး ျဖစ္ေတာ့သည္။
သူမို႔
ရွာတတ္သည္၊ ၾကံတတ္သည္၊ ေတြးတတ္သည္၊ ေရးတတ္သည္၊ အခ်စ္ကို ဖြဲ႕ဆိုလွ်င္၊
သက္ေဝကို မီေအာင္ လိုက္ၾကေပေရာ့ဟု စိမ္ေခၚလိုက္သလား မွတ္ရတယ္ဟု ကြၽန္ေတာ္
ေျပာမိသည္။ သူ႔ခါးကေလး ႏြဲ႕သေလာက္ သူ႔စာသားကေလးေတြ ႏြဲ႕ပါဘိျခင္း၊
အျပင္ပန္း၌ကား စကားကို ေဖာင္ေလာက္ေအာင္ မေျပာတတ္၊ အလြန္ႏႈတ္နည္းေသာ
ဆရာပါေပ။
ေျပာမည့္ ေျပာလွ်င္လည္း အတိုဆုံးႏွင့္ အဓိပၸါယ္ အျပည့္ဝဆုံးတို႔သာ သူ႔ႏႈတ္က ထြက္လာတတ္ပါသည္။
မႏၲေလး႐ုပ္ရွင္တြင္ ဘဝသံသရာ ဇာတ္ကား ႐ုိက္ကူးရန္ စီမံစိုင္းျပင္း ၾကစဥ္က
ၿမိဳ႕မၿငိမ္းကား ဂီတၫႊန္ၾကားေရးမႉး အျဖစ္ ခန႔္အပ္ျခင္းကို လက္ခံသူတည္း။
ဆရာၿငိမ္းက သီခ်င္းတစ္ပုဒ္ တစ္ပုဒ္ေရးတာ ၾကာတယ္၊ ထိုေကာလဟလမွာ တစ္ေန႔ေတာ့
သူ႔၏ နားသို႔ပင္ ေပါက္ေရာက္သြားခဲ့သည္။ တစ္ညေန၌ မႏၲေလး႐ုပ္ရွင္ျခံ
သေျပပင္ရိပ္ ေအာက္ဝယ္ ခင္းထားအပ္ေသာ လက္ဖက္ရည္စားပြဲ၌ သူႏွင့္
ကြၽန္ေတာ္အျပင္ အျခားေသာ ပုဂၢိဳလ္မ်ားပါ ဝိုင္းထိုင္ စကားေျပာၾက၏။
စကားေျပာၾက၏ ဆိုရာ၌ သူကား အေျပာသမား မဟုတ္၊ အေတြးသမား၊ အေငးသမားသာ
ျဖစ္ပါသည္။ စပ္မိစပ္ရာ စကားျပႆနာတို႔တြင္၊ ဆရာၿငိမ္းကား စိတ္ဝင္စားဟန္ မတူ၊
က်ားတံဆိပ္ မီးျခစ္ဗူးထဲမွ မီးျခစ္ဆံ တစ္ေခ်ာင္းကို ထုတ္၍
ျခစ္ၾကည့္လိုက္သည္။ မီးျခစ္ဆံကိုင္၍ ေတာက္ေနေသာ မီးၫြန႔္ကေလးကို
မမွိတ္မသုန္ ၾကည့္ေနလိုက္သည္၊ မီးျခစ္ဆံ တိုသြားေသာအခါ မီးေတာက္ႏွင့္တကြေသာ
ထင္းရွဴးသားကေလးကို ေအာက္သို႔ ခ်လိုက္သည္။
ထိုသို႔ ျပဳမူေနသည္မွာ
တစ္ေခ်ာင္းက ႏွစ္ေခ်ာင္း၊ ႏွစ္ေခ်ာင္းက သုံးေခ်ာင္း အနားရွိလူေတြက သူ႔
အျပဳအမူ ထူးျခားပုံကို အာ႐ုံျပဳမိၾကသည္။ ထိုပုဂၢိဳလ္ဝိုင္းထဲက ႏႈတ္သြက္
စကားသြက္သူကား ကြၽန္ေတာ္ပင္တည္း။
“ဆရာက မီးျခစ္ ျခစ္ျခစ္ၿပီး
ေတေဇာကသိုဏ္း ႐ႈေနတာမ်ားလား ဆရာ” ထိုအခါမွ သူက ေလ်ာ့ရဲရဲကေလး ျပံဳး၍
သူ႔အိတ္ထဲက ႐ုိကိုဆင္ ဓာတ္မီးျခစ္ကေလး ထုတ္ကိုင္လိုက္သည္။ “ဘယ္သူက
စေမးမလဲလို႔ လုပ္ေနတာ ဆရာ သုခက ေမးမွ ကြၽန္ေတာ္က ေျဖရေတာ့မယ္ တျခား
မဟုတ္ပါဘူးဗ်ာ၊ ေဟာသည္ သစ္သား မီးျခစ္ကေလးဟာ တစ္လုံးမွ ငါးျပား ေပးရတယ္၊
မီးေတာက္ကေလးေတာ့ ထြက္အလာသား၊ ေဟာဒီ ကြၽန္ေတာ့္ မီးျခစ္ဟာေလ
ေလးဆယ့္ငါးက်ပ္ေတာင္ ေပးကိုင္ရသဗ်၊ သူလည္း အခုလို ျခစ္လိုက္ေတာ့ မီးေတာက္ပဲ
ထြက္လာတာပါပဲ- (စကားေျပာရင္း ေတာက္ခနဲ လက္ႏွင့္ႏွိပ္၍ မီးေတာက္ကေလး
စြဲလာေအာင္ ျခစ္ျပလိုက္သည္။)
“အဲ မီးေတာက္ျခင္းေတာ့ အတူတူပါပဲ၊
ဒါေပမယ့္ သစ္သားမီးျခစ္က အဆံကုန္ေတာ့ လႊင့္ပစ္လိုက္႐ုံပဲ၊ ကြၽန္ေတာ့္
မီးျခစ္ကေတာ့ လႊင့္မပစ္ရက္ႏုိင္ေအာင္ အခ်ိန္ၾကာၾကာ ေသေသသပ္သပ္ စနစ္တက်
လုပ္ထားေပတာကိုး၊ မသကာ ဓာတ္ဆီတို႔ ေက်ာက္တို႔ ကုန္ရင္ ျပန္ထည့္ႏုိင္တာမို႔
မီးျခစ္ မေပ်ာက္မျခင္း တ႐ုိတေသ သိမ္းထားရတာေပါ့ ဟုတ္ဘူးလားဗ်ာ၊ ဆရာ
သုခကေတာ့ မီးျခစ္ေကာင္းေကာင္း ကိုင္ဖူးလို႔ သိပါတယ္ေလ”၊ အမ်ားက အဓိပၸါယ္
နားမလည္ခင္ ဆရာၿငိမ္းက သူ႔မီးျခစ္ကေလး တ႐ုိတေသ အိတ္ထဲ ျပန္ထည့္လိုက္ကာ၊
မြန္မြန္ရည္ရည္ ႏႈတ္ဆက္၍ တပါတည္း ျပန္သြားပါေတာ့သည္။
“ဆရာ သုခေရ
ကြၽန္ေတာ္ အိမ္ျပန္လိုက္အုံးမယ္” ေနာက္တစ္လေလာက္ ၾကာ၍ မႏၲေလးသို႔ ကြၽန္ေတာ္
တစ္ေခါက္ ေရာက္ခ်ိန္မွာကား ဆရာ ၿမိဳ႕မၿငိမ္းသည္ သူ၏ အဖိုးတန္
ဓာတ္မီးျခစ္ကေလးကို ထား၍ ဘဝတစ္ပါးသို႔ ေျပာင္းသြားရွာၿပီ၊ သို႔ေသာ္ သူ႔
ဓာတ္မီးျခစ္ႏွင့္ တူေသာ သူ႔ဂီတမ်ားကား ဂီတျမတ္ႏုိးသူတိုင္း တ႐ုိတေသ
သိမ္းထားၾကရမည့္ ကဗ်ာ့အျမဳေတ ဂီတရတနာမ်ားသာ ျဖစ္ေပေတာ့မည္တကား- ဪ ...
ဆရာၿငိမ္း၊ ဆရာၿငိမ္း ...။
သုခိအတၱာနံပရိဟရႏၲဳ
------------
သုခ
------------
သုခ
Unicode Version
မငြိမ်းသော ငြိမ်း
-----------------
အောက်ပါ စာစုနှစ်ခုသည် သန်းအောင်ခိုင် စုစည်းသော “မြို့မငြိမ်း နှင့် သူ့အနုပညာ” စာအုပ်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
=============
ဪ ... ဆရာငြိမ်း (သုခ တမ်းတသည်)
-----------------------------------------
လူ ဖြူဖြူနွဲ့နွဲ့ ခြေတံလက်တံ သွယ်လျလျ ခေါင်းတုံးဆံပင်ပေါက် ပါးပါးတွင် နားထင်နားရင်းများက ဖြူလွလွဖြင့် သဘောကောင်းပုံရသော အသက် လေးဆယ်ခန့် ပုဂ္ဂိုလ်ကား ဆရာ မြို့မငြိမ်း ပေတည်းဟု မြင်လျှင်မြင်ခြင်း သိလိုက်ပါသည်။
အချိန်ကား ကျွန်တော် အေဝမ်းရုပ်ရှင်သို့ ရောက်စ ၁၉၃၇- ခုနှစ်၊ နေရာမှာ အေဝမ်းရုပ်ရှင်ခြံ အတွင်း သီးသန့် ဆောက်လုပ်ထားသော ဂီတရိပ်မြုံ အဆောက်အဦကလေး အတွင်းဝယ် “နတ်သျှင်နောင်” နှင့် “သက်ဝေ” ဓာတ်ပြားသီချင်းများ တိုက်ပေးနေသည့် ဌာန ဖြစ်ပါသည်။ အေဝမ်းဓာတ်ပြား ခေတ်စားချိန်ဝယ် အေဝမ်းခင်မောင် ခေါင်းဆောင်သော အေဝမ်းတူရိယာအဖွဲ့က လက်ညီတက်ညီ ထကြွကြိုးစား ကြသကဲ့သို့ ပြည်လှဖေ၊ မေရှင်တို့ နှစ်ဦးမှာလည်း တုဘက်ပြိုင်ကင်းသော အဆိုကျော် ပြည်သူ့အချစ်တော်များ ပေတည်း။ အဆိုကျော်၊ ဝိုင်းကျော်တို့ အတွက် သီချင်းရေးဆရာ အကျော်အမော်ဟူ၍ မန်းရွှေမြို့တော်မှ တသီးပုဂ္ဂလ ခေါ်ယူ ပင့်ဆောင်ခံရသည့် ဆရာနှစ်ဦးကား မြို့မငြိမ်းနှင့် အေဝမ်း ဆရာညှာ တို့သာတည်း။ “တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွါးလောက်ပေ”
ဆရာငြိမ်းက မယ်ဒလင်ကို ညင်ညင်သာသာ တီး၍ သူ့နှုတ်ဖျားမှ တိုးတိုးကလေး ဆိုပြနေချိန်ဝယ် သူ့မျက်စိအစုံမှာ မှိုင်းမှုန်စွာ အဝေးမြေသို့ ငေးနေတော့သယောင် လည်တိုင်ကျော့ကျော့တွင် မျက်နှာကလေး ခပ်မော့မော့ ရှိလှသည်။ သူ့သီချင်းကို ပြည်လှဖေ သံနေသံထား လိုက်စမ်းရင်း ဆိုကြည့်နေသည်။ ကျွန်တော့် နှုတ်ဖျားမှလည်း သံယောင်လိုက်၍ ဆိုနေမိသည်။
စင်စစ်မှာကား ကျွန်တော့်အဖို့ ဇာတ်ညွှန်းရေးသမား တစ်ယောက်သာ ဖြစ်ချေသည်။ ကျွန်တော့် အလုပ်မှာ စက္ကူပေါ်တွင် ဇာတ်လမ်း ရေးချဖို့သာ ဖြစ်လျက် ကျွန်တော်၏ အလုပ်ခွင်မှာလည်း ထိုဂီတစံအိမ်နှင့် အလှမ်းကွာလှသော စတူဒီယိုထဲက အခန်းကျဉ်းကလေး တစ်ခုပင် ဖြစ်ချေ၏။ သို့သော် ဝါသနာ၏ စွဲဆောင်ရာကို တော်လှန်နိုင်စွမ်း မရှိခဲ့။
ကျိုက်လတ်မြို့ဇာတိ မဟာဂီတ ဦးပြုံးချို၏ ဆရာ စောင်းဆရာကြီး ဦးတုတ်ပေါ ဆိုသူကား ကျွန်တော်၏ အဖိုးအရင်း ပါတည်း။ ကျွန်တော့် အဖိုး၏ ဆရာကား ဒေဝဣန္ဒာ ဆရာကြီးဟု သိလိုက်ရသည်။ ဆယ်နှစ်သားလောက်က အဖိုး ကွယ်လွန် သွားခြင်းကြောင့် အတီးပညာကို စည်းနှင့်ဝါးမျှသာ ရလိုက်ရသော်လည်း မတောက်တစ်ခေါက် ဆိုချင်သည့် ဝါသနာမှာ အဖိုး၏ မျိုးရိုးဗီဇဟုပင် ဆိုရမည်လား မသိ၊ ဆရာ မြို့မငြိမ်းကို မြင်ဖူးချင်၍ သွားကြည့်ရာဝယ် သူ၏ သီချင်းသံက ကျွန်တော်၏ ဘဝင်၌ တလှပ်လှပ် ခံစားရအောင် စွမ်းဆောင် နေပြန်တော့သည်။
“ပိတောက်တွေ ရွှေရည် လူးခဲ့ပေါ့လေ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေဝေ ပန်းမျိုးစုံ ရာသီစုံ ကူးခဲ့ပေါ့လေ ချစ်သူကို ရည်စူး ခူးတယ်လို့ချွေ ကိုယ်တိုင် လှရာရာရွေးလို့ ဆင်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ဗျာပါကြွေ တတွေးတွေး ဆွေးရှာရော့မယ်လေ”
အမယ်လေး ကဗျာဆန်လိုက်တဲ့ ဂီတနှယ်နော်၊ သို့ကလိုပင် ကျွန်တော် ငြီးလိုက်မိသည်။ ဟုတ်ပါသည်၊ ဂီတတိုင်း သီချင်းတိုင်း ကဗျာဆန်သည်ဟု မဆိုနိုင်ပါ၊ ဝေါဟာရဆန်သော သီချင်းမျိုးကား များပြားလှစွာ၏၊ ယခုတော့ ကြည့်စမ်းပါ့။ ပိတောက်ပန်းကလေးတွေ ရွှေရောင်တောက်သလို ဝါဝါထိန်ထိန် ပွင့်နေခြင်းကို ဆရာငြိမ်းက ရွှေရည် လူးထားလိုက်သည်၊ ရာသီမသိ ပန်းနှင့်ညှိ ဆိုဘိသကဲ့သို့ ပန်းမျိုးစုံ ပွင့်ခြင်းကြောင့် ရာသီတွေပြောင်းကာ နှစ်ကာလ ဟောင်းခဲ့ရသည့် ကာလကို ပန်းမျိုးစုံ ရာသီစုံ ကူးခဲ့သည်ဟု သူ ဆိုသည်။ ထို့ထက် ဓာတုကလျာ ချစ်သူ၏ ဆံပင်တွင် လှနိုးလှရာ ပန်းတွေထဲက ရွေး၍ သူကိုယ်တိုင် ပန်ပေးချင်သည်ကို ဆိုရာ၌ ဆံပင်ကလေးကို ဆံမြညှာကေဟု သူ ဖွဲ့နွဲ့ထားပုံမှာ ကယုကယင် နိုင်လှသည်။ ကဗျာဆန်လှသည်၊ ချစ်ဖွယ်လိလိ ရှိလှသည်။
သူ့ ဂီတကဗျာကို ချစ်လှ၍ သူ့ကိုပါ ချစ်လာရသည်။ တိုးတိုးသက်သာ စကားပြောပုံ အားနာ လိုက်လျောခြင်း အပြည့်နှင့် ပြုံးပြလိုက်ပုံကလေးများ ကလည်း သူ့ ဂီတ ကဗျာဆန်သလို သူ၏ စိတ္တုပ္ပါဒ်ကပါ ကဗျာဆန်နေပါသည်။ စာသားနူးညံ့သလောက် သဘောထား နူးညံ့၏။
ကျွန်တော်၏ အလုပ်ခွင်ကို စွန့်ခွါ၍ သီချင်းတိုက်တိုင်း သူ့အနားသို့ ရောက်နေသည်မှာ တာဝန်ဝတ္တရား ရှိနေသလားဟု ကိုယ့်ကိုယ်ကို ထင်မှားနေသော ကျွန်တော်ပင် ဖြစ်ပါသည်။ နောက်တစ်ကြိမ် ကြားရသော သီချင်းသားကား-
“သက်ဝေ”
“လှသထက် လှမယ်ဆိုရင် ဆေးဖက် ဝင်ပါသလား မောင့် အသားတွေ မောင့် အသွေးတွေ မောင့် အသည်းတွေ မောင့် နှလုံးတွေ အသုံးပြုပါလေ ကြည်ဖြူပါတယ် လိုရာကိုယူစေ” -
အချစ်ကို ဖွဲ့သော သီချင်းများတွင် ချစ်သမျှကို ပတ်ပျိုးကို စံထားခဲ့ကြရသည်။ မြို့မငြိမ်းက “ချစ်သမျှကို” ထက်ပို၍ ချစ်ပြလိုက်ပြီဟု ထင်ရသည်။ ဤစကားသည် ယုတ္တိရှိပါသည်။ ချစ်သမျှကို ပတ်ပျိုး စာသားမှာ မြင်းမိုရ်တောင်ကြီးနှင့် နှိုင်း၍သာ အချစ်ကို ပြသည်၊ မဟာပထဝီ မြေကြီးကိုသာ သက်သေပြုသည်။ တကယ် ဆိုရလျှင် ကိုယ့်ဖက်က ကိုယ်ချစ်ကြောင်းသာ ဝန်ခံရုံရှိသည်။ မြို့မငြိမ်းကမူကား မိမိ၏ ချစ်သူဟာ လှနေပြီး ဖြစ်ပါလျက်နှင့် ထို့ထက်ပို၍ လှလာနိုင်စွမ်းရှိသော ဒဗ္ဗဂုဏပရ ဆေးဘက်ဝင်များမှာ မိမိ၏ အသွေးအသား အသည်းနှလုံး ဖြစ်သည်ဟု ဆိုငြားအံ့၊ အလှဆေး ဖော်ရအောင် ကြည်ကြည်ဖြူဖြူ ပေးရက်ပါသည် ဟူသော ဝေါဟာရမှာ တစ်ကိုယ်ကောင်း မဆန်၊ ချစ်သူအတွက် အနစ်နာခံတော့မည့် အနုပီယကထာ စကားကလေးမျိုး ဖြစ်တော့သည်။
သူမို့ ရှာတတ်သည်၊ ကြံတတ်သည်၊ တွေးတတ်သည်၊ ရေးတတ်သည်၊ အချစ်ကို ဖွဲ့ဆိုလျှင်၊ သက်ဝေကို မီအောင် လိုက်ကြပေရော့ဟု စိမ်ခေါ်လိုက်သလား မှတ်ရတယ်ဟု ကျွန်တော် ပြောမိသည်။ သူ့ခါးကလေး နွဲ့သလောက် သူ့စာသားကလေးတွေ နွဲ့ပါဘိခြင်း၊ အပြင်ပန်း၌ကား စကားကို ဖောင်လောက်အောင် မပြောတတ်၊ အလွန်နှုတ်နည်းသော ဆရာပါပေ။
ပြောမည့် ပြောလျှင်လည်း အတိုဆုံးနှင့် အဓိပ္ပါယ် အပြည့်ဝဆုံးတို့သာ သူ့နှုတ်က ထွက်လာတတ်ပါသည်။
မန္တလေးရုပ်ရှင်တွင် ဘဝသံသရာ ဇာတ်ကား ရိုက်ကူးရန် စီမံစိုင်းပြင်း ကြစဉ်က မြို့မငြိမ်းကား ဂီတညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခြင်းကို လက်ခံသူတည်း။
ဆရာငြိမ်းက သီချင်းတစ်ပုဒ် တစ်ပုဒ်ရေးတာ ကြာတယ်၊ ထိုကောလဟလမှာ တစ်နေ့တော့ သူ့၏ နားသို့ပင် ပေါက်ရောက်သွားခဲ့သည်။ တစ်ညနေ၌ မန္တလေးရုပ်ရှင်ခြံ သပြေပင်ရိပ် အောက်ဝယ် ခင်းထားအပ်သော လက်ဖက်ရည်စားပွဲ၌ သူနှင့် ကျွန်တော်အပြင် အခြားသော ပုဂ္ဂိုလ်များပါ ဝိုင်းထိုင် စကားပြောကြ၏။ စကားပြောကြ၏ ဆိုရာ၌ သူကား အပြောသမား မဟုတ်၊ အတွေးသမား၊ အငေးသမားသာ ဖြစ်ပါသည်။ စပ်မိစပ်ရာ စကားပြဿနာတို့တွင်၊ ဆရာငြိမ်းကား စိတ်ဝင်စားဟန် မတူ၊ ကျားတံဆိပ် မီးခြစ်ဗူးထဲမှ မီးခြစ်ဆံ တစ်ချောင်းကို ထုတ်၍ ခြစ်ကြည့်လိုက်သည်။ မီးခြစ်ဆံကိုင်၍ တောက်နေသော မီးညွန့်ကလေးကို မမှိတ်မသုန် ကြည့်နေလိုက်သည်၊ မီးခြစ်ဆံ တိုသွားသောအခါ မီးတောက်နှင့်တကွသော ထင်းရှူးသားကလေးကို အောက်သို့ ချလိုက်သည်။
ထိုသို့ ပြုမူနေသည်မှာ တစ်ချောင်းက နှစ်ချောင်း၊ နှစ်ချောင်းက သုံးချောင်း အနားရှိလူတွေက သူ့ အပြုအမူ ထူးခြားပုံကို အာရုံပြုမိကြသည်။ ထိုပုဂ္ဂိုလ်ဝိုင်းထဲက နှုတ်သွက် စကားသွက်သူကား ကျွန်တော်ပင်တည်း။
“ဆရာက မီးခြစ် ခြစ်ခြစ်ပြီး တေဇောကသိုဏ်း ရှုနေတာများလား ဆရာ” ထိုအခါမှ သူက လျော့ရဲရဲကလေး ပြုံး၍ သူ့အိတ်ထဲက ရိုကိုဆင် ဓာတ်မီးခြစ်ကလေး ထုတ်ကိုင်လိုက်သည်။ “ဘယ်သူက စမေးမလဲလို့ လုပ်နေတာ ဆရာ သုခက မေးမှ ကျွန်တော်က ဖြေရတော့မယ် တခြား မဟုတ်ပါဘူးဗျာ၊ ဟောသည် သစ်သား မီးခြစ်ကလေးဟာ တစ်လုံးမှ ငါးပြား ပေးရတယ်၊ မီးတောက်ကလေးတော့ ထွက်အလာသား၊ ဟောဒီ ကျွန်တော့် မီးခြစ်ဟာလေ လေးဆယ့်ငါးကျပ်တောင် ပေးကိုင်ရသဗျ၊ သူလည်း အခုလို ခြစ်လိုက်တော့ မီးတောက်ပဲ ထွက်လာတာပါပဲ- (စကားပြောရင်း တောက်ခနဲ လက်နှင့်နှိပ်၍ မီးတောက်ကလေး စွဲလာအောင် ခြစ်ပြလိုက်သည်။)
“အဲ မီးတောက်ခြင်းတော့ အတူတူပါပဲ၊ ဒါပေမယ့် သစ်သားမီးခြစ်က အဆံကုန်တော့ လွှင့်ပစ်လိုက်ရုံပဲ၊ ကျွန်တော့် မီးခြစ်ကတော့ လွှင့်မပစ်ရက်နိုင်အောင် အချိန်ကြာကြာ သေသေသပ်သပ် စနစ်တကျ လုပ်ထားပေတာကိုး၊ မသကာ ဓာတ်ဆီတို့ ကျောက်တို့ ကုန်ရင် ပြန်ထည့်နိုင်တာမို့ မီးခြစ် မပျောက်မခြင်း တရိုတသေ သိမ်းထားရတာပေါ့ ဟုတ်ဘူးလားဗျာ၊ ဆရာ သုခကတော့ မီးခြစ်ကောင်းကောင်း ကိုင်ဖူးလို့ သိပါတယ်လေ”၊ အများက အဓိပ္ပါယ် နားမလည်ခင် ဆရာငြိမ်းက သူ့မီးခြစ်ကလေး တရိုတသေ အိတ်ထဲ ပြန်ထည့်လိုက်ကာ၊ မွန်မွန်ရည်ရည် နှုတ်ဆက်၍ တပါတည်း ပြန်သွားပါတော့သည်။
“ဆရာ သုခရေ ကျွန်တော် အိမ်ပြန်လိုက်အုံးမယ်” နောက်တစ်လလောက် ကြာ၍ မန္တလေးသို့ ကျွန်တော် တစ်ခေါက် ရောက်ချိန်မှာကား ဆရာ မြို့မငြိမ်းသည် သူ၏ အဖိုးတန် ဓာတ်မီးခြစ်ကလေးကို ထား၍ ဘဝတစ်ပါးသို့ ပြောင်းသွားရှာပြီ၊ သို့သော် သူ့ ဓာတ်မီးခြစ်နှင့် တူသော သူ့ဂီတများကား ဂီတမြတ်နိုးသူတိုင်း တရိုတသေ သိမ်းထားကြရမည့် ကဗျာ့အမြုတေ ဂီတရတနာများသာ ဖြစ်ပေတော့မည်တကား- ဪ ... ဆရာငြိမ်း၊ ဆရာငြိမ်း ...။
သုခိအတ္တာနံပရိဟရန္တု

No comments:
Post a Comment