Apr 7, 2017
Zawgyi version
နွေတွင်း
__________________
မိုးဦး ဆောင်းဦး နွေဦး
ရှေးကထဲက
ဘာသာဗေဒအခေါ်အဝေါ်ရှိခဲ့
ရှေးကထဲက
ဘာသာဗေဒအခေါ်အဝေါ်ရှိခဲ့
ဘာကြောင့်မရှိခဲ့တာလဲ
ပညာရှိသုခမိန်တွေက
ရှေးလူကြီးသူမတွေက
ဘာကြောင့် နွေတွင်းလို့
မခေါ်ဝေါ်ခဲ့ကြတာလဲ
မအေးမြလို့လား
မစိမ်းစိုလို့လား
အတွေးပွားစရာပါလား
ကဗျာဆရာ ငါ့ဘဝ
နွေတွင်းကြီးထဲနေခဲ့ရ
အီကွေတာပေါ်
မတ်လ ၂၁ ရက်နေ့
နွေတွင်း ကာလထဲ
ကမ္ဘာကဗျာဆရာနေ့သတ်မှတ်ခဲ့
ပူလောင်တဲ့နွေတွင်းဟာ
အမှန်တရာအတွက်
တိုက်ပွဲခေါ်သံပါပဲ။             ။
                မောင်ကြူးရင့်
                ၈့  ၁၀့  ၂၀၁၆
******************************************
တေး
__________________
ရေငတ်ပန်းတွေ
မသောက်ရလို့
မသေမရှင် ဘဝတွေနဲ့
ပက်ပင်းတွေ့တဲ့အခါ
ရွာတွေမှာ
သေနတ်သံကြားလို့
လယ်ကွက်ထဲကနွားတွေ
လူမပါပဲ တန်းပိုးတန်းလန်းနဲ့
အမောတကောရွာတွေထဲ
ဂမူးရှုးထိုးပြေးဝင်လာတဲ့အခါ
မြို့ပြတွေ
အရာရာချွတ်ခြုံကျတဲ့အခါ
အာဏာရှင်မွှေးတဲ့စစ်ကြောင့်
လူသိန်းသန်း စစ်ပြေးဘဝနဲ့
ဘာပင်မှရှင်သန်ခွင့်မရတဲ့အခါ
ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့
နိုင်ငံတကာတေးကို
                  မောင်ကြူးရင့်
                  ၇့  ၁၀့  ၂၀၁၆
****************************************
__________________
မိုးကောင်းကင်မှာ
ကြယ်တွေလင်းလက်ခဲ့ဖူးတယ်
ကြယ်တွေလင်းလက်နေတယ်
ဘာပဲဖြစ်ဖြစ့့် အချစ်ရယ်
မြေပြင်မှာ
မြစ်တွေစီးဆင်းခဲ့ဖူးတယ်
မြစ်တွေစီးဆင်းနေတယ်
ဘာပဲဖြစ်ဖြစ့့် အချစ်ရယ်
ကန္တာရမှာ
နှင်းဆီတွေပွင့်ခဲ့ဖူးတယ်
ဘာပဲဖြစ်ဖြစ့့် အချစ်ရယ်
အချစ်ရယ်
မင်းရဲ့သွယ်နွဲ့နူးညံ့တဲ့
မင်းရဲ့ချောမွေ့ညက်စင်တဲ့
ပုခုန်းသားမှာနွဲ့မှီပါရစေ
မင်းရဲ့စံပယ်ပွင့်ဖတ်လိုနုအိတဲ့
ကျောက်သားရဲ့တိတ်ဆိတ်မှုထဲ
အချစ်ရယ်
ငါတို့ထက်အရေးကြီးတဲ့အရာဟာ
အဲ့ဒီ့နေရာတိုင်းကို
မင်းနဲ့ငါသွားရမယ်
တနေ့နေ့မှာတော့
လူ့အဖွဲ့အစည်းတခုလုံး
ငါယုံတယ်
ဘာပဲဖြစ်ဖြစ့့် အချစ်ရယ်
               မောင်ကြူးရင့်
               ၇့  ၁၀့  ၂၀၁၆
             နေ့လည် ၁၅း ၂၆
****************************************
အနာ
__________________
အရေပြားကိုဖေါက်ထွက်
ဆေးမကုတာကြာလာတော့
အနာက အနာဟောင်း ဖြစ်လာ
အနာဟောင်းက
အရေပြားကိုစားပြီး
အထဲမှာအုံကျင်းဖွဲ့
ပြည်ထွက်သွေးကျလာတယ်
အနာဟောင်လေ
တစစ်စစ်နာလေပဲ
အနာဟောင်းလေ
နေရထိုင်ရခက်လေပဲ
အနာဟောင်းလေ
အတူနေသူတွေ
စိတ်ဆင်းရဲရလေပဲ
ဒါနဲ့ အထွေထွေရောဂါကု
ဆရာဝန်ဆီသွားကုတယ်
ခွဲစိတ်အထူးကုဆရာဝန်နဲ့
အနာကိုခြစ်ထုတ်ပစ်မှရမယ် တဲ့
ကဲ့ မိတ်ဆွေများခင်ဗျား
စိတ်ဆင်းရဲမသွားကြပါနဲ့။             ။
                 မောင်ကြူးရင့်
                 ၃့  ၁၀့  ၂၀၁၆
****************************************
မြစ်
__________________
သန်းဝေမှုကင်းမဲ့သော ချစ်ခြင်းမေတ္တာ
အိပ်ခြင်းမဲ့ တခုတည်းသောအရပ်
နေ့နဲ့ညကိုဆက်စပ်ပေးသောကဗျာ
ကဲ့ ဘာလိုဦးမှာလဲ အချစ်ရယ်
                   မောင်ကြူးရင့်
                   ၂့  ၁၀့  ၂၀၁၆
****************************************
ကိုရင်လေး
__________________
သပိတ်မှောက်နေတဲ့ဓါတ်ပုံဟာ
ကမ္ဘာကျော်ဓါတ်ပုံဖြစ်ခဲ့တယ်
အဲ့ဒီ့ဓါတ်ပုံက
ကမ္ဘာကအာရုံစိုက်လာရတဲ့အထိ
စစ်အာဏာရှင်ရဲ့မျက်နှာဖုံးကို
ခွာချပစ်နိုင်ခဲ့တယ်
အဲ့ဒီ့အချိန်ထဲက
ကိုရင်လေးရဲ့ဓါတ်ပုံကို
ငါ့နှလုံးသားနံရံမှာ
ချိတ်ဆွဲထားခဲ့တယ်
ကိုရင်လေးရဲ့ဓါတ်ပုံကို
ကမ္ဘာကျော်အောင်ရိုက်ခဲ့တဲ့
နိုင်ငံအပြင်ဖက်
ထွက်ပြေးခဲ့ရတယ်
သူရိုက်ခဲ့တဲ့ကိုရင်လေးဟာ
ဘုရားကိုးကွယ်တဲ့နိုင်ငံမှာ
တရာမဲ့ရန်သူလက်ချက်နဲ့
ပျောက်ချင်းမလှပျောက်သွားတဲ့အကြောင်း
သူ့အနေနဲ့ဖြေဆည်မရအောင်
သူရေးတဲ့စာကိုဖတ်ရတယ်
ဝေဌုဝန်ကျောင်းက
ကဗျာဆရာရန်လင်းအောင်ရဲ့အခန်း
ကိုရင်လေးသပိတ်မှောက်နေတဲ့
ဗီနိုင်ပုံချိတ်ဆွဲထားတာတွေ့ခဲ့တယ်
ထိခိုက်လွယ်တဲ့ကဗျာဆရာငါဟာ
                      မောင်ကြူးရင့်
                     ၁့  ၁၀့  ၂၀၁၆
                      မနက် ၃နာရီ ၅၉ မိနစ်
****************************************
ဆင်းရဲသား
__________________
သူ့အရေပြားက
မီးသွေးခဲလို
သူလက်တွေက
အချိန်ပြည့်တံပိုးအတင်ခံရတဲ့
ကျွဲပုခုန်းလို
မဲရတဲ့အထဲ
သူပိုင်မြေမရှိသမို့
သင်္ချိင်းဟောင်းထဲတဲထိုးနေရ
သူ့ပိုင်ဆိုင်မှုက
မမှန်တာမပြောဘူး
မဟုတ်တာဘာမှမလုပ်ဘူး
တနေ့လုပ်တနေ့စားပဲ
အိမ်သာကျင်းတူတာအစ
သူ့အမေ ထမီပါသွားတယ်
ဝေလီဝေလင်းသူ့အမေထမီ
သူကအမေကိုချစ်တယ်
မိသားစုကိုချစ်တယ်
မမှန်တာကိုမချစ်ဘူး
မှန်တာကိုချစ်တယ်
သူအမြဲပြောတဲ့စကားက
နေဖို့စားဖို့ရရင်
ကျေနပ်ပါပြီဗျာ။         ။
                    မောင်ကြူးရင့်
                    ၃၀့  ၉့  ၂၀၁၆
****************************************
မျိုးဆက်သုံးဆက်
__________________
ပထမမျိုးဆက်
ငါတို့ဘဝ မလှပခဲ့ဘူး
ပြည်တွင်းစစ်ကြောင့်
လွတ်လပ်ရေးခေတ်မှာ
မလွတ်မလပ်နေခဲ့ရ
ဖဆပလ ခေတ်
လူတကိုယ် တိုက်တလုံး
ငါ့အဖေ ဒဝရမ်ရဲ့
ဗြိတိသျှလက်ကျန်
မိသားစုတွေစုပြုံပြွတ်သိပ်နေခဲ့ရ
တင်းနစ်ကွင်းမှာ
ဘော်လုံးကောက်ခဲ့ရ
နိုင်ငံရေမှုနဲ့
ခရီးစားရိတ်ရဖို့
အိမ်သာကျင်းတူးငွေရှာခဲ့ရ
ဒုတိယမျိးဆက်
ငါ့သားနဲ့ငါ့ချွေးမ
ဘွဲ့ရ ဂျီတီအိုင်ကျောင်းဆင်း
ဖြတ်သန်းခဲ့ရ
တနှစ်ကျောင်းမတက်ရ
ဖြတ်သန်းခဲ့ရ
ဂျပန်သတင်းထောက်
သေနတ်နဲ့အပစ်ခံရ
မမြင်ဖူးတာတွေမြင်ရ
မကြားဖူးတာတွေကြားရ
အစိုးရသကြားစက်မှာ
လခနှစ်ပဲခြောက်ပြားနဲ့
ဆယ်နှစ်လုံးလုံး
သူတို့ဘဝတွေကို
ြိကိတ်ဝါးသလိုကြိတ်ဝါးခံခဲ့ရ
ကြံဖတ်ဘဝရောက်ခဲ့ရ
တတိယမျိုးဆက်
မြေးနှစ်ကောင်ဘဝ
ဝုန်းကနဲ့ ရွှေမိုးငွေမိုး
ရွာချပါစေလို့သာ
                      မောင်ကြူးရင့်
                      ၂၉့  ၉့  ၂၀၁၆
                      ၆ နာရီ ၅ မိနစ်
****************************************
တယောက်ထဲ
__________________
ကျောက်သားလိုမာကြော
ဝံပုလွေနဲ့သတ်ပုတ်ခဲ့
ခန်းမအလယ်
သူရဲကောင်းတဦးလို
အိစက်ညက်ညောတဲ့
ဖဲမွေ့ယာပေါ်
ကျဆုံးသွားခဲ့
             မောင်ကြူးရင့်
             ၁၄့  ၁၀့  ၂၀၁၆
****************************************
ကဗျာရေးသူ
__________________
တိမ်တစလို
ပေါ့ပေါ့ပါးပါးပါပဲ
ပေးစရာဆိုလို့
မေတ္တာပဲရှိပြီး
ယူစရာဆိုလို့
မေတ္တာပဲရှိပါတယ်
ကဗျာဖတ်နေရရင်
ကဗျာအကြောင်း
တွေးနေငေးနေရရင်
ကဗျာရေးနေရရင်
ပျော်ပါတယ်
ဒီ့ထက်ဘာမှမပိုပါဘူး
ဒီ့ထက်ဘာမှမလိုပါဘူး
သေခြင်းတရားကို
                 မောင်ကြူးရင့်
                 ၁၄့  ၁၀့  ၂၀၁၆
***************************************
လောကဟာဘယ်လိုလဲ
__________________
အမှန်ဖိနပ်တရံနဲ့
အမှားဖိနပ်တရံကို
စီးပြီးလျှောက်လာခဲ့တာ
ခရီးကဆုံးတော့မယ်
စီးလို့စီးလာကြမှန်း
           မောင်ကြူးရင့်
           ၂၆့  ၁၀့  ၂၀၁၆
****************************************
ပုံရိပ်
__________________
အတိတ်ဟာသမိုင်းပါပဲ
အဲ့ဒီ့ပန်းချီကိုပြင်ဆွဲလို့မရ
              မောင်ကြူးရင့်
****************************************
ပြတင်းပေါက်
__________________
အနီးမှာ
သစ်ရိပ်နဲ့ပန်းတောနဲ့
အဝေးမှာ
စီးနေတဲ့မြစ်နဲ့
အနီးစိမ်းအဝေးပြာရိုးမနဲ့
ဖွေးဖွေးလွလွတိမ်နဲ့
အတွင်းမှာ
ပန်းတအိုးနဲ့
လွင့်နေတဲ့ပိုးစနဲ့
မြင်ကွင်းဟာလွှတ်လှ
အမေအိုက
ဟို့း့ အဝေးက
ပြန်မလာတဲ့သားကိုငေးလို့။        ။
                မောင်ကြူးရင့်
                ၂၆့  ၁၀့ ၂၀၁၆
မှတ်ချက်
ဲ****************************************
သက်တံ
__________________
ရေတပွက်မှာ
            မောင်ကြူးရင့်
            ၂၅့  ၁၀့  ၂၀၁၆
****************************************
အလှဆင်ပါဆောင်း
__________________
ဆောင်းရဲ့မျက်တောင်ဖျား
မြောက်ပြန်လေထဲ
ပန်ကလေးတွေ
အိမ်ပြန်ခရီးမှာ
အလှဆင်ပေးပါဦးကွယ်။         ။
            မောင်ကြူးရင့်
****************************************
ရွက်ခြောက်များ
__________________
သူငယ်ချင်းတယောက်က
စက္ကူစွန်လို လေမိ
မမြင်ရလောက်အောင်
ခုထိပေါ်မလာတော့ဘူး
သူငယ်ချင်းတယောက်က
အိုးစားဖက် သူ့အသက်က
သူ့အိမ်မှာတဝက်
အခန်းကျဉ်းထဲမှာတဝက်
အရယ်အပြုံး
သူငယ်ချင်းတယောက်က
အဆင်မပြေမှုနဲ့နပန်းလုံး
အကျဉ်းအကျပ်နဲ့နပန်းလုံး
နောက်ဆုံးအမှားနဲ့နပန်းလုံး
သူငယ်ချင်းတယောက်က
သေတော့လည်းကျို့တို့ကျို့တဲ
ကဲ့ ငါကကော
ဘာထူးမှာလဲ
ငါက လေးရွက်ပေါင်းထားတဲ့
သစ်ရွက်ခြောက်တရွက်။          ။
                   မောင်ကြူးရင့်
                   ၂၂့  ၁၀့  ၂၀၁၆
မှတ်ချက်
ဲ****************************************
ငါလိုချင်တဲ့ခေတ်
__________________
ချမ်းသာသူပျော်သလို
လူတွေမပြောနဲ့
စာနာစိတ်နဲ့
               မောင်ကြူးရင့်
               ၂၁့  ၁၀့  ၂၀၁၆
****************************************
မြို့ပြ
__________________
ကွန်ကရစ်တောနက်ထဲ
မုဆိုးအလိုက်ခံရတဲ့ သားကောင်လို
သံသယ ရနံ့နဲ့မျက်လုံးဟာ
အရည်လည်လို့
လတ်ဆတ်ဝင်းပလေ
ပျောက်ဆုံး
အုတ်နံရံတွေကြား
               မောင်ကြူးရင့်
               ၂၁့  ၁၀့  ၂၀၁၆
မှတ်ချက်
ပါတယ်။
****************************************
ထစ်အနေတဲ့စီဒီပြား
__________________
လူထုရှေ့မှာ
သဲသဲမဲမဲမိုးရွာသလို
ခမ်းနားထည်ဝါခမ်းမထဲ
တရက်ထဲ
ဆိုးဝါးတဲ့ကြမ္မာဆိုးကြောင့်
                    မောင်ကြူးရင့်
                    ၂၀့  ၁၀့  ၂၀၁၆်
****************************************
ပက်ပုန်းလမ်း
__________________
စေ့ထားသောတံခါးများ
အသားဝါသူများ
အသားနီသူများ
အသားမဲသူများ
အရောင်စုံကားများ
အဆင့်နိမ့်ခန်းမများ
အဆင့်မြင့်ခန်းမများ
ဝတ်လစ်စလစ်အကများ
ဇိမ်နတ်မိမယ်လေးများ
ကခုန်နေသောလမ်းများ
ကခုန်နေသောညများ
နိုင်ငံတော်နဲ့ပက်ပုန်း
ပက်ပုန်းနဲ့နိုင်ငံတော်
                    မောင်ကြူးရင့်
                    ၁၈့  ၁၀့  ၂၀၁၆
****************************************
ဝင်းပအလင်း
__________________
ဓါတ်တိုင်
ကြွေသီး မီးကြိုး ဟာ
ကဗျာ ဖြစ်တယ်ဆိုရင်
ကဲ့ မိတ်ဆွေ
ခင်ဗျားယုံမှာလား
အယ်ဒီဆင်ကို သတိရ
သူနဲ့ကဗျာက
ကမ္ဘာကြီးတခုလုံးကို
လင်းထိန်သွားအောင်
ဖန်ဆင်းပေးခဲ့တယ်
သူ့ခေါင်းထဲက
ပျော်စရာ ရဟတ်တွေ
ကလေးကစားကွင်းတွေ
ထွက်ကျလာတယ်
သူ့ရင်ဘတ်ထဲမှာ
သီချင်းပွဲတော်တွေ
ကခုန်နေတယ်
ညမွေးနေ့တွေ
ညမိတ်ဆက်ပွဲတွေ
ညကဗျာရွတ်ပွဲတွေ
စည်ကားနေတယ်
သူ့ကြောင့်
သျှမ်းသျှမ်းတောက်
မအိပ်စက်တော့ဘူး
သူ့ကြောင့်
လူဆိုးလူမိုက်တွေ
လူရမ်းကားတွေ
သူခိုးဓါပြတွေ
ဖေါက်ထွင်းဝိဇ္ဇာတွေ
မုဒိမ်းကောင်တွေ
လျော့ပါးအောင်
စွမ်းဆောင်နိုင်တယ်
ဝမ်းပန်းတနဲဖြစ်နေလေရဲ့။          ။
                မောင်ကြူးရင့်
                ၁၆့  ၁၀့  ၂၀၁၆
****************************************
သေနတ်သံ
__________________
သေနတ်သံကို
တခါမှမကြားဖူးတဲ့သူတွေကတော့
နီရိုးဘုရင်လို သေနတ်သံကို
အသက်ကိုဖက်နဲ့ထုပ်ထားသူတွေကတော့
သေနတ်သံကြားရင်
ရန်ကုန်တက္ကသိုလ်
မိုင်းခွဲအရေးအခင်း
ရခိုင်ဆန်လုပွဲ
လူတွေသွေးမြေကျခဲ့တာပဲ
လူတွေသေနတ်သံကို
လိပ်ပြာလွင့်မတတ်မုန်းခဲ့ကြတာပဲ
ဗျောက်မဖေါက်ကြပါနဲ့ကွာ
ဗျောက်မဖေါက်ကြပါနဲ့ကွာ
သေနတ်သံတွေကို
               မောင်ကြူးရင့်
               ၁၇့  ၁၀့  ၂၀၁၆
****************************************
ကဗျာဆရာ
__________________
ကဗျာဆရာဆိုတော့
အသဲနုတယ်
ကျွတ်ဆတ်တယ်
ပေါက်ကွဲလွယ်တယ်
ခေါင်းကွဲပစေ
သွေးထွက်ပစေ
မဟုတ်ရင်မခံချင်ဘူး
မှောက်အောင်သောက်တယ်
အန်အောင်သောက်တယ်
အိမ်ကိုလေးဖက်ထောက်
ပြန်ချင်ပြန်မယ်
တခုခုကြုံလာရင်
ရှေ့တန်းကထွက်တယ်
ဘာကိုမှမတွယ်တာဘူး
ဘာကိုမှအရေးမထားဘူး
အရေးကြီးတာက
မကွေ့ကောက်ဖို့
မညစ်ပတ်ဖို့ပဲလိုတယ်
ကဗျာဆရာ
အချင်ချင်းဆိုတာက
တယောက်သွေးထဲ
တယောက်စီးဝင်ပြီးသား။            ။
              မောင်ကြူးရင့်
              ၁၆့  ၁၀့  ၂၀၁၆
****************************************
ဝင်းပအလင်း
__________________
ဓါတ်တိုင်
ကြွေသီး မီးကြိုး ဟာ
ကဗျာ ဖြစ်တယ်ဆိုရင်
ကဲ့ မိတ်ဆွေ
ခင်ဗျားယုံမှာလား
အယ်ဒီဆင်ကို သတိရ
သူနဲ့ကဗျာက
ကမ္ဘာကြီးတခုလုံးကို
လင်းထိန်သွားအောင်
ဖန်ဆင်းပေးခဲ့တယ်
သူ့ခေါင်းထဲက
ပျော်စရာ ရဟတ်တွေ
ကလေးကစားကွင်းတွေ
ထွက်ကျလာတယ်
သူ့ရင်ဘတ်ထဲမှာ
သီချင်းပွဲတော်တွေ
ကခုန်နေတယ်
ညမွေးနေ့တွေ
ညမိတ်ဆက်ပွဲတွေ
ညကဗျာရွတ်ပွဲတွေ
စည်ကားနေတယ်
သူ့ကြောင့်
သျှမ်းသျှမ်းတောက်
မအိပ်စက်တော့ဘူး
သူ့ကြောင့်
လူဆိုးလူမိုက်တွေ
လူရမ်းကားတွေ
သူခိုးဓါပြတွေ
ဖေါက်ထွင်းဝိဇ္ဇာတွေ
မုဒိမ်းကောင်တွေ
လျော့ပါးအောင်
စွမ်းဆောင်နိုင်တယ်
ဝမ်းပန်းတနဲဖြစ်နေလေရဲ့။          ။
                မောင်ကြူးရင့်
                ၁၆့  ၁၀့  ၂၀၁၆
****************************************
မနက်ခင်းသစ်
__________________
မနက်ခင်းသစ်ရဲ့
အပြာနုနု အဝါနုနု
ဆေးတို့နေပြီ
အမှောင်နံရံရဲ့
သံတခါးတွေကို
အလင်းသော့နဲ့စဖွင့်နေပြီ
ခေါင်းမာအသုံးမတဲ့
ဘယ်အချိန် ဘယ်နေရာ
ပျက်စီးမလွယ်တဲ့
ြွကွတ်ကြွတ်အိပ်တွေ
အိမ်အတွင်းထဲက
အသုံးမကျတဲ့
မျက်စေ့နောက် စိတ်နောက်ရတဲ့
အနီရောင်ပန်းတွေ
အဝါရောင်ပန်းတွေ
အဖြူရောင်ပန်းတွေ
တခြံလုံးဝေနေအောင်
ပျိုးထောင်ရဦးမယ်
စိုက်ရဦးမယ်။          ။
               မောင်ကြူးရင့်
               ၁၆့  ၁၀့  ၂၀၁၆
****************************************
တယောက်ထဲ
__________________
ကျောက်သားလိုမာကြော
ဝံပုလွေနဲ့သတ်ပုတ်ခဲ့
ခန်းမအလယ်
သူရဲကောင်းတဦးလို
အိစက်ညက်ညောတဲ့
ဖဲမွေ့ယာပေါ်
ကျဆုံးသွားခဲ့
             မောင်ကြူးရင့်
             ၁၄့  ၁၀့  ၂၀၁၆
၁၉၉၀ ကရေးတဲ့ကဗျာ
********************************************************************************
      လယ်သမား
__________________
ထွန် ထယ် လှည်း နွား
တံဇင်နဲ့ပေါက်ပြား
စပါးပျိုးသယ်တဲ့စွတ်ဖါး
လယ်သမားရဲ့ကုန်ထုတ်ကရိယာများ
လယ်သမားဟာ
မယားကိုချစ်
စပါးကိုချစ်
နွားကိုချစ်
သားကိုချစ်
ရွာကိုချစ်
ယာကိုချစ်
ထယ်ကိုချစ်
လယ်ကိုချစ်
လယ်သမားဟာ
တရားကိုချစ်
ဓါးကိုချစ်
သမိုင်းကြောင်းရဲ့အမွေအနှစ်
လယ်သမားရဲ့
စီးပွားရေးဘောဂဗေဒ
လူမှုဗေဒပုံရိပ်
ကျေးလက်နိမိတ်ပုံ
သဘာဝနဲ့နပန်းလုံး
ရာသီနဲ့နပန်းလုံး
နွားနဲ့နပန်းလုံး
ရွှံ့နဲ့နပန်းလုံး
လယ်သမားရဲ့အသဲနှလုံး
ကျွဲံပုခုန်းလိုပါပဲလား
နွေဒဏ်
မိုးဒဏ်
ဆောင်းဒဏ်
ခွန်အားနဲ့တွန်းလှန်
ရာသီခံလူသားဟာ
လယ်သမားပါပဲ
သွေးနဲ့ရင်း
ချွေးနဲ့ရင်း
လုပ်အားနဲ့ရင်း
စပါးခင်း နှမ်းခင်း
ပဲခင်း ယာခင်း
စိမ်းလန်းခြင်းရသ
အလှဆုံးပန်းချီကား
လယ်သမားပါပဲ
တောဝက်
တောကြက်
ကြက်တူရွေး
စာကလေးငှက်
မြေကြွက်
လယ်သမားရဲ့ရန်ဖက်
ဖျက်ဆီးတဲ့ဒဏ်
ခါးစည်းခံရတာလည်း
လယ်သမားပါပဲ
ဘုရားပွဲ
တရားပွဲ
ပဠန်းပွဲ
အလှူပွဲ
ဗျောသံမစဲ
တောဟန်နွှဲ
သဲသဲမဲမဲလှူတာလည်း
လယ်သမားပါပဲ
ရွှံ့စက်ချွေးစက်
လယ်သမားရဲ့မိတ်ဖက်
စစ်တုရင်လယ်ကွက်
အသက်လိုခင်
သံယောဇဉ်များတာလဲ
လယ်သမားပါပဲ
အုံးမောင်းခေါက်သံ
ကြေးစည်သံ
အိုးစည်သံ
လင်းကွင်းသံ
သီချင်းသံ
ဆူညံမြည်ဟိန်း
ပိန်းနေတဲ့သနပ်ခါး
ပါးကွက်ကြားနဲ့
ကောက်စိုက်သမ
ကွေးနေအောင်က
မြန်မာ့ဓလေ့
အငွေ့အသက်
ဖွေ့ဖက်ထားဆဲ
လယ်ကွင်းထဲ
ဟင်းလင်းပြင်
ပြတင်း
လွတ်လပ်ခြင်းရဲ့
အမှတ်အသား
ကျေးလက်ကအိမ်များ
ရိုးပြတ်တော
စာခြောက်ရုပ်
ယိမ်းလှုပ်လယ်တဲ
ဘဲ ကြက် ကောက်ရိုးပုံ
နွားချေးသုတ် စပါးကျီ
ကျေးလက်ဆီက
လယ်ပတူရွက်
ကန်စွန်းရွက်
ဆူးပုတ်ရွက်
ချဉ်ပေါင်ရွက်
ငါးပက် ပုဇွန်နှိုက်
ဖါးရိုက် မီးကင်
ထမင်းပွဲပြင်
ဟင်းပွဲပြင်
တလင်းပြင်ထဲ
ရောင့်ရဲမှု
တင်းတိမ်မှု
ဘယ်သူမှတုမမှီတာလဲ
လယ်သမားပါပဲ
အနေရိုးရိုး
အဝတ်ရိုးရိုး
အစားရိုးရိုး
အပြောရိုးရိုး
မနောရိုးရိုး
ရိုးသားမှုရဲ့သင်္ကေတ
လယ်သမားဘဝ
အလှတရားသစ်
မောင်းထောင်းသံ
ပုလွေသံ
နွားငေါက်သံ
ကာရံချိုမြ
မြန်မာ့အမူအရာ
ကျေးလက်မှာပဲရှိတယ်
အခြေကြီးသူများရဲ့
တနည်းအားဖြင့်
ဂုဏ်ချင်းပြိုင်ကြရာ
နေရာပဲဖြစ်တယ်
မြန်မာအဆိုတော်ကြီး
တွံတေးသိန်းတန်က
မှတ်သားစရာပါလား
ဆရာစံရဲ့
ပြောင်မြောက်တဲ့
သမိုင်းမှတ်တမ်း
မောင်ထင်ရဲ့ငဘ
ဗန်းမော်တင်အောင်ရဲ့ငသြ
ကျေးလက်တောသား
အနုပညာယဉ်ကျေးမှု
၂၀ ရာစုရဲ့မီးရှုးတန်ဆောင်
တောခေါင်ခေါင်
ကျောပြောင်ပြောင်
နေလောင်ကျွမ်းပြီ
ထဘီတိုတို
ရေစိုစို နဲ့
ကျေးလက်ရဲ့ခွန်အား
လယ်သမားဟာ
အကြီးမားဆုံး
အလှတရားမဟုတ်လားကွယ်။          ။
               မောင်ကြူးရင့်
               ၈့  ၁့  ၁၉၉၀
်****************************************
လူသားနဲ့အမှား
__________________
မှားတတ်ပါသည်
မမိုက်ဖို့လိုပါသည်
တသံသရာ တဘဝလုံး
****************************************
စစ်နဲ့ငြိမ်းချမ်းရေး
__________________
စစ်တလင်း စစ်သင်္ချိုင်းထဲက
အာသောက ကျောက်တိုင်ဟာ
ငြိမ်းချမ်းရေးရဲ့ သင်္ကေတဖြစ်ပါသည်
****************************************
အချစ်
__________________
တသက်မှာ တခါသာ
ပွင့်ဖတ်နိုးတဲ့အရာ
ပျော်ပုံဆန်း
ခြေထောက်တောင်
မြေကြီးနဲ့မထိဘူး
မမြင်ရတဲ့လေတောင်
ဝင်းပလို့ ။        ။
            မောင်ကြူးရင့်
            ၁၃့  ၁၀့  ၂၀၁၆
****************************************
လူသားနဲ့အိမ်မဲ့ယာမဲ့
__________________
ကမ္ဘာပေါ်မှာ
အိမ်မဲ့ယာမဲ့
လူသားများမရှိသည့်
****************************************
မဆန်းတဲ့သီချင်း
__________________
ပျားရည်အိုးထဲ
ပြုတ်ကျသွားတဲ့အချစ်
လူမျက်နှာ
ပျောက်ဆုံးနေတဲ့စစ်
ကွေးသောလက်မဆန့်မီ
ဆန့်သောလက်မကွေးမီ
သေခြင်းတရား
မရိုးတဲ့သီချင်းပါပဲ
လူတွေဟာ
မျက်နှာဖုံးတွေနဲ့
ကဗျာတွေဟာ
မျက်နှာဖုံးတွေနဲ့
ရိုးတဲ့သီချင်းကို ငါရှာ
လောကဟာဘယ်လိုလဲ။            ။
               မောင်ကြူးရင့်
               ၁၂့  ၁၀့  ၂၀၁၆
****************************************
ငြိမ်းချမ်းရေး
__________________
အလင်းအမှောင်ကြားမှာ
               မောင်ကြူးရင့်
               ၁၁့  ၁၀့  ၂၀၁၇
****************************************
_________________________
အချစ်ရယ့့် မင်းနဲ့ငါ
တယောက်သွေးထဲတယောက်
နှစ်လွှာတရွက် ရက်ရှယ်ခဲ့တာ
ပိတောက်လေးဆယ်ပွင့်ခဲ့ပြီ
အချစ်ရယ့့်
မင်းနဲ့ငါ အိပ်စက်ရာ
မင်းနဲ့ငါ လဲလျောင်းရာ
မင်းနဲ့ငါ စစ်မျက်နှာ
အချစ်အိမ်ကလေးရဲ့
နံရံပေါ်က
ပြက္ခဒိန်တွေလဲချိတ်ခဲ့တာ
အကြိမ်လေးဆယ်ရှိခဲ့ပြီ
မနေ့တနေ့ကလိုပဲကွယ်
လှပတဲ့ပန်းတပွင့်
အောက်ကျသွားတဲ့အခါ
ကောက်လို့ရပေမယ့်
အကြည့်တန်တဲ့ အမှားတပွင့်
အောက်ကျသွားရင်
ပြန်ကောက်လို့မရဘူး
ဒါနဲ့ အနီရဲရဲ
သစ္စာပန်းတစည်းကို
နှစ်ယောက်အတူကိုင်
အတူလက်အုပ်မိုးထိုးခဲ့တယ်
အချစ်ရယ့့် မင်းနဲ့ငါ
ဘဝရှင်သန်ရေးအတွက်
ငါတို့လက်နှစ်ဖက်နဲ့
နှစ်ယောက်အတူချွေးထွက်ခဲ့တယ်
အချစ်ရယ့့် မင်းနဲ့ငါ
ဘဝမြေတကွက်မှာ
ထွန်ယက်ပျိုးထောင်စိုက်ခဲ့လို့
ကမ္ဘာမြေပေါ်အရိပ်ထင်ခဲ့ပြီ
အချစ်ရယ့့် မင်းနဲ့ငါ
သားရဲတွင်းထဲ ဆင်းခဲ့ပြီ
မိုးထဲလေထဲ လျှေက်ခဲ့ပြီ
မုန်တိုင်းထဲ ဖြတ်ခဲ့ပြီ
ဆူးတောထဲ အိပ်ခဲ့ပြီ
ကဲ့ ဘာလိုသေးလဲအချစ်ရယ်
မင်းနဲ့ငါ တိုး တိုးပြီးချစ်ကြပါစို့။           ။
                  မောင်ကြူးရင့်
                  ၁၁့  ၁၀့  ၂၀၁၆
                 မနက် ၄: ၄၂
****************************************
ဘာမှမထူးဆန်းတဲ့ကဗျာ
__________________
တခါတရံ
သိခြင်းဟာ တသက်မှာ
တခါပွင့်တဲ့ပန်းလို
လှပပြီး
တရံတဆစ်
မသိခြင်းဟာ တောနက်ထဲ
လမ်းပျောက်သလို
အကြည့်တန်တယ်
တခါတခါတော့လည်း
မသိခြင်းဟာ
သိခြင်းဟာ
သိခြင်းနဲ့မသိခြင်းကြားက
လူသားဟာ အမှားကင်းပါရဲ့လား
အရာရာပြည့်စုံပါရဲ့လား
ရိုးရှင်းမှုဟာ
ကဗျာတပုဒ်လို
ချစ်စရာကောင်းတယ်
မရိုးရှင်းမှုဟာ
ဘီလူးသဘက်လို
မုန်းစရာကောင်းတယ်
တနေ့နေ့
မမြဲခြင်းတရားအရ
သွားဦးမှာပဲ
မသေခင်
အမုန်းပင်မစိုက်ပဲ
အချစ်ပင်စိုက်ခဲ့ဖို့ပဲလိုတယ်။        ။
                မောင်ကြူးရင့်
                ၁၀့  ၁၀့  ၂၀၁၆
Unicode version
မောင်ကြူးရင့် ရဲ့ကဗျာများစုစည်းမှု         =====================
နွေတွင်း
__________________
မိုးဦး ဆောင်းဦး နွေဦး
ရှေးကထဲက
ဘာသာဗေဒအခေါ်အဝေါ်ရှိခ့ဲ
မိုးနှောင်း ဆောင်းနှောင်း နွေနှောင်း
ရှေးကထဲက
ဘာသာဗေဒအခေါ်အဝေါ်ရှိခ့ဲ
မိုးတွင်း ဆောင်းတွင်း
ဘာသာဗေဒအခေါ်အဝေါ်ရှိုပြီး
နွေတွင်း ဘာသာဗေဒ အခေါ်အဝေါ်
ဘာကြောင့်မရှိခ့ဲတာလဲ
ပညာရှိသုခမိန်တွေက
ရှေးလူကြီးသူမတွေက
ဘာကြောင့် နွေတွင်းလု့ိ
မခေါ်ဝေါ်ခ့ဲကြတာလဲ
မိုးတွင်း ဆောင်းတွင်းလို
မအေးမြလို့လား
မစိမ်းစိုလို့လား
အတွေးပွားစရာပါလား
ဆိုင်သလားမဆိုင်လားတော့မသိ
ကဗျာဆရာ ငါ့ဘဝ
အနှစ်ခုနှစ်ဆယ်လုံးလုံး
နွေတွင်းကြီးထဲနေခ့ဲရ
အီကွေတာပေါ်
နေတည့်တည့်ကျရောက်ချိန်
မတ်လ ၂၁ ရက်နေ့
နွေတွင်း ကာလထဲ
ကမ္ဘာကဗျာဆရာနေ့သတ်မှတ်ခ့ဲ
ကဗျာဆရာတွေအတွက်ကတော့
ပူလောင်တ့ဲနွေတွင်းဟာ
အမှန်တရာအတွက်
တိုက်ပွဲခေါ်သံပါပဲ။             ။
                မောင်ကြူးရင့်
                ၈့ ၁၀့ ၂၀၁၆
******************************************
တေး
__________________
ရေငတ်ပန်းတွေ
မိုးတပေါက် နှင်းတပေါက်
မသောက်ရလို့
မသေမရှင် ဘဝတွေန့ဲ
ပက်ပင်းတွေ့တ့ဲအခါ
ရွာတွေမှာ
သေနတ်သံကြားလို့
လယ်ကွက်ထဲကနွားတွေ
လူမပါပဲ တန်းပိုးတန်းလန်းန့ဲ
အမောတကောရွာတွေထဲ
ဂမူးရှုးထိုးပြေးဝင်လာတ့ဲအခါ
မြို့ပြတွေ
နံရံလေးဖက် သံလှောင်အိမ်ဖြစ်
မြို့သားတွေ မြို့ပြသားကောင်ဖြစ်
အစာငတ် ရေငတ် အစာပြတ် ရေပြတ်
လူ လူချင်းသတ်စားရမယ့်ဘဝ
အရာရာချွတ်ခြုံကျတ့ဲအခါ
အာဏာရှင်မွှေးတ့ဲစစ်ကြောင့်
လူထောင်သောင်းသေဆုံးပြီး
လူသိန်းသန်း စစ်ပြေးဘဝန့ဲ
မိုးခေါင်ပတ်ကြားအက်မြေလို
ဘာပင်မှရှင်သန်ခွင့်မရတ့ဲအခါ
ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့
ကမ္ဘာတဝှမ်းကကျေးကျွန်တွေ
နိုင်ငံတကာတေးကို
မုချ ပြန်ဟစ်ကြွေးရဦးမှာပဲ။           ။
                  မောင်ကြူးရင့်
                  ၇့ ၁၀့ ၂၀၁၆
****************************************
မင်းကိုငါအဆုံးရှုံးမခံနိုင်ဘူး
__________________
မိုးကောင်းကင်မှာ
ကြယ်တွေလင်းလက်ခ့ဲဖူးတယ်
ကြယ်တွေလင်းလက်နေတယ်
ကြယ်မှန်ရင်လင်းလက်ရမှာပဲ
ဘာပဲဖြစ်ဖြစ့့့့် အချစ်ရယ်
မင်းကိုငါအဆုံရှုံးမခံနိုင်ဘူး
မြေပြင်မှာ
မြစ်တွေစီးဆင်းခ့ဲဖူးတယ်
မြစ်တွေစီးဆင်းနေတယ်
မြစ်မှန်ရင်စီးဆင်းရမှာပဲ
ဘာပဲဖြစ်ဖြစ့့့့် အချစ်ရယ်
မင်းကိုငါအဆုံးရှုံးမခံနိုင်ဘူး
ကန္တာရမှာ
နှင်းဆီတွေပွင့်ခ့ဲဖူးတယ်
နှင်းဆီတွေပွင့်နေတယ်
နှင်းဆီမှန်ရင်ပွင့်ရမှာပဲ
ဘာပဲဖြစ်ဖြစ့့့့် အချစ်ရယ်
မင်းကိုငါအဆုံးရှုံးမခံနိုင်ဘူး
အချစ်ရယ်
မင်းရ့ဲသွယ်နွ့ဲနူးညံ့တ့ဲ
လက်ဖဝါးလေးကို ဆုပ်ထားပါရစေ
မင်းရ့ဲချောမွေ့ညက်စင်တ့ဲ
ပုခုန်းသားမှာနွ့ဲမှီပါရစေ
မင်းရ့ဲစံပယ်ပွင့်ဖတ်လိုနုအိတ့ဲ
ရင်ခွင်ထက်မှာအိပ်စက်ပါရစေ
ကျောက်သားရ့ဲတိတ်ဆိတ်မှုထဲ
ငါတို့အချစ်ကိုမြှုပ်နှံထားကြပါစို့
အချစ်ရယ်
ငါတို့ထက်အရေးကြီးတ့ဲအရာဟာ
နေရာတိုင်းမှာရှိနေတယ်
အ့ဲဒီ့နေရာတိုင်းကို
မင်းန့ဲငါသွားရမယ်
တနေ့နေ့မှာတော့
လူ့အဖွ့ဲအစည်းတခုလုံး
ကဗျာတပုဒ်ဖြစ်သွားမယ်ဆိုတာ
ငါယုံတယ်
ဘာပဲဖြစ်ဖြစ့့့့် အချစ်ရယ်
မင်းကိုငါအဆုံးရှုံးမခံနိုင်ဘူး။            ။
               မောင်ကြူးရင့်
               ၇့ ၁၀့ ၂၀၁၆
             နေ့လည် ၁၅း ၂၆
****************************************
အနာ
__________________
အရေပြားကိုဖေါက်ထွက်
ပြည်တည်နာဖြစ်နေတာကြာပြီ
ဆေးမကုတာကြာလာတော့
အနာက အနာဟောင်း ဖြစ်လာ
အနာဟောင်းက
အရေပြားကိုစားပြီး
အထဲမှာအုံကျင်းဖွ့ဲ
ပြည်ထွက်သွေးကျလာတယ်
အနာဟောင်လေ
တစစ်စစ်နာလေပဲ
အနာဟောင်းလေ
နေရထိုင်ရခက်လေပဲ
အနာဟောင်းလေ
အတူနေသူတွေ
စိတ်ဆင်းရဲရလေပဲ
ဒါန့ဲ အထွေထွေရောဂါကု
ဆရာဝန်ဆီသွားကုတယ်
အနာက အနာဟောင်းဖြစ်နေပြီ
ဒီအတိုင်းကုရင်ကြာလိမ့်မယ်
ခွဲစိတ်အထူးကုဆရာဝန်န့ဲ
အနာကိိုခြစ်ထုတ်ပစ်မှရမယ် တ့ဲ
ကဲ့့ မိတ်ဆွေများခင်ဗျား
ဒါ အမှန်တကယ်ဖြစ်နေတာပါ
စိတ်ဆင်းရဲမသွားကြပါန့ဲ။             ။
                 မောင်ကြူးရင့်
                 ၃့ ၁၀့ ၂၀၁၆
****************************************
မြစ်
__________________
လှုပ်ရှားမှု ရုန်းထမှု ရဲရင့်ခြင်းနှင်းဆီ
လင်းပြက်မှု နိုးထမှု ကဗျာအနုပညာ
ရဲတင်းမှု သိမ်မွေ့မှု တငြိမ့်ငြိမ့်စန္ဒယား
သန်းဝေမှုကင်းမ့ဲသော ချစ်ခြင်းမေတ္တာ
အေးမြမှု နွေးထွေမှုတို့ ပေါင်းဆုံရာ
အိပ်ခြင်းမ့ဲ တခုတည်းသောအရပ်
နေ့န့ဲညကိုဆက်စပ်ပေးသောကဗျာ
ကဲ့့ ဘာလိုဦးမှာလဲ အချစ်ရယ်
ငါတို့အားလုံး မြစ် ဆီသွားကြပြီ ။            ။
                   မောင်ကြူးရင့်
                   ၂့ ၁၀့ ၂၀၁၆
****************************************
ကိုရင်လေး
__________________
ရွှေဝါရောင်တော်လှန်ရေးတုန်းက
ကိုရင်လေးလက်တဖက်မြှောက်
သပိတ်မှောက်နေတ့ဲဓါတ်ပုံဟာ
ကမ္ဘာကျော်ဓါတ်ပုံဖြစ်ခ့ဲတယ်
အ့ဲဒီ့ဓါတ်ပုံက
ကမ္ဘာကအာရုံစိုက်လာရတ့ဲအထိ
စစ်အာဏာရှင်ရ့ဲမျက်နှာဖုံးကို
ခွာချပစ်နိုင်ခ့ဲတယ်
အ့ဲဒီ့အချိန်ထဲက
ကိုရင်လေးရ့ဲဓါတ်ပုံကို
ငါ့နှလုံးသားနံရံမှာ
ချိတ်ဆွဲထားခ့ဲတယ်
ကိုရင်လေးရ့ဲဓါတ်ပုံကို
ကမ္ဘာကျော်အောင်ရိုက်ခ့ဲတ့ဲ
တော်လှန်ရေးသတင်းထောက်ဟာ
နိုင်ငံအပြင်ဖက်
ထွက်ပြေးခ့ဲရတယ်
သူရိုက်ခ့ဲတ့ဲကိုရင်လေးဟာ
ဘုရားကိုးကွယ်တ့ဲနိုင်ငံမှာ
တရာမ့ဲရန်သူလက်ချက်န့ဲ
ပျောက်ချင်းမလှပျောက်သွားတ့ဲအကြောင်း
သူ့အနေန့ဲဖြေဆည်မရအောင်
ခံစားသွေးပျက်ရကြောင်း
သူရေးတ့ဲစာကိုဖတ်ရတယ်
တောင်ငူကဗျာဆွေးနွေးပွဲသွားတုန်းက
ဝေဌုဝန်ကျောင်းက
ကဗျာဆရာရန်လင်းအောင်ရ့ဲအခန်း
ကိုရင်လေးသပိတ်မှောက်နေတ့ဲ
ဗီနိုင်ပုံချိတ်ဆွဲထားတာတွေ့ခ့ဲတယ်
ထိခိုက်လွယ်တ့ဲကဗျာဆရာငါဟာ
ကိုရင်လေးတွေမြင်တိုင်း
သပိတ်မှောက်ကိုရင်လေးကိုသတိရ
မျက်လုံးကမျက်ရည်မကျပဲ
နှလုံးသားကသွေးမျက်ရည်ကျတယ်။              ။
                      မောင်ကြူးရင့်
                     ၁့ ၁၀့ ၂၀၁၆
                      မနက် ၃နာရီ ၅၉ မိနစ်
****************************************
ဆင်းရဲသား
__________________
သူ့အရေပြားက
မီးသွေးခဲလို
သူလက်တွေက
အချိန်ပြည့်တံပိုးအတင်ခံရတ့ဲ
ကျွဲပုခုန်းလို
မဲရတ့ဲအထဲ
ကွမ်းစားလို့သွားတွေကပါမဲလို့
သူပိုင်မြေမရှိသမို့
သချၤ ိင်းဟောင်းထဲတဲထိုးနေရ
သူ့ပိုင်ဆိုင်မှုက
မိန်းမတယေက် ကလေးတယောက်
မမှန်တာမပြောဘူး
မဟုတ်တာဘာမှမလုပ်ဘူး
တနေ့လုပ်တနေ့စားပဲ
အိမ်သာကျင်းတူတာအစ
အလုပ်မှန်သမျှအကုန်လုပ်တယ်
တခါသား ဆောင်းတွင်းကြီး
တောထဲဝါးတင်လိုက်သွားတော့
သူ့အမေ ထမီပါသွားတယ်
ညချမ်းတော့ခြုံအိပ်တယ်
ဝေလီဝေလင်းသူ့အမေထမီ
တဘက်ထင်ခေါင်းပေါင်းမိလို့
လူတွေဝိုင်းရီတာခံရဖူးတယ်
သူကအမေကိုချစ်တယ်
မိသားစုကိုချစ်တယ်
မမှန်တာကိုမချစ်ဘူး
မှန်တာကိုချစ်တယ်
သူအမြဲပြောတ့ဲစကားက
မချမ်းသာချင်ပါဘူးဗျာ
နေဖို့စားဖို့ရရင်
ကျေနပ်ပါပြီဗျာ။         ။
                    မောင်ကြူးရင့်
                    ၃၀့ ၉့ ၂၀၁၆
****************************************
မျိုးဆက်သုံးဆက်
__________________
ပထမမျိုးဆက်
ငါတို့ဘဝ မလှပခ့ဲဘူး
ပြည်တွင်းစစ်ကြောင့်
လွတ်လပ်ရေးခေတ်မှာ
မလွတ်မလပ်နေခ့ဲရ
ဖဆပလ ခေတ်
လူတကိုယ် တိုက်တလုံး
ကားတစီးကြွေးကြော်သံမှာ
ငါ့အဖေ ဒဝရမ်ရ့ဲ
ဗြိတိသျှလက်ကျန်
ခြောက်ပေဆယ်ပေအခန်းကျဉ်းထဲ
မိသားစုတွေစုပြုံပြွတ်သိပ်နေခ့ဲရ
ကျောင်းနေစဉ်မုန့်ဖိုးရဖို့
တင်းနစ်ကွင်းမှာ
ဘော်လုံးကောက်ခ့ဲရ
နိုင်ငံရေမှုန့ဲ
မုံရွာတရားရုံးမှာရင်ဆိုင်ရတော့
ခရီးစားရိတ်ရဖို့
အိမ်သာကျင်းတူးငွေရှာခ့ဲရ
ဒုတိယမျိးဆက်
ငါ့သားန့ဲငါ့ချွေးမ
ဘွ့ဲရ ဂျီတီအိုင်ကျောင်းဆင်း
ရှစ်လေးလုံးလူထုအုံကြွမှုကို
ဖြတ်သန်းခ့ဲရ
တနှစ်ကျောင်းမတက်ရ
ရွေဝါရောင်တော်လှန်ရေးကို
ဖြတ်သန်းခ့ဲရ
ဘုန်းကြီးတွေခေါင်းရိုက်ခွဲခံရ
ဂျပန်သတင်းထောက်
သေနတ်န့ဲအပစ်ခံရ
မမြင်ဖူးတာတွေမြင်ရ
မကြားဖူးတာတွေကြားရ
အစိုးရသကြားစက်မှာ
လခနှစ်ပဲခြောက်ပြားန့ဲ
ဆယ်နှစ်လုံးလုံး
သူတို့ဘဝတွေကို
ကြံချောင်းတွေစက်ထဲထည့်
အချိုရည်ကုန်ခမ်းအောင်
ြိကိတ်ဝါးသလိုကြိတ်ဝါးခံခ့ဲရ
ကြံဖတ်ဘဝရောက်ခ့ဲရ
တတိယမျိုးဆက်
မြေးနှစ်ကောင်ဘဝ
အာဏာရှင်အငုတ်ကျန်နေတုန်း
ပြည်တွင်းစစ်ဖြစ်နေတုန်း
ငြိမ်းချမ်းရေးဆွေးနွေးးနေတုန်း
ကုန်ဈေးနှုန်းတက်နေတုန်း
လူတွေမြို့ပြသားကောင်ဖြစ်နေတုန်း
ဝုန်းကန့ဲ့့ ရွှေမိုးငွေမိုး
ရွာချပါစေလို့သာ
ဆုကြီးကြီးတောင်းရတော့မှာပါပဲ။            ။
                      မောင်ကြူးရင့်
                      ၂၉့ ၉့ ၂၀၁၆
                      ၆ နာရီ ၅ မိနစ်
****************************************
တယောက်ထဲ
__________________
ကျောက်သားလိုမာကြော
ဝံပုလွေန့ဲသတ်ပုတ်ခ့ဲ
ခန်းမအလယ်
လက်ခုပ်သံတဖြောင်းဖြောင်း
သူရဲကောင်းတဦးလို
အိစက်ညက်ညောတ့ဲ
ဖဲမွေ့ယာပေါ်
ကျဆုံးသွားခ့ဲ
             မောင်ကြူးရင့်
             ၁၄့ ၁၀့ ၂၀၁၆
****************************************
ကဗျာရေးသူ
__________________
တိမ်တစလို
ပေါ့ပေါ့ပါးပါးပါပဲ
တောရပ်ခိုသူတော်စင်လို
ရောင့်ရောင့်ရဲရဲပါပဲ
ပေးစရာဆိုလို့
မေတ္တာပဲရှိပြီး
ယူစရာဆိုလို့
မေတ္တာပဲရှိပါတယ်
ကဗျာဖတ်နေရရင်
ကဗျာအကြောင်း
တွေးနေငေးနေရရင်
ကဗျာရေးနေရရင်
ပျော်ပါတယ်
ဒီ့ထက်ဘာမှမပိုပါဘူး
ဒီ့ထက်ဘာမှမလိုပါဘူး
သေခြင်းတရားကို
လက်ဆွဲနှုတ်ဆက်ထားပါတယ်။          ။
                 မောင်ကြူးရင့်
                 ၁၄့ ၁၀့ ၂၀၁၆
***************************************
လောကဟာဘယ်လိုလဲ
__________________
အမှန်ဖိနပ်တရံန့ဲ
အမှားဖိနပ်တရံကို
စီးပြီးလျှောက်လာခ့ဲတာ
ခရီးကဆုံးတော့မယ်
စီးလို့စီးလာကြမှန်း
ခုထိမသိသေးတာဆန်းသလား။        ။
           မောင်ကြူးရင့်
           ၂၆့ ၁၀့ ၂၀၁၆
****************************************
ပုံရိပ်
__________________
အတိတ်ဟာသမိုင်းပါပဲ
အ့ဲဒီ့ပန်းချီကိုပြင်ဆွဲလို့မရ
              မောင်ကြူးရင့်
****************************************
ပြတင်းပေါက်
__________________
ပြတင်းပေါက်မျက်လုံးအိမ်က
မျက်ခွံနှစ်ချပ်ဟာပွင့်လို့
အနီးမှာ
သစ်ရိပ်န့ဲပန်းတောန့ဲ
အဝေးမှာ
စီးနေတ့ဲမြစ်န့ဲ
အနီးစိမ်းအဝေးပြာရိုးမန့ဲ
ဖွေးဖွေးလွလွတိမ်န့ဲ
အတွင်းမှာ
ပန်းတအိုးန့ဲ
လွင့်နေတ့ဲပိုးစန့ဲ
မြင်ကွင်းဟာလွှတ်လှ
မြင်ကွင်းပါးကိုဖြတ်ရိုက်မယ့်
ကန့်လန့်ဖြတ်အတွေးဝင်လာတယ်
အမေအိုက
ဟိုး့့့ အဝေးက
ပြန်မလာတ့ဲသားကိုငေးလို့။        ။
                မောင်ကြူးရင့်
                ၂၆့ ၁၀့၂၀၁၆
မှတ်ချက်
ပန်းချီ ဆရာမစိန်စိန်လင်း
ဲ****************************************
သက်တံ
__________________
ရေတပွက်မှာ
ကဗျာမြူတမှုံသာဖြစ်ချင်မိ
            မောင်ကြူးရင့်
            ၂၅့ ၁၀့ ၂၀၁၆
****************************************
အလှဆင်ပါဆောင်း
__________________
ဆောင်းရ့ဲမျက်တောင်ဖျား
မျက်လုံးအိမ်တံစက်မြိတ်က
တစက်ချင်းနှင်းတွေကျလို့
မြောက်ပြန်လေထဲ
ယမ်းငွေ့တွေဝေနေုတုန်းပဲ
ပန်ကလေးတွေ
အိမ်ပြန်ခရီးမှာ
ပါးချိုင့်ကလေးပေါ်အောင်ပြုံးပြီး
ပျော်ရွှင်မြူးတူးကခုန်နိုင်ဖို့
အလှဆင်ပေးပါဦးကွယ်။         ။
            မောင်ကြူးရင့်
****************************************
ရွက်ခြောက်များ
__________________
သူငယ်ချင်းတယောက်က
စက္ကူစွန်လို လေမိ
မမြင်ရလောက်အောင်
ကောင်းကင်ပေါ်လွင့်နေတယ်
ွှရန်သူစွန်ကတိုက်ခိုက်လို့
ကြိုးပြတ်လွင့်စင်သွားတာ
ခုထိပေါ်မလာတော့ဘူး
သူငယ်ချင်းတယောက်က
အိုးစားဖက် သူ့အသက်က
သူ့အိမ်မှာတဝက်
အခန်းကျဉ်းထဲမှာတဝက်
အရယ်အပြုံး
ပျောက်ဆုံးနေတာကြာပေါ့
သူငယ်ချင်းတယောက်က
အဆင်မပြေမှုန့ဲနပန်းလုံး
အကျဉ်းအကျပ်န့ဲနပန်းလုံး
နောက်ဆုံးအမှားန့ဲနပန်းလုံး
ခုတော့ဘုန်းဘုန်းလဲဇာတ်သိမ်းသွားပြီ
သူငယ်ချင်းတယောက်က
မွေးကထဲက ကျို့တို့ကျဲတဲ
လူဖြစ်တာ့လည်းကျို့တို့ကျဲတဲ
သေတော့လည်းကိျု့တို့ကိျု့တဲ
ကဲ့့့ ငါကကော
ဘာထူးမှာလဲ
အဲ့ဒီ့လေးယောက်ပေါင်းရင်
သစ်ရွက်ခြောက်လေးရွက်ဖြစ်မယ်
ငါက လေးရွက်ပေါင်းထားတ့ဲ
သစ်ရွက်ခြောက်တရွက်။          ။
                   မောင်ကြူးရင့်
                   ၂၂့ ၁၀့ ၂၀၁၆
မှတ်ချက်
ပန်းချီ ဆရာမစိန်စိန်လင်း
ဲ****************************************
ငါလိုချင်တ့ဲခေတ်
__________________
ချမ်းသာသူပျော်သလို
ဆင်းရဲသူပျော်ရမယ့်ခေတ်
ချမ်းသာသူလွတ်လပ်သလို
ဆင်းရဲသူလွတ်လပ်ရမယ့်ခေတ်
ချမ်းသာသူလုံခြုံသလို
ဆင်းရဲသူလုံခြုံရမယ့်ခေတ်
လူတွေမပြောန့ဲ
ငှက်တွေဒုက္ခရောက်ရင်တောင်
စာနာစိတ်န့ဲ
ချက်ခြင်းတုန့်ပြန်ကယ်တင်နိုင်မယ့်ခေတ်
               မောင်ကြူးရင့်
               ၂၁့ ၁၀့ ၂၀၁၆
****************************************
မြို့ပြ
__________________
ကွန်ကရစ်တောနက်ထဲ
မုဆိုးအလိုက်ခံရတ့ဲ သားကောင်လို
သံသယ ရနံ့န့ဲမျက်လုံးဟာ
အရည်လည်လို့
လတ်ဆတ်ဝင်းပလေ
မြက်ခင်စိမ်းစိမ်း ဝါးရုံတော
ချိုးကူသံ စမ်းချောင်းရယ်သံ
ပျောက်ဆုံး
အုတ်နံရံတွေကြား
သော့အထပ်ထပ်အခန်းကျဉ်းထဲ
အရာအားလုံးဟာငေါင်လို့ ။           ။
               မောင်ကြူးရင့်
               ၂၁့ ၁၀့ ၂၀၁၆
မှတ်ချက်
ဆရာမစိန်စိန်လင်းပန်းချီအားနှစ်သက်ပါသဖြင့်ခွင်းမ
တောင်းပဲသုံးခြင်းအပေါ်ခွင့်လွှတ်ပါရန်တောင်းပန်အပ်
ပါတယ်။
****************************************
ထစ်အနေတ့ဲစီဒီပြား
__________________
လူထုရှေ့မှာ
သဲသဲမဲမဲမိုးရွာသလို
စကားတွေအများကြီးပြောကြတယ်
ခမ်းနားထည်ဝါခမ်းမထဲ
နှင်းတွေအဆက်မပြတကျသလို
စကားတွေအများကြီးပြောကြတယ်
တရက်ထဲ
ဆိုးဝါးတ့ဲကြမ္မာဆိုးကြောင့်
လူတွေသောက်သောက်လဲသေတာကို
လူမှုရေးရေးခေါင်းပါးကြလေသလား
စကားလုံးတွေထစ်အနေပုံများ
ငါတို့ရင်ထဲစပ်ဖျဉ်းဖျဉ်းဖြစ်မိတယ်။          ။
                    မောင်ကြူးရင့်
                    ၂၀့ ၁၀့ ၂၀၁၆်
****************************************
ပက်ပုန်းလမ်း
__________________
ဈေးတန်းလိုကွမ်ယာဆိုင်များ
မီးထိန်ထိန်ဘီယာဆိုင်များ
ဧည့်ကြိုကောင်လေးများ
စေ့ထားသောတံခါးများ
မီးမှိန်မှိန်အခန်းများ
အလင်းပျောက်အိပ်ယာများ
အသားဝါသူများ
အသားနီသူများ
အသားမဲသူများ
အရောင်စုံကားများ
အဆင့်နိမ့်ခန်းမများ
အဆင့်မြင့်ခန်းမများ
ဝတ်လစ်စလစ်အကများ
ဝတ်လစ်စလစ်အရက်ပုလင်းများ
နှင်းဆီရနံ့ရေမွှေးများ
ဇိမ်နတ်မိမယ်လေးများ
တချွင်ချွင်မည်ငွေစက္ကူများ
ကခုန်နေသောလမ်းများ
ကခုန်နေသောညများ
အရက်မူးနေသောရပ်ကွက်များ
အရက်မူးနေသောရန်ကုန်ပက်ပုန်းလမ်းများ
နိုင်ငံတော်န့ဲပက်ပုန်း
ပက်ပုန်းန့ဲနိုင်ငံတော်
ကျနော်ကဘာများကောတတ်နိုင်ဦးမှာလဲ။        ။
                    မောင်ကြူးရင့်
                    ၁၈့ ၁၀့ ၂၀၁၆
****************************************
ဝင်းပအလင်း
__________________
ဓါတ်တိုင်
ကြွေသီး မီးကြိုး ဟာ
ကဗျာ ဖြစ်တယ်ဆိုရင်
ကဲ့့့ မိတ်ဆွေ
ခင်ဗျားယုံမှာလား
အယ်ဒီဆင်ကို သတိရ
သူန့ဲကဗျာက
ကမ္ဘာကြီးတခုလုံးကို
လင်းထိန်သွားအောင်
ဖန်ဆင်းပေးခ့ဲတယ်
သူ့ခေါင်းထဲက
ပျော်စရာ ရဟတ်တွေ
ကလေးကစားကွင်းတွေ
ထွက်ကျလာတယ်
သူ့ရင်ဘတ်ထဲမှာ
သီချင်းပွဲတော်တွေ
ကခုန်နေတယ်
ညမွေးနေ့တွေ
ညမိတ်ဆက်ပွဲတွေ
ညကဗျာရွတ်ပွဲတွေ
စည်ကားနေတယ်
သူ့ကြောင့်
သျှမ်းသျှမ်းတောက်
ကမ္ဘာ့မြို့တော်ကြီးတွေ
မအိပ်စက်တော့ဘူး
သူ့ကြောင့်
လူဆိုးလူမိုက်တွေ
လူရမ်းကားတွေ
သူခိုးဓါပြတွေ
ဖေါက်ထွင်းဝိဇ္ဇာတွေ
မုဒိမ်းကောင်တွေ
လျော့ပါးအောင်
စွမ်းဆောင်နိုင်တယ်
ကမ္ဘာ့စစ်ပွဲတွေရပ်တန့်သွားအောင်
မစွမ်းဆောင်နိုင်တာကိုတော့
ဝမ်းပန်းတနဲဖြစ်နေလေရ့ဲ။          ။
                မောင်ကြူးရင့်
                ၁၆့ ၁၀့ ၂၀၁၆
****************************************
သေနတ်သံ
__________________
သေနတ်သံကို
တခါမှမကြားဖူးတ့ဲသူတွေကတော့
နီရိုးဘုရင်လို သေနတ်သံကိို
တယောသံလို့ထင်မှာပေါ့
နှစ်ဖက်တိုက်ပွဲကြားမှာ ပြေးလွှား
အသက်ကိုဖက်န့ဲထုပ်ထားသူတွေကတော့
သေနတ်သံကြားရင်
လိပ်ပြာစဉ်မလောက်ကြောက်မှာပဲ
ရန်ကုန်တက္ကသိုလ်
ကျောင်းသားသမဂ္ဂအဆောက်အဦး
မိုင်းခွဲအရေးအခင်း
ရခိုင်ဆန်လုပွဲ
အင်းစိန်အလုပ်သမားအရေးအခင်း
ရှစ်လေးလုံးအရေးတော်ပုံ
ရွှေဝါရောင်တော်လှန်ရေး
မြို့ပြသေနတ်သံတွေကြား
လူတွေသွေးမြေကျခ့ဲတာပဲ
လူတွေသေနတ်သံကို
လိပ်ပြာလွင့်မတတ်မုန်းခ့ဲကြတာပဲ
သီတင်းကျွတ်ပွဲတော်မှာ
တဖေါင်းဖေါင်း တဒိုင်းဒိုင်း
ဗျောက်မဖေါက်ကြပါန့ဲကွာ
တန်ဆောင်တိုင်ပွဲတော်မှာ
တဖေါင်းဖေါင်း တဒိုင်းဒိုင်း
ဗျောက်မဖေါက်ကြပါန့ဲကွာ
သေနတ်သံတွေကို
တူးတူးခါးခါး မုန်းလို့ပါ။           ။
               မောင်ကြူးရင့်
               ၁၇့ ၁၀့ ၂၀၁၆
****************************************
ကဗျာဆရာ
__________________
ကဗျာဆရာဆိုတော့
အသဲနုတယ်
နှလုံးသားက ကိုင်းခြောက်လို
ကျွတ်ဆတ်တယ်
ပေါက်ကွဲလွယ်တယ်
ခေါင်းကွဲပစေ
သွေးထွက်ပစေ
မဟုတ်ရင်မခံချင်ဘူး
မှောက်အောင်သောက်တယ်
အန်အောင်သောက်တယ်
အိမ်ကိုလေးဖက်ထောက်
ပြန်ချင်ပြန်မယ်
ဘယ်သူ့မှဒုက္ခမပေးဘူး
တခုခုကြုံလာရင်
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
ရှေ့တန်းကထွက်တယ်
ဘာကိုမှမတွယ်တာဘူး
ဘာကိုမှအရေးမထားဘူး
ဘယ်အရိပ်မှမခိုလှုံဘူး
အရေးကြီးတာက
အချင်းချင်းအပေါ် သစ္စာရှိဖို့
မကွေ့ကောက်ဖို့
မညစ်ပတ်ဖို့ပဲလိုတယ်
ကဗျာဆရာ
အချင်ချင်းဆိုတာက
တယောက်သွေးထဲ
တယောက်စီးဝင်ပြီးသား။            ။
              မောင်ကြူးရင့်
              ၁၆့ ၁၀့ ၂၀၁၆
****************************************
ဝင်းပအလင်း
__________________
ဓါတ်တိုင်
ကြွေသီး မီးကြိုး ဟာ
ကဗျာ ဖြစ်တယ်ဆိုရင်
ကဲ့့့ မိတ်ဆွေ
ခင်ဗျားယုံမှာလား
အယ်ဒီဆင်ကို သတိရ
သူန့ဲကဗျာက
ကမ္ဘာကြီးတခုလုံးကို
လင်းထိန်သွားအောင်
ဖန်ဆင်းပေးခ့ဲတယ်
သူ့ခေါင်းထဲက
ပျော်စရာ ရဟတ်တွေ
ကလေးကစားကွင်းတွေ
ထွက်ကျလာတယ်
သူ့ရင်ဘတ်ထဲမှာ
သီချင်းပွဲတော်တွေ
ကခုန်နေတယ်
ညမွေးနေ့တွေ
ညမိတ်ဆက်ပွဲတွေ
ညကဗျာရွတ်ပွဲတွေ
စည်ကားနေတယ်
သူ့ကြောင့်
သျှမ်းသျှမ်းတောက်
ကမ္ဘာ့မြို့တော်ကြီးတွေ
မအိပ်စက်တော့ဘူး
သူ့ကြောင့်
လူဆိုးလူမိုက်တွေ
လူရမ်းကားတွေ
သူခိုးဓါပြတွေ
ဖေါက်ထွင်းဝိဇ္ဇာတွေ
မုဒိမ်းကောင်တွေ
လျော့ပါးအောင်
စွမ်းဆောင်နိုင်တယ်
ကမ္ဘာ့စစ်ပွဲတွေရပ်တန့်သွားအောင်
မစွမ်းဆောင်နိုင်တာကိုတော့
ဝမ်းပန်းတနဲဖြစ်နေလေရ့ဲ။          ။
                မောင်ကြူးရင့်
                ၁၆့ ၁၀့ ၂၀၁၆
****************************************
မနက်ခင်းသစ်
__________________
မနက်ခင်းသစ်ရ့ဲ
ကောင်းကင်စက္ကူပေါ်မှာ
အပြာနုနု အဝါနုနု
ဆေးတို့နေပြီ
အမှောင်နံရံရ့ဲ
သံတခါးတွေကို
အလင်းသော့န့ဲစဖွင့်နေပြီ
ခေါင်းမာအသုံးမတ့ဲ
ဘယ်အချိန် ဘယ်နေရာ
ရောက်ရောက် ပေါက်ပေါက်
ပျက်စီးမလွယ်တ့ဲ
ြွကွတ်ကြွတ်အိပ်တွေ
စုပုံမီးရှို့ပစ်ရဦးမယ်
အိမ်အတွင်းထဲက
အသုံးမကျတ့ဲ
မျက်စေ့နောက် စိတ်နောက်ရတ့ဲ
အမှိုက်တွေလှဲကျင်းပစ်ရဦးမယ်
အနီရောင်ပန်းတွေ
အဝါရောင်ပန်းတွေ
အဖြူရောင်ပန်းတွေ
တခြံလုံးဝေနေအောင်
ပျိုးထောင်ရဦးမယ်
စိုက်ရဦးမယ်။          ။
               မောင်ကြူးရင့်
               ၁၆့ ၁၀့ ၂၀၁၆
****************************************
တယောက်ထဲ
__________________
ကျောက်သားလိုမာကြော
ဝံပုလွေန့ဲသတ်ပုတ်ခ့ဲ
ခန်းမအလယ်
လက်ခုပ်သံတဖြောင်းဖြောင်း
သူရဲကောင်းတဦးလို
အိစက်ညက်ညောတ့ဲ
ဖဲမွေ့ယာပေါ်
ကျဆုံးသွားခ့ဲ
             မောင်ကြူးရင့်
             ၁၄့ ၁၀့ ၂၀၁၆
၁၉၉၀ ကရေးတ့ဲကဗျာ
********************************************************************************
      လယ်သမား
__________________
ထွန် ထယ် လှည်း နွား
တံဇင်န့ဲပေါက်ပြား
စပါးပျိုးသယ်တ့ဲစွတ်ဖါး
လယ်သမားရ့ဲကုန်ထုတ်ကရိယာများ
လယ်သမားဟာ
မယားကိုချစ်
စပါးကိုချစ်
နွားကိုချစ်
သားကိုချစ်
ရွာကိုချစ်
ယာကိုချစ်
ထယ်ကိုချစ်
လယ်ကိုချစ်
နှောင်ကြိုးတွေအထပ်ထပ်ရစ်
လယ်သမားဟာ
တရားကိုချစ်
ဓါးကိုချစ်
သမိုင်းကြောင်းရ့ဲအမွေအနှစ်
လယ်သမားရ့ဲ
စီးပွားရေးဘောဂဗေဒ
ပုဂ္ဂလိကပိုင်ဆိုင်မှု
လူမှုဗေဒပုံရိပ်
ကျေးလက်နိမိတ်ပုံ
ရင်ခုန်စရာတွေအပြည့်ပါလား
သဘာဝန့ဲနပန်းလုံး
ရာသီန့ဲနပန်းလုံး
နွားန့ဲနပန်းလုံး
ရွှံ့န့ဲနပန်းလုံး
လယ်သမားရ့ဲအသဲနှလုံး
ကံျွဲပုခုန်းလိုပါပဲလား
နွေဒဏ်
မိုးဒဏ်
ဆောင်းဒဏ်
ခွန်အားန့ဲတွန်းလှန်
ရာသီခံလူသားဟာ
လယ်သမားပါပဲ
သွေးန့ဲရင်း
ချွေးန့ဲရင်း
လုပ်အားန့ဲရင်း
စပါးခင်း နှမ်းခင်း
ပဲခင်း ယာခင်း
စိမ်းလန်းခြင်းရသ
အလှဆုံးပန်းချီကား
တစိမ့်စိမ့်ပီတိပွားတာလဲ
လယ်သမားပါပဲ
တောဝက်
တောကြက်
ကြက်တူရွေး
စာကလေးငှက်
မြေကြွက်
လယ်သမားရ့ဲရန်ဖက်
ဖျက်ဆီးတ့ဲဒဏ်
ခါးစည်းခံရတာလည်း
လယ်သမားပါပဲ
ဘုရားပွဲ
တရားပွဲ
ပဠန်းပွဲ
အလှူပွဲ
ဗျောသံမစဲ
တောဟန်နွှဲ
သဲသဲမဲမဲလှူတာလည်း
လယ်သမားပါပဲ
ရွှံ့စက ်ချွေးစက်
လယ်သမားရ့ဲမိတ်ဖက်
စစ်တုရင်လယ်ကွက်
အသက်လိုခင်
သံယောဇဉ်များတာလဲ
လယ်သမားပါပဲ
အုံးမောင်းခေါက်သံ
ကြေးစည်သံ
အိုးစည်သံ
လင်းကွင်းသံ
သီချင်းသံ
ဆူညံမြည်ဟိန်း
ပိန်းနေတ့ဲသနပ်ခါး
ပါးကွက်ကြားန့ဲ
ကောက်စိုက်သမ
ကွေးနေအောင်က
မြန်မာ့ဓလေ့
အငွေ့အသက်
ဖွေ့ဖက်ထားဆဲ
လယ်ကွင်းထဲ
ဟင်းလင်းပြင်
ပြတင်း
လွတ်လပ်ခြင်းရ့ဲ
အမှတ်အသား
ကျေးလက်ကအိမ်များ
ရိုးပြတ်တော
စာခြောက်ရုပ်
ယိမ်းလှုပ်လယ်တဲ
ဘဲ ကြက် ကောက်ရိုးပုံ
နွားချေးပုံ နွားတင်းကုပ်
နွားချေးသုတ် စပါးကီျ
ကျေးလက်ဆီက
မြန်မာ့ရိုးရာပုံရိပ်များ
လယ်ပတူရွက်
ကန်စွန်းရွက်
ဆူးပုတ်ရွက်
ချဉ်ပေါင်ရွက်
ငါးပက် ပုဇွန်နှိုက်
ဖါးရိုက် မီးကင်
ထမင်းပွဲပြင်
ဟင်းပွဲပြင်
တလင်းပြင်ထဲ
ရောင့်ရဲမှု
တင်းတိမ်မှု
ဘယ်သူမှတုမမှီတာလဲ
လယ်သမားပါပဲ
အနေရိုးရိုး
အဝတ်ရိုးရိုး
အစားရိုးရိုး
အပြောရိုးရိုး
မနောရိုးရိုး
ရိုးသားမှုရ့ဲသငေ်္ကတ
လယ်သမားဘဝ
အလှတရားသစ်
သိပ်ချစ်ဖို့ကောင်းတယ်
မောင်းထောင်းသံ
ပုလွေသံ
နွားငေါက်သံ
ကာရံချိုမြ
မြန်မာ့အမူအရာ
ကျေးလက်မှာပဲရှိတယ်
မြို့ကြီးပြကြီးဆိုတာရယ်
အခြေကြီးသူများရ့ဲ
တနည်းအားဖြင့်
ဂုဏ်ချင်းပြိုင်ကြရာ
နေရာပဲဖြစ်တယ်
မြန်မာအဆိုတော်ကြီး
တွံတေးသိန်းတန်က
မြို့ပြကိုစွဲချက်တင်ဖူးတာ
မှတ်သားစရာပါလား
ဆရာစံရ့ဲ
ပြောင်မြောက်တ့ဲ
သမိုင်းမှတ်တမ်း
တခမ်းတနားမော်ကွန်းတင်
မောင်ထင်ရ့ဲငဘ
ဗန်းမော်တင်အောင်ရ့ဲငသြ
ကျေးလက်တောသား
လယ်သမားကပ္ပည်းထိုးဝထ္ထု
အနုပညာယဉ်ကျေးမှု
၂၀ ရာစုရ့ဲမီးရှုးတန်ဆောင်
တောခေါင်ခေါင်
ကျောပြောင်ပြောင်
နေလောင်ကျွမ်းပြီ
ထဘီတိုတို
ရေစိုစို န့ဲ
ကျေးလက်ရ့ဲခွန်အား
လယ်သမားဟာ
အကြီးမားဆုံး
အလှတရားမဟုတ်လားကွယ်။          ။
               မောင်ကြူးရင့်
               ၈့ ၁့ ၁၉၉၀
မည်သည့်စာအုပ်တွင်မှအသုံးမပြုရသေးပါ
်****************************************
လူသားန့ဲအမှား
__________________
အမြဲတန်းအမှန်ချည့်တော့မဖြစ်နိုင်ပါ
မှားတတ်ပါသည်
မမိုက်ဖို့လိုပါသည်
မိုက်းတွင်းနက်ရင်ပြင်ဖို့ခက်ပါသသည်
တသံသရာ တဘဝလုံး
မှောက်မယ့်အမှားမျိုးမဖြစ်ဖို့လိုပါသည်
အပြာရောင်ကောင်းကင် အဝါရောင်ပန်းများမှ
****************************************
စစ်န့ဲငြိမ်းချမ်းရေး
__________________
စစ်တလင်း စစ်သချၤ ိုင်းထဲက
အာသောက ကျောက်တိုင်ဟာ
ငြိမ်းချမ်းရေးရ့ဲ သငေ်္ကတဖြစ်ပါသည်
အပြာရောင်ကောင်းကင်အဝါရောင်ပန်းများမှ
****************************************
အချစ်
__________________
တသက်မှာ တခါသာ
ပွင့်ဖတ်နိုးတ့ဲအရာ
ပျော်ပုံဆန်း
ခြေထောက်တောင်
မြေကြီးန့ဲမထိဘူး
မမြင်ရတ့ဲလေတောင်
ဝင်းပလို့ ။        ။
            မောင်ကြူးရင့်
            ၁၃့ ၁၀့ ၂၀၁၆
****************************************
လူသားန့ဲအိမ်မ့ဲယာမ့ဲ
__________________
ကမ္ဘာပေါ်မှာ
အိမ်မ့ဲယာမ့ဲ
လူသားများမရှိသည့်
နိုင်ငံပြရန် အလွန်ပင်ခက်ခဲပါလိမ့်မည်
အပြာရောင်ကောင်းကင် အဝါရောင်ပန်းများမှ
****************************************
မဆန်းတ့ဲသီချင်း
__________________
ပျားရည်အိုးထဲ
ပြုတ်ကျသွားတ့ဲအချစ်
လူမျက်နှာ
ပျောက်ဆုံးနေတ့ဲစစ်
ကွေးသောလက်မဆန့်မီ
ဆန့်သောလက်မကွေးမီ
သေခြင်းတရား
မရိုးတ့ဲသီချင်းပါပဲ
လူတွေဟာ
မျက်နှာဖုံးတွေန့ဲ
ကဗျာတွေဟာ
မျက်နှာဖုံးတွေန့ဲ
ရိုးတ့ဲသီချင်းကို ငါရှာ
လောကဟာဘယ်လိုလဲ။            ။
               မောင်ကြူးရင့်
               ၁၂့ ၁၀့ ၂၀၁၆
****************************************
ငြိမ်းချမ်းရေး
__________________
အလင်းအမှောင်ကြားမှာ
အပြာရောင်ဟာလွင်လွင်မပြာနိုင်သေး
               မောင်ကြူးရင့်
               ၁၁့ ၁၀့ ၂၀၁၇
****************************************
တယောက်သွေးထဲတယောက်စီးဝင်
_________________________
အချစ်ရယ့့့် မင်းန့ဲငါ
တယောက်သွေးထဲတယောက်
စီးဝင် ရိုးမြေကျဘဝကို
နှစ်လွှာတရွက် ရက်ရှယ်ခ့ဲတာ
ပိတောက်လေးဆယ်ပွင့်ခ့ဲပြီ
အချစ်ရယ့့့်
မင်းန့ဲငါ အိပ်စက်ရာ
မင်းန့ဲငါ လဲလျောင်းရာ
မင်းန့ဲငါ စစ်မျက်နှာ
အချစ်အိမ်ကလေးရ့ဲ
နံရံပေါ်က
ပြက္ခဒိန်တွေလဲချိတ်ခ့ဲတာ
အကြိမ်လေးဆယ်ရှိခ့ဲပြီ
တို့နှစ်ယောက်မြတ်နိုးမှုကတော့
မနေ့တနေ့ကလိုပဲကွယ်
လှပတ့ဲပန်းတပွင့်
အောက်ကျသွားတ့ဲအခါ
ကောက်လို့ရပေမယ့်
အကြည့်တန်တ့ဲ အမှားတပွင့်
အောက်ကျသွားရင်
ပြန်ကောက်လို့မရဘူး
ဒါန့ဲ အနီရဲရဲ
သစ္စာပန်းတစည်းကို
နှစ်ယောက်အတူကိုင်
ဘုရားရှေ့ကပန်းအိုးမှာ
အတူလက်အုပ်မိုးထိုးခ့ဲတယ်
အချစ်ရယ့့့် မင်းန့ဲငါ
သူရဲကောင်းလို သွေးမထွက်ပေမယ့်
ဘဝရှင်သန်ရေးအတွက်
ငါတို့လက်နှစ်ဖက်န့ဲ
နှစ်ယောက်အတူချွေးထွက်ခ့ဲတယ်
အချစ်ရယ့့့် မင်းန့ဲငါ
တယောက်ဝတ်မှုံတယောက်ကူး
ဘဝမြေတကွက်မှာ
ထွန်ယက်ပျိုးထောင်စိုက်ခ့ဲလို့
ခုဆို မျိုးဆက်သစ်ပင်က
ပန်းကလေးတွေတောင်ပွင့်ပြီပေါ့
မျိုးဆက်သုံးဆက်ပုံဟာ
ကမ္ဘာမြေပေါ်အရိပ်ထင်ခ့ဲပြီ
အချစ်ရယ့့့် မင်းန့ဲငါ
သားရဲတွင်းထဲ ဆင်းခ့ဲပြီ
မိုးထဲလေထဲ လျေှက်ခ့ဲပြီ
မုန်တိုင်းထဲ ဖြတ်ခ့ဲပြီ
ဆူးတောထဲ အိပ်ခ့ဲပြီ
ကဲ့့့ ဘာလိုသေးလဲအချစ်ရယ်
မင်းန့ဲငါ တိုး တိုးပြီးချစ်ကြပါစို့။           ။
                  မောင်ကြူးရင့်
                  ၁၁့ ၁၀့ ၂၀၁၆
                 မနက် ၄: ၄၂
****************************************
ဘာမှမထူးဆန်းတ့ဲကဗျာ
__________________
တခါတရံ
သိခြင်းဟာ တသက်မှာ
တခါပွင့်တ့ဲပန်းလို
လှပပြီး
တရံတဆစ်
မသိခြင်းဟာ တောနက်ထဲ
လမ်းပျောက်သလို
အကြည့်တန်တယ်
တခါတခါတော့လည်း
မသိခြင်းဟာ
နတ်သမီးလို သူရဲကောင်းလို
သိခြင်းဟာ
နတ်ဆိုးလို သစ္စာဖေါက်လို
သိခြင်းန့ဲမသိခြင်းကြားက
လူသားဟာ အမှားကင်းပါရ့ဲလား
အရာရာပြည့်စုံပါရ့ဲလား
ရိုးရှင်းမှုဟာ
ကဗျာတပုဒ်လို
ချစ်စရာကောင်းတယ်
မရိုးရှင်းမှုဟာ
ဘီလူးသဘက်လို
မုန်းစရာကောင်းတယ်
ပန်းခင်းထဲဖြတ်လျှောက်လျှောက်
ကန္တာရထဲဖြတ်လျှောက်လျှောက်
မကွေ့ကောက်ဖို့ပဲလိုတယ်
တနေ့နေ့
မမြဲခြင်းတရားအရ
ကမ္ဘာကြီးတောင်ပျောက်ကွယ်
သွားဦးမှာပဲ
မသေခင်
အမုန်းပင်မစိုက်ပဲ
အချစ်ပင်စိုက်ခ့ဲဖို့ပဲလိုတယ်။        ။
                မောင်ကြူးရင့်
                ၁၀့ ၁၀့ ၂၀၁၆
No comments:
Post a Comment