Apr 7, 2017

ေခါင္းစီး ဘယ္သုိ႔ တပ္ရပါ့

Zawgyi version

ေခါင္းစီး ဘယ္သုိ႔ တပ္ရပါ့ (ခ်စ္ဦးညိဳ)
--------------------------------

စာေရးဆရာတုိ႔ စာေရးဖုိ႔ ကုန္ၾကမ္း႐ွာသည့္ ကိစၥကုိ ေဘးလူမ်ား
နားလည္ရန္ ခဲယဥ္းသည္ဟု ဆုိသည္။ ဟုတ္တုတ္တုတ္ပဲဟု
သူေျပာဖူးသည္။ အျခားေသာ စာေရးဆရာမ်ားေတာ့ မသိ။
သူ႔မွာေတာ့ သူ႔အေၾကာင္းႏွင့္သူ လုံေလာက္ေနသည္။

သူစာေရးဖုိ႔ ကုန္ၾကမ္း႐ွာနည္းမ်ား မ်ားစြာ႐ွိသည္။

မဂၢဇင္းေတြ၊ လုံးခ်င္းေတြ၊ သတင္းစာေတြကုိ ဖတ္ယင္းမွ စာေတြကုိ
ဖတ္ယင္းမွ သူေရးကြက္ ရလာသည္လည္း ႐ွိသည္။ ထုိသုိ႔ မရတတ္
ေသာအခါ သူလမ္းထြက္သည္။ လမ္းေပၚက ဘတ္စ္ကားေပၚမွ
ပုပုရြရြ မႏုႆတုိ႔ကုိ ေစ့ငုကာ ေရးကြက္ကုိ ယူသည္လည္း ႐ွိသည္။
ထုိသုိ႔မွ မရတတ္ျပန္လွ်င္ လူသူကင္းေသာ ဘုရားရင္ျပင္ေတာ္၊
ကန္ေတာ္ႀကီးေစာင္း၊ သုႆာန္ဝ စသည္တုိ႔၌ သူရပ္ကာ၊
ထုိင္ကာ၊ ေလ်ာင္းကာ၊ ေဆးလိပ္ဖြာကာ ေရးကြက္ ယူရသည္လည္း
႐ွိသည္။ ထုိသုိ႔ မရတတ္ျပန္ ဟူမူ သုံးဆယ့္သုံးလမ္းတုိ႔လုိ ေနရာမ်ဳိး
သြားကာ လက္ဖက္ရည္ဆုိင္တြင္ သူထုိင္သည္။ ခ်ဳိေပါ့က်
တစ္ခြက္ကုိ အာေခါင္ပါးေစာင္တြင္ လႈိက္၍ က်င္း၍ ျမဳံ႕ကာ
နဂါးစပယ္႐ွယ္ကုိ အေငြ႕ေျခာင္းေျခာင္း ထေစကာ သူလမုိင္းႏႈိးျခင္း
အမႈ ျပဳသည္။

သည္အထိတုိင္ သူ႔လမုိင္း အိပ္ေပ်ာ္ခ်က္သား ေကာင္းေနၿပီ
ဆုိလွ်င္မူကား ညေနေစာင္း ခါသမ၌ သူသည္ ေသဆုိင္သုိ႔ သြားရ
ေတာ့သည္။ ေသယစ္ယစ္ျဖင့္ သူ႔လုိ အလားတူ စာေရးဆရာမ်ားႏွင့္
အတူ စကားႏႈတ္ဆုံ လက္ဆုံက်ရင္း `ေရးကြက္´ကုိ သူ႐ွာသည္။

ဤနည္းမ်ားတြင္ သူသည္ တနည္းနည္းျဖင့္ ေရးကြက္ကုန္ၾကမ္း
ရသည္လည္း ႐ွိ၊ မရသည္လည္း ႐ွိ။

တခါ တခါေတာ့ ေရးခ်င္စိတ္ေတြသာ ျပင္းေနၿပီး လမုိင္းက မႏုိး
ျဖစ္ေနတတ္သည္။ ရင္ခုန္မႈပဲ အဟုန္ ျမန္လြန္းေလသလား၊
ဦးေႏွာက္ကပဲ မႈိင္းမႈန္ေနေလသလား။ သူမသိတတ္ႏုိင္။ လက္ႏွင့္
ႏွလုံးႏွင့္ ဦးေႏွာက္ႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္
ေနဟန္ ႐ွိသည္။ သူ႔လက္ဖ်ား ကေလာင္သြားဆီမွ ဘာစာတလုံးမွ
ထြက္က်လာျခင္း မ႐ွိ။

ထုိအခါမ်ဳိးတြင္ သူမတရား ေဒါသ ထြက္တတ္သည္။ ဝမ္းခ်ဳပ္ကာ
ေလထုိးေအာင့္ေနေသာ ေရာဂါထက္ အဆေပါင္းမ်ားစြာ ဆုိးသည္ဟု
သူ ဆုိစမွတ္ ျပဳေလ့႐ွိသည္။

"ေဝဒနာ အစာမေၾကဘူးေဟ့၊ ေဝဒနာေတြ ရင္ထဲမွာ ခဲေနတယ္၊
အန္လုိ႔မရ ေထြးလုိ႔မရနဲ႔ သိပ္ဆုိးတယ္"
ဟု ညည္းညဴ ေႂကြးေၾကာ္ေလ့ ႐ွိသည္။

တခါတရံမူ အလုိလုိေနယင္း ျဖဳန္းခနဲ ပြင့္ထြက္လာတာမ်ဳိး ႐ွိသည္။
ေရခ်ဳိးယင္း၊ ထမင္းလုတ္ သြတ္ယင္း၊ ဇက္ေၾကာခ်ဳိးယင္း ျမင္ကြင္း
ေလး တခုကုိ အမွတ္တမဲ့ ျမင္လုိက္ယင္း ဘြားကနဲ ေရးစရာ
ေပၚလာတတ္သည္။ ဤကား သူအႀကိဳက္ဆုံး အေနအထားပင္
ျဖစ္သည္။ ဤသုိ႔ေသာ အခါမ်ဳိးတြင္ သူသည္ ဝမ္းပန္းတသာ
လက္ပမ္းေပါက္ ခတ္ကာ ကေလာင္ကုိ ကုိင္၍ တသြင္သြင္ ေရးခ်
ေလေတာ့သည္။ လမု္ိင္း အားႀကီးေသာေၾကာင့္ သူ႔လက္သည္ပင္လွ်င္
မနည္း လုိက္ေရးရေသာ ဟူ၏။

ယခု -
ထုိနည္းျဖင့္ပင္ သူ ဝတၳဳတုိ တပုဒ္ ရသည္။

"ဘာရယ္ မဟုတ္ဘူးကြ၊ အိမ္မွာ ေမြးထားတဲ့ ေခြးေတြ ထမင္းၾကမ္းခဲ
လုေနတာကုိ အမွတ္တမဲ့ ျမင္လုိက္ရတယ္။ ၿပီးေတာ့ လမ္းထိပ္
လက္ဖက္ရည္ဆုိင္က ဖြင့္တဲ့ ကက္ဆက္မွာလဲ စင္ေရာ္-ငွက္လိမၼာ
ေလး သူ႔အာေဘာ္ ဆုိတဲ့ သီခ်င္း လာေနတယ္။ အဲဒီမွာတင္
စကၡဳေသာတ ဝိဉာဏ လႈပ္႐ွားလာၿပီး ဒုိင္း-ဒုိင္း-ဆုိ အင္လုိက္တင္း
ျဖစ္လာေတာ့တာ၊ ျဖတ္ကနဲ ျဖတ္ကနဲ ပြင့္ထြက္လာလုိက္တာကြာ၊
အဲဒီမွာတင္ ငါဝတၳဳတုိ တပုဒ္ ရတာပဲ"
ဟု သူက အားပါးတရႀကီး ေျပာသည္။

"မင့္ႏွယ္၊ ငါ ေျပာမယ္"

မီးေသ နဂါးစပယ္႐ွယ္ကုိ ေသာ္မွ သူမညႇိအား။ ညႇိသာ မညႇိတာ၊
ဗယ္လက္ထဲမွာက အဖုံးဖြင့္ၿပီးသား ဓာတ္မီးျခစ္။

ၾကည့္မေကာင္းေသာေၾကာင့္ ကြၽန္ေတာ့္ လက္ထဲမွ မီးျခစ္ျဖင့္
ျခစ္ေပးလုိက္ရသည္။ ကြၽန္ေတာ္၏ အေပါစား ဂက္စ္လုိက္တာ
ကလည္း အေရးထဲ ဂက္စ္လႊတ္ထားတာ မ်ားေနေသာေၾကာင့္
မီးေတာက္က ေစြ႕ကနဲ ထုိးထြက္သြားသည္။

"အံမာ ... အင္း၊ မီးေတာက္က အ႐ွည္ႀကီးပါလားကြ။ ေအး၊
အဲဒီအတုိင္းေပါ့ကြာ၊ ေရးကြက္တခု ရလုိက္ၿပီလား ဆုိမွျဖင့္
မင့္ မီးျခစ္ မီးေတာက္လုိပဲ ဝုန္းကနဲ ထေတာက္တာလားကြ"

ကုိင္း၊ သူ ဘယ္ေလာက္ ပုိင္သလဲ၊ မ်က္ေမွာက္ကိစၥ တခုကုိပါ
တမုဟုတ္ခ်င္း ထည့္ေျပာလုိက္ေသး။

"အဟမ္း၊ ဒီလုိကြ"

ေထာင္းေထာင္းထေသာ ေဆးလိပ္မီးခုိးေငြ႕မ်ားထဲမွ သူ႔စကား
လုံးမ်ားကုိ ကြၽန္ေတာ္ နားစြင့္လုိက္ပါသည္။

* * *

"ေခြးတေကာင္နဲ႔ စင္ေရာ္ငွက္ကေလး တစ္ေကာင္ အေၾကာင္းပဲကြ"

ကၽြန္ေတာ္ အင္း မလုိက္။ ဟုတ္ကဲ့ မေထာက္။

"ေခြးတေကာင္ အေၾကာင္းကုိ စ ေျပာမယ္။ မင္း ရန္ကုန္ မႏၲေလး
ရထားလမ္းမွာ မီးရထား စီးဖူးမွာေပါ့"

ေခါင္းတခ်က္ ညိတ္ျပလုိက္သည္။

"ဘူတာစဥ္တုိင္း လုိလုိမွာ မင္း သတိထားတတ္ယင္ ေတြ႕ဖူး
လိမ့္မယ္။ အထူးသျဖင့္ ဘူတာ တခုမွာ ရပ္ၿပီး ျပန္ထြက္တဲ့
အခါမ်ဳိး။ ရထားက တျဖည္းျဖည္း အရွိန္ရလာၿပီး ၿမိဳ႕အထြက္၊
ရြာစြန္ေလးေတြဘက္ ေရာက္ၿပီဆုိယင္ ရြာေလးေတြထဲက
ေခြးေတြ ေျပးထြက္လာတယ္။ မီးရထားနဲ႔ ယွဥ္ေျပးတယ္။
မီးရထားဘက္ကုိ ေစာင္းငန္း ေစာင္းငန္း ၾကည့္ယင္း တဘက္က
သံလမ္း ဇလီဖားတုံးေတြ အေပၚမွာ လႊားကနဲ လႊားကနဲ
ေျပးလုိက္လာၾကတဲ့ ေခြးေလးေတြေလ"

ကၽြန္ေတာ္ မ်က္စိထဲ ျမင္လာပါသည္။

"သူတုိ႔ ဘာေၾကာင့္ အဲသလုိ ေျပးလုိက္လာၾကသလဲ၊ မင္း သိမွာပါ၊
ရထားေပၚက လူေတြက ထမင္းထုပ္နဲ႔ တျခား စားႂကြင္းစားက်န္
ေတြကုိ ျပတင္းေပါက္ကေန ပစ္ခ်တတ္တယ္ေလ။ အဲဒါကုိ
လုိက္ေကာက္ၿပီး စားဖုိ႔ ေျပးလုိက္လာၾကတာေတြေပါ့။ သိပ္
သနားစရာ ေကာင္းတာ၊ လွ်ာ အလ်ားလုိက္ ထြက္ၿပီး ဇလီဖား
တုံးေတြေပၚ ခုန္ေက်ာ္ၿပီး မီးရထားနဲ႔ အၿပိဳင္ ေျပးလုိက္ၾက
ရတာေလ။ ဖက္တထုပ္၊ စကၠဴတထုပ္ ဖုတ္ကနဲ က်သြားၿပီ
ဆုိယင္လဲ သိပ္သိၾကတာ။ မ်က္စိကလဲ လ်င္၊ အေျပးကလဲ လ်င္။
မီးရထားလမ္း ေဘးက ေခြးေလးေတြရဲ႕ ပရိေယသန တမ်ဳိးေပါ့ကြာ"

ေခြးသတၱဝါေတြႏွင့္ ပရိေယသနဟူေသာ စကားလုံးကုိ သူပဲ
တြဲေျပာတတ္ေလျခင္း။

"အဲ၊ ဒါက ဇာတ္ခင္း ဆုိပါေတာ့ကြာ။ ဟဲ-ဟဲ၊ ဇာတ္ထြက္ကုိ
တက္ေတာ့မယ္ကြ။ တခါက ငါသာစည္က အျပန္မွာ ၾကံဳရဖူး
တာက ဒီလုိ။ ငါနဲ႔ မ်က္ႏွာခ်င္းဆုိင္ ခုံက သူက ထမင္းစားၿပီး
ဖက္ကုိ ျပတင္းေပါက္ကေန ပစ္ခ်လုိက္တယ္။ ထုံးစံအတုိင္း
ေျပးလုိက္လာတဲ့ ေခြးႏွစ္ေကာင္ သုံးေကာင္ ရွိတယ္။
အေျပးခ်င္းကလဲ ေျခရည္တူကြ၊ ေျခရည္တူခ်င္းမွာ ႏႈတ္သီး
သြက္ၿပီး အားေကာင္းတဲ့ ေကာင္က ထမင္းထုပ္ကုိ ရသြားတယ္။
က်န္တဲ့ေကာင္ေတြကေတာ့ အေမာသာ အဖတ္တင္ၿပီး
မစားၾကရရွာဘူးေပါ့ကြာ"

သူေျပာသလုိ ဇာတ္ထြက္တင္ၿပီဟု သိေသာ္လည္း ဘယ္အထိ
တင္မည္ မသိရေသး။

"ဒီလုိနဲ႔ ငါ့ေရွ႕က လူကလဲ အစားႀကီးေပါ့ကြာ။ ေနာက္ထပ္
ဆီထမင္းလား ဘာလားေတာ့ မမွတ္မိေတာ့ဘူး။ ေနာက္တထုပ္
ေဖာက္ျပန္ပါေရာကြ။ ရထားကလဲ ဘာေၾကာင့္မွန္းမသိ။ အရွိန္
သိပ္မျပင္းေသးဘူးကြ။ ေခြးေတြကလဲ ဟုိလူ ေနာက္တထုပ္
ဆက္စားေနတာကုိ သိတဲ့အတုိင္းပဲ ဆက္ေျပးၿပီး လုိက္လာၾကသကြ"

စိတ္ဝင္စားစရာ ေကာင္းလာသည္။

"ငါလဲ ၾကည့္ေကာင္းေကာင္းနဲ႔ ဆက္ၾကည့္ေနတယ္။ အဲ၊
ႀကည့္ေနယင္း ဘာသြားေတြ႕သလဲ ဆုိေတာ့ ေမာင္။ ဟုိေခြးေတြ
ေျပးလုိက္လာေနတဲ့ ရထားလမ္းရဲ႕ ဟုိဘက္၊ လမ္းတလမ္းေက်ာ္မွာ
ေခြးတေကာင္။ ဒီေကာင္က အႀကီးဆုံး အထြားဆုံးကြ။ သူက
ငါတုိ႔ရထား ျပတင္းဆီလဲ မၾကည့္ဘူး။ ဟုိေကာင္ေတြကုိလဲ
မ်ဥ္းၿပိဳင္ လုိက္မေျပးဘူး။ ဟုိဘက္ သံလမ္းအတုိင္းပဲ မွန္မွန္
လုိက္ေနတယ္။ ဒါေပမယ့္ သူက ဘာကုိ ၾကည့္ေနသလဲ ဆုိေတာ့
ငါတုိ႔ ရထားနဲ႔ ယွဥ္ေျပးေနတဲ့ ေခြးအုပ္ကုိပဲ တသမတ္တည္း
ၾကည့္ေနတာကလား။ ဒီအေကာင္ ထူးျခားလွပါကလား ဆုိၿပီး၊
ဒီအေကာင္ကုိပဲ ငါ သတိထားၾကည့္ေနတုန္းမွာ" ေဆးလိပ္တခ်က္
႐ႈိက္ဖြာသည္။ ၿပီးမွ -

"ဟုိလူက ဖက္ရြက္နဲ႔ အ႐ုိး အႂကြင္းအက်န္ေတြကုိ ျပတင္းကေန
ပစ္ခ်လုိက္ေရာ၊ ရထားအရွိန္ ေလတုိးတဲ့ အရွိန္နဲ႔ ဆုိေတာ့
ဖက္ရြက္က ေနာက္ဘက္ လြင့္သြားတာေပါ့။ အဲဒီမွာ ယွဥ္ၿပီး
ေျပးလုိက္ေနတဲ့ ေကာင္ေတြလဲ ဖက္ရြက္ရွိရာ ဝုိင္းအုံၾကေတာ့တာေပါ့"

ကၽြန္ေတာ္ မ်က္ေတာင္မခတ္။

"အဲဒီမွာပဲ ေမာင္။ ေစာေစာက ငါေျပာတဲ့ တလမ္းေက်ာ္ သံလမ္းမွာ
မွန္မွန္ေျပးရင္း ရထားျပတင္းကုိ မၾကည့္။ ေခြးအခ်င္းခ်င္းကုိပဲ
လွမ္းၾကည့္ေနတဲ့ အေကာင္ႀကီးဟာ တဟုန္ထုိး သံလမ္းကုိ
ျဖတ္ကူးၿပီး ဝုိင္းအုံေနတဲ့ ေခြးေတြၾကားထဲ ဝင္ေတာ့တာပဲ။
ေမာေမာပန္းပန္းနဲ႔ လွ်ာအတစ္လုိက္ ထြက္ေနတဲ့ ဟုိေကာင္ေတြ
ဘာမွ မတတ္ႏုိင္ဘူး။ တေလွ်ာက္လုံး ရထားနဲ႔ ၿပိဳင္ေျပးလုိက္လာ
ရလုိ႔ ေမာလဲ ေမာလာၿပီ။ ဟုိေကာင္ႀကီးက သက္သက္သာသာပဲ
အေျခအေန ေစာင့္ၾကည့္လာတာ။ အားကလဲ ပုိႀကီး ပုိထြားတယ္
မဟုတ္လား၊ တခ်က္ပဲ ဟိန္းလုိက္ရတယ္၊ ဟုိေကာင္ေတြ အကုန္
ရွဲသြားရတယ္။ အဲဒီမွာတင္ ဟုိေကာင္ႀကီးက ဖက္ရြက္ကုိ ႏႈတ္သီးနဲ႔
ထုိးေတာက္ၿပီး စိမ္ေျပနေျပ တုပ္ေတာ့တာဗ်"

ကၽြန္ေတာ္ ျပံဳးမိသြားသည္ ထင္သည္။

"ဟုတ္ေပ့ကြာ ဆုိၿပီး၊ ငါစိတ္ထဲ ေတြးေနတုန္း တြဲေစာင့္က အနား
ေရာက္လာၿပီး ေျပာလုိက္ေတာ့မွ ဇာတ္က ပုိနာေတာ့တာကုိးကြ။
တြဲေစာင့္က ဘာေျပာသလဲ ဆုိေတာ့။ ဒီေကာင္ႀကီးဟာ ဒီလုိ
စားေနက်တဲ့။ ဒီေနရာတဝုိက္မွာ ဒီနည္းနဲ႔ ဝဖီးေနတာတဲ့ဗ်ား။
ကုိင္း- မွတ္ကေရာ"

ျမင္တတ္ပါေပ့၊ ေတြ႕တတ္ပါေပ့ စာေရးဆရာဟု ကၽြန္ေတာ္
စိတ္ထဲက ခ်ီးက်ဴးလုိက္မိပါသည္။

"အဟမ္း၊ အဲဒါက ေခြးတေကာင္ အေၾကာင္း၊ စင္ေရာ္တေကာင္
အေၾကာင္းကလဲ ဒီလုိ လာေသးသကြ"

သူ႔ဇာတ္လမ္းတြင္ ကၽြန္ေတာ္ မိေနေပၿပီ။

"ငါ၊ အင္းေလးကုိ ေရာက္သြားတုန္းကေပါ့။ ပဲ့ခ်ိတ္ေပၚမွာ
ထုိင္လုိက္ယင္း အင္းေလးရဲ႕ အလွအပကုိ ခံစားစဥ္တုန္းကေပါ့။
အင္းေလးကလဲ လွပါဘိသနဲ႔ကြာ။ သဘာဝမ်ား လွၿပီဆုိမွျဖင့္
တုိ႔ အႏုပညာသမားေတြ ရင္မွာ သိမ္သိမ့္ခါရေတာ့တာကလား။
အင္း၊ ေရျပင္က စိမ္းလုိ႔ ညိဳ႕လုိ႔ ကၽြန္းေမ်ာေလးေတြ ဆုိတာကလဲ"
"အစ္ကုိ၊ အစ္ကုိ စင္ေရာ္ေလ၊ စင္ေရာ္"

လမုိင္းေခ်ာ္ၿပီး ေမ်ာသြားမည္ စုိးသျဖင့္ ကၽြန္ေတာ္ ကမန္းကတန္း
ဝင္ေထာက္လုိက္သည္။

"ေအး၊ ေအး၊ စင္ေရာ္၊ စင္ေရာ္၊ ဟုတ္ေပသား၊ ဒီလုိကြ။ ေလွေပၚ
ပါလာတဲ့ လူေတြကလဲ ေပါင္မုန္႔ေတြကုိ ဖဲ့ဖဲ့ၿပီး စင္ေရာ္ေတြကုိ
ပစ္ပစ္ေကၽြးၾက။ စင္ေရာ္ေလးေတြကလဲ ဝဲကာပ်ံကာ၊ လူးကာ
လွိမ့္ကာနဲ႔ ကၽြမ္းကၽြမ္းက်င္က်င္၊ ေလထဲမွာပဲ ဖမ္းၿပီး စားၾကနဲ႔၊
သိပ္ၾကည္ႏူးစရာ ေကာင္းတာကလား"

သည္႐ႈခင္းကုိေတာ့ ကၽြန္ေတာ္ မနည္း စိတ္မွန္း မွန္းၾကည့္ရသည္။
ကၽြန္ေတာ္မွ မၾကံဳဖူးပဲ။

"ငါလဲ စင္ေရာ္ေကၽြး အဖြဲ႕မွာ အပါအဝင္ေပါ့ကြာ။ အဲဒီ အခ်ိန္မွာပဲ
ငါက တေကာင္ေသာ စင္ေရာ္ေလးကုိ အမွတ္မထင္ သတိထား
လုိက္မိတယ္ကြ"

ဇာတ္ကြက္ဝင္ၿပီ။ သူေျပာတတ္စြ။

"ငါတုိ႔ ပစ္ေကၽြးတဲ့ ေပါင္မုန္႔စေတြကုိ တအုန္းအုန္း စားေနၾကတဲ့
စင္ေရာ္အုပ္ရဲ႕ မလွမ္းမကမ္းမွာ စင္ေရာ္ေလး တေကာင္က
လုံးလုံးဝုိင္းဝုိင္းကေလး။ ဒါေပမယ့္ ဒီအေကာင္ေလးဟာ
စင္ေရာ္အုပ္ထဲကုိ မဝင္ဘူး။ အေဝးကပဲ တေကာင္တည္း သီးသန္႔
ပ်ံလုိက္ပါေနရွာတယ္။ တုိ႔တေတြကလဲ စင္ေရာ္အုပ္ထဲကုိပဲ
ပစ္ပစ္ေကၽြးေနမိၾကပါကလား။ သူ႔ဆီ မေရာက္ဘူးေလ။ က်န္တဲ့
လူေတြက ဒါကုိ သတိမထားမိၾကဘူး။ အုပ္ထဲကုိပဲ တေပ်ာ္တပါး
ပစ္ပစ္ေနတာကုိး။ ငါ့မွာ သင္းကြဲေကာင္ေလးကုိ ၾကည့္ယင္း
ႀကည့္ယင္းနဲ႔ ဒီေကာင္ ဘာေၾကာင့္ အုပ္ထဲ မဝင္ပါလိမ့္လုိ႔
ေတြးမိတယ္။ ေတြးယင္း ၾကည့္ယင္း ေတြးယင္းေပါ့ကြာ။ အဲဒီလုိ
ၾကည့္ယင္း ၾကည့္ယင္းနဲ႔ လား လား၊ ဘာသြားေတြ႕လုိက္သလဲ
ဆုိေတာ့"

မီးေသ ေဆးေပါ့လိပ္ကုိ ေယာင္ရမ္းဖြာၿပီးမွ သူ ဆက္သည္။

"ဒီေကာင္ေလးမွာ ေျခေထာက္တဘက္ မရွိရွာဘူး ေမာင္။ ငါ့ရင္ထဲ
စစ္ကနဲ ျဖစ္သြားတယ္။ ေဩာ္... ဒုကၡိတ စင္ေရာ္ေလး။ ေျခတဖက္
မရွိရွာတဲ့ စင္ေရာ္ေလး။ အားငယ္စိတ္နဲ႔ လူလုိဆုိေတာ့
အင္ဖီရီေယာ္ရတီ ကြန္ပလက္စစ္တီ ေပါ့ကြာ။ စင္ေရာ္အုပ္ထဲ
မဝင္ရဲရွာဘူး။ အစာလဲ မရရွာဘူးဆုိတာ ေတြ႕လုိက္တာေပါ့။

ဒါနဲ႔ ငါလဲ ေလွေပၚက လူေတြကုိ ေျပာျပၿပီး၊ ဒီေကာင္ေလး
ရွိရာကုိပဲ ေပါင္မုန္႔ေတြ ပစ္ပစ္ေကၽြးတာေပါ့။ ေလွေပၚက
လူေတြလဲ သနားၿပီး သူ႔ဆီပဲ ပစ္ပစ္ေကၽြးၾက။ သူ႔ချမာလဲ ခုမွ
စားရေတာ့တာကုိးကြ။ ပစ္ေကၽြးသမွ်ကုိ မမိအမိ ဖမ္းၿပီး စားရွာတယ္။

ဒီလုိနဲ႔ ကမ္းကုိ ကပ္ေရာကြာ။ ဒီအခ်ိန္အထိ ဒီေကာင္ေလးဟာ
လုိက္လာရွာတုန္းပဲကြ။ ကမ္းလဲ ကပ္ေရာ ငါက ေနာက္ဆုံးတဖဲ့ကုိ
ပစ္ေကၽြးလုိက္တယ္။ ဖမ္းရွာပါတယ္ကြာ။ သနားစရာပါ"

ကၽြန္ေတာ္ ငုိင္သြားမိသည္။

"အဲ။ ေလွေပၚက တက္မယ္လဲ လုပ္ေရာ ပဲ့ခ်ိတ္ေမာင္းတဲ့ လူႀကီးက
ငါ့ကုိ ျပံဳးျပံဳးႀကီး စုိက္ႀကည့္ေနတာ ေတြ႕လုိက္ရတယ္။ သူ႔
အျပံဳးႀကီးက တမ်ဳိးႀကီးမုိ႔ ငါ ေၾကာင္ေနတုန္းမွာ သူက မ်က္ရိပ္နဲ႔
ဟုိစင္ေရာ္ေလးကုိ ျပတယ္။ ငါ လွမ္းၾကည့္လုိက္တယ္။
ဟုိက္၊ ျမတ္စြာဘုရား"

ဘာမွန္းမသိပဲ ကၽြန္ေတာ္ လန္႔သြားသည္။

"ေျခတဖက္ မပါတဲ့ ဟုိေကာင္ေလးေလ။ ကြစ္ကြစ္နဲ႔ ေအာ္ၿပီး
ေလထဲမွာ ဝဲပ်ံျပလုိက္တာ ေစာေစာက ေပ်ာက္ေနတဲ့ ေျခတဖက္
ဘယ္ကေန ထြက္လာမွန္း မသိဘူးဗ်။ လက္စသတ္ေတာ့
ေမာင္မင္းႀကီးသားက ေျခႏွစ္ဖက္ အစုံနဲ႔ကုိး"

ကၽြန္ေတာ္ ျပံဳးမိေတာ့သည္။

"အံမာ၊ မင္းကသာ ျပံဳးေနတာ။ တုိ႔တဖြဲ႕လုံးျဖင့္ ဝါးလုံးကြဲပဲ။ ငါက
ဟာ ေဟာ ခင္ဗ်ားတုိ႔ အေကာင္ကုိ ၾကည့္ၾကစမ္းဗ်ဳိ႕၊ ဒီအေကာင္
ေျခႏွစ္ဖက္ ပါတယ္ဗ်။ ေစာေစာက ဒီေကာင္ တဘက္ကုိ
ဝွက္ထားတာလုိ႔ ေအာ္ေျပာလုိက္ေတာ့ တုိ႔လူေတြဟာ စင္ေရာ္ေလး
တေကာင္က တီးသြားတာကုိ ၿမိန္ၿမိန္ယွက္ယွက္ႀကီး ခံယင္း တဝါးဝါးေပါ့"

ကၽြန္ေတာ္လည္း ရယ္မိေလသည္။

"အံမယ္၊ ထပ္ဆင့္ ဇာတ္သိမ္း လာေသးသဗ်။ ပဲ့ခ်ိတ္ ဆရာႀကီးက
ဘာေျပာတယ္ မွတ္သလဲ။ တုိ႔မွာ ရယ္ေနရာက အရယ္ရပ္သြားၿပီး၊
ဘယ္လုိႀကီး ျဖစ္သြားမွန္းကုိ မသိေတာ့ဘူး။ သူက ျပံဳးျပံဳးႀကီး
လုပ္ၿပီး ေျပာပုံက ဒီအေကာင္ ဒီလုိပဲ စားေနက်တဲ့ဗ်ား"

ျဖစ္မွ ျဖစ္ရေလ။ ကၽြန္ေတာ္ အူလႈိက္သည္းလႈိက္ ရယ္ျဖစ္ပါ
ေတာ့သည္။ "ရယ္ေန ရယ္ေန၊ မင္းက ငါ့မွာ ဒီလမုိင္းေလး ျဖန္းကနဲ
ရလာတာကုိ ၾကည္ႏူးလုိ႔ မဆုံးဘူး။ ဒါကုိ ငါ ဝတၳဳေရးရမယ္ကြ သိလား"

"ေရးပါ အစ္ကုိ။ သိပ္လွတဲ့ ဇာတ္ပါ" ဟု ကၽြန္ေတာ္ ေျပာလုိက္သည္။

* * *

အစ္ကုိ စာေရးဆရာ ခင္ဗ်ား။

အစ္ကုိ႔ထံမွ အထက္ပါ "ေခြးတေကာင္ႏွင့္ စင္ေရာ္တေကာင္"
အေၾကာင္း ေရးမည္ဟု အစ္ကုိ ေျပာေသာေၾကာင့္ ဘယ္လုိ
ေရးမလဲ၊ ဘယ္လုိ ဖြဲ႕မလဲဟု ဖတ္ခ်င္ေဇာျဖင့္ ေစာင့္ၾကည့္ခဲ့တာလဲ
ကာလေတာင္တာ ရွည္လ်ားခဲ့ပါၿပီ။ ခုထိလဲ မဖတ္ရေသးပါ။

ဒီေလာက္ၾကာမွေတာ့ အစ္ကုိ ေျပာသည့္ 'လမုိင္း'လည္း
ျပယ္သြားၿပီဟု ယူဆပါေသာေၾကာင့္ အစ္ကုိ႔အစား ကၽြန္ေတာ္ပဲ
ေရးလုိက္ပါသည္။

တခုပဲ ရွိသည္။ အစ္ကုိ ေျပာသမွ်ကုိ မွတ္သား နာယူ၍
ေရးေသာေၾကာင့္ ေရးေသာအခါ အခက္အခဲ မရွိေသာ္လည္း
ေရးၿပီးေနာက္ ဤဝတၳဳကုိ ေခါင္းစီးတပ္ရန္ စဥ္းစားေသာအခါ
ဘယ္လုိ တပ္ရမွန္း မသိ ျဖစ္သြားပါသည္။

ေခါင္းစီးတခုေတာ့ စိတ္ကူးလုိ႔ ရပါသည္။

"လူတုိ႔အေၾကာင္း" ဟူ၍ ျဖစ္ပါသည္။

သုိ႔ေသာ္၊ သတၱေလာက အႏြယ္ဝင္ခ်င္း တူပါေသာ္လည္း
တိရစၧာန္ႏွင့္ မႏုႆကုိ ႏႈိင္းယွဥ္ရပါမည္လား ဟူ၍ ေဒါသသင့္မည္
စုိးပါသျဖင့္ အထက္တြင္ ေဖာ္ျပထားသည့္အတုိင္း "ေခါင္းစီးဘယ္သုိ႔
တပ္ရပါ့" ဟုပင္ မတင္မက် ထားလုိက္ပါသည္ ခင္ဗ်ား။

--------

ခ်စ္ဦးညိဳ
(ႏွစ္ႏွစ္သား ဥဒါန္းစကားႏွင့္ သဘင္အထူး)

Unicode version
ခေါင်းစီး ဘယ်သို့ တပ်ရပါ့ (ချစ်ဦးညို)
--------------------------------

စာရေးဆရာတို့ စာရေးဖို့ ကုန်ကြမ်းရှာသည့် ကိစ္စကို ဘေးလူများ
နားလည်ရန် ခဲယဉ်းသည်ဟု ဆိုသည်။ ဟုတ်တုတ်တုတ်ပဲဟု
သူပြောဖူးသည်။ အခြားသော စာရေးဆရာများတော့ မသိ။
သူ့မှာတော့ သူ့အကြောင်းနှင့်သူ လုံလောက်နေသည်။

သူစာရေးဖို့ ကုန်ကြမ်းရှာနည်းများ များစွာရှိသည်။

မဂ္ဂဇင်းတွေ၊ လုံးချင်းတွေ၊ သတင်းစာတွေကို ဖတ်ယင်းမှ စာတွေကို
ဖတ်ယင်းမှ သူရေးကွက် ရလာသည်လည်း ရှိသည်။ ထိုသို့ မရတတ်
သောအခါ သူလမ်းထွက်သည်။ လမ်းပေါ်က ဘတ်စ်ကားပေါ်မှ
ပုပုရွရွ မနုဿတို့ကို စေ့ငုကာ ရေးကွက်ကို ယူသည်လည်း ရှိသည်။
ထိုသို့မှ မရတတ်ပြန်လျှင် လူသူကင်းသော ဘုရားရင်ပြင်တော်၊
ကန်တော်ကြီးစောင်း၊ သုဿာန်ဝ စသည်တို့၌ သူရပ်ကာ၊
ထိုင်ကာ၊ လျောင်းကာ၊ ဆေးလိပ်ဖွာကာ ရေးကွက် ယူရသည်လည်း
ရှိသည်။ ထိုသို့ မရတတ်ပြန် ဟူမူ သုံးဆယ့်သုံးလမ်းတို့လို နေရာမျိုး
သွားကာ လက်ဖက်ရည်ဆိုင်တွင် သူထိုင်သည်။ ချိုပေါ့ကျ
တစ်ခွက်ကို အာခေါင်ပါးစောင်တွင် လှိုက်၍ ကျင်း၍ မြုံ့ကာ
နဂါးစပယ်ရှယ်ကို အငွေ့ခြောင်းခြောင်း ထစေကာ သူလမိုင်းနှိုးခြင်း
အမှု ပြုသည်။

သည်အထိတိုင် သူ့လမိုင်း အိပ်ပျော်ချက်သား ကောင်းနေပြီ
ဆိုလျှင်မူကား ညနေစောင်း ခါသမ၌ သူသည် သေဆိုင်သို့ သွားရ
တော့သည်။ သေယစ်ယစ်ဖြင့် သူ့လို အလားတူ စာရေးဆရာများနှင့်
အတူ စကားနှုတ်ဆုံ လက်ဆုံကျရင်း `ရေးကွက်´ကို သူရှာသည်။

ဤနည်းများတွင် သူသည် တနည်းနည်းဖြင့် ရေးကွက်ကုန်ကြမ်း
ရသည်လည်း ရှိ၊ မရသည်လည်း ရှိ။

တခါ တခါတော့ ရေးချင်စိတ်တွေသာ ပြင်းနေပြီး လမိုင်းက မနိုး
ဖြစ်နေတတ်သည်။ ရင်ခုန်မှုပဲ အဟုန် မြန်လွန်းလေသလား၊
ဦးနှောက်ကပဲ မှိုင်းမှုန်နေလေသလား။ သူမသိတတ်နိုင်။ လက်နှင့်
နှလုံးနှင့် ဦးနှောက်နှင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်
နေဟန် ရှိသည်။ သူ့လက်ဖျား ကလောင်သွားဆီမှ ဘာစာတလုံးမှ
ထွက်ကျလာခြင်း မရှိ။

ထိုအခါမျိုးတွင် သူမတရား ဒေါသ ထွက်တတ်သည်။ ဝမ်းချုပ်ကာ
လေထိုးအောင့်နေသော ရောဂါထက် အဆပေါင်းများစွာ ဆိုးသည်ဟု
သူ ဆိုစမှတ် ပြုလေ့ရှိသည်။

"ဝေဒနာ အစာမကြေဘူးဟေ့၊ ဝေဒနာတွေ ရင်ထဲမှာ ခဲနေတယ်၊
အန်လို့မရ ထွေးလို့မရနဲ့ သိပ်ဆိုးတယ်"
ဟု ညည်းညူ ကြွေးကြော်လေ့ ရှိသည်။

တခါတရံမူ အလိုလိုနေယင်း ဖြုန်းခနဲ ပွင့်ထွက်လာတာမျိုး ရှိသည်။
ရေချိုးယင်း၊ ထမင်းလုတ် သွတ်ယင်း၊ ဇက်ကြောချိုးယင်း မြင်ကွင်း
လေး တခုကို အမှတ်တမဲ့ မြင်လိုက်ယင်း ဘွားကနဲ ရေးစရာ
ပေါ်လာတတ်သည်။ ဤကား သူအကြိုက်ဆုံး အနေအထားပင်
ဖြစ်သည်။ ဤသို့သော အခါမျိုးတွင် သူသည် ဝမ်းပန်းတသာ
လက်ပမ်းပေါက် ခတ်ကာ ကလောင်ကို ကိုင်၍ တသွင်သွင် ရေးချ
လေတော့သည်။ လမိုင်း အားကြီးသောကြောင့် သူ့လက်သည်ပင်လျှင်
မနည်း လိုက်ရေးရသော ဟူ၏။

ယခု -
ထိုနည်းဖြင့်ပင် သူ ဝတ္ထုတို တပုဒ် ရသည်။

"ဘာရယ် မဟုတ်ဘူးကွ၊ အိမ်မှာ မွေးထားတဲ့ ခွေးတွေ ထမင်းကြမ်းခဲ
လုနေတာကို အမှတ်တမဲ့ မြင်လိုက်ရတယ်။ ပြီးတော့ လမ်းထိပ်
လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ ကက်ဆက်မှာလဲ စင်ရော်-ငှက်လိမ္မာ
လေး သူ့အာဘော် ဆိုတဲ့ သီချင်း လာနေတယ်။ အဲဒီမှာတင်
စက္ခုသောတ ဝိဉာဏ လှုပ်ရှားလာပြီး ဒိုင်း-ဒိုင်း-ဆို အင်လိုက်တင်း
ဖြစ်လာတော့တာ၊ ဖြတ်ကနဲ ဖြတ်ကနဲ ပွင့်ထွက်လာလိုက်တာကွာ၊
အဲဒီမှာတင် ငါဝတ္ထုတို တပုဒ် ရတာပဲ"
ဟု သူက အားပါးတရကြီး ပြောသည်။

"မင့်နှယ်၊ ငါ ပြောမယ်"

မီးသေ နဂါးစပယ်ရှယ်ကို သော်မှ သူမညှိအား။ ညှိသာ မညှိတာ၊
ဗယ်လက်ထဲမှာက အဖုံးဖွင့်ပြီးသား ဓာတ်မီးခြစ်။

ကြည့်မကောင်းသောကြောင့် ကျွန်တော့် လက်ထဲမှ မီးခြစ်ဖြင့်
ခြစ်ပေးလိုက်ရသည်။ ကျွန်တော်၏ အပေါစား ဂက်စ်လိုက်တာ
ကလည်း အရေးထဲ ဂက်စ်လွှတ်ထားတာ များနေသောကြောင့်
မီးတောက်က စွေ့ကနဲ ထိုးထွက်သွားသည်။

"အံမာ ... အင်း၊ မီးတောက်က အရှည်ကြီးပါလားကွ။ အေး၊
အဲဒီအတိုင်းပေါ့ကွာ၊ ရေးကွက်တခု ရလိုက်ပြီလား ဆိုမှဖြင့်
မင့် မီးခြစ် မီးတောက်လိုပဲ ဝုန်းကနဲ ထတောက်တာလားကွ"

ကိုင်း၊ သူ ဘယ်လောက် ပိုင်သလဲ၊ မျက်မှောက်ကိစ္စ တခုကိုပါ
တမုဟုတ်ချင်း ထည့်ပြောလိုက်သေး။

"အဟမ်း၊ ဒီလိုကွ"

ထောင်းထောင်းထသော ဆေးလိပ်မီးခိုးငွေ့များထဲမှ သူ့စကား
လုံးများကို ကျွန်တော် နားစွင့်လိုက်ပါသည်။

* * *

"ခွေးတကောင်နဲ့ စင်ရော်ငှက်ကလေး တစ်ကောင် အကြောင်းပဲကွ"

ကျွန်တော် အင်း မလိုက်။ ဟုတ်ကဲ့ မထောက်။

"ခွေးတကောင် အကြောင်းကို စ ပြောမယ်။ မင်း ရန်ကုန် မန္တလေး
ရထားလမ်းမှာ မီးရထား စီးဖူးမှာပေါ့"

ခေါင်းတချက် ညိတ်ပြလိုက်သည်။

"ဘူတာစဉ်တိုင်း လိုလိုမှာ မင်း သတိထားတတ်ယင် တွေ့ဖူး
လိမ့်မယ်။ အထူးသဖြင့် ဘူတာ တခုမှာ ရပ်ပြီး ပြန်ထွက်တဲ့
အခါမျိုး။ ရထားက တဖြည်းဖြည်း အရှိန်ရလာပြီး မြို့အထွက်၊
ရွာစွန်လေးတွေဘက် ရောက်ပြီဆိုယင် ရွာလေးတွေထဲက
ခွေးတွေ ပြေးထွက်လာတယ်။ မီးရထားနဲ့ ယှဉ်ပြေးတယ်။
မီးရထားဘက်ကို စောင်းငန်း စောင်းငန်း ကြည့်ယင်း တဘက်က
သံလမ်း ဇလီဖားတုံးတွေ အပေါ်မှာ လွှားကနဲ လွှားကနဲ
ပြေးလိုက်လာကြတဲ့ ခွေးလေးတွေလေ"

ကျွန်တော် မျက်စိထဲ မြင်လာပါသည်။

"သူတို့ ဘာကြောင့် အဲသလို ပြေးလိုက်လာကြသလဲ၊ မင်း သိမှာပါ၊
ရထားပေါ်က လူတွေက ထမင်းထုပ်နဲ့ တခြား စားကြွင်းစားကျန်
တွေကို ပြတင်းပေါက်ကနေ ပစ်ချတတ်တယ်လေ။ အဲဒါကို
လိုက်ကောက်ပြီး စားဖို့ ပြေးလိုက်လာကြတာတွေပေါ့။ သိပ်
သနားစရာ ကောင်းတာ၊ လျှာ အလျားလိုက် ထွက်ပြီး ဇလီဖား
တုံးတွေပေါ် ခုန်ကျော်ပြီး မီးရထားနဲ့ အပြိုင် ပြေးလိုက်ကြ
ရတာလေ။ ဖက်တထုပ်၊ စက္ကူတထုပ် ဖုတ်ကနဲ ကျသွားပြီ
ဆိုယင်လဲ သိပ်သိကြတာ။ မျက်စိကလဲ လျင်၊ အပြေးကလဲ လျင်။
မီးရထားလမ်း ဘေးက ခွေးလေးတွေရဲ့ ပရိယေသန တမျိုးပေါ့ကွာ"

ခွေးသတ္တဝါတွေနှင့် ပရိယေသနဟူသော စကားလုံးကို သူပဲ
တွဲပြောတတ်လေခြင်း။

"အဲ၊ ဒါက ဇာတ်ခင်း ဆိုပါတော့ကွာ။ ဟဲ-ဟဲ၊ ဇာတ်ထွက်ကို
တက်တော့မယ်ကွ။ တခါက ငါသာစည်က အပြန်မှာ ကြုံရဖူး
တာက ဒီလို။ ငါနဲ့ မျက်နှာချင်းဆိုင် ခုံက သူက ထမင်းစားပြီး
ဖက်ကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တယ်။ ထုံးစံအတိုင်း
ပြေးလိုက်လာတဲ့ ခွေးနှစ်ကောင် သုံးကောင် ရှိတယ်။
အပြေးချင်းကလဲ ခြေရည်တူကွ၊ ခြေရည်တူချင်းမှာ နှုတ်သီး
သွက်ပြီး အားကောင်းတဲ့ ကောင်က ထမင်းထုပ်ကို ရသွားတယ်။
ကျန်တဲ့ကောင်တွေကတော့ အမောသာ အဖတ်တင်ပြီး
မစားကြရရှာဘူးပေါ့ကွာ"

သူပြောသလို ဇာတ်ထွက်တင်ပြီဟု သိသော်လည်း ဘယ်အထိ
တင်မည် မသိရသေး။

"ဒီလိုနဲ့ ငါ့ရှေ့က လူကလဲ အစားကြီးပေါ့ကွာ။ နောက်ထပ်
ဆီထမင်းလား ဘာလားတော့ မမှတ်မိတော့ဘူး။ နောက်တထုပ်
ဖောက်ပြန်ပါရောကွ။ ရထားကလဲ ဘာကြောင့်မှန်းမသိ။ အရှိန်
သိပ်မပြင်းသေးဘူးကွ။ ခွေးတွေကလဲ ဟိုလူ နောက်တထုပ်
ဆက်စားနေတာကို သိတဲ့အတိုင်းပဲ ဆက်ပြေးပြီး လိုက်လာကြသကွ"

စိတ်ဝင်စားစရာ ကောင်းလာသည်။

"ငါလဲ ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေတယ်။ အဲ၊
ကြည့်နေယင်း ဘာသွားတွေ့သလဲ ဆိုတော့ မောင်။ ဟိုခွေးတွေ
ပြေးလိုက်လာနေတဲ့ ရထားလမ်းရဲ့ ဟိုဘက်၊ လမ်းတလမ်းကျော်မှာ
ခွေးတကောင်။ ဒီကောင်က အကြီးဆုံး အထွားဆုံးကွ။ သူက
ငါတို့ရထား ပြတင်းဆီလဲ မကြည့်ဘူး။ ဟိုကောင်တွေကိုလဲ
မျဉ်းပြိုင် လိုက်မပြေးဘူး။ ဟိုဘက် သံလမ်းအတိုင်းပဲ မှန်မှန်
လိုက်နေတယ်။ ဒါပေမယ့် သူက ဘာကို ကြည့်နေသလဲ ဆိုတော့
ငါတို့ ရထားနဲ့ ယှဉ်ပြေးနေတဲ့ ခွေးအုပ်ကိုပဲ တသမတ်တည်း
ကြည့်နေတာကလား။ ဒီအကောင် ထူးခြားလှပါကလား ဆိုပြီး၊
ဒီအကောင်ကိုပဲ ငါ သတိထားကြည့်နေတုန်းမှာ" ဆေးလိပ်တချက်
ရှိုက်ဖွာသည်။ ပြီးမှ -

"ဟိုလူက ဖက်ရွက်နဲ့ အရိုး အကြွင်းအကျန်တွေကို ပြတင်းကနေ
ပစ်ချလိုက်ရော၊ ရထားအရှိန် လေတိုးတဲ့ အရှိန်နဲ့ ဆိုတော့
ဖက်ရွက်က နောက်ဘက် လွင့်သွားတာပေါ့။ အဲဒီမှာ ယှဉ်ပြီး
ပြေးလိုက်နေတဲ့ ကောင်တွေလဲ ဖက်ရွက်ရှိရာ ဝိုင်းအုံကြတော့တာပေါ့"

ကျွန်တော် မျက်တောင်မခတ်။

"အဲဒီမှာပဲ မောင်။ စောစောက ငါပြောတဲ့ တလမ်းကျော် သံလမ်းမှာ
မှန်မှန်ပြေးရင်း ရထားပြတင်းကို မကြည့်။ ခွေးအချင်းချင်းကိုပဲ
လှမ်းကြည့်နေတဲ့ အကောင်ကြီးဟာ တဟုန်ထိုး သံလမ်းကို
ဖြတ်ကူးပြီး ဝိုင်းအုံနေတဲ့ ခွေးတွေကြားထဲ ဝင်တော့တာပဲ။
မောမောပန်းပန်းနဲ့ လျှာအတစ်လိုက် ထွက်နေတဲ့ ဟိုကောင်တွေ
ဘာမှ မတတ်နိုင်ဘူး။ တလျှောက်လုံး ရထားနဲ့ ပြိုင်ပြေးလိုက်လာ
ရလို့ မောလဲ မောလာပြီ။ ဟိုကောင်ကြီးက သက်သက်သာသာပဲ
အခြေအနေ စောင့်ကြည့်လာတာ။ အားကလဲ ပိုကြီး ပိုထွားတယ်
မဟုတ်လား၊ တချက်ပဲ ဟိန်းလိုက်ရတယ်၊ ဟိုကောင်တွေ အကုန်
ရှဲသွားရတယ်။ အဲဒီမှာတင် ဟိုကောင်ကြီးက ဖက်ရွက်ကို နှုတ်သီးနဲ့
ထိုးတောက်ပြီး စိမ်ပြေနပြေ တုပ်တော့တာဗျ"

ကျွန်တော် ပြုံးမိသွားသည် ထင်သည်။

"ဟုတ်ပေ့ကွာ ဆိုပြီး၊ ငါစိတ်ထဲ တွေးနေတုန်း တွဲစောင့်က အနား
ရောက်လာပြီး ပြောလိုက်တော့မှ ဇာတ်က ပိုနာတော့တာကိုးကွ။
တွဲစောင့်က ဘာပြောသလဲ ဆိုတော့။ ဒီကောင်ကြီးဟာ ဒီလို
စားနေကျတဲ့။ ဒီနေရာတဝိုက်မှာ ဒီနည်းနဲ့ ဝဖီးနေတာတဲ့ဗျား။
ကိုင်း- မှတ်ကရော"

မြင်တတ်ပါပေ့၊ တွေ့တတ်ပါပေ့ စာရေးဆရာဟု ကျွန်တော်
စိတ်ထဲက ချီးကျူးလိုက်မိပါသည်။

"အဟမ်း၊ အဲဒါက ခွေးတကောင် အကြောင်း၊ စင်ရော်တကောင်
အကြောင်းကလဲ ဒီလို လာသေးသကွ"

သူ့ဇာတ်လမ်းတွင် ကျွန်တော် မိနေပေပြီ။

"ငါ၊ အင်းလေးကို ရောက်သွားတုန်းကပေါ့။ ပဲ့ချိတ်ပေါ်မှာ
ထိုင်လိုက်ယင်း အင်းလေးရဲ့ အလှအပကို ခံစားစဉ်တုန်းကပေါ့။
အင်းလေးကလဲ လှပါဘိသနဲ့ကွာ။ သဘာဝများ လှပြီဆိုမှဖြင့်
တို့ အနုပညာသမားတွေ ရင်မှာ သိမ်သိမ့်ခါရတော့တာကလား။
အင်း၊ ရေပြင်က စိမ်းလို့ ညို့လို့ ကျွန်းမျောလေးတွေ ဆိုတာကလဲ"
"အစ်ကို၊ အစ်ကို စင်ရော်လေ၊ စင်ရော်"

လမိုင်းချော်ပြီး မျောသွားမည် စိုးသဖြင့် ကျွန်တော် ကမန်းကတန်း
ဝင်ထောက်လိုက်သည်။

"အေး၊ အေး၊ စင်ရော်၊ စင်ရော်၊ ဟုတ်ပေသား၊ ဒီလိုကွ။ လှေပေါ်
ပါလာတဲ့ လူတွေကလဲ ပေါင်မုန့်တွေကို ဖဲ့ဖဲ့ပြီး စင်ရော်တွေကို
ပစ်ပစ်ကျွေးကြ။ စင်ရော်လေးတွေကလဲ ဝဲကာပျံကာ၊ လူးကာ
လှိမ့်ကာနဲ့ ကျွမ်းကျွမ်းကျင်ကျင်၊ လေထဲမှာပဲ ဖမ်းပြီး စားကြနဲ့၊
သိပ်ကြည်နူးစရာ ကောင်းတာကလား"

သည်ရှုခင်းကိုတော့ ကျွန်တော် မနည်း စိတ်မှန်း မှန်းကြည့်ရသည်။
ကျွန်တော်မှ မကြုံဖူးပဲ။

"ငါလဲ စင်ရော်ကျွေး အဖွဲ့မှာ အပါအဝင်ပေါ့ကွာ။ အဲဒီ အချိန်မှာပဲ
ငါက တကောင်သော စင်ရော်လေးကို အမှတ်မထင် သတိထား
လိုက်မိတယ်ကွ"

ဇာတ်ကွက်ဝင်ပြီ။ သူပြောတတ်စွ။

"ငါတို့ ပစ်ကျွေးတဲ့ ပေါင်မုန့်စတွေကို တအုန်းအုန်း စားနေကြတဲ့
စင်ရော်အုပ်ရဲ့ မလှမ်းမကမ်းမှာ စင်ရော်လေး တကောင်က
လုံးလုံးဝိုင်းဝိုင်းကလေး။ ဒါပေမယ့် ဒီအကောင်လေးဟာ
စင်ရော်အုပ်ထဲကို မဝင်ဘူး။ အဝေးကပဲ တကောင်တည်း သီးသန့်
ပျံလိုက်ပါနေရှာတယ်။ တို့တတွေကလဲ စင်ရော်အုပ်ထဲကိုပဲ
ပစ်ပစ်ကျွေးနေမိကြပါကလား။ သူ့ဆီ မရောက်ဘူးလေ။ ကျန်တဲ့
လူတွေက ဒါကို သတိမထားမိကြဘူး။ အုပ်ထဲကိုပဲ တပျော်တပါး
ပစ်ပစ်နေတာကိုး။ ငါ့မှာ သင်းကွဲကောင်လေးကို ကြည့်ယင်း
ကြည့်ယင်းနဲ့ ဒီကောင် ဘာကြောင့် အုပ်ထဲ မဝင်ပါလိမ့်လို့
တွေးမိတယ်။ တွေးယင်း ကြည့်ယင်း တွေးယင်းပေါ့ကွာ။ အဲဒီလို
ကြည့်ယင်း ကြည့်ယင်းနဲ့ လား လား၊ ဘာသွားတွေ့လိုက်သလဲ
ဆိုတော့"

မီးသေ ဆေးပေါ့လိပ်ကို ယောင်ရမ်းဖွာပြီးမှ သူ ဆက်သည်။

"ဒီကောင်လေးမှာ ခြေထောက်တဘက် မရှိရှာဘူး မောင်။ ငါ့ရင်ထဲ
စစ်ကနဲ ဖြစ်သွားတယ်။ ေဩာ်... ဒုက္ခိတ စင်ရော်လေး။ ခြေတဖက်
မရှိရှာတဲ့ စင်ရော်လေး။ အားငယ်စိတ်နဲ့ လူလိုဆိုတော့
အင်ဖီရီယော်ရတီ ကွန်ပလက်စစ်တီ ပေါ့ကွာ။ စင်ရော်အုပ်ထဲ
မဝင်ရဲရှာဘူး။ အစာလဲ မရရှာဘူးဆိုတာ တွေ့လိုက်တာပေါ့။

ဒါနဲ့ ငါလဲ လှေပေါ်က လူတွေကို ပြောပြပြီး၊ ဒီကောင်လေး
ရှိရာကိုပဲ ပေါင်မုန့်တွေ ပစ်ပစ်ကျွေးတာပေါ့။ လှေပေါ်က
လူတွေလဲ သနားပြီး သူ့ဆီပဲ ပစ်ပစ်ကျွေးကြ။ သူ့ခမြာလဲ ခုမှ
စားရတော့တာကိုးကွ။ ပစ်ကျွေးသမျှကို မမိအမိ ဖမ်းပြီး စားရှာတယ်။

ဒီလိုနဲ့ ကမ်းကို ကပ်ရောကွာ။ ဒီအချိန်အထိ ဒီကောင်လေးဟာ
လိုက်လာရှာတုန်းပဲကွ။ ကမ်းလဲ ကပ်ရော ငါက နောက်ဆုံးတဖဲ့ကို
ပစ်ကျွေးလိုက်တယ်။ ဖမ်းရှာပါတယ်ကွာ။ သနားစရာပါ"

ကျွန်တော် ငိုင်သွားမိသည်။

"အဲ။ လှေပေါ်က တက်မယ်လဲ လုပ်ရော ပဲ့ချိတ်မောင်းတဲ့ လူကြီးက
ငါ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူ့
အပြုံးကြီးက တမျိုးကြီးမို့ ငါ ကြောင်နေတုန်းမှာ သူက မျက်ရိပ်နဲ့
ဟိုစင်ရော်လေးကို ပြတယ်။ ငါ လှမ်းကြည့်လိုက်တယ်။
ဟိုက်၊ မြတ်စွာဘုရား"

ဘာမှန်းမသိပဲ ကျွန်တော် လန့်သွားသည်။

"ခြေတဖက် မပါတဲ့ ဟိုကောင်လေးလေ။ ကွစ်ကွစ်နဲ့ အော်ပြီး
လေထဲမှာ ဝဲပျံပြလိုက်တာ စောစောက ပျောက်နေတဲ့ ခြေတဖက်
ဘယ်ကနေ ထွက်လာမှန်း မသိဘူးဗျ။ လက်စသတ်တော့
မောင်မင်းကြီးသားက ခြေနှစ်ဖက် အစုံနဲ့ကိုး"

ကျွန်တော် ပြုံးမိတော့သည်။

"အံမာ၊ မင်းကသာ ပြုံးနေတာ။ တို့တဖွဲ့လုံးဖြင့် ဝါးလုံးကွဲပဲ။ ငါက
ဟာ ဟော ခင်ဗျားတို့ အကောင်ကို ကြည့်ကြစမ်းဗျို့၊ ဒီအကောင်
ခြေနှစ်ဖက် ပါတယ်ဗျ။ စောစောက ဒီကောင် တဘက်ကို
ဝှက်ထားတာလို့ အော်ပြောလိုက်တော့ တို့လူတွေဟာ စင်ရော်လေး
တကောင်က တီးသွားတာကို မြိန်မြိန်ယှက်ယှက်ကြီး ခံယင်း တဝါးဝါးပေါ့"

ကျွန်တော်လည်း ရယ်မိလေသည်။

"အံမယ်၊ ထပ်ဆင့် ဇာတ်သိမ်း လာသေးသဗျ။ ပဲ့ချိတ် ဆရာကြီးက
ဘာပြောတယ် မှတ်သလဲ။ တို့မှာ ရယ်နေရာက အရယ်ရပ်သွားပြီး၊
ဘယ်လိုကြီး ဖြစ်သွားမှန်းကို မသိတော့ဘူး။ သူက ပြုံးပြုံးကြီး
လုပ်ပြီး ပြောပုံက ဒီအကောင် ဒီလိုပဲ စားနေကျတဲ့ဗျား"

ဖြစ်မှ ဖြစ်ရလေ။ ကျွန်တော် အူလှိုက်သည်းလှိုက် ရယ်ဖြစ်ပါ
တော့သည်။ "ရယ်နေ ရယ်နေ၊ မင်းက ငါ့မှာ ဒီလမိုင်းလေး ဖြန်းကနဲ
ရလာတာကို ကြည်နူးလို့ မဆုံးဘူး။ ဒါကို ငါ ဝတ္ထုရေးရမယ်ကွ သိလား"

"ရေးပါ အစ်ကို။ သိပ်လှတဲ့ ဇာတ်ပါ" ဟု ကျွန်တော် ပြောလိုက်သည်။

* * *

အစ်ကို စာရေးဆရာ ခင်ဗျား။

အစ်ကို့ထံမှ အထက်ပါ "ခွေးတကောင်နှင့် စင်ရော်တကောင်"
အကြောင်း ရေးမည်ဟု အစ်ကို ပြောသောကြောင့် ဘယ်လို
ရေးမလဲ၊ ဘယ်လို ဖွဲ့မလဲဟု ဖတ်ချင်ဇောဖြင့် စောင့်ကြည့်ခဲ့တာလဲ
ကာလတောင်တာ ရှည်လျားခဲ့ပါပြီ။ ခုထိလဲ မဖတ်ရသေးပါ။

ဒီလောက်ကြာမှတော့ အစ်ကို ပြောသည့် 'လမိုင်း'လည်း
ပြယ်သွားပြီဟု ယူဆပါသောကြောင့် အစ်ကို့အစား ကျွန်တော်ပဲ
ရေးလိုက်ပါသည်။

တခုပဲ ရှိသည်။ အစ်ကို ပြောသမျှကို မှတ်သား နာယူ၍
ရေးသောကြောင့် ရေးသောအခါ အခက်အခဲ မရှိသော်လည်း
ရေးပြီးနောက် ဤဝတ္ထုကို ခေါင်းစီးတပ်ရန် စဉ်းစားသောအခါ
ဘယ်လို တပ်ရမှန်း မသိ ဖြစ်သွားပါသည်။

ခေါင်းစီးတခုတော့ စိတ်ကူးလို့ ရပါသည်။

"လူတို့အကြောင်း" ဟူ၍ ဖြစ်ပါသည်။

သို့သော်၊ သတ္တလောက အနွယ်ဝင်ချင်း တူပါသော်လည်း
တိရစ္ဆာန်နှင့် မနုဿကို နှိုင်းယှဉ်ရပါမည်လား ဟူ၍ ဒေါသသင့်မည်
စိုးပါသဖြင့် အထက်တွင် ဖော်ပြထားသည့်အတိုင်း "ခေါင်းစီးဘယ်သို့
တပ်ရပါ့" ဟုပင် မတင်မကျ ထားလိုက်ပါသည် ခင်ဗျား။

--------

ချစ်ဦးညို
(နှစ်နှစ်သား ဥဒါန်းစကားနှင့် သဘင်အထူး)

No comments:

Post a Comment