Zawgyi Version
“ တစ္ေယာက္တည္း ”
(၁)
“ ဟင္း အပိုေတြ မယံုေပါင္ ”
ယဥ္က ေခါင္းကိုငဲ့၍ ျပံဳးေထ့ေထ့ႏွင့္။
“ ေမာင္ တကယ္ေျပာတာ ယဥ္ရဲ႕။ ယဥ့္ကို ေမာင္ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ေမာင္အသိဆံုးပဲ။ ယဥ္မယံုေတာ့ ေမာင္စိတ္မေကာင္းျဖစ္ရတယ္ ”
“ အို…ေမာင္ကလည္း၊ ေမာင့္ကို ယဥ္ က်ီစားေနတာပါ၊ ေမာင့္အခ်စ္ကို ယဥ္မယံုဘဲေနမလား ေမာင္ရယ္၊ မ်က္ႏွာႀကီး အိုမထားစမ္းပါနဲ႔။ အၾကည့့္ရဆိုးလိုက္တာ မွန္း…. ”
ကၽြန္ေတာ့္ေမးေစ့ကို ဆြဲယူ၍ ျပံဳးသည္။ ယဥ့္လက္ဖ၀ါးႏုႏုေထြးေထြးက ေႏြးလွသည္။ ယဥ့္လက္ေမာင္းကို ဆြဲယူလုိက္သည္။ ကၽြန္ေတာ့္ရင္သည္ခုန္လာ၏။ ယဥ္လည္း သည္အတိုင္းရွိေပလိမ့္မည္။ ယဥ့္မ်က္လံုးသည္ လဲ့ေန၏။ ႏႈတ္ခမ္းက အျပံဳးသည္ ေ၀ေန၏။ ယဥ္သည္ မ်က္လႊာခ်လိုက္သည္။ ကၽြန္ေတာ့္ရင္ခြင္ထဲသို႔ ဆြဲယူလိုက္သည္။ တစ္ေယာက္ကိုတစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ဖက္ထားမိသည္။
“ ေမာင္… ”
ေခါင္းကိုေမာ့ရင္း တိုးတိုးဆိုသည္။
“ ေမာင့္ကို သိပ္ခ်စ္တယ္ကြယ္။ ေမာင္ယံုပလား ”
ေခါင္းညိတ္ျပလုိက္သည္။ ယဥ့္ပါးျပင္ကို ဆြဲယူလုိက္သည္။ ပါးခ်င္းအပ္ထားလိုက္သည္။ ရင္ထဲ၌ႏွလံုးေသြး အခုန္ျမန္လွေခ်၏။ နမ္းရန္မ၀ံ့၊ ခြာရန္မရဲ။
“ ေမာင့္ကို ယဥ္ဘယ္ေတာ့မွ မခြဲဘူး၊ ျဖစ္ရာဘ၀ကို ယဥ္ ရင္ဆိုင္ရဲတယ္ ေမာင္ ”
“ ယဥ့္ကို ေမာင္ယံုပါတယ္။ ဒါေပမယ့္ အေျခအေနကိုေတာ့ ေမာင္စိတ္မခ်ဘူး။ ေမာင့္ဘ၀ကို ေမာင္နားလည္လို႔ ဒီစကားေျပာရတာပါ။ ေညာင္သီးစားေနရတဲ့ အခ်ိန္ေပတယ္လို႔ ေလးသံကိုလည္း နားစြင့္ရေသးတယ္ ယဥ္ ”
ယဥ္က ေခါင္းခါသည္။
“ ယဥ္ ေျပာျပၿပီးပါပေကာလား ေမာင္ရယ္။ တစ္ခ်ိန္က်ရင္ ယဥ့္မိဘက သေဘာတူလာရပါေစ့မယ္။ သေဘာတူလာတဲ့အထိ ယဥ္ ႀကိဳးစားမယ္။ ေမာင္ကိုယ္တိုင္လည္း ယဥ့္မိဘနဲ႔ ေတြ႕ဖူးတယ္။ စကားလည္း ေျပာၾကည့္ဖူးတယ္။ ဒါနဲ႔ေတာင္ ယဥ့္မိဘစိတ္ကို မရိပ္မိဘူးတဲ့လားကြယ္။ ေဖေဖေရာ ေမေမပါ ဂုဏ္မက္တဲ့အစားထဲက မဟုတ္ပါဘူး ေမာင္။ ယဥ့္ကို ေဖေဖနဲ႔ေမေမတို႔ ႏွစ္ေယာက္စလံုးက သမီးအိမ္ေထာင္ရွင္အျဖစ္ ေရြးတဲ့လူဟာ အရာရာမွာ ထိပ္တန္းေရာက္ဖို႔မလိုဘူး။ သမီးတို႔ အိမ္ေထာင္ေရးအတြက္ လိုအပ္တဲ့ျပည့္စံုမႈ ဖန္တီးႏိုင္ရင္ ေတာ္ပါၿပီတဲ့ ”
“ အဲဒီလိုအပ္တဲ့ ျပည့္စံုမႈေတြဆိုတာက ဘယ္ေရြ႕ဘယ္မွ် အတိုင္းအတာဆိုတာ ခက္တယ္ယဥ္ရဲ႕။ ၿပီးေတာ့ ယဥ့္အိမ္ကို ေမာင္လုိက္တာ ယဥ့္ခ်စ္သူ တစ္ေယာက္အေနနဲ႔ မဟုတ္ဘူး။ ယဥ့္သူငယ္ခ်င္းအေနနဲ႔ လုိက္ရတာ။ ယဥ့္မိဘကို ဂုဏ္မက္တယ္လို႔ ေမာင္ မစြပ္စြဲပါဘူး။ ဒါေပမဲ့ ေမာင္စိုးရိမ္တာ မလြန္ဘူးလို႔ ေမာင္ေတာ့ထင္တာပဲ။ ဘာျပဳလို႔ဆိုေတာ့ တစ္ခ်ိန္ခ်ိန္မွာ ႏွလံုးေျမက်အျဖစ္မ်ိဳးနဲ႔ ၾကံဳရမွာကို ေမာင္ေၾကာက္လို႔ပဲ ယဥ္။ ဒါဟာလည္း ယဥ္နဲ႔ခြဲရမွာကို မလိုခ်င္လြန္းလို႔ ေတြးမိတာပဲ။ ယဥ့္ကို ခ်စ္လြန္းလို႔ ပူပန္ရတဲ့စိတ္ကို ဘယ္သူတားႏိုင္မလဲ ယဥ္ ”
ယဥ္သည္ ကၽြန္ေတာ္ေတြးသလို ေတြးမိေခ်ၿပီထင္၏။ ကၽြန္ေတာ္ေၾကာင့္ၾကသလို ေၾကာင့္ၾကမိေခ်ၿပီထင္၏။ ႏွလံုးညစ္ေထြးဖြယ္စကားတို႔ကို တမင္ေျပာေနသည္မဟုတ္မွန္း ယဥ္သေဘာေပါက္မိၿပီထင္၏။ ကၽြန္ေတာ္ဆိုလိုေသာ အဓိပၸါယ္ကို ျပည့္ျပည့္ေစ့ေစ့ သိျမင္ႏိုင္ေကာင္းေပၿပီ။ ယဥ့္မ်က္ႏွာသည္ အေျခအေနအားလံုးကို ေပါင္းရံုးခ်င့္စာ၍ ယတိျပတ္ဆံုးျဖတ္သည့္ အရိပ္အျခည္ျဖင့္ တည္ၿငိမ္လာသည္။ ညိွဳးႏြမ္းျခင္းလည္း မရွိ၊ ၾကည္ႏူးျခင္းလည္း မေပၚေသာ မ်က္လံုးကို ကၽြန္ေတာ္ေတြ႕ရသည္။
“ ဒါျဖင့္ ေမာင္ ယဥ့္ကို ခုပဲေခၚ။ ေမာင္ေခၚရာေနာက္ ယဥ္လိုက္မယ္။ ယဥ္ တကယ္ေျပာတာေနာ္။ ေမာင္ သြားစို႔ ”
သူ႔စကားေၾကာင့္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ရေလသည္။
“ အို…ေမာင္ ဒီလိုေျပာတာ မဟုတ္ဘူး ယဥ္။ ယဥ့္ကို ေမာင္ယံုပါတယ္။ ေမာင့္ကို အထင္မမွားေစခ်င္ဘူး ယဥ္ရယ္။ ေမာင္ေျပာတာက…. ”
“ ေတာ္ပါေတာ့ ေမာင္ရယ္။ ဟင့္အင္း….ယဥ္မၾကားခ်င္ဘူး။ ခုပဲ ေမာင့္ေနာက္ကို ယဥ္ လိုက္မယ္။ အဆင္းရဲဒုကၡဆုိတာလည္း ယဥ္ခံႏိုင္ပါတယ္။ ဘာမဆိုရင္ဆိုင္ဖို႔ သတၱိအျပည့္နဲ႔ပါ ေမာင္။ ဟိုအရင္က ေမာင္ေျပာေျပာေနတဲ့ တကယ္ခ်စ္ရင္ တကယ္စြန္႕စား၀ံ့တယ္ဆိုတာ ခုလက္ေတြ႕ျပမယ္။ လာ ေမာင္၊ ထ၊ သြားမယ္ ”
ယဥ္သည္ ထိုင္ရာမွ ထလိုက္သည္။ ကၽြန္ေတာ့္လက္ကို ဆြဲယူလိုက္သည္။
“ ေမာင့္စကားကို ယဥ္နားမေထာင္ေတာ့ဘူးလား။ ေမာင့္ကို အရြဲ႕မတိုက္ပါနဲ႔ ယဥ္။ ေမာင္ေျပာခ်င္တာက တစ္ခ်ိန္မွာ ျပႆနာ၀င္လာရင္ ယဥ္ ေမာင့္ဘက္က ရပ္ဖို႔ပဲ ”
“ ေၾသာ္…တစ္ခ်ိန္ဆိုတာက ေ၀းပါေသးတယ္။ ခုပဲ ေမာင္စိတ္ခ်ရေအာင္ လိုက္မယ္လို႔ ေျပာပါပေကာ၊ သြားမယ္ေလ၊ လာလို႔ဆို ”
ကၽြန္ေတာ့္ကို အတင္းဆြဲ၍ေခၚသည္။ ယဥ္ စိတ္ထိခိုက္ေလာက္ေအာင္ ခံစားေနရမွန္း ကၽြန္ေတာ္ သိသည္။
“ ယဥ္ကကြယ္ သိပ္ခက္တာပဲ။ ေမာင့္ကို တစ္မ်ိဳးသေဘာေပါက္ေနတယ္ ”
“ မေပါက္ပါဘူး၊ ေမတၱာဆိုတာကို လက္ေတြ႕နဲ႔တိုင္းတာျပမွ ေမာင္က ယံုခ်င္တာမို႔ပါ။ ဘာလဲ တကယ္ေပါင္းဖို႔ ေခၚပါဆိုေတာ့ မေခၚခ်င္ဘူးလား။ လက္ထပ္ဖို႔အထိ ယဥ့္ကို ခ်စ္တာမဟုတ္ဘူးေပါ့။ ယဥ့္ကိုယူဖို႔က်ေတာ့ ေမာင္ ေသြးေၾကာင္ေနသလား ”
“ ေခၚခ်င္တယ္ ယဥ္၊ သာၿပီးေခၚခ်င္တယ္။ ဒါေပမဲ့ ယဥ္ဒုကၡေရာက္မွာကို ေမာင္မလိုလားဘူး။ ေမာင့္စီမံကိန္းကို ယဥ္သိလ်က္သားနဲ႔ ”
ယဥ္က ေခါင္းကိုသာ ခါၿမဲခါ၏။
“ အို မလိုပါဘူး။ ငရဲတြင္းမွာပဲ ေနရေနရ၊ ယဥ္ေနႏို္င္တယ္ ”
“ ေျပာပါ ယဥ္၊ ယဥ္ ေမာင့္ကို နည္းနည္းမွ မသနားဘူး ”
ထိုစကားေၾကာင့္ ယဥ္သည္ ငိုင္က်သြားသည္။
“ ေမာင့္ကို နားလည္ပါ ယဥ္ရယ္ ”
ယဥ္သည္ ကၽြန္ေတာ့္ကို ၾကည့္သည္။
“ ခ်စ္လြန္းလို႔၊ မခြဲခ်င္လြန္းလို႔ ရင္ထဲကထြက္လာတဲ့ စကားေတြပါ။ ႏွလံုးသားထဲက မ်ိဳသိပ္ထားလို႔ မရတဲ့အထိ ျဖစ္ေနရတဲ့ ယဥ္ကို ခ်စ္တဲ့စိတ္ပါ ”
ယဥ့္ကို ကၽြန္ေတာ္ ေစ့ေစ့ၾကည့္သည္။ ပခံုးႏွစ္ဖက္ကို ဆြဲယူလုိက္သည္။ ကၽြန္ေတာ့္ရင္ခြင္ထဲသို႔ အလုိက္သင့္၀င္လာသည္။ “ ေမာင္က ယဥ့္ကိုမယံုဘူး ” ဟု ဆိုသည္။ “ ယံုပါတယ္ ယဥ္၊ ယံုရလြန္းလို႔ မယံုႏို္င္စရာေတြ ျဖစ္မလာရေအာင္ ေျပာေနရတာေတြပါ ” ဟု ျပန္ေျပာလိုက္သည္။ ထိုစကားကို ႏွစ္သက္ဟန္ထင္၏။ ေက်ေအးေသာသေဘာႏွင့္ ျပံဳးေလသည္။ ထို႕ေနာက္ ႏွစ္လိုၾကည္ျဖဴစြာျဖင့္ ၾကာရွည္ေသာ အနမ္းမ်ား။ မည္ေရြ႕မည္မွ် ၾကာရွည္သြားၿပီကို သတိမမူမိ။ ပတ္၀န္းက်င္တြင္ ေဆာင္းျမဴမ်ား သန္းလာသည္။
“ ျပန္စို႔ ေမာင္ ”
လူခ်င္း ခြာလိုုက္သည္။
“ မိေဆြလည္း ေစာင့္ေနရတာ ပ်င္းလွေရာေပါ့ ”
“ ေမာင့္စိတ္ကေတာ့ ခဏေလးမွ တကယ့္ခဏေလးပဲ ”
လက္ခ်င္းတြဲ၍ ကန္စပ္မွ ကုန္းျမင့္ဆီသို႔ လွမ္းတက္ၾကသည္။ အင္းလ်ားလမ္းေပၚသို႔ ေရာက္သည္အထိ လက္တြဲမျဖဳတ္ၾက။ ဘြဲ႕ႏွင္းသဘင္ အေဆာက္အအံုေနာက္ဘက္ ဆင္၀င္ဘက္သို႔ ဆက္ေလွ်ာက္သည္။ ဆင္၀င္ေအာက္တြင္ ‘ အေနာက္ေလနတ္သား ’ အမည္ရွိေသာကားက ေစာင့္ေနသည္။ ကားအနီးသို႔ ေရာက္ေသာအခါ ဒရိုင္ဘာအဘိုးႀကီးသည္ အိပ္ငိုက္လ်က္ရွိသည္။ ေနာက္ဘက္ထိုင္ခံုေပၚတြင္ ၀တၳဳစာအုပ္တစ္အုပ္ကို ပ်င္းပ်င္းရိရိဖတ္ေနေသာ မိေဆြကို ေတြ႕ရသည္။ မိေဆြသည္ ယဥ့္အခ်စ္ဆံုး သူငယ္ခ်င္းျဖစ္သည္။ ကၽြန္ေတာ္ႏွင့္လည္း တစ္တန္းတည္းသား သူငယ္ခ်င္း ျဖစ္သည္။
“ ေစာင့္လိုက္ရတာ ေလးသေခ်ၤႏွင့္ ကမၻာတစ္သိန္း။ ဘာေတြလုပ္ေနၾကလဲ မသိဘူး ”
(၂)
အိမ္သို႔ျပန္ေရာက္ေသာအခါ အတန္မွ် မိုးခ်ဳပ္ေနၿပီ။
အေဖသည္ ၾကက္သြန္ခ်ိန္ရာမွ ကၽြန္ေတာ့္ကို လွမ္းေျပာသည္။
“ သား ျပန္လာတာ ေနာက္က်လွခ်ည္လား ”
“ ဟုတ္ကဲ့ အေဖ၊ ကိစၥေလး တစ္ခုရွိလို႔ မိုးခ်ဳပ္သြားတာပါ ”
“ ေအး ေအး၊ ဒါျဖင့္လည္း မင္းညီနဲ႔ ညီမတို႔နဲ႕ တစ္ခါတည္း ထမင္း၀င္စား၊ အေဖေတာ့ စားၿပီးၿပီ ”
“ အေမေကာ အေဖ ”
“ ပြဲေစ်းထြက္တယ္ေလ။ ေတာ္ၾကာမွ ေကာင္မေလး ထမင္းသြားပို႔လိမ့္မယ္ ”
ရွပ္အက်ၤီခၽြတ္ရင္းႏွင့္ အေဖ့အနီးတြင္ ထိုင္လိုက္သည္။ ထိုအခိုက္ ကေလးတစ္ေယာက္က ေရနံဆီလာ၀ယ္သျဖင့္ ကၽြန္ေတာ္က ေရာင္းေပးရင္း…
“ လြင္ညြြန္႔တို႕ေကာ လာေသးလားအေဖ ”
ေရနံဆီ၀ယ္သူကေလးထံမွ ပိုက္ဆံတစ္မတ္လွမ္းယူရင္းႏွင့္ အေဖက ေျဖသည္။
“ လာတယ္ကြ၊ ဟိုအိမ္မွာ ရွိတယ္ထင္ရဲ႕ ”
‘ ဟိုအိမ္ ’ ဆိုသည္မွာ ကၽြန္ေတာ္တို႔အိမ္ႏွင့္ ေျခရင္းဘက္တစ္အိမ္ေက်ာ္ကို ဆိုလိုသည္။ ကၽြန္ေတာ့္သူငယ္ခ်င္း ၀င္းေဆြႏွင့္ ျမင့္ၾကည္တို႔ႏွစ္ေယာက္ ငွားေနၾကေသာ အိမ္ျဖစ္သည္။ ၀င္းေဆြက မိဘေဆြမ်ိဳးအရင္းအျခာမရွိ၊ တစ္ေယာက္တည္းသမား၊ ျမင့္ၾကည္ကလည္း သူ႔နည္းတူျဖစ္သည္။ ၀င္းေဆြက ညဘက္တြင္ သတင္းစာတိုက္၌ အလုပ္လုပ္၍ ေန႔ဘက္တြင္ ေက်ာင္းတက္သည္။ ကၽြန္ေတာ္ႏွင့္ တစ္တန္းတည္းသားျဖစ္သည္။
ျမင့္ၾကည္ကမူ ရံုးစာေရးလုပ္ေနသည္။ ထိုအိမ္သည္ ကၽြန္ေတာ္တို႔ သူငယ္ခ်င္းတစ္ေတြ ဆံုရာသမဂၢျဖစ္သည္။ ကၽြန္ေတာ္သည္ ထိုအိမ္သို႔ သြား၍ေနသည္။
“ သား ထမင္းသြားစားေလ ”
“ ဟုတ္ကဲ့ ” ဟုဆိုကာ မီးဖိုေခ်ာင္သို႔ ထြက္လာသည္။ ညီႏွင့္ ညီမတို႕က ခူးခပ္ေပးသည္။ ထမင္းစားေနခိုုက္တြင္ ေဌးၿမိဳင္၊ အပါလြင္ႏွင့္ ၾကည္ရႊင္တို႔ ေရာက္လာၾကသည္။
“ စားၾကဦးကြာ ”
“ စားၿပီးၿပီ ” ဟု ေျဖၾကသည္။
“ ဒီေန႔ ေတြ႕လိုက္ပါတယ္ကြာ၊ ၀မ္းသာပါတယ္ ” ဟူေသာ ေဌးၿမိဳင္၊ စကားေျပာမည္အျပဳတြင္ “ ငါကေတာ့ အထီးက်န္ပဲ၊ ဒါေပမဲ့ မင္းကိုၾကည့္ၿပီး ၾကည္ႏူးမိပါတယ္ ” ဟူေသာ ၾကည္ရႊင့္စကား၊ တစ္ဆက္တည္း “ သံုးေလးလၾကာရင္ ငါတို႔ ဒီေက်ာင္းက ခြာရေတာ့မယ္။ ဘြဲ႕ရၿပီးတဲ့ေနာက္ ခ်စ္တဲ့သူနဲ႔ေနရဖို႔ အေရးလည္း မင္းႀကိဳးစားရဦးမွာပါကလား သူငယ္ခ်င္းရာ…ဟင္ ” ဟု အပါလြင့္စကား။ တစ္စံုတစ္ရာ ျပန္ေျပာမည့္ ကၽြန္ေတာ့္ကို ေဌးၿမိဳင္က လက္ကာျပရင္း “ ထမင္းၿပီးေအာင္စား။ ဟိုအိမ္က်မွ ေအးေအးေဆးေဆး ေျပာၾကတာေပါ့။ လြင္ညႊန္႔လည္း ေရာက္ေနတယ္ ” ဟုဆို၍ ကမန္းကတန္းႏွင့္ ၀ေအာင္ စားလုိက္ရသည္။ ၿပီးမွ ထိုအိမ္သို႔သြားၾကသည္။
“ သိပ္ေျပလည္ေနတယ္ေပါ့၊ ၾကားပါတယ္၊ သာဓုပါပဲ ”
ျမင့္ၾကည္က ေနာက္လိုက္သည္။ ပက္လက္ကုလားထိုင္ေပၚတြင္ ထိုင္ေနေသာ လြင္ညႊန္႕က….
“ မင္းနဲ႔ ယဥ္နဲ႔ စာၾကည့္တိုက္ေရွ႕က ျဖတ္သြားတာ မဟုတ္လား။ အဲဒီအခ်ိန္မွာ ငါက စာၾကည့္တိုက္အေပၚက ၾကည့္ေနတာ ” ဟု ျပံဳးစစႏွင့္ဆို၏။
သူတို႔က ၀ိုင္း၍ေနာက္ၾက ေျပာင္ၾကသည္။ ၀မ္းသာေသာ အထိမ္းအမွတ္ဟုဆိုကာ လက္ခုပ္လက္၀ါး တီးလိုက္ၾကေသးသည္။ သူတို႔နည္းတူ ကၽြန္ေတာ္က ျပန္၍ ေနာက္သည္။ စသည္။ သူတို႔နည္းမက ၀မ္းသာရသည္။ သို႔ေသာ္….
“ ယဥ့္ကို ခ်စ္မိတာ မွားမ်ားမွားေနသလားလို႔ တစ္ခါတစ္ခါ ေတြးမိတယ္ ”
“ ဟာ…မင္းေတာ္ေတာ္ညံ့ေနေသးတဲ့ ေကာင္ပဲ ” ဟု အပါလြင္က ဆို၏။
“ ေအးေလ၊ ခုထိလာေသးတယ္၊ ပထမကတည္းက ေကာင္မေလးက သူ႔ကို သိပ္အခြင့္အေရးေပးလို႔ ခ်စ္တယ္လို႔ဖြင့္ေျပာခိုင္းတာေတာင္ ဒီငတိက မေျပာခ်င္ဘူးေလးဘာေလးနဲ႔။ ခုလည္း ခ်စ္မိတာ မွားမ်ားမွားေနသလားတဲ့ ”
“ ဒီမယ္ သူငယ္ခ်င္း။ ေလာကမွာ လူတန္းစားကြဲျပားတယ္ဆိုတဲ့ ငါ့စကားကို လက္ခံၾကမွာမဟုတ္ဘူး၊ အလႊာခ်င္းမတူဘူး သူငယ္ခ်င္း၊ သူက ခ်မ္းေျမ့ရိပ္ျမံဳက ေပါက္ပြားလာတာ၊ ငါက လူဆင္းရဲရဲ႕ သားသမီးကြ။ သူ႔အေဖကဆိုရင္ ဌာနတစ္ခုမွာ အႀကီးဆံုးအရာရွိ၊ သူ႔အေမကလည္း အရာရွိႀကီး။ တိုက္နဲ႔ကားနဲ႔။ ငါ့မွာကေတာ့ မင္းတို႔အသိပဲ။ ငါ့အေဖက ဒူလာစြဲလို႔ အိမ္ဆိုင္ထို္င္ေရာင္းေနရတယ္။ အေမက အေၾကာ္သည္။ ဘ၀ခ်င္းေရာ၊ ဘ၀ပတ္၀န္းက်င္ခ်င္းေရာ ဘယ္လိုမွမတူဘူး။ ဒါေတြဟာ အႀကီးမားဆံုးျပႆနာပဲ။ ယဥ္ကေရာ ဒီအတားအဆီးေတြကို ေက်ာ္ႏိုင္မတဲ့လား။ ယဥ္ဟာ မိန္းမေတြထဲက မိန္းမတစ္ေယာက္ပဲ။ ထူးျခားတဲ့ သတၱိရွိႏိုင္တယ္ပဲ ထားဦး။ သူ႔ပတ္၀န္းက်င္ကို ဘယ္အတုိင္းအတာအထိ လြန္ဆန္ရဲပါ့မတဲ့လဲ။ ဒါပါ ”
“ ဒါကေတာ့ ယဥ့္ေမတၱာကို မင္းအထင္ေသးတာပဲ ”
ၾကည္ရႊင္က ေဒါႏွင့္ေမာႏွင့္ ဆို၏။
“ မဟုတ္ပါဘူး ” ကၽြန္ေတာ္ျငင္းေသာ္လည္း ၾကည္ရႊင္က လက္မခံ။
“ ေမတၱာတရားဟာ အင္အားကြ၊ ေမတၱာတရားဟာ သတၱိကြ။ ေကာင္မေလးက မင္းကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ငါတို႔က သိတယ္။ တို႔သိသေလာက္ မင္းမသိဘူး။ ေမတၱာတရားဟာ ဘယ္ေလာက္ခက္တဲ့ အခက္အခဲကိုမဆို ေက်ာ္လႊားႏိုင္တယ္ဆိုတဲ့ ကဗ်ာဆရာရွယ္လီရဲ႕ ကဗ်ာကို မဖတ္ဖူးေရာ့သလားကြာ ”
“ ဒီမယ္…တစ္ခ်ိန္က်လို႔ မင္းတို႔ျပႆနာ ၀င္လာၿပီဆိုရင္ ငါတို႔က အစြမ္းကုန္ ကူညီမယ္။ ေထာင္က်က်၊ တန္းက်က်၊ ဒါ တို႔ရဲ႕ကတိပဲ ”
အပါလြင္က ဆိုလိုက္သည္။
(၃)
ဘြဲ႕ယူၿပီး ႏွစ္ပတ္အၾကာတြင္ ျဖစ္၏။
တစ္၀မ္းတစ္ခါးအတြက္ အလုပ္ရွာရသည့္ထံုးစံအတိုင္း ေျခဆန္႔ေနခဲ့ရ၍ ယဥ္ႏွင့္ မေတြ႕ျဖစ္။ သည္ေန႔နံနက္ပိုင္း အျပင္သို႔ အလုပ္စနည္းနာထြက္မည္အျပဳတြင္ ယဥ့္သူငယ္ခ်င္း မိေဆြေရာက္လာသည္။ စာတစ္ေစာင္ထုတ္ေပးၿပီး ခ်က္ခ်င္းလိုက္ခဲ့ရန္ မိေဆြက ေျပာသည္။ သုတ္သီးသုတ္ပ်ာ အေျခအေနမ်ားေၾကာင့္ ေဌးၿမိဳင္တို႔လူစုက အကဲခတ္ေနသည္။
ေမာင္….
ယဥ္ေတာ့ ရင္ကြဲရလိမ့္မယ္ ေမာင္ရယ္။ ေမေမတို႔ သေဘာတူတဲ့လူနဲ႔ ေပးစားၾကေတာ့မလိုိ႔တဲ့။ ယဥ္မၾကံတတ္ေတာ့ဘူး ေမာင္။ ငိုခ်င္ေနတာပဲသိတယ္။ ေမာင္ မိေဆြတို႔အိမ္က ေစာင့္ေနပါ။ ယဥ္အဆင္ေျပတဲ့အခ်ိန္ ထြက္လာမယ္။
ယဥ္
ထိုစာကိုဖတ္ၿပီးတစ္ခဏ၌ေသာကမီးသည္ တေျမ့ေျမ့ေလာင္ၿမိဳက္လာသည္။ ရင္ႏွလံုးပူဆာ ညိွဳးႏြမ္းလာသည္။ ေဌးၿမိဳင္တို႔ဘက္သို႔ စာကို လွမ္းေပးလိုက္သည္။ သူတို႔အားလံုးမွာ ဖတ္ၿပီးၿပီးခ်င္း မ်က္လံုး၀ိုင္းကုန္ၾကသည္။
“ အခ်ိန္မရွိဘူး၊ သြားရေအာင္ ” မိေဆြက ေျပာသည္။
“ ေဟ့…ဘာမွ စဥ္းစားမေနနဲ႔။ တစ္ခါတည္းသာ ေခၚလာ။ တို႔ဒီက အားလံုးအဆင္သင့္ျဖစ္ေနမယ္။ သြား သြား ” ၾကည္ရႊင္က ေျပာသည္။
မိေဆြက သူ႔ကားကို စက္ႏိႈးလိုက္သည္။ အပါလြင္က ကားေပၚကၽြန္ေတာ္ မတက္မီ….
“ ဒီကိုသာ ေခၚလာ။ ဒီကေန လံုျခံဳရာေနရာေတြ တို႔ပို႔ေပးမယ္။ မပူနဲ႔ ” ဟုမွာသည္။
ဆယ့္ငါးမိနစ္အၾကာတြင္ မိေဆြတို႔အိမ္ ေရာက္လာသည္။ မိေဆြက ယဥ့္ဆီသို႔ တယ္လီဖုန္းဆက္သည္။ “ ေစာင့္ပါ ” ဟု ဆိုသည္။ တစ္နာရီနီးပါးအၾကာတြင္ ယဥ္ ေရာက္လာသည္။ ေတြ႕လွ်င္ေတြ႕ခ်င္း ငိုသည္။ မိေဆြက ေရွာင္ထြက္သြားသည္။
“ ဘယ္လိုလုပ္မလဲ ေမာင္ရယ္ ”
ကၽြန္ေတာ့္ရင္တြင္ ေခါင္းအပ္၍ ရိွဳက္သံႏွင့္ဆိုသည္။ ၿပီးမွ အက်ိဳးအေၾကာင္းရွင္းျပသည္။ အက်ဥ္းအားျဖင့္ဆိုရေသာ္ အျမင့္ဆံုးဘြဲ႕ႏွစ္ခုကို ႏိုင္ငံျခားမွ ယူလာသူ၊ ေဆြႀကီး မ်ိဳးႀကီး ဂုဏ္ျဒပ္ႀကီးရွိသူတစ္ဦးႏွင့္ သူ႔မိဘ သေဘာတူေၾကာင္း၊ ကၽြန္ေတာ္ႏွင့္ မည္သို႔မွ်သေဘာမတူေၾကာင္း၊ ထို႔ေၾကာင့္ တစ္လႏွစ္လအတြင္း လက္ထပ္ရန္ သူ႔မိခင္က စီစဥ္ေနေၾကာင္းတို႔ပင္ ျဖစ္သည္။
“ ဒီအေရးေတြကို ေမာင္ေတြးမိလို႔ လြန္ခဲ့တဲ့ႏွစ္ႏွစ္သံုးႏွစ္ေလာက္ကတည္းက ေျပာခဲ့တာမဟုတ္လား။ ငိုမေနနဲ႔ ယဥ္။ ေမာင္တို႔ သတၱိရွိရလိမ့္မယ္။ ယဥ့္ေမတၱာတရား၊ သစၥာတရားေတြကို သတၱိစိတ္ေပၚမွာ လံုး၀အေျခစိုက္ရလိမ့္မယ္။ ဒီမယ္ ယဥ္…ယဥ္ ေမာင့္ကို ခ်စ္တယ္ မဟုတ္လား။ ယဥ္ တကယ္ေျဖ ”
ယဥ္က ေခါင္းညိတ္ျပရင္း ….
“ ခ်စ္တယ္ ေမာင္။ သိပ္ခ်စ္တယ္။ ခ်စ္ရလြန္းလို႔ ရင္ေတြလည္း ကြဲထြက္ေတာ့မတတ္ ယဥ့္မွာ ခံစားေနရၿပီ ” ဟု ရိႈက္သံေရာ၍ ေျဖသည္။
“ ယဥ္ ေမာင္နဲ႔ ခြဲႏိုင္သလား ”
“ အို…ေမာင္ရယ္၊ ဘယ္လိုမ်ား ေမးလိုက္တာလဲ။ မခြဲႏိုင္လို႔ ခုလို လာေတြ႕ေနရတာေပါ့ ”
ကၽြန္ေတာ္ အံႀကိတ္မိသည္။ ယဥ့္ပခံုးကို တင္းက်ပ္စြာ ဆုပ္ကိုင္လုိက္သည္။ ယဥ္သည္ ကၽြန္ေတာ့္မ်က္လံုးကို စိုက္ၾကည့္ေနသည္။
“ လာေလ ယဥ္၊ သြားမယ္။ ဒရိုင္ဘာအဘိုးႀကီးကို ‘ လမ္းထိပ္ခဏသြားမယ္။ ဒီကေနေစာင့္ပါ ’ လို႔ ေျပာထားၿပီး ေမာင္တို႔ လြတ္ရာေျပးၾကရေအာင္ ”
ယဥ္သည္ ငိုင္တိငိုင္တိုင္ႏွင့္ ကၽြန္ေတာ့္ကို ၾကည့္ေနသည္။
“ ယဥ္ ဘယ္လိုလုပ္ေနတာလဲ၊ ထ။ ေတာ္ေတာ္ၾကာ မိေဆြအိမ္က လူႀကီးေတြ ျပန္လာရင္ ခက္ကုန္မယ္။ လာ ”
ယဥ့္လက္ကို ဆြဲလိုက္သည္။
“ မျဖစ္ဘူး ထင္တယ္ေမာင္ ”
“ ဘာလို႔ မျဖစ္ရမွာလဲ။ ဘာလဲ ေမာင္နဲ႔ေနရင္ ဟိုလူ႔လက္ထဲမွာလို ခ်မ္းခ်မ္းသာသာ မေနရမွာ စိုးလို႔လား ”
“ အို မဟုတ္ပါဘူး ေမာင္ရယ္။ ယဥ့္ကို ဒီလိုမေျပာပါနဲ႔။ ယဥ္ေသမိလိမ့္မယ္ ”
မ်က္ရည္ေပါက္ေတြက သူ႔ပါးျပင္သို႔ လိမ့္ဆင္းလာသည္။
“ တစ္ခ်ိန္တုန္းကေတာ့ ယဥ္က ေမာင့္ကို ေသြးေၾကာင္တယ္ဆို။ ခု တကယ္တမ္း ေသြးေၾကာင္တာက ဘယ္သူလဲ ယဥ္။ ဟင္…ယဥ္ ေျဖစမ္းပါ ”
“ မဟုတ္ဘူး ေမာင္။ ေမာင္ေျပာသလို မဟုတ္ဘူး။ ယဥ္လုပ္ခ်င္သလို လုပ္သြားရင္ ေမေမေသလိမ့္မယ္။ ေမေမ့မွာ ႏွလံုးေရာဂါရွိတယ္။ ယဥ့္သတင္းၾကားရင္ ေမေမေသလိမ့္မယ္။ ယဥ္ ေမေမ့ကိုငဲ့ရဦးမယ္ ”
“ ဒီအေၾကာင္းျပခ်က္ေတြက ၀တၳဳေတြထဲမွာ ေမာင္အမ်ားႀကီး ဖတ္ဖူးပါတယ္ ယဥ္။ ရိုးေနပါၿပီ ”
ယဥ္သည္ ကၽြန္ေတာ့္လက္ကို ဖ်စ္ညွစ္ကာ “ အေျပာရက္စက္လိုက္တာ ေမာင္ရယ္။ ယဥ့္ေမတၱာတရားကို ယဥ္ပဲ သိပါတယ္ ” ဟု ဆိုသည္။
“ ကဲ…ယဥ္ တစ္ခုပဲ ေျဖပါ ”
ယဥ္သည္ မာေက်ာေသာ ကၽြန္ေတာ့္စကားေၾကာင့္ မ်က္လံုး၀ိုင္းသြားသည္။
“ ဒီလိုိဆို ယဥ့္ေမေမ့စကားကို နားေထာင္လိုက္မယ္ေပါ့ ”
ေငးၾကည့္ေနရံုမွအပ လံုး၀မေျဖ။
“ ေျဖေလ ယဥ္ ”
ကၽြန္ေတာ့္ရင္ထဲတြင္ ဆူလိႈက္ေနသည္။ ယဥ္သည္ ငိုေနသည္။
“ ေျဖလို႔ဆိုတာ… ”
ေအာ္ဟစ္လိုက္သလို ျဖစ္သြားသည္။ ယဥ္သည္ ခ်ံဳးပြဲခ်၍ ငိုသည္။ သူ႔ပခံုးကိုလႈပ္ကာ ကၽြန္ေတာ္ေမးသည္။ ႀကိမ္ဖန္မ်ားစြာ ေမးလိုက္သည္။ ဆူဆူညံညံအသံေၾကာင့္ မိေဆြသည္ အိပ္ခန္းဘက္မွ ထြက္လာသည္။ အ့ံအားသင့္ေသာအၾကည့္ႏွင့္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို ၾကည့္သည္။ မိေဆြသည္ ယဥ့္အပါးသို႔ တိုးကပ္လိုက္သည္။ ယဥ္က မိေဆြကို ဖက္ကာငိုသည္။
“ ေျဖလို႔ဆိုတာ ယဥ္ မေျဖေတာ့ဘူးလား၊ ရက္စက္တာက ယဥ္ပါ ”
မိေဆြက “ ယဥ္ ေျဖလိုက္ေလကြယ္ ” ဟု ၀င္ေထာက္သည္။ အတန္ၾကာမွ…
“ နားေထာင္လိုက္ရေပမဲ့ ေမာင့္ကို ယဥ္ခ်စ္ပါတယ္။ ေမာင့္ကိုပဲ ခ်စ္ပါတယ္။ အို…ယဥ့္ကို သတ္သြားပါေတာ့ ေမာင္ရယ္ ”
ျပတ္သားသြားေပၿပီ။ အၿပီးတိုင္ဆံုးရံႈးသြားၿပီဟု သိလိုက္ရပါၿပီ။ စကားမဆိုသာေတာ့ၿပီ။ သတိလက္လြတ္လည္း ျဖစ္ရပါၿပီ။ ယဥ့္ေရွ႕တြင္ မည္မွ်ၾကာေအာင္ ရပ္ေနမိသည္မသိ။ သိသည့္ခဏ၌ ရုတ္ျခည္းပင္ ထိုအိမ္ေပၚမွ ဆင္းလိုက္သည္။ ယဥ့္ငိုသံသည္ ပဲ့တင္ခတ္ေနသည္။
(၄)
“ ေဟ့ ဘယ္ႏွယ့္လဲ၊ ဘာတဲ့လဲ၊ ဘယ္လို စီစဥ္ခဲ့သလဲ ”
၀င္းေဆြက အိမ္ထဲသို႔ မေရာက္ေသးေသာ ကၽြန္ေတာ့္ဆီသို႔ အေျပးထြက္၍ေမးသည္။ အိမ္ေပၚသို႔ ေရာက္ေသာအခါ ေဌးၿမိဳင္၊ ျမင့္ၾကည္။ လြင္ညႊန္႔၊ အပါလြင္ႏွင့္ ၾကည္ရႊင္တို႔က ၀ိုင္း၍ေမးၾကသည္။ ရွည္ရွည္ေ၀းေ၀း မေျဖလိုေတာ့။
“ ယဥ္ သူ႔အေမစကားကို နားေထာင္သြားၿပီ ”
“ ဟင္ ”
ၾကည္ရႊင္က “ ဟင္ ” ခနဲ အာေမဍိတ္ျပဳလိုက္သည္။ အားလံုးမွာ ပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္။ မ်က္စိမ်က္ႏွာ ပ်က္သြားၾကသည္။ ငိုင္ေနၾကသည္။ တစ္ေယာက္ကို တစ္ေယာက္ စကားတစ္လံုးမွ် မေျပာမိၾက။ အတန္ၾကာေသာ္ ၾကည္ရႊင္က ဟိုလိုလို သည္လိုလို အိမ္ေပၚမွ ဆင္းသြားသည္။ ထို႔ေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ အိမ္ေပၚမွ ေရွာင္သြားၾကသည္။
အိပ္ရာေပၚသို႔သြားလွဲ၍ စိတ္သက္သာရာ ရွာမိသည္။ ရင္ထဲ၌ မီးေတာက္ေနသည္ထင္၏။ ျမည္တမ္းဖြင့္ဟလို၍ ေဌးၿမိဳင္တို႔လူစုကို ေမွ်ာ္မိသည္။ သို႔ေသာ္ ညဥ့္နက္သည္အထိ ျပန္မလာၾကေသး။
ႏွစ္ပါးသြားတုန္းကမူ လက္ခုပ္လက္၀ါး ၀ိုင္းတီးေပးခဲ့ၾကသည္။ သို႔ရာတြင္ အလြမ္းခန္း အပူတိုက္က်ေတာ့မူ ကၽြန္ေတာ္တစ္ေယာက္တည္း။ ။
ၿငိမ္းေက်ာ္
ျဖဴနီညိဳျပာမဂၢဇင္း အတြဲ(၁) အမွတ္(၁)၊ ဧျပီလ၊ ၁၉၆၉
Unicode Version
“ တစ်ယောက်တည်း ”
(၁)
“ ဟင်း အပိုတွေ မယုံပေါင် ”
ယဉ်က ခေါင်းကိုငဲ့၍ ပြုံးထေ့ထေ့နှင့်။
“ မောင် တကယ်ပြောတာ ယဉ်ရဲ့။ ယဉ့်ကို မောင်ဘယ်လောက်ချစ်တယ်ဆိုတာ မောင်အသိဆုံးပဲ။ ယဉ်မယုံတော့ မောင်စိတ်မကောင်းဖြစ်ရတယ် ”
“ အို…မောင်ကလည်း၊ မောင့်ကို ယဉ် ကျီစားနေတာပါ၊ မောင့်အချစ်ကို ယဉ်မယုံဘဲနေမလား မောင်ရယ်၊ မျက်နှာကြီး အိုမထားစမ်းပါနဲ့။ အကြည့့်ရဆိုးလိုက်တာ မှန်း…. ”
ကျွန်တော့်မေးစေ့ကို ဆွဲယူ၍ ပြုံးသည်။ ယဉ့်လက်ဖဝါးနုနုထွေးထွေးက နွေးလှသည်။ ယဉ့်လက်မောင်းကို ဆွဲယူလိုက်သည်။ ကျွန်တော့်ရင်သည်ခုန်လာ၏။ ယဉ်လည်း သည်အတိုင်းရှိပေလိမ့်မည်။ ယဉ့်မျက်လုံးသည် လဲ့နေ၏။ နှုတ်ခမ်းက အပြုံးသည် ဝေနေ၏။ ယဉ်သည် မျက်လွှာချလိုက်သည်။ ကျွန်တော့်ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။
“ မောင်… ”
ခေါင်းကိုမော့ရင်း တိုးတိုးဆိုသည်။
“ မောင့်ကို သိပ်ချစ်တယ်ကွယ်။ မောင်ယုံပလား ”
ခေါင်းညိတ်ပြလိုက်သည်။ ယဉ့်ပါးပြင်ကို ဆွဲယူလိုက်သည်။ ပါးချင်းအပ်ထားလိုက်သည်။ ရင်ထဲ၌နှလုံးသွေး အခုန်မြန်လှချေ၏။ နမ်းရန်မဝံ့၊ ခွာရန်မရဲ။
“ မောင့်ကို ယဉ်ဘယ်တော့မှ မခွဲဘူး၊ ဖြစ်ရာဘဝကို ယဉ် ရင်ဆိုင်ရဲတယ် မောင် ”
“ ယဉ့်ကို မောင်ယုံပါတယ်။ ဒါပေမယ့် အခြေအနေကိုတော့ မောင်စိတ်မချဘူး။ မောင့်ဘဝကို မောင်နားလည်လို့ ဒီစကားပြောရတာပါ။ ညောင်သီးစားနေရတဲ့ အချိန်ပေတယ်လို့ လေးသံကိုလည်း နားစွင့်ရသေးတယ် ယဉ် ”
ယဉ်က ခေါင်းခါသည်။
“ ယဉ် ပြောပြပြီးပါပကောလား မောင်ရယ်။ တစ်ချိန်ကျရင် ယဉ့်မိဘက သဘောတူလာရပါစေ့မယ်။ သဘောတူလာတဲ့အထိ ယဉ် ကြိုးစားမယ်။ မောင်ကိုယ်တိုင်လည်း ယဉ့်မိဘနဲ့ တွေ့ဖူးတယ်။ စကားလည်း ပြောကြည့်ဖူးတယ်။ ဒါနဲ့တောင် ယဉ့်မိဘစိတ်ကို မရိပ်မိဘူးတဲ့လားကွယ်။ ဖေဖေရော မေမေပါ ဂုဏ်မက်တဲ့အစားထဲက မဟုတ်ပါဘူး မောင်။ ယဉ့်ကို ဖေဖေနဲ့မေမေတို့ နှစ်ယောက်စလုံးက သမီးအိမ်ထောင်ရှင်အဖြစ် ရွေးတဲ့လူဟာ အရာရာမှာ ထိပ်တန်းရောက်ဖို့မလိုဘူး။ သမီးတို့ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ပြည့်စုံမှု ဖန်တီးနိုင်ရင် တော်ပါပြီတဲ့ ”
“ အဲဒီလိုအပ်တဲ့ ပြည့်စုံမှုတွေဆိုတာက ဘယ်ရွေ့ဘယ်မျှ အတိုင်းအတာဆိုတာ ခက်တယ်ယဉ်ရဲ့။ ပြီးတော့ ယဉ့်အိမ်ကို မောင်လိုက်တာ ယဉ့်ချစ်သူ တစ်ယောက်အနေနဲ့ မဟုတ်ဘူး။ ယဉ့်သူငယ်ချင်းအနေနဲ့ လိုက်ရတာ။ ယဉ့်မိဘကို ဂုဏ်မက်တယ်လို့ မောင် မစွပ်စွဲပါဘူး။ ဒါပေမဲ့ မောင်စိုးရိမ်တာ မလွန်ဘူးလို့ မောင်တော့ထင်တာပဲ။ ဘာပြုလို့ဆိုတော့ တစ်ချိန်ချိန်မှာ နှလုံးမြေကျအဖြစ်မျိုးနဲ့ ကြုံရမှာကို မောင်ကြောက်လို့ပဲ ယဉ်။ ဒါဟာလည်း ယဉ်နဲ့ခွဲရမှာကို မလိုချင်လွန်းလို့ တွေးမိတာပဲ။ ယဉ့်ကို ချစ်လွန်းလို့ ပူပန်ရတဲ့စိတ်ကို ဘယ်သူတားနိုင်မလဲ ယဉ် ”
ယဉ်သည် ကျွန်တော်တွေးသလို တွေးမိချေပြီထင်၏။ ကျွန်တော်ကြောင့်ကြသလို ကြောင့်ကြမိချေပြီထင်၏။ နှလုံးညစ်ထွေးဖွယ်စကားတို့ကို တမင်ပြောနေသည်မဟုတ်မှန်း ယဉ်သဘောပေါက်မိပြီထင်၏။ ကျွန်တော်ဆိုလိုသော အဓိပ္ပါယ်ကို ပြည့်ပြည့်စေ့စေ့ သိမြင်နိုင်ကောင်းပေပြီ။ ယဉ့်မျက်နှာသည် အခြေအနေအားလုံးကို ပေါင်းရုံးချင့်စာ၍ ယတိပြတ်ဆုံးဖြတ်သည့် အရိပ်အခြည်ဖြင့် တည်ငြိမ်လာသည်။ ညှိုးနွမ်းခြင်းလည်း မရှိ၊ ကြည်နူးခြင်းလည်း မပေါ်သော မျက်လုံးကို ကျွန်တော်တွေ့ရသည်။
“ ဒါဖြင့် မောင် ယဉ့်ကို ခုပဲခေါ်။ မောင်ခေါ်ရာနောက် ယဉ်လိုက်မယ်။ ယဉ် တကယ်ပြောတာနော်။ မောင် သွားစို့ ”
သူ့စကားကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်ရလေသည်။
“ အို…မောင် ဒီလိုပြောတာ မဟုတ်ဘူး ယဉ်။ ယဉ့်ကို မောင်ယုံပါတယ်။ မောင့်ကို အထင်မမှားစေချင်ဘူး ယဉ်ရယ်။ မောင်ပြောတာက…. ”
“ တော်ပါတော့ မောင်ရယ်။ ဟင့်အင်း….ယဉ်မကြားချင်ဘူး။ ခုပဲ မောင့်နောက်ကို ယဉ် လိုက်မယ်။ အဆင်းရဲဒုက္ခဆိုတာလည်း ယဉ်ခံနိုင်ပါတယ်။ ဘာမဆိုရင်ဆိုင်ဖို့ သတ္တိအပြည့်နဲ့ပါ မောင်။ ဟိုအရင်က မောင်ပြောပြောနေတဲ့ တကယ်ချစ်ရင် တကယ်စွန့်စားဝံ့တယ်ဆိုတာ ခုလက်တွေ့ပြမယ်။ လာ မောင်၊ ထ၊ သွားမယ် ”
ယဉ်သည် ထိုင်ရာမှ ထလိုက်သည်။ ကျွန်တော့်လက်ကို ဆွဲယူလိုက်သည်။
“ မောင့်စကားကို ယဉ်နားမထောင်တော့ဘူးလား။ မောင့်ကို အရွဲ့မတိုက်ပါနဲ့ ယဉ်။ မောင်ပြောချင်တာက တစ်ချိန်မှာ ပြဿနာဝင်လာရင် ယဉ် မောင့်ဘက်က ရပ်ဖို့ပဲ ”
“ သြော်…တစ်ချိန်ဆိုတာက ဝေးပါသေးတယ်။ ခုပဲ မောင်စိတ်ချရအောင် လိုက်မယ်လို့ ပြောပါပကော၊ သွားမယ်လေ၊ လာလို့ဆို ”
ကျွန်တော့်ကို အတင်းဆွဲ၍ခေါ်သည်။ ယဉ် စိတ်ထိခိုက်လောက်အောင် ခံစားနေရမှန်း ကျွန်တော် သိသည်။
“ ယဉ်ကကွယ် သိပ်ခက်တာပဲ။ မောင့်ကို တစ်မျိုးသဘောပေါက်နေတယ် ”
“ မပေါက်ပါဘူး၊ မေတ္တာဆိုတာကို လက်တွေ့နဲ့တိုင်းတာပြမှ မောင်က ယုံချင်တာမို့ပါ။ ဘာလဲ တကယ်ပေါင်းဖို့ ခေါ်ပါဆိုတော့ မခေါ်ချင်ဘူးလား။ လက်ထပ်ဖို့အထိ ယဉ့်ကို ချစ်တာမဟုတ်ဘူးပေါ့။ ယဉ့်ကိုယူဖို့ကျတော့ မောင် သွေးကြောင်နေသလား ”
“ ခေါ်ချင်တယ် ယဉ်၊ သာပြီးခေါ်ချင်တယ်။ ဒါပေမဲ့ ယဉ်ဒုက္ခရောက်မှာကို မောင်မလိုလားဘူး။ မောင့်စီမံကိန်းကို ယဉ်သိလျက်သားနဲ့ ”
ယဉ်က ခေါင်းကိုသာ ခါမြဲခါ၏။
“ အို မလိုပါဘူး။ ငရဲတွင်းမှာပဲ နေရနေရ၊ ယဉ်နေနိုင်တယ် ”
“ ပြောပါ ယဉ်၊ ယဉ် မောင့်ကို နည်းနည်းမှ မသနားဘူး ”
ထိုစကားကြောင့် ယဉ်သည် ငိုင်ကျသွားသည်။
“ မောင့်ကို နားလည်ပါ ယဉ်ရယ် ”
ယဉ်သည် ကျွန်တော့်ကို ကြည့်သည်။
“ ချစ်လွန်းလို့၊ မခွဲချင်လွန်းလို့ ရင်ထဲကထွက်လာတဲ့ စကားတွေပါ။ နှလုံးသားထဲက မျိုသိပ်ထားလို့ မရတဲ့အထိ ဖြစ်နေရတဲ့ ယဉ်ကို ချစ်တဲ့စိတ်ပါ ”
ယဉ့်ကို ကျွန်တော် စေ့စေ့ကြည့်သည်။ ပခုံးနှစ်ဖက်ကို ဆွဲယူလိုက်သည်။ ကျွန်တော့်ရင်ခွင်ထဲသို့ အလိုက်သင့်ဝင်လာသည်။ “ မောင်က ယဉ့်ကိုမယုံဘူး ” ဟု ဆိုသည်။ “ ယုံပါတယ် ယဉ်၊ ယုံရလွန်းလို့ မယုံနိုင်စရာတွေ ဖြစ်မလာရအောင် ပြောနေရတာတွေပါ ” ဟု ပြန်ပြောလိုက်သည်။ ထိုစကားကို နှစ်သက်ဟန်ထင်၏။ ကျေအေးသောသဘောနှင့် ပြုံးလေသည်။ ထို့နောက် နှစ်လိုကြည်ဖြူစွာဖြင့် ကြာရှည်သော အနမ်းများ။ မည်ရွေ့မည်မျှ ကြာရှည်သွားပြီကို သတိမမူမိ။ ပတ်ဝန်းကျင်တွင် ဆောင်းမြူများ သန်းလာသည်။
“ ပြန်စို့ မောင် ”
လူချင်း ခွာလိုုက်သည်။
“ မိဆွေလည်း စောင့်နေရတာ ပျင်းလှရောပေါ့ ”
“ မောင့်စိတ်ကတော့ ခဏလေးမှ တကယ့်ခဏလေးပဲ ”
လက်ချင်းတွဲ၍ ကန်စပ်မှ ကုန်းမြင့်ဆီသို့ လှမ်းတက်ကြသည်။ အင်းလျားလမ်းပေါ်သို့ ရောက်သည်အထိ လက်တွဲမဖြုတ်ကြ။ ဘွဲ့နှင်းသဘင် အဆောက်အအုံနောက်ဘက် ဆင်ဝင်ဘက်သို့ ဆက်လျှောက်သည်။ ဆင်ဝင်အောက်တွင် ‘ အနောက်လေနတ်သား ’ အမည်ရှိသောကားက စောင့်နေသည်။ ကားအနီးသို့ ရောက်သောအခါ ဒရိုင်ဘာအဘိုးကြီးသည် အိပ်ငိုက်လျက်ရှိသည်။ နောက်ဘက်ထိုင်ခုံပေါ်တွင် ဝတ္ထုစာအုပ်တစ်အုပ်ကို ပျင်းပျင်းရိရိဖတ်နေသော မိဆွေကို တွေ့ရသည်။ မိဆွေသည် ယဉ့်အချစ်ဆုံး သူငယ်ချင်းဖြစ်သည်။ ကျွန်တော်နှင့်လည်း တစ်တန်းတည်းသား သူငယ်ချင်း ဖြစ်သည်။
“ စောင့်လိုက်ရတာ လေးသချေၤနှင့် ကမ္ဘာတစ်သိန်း။ ဘာတွေလုပ်နေကြလဲ မသိဘူး ”
(၂)
အိမ်သို့ပြန်ရောက်သောအခါ အတန်မျှ မိုးချုပ်နေပြီ။
အဖေသည် ကြက်သွန်ချိန်ရာမှ ကျွန်တော့်ကို လှမ်းပြောသည်။
“ သား ပြန်လာတာ နောက်ကျလှချည်လား ”
“ ဟုတ်ကဲ့ အဖေ၊ ကိစ္စလေး တစ်ခုရှိလို့ မိုးချုပ်သွားတာပါ ”
“ အေး အေး၊ ဒါဖြင့်လည်း မင်းညီနဲ့ ညီမတို့နဲ့ တစ်ခါတည်း ထမင်းဝင်စား၊ အဖေတော့ စားပြီးပြီ ”
“ အမေကော အဖေ ”
“ ပွဲဈေးထွက်တယ်လေ။ တော်ကြာမှ ကောင်မလေး ထမင်းသွားပို့လိမ့်မယ် ”
ရှပ်အကျၤီချွတ်ရင်းနှင့် အဖေ့အနီးတွင် ထိုင်လိုက်သည်။ ထိုအခိုက် ကလေးတစ်ယောက်က ရေနံဆီလာဝယ်သဖြင့် ကျွန်တော်က ရောင်းပေးရင်း…
“ လွင်ညွန့်တို့ကော လာသေးလားအဖေ ”
ရေနံဆီဝယ်သူကလေးထံမှ ပိုက်ဆံတစ်မတ်လှမ်းယူရင်းနှင့် အဖေက ဖြေသည်။
“ လာတယ်ကွ၊ ဟိုအိမ်မှာ ရှိတယ်ထင်ရဲ့ ”
‘ ဟိုအိမ် ’ ဆိုသည်မှာ ကျွန်တော်တို့အိမ်နှင့် ခြေရင်းဘက်တစ်အိမ်ကျော်ကို ဆိုလိုသည်။ ကျွန်တော့်သူငယ်ချင်း ဝင်းဆွေနှင့် မြင့်ကြည်တို့နှစ်ယောက် ငှားနေကြသော အိမ်ဖြစ်သည်။ ဝင်းဆွေက မိဘဆွေမျိုးအရင်းအခြာမရှိ၊ တစ်ယောက်တည်းသမား၊ မြင့်ကြည်ကလည်း သူ့နည်းတူဖြစ်သည်။ ဝင်းဆွေက ညဘက်တွင် သတင်းစာတိုက်၌ အလုပ်လုပ်၍ နေ့ဘက်တွင် ကျောင်းတက်သည်။ ကျွန်တော်နှင့် တစ်တန်းတည်းသားဖြစ်သည်။
မြင့်ကြည်ကမူ ရုံးစာရေးလုပ်နေသည်။ ထိုအိမ်သည် ကျွန်တော်တို့ သူငယ်ချင်းတစ်တွေ ဆုံရာသမဂ္ဂဖြစ်သည်။ ကျွန်တော်သည် ထိုအိမ်သို့ သွား၍နေသည်။
“ သား ထမင်းသွားစားလေ ”
“ ဟုတ်ကဲ့ ” ဟုဆိုကာ မီးဖိုချောင်သို့ ထွက်လာသည်။ ညီနှင့် ညီမတို့က ခူးခပ်ပေးသည်။ ထမင်းစားနေခိုုက်တွင် ဌေးမြိုင်၊ အပါလွင်နှင့် ကြည်ရွှင်တို့ ရောက်လာကြသည်။
“ စားကြဦးကွာ ”
“ စားပြီးပြီ ” ဟု ဖြေကြသည်။
“ ဒီနေ့ တွေ့လိုက်ပါတယ်ကွာ၊ ဝမ်းသာပါတယ် ” ဟူသော ဌေးမြိုင်၊ စကားပြောမည်အပြုတွင် “ ငါကတော့ အထီးကျန်ပဲ၊ ဒါပေမဲ့ မင်းကိုကြည့်ပြီး ကြည်နူးမိပါတယ် ” ဟူသော ကြည်ရွှင့်စကား၊ တစ်ဆက်တည်း “ သုံးလေးလကြာရင် ငါတို့ ဒီကျောင်းက ခွာရတော့မယ်။ ဘွဲ့ရပြီးတဲ့နောက် ချစ်တဲ့သူနဲ့နေရဖို့ အရေးလည်း မင်းကြိုးစားရဦးမှာပါကလား သူငယ်ချင်းရာ…ဟင် ” ဟု အပါလွင့်စကား။ တစ်စုံတစ်ရာ ပြန်ပြောမည့် ကျွန်တော့်ကို ဌေးမြိုင်က လက်ကာပြရင်း “ ထမင်းပြီးအောင်စား။ ဟိုအိမ်ကျမှ အေးအေးဆေးဆေး ပြောကြတာပေါ့။ လွင်ညွှန့်လည်း ရောက်နေတယ် ” ဟုဆို၍ ကမန်းကတန်းနှင့် ဝအောင် စားလိုက်ရသည်။ ပြီးမှ ထိုအိမ်သို့သွားကြသည်။
“ သိပ်ပြေလည်နေတယ်ပေါ့၊ ကြားပါတယ်၊ သာဓုပါပဲ ”
မြင့်ကြည်က နောက်လိုက်သည်။ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လွင်ညွှန့်က….
“ မင်းနဲ့ ယဉ်နဲ့ စာကြည့်တိုက်ရှေ့က ဖြတ်သွားတာ မဟုတ်လား။ အဲဒီအချိန်မှာ ငါက စာကြည့်တိုက်အပေါ်က ကြည့်နေတာ ” ဟု ပြုံးစစနှင့်ဆို၏။
သူတို့က ဝိုင်း၍နောက်ကြ ပြောင်ကြသည်။ ဝမ်းသာသော အထိမ်းအမှတ်ဟုဆိုကာ လက်ခုပ်လက်ဝါး တီးလိုက်ကြသေးသည်။ သူတို့နည်းတူ ကျွန်တော်က ပြန်၍ နောက်သည်။ စသည်။ သူတို့နည်းမက ဝမ်းသာရသည်။ သို့သော်….
“ ယဉ့်ကို ချစ်မိတာ မှားများမှားနေသလားလို့ တစ်ခါတစ်ခါ တွေးမိတယ် ”
“ ဟာ…မင်းတော်တော်ညံ့နေသေးတဲ့ ကောင်ပဲ ” ဟု အပါလွင်က ဆို၏။
“ အေးလေ၊ ခုထိလာသေးတယ်၊ ပထမကတည်းက ကောင်မလေးက သူ့ကို သိပ်အခွင့်အရေးပေးလို့ ချစ်တယ်လို့ဖွင့်ပြောခိုင်းတာတောင် ဒီငတိက မပြောချင်ဘူးလေးဘာလေးနဲ့။ ခုလည်း ချစ်မိတာ မှားများမှားနေသလားတဲ့ ”
“ ဒီမယ် သူငယ်ချင်း။ လောကမှာ လူတန်းစားကွဲပြားတယ်ဆိုတဲ့ ငါ့စကားကို လက်ခံကြမှာမဟုတ်ဘူး၊ အလွှာချင်းမတူဘူး သူငယ်ချင်း၊ သူက ချမ်းမြေ့ရိပ်မြုံက ပေါက်ပွားလာတာ၊ ငါက လူဆင်းရဲရဲ့ သားသမီးကွ။ သူ့အဖေကဆိုရင် ဌာနတစ်ခုမှာ အကြီးဆုံးအရာရှိ၊ သူ့အမေကလည်း အရာရှိကြီး။ တိုက်နဲ့ကားနဲ့။ ငါ့မှာကတော့ မင်းတို့အသိပဲ။ ငါ့အဖေက ဒူလာစွဲလို့ အိမ်ဆိုင်ထိုင်ရောင်းနေရတယ်။ အမေက အကြော်သည်။ ဘဝချင်းရော၊ ဘဝပတ်ဝန်းကျင်ချင်းရော ဘယ်လိုမှမတူဘူး။ ဒါတွေဟာ အကြီးမားဆုံးပြဿနာပဲ။ ယဉ်ကရော ဒီအတားအဆီးတွေကို ကျော်နိုင်မတဲ့လား။ ယဉ်ဟာ မိန်းမတွေထဲက မိန်းမတစ်ယောက်ပဲ။ ထူးခြားတဲ့ သတ္တိရှိနိုင်တယ်ပဲ ထားဦး။ သူ့ပတ်ဝန်းကျင်ကို ဘယ်အတိုင်းအတာအထိ လွန်ဆန်ရဲပါ့မတဲ့လဲ။ ဒါပါ ”
“ ဒါကတော့ ယဉ့်မေတ္တာကို မင်းအထင်သေးတာပဲ ”
ကြည်ရွှင်က ဒေါနှင့်မောနှင့် ဆို၏။
“ မဟုတ်ပါဘူး ” ကျွန်တော်ငြင်းသော်လည်း ကြည်ရွှင်က လက်မခံ။
“ မေတ္တာတရားဟာ အင်အားကွ၊ မေတ္တာတရားဟာ သတ္တိကွ။ ကောင်မလေးက မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါတို့က သိတယ်။ တို့သိသလောက် မင်းမသိဘူး။ မေတ္တာတရားဟာ ဘယ်လောက်ခက်တဲ့ အခက်အခဲကိုမဆို ကျော်လွှားနိုင်တယ်ဆိုတဲ့ ကဗျာဆရာရှယ်လီရဲ့ ကဗျာကို မဖတ်ဖူးရော့သလားကွာ ”
“ ဒီမယ်…တစ်ချိန်ကျလို့ မင်းတို့ပြဿနာ ဝင်လာပြီဆိုရင် ငါတို့က အစွမ်းကုန် ကူညီမယ်။ ထောင်ကျကျ၊ တန်းကျကျ၊ ဒါ တို့ရဲ့ကတိပဲ ”
အပါလွင်က ဆိုလိုက်သည်။
(၃)
ဘွဲ့ယူပြီး နှစ်ပတ်အကြာတွင် ဖြစ်၏။
တစ်ဝမ်းတစ်ခါးအတွက် အလုပ်ရှာရသည့်ထုံးစံအတိုင်း ခြေဆန့်နေခဲ့ရ၍ ယဉ်နှင့် မတွေ့ဖြစ်။ သည်နေ့နံနက်ပိုင်း အပြင်သို့ အလုပ်စနည်းနာထွက်မည်အပြုတွင် ယဉ့်သူငယ်ချင်း မိဆွေရောက်လာသည်။ စာတစ်စောင်ထုတ်ပေးပြီး ချက်ချင်းလိုက်ခဲ့ရန် မိဆွေက ပြောသည်။ သုတ်သီးသုတ်ပျာ အခြေအနေများကြောင့် ဌေးမြိုင်တို့လူစုက အကဲခတ်နေသည်။
မောင်….
ယဉ်တော့ ရင်ကွဲရလိမ့်မယ် မောင်ရယ်။ မေမေတို့ သဘောတူတဲ့လူနဲ့ ပေးစားကြတော့မလို့တဲ့။ ယဉ်မကြံတတ်တော့ဘူး မောင်။ ငိုချင်နေတာပဲသိတယ်။ မောင် မိဆွေတို့အိမ်က စောင့်နေပါ။ ယဉ်အဆင်ပြေတဲ့အချိန် ထွက်လာမယ်။
ယဉ်
ထိုစာကိုဖတ်ပြီးတစ်ခဏ၌သောကမီးသည် တမြေ့မြေ့လောင်မြိုက်လာသည်။ ရင်နှလုံးပူဆာ ညှိုးနွမ်းလာသည်။ ဌေးမြိုင်တို့ဘက်သို့ စာကို လှမ်းပေးလိုက်သည်။ သူတို့အားလုံးမှာ ဖတ်ပြီးပြီးချင်း မျက်လုံးဝိုင်းကုန်ကြသည်။
“ အချိန်မရှိဘူး၊ သွားရအောင် ” မိဆွေက ပြောသည်။
“ ဟေ့…ဘာမှ စဉ်းစားမနေနဲ့။ တစ်ခါတည်းသာ ခေါ်လာ။ တို့ဒီက အားလုံးအဆင်သင့်ဖြစ်နေမယ်။ သွား သွား ” ကြည်ရွှင်က ပြောသည်။
မိဆွေက သူ့ကားကို စက်နှိုးလိုက်သည်။ အပါလွင်က ကားပေါ်ကျွန်တော် မတက်မီ….
“ ဒီကိုသာ ခေါ်လာ။ ဒီကနေ လုံခြုံရာနေရာတွေ တို့ပို့ပေးမယ်။ မပူနဲ့ ” ဟုမှာသည်။
ဆယ့်ငါးမိနစ်အကြာတွင် မိဆွေတို့အိမ် ရောက်လာသည်။ မိဆွေက ယဉ့်ဆီသို့ တယ်လီဖုန်းဆက်သည်။ “ စောင့်ပါ ” ဟု ဆိုသည်။ တစ်နာရီနီးပါးအကြာတွင် ယဉ် ရောက်လာသည်။ တွေ့လျှင်တွေ့ချင်း ငိုသည်။ မိဆွေက ရှောင်ထွက်သွားသည်။
“ ဘယ်လိုလုပ်မလဲ မောင်ရယ် ”
ကျွန်တော့်ရင်တွင် ခေါင်းအပ်၍ ရှိုက်သံနှင့်ဆိုသည်။ ပြီးမှ အကျိုးအကြောင်းရှင်းပြသည်။ အကျဉ်းအားဖြင့်ဆိုရသော် အမြင့်ဆုံးဘွဲ့နှစ်ခုကို နိုင်ငံခြားမှ ယူလာသူ၊ ဆွေကြီး မျိုးကြီး ဂုဏ်ဒြပ်ကြီးရှိသူတစ်ဦးနှင့် သူ့မိဘ သဘောတူကြောင်း၊ ကျွန်တော်နှင့် မည်သို့မျှသဘောမတူကြောင်း၊ ထို့ကြောင့် တစ်လနှစ်လအတွင်း လက်ထပ်ရန် သူ့မိခင်က စီစဉ်နေကြောင်းတို့ပင် ဖြစ်သည်။
“ ဒီအရေးတွေကို မောင်တွေးမိလို့ လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတည်းက ပြောခဲ့တာမဟုတ်လား။ ငိုမနေနဲ့ ယဉ်။ မောင်တို့ သတ္တိရှိရလိမ့်မယ်။ ယဉ့်မေတ္တာတရား၊ သစ္စာတရားတွေကို သတ္တိစိတ်ပေါ်မှာ လုံးဝအခြေစိုက်ရလိမ့်မယ်။ ဒီမယ် ယဉ်…ယဉ် မောင့်ကို ချစ်တယ် မဟုတ်လား။ ယဉ် တကယ်ဖြေ ”
ယဉ်က ခေါင်းညိတ်ပြရင်း ….
“ ချစ်တယ် မောင်။ သိပ်ချစ်တယ်။ ချစ်ရလွန်းလို့ ရင်တွေလည်း ကွဲထွက်တော့မတတ် ယဉ့်မှာ ခံစားနေရပြီ ” ဟု ရှိုက်သံရော၍ ဖြေသည်။
“ ယဉ် မောင်နဲ့ ခွဲနိုင်သလား ”
“ အို…မောင်ရယ်၊ ဘယ်လိုများ မေးလိုက်တာလဲ။ မခွဲနိုင်လို့ ခုလို လာတွေ့နေရတာပေါ့ ”
ကျွန်တော် အံကြိတ်မိသည်။ ယဉ့်ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ယဉ်သည် ကျွန်တော့်မျက်လုံးကို စိုက်ကြည့်နေသည်။
“ လာလေ ယဉ်၊ သွားမယ်။ ဒရိုင်ဘာအဘိုးကြီးကို ‘ လမ်းထိပ်ခဏသွားမယ်။ ဒီကနေစောင့်ပါ ’ လို့ ပြောထားပြီး မောင်တို့ လွတ်ရာပြေးကြရအောင် ”
ယဉ်သည် ငိုင်တိငိုင်တိုင်နှင့် ကျွန်တော့်ကို ကြည့်နေသည်။
“ ယဉ် ဘယ်လိုလုပ်နေတာလဲ၊ ထ။ တော်တော်ကြာ မိဆွေအိမ်က လူကြီးတွေ ပြန်လာရင် ခက်ကုန်မယ်။ လာ ”
ယဉ့်လက်ကို ဆွဲလိုက်သည်။
“ မဖြစ်ဘူး ထင်တယ်မောင် ”
“ ဘာလို့ မဖြစ်ရမှာလဲ။ ဘာလဲ မောင်နဲ့နေရင် ဟိုလူ့လက်ထဲမှာလို ချမ်းချမ်းသာသာ မနေရမှာ စိုးလို့လား ”
“ အို မဟုတ်ပါဘူး မောင်ရယ်။ ယဉ့်ကို ဒီလိုမပြောပါနဲ့။ ယဉ်သေမိလိမ့်မယ် ”
မျက်ရည်ပေါက်တွေက သူ့ပါးပြင်သို့ လိမ့်ဆင်းလာသည်။
“ တစ်ချိန်တုန်းကတော့ ယဉ်က မောင့်ကို သွေးကြောင်တယ်ဆို။ ခု တကယ်တမ်း သွေးကြောင်တာက ဘယ်သူလဲ ယဉ်။ ဟင်…ယဉ် ဖြေစမ်းပါ ”
“ မဟုတ်ဘူး မောင်။ မောင်ပြောသလို မဟုတ်ဘူး။ ယဉ်လုပ်ချင်သလို လုပ်သွားရင် မေမေသေလိမ့်မယ်။ မေမေ့မှာ နှလုံးရောဂါရှိတယ်။ ယဉ့်သတင်းကြားရင် မေမေသေလိမ့်မယ်။ ယဉ် မေမေ့ကိုငဲ့ရဦးမယ် ”
“ ဒီအကြောင်းပြချက်တွေက ဝတ္ထုတွေထဲမှာ မောင်အများကြီး ဖတ်ဖူးပါတယ် ယဉ်။ ရိုးနေပါပြီ ”
ယဉ်သည် ကျွန်တော့်လက်ကို ဖျစ်ညှစ်ကာ “ အပြောရက်စက်လိုက်တာ မောင်ရယ်။ ယဉ့်မေတ္တာတရားကို ယဉ်ပဲ သိပါတယ် ” ဟု ဆိုသည်။
“ ကဲ…ယဉ် တစ်ခုပဲ ဖြေပါ ”
ယဉ်သည် မာကျောသော ကျွန်တော့်စကားကြောင့် မျက်လုံးဝိုင်းသွားသည်။
“ ဒီလိုဆို ယဉ့်မေမေ့စကားကို နားထောင်လိုက်မယ်ပေါ့ ”
ငေးကြည့်နေရုံမှအပ လုံးဝမဖြေ။
“ ဖြေလေ ယဉ် ”
ကျွန်တော့်ရင်ထဲတွင် ဆူလှိုက်နေသည်။ ယဉ်သည် ငိုနေသည်။
“ ဖြေလို့ဆိုတာ… ”
အော်ဟစ်လိုက်သလို ဖြစ်သွားသည်။ ယဉ်သည် ချုံးပွဲချ၍ ငိုသည်။ သူ့ပခုံးကိုလှုပ်ကာ ကျွန်တော်မေးသည်။ ကြိမ်ဖန်များစွာ မေးလိုက်သည်။ ဆူဆူညံညံအသံကြောင့် မိဆွေသည် အိပ်ခန်းဘက်မှ ထွက်လာသည်။ အံ့အားသင့်သောအကြည့်နှင့် ကျွန်တော်တို့နှစ်ယောက်ကို ကြည့်သည်။ မိဆွေသည် ယဉ့်အပါးသို့ တိုးကပ်လိုက်သည်။ ယဉ်က မိဆွေကို ဖက်ကာငိုသည်။
“ ဖြေလို့ဆိုတာ ယဉ် မဖြေတော့ဘူးလား၊ ရက်စက်တာက ယဉ်ပါ ”
မိဆွေက “ ယဉ် ဖြေလိုက်လေကွယ် ” ဟု ဝင်ထောက်သည်။ အတန်ကြာမှ…
“ နားထောင်လိုက်ရပေမဲ့ မောင့်ကို ယဉ်ချစ်ပါတယ်။ မောင့်ကိုပဲ ချစ်ပါတယ်။ အို…ယဉ့်ကို သတ်သွားပါတော့ မောင်ရယ် ”
ပြတ်သားသွားပေပြီ။ အပြီးတိုင်ဆုံးရှုံးသွားပြီဟု သိလိုက်ရပါပြီ။ စကားမဆိုသာတော့ပြီ။ သတိလက်လွတ်လည်း ဖြစ်ရပါပြီ။ ယဉ့်ရှေ့တွင် မည်မျှကြာအောင် ရပ်နေမိသည်မသိ။ သိသည့်ခဏ၌ ရုတ်ခြည်းပင် ထိုအိမ်ပေါ်မှ ဆင်းလိုက်သည်။ ယဉ့်ငိုသံသည် ပဲ့တင်ခတ်နေသည်။
(၄)
“ ဟေ့ ဘယ်နှယ့်လဲ၊ ဘာတဲ့လဲ၊ ဘယ်လို စီစဉ်ခဲ့သလဲ ”
ဝင်းဆွေက အိမ်ထဲသို့ မရောက်သေးသော ကျွန်တော့်ဆီသို့ အပြေးထွက်၍မေးသည်။ အိမ်ပေါ်သို့ ရောက်သောအခါ ဌေးမြိုင်၊ မြင့်ကြည်။ လွင်ညွှန့်၊ အပါလွင်နှင့် ကြည်ရွှင်တို့က ဝိုင်း၍မေးကြသည်။ ရှည်ရှည်ဝေးဝေး မဖြေလိုတော့။
“ ယဉ် သူ့အမေစကားကို နားထောင်သွားပြီ ”
“ ဟင် ”
ကြည်ရွှင်က “ ဟင် ” ခနဲ အာမေဍိတ်ပြုလိုက်သည်။ အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ မျက်စိမျက်နှာ ပျက်သွားကြသည်။ ငိုင်နေကြသည်။ တစ်ယောက်ကို တစ်ယောက် စကားတစ်လုံးမျှ မပြောမိကြ။ အတန်ကြာသော် ကြည်ရွှင်က ဟိုလိုလို သည်လိုလို အိမ်ပေါ်မှ ဆင်းသွားသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် အိမ်ပေါ်မှ ရှောင်သွားကြသည်။
အိပ်ရာပေါ်သို့သွားလှဲ၍ စိတ်သက်သာရာ ရှာမိသည်။ ရင်ထဲ၌ မီးတောက်နေသည်ထင်၏။ မြည်တမ်းဖွင့်ဟလို၍ ဌေးမြိုင်တို့လူစုကို မျှော်မိသည်။ သို့သော် ညဉ့်နက်သည်အထိ ပြန်မလာကြသေး။
နှစ်ပါးသွားတုန်းကမူ လက်ခုပ်လက်ဝါး ဝိုင်းတီးပေးခဲ့ကြသည်။ သို့ရာတွင် အလွမ်းခန်း အပူတိုက်ကျတော့မူ ကျွန်တော်တစ်ယောက်တည်း။ ။
ငြိမ်းကျော်
ဖြူနီညိုပြာမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁)၊ ဧပြီလ၊ ၁၉၆၉

No comments:
Post a Comment