Zawgyi Version
😃
😃
😃
😃
Unicode Version
ဘယ်သူတွေက ပိုရိုင်းသလဲ
**************************
မောင်သာချို
(တစ်)
နိုင်ငံကျော် စာရေးဆရာကြီး ဦးအောင်သင်းနှင့် မကြာခဏဆိုသလို ခရီးအတူသွားဖြစ်ပါသည်။ နိုင်ငံအနှံ့အပြား၌ ကျင်းပကြရာ စာပေဟောပြောပွဲများ၌လည်း အတူတကွ ပွဲပေါင်းများစွာ တက်ရောက်ဟောပြောဖြစ်ခဲ့ကြပါသည်။ လူသားတို့၏ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်းများနှင့်ပတ်သက်၍ ဆရာဦးအောင်သင်း တစ်ခါတစ်ခါ ထည့်သွင်းပြောဆိုလေ့ရှိသည့် ထေ့လုံးငေါ့လုံးကလေးတစ်ခုကို ကျွန်တော့်စိတ်ထဲ၌ ယခုတိုင်စွဲငြိလျက်ရှိပါသည်။ သည်လိုပါ။
တစ်နေ့သ၌ လူယဉ်ကျေးဟုဆိုသူတစ်စုတို့ လူရိုင်းတို့ ကျက်စားနေထိုင်ကြရာ ကျွန်းကြီးတစ်ကျွန်းရှိရာဆီသို့ အမှတ်မထင်ရောက်ရှိ၍ သွားခဲ့ကြပါသည်။ အဆိုပါလူရိုင်းတို့မှာ မည်ကာမတ္တလူရိုင်းများမဟုတ်ကြဘဲ လူသားစားသည့် တကယ့်လူ့အရိုင်းအစိုင်းများ အဆင့်ဖြစ်ပါသည်။ ဘာဘေးရီးယန်း (Barbarian) မျိုးနွယ်များဟုပဲ ဆိုကြပါစို့။
သို့ဖြင့် အရိုင်းနှင့် အယဉ်တို့ တွေ့ကြလေရာ အယဉ်များက အရိုင်းများကို အထင်သေးစွာဆက်ဆံပါသည်။ လူသတ်သလားဟုမေးရာ အရိုင်းတို့က သတ်ကြောင်းဝန်ခံပါသည်။ သတ်ပြီးတော့ စားသလားဟု ထပ်မေးရာ စားကြောင်း ဝန်ခံပြန်ပါသည်။ ထို့ကြောင့် အယဉ်များက ဒါ့ကြောင့်ရိုင်းတာဟု မှတ်ချက်ပေးပါသည်။
ထို့နောက် အရိုင်းတို့က မေးခွန်းမေးသော အလှည့်ဖြစ်ပါသည်။ မင်းတို့လူတွေရော တစ်ယောက်နဲ့တစ်ယောက် တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြသလားဟုမေးရာ အယဉ်တို့က တိုက်ကြောင်း၊ ခိုက်ကြောင်း၊ သတ်ကြောင်း၊ ဖြတ်ကြောင်း ဝန်ခံပါသည်။ အရိုင်းတို့က သတ်ပြီးလျှင် စားသလားဟုမေးပါသည်။ အယဉ်တို့က မစားပါကြောင်း ခါးခါးသီးသီး ငြင်းဆန်ပါသည်။
ဤ၌ လူရိုင်းတို့က ကောက်ချက်တစ်ခု ဆွဲပါလေတော့သည်။ ငါတို့တွေက စားဖို့အတွက်သတ်တာ။ မင်းတို့တွေက မစားဘဲနဲ့ အကြောင်းမဲ့သက်သက်သတ်တာ။ ဒါ့ကြောင့် မင်းတို့တွေက ပိုပြီးတော့ ရိုင်းတာတဲ့။
ဆရာကြီးဦးအောင်သင်း၏ ဟောပြောမှု အတတ်ပညာအောက်မှာ ပရိသတ်၏ သြဘာပေးသံများက ကျွက်ကျွက်ညံလို့။
ဟုတ်ပါသည်။ ကျွန်တော်တို့ ရိုင်း၊ မရိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ လိုအပ်လာခဲ့ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက် အကြောင်းမဲ့သက်သက် ရန်ပြုသတ်ဖြတ်နေကြသော ကျွန်တော်တို့ တစ်တွေသည် တကယ့်ကိုယဉ်ကျေးသော ကမ္ဘာသို့ ရောက်ရှိနေခဲ့ကြပြီဆိုသည်မှာ ဟုတ်မှဟုတ်ပါလေစ။
(နှစ်)
လူတစ်ယောက်ကို အဆုံးအဖြတ်ပေးသည်မှာ ထိုသူ၏စရိုက်နှင့်သာ သက်ဆိုင်ပါသည်။ သုစရိုက်သမားလား၊ ဒုစရိုက်သမားလား၊ ဓမ္မဝါဒီလား၊ အဓမ္မဝါဒီလား။ သုစရိုက်သမားဆိုလာ၊ ဒုစရိုက်သမားဆိုသွား။ ဓမ္မဝါဒီဆိုလာ၊ အဓမ္မဝါဒီဆိုသွား။ ဒါပဲဖြစ်ပါသည်။
ကျွန်တော်တို့ ဟစ်တလာကို မုန်းကြသည်မှာ ဂျာမနီနိုင်ငံသားဖြစ်နေ၍ မုန်းကြသည်မဟုတ်ပါ။ အိုစမာဘင်လာဒင်ကို ရွံကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်နေ၍ ရွံကြခြင်းမဟုတ်ပါ။ မူဆိုလိုနီကို စက်ဆုပ်ကြသည်မှာ လူဖြူဖြစ်နေ၍ စက်ဆုပ်ကြခြင်းမဟုတ်ပါ။ သူတို့၏ ရက်စက်သော နှလုံးသားနှင့် ကြမ်းကြုတ်သော လုပ်ရပ်များကို အခြေခံကာ မုန်းကြ၊ ရွံကြ၊ စက်ဆုပ်ကြခြင်း ဖြစ်ပါသည်။
ဒါဆို အစ္စလာမ်ဘာသာဝင်ဖြစ်သည့် အိန္ဒိယသမ္မတဖြစ်ခဲ့သူ အဗ္ဗဒူကလာမ်ကြီးကို ကျွန်တော်တို့ အဘယ့်ကြောင့် လေးစားနေကြပါသလဲ။ ဟိန္ဒူစစ်စစ်ကြီးဖြစ်သည့် မဟတ္တမဂန္ဒီကြီးကိုရော ကျွန်တော်တို့ အဘယ့်ကြောင့် ချစ်နေကြတာပါလိမ့်။ ခရစ်တော်၌ ယုံကြည်သက်ဝင်သူ မာသာထရီဆာကိုရော ကျွန်တော်တို့ အဘယ်ကြောင့် မြတ်နိုးနေကြတာပါလိမ့်။ အိုင်းစတိုင်းဟာ ဂျာမနီမှာ မွေးတဲ့လူကြီးပါဆိုပြီး ကျွန်တော်တို့ မုန်းခဲ့ကြလို့လား။ ရှင်းပါသည်။သူတို့ကို ကျွန်တော်တို့ချစ်တာ၊ လေးစားတာ၊ မြတ်နိုးတာများသည် ကိုးကွယ်သည့်ဘာသာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်။ သူတို့၏စရိုက်နှင့် သူတို့၏နှလုံးသားများကို ချစ်ခင်လေးစားမြတ်နိုး၍ တန်ဖိုးထားနေခြင်းသာပါ။
(သုံး)
ဆရာကြီးအက်စ်အက်စ်ဂိုအင်ကာကို မြန်မာတို့ အသိအရှိများပါသည်။ နာမည်အတိုကောက်က S.S.Goenka။ အပြည့်အစုံခေါ်တော့ Shyam Sunder Goenka ။ ၁၉၃၂ အောက်တိုဘာ ၁၅ ရက်တွင်မွေးပြီး ၂၀၀၂ အောက်တိုဘာ ၂၁ ရက်၌ အနိစ္စရောက်ရရှာသည့် ဝိပဿနာဆရာကြီးဂိုအင်ကာ။
ဆရာကြီး၏ စာတစ်အုပ်ကို ဆရာပါရဂူဘာသာပြန်ဆိုဖူးပါသည်။ ‘‘ဓမ္မ၊ ဘဝတစ်လျှောက် နေသွားနည်း အနုပညာ’’တဲ့။
သည်စာအုပ်ထဲမှာ ဆရာကြီးဂိုအင်ကာက မေးခွန်းတချို့မေးထားခဲ့ပါသည်။ လူသတ်တာ မကောင်းဘူး။ လိမ်တာမကောင်းဘူး။ ခိုးတာမကောင်းဘူး။ သူတစ်ပါးသားမယား ပစ်မှားတာမကောင်းဘူး။ အဂတိတရားလိုက်စားတာ မကောင်းဘူး။ လောဘကြီးတာ မကောင်းဘူး။ ဒေါသကြီးတာ မကောင်းဘူး။ မောဟကြီးတာ မကောင်းဘူး ... စသည် စသည်များ ....။
ဆရာကြီးဂိုအင်ကာက ဘယ်သူ့အတွက်မကောင်းတာလဲတဲ့။ ဗုဒ္ဓဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ခရစ်ယာန်ဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ဟိန္ဒူအတွက်ကရောတဲ့။ အစ္စလာမ်တွေအတွက်ကရောတဲ့။ ဂျာမန်တွေက ကျူးလွန်ရင်ကောင်းသလားတဲ့။ ရုရှတွေက ကျူးလွန်ရင် ကိစ္စမရှိဘူးလား။ အမေရိကန်တွေက ကျူးလွန်ခွင့်ရှိသလား။
ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရသော်လည်း ချောက်ချားစရာကောင်းတဲ့ မေးခွန်းတွေပါ။ ကောင်းမှု၊ မကောင်းမှုဆိုတာ လူမျိုးနဲ့ နိုင်ငံနဲ့ ကိုးကွယ်ရာဘာသာနဲ့ အသားအရောင်နဲ့ သတ်မှတ်လို့ရတဲ့ အရာမျိုးမှ မဟုတ်တာလား။ လုပ်ရပ်နဲ့သာ သတ်မှတ်ကြရတာမျိုးပါ။
(လေး)
ဒုစရိုက်မှုတစ်ခုကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ကျူးလွန်ခဲ့သော် ထိုကျူးလွန်သူ၌ အပြစ်ရှိပါသည်။ ထို့အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ မည်သူမဆို ကျူးလွန်လျှင် ကျူးလွန်သူ၌ အပြစ်ရှိပါသည်။ မကျူးလွန်သူတို့နှင့် ဘာမှမဆိုင်။ ထိုင်းလူမျိုးတစ်ယောက်က ကျူးလွန်ခဲ့လျှင်လည်း ထိုကျူးလွန်သူ ထိုင်းလူမျိုး၌ အပြစ်ရှိပါသည်။ ကျန်ထိုင်းလူမျိုးများနှင့် ဘာမှမဆိုင်။
ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်၌ မည်သို့သော ပြစ်မှုကိုမှ မကျူးလွန်သည့် လူသားတို့အပေါ် မည်သည့်ဘာသာဝင်ပဲဟု၊ မည်သည့်လူမျိုးပဲဟု၊ မည်သည့် နိုင်ငံသားပဲဟု တံဆိပ်ကပ်ကာ တိုက်ခိုက်သတ်ဖြတ် ညှဉ်းပန်းနေကြသည်များမှာ လူယဉ်ကျေးတို့ကမ္ဘာမှ ဟုတ်ပါလေစဟု မေးရတော့မည့် အနေအထားဖြစ်ပါသည်။
အမုန်းတို့ အချစ်တို့ဆိုသည်မှာ ကိုးကွယ်ရာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်ပါ။ လုပ်ရပ်နှင့်သာ ဆိုင်ပါသည်။ မျိုးမတူသည့်သတ္တဝါကို ရန်ရှာလိုသည်မှာ တိရစ္ဆာန်တို့၏ သင်ရိုးညွှန်းတမ်း ဖြစ်ပါသည်။
ဆရာကြီးဦးအောင်သင်း၏ ထေ့လုံး၊ ငေါ့လုံးကလေး ပြန်ကောက်ပါရစေ။ မစားဘဲနဲ့ မင်းတို့က လူအချင်းချင်း သတ်နေကြတယ်။ ဒါ့ကြောင့် မင်းတို့ကပိုရိုင်းတယ်တဲ့။ အသားစားလူရိုင်းတို့၏ ကောက်ချက်စကား။ ။
Copied from 7Day Daily.
😃😃😃😃
ဘယ္သူေတြက ပို႐ိုင္းသလဲ
**************************
**************************
ေမာင္သာခ်ိဳ
(တစ္)
ႏုိင္ငံေက်ာ္ စာေရးဆရာႀကီး ဦးေအာင္သင္းႏွင့္ မၾကာခဏဆိုသလို
ခရီးအတူသြားျဖစ္ပါသည္။ ႏုိင္ငံအႏွံ႔အျပား၌ က်င္းပၾကရာ
စာေပေဟာေျပာပဲြမ်ား၌လည္း အတူတကြ ပဲြေပါင္းမ်ားစြာ
တက္ေရာက္ေဟာေျပာျဖစ္ခဲ့ၾကပါသည္။ လူသားတို႔၏ယဥ္ေက်းျခင္း၊
႐ိုင္းစိုင္းျခင္းမ်ားႏွင့္ပတ္သက္၍ ဆရာဦးေအာင္သင္း တစ္ခါတစ္ခါ
ထည့္သြင္းေျပာဆိုေလ့ရွိသည့္ ေထ့လုံးေငါ့လုံးကေလးတစ္ခုကို ကြၽန္ေတာ့္စိတ္ထဲ၌
ယခုတုိင္စဲြၿငိလ်က္ရွိပါသည္။ သည္လိုပါ။
တစ္ေန႔သ၌
လူယဥ္ေက်းဟုဆိုသူတစ္စုတို႔ လူ႐ိုင္းတို႔ က်က္စားေနထုိင္ၾကရာ
ကြၽန္းႀကီးတစ္ကြၽန္းရွိရာဆီသို႔ အမွတ္မထင္ေရာက္ရွိ၍ သြားခဲ့ၾကပါသည္။
အဆိုပါလူ႐ိုင္းတို႔မွာ မည္ကာမတၱလူ႐ိုင္းမ်ားမဟုတ္ၾကဘဲ လူသားစားသည့္
တကယ့္လူ႔အ႐ိုင္းအစိုင္းမ်ား အဆင့္ျဖစ္ပါသည္။ ဘာေဘးရီးယန္း (Barbarian)
မ်ဳိးႏြယ္မ်ားဟုပဲ ဆုိၾကပါစို႔။
သို႔ျဖင့္ အ႐ိုင္းႏွင့္ အယဥ္တို႔
ေတြ႕ၾကေလရာ အယဥ္မ်ားက အ႐ိုင္းမ်ားကို အထင္ေသးစြာဆက္ဆံပါသည္။
လူသတ္သလားဟုေမးရာ အ႐ိုင္းတို႔က သတ္ေၾကာင္း၀န္ခံပါသည္။ သတ္ၿပီးေတာ့
စားသလားဟု ထပ္ေမးရာ စားေၾကာင္း ၀န္ခံျပန္ပါသည္။ ထို႔ေၾကာင့္ အယဥ္မ်ားက
ဒါ့ေၾကာင့္႐ုိင္းတာဟု မွတ္ခ်က္ေပးပါသည္။
ထုိ႔ေနာက္ အ႐ုိင္းတို႔က
ေမးခြန္းေမးေသာ အလွည့္ျဖစ္ပါသည္။ မင္းတို႔လူေတြေရာ တစ္ေယာက္နဲ႔တစ္ေယာက္
တုိက္ၾက၊ ခုိက္ၾက၊ သတ္ၾက၊ ျဖတ္ၾကသလားဟုေမးရာ အယဥ္တို႔က တုိက္ေၾကာင္း၊
ခိုက္ေၾကာင္း၊ သတ္ေၾကာင္း၊ ျဖတ္ေၾကာင္း ၀န္ခံပါသည္။ အ႐ိုင္းတို႔က
သတ္ၿပီးလွ်င္ စားသလားဟုေမးပါသည္။ အယဥ္တို႔က မစားပါေၾကာင္း ခါးခါးသီးသီး
ျငင္းဆန္ပါသည္။
ဤ၌ လူ႐ိုင္းတို႔က ေကာက္ခ်က္တစ္ခု ဆဲြပါေလေတာ့သည္။
ငါတို႔ေတြက စားဖို႔အတြက္သတ္တာ။ မင္းတို႔ေတြက မစားဘဲနဲ႔
အေၾကာင္းမဲ့သက္သက္သတ္တာ။ ဒါ့ေၾကာင့္ မင္းတုိ႔ေတြက ပိုၿပီးေတာ့ ႐ိုင္းတာတဲ့။
ဆရာႀကီးဦးေအာင္သင္း၏ ေဟာေျပာမႈ အတတ္ပညာေအာက္မွာ ပရိသတ္၏ ၾသဘာေပးသံမ်ားက ကြၽက္ကြၽက္ညံလို႔။
ဟုတ္ပါသည္။ ကြၽန္ေတာ္တို႔ ႐ုိင္း၊ မ႐ိုင္း ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္ဖို႔
လိုအပ္လာခဲ့ပါၿပီ။ လူတစ္ေယာက္ႏွင့္တစ္ေယာက္ အေၾကာင္းမဲ့သက္သက္
ရန္ျပဳသတ္ျဖတ္ေနၾကေသာ ကြၽန္ေတာ္တို႔ တစ္ေတြသည္ တကယ့္ကိုယဥ္ေက်းေသာ ကမၻာသို႔
ေရာက္ရွိေနခဲ့ၾကၿပီဆုိသည္မွာ ဟုတ္မွဟုတ္ပါေလစ။
(ႏွစ္)
လူတစ္ေယာက္ကို အဆုံးအျဖတ္ေပးသည္မွာ ထုိသူ၏စ႐ိုက္ႏွင့္သာ သက္ဆုိင္ပါသည္။
သုစ႐ုိက္သမားလား၊ ဒုစ႐ုိက္သမားလား၊ ဓမၼ၀ါဒီလား၊ အဓမၼ၀ါဒီလား။
သုစ႐ိုက္သမားဆိုလာ၊ ဒုစ႐ိုက္သမားဆိုသြား။ ဓမၼ၀ါဒီဆုိလာ၊ အဓမၼ၀ါဒီဆုိသြား။
ဒါပဲျဖစ္ပါသည္။
ကြၽန္ေတာ္တို႔ ဟစ္တလာကို မုန္းၾကသည္မွာ
ဂ်ာမနီႏုိင္ငံသားျဖစ္ေန၍ မုန္းၾကသည္မဟုတ္ပါ။ အိုစမာဘင္လာဒင္ကို ရြံၾကသည္မွာ
အစၥလာမ္ဘာသာ၀င္ျဖစ္ေန၍ ရြံၾကျခင္းမဟုတ္ပါ။ မူဆိုလိုနီကုိ စက္ဆုပ္ၾကသည္မွာ
လူျဖဴျဖစ္ေန၍ စက္ဆုပ္ၾကျခင္းမဟုတ္ပါ။ သူတုိ႔၏ ရက္စက္ေသာ ႏွလုံးသားႏွင့္
ၾကမ္းၾကဳတ္ေသာ လုပ္ရပ္မ်ားကို အေျခခံကာ မုန္းၾက၊ ရြံၾက၊ စက္ဆုပ္ၾကျခင္း
ျဖစ္ပါသည္။
ဒါဆို အစၥလာမ္ဘာသာ၀င္ျဖစ္သည့္ အိႏိၵယသမၼတျဖစ္ခဲ့သူ
အဗၺဒူကလာမ္ႀကီးကို ကြၽန္ေတာ္တို႔ အဘယ့္ေၾကာင့္ ေလးစားေနၾကပါသလဲ။
ဟိႏၵဴစစ္စစ္ႀကီးျဖစ္သည့္ မဟတၱမဂႏၵီႀကီးကိုေရာ ကြၽန္ေတာ္တို႔ အဘယ့္ေၾကာင့္
ခ်စ္ေနၾကတာပါလိမ့္။ ခရစ္ေတာ္၌ ယုံၾကည္သက္၀င္သူ မာသာထရီဆာကိုေရာ
ကြၽန္ေတာ္တို႔ အဘယ္ေၾကာင့္ ျမတ္ႏုိးေနၾကတာပါလိမ့္။ အုိင္းစတုိင္းဟာ
ဂ်ာမနီမွာ ေမြးတဲ့လူႀကီးပါဆုိၿပီး ကြၽန္ေတာ္တို႔ မုန္းခဲ့ၾကလို႔လား။
ရွင္းပါသည္။သူတုိ႔ကို ကြၽန္ေတာ္တို႔ခ်စ္တာ၊ ေလးစားတာ၊ ျမတ္ႏုိးတာမ်ားသည္
ကိုးကြယ္သည့္ဘာသာေတြ၊ လူမ်ဳိးေတြ၊ ႏုိင္ငံေတြႏွင့္မဆုိင္။
သူတုိ႔၏စ႐ိုက္ႏွင့္ သူတို႔၏ႏွလုံးသားမ်ားကို ခ်စ္ခင္ေလးစားျမတ္ႏုိး၍
တန္ဖိုးထားေနျခင္းသာပါ။
(သုံး)
ဆရာႀကီးအက္စ္အက္စ္ဂိုအင္ကာကို
ျမန္မာတို႔ အသိအရွိမ်ားပါသည္။ နာမည္အတိုေကာက္က S.S.Goenka။
အျပည့္အစုံေခၚေတာ့ Shyam Sunder Goenka ။ ၁၉၃၂ ေအာက္တိုဘာ ၁၅
ရက္တြင္ေမြးၿပီး ၂၀၀၂ ေအာက္တိုဘာ ၂၁ ရက္၌ အနိစၥေရာက္ရရွာသည့္
၀ိပႆနာဆရာႀကီးဂိုအင္ကာ။
ဆရာႀကီး၏ စာတစ္အုပ္ကို ဆရာပါရဂူဘာသာျပန္ဆုိဖူးပါသည္။ ‘‘ဓမၼ၊ ဘ၀တစ္ေလွ်ာက္ ေနသြားနည္း အႏုပညာ’’တဲ့။
သည္စာအုပ္ထဲမွာ ဆရာႀကီးဂိုအင္ကာက ေမးခြန္းတခ်ဳိ႕ေမးထားခဲ့ပါသည္။ လူသတ္တာ
မေကာင္းဘူး။ လိမ္တာမေကာင္းဘူး။ ခုိးတာမေကာင္းဘူး။ သူတစ္ပါးသားမယား
ပစ္မွားတာမေကာင္းဘူး။ အဂတိတရားလုိက္စားတာ မေကာင္းဘူး။ ေလာဘႀကီးတာ
မေကာင္းဘူး။ ေဒါသႀကီးတာ မေကာင္းဘူး။ ေမာဟႀကီးတာ မေကာင္းဘူး ... စသည္
စသည္မ်ား ....။
ဆရာႀကီးဂိုအင္ကာက ဘယ္သူ႔အတြက္မေကာင္းတာလဲတဲ့။
ဗုဒၶဘာသာ၀င္ေတြအတြက္ မေကာင္းတာလားတဲ့။ ခရစ္ယာန္ဘာသာ၀င္ေတြအတြက္
မေကာင္းတာလားတဲ့။ ဟိႏၵဴအတြက္ကေရာတဲ့။ အစၥလာမ္ေတြအတြက္ကေရာတဲ့။ ဂ်ာမန္ေတြက
က်ဴးလြန္ရင္ေကာင္းသလားတဲ့။ ႐ုရွေတြက က်ဴးလြန္ရင္ ကိစၥမရွိဘူးလား။
အေမရိကန္ေတြက က်ဴးလြန္ခြင့္ရွိသလား။
ဘာမွမဟုတ္ေလာက္ဘူးလို႔
ထင္ရေသာ္လည္း ေခ်ာက္ခ်ားစရာေကာင္းတဲ့ ေမးခြန္းေတြပါ။ ေကာင္းမႈ၊
မေကာင္းမႈဆုိတာ လူမ်ဳိးနဲ႔ ႏုိင္ငံနဲ႔ ကိုးကြယ္ရာဘာသာနဲ႔ အသားအေရာင္နဲ႔
သတ္မွတ္လို႔ရတဲ့ အရာမ်ဳိးမွ မဟုတ္တာလား။ လုပ္ရပ္နဲ႔သာ သတ္မွတ္ၾကရတာမ်ဳိးပါ။
(ေလး)
ဒုစ႐ုိက္မႈတစ္ခုကို ဗုဒၶဘာသာ၀င္တစ္ေယာက္က က်ဴးလြန္ခဲ့ေသာ္ ထုိက်ဴးလြန္သူ၌
အျပစ္ရွိပါသည္။ ထို႔အတူ ခရစ္ယာန္၊ အစၥလာမ္၊ ဟိႏၵဴ မည္သူမဆို က်ဴးလြန္လွ်င္
က်ဴးလြန္သူ၌ အျပစ္ရွိပါသည္။ မက်ဴးလြန္သူတို႔ႏွင့္ ဘာမွမဆုိင္။
ထုိင္းလူမ်ဳိးတစ္ေယာက္က က်ဴးလြန္ခဲ့လွ်င္လည္း ထိုက်ဴးလြန္သူ ထုိင္းလူမ်ဳိး၌
အျပစ္ရွိပါသည္။ က်န္ထုိင္းလူမ်ဳိးမ်ားႏွင့္ ဘာမွမဆိုင္။
ယခုအခါ
ျမန္မာႏုိင္ငံအပါအ၀င္ ကမၻာေပၚ၌ မည္သုိ႔ေသာ ျပစ္မႈကိုမွ မက်ဴးလြန္သည့္
လူသားတုိ႔အေပၚ မည္သည့္ဘာသာ၀င္ပဲဟု၊ မည္သည့္လူမ်ဳိးပဲဟု၊ မည္သည့္
ႏုိင္ငံသားပဲဟု တံဆိပ္ကပ္ကာ တုိက္ခိုက္သတ္ျဖတ္ ညႇဥ္းပန္းေနၾကသည္မ်ားမွာ
လူယဥ္ေက်းတို႔ကမၻာမွ ဟုတ္ပါေလစဟု ေမးရေတာ့မည့္ အေနအထားျဖစ္ပါသည္။
အမုန္းတို႔ အခ်စ္တို႔ဆိုသည္မွာ ကိုးကြယ္ရာေတြ၊ လူမ်ဳိးေတြ၊
ႏုိင္ငံေတြႏွင့္မဆုိင္ပါ။ လုပ္ရပ္ႏွင့္သာ ဆုိင္ပါသည္။ မ်ဳိးမတူသည့္သတၱ၀ါကို
ရန္ရွာလိုသည္မွာ တိရစၧာန္တို႔၏ သင္႐ိုးၫႊန္းတမ္း ျဖစ္ပါသည္။
ဆရာႀကီးဦးေအာင္သင္း၏ ေထ့လုံး၊ ေငါ့လုံးကေလး ျပန္ေကာက္ပါရေစ။ မစားဘဲနဲ႔
မင္းတို႔က လူအခ်င္းခ်င္း သတ္ေနၾကတယ္။ ဒါ့ေၾကာင့္ မင္းတို႔ကပို႐ိုင္းတယ္တဲ့။
အသားစားလူ႐ိုင္းတို႔၏ ေကာက္ခ်က္စကား။ ။
Copied from 7Day Daily.



Unicode Version
ဘယ်သူတွေက ပိုရိုင်းသလဲ
**************************
မောင်သာချို
(တစ်)
နိုင်ငံကျော် စာရေးဆရာကြီး ဦးအောင်သင်းနှင့် မကြာခဏဆိုသလို ခရီးအတူသွားဖြစ်ပါသည်။ နိုင်ငံအနှံ့အပြား၌ ကျင်းပကြရာ စာပေဟောပြောပွဲများ၌လည်း အတူတကွ ပွဲပေါင်းများစွာ တက်ရောက်ဟောပြောဖြစ်ခဲ့ကြပါသည်။ လူသားတို့၏ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်းများနှင့်ပတ်သက်၍ ဆရာဦးအောင်သင်း တစ်ခါတစ်ခါ ထည့်သွင်းပြောဆိုလေ့ရှိသည့် ထေ့လုံးငေါ့လုံးကလေးတစ်ခုကို ကျွန်တော့်စိတ်ထဲ၌ ယခုတိုင်စွဲငြိလျက်ရှိပါသည်။ သည်လိုပါ။
တစ်နေ့သ၌ လူယဉ်ကျေးဟုဆိုသူတစ်စုတို့ လူရိုင်းတို့ ကျက်စားနေထိုင်ကြရာ ကျွန်းကြီးတစ်ကျွန်းရှိရာဆီသို့ အမှတ်မထင်ရောက်ရှိ၍ သွားခဲ့ကြပါသည်။ အဆိုပါလူရိုင်းတို့မှာ မည်ကာမတ္တလူရိုင်းများမဟုတ်ကြဘဲ လူသားစားသည့် တကယ့်လူ့အရိုင်းအစိုင်းများ အဆင့်ဖြစ်ပါသည်။ ဘာဘေးရီးယန်း (Barbarian) မျိုးနွယ်များဟုပဲ ဆိုကြပါစို့။
သို့ဖြင့် အရိုင်းနှင့် အယဉ်တို့ တွေ့ကြလေရာ အယဉ်များက အရိုင်းများကို အထင်သေးစွာဆက်ဆံပါသည်။ လူသတ်သလားဟုမေးရာ အရိုင်းတို့က သတ်ကြောင်းဝန်ခံပါသည်။ သတ်ပြီးတော့ စားသလားဟု ထပ်မေးရာ စားကြောင်း ဝန်ခံပြန်ပါသည်။ ထို့ကြောင့် အယဉ်များက ဒါ့ကြောင့်ရိုင်းတာဟု မှတ်ချက်ပေးပါသည်။
ထို့နောက် အရိုင်းတို့က မေးခွန်းမေးသော အလှည့်ဖြစ်ပါသည်။ မင်းတို့လူတွေရော တစ်ယောက်နဲ့တစ်ယောက် တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြသလားဟုမေးရာ အယဉ်တို့က တိုက်ကြောင်း၊ ခိုက်ကြောင်း၊ သတ်ကြောင်း၊ ဖြတ်ကြောင်း ဝန်ခံပါသည်။ အရိုင်းတို့က သတ်ပြီးလျှင် စားသလားဟုမေးပါသည်။ အယဉ်တို့က မစားပါကြောင်း ခါးခါးသီးသီး ငြင်းဆန်ပါသည်။
ဤ၌ လူရိုင်းတို့က ကောက်ချက်တစ်ခု ဆွဲပါလေတော့သည်။ ငါတို့တွေက စားဖို့အတွက်သတ်တာ။ မင်းတို့တွေက မစားဘဲနဲ့ အကြောင်းမဲ့သက်သက်သတ်တာ။ ဒါ့ကြောင့် မင်းတို့တွေက ပိုပြီးတော့ ရိုင်းတာတဲ့။
ဆရာကြီးဦးအောင်သင်း၏ ဟောပြောမှု အတတ်ပညာအောက်မှာ ပရိသတ်၏ သြဘာပေးသံများက ကျွက်ကျွက်ညံလို့။
ဟုတ်ပါသည်။ ကျွန်တော်တို့ ရိုင်း၊ မရိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ လိုအပ်လာခဲ့ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက် အကြောင်းမဲ့သက်သက် ရန်ပြုသတ်ဖြတ်နေကြသော ကျွန်တော်တို့ တစ်တွေသည် တကယ့်ကိုယဉ်ကျေးသော ကမ္ဘာသို့ ရောက်ရှိနေခဲ့ကြပြီဆိုသည်မှာ ဟုတ်မှဟုတ်ပါလေစ။
(နှစ်)
လူတစ်ယောက်ကို အဆုံးအဖြတ်ပေးသည်မှာ ထိုသူ၏စရိုက်နှင့်သာ သက်ဆိုင်ပါသည်။ သုစရိုက်သမားလား၊ ဒုစရိုက်သမားလား၊ ဓမ္မဝါဒီလား၊ အဓမ္မဝါဒီလား။ သုစရိုက်သမားဆိုလာ၊ ဒုစရိုက်သမားဆိုသွား။ ဓမ္မဝါဒီဆိုလာ၊ အဓမ္မဝါဒီဆိုသွား။ ဒါပဲဖြစ်ပါသည်။
ကျွန်တော်တို့ ဟစ်တလာကို မုန်းကြသည်မှာ ဂျာမနီနိုင်ငံသားဖြစ်နေ၍ မုန်းကြသည်မဟုတ်ပါ။ အိုစမာဘင်လာဒင်ကို ရွံကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်နေ၍ ရွံကြခြင်းမဟုတ်ပါ။ မူဆိုလိုနီကို စက်ဆုပ်ကြသည်မှာ လူဖြူဖြစ်နေ၍ စက်ဆုပ်ကြခြင်းမဟုတ်ပါ။ သူတို့၏ ရက်စက်သော နှလုံးသားနှင့် ကြမ်းကြုတ်သော လုပ်ရပ်များကို အခြေခံကာ မုန်းကြ၊ ရွံကြ၊ စက်ဆုပ်ကြခြင်း ဖြစ်ပါသည်။
ဒါဆို အစ္စလာမ်ဘာသာဝင်ဖြစ်သည့် အိန္ဒိယသမ္မတဖြစ်ခဲ့သူ အဗ္ဗဒူကလာမ်ကြီးကို ကျွန်တော်တို့ အဘယ့်ကြောင့် လေးစားနေကြပါသလဲ။ ဟိန္ဒူစစ်စစ်ကြီးဖြစ်သည့် မဟတ္တမဂန္ဒီကြီးကိုရော ကျွန်တော်တို့ အဘယ့်ကြောင့် ချစ်နေကြတာပါလိမ့်။ ခရစ်တော်၌ ယုံကြည်သက်ဝင်သူ မာသာထရီဆာကိုရော ကျွန်တော်တို့ အဘယ်ကြောင့် မြတ်နိုးနေကြတာပါလိမ့်။ အိုင်းစတိုင်းဟာ ဂျာမနီမှာ မွေးတဲ့လူကြီးပါဆိုပြီး ကျွန်တော်တို့ မုန်းခဲ့ကြလို့လား။ ရှင်းပါသည်။သူတို့ကို ကျွန်တော်တို့ချစ်တာ၊ လေးစားတာ၊ မြတ်နိုးတာများသည် ကိုးကွယ်သည့်ဘာသာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်။ သူတို့၏စရိုက်နှင့် သူတို့၏နှလုံးသားများကို ချစ်ခင်လေးစားမြတ်နိုး၍ တန်ဖိုးထားနေခြင်းသာပါ။
(သုံး)
ဆရာကြီးအက်စ်အက်စ်ဂိုအင်ကာကို မြန်မာတို့ အသိအရှိများပါသည်။ နာမည်အတိုကောက်က S.S.Goenka။ အပြည့်အစုံခေါ်တော့ Shyam Sunder Goenka ။ ၁၉၃၂ အောက်တိုဘာ ၁၅ ရက်တွင်မွေးပြီး ၂၀၀၂ အောက်တိုဘာ ၂၁ ရက်၌ အနိစ္စရောက်ရရှာသည့် ဝိပဿနာဆရာကြီးဂိုအင်ကာ။
ဆရာကြီး၏ စာတစ်အုပ်ကို ဆရာပါရဂူဘာသာပြန်ဆိုဖူးပါသည်။ ‘‘ဓမ္မ၊ ဘဝတစ်လျှောက် နေသွားနည်း အနုပညာ’’တဲ့။
သည်စာအုပ်ထဲမှာ ဆရာကြီးဂိုအင်ကာက မေးခွန်းတချို့မေးထားခဲ့ပါသည်။ လူသတ်တာ မကောင်းဘူး။ လိမ်တာမကောင်းဘူး။ ခိုးတာမကောင်းဘူး။ သူတစ်ပါးသားမယား ပစ်မှားတာမကောင်းဘူး။ အဂတိတရားလိုက်စားတာ မကောင်းဘူး။ လောဘကြီးတာ မကောင်းဘူး။ ဒေါသကြီးတာ မကောင်းဘူး။ မောဟကြီးတာ မကောင်းဘူး ... စသည် စသည်များ ....။
ဆရာကြီးဂိုအင်ကာက ဘယ်သူ့အတွက်မကောင်းတာလဲတဲ့။ ဗုဒ္ဓဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ခရစ်ယာန်ဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ဟိန္ဒူအတွက်ကရောတဲ့။ အစ္စလာမ်တွေအတွက်ကရောတဲ့။ ဂျာမန်တွေက ကျူးလွန်ရင်ကောင်းသလားတဲ့။ ရုရှတွေက ကျူးလွန်ရင် ကိစ္စမရှိဘူးလား။ အမေရိကန်တွေက ကျူးလွန်ခွင့်ရှိသလား။
ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရသော်လည်း ချောက်ချားစရာကောင်းတဲ့ မေးခွန်းတွေပါ။ ကောင်းမှု၊ မကောင်းမှုဆိုတာ လူမျိုးနဲ့ နိုင်ငံနဲ့ ကိုးကွယ်ရာဘာသာနဲ့ အသားအရောင်နဲ့ သတ်မှတ်လို့ရတဲ့ အရာမျိုးမှ မဟုတ်တာလား။ လုပ်ရပ်နဲ့သာ သတ်မှတ်ကြရတာမျိုးပါ။
(လေး)
ဒုစရိုက်မှုတစ်ခုကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ကျူးလွန်ခဲ့သော် ထိုကျူးလွန်သူ၌ အပြစ်ရှိပါသည်။ ထို့အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ မည်သူမဆို ကျူးလွန်လျှင် ကျူးလွန်သူ၌ အပြစ်ရှိပါသည်။ မကျူးလွန်သူတို့နှင့် ဘာမှမဆိုင်။ ထိုင်းလူမျိုးတစ်ယောက်က ကျူးလွန်ခဲ့လျှင်လည်း ထိုကျူးလွန်သူ ထိုင်းလူမျိုး၌ အပြစ်ရှိပါသည်။ ကျန်ထိုင်းလူမျိုးများနှင့် ဘာမှမဆိုင်။
ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်၌ မည်သို့သော ပြစ်မှုကိုမှ မကျူးလွန်သည့် လူသားတို့အပေါ် မည်သည့်ဘာသာဝင်ပဲဟု၊ မည်သည့်လူမျိုးပဲဟု၊ မည်သည့် နိုင်ငံသားပဲဟု တံဆိပ်ကပ်ကာ တိုက်ခိုက်သတ်ဖြတ် ညှဉ်းပန်းနေကြသည်များမှာ လူယဉ်ကျေးတို့ကမ္ဘာမှ ဟုတ်ပါလေစဟု မေးရတော့မည့် အနေအထားဖြစ်ပါသည်။
အမုန်းတို့ အချစ်တို့ဆိုသည်မှာ ကိုးကွယ်ရာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်ပါ။ လုပ်ရပ်နှင့်သာ ဆိုင်ပါသည်။ မျိုးမတူသည့်သတ္တဝါကို ရန်ရှာလိုသည်မှာ တိရစ္ဆာန်တို့၏ သင်ရိုးညွှန်းတမ်း ဖြစ်ပါသည်။
ဆရာကြီးဦးအောင်သင်း၏ ထေ့လုံး၊ ငေါ့လုံးကလေး ပြန်ကောက်ပါရစေ။ မစားဘဲနဲ့ မင်းတို့က လူအချင်းချင်း သတ်နေကြတယ်။ ဒါ့ကြောင့် မင်းတို့ကပိုရိုင်းတယ်တဲ့။ အသားစားလူရိုင်းတို့၏ ကောက်ချက်စကား။ ။
Copied from 7Day Daily.
😃😃😃😃
No comments:
Post a Comment