Zawgyi version
ကၽြန္ေတာ္တို႔ ေမ့ေလ်ာ့ခဲ့ၾကသည့္ စာတစ္ေစာင္ - ရဲမိုး (သတင္းစာဆရာ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကၽြန္ေတာ္တို႔ျမန္မာႏိုင္ငံသားမ်ား ေမ့ေလ်ာ့ေနခဲ့ၾကသည့္ ပဋိညာဥ္စာတမ္းတစ္ခု ရွိေနခဲ့သည္။ သမုိင္းစာအုပ္မ်ား၏ စာမ်က္ႏွာမ်ားေပၚမွာ၊ စာၾကည့္တိုက္၏ ဖုန္တက္ေနသည့္ စာအုပ္စင္မ်ားအၾကားမွာ ထိုစာတမ္းကို ကၽြန္ေတာ္တို႔ ဆယ္စုႏွစ္မ်ားစြာ ေမ့ေလ်ာ့ထားခဲ့ၾကသည္။
တကယ္ေတာ့ ထုိစာတမ္းက ကၽြန္ေတာ္တို႔ကို မွန္ကန္စြာေတြးေခၚႏုိင္ဖို႔၊ သင့္တင့္ ေလ်ာက္ပတ္စြာ စုဖဲြ႕ေနထိုင္ႏိုင္ဖို႔ႏွင့္ ၿငိမ္းခ်မ္းစြာ လူ႔အဖဲြ႔အစည္းကို တည္ေဆာက္ဖို႔ အတြက္ လမ္းၫႊန္သင္ျပထားသည့္အရာျဖစ္သည္။ ထိုစာတမ္းက လူသား၏ ျမင့္မားသည့္ဂုဏ္သိကၡာ၊ ႏိုင္ငံသားတစ္ဦး၏ အေျခခံတန္းတူညီမွ်မႈႏွင့္ ျပည္ေထာင္စု၏အႏွစ္သာရကို အာမံခ်က္ေပးသည့္ ကတိစကားလည္းျဖစ္သည္။ ထိုစာတမ္းကပင္ ကၽြန္ေတာ္တို႔၏ရင့္က်က္မႈ၊ ယဥ္ေက်းမႈႏွင့္ တရားမွ်တမႈကို ျမတ္ႏိုးသည့္ အေျခခံစိတ္ကို ျမႇင့္တင္ေပးခဲ့သည့္ အုတ္ျမစ္လည္း ျဖစ္သည္။
ထိုစာတမ္းကို ၁၉၄၈ခုႏွစ္၊ဇန္န၀ါရီ၄ ရက္၊ တနဂၤေႏြေန႔မွာ ထုတ္ျပန္ေၾကညာခဲ့သည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ “လြတ္လပ္ေရးေၾကညာစာတမ္း” ျဖစ္ပါသည္။
ကိုလိုနီဘ၀က လြတ္လပ္ေရးရရွိလာခဲ့ၾကသည့္ ႏိုင္ငံတိုင္းလိုလိုမွာ Declaration of Independence ဆိုသည့္ “လြတ္လပ္ေရးေၾကညာစာတမ္း”ကို ထုတ္ျပန္ၾကသည္။ လြတ္လပ္ေရးကိုရေအာင္ ဦးေဆာင္တိုက္ပဲြ၀င္ခဲ့ၾကသည့္ အမ်ဳိးသားေခါင္းေဆာင္ႀကီးမ်ားက ေသြးႏွင့္ေခၽြးႏွင့္ရင္း၍ အရယူခဲ့ၾကသည့္ “လြတ္လပ္ေရး”ကို ကမၻာသိေအာင္ က်ဴးရင့္ေၾကညာရင္း အနာဂတ္အတြက္ မူ၀ါဒႏွင့္လမ္းေၾကာင္းကို ခ်ျပခဲ့ၾကသည့္ စာတမ္းႀကီးမ်ားျဖစ္သည္။
ေျပာရလွ်င္ ေနာင္ေခတ္အဆက္ဆက္ ရွင္သန္ၾကမည့္ ႏိုင္ငံသားမ်ဳိးဆက္မ်ားအတြက္ အျမင့္မားဆံုးလမ္းၫႊန္ခ်က္ (Guidelines) မ်ားျဖစ္သည္။ ႏိုင္ငံ၏ ႏွလံုးသည္းပြတ္ ယဥ္ေက်းမႈႏွင့္ ႏိုင္ငံေရးဦးေဆာင္မႈ ဦးေႏွာက္တို႔ကို ေပါင္းစပ္ျပထားသည့္ ေၾကညာခ်က္ျဖစ္သည္။ စာေပခ်စ္ျမတ္ႏိုးသူမ်ားအတြက္ေတာ့ သမိုင္း၏အလွပဆံုး စကားေျပမ်ားလည္းျဖစ္ပါသည္။ ႏုိင္ငံတိုင္းမွာ ႏုိင္ငံသားမ်ား လြတ္လပ္ေရး ေၾကညာစာတမ္းကို ရင္းႏွီးကၽြမ္း၀င္ၾကဖို႔ သင္ၾကားျပ႒ာန္းၾကသည့္တိုင္ ျမန္မာႏိုင္ငံမွာေတာ့ ထို အခြင့္အေရးကို ႏုိင္ငံသားမ်ားမရရွိခဲ့ၾကပါ။
“ေအာင္ေစသတည္း”ဟုခံ့ညားစြာစတင္သည့္ ျမန္မာ့“လြတ္လပ္ေရးေၾကညာစာတမ္း” အပိုဒ္ေျခာက္ပိုဒ္ပါ၀င္သည္။
ပထမအပိုဒ္မွာ “လြတ္လပ္ေရး”ကို ေၾကညာထားသည္။
ဒုတိယအပိုဒ္မွာေတာ့ တိုင္းရင္းသားအေပါင္းတို႔၏ ရွည္လ်ားသည့္သမိုင္းေၾကာင္းႏွင့္ လြတ္လပ္ေရးကို ဆံုး႐ံႈးခဲ့ပံုႏွင့္ ျပန္လည္ရရွိခဲ့ပံုကို ေရးသားထားသည္။
အပိုဒ္ ၃ ကေတာ့ အမ်ဳိးသားေခါင္းေဆာင္ႀကီးမ်ား ဦးေဆာင္အရယူခဲ့သည့္ “လြတ္လပ္ေရး”၏တန္ဖိုးကို အနက္ဖြင့္သည္။
အပိုဒ္ ၄၊ ၅၊ ၆ တို႔ကေတာ့ ေခတ္အဆက္ဆက္ ႏိုင္ငံသားမ်ားခံယူၾကဖို႔ လမ္းၫႊန္ခဲ့သည့္ Guideline မ်ားျဖစ္၍ အေရးအႀကီးဆံုးျဖစ္သည္။ အပိုဒ္ ၄ က ယခုလိုေဖာ္ျပပါသည္။
ငါတို႔သည္ တစ္မ်ဳိးတစ္ဘာသာ တစ္စိတ္တစ္ေဒသ၏ ေကာင္းက်ဳိးခ်မ္းသာကို မလိုလား။ ေက်ာသားရင္သား သူကားငါကားခဲြျခားျခင္းကို အလိုမရွိ။
ျမစ္ေခ်ာင္းသီတာသမုဒၵရာ ေတာင္တန္းတို႔ျဖင့္ ကမၻာ့ဓမၼတာ သဘာ၀အပိုင္းအျခား ထင္ရွားစြာသတ္မွတ္အပ္ေသာ ရာဇ၀င္ရွည္ေ၀းေရွးပေ၀သဏီမွစ၍ ယခုထက္တိုင္ ျမန္မာႏိုင္ငံသားဟု သမုတ္အပ္သူ တုိင္းရင္းသားအေပါင္းတို႔ ဇာတိခ်က္ေႂကြေနထိုင္ၾကရာ ျမန္မာႏိုင္ငံေတာ္တစ္၀ွမ္းကို တေသြးတသား တည္းဟူေသာ ႀကိဳးထူး၊ တစိတ္တ၀မ္းတည္းဟူေသာ ႀကိဳးထူး၊ အလိုအေလ်ာက္ သဘာ၀ အေထာက္အပ့ံျဖင့္သာလွ်င္ ျဖစ္ေပၚအပ္ေသာ ေစတနာတည္း ဟူေသာ ႀကိဳးထူး။ ဤႀကိဳးသံုးပါးျဖင့္ ကမၻာဆံုးတိုင္ ၿမဲခိုင္တည္တံ့ေအာင္ ရစ္ပတ္ဖဲြ႕စည္း အပ္ေသာ ျပည္ေထာင္စုအျဖစ္ကို လက္ဆုပ္လက္ကိုင္ ငါတို႔အပိုင္ရေလၿပီ။
“ငါတို႔သည္ တစ္မ်ဳိးတစ္ဘာသာ တစ္စိတ္တစ္ေဒသ၏ ေကာင္းက်ဳိးခ်မ္းသာကို မလိုလား၊ ေက်ာသားရင္သား သူကားငါကား ခဲြျခားျခင္းကိုအလိုမရွိ”ဟုစတင္သည့္ စာပိုဒ္က မတူညီကဲြျပားသည့္ ဘာသာ၊ လူမ်ဳိး၊ ယဥ္ေက်းမႈ အစုစုအတြက္ တူညီသည့္ အာမခံခ်က္ကို ေပးထားခဲ့သည္။ “ျပည္ေထာင္စု”သည္ လူမ်ဳိးတစ္မ်ဳိး၊ ဘာသာတစ္ခုက
ျပန္ေပးဆဲြသြားရမည့္အရာမဟုတ္ဟု လြတ္လပ္ေရးေခါင္းေဆာင္ႀကီးမ်ားက အနက္ဖြင့္ခဲ့ၾကသည္။ အသားအေရာင္၊ လူမ်ဳိး၊ ဘာသာကဲြျပားမႈကို အာမခံခဲ့သည့္ စကားလံုးမ်ားျဖစ္သည္။
အပိုဒ္ ၅ ကို ဆက္ဖတ္ၾကရေအာင္ပါ။
ငါတို႔ႏိုင္ငံေတာ္ႀကီးသည္ မည္သူတစ္ဦးတစ္ေယာက္ တစ္ဖဲြ႕တစ္သင္း၏ အေမြအႏွစ္မဟုတ္၊ မည္သူတစ္ဦးတစ္ေယာက္၏ တစ္ဖဲြ႕တစ္သင္း၏ ပုဂၢလိကအပိုင္ပစၥည္းမဟုတ္၊ မည္သူတစ္ဦးတစ္ေယာက္ တစ္ဖဲြ႕တစ္သင္းက ခ်ဳပ္ကိုင္အႏိုင္သိမ္းယူ အက်ဳိးခံစားအပ္ေသာ ႏိုင္ငံမဟုတ္... ဟု ေရးသားထားသည္။ အတိတ္က အစိုးရအဆက္ဆက္ ေခါင္းေဆာင္မ်ား လြတ္လပ္ေရးေၾကညာစာတမ္းကို ဖတ္ဖူးၾကရဲ႕လားဆိုသည့္ေမးခြန္းက စိတ္၀င္စားစရာ ေကာင္းလာသည္။ လြတ္လပ္ေရးေၾကညာစာတမ္းကို ႏုိင္ငံသားမ်ား အလြတ္ရယဥ္ပါးေအာင္ အစိုးရ အဆက္ဆက္ ဘာေၾကာင့္မလုပ္ခဲ့သလဲဆိုသည့္ ေမးခြန္းကလည္း စိတ္၀င္စားစရာ ေကာင္းလာသည္။ ႏိုင္ငံေတာ္သည္ လက္နက္ကိုင္တပ္ဖဲြ႕တစ္ဖဲြ႕ (သို႔မဟုတ္) ႏိုင္ငံေရးပါတီတစ္ခု၏ ခ်ဳပ္ကိုင္ထားရာ အေမြအႏွစ္မဟုတ္ဆုိသည့္ အယူအဆကို စနစ္တက် ေဖ်ာက္ဖ်က္ခ်င္သူမ်ား ရွိေကာင္းရွိေနႏိုင္သည္။
အတိတ္ကာလကလည္းေကာင္း၊ယခုမ်က္ေမွာက္တြင္လည္းေကာင္း၊ ေနာင္လာလတၱံေသာ အနာဂတ္ကာလ၌လည္းေကာင္း၊ငါတို႔ျပည္ေထာင္စုႀကီးအတြင္း၌ မွီတင္း ေနထိုင္ၾကေသာ ႀကီးငယ္ေ၀းနီးကားမျခား၊ သစၥာေတာ္ခံႏိုင္ငံသားဟူသေရြ႕တို႔၏ အေမြအႏွစ္အပိုင္ပစၥည္း အက်ဳိးခံစားရာျဖစ္သည္ဟူေသာ လူ႔ဘာသာ၊ လူ႔တရားႏွင့္ အညီ ကမၻာဦးကာလ လူတို႔၏ ပထမစည္း႐ံုးမႈ၌ လူအေပါင္းတို႔၏ သေဘာဆႏၵအရ လူ႔အ၀ွမ္း၏အက်ဳိးကို ေကာင္းစြာရြက္ေဆာင္ႏုိင္အပ္ေသာ ပုဂိၢဳလ္ကိုေရြးေကာက္၍ သမၼတတင္ေျမႇာက္ၾကေသာ မေဖာက္ျပန္ မစြန္းမၿငိ ပကတိသန္႔ရွင္းျဖဴစင္ေသာ မူလ လူ႔၀ါဒႏွင့္ေလ်ာ္စြာ၊ စည္းကမ္းဥပေဒ ေသခ်ာထင္ရွားစြာ ပိုင္းျခားသတ္မွတ္ တူညီေသာ တရား၊ တူညီေသာအခြင့္အေရး၊ တူညီေသာ အဆင့္အတန္းအားျဖင့္ ကမၻာအရွည္ တည္စိမ့္ေသာငွာ လူအေပါင္းတို႔၏ဆႏၵသာလွ်င္ အဓိကျဖစ္ေသာ သမၼတျမန္မာႏိုင္ငံေတာ္တည္းဟူေသာ ျမတ္ေသာအျဖစ္ကို လက္ဆုပ္လက္ကိုင္ ငါတို႔အပိုင္ရၿပီ။
ႏိုင္ငံေတာ္ကိုဦးေဆာင္စည္း႐ံုးႏိုင္ၿပီး ျပည္သူအမ်ားစုက ေထာက္ခံသူကို ေခါင္းေဆာင္ သမၼတအျဖစ္ ေရြးခ်ယ္အုပ္ခ်ဳပ္ေစဖို႔အတြက္ တူညီသည့္အခြင့္အေရးကို ျပ႒ာန္းခဲ့သည့္စာပုိဒ္ျဖစ္သည္။ လူအမ်ားစု၏ဆႏၵအထက္မွာ မည္သည့္အရာမွ်မရွိရဟု လမ္းၫႊန္ခဲ့ၾကသည္။
အပိုဒ္ ၆ ကို ဆက္ဖတ္ပါ။
သိၾကကုန္ေလာ့။ ယေန႔ မဂၤလာအေပါင္းႏွင့္ျပည့္စံုေသာ ဤအခ်ိန္မွစ၍ ငါတို႔၏ မူလ အပိုင္ျဖစ္ေသာ လံုး၀လြတ္လပ္ေရးကို ငါတို႔ျပန္၍ယူၿပီး တိုင္းရင္းသားအေပါင္းတို႔ ေသြးစည္းညီၫြတ္လ်က္ အခြင့္အေရး အဆင့္အတန္းတူညီသည့္ ျပည္ေထာင္စု သမၼတႏိုင္ငံေတာ္ႀကီးကို တည္ေထာင္ၿပီ၊ ငါတို႔လြတ္လပ္ေရးႏွင့္ ငါတို႔ႏိုင္ငံေတာ္ႀကီး၏ သစၥာကို ကမၻာအဆံုးတိုင္ မယိုင္မယိမ္းတည္မည္၊ ငါတို႔သည္ လြတ္လပ္ေသာ ႏိုင္ငံျဖစ္သည္ႏွင့္အညီ ကမၻာ့လြတ္လပ္ေရးကို ငါတို႔ ခ်စ္ျမတ္ႏိုးသည္ႏွင့္အညီ တစ္ပါးသူတို႔၏ လြတ္လပ္ေရးကိုလည္း ငါတို႔ ေလးစားေစာင့္စည္းမည္။ ငါတို႔သည္ ၿငိမ္းခ်မ္းေရးကို အလိုရွိသည္ႏွင့္အညီ ငါတို႔ကဲ့သုိ႔ လိုလားသူမ်ားႏွင့္အတူ လက္တဲြ၍ ကမၻာ့ၿငိမ္းခ်မ္းေရးကို ကာကြယ္ေစာင့္ေရွာက္မည္။
“လြတ္လပ္(ေရး)” ဆိုသည့္ စကားလံုးကို ၁၈ ႀကိမ္ ေဖာ္ျပခဲ့သည့္ ျမန္မာ့လြတ္လပ္ေရး ေၾကညာစာတမ္းမွာ “တပ္မေတာ္” (သို႔မဟုတ္) ႏုိင္ငံေရးအင္အားစု တစ္စုစု၏ အမည္နာမကို လံုး၀မေဖာ္ျပခဲ့ပါ။ လြတ္လပ္ေရးႏွင့္ လြတ္လပ္ေရး၏ အသီးအပြင့္ကို လူ႔အဖဲြ႕အစည္းအတြင္းရွိ တစ္ဦးခ်င္းစီႏွင့္ အစုအဖဲြ႕အသီးသီးက ညီမွ်စြာပိုင္ဆိုင္သည္
ဟု ေခါင္းေဆာင္ႀကီးမ်ား ယူဆခဲ့ၾကျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားစြာ လူ႔အဖဲြ႕အစည္းအတြင္းမွာ တပ္မေတာ္ကို ေခါင္းတစ္လံုးပိုေအာင္ “အမိအဖအျဖစ္” ေဖာ္ျပခဲ့ျခင္းကလည္း တန္းတူညီမွ်မႈကို ေသြဖည္ေစခဲ့သည္။ တစ္ခ်ိန္က လူထု ခ်စ္ျမတ္ႏိုးခဲ့သည့္ တပ္မေတာ္၏ဂုဏ္သိကၡာကို က်ဆင္းေစခဲ့သည္။ ေၾကညာစာတမ္း ထဲက “ငါတို႔”ဆုိသည့္ စကားလံုးသည္ ျပည္ေထာင္စုသားတစ္ဦးခ်င္းစီကို ကိုယ္စား ျပဳေသာ စကားလံုးျဖစ္သည္။ “ငါတို႔” ဆိုသည့္ စကားလံုးတြင္ အသင္းအဖဲြ႕၊ အမ်ဳိးအႏြယ္ကိုလိုက္၍ ခဲြျခားဆက္ဆံမႈ လံုး၀မပါရွိပါ။
စုစုေပါင္း ၀ါက် ၁၃ ေၾကာင္းပါရွိသည့္ လြတ္လပ္ေရးေၾကညာစာတမ္းမွာ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္၏ နာမည္တစ္ခုသာ ပါရွိခဲ့သည္။
“ဗိုလ္ခ်ဳပ္ေအာင္ဆန္း” ျဖစ္သည္။
ဗိုလ္ခ်ဳပ္၏လမ္းစဥ္၊ ဗိုလ္ခ်ဳပ္၏မူ၀ါဒကို ျပည္ေထာင္စု၏လမ္းၫႊန္ခ်က္မ်ားအျဖစ္ အုတ္ျမစ္ခ်ခဲ့ပံုရသည္။
Share: 7Days
ျမန္မာ့လြတ္လပ္ေရးေၾကျငာစာတမ္း
------------------------------------
(printed version ကို MKS စာအုပ္တိုက္ tel: 01 387819 email: info.mksociety@gmail.com ကိုဆက္သြယ္ ရယူႏိုင္ပါတယ္။)
PS: Current document paper size: 12x18 in
photo credti to KZO
Unicode version.
ကျွန်တော်တို့ မေ့လျော့ခဲ့ကြသည့် စာတစ်စောင် - ရဲမိုး (သတင်းစာဆရာ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျွန်တော်တို့မြန်မာနိုင်ငံသားများ မေ့လျော့နေခဲ့ကြသည့် ပဋိညာဉ်စာတမ်းတစ်ခု ရှိနေခဲ့သည်။ သမိုင်းစာအုပ်များ၏ စာမျက်နှာများပေါ်မှာ၊ စာကြည့်တိုက်၏ ဖုန်တက်နေသည့် စာအုပ်စင်များအကြားမှာ ထိုစာတမ်းကို ကျွန်တော်တို့ ဆယ်စုနှစ်များစွာ မေ့လျော့ထားခဲ့ကြသည်။
တကယ်တော့ ထိုစာတမ်းက ကျွန်တော်တို့ကို မှန်ကန်စွာတွေးခေါ်နိုင်ဖို့၊ သင့်တင့် လျောက်ပတ်စွာ စုဖွဲ့နေထိုင်နိုင်ဖို့နှင့် ငြိမ်းချမ်းစွာ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ အတွက် လမ်းညွှန်သင်ပြထားသည့်အရာဖြစ်သည်။ ထိုစာတမ်းက လူသား၏ မြင့်မားသည့်ဂုဏ်သိက္ခာ၊ နိုင်ငံသားတစ်ဦး၏ အခြေခံတန်းတူညီမျှမှုနှင့် ပြည်ထောင်စု၏အနှစ်သာရကို အာမံချက်ပေးသည့် ကတိစကားလည်းဖြစ်သည်။ ထိုစာတမ်းကပင် ကျွန်တော်တို့၏ရင့်ကျက်မှု၊ ယဉ်ကျေးမှုနှင့် တရားမျှတမှုကို မြတ်နိုးသည့် အခြေခံစိတ်ကို မြှင့်တင်ပေးခဲ့သည့် အုတ်မြစ်လည်း ဖြစ်သည်။
ထိုစာတမ်းကို ၁၉၄၈ခုနှစ်၊ဇန်နဝါရီ၄ ရက်၊ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ “လွတ်လပ်ရေးကြေညာစာတမ်း” ဖြစ်ပါသည်။
ကိုလိုနီဘဝက လွတ်လပ်ရေးရရှိလာခဲ့ကြသည့် နိုင်ငံတိုင်းလိုလိုမှာ Declaration of Independence ဆိုသည့် “လွတ်လပ်ရေးကြေညာစာတမ်း”ကို ထုတ်ပြန်ကြသည်။ လွတ်လပ်ရေးကိုရအောင် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီးများက သွေးနှင့်ချွေးနှင့်ရင်း၍ အရယူခဲ့ကြသည့် “လွတ်လပ်ရေး”ကို ကမ္ဘာသိအောင် ကျူးရင့်ကြေညာရင်း အနာဂတ်အတွက် မူဝါဒနှင့်လမ်းကြောင်းကို ချပြခဲ့ကြသည့် စာတမ်းကြီးများဖြစ်သည်။
ပြောရလျှင် နောင်ခေတ်အဆက်ဆက် ရှင်သန်ကြမည့် နိုင်ငံသားမျိုးဆက်များအတွက် အမြင့်မားဆုံးလမ်းညွှန်ချက် (Guidelines) များဖြစ်သည်။ နိုင်ငံ၏ နှလုံးသည်းပွတ် ယဉ်ကျေးမှုနှင့် နိုင်ငံရေးဦးဆောင်မှု ဦးနှောက်တို့ကို ပေါင်းစပ်ပြထားသည့် ကြေညာချက်ဖြစ်သည်။ စာပေချစ်မြတ်နိုးသူများအတွက်တော့ သမိုင်း၏အလှပဆုံး စကားပြေများလည်းဖြစ်ပါသည်။ နိုင်ငံတိုင်းမှာ နိုင်ငံသားများ လွတ်လပ်ရေး ကြေညာစာတမ်းကို ရင်းနှီးကျွမ်းဝင်ကြဖို့ သင်ကြားပြဋ္ဌာန်းကြသည့်တိုင် မြန်မာနိုင်ငံမှာတော့ ထို အခွင့်အရေးကို နိုင်ငံသားများမရရှိခဲ့ကြပါ။
“အောင်စေသတည်း”ဟုခံ့ညားစွာစတင်သည့် မြန်မာ့“လွတ်လပ်ရေးကြေညာစာတမ်း” အပိုဒ်ခြောက်ပိုဒ်ပါဝင်သည်။
ပထမအပိုဒ်မှာ “လွတ်လပ်ရေး”ကို ကြေညာထားသည်။
ဒုတိယအပိုဒ်မှာတော့ တိုင်းရင်းသားအပေါင်းတို့၏ ရှည်လျားသည့်သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ပုံနှင့် ပြန်လည်ရရှိခဲ့ပုံကို ရေးသားထားသည်။
အပိုဒ် ၃ ကတော့ အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်အရယူခဲ့သည့် “လွတ်လပ်ရေး”၏တန်ဖိုးကို အနက်ဖွင့်သည်။
အပိုဒ် ၄၊ ၅၊ ၆ တို့ကတော့ ခေတ်အဆက်ဆက် နိုင်ငံသားများခံယူကြဖို့ လမ်းညွှန်ခဲ့သည့် Guideline များဖြစ်၍ အရေးအကြီးဆုံးဖြစ်သည်။ အပိုဒ် ၄ က ယခုလိုဖော်ပြပါသည်။
ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကားခွဲခြားခြင်းကို အလိုမရှိ။
မြစ်ချောင်းသီတာသမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေးရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ကြရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေးတသား တည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာ၀ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်း ဟူသော ကြိုးထူး။ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်း အပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။
“ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကိုအလိုမရှိ”ဟုစတင်သည့် စာပိုဒ်က မတူညီကွဲပြားသည့် ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု အစုစုအတွက် တူညီသည့် အာမခံချက်ကို ပေးထားခဲ့သည်။ “ပြည်ထောင်စု”သည် လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုက
ပြန်ပေးဆွဲသွားရမည့်အရာမဟုတ်ဟု လွတ်လပ်ရေးခေါင်းဆောင်ကြီးများက အနက်ဖွင့်ခဲ့ကြသည်။ အသားအရောင်၊ လူမျိုး၊ ဘာသာကွဲပြားမှုကို အာမခံခဲ့သည့် စကားလုံးများဖြစ်သည်။
အပိုဒ် ၅ ကို ဆက်ဖတ်ကြရအောင်ပါ။
ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်... ဟု ရေးသားထားသည်။ အတိတ်က အစိုးရအဆက်ဆက် ခေါင်းဆောင်များ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ဖူးကြရဲ့လားဆိုသည့်မေးခွန်းက စိတ်ဝင်စားစရာ ကောင်းလာသည်။ လွတ်လပ်ရေးကြေညာစာတမ်းကို နိုင်ငံသားများ အလွတ်ရယဉ်ပါးအောင် အစိုးရ အဆက်ဆက် ဘာကြောင့်မလုပ်ခဲ့သလဲဆိုသည့် မေးခွန်းကလည်း စိတ်ဝင်စားစရာ ကောင်းလာသည်။ နိုင်ငံတော်သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ (သို့မဟုတ်) နိုင်ငံရေးပါတီတစ်ခု၏ ချုပ်ကိုင်ထားရာ အမွေအနှစ်မဟုတ်ဆိုသည့် အယူအဆကို စနစ်တကျ ဖျောက်ဖျက်ချင်သူများ ရှိကောင်းရှိနေနိုင်သည်။
အတိတ်ကာလကလည်းကောင်း၊ယခုမျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌လည်းကောင်း၊ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသော ကြီးငယ်ဝေးနီးကားမခြား၊ သစ္စာတော်ခံနိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့် အညီ ကမ္ဘာဦးကာလ လူတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူ့အဝှမ်း၏အကျိုးကို ကောင်းစွာရွက်ဆောင်နိုင်အပ်သော ပုဂိ္ဂုလ်ကိုရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်ပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့်လျော်စွာ၊ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသော တရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
နိုင်ငံတော်ကိုဦးဆောင်စည်းရုံးနိုင်ပြီး ပြည်သူအများစုက ထောက်ခံသူကို ခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်အုပ်ချုပ်စေဖို့အတွက် တူညီသည့်အခွင့်အရေးကို ပြဋ္ဌာန်းခဲ့သည့်စာပိုဒ်ဖြစ်သည်။ လူအများစု၏ဆန္ဒအထက်မှာ မည်သည့်အရာမျှမရှိရဟု လမ်းညွှန်ခဲ့ကြသည်။
အပိုဒ် ၆ ကို ဆက်ဖတ်ပါ။
သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလ အပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီး တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ၊ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာအဆုံးတိုင် မယိုင်မယိမ်းတည်မည်၊ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
“လွတ်လပ်(ရေး)” ဆိုသည့် စကားလုံးကို ၁၈ ကြိမ် ဖော်ပြခဲ့သည့် မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းမှာ “တပ်မတော်” (သို့မဟုတ်) နိုင်ငံရေးအင်အားစု တစ်စုစု၏ အမည်နာမကို လုံးဝမဖော်ပြခဲ့ပါ။ လွတ်လပ်ရေးနှင့် လွတ်လပ်ရေး၏ အသီးအပွင့်ကို လူ့အဖွဲ့အစည်းအတွင်းရှိ တစ်ဦးချင်းစီနှင့် အစုအဖွဲ့အသီးသီးက ညီမျှစွာပိုင်ဆိုင်သည်
ဟု ခေါင်းဆောင်ကြီးများ ယူဆခဲ့ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များစွာ လူ့အဖွဲ့အစည်းအတွင်းမှာ တပ်မတော်ကို ခေါင်းတစ်လုံးပိုအောင် “အမိအဖအဖြစ်” ဖော်ပြခဲ့ခြင်းကလည်း တန်းတူညီမျှမှုကို သွေဖည်စေခဲ့သည်။ တစ်ချိန်က လူထု ချစ်မြတ်နိုးခဲ့သည့် တပ်မတော်၏ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ ကြေညာစာတမ်း ထဲက “ငါတို့”ဆိုသည့် စကားလုံးသည် ပြည်ထောင်စုသားတစ်ဦးချင်းစီကို ကိုယ်စား ပြုသော စကားလုံးဖြစ်သည်။ “ငါတို့” ဆိုသည့် စကားလုံးတွင် အသင်းအဖွဲ့၊ အမျိုးအနွယ်ကိုလိုက်၍ ခွဲခြားဆက်ဆံမှု လုံးဝမပါရှိပါ။
စုစုပေါင်း ဝါကျ ၁၃ ကြောင်းပါရှိသည့် လွတ်လပ်ရေးကြေညာစာတမ်းမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ နာမည်တစ်ခုသာ ပါရှိခဲ့သည်။
“ဗိုလ်ချုပ်အောင်ဆန်း” ဖြစ်သည်။
ဗိုလ်ချုပ်၏လမ်းစဉ်၊ ဗိုလ်ချုပ်၏မူဝါဒကို ပြည်ထောင်စု၏လမ်းညွှန်ချက်များအဖြစ် အုတ်မြစ်ချခဲ့ပုံရသည်။
Share: 7Days
မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်း
------------------------------------
(printed version ကို MKS စာအုပ်တိုက် tel: 01 387819 email: info.mksociety@gmail.com ကိုဆက်သွယ် ရယူနိုင်ပါတယ်။)
PS: Current document paper size: 12x18 in
photo credti to KZO
No comments:
Post a Comment