Apr 7, 2017

ခရီးလမ္း

Zawgyi version

"ခရီးလမ္း"
...................ေမာင္ေခ်ာႏြယ္
(၁)
ငွက္ကေလးေရ
တို႔လည္း မင္းလိုပဲ  ေလကိုဆန္ပ်ံသူေတြပါပဲ...။
(၂)
ေရႊဝါးပင္ဝါးရံုရိပ္ေလးေအာက္ ကြၽန္ေတာ္ေရာက္ခဲ့တယ္.....။
ေရႊေရာင္ဝင္းဝါေနတဲ့ ဝါးပင္ေတြကိုၾကည့္ရင္း
ကြၽန္ေတာ္လည္း အဲဒိလို ႐ွား႐ွားပါးပါး ေရႊဝါးပင္ကေလး ျဖစ္ခ်င္ခဲ့ပါတယ္.....။
ျဖစ္မ်ားျဖစ္ေနသလား ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္
စမ္းသပ္ခဲ့ပါတယ္...။
ေရႊဝါးပင္ကေလးဟာ ကဗ်ာဆရာျဖစ္ေနတာ
ကြၽန္ေတာ္ ေတြ႔႐ွိရပါတယ္....။

(၃)
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ အသည္းႏွလံုးေတြကို ထိန္းသိမ္းခဲ့ရပါတယ္...။
ဝမ္းနည္းဖြယ္ အခ်က္အလက္ေတြခ်ည္းပါပဲ။
ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ ေန႔စဥ္ ရက္မ်ားဟာ
ဒဏ္ရာနဲ႔ ရက္မ်ား ခ်ည္းပါပဲ..။
ခ်စ္ျခင္းေမတၱာ ရဲ႕ ဟိုဘက္မွာ ဘာမ်ား႐ွိပါသလဲ..။
ကြၽန္ေတာ္တို႔ဟာ ဘုတ္လိုလည္း တအီအီ နဲ႔ အီခဲ့ရပါတယ္။
ကြၽန္ေတာ္တို႔ဟာ ခ်ိဳးကေလးလိုလည္း
တကူးကူး ေအာ္ျမည္ခဲ့ရပါတယ္။
ကြၽန္ေတာ္တိုဟာ ကြၽန္ေတာ္တို႔ဘဝကို
စူးထိုး စိုက္ပ်ိဳးခဲ့ရပါတယ္။
ဆံုးျဖက္ခ်က္ခ်ရန္ ခက္ခဲတဲ့ အခ်က္အလက္အေၾကာင္း ေျမာက္မ်ားစြာ
ကြၽန္ေတာ္တို႔ ရ႐ွိခဲ့ပါတယ္.....။
စူး႐ွနက္႐ႈိင္းမႈတစ္ခုေပၚမွာ ကြၽန္ေတာ္တို႔
ရပ္ခဲ့မိျပန္ေသးတယ္။
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္ တို႔ ဘဝေတြကို
ေက်ာက္စိမ္း ကြမ္သလို ကြမ္ေနခဲ့ရျပန္ပါေသးတယ္။
လန္းလန္းဆန္းဆန္း ပန္းကေလးေတြပြင့္လန္း။
ဒါကိုလည္း ကြၽန္ေတာ္ တို႔ ၾကည့္႐ႈ
ၾကည္ႏူးခဲ့ရပါေသးတယ္..။

ေန႔တိုင္း ေန႔တိုင္း ကြၽန္ေတာ္ တို႔ နက္​ရိႈင္းခဲ့ၾကရပါတယ္။
ေန႔တိုင္း ေန႔တိုင္း ကြၽန္ေတာ္တို႔ လိႈင္းထခဲ့ရပါတယ္။
ျမက္ကိုတစ္ပင္ျခင္း ဆြဲတက္ရတဲ့ ေတာင္တက္လမ္းကို ကြၽန္ေတာ္တို႔ ေရြးခ်ယ္မိခဲ့ၾကပါတယ္။

(၄)
ကေလးဘဝက ေတာလမ္းေကြ႔ကေလးမွာ ေဆြးဖြယ္ပန္းမ်ား လႊမ္းခဲ့ပါၿပီ။
အေဝးရပ္ကို ေမ်ွာ္ၾကည့္လိုက္ေတာ့
အေနအထားမွားတဲ့ သက္တံ တံတားေအာက္မွာ
ကြၽန္ေတာ္တို႔ရဲ႕ အသက္႐ွင္ျခင္းေတြဟာ
မီးခိုးျပာေငြ႔ တစ္ေငြ႔လို ေပ်ာက္ျပယ္ၿပီး ပါးလ်ားသြားခဲ့ပါၿပီ။
ပင္လယ္ျပာေအးမွာ ေျခေဆးပါရေစ။
ေရႊေနျခည္ေရ.....
ပတၱျမား တိမ္အုပ္ ကိုဆုပ္ကိုင္ပါရေစ။
ေရႊေနျခည္ေရ.. .
ငွက္ေမႊးေတာအုပ္ကို လႈပ္ကစားပါရေစ။
ေရႊေနျခည္ေရ.. .
ခ်ည္ႀကိဳးမွာသီလာခဲ့.
ျဖည္ႀကိဳးမွာ ေျပပါလွည့္
တို႔အိမ္ရာ ဘယ္မွာ႐ွိတယ္
ပို႔ခဲ့ပါ ကဗ်ာေလးေတြရယ္..။

#ေမာင္ေခ်ာႏြယ္

Unicode version
"ခရီးလမ်း"
...................မောင်ချောနွယ်
(၁)
ငှက်ကလေးရေ
တို့လည်း မင်းလိုပဲ  လေကိုဆန်ပျံသူတွေပါပဲ...။
(၂)
ရွှေဝါးပင်ဝါးရုံရိပ်လေးအောက် ကျွန်တော်ရောက်ခဲ့တယ်.....။
ရွှေရောင်ဝင်းဝါနေတဲ့ ဝါးပင်တွေကိုကြည့်ရင်း
ကျွန်တော်လည်း အဲဒိလို ရှားရှားပါးပါး ရွှေဝါးပင်ကလေး ဖြစ်ချင်ခဲ့ပါတယ်.....။
ဖြစ်များဖြစ်နေသလား ကျွန်တော့်ကိုယ် ကျွန်တော်
စမ်းသပ်ခဲ့ပါတယ်...။
ရွှေဝါးပင်ကလေးဟာ ကဗျာဆရာဖြစ်နေတာ
ကျွန်တော် တွေ့ရှိရပါတယ်....။

(၃)
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးတွေကို ထိန်းသိမ်းခဲ့ရပါတယ်...။
ဝမ်းနည်းဖွယ် အချက်အလက်တွေချည်းပါပဲ။
ကျွန်တော်တို့ရဲ့ နေ့စဉ် နေ့စဉ် ရက်များဟာ
ဒဏ်ရာနဲ့ ရက်များ ချည်းပါပဲ..။
ချစ်ခြင်းမေတ္တာ ရဲ့ ဟိုဘက်မှာ ဘာများရှိပါသလဲ..။
ကျွန်တော်တို့ဟာ ဘုတ်လိုလည်း တအီအီ နဲ့ အီခဲ့ရပါတယ်။
ကျွန်တော်တို့ဟာ ချိုးကလေးလိုလည်း
တကူးကူး အော်မြည်ခဲ့ရပါတယ်။
ကျွန်တော်တိုဟာ ကျွန်တော်တို့ဘဝကို
စူးထိုး စိုက်ပျိုးခဲ့ရပါတယ်။
ဆုံးဖြက်ချက်ချရန် ခက်ခဲတဲ့ အချက်အလက်အကြောင်း မြောက်များစွာ
ကျွန်တော်တို့ ရရှိခဲ့ပါတယ်.....။
စူးရှနက်ရှိုင်းမှုတစ်ခုပေါ်မှာ ကျွန်တော်တို့
ရပ်ခဲ့မိပြန်သေးတယ်။
ကျွန်တော်တို့ဟာ ကျွန်တော် တို့ ဘဝတွေကို
ကျောက်စိမ်း ကွမ်သလို ကွမ်နေခဲ့ရပြန်ပါသေးတယ်။
လန်းလန်းဆန်းဆန်း ပန်းကလေးတွေပွင့်လန်း။
ဒါကိုလည်း ကျွန်တော် တို့ ကြည့်ရှု
ကြည်နူးခဲ့ရပါသေးတယ်..။

နေ့တိုင်း နေ့တိုင်း ကျွန်တော် တို့ နက်ရှိုင်းခဲ့ကြရပါတယ်။
နေ့တိုင်း နေ့တိုင်း ကျွန်တော်တို့ လှိုင်းထခဲ့ရပါတယ်။
မြက်ကိုတစ်ပင်ခြင်း ဆွဲတက်ရတဲ့ တောင်တက်လမ်းကို ကျွန်တော်တို့ ရွေးချယ်မိခဲ့ကြပါတယ်။

(၄)
ကလေးဘဝက တောလမ်းကွေ့ကလေးမှာ ဆွေးဖွယ်ပန်းများ လွှမ်းခဲ့ပါပြီ။
အဝေးရပ်ကို မျှော်ကြည့်လိုက်တော့
အနေအထားမှားတဲ့ သက်တံ တံတားအောက်မှာ
ကျွန်တော်တို့ရဲ့ အသက်ရှင်ခြင်းတွေဟာ
မီးခိုးပြာငွေ့ တစ်ငွေ့လို ပျောက်ပြယ်ပြီး ပါးလျားသွားခဲ့ပါပြီ။
ပင်လယ်ပြာအေးမှာ ခြေဆေးပါရစေ။
ရွှေနေခြည်ရေ.....
ပတ္တမြား တိမ်အုပ် ကိုဆုပ်ကိုင်ပါရစေ။
ရွှေနေခြည်ရေ.. .
ငှက်မွှေးတောအုပ်ကို လှုပ်ကစားပါရစေ။
ရွှေနေခြည်ရေ.. .
ချည်ကြိုးမှာသီလာခဲ့.
ဖြည်ကြိုးမှာ ပြေပါလှည့်
တို့အိမ်ရာ ဘယ်မှာရှိတယ်
ပို့ခဲ့ပါ ကဗျာလေးတွေရယ်..။

#မောင်ချောနွယ်

No comments:

Post a Comment