Zawgyi Version
မေဟသီမဂၢဇင္း ႏိုဝင္ဘာလ ၂၀၁၄ (ဝတၳဳတို)
"အိပ္မက္ ျမစ္ကမ္း"
ကၽြန္ေတာ္ ဒီေနရာကို ဘယ္လိုေရာက္လာခဲ့သလဲ မသိပါ။
ေတာက္ပေသာ အလင္းေရာင္တစ္ခုက ပိတ္ထားေသာ မ်က္ခြံကို ေဖာက္ထြင္းျပီး ကၽြန္ေတာ့္အ ျမင္အာရံုကို လာတိုက္သည္။ ေတာက္ပေသာ္လည္ စူးရွပူေလာင္ျခင္းေတာ့ မရွိ။ ေလးပင္တြဲက်ေနေသာ မ်က္ခြံတစ္စံုကို ဖြင့္ရန္မစြမ္းသာသလို ဖြင့္ၾကည့္ရန္လည္း စိတ္မကူးမိ။ ကၽြန္ေတာ့္နားထဲမွာလည္း မသဲကြဲ ေသာ အသံတခ်ိဳ႕ကို ၾကားေနရသည္။ အားမလိုအားမရ ေရရြတ္သံလိုမ်ိဳး၊ တစ္ခ်က္တစ္ခ်က္လည္း ညည္း ညဴသံလိုမ်ိဳး ၾကားေနရသည္။ အနည္းငယ္ ထပ္ျပီးအာရံုစိုက္ကာ နားေထာင္ၾကည့္မိသည္။ ေရသံ၊ ဟုတ္ သည္၊ လႈိင္းပုတ္သံ။ စည္းခ်က္မွန္မွန္ ထြက္ေပၚလာေသာ ေရလႈိင္းသံမွာ ကၽြန္ေတာ္ ေပ်ာ္၀င္ၾကည္ႏူးေနမိ သည္။
"အား......"
ခပ္ေ၀းေ၀းဆီမွ အသံနက္ၾကီးတစ္ခုသည္ ထိတ္လန္႕ေျခာက္ျခားစရာ ထြက္ေပၚလာသည္။ သို႕ ေသာ္ ရုတ္တရက္ ျပန္လည္ေပ်ာက္ကြယ္သြားျပီး ယခင္ကအတိုင္းပင္ ျပန္လည္ ျငိမ္သက္သြားျပန္သည္။
ကၽြန္ေတာ္ ခု ဘယ္မွာေရာက္ေနတာလဲ။ သိခ်င္စိတ္က ရုတ္တရက္ဆိုသလို ရင္ထဲမွာ ပ်ိဳ႕တက္ လာသည္။ ဒါ ဘယ္ေနရာလဲ။ ရွဴရႈိက္ရေသာ ေလကေတာ့ သန္႕စင္လတ္ဆတ္ေနသည္။ ေအးျမေသာေလ ကို တ၀ၾကီး ရွဴသြင္းလိုက္ျပီး မ်က္လံုးကို ၾကိဳးစားကာ ဖြင့္ၾကည့္သည္။ အလင္းေရာင္သည္ မ်က္လံုးထဲသို႕ အတားအဆီးမဲ့ ၀င္ေရာက္လာေသာေၾကာင့္ မ်က္၀န္းအစံုက ခ်က္ခ်င္းျပန္ပိတ္သြားသည္။ ေနာက္တစ္ခါ အားယူျပီး ထပ္ဖြင့္ၾကည့္သည္။ ဒီတစ္ခါေတာ့ မ်က္ခြံတို႕ ျပန္ပိတ္မသြားေတာ့။ သူ႕မ်က္လံုးတည့္တည့္မွာ ေကာင္းကင္က်ယ္က်ယ္ၾကီးကို ျမင္ရသည္။ ေကာင္းကင္ၾကီးတစ္ခုလံုးသည္ ျပာလဲ့ကာ မိုးသားတိမ္လိပ္ မ်ား ကင္းစင္ေနသည္။ ထို႕အတူ ပတ္၀န္းက်င္းတစ္ခုလံုးသည္လည္း ထိန္လင္းလို႕ေနသည္။ ပတ္၀န္း က်င္တစ္ခြင္သည္ ေတာက္ပၾကည္လင္ေနေသာ္လည္း ပူျပင္းေလာက္ျမိဳက္ျခင္းမရွိ။ အလင္းဓာတ္ေပး ေနေသာအရာကို ရွာေဖြၾကည့္ေသာ္လည္း မေတြ႕မိ။
ရုတ္တရက္ စိတ္က ေရလႈိင္းသံဆီ ျပန္ေရာက္သြားေတာ့မွ ေက်ာဘက္မွ စိုစြတ္ေအးစက္ေသာ ခံစားမႈကို သတိထားမိသြားသည္။ ေက်ာေအာက္ဆီတြင္ အနည္းငယ္ ခိုးလိုးခုလုျဖစ္ေနေသာ္လည္း ေအး ျမေသာခံစားမႈကို ရရွိေသာအခါ တစ္ကိုယ္လံုးလန္းဆန္းၾကည္လင္လာသည္။ လိႈင္းငယ္ကေလးမ်ားသည္ ခႏၶာကိုယ္ ညာဘက္အျခမ္းဆီသို႕ တစ္ျဗတ္ျဗတ္လာ ရိုက္ေနသည္။ ေခါင္းကို ငဲ့ေစာင္းၾကည့္မိေသာအခါ ေရျပင္က်ယ္က်ယ္ကို ျမင္ရ၏။ ခႏၶာကိုယ္တစ္ခုလံုးသည္ ေလးလံလွသည္ဟု ထင္ရေသာ္လည္း ထထိုင္ ရန္ ၾကိဳးစားေသာအခါ မ်ားမ်ာစားစားပင္ အားမစိုက္လိုက္ရ။
ထထိုင္လိုက္မွပင္ ပတ္၀န္းက်င္ကို သဲသဲကြဲကြဲ ေတြ႕ျမင္ရေတာ့သည္။ ကၽြန္ေတာ့္ေရွ႕တည့္တည့္ မွာ ျမစ္ျပင္က်ယ္က်ယ္ၾကီး တစ္ခုကို ေတြ႕ရသည္။ ကၽြန္ေတာ္ ျမစ္ကမ္းပါးတစ္ခုေပၚတြင္ ေရာက္ရွိေနျခင္း ျဖစ္သည္။ ကၽြန္ေတာ္ ဘယ္လို႕ ေရာက္ရွိလာခဲ့သလဲ။ ဘယ္တုန္းက ေရာက္လာခဲ့သလဲ။ ဘာေၾကာင့္လဲ။ လံုးလံုးကို ေတြးမရ။ ဒါဆို ကၽြန္ေတာ္ ဘယ္က လာခဲ့သလဲ။ ဘာေတြ ျဖစ္ခဲ့သလဲ။ ဘာကိုမွ သတိမရ။ ဒါ ထက္ နက္နက္နဲနဲ ေတြးၾကည့္သည္။ ေခါင္းေတြ မူးေ၀လာသည္။ ဒါဆို ကၽြန္ေတာ္က ဘယ္သူလဲ။ အင္း… မသိ။ အို… ကၽြန္ေတာ္ ဘယ္သူလဲ။ စဥ္းစားလို႕ မရ။ ေခါင္းထဲမွာ တစစ္စစ္ ထိုးကိုက္လာသည္။ ကၽြန္ ေတာ့္ မ်က္လံုးမ်ား ျပန္လည္ ေမွးမွိတ္သြားျပီး အရာအားလံုး အေမွာင္ အတိက်သြားျပန္သည္။ နားထဲမွာ ေတာ့ ခပ္တိုးတိုးေရရြတ္သံမ်ား.. ညည္း ညဴသံမ်ား… အသံနက္ၾကီး တစ္ခု…
"အား.......... "
***********
ျမစ္ထဲကေရကို လက္ခုပ္ျဖင့္ခပ္ယူ၍ အားပါးတရ ေသာက္ျပီးသည့္အခါ တစ္ကိုယ္လံုး လန္းဆန္း ကာ အင္အားမ်ား ျပန္လည္ျပည့္ျဖိဳးသြားသလို ခံစားလိုက္ရသည္။ အႏွစ္ႏွစ္အလလက ကုန္ဆံုးသြားေသာ ခြန္အားမ်ားကို တစ္ခဏတည္းႏွင့္ ျပန္ရရွိလိုက္သလို ထင္ရ၏။
ျမစ္ျပင္သည္ ေတာ္ေတာ္ အေျပာက်ယ္လွသည္။ ေရျပင္သည္ ေလအလာတြင္ လႈိင္းၾကက္ခြပ္က ေလးမ်ား ထေနသည္မွ လြဲ၍ ေအးေဆးျငိမ္သက္ေနသည္။ ျမစ္ေရသည္ ၾကည္လင္ေနျပီး ေရေအာက္မွ ေက်ာက္တံုးကေလးမ်ား ကူးခတ္သြားလာေနၾကေသာ ငါးကေလးမ်ားကိုပါ ေဖာက္ထြင္း ျမင္ေတြ႕ေနရ သည္။ ျမစ္တစ္ဘက္ကမ္းသည္ ေ၀းကြာလွေသာ္လည္း ဟိုဘက္ကမ္းက အရာမ်ားကိုေတာ့ ထင္ထင္ရွား ရွား ျပတ္ျပတ္သားသား ေတြ႕ျမင္ႏိုင္၏။ လွမ္းျမင္ေနရေသာ ျမစ္တစ္ဘက္ကမ္းရွိ ေတာအုပ္ကေလးမွာ စိမ္းစိုသာယာေနသည္။ ပင္အိုပင္ပ်ိဳအရြယ္ရြယ္တို႕သည္ စနစ္တက် အကြက္ခ် စိုက္ပ်ိဳးထားသည့္အလား ေနရာက် လွပေနသည္။ ပန္းေရာင္စံုတို႕သည္လည္း ဖူးပြင့္လန္းဆန္းေနၾကသည္။ ေျမလမ္းျဖဴျဖဴကေလး တစ္ခုသည္ သစ္ပင္ပန္းမန္တို႕အၾကားမွာ ျပန္႕ျပဴးစြာ ရွိေနသည္။ လမ္းကေလး၏ အဆံုးရွိ လွပေသာ အိမ္ ကေလးတစ္လံုးကိုလည္း လွမ္းျမင္ေနရသည္။ အိမ္၏ အတြင္းပိုင္းအထိ အေသးစိတ္ မေတြ႕ႏိုင္ေသာ္ လည္း သာယာေအးခ်မ္းေသာ ပတ္၀န္းက်င္အလယ္မွ အိမ္ကေလးကေတာ့ ျမင္သူကို `လာလွည့္ပါ´ဟု ဆြဲေဆာင္ေခၚငင္ေနသလိုပင္။
သည္အိမ္ကေလးကို ေရာက္ဖို႕။ အင္း… ျမစ္ကို ကူးရမည္။ ေလွ… ေလွတစ္ခု သို႕မဟုတ္ ေဖာင္..။ ေလွ သို႕မဟုတ္ ေဖာင္ ရွာရမည္။ ကမ္းေျခတစ္ေလွ်ာက္ ေမွ်ာ္ၾကည့္မိေတာ့ ဘာမွမရွိ။ ေလွႏွင့္တူတာ ဘာ မွမရွိ။ ျပီးေတာ့…… ဟင္…။
သည္ဘက္ကမ္းမွာ …။ အို…။ ဘာမွမရွိ။ သည္ဘက္ကမ္းသည္ ဟင္းလင္းျဖစ္လ်က္။ ပန္းမန္သစ္ ပင္၊ တိုက္တာ အိုးအိမ္မ်ား။ ဘာပစၥည္းပစၥယမွ မရွိ။ ျမစ္ကမ္းစပ္မွ စတင္ေသာ ကမ္းေျခကုန္းေျမသည္ ဟင္းလင္းပြင့္လ်က္၊ အဆံုးမဲ့။
ထိုဟင္းလင္းျဖစ္ေနေသာ လတာျပင္က်ယ္ၾကီးတြင္ ရပ္ကာ၊ ထုိင္ကာ၊ ကုန္းကာ၊ ေလွ်ာက္ကာ ငိုက္စိုက္ငိုက္စိုက္ႏွင့္ သြားလာေနၾကေသာ လူတို႕သာ ထူးျခား၏။ ထိုလူမ်ားကို အစက မျမင္ခဲ့မိ။ အရင္က မရွိခဲ့တာလား။ ကၽြန္ေတာ္ပဲ သတိမထားခဲ့မိတာလား။ ျမင္ခဲ့ပါလ်က္ မမွတ္မိတာလား။ ေခါင္းမူးမည္စိုး၍ ဆက္မေတြးျဖစ္ေတာ့။ သူတို႕ကိုေတာ့ ကၽြန္ေတာ္ စိတ္၀င္စားမိသြားသည္။
လူအေရအတြက္ကေတာ့ ေတာ္ေတာ္မ်ားလွသည္။ တခ်ိဳ႕ေနရာတြင္ လူေတြက ခပ္စိပ္စိပ္၊ တခ်ိဳ႕ ေနရာမွာေတာ့ ခပ္က်ဲက်ဲ။ တစ္ေယာက္၊ ႏွစ္ေယာက္၊ သံုးေယာက္…။ အမ်ားၾကီး… ကၽြန္ေတာ္ မေရတြက္ ႏိုင္။ ျပီးေတာ့ ဟိုဟိုဒီဒီ ပ်ားပန္းခပ္ သြားလာေနၾကေသာ လူမ်ားကို မထပ္ေအာင္ ေရတြက္ဖို႕ကလည္း မလြယ္လွ။ အသက္အရြယ္ေတြကလည္း မတိမ္းမယိမ္း။ အသက္ၾကီးလြန္းသူမ်ားနွင့္ ကေလးမ်ားေတာ့ မပါပါ။ ကၽြန္ေတာ့္အရြက္ေလာက္ေတြ၊ ႏွစ္ဆယ့္ငါး ေလးဆယ္ၾကားေလာက္ေတာ့ ျဖစ္မည္။ ေယာက္်ား လား မိန္းမလားဆိုတာလည္း ကၽြန္ေတာ္ မခြဲျခားတတ္။ ထူးျခားတာက သူတို႕အားလံုးမွာ ဦးထုတ္ကိုယ္စီ အျပင္ ပုခံုးမွ သိုင္းလြယ္ထားေသာ အိတ္တစ္လံုးစီ ရွိေနၾကျခင္းျဖစ္သည္။ သူတို႕ကေတာ့ ကၽြန္ေတာ္ရွိေန ျခင္းကို သတိထားမိၾကပံု မတူပါ။ ဒါထက္ သူတို႕အခ်င္းခ်င္းလည္း ေျပာဆို ဆက္ဆံၾကျခင္း မရွိ။ တစ္ခ်က္ တစ္ခ်က္ေတာ့ ႏႈတ္မွ ပြစိပြစိ လုပ္ေနၾကတာ ေတြ႕ရသည္။ ကၽြန္ေတာ္ ၾကားခဲ့ရေသာ ေရရြတ္သံမ်ားမွာ သူတို႕ဆီက ျဖစ္မည္ ထင္သည္။
"ေဟ့လူ...၊ ေဟး.... "
ကၽြန္ေတာ္ အနီးဆံုးက လူတစ္ေယာက္ကို လွမ္းေခၚၾကည့္သည္။ ျပန္မထူး။ လွည့္မွ်ပင္ မၾကည့္။ သူ႕ကို ေခၚေနမွန္းေတာင္ သတိထားမိဟန္မတူ။
"ဗ်ိဳး... ေရွ႕က ဆရာၾကီး... "
ေနာက္တစ္ေယာက္ဘက္ လွည့္ကာ ရည္ညႊန္းေအာ္ေခၚၾကည့္သည္။ လွည့္မၾကည့္။ ကၽြန္ေတာ္ သူ႕အနားသို႕ ေျပးသြားကာ သူ႕ပုခံုးကို ပုတ္လိုက္သည္။
"ဗ်ိဳ႕ ဆရာၾကီး... ဘာလုပ္ေနတာလဲဗ်။ က်ဳပ္ေခၚတာေတာင္ မထူးဘူး"
ကၽြန္ေတာ္ကို ျမင္သြားေသာ ထိုလူ၏မ်က္ႏွာမွာ ထိတ္္လန္႕ေၾကာက္ရြံ႕ေနပံု ရွိသည္။ ထိုသူ၏ အ သားအေရမွာ မဲနက္ေျပာင္၀င္းေနျပီး မီးကင္ထားေသာ ၀က္ေပါင္ေျခာက္ႏွင့္ပင္ တူလွသည္။ ေဘာင္းဘီပြ ပြၾကီးကို ၀တ္ထားျပီး ပတ္ထားေသာ ခါးပတ္ၾကိဳးစမွာ အက်ႋီပြပြၾကီး၏ ေအာက္နားမွ တြဲလ်ားက်ေနသည္။ အက်ႋီမွာ ေဟာင္းႏြမ္းပါးလ်ေနျပီ ျဖစ္ေသာ္လည္း စလြယ္သိုင္းလြယ္ထားေသာ သားေရအိတ္ကေလးက ေတာ့ ၀င္းလက္ေတာက္ေျပာင္ေန၏။ လက္ထဲမွာလည္း တစ္ခုခုကို က်စ္က်စ္ပါေအာင္ ဆုပ္ထား၏။
"ခင္ဗ်ားတို႕တေတြ ဒီမွာ ဘာလုပ္ေနၾကတာလဲ။ ေနပါဦး၊ ခင္ဗ်ားလက္ထဲက ဆုပ္ထားတာကေရာ ဘာလဲ"
ထိုလူသည္ ဆုပ္ထားေသာ လက္ကို သားေရလြယ္အိတ္ကေလးထဲ ထုိးထည့္လိုက္ျပီး ကၽြန္ေတာ့္ ကို စူးစူးရဲရဲၾကည့္သည္။ ျပီးေနာက္ စကားတစ္ခြန္းမွ မဆိုပဲ လြယ္အိတ္ကေလးကိုသာ ကၽြန္ေတာ္က လုယူ ေတာ့မည္ အထင္၍လားမသိ၊ ရင္ဘတ္မွာ က်စ္က်စ္ပါေအာင္ ေပြ႕ဖက္ထားသည္။ ကၽြန္ေတာ္ စကားထပ္ ေျပာဖို႕ ပါးစပ္အျပင္မွာပဲ ေနာက္ဆုတ္ေနာက္ဆုတ္လုပ္ကာ အေ၀းသို႕ ထြက္ေျပးေပ်ာက္ကြယ္သြားေလ ေတာ့သည္။
တျခားလူေတြကေတာ့ ငံု႕ငံု႕ ငံု႕ငံု႕ လုပ္ေနၾကတုန္း။ လူတစ္ေယာက္သည္ ကမ္းနားတစ္ေလွ်ာက္ ေရစပ္တစ္ေလွ်ာက္တြင္ တစ္စြက္စြက္ႏွင့္ သြားေနလိုက္၊ တစ္ခုခုကို ငံုျပီးေကာက္လိုက္၊ သူ႕ေဘးလြယ္ အိတ္ေလးထဲ ထည့္လိုက္ လုပ္ေနသည္။
လူတစ္ေယာက္ကေတာ့ ကမ္းစပ္ႏွင့္ ခပ္ေ၀းေ၀းက ကုန္းမို႕မို႕ ေလးမွာ ဇိမ္ေျပနေျပထုိင္ေနသည္။ လူက အနားယူေနပံုရေသာ္လည္း စိတ္ကိုေတာ့ အနားေပးထားပံုမရ။ တစ္ခုခုကို အေလးအနက္ စဥ္းစား ခန္းဖြင့္ေနဟန္ ရွိသည္။ သူ႕ ဦးထုတ္မဲမဲၾကီးကေတာ့ ေတာ္ေတာ္ၾကီးလွသည္။ သိပ္မၾကာပါ။ တစ္ခုခုကို စဥ္းစားလို႕ ရသြားဟန္ျဖင့္ ရုတ္တရက္ ထထြက္သြားျပန္သည္။
လူတစ္ေယာက္ကမူ ကမ္းစပ္နားေျမစိုစိုကို လက္ျဖင့္ ယက္ေဖာ္ေနသည္။ ႏႈတ္ကလည္း တစ္ခုခု ကို တတြတ္တြတ္ ေရရြတ္ေနသည္။ ဂါထာတစ္ပုဒ္လား၊ သီခ်င္းတစ္ပုဒ္ ျဖစ္ေလမလားေတာ့ မသိ။ သူ တူး ေနေသာ တြင္းမွာ ေတာ္ေတာ္က်ယ္ျပီး၊ ေတာ္ေတာ္နက္လာျပီ ျဖစ္သည္။ သူကေတာ့ မရပ္တန္႕ႏိုင္ေသး။ သူ႕မ်က္လံုးေတြကေတာ့ အေရာင္ေတြ ေတာက္ပေနသည္။ မ်က္ႏွာကလည္း ေမွ်ာ္လင့္ခ်က္ေတြႏွင့္ ျပည့္ ႏွက္ေနသည့္ အလား၊ တက္ၾကြေနတယ္။
"ဟီ ဟီး.... ဟား ဟား ဟား ဟား ဟီ...... "
ရုတ္တရက္ က်ယ္ေလာင္ေသာ ရယ္သံတစ္ခုကို ၾကားရ၍ လွည့္ၾကည့္မိသည္။ လူက ေတာ္ေတာ္ ကို ပိန္ျပီး အရိုးေပၚအေရတင္ဟုပင္ ေျပာရမည္။ ေျမျပင္ျဖဴးျဖဴးတြင္ ေလွ်ာက္ေျပးေနေသာ သူ႕ဟန္သည္ ေလအလာမွာ လြင့္ပ်ံသြားေသာ စကၠဴျဖဴျဖဴပါးပါးတစ္ရြက္ႏွင့္သာ တူေလသည္။ မ်က္ႏွာကေတာ့ ေရွ႕ကို တစ္ခ်က္မွ မၾကည့္။ ေခါင္းကို မိုးေပၚသို႕ ေမာ့ထားသည္။ မ်က္ႏွာထားကေတာ့ အျခားသူ မ်ားနည္းတူ၊ မၾကာခင္မွာ ရရွိလာေတာ့မည့္ ဆုလာဘ္တစ္ခုခုကို ေမွ်ာ္ကိုးေစာင့္စားေနသည့္ မ်က္ႏွာမ်ိဳး။
"ေတြ႕ျပီကြ၊ ေတြ႕ျပီကြ။ ေဟး ေဟး...။ ဒါပဲ ဒါပဲ။ ဟာဟာ"
ဂ်ံဳရိုးဦးထုပ္ႏွင့္ လူတစ္ေယာက္သည္ သူ႕လက္ထဲက ပစၥည္းကေလးကို တယုတယကိုင္ကာ ကေလးတစ္ေယာက္လို ခုန္ေပါက္ကခုန္ေနသည္။ သူ႕လက္ထဲက အရာကိုလည္း တစ္ခ်က္တစ္ခ်က္ ငံု႕ နမ္းလိုက္ေသးသည္။ သူ႕လို႕ ေပ်ာ္ရႊင္ျမဴထူးေနသည့္ မ်က္ႏွာမ်ိဳးကို ကၽြန္ေတာ့္တစ္သက္ တစ္ခါမွ မေတြ႕ မၾကံဳဖူးခဲ့။ သူ ၀တ္ထားေသာ ၀တ္ရံုညိဳညိဳၾကီးကေတာ့ သူ ထအခုန္မွာ တျဖတ္ျဖတ္ခတ္လို႕။
မလွမ္းမကမ္းက လူတစ္ေယာက္ကေတာ့ ခပ္ငိုင္ငိုင္ထိုင္လို႕။ သူ႕မ်က္ႏွာက ေမွ်ာ္လင့္ခ်က္အ ေရာင္သည္ အနည္းငယ္ ေမွးမွိန္ေနပံုရျပီး တစ္ခုခုကို အားမလိုအားမရ ျဖစ္ေနသလို။ ပါးစပ္ကလည္း တစ္ခုခုကို ညည္းညဴေျပာဆိုေနေသးသည္။
"ေဟ့လူ၊ ခင္ဗ်ားၾကည့္ရတာဗ်ာ၊ စိတ္မခ်မ္းသာလိုက္တာ။ ေပ်ာ္ေပ်ာ္ေနစမ္းပါဗ်။ ေဟာ ဟိုလူကို ၾကည့္ ပါလား။ ေပ်ာ္ရႊင္ေနလိုက္တာ။ သူ႕လို ဆိုလိုက္ ကလိုက္စမ္းပါေတာ့လား"
"ဘာ... ဘာေျပာတယ္။ ခင္ဗ်ားက က်ဳပ္ကို ဟိုလူလို အရူးေအာက္ေမ့လို႕လား။ က်ဳပ္က လူေကာင္းဗ်။ ဟိုလူေရာ အျမဲအဲသလို ဆိုေနကေနႏိုင္မယ္ ခင္ဗ်ားထင္ေနလို႕လား။ ကုိယ့္အလုပ္ ကိုယ္လုပ္စမ္းပါဗ်ာ။ ဟာ.. ဟာ... ေဟ့လူ ခင္ဗ်ားေနာက္မွာ"
လွည့္ၾကည့္ေရွာင္တိမ္းလိုက္သည့္တိုင္ လ်င္ျမန္စြာ ေျပး၀င္လာသည့္ ရိုက္ခ်က္တစ္ခုသည္ ကၽြန္ ေတာ့္ ေနာက္ေစ့တည့္တည့္ကို ခပ္ျပင္းျပင္း၀င္ေဆာင့္သည္။ ကၽြန္ေတာ့္ ကမာၻသည္လည္း အေမွာင္အတိ က်သြားျပန္သည္။
**********
ေစးထန္းေနေသာ ေျခာက္ေသြ႕လုနီးပါး ေသြးစမ်ားကို ေဆးေၾကာရန္ ျမစ္စပ္ေရတိမ္ရာသို႕ ဆင္း လာခဲ့သည္။ ေခါင္းကေတာ့ အနည္းငယ္ ရီေ၀မူးယစ္ေနတုန္းပင္ ရွိေသးသည္။ ျမစ္ေရသည္ အရင္ေန႕က ႏွင့္မတူဘဲ အနည္းငယ္ ခါးသက္ခ်ဥ္စုပ္ေနသည္။ သို႕ေသာ္ ေရ၏အေအးဓာတ္ကေတာ့ လူကို လန္းဆန္း သြားေစသည္။ ေနာက္ေစ့က နာက်င္ေနသာ ဒဏ္ရာကို လက္ျဖင့္ စမ္းၾကည့္မိသည္။ အဖုသီးၾကီးက ရွိေန တုန္း။ ကၽြန္ေတာ့္ကို ရိုက္လိုက္တာ ဘယ္သူလဲ။ ျပီးေတာ့.. လူေတြ… မ်ားစြာေသာလူေတြ… ျမစ္ကမ္းေပၚ က လူေတြ… ဘယ္ကေရာက္လာျပီး ဘာေတြလုပ္ေနၾကသလဲ… မစဥ္းစားတတ္ေအာင္ပင္ ရွိလွသည္။ ေဟာ… ေရွ႕မွာ ဦးထုပ္အျဖဴေရာင္တစ္လံုး၊ ေရထဲမွာ ေမ်ာလာသည္။
"ဗြမ္း...... "
"အမေလး... "
"ဟဲ ဟဲ လန္႕သြားသလား"
"ဟင္.. လန္႕တာေပါ့ဗ်။ ခင္ဗ်ားက ေရထဲမွာ ဘာလုပ္ေနတာလဲ"
"ရွာေနတာေလဗ်ာ"
"ဘာ... ဘာကို ရွာတာလဲ။ ခင္ဗ်ားလည္း ဟိုလူေတြလိုပဲလား"
"ဟုတ္တယ္ဗ်ာ။ အားလံုးအတူတူပဲ။ ရွာေနၾကတဲ့ လူေတြခ်ည္းပဲ"
"ဒါဆိုခင္ဗ်ားက ဘာလို႕ ေရထဲမွာေရာက္ေနသလဲ။ သူတို႕လို ကုန္းေပၚမွာ ရွာေလဗ်ာ"
"ဒါက က်ဳပ္စိတ္ကူးနဲ႕ က်ဳပ္ဗ်။ အေပၚမွာက တျခားလူေတြအမ်ားၾကီး ရွာေနၾကျပီးသားေလ။ ဒါေၾကာင့္ က်ဳပ္က ေရထဲမွာ လိုက္ရွာေနတာ။ က်ဳပ္က လမ္းသစ္ထြင္ခ်င္တာဗ်။ ဒါနဲ႕ ေနပါဦး၊ ခင္ဗ်ားက လူသစ္ လား။ အရင္က မေတြ႕မိပါဘူး။ ဘာရွာတယ္ဆိုတာ ခင္ဗ်ားတကယ္မသိတာလား။ ကလိမ္ကက်စ္ လုပ္ မယ္ေတာ့ မၾကံနဲ႕ေနာ္"
"တကယ္မသိဘူးဗ်ာ။ က်ဳပ္ျဖင့္ သည္ျမစ္ကမ္းေပၚ ဘယ္လိုေရာက္လာတယ္ဆိုတာေတာင္ မသိဘူး။ ကဲ ေျပာပါဦး ဘာရွာၾကသလဲဆိုတာ"
သူက ေလသံကို လိုအပ္တာထက္ ပိုႏွိမ့္ျပီး ေျပာသည္။
"ရတနာေတြ ရွာေနၾကတာေလ။ ဒီကမ္းေပၚမွာ ရတနာေတြမွ အမ်ားၾကီး၊ အမ်ားၾကီး။ ေနရာအႏွံ႕မွာကို ရွိတာ။ ခင္ဗ်ားေျခေထာက္ေအာက္က ေက်ာက္တံုးကိုပဲ ၾကည့္ပါဦး။ သာမာန္ေက်ာက္ ဟုတ္ရဲ႕လားလို႕"
သူေျပာမွ ကၽြန္ေတာ္ သတိထားၾကည့္မိသည္။ ကမ္းစပ္တေလွ်ာက္တြင္ ေက်ာက္တံုးမ်ား အစီအရီ အပံုအပင္ ရွိေနျပီး အေရာင္အေသြးလည္း စံုလင္လွသည္။ အလင္းေရာင္ေၾကာင့္ တစ္ခ်က္တစ္ခ်က္ လက္ ခနဲ လက္ခနဲ ေတာက္သည္။ အေတာက္ပဆံုး ေက်ာက္တံုးကို ေကာက္ယူၾကည့္မိသည္။ သာမန္ေက်ာက္ တံုးနွင့္သာ တူသည္။
"သာမန္ေက်ာက္တံုး ပါပဲဗ်"
"ဟားဟားဟား... ခင္ဗ်ားကမွ မရွာတတ္ေသးတာကိုး။ အင္း၊ ရတနာရွာတယ္ဆိုတာ ပညာလည္း လိုေသး တာကိုး။ စိတ္မပူပါနဲ႕ဗ်ာ၊ ရွာရင္းနဲ႕ တတ္သြားမွာပါ"
"ဒါနဲ႕ ေနပါဦး၊ သည္လို ေက်ာက္တံုးေတြပဲလား။ ဘယ္လိုရတနာမ်ိဳးေတြမ်ား ရွိလို႕လဲ"
"ဟာ အစံုပဲဗ်။ ဘယ္လုိမ်ိဳးေတြလဲ ဆိုတာေတာ့ က်ဳပ္လည္း မေျပာတတ္ဘူး။ ရွာသာရွာဗ်ာ။ ရွာရင္းနဲ႕ ဘယ္ဟာရတနာလည္းဆိုတာ ခင္ဗ်ားသိမွာပဲ။ ပံုေသေတာ့ မရွိဘူး။ ခင္ဗ်ားရတနာလို႕ ထင္တဲ့အရာေပါ့။ အဲဒါကို ေကာက္ျပီး အိတ္ထဲထည့္လိုက္ရံုပဲ"
ဦးထုပ္အျဖဴနဲ႕လူကေတာ့ အားပါးတရ ရွင္းျပေနသည္။ ေျပာပံုကေတာ့ တကယ္ကို ေအးေဆး တည္ျငိမ္စြာ။ မ်က္ႏွာမွာလည္း ေမွ်ာ္လင့္ျခင္းအေငြ႕အသက္တို႕က ရစ္သီေ၀့၀ဲလ်က္။
"ခင္းဗ်ားဟာက တယ္မဟုတ္ေသးပါဘူး။ ခင္ဗ်ားတို႕က ဘယ္မွာ ေနၾကသလဲ။ ဘယ္အခ်ိန္ျပန္ၾကသလဲ"
"သည္ကမ္းစပ္မွာပဲ ေနတာေလ။ ျပန္စရာမလိုဘူးေပါ့ဗ်ာ။ ရတနာေတြရွာမယ္။ ေမာတယ္ဆို ခဏနားမယ္။ ေျပာသာေျပာရတာပါ၊ တကယ္ေတာ့ ေမာတယ္ဆုိတာေတာင္ သတိမရၾကပါဘူး။ ဗိုက္ဆာလာရင္လည္း ျမစ္ေရကို ေသာက္ရံုနဲ႕တင္ ကိစၥျပီးတာပဲေလ"
"ခင္ဗ်ားတို႕ တျခားဘာမွ မလုပ္ၾကေတာ့ဘူးလား။ ရတနာေတြရလာေတာ့ေရာ ဘာလုပ္ၾကမွာလဲ"
"သည္ျမစ္ကမ္းမွာ ဘာလုပ္စရာမ်ား ခင္ဗ်ားျမင္မိလို႕လဲ။ ရတနာေတြ ရွာရံုအျပင္ ခင္ဗ်ားက ဘာမ်ားလုပ္ ခ်င္ေသးလို႕လဲ။ ရတနာေတြရလာေတာ့ အိတ္ထဲထည့္ျပီး သိမ္းထားၾကရမွာေပါ့ဗ်။ ခဏနားတဲ့အခ်ိန္ ျပန္ ထုတ္ၾကည့္လို႕ ရတာပဲေလ"
သူေျပာတာကေတာ့ ေနာက္ေျပာင္ေနတဲ့ဟန္ တစ္ခ်က္မွ မရွိပါ။
"ခင္ဗ်ားတို႕က ရူးေနၾကတာပဲဗ်။ တကယ္ ဘာမွမဟုတ္တဲ့ အရာေတြအတြက္ သက္သက္ အခ်ိန္ကုန္ခံ ေနၾကတာပဲ။ ဟိုးဘက္ကမ္းကုိ ခင္ဗ်ားလွမ္းၾကည့္လိုက္စမ္း။ ျမင္တယ္မဟုတ္လား။ ဘယ္ေလာက္ ေအး ခ်မ္းသာယာလိုက္သလဲ။ ေပ်ာ္စရာေကာင္းလိုက္မယ့္ေနရာဗ်ာ။ အဲဒီကို ခင္ဗ်ား မသြားခ်င္ဘူးလား။ က်ဳပ္ က အဲဒီကို သြားဖို႕ ေလွရွာေနတာဗ်"
"ဟား...ဟား....ဟား...ဟား... "
သူ႕ရယ္သံသည္ ျမစ္ျပင္ကို ပဲ့တင္ထပ္ကာ ေၾကာက္မက္ဖြယ္ရယ္ ေပၚထြက္လာသည္။
"ခင္ဗ်ားက၊ အဲဒီကို သြားမယ္၊ ဟုတ္လား။ လွမ္းျမင္ေနရရံုပဲရွိတဲ့ ဟိုးအေ၀းကအရာတစ္ခုဟာ တကယ္ရွိ ေနတယ္ဆိုတာေရာ ခင္ဗ်ားယံုလို႕လား။ ဒါမွမဟုတ္ ခင္ဗ်ားရဲ႕ ယံုၾကည္တဲ့စိတ္ေၾကာင့္ ရွိတယ္လို႕ ထင္ ေနတဲ့ အရာလည္း ျဖစ္ႏိုင္တာပဲ။ ျပီးေတာ့ ခင္ဗ်ား ဘယ္လို သြားမွာလဲ။ လက္ပစ္ကူးသြားမလို႕လား။ ဒီေရ ျပင္ ဘယ္ေလာက္က်ယ္သလဲ က်ဳပ္လည္း မသိဘူး။ ဒီဘက္ကမ္းမွာေတာ့ ေဟာသည္လူေတြကလြဲျပီး ဘာေလွ ဘာပစၥည္းမွမရွိဘူး။ အဲ ရတနာေတြေတာ့ ရွိတာေပါ့ဗ်ာ"
"ခင္ဗ်ားတို႕ ဒီေလာက္ေတာင္ အသည္းအသန္ ရွာေနတဲ့ ရတနာဆိုတာ တကယ္ေရာ အဖိုးတန္ရဲ႕လား ဗ်ာ။ ခင္ဗ်ားေရာ ရွာေတြ႕ဖူးသလား။ ျပစမ္းပါဦးဗ်ာ။ ဘယ္ေလာက္ေတာင္ အဖိုးတန္သလဲ သိရေအာင္"
"ေတြ႕တာေပါ့ဗ်ာ။ ရွိတာေပါ့။ ေဟာဒီအိတ္ထဲမွာ က်ဳပ္ရဲ႕ ရတနာေတြ ရွိတယ္။ ျပေတာ့ မျပႏုိင္ဘူးဆရာ။ ခင္ဗ်ားျမင္ဖူးခ်င္ရင္ ကိုယ့္ဖာသာကိုယ္ရွာ"
"ျပစမ္းပါဗ်ာ၊ က်ဳပ္ကို ျပေတာ့ ဘာျဖစ္သြားမွာ မွတ္....... "
"အား........... "
ထိတ္လန္႕ေျခာက္ျခားဖြယ္ရာ အသံနက္ၾကီး တစ္ခု။ အဲအသံမ်ိဳး ကၽြန္ေတာ္ တစ္ခါ ၾကားဖူးသည္။ ဦးထုပ္အျဖဴႏွင့္လူက အသံကိုအနည္းငယ္ ျပန္ႏွိမ့္လိုက္ျပီး
"ၾကားလိုက္တယ္မလား အသံကို။ ေဟာ... ဟိုမွာၾကည့္ေလ။ အဲဒီလူေပါ့ သူ႕ရတနာကို ကုိင္လိုက္ေျမွာက္ လိုက္နဲ႕ ကခုန္ေနတာ။ ကိုယ့္ရတနာကို ဘယ္သူ႕ကိုမွ မျပရဘူးဗ်။ က်ဳပ္ေတာင္ ခင္ဗ်ားကို လူသစ္မို႕လို႕ ေျပာျပေပးေနတာ။ ေနာက္ဆို က်ဳပ္လည္း ခင္ဗ်ားကို စကားေတာင္ ေျပာေတာ့မွာ မဟုတ္ဘူး"
ခပ္လွမ္းလွမ္းမွာ ဂ်ံဳရိုးဦးထုပ္နဲ႕လူသည္ လဲက်ေနျပီး လည္ပင္းဆီမွ အညိဳရင့္ေရာင္ေသြးမ်ား အဆက္မျပတ္စီးက်ေနသည္။ ထိုေသြးမ်ားသည္ ျမစ္ထဲအထိ စီးဆင္းကာ ေပ်ာ္၀င္ေပ်ာက္ကြယ္သြားေတာ့ သည္။ ဦးထုပ္မဲမဲၾကီးႏွင့္လူသည္ ဂ်ံဳရိုးဦးထုပ္ႏွင့္လူ၏ လက္ထဲမွ ပစၥည္းတစ္ခုကို ေကာက္ယူကာ ထြက္ ေျပးေပ်ာက္ကြယ္သြား၏။ ဒီေလာက္ေတာင္ လုပ္ရေလာက္ေအာင္ သူေျပာတဲ့ ရတနာဆိုတာက ဘယ္ ေလာက္ အဖိုးတန္ေနလို႕လဲ။ သိခ်င္စိတ္သည္ အာရံုကို ျပင္းျပစြာ ရစ္၀ဲခိုစီးလ်က္ရွိသည္။
"ေဟ့လူ ခင္ဗ်ားရဲ႕ ရတနာဆိုတာ က်ဳပ္ကို ခဏေလာက္ျပပါလားဗ်ာ။ ဘယ္လုိဟာမ်ိဳးလဲ သိခ်င္လို႔ပါ။ က်ဳပ္မယူပါဘူး။ ၾကည့္ရံုတင္ပါဗ်ာ"
"မယံုဘူးဗ်ာ။ က်ဳပ္ ခင္ဗ်ားကို မယံုဘူး။ ဘယ္သူ႕ကိုမွလည္း မယံုဘူး။ ေျပာရင္းနဲ႕ေတာင္ ေက်ာခ်မ္းလာ ျပီ။ က်ဳပ္သြားမယ္ဗ်ာ"
ဦးထုပ္အျဖဴေရာင္ႏွင့္လူသည္ ကၽြန္ေတာ့္မ်က္လံုးကို စူးစူးရဲရဲတစ္ခ်က္ ၾကည့္ျပီး လွည့္ထြက္သြား ေတာ့သည္။
"ဟာ ေဟ့၊ ေဟ့လူ၊ ခဏေနဦး။ က်ဳပ္ သိခ်င္ေသးတာ တစ္ခုရွိလို႕"
"ဘာလဲ၊ ျမန္ျမန္ေျပာဗ်ာ"
"ခင္ဗ်ားတို႕ေတြအားလံုးမွာ အိတ္တစ္လံုးစီနဲ႕ ဦးထုပ္တစ္လံုးစီရွိေနၾကတယ္။ အဲဒါဘာလုပ္ဖို႕လဲ"
သူက မ်က္ေမွာင္ တစ္ခ်က္ၾကံဳ႕လိုက္ျပီး
"အိတ္ကေတာ့ ရွင္းေနတာပဲဗ်ာ။ ရတနာရရင္ ထည့္ဖို႕ေပါ့။ ဦးထုပ္ကေတာ့ က်ဳပ္လည္း မသိဘူး။ တကယ္ ဆို ခင္ဗ်ားလည္း သိရမွာေပါ့ဗ်။ ခင္ဗ်ားမွာလည္း ရွိေနတာပဲဟာ။ သြားမယ္ဗ်ာ။ ခင္ဗ်ားရဲ႕ ရတနာကို ရွာ ေတြ႕ပါေစ"
"အလို"
ကၽြန္ေတာ္ ကိုယ့္ကိုယ္ကို ျပန္ၾကည့္မိသည္။ ကၽြန္ေတာ့္ရဲ႕ ပုခံုးထက္ကေန သိုင္းလြယ္လ်က္သား သားေရလြယ္အိတ္တစ္လံုး။ ျပီးေတာ့ ကၽြန္ေတာ့္ ေခါင္းထက္မွာ ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္း မသိေသာ အျပာေရာင္ ဦးထုပ္တစ္လံုး။
ကၽြန္ေတာ္ တစ္ခ်က္ေတာ့ ေတြေ၀ေနမိေသးသည္။ ခဏေနေတာ့ ကၽြန္ေတာ့္ေျခေထာက္ေတြက တစ္လွမ္းျပီးတစ္လွမ္း လွမ္းေနမိလ်က္သား။ မ်က္လံုးေတြသည္ ပိုမိုစူးရဲေတာက္ပလာျပီး စိတ္အာရံုသည္ ႏိုးၾကားတက္ၾကြေန၏။
ျပီးေတာ့... ရ... တ... နာ...
#ေကာင္းျမတ္
Unicode version
မဟေသီမဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၄ (ဝတ္ထုတို)
"အိပ်မက် မြစ်ကမ်း"
ကျွန်တော် ဒီနေရာကို ဘယ်လိုရောက်လာခဲ့သလဲ မသိပါ။
တောက်ပသော အလင်းရောင်တစ်ခုက ပိတ်ထားသော မျက်ခွံကို ဖောက်ထွင်းပြီး ကျွန်တော့်အ မြင်အာရုံကို လာတိုက်သည်။ တောက်ပသော်လည် စူးရှပူလောင်ခြင်းတော့ မရှိ။ လေးပင်တွဲကျနေသော မျက်ခွံတစ်စုံကို ဖွင့်ရန်မစွမ်းသာသလို ဖွင့်ကြည့်ရန်လည်း စိတ်မကူးမိ။ ကျွန်တော့်နားထဲမှာလည်း မသဲကွဲ သော အသံတချို့ကို ကြားနေရသည်။ အားမလိုအားမရ ရေရွတ်သံလိုမျိုး၊ တစ်ချက်တစ်ချက်လည်း ညည်း ညူသံလိုမျိုး ကြားနေရသည်။ အနည်းငယ် ထပ်ပြီးအာရုံစိုက်ကာ နားထောင်ကြည့်မိသည်။ ရေသံ၊ ဟုတ် သည်၊ လှိုင်းပုတ်သံ။ စည်းချက်မှန်မှန် ထွက်ပေါ်လာသော ရေလှိုင်းသံမှာ ကျွန်တော် ပျော်ဝင်ကြည်နူးနေမိ သည်။
"အား......"
ခပ်ဝေးဝေးဆီမှ အသံနက်ကြီးတစ်ခုသည် ထိတ်လန့်ခြောက်ခြားစရာ ထွက်ပေါ်လာသည်။ သို့ သော် ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားပြီး ယခင်ကအတိုင်းပင် ပြန်လည် ငြိမ်သက်သွားပြန်သည်။
ကျွန်တော် ခု ဘယ်မှာရောက်နေတာလဲ။ သိချင်စိတ်က ရုတ်တရက်ဆိုသလို ရင်ထဲမှာ ပျို့တက် လာသည်။ ဒါ ဘယ်နေရာလဲ။ ရှူရှိုက်ရသော လေကတော့ သန့်စင်လတ်ဆတ်နေသည်။ အေးမြသောလေ ကို တဝကြီး ရှူသွင်းလိုက်ပြီး မျက်လုံးကို ကြိုးစားကာ ဖွင့်ကြည့်သည်။ အလင်းရောင်သည် မျက်လုံးထဲသို့ အတားအဆီးမဲ့ ဝင်ရောက်လာသောကြောင့် မျက်ဝန်းအစုံက ချက်ချင်းပြန်ပိတ်သွားသည်။ နောက်တစ်ခါ အားယူပြီး ထပ်ဖွင့်ကြည့်သည်။ ဒီတစ်ခါတော့ မျက်ခွံတို့ ပြန်ပိတ်မသွားတော့။ သူ့မျက်လုံးတည့်တည့်မှာ ကောင်းကင်ကျယ်ကျယ်ကြီးကို မြင်ရသည်။ ကောင်းကင်ကြီးတစ်ခုလုံးသည် ပြာလဲ့ကာ မိုးသားတိမ်လိပ် များ ကင်းစင်နေသည်။ ထို့အတူ ပတ်ဝန်းကျင်းတစ်ခုလုံးသည်လည်း ထိန်လင်းလို့နေသည်။ ပတ်ဝန်း ကျင်တစ်ခွင်သည် တောက်ပကြည်လင်နေသော်လည်း ပူပြင်းလောက်မြိုက်ခြင်းမရှိ။ အလင်းဓာတ်ပေး နေသောအရာကို ရှာဖွေကြည့်သော်လည်း မတွေ့မိ။
ရုတ်တရက် စိတ်က ရေလှိုင်းသံဆီ ပြန်ရောက်သွားတော့မှ ကျောဘက်မှ စိုစွတ်အေးစက်သော ခံစားမှုကို သတိထားမိသွားသည်။ ကျောအောက်ဆီတွင် အနည်းငယ် ခိုးလိုးခုလုဖြစ်နေသော်လည်း အေး မြသောခံစားမှုကို ရရှိသောအခါ တစ်ကိုယ်လုံးလန်းဆန်းကြည်လင်လာသည်။ လှိုင်းငယ်ကလေးများသည် ခန္ဓာကိုယ် ညာဘက်အခြမ်းဆီသို့ တစ်ဗြတ်ဗြတ်လာ ရိုက်နေသည်။ ခေါင်းကို ငဲ့စောင်းကြည့်မိသောအခါ ရေပြင်ကျယ်ကျယ်ကို မြင်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် လေးလံလှသည်ဟု ထင်ရသော်လည်း ထထိုင် ရန် ကြိုးစားသောအခါ များမျာစားစားပင် အားမစိုက်လိုက်ရ။
ထထိုင်လိုက်မှပင် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ တွေ့မြင်ရတော့သည်။ ကျွန်တော့်ရှေ့တည့်တည့် မှာ မြစ်ပြင်ကျယ်ကျယ်ကြီး တစ်ခုကို တွေ့ရသည်။ ကျွန်တော် မြစ်ကမ်းပါးတစ်ခုပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ကျွန်တော် ဘယ်လို့ ရောက်ရှိလာခဲ့သလဲ။ ဘယ်တုန်းက ရောက်လာခဲ့သလဲ။ ဘာကြောင့်လဲ။ လုံးလုံးကို တွေးမရ။ ဒါဆို ကျွန်တော် ဘယ်က လာခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာကိုမှ သတိမရ။ ဒါ ထက် နက်နက်နဲနဲ တွေးကြည့်သည်။ ခေါင်းတွေ မူးဝေလာသည်။ ဒါဆို ကျွန်တော်က ဘယ်သူလဲ။ အင်း… မသိ။ အို… ကျွန်တော် ဘယ်သူလဲ။ စဉ်းစားလို့ မရ။ ခေါင်းထဲမှာ တစစ်စစ် ထိုးကိုက်လာသည်။ ကျွန် တော့် မျက်လုံးများ ပြန်လည် မှေးမှိတ်သွားပြီး အရာအားလုံး အမှောင် အတိကျသွားပြန်သည်။ နားထဲမှာ တော့ ခပ်တိုးတိုးရေရွတ်သံများ.. ညည်း ညူသံများ… အသံနက်ကြီး တစ်ခု…
"အား.......... "
***********
မြစ်ထဲကရေကို လက်ခုပ်ဖြင့်ခပ်ယူ၍ အားပါးတရ သောက်ပြီးသည့်အခါ တစ်ကိုယ်လုံး လန်းဆန်း ကာ အင်အားများ ပြန်လည်ပြည့်ဖြိုးသွားသလို ခံစားလိုက်ရသည်။ အနှစ်နှစ်အလလက ကုန်ဆုံးသွားသော ခွန်အားများကို တစ်ခဏတည်းနှင့် ပြန်ရရှိလိုက်သလို ထင်ရ၏။
မြစ်ပြင်သည် တော်တော် အပြောကျယ်လှသည်။ ရေပြင်သည် လေအလာတွင် လှိုင်းကြက်ခွပ်က လေးများ ထနေသည်မှ လွဲ၍ အေးဆေးငြိမ်သက်နေသည်။ မြစ်ရေသည် ကြည်လင်နေပြီး ရေအောက်မှ ကျောက်တုံးကလေးများ ကူးခတ်သွားလာနေကြသော ငါးကလေးများကိုပါ ဖောက်ထွင်း မြင်တွေ့နေရ သည်။ မြစ်တစ်ဘက်ကမ်းသည် ဝေးကွာလှသော်လည်း ဟိုဘက်ကမ်းက အရာများကိုတော့ ထင်ထင်ရှား ရှား ပြတ်ပြတ်သားသား တွေ့မြင်နိုင်၏။ လှမ်းမြင်နေရသော မြစ်တစ်ဘက်ကမ်းရှိ တောအုပ်ကလေးမှာ စိမ်းစိုသာယာနေသည်။ ပင်အိုပင်ပျိုအရွယ်ရွယ်တို့သည် စနစ်တကျ အကွက်ချ စိုက်ပျိုးထားသည့်အလား နေရာကျ လှပနေသည်။ ပန်းရောင်စုံတို့သည်လည်း ဖူးပွင့်လန်းဆန်းနေကြသည်။ မြေလမ်းဖြူဖြူကလေး တစ်ခုသည် သစ်ပင်ပန်းမန်တို့အကြားမှာ ပြန့်ပြူးစွာ ရှိနေသည်။ လမ်းကလေး၏ အဆုံးရှိ လှပသော အိမ် ကလေးတစ်လုံးကိုလည်း လှမ်းမြင်နေရသည်။ အိမ်၏ အတွင်းပိုင်းအထိ အသေးစိတ် မတွေ့နိုင်သော် လည်း သာယာအေးချမ်းသော ပတ်ဝန်းကျင်အလယ်မှ အိမ်ကလေးကတော့ မြင်သူကို `လာလှည့်ပါ´ဟု ဆွဲဆောင်ခေါ်ငင်နေသလိုပင်။
သည်အိမ်ကလေးကို ရောက်ဖို့။ အင်း… မြစ်ကို ကူးရမည်။ လှေ… လှေတစ်ခု သို့မဟုတ် ဖောင်..။ လှေ သို့မဟုတ် ဖောင် ရှာရမည်။ ကမ်းခြေတစ်လျှောက် မျှော်ကြည့်မိတော့ ဘာမှမရှိ။ လှေနှင့်တူတာ ဘာ မှမရှိ။ ပြီးတော့…… ဟင်…။
သည်ဘက်ကမ်းမှာ …။ အို…။ ဘာမှမရှိ။ သည်ဘက်ကမ်းသည် ဟင်းလင်းဖြစ်လျက်။ ပန်းမန်သစ် ပင်၊ တိုက်တာ အိုးအိမ်များ။ ဘာပစ္စည်းပစ္စယမှ မရှိ။ မြစ်ကမ်းစပ်မှ စတင်သော ကမ်းခြေကုန်းမြေသည် ဟင်းလင်းပွင့်လျက်၊ အဆုံးမဲ့။
ထိုဟင်းလင်းဖြစ်နေသော လတာပြင်ကျယ်ကြီးတွင် ရပ်ကာ၊ ထိုင်ကာ၊ ကုန်းကာ၊ လျှောက်ကာ ငိုက်စိုက်ငိုက်စိုက်နှင့် သွားလာနေကြသော လူတို့သာ ထူးခြား၏။ ထိုလူများကို အစက မမြင်ခဲ့မိ။ အရင်က မရှိခဲ့တာလား။ ကျွန်တော်ပဲ သတိမထားခဲ့မိတာလား။ မြင်ခဲ့ပါလျက် မမှတ်မိတာလား။ ခေါင်းမူးမည်စိုး၍ ဆက်မတွေးဖြစ်တော့။ သူတို့ကိုတော့ ကျွန်တော် စိတ်ဝင်စားမိသွားသည်။
လူအရေအတွက်ကတော့ တော်တော်များလှသည်။ တချို့နေရာတွင် လူတွေက ခပ်စိပ်စိပ်၊ တချို့ နေရာမှာတော့ ခပ်ကျဲကျဲ။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…။ အများကြီး… ကျွန်တော် မရေတွက် နိုင်။ ပြီးတော့ ဟိုဟိုဒီဒီ ပျားပန်းခပ် သွားလာနေကြသော လူများကို မထပ်အောင် ရေတွက်ဖို့ကလည်း မလွယ်လှ။ အသက်အရွယ်တွေကလည်း မတိမ်းမယိမ်း။ အသက်ကြီးလွန်းသူများနှင့် ကလေးများတော့ မပါပါ။ ကျွန်တော့်အရွက်လောက်တွေ၊ နှစ်ဆယ့်ငါး လေးဆယ်ကြားလောက်တော့ ဖြစ်မည်။ ယောက်ျား လား မိန်းမလားဆိုတာလည်း ကျွန်တော် မခွဲခြားတတ်။ ထူးခြားတာက သူတို့အားလုံးမှာ ဦးထုတ်ကိုယ်စီ အပြင် ပုခုံးမှ သိုင်းလွယ်ထားသော အိတ်တစ်လုံးစီ ရှိနေကြခြင်းဖြစ်သည်။ သူတို့ကတော့ ကျွန်တော်ရှိနေ ခြင်းကို သတိထားမိကြပုံ မတူပါ။ ဒါထက် သူတို့အချင်းချင်းလည်း ပြောဆို ဆက်ဆံကြခြင်း မရှိ။ တစ်ချက် တစ်ချက်တော့ နှုတ်မှ ပွစိပွစိ လုပ်နေကြတာ တွေ့ရသည်။ ကျွန်တော် ကြားခဲ့ရသော ရေရွတ်သံများမှာ သူတို့ဆီက ဖြစ်မည် ထင်သည်။
"ဟေ့လူ...၊ ဟေး.... "
ကျွန်တော် အနီးဆုံးက လူတစ်ယောက်ကို လှမ်းခေါ်ကြည့်သည်။ ပြန်မထူး။ လှည့်မျှပင် မကြည့်။ သူ့ကို ခေါ်နေမှန်းတောင် သတိထားမိဟန်မတူ။
"ဗျိုး... ရှေ့က ဆရာကြီး... "
နောက်တစ်ယောက်ဘက် လှည့်ကာ ရည်ညွှန်းအော်ခေါ်ကြည့်သည်။ လှည့်မကြည့်။ ကျွန်တော် သူ့အနားသို့ ပြေးသွားကာ သူ့ပုခုံးကို ပုတ်လိုက်သည်။
"ဗျို့ ဆရာကြီး... ဘာလုပ်နေတာလဲဗျ။ ကျုပ်ခေါ်တာတောင် မထူးဘူး"
ကျွန်တော်ကို မြင်သွားသော ထိုလူ၏မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့နေပုံ ရှိသည်။ ထိုသူ၏ အ သားအရေမှာ မဲနက်ပြောင်ဝင်းနေပြီး မီးကင်ထားသော ဝက်ပေါင်ခြောက်နှင့်ပင် တူလှသည်။ ဘောင်းဘီပွ ပွကြီးကို ဝတ်ထားပြီး ပတ်ထားသော ခါးပတ်ကြိုးစမှာ အကျႋီပွပွကြီး၏ အောက်နားမှ တွဲလျားကျနေသည်။ အကျႋီမှာ ဟောင်းနွမ်းပါးလျနေပြီ ဖြစ်သော်လည်း စလွယ်သိုင်းလွယ်ထားသော သားရေအိတ်ကလေးက တော့ ဝင်းလက်တောက်ပြောင်နေ၏။ လက်ထဲမှာလည်း တစ်ခုခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
"ခင်ဗျားတို့တတွေ ဒီမှာ ဘာလုပ်နေကြတာလဲ။ နေပါဦး၊ ခင်ဗျားလက်ထဲက ဆုပ်ထားတာကရော ဘာလဲ"
ထိုလူသည် ဆုပ်ထားသော လက်ကို သားရေလွယ်အိတ်ကလေးထဲ ထိုးထည့်လိုက်ပြီး ကျွန်တော့် ကို စူးစူးရဲရဲကြည့်သည်။ ပြီးနောက် စကားတစ်ခွန်းမှ မဆိုပဲ လွယ်အိတ်ကလေးကိုသာ ကျွန်တော်က လုယူ တော့မည် အထင်၍လားမသိ၊ ရင်ဘတ်မှာ ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားသည်။ ကျွန်တော် စကားထပ် ပြောဖို့ ပါးစပ်အပြင်မှာပဲ နောက်ဆုတ်နောက်ဆုတ်လုပ်ကာ အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွားလေ တော့သည်။
တခြားလူတွေကတော့ ငုံ့ငုံ့ ငုံ့ငုံ့ လုပ်နေကြတုန်း။ လူတစ်ယောက်သည် ကမ်းနားတစ်လျှောက် ရေစပ်တစ်လျှောက်တွင် တစ်စွက်စွက်နှင့် သွားနေလိုက်၊ တစ်ခုခုကို ငုံပြီးကောက်လိုက်၊ သူ့ဘေးလွယ် အိတ်လေးထဲ ထည့်လိုက် လုပ်နေသည်။
လူတစ်ယောက်ကတော့ ကမ်းစပ်နှင့် ခပ်ဝေးဝေးက ကုန်းမို့မို့ လေးမှာ ဇိမ်ပြေနပြေထိုင်နေသည်။ လူက အနားယူနေပုံရသော်လည်း စိတ်ကိုတော့ အနားပေးထားပုံမရ။ တစ်ခုခုကို အလေးအနက် စဉ်းစား ခန်းဖွင့်နေဟန် ရှိသည်။ သူ့ ဦးထုတ်မဲမဲကြီးကတော့ တော်တော်ကြီးလှသည်။ သိပ်မကြာပါ။ တစ်ခုခုကို စဉ်းစားလို့ ရသွားဟန်ဖြင့် ရုတ်တရက် ထထွက်သွားပြန်သည်။
လူတစ်ယောက်ကမူ ကမ်းစပ်နားမြေစိုစိုကို လက်ဖြင့် ယက်ဖော်နေသည်။ နှုတ်ကလည်း တစ်ခုခု ကို တတွတ်တွတ် ရေရွတ်နေသည်။ ဂါထာတစ်ပုဒ်လား၊ သီချင်းတစ်ပုဒ် ဖြစ်လေမလားတော့ မသိ။ သူ တူး နေသော တွင်းမှာ တော်တော်ကျယ်ပြီး၊ တော်တော်နက်လာပြီ ဖြစ်သည်။ သူကတော့ မရပ်တန့်နိုင်သေး။ သူ့မျက်လုံးတွေကတော့ အရောင်တွေ တောက်ပနေသည်။ မျက်နှာကလည်း မျှော်လင့်ချက်တွေနှင့် ပြည့် နှက်နေသည့် အလား၊ တက်ကြွနေတယ်။
"ဟီ ဟီး.... ဟား ဟား ဟား ဟား ဟီ...... "
ရုတ်တရက် ကျယ်လောင်သော ရယ်သံတစ်ခုကို ကြားရ၍ လှည့်ကြည့်မိသည်။ လူက တော်တော် ကို ပိန်ပြီး အရိုးပေါ်အရေတင်ဟုပင် ပြောရမည်။ မြေပြင်ဖြူးဖြူးတွင် လျှောက်ပြေးနေသော သူ့ဟန်သည် လေအလာမှာ လွင့်ပျံသွားသော စက္ကူဖြူဖြူပါးပါးတစ်ရွက်နှင့်သာ တူလေသည်။ မျက်နှာကတော့ ရှေ့ကို တစ်ချက်မှ မကြည့်။ ခေါင်းကို မိုးပေါ်သို့ မော့ထားသည်။ မျက်နှာထားကတော့ အခြားသူ များနည်းတူ၊ မကြာခင်မှာ ရရှိလာတော့မည့် ဆုလာဘ်တစ်ခုခုကို မျှော်ကိုးစောင့်စားနေသည့် မျက်နှာမျိုး။
"တွေ့ပြီကွ၊ တွေ့ပြီကွ။ ဟေး ဟေး...။ ဒါပဲ ဒါပဲ။ ဟာဟာ"
ဂျုံရိုးဦးထုပ်နှင့် လူတစ်ယောက်သည် သူ့လက်ထဲက ပစ္စည်းကလေးကို တယုတယကိုင်ကာ ကလေးတစ်ယောက်လို ခုန်ပေါက်ကခုန်နေသည်။ သူ့လက်ထဲက အရာကိုလည်း တစ်ချက်တစ်ချက် ငုံ့ နမ်းလိုက်သေးသည်။ သူ့လို့ ပျော်ရွှင်မြူထူးနေသည့် မျက်နှာမျိုးကို ကျွန်တော့်တစ်သက် တစ်ခါမှ မတွေ့ မကြုံဖူးခဲ့။ သူ ဝတ်ထားသော ဝတ်ရုံညိုညိုကြီးကတော့ သူ ထအခုန်မှာ တဖြတ်ဖြတ်ခတ်လို့။
မလှမ်းမကမ်းက လူတစ်ယောက်ကတော့ ခပ်ငိုင်ငိုင်ထိုင်လို့။ သူ့မျက်နှာက မျှော်လင့်ချက်အ ရောင်သည် အနည်းငယ် မှေးမှိန်နေပုံရပြီး တစ်ခုခုကို အားမလိုအားမရ ဖြစ်နေသလို။ ပါးစပ်ကလည်း တစ်ခုခုကို ညည်းညူပြောဆိုနေသေးသည်။
"ဟေ့လူ၊ ခင်ဗျားကြည့်ရတာဗျာ၊ စိတ်မချမ်းသာလိုက်တာ။ ပျော်ပျော်နေစမ်းပါဗျ။ ဟော ဟိုလူကို ကြည့် ပါလား။ ပျော်ရွှင်နေလိုက်တာ။ သူ့လို ဆိုလိုက် ကလိုက်စမ်းပါတော့လား"
"ဘာ... ဘာပြောတယ်။ ခင်ဗျားက ကျုပ်ကို ဟိုလူလို အရူးအောက်မေ့လို့လား။ ကျုပ်က လူကောင်းဗျ။ ဟိုလူရော အမြဲအဲသလို ဆိုနေကနေနိုင်မယ် ခင်ဗျားထင်နေလို့လား။ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါဗျာ။ ဟာ.. ဟာ... ဟေ့လူ ခင်ဗျားနောက်မှာ"
လှည့်ကြည့်ရှောင်တိမ်းလိုက်သည့်တိုင် လျင်မြန်စွာ ပြေးဝင်လာသည့် ရိုက်ချက်တစ်ခုသည် ကျွန် တော့် နောက်စေ့တည့်တည့်ကို ခပ်ပြင်းပြင်းဝင်ဆောင့်သည်။ ကျွန်တော့် ကမ္ဘာသည်လည်း အမှောင်အတိ ကျသွားပြန်သည်။
**********
စေးထန်းနေသော ခြောက်သွေ့လုနီးပါး သွေးစများကို ဆေးကြောရန် မြစ်စပ်ရေတိမ်ရာသို့ ဆင်း လာခဲ့သည်။ ခေါင်းကတော့ အနည်းငယ် ရီဝေမူးယစ်နေတုန်းပင် ရှိသေးသည်။ မြစ်ရေသည် အရင်နေ့က နှင့်မတူဘဲ အနည်းငယ် ခါးသက်ချဉ်စုပ်နေသည်။ သို့သော် ရေ၏အအေးဓာတ်ကတော့ လူကို လန်းဆန်း သွားစေသည်။ နောက်စေ့က နာကျင်နေသာ ဒဏ်ရာကို လက်ဖြင့် စမ်းကြည့်မိသည်။ အဖုသီးကြီးက ရှိနေ တုန်း။ ကျွန်တော့်ကို ရိုက်လိုက်တာ ဘယ်သူလဲ။ ပြီးတော့.. လူတွေ… များစွာသောလူတွေ… မြစ်ကမ်းပေါ် က လူတွေ… ဘယ်ကရောက်လာပြီး ဘာတွေလုပ်နေကြသလဲ… မစဉ်းစားတတ်အောင်ပင် ရှိလှသည်။ ဟော… ရှေ့မှာ ဦးထုပ်အဖြူရောင်တစ်လုံး၊ ရေထဲမှာ မျောလာသည်။
"ဗွမ်း...... "
"အမလေး... "
"ဟဲ ဟဲ လန့်သွားသလား"
"ဟင်.. လန့်တာပေါ့ဗျ။ ခင်ဗျားက ရေထဲမှာ ဘာလုပ်နေတာလဲ"
"ရှာနေတာလေဗျာ"
"ဘာ... ဘာကို ရှာတာလဲ။ ခင်ဗျားလည်း ဟိုလူတွေလိုပဲလား"
"ဟုတ်တယ်ဗျာ။ အားလုံးအတူတူပဲ။ ရှာနေကြတဲ့ လူတွေချည်းပဲ"
"ဒါဆိုခင်ဗျားက ဘာလို့ ရေထဲမှာရောက်နေသလဲ။ သူတို့လို ကုန်းပေါ်မှာ ရှာလေဗျာ"
"ဒါက ကျုပ်စိတ်ကူးနဲ့ ကျုပ်ဗျ။ အပေါ်မှာက တခြားလူတွေအများကြီး ရှာနေကြပြီးသားလေ။ ဒါကြောင့် ကျုပ်က ရေထဲမှာ လိုက်ရှာနေတာ။ ကျုပ်က လမ်းသစ်ထွင်ချင်တာဗျ။ ဒါနဲ့ နေပါဦး၊ ခင်ဗျားက လူသစ် လား။ အရင်က မတွေ့မိပါဘူး။ ဘာရှာတယ်ဆိုတာ ခင်ဗျားတကယ်မသိတာလား။ ကလိမ်ကကျစ် လုပ် မယ်တော့ မကြံနဲ့နော်"
"တကယ်မသိဘူးဗျာ။ ကျုပ်ဖြင့် သည်မြစ်ကမ်းပေါ် ဘယ်လိုရောက်လာတယ်ဆိုတာတောင် မသိဘူး။ ကဲ ပြောပါဦး ဘာရှာကြသလဲဆိုတာ"
သူက လေသံကို လိုအပ်တာထက် ပိုနှိမ့်ပြီး ပြောသည်။
"ရတနာတွေ ရှာနေကြတာလေ။ ဒီကမ်းပေါ်မှာ ရတနာတွေမှ အများကြီး၊ အများကြီး။ နေရာအနှံ့မှာကို ရှိတာ။ ခင်ဗျားခြေထောက်အောက်က ကျောက်တုံးကိုပဲ ကြည့်ပါဦး။ သာမာန်ကျောက် ဟုတ်ရဲ့လားလို့"
သူပြောမှ ကျွန်တော် သတိထားကြည့်မိသည်။ ကမ်းစပ်တလျှောက်တွင် ကျောက်တုံးများ အစီအရီ အပုံအပင် ရှိနေပြီး အရောင်အသွေးလည်း စုံလင်လှသည်။ အလင်းရောင်ကြောင့် တစ်ချက်တစ်ချက် လက် ခနဲ လက်ခနဲ တောက်သည်။ အတောက်ပဆုံး ကျောက်တုံးကို ကောက်ယူကြည့်မိသည်။ သာမန်ကျောက် တုံးနှင့်သာ တူသည်။
"သာမန်ကျောက်တုံး ပါပဲဗျ"
"ဟားဟားဟား... ခင်ဗျားကမှ မရှာတတ်သေးတာကိုး။ အင်း၊ ရတနာရှာတယ်ဆိုတာ ပညာလည်း လိုသေး တာကိုး။ စိတ်မပူပါနဲ့ဗျာ၊ ရှာရင်းနဲ့ တတ်သွားမှာပါ"
"ဒါနဲ့ နေပါဦး၊ သည်လို ကျောက်တုံးတွေပဲလား။ ဘယ်လိုရတနာမျိုးတွေများ ရှိလို့လဲ"
"ဟာ အစုံပဲဗျ။ ဘယ်လိုမျိုးတွေလဲ ဆိုတာတော့ ကျုပ်လည်း မပြောတတ်ဘူး။ ရှာသာရှာဗျာ။ ရှာရင်းနဲ့ ဘယ်ဟာရတနာလည်းဆိုတာ ခင်ဗျားသိမှာပဲ။ ပုံသေတော့ မရှိဘူး။ ခင်ဗျားရတနာလို့ ထင်တဲ့အရာပေါ့။ အဲဒါကို ကောက်ပြီး အိတ်ထဲထည့်လိုက်ရုံပဲ"
ဦးထုပ်အဖြူနဲ့လူကတော့ အားပါးတရ ရှင်းပြနေသည်။ ပြောပုံကတော့ တကယ်ကို အေးဆေး တည်ငြိမ်စွာ။ မျက်နှာမှာလည်း မျှော်လင့်ခြင်းအငွေ့အသက်တို့က ရစ်သီဝေ့၀ဲလျက်။
"ခင်းဗျားဟာက တယ်မဟုတ်သေးပါဘူး။ ခင်ဗျားတို့က ဘယ်မှာ နေကြသလဲ။ ဘယ်အချိန်ပြန်ကြသလဲ"
"သည်ကမ်းစပ်မှာပဲ နေတာလေ။ ပြန်စရာမလိုဘူးပေါ့ဗျာ။ ရတနာတွေရှာမယ်။ မောတယ်ဆို ခဏနားမယ်။ ပြောသာပြောရတာပါ၊ တကယ်တော့ မောတယ်ဆိုတာတောင် သတိမရကြပါဘူး။ ဗိုက်ဆာလာရင်လည်း မြစ်ရေကို သောက်ရုံနဲ့တင် ကိစ္စပြီးတာပဲလေ"
"ခင်ဗျားတို့ တခြားဘာမှ မလုပ်ကြတော့ဘူးလား။ ရတနာတွေရလာတော့ရော ဘာလုပ်ကြမှာလဲ"
"သည်မြစ်ကမ်းမှာ ဘာလုပ်စရာများ ခင်ဗျားမြင်မိလို့လဲ။ ရတနာတွေ ရှာရုံအပြင် ခင်ဗျားက ဘာများလုပ် ချင်သေးလို့လဲ။ ရတနာတွေရလာတော့ အိတ်ထဲထည့်ပြီး သိမ်းထားကြရမှာပေါ့ဗျ။ ခဏနားတဲ့အချိန် ပြန် ထုတ်ကြည့်လို့ ရတာပဲလေ"
သူပြောတာကတော့ နောက်ပြောင်နေတဲ့ဟန် တစ်ချက်မှ မရှိပါ။
"ခင်ဗျားတို့က ရူးနေကြတာပဲဗျ။ တကယ် ဘာမှမဟုတ်တဲ့ အရာတွေအတွက် သက်သက် အချိန်ကုန်ခံ နေကြတာပဲ။ ဟိုးဘက်ကမ်းကို ခင်ဗျားလှမ်းကြည့်လိုက်စမ်း။ မြင်တယ်မဟုတ်လား။ ဘယ်လောက် အေး ချမ်းသာယာလိုက်သလဲ။ ပျော်စရာကောင်းလိုက်မယ့်နေရာဗျာ။ အဲဒီကို ခင်ဗျား မသွားချင်ဘူးလား။ ကျုပ် က အဲဒီကို သွားဖို့ လှေရှာနေတာဗျ"
"ဟား...ဟား....ဟား...ဟား... "
သူ့ရယ်သံသည် မြစ်ပြင်ကို ပဲ့တင်ထပ်ကာ ကြောက်မက်ဖွယ်ရယ် ပေါ်ထွက်လာသည်။
"ခင်ဗျားက၊ အဲဒီကို သွားမယ်၊ ဟုတ်လား။ လှမ်းမြင်နေရရုံပဲရှိတဲ့ ဟိုးအဝေးကအရာတစ်ခုဟာ တကယ်ရှိ နေတယ်ဆိုတာရော ခင်ဗျားယုံလို့လား။ ဒါမှမဟုတ် ခင်ဗျားရဲ့ ယုံကြည်တဲ့စိတ်ကြောင့် ရှိတယ်လို့ ထင် နေတဲ့ အရာလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့ ခင်ဗျား ဘယ်လို သွားမှာလဲ။ လက်ပစ်ကူးသွားမလို့လား။ ဒီရေ ပြင် ဘယ်လောက်ကျယ်သလဲ ကျုပ်လည်း မသိဘူး။ ဒီဘက်ကမ်းမှာတော့ ဟောသည်လူတွေကလွဲပြီး ဘာလှေ ဘာပစ္စည်းမှမရှိဘူး။ အဲ ရတနာတွေတော့ ရှိတာပေါ့ဗျာ"
"ခင်ဗျားတို့ ဒီလောက်တောင် အသည်းအသန် ရှာနေတဲ့ ရတနာဆိုတာ တကယ်ရော အဖိုးတန်ရဲ့လား ဗျာ။ ခင်ဗျားရော ရှာတွေ့ဖူးသလား။ ပြစမ်းပါဦးဗျာ။ ဘယ်လောက်တောင် အဖိုးတန်သလဲ သိရအောင်"
"တွေ့တာပေါ့ဗျာ။ ရှိတာပေါ့။ ဟောဒီအိတ်ထဲမှာ ကျုပ်ရဲ့ ရတနာတွေ ရှိတယ်။ ပြတော့ မပြနိုင်ဘူးဆရာ။ ခင်ဗျားမြင်ဖူးချင်ရင် ကိုယ့်ဖာသာကိုယ်ရှာ"
"ပြစမ်းပါဗျာ၊ ကျုပ်ကို ပြတော့ ဘာဖြစ်သွားမှာ မှတ်....... "
"အား........... "
ထိတ်လန့်ခြောက်ခြားဖွယ်ရာ အသံနက်ကြီး တစ်ခု။ အဲအသံမျိုး ကျွန်တော် တစ်ခါ ကြားဖူးသည်။ ဦးထုပ်အဖြူနှင့်လူက အသံကိုအနည်းငယ် ပြန်နှိမ့်လိုက်ပြီး
"ကြားလိုက်တယ်မလား အသံကို။ ဟော... ဟိုမှာကြည့်လေ။ အဲဒီလူပေါ့ သူ့ရတနာကို ကိုင်လိုက်မြှောက် လိုက်နဲ့ ကခုန်နေတာ။ ကိုယ့်ရတနာကို ဘယ်သူ့ကိုမှ မပြရဘူးဗျ။ ကျုပ်တောင် ခင်ဗျားကို လူသစ်မို့လို့ ပြောပြပေးနေတာ။ နောက်ဆို ကျုပ်လည်း ခင်ဗျားကို စကားတောင် ပြောတော့မှာ မဟုတ်ဘူး"
ခပ်လှမ်းလှမ်းမှာ ဂျုံရိုးဦးထုပ်နဲ့လူသည် လဲကျနေပြီး လည်ပင်းဆီမှ အညိုရင့်ရောင်သွေးများ အဆက်မပြတ်စီးကျနေသည်။ ထိုသွေးများသည် မြစ်ထဲအထိ စီးဆင်းကာ ပျော်ဝင်ပျောက်ကွယ်သွားတော့ သည်။ ဦးထုပ်မဲမဲကြီးနှင့်လူသည် ဂျုံရိုးဦးထုပ်နှင့်လူ၏ လက်ထဲမှ ပစ္စည်းတစ်ခုကို ကောက်ယူကာ ထွက် ပြေးပျောက်ကွယ်သွား၏။ ဒီလောက်တောင် လုပ်ရလောက်အောင် သူပြောတဲ့ ရတနာဆိုတာက ဘယ် လောက် အဖိုးတန်နေလို့လဲ။ သိချင်စိတ်သည် အာရုံကို ပြင်းပြစွာ ရစ်ဝဲခိုစီးလျက်ရှိသည်။
"ဟေ့လူ ခင်ဗျားရဲ့ ရတနာဆိုတာ ကျုပ်ကို ခဏလောက်ပြပါလားဗျာ။ ဘယ်လိုဟာမျိုးလဲ သိချင်လို့ပါ။ ကျုပ်မယူပါဘူး။ ကြည့်ရုံတင်ပါဗျာ"
"မယုံဘူးဗျာ။ ကျုပ် ခင်ဗျားကို မယုံဘူး။ ဘယ်သူ့ကိုမှလည်း မယုံဘူး။ ပြောရင်းနဲ့တောင် ကျောချမ်းလာ ပြီ။ ကျုပ်သွားမယ်ဗျာ"
ဦးထုပ်အဖြူရောင်နှင့်လူသည် ကျွန်တော့်မျက်လုံးကို စူးစူးရဲရဲတစ်ချက် ကြည့်ပြီး လှည့်ထွက်သွား တော့သည်။
"ဟာ ဟေ့၊ ဟေ့လူ၊ ခဏနေဦး။ ကျုပ် သိချင်သေးတာ တစ်ခုရှိလို့"
"ဘာလဲ၊ မြန်မြန်ပြောဗျာ"
"ခင်ဗျားတို့တွေအားလုံးမှာ အိတ်တစ်လုံးစီနဲ့ ဦးထုပ်တစ်လုံးစီရှိနေကြတယ်။ အဲဒါဘာလုပ်ဖို့လဲ"
သူက မျက်မှောင် တစ်ချက်ကြုံ့လိုက်ပြီး
"အိတ်ကတော့ ရှင်းနေတာပဲဗျာ။ ရတနာရရင် ထည့်ဖို့ပေါ့။ ဦးထုပ်ကတော့ ကျုပ်လည်း မသိဘူး။ တကယ် ဆို ခင်ဗျားလည်း သိရမှာပေါ့ဗျ။ ခင်ဗျားမှာလည်း ရှိနေတာပဲဟာ။ သွားမယ်ဗျာ။ ခင်ဗျားရဲ့ ရတနာကို ရှာ တွေ့ပါစေ"
"အလို"
ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ ကျွန်တော့်ရဲ့ ပုခုံးထက်ကနေ သိုင်းလွယ်လျက်သား သားရေလွယ်အိတ်တစ်လုံး။ ပြီးတော့ ကျွန်တော့် ခေါင်းထက်မှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော အပြာရောင် ဦးထုပ်တစ်လုံး။
ကျွန်တော် တစ်ချက်တော့ တွေဝေနေမိသေးသည်။ ခဏနေတော့ ကျွန်တော့်ခြေထောက်တွေက တစ်လှမ်းပြီးတစ်လှမ်း လှမ်းနေမိလျက်သား။ မျက်လုံးတွေသည် ပိုမိုစူးရဲတောက်ပလာပြီး စိတ်အာရုံသည် နိုးကြားတက်ကြွနေ၏။
ပြီးတော့... ရ... တ... နာ...
#ကောင်းမြတ်

No comments:
Post a Comment