Zawgyi Version
" ျမားနတ္ေမာင္မွ စီရင္ခြင့္ "
အားလုံးကေတာ့ ကၽြန္ေတာ့္အလြန္ဟုသာ
ေျပာခ်င္ေျပာၾကေပလိမ့္မည္။ မတတ္ႏုိင္။ ကၽြန္ေတာ့္ရင္ထဲကလာေသာ
ခံစားခ်က္အစစ္အမွန္ကုိ ဖုံးကြယ္လုိ႔မရျခင္းအေပၚ
ကၽြန္ေတာ္ ဘာတတ္ႏုိင္မည္နည္း။ ေကသီေအာင္ကုိ ကၽြန္ေတာ္ လြမ္းသည္။ ၿပီးေတာ့
မမလႈိင္ကုိ ကၽြန္ေတာ္ လြမ္းသည္။ ကၽြန္ေတာ့္ကုိယ္ ကၽြန္ေတာ္ ဒီေလာက္
လြမ္းတတ္လိမ့္မည္ဟု အရင္က မထင္မိခဲ့။ အေဆာင္ေန ေက်ာင္းသားဘ၀မွာ
အိမ္ကုိလြမ္းသည့္ ခံစားမႈေလးေတြေတာ့ ရွိခဲ့သည္။ သုိ႔ေသာ္
သူငယ္ခ်င္းေတြႏွင့္ အခ်ိန္ကုန္ခဲ့တာေၾကာင့္ ေျပာရေလာက္ေအာင္ မလြမ္းခဲ့ရ။
ခုေတာ့ ကၽြန္ေတာ္ ေကာင္းေကာင္းႀကီး လြမ္းတတ္ခဲ့ၿပီ။ ရင္ႏွင့္မဆံ့ေအာင္
လြမ္းရသည္ဆုိေသာ အဓိပၸါယ္ကုိလည္း နားလည္ခဲ့ၿပီ။ လြမ္းရျခင္း၏ အရသာကုိ
ကၽြန္ေတာ္ ထဲထဲ၀င္၀င္ ခံစားႏုိင္ၿပီဆုိပါေတာ့။ တစ္ခါတစ္ခါမွာ ေကသီေအာင္ကုိ
တမ္းတမ္းတတ လြမ္းမိ၏။ တစ္ခါတစ္ရံေတာ့ မမလႈိင္ကုိ ေၾကေၾကကြဲကြဲ လြမ္းမိသည္။
တခ်ိန္တည္းမွာပင္ ႏွစ္ေယာက္စလုံးကုိ မေမ့ႏုိင္စြာ လြမ္းမိတာလည္း ရွိေသး၏။
တစ္ေန႔တာ အလုပ္တာ၀န္ၿပီးဆုံးသြားၿပီဆုိလွ်င္ အလြမ္းေတြက ထုႏွင့္ထည္ႏွင့္ ၀င္ေရာက္လာကာ ကၽြန္ေတာ့္ကုိ ႏွိပ္စက္ကလူ ျပဳေတာ့သည္။ ဘာလုပ္လုိ႔ ဘာကုိင္ရမွန္းပင္မသိ။ တစ္ေန႔တာ မွတ္တမ္းေရးသည္။ ရက္လြန္သတင္းစာေတြ ဖတ္သည္။ ေကသီေအာင့္ထံသုိ႔ ျဖစ္ေစ၊ မမလႈိင္ထံသုိ႔ ျဖစ္ေစ စာေရးဖုိ႔ မၾကာခဏ ႀကိဳးစားၾကည့္၏။ ဟုတ္တိပတ္တိ စာတစ္ေစာင္မွ ျဖစ္မလာခဲ့။ ကၽြန္ေတာ္က စာအေရးအသား အလြန္ည့ံသူ ျဖစ္သည္။
ရည္းစားစာကုိပင္ အဆင္ေျပေအာင္ ကၽြန္ေတာ္ မေရးတတ္။ ေကသီေအာင္က ေျပာဖူးသည္။ "နင္ေရးတဲ့စာက ရင္ခုန္ခ်င္စရာလည္း မေကာင္းဘူး" တဲ့။ ေကသီေအာင္ ဘယ္လုိေျပာေျပာ ကၽြန္ေတာ့္အေပၚ သူ ရင္ခုန္ခဲ့တာ ကၽြန္ေတာ္သိသည္ပဲ။ မွတ္မွတ္ရရ ရည္းစားစာဆုိ၍ ေကသီေအာင့္ကုိ ကၽြန္ေတာ္ စာတစ္ေစာင္သာ ေပးခဲ့ဖူးသည္။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္စလုံး ဆယ္တန္းေအာင္သည့္ႏွစ္က ေရးခဲ့ေသာစာ ျဖစ္၏။
တကၠသုိလ္တက္ေတာ့ ကၽြန္ေတာ္ႏွင့္သူ တစ္ၿမိဳ႕ဆီမွာ သြားတက္ၾကရ၏။ ကၽြန္ေတာ္ ဒုတိယႏွစ္မွာ ေကသီေအာင္တုိ႔မိသားစု နယ္မွ ေျပာင္းေရႊ႕သြားသည့္အတြက္ ေက်ာင္းပိတ္ရက္ေတြမွာပင္ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ မေတြ႔ဆုံျဖစ္ေတာ့။ ဒီလုိႏွင့္ ကၽြန္ေတာ္ႏွင့္ ေကသီေအာင္ အေနေ၀းရာမွ ပုိမုိေ၀းကြာသြားခဲ့ရ၏။ ကၽြန္ေတာ္ စာေရးအလြန္ပ်င္းေသာေၾကာင့္ ေကသီေအာင္ႏွင့္ အဆက္အသြယ္ျပတ္ ေ၀းကြာသြားခဲ့ရျခင္းသာ ျဖစ္ေပသည္။ ေကသီေအာင္က ကၽြန္ေတာ့္ရင္ခုန္သံေတြကုိ အသံထြက္ေစေသာ ငယ္ခ်စ္ဦးျဖစ္ေလသည္မုိ႔ သူ႔ကို ကၽြန္ေတာ္ မေမ႔ႏုိင္ခဲ့။ ကၽြန္ေတာ့္ ငယ္ခ်စ္ဦး ေကသီေအာင္သည္ ကၽြန္ေတာ့္အတြက္ ရည္းစားဦးေတာ့ မဟုတ္ခဲ့။
ကၽြန္ေတာ္ႏွင့္ ေကသီေအာင္ ပီပီျပင္ျပင္ ရည္းစားမျဖစ္ခင္ ခြဲခြာခဲ့ရျခင္းမဟုတ္လား။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ အလုပ္အကုိင္ ကုိယ္စီျဖင့္ ျပန္ေတြ႔ၾကေသာအခ်ိန္မွာ ကၽြန္ေတာ္က ရည္းစားႏွစ္ေယာက္ႏွင့္ လမ္းခြဲခဲ့ၿပီျဖစ္၏။ ၿပီးေတာ့ မမလႈိင္ႏွင့္လည္း ဘာလုိလုိျဖစ္ေနခဲ့ၿပီ။ ငယ္သူငယ္ခ်င္း တစ္ေယာက္ဆီမွ ေကသီေအာင္ အိမ္ဖုန္းနံပါတ္ရ၍ ေကသီေအာင္အား ကၽြန္ေတာ္ျပန္လည္ ဆက္သြယ္ခဲ့ျခင္း ျဖစ္၏။ ကၽြန္ေတာ္ တယ္လီဖုန္းဆက္ေတာ့ ေကသီေအာင္ အလြန္အမင္း အံ့ၾသေပ်ာ္ရႊင္သြားတာ ကၽြန္ေတာ္ သတိထားမိခဲ့၏။
သူႏွင့္ကၽြန္ေတာ္ ရွစ္ႏွစ္တာကာလေ၀းကြာေနခဲ့လ်က္ "ငါ ဘယ္သူလဲသိလား" ဟု ကၽြန္ေတာ္ေမးေတာ့ "လင္းေသာ္" ဟူေသာ ကၽြန္ေတာ့္နာမည္ကုိ သူ ခ်က္ခ်င္း ေျဖႏုိင္ခဲ့ေလသည္။ ကၽြန္ေတာ္ အတုိင္းမသိ ေပ်ာ္ရႊင္သြားခဲ့ရသည္ေပါ့။ ဖုန္းထဲမွာပင္ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ ျပန္လည္ ရင္းႏွီးသြားခဲ့ၾက၏။ "နင္ ဘာလုိ႔ အပ်ိဳႀကီးလုပ္ေနတာလဲ။ ငါ့ကုိ ေစာင့္ေနတာမုိ႔လား" ဟု ကၽြန္ေတာ္ စ,ေတာ့ "နင့္လုိေပါ့" ဟု သူ ျပန္ေျဖခဲ့၏။ ထုိစဥ္က ေကသီေအာင့္ကုိ ခ်စ္ေနေသးသလားဆုိေသာ ေမးခြန္းကုိ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္ ျပန္ေမးမၾကည့္မိခဲ့။
ေကသီေအာင္ႏွင့္ လူခ်င္းျပန္ဆုံေတြ႔ေသာအခ်ိန္မွာေတာ့ သူ႔အေပၚ ကၽြန္ေတာ္ ရင္ခုန္ႏုိင္ဆဲျဖစ္ေၾကာင္း သိလုိက္ရ၏။ ေကသီေအာင္လည္း ကၽြန္ေတာ့္ကဲ့သုိ႔ပင္ ရင္ခုန္ေနခဲ့ပါလိမ့္မည္။ သိပ္မၾကာခင္မွာပင္ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ သမီးရည္းစား ျဖစ္သြားခဲ့ၾက၏။ ဟန္ေဆာင္မႈကင္းစြာ ပြင့္လင္းရုိးသားေသာ ေကသီေအာင့္ကုိ ကၽြန္ေတာ္ ဒုတိယအႀကိမ္ ျပန္ခ်စ္မိခဲ့ေလသည္။ ကၽြန္ေတာ္က ဖုန္းထဲမွာပင္ "နင္ ငါ့ကုိခ်စ္ေသးလား" ဟု အပုိင္ခ်ည္ေႏွာင္ေမးလုိက္ေတာ့ ေကသီေအာင္က "အင္း" ဟု ေျဖခဲ့၏။ ေနာက္တစ္လေလာက္ၾကာေတာ့ ကၽြန္ေတာ့္မ်က္ႏွာကုိၾကည့္ကာ သူ အေျဖေပးခဲ့၏။
"နင္နဲ့ငါ ျပန္ဆုံတဲ့ေန႔ကုိ မွတ္မိတယ္ မဟုတ္လား။ ဗုိလ္ေအာင္ေက်ာ္လမ္းမေပၚက ေကာ္ဖီဆုိင္ေလးမွာ ေကာ္ဖီမစ္ေသာက္ရင္း ေပါက္စီစားၾကတယ္ေလ။ အဲဒီေန႔က ငါစားဖုိ႔ ေပါက္စီကုိ အေပၚခြံေတြ စိတ္ရွည္လက္ရွည္ ခြာေပးေနတဲ့ နင့္ကုိၾကည့္ရင္း ခုထိခ်စ္ေနတုန္းပဲဆုိတာ သိလုိက္တာ။ တကယ္ေတာ့ နင္နဲ႔ေ၀းတဲ့ အခ်ိန္ေတြမွာလည္း ငါနင့္ကုိ ခ်စ္ေနခဲ့တာပါပဲ" ေကသီေအာင့္ကုိ ကၽြန္ေတာ္ ပုိခ်စ္သြားခဲ့ရေလသည္။
ကၽြန္ေတာ့္ရင္ထဲမွာလည္း ငယ္ခ်စ္ဦး ေကသီေအာင္က ႏွစ္ေပါင္းမ်ားစြာ ေနရာယူလ်က္ စြဲစြဲၿမဲၿမဲ ရွိေနခဲ့သည္ပင္။ သုိ႔ေပမယ့္ ျပန္ဆုံၾကသည့္ အခ်ိန္မွာ ေကသီေအာင့္ကုိ ကၽြန္ေတာ္ ခုေလာက္ ခ်စ္သြားလိမ့္မည္ဟု မထင္မွတ္ခဲ့။ ဘာေၾကာင့္ဆုိေတာ့ ေကသီေအာင္ႏွင့္ ျပန္ေတြ႔ဆုံခ်ိန္၌ ကၽြန္ေတာ့္အပါးတြင္ မမလႈိင္ ရွိေနခဲ့ၿပီမဟုတ္ပါလား။ မမလႈိင္ႏွင့္ ကၽြန္ေတာ္ တရား၀င္ ခ်စ္သူေတြ မဟုတ္ၾကေသးေသာ္လည္း သာမန္မိတ္ေဆြ အဆင့္ထက္ေက်ာ္ေနခဲ့ေလၿပီ။
ေျပာရမည္ဆုိလွ်င္ ေကသီေအာင္သည္ မမလႈိင္ေလာက္ ေခ်ာေမာလွပသူ မဟုတ္ေပ။ ေကသီေအာင့္ကုိ ျပန္ေတြ႔ေသာအခ်ိန္တြင္ မမလႈိင္ရွိေနၿပီ ျဖစ္သည့္အတြက္ ေကသီေအာင့္ကုိ ကၽြန္ေတာ္ ရင္ခုန္ႏုိင္လိမ့္မည္ မထင္ေတာ့။ ေကသီေအာင္က ရုိးစင္းစြာခ်စ္စရာေကာင္းေသာ မိန္းကေလးတစ္ေယာက္သာ ျဖစ္၏။ မမလႈိင္လုိ ျမင္သူတကာ ႏွစ္ခါျပန္ၾကည့္ရေလာက္ေအာင္ ထင္ေပၚလွပသူမဟုတ္ေပ။ သုိ႔ေသာ္ ထစ္ခနဲဆုိ မ်က္ရည္ေပါက္ေပါက္က် ငုိတတ္ေသာ ေကသီေအာင္ကုိ ကၽြန္ေတာ္ ဘယ္လုိမွ ေရွာင္လႊဲပစ္လုိ႔ မရခဲ့။ ကၽြန္ေတာ့္ကုိယ္၌က သူ႔ကုိ စြဲလန္းစြာ ခ်စ္တတ္ခဲ့ျခင္း ျဖစ္ေလသည္။
"နင္ ငါ့ကုိ အၾကာႀကီး ပစ္ထားတယ္" ဟု ၀မ္းပန္းတနည္း ေျပာကာ မ်က္ရည္က်တတ္ေသာ ကၽြန္ေတာ့္ငယ္ခ်စ္ဦးကုိ ကၽြန္ေတာ္ ဂရုဏာသက္စြာ ပုိတုိးခ်စ္ခဲ့ရေသး၏။ ကၽြန္ေတာ့္ ေမြးေန႔ကုိ မွတ္မွတ္သားသား ရွိခဲ့ရုံမက ကၽြန္ေတာ့္ေမြးေန႔တုိင္း ေမြးေန႔လက္ေဆာင္ပစၥည္း တစ္ခုခု ၀ယ္ထားခဲ့ေၾကာင္း ေကသီေအာင္ ေျပာျပေတာ့ ကၽြန္ေတာ္ စိတ္မေကာင္း ျဖစ္ခဲ့ရ၏။ ေကသီေအာင္ ညာခဲ့ျခင္းမဟုတ္ေၾကာင္း ကၽြန္ေတာ့္အားေပးအပ္ခဲ့ေသာ ေမြးေန႔လက္ေဆာင္မ်ားက သက္ေသခံခဲ့ၾကေလသည္။
စာမေရးရေသးေသာ ႏွစ္စဥ္ထုတ္ မွတ္တမ္းစာအုပ္တုိင္းမွာ ကၽြန္ေတာ့္နာမည္ႏွင့္ ေမြးရက္၊ အသက္ ယွဥ္တြဲလ်က္ သူ ေရးထုိးထားခဲ့၏။ ခုႏွစ္အလုိက္ မွတ္တမ္းစာအုပ္မ်ားႏွင့္ အျခားေသာ တုိတုိထြာထြာ လက္ေဆာင္ ပစၥည္းေလးမ်ားကုိ စုေပါင္းေတြ႔လုိက္ရေသာအခါ ကၽြန္ေတာ္ မ်က္ရည္လည္ေအာင္ပင္ ျဖစ္ခဲ့ရေလသည္။ ကၽြန္ေတာ္ တစ္ခါမွ ခုေလာက္ စိတ္ထဲ တနင့္တပုိး ထိခုိက္စြာ မခံစားဖူးခဲ့။
"နင့္ကုိ ျပန္ေတြ႔ရလိမ့္မယ္လုိ႔ ငါ အၿမဲယုံၾကည္ေနခဲ့တာ၊ နင္နဲ႔ ကြဲကြာေနတဲ့အခ်ိန္မွာ ငါ့ကုိ ခ်ဥ္းကပ္လာတဲ့လူ အားလုံးကုိ ငါ့မွာ လက္ထပ္ရမယ့္သူ ရွိၿပီးသားလုိ႔ပဲ အၿမဲေျပာခဲ့တာ" ေကသီေအာင္ကုိ ကၽြန္ေတာ္ ေမ့ေလ်ာ့ခဲ့သည္ေတာ့မဟုတ္။ ျပန္လည္ေတြ႔ဆုံခြင့္ရဖုိ႔ လႈပ္လႈပ္ရွားရွား မႀကိဳးစားမိခဲ့ျခင္းအတြက္မူ ကၽြန္ေတာ္ ေနာင္တရမိ၏။ ကၽြန္ေတာ္က ေကသီေအာင့္အေပၚ စြဲလမ္းခဲ့တာထက္ ေကသီေအာင္၏ စြဲလမ္းမႈက ပုိေနခဲ့သည္ကုိ ေတြ႔ေနရၿပီ မဟုတ္ပါလား။
ေကသီေအာင့္ ေမြးေန႔ကုိ ကၽြန္ေတာ္ မမွတ္မိျခင္းအတြက္ ေကသီေအာင္ အလြန္အမင္း ၀မ္းနည္းသြားခဲ့ရတာလည္း ကၽြန္ေတာ္ ဘာမွ မတတ္ႏုိင္ခဲ့။ ေကသီေအာင္ႏွင့္ ကၽြန္ေတာ္ ခုႏွစ္တစ္ခုတည္း ေမြးဖြားမွန္းသိထားေပမယ့္ ရက္,လတုိ႔ကုိ ကၽြန္ေတာ္ မွတ္မွတ္ရရ မရွိခဲ့။ ဒီေတာ့ ေကသီေအာင္ ငုိေလသည္ေပါ့။ ေကသီေအာင္ ခဏခဏ ငုိတတ္ပုံက ခ်စ္စရာေတာ့ ေကာင္းေလသည္။ မ်က္ရည္ပုိးပုိးေပါက္ေပါက္က်ကာ ခဏေလာက္ငုိၿပီးလွ်င္ "ေတာ္ၿပီ ေတာ္ၿပီ မငုိေတာ့ဘူး နင့္အတြက္ မ်က္ရည္က်ရတာ မတန္ပါဘူး" ဟု ေျပာကာ ခ်က္ခ်င္းလက္ငင္း မ်က္ႏွာ ၾကည္လင္သြားျပန္ေလသည္။
မမလႈိင္မ်က္ရည္ကုိမူ ကၽြန္ေတာ္ မျမင္ေတြ႔ဖူးသေလာက္ပင္။ ကၽြန္ေတာ့္ထက္ အသက္တစ္ႏွစ္မွ်သာ ပုိႀကီးေသာ မမလႈိင္သည္ အစ္မႀကီးတစ္ေယာက္ႏွယ္ လူႀကီးဆန္သူ ျဖစ္ေလသည္။ ေကသီေအာင့္လုိ မၾကာခဏ စိတ္ေကာက္ေလ့မရွိ။ ကၽြန္ေတာ္ နယ္ၿမိဳ႕တစ္ၿမိဳ႕သုိ႔ အလုပ္တာ၀န္ ေျပာင္းရမည့္ အမိန္႔စာထြက္လာေတာ့ မမလႈိင္ မ်က္ႏွာပ်က္၏။ ေလယာဥ္ကြင္းသုိ႔ လုိက္ပုိ႔ေတာ့ မ်က္ရည္၀ဲေန၏။ "စာေရးေနာ္" ဟု ေနာက္ဆုံးႏႈတ္ဆက္သံက တုန္ခါေနခဲ့၏။
ေကသီေအာင္သာဆုိလွ်င္ အသံထြက္ငုိယုိေပလိမ့္မည္။ ထုိ႔အတြက္ ကၽြန္ေတာ္ နယ္သြားလွ်င္ လုိက္မပုိ႔ဖုိ႔ ေကသီေအာင့္ကုိ ထားထားခဲ့ရ၏။ "နင္ တစ္ေယာက္တည္း ငုိက်န္ခဲ့မွာကုိ ငါဘယ္လုိမွ စိတ္ေျဖာင့္မွာ မဟုတ္ဘူး၊ လုိက္မပုိ႔ပါနဲ႔ဟာ" ဟု ေျပာခဲ့ရ၏။ တကယ္ေတာ့ မမလႈိင္ႏွင့္ ေကသီေအာင္ကုိ မဆုံေစလုိ၍ တားခဲ့ရျခင္း ျဖစ္ေလသည္။ ကၽြန္ေတာ့္၌ ငယ္ခ်စ္ဦး ေကသီေအာင္ရွိေနျခင္းကုိ မမလႈိင္ မသိသလုိ မမလႈိင္ ရွိေနျခင္းကုိလည္း ေကသီေအာင္ တစ္စြန္းတစ္စမွ မရိပ္မိခဲ့ေခ်။ ဒါကေတာ ့ကၽြန္ေတာ္၏ အေနအထုိင္ အေျပာအဆုိ စနစ္က်ပိရိမႈေၾကာင့္ေပေပါ့။
ကၽြန္ေတာ့္အပါး၌ မမလႈိင္ ေလာေလာလတ္လတ္ ရွိေနေသးေၾကာင္း ေကသီေအာင္သိခဲ့လွ်င္ ေသြးပ်က္၍ပင္ သြားေလမည္လားမသိ။ ေကသီေအာင္သည္ ကၽြန္ေတာ္ ေတြ႔ဖူးသမွ် မိန္းမထဲတြင္ ကၽြန္ေတာ့္အေပၚ အခ်စ္ႏုိင္ဆုံးႏွင့္ ရည္းစားႏွစ္ေယာက္အေၾကာင္းကုိ မၾကာခဏ ေမးေနတတ္ကာ သ၀န္တုိ စိတ္ေကာက္ရသည္မွာလည္း ေမာသည္မရွိေပ။ "သူတုိ႔ကုိ ငါ့ေလာက္ ခ်စ္လား" ဟူေသာ ေမးခြန္းကုိလည္း ေမးတတ္ေသး၏။ "နင့္ေလာက္ေတာ့ မခ်စ္ခဲ့ပါဘူး" ဟု ေျဖလွ်င္လည္း "မခ်စ္ဘဲနဲ႔ ဘာလုိ႔ ရည္းစားျဖစ္သြားရသလဲ" ဟု ျငဴစူကာ ေျပာဆုိ၍ မၿပီးႏုိင္။ "မေမးပါနဲ႔ေတာ့ဟာ။ အမွန္အတုိင္းေျပာလည္း နင္က စိတ္ဆုိးတယ္။ ညာေျပာေတာ့လည္း အမွန္အတုိင္းေျပာလုိ႔ ကတိေတာင္းတယ္။ ၿပီးခဲ့တာေတြ ဘာမွမသိတာပဲ ေကာင္းတယ္" ဟု ကၽြန္ေတာ္ ဘယ္လုိပင္ေျပာေျပာ "သူတုိ႔အေၾကာင္း ေျပာျပဦး" ဟု ဆုိကာ စိတ္ကူးရတုိင္း ေမးေနတတ္ေလသည္။
ေကသီေအာင့္ကုိ စြဲလမ္းဖူးသေလာက္ ဘယ္မိန္းကေလးကုိမွ ကၽြန္ေတာ္ မစြဲလမ္းခဲ့ဖူးတာ အမွန္ျဖစ္ေပမယ့္ မမလႈိင္ရွိေနေသးသည္မုိ႔ မလုံမလဲ ျဖစ္ရတာလည္း အမွန္ပင္။ ေကသီေအာင္က ကၽြန္ေတာ့္ကုိ ခ်စ္သလုိ မမလႈိင္လည္း ကၽြန္ေတာ့္ကုိ ခ်စ္သည္ပင္။ ေကသီေအာင္က ကၽြန္ေတာ့္အေပၚ အစစ အရာရာ အေသးစိတ္ ဂရုစုိက္ခ်စ္ခင္သလုိ မမလႈိင္ကလည္း အရိပ္တၾကည့္ၾကည့္ ရွိေနတတ္သည္ မဟုတ္လား။
ခုေတာ့ ေကသီေအာင္ႏွင့္ မမလႈိင္၏ အရိပ္ၾကည့္ခ်စ္ခင္မႈေတြေအာက္က ကၽြန္ေတာ္ လြင့္ေပ်ာက္ခဲ့ရၿပီ။ ကၽြန္ေတာ့္ လက္သည္းမ်ားကုိ တိရိညီညာစြာ လွီးျဖတ္ေပးေလ့ရွိေသာ ေကသီေအာင့္ကုိ ကၽြန္ေတာ္ လြမ္းသည္။ "စီးကရက္ မေသာက္နဲ႔ေနာ္" ဟု တားျမစ္ခ်က္ထုတ္ကာ စေတာ္ဘယ္ရီခ်ိဳခ်ဥ္ေလးေတြ ၀ယ္ေပးတတ္ေသာ မမလႈိင္ကုိ ကၽြန္ေတာ္ လြမ္းသည္။ ကၽြန္ေတာ့္ပုိက္ဆံအိတ္ထဲမွာ ေငြေၾကးနည္းပါးေနလွ်င္ ကၽြန္ေတာ္ မသိေအာင္ ပုိက္ဆံထည့္ေပးသြားတတ္ေသာ မမလႈိင္ကုိ ကၽြန္ေတာ္ လြမ္းသည္။ "လင္းေသာ္… နင္ မရယ္ရဘူးေနာ္။ ရုံးကအစ္မတစ္ေယာက္ သူ႔အမ်ိဳးသားအတြက္ ေဘာင္းဘီ၀ယ္တာ ငါလည္း နင့္ကုိ သတိရတာနဲ႔ သူနဲ႔အတူ ေရာ၀ယ္ခဲ့တယ္။ ဒါမ်ိဳး နင္၀တ္လုိ႔ရတယ္ မဟုတ္လား" ဟု ရွက္ကုိးရွက္ကန္းေျပာကာ ကၽြန္ေတာ့္အတြက္ under wear ဘူးမ်ား ၀ယ္ေပးခဲ့ေသာ ေကသီေအာင့္ကုိ ကၽြန္ေတာ္ သတိရ တမ္းတေနမိ၏။ ခြင့္မေတာင္းဘဲ နမ္းခဲ့ဖူးေသာ ေကသီေအာင့္ ပါးျပင္ႏုႏုကုိ ကၽြန္ေတာ္ လြမ္းသည္။
ျပန္ေတြးၾကည့္လွ်င္ ရင္ခုန္ၾကည္ႏူးစြာႏွင့္ပင္ ေကသီေအာင္ကုိ ကၽြန္ေတာ္ တမ္းတမ္းတတ လြမ္းေမာရေလသည္။ "နင္ မိန္းမ ဘယ္ႏွစ္ေယာက္ကုိ နမ္းခဲ့ဖူးသလဲ" ဟု ေမးကာ ၀မ္းပန္းတနည္း ငုိခ်လုိက္ေသာ ငယ္ခ်စ္ဦး။ ကၽြန္ေတာ္ ေခါင္းခါယမ္းကာ လြယ္လင့္တကူ လိမ္ညာႏုိင္ပါလ်က္ သူ မယုံၾကည္ခဲ့ေပ။ "ငါ နင့္ကုိ မခ်စ္ဘူး၊ မခ်စ္ဘူး" ဟု က်ိတ္မႏုိင္ ခဲမရ ၀န္တုိစိတ္တုိ႔ျဖင့္ ကၽြန္ေတာ့္ရင္ဘတ္ကုိ လက္သီးဆုပ္ကာ စိတ္ရွိလက္ရွိ ထုရုိက္ေနခဲ့ေသာ ေကသီေအာင့္ကုိ ကၽြန္ေတာ္ အနမ္းျဖင့္ မေခ်ာ့ျမွဴနုိင္ခဲ့ပါ။
ေကသီေအာင့္ကုိ ရွစ္ႏွစ္ေက်ာ္ကာလ အဆက္အသြယ္ မလုပ္ခဲ့ေသာ (တကယ္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဆက္အသြယ္ ျပတ္ေတာက္ေနခဲ့ေသာ) အျဖစ္အပ်က္ေၾကာင့္ ကၽြန္ေတာ့္ကုိ ေကသီေအာင္ ခ်စ္လ်က္ႏွင့္ နာၾကည္းေနခဲ့သည္ကုိ ကၽြန္ေတာ္လည္း နာက်င္ေၾကကြဲရပါ၏။ ၿပီးေတာ့ ေကသီေအာင့္ထံမွ လက္ထပ္ခြင့္ကုိ ကၽြန္ေတာ္က စတင္ေတာင္းခံခဲ့ျခင္း မဟုတ္သည့္အတြက္လည္း ေကသီေအာင္ နာက်င္မဆုံး ျဖစ္ေနခဲ့၏။
"နင္ အသက္ဘယ္ႏွစ္ႏွစ္မွာ အိမ္ေထာင္ျပဳဖုိ႔ စိတ္ကူးထားလဲ" ဟု ေကသီေအာင္ ေမးစဥ္က ကၽြန္ေတာ္ ရယ္ေမာခဲ့သည္ကုိ သူ မေက်နပ္ခဲ့။ "မိန္းမယူတာက လြယ္ပါတယ္။ ခုယူလည္း ခုရတာပဲ။ ဒါေပမယ့္ ခဏခဏ စိတ္ေကာက္တတ္တဲ့ မိန္းမဆုိရင္ ငါ့မွာ တစ္ခ်ိန္လုံး လုိက္ေခ်ာ့ေနဖုိ႔ အခ်ိန္မရွိဘူးေလ" ထုိသုိ႔ ေျပာခဲ့သည္ကုိ မေက်မခ်မ္းျဖစ္ကာ စိတ္ေကာက္သြားခဲ့သည္မဟုတ္လား။
မမလႈိင္ႏွင့္ ယွဥ္လွ်င္ ေကသီေအာင္က ကေလးဆန္လြန္းသူ ျဖစ္သြားတတ္ေသာ္လည္း ကၽြန္ေတာ့္အေပၚ အေလးအနက္ထား ေနရာေပးကာ လူႀကီးဆန္ဆန္ ေတြးတတ္ခဲ့သည္ကုိေတာ့ ကၽြန္ေတာ္ ဘယ္လုိမွ အသိအမွတ္မျပဳဘဲ မေနႏုိင္ပါ။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ အနာဂတ္အတြက္ ေကသီေအာင္၏ ႀကိဳတင္ျပင္ဆင္မႈတုိ႔က ကၽြန္ေတာ့္အေပၚ သူ ဘယ္အတုိင္းအတာထိ အေလးထားခ်စ္ခင္ျမတ္ႏုိးေၾကာင္း သက္ေသခံျပေနသည္ပဲ။
တစ္ေန႔ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ ၿမိဳ႕ထဲေလွ်ာက္လည္ေနစဥ္ ပုဂၢလိက ကုမၸဏီႀကီးတစ္ခုသုိ႔ ေရာက္ခဲ့၏။ ေကသီေအာင္ အစုရွယ္ယာ ထည့္၀င္ထားေသာ ကုမၸဏီျဖစ္ေလသည္။ ကုမၸဏီမွ အျပန္တြင္ ကၽြန္ေတာ့္ကုိ စာအုပ္ေလးတစ္အုပ္ သူ ေပးခဲ့၏။ အထူးအဆန္းမျဖစ္မိဘဲ ကၽြန္ေတာ္ ယူၾကည့္လုိက္ေသာ စာအုပ္ေလးက ကၽြန္ေတာ့္ကုိ ၾကက္သီးျဖန္းျဖန္းထေအာင္ အံ့အားသင့္သြားေစခဲ့၏။ ထုိစာအုပ္သည္ ကၽြန္ေတာ့္နာမည္တစ္မ်ိဳးတည္းႏွင့္ အစုရွယ္ယာ၀င္ထားေသာ စာအုပ္ျဖစ္ေနသည္ မဟုတ္ပါလား။
"နင္က အရာရွိသာဆုိတယ္ ေငြမစုျဖစ္မွန္း ငါသိပါတယ္။ ဒါေၾကာင့္ နင့္အတြက္ ငါ ေငြစုေပးထားတာ။ နင္ အိမ္ေထာင္ျပဳတဲ့အခါ အခက္အခဲမျဖစ္ရေအာင္လုိ႔။ ငါက အိမ္ကုိ လစာေပးရတာမဟုတ္ေတာ့ တစ္ေယာက္တည္းသုံးတာေလ။ စစ္စစ္စီစီ သုံးေတာ့ ေငြအပုိထြက္တာေပါ့ဟာ။ ခု ဒီကရတဲ့ အျမတ္ေတြကုိလည္း အရင္းထပ္လုပ္ႏုိင္ေသးတယ္။ ငါ တစ္ခါမွ ထုတ္မသုံးေသးဘူး။ နင္ ေငြေရးေၾကးေရး အခက္အခဲရွိတဲ့ အခါမ်ိဳးထုတ္သုံးေနာ္။ ေငြဆုိတာ လုိတတ္တာပါပဲ။ တကယ္လုိ႔ တကယ္လုိ႔ေပါ့ နင္ တျခားမိန္းမတစ္ေယာက္နဲ႔ လက္ထပ္ျဖစ္ခဲ့ရင္လည္း ဒါ ငါ့လက္ဖြဲ႔ေပါ့ဟာ။ နင္ ဘယ္သူနဲ႔ပဲယူယူ နင့္ဘ၀ အဆင္ေျပ ေပ်ာ္ရႊင္တယ္ဆုိရင္ ငါ ေက်နပ္ၿပီ။ နင္ ဒုကၡေရာက္မွာကုိ ငါ နည္းနည္းမွ မျမင္ခ်င္ဘူး"
အဲဒီတုန္းက ေကသီေအာင့္အသံေတြ ၀မ္းနည္းနာက်င္မႈျဖင့္ တုန္ယင္ေနခဲ့သည္။ ေ၀့၀ဲေနေသာ မ်က္ရည္စမ်ားကုိ မ်က္ေတာင္ရွည္တုိ႔ျဖင့္ တဖ်တ္ဖ်တ္ပုတ္ခတ္ပယ္ရွားရင္း မ်က္ရည္မက်ေအာင္ ႀကိဳးစားထိန္းသိမ္းေနပုံက သနားစရာေကာင္းလွ၏။ ကၽြန္ေတာ့္အေပၚ အဲဒီေလာက္ခ်စ္ႏုိင္ေသာ မိန္းမတစ္ေယာက္ ရွိေနလ်က္ႏွင့္ ဘာေၾကာင့္ သူ႔အေပၚ ကၽြန္ေတာ္ သစၥာပ်က္ယြင္းမိခဲ့ပါလိမ့္ဟု ေတြးကာ ကၽြန္ေတာ့္ဘာသာ မုန္းတီးသြားရေလသည္။
"နင္ ငါ့အေပၚ ဒီေလာက္ေတာင္ ဘာလုိ႔ေကာင္းရတာလဲ" ဟု ေမးလွ်င္ "မသိဘူး။ မသိဘူး။ နင့္ကုိ ငါ မုန္းခ်င္တယ္" ဟုဆုိကာ သူ ငုိတတ္ေလသည္။ တကယ္ဆုိေတာ့ ကၽြန္ေတာ္သည္ ေကသီေအာင့္အခ်စ္ႏွင့္ မထုိက္တန္သူ ျဖစ္ေနေလၿပီ။ သုိ႔ဆုိလွ်င္ မမလႈိင္ အခ်စ္ႏွင့္ေရာ။ မမလႈိင္ကေတာ့ တစ္မ်ိဳးတစ္ဖုံ ဆန္းၾကယ္ေသာ မိန္းကေလးျဖစ္ေလသည္။ ကၽြန္ေတာ့္အေပၚ အေသးစိတ္ နားလည္ေပးႏုိင္လြန္း၍ ကၽြန္ေတာ္ကပင္ နားမလည္ႏုိင္ေလာက္ေအာင္ ျဖစ္ရေသး၏။ ဆုိပါစုိ႔။ မမလႈိင္ ေမြးေန႔အတြက္ျဖစ္ေစ၊ ခရီးထြက္၍ အျပန္၌ ျဖစ္ေစ၊ ကၽြန္ေတာ့္ဘာသာ အမွတ္တရေပးခ်င္၍ ျဖစ္ေစ၊ လက္ေဆာင္ပစၥည္းတစ္ခုခု ကၽြန္ေတာ္ေပးလွ်င္ မမလႈိင္ လက္ခံေလ့မရွိ။
"ေက်းဇူးတင္တယ္ ကုိလင္း။ မမလႈိင္အတြက္ မလုိဘူး။ ကုိလင္းမွာ အစ္မႀကီးေရာ ညီမေလးပါ ရွိေနတာ။ သူတုိ႔ကုိ ေပးလုိက္ပါေနာ္။ ကုိလင္းေပးတာဆုိၿပီး မမလႈိင္ သိမ္းထားလည္း ဘာမွအက်ိဳးမရွိဘူးေလ။ မမလႈိင္ကုိ သတိတရေပးတယ္ဆုိတာကုိပဲ မမလႈိင္ မွတ္ထားပါ့မယ္။ မမလႈိင္အတြက္ ကုိလင္း ဘာတစ္ခုမွ အကုန္အက်မခံေစခ်င္ဘူး။ မမလႈိင္ ေစတနာကုိ ကုိလင္း နားလည္ပါေနာ္" ထုိကဲ့သုိ႔ေသာ ျငင္းဆုိမႈမ်ိဳးျဖင့္ ကၽြန္ေတာ္ေပးသည့္ လက္ေဆာင္ပစၥည္းမွန္သမွ်ကုိ မမလႈိင္ ျငင္းပယ္တတ္ေလသည္။
ကၽြန္ေတာ့္အတြက္မူ လက္သည္းညွပ္၊ သြားတုိက္တံ၊ ဆပ္ျပာခဲလုိ အေသးအမႊားပစၥည္းကအစ လက္ေဆာင္၀ယ္ေပးေလ့ရွိ၏။ ကၽြန္ေတာ္ မယူလွ်င္ "မမလႈိင္ေစတနာကုိ အသိအမွတ္မျပဳလုိ႔ေပါ့" ဟု ဆုိကာ အက်ပ္ကုိင္ေပးတတ္စၿမဲျဖစ္၏။ မမလႈိင္ႏွင့္ ကၽြန္ေတာ္က ရုံးခ်င္းကပ္လ်က္ အလုပ္လုပ္ၾကရသူေတြ ျဖစ္သည့္အတြက္ ေန႔စဥ္နီးပါး ျမင္ေတြ႔ခြင့္ရၾကေလ၏။ ေန႔လည္ေန႔ခင္း လက္ဖက္ရည္ေသာက္ရင္း ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ ဆုံျဖစ္ၾက၏။ မမလႈိင္က အရွက္အေၾကာက္ အလြန္ႀကီးသည့္အတြက္ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ လမ္းအတူထြက္ၾကလွ်င္ပင္ "ကုိလင္း လက္မကုိင္နဲ႔ေနာ္" ဟု ပိတ္ပင္တားဆီးတတ္ေလသည္။ သုိ႔ေပမယ့္ ေရႊဘုိသနပ္ခါးႏွင့္ ေမႊးေမႊးေလးသင္းေနေသာ မမလႈိင္၏ ပါးျပင္ႏုႏုကုိ ခြင့္မေတာင္းဘဲ ရုတ္တရက္ ကၽြန္ေတာ္ နမ္းခဲ့စဥ္က မမလႈိင္ စိတ္မဆုိးခဲ့ေခ်။
"မမလႈိင္ အသက္ႏွစ္ဆယ္ေလာက္က ရည္းစားတစ္ေယာက္ထားဖူးတယ္။ မမလႈိင္ပါးကုိ နမ္းဖုိ႔ေ၀းလုိ႔ လက္ကေလးတစ္ဖက္ေတာင္ သူ ကုိင္ခြင့္မရဘူး။ ကုိလင္း ကံေကာင္းတယ္မွတ္ပါ" ဟု မမလႈိင္ေျပာေတာ့ ကၽြန္ေတာ္ အေက်နပ္ႀကီး ေက်နပ္ခဲ့ရသည္ေပါ့။ "ကၽြန္ေတာ္လည္း ဘယ္သူ႔ကုိမွ မနမ္းဖူးဘူး။ မမလႈိင္ ကံေကာင္းတယ္မွတ္ပါ" ကၽြန္ေတာ့္စကားကုိ ယုံၾကည္သလား။ မယုံၾကည္ဘူးလား ကၽြန္ေတာ္ ေသခ်ာ မသိနုိင္ေသာ္လည္း ေကသီေအာင့္ကုိ သတိရေနမိေၾကာင္း မမလႈိင္ သိလိမ့္မည္မဟုတ္ေပ။
ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕တည္း၌ ရွိေနေသာ ေကသီေအာင္ႏွင့္ မမလႈိင္တုိ႔ႏွစ္ေယာက္ မဆုံေတြ႔ၾကေစဖုိ႔ကုိေတာ့ ကၽြန္ေတာ္ ကုိယ္စြမ္းဥာဏ္စြမ္းရွိသမွ် ႀကိဳးစားရေလသည္။ သ၀န္တုိတတ္ေသာ ေကသီေအာင္က မမလႈိင္ႏွင့္ ကၽြန္ေတာ့္အေၾကာင္းသိလွ်င္ နာၾကည္းေဒါသျဖင့္ ၀ုန္းဒုိင္းၾကဲ ေပါက္ကြဲေပလိမ့္မည္။ သေဘာထားႀကီးေသာ မမလႈိင္က ေကသီေအာင္ႏွင့္ ကၽြန္ေတာ့္အေၾကာင္းကုိသိလွ်င္ အံ့ၾသတႀကီး နာက်င္မႈျဖင့္ ေၾကကြဲေပလိမ့္မည္။ ေကသီေအာင့္ကုိလည္း မေပါက္ကြဲေစလုိ။ မမလႈိင္ကုိလည္း မေၾကကြဲေစလုိ။ ဒီေတာ့ သူတုိ႔ႏွစ္ေယာက္ၾကား၌ လွပစြာ ကၽြန္ေတာ္ အစီစဥ္ခ် က,ျပတတ္ဖုိ႔ အေရးႀကီးေလသည္။
ကုမၸဏီ၀န္ထမ္းျဖစ္ေသာ ေကသီေအာင္အတြက္ တနဂၤေႏြတစ္ရက္ကုိ ကၽြန္ေတာ္ အခ်ိန္ေပးရ၏။ မမလႈိင္အတြက္ေတာ့ သီးသန္႔ရုံးပိတ္ရက္ကုိ ေပးခဲ့ရေလသည္။ တစ္ခါတစ္ေလမွသာ ကၽြန္ေတာ္ႏွင့္ မမလႈိင္ ရုံးပိတ္ရက္မွာ ေတြ႔ဆုံျဖစ္ၾက၏။ ကၽြန္ေတာ္တုိ႔အတြဲကုိ ကၽြန္ေတာ္တုိ႔ ရုံးႏွစ္ရုံးမွ ေတြ႔ျမင္ေနက် မိတ္ေဆြမ်ားမွအပ အျခားေသာ အေပါင္းအသင္း၊ ေဆြမ်ိဳးသားခ်င္းမ်ား ျမင္ေတြ႔သြားမွာကုိ မမလႈိင္ အလြန္စုိးရိမ္ႀကီး၏။ မမလႈိင္က အသက္သုံးဆယ္ေက်ာ္စျပဳလာသည့္ အပ်ိဳႀကီးေပါက္စျဖစ္ကာ မိသားစုကုိ အိမ္ေထာင္မျပဳဟု ျငင္းဆုိထားသူျဖစ္ေလသည္။
"မမလႈိင္ တစ္သက္လုံး တစ္ေယာက္တည္းေနရင္ ပ်င္းစရာေကာင္းမွာေပါ့" ဟု ကၽြန္ေတာ္စ,လွ်င္ "ႏွစ္ေယာက္ေနရရင္ ပုိပ်င္းလာမယ္ထင္လုိ႔" ဟု မမလႈိင္ ၿပံဳး၍ ျပန္ေျဖတတ္ေလသည္။ သုိ႔ေသာ္ မမလႈိင္ ေျပာေသာ စကားမ်ားကုိ ေထာက္ရွဳ၍ ကၽြန္ေတာ့္ကုိ လက္ထပ္ဖုိ႔ မမလႈိင္ စိတ္ကူးထားေၾကာင္း ခန္႔မွန္းသိႏုိင္ေလသည္။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ စားေသာက္ဆုိင္တစ္ခု၌ မုန္႔ဟင္းခါး၊ အုန္းႏုိ႔ေခါက္ဆြဲ၊ ၾကာဆံခ်က္တုိ႔လုိ႔ အစားအစာတစ္ခုခု စားၾကလွ်င္ စားမေကာင္းပါက "မမလႈိင္ခ်က္ရင္ ဒီထက္ေကာင္းတယ္" ဟု ေျပာေလ့ရွိ၏။
ကၽြန္ေတာ္က "မမလႈိင္ ခ်က္ေကၽြးမွာလား" ဟု ေမးလွ်င္ "ေကၽြးမွာေပါ့၊ ရုံးပိတ္ရက္ဆုိ အိမ္မွာ မမလႈိင္ မိသားစုကုိ တစ္ခုခု ခ်က္ေကၽြးေနက်ပဲ" ဟု ေျဖေလ့ရွိသည္ မဟုတ္ပါလား။ ကၽြန္ေတာ္ သေဘာက်စြာ ၿပံဳးရယ္ေတာ့ မမလႈိင္လည္း ရွက္ကုိးရွက္ကန္း ရယ္ေမာေလသည္။ ေကသီေအာင္ႏွင့္ယွဥ္လွ်င္ မမလႈိင္က ပုိ၍ မိန္းမပီသေပလိမ့္မည္။ အိမ္ေထာင္မႈလည္း ႏုိင္နင္းေပမည္။ ခက္ေနသည္မွာ မမလႈိင္က အိမ္ေထာင္မျပဳလုိေသာ မိန္းကေလးျဖစ္ေလ၏။
ေကသီေအာင္ကေတာ့ အစစအရာရာ ကၽြန္ေတာ့္အေပၚ ဦးစားေပးလုိက္ေလ်ာတတ္သူ ျဖစ္၏။ ေကသီေအာင္၏ ႏုဖတ္အိညက္ေနေသာ လက္ဖ၀ါးႏွစ္ဖက္ကုိ ဆုပ္ကုိင္ရင္း "နင္ အ၀တ္ေလွ်ာ္တတ္ရဲ႕လား" ဟု ကၽြန္ေတာ္ေမးေတာ့ သူ ေခါင္းခါေလသည္။ "ငါတုိ႔အိမ္မွာ ငါ အ၀တ္မေလွ်ာ္ရဘူးေလ။ အိမ္မွာက လုပ္ေပးမယ့္သူေတြ ရွိတာကုိး။ ဒါေပမယ့္ နင့္အ၀တ္ေတြ ငါေလွ်ာ္ေပးမွာပါ။ နင့္ ယူနီေဖာင္းေတြက သိပ္ေလးမွာေနာ္။ အ၀တ္ေလွ်ာ္စက္ကလည္း လက္နဲ႔ေလွ်ာ္သလုိ ေခ်းမစင္ဘူးတဲ့။ နင္လည္း ကူေလွ်ာ္ေပးေပါ့ေနာ္။ မိန္းကေလးဆုိတာ အ၀တ္ေလွ်ာ္ေပးရမွန္း သိပါတယ္။ နင့္အ၀တ္အစားေတြကုိ ငါ အၿမဲေလွ်ာ္ဖြတ္ေပးခ်င္ပါတယ္ဟာ"
ကၽြန္ေတာ့္ကုိ အစဥ္အၿမဲ ရင္ခုန္ၾကည္ႏူးေစေသာ ေကသီေအာင့္လက္ဖ၀ါးႏုႏုကုိ ကၽြန္ေတာ္ ျမတ္ႏုိးစြာ ဆုပ္ကုိင္ထားမိ၏။ "ငါ့အ၀တ္ ငါ့ဘာသာ ေလွ်ာ္ပါ့မယ္။ နင္ေလွ်ာ္လည္း ေရဆြတ္ၿပီး ႀကိဳးတန္းေပၚတင္လွန္းလုိက္ေပါ့ကြာ"
"တကယ္လား" အဲဒီတုန္းက ကၽြန္ေတာ္ မေတာင္းဆုိဘဲ ကၽြန္ေတာ့္ပါးကုိ ေကသီေအာင္က တရႈိက္မက္မက္ နမ္းခဲ့ဖူးတာ ကၽြန္ေတာ္ မၾကာခဏ သတိရတတ္၏။ ငယ္ခ်စ္ဦးေပမုိ႔ ေကသီေအာင္ကုိ စြဲလမ္းျခင္းေပလား။ သုိ႔မဟုတ္ ဟန္ေဆာင္မႈကင္းစြာ ခ်စ္စရာေကာင္းေသာေၾကာင့္ စြဲလမ္းျခင္းေပလားမသိ။ ေကသီေအာင္ကုိ ကၽြန္ေတာ္ စြဲစြဲလမ္းလမ္း ရွိလွ၏။
မမလႈိင္ကုိေရာ။ ေျပာရမည္ဆုိလွ်င္ မမလႈိင္ကုိလည္း မစြန္႔လႊတ္ႏုိင္။ ကၽြန္ေတာ္ အိပ္မက္,မက္ခဲ့ေသာ ကၽြန္ေတာ့္ဘ၀ၾကင္ေဖာ္သည္ မမလႈိင္လုိ မိန္းမပီသသူျဖစ္၏။ မမလႈိင္၏ က်က္သေရရွိလွေသာ မ်က္ႏွာႏွင့္ တည္ၿငိမ္ေသာ အၿပံဳးလွလွကုိ ကၽြန္ေတာ္ စြဲမက္ပါသည္။ ကၽြန္ေတာ့္အေပၚ ထားရွိေသာ မမလႈိင္၏ ခ်စ္ျခင္းေမတၱာကုိလည္း ကၽြန္ေတာ္ အေလးထားပါသည္။ ကၽြန္ေတာ့္ဘ၀၌ ပထမဦးဆုံး အရူးအမူး ခ်စ္ခဲ့ဖူးသူသည္ ေကသီေအာင္ ျဖစ္၏။ တရား၀င္ရည္းစားႏွစ္ေယာက္ႏွင့္ ဘာမွမျဖစ္လုိက္သည့္ မၾကည္တၾကည္ ေကာင္မေလးမ်ားကုိ ပယ္လွိက္လွ်င္ မမလႈိင္သည္ ကၽြန္ေတာ္ အခ်စ္ရဆုံး မိန္းကေလးျဖစ္ေလသည္။
ေကသီေအာင္ကုိလည္း ကၽြန္ေတာ္ ျမတ္ျမတ္ႏုိးႏုိး ခ်စ္ႏုိင္သည္ပင္။ သူတုိ႔ႏွစ္ေယာက္လုံးသည္ ကၽြန္ေတာ့္ကုိ မေလ်ာ့ေသာအခ်စ္ႏွင့္ ခ်စ္ႏုိင္ၾကသူေတြျဖစ္၏။ ကၽြန္ေတာ္သည္လည္း သူတုိ႔ႏွစ္ေယာက္စလုံးကုိ သာတူညီမွ် ခ်စ္ႏုိင္သည္ေလ။ သုိ႔ေသာ္ သူတုိ႔ႏွစ္ေယာက္စလုံးကုိမူ ကၽြန္ေတာ္ ေရြးခ်ယ္၍ မရႏုိင္။ တကယ့္တကယ္ ကၽြန္ေတာ္အိမ္ေထာင္ျပဳေတာ့မည္ဆုိလွ်င္ သူတုိ႔ႏွစ္ေယာက္အနက္ တစ္ေယာက္ေယာက္ကုိသာ ျပတ္ျပတ္သားသား ေရြးခ်ယ္ယူရေတာ့မည္။
ကၽြန္ေတာ့္ေဘး၌ ကၽြန္ေတာ့္လက္ကုိတြဲလ်က္ တစ္သက္တာ အေဖာ္ျပဳရပ္တည္ေပးမည့္သူသည္ ေကသီေအာင္ ျဖစ္သင့္သလား၊ မမလႈိင္ ျဖစ္သင့္သလား၊ ကၽြန္ေတာ္ ေ၀ခြဲမရ ျဖစ္ရသည္။ မမလႈိင္ႏွင့္ ေကသီေအာင္ ႏွစ္ေယာက္တြင္ ဘယ္သူ႔ကုိ ပုိခ်စ္သလဲဟု တစ္စုံတစ္ေယာက္က ေမးလွ်င္လည္း ဘယ္သူ႔ကုိမွ မေလ်ာ့ဟုသာ ကၽြန္ေတာ္ ေျဖႏုိင္ေပလိမ့္မည္။ ခုလုိ ေ၀းကြာေနရေသာ အခ်ိန္မ်ိဳးမွာ သူတုိ႔ႏွစ္ေယာက္အေပၚ ထားရွိေသာ အခ်စ္ေတြက ပုိ၍ပင္ တုိးလာေသး၏။
မမလႈိင္၏ ကရုဏာ မ်က္၀န္းအၾကည့္မ်ားကုိ ကၽြန္ေတာ္အခါမ်ားစြာ ျမင္ေယာင္တမ္းတေနမိ၏။ ေကသီေအာင္၏ အၾကင္နာစကားေလးမ်ားကုိ ကၽြန္ေတာ္ ထပ္တလဲလဲ ၾကားေယာင္ လြမ္းေမာေနမိ၏။ အလုပ္ခ်ိန္ေတြမွာ သူတုိ႔ကုိ ေမ့ေမ့ေပ်ာက္ေပ်ာက္ထားႏုိင္ေသာ္လည္း တစ္ကုိယ္တည္း အားလပ္ခ်ိန္မ်ားမွာေတာ့ လြမ္းခ်င္းရွည္ႀကီးႏွင့္ ေဆြးတျမည့္ျမည့္ လြမ္းေနမိေလသည္။ စာေရးေကာင္းေသာ ေကသီေအာင့္စာကလည္း ႏွစ္လရွိ၍ တစ္ေစာင္ေရာက္မလာ။ မမလႈိင္ကေတာ့ ကၽြန္ေတာ့္ႏွယ္ပင္ စာေရးပ်င္းသူျဖစ္၏။ နယ္သုိ႔ ကၽြန္ေတာ္ ေရာက္လာသည္မွာ ေျခာက္လေက်ာ္ေပေတာ့မည္။ မမလႈိင္ထံမွ စာတစ္ေစာင္သာ ဖတ္ရေသး၏။
"ကုိလင္း… မင္းက မမလႈိင္ထက္ အသက္တစ္ႏွစ္ပုိငယ္ေနတာကုိပဲ မမလႈိင္ စိတ္ပ်က္တယ္" ဆုိသည့္ မမလႈိင္စာကုိ ဖတ္ရေတာ့ ကၽြန္ေတာ္ တစ္ေယာက္တည္း ၿပံဳးမိေလသည္။ ကၽြန္ေတာ့္ကုိခ်စ္ေသာ မမလႈိင္က သူ၏ အိမ္ေထာင္ဘက္ကုိ "ကုိကုိ" ေခၚခ်င္သည္ဟု ဆုိထားပါေရာလား။ ေကသီေအာင္ႏွင့္ ကၽြန္ေတာ္ကေတာ့ သူငယ္ခ်င္းေတြ ျဖစ္ေနသည္မုိ႔ နင္နဲ႔ငါဆိုေသာ နာမ္စားကုိ မျပင္ႏုိင္ၾက။ သူက ကၽြန္ေတာ့္နာမည္ရင္းအတုိင္း ေခၚသလုိ ကၽြန္ေတာ္ကလည္း သူ႔နာမည္ရင္းအတုိင္း ရွည္လ်ားစြာ ေခၚဆဲပင္။
တကယ္ဆုိေတာ့ ေကသီေအာင့္ကုိ နာမည္ရင္းအတုိင္း ကၽြန္ေတာ္ မေခၚသင့္ေတာ့။ သမီးရည္းစားႏွစ္ေယာက္အၾကား သီးသန္႔နာမ္စား မရွိဘူးဆုိလွ်င္ေတာင္မွ ေကသီျဖစ္ျဖစ္၊ ေကျဖစ္ျဖစ္ ခပ္တုိတုိ အေခၚအေ၀ၚ တစ္ခုခုေတာ့ ျဖစ္ဖုိ႔ေကာင္းသည္။ ေကသီေအာင္က အျခားသူမ်ားႏွင့္ စကားေျပာလွ်င္ "ေက" ဟု နာမ္စားသုံးေျပာတတ္ေသာ္လည္း ကၽြန္ေတာ့္ကုိမူ "ငါ" ဟုသာ ေျပာေလ့ရွိ၏။ ဘယ္လုိပဲျဖစ္ျဖစ္ ေကသီေအာင္ စကားေျပာပုံက အလြန္ခ်စ္စရာေကာင္းေလသည္။
ေကသီေအာင္က စကားေျပာေကာင္းသလုိ စာေရးလည္း အေတာ္ေကာင္းသူျဖစ္၏။ သူ႔ရင္ထဲမွာရွိေနေသာ အခ်စ္ႏွင့္အလြမ္းကုိ ကၽြန္ေတာ့္ရင္ထဲ တသိမ့္သိမ့္ တၿငိမ့္ၿငိမ့္ ခံစားရေအာင္ သူေျပာျပ၊ ေရးျပႏုိင္စြမ္းသည္ေလ။ ကၽြန္ေတာ္က ကၽြန္ေတာ့္အခ်စ္ကုိလည္း တစ္ဖက္လူ နက္နက္ရွိဳင္းရွိဳင္း ခံစားရေအာင္ မဖြင့္ဆုိတတ္။ ကၽြန္ေတာ့္အလြမ္းကုိလည္း ရသေျမာက္ေအာင္ မတင္စားတတ္။ ကၽြန္ေတာ္ ကံေကာင္းတာတစ္ခုကေတာ့ ေကသီေအာင္ႏွင့္ မမလႈိင္ ႏွစ္ေယာက္စလုံး၏ အခ်စ္ကုိ ကၽြန္ေတာ္ ယုံယုံၾကည္ၾကည္ ခံစားႏုိင္ျခင္းပင္ ျဖစ္၏။ သူတုိ႔ႏွစ္ဦးစလုံး ကၽြန္ေတာ့္ကုိ စူးစူးနစ္နစ္ စြဲလမ္းခ်စ္ခင္ၾကသည္ေလ။
ကၽြန္ေတာ္ အသက္သုံးဆယ္ ျပည့္ေတာ့မည္။ ေယာက္်ားေလးတစ္ေယာက္အေနႏွင့္ လြတ္လပ္စြာေန
ဖုိ႔ ကာလအတန္ၾကာ ရွိေနေသးသည္ ဆုိေပမယ့္ အရြယ္ေတာ္ တစ္ဆိတ္ဟုိင္းလာေသာ ခ်စ္သူႏွစ္ဦးကုိ ငဲ႔ကြက္၍ ကၽြန္ေတာ္ အိမ္ေထာင္ျပဳသင့္ေပၿပီ။ သုိ႔ဆုိလွ်င္ပဲ သက္ျပင္းခါခါခ်ရင္း အသက္ရွဴမ၀ ျဖစ္ရေလသည္။ အခုလုိ ေ၀းကြာေနေသာ ကာလမ်ားတြင္ သူတုိ႔ႏွစ္ဦးက ကၽြန္ေတာ့္အေပၚ ထားရွိေသာ ခ်စ္ျခင္းေမတၱာကုိ ယွဥ္ထုိးၾကည့္ႏုိင္၏။ ၿပီးေတာ ့သူတုိ႔ႏွစ္ေယာက္အေပၚ ထားရွိေသာ ကၽြန္ေတာ့္ဘက္က ခ်စ္ျခင္းေမတၱာ။
ဘယ္သူ႔ကုိ ကၽြန္ေတာ္ပုိလုိခ်င္၍ ဘယ္သူ႔ကုိ ကၽြန္ေတာ္ ပုိလုိအပ္သနည္း။ ကၽြန္ေတာ့္အေၾကာင္းကုိသိေသာ သူငယ္ခ်င္းတစ္ေယာက္က ေ၀ဖန္ခ်က္ေပးေလသည္။ "မင္းကုိေတာ့ ငါလည္း ဆုံးျဖတ္မေပးႏုိင္ေတာ့ဘူး။ ဒါေပမယ့္ မင္း ေလာဘႀကီးလြန္းတယ္လုိ႔ေတာ့ ငါ ေျပာခ်င္တယ္" ကၽြန္ေတာ္ မခ်ိၿပံဳးသာ ၿပံဳးနုိင္ေလသည္ေပါ့။ ေျပာရမည္ဆုိလွ်င္ ေကသီေအာင္သည္ ကၽြန္ေတာ့္အတြက္ အရံမဟုတ္သလုိ မမလႈိင္သည္လည္း ကၽြန္ေတာ့္အတြက္ အရံမဟုတ္။ တကယ္ေတာ့ သူတုိ႔ႏွစ္ေယာက္စလုံးကုိ ကြင္းလယ္မွာ ကၽြန္ေတာ္ ေနရာခ်ေပးခဲ့ၿပီ။
ထုိအေၾကာင္းကုိ စဥ္းစားရလွ်င္ ကၽြန္ေတာ့္အလြမ္းေတြ နည္းနည္းေတာ့ ေျပေလ်ာ့သြားတတ္၏။ ခုပဲၾကည့္။ ေ၀ခြဲရခက္ေသာ ပုစၦာတစ္ပုဒ္ကုိ ကၽြန္ေတာ့္အား အညီအမွ် ခ်သြားေပးေလၿပီ။ ေကသီေအာင့္ထံမွ လည္းေကာင္း၊ မမလႈိင္ထံမွ လည္းေကာင္း ေမွ်ာ္လင့္ေနေသာ စာႏွစ္ေစာင္ ကၽြန္ေတာ့္ထံသုိ႔ တစ္ေန႔တည္း၊ တစ္ၿပိဳင္တည္း ေရာက္ရွိလာခဲ့ၿပီေရာ။ စာႏွစ္ေစာင္ကုိၾကည့္ကာ ဘယ္စာကုိ အရင္ေဖာက္ရမည္မသိ ျဖစ္သြားရ၏။ ရုတ္တရက္ အၾကံတစ္ခု ေပၚလာခဲ့၏။ စာႏွစ္ေစာင္စလုံးကုိ ထပ္ကာ စာအိတ္အနားစြန္းကုိ ကတ္ေၾကးႏွင့္ အသာအယာ ညွပ္ထုတ္ပစ္လုိက္မိ၏။ ၿပီးမွ စာႏွစ္ေစာင္ကုိ ကုိင္လ်က္ မ်က္စိစုံမွိတ္ ေရြးခ်ယ္လုိက္၏။ ဘယ္သူ႔အေပၚမွ ကၽြန္ေတာ္ မ်က္ႏွာမလုိက္ခဲ့ပါ။
ပထမဦးဆုံး ကၽြန္ေတာ္ ေရြးခ်ယ္မိေသာစာက မမလႈိင္ ျဖစ္ေလသည္။ ဒီေတာ့ မမလႈိင္စာကုိ ကၽြန္ေတာ္ ဦးစြာ ဖြင့္ဖတ္လုိက္ရေလသည္။ ကုိလင္းေရဟု နိဒါန္းခ်ီထားေသာ မမလႈိင္စာက ခပ္တုိတုိပင္ ျဖစ္ေလသည္။ မမလႈိင္စာက တုိေသာ္လည္း ကၽြန္ေတာ့္ရင္ခုန္သံေတြက ရွည္လ်ားလုိ႔ေန၏။
"မမလႈိင္ ဆုံးျဖတ္ခ်က္တစ္ခုကုိ ခုိင္ခုိင္မာမာခ်လုိက္ၿပီ ကုိလင္းေရ။ ကုိလင္း အံ့ၾသမွာပဲေနာ္။ မမလႈိင္ ကုိလင္းကုိ အရမ္းလြမ္းေနတယ္။ ေ၀းသြားေတာ့မွ ကုိလင္းကုိ မမလႈိင္ ဘယ္ေလာက္လုိအပ္မွန္း ကုိယ့္ကုိယ္ကုိ သိလုိက္ရတာ။ မမလႈိင္ေလ၊ ကုိလင္းကုိ ေမ့ထားလုိ႔မရဘူး။ ခု မမလႈိင္ ကုိလင္းေနာက္ကုိ လုိက္ခဲ့ေတာ့မလုိ။ ေဟ့… အၿပီးလုိက္လာမွာ မဟုတ္ဘူးေနာ္။ မမလႈိင္ တူမေလးတစ္ေယာက္နဲ႔ အလည္လာမွာ။ - - ၂၀၀၂ ေန႔ ေလယာဥ္ကြင္းမွာ ကုိလင္း ႀကိဳေပးပါ။ မမလႈိင္တုိ႔ တစ္ခါမွ မေရာက္ဖူးလုိ႔။ ကဲ… ေတြ႔မွ အေၾကာင္းစုံေျပာၾကတာေပါ့ကြာ။ ကုိလင္း ရင္ခုန္ ေပ်ာ္ရႊင္ႏုိင္ပါေစ။
ကုိလင္းရဲ႕ မမလႈိင္ "
ကၽြန္ေတာ္ အံ့ၾသသြားရ၏။ ကၽြန္ေတာ့္ဆီကုိ မမလႈိင္ မၾကာခင္ အေရာက္လာေတာ့မည္တဲ့။ ၿပီးေတာ့ ကၽြန္ေတာ့္ဘ၀ထဲထိ ၀င္ေရာက္ဖုိ႔ ယတိျပတ္ ဆုံးျဖတ္ခ်က္ခ်လုိက္ၿပီတဲ့။ ကၽြန္ေတာ့္ႏွလုံးခုန္သံေတြ အဆမတန္ က်ယ္ေလာင္သြားသည္ ထင္ပါသည္။ မမလႈိင္ကုိ ကၽြန္ေတာ္ ေတြ႔ရေတာ့မည္။ ရုတ္တရက္ အတုိင္းမသိ ေပ်ာ္ရႊင္၀မ္းေျမာက္မႈျဖင့္ ကၽြန္ေတာ္ ဘာလုပ္လုိ႔ ဘာကုိင္ရမွန္း မသိေအာင္ပင္ ျဖစ္သြားရ၏။ မဖတ္ရေသးေသာ ေကသီေအာင့္စာကုိ သတိရကာမွ ကၽြန္ေတာ့္စိတ္မ်ား အနည္းငယ္ ၿငိမ္သက္သြားကာ ဒုတိယေျမာက္စာကုိ ထုတ္ယူဖတ္လုိက္မိ၏။ လက္ေရးအလြန္လွေသာ ေကသီေအာင္။ စာေရးအလြန္ေကာင္းေသာ ေကသီေအာင္။ မိန္းကေလးမပီသစြာ ဟန္မလုပ္တတ္ေသာ ေကသီေအာင္။ ထုံးစံအတုိင္း ေကသီေအာင့္စာက မမလႈိင္စာေလာက္ မတုိေတာင္းလွေပ။
ေကသီေအာင္က ကၽြန္ေတာ့္နာမည္ကုိ အဂၤလိပ္လုိ စာလုံးေပါင္းကာ စ,ေရးထားေလသည္။ "နင္ ငါ့ကုိ လြမ္းေနရဲ႕လား လင္းေသာ္။ ငါေတာ့ နင့္ကုိ လြမ္းလုိ႔ ေသေတာ့မယ္" တဲ့။ ကၽြန္ေတာ္ ၿပံဳးမိသြားေလသည္။ ေကသီေအာင့္မ်က္ႏွာကုိ ျမင္ေယာင္ရင္း ကၽြန္ေတာ္ စာဆက္ဖတ္လုိက္၏။
"စာမေရးျဖစ္တာ စိတ္မဆုိးနဲ႔ေနာ္။ ငါ Plan တစ္ခုဆြဲေနလုိ႔။ တမင္စာမေရးေသးဘဲ ေနေနတာ။ နင္ အံ့ၾသသြားရမယ္ သိလား လင္းေသာ္။ နင့္ေနာက္ကုိ ငါလုိက္ခဲ့ေတာ့မလုိ႔။ အၿပီးလုိက္ခဲ့မွာ မဟုတ္ေသးဘူးေနာ္။ အလည္လာမွာ။ အလည္။
အလုပ္၀င္ကတည္းက ခြင့္ရက္ၾကာ တစ္ခါမွ ငါ မယူျဖစ္ေသးဘူး။ ခု ငါ ခြင့္ဆယ္ရက္ယူၿပီး နင့္ဆီလာခဲ့မွာ။ အိမ္ကုိေတာ့ ကုမၸဏီကိစၥနဲ႔ သြားရမွာလုိ႔ ေျပာထားတာေပါ့။ ငါနဲ႔အတူ အေဒၚတစ္ေယာက္ အေဖာ္လုိက္လာမယ္။ ငါ့ေဒၚေလးကုိ နင္ မသိဘူးထင္တယ္။ အန္တီမ်ိဳးလုိ႔ ငါတုိ႔ ေခၚၾကတယ္။ အေဒၚဆုိေပမယ့္ ငါ့ထက္ အသက္တစ္ႏွစ္ေက်ာ္ေလာက္ပဲ ႀကီးတာပါ။ အန္တီမ်ိဳးက ေမေမ့ညီမ အငယ္ဆုံးေလ။ အရမ္းလွတာပဲဟ။ ေမေမတုိ႔ ညီအစ္မေတြအားလုံး လွၾကတယ္ေလ။ အန္တီမ်ိဳးက ရန္ကုန္မွာေနတာမုိ႔ နင္ မသိတာ။
အန္တီမ်ိဳးက ငါတုိ႔နဲ႔ အသက္မကြာေတာ့ ေပါးင္းရတာေကာင္းတာေပါ့ဟာ။ ငါက အလုပ္ကိစၥနဲ႔ ျမစ္ႀကီးနားကုိ သြားရမယ္ ေျပာကတည္းက သူ႔အလုပ္ကခြင့္ရရင္ လုိက္ခဲ့မယ္ေျပာေနတာ။ တစ္ခါမွ မေရာက္ဖူးလုိ႔တဲ့။ သူ႔သူငယ္ခ်င္းတစ္ေယာက္လည္းရွိလုိ႔ အလည္သြားခ်င္ေနတာတဲ့ေလ။ ဒါနဲ႔ ငါလည္း အေတာ္ျဖစ္သြားတာေပါ့။ အန္တီမ်ိဳးကေတာ့ ဟုိတယ္မွာပဲ တည္းမယ္ေျပာတယ္။ နင္တုိ႔ေနရာက ၿမိဳ႕နဲ႔ေတာ္ေတာ္ေ၀းတယ္ဆုိ။ ငါ့ကုိ လာေတြ႔လုိ႔ေတာ့ ျဖစ္တယ္မုိ႔လား။ အန္တီမ်ိဳးက သူ႔သူငယ္ခ်င္းနဲ႔ ဆက္သြားမယ့္ပုံပဲ။
အန္တီမ်ိဳးပါလာေတာ့ ကုိယ္မေရာက္ဖူးတဲ့ေနရာမွာ တစ္ေယာက္တည္း ေၾကာင္စီစီမျဖစ္ေတာ့ဘူးေပါ့ဟာ။ ခုေတာ့ Project အသစ္ေနရာ သြားၾကည့္ရမွာ ဘာညာ ငါ ေလွ်ာက္ေျပာထားတယ္။ အန္တီမ်ိဳးက ငါ့ကုမၸဏီကိစၥေတြ နားလည္တာမွ မဟုတ္ဘဲ။ သူက အခြန္ဦးစီးမွာ လုပ္တယ္။ အန္တီမ်ိဳးနဲ႔က တူတူေနတာမဟုတ္ေတာ့ ငါ့မွာ ရည္းစားရွိတာလည္း သူ မသိေသးဘူးေလ။ ငါမွ ေျပာမျပဖူးဘဲကုိ။ သိလည္း ကိစၥေတာ့ မရွိပါဘူးေလ။ အန္တီမ်ိဳးက နားလည္မႈရွိပါတယ္။
ဘာပဲျဖစ္ျဖစ္ သူနဲ႔ငါ ႏွစ္ေယာက္လာမွာဆုိေတာ့ နင္နဲ႔ ဆုံျဖစ္သြားမွာပဲေလ။ အန္တီမ်ိဳးကုိေတြ႔ရင္ ငါ့ကုိမလွဘူးလုိ႔ နင္ ပုိထင္သြားလိမ့္မယ္။ ဒါေပမယ့္ ခ်စ္စရာေတာ့ ေကာင္းတယ္မုိ႔လား။ ငါ့ကုိ အထင္မေသးစမ္းပါနဲ႔ေနာ္။ ငါ့ကုိႀကိဳက္တဲ့ ေကာင္ေလးေတြထဲမွာ နင္ ရုပ္အဆုိးဆုံးပဲ သိလား။ ကဲပါကြာ မစ,ေတာ့ပါဘူး။ ေတြ႔ေတာ့မွ စကားေတြ တ၀ႀကီး ေျပာၾကမယ္ေနာ္။
- - ၂၀၀၂ ေန႔ ေလယာဥ္ကြင္းမွာ လာႀကိဳေနေနာ္။ အန္တီမ်ိဳး သူငယ္ခ်င္းလည္း လာႀကိဳမယ္ေျပာတယ္။ ဒါေပမယ့္ ငါက နင့္ကုိ တန္းေတြ႔ခ်င္တာေပါ့။ ငါ နင့္ကုိ အရမ္းလြမ္းေနၿပီ။ နင္ ဆက္ဆက္ လာႀကိဳေနေနာ္။
ေအာ္… အျပန္အတြက္ ေလယာဥ္လက္မွတ္ႏွစ္ေစာင္ လုပ္ေပးဦးေနာ္။ ငါက အန္တီမ်ိဳးကုိ ဦးေဆာင္လာတာဆုိေတာ့ ငါပဲ လုပ္ေပးရမွာမုိ႔ေလ။
အန္တီမ်ိဳးနာမည္က မ်ိဳးမမလႈိင္(၁၂/ရကတ(ႏုိင္)-၀၁၆၉၅၁) ငါ့နာမည္နဲ႔ မွတ္ပုံတင္ နင္ သိပါတယ္ေနာ္။
ဒါပဲဟာ။ ဒီစာရရင္ ဖုန္းဆက္လုိက္ပါဦး။
နင့္ရဲ႕အၿမဲတမ္း
ေကသီေအာင္"
ေကသီေအာင့္စာ ၿပီးဆုံးသြားေလၿပီ။ မမလႈိင္ စာကုိေသာ္လည္းေကာင္း၊ ေကသီေအာင့္စာကုိေသာ္လည္းေကာင္း ခါတုိင္းလုိ ထပ္တလဲလဲ ျပန္ဖတ္ဖုိ႔ ကၽြန္ေတာ္ ေမ့ေလ်ာ့သြားရ၏။ ကၽြန္ေတာ့္မ်က္လုံးေတြ မႈန္၀ါးသြားခဲ့ေလၿပီ။ ပရမ္းပတာ ေဆာင့္ခုန္ေနေသာ ကၽြန္ေတာ့္ႏွလုံးခုန္သံေတြက ေၾကာက္စရာေကာင္းလွစြာ။ ေခါင္းကလည္း အဆမတန္ႀကီးမား ေလးလံကာ တဆစ္ဆစ္ကုိက္ခဲလုိ႔လာ၏။ ကၽြန္ေတာ္ထုိင္ေနေသာ ထုိင္ခုံသည္ ဆုံလည္ကုလားထုိင္မဟုတ္ဘဲလ်က္ ကၽြန္ေတာ့္ခႏၶာကုိယ္က ခ်ာခ်ာလည္ေနေလသည္။
ကမၻာေျမႀကီးသည္ ကၽြန္ေတာ္ တစ္ေယာက္တည္းအတြက္ အုိးထိန္းစက္ကဲ့သုိ႔ လည္ေနေလၿပီေလာ။ မ်ိဳးမမလႈိင္ႏွင့္ ေကသီေအာင္ ဆုိေသာ နာမည္ႏွစ္ခုအၾကား ဘယ္လုိမွ ထိန္းခ်ဳပ္လုိ႔မရေအာင္ ကၽြန္ေတာ္ ခ်ာလပတ္လည္ေနေလၿပီ။ မ်ိဳးမမလႈိင္။ ကၽြန္ေတာ့္ရဲ႕ မမလႈိင္။ ေကသီေအာင္ရဲ႕ အန္တီမ်ိဳး။
ေကသီေအာင္။ ကၽြန္ေတာ့္ရဲ႕ငယ္ခ်စ္ဦး ေကသီေအာင္။ မမလႈိင္ရဲ႕ တူမ ေကသီေအာင္… တုိက္ဆုိင္မႈဆုိတာ အဲဒီေလာက္ အံ့ၾသတုန္လႈပ္ဖြယ္ေကာင္းေလာက္ေအာင္ ျဖစ္တတ္သတဲ့လား။
ကံၾကမၼာဟာ ကၽြန္ေတာ္တုိ႔သုံးေယာက္အေပၚ ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ေလာက္ေအာင္ ဖရုိဖရဲ ကြဲေၾကေစေတာ့မွာလား။ ဒါဟာ ကၽြန္ေတာ္တုိ႔ သုံးေယာက္ ေရွးဘ၀က ျပဳခဲ့ဖူးတဲ့ အေၾကာင္းတရားေၾကာင့္ေပလား။ သုိ႔မဟုတ္ ကၽြန္ေတာ္တစ္ဦးတည္း ျပဳလုပ္ခဲ့တဲ့ အကုသုိလ္ေၾကာင့္ေပလား။ ကံၾကမၼာက ကၽြန္ေတာ့္အေပၚ မ်က္ႏွာသာ မေပးခ်င္ေတာ့ဘူးဆုိလွ်င္ေတာင္ အျပစ္ကင္းေသာ ေကသီေအာင္ႏွင့္ မမလႈိင္ကုိ ငဲ့ညွာဖုိ႔ ေကာင္းသည္။
ေကသီေအာင္ႏွင့္ မမလႈိင္ ႏွစ္ေယာက္စလုံးကုိ အနည္းငယ္ေလာက္မွ ထိခုိက္မႈမျဖစ္ေစလုိေသာ ကၽြန္ေတာ့္ေစတနာကုိ ကၽြန္ေတာ္သာလွ်င္ နားလည္ႏုိင္သည္။ တကယ္ေတာ့ ကၽြန္ေတာ္သည္ ေလွနံႏွစ္ဖက္ နင္းခဲ့ျခင္းလည္းမဟုတ္။ ငါးရံ႕ႏွစ္ေကာင္ကုိ တစ္ၿပိဳင္တည္း ဖမ္းလုိခဲ့ျခင္းလည္းမဟုတ္။ သူတုိ႔ႏွစ္ေယာက္စလုံးကုိ ကၽြန္ေတာ္ ရုိးရုိးသားသား ခ်စ္ခဲ့မိျခင္းသာ ျဖစ္ေလသည္။ ။သုိ႔ေသာ္ ကၽြန္ေတာ့္အခ်စ္ကုိ ေလာကႀကီးက လက္မခံ။ သဘာ၀တရားက လက္မခံ။ ၁၅၀၀ ဆုိေသာ ခ်စ္ျခင္းေမတၱာျဖင့္ လူႏွစ္ေယာက္အား တစ္ၿပိဳင္တည္း ခ်စ္ခြင့္မရွိဟု မည္သူ ျပဌာန္းခဲ့ပါသနည္း။ ကၽြန္ေတာ္ မသိပါ။ ကၽြန္ေတာ္ သိတာက ေကသီေအာင္ကုိ ကၽြန္ေတာ္ ခ်စ္သည္။ မမလႈိင္ကုိ ကၽြန္ေတာ္ ခ်စ္သည္။ ေကသီေအာင္က ကၽြန္ေတာ့္ကုိ ခ်စ္သည္။ မမလႈိင္က ကၽြန္ေတာ့္ကုိ ခ်စ္သည္။
ဘယ္လုိပဲျဖစ္ျဖစ္ ေနာက္ဆုံးေတာ့ ေကသီေအာင္ႏွင့္ မမလႈိင္အနက္ တစ္ေယာက္ေယာက္ကုိ ေရြးခ်ယ္ခြင့္ရွိသည္ဆုိတာ ကၽြန္ေတာ္ သိပါသည္။ မမလႈိင္ကုိ ေရြးခ်ယ္လွ်င္ ေကသီေအာင္ ေၾကကြဲရေပမည္။ ေကသီေအာင္ကုိ ေရြးခ်ယ္လွ်င္ မမလႈိင္ ၀မ္းနည္းရေပမည္။ ေကသီေအာင္ႏွင့္ မမလႈိင္အၾကား ေ၀ခြဲမရႏုိင္ေသာ အေတြးမ်ားျဖင့္ ဦးေႏွာက္ေျခာက္လာလွ်င္ ေရွးဘ၀က အေၾကာင္းရွိသူႏွင့္ ကၽြန္ေတာ္ ေပါင္းဖက္ရလိမ့္မည္ဟု ေျဖေတြးကာ ကၽြန္ေတာ့္ကုိယ္ ကၽြန္ေတာ္သာ အားေပးခဲ့ရ၏။ ကၽြန္ေတာ့္ဘက္၌ အစီအစဥ္က်နစြာ စီစဥ္ေပးတတ္ေသာ ဇာတ္ဆရာက မ်က္ႏွာသာ ေပးခဲ့သည့္အခ်ိန္ကုိး။
ခုေတာ့ ကံၾကမၼာက ရက္စက္စြာ ကၽြန္ေတာ္တုိ႔သုံးေယာက္ကုိ က်ီစား ျပက္ရယ္ျပဳခဲ့ၿပီ။ အထူးသျဖင့္ ကၽြန္ေတာ့္အေပၚ ေဘးက်ပ္နံက်ပ္ ရက္စက္လြန္းလွစြာ။ ကၽြန္ေတာ့္အတြက္ ျပင္ဆင္ခ်ိန္ေလးကုိေသာ္မွ ေပးမထားေတာ့။ ကၽြန္ေတာ္ ဘာလုပ္ရမည္နည္း။ မမလႈိင္ကုိ သြားႀကိဳရေလမည္လား။ သုိ႔မဟုတ္ ေကသီေအာင္ကုိ အႀကိဳေစာင့္ရေလမည္လား။ ရွည္လ်ားလွေသာကာလအတြင္း ကၽြန္ေတာ့္အတြက္ စနစ္တက် လွပသပ္ရပ္စြာ အကြက္ခ်ပုံေဖာ္ေပးခဲ့ေသာ ကံဇာတ္ဆရာသည္ ျပင္းထန္လွေသာ လက္သီးခ်က္ျဖင့္ ကၽြန္ေတာ့္အရွိဳက္ကုိ တစ္ခ်က္တည္း အလဲထုိးႏုိင္ခဲ့ေလၿပီေလာ။
ကၽြန္ေတာ္၏ ေပ်ာ့ညံ့ေတြ႔ေ၀မႈ၊ မလုိအပ္ဘဲ အားနာတတ္မႈ၊ မျပတ္မသား ေ၀ေ၀၀ါး၀ါး လုပ္တတ္မႈတုိ႔၏ ျပစ္ဒဏ္ကုိ တစ္ေပါင္းတည္း က်ခံေစဟု ကံၾကမၼာတရားသူႀကီးက ဆုံးျဖတ္ေပးလုိက္ျခင္းေပလား။ ကၽြန္ေတာ့္ကုိခ်စ္ရပါေသာ မမလႈိင္ႏွင့္ ေကသီေအာင္။ တကယ့္တကယ္တမ္းမွာ ယခုအခ်ိန္၌ သူတုိ႔ႏွစ္ဦးအနက္ တစ္ေယာက္ေယာက္ကုိ ကၽြန္ေတာ္ျပတ္သားစြာ ေရြးခ်ယ္ႏုိင္ၿပီဆုိလွ်င္ေရာ ကၽြန္ေတာ္၏ေရြးခ်ယ္မႈကုိ သူတုိ႔ႏွစ္ဦးက အသာတၾကည္ ၾကည္ျဖဴအားရ ေခါင္းညိတ္ လက္ခံမွာတဲ့လား။
ကၽြန္ေတာ့္အား သနားသျဖင့္ ရွိသမွ် ဘုရားအဆူဆူ ကယ္မေတာ္မူပါ။ ေကသီေအာင္ႏွင့္ မမလႈိင္တည္းဟူေသာ အမ်ိဳးသမီးေကာင္းႏွစ္ေယာက္အေပၚ ဘယ္အခ်ိန္မ်ိဳးမွာမွ စိတ္အနာတရ မျဖစ္ေစလုိေသာ ေစတနာသက္သက္ျဖင့္ ေမတၱာမပ်က္ ခ်စ္မက္ခဲ့ေသာ ကၽြန္ေတာ္၏ အရိုးခံ ႏွလုံးသားအား ငဲ့ကြက္၍ ဖူးစာေရးနတ္မင္းမွတစ္ဆင့္ ျမားနတ္ေမာင္၏ စီရင္ခ်က္ကုိသာ နာခံခြင့္ျပဳပါေလ။
ယုဒါ
(ျမားနတ္ေမာင္ မဂၢဇင္း၊ ၂၀၀၂ ခုႏွစ္၊ ေဖေဖာ္၀ါရီလ)
Unicode Version
" မြားနတ်မောင်မှ စီရင်ခွင့် "
အားလုံးကတော့ ကျွန်တော့်အလွန်ဟုသာ ပြောချင်ပြောကြပေလိမ့်မည်။ မတတ်နိုင်။ ကျွန်တော့်ရင်ထဲကလာသော ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်လို့မရခြင်းအပေါ် ကျွန်တော် ဘာတတ်နိုင်မည်နည်း။ ကေသီအောင်ကို ကျွန်တော် လွမ်းသည်။ ပြီးတော့ မမလှိုင်ကို ကျွန်တော် လွမ်းသည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီလောက် လွမ်းတတ်လိမ့်မည်ဟု အရင်က မထင်မိခဲ့။ အဆောင်နေ ကျောင်းသားဘဝမှာ အိမ်ကိုလွမ်းသည့် ခံစားမှုလေးတွေတော့ ရှိခဲ့သည်။ သို့သော် သူငယ်ချင်းတွေနှင့် အချိန်ကုန်ခဲ့တာကြောင့် ပြောရလောက်အောင် မလွမ်းခဲ့ရ။
ခုတော့ ကျွန်တော် ကောင်းကောင်းကြီး လွမ်းတတ်ခဲ့ပြီ။ ရင်နှင့်မဆံ့အောင် လွမ်းရသည်ဆိုသော အဓိပ္ပါယ်ကိုလည်း နားလည်ခဲ့ပြီ။ လွမ်းရခြင်း၏ အရသာကို ကျွန်တော် ထဲထဲဝင်ဝင် ခံစားနိုင်ပြီဆိုပါတော့။ တစ်ခါတစ်ခါမှာ ကေသီအောင်ကို တမ်းတမ်းတတ လွမ်းမိ၏။ တစ်ခါတစ်ရံတော့ မမလှိုင်ကို ကြေကြေကွဲကွဲ လွမ်းမိသည်။ တချိန်တည်းမှာပင် နှစ်ယောက်စလုံးကို မမေ့နိုင်စွာ လွမ်းမိတာလည်း ရှိသေး၏။
တစ်နေ့တာ အလုပ်တာဝန်ပြီးဆုံးသွားပြီဆိုလျှင် အလွမ်းတွေက ထုနှင့်ထည်နှင့် ဝင်ရောက်လာကာ ကျွန်တော့်ကို နှိပ်စက်ကလူ ပြုတော့သည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိ။ တစ်နေ့တာ မှတ်တမ်းရေးသည်။ ရက်လွန်သတင်းစာတွေ ဖတ်သည်။ ကေသီအောင့်ထံသို့ ဖြစ်စေ၊ မမလှိုင်ထံသို့ ဖြစ်စေ စာရေးဖို့ မကြာခဏ ကြိုးစားကြည့်၏။ ဟုတ်တိပတ်တိ စာတစ်စောင်မှ ဖြစ်မလာခဲ့။ ကျွန်တော်က စာအရေးအသား အလွန်ညံ့သူ ဖြစ်သည်။
ရည်းစားစာကိုပင် အဆင်ပြေအောင် ကျွန်တော် မရေးတတ်။ ကေသီအောင်က ပြောဖူးသည်။ "နင်ရေးတဲ့စာက ရင်ခုန်ချင်စရာလည်း မကောင်းဘူး" တဲ့။ ကေသီအောင် ဘယ်လိုပြောပြော ကျွန်တော့်အပေါ် သူ ရင်ခုန်ခဲ့တာ ကျွန်တော်သိသည်ပဲ။ မှတ်မှတ်ရရ ရည်းစားစာဆို၍ ကေသီအောင့်ကို ကျွန်တော် စာတစ်စောင်သာ ပေးခဲ့ဖူးသည်။ ကျွန်တော်တို့နှစ်ယောက်စလုံး ဆယ်တန်းအောင်သည့်နှစ်က ရေးခဲ့သောစာ ဖြစ်၏။
တက္ကသိုလ်တက်တော့ ကျွန်တော်နှင့်သူ တစ်မြို့ဆီမှာ သွားတက်ကြရ၏။ ကျွန်တော် ဒုတိယနှစ်မှာ ကေသီအောင်တို့မိသားစု နယ်မှ ပြောင်းရွှေ့သွားသည့်အတွက် ကျောင်းပိတ်ရက်တွေမှာပင် ကျွန်တော်တို့နှစ်ယောက် မတွေ့ဆုံဖြစ်တော့။ ဒီလိုနှင့် ကျွန်တော်နှင့် ကေသီအောင် အနေဝေးရာမှ ပိုမိုဝေးကွာသွားခဲ့ရ၏။ ကျွန်တော် စာရေးအလွန်ပျင်းသောကြောင့် ကေသီအောင်နှင့် အဆက်အသွယ်ပြတ် ဝေးကွာသွားခဲ့ရခြင်းသာ ဖြစ်ပေသည်။ ကေသီအောင်က ကျွန်တော့်ရင်ခုန်သံတွေကို အသံထွက်စေသော ငယ်ချစ်ဦးဖြစ်လေသည်မို့ သူ့ကို ကျွန်တော် မမေ့နိုင်ခဲ့။ ကျွန်တော့် ငယ်ချစ်ဦး ကေသီအောင်သည် ကျွန်တော့်အတွက် ရည်းစားဦးတော့ မဟုတ်ခဲ့။
ကျွန်တော်နှင့် ကေသီအောင် ပီပီပြင်ပြင် ရည်းစားမဖြစ်ခင် ခွဲခွာခဲ့ရခြင်းမဟုတ်လား။ ကျွန်တော်တို့နှစ်ယောက် အလုပ်အကိုင် ကိုယ်စီဖြင့် ပြန်တွေ့ကြသောအချိန်မှာ ကျွန်တော်က ရည်းစားနှစ်ယောက်နှင့် လမ်းခွဲခဲ့ပြီဖြစ်၏။ ပြီးတော့ မမလှိုင်နှင့်လည်း ဘာလိုလိုဖြစ်နေခဲ့ပြီ။ ငယ်သူငယ်ချင်း တစ်ယောက်ဆီမှ ကေသီအောင် အိမ်ဖုန်းနံပါတ်ရ၍ ကေသီအောင်အား ကျွန်တော်ပြန်လည် ဆက်သွယ်ခဲ့ခြင်း ဖြစ်၏။ ကျွန်တော် တယ်လီဖုန်းဆက်တော့ ကေသီအောင် အလွန်အမင်း အံ့သြပျော်ရွှင်သွားတာ ကျွန်တော် သတိထားမိခဲ့၏။
သူနှင့်ကျွန်တော် ရှစ်နှစ်တာကာလဝေးကွာနေခဲ့လျက် "ငါ ဘယ်သူလဲသိလား" ဟု ကျွန်တော်မေးတော့ "လင်းသော်" ဟူသော ကျွန်တော့်နာမည်ကို သူ ချက်ချင်း ဖြေနိုင်ခဲ့လေသည်။ ကျွန်တော် အတိုင်းမသိ ပျော်ရွှင်သွားခဲ့ရသည်ပေါ့။ ဖုန်းထဲမှာပင် ကျွန်တော်တို့နှစ်ယောက် ပြန်လည် ရင်းနှီးသွားခဲ့ကြ၏။ "နင် ဘာလို့ အပျိုကြီးလုပ်နေတာလဲ။ ငါ့ကို စောင့်နေတာမို့လား" ဟု ကျွန်တော် စ,တော့ "နင့်လိုပေါ့" ဟု သူ ပြန်ဖြေခဲ့၏။ ထိုစဉ်က ကေသီအောင့်ကို ချစ်နေသေးသလားဆိုသော မေးခွန်းကို ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မေးမကြည့်မိခဲ့။
ကေသီအောင်နှင့် လူချင်းပြန်ဆုံတွေ့သောအချိန်မှာတော့ သူ့အပေါ် ကျွန်တော် ရင်ခုန်နိုင်ဆဲဖြစ်ကြောင်း သိလိုက်ရ၏။ ကေသီအောင်လည်း ကျွန်တော့်ကဲ့သို့ပင် ရင်ခုန်နေခဲ့ပါလိမ့်မည်။ သိပ်မကြာခင်မှာပင် ကျွန်တော်တို့နှစ်ယောက် သမီးရည်းစား ဖြစ်သွားခဲ့ကြ၏။ ဟန်ဆောင်မှုကင်းစွာ ပွင့်လင်းရိုးသားသော ကေသီအောင့်ကို ကျွန်တော် ဒုတိယအကြိမ် ပြန်ချစ်မိခဲ့လေသည်။ ကျွန်တော်က ဖုန်းထဲမှာပင် "နင် ငါ့ကိုချစ်သေးလား" ဟု အပိုင်ချည်နှောင်မေးလိုက်တော့ ကေသီအောင်က "အင်း" ဟု ဖြေခဲ့၏။ နောက်တစ်လလောက်ကြာတော့ ကျွန်တော့်မျက်နှာကိုကြည့်ကာ သူ အဖြေပေးခဲ့၏။
"နင်နဲ့ငါ ပြန်ဆုံတဲ့နေ့ကို မှတ်မိတယ် မဟုတ်လား။ ဗိုလ်အောင်ကျော်လမ်းမပေါ်က ကော်ဖီဆိုင်လေးမှာ ကော်ဖီမစ်သောက်ရင်း ပေါက်စီစားကြတယ်လေ။ အဲဒီနေ့က ငါစားဖို့ ပေါက်စီကို အပေါ်ခွံတွေ စိတ်ရှည်လက်ရှည် ခွာပေးနေတဲ့ နင့်ကိုကြည့်ရင်း ခုထိချစ်နေတုန်းပဲဆိုတာ သိလိုက်တာ။ တကယ်တော့ နင်နဲ့ဝေးတဲ့ အချိန်တွေမှာလည်း ငါနင့်ကို ချစ်နေခဲ့တာပါပဲ" ကေသီအောင့်ကို ကျွန်တော် ပိုချစ်သွားခဲ့ရလေသည်။
ကျွန်တော့်ရင်ထဲမှာလည်း ငယ်ချစ်ဦး ကေသီအောင်က နှစ်ပေါင်းများစွာ နေရာယူလျက် စွဲစွဲမြဲမြဲ ရှိနေခဲ့သည်ပင်။ သို့ပေမယ့် ပြန်ဆုံကြသည့် အချိန်မှာ ကေသီအောင့်ကို ကျွန်တော် ခုလောက် ချစ်သွားလိမ့်မည်ဟု မထင်မှတ်ခဲ့။ ဘာကြောင့်ဆိုတော့ ကေသီအောင်နှင့် ပြန်တွေ့ဆုံချိန်၌ ကျွန်တော့်အပါးတွင် မမလှိုင် ရှိနေခဲ့ပြီမဟုတ်ပါလား။ မမလှိုင်နှင့် ကျွန်တော် တရားဝင် ချစ်သူတွေ မဟုတ်ကြသေးသော်လည်း သာမန်မိတ်ဆွေ အဆင့်ထက်ကျော်နေခဲ့လေပြီ။
ပြောရမည်ဆိုလျှင် ကေသီအောင်သည် မမလှိုင်လောက် ချောမောလှပသူ မဟုတ်ပေ။ ကေသီအောင့်ကို ပြန်တွေ့သောအချိန်တွင် မမလှိုင်ရှိနေပြီ ဖြစ်သည့်အတွက် ကေသီအောင့်ကို ကျွန်တော် ရင်ခုန်နိုင်လိမ့်မည် မထင်တော့။ ကေသီအောင်က ရိုးစင်းစွာချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ မမလှိုင်လို မြင်သူတကာ နှစ်ခါပြန်ကြည့်ရလောက်အောင် ထင်ပေါ်လှပသူမဟုတ်ပေ။ သို့သော် ထစ်ခနဲဆို မျက်ရည်ပေါက်ပေါက်ကျ ငိုတတ်သော ကေသီအောင်ကို ကျွန်တော် ဘယ်လိုမှ ရှောင်လွှဲပစ်လို့ မရခဲ့။ ကျွန်တော့်ကိုယ်၌က သူ့ကို စွဲလန်းစွာ ချစ်တတ်ခဲ့ခြင်း ဖြစ်လေသည်။
"နင် ငါ့ကို အကြာကြီး ပစ်ထားတယ်" ဟု ဝမ်းပန်းတနည်း ပြောကာ မျက်ရည်ကျတတ်သော ကျွန်တော့်ငယ်ချစ်ဦးကို ကျွန်တော် ဂရုဏာသက်စွာ ပိုတိုးချစ်ခဲ့ရသေး၏။ ကျွန်တော့် မွေးနေ့ကို မှတ်မှတ်သားသား ရှိခဲ့ရုံမက ကျွန်တော့်မွေးနေ့တိုင်း မွေးနေ့လက်ဆောင်ပစ္စည်း တစ်ခုခု ဝယ်ထားခဲ့ကြောင်း ကေသီအောင် ပြောပြတော့ ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့ရ၏။ ကေသီအောင် ညာခဲ့ခြင်းမဟုတ်ကြောင်း ကျွန်တော့်အားပေးအပ်ခဲ့သော မွေးနေ့လက်ဆောင်များက သက်သေခံခဲ့ကြလေသည်။
စာမရေးရသေးသော နှစ်စဉ်ထုတ် မှတ်တမ်းစာအုပ်တိုင်းမှာ ကျွန်တော့်နာမည်နှင့် မွေးရက်၊ အသက် ယှဉ်တွဲလျက် သူ ရေးထိုးထားခဲ့၏။ ခုနှစ်အလိုက် မှတ်တမ်းစာအုပ်များနှင့် အခြားသော တိုတိုထွာထွာ လက်ဆောင် ပစ္စည်းလေးများကို စုပေါင်းတွေ့လိုက်ရသောအခါ ကျွန်တော် မျက်ရည်လည်အောင်ပင် ဖြစ်ခဲ့ရလေသည်။ ကျွန်တော် တစ်ခါမှ ခုလောက် စိတ်ထဲ တနင့်တပိုး ထိခိုက်စွာ မခံစားဖူးခဲ့။
"နင့်ကို ပြန်တွေ့ရလိမ့်မယ်လို့ ငါ အမြဲယုံကြည်နေခဲ့တာ၊ နင်နဲ့ ကွဲကွာနေတဲ့အချိန်မှာ ငါ့ကို ချဉ်းကပ်လာတဲ့လူ အားလုံးကို ငါ့မှာ လက်ထပ်ရမယ့်သူ ရှိပြီးသားလို့ပဲ အမြဲပြောခဲ့တာ" ကေသီအောင်ကို ကျွန်တော် မေ့လျော့ခဲ့သည်တော့မဟုတ်။ ပြန်လည်တွေ့ဆုံခွင့်ရဖို့ လှုပ်လှုပ်ရှားရှား မကြိုးစားမိခဲ့ခြင်းအတွက်မူ ကျွန်တော် နောင်တရမိ၏။ ကျွန်တော်က ကေသီအောင့်အပေါ် စွဲလမ်းခဲ့တာထက် ကေသီအောင်၏ စွဲလမ်းမှုက ပိုနေခဲ့သည်ကို တွေ့နေရပြီ မဟုတ်ပါလား။
ကေသီအောင့် မွေးနေ့ကို ကျွန်တော် မမှတ်မိခြင်းအတွက် ကေသီအောင် အလွန်အမင်း ဝမ်းနည်းသွားခဲ့ရတာလည်း ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့။ ကေသီအောင်နှင့် ကျွန်တော် ခုနှစ်တစ်ခုတည်း မွေးဖွားမှန်းသိထားပေမယ့် ရက်,လတို့ကို ကျွန်တော် မှတ်မှတ်ရရ မရှိခဲ့။ ဒီတော့ ကေသီအောင် ငိုလေသည်ပေါ့။ ကေသီအောင် ခဏခဏ ငိုတတ်ပုံက ချစ်စရာတော့ ကောင်းလေသည်။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ခဏလောက်ငိုပြီးလျှင် "တော်ပြီ တော်ပြီ မငိုတော့ဘူး နင့်အတွက် မျက်ရည်ကျရတာ မတန်ပါဘူး" ဟု ပြောကာ ချက်ချင်းလက်ငင်း မျက်နှာ ကြည်လင်သွားပြန်လေသည်။
မမလှိုင်မျက်ရည်ကိုမူ ကျွန်တော် မမြင်တွေ့ဖူးသလောက်ပင်။ ကျွန်တော့်ထက် အသက်တစ်နှစ်မျှသာ ပိုကြီးသော မမလှိုင်သည် အစ်မကြီးတစ်ယောက်နှယ် လူကြီးဆန်သူ ဖြစ်လေသည်။ ကေသီအောင့်လို မကြာခဏ စိတ်ကောက်လေ့မရှိ။ ကျွန်တော် နယ်မြို့တစ်မြို့သို့ အလုပ်တာဝန် ပြောင်းရမည့် အမိန့်စာထွက်လာတော့ မမလှိုင် မျက်နှာပျက်၏။ လေယာဉ်ကွင်းသို့ လိုက်ပို့တော့ မျက်ရည်ဝဲနေ၏။ "စာရေးနော်" ဟု နောက်ဆုံးနှုတ်ဆက်သံက တုန်ခါနေခဲ့၏။
ကေသီအောင်သာဆိုလျှင် အသံထွက်ငိုယိုပေလိမ့်မည်။ ထို့အတွက် ကျွန်တော် နယ်သွားလျှင် လိုက်မပို့ဖို့ ကေသီအောင့်ကို ထားထားခဲ့ရ၏။ "နင် တစ်ယောက်တည်း ငိုကျန်ခဲ့မှာကို ငါဘယ်လိုမှ စိတ်ဖြောင့်မှာ မဟုတ်ဘူး၊ လိုက်မပို့ပါနဲ့ဟာ" ဟု ပြောခဲ့ရ၏။ တကယ်တော့ မမလှိုင်နှင့် ကေသီအောင်ကို မဆုံစေလို၍ တားခဲ့ရခြင်း ဖြစ်လေသည်။ ကျွန်တော့်၌ ငယ်ချစ်ဦး ကေသီအောင်ရှိနေခြင်းကို မမလှိုင် မသိသလို မမလှိုင် ရှိနေခြင်းကိုလည်း ကေသီအောင် တစ်စွန်းတစ်စမှ မရိပ်မိခဲ့ချေ။ ဒါကတော့ကျွန်တော်၏ အနေအထိုင် အပြောအဆို စနစ်ကျပိရိမှုကြောင့်ပေပေါ့။
ကျွန်တော့်အပါး၌ မမလှိုင် လောလောလတ်လတ် ရှိနေသေးကြောင်း ကေသီအောင်သိခဲ့လျှင် သွေးပျက်၍ပင် သွားလေမည်လားမသိ။ ကေသီအောင်သည် ကျွန်တော် တွေ့ဖူးသမျှ မိန်းမထဲတွင် ကျွန်တော့်အပေါ် အချစ်နိုင်ဆုံးနှင့် ရည်းစားနှစ်ယောက်အကြောင်းကို မကြာခဏ မေးနေတတ်ကာ သဝန်တို စိတ်ကောက်ရသည်မှာလည်း မောသည်မရှိပေ။ "သူတို့ကို ငါ့လောက် ချစ်လား" ဟူသော မေးခွန်းကိုလည်း မေးတတ်သေး၏။ "နင့်လောက်တော့ မချစ်ခဲ့ပါဘူး" ဟု ဖြေလျှင်လည်း "မချစ်ဘဲနဲ့ ဘာလို့ ရည်းစားဖြစ်သွားရသလဲ" ဟု ငြူစူကာ ပြောဆို၍ မပြီးနိုင်။ "မမေးပါနဲ့တော့ဟာ။ အမှန်အတိုင်းပြောလည်း နင်က စိတ်ဆိုးတယ်။ ညာပြောတော့လည်း အမှန်အတိုင်းပြောလို့ ကတိတောင်းတယ်။ ပြီးခဲ့တာတွေ ဘာမှမသိတာပဲ ကောင်းတယ်" ဟု ကျွန်တော် ဘယ်လိုပင်ပြောပြော "သူတို့အကြောင်း ပြောပြဦး" ဟု ဆိုကာ စိတ်ကူးရတိုင်း မေးနေတတ်လေသည်။
ကေသီအောင့်ကို စွဲလမ်းဖူးသလောက် ဘယ်မိန်းကလေးကိုမှ ကျွန်တော် မစွဲလမ်းခဲ့ဖူးတာ အမှန်ဖြစ်ပေမယ့် မမလှိုင်ရှိနေသေးသည်မို့ မလုံမလဲ ဖြစ်ရတာလည်း အမှန်ပင်။ ကေသီအောင်က ကျွန်တော့်ကို ချစ်သလို မမလှိုင်လည်း ကျွန်တော့်ကို ချစ်သည်ပင်။ ကေသီအောင်က ကျွန်တော့်အပေါ် အစစ အရာရာ အသေးစိတ် ဂရုစိုက်ချစ်ခင်သလို မမလှိုင်ကလည်း အရိပ်တကြည့်ကြည့် ရှိနေတတ်သည် မဟုတ်လား။
ခုတော့ ကေသီအောင်နှင့် မမလှိုင်၏ အရိပ်ကြည့်ချစ်ခင်မှုတွေအောက်က ကျွန်တော် လွင့်ပျောက်ခဲ့ရပြီ။ ကျွန်တော့် လက်သည်းများကို တိရိညီညာစွာ လှီးဖြတ်ပေးလေ့ရှိသော ကေသီအောင့်ကို ကျွန်တော် လွမ်းသည်။ "စီးကရက် မသောက်နဲ့နော်" ဟု တားမြစ်ချက်ထုတ်ကာ စတော်ဘယ်ရီချိုချဉ်လေးတွေ ဝယ်ပေးတတ်သော မမလှိုင်ကို ကျွန်တော် လွမ်းသည်။ ကျွန်တော့်ပိုက်ဆံအိတ်ထဲမှာ ငွေကြေးနည်းပါးနေလျှင် ကျွန်တော် မသိအောင် ပိုက်ဆံထည့်ပေးသွားတတ်သော မမလှိုင်ကို ကျွန်တော် လွမ်းသည်။ "လင်းသော်… နင် မရယ်ရဘူးနော်။ ရုံးကအစ်မတစ်ယောက် သူ့အမျိုးသားအတွက် ဘောင်းဘီဝယ်တာ ငါလည်း နင့်ကို သတိရတာနဲ့ သူနဲ့အတူ ရောဝယ်ခဲ့တယ်။ ဒါမျိုး နင်ဝတ်လို့ရတယ် မဟုတ်လား" ဟု ရှက်ကိုးရှက်ကန်းပြောကာ ကျွန်တော့်အတွက် under wear ဘူးများ ဝယ်ပေးခဲ့သော ကေသီအောင့်ကို ကျွန်တော် သတိရ တမ်းတနေမိ၏။ ခွင့်မတောင်းဘဲ နမ်းခဲ့ဖူးသော ကေသီအောင့် ပါးပြင်နုနုကို ကျွန်တော် လွမ်းသည်။
ပြန်တွေးကြည့်လျှင် ရင်ခုန်ကြည်နူးစွာနှင့်ပင် ကေသီအောင်ကို ကျွန်တော် တမ်းတမ်းတတ လွမ်းမောရလေသည်။ "နင် မိန်းမ ဘယ်နှစ်ယောက်ကို နမ်းခဲ့ဖူးသလဲ" ဟု မေးကာ ဝမ်းပန်းတနည်း ငိုချလိုက်သော ငယ်ချစ်ဦး။ ကျွန်တော် ခေါင်းခါယမ်းကာ လွယ်လင့်တကူ လိမ်ညာနိုင်ပါလျက် သူ မယုံကြည်ခဲ့ပေ။ "ငါ နင့်ကို မချစ်ဘူး၊ မချစ်ဘူး" ဟု ကျိတ်မနိုင် ခဲမရ ဝန်တိုစိတ်တို့ဖြင့် ကျွန်တော့်ရင်ဘတ်ကို လက်သီးဆုပ်ကာ စိတ်ရှိလက်ရှိ ထုရိုက်နေခဲ့သော ကေသီအောင့်ကို ကျွန်တော် အနမ်းဖြင့် မချော့မြှူနိုင်ခဲ့ပါ။
ကေသီအောင့်ကို ရှစ်နှစ်ကျော်ကာလ အဆက်အသွယ် မလုပ်ခဲ့သော (တကယ်က အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သော) အဖြစ်အပျက်ကြောင့် ကျွန်တော့်ကို ကေသီအောင် ချစ်လျက်နှင့် နာကြည်းနေခဲ့သည်ကို ကျွန်တော်လည်း နာကျင်ကြေကွဲရပါ၏။ ပြီးတော့ ကေသီအောင့်ထံမှ လက်ထပ်ခွင့်ကို ကျွန်တော်က စတင်တောင်းခံခဲ့ခြင်း မဟုတ်သည့်အတွက်လည်း ကေသီအောင် နာကျင်မဆုံး ဖြစ်နေခဲ့၏။
"နင် အသက်ဘယ်နှစ်နှစ်မှာ အိမ်ထောင်ပြုဖို့ စိတ်ကူးထားလဲ" ဟု ကေသီအောင် မေးစဉ်က ကျွန်တော် ရယ်မောခဲ့သည်ကို သူ မကျေနပ်ခဲ့။ "မိန်းမယူတာက လွယ်ပါတယ်။ ခုယူလည်း ခုရတာပဲ။ ဒါပေမယ့် ခဏခဏ စိတ်ကောက်တတ်တဲ့ မိန်းမဆိုရင် ငါ့မှာ တစ်ချိန်လုံး လိုက်ချော့နေဖို့ အချိန်မရှိဘူးလေ" ထိုသို့ ပြောခဲ့သည်ကို မကျေမချမ်းဖြစ်ကာ စိတ်ကောက်သွားခဲ့သည်မဟုတ်လား။
မမလှိုင်နှင့် ယှဉ်လျှင် ကေသီအောင်က ကလေးဆန်လွန်းသူ ဖြစ်သွားတတ်သော်လည်း ကျွန်တော့်အပေါ် အလေးအနက်ထား နေရာပေးကာ လူကြီးဆန်ဆန် တွေးတတ်ခဲ့သည်ကိုတော့ ကျွန်တော် ဘယ်လိုမှ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ ကျွန်တော်တို့နှစ်ယောက် အနာဂတ်အတွက် ကေသီအောင်၏ ကြိုတင်ပြင်ဆင်မှုတို့က ကျွန်တော့်အပေါ် သူ ဘယ်အတိုင်းအတာထိ အလေးထားချစ်ခင်မြတ်နိုးကြောင်း သက်သေခံပြနေသည်ပဲ။
တစ်နေ့ ကျွန်တော်တို့နှစ်ယောက် မြို့ထဲလျှောက်လည်နေစဉ် ပုဂ္ဂလိက ကုမ္ပဏီကြီးတစ်ခုသို့ ရောက်ခဲ့၏။ ကေသီအောင် အစုရှယ်ယာ ထည့်ဝင်ထားသော ကုမ္ပဏီဖြစ်လေသည်။ ကုမ္ပဏီမှ အပြန်တွင် ကျွန်တော့်ကို စာအုပ်လေးတစ်အုပ် သူ ပေးခဲ့၏။ အထူးအဆန်းမဖြစ်မိဘဲ ကျွန်တော် ယူကြည့်လိုက်သော စာအုပ်လေးက ကျွန်တော့်ကို ကြက်သီးဖြန်းဖြန်းထအောင် အံ့အားသင့်သွားစေခဲ့၏။ ထိုစာအုပ်သည် ကျွန်တော့်နာမည်တစ်မျိုးတည်းနှင့် အစုရှယ်ယာဝင်ထားသော စာအုပ်ဖြစ်နေသည် မဟုတ်ပါလား။
"နင်က အရာရှိသာဆိုတယ် ငွေမစုဖြစ်မှန်း ငါသိပါတယ်။ ဒါကြောင့် နင့်အတွက် ငါ ငွေစုပေးထားတာ။ နင် အိမ်ထောင်ပြုတဲ့အခါ အခက်အခဲမဖြစ်ရအောင်လို့။ ငါက အိမ်ကို လစာပေးရတာမဟုတ်တော့ တစ်ယောက်တည်းသုံးတာလေ။ စစ်စစ်စီစီ သုံးတော့ ငွေအပိုထွက်တာပေါ့ဟာ။ ခု ဒီကရတဲ့ အမြတ်တွေကိုလည်း အရင်းထပ်လုပ်နိုင်သေးတယ်။ ငါ တစ်ခါမှ ထုတ်မသုံးသေးဘူး။ နင် ငွေရေးကြေးရေး အခက်အခဲရှိတဲ့ အခါမျိုးထုတ်သုံးနော်။ ငွေဆိုတာ လိုတတ်တာပါပဲ။ တကယ်လို့ တကယ်လို့ပေါ့ နင် တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်လည်း ဒါ ငါ့လက်ဖွဲ့ပေါ့ဟာ။ နင် ဘယ်သူနဲ့ပဲယူယူ နင့်ဘ၀ အဆင်ပြေ ပျော်ရွှင်တယ်ဆိုရင် ငါ ကျေနပ်ပြီ။ နင် ဒုက္ခရောက်မှာကို ငါ နည်းနည်းမှ မမြင်ချင်ဘူး"
အဲဒီတုန်းက ကေသီအောင့်အသံတွေ ဝမ်းနည်းနာကျင်မှုဖြင့် တုန်ယင်နေခဲ့သည်။ ဝေ့၀ဲနေသော မျက်ရည်စများကို မျက်တောင်ရှည်တို့ဖြင့် တဖျတ်ဖျတ်ပုတ်ခတ်ပယ်ရှားရင်း မျက်ရည်မကျအောင် ကြိုးစားထိန်းသိမ်းနေပုံက သနားစရာကောင်းလှ၏။ ကျွန်တော့်အပေါ် အဲဒီလောက်ချစ်နိုင်သော မိန်းမတစ်ယောက် ရှိနေလျက်နှင့် ဘာကြောင့် သူ့အပေါ် ကျွန်တော် သစ္စာပျက်ယွင်းမိခဲ့ပါလိမ့်ဟု တွေးကာ ကျွန်တော့်ဘာသာ မုန်းတီးသွားရလေသည်။
"နင် ငါ့အပေါ် ဒီလောက်တောင် ဘာလို့ကောင်းရတာလဲ" ဟု မေးလျှင် "မသိဘူး။ မသိဘူး။ နင့်ကို ငါ မုန်းချင်တယ်" ဟုဆိုကာ သူ ငိုတတ်လေသည်။ တကယ်ဆိုတော့ ကျွန်တော်သည် ကေသီအောင့်အချစ်နှင့် မထိုက်တန်သူ ဖြစ်နေလေပြီ။ သို့ဆိုလျှင် မမလှိုင် အချစ်နှင့်ရော။ မမလှိုင်ကတော့ တစ်မျိုးတစ်ဖုံ ဆန်းကြယ်သော မိန်းကလေးဖြစ်လေသည်။ ကျွန်တော့်အပေါ် အသေးစိတ် နားလည်ပေးနိုင်လွန်း၍ ကျွန်တော်ကပင် နားမလည်နိုင်လောက်အောင် ဖြစ်ရသေး၏။ ဆိုပါစို့။ မမလှိုင် မွေးနေ့အတွက်ဖြစ်စေ၊ ခရီးထွက်၍ အပြန်၌ ဖြစ်စေ၊ ကျွန်တော့်ဘာသာ အမှတ်တရပေးချင်၍ ဖြစ်စေ၊ လက်ဆောင်ပစ္စည်းတစ်ခုခု ကျွန်တော်ပေးလျှင် မမလှိုင် လက်ခံလေ့မရှိ။
"ကျေးဇူးတင်တယ် ကိုလင်း။ မမလှိုင်အတွက် မလိုဘူး။ ကိုလင်းမှာ အစ်မကြီးရော ညီမလေးပါ ရှိနေတာ။ သူတို့ကို ပေးလိုက်ပါနော်။ ကိုလင်းပေးတာဆိုပြီး မမလှိုင် သိမ်းထားလည်း ဘာမှအကျိုးမရှိဘူးလေ။ မမလှိုင်ကို သတိတရပေးတယ်ဆိုတာကိုပဲ မမလှိုင် မှတ်ထားပါ့မယ်။ မမလှိုင်အတွက် ကိုလင်း ဘာတစ်ခုမှ အကုန်အကျမခံစေချင်ဘူး။ မမလှိုင် စေတနာကို ကိုလင်း နားလည်ပါနော်" ထိုကဲ့သို့သော ငြင်းဆိုမှုမျိုးဖြင့် ကျွန်တော်ပေးသည့် လက်ဆောင်ပစ္စည်းမှန်သမျှကို မမလှိုင် ငြင်းပယ်တတ်လေသည်။
ကျွန်တော့်အတွက်မူ လက်သည်းညှပ်၊ သွားတိုက်တံ၊ ဆပ်ပြာခဲလို အသေးအမွှားပစ္စည်းကအစ လက်ဆောင်ဝယ်ပေးလေ့ရှိ၏။ ကျွန်တော် မယူလျှင် "မမလှိုင်စေတနာကို အသိအမှတ်မပြုလို့ပေါ့" ဟု ဆိုကာ အကျပ်ကိုင်ပေးတတ်စမြဲဖြစ်၏။ မမလှိုင်နှင့် ကျွန်တော်က ရုံးချင်းကပ်လျက် အလုပ်လုပ်ကြရသူတွေ ဖြစ်သည့်အတွက် နေ့စဉ်နီးပါး မြင်တွေ့ခွင့်ရကြလေ၏။ နေ့လည်နေ့ခင်း လက်ဖက်ရည်သောက်ရင်း ကျွန်တော်တို့နှစ်ယောက် ဆုံဖြစ်ကြ၏။ မမလှိုင်က အရှက်အကြောက် အလွန်ကြီးသည့်အတွက် ကျွန်တော်တို့နှစ်ယောက် လမ်းအတူထွက်ကြလျှင်ပင် "ကိုလင်း လက်မကိုင်နဲ့နော်" ဟု ပိတ်ပင်တားဆီးတတ်လေသည်။ သို့ပေမယ့် ရွှေဘိုသနပ်ခါးနှင့် မွှေးမွှေးလေးသင်းနေသော မမလှိုင်၏ ပါးပြင်နုနုကို ခွင့်မတောင်းဘဲ ရုတ်တရက် ကျွန်တော် နမ်းခဲ့စဉ်က မမလှိုင် စိတ်မဆိုးခဲ့ချေ။
"မမလှိုင် အသက်နှစ်ဆယ်လောက်က ရည်းစားတစ်ယောက်ထားဖူးတယ်။ မမလှိုင်ပါးကို နမ်းဖို့ဝေးလို့ လက်ကလေးတစ်ဖက်တောင် သူ ကိုင်ခွင့်မရဘူး။ ကိုလင်း ကံကောင်းတယ်မှတ်ပါ" ဟု မမလှိုင်ပြောတော့ ကျွန်တော် အကျေနပ်ကြီး ကျေနပ်ခဲ့ရသည်ပေါ့။ "ကျွန်တော်လည်း ဘယ်သူ့ကိုမှ မနမ်းဖူးဘူး။ မမလှိုင် ကံကောင်းတယ်မှတ်ပါ" ကျွန်တော့်စကားကို ယုံကြည်သလား။ မယုံကြည်ဘူးလား ကျွန်တော် သေချာ မသိနိုင်သော်လည်း ကေသီအောင့်ကို သတိရနေမိကြောင်း မမလှိုင် သိလိမ့်မည်မဟုတ်ပေ။
ရန်ကုန်မြို့တစ်မြို့တည်း၌ ရှိနေသော ကေသီအောင်နှင့် မမလှိုင်တို့နှစ်ယောက် မဆုံတွေ့ကြစေဖို့ကိုတော့ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရလေသည်။ သဝန်တိုတတ်သော ကေသီအောင်က မမလှိုင်နှင့် ကျွန်တော့်အကြောင်းသိလျှင် နာကြည်းဒေါသဖြင့် ဝုန်းဒိုင်းကြဲ ပေါက်ကွဲပေလိမ့်မည်။ သဘောထားကြီးသော မမလှိုင်က ကေသီအောင်နှင့် ကျွန်တော့်အကြောင်းကိုသိလျှင် အံ့သြတကြီး နာကျင်မှုဖြင့် ကြေကွဲပေလိမ့်မည်။ ကေသီအောင့်ကိုလည်း မပေါက်ကွဲစေလို။ မမလှိုင်ကိုလည်း မကြေကွဲစေလို။ ဒီတော့ သူတို့နှစ်ယောက်ကြား၌ လှပစွာ ကျွန်တော် အစီစဉ်ချ က,ပြတတ်ဖို့ အရေးကြီးလေသည်။
ကုမ္ပဏီဝန်ထမ်းဖြစ်သော ကေသီအောင်အတွက် တနင်္ဂနွေတစ်ရက်ကို ကျွန်တော် အချိန်ပေးရ၏။ မမလှိုင်အတွက်တော့ သီးသန့်ရုံးပိတ်ရက်ကို ပေးခဲ့ရလေသည်။ တစ်ခါတစ်လေမှသာ ကျွန်တော်နှင့် မမလှိုင် ရုံးပိတ်ရက်မှာ တွေ့ဆုံဖြစ်ကြ၏။ ကျွန်တော်တို့အတွဲကို ကျွန်တော်တို့ ရုံးနှစ်ရုံးမှ တွေ့မြင်နေကျ မိတ်ဆွေများမှအပ အခြားသော အပေါင်းအသင်း၊ ဆွေမျိုးသားချင်းများ မြင်တွေ့သွားမှာကို မမလှိုင် အလွန်စိုးရိမ်ကြီး၏။ မမလှိုင်က အသက်သုံးဆယ်ကျော်စပြုလာသည့် အပျိုကြီးပေါက်စဖြစ်ကာ မိသားစုကို အိမ်ထောင်မပြုဟု ငြင်းဆိုထားသူဖြစ်လေသည်။
"မမလှိုင် တစ်သက်လုံး တစ်ယောက်တည်းနေရင် ပျင်းစရာကောင်းမှာပေါ့" ဟု ကျွန်တော်စ,လျှင် "နှစ်ယောက်နေရရင် ပိုပျင်းလာမယ်ထင်လို့" ဟု မမလှိုင် ပြုံး၍ ပြန်ဖြေတတ်လေသည်။ သို့သော် မမလှိုင် ပြောသော စကားများကို ထောက်ရှု၍ ကျွန်တော့်ကို လက်ထပ်ဖို့ မမလှိုင် စိတ်ကူးထားကြောင်း ခန့်မှန်းသိနိုင်လေသည်။ ကျွန်တော်တို့နှစ်ယောက် စားသောက်ဆိုင်တစ်ခု၌ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဆံချက်တို့လို့ အစားအစာတစ်ခုခု စားကြလျှင် စားမကောင်းပါက "မမလှိုင်ချက်ရင် ဒီထက်ကောင်းတယ်" ဟု ပြောလေ့ရှိ၏။
ကျွန်တော်က "မမလှိုင် ချက်ကျွေးမှာလား" ဟု မေးလျှင် "ကျွေးမှာပေါ့၊ ရုံးပိတ်ရက်ဆို အိမ်မှာ မမလှိုင် မိသားစုကို တစ်ခုခု ချက်ကျွေးနေကျပဲ" ဟု ဖြေလေ့ရှိသည် မဟုတ်ပါလား။ ကျွန်တော် သဘောကျစွာ ပြုံးရယ်တော့ မမလှိုင်လည်း ရှက်ကိုးရှက်ကန်း ရယ်မောလေသည်။ ကေသီအောင်နှင့်ယှဉ်လျှင် မမလှိုင်က ပို၍ မိန်းမပီသပေလိမ့်မည်။ အိမ်ထောင်မှုလည်း နိုင်နင်းပေမည်။ ခက်နေသည်မှာ မမလှိုင်က အိမ်ထောင်မပြုလိုသော မိန်းကလေးဖြစ်လေ၏။
ကေသီအောင်ကတော့ အစစအရာရာ ကျွန်တော့်အပေါ် ဦးစားပေးလိုက်လျောတတ်သူ ဖြစ်၏။ ကေသီအောင်၏ နုဖတ်အိညက်နေသော လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း "နင် အဝတ်လျှော်တတ်ရဲ့လား" ဟု ကျွန်တော်မေးတော့ သူ ခေါင်းခါလေသည်။ "ငါတို့အိမ်မှာ ငါ အဝတ်မလျှော်ရဘူးလေ။ အိမ်မှာက လုပ်ပေးမယ့်သူတွေ ရှိတာကိုး။ ဒါပေမယ့် နင့်အဝတ်တွေ ငါလျှော်ပေးမှာပါ။ နင့် ယူနီဖောင်းတွေက သိပ်လေးမှာနော်။ အဝတ်လျှော်စက်ကလည်း လက်နဲ့လျှော်သလို ချေးမစင်ဘူးတဲ့။ နင်လည်း ကူလျှော်ပေးပေါ့နော်။ မိန်းကလေးဆိုတာ အဝတ်လျှော်ပေးရမှန်း သိပါတယ်။ နင့်အဝတ်အစားတွေကို ငါ အမြဲလျှော်ဖွတ်ပေးချင်ပါတယ်ဟာ"
ကျွန်တော့်ကို အစဉ်အမြဲ ရင်ခုန်ကြည်နူးစေသော ကေသီအောင့်လက်ဖဝါးနုနုကို ကျွန်တော် မြတ်နိုးစွာ ဆုပ်ကိုင်ထားမိ၏။ "ငါ့အဝတ် ငါ့ဘာသာ လျှော်ပါ့မယ်။ နင်လျှော်လည်း ရေဆွတ်ပြီး ကြိုးတန်းပေါ်တင်လှန်းလိုက်ပေါ့ကွာ"
"တကယ်လား" အဲဒီတုန်းက ကျွန်တော် မတောင်းဆိုဘဲ ကျွန်တော့်ပါးကို ကေသီအောင်က တရှိုက်မက်မက် နမ်းခဲ့ဖူးတာ ကျွန်တော် မကြာခဏ သတိရတတ်၏။ ငယ်ချစ်ဦးပေမို့ ကေသီအောင်ကို စွဲလမ်းခြင်းပေလား။ သို့မဟုတ် ဟန်ဆောင်မှုကင်းစွာ ချစ်စရာကောင်းသောကြောင့် စွဲလမ်းခြင်းပေလားမသိ။ ကေသီအောင်ကို ကျွန်တော် စွဲစွဲလမ်းလမ်း ရှိလှ၏။
မမလှိုင်ကိုရော။ ပြောရမည်ဆိုလျှင် မမလှိုင်ကိုလည်း မစွန့်လွှတ်နိုင်။ ကျွန်တော် အိပ်မက်,မက်ခဲ့သော ကျွန်တော့်ဘဝကြင်ဖော်သည် မမလှိုင်လို မိန်းမပီသသူဖြစ်၏။ မမလှိုင်၏ ကျက်သရေရှိလှသော မျက်နှာနှင့် တည်ငြိမ်သော အပြုံးလှလှကို ကျွန်တော် စွဲမက်ပါသည်။ ကျွန်တော့်အပေါ် ထားရှိသော မမလှိုင်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်တော် အလေးထားပါသည်။ ကျွန်တော့်ဘဝ၌ ပထမဦးဆုံး အရူးအမူး ချစ်ခဲ့ဖူးသူသည် ကေသီအောင် ဖြစ်၏။ တရားဝင်ရည်းစားနှစ်ယောက်နှင့် ဘာမှမဖြစ်လိုက်သည့် မကြည်တကြည် ကောင်မလေးများကို ပယ်လှိက်လျှင် မမလှိုင်သည် ကျွန်တော် အချစ်ရဆုံး မိန်းကလေးဖြစ်လေသည်။
ကေသီအောင်ကိုလည်း ကျွန်တော် မြတ်မြတ်နိုးနိုး ချစ်နိုင်သည်ပင်။ သူတို့နှစ်ယောက်လုံးသည် ကျွန်တော့်ကို မလျော့သောအချစ်နှင့် ချစ်နိုင်ကြသူတွေဖြစ်၏။ ကျွန်တော်သည်လည်း သူတို့နှစ်ယောက်စလုံးကို သာတူညီမျှ ချစ်နိုင်သည်လေ။ သို့သော် သူတို့နှစ်ယောက်စလုံးကိုမူ ကျွန်တော် ရွေးချယ်၍ မရနိုင်။ တကယ့်တကယ် ကျွန်တော်အိမ်ထောင်ပြုတော့မည်ဆိုလျှင် သူတို့နှစ်ယောက်အနက် တစ်ယောက်ယောက်ကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ယူရတော့မည်။
ကျွန်တော့်ဘေး၌ ကျွန်တော့်လက်ကိုတွဲလျက် တစ်သက်တာ အဖော်ပြုရပ်တည်ပေးမည့်သူသည် ကေသီအောင် ဖြစ်သင့်သလား၊ မမလှိုင် ဖြစ်သင့်သလား၊ ကျွန်တော် ဝေခွဲမရ ဖြစ်ရသည်။ မမလှိုင်နှင့် ကေသီအောင် နှစ်ယောက်တွင် ဘယ်သူ့ကို ပိုချစ်သလဲဟု တစ်စုံတစ်ယောက်က မေးလျှင်လည်း ဘယ်သူ့ကိုမှ မလျော့ဟုသာ ကျွန်တော် ဖြေနိုင်ပေလိမ့်မည်။ ခုလို ဝေးကွာနေရသော အချိန်မျိုးမှာ သူတို့နှစ်ယောက်အပေါ် ထားရှိသော အချစ်တွေက ပို၍ပင် တိုးလာသေး၏။
မမလှိုင်၏ ကရုဏာ မျက်ဝန်းအကြည့်များကို ကျွန်တော်အခါများစွာ မြင်ယောင်တမ်းတနေမိ၏။ ကေသီအောင်၏ အကြင်နာစကားလေးများကို ကျွန်တော် ထပ်တလဲလဲ ကြားယောင် လွမ်းမောနေမိ၏။ အလုပ်ချိန်တွေမှာ သူတို့ကို မေ့မေ့ပျောက်ပျောက်ထားနိုင်သော်လည်း တစ်ကိုယ်တည်း အားလပ်ချိန်များမှာတော့ လွမ်းချင်းရှည်ကြီးနှင့် ဆွေးတမြည့်မြည့် လွမ်းနေမိလေသည်။ စာရေးကောင်းသော ကေသီအောင့်စာကလည်း နှစ်လရှိ၍ တစ်စောင်ရောက်မလာ။ မမလှိုင်ကတော့ ကျွန်တော့်နှယ်ပင် စာရေးပျင်းသူဖြစ်၏။ နယ်သို့ ကျွန်တော် ရောက်လာသည်မှာ ခြောက်လကျော်ပေတော့မည်။ မမလှိုင်ထံမှ စာတစ်စောင်သာ ဖတ်ရသေး၏။
"ကိုလင်း… မင်းက မမလှိုင်ထက် အသက်တစ်နှစ်ပိုငယ်နေတာကိုပဲ မမလှိုင် စိတ်ပျက်တယ်" ဆိုသည့် မမလှိုင်စာကို ဖတ်ရတော့ ကျွန်တော် တစ်ယောက်တည်း ပြုံးမိလေသည်။ ကျွန်တော့်ကိုချစ်သော မမလှိုင်က သူ၏ အိမ်ထောင်ဘက်ကို "ကိုကို" ခေါ်ချင်သည်ဟု ဆိုထားပါရောလား။ ကေသီအောင်နှင့် ကျွန်တော်ကတော့ သူငယ်ချင်းတွေ ဖြစ်နေသည်မို့ နင်နဲ့ငါဆိုသော နာမ်စားကို မပြင်နိုင်ကြ။ သူက ကျွန်တော့်နာမည်ရင်းအတိုင်း ခေါ်သလို ကျွန်တော်ကလည်း သူ့နာမည်ရင်းအတိုင်း ရှည်လျားစွာ ခေါ်ဆဲပင်။
တကယ်ဆိုတော့ ကေသီအောင့်ကို နာမည်ရင်းအတိုင်း ကျွန်တော် မခေါ်သင့်တော့။ သမီးရည်းစားနှစ်ယောက်အကြား သီးသန့်နာမ်စား မရှိဘူးဆိုလျှင်တောင်မှ ကေသီဖြစ်ဖြစ်၊ ကေဖြစ်ဖြစ် ခပ်တိုတို အခေါ်အဝေါ် တစ်ခုခုတော့ ဖြစ်ဖို့ကောင်းသည်။ ကေသီအောင်က အခြားသူများနှင့် စကားပြောလျှင် "ကေ" ဟု နာမ်စားသုံးပြောတတ်သော်လည်း ကျွန်တော့်ကိုမူ "ငါ" ဟုသာ ပြောလေ့ရှိ၏။ ဘယ်လိုပဲဖြစ်ဖြစ် ကေသီအောင် စကားပြောပုံက အလွန်ချစ်စရာကောင်းလေသည်။
ကေသီအောင်က စကားပြောကောင်းသလို စာရေးလည်း အတော်ကောင်းသူဖြစ်၏။ သူ့ရင်ထဲမှာရှိနေသော အချစ်နှင့်အလွမ်းကို ကျွန်တော့်ရင်ထဲ တသိမ့်သိမ့် တငြိမ့်ငြိမ့် ခံစားရအောင် သူပြောပြ၊ ရေးပြနိုင်စွမ်းသည်လေ။ ကျွန်တော်က ကျွန်တော့်အချစ်ကိုလည်း တစ်ဖက်လူ နက်နက်ရှိုင်းရှိုင်း ခံစားရအောင် မဖွင့်ဆိုတတ်။ ကျွန်တော့်အလွမ်းကိုလည်း ရသမြောက်အောင် မတင်စားတတ်။ ကျွန်တော် ကံကောင်းတာတစ်ခုကတော့ ကေသီအောင်နှင့် မမလှိုင် နှစ်ယောက်စလုံး၏ အချစ်ကို ကျွန်တော် ယုံယုံကြည်ကြည် ခံစားနိုင်ခြင်းပင် ဖြစ်၏။ သူတို့နှစ်ဦးစလုံး ကျွန်တော့်ကို စူးစူးနစ်နစ် စွဲလမ်းချစ်ခင်ကြသည်လေ။
ကျွန်တော် အသက်သုံးဆယ် ပြည့်တော့မည်။ ယောက်ျားလေးတစ်ယောက်အနေနှင့် လွတ်လပ်စွာနေ
ဖို့ ကာလအတန်ကြာ ရှိနေသေးသည် ဆိုပေမယ့် အရွယ်တော် တစ်ဆိတ်ဟိုင်းလာသော ချစ်သူနှစ်ဦးကို ငဲ့ကွက်၍ ကျွန်တော် အိမ်ထောင်ပြုသင့်ပေပြီ။ သို့ဆိုလျှင်ပဲ သက်ပြင်းခါခါချရင်း အသက်ရှူမ၀ ဖြစ်ရလေသည်။ အခုလို ဝေးကွာနေသော ကာလများတွင် သူတို့နှစ်ဦးက ကျွန်တော့်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို ယှဉ်ထိုးကြည့်နိုင်၏။ ပြီးတော့သူတို့နှစ်ယောက်အပေါ် ထားရှိသော ကျွန်တော့်ဘက်က ချစ်ခြင်းမေတ္တာ။
ဘယ်သူ့ကို ကျွန်တော်ပိုလိုချင်၍ ဘယ်သူ့ကို ကျွန်တော် ပိုလိုအပ်သနည်း။ ကျွန်တော့်အကြောင်းကိုသိသော သူငယ်ချင်းတစ်ယောက်က ဝေဖန်ချက်ပေးလေသည်။ "မင်းကိုတော့ ငါလည်း ဆုံးဖြတ်မပေးနိုင်တော့ဘူး။ ဒါပေမယ့် မင်း လောဘကြီးလွန်းတယ်လို့တော့ ငါ ပြောချင်တယ်" ကျွန်တော် မချိပြုံးသာ ပြုံးနိုင်လေသည်ပေါ့။ ပြောရမည်ဆိုလျှင် ကေသီအောင်သည် ကျွန်တော့်အတွက် အရံမဟုတ်သလို မမလှိုင်သည်လည်း ကျွန်တော့်အတွက် အရံမဟုတ်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးကို ကွင်းလယ်မှာ ကျွန်တော် နေရာချပေးခဲ့ပြီ။
ထိုအကြောင်းကို စဉ်းစားရလျှင် ကျွန်တော့်အလွမ်းတွေ နည်းနည်းတော့ ပြေလျော့သွားတတ်၏။ ခုပဲကြည့်။ ဝေခွဲရခက်သော ပုစ္ဆာတစ်ပုဒ်ကို ကျွန်တော့်အား အညီအမျှ ချသွားပေးလေပြီ။ ကေသီအောင့်ထံမှ လည်းကောင်း၊ မမလှိုင်ထံမှ လည်းကောင်း မျှော်လင့်နေသော စာနှစ်စောင် ကျွန်တော့်ထံသို့ တစ်နေ့တည်း၊ တစ်ပြိုင်တည်း ရောက်ရှိလာခဲ့ပြီရော။ စာနှစ်စောင်ကိုကြည့်ကာ ဘယ်စာကို အရင်ဖောက်ရမည်မသိ ဖြစ်သွားရ၏။ ရုတ်တရက် အကြံတစ်ခု ပေါ်လာခဲ့၏။ စာနှစ်စောင်စလုံးကို ထပ်ကာ စာအိတ်အနားစွန်းကို ကတ်ကြေးနှင့် အသာအယာ ညှပ်ထုတ်ပစ်လိုက်မိ၏။ ပြီးမှ စာနှစ်စောင်ကို ကိုင်လျက် မျက်စိစုံမှိတ် ရွေးချယ်လိုက်၏။ ဘယ်သူ့အပေါ်မှ ကျွန်တော် မျက်နှာမလိုက်ခဲ့ပါ။
ပထမဦးဆုံး ကျွန်တော် ရွေးချယ်မိသောစာက မမလှိုင် ဖြစ်လေသည်။ ဒီတော့ မမလှိုင်စာကို ကျွန်တော် ဦးစွာ ဖွင့်ဖတ်လိုက်ရလေသည်။ ကိုလင်းရေဟု နိဒါန်းချီထားသော မမလှိုင်စာက ခပ်တိုတိုပင် ဖြစ်လေသည်။ မမလှိုင်စာက တိုသော်လည်း ကျွန်တော့်ရင်ခုန်သံတွေက ရှည်လျားလို့နေ၏။
"မမလှိုင် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပြီ ကိုလင်းရေ။ ကိုလင်း အံ့သြမှာပဲနော်။ မမလှိုင် ကိုလင်းကို အရမ်းလွမ်းနေတယ်။ ဝေးသွားတော့မှ ကိုလင်းကို မမလှိုင် ဘယ်လောက်လိုအပ်မှန်း ကိုယ့်ကိုယ်ကို သိလိုက်ရတာ။ မမလှိုင်လေ၊ ကိုလင်းကို မေ့ထားလို့မရဘူး။ ခု မမလှိုင် ကိုလင်းနောက်ကို လိုက်ခဲ့တော့မလို။ ဟေ့… အပြီးလိုက်လာမှာ မဟုတ်ဘူးနော်။ မမလှိုင် တူမလေးတစ်ယောက်နဲ့ အလည်လာမှာ။ - - ၂၀၀၂ နေ့ လေယာဉ်ကွင်းမှာ ကိုလင်း ကြိုပေးပါ။ မမလှိုင်တို့ တစ်ခါမှ မရောက်ဖူးလို့။ ကဲ… တွေ့မှ အကြောင်းစုံပြောကြတာပေါ့ကွာ။ ကိုလင်း ရင်ခုန် ပျော်ရွှင်နိုင်ပါစေ။
ကိုလင်းရဲ့ မမလှိုင် "
ကျွန်တော် အံ့သြသွားရ၏။ ကျွန်တော့်ဆီကို မမလှိုင် မကြာခင် အရောက်လာတော့မည်တဲ့။ ပြီးတော့ ကျွန်တော့်ဘဝထဲထိ ဝင်ရောက်ဖို့ ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ပြီတဲ့။ ကျွန်တော့်နှလုံးခုန်သံတွေ အဆမတန် ကျယ်လောင်သွားသည် ထင်ပါသည်။ မမလှိုင်ကို ကျွန်တော် တွေ့ရတော့မည်။ ရုတ်တရက် အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်မှုဖြင့် ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ပင် ဖြစ်သွားရ၏။ မဖတ်ရသေးသော ကေသီအောင့်စာကို သတိရကာမှ ကျွန်တော့်စိတ်များ အနည်းငယ် ငြိမ်သက်သွားကာ ဒုတိယမြောက်စာကို ထုတ်ယူဖတ်လိုက်မိ၏။ လက်ရေးအလွန်လှသော ကေသီအောင်။ စာရေးအလွန်ကောင်းသော ကေသီအောင်။ မိန်းကလေးမပီသစွာ ဟန်မလုပ်တတ်သော ကေသီအောင်။ ထုံးစံအတိုင်း ကေသီအောင့်စာက မမလှိုင်စာလောက် မတိုတောင်းလှပေ။
ကေသီအောင်က ကျွန်တော့်နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းကာ စ,ရေးထားလေသည်။ "နင် ငါ့ကို လွမ်းနေရဲ့လား လင်းသော်။ ငါတော့ နင့်ကို လွမ်းလို့ သေတော့မယ်" တဲ့။ ကျွန်တော် ပြုံးမိသွားလေသည်။ ကေသီအောင့်မျက်နှာကို မြင်ယောင်ရင်း ကျွန်တော် စာဆက်ဖတ်လိုက်၏။
"စာမရေးဖြစ်တာ စိတ်မဆိုးနဲ့နော်။ ငါ Plan တစ်ခုဆွဲနေလို့။ တမင်စာမရေးသေးဘဲ နေနေတာ။ နင် အံ့သြသွားရမယ် သိလား လင်းသော်။ နင့်နောက်ကို ငါလိုက်ခဲ့တော့မလို့။ အပြီးလိုက်ခဲ့မှာ မဟုတ်သေးဘူးနော်။ အလည်လာမှာ။ အလည်။
အလုပ်ဝင်ကတည်းက ခွင့်ရက်ကြာ တစ်ခါမှ ငါ မယူဖြစ်သေးဘူး။ ခု ငါ ခွင့်ဆယ်ရက်ယူပြီး နင့်ဆီလာခဲ့မှာ။ အိမ်ကိုတော့ ကုမ္ပဏီကိစ္စနဲ့ သွားရမှာလို့ ပြောထားတာပေါ့။ ငါနဲ့အတူ အဒေါ်တစ်ယောက် အဖော်လိုက်လာမယ်။ ငါ့ဒေါ်လေးကို နင် မသိဘူးထင်တယ်။ အန်တီမျိုးလို့ ငါတို့ ခေါ်ကြတယ်။ အဒေါ်ဆိုပေမယ့် ငါ့ထက် အသက်တစ်နှစ်ကျော်လောက်ပဲ ကြီးတာပါ။ အန်တီမျိုးက မေမေ့ညီမ အငယ်ဆုံးလေ။ အရမ်းလှတာပဲဟ။ မေမေတို့ ညီအစ်မတွေအားလုံး လှကြတယ်လေ။ အန်တီမျိုးက ရန်ကုန်မှာနေတာမို့ နင် မသိတာ။
အန်တီမျိုးက ငါတို့နဲ့ အသက်မကွာတော့ ပေါးင်းရတာကောင်းတာပေါ့ဟာ။ ငါက အလုပ်ကိစ္စနဲ့ မြစ်ကြီးနားကို သွားရမယ် ပြောကတည်းက သူ့အလုပ်ကခွင့်ရရင် လိုက်ခဲ့မယ်ပြောနေတာ။ တစ်ခါမှ မရောက်ဖူးလို့တဲ့။ သူ့သူငယ်ချင်းတစ်ယောက်လည်းရှိလို့ အလည်သွားချင်နေတာတဲ့လေ။ ဒါနဲ့ ငါလည်း အတော်ဖြစ်သွားတာပေါ့။ အန်တီမျိုးကတော့ ဟိုတယ်မှာပဲ တည်းမယ်ပြောတယ်။ နင်တို့နေရာက မြို့နဲ့တော်တော်ဝေးတယ်ဆို။ ငါ့ကို လာတွေ့လို့တော့ ဖြစ်တယ်မို့လား။ အန်တီမျိုးက သူ့သူငယ်ချင်းနဲ့ ဆက်သွားမယ့်ပုံပဲ။
အန်တီမျိုးပါလာတော့ ကိုယ်မရောက်ဖူးတဲ့နေရာမှာ တစ်ယောက်တည်း ကြောင်စီစီမဖြစ်တော့ဘူးပေါ့ဟာ။ ခုတော့ Project အသစ်နေရာ သွားကြည့်ရမှာ ဘာညာ ငါ လျှောက်ပြောထားတယ်။ အန်တီမျိုးက ငါ့ကုမ္ပဏီကိစ္စတွေ နားလည်တာမှ မဟုတ်ဘဲ။ သူက အခွန်ဦးစီးမှာ လုပ်တယ်။ အန်တီမျိုးနဲ့က တူတူနေတာမဟုတ်တော့ ငါ့မှာ ရည်းစားရှိတာလည်း သူ မသိသေးဘူးလေ။ ငါမှ ပြောမပြဖူးဘဲကို။ သိလည်း ကိစ္စတော့ မရှိပါဘူးလေ။ အန်တီမျိုးက နားလည်မှုရှိပါတယ်။
ဘာပဲဖြစ်ဖြစ် သူနဲ့ငါ နှစ်ယောက်လာမှာဆိုတော့ နင်နဲ့ ဆုံဖြစ်သွားမှာပဲလေ။ အန်တီမျိုးကိုတွေ့ရင် ငါ့ကိုမလှဘူးလို့ နင် ပိုထင်သွားလိမ့်မယ်။ ဒါပေမယ့် ချစ်စရာတော့ ကောင်းတယ်မို့လား။ ငါ့ကို အထင်မသေးစမ်းပါနဲ့နော်။ ငါ့ကိုကြိုက်တဲ့ ကောင်လေးတွေထဲမှာ နင် ရုပ်အဆိုးဆုံးပဲ သိလား။ ကဲပါကွာ မစ,တော့ပါဘူး။ တွေ့တော့မှ စကားတွေ တဝကြီး ပြောကြမယ်နော်။
- - ၂၀၀၂ နေ့ လေယာဉ်ကွင်းမှာ လာကြိုနေနော်။ အန်တီမျိုး သူငယ်ချင်းလည်း လာကြိုမယ်ပြောတယ်။ ဒါပေမယ့် ငါက နင့်ကို တန်းတွေ့ချင်တာပေါ့။ ငါ နင့်ကို အရမ်းလွမ်းနေပြီ။ နင် ဆက်ဆက် လာကြိုနေနော်။
အော်… အပြန်အတွက် လေယာဉ်လက်မှတ်နှစ်စောင် လုပ်ပေးဦးနော်။ ငါက အန်တီမျိုးကို ဦးဆောင်လာတာဆိုတော့ ငါပဲ လုပ်ပေးရမှာမို့လေ။
အန်တီမျိုးနာမည်က မျိုးမမလှိုင်(၁၂/ရကတ(နိုင်)-၀၁၆၉၅၁) ငါ့နာမည်နဲ့ မှတ်ပုံတင် နင် သိပါတယ်နော်။
ဒါပဲဟာ။ ဒီစာရရင် ဖုန်းဆက်လိုက်ပါဦး။
နင့်ရဲ့အမြဲတမ်း
ကေသီအောင်"
ကေသီအောင့်စာ ပြီးဆုံးသွားလေပြီ။ မမလှိုင် စာကိုသော်လည်းကောင်း၊ ကေသီအောင့်စာကိုသော်လည်းကောင်း ခါတိုင်းလို ထပ်တလဲလဲ ပြန်ဖတ်ဖို့ ကျွန်တော် မေ့လျော့သွားရ၏။ ကျွန်တော့်မျက်လုံးတွေ မှုန်ဝါးသွားခဲ့လေပြီ။ ပရမ်းပတာ ဆောင့်ခုန်နေသော ကျွန်တော့်နှလုံးခုန်သံတွေက ကြောက်စရာကောင်းလှစွာ။ ခေါင်းကလည်း အဆမတန်ကြီးမား လေးလံကာ တဆစ်ဆစ်ကိုက်ခဲလို့လာ၏။ ကျွန်တော်ထိုင်နေသော ထိုင်ခုံသည် ဆုံလည်ကုလားထိုင်မဟုတ်ဘဲလျက် ကျွန်တော့်ခန္ဓာကိုယ်က ချာချာလည်နေလေသည်။
ကမ္ဘာမြေကြီးသည် ကျွန်တော် တစ်ယောက်တည်းအတွက် အိုးထိန်းစက်ကဲ့သို့ လည်နေလေပြီလော။ မျိုးမမလှိုင်နှင့် ကေသီအောင် ဆိုသော နာမည်နှစ်ခုအကြား ဘယ်လိုမှ ထိန်းချုပ်လို့မရအောင် ကျွန်တော် ချာလပတ်လည်နေလေပြီ။ မျိုးမမလှိုင်။ ကျွန်တော့်ရဲ့ မမလှိုင်။ ကေသီအောင်ရဲ့ အန်တီမျိုး။
ကေသီအောင်။ ကျွန်တော့်ရဲ့ငယ်ချစ်ဦး ကေသီအောင်။ မမလှိုင်ရဲ့ တူမ ကေသီအောင်… တိုက်ဆိုင်မှုဆိုတာ အဲဒီလောက် အံ့သြတုန်လှုပ်ဖွယ်ကောင်းလောက်အောင် ဖြစ်တတ်သတဲ့လား။
ကံကြမ္မာဟာ ကျွန်တော်တို့သုံးယောက်အပေါ် ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် ဖရိုဖရဲ ကွဲကြေစေတော့မှာလား။ ဒါဟာ ကျွန်တော်တို့ သုံးယောက် ရှေးဘဝက ပြုခဲ့ဖူးတဲ့ အကြောင်းတရားကြောင့်ပေလား။ သို့မဟုတ် ကျွန်တော်တစ်ဦးတည်း ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကြောင့်ပေလား။ ကံကြမ္မာက ကျွန်တော့်အပေါ် မျက်နှာသာ မပေးချင်တော့ဘူးဆိုလျှင်တောင် အပြစ်ကင်းသော ကေသီအောင်နှင့် မမလှိုင်ကို ငဲ့ညှာဖို့ ကောင်းသည်။
ကေသီအောင်နှင့် မမလှိုင် နှစ်ယောက်စလုံးကို အနည်းငယ်လောက်မှ ထိခိုက်မှုမဖြစ်စေလိုသော ကျွန်တော့်စေတနာကို ကျွန်တော်သာလျှင် နားလည်နိုင်သည်။ တကယ်တော့ ကျွန်တော်သည် လှေနံနှစ်ဖက် နင်းခဲ့ခြင်းလည်းမဟုတ်။ ငါးရံ့နှစ်ကောင်ကို တစ်ပြိုင်တည်း ဖမ်းလိုခဲ့ခြင်းလည်းမဟုတ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် ရိုးရိုးသားသား ချစ်ခဲ့မိခြင်းသာ ဖြစ်လေသည်။ ။သို့သော် ကျွန်တော့်အချစ်ကို လောကကြီးက လက်မခံ။ သဘာဝတရားက လက်မခံ။ ၁၅၀၀ ဆိုသော ချစ်ခြင်းမေတ္တာဖြင့် လူနှစ်ယောက်အား တစ်ပြိုင်တည်း ချစ်ခွင့်မရှိဟု မည်သူ ပြဌာန်းခဲ့ပါသနည်း။ ကျွန်တော် မသိပါ။ ကျွန်တော် သိတာက ကေသီအောင်ကို ကျွန်တော် ချစ်သည်။ မမလှိုင်ကို ကျွန်တော် ချစ်သည်။ ကေသီအောင်က ကျွန်တော့်ကို ချစ်သည်။ မမလှိုင်က ကျွန်တော့်ကို ချစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကေသီအောင်နှင့် မမလှိုင်အနက် တစ်ယောက်ယောက်ကို ရွေးချယ်ခွင့်ရှိသည်ဆိုတာ ကျွန်တော် သိပါသည်။ မမလှိုင်ကို ရွေးချယ်လျှင် ကေသီအောင် ကြေကွဲရပေမည်။ ကေသီအောင်ကို ရွေးချယ်လျှင် မမလှိုင် ဝမ်းနည်းရပေမည်။ ကေသီအောင်နှင့် မမလှိုင်အကြား ဝေခွဲမရနိုင်သော အတွေးများဖြင့် ဦးနှောက်ခြောက်လာလျှင် ရှေးဘဝက အကြောင်းရှိသူနှင့် ကျွန်တော် ပေါင်းဖက်ရလိမ့်မည်ဟု ဖြေတွေးကာ ကျွန်တော့်ကိုယ် ကျွန်တော်သာ အားပေးခဲ့ရ၏။ ကျွန်တော့်ဘက်၌ အစီအစဉ်ကျနစွာ စီစဉ်ပေးတတ်သော ဇာတ်ဆရာက မျက်နှာသာ ပေးခဲ့သည့်အချိန်ကိုး။
ခုတော့ ကံကြမ္မာက ရက်စက်စွာ ကျွန်တော်တို့သုံးယောက်ကို ကျီစား ပြက်ရယ်ပြုခဲ့ပြီ။ အထူးသဖြင့် ကျွန်တော့်အပေါ် ဘေးကျပ်နံကျပ် ရက်စက်လွန်းလှစွာ။ ကျွန်တော့်အတွက် ပြင်ဆင်ချိန်လေးကိုသော်မှ ပေးမထားတော့။ ကျွန်တော် ဘာလုပ်ရမည်နည်း။ မမလှိုင်ကို သွားကြိုရလေမည်လား။ သို့မဟုတ် ကေသီအောင်ကို အကြိုစောင့်ရလေမည်လား။ ရှည်လျားလှသောကာလအတွင်း ကျွန်တော့်အတွက် စနစ်တကျ လှပသပ်ရပ်စွာ အကွက်ချပုံဖော်ပေးခဲ့သော ကံဇာတ်ဆရာသည် ပြင်းထန်လှသော လက်သီးချက်ဖြင့် ကျွန်တော့်အရှိုက်ကို တစ်ချက်တည်း အလဲထိုးနိုင်ခဲ့လေပြီလော။
ကျွန်တော်၏ ပျော့ညံ့တွေ့ဝေမှု၊ မလိုအပ်ဘဲ အားနာတတ်မှု၊ မပြတ်မသား ဝေေ၀ဝါးဝါး လုပ်တတ်မှုတို့၏ ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံစေဟု ကံကြမ္မာတရားသူကြီးက ဆုံးဖြတ်ပေးလိုက်ခြင်းပေလား။ ကျွန်တော့်ကိုချစ်ရပါသော မမလှိုင်နှင့် ကေသီအောင်။ တကယ့်တကယ်တမ်းမှာ ယခုအချိန်၌ သူတို့နှစ်ဦးအနက် တစ်ယောက်ယောက်ကို ကျွန်တော်ပြတ်သားစွာ ရွေးချယ်နိုင်ပြီဆိုလျှင်ရော ကျွန်တော်၏ရွေးချယ်မှုကို သူတို့နှစ်ဦးက အသာတကြည် ကြည်ဖြူအားရ ခေါင်းညိတ် လက်ခံမှာတဲ့လား။
ကျွန်တော့်အား သနားသဖြင့် ရှိသမျှ ဘုရားအဆူဆူ ကယ်မတော်မူပါ။ ကေသီအောင်နှင့် မမလှိုင်တည်းဟူသော အမျိုးသမီးကောင်းနှစ်ယောက်အပေါ် ဘယ်အချိန်မျိုးမှာမှ စိတ်အနာတရ မဖြစ်စေလိုသော စေတနာသက်သက်ဖြင့် မေတ္တာမပျက် ချစ်မက်ခဲ့သော ကျွန်တော်၏ အရိုးခံ နှလုံးသားအား ငဲ့ကွက်၍ ဖူးစာရေးနတ်မင်းမှတစ်ဆင့် မြားနတ်မောင်၏ စီရင်ချက်ကိုသာ နာခံခွင့်ပြုပါလေ။
ယုဒါ
(မြားနတ်မောင် မဂ္ဂဇင်း၊ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ)

No comments:
Post a Comment